ep26

16.5K 1K 44
                                    

Unicode

"projectပြီးသွား​ပြီးဆို​တော့တစ်လလောက်အနားယူပါ"

"ပိတ်ရက်တွေမှာကျွန်တော်နားပါတယ်
Keiလည်းကျွန်တော်ကိုအများကြီးကူညီပေးတယ် အကို"

"မင်းကလေးကဘယ်ဆိုးလို့လည်းဒီလိုကျလိမ္မာသားဘဲ"

ဟိန်းထက်ဘေးမှာလာအိပ်နေတဲ့ကလေးကိုကြည့်ကာအကိုခက်မုန်းအားခေါင်းငြိမ့်ပြလိုက်သည်။သူ့ကလေးကလိမ္မာရှာပါတယ်။နည်းနည်းလေးဆိုးရုံပါဘဲ

"ဒီ ကေနဲ့လိုက်တယ်
ဟိန်းထက်"

"ဟာ အကိုကတော့"

"ဟားဟား"

အကိုခက်မုန်းတစ်ယောက်ကတော့ရယ်မောပြီးဖုန်းချသွားသည်။ဟိန်းထက်ဖုန်းမှာပေါ်လာတဲ့ကိုယ့်မျက်နှာကို့ကြည့်မိလိုက်သည်။အရင်လိုနက်မှောင်နေတဲ့ဆံပင်အစားGray Colourနဲ့ဆံနွယ်တွေကနေယူထားသည်။လုပ်ချင်လုပ်ပြီးအလှဆုံးပြုံးနေတဲ့လူကတော့အိပ်နေတာတောင်အပြုံးမပျက်

ပါးလေးတွေဖောင်းလာတဲ့ကလေးကအရင်ကထက်အများကြီးပိုချစ်ဖို့ကောင်းလာသလိုဇွတ်တရွတ်လည်းအရမ်းဆန်လာသည်။keiကိုယ်လေးကိုပွေ့ချီပြီအိပ်ရာပေါ်အသာချပေးလိုက်သည်။

"ကိုကိုရေ ချစ်တယ်နော်"

"ကိုကိုလည်းkeiကိုချစ်တယ်"

နဖူးကိုအသာလေးနမ်းကာKeiရဲ့အိပ်ချင်မူးတူးအသံလေးကိုအဖြေပြန်ပေးလိုက်သည်။ဟိုဘက်လှည့်အိပ်သွားတဲ့ကလေးကအများကြီးပင်ပန်သွားပြီးထင်။ဟိန်းထက်ဆက်ကြည့်မနေတော့ဘဲရေချိုးဖို့ပြင်ရတော့သည်။

ပွင့်လင်းလာတဲ့ဆံဆက်ရေးဟာပျော်ရွှင်စရာကောင်းလှပါတယ်။ကြည်နူးဖို့လည်းကောင်းသည်။ဒီတစ်သက်တော့အပူမရှာတော့ဘူးလို့တွေးထားတဲ့သူလိုလူကဒီအခြေအနေမှာပျော်မွေ့နေပြီး။Keiမရှိဘဲနေတတ်မှာမဟုတ်တော့။

ဆုတစ်ခုကိုတောင်းမယ်ဆိုအတ္တကြီးစွာဘဲ၊Keiမထားခဲ့ခင်မှာသူကအရင်ထားခဲ့ရပါစေ။လူသက်တမ်းတိုတိုလေးမှာဒီကောင်လေးကိုရူးမိုက်စွာချစ်ခဲ့ရပါတယ်။အသက်ထက်ပိုချစ်ပါတယ်ဆိုတာကတော့စကားနဲ့ဘဲယုံစေချင်သည်။

Villain is Your Husband (season-2)Where stories live. Discover now