ep32

12.5K 883 90
                                    

Unicode

"kei ထမင်းလေးဖြစ်ဖြစ်နည်းနည်းစားလိုက်ပါလား။ဘာစားချင်လည်းဟင် အကိုလုပ်ပေးမမယ်လေ"

7ရက်လုံးဘာမှမစားတဲ့ကောင်လေးအားချော့ကာကျွေးနေမိသည်။နဂိုထဲကလူကောင်လေးကသေးသေးလေးကိုခုပိုသေးသွားသည်။တစ်ပတ်လုံးငိုလိုက်ရယ်လိုက်ဖြင့်ဒီကောင်လေးအတော်ပင်ပန်းနေပြီးလေ။

"ကိုကို့ကိုတွေ့ချင်တယ်!"

တိုးတိုးလေးသာပြောလာတဲ့​ကောင်လေးကအခုချိန်ထိလက်ခံနိုင်သေးပုံမပေါ်ဘူး။ကိုယ်တွေတောင်လက်ခံဖို့ခက်ခဲနေတာဘဲသူဆိုပိုဆိုးရှာမှာပေါ့။သိပ်ချစ်ရှာတာကို။

"Daddy"

"ရစ်ရစ်!"

"ရတယ် ရတယ် အကိုခက်မုန်း!"

ရစ်ရစ်ကဖြစ်တဲ့နေ့ထဲကပါလာသော်လည်းမောင့်ကွန်ဒိုမှာဘဲDတို့အတွဲနဲ့နေခဲ့သည်။ခုတော့သူ့Daddyနဲ့လိုက်လာတာထင်သည်။keiကိုတွေ့တော့သားကမှတ်မိစွာ keiပေါင်ပေါ်ဝင်ထိုင်သည်။

"Daddy မုန့်မုန့်"

"အာ ရစ်ရစ်ဗိုက်ဆာလို့လား"

"no Daddyစားစား"

ခေါင်းလေးခါကာသူ့အားစားဖို့ပြောလာတဲ့ကလေးကြောင့်keiခေါင်းငြိမ့်ပြလိုက်သည်။သူ့သန်မာသင့်တာကိုဘာလို့ ကလေးဆန်နေရတာလည်း။ကိုကိုသိရင် ဆူမလား။ဒါမှမဟုတ် "keiကတော့ကွာ"လို့ အသည်းယားတဲ့လေသံနဲ့ပြောမလား။အလိုလိုက်လွန်းတဲ့ ကကိုကို့အသံလေးတွေကိုအရမ်းလွမ်းတာဘဲ။7ရက်ကြီးတောင် မကြားရသေးဘူး

"kei လာ အကိုခွံ့ကျွေးမယ်
တော်ကြာ ဟိန်းထက်က မင်းကိုထမင်းမကျွေးလို့အကိုတို့ကိုစိတ်ဆိုးနေအုံးမယ်။စိတ်မကောင်းဖြစ်နေမယ်ထင်တယ်"

"ကိုကိုကလေ keiကိုစနေတာမဖြစ်နိုင်ဘူးလားအကို။ကျွန်တော်တို့အားလုံးကိုတစ်ယောက်ထဲ နောက်နေတာမဖြစ်နိုင်ဘူးလားဟင်"

"kei ငါပြောတာနားထောင်
မင်းဒီလိုဖြစ်နေလို့မရဘူး။မင်းကိုဟိန်းထက်ကအသက်ပေးပြီးကယ်သွားတာဒီလိုဖြစ်နေဖို့မဟုတ်ဘူး။သူက မင်းကိုလူတော်လူကောင်းလေးဖြစ်ပြီးရင့်ကျက်စေချင်ခဲ့တာ။ဒီလိုပြိုလဲနေရင်သူစိတ်ချပါ့မလားkeiရဲ့။မင်းဒီလိုဖြစ်နေလည်း သူပြန်မလာတော့ဘူး။ဒါအမှန်တရားဘဲ။သူ့ဖြစ်ချင်သလိုလေးမနေပေးချင်ဘူးလား"

Villain is Your Husband (season-2)Where stories live. Discover now