ep28

14.8K 1K 42
                                    

Unicode

"ဖေ"

ရစ်ရစ်တစ်ယောက်မနေ့ထဲကငိုပြီးဒီ​​နေ့ နေမကောင်းဖြစ်သည်။ပြန်ရောက်ထဲက သူ့ကိုစကားမပြောတဲ့ဖအေကို တစ်ခေါ်ခေါ်နဲ့။ယခုခက်မုန်းစေရာ ရစ်ရစ်နေမကောင်းတာမို့အတူရှိနေသော်လည်းမျက်နှာတည်ကာဒီတိုင်းဘာစကားမှမပြောဘဲနေလိုက်တော့သည်။ကလေးကငယ်သေးတယ်ဆိုပေမယ့် ဘယ်လောက်ဆိုးလည်းဆိုတာခင်ဗျားတို့အသိဆုံး

"ဦးခက်မုန်း သားကိုစကားနည်းနည်းပြောပါအုံး"

Dပေါင်ပေါ်မှာမျက်နှာငယ်လေးနဲ့လှဲနေတဲ့ကလေးကိုတစ်ချက်ကြည့်ကာအကြည့်လွဲလိုက်သည်။ကြောက်ပေါက်လေးကဥာဏ်နီဥာဏ်နက်တွေများနေလွန်းသည်။ဖျားသာဖျားတာ

"အရုပ်မတွေ ဝယ်ခိုင်းအုံးမလား ရစ်ရစ်"

ခက်မုန်းစေရာ ခပ်တည်တည်မေးတော့မျက်လုံးလေးတွေမှိတ်ပြီးအိပ်ချင်ယောင်ဆောင်သွားသည်။အဲ့ဒါကိုDကအသည်းယားသွားဟန်သူ့ပါးကိုတဖွဖွနမ်းသည်။

"ဖေ"

ခပ်တိုးတိုးထွက်လာတဲ့အသံသေးသေးကြောင့်အကုန်လုံးကမျက်နှာမကောင်းကြတော့။ခက်မုန်းစေရာကိုယ်တိုင်လည်းသားကိုသနားသွားသည်။ဘာဘဲဖြစ်ဖြစ် သားကငယ်သေးတာဘဲ။အများကြီးဖိအားပေးလို့မရမှန်းခက်မုန်းစေရာနားလည်ပါတယ်

"ဖေ"

နောက်တစ်ကြိမ်ခေါ်မှုမှာတော့သားမျက်ဝန်းမှာအရည်တွေပြည့်လျှံလာတော့သည်။ခက်မုန်းစေရာ သားကိုချီလိုက်ပြီးပါးကိုဖွဖွလေးတစ်ချက်နမ်းလိုက်သည်။အနည်းငယ်နွေးတေးတေးဖြစ်နေတဲ့ပါးပြင်ကြောင့်ကိုယ်ကို့ကိုယ်သာဒေါသထွက်မိတော့သည်။

"ဖေ တောင်းပန်ပါတယ် ရစ်ရစ်"

ရင်ဘက်ကိုခေါင်းလေးအပ်ကာသားကငြိမ်သွားသည်။အသက်ရှူသံတိုးတိုးလေးကအိပ်ပျော်သွားဟန်။ခက်မုန်းစေရာပြုံးသွားသည်။ဒီကလေးတက်လည်းတက်နိုင်သည်။ခန္ဓာကိုယ်လေးကိုအသာပွေ့ချီပြီး သူ့အိပ်ရာပေါ်တင်ပေးတော့မျက်လုံးတွေပွင့်လာသည်။

"ဖေ"

"ဖေပါအတူအိပ်ပေးမှာကျွတ်!ကျွတ် ပြန်အိပ် ပြန်အိပ်"

Villain is Your Husband (season-2)Where stories live. Discover now