extra

9.4K 568 110
                                    

Unicode

"ငရစ်!"

"ဂျာ~~~"

ခက်မုန်းရဲ့အသံနက်နက်ကြီးနဲ့အတူ ခပ်ချွဲချွဲအသံပျော့ပျော့လေးသည် မနက်တိုင်းကြားနေရတဲ့ အဖြစ်အပျက်တစ်ခုမို့ ဘေးချင်းကပ်အိမ်ထဲကလူတွေသည် ပြေးလည်းလာမကြည့်တော့သလို စိတ်ပူသံတွေလည်းမကြားရတော့

"ကျောင်းသွားရမှာကို ခုချိန်ထိ မထသေးဘူးလား"

"5 minutes"

လက်ငါးချောင်းထောင်ကာ မျက်လုံးမဖွင့်သေးတဲ့ကလေးလေးသည် အမှန်ပင် သူ့Daddyနဲ့တစ်ပုံစံထဲရယ်

"ဧကရာဇ်ညတန်"

"ဂျာ~~"

"ခုချိန်ထိ မထဘူးပေါ့"

"........."

တစ်ရှူးရှူးနဲ့အိပ်နေပြန်တဲ့ကလေးသည် သူရဲ့အော်သံက ပန်းနဲ့ပေါက်နေသည့်အလား ပြုံးပြုံးလေးပင်။တစ်ယောက်ပြောမရ နောက်တစ်ယောက်ကိုမဲတတ်တဲ့ခက်မုန်းအကျင့်သည် လွန်ခဲ့တဲ့6နှစ် ရစ်ရစ်ကို ကိုယ်ဝန်ဆောင်ထဲက ပြင်ရခက်တတ်တဲ့အကျင့်လေးတစ်ခုပင်

"ချေဘင်းညတန်!!မင်းသားကို မပြောတော့ဘူးလား"

ရေချိုးခန်းထဲကလူကို လှမ်းအော်တော့ စကားမပြန်။ကိုယ့်စကားထက် သူ့Daddyနဲ့ပိုပနာတည့်တဲ့ရစ်ရစ်ကို ကိုယ်မနိုင်ရင် သူ့Daddyနဲ့ဘဲလွှတ်ထားလိုက်သည်။ရစ်ရစ်က Daddy's boyလေးမို့

"Babyရာ သားလည်း အိပ်ချင်ရှာမှာပေါ့
အိပ်ပါစေ"

"ကျောင်းတက်ရမှာလေ အသက်ဘဲ5နှစ်ပြည့်တော့မယ် မင်းသားဘယ်လောက်ဂဂျီဂဂျောင်များတယ်ဆိုတာ မင်းအသိဆုံးနော်"

"သားက အဲ့လောက်ဆိုးတဲ့ကလေးမဟုတ်ပါဘူး။ခင်ဗျားက သားကိုဆို အမြဲလူဆိုးဇာတ်သွင်းတယ်။ကလေးဘဲ အပြစ်လုပ်တာအဆန်းမှမဟုတ်တာ၊ဒီလောက်ကတော့ အပြစ်မဟုတ်ဘူးလေ။အလုပ်လည်း မရှိတာကို"

"ငါကလေ ငါ့သားကိုဘယ်တော့မှလူဆိုးဇာတ်မသွင်းဘူး။ငါ့ကလေးကို အမြဲထိပ်မှာဘဲ ရှိစေချင်တာ။ဘယ်လောက်ဘဲ ငယ်ငယ်ကြီးကြီး။ငါ့သားအတွက် ငါ့မှာအတ္တတွေအများကြီးရှိတယ်။ငါ့သားကိုမျက်နှာမငယ်ရအောင် အကျင့်ပျက်တွေ စရိုက်ဆိုးတွေ မကောင်းတဲ့ဗီဇတွေမပါအောင် ငယ်ငယ်ထဲက ထိန်းကြောင်းချင်တာ။ငါ့သားနာမည်ကိုခေါ်လိုက်တာနဲ့ လူတွေက ချစ်ရမယ်၊ယုံကြည့်ရမယ်၊လေးစားရမယ်။အဲ့လိုဖြစ်စေချင်တာ၊အဲ့အတွက် လူဆိုးကြီးလုပ်ရမယ်ဆိုလည်း ဆက်လုပ်နေအုံးမှာ"

Villain is Your Husband (season-2)Where stories live. Discover now