ep18

18.1K 1.1K 250
                                    

Unicode

"ဘာ!!"

ချေဘင်းရဲ့အသံနက်ကြီးအဆုံးမှာအားလုံးကအသံမထွက်ရဲကြ၊မော့လည်းမကြည့်ရဲကြ

"ငါ ငါ့ကိုတစ်လျှောက်လုံးအရူးလုပ်လာခဲ့တာပေါ့ ဟုတ်လား ဟုတ်လားလို့!!"

"ကိုကြီးရှင်းပြတာကို နား......"

"အဲ့လူကိုအဲ့လောက်တောင်ယုံတယ်လား
ကျုပ်ခံစားချက် ကျုပ်ခံစားချက်ကစောက်ရေးမပါခဲ့ဘူးလား"

"မင်းဒီလိုဖြစ်မယ်ဆိုတာသိပါတယ်
ဒါပေမယ့် အချိန်လေး အချိန်လေးနည်းနည်းဘဲစောင့်ပေးပါ။နည်းနည်းလေးပါ။မင်းပျော်ရမှာပါ"

"ဘယ်သူကပျော်ချင်တယ်လို့ပြောခဲ့ဖူးလို့လဲ။ကျုပ်က ကျုပ်ကအဲ့လောက်တောင်....အား!!!"

ချေဘင်းညတန် ဘေးကနံရံကိုလက်သီးများဖြင့်စိတ်ရှိတိုင်းထိုးလိုက်သည်။ခံစားချက်တွေကရောထွေးနေပြီး ခုချိန်ဘယ်နေရာမှာဖြစ်ဖြစ်တိတ်တိတ်လေးသွားပုန်းနေချင်မိသည်။

ပြန်လာပါဆိုသောDaxစကားကြောင့်အလုပ်တွေအကုန်လက်စသတ်ကာချက်ခြင်းပင်ပြန်လာသည်။ရောက်ရောက်ချင်းရင်ကို​စောက်နဲ့ထွင်းသလိုခံစားလိုက်ရသည်။

ဦးခက်မုန်းရာကသူကိုစောင့်နေတာပါတဲ့
သူ့သွေးသားနဲ့ဖြစ်တည်လာတဲ့ရင်သွေးလေးနဲ့အတူ၊ကမ္ဘာကြီးကပြောင်းပြန်လှန်သွားလားလို့်ရယ်ရယ်မောမောပြောခဲ့ပြီး၊ဦးခက်မုန်းရာကို​တောင်နှင်ထုတ်ခဲ့သေးတာ

ဘယ်ထင်မလည်းရယ်စရာကအတည်ဖြစ်လာတော့၊တစ်လျှောက်လုံးအရူးလုပ်ခံရတာတွေ၊ဘာလို့လူတွေကသူ့ခံစားချက်ကိုအရူးလုပ်ရတာလည်း။နာကျင်နေတဲ့လူကိုဘဲထပ်ပြီးနာကျင်စေရတာလည်း။

ကြောက်လွန်းလို့၊ကြောက်လွန်းလို့ပါ
ကြောက်လွန်းလို့ဒီကောင်ကရောက်တဲ့အရပ်မျက်နှာကနေဒီလူကိုထွက်ပြေးနေရတာပါ။ဒီလူမျက်နှာကိုခဏလေးမြင်ရမှာတောင်လက်မခံနိုင်တဲ့နှလုံးသားကြောင့်ထွက်ပြေးနေတာကိုဒီလူက

"ချေဘင်း ငါတို့အားလုံးကမင်းကောင်းဖို့အတွက်ပါ၊မင်းစိတ်ခံစားချက်တွေအများကြီးနားလည်ပါတယ်။ဒါပေမယ့် မင်းဘဝကိုဒီလိုပေါ့ပေါ့နေပေါ့ပေါ့စားအဖြစ်မခံနိုင်ဘူး။မင်းကငါ့တို့အတွက်အဖိုးတန်ညီလေးပါ။မင်းကိုငါတို့ကတစ်ခြားလူတွေထက်အများကြီးချစ်တာကိုသိတယ်မလား။ဘာပက်သတ်မှုမှမရှိဘဲမင်းကိုညီလေးလိုချစ်ခဲ့တာပါ။အခုကလည်းငါ့တို့ညီလေးဘဝကောင်းစားဖို့အတွက်ပါ။မိသားစုလေးနဲ့ပျော်ပျော်နေစေချင်တာပါ။ဒီတိုင်းအပျော်တွဲနေတာနဲ့မင်းဘဝကြီးကသာယာဖို့မကောင်းဘူးလေ။ပြည့်လည်းမပြည့်စုံသွားဘူး။ငါတို့ကိုယုံပါ။မင်းခံစားချက်ကိုလည်းအပြည့်အဝနားလည်ပါတယ်။ခဏတာခံစားချက်နဲ့တစ်သက်တာခံစားချက်နှစ်ခုမှာငါ့တို့ရွေးချယ်ခဲ့တဲ့လမ်းစဥ်ကမင်းဘဝပြည့်စုံဖို့ပါ။မင်းနှလုံးသားကိုအလိုလိုက်ပြီးခေါင်းမာတာကိုနည်းနည်းလျှော့လိုက်ပါ။လူတစ်ယောက်ကိုမင်းပျိုထောင်ရတော့မှာချေဘင်း၊မင်းအသွေးအသားနဲ့ဖွဲ့စည်းထားတဲ့လူတစ်ယောက်ကိုမင်းအဆုံးအရှုံးမခံနိုင်ဘူးမလား"

Villain is Your Husband (season-2)Where stories live. Discover now