ep24

18.1K 1.1K 87
                                    

Unicode

"သားကိုAတို့ခေါ်သိပ်မယ်တဲ့"

"ကောင်းသားဘဲ"

ချေဘင်းညတန် ဦးခက်မုန်းရာကိုသိသလိုအထာနဲ့ပြောလိုက်သည်။ဒါDaxရဲ့စနက်တွေဘဲဖြစ်မှာပေါ့လွဲစရာအကြောင်းကိုမရှိ။

"အင်းအင်း ရေသွားချိုးနှင့်
ငါ သားကိုအင်္ကျီလဲပြီးဖြည့်စွက်စာကျွေးလိုက်အုံးမယ်"

"အဲ့ဒါဆို ကျုပ်ရေချိုးလိုက်အုံးမယ်"

ခေါင်းငြိမ့်ပြတဲ့လူကြောင့်ချေဘင်းညတန်ဘာမှမပြောဘဲရေချိုးခန်းထဲသာဝင်လိုက်သည်။ကြောင်တောင်တောင်လေးဖြစ်နေသေးတဲ့မျက်နှာလေးကိုပြန်မြင်ယောင်ကြည့်တော့ခွီးကနဲ့ဖြစ်သွားတော့သည်။ဦးခက်မုန်းရာကတော့ဦးခက်မုန်းရာပါဘဲ

အေးအေးလေးနေပြီးကြောင်တောင်တောင်တွေသိပ်လုပ်တာ။သူ့အသားသူ့တောင်ဆွဲဆိတ်လိုက်သေးတယ်။ဒါတောင်သူ့ရှေ့မှာမို့သူ့နောက်ကွယ်မှာဆိုရင် ပြန်တောင်ရိုက်မလားမသိဘူး။

ဘယ်လိုမှလိမ်ညာလို့မရတဲ့နှလုံးသားကိုလည်းဆက်ပြီးမလိမ်ညာချင်တော့Daxတို့ပြောသလိုပြန်အဆင်ပြေသွားခဲ့ရင်အရာအားလုံးပြီးသွားပြီဦးခက်မုန်းရာကိုလည်းထပ်ပြီးမနာကျင်စေချင်တော့သလိုသူ့ခံစားချက်တွေကိုလည်းဖွင့်ထုတ်ချင်သည်။

အရူးတစ်ယောက်ထက်ဟန်ဆောင်ပြီးနေတဲ့လူတစ်ယောက်ကပိုပင်ပန်းတယ်။ဒီလူကိုမြင်ရင်ခုန်ပေါက်နေတဲ့နှလုံးသားကဘယ်တော့မှမပြောင်းလဲခဲ့။​ပြောင်းလဲပြစ်ချင်နေပြီး ဘာဟန်ဆောင်မှုမှမရှိဘဲဒီလူ့ကိုသူဂရုစိုက်ချင်ပြီး။ချစ်ချင်ပြီး။ဒီလူကိုမနာကျင်စေချင်တော့။နှစ်ဦးနှစ်ဖက်မှားခဲ့တဲ့ကိစ္စကိုပြန်တွေးကြည့်ရင်ဒီလူကအလွန်မှမဟုတ်တာ။

မီးတောင်မှန်သိသိနဲ့တိုးဝင်ခဲ့တဲ့သူ့အလွန်ဘဲလေ။ကိုယ့်အကိုသေဆုံးမှုကိုအသုံးချပြီးဒီလူကိုပိုင်ဆိုင်အောင်လုပ်ခဲ့တဲ့သူ့အလွန်။ဒီလူနေရာမှာချေဘင်းညတန်ဆိုလည်းဒီလူနဲ့တူညီတဲ့ဆုံးဖြတ်ချက်တွေချမိမယ်ထင်သည်။

ခုကစပြီးအတ္တတွေမထားတော့ဘူး။မာနတွေကိုဘေးချိတ်ထားပြီးပြန်အဆင်ပြေကြရအောင်Baby။ဧကရာဇ်ညတန်လေးအတွက်ဘဲဖြစ်ဖြစ်။

Villain is Your Husband (season-2)Where stories live. Discover now