အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Af FlowerRainButterfly

1.5M 189K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Mere

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

မုဆိုးကြီးအိမ်ကစားသောက်ပွဲ

12.9K 1.5K 37
Af FlowerRainButterfly

အပိုင်း (၁၄) မုဆိုးကြီးအိမ်ကစားသောက်ပွဲ

လှည်းလေးက တဖြေးဖြေးနဲ့ ပိုင်လီတို့အိမ်ကိုရောက်ခဲ့ပြီ။ ရှောင်ဟန်က အသေးလေးတွေကို အောက်ချပေးနေပြီး ပိုင်လီက ပိုင်လီက ပိုင်မိန်ဒေါသထွက်နေတုန်းဆိုတာတွေ့တော့...

"မင်းဘာတွေစိတ်တိုနေသေးတာလဲ ဒေါ်လေးတုက အရူးမဟုတ်ဘူး သူမက မင်းကိုမကြိုက်ရင် ကျိုးရှီကိုပိုလို့ကြိုက်မှာမဟုတ်ဘူး ကျိုးရှီရဲ့မောင်ဆိုပြောမနေနဲ့ မင်းလိုအပ်တာက သူတို့နဲ့ပြိုင်ပြီးစကားမများဖို့ပဲ"

ပိန်မိန်က နောက်ဆုံးမှာ နှုတ်ခမ်းဆူနေရာပြုံးလိုက်တော့တယ်။ သူမရဲ့ ဒုတိယအကိုဆီက ဆုံးမစကားတွေထွက်တာက ဒီတစ်ခါပထမဆုံးပဲ။ ပိုင်မိန်က ပြုံးပြီး...

"ညီမလေးက ဒုတိယအကိုပြောတာကိုနားထောင်မယ်"

အဲဒီနောက် လှည်းပေါ်ကပစ္စည်းတွေကို ချလိုက်ကျပြီး ပိုင်လီက ရှောင်ဟန်အတွက်ဝယ်လာတဲ့ဆေးထုပ်တွေကို လှမ်းပေးကာ...

"ငါမင်းအတွက် ဆေးဆိုင်ကိုဆေးစပ်ခိုင်းလာတယ် ညကျရင်အကြီးကဲမိသားစုကိုဖိတ်ထားတာမလို့ ချက်ရပြုတ်ရဦးမှာ မင်းအခုဆေးကျိုနှင့်လိုက်"

ရှောင်ဟန်က သူ့ရှေ့ကဆေးထုပ်သုံးထုပ်ကိုကြည့်ကာ မယုံကြည်နိုင်ဘူး။ ဆေးတွေကဘယ်လောက်စျေးကြီးလိုက်လဲ။ ပိုင်လီကတကယ်ကြီး သူ့အတွက် ဆေးသုံးထုပ်ဝယ်ပေးတယ်ပေါ့။

ပိုင်လီက ရှောင်ဟန်မယူသေးတဲ့အတွက် လှည့်ကြည့်လာပြီး...

"မယူဘူးလား .."

ရှောင်ဟန်က အဲဒီတော့မှ ဆေးထုပ်ကိုလှမ်းယူလိုက်ပြီး "ကောင်းပါပြီ" လို့ခပ်တိုးတိုးလေးပြောလိုက်တော့တယ်။

ပိုင်လီက စိတ်ထဲသက်ပြင်းချနေလေရဲ့။ ရှောင်ဟန်အနေနဲ့ သူပြောင်းလဲသွားတာကိုချက်ခြင်းလက်မခံနိုင်သေးတာသိပေမယ့် ရှောင်ဟန်ရဲ့ပုံက သူ့ကိုစိတ်မသက်သာဖြစ်စေတယ်။

ရှောင်ဟန်နဲ့ယှဥ်ရင် ငယ်သေးတဲ့အသေးလေးတွေက ပိုပြီးပြောင်းလဲလွယ်ပြီး အခုကြည့် သူ့အနားကိုကပ်နေကျပြီ။ ပိုင်လီက မုန့်ချိုတွေဝယ်လာတယ်လို့ သူတို့ဒေါ်လေးပိုင်မိန်ပြောထားလို့လေ။

ပိုင်လီက သူတို့အတွက် မုန့်ချိုတစ်ထုပ်ပေးလိုက်ပြီး တစ်ထုပ်မှာ ဆယ့်နှစ်ခုပါပြီး သကြားပါဝင်မှုနည်းလို့ သိပ်မချိုပေမယ့် အချိုရှားလွန်းတဲ့အတွက် ကလေးတွေကတော့ကြိုက်နေကျတုန်းပါပဲ။

"ဒီတစ်ထုပ်ကို အခုစားလိုက်ကျ ရှောင်မိန် မင်းရဲ့ဒုတိယယောင်းမ ဆေးသောက်ပြီးရင်စားဖို့နည်းနည်းပေးလိုက်ဦး မင်းပြန်ရင် တစ်ထုပ်ကိုအိမ်ပြန်ယူသွား အမေ့အခန်းထဲထည့်ထားပြီး စားချင်မှသွားစားလိုက် အကိုကနောက်မှ ရှောင်မိန်အခန်းအတွက် သော့ဝယ်ပေးမယ်"

ပိုင်မိန်က သူမအတွက်သော့ဝယ်ပေးမည်ဆို၍ အလွန်ပျော်သွားသည်။

ရှောင်ဟန်ကတော့ ပြာပြာသလဲဖြင့်...

"မ မဟုတ်တာ ကျွန်တော်မစားချင်ပါဘူး ကလေးတွေအတွက်ပဲထားလိုက်ပါ"

ပိုင်လီက ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှထပ်မပြောတော့ဘူး။ ဒီမှာက အိမ်ရဲ့ဦးစီးဖြစ်တဲ့သူရဲ့စကားက အမိန့်လိုပဲလေ ဟဲဟဲ။ ပြီးတော့ ဒီလိုတိုင်းရင်းဆေးတွေကအရမ်းခါးတာကို သူသိတယ်လေ။

အချိုမုန့်ထုပ်တွေက တစ်ထုပ်ကိုကြေးပြားနှစ်ဆယ်ရှိပြီး သာမာန်လယ်သမားတွေရဲ့ တစ်နေ့လုပ်အားခနီးနီးလောက်ရှိလို့ ပြောရရင်တကယ်ကိုစျေးကြီးလှတယ်။ ပိုင်လီက ငါးထုပ်ဝယ်လာခဲ့ပြီး တစ်ထုပ်ကိုအခုပေးလိုက်ပြီးနောက် တစ်ထုပ်ကပိုင်အိမ်အတွက်ဖြစ်ပြီး ကျန်သုံးထုပ်က အသေးလေးတွေရဲ့နောက်ရက်စာအတွက်ပါပဲ။

အချိန်က နေ့ခင်းသုံးနာရီနီးနီးလောက်တော့ရှိလောက်ပြီ။ တောဝက်ကလီစာတွေက သန့်စင်ပြီးပြုတ်ထားပြီးသားပေမယ့် ဒီနေ့ဝယ်လာတယ် ရိုးရိုးဝက်ကလီစာတွေကတော့ မသန့်စင်ရသေးလေဘူး။ အိမ်ကရေတွင်းလည်းမရှိတော့ ပိုင်လီက မြစ်မှာငါးရှာလို့ရမရကြည့်ရင်း မြစ်ရေနဲ့သွားဆေးဖို့ပဲကြံလိုက်တော့တယ်။

မဖြစ်ဘူး သူအိမ်မှာ ရေတွင်းမြန်မြန်တူးရမယ်။

အဲတာကြောင့်ပိုင်လီက ရှောင်ဟန်ကို တချို့ညွှန်ကြားခဲ့လိုက်တယ်။

"ငါမြစ်ဆီခဏသွားလိုက်ဦးမယ် မင်းဆေးကျိုပြီးသောက်ထားနှင့် ပြီးမှ အသားခြင်းထဲက ဝက်လက်နဲ့အရိုးတွေကိုရောပြီး စွပ်ပြုတ်ချက်ထားနှင့်လိုက် ကျန်တာတော့ငါပြန်လာမှလုပ်မယ်"

ပိုင်လီက ရှောင်ဟန်ကို သူ့လက်တွဲဖော်အဖြစ် ချက်ခြင်းလက်မခံနိုင်သေးပေမယ့် သူ့ညီလေးလိုတော့ သဘောထားနိုင်ပါတယ်။ ဒါပေမယ့် သူရှောင်ဟန်နဲ့ပြောဆိုရရင် နည်းနည်းနေရခက်နေတုန်းပဲ။ တခြားလူတွေလိုယဥ်ကျေးလို့ကလည်းမရ။ ကြမ်းတမ်းလို့လည်းမဖြစ်နဲ့ တကယ်အကြပ်ရိုက်ရတယ်။

ရှောင်ဟန်ကတော့ အရမ်းနာခံတတ်ပြီး သူက ပိုင်လီဘာပြောပြော "ကောင်းပါပြီ"လို့ပဲ ခပ်တိုးတိုးပြန်ပြောတတ်တယ်လေ။

ပိုင်မိန်နဲ့အသေးလေးတွေက မုန့်ချိုစားနေရင်းက ပိုင်လီမြစ်ဆီသွားမယ်ကြား၍ ထလာကျပြီး...

"ဒုတိယအကို မြစ်ကိုဘာသွားလုပ်မှာလဲဟင်"

ပိုင်အိမ်ရဲ့မြေကွက်တွေက မြစ်ဘက်မှာပေမယ့် ပိုင်လီကအဲကိုသွားလေ့မရှိဘူး။

"ဝက်ကလီစာတွေသွားဆေးမလို့"

ပိုင်လီပြောတာကြားတော့ ပိုင်မိန်က နှာခေါင်းကိုပိတ်ထားလိုက်မိပြီး...

"ဒုတိယအကို အဲတာတွေကအရမ်းနံပြီး မသန့်ရှင်းဘူး အကိုဘာလုပ်မလို့လဲ"

ပိုင်လီက ဒီကလူတွေ ဝက်ကလီစာတွေကိုစားဖို့က တော်တော်ကြာဦးမှာမှန်းသတိထားမိသွားခဲ့တော့၏။ သူတို့က ကလီစာတွေကို ဝက်မစင်တွေလိုမျိုးကို ထင်နေကျတာဖြစ်တယ်လေ။

ထို့ကြောင့် ပိုင်လီက အလိမ်ညာတစ်ခုဖန်တီးလိုက်ပြီး...

"အကိုလောင်းကစားရုံမှာ တွေ့ဖူးတဲ့လူတစ်ယောက်က တခြားတိုင်းပြည်တစ်ခုကိုရောက်ဖူးတယ် သူပြောတာအဲကလူတွေက ကလီစာတွေကို သန့်စင်ပြီးစားကျတယ်တဲ့ အရမ်းစားကောင်းလို့ သူတောင်ချက်နည်းတွေယူလာတယ်ဆိုပြီး ပြောပြဖူးတယ် အဲတာကြောင့် ဒုတိယအကိုကစမ်းကြည့်မလို့ ဘာပဲဖြစ်ဖြစ်ငွေမှမကုန်တာ "

ပိုင်မိန်က အဲတာကြားတောင့် နည်းနည်းယုံသွားပြီး...

"တကယ်လား.."

"အကိုပြောပြီးပြီလေ ဟုတ်မဟုတ်စမ်းကြည့်မလို့ပါလို့"

ပိုင်မိန်က နောက်ဆုံးမှာတော့ သူမလည်းစပ်စုချင်လို့ မြစ်ဆီလိုက်ခဲ့မယ်ဖြစ်သွားပြီး ဝက်ကလီစာတွေမမြင်ဘူးတဲ့ အသေးလေးတွေကလည်း သူတို့အရပ်ထက်ကျော်တဲ့ ဝါးခြင်းတောင်းထဲက ကလီစာတွေကို ခြေဖျားထောက်ပြီး စပ်စုနေကျလေတယ်။ ပိုင်လီက သူတို့နှစ်ယောက်ကိုကောက်ပွေ့လိုက်ပြီး ပြောရင် ဒါကသူအသေးလေးတွေကို ချီဖူးတာပထမဆုံးအကြိမ်ပဲ။

"မင်းတို့ရော မြစ်ဆီလိုက်ခဲ့ချင်လား"

ပိုင်ရှောင်ဖူနဲ့ပိုင်ရှောင်ဝူက ဒီတလော သူတို့အဖေကသူတို့ကိုကောင်းကောင်းဆက်ဆံနေတာကြောင့် အရင်ဟာတွေအကုန်မေ့သွားကျပြီ။ သူတို့က အသံသေးလေးတွေနဲ့...

"သားတို့ရောလိုက်လို့ရလား "

"အဖေ သားလိုက်ချင်တယ်"

ပိုင်လီခံစားမိတာကတော့ ဒီအသေးလေးတွေကအရမ်းချစ်ဖို့ကောင်းတယ်ဆိုတာပဲ။ သူမနေနိုင်ပဲ ပါးလေးတွေကိုနမ်းလိုက်မိပြီး...

"ကောင်းပြီ လိုက်ခဲ့လို့ရတယ် ဒါပေမယ့် မြစ်ထဲကိုမဆင်းရဘူးနော်"

အသေးလေးတွေက သဘောတူတာကြောင့် ပိုင်လီက သူတို့ကို ကျွဲပေါ်တင်ပေးလိုက်ပြီး ပိုင်မိန်ကိုလည်းနောက်ကနေထိုင်စေကာ အသေးလေးတွေထိန်းစေ၏။ သူကကျွဲကြီးကိုလည်း အစာကျွေးဖို့ခေါ်သွားမလို့ပါ။ ကျွဲကြီးကလူအရမ်းယဥ်ပြီး ကလေးတွေကိုအန္တာရယ်မပြုဘူး။ အဲနောက်ပိုင်လီက ကလီစာတွေထည့်ထားတဲ့ဝါးခြင်းတောင်းကိုလွယ်လိုက်ပြီး အဝတ်စားတစ်စုံအပိုယူကာ ကလေးတွေကိုကျောပေါ်တင်ထားတဲ့ကျွဲကြီးကိုဆွဲရင်း ထွက်သွားတော့သည်။

ရှောင်ဟန်က အိမ်ထဲကနေ ဒီမြင်ကွင်းကိုကြည့်နေပြီး သူ့မျက်နှာကတဖြေးဖြေးပြုံးယောင်သမ်းလာ၏။ သူ့ခင်ပွန်းက တကယ်ပြောင်းလဲသွားပါပြီ။

အဲဒီနောက် ရှောင်ဟန်က ပိုင်လီမှာခဲ့သည်များကိုစိတ်အေးအေးဖြင့်ပြုလုပ်နေခဲ့သလို ပိုင်လီတို့ကလည်း မြစ်နားကိုရောက်သွားခဲ့ကျသည်။

အဲဒီမှာ ပိုင်အိမ်က မြေကွက်တွေကိုလာကြည့်တဲ့ ပိုင်ကျန်းနဲ့တွေ့ပြီး ပိုင်ကျန်းက...

"ဒုတိယ ကလေးတွေနဲ့ဘယ်သွားမလို့လဲ"

ပိုင်လီကအပြုံးလေးနဲ့...

"ကျွန်တော် မြို့လေးကနေ ကလီစာတွေထပ်ပါလာတယ် အဲတာသွားဆေးမလို့"

ပိုင်ကျန်း:"......."

သူတို့အိမ်က ဒုတိယက ကလီစာတွေကိုစွဲလမ်းနေတာများလား။ သူ့မှာတောဝက်နှစ်ကောင်ရဲ့ကလီစာတွေရှိနေပြီးသားလေ။

သို့သော် ပိုင်ကျန်းသည် ကျွဲပေါ်က ကလေးတွေပျော်ရွှင်နေသည်ကိုတွေ့သည့်အခါ ဘာမှထပ်မပြောတော့ပေ။ အားလုံးပျော်နေရင်ပြီးတာပါပဲ။ သူက သတိသာပေးလိုက်တော့၏။

"ဒါဆိုလည်း ကလေးတွေမြစ်ထဲမဆင်းအောင် ဂရုစိုက်ဦး "

"ဟုတ်ကဲ့ပါ အကြီးဆုံးအကို "

ပိုင်လီက အခုတလောအရမ်းယဥ်ကျေးလာတယ်လို့ ပိုင်ကျန်းကခံစားမိပေမယ့် သဘောမကျတာတော့မဟုတ်ပါဘူး။ ပိုင်လီပြောင်းလဲသွားတာက အကောင်းဆုံးပါပဲ။

ပိုင်လီ မြစ်ကမ်းဘေးရောက်ချိန်တွင် ကျွဲကြီးအား မြက်များရှိသည့်နေရာတွင်လွှတ်ထားလိုက်ပြီး ပိုင်မိန်နှင့် ကလေးတွေအားလည်း မြစ်ထဲမဆင်းဖို့ထပ်မှာခဲ့သည်။ မြစ်ရေကအရမ်းကြည်လင်နေပြီး ပိုင်လီက ကလီစာတွေကိုလျှင်မြန်စွာသန့်စင်လိုက်၏။ ပြီးနောက်မှာတော့ သူက မြစ်ထဲဆင်းသွားတော့သည်။

ပိုင်မိန်နဲ့ကလေးတွေက မြစ်ကမ်းစပ်မှာ ပိုင်လီရေငုံ့သွားတိုင်း အော်ဟစ်နေကျပြီး ပိုင်လီပြန်ပေါ်လာတဲ့အခါ သူတို့တွေကရယ်ကျလိမ့်မယ်။ ပိုင်လီက ဒါကအနည်းငယ်ကြောင်တောင်တောင်နိုင်တယ်လို့ခံစားမိပေမယ့် ကလေးတွေပျော်နေသရွေ့တော့ အဆင်ပြေပါတယ်လေ။

ပိုင်လီက မြစ်ထဲမှာရေချိုးရင်း တံတောင်လောက်ရှိတဲ့ ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ငါးကအရမ်းလှုပ်ရမ်းနေလို့ ကမ်းပေါ်ကိုပြစ်တင်လိုက်တဲ့အခါ ငါးက ကမ်းပေါ်မှာလည်း ခုန်ပေါက်နေလို့ ကလေးတွေက ကြောက်လန့်ပြီးထွက်ပြေးသွားကျသေးသည်။ အဲဒီနောက်မှာတော့ ပိုင်လီက အဝတ်စားလဲကာ ကလေးတွေကိုကျွဲပေါ်တင်ပြီး ကလီစာခြင်းအားလွယ်လျက် ငါးကိုဆွဲ၍ အိမ်ပြန်လာခဲ့တော့၏။

သူအိမ်ပြန်ရောက်တော့ ပိုင်အမေလည်း သူ့အိမ်ကိုရောက်နေပါပြီ။ ပိုင်အမေက သူတို့ပြန်လာတာမြင်မှ
သက်ပြင်းချလိုက်နိူင်ပြီး...

"မင်း မြစ်ကိုသွားတာကို ဘာလို့ကလေးတွေကိုခေါ်သွားရတာလဲ ကလေးတွေကဘာမှသိတာမဟုတ်ဘူး မတော်တဆတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

ပိုင်လီကတော့ အပြုံးလေးနဲ့ပဲ...

"ကျွန်တော်သူတို့ကို မြစ်ထဲအဆင်းမခံပါဘူး "

ပိုင်အမေက ပိုင်လီရဲ့စိုနေတဲ့ဆံပင်တွေနဲ့ငါးကိုကြည့်ပြီး...

"မင်း မြစ်ထဲဆင်းလာတာလား ဆောင်းဦးဝင်နေပြီ ရှောင်ဟန်တောင်အဲတာကြောင့်ဖျားသွားတာကို မင်းပါထပ်ဖျားနေရင်ဘယ်လိုလုပ်မလဲ"

"အမေကလည်း အခုနေအရမ်းပူနေတဲ့အချ်န်လေ မြစ်ရေကသိပ်မအေးပါဘူး"

ပိုင်အမေက ပိုင်လီအရင်ကထက်စာရင်ပြောင်းလဲလာပေမယ့် သူမကိုပိုပြီး စိုးရိမ်အောင်လုပ်လာတယ်လို့ ခံစားခဲ့ရလေသည်။ သူမပိုင်လီကိုထပ်ပြောချင်သေးပေမယ့် အသေးလေးတွေက ဖွားဖွား ဖွားဖွား လို့ခေါ်ပြီး သူမထံပြေးလာတော့ သူမစိတ်တွေပျော့ပြောင်းသွားရတော့တယ်။

ပိုင်လီအိမ်ထဲရောက်တော့ သူမက...

"အမေ ဆီယူလာခဲ့ပြီ မင်းကလီစာတွေချက်မလို့ဆို"

ပိုင်လီက ခေါင်းငြိမ့်ပြလိုက်၏။ ရှောင်ဟန်က ပိုင်အမေကို ပိုင်လီပြောသမျှရှင်းပြထားတာကြောင့် ပိုင်အမေက သိပ်တော့မကန့်ကွက်ပါဘူး။

"မင်း တခြားဘာဟင်းတွေချက်မှာလဲ အမေ ဘာကူလုပ်ပေးရမလဲ "

ပိုင်လီက ဝက်ကလီစာတွေကို ကိုင်တွယ်ရမှာဖြစ်လို့ တခြားဟင်းတွေကို မလုပ်နိုင်လောက်ဘူး။ ဒါ့ကြောင့်သူက....

" အမေနဲ့ရှောင်ဟန်က ငါးကူချက်ပေးပါလား ကျွန်တော်က ငါးကိုအရင်ကြော်ပြီးမှ နှပ်ချက်ချက်ချင်တာ"

ပိုင်အမေက ငါးကြီးရဲ့အရွယ်စားကိုကြည့်ပြီး သဘောကျနေတာပေမယ့် ကြော်ဆိုတဲ့စကားကြားတော့မပျော်တော့ပါဘူး။

"ဒီငါးကြီးသာကြော်ရရင် ဆီဘယ်လောက်ကုန်လိုက်မလဲ ဒါကိုမင်းကကြော်ပြီးပြန်ချက်ချင်နေသေးတယ်လား "

ပိုင်လီက ချွေတာလွန်းတဲ့ ပိုင်အမေကို ရှင်းပြရပါတော့တယ်။

"အမေကလည်း အခုက ကျွန်တော်တို့မိသားစုတင်မကပဲ အကြီးကဲမိသားစုလည်းလာမှာလေ ပြီးတော့ကျွန်တော်က ငွေချောင်းအများကြီးရှိနေတာကို သူတို့သိနေတာလေ ဘယ်လိုလုပ်တွန့်တိုနေလို့ဖြစ်မှာတုန်းဗျ"

ပိုင်အမေက ဒါကိုကြားမှလက်လျော့သွားတော့တယ်။ သူမက သူ့အိမ်ကဒုတိယသားကိုတကယ်မနိုင်ပါဘူး။

"ခဏလေး ကျွန်တော်ငါးကိုကိုင်ပေးမယ်"

ငါးကအရမ်းကြီးပြီး အကောင်လိုက်ချက်ဖို့မလွယ်မှာစိုးလို့ ပိုင်လီက ငါးကိုခုတ်ပိုင်းပေးတော့တယ်။ ဒါပေမယ့်မထင်ထားတာက ငါးမှာဥတွေအများကြီးပါနေတာကိုပဲ။ ပိုင်လီလည်း အံသြသွားပေမယ့် ငါးကကြီးတော့ ငါးဥကတင် ဟင်းတစ်ခုစာလောက်ရနိုင်တာကြောင့်...

"အမေ ငါးကဥတွေပါတယ်ဗျ ငါးဥချဥ်စပ်ဟင်းရည်တစ်ခွက်လောက်ချက်လိုက်ပါလား"

"အေး ချက်ချက် ငါဘာမှမပြောတော့ဘူး"
ပိုင်လီကရယ်လိုက်ပေမယ့် ပိုင်အမေကမျက်စောင်းထိုးတော့ မျက်နှာတည်ဖို့ကြိုးစားလိုက်ပြီး နောက်ဆုံးမှာတော့ ပိုင်အမေက ငါးကြော်ချက်မှာဖြစ်ပြီး ရှောင်ဟန်ကငါးဥဟင်းရည်ချက်မှာဖြစ်တယ်။ ပိုင်လီက သူတို့ကိုဟင်းတွေဘယ်လိုချက်ရမလဲပြောပြပေးပြီး ပိုင်အမေက ပိုင်မိန်ကို ပိုင်အိမ်ကအိုးတွေယူဖို့လွှတ်လိုက်ပြီး ယာယီမီးဖိုတွေနဲ့ တပြိုင်တည်းချက်ဖို့ပြင်လိုက်တော့တယ်။

ပိုင်လီက အရင်ဆုံး ဆေးကြောလာတဲ့ ဝက်ကလီစာတွေ ရေသန့်နဲ့တစ်ထပ်ပြန်ဆေးပြီးမှ ပြုတ်ထားလိုက်ပြီး မနေ့ကခူးလာတဲ့ လက်ဆက်နေစဲအသီးရွက်တွေကို ထုတ်ယူလိုက်တော့တယ်။ သူက တောဝက်နှလုံးနဲ့ အားလူးနှပ်၊ အသည်းကို ငရုပ်ပွသီးနဲ့ကြော်၊ အဆုတ်ကိုအကြွပ်ကြော်ပြီး အူတချို့ကို ငရုတ်သီးနဲ့ခပ်စပ်စပ်ဟင်းရည်လေးချက်လိုက်တော့တယ်။

သူဝယ်လာတဲ့ ဝက်ရိုးစွပ်ပြုတ်ကိုလည်း ဂရုတစိုက်ပြင်ဆင်ခဲ့ပြီး အဲတာကတော့ ကလေးတွေအတွက်ပဲ။ အဲနောက် အဆီနည်းတဲ့အသားကိုပါးပါးလှီးပြီး ကြက်သွန်မိတ်နဲ့ကြော်လိုက်သေးတယ်။

အသီးရွက်တွေက ဖရုံရွက်ကြော်နဲ့ ဂေါ်ဖီနဲ့ကြက်ဥရောမွှေကြောထားတဲ့နှစ်ခွက်ပါပြီး ပိုင်အမေရဲ့ ငါးကြော်နှပ်၊ ရှောင်ဟန်ရဲ့ ငါးဥချဥ်စပ်ဟင်းရည်တို့ ပါပေါင်းလိုက်တဲ့အခါ အိမ်က ဟင်းအနံ့တွေနဲ့ ဖုံးလွှမ်းသွားပြီး အိမ်ရှေ့ကဖြတ်သွားတဲ့လူတချို့ကတောင်မှ အိမ်ထဲကိုလှမ်းကြည့်သွားကျလေတယ်။

ပိုင်မိန်နဲ့ ကလေးတွေက ဟင်းချက်နေတဲ့လူတွေနားပြေးလွှားနေပြီး ယင်ကောင်လေးတွေလိုပဲ။

ပိုင်အမေက ပိုင်လီချက်ထားတဲ့ဟင်းတွေကိုမြည်းကြည့်ပြီးနောက် သူမကအံသြနေခဲ့ပြီးမယုံနိုင်ရှာဘူး။ ကလီစာတွေက ဒီလိုအရသာရှိတယ်တဲ့လား။ ပိုင်လီတောထဲကခူးလာတဲ့ ဘာမှန်းမသိတဲ့အသီးရွက်တွေကလည်း တော်တော်လေးစားကောင်းနေတာပဲ။

ကလီစာဟင်းပွဲတွေရောကြောင့် ဟင်းတွေကအရမ်းများနေပြီး ကြီးကျယ်တဲ့ပွဲကြီးနဲ့တောင်တူနေတော့တယ်။ သူတို့တွေချက်ပြုတ်ပြီး သိပ်မကြာခင်မှာပဲ ပိုင်ကျန်းနဲ့ပိုင်စန်းက ပိုင်အိမ်ကစားပွဲနဲ့ခုံတွေကိုသယ်ပြီး ရောက်လာပြီး ပိုင်လီအိမ်က စားပွဲနဲ့ဆို စားပွဲဝိုင်းနှစ်ခုပြင်ဆင်ခဲ့ကျတယ်။ မိသားစုနှစ်ခုဖြစ်တဲ့အတွက် စားပွဲဝိုင်းကနှစ်ခုမှဖြစ်မှာလေ။

ညနေစောင်းမှာ ပိုင်အဖေက ကျန်းမိသားစုကိုဖိတ်ခေါ်လာခဲ့ပြီး ပိုင်အိမ်က ချွေးမနှစ်ယောက်ကလွဲရင် ပိုင်ဝူတောင် ပိုင်လီအိမ်မှာရောက်နေပြီဖြစ်ပေမယ့် ကျိုးရှီနဲ့စုရှီတော့မရှိသေးဘူး။

ကျိုးရှီနဲ့စုရှီက ပိုင်လီအိမ်ကိုစောပြီး မလာချင်တာက ကူလုပ်ကိုင်ပေးရမှာစိုးလို့ပဲ။ သူတို့က ကိုယ်ဝန်တွေအကြောင်းပြနေခဲ့ပြီး စားမယ့်အချိန်မှလာခေါ်မှာကိုစောင့်နေကျတာပေမယ့် ပိုင်အမေက သူတို့ကိုသွားခေါ်တော့မယ့်အချိန်မှာ တုရှီကဒီလိုပြောလာမယ်လို့ ဘယ်သူမှထင်ခဲ့မှာမဟုတ်ပါဘူး။

တုရှီက မော့ရှီလက်ကိုဆွဲပြီးကြင်နာတဲ့ပုံနဲ့....

"မော့ရှီ နင့်ချွေးမတွေက ကိုယ်ဝန်တွေနဲ့မလို့ ကူတောင်မလုပ်နိုင်တာ အခုကမှောင်တောင်နေပြီလေ သူတို့ခလုတ်တွေဘာတွေတိုက်မိရင်မကောင်းဘူး ဘာလို့သူတို့ကိုလာခိုင်းနေမှာလဲ အစားသောက်တွေပို့ပေးလိုက်ရင်ပြီးတာပဲမလား"
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😇
.................................................................
(AN/ ဒီနေ့နှစ်ပိုင်းက နည်းနည်းပျင်းစရာကောင်းသလားလို့🤧)

###

အပိုင္း (၁၄) မုဆိုးႀကီးအိမ္ကစားေသာက္ပြဲ

လွည္းေလးက တေျဖးေျဖးနဲ႕ ပိုင္လီတို႔အိမ္ကိုေရာက္ခဲ့ၿပီ။ ေရွာင္ဟန္က အေသးေလးေတြကို ေအာက္ခ်ေပးေနၿပီး ပိုင္လီက ပိုင္လီက ပိုင္မိန္ေဒါသထြက္ေနတုန္းဆိုတာေတြ႕ေတာ့...

"မင္းဘာေတြစိတ္တိုေနေသးတာလဲ ေဒၚေလးတုက အ႐ူးမဟုတ္ဘူး သူမက မင္းကိုမႀကိဳက္ရင္ က်ိဳးရွီကိုပိုလို႔ႀကိဳက္မွာမဟုတ္ဘူး က်ိဳးရွီရဲ႕ေမာင္ဆိုေျပာမေနနဲ႕ မင္းလိုအပ္တာက သူတို႔နဲ႕ၿပိဳင္ၿပီးစကားမမ်ားဖို႔ပဲ"

ပိန္မိန္က ေနာက္ဆုံးမွာ ႏႈတ္ခမ္းဆူေနရာၿပဳံးလိုက္ေတာ့တယ္။ သူမရဲ႕ ဒုတိယအကိုဆီက ဆုံးမစကားေတြထြက္တာက ဒီတစ္ခါပထမဆုံးပဲ။ ပိုင္မိန္က ၿပဳံးၿပီး...

"ညီမေလးက ဒုတိယအကိုေျပာတာကိုနားေထာင္မယ္"

အဲဒီေနာက္ လွည္းေပၚကပစၥည္းေတြကို ခ်လိဳက္က်ၿပီး ပိုင္လီက ေရွာင္ဟန္အတြက္ဝယ္လာတဲ့ေဆးထုပ္ေတြကို လွမ္းေပးကာ...

"ငါမင္းအတြက္ ေဆးဆိုင္ကိုေဆးစပ္ခိုင္းလာတယ္ ညက်ရင္အႀကီးကဲမိသားစုကိုဖိတ္ထားတာမလို႔ ခ်က္ရျပဳတ္ရဦးမွာ မင္းအခုေဆးက်ိဳႏွင့္လိုက္"

ေရွာင္ဟန္က သူ႕ေရွ႕ကေဆးထုပ္သုံးထုပ္ကိုၾကည့္ကာ မယုံၾကည္နိုင္ဘူး။ ေဆးေတြကဘယ္ေလာက္ေစ်းႀကီးလိုက္လဲ။ ပိုင္လီကတကယ္ႀကီး သူ႕အတြက္ ေဆးသုံးထုပ္ဝယ္ေပးတယ္ေပါ့။

ပိုင္လီက ေရွာင္ဟန္မယူေသးတဲ့အတြက္ လွည့္ၾကည့္လာၿပီး...

"မယူဘူးလား .."

ေရွာင္ဟန္က အဲဒီေတာ့မွ ေဆးထုပ္ကိုလွမ္းယူလိုက္ၿပီး "ေကာင္းပါၿပီ" လို႔ခပ္တိုးတိုးေလးေျပာလိုက္ေတာ့တယ္။

ပိုင္လီက စိတ္ထဲသက္ျပင္းခ်ေနေလရဲ႕။ ေရွာင္ဟန္အေနနဲ႕ သူေျပာင္းလဲသြားတာကိုခ်က္ျခင္းလက္မခံနိုင္ေသးတာသိေပမယ့္ ေရွာင္ဟန္ရဲ႕ပုံက သူ႕ကိုစိတ္မသက္သာျဖစ္ေစတယ္။

ေရွာင္ဟန္နဲ႕ယွဥ္ရင္ ငယ္ေသးတဲ့အေသးေလးေတြက ပိုၿပီးေျပာင္းလဲလြယ္ၿပီး အခုၾကည့္ သူ႕အနားကိုကပ္ေနက်ၿပီ။ ပိုင္လီက မုန့္ခ်ိဳေတြဝယ္လာတယ္လို႔ သူတို႔ေဒၚေလးပိုင္မိန္ေျပာထားလို႔ေလ။

ပိုင္လီက သူတို႔အတြက္ မုန့္ခ်ိဳတစ္ထုပ္ေပးလိုက္ၿပီး တစ္ထုပ္မွာ ဆယ့္ႏွစ္ခုပါၿပီး သၾကားပါဝင္မႈနည္းလို႔ သိပ္မခ်ိဳေပမယ့္ အခ်ိဳရွားလြန္းတဲ့အတြက္ ကေလးေတြကေတာ့ႀကိဳက္ေနက်တဳန္းပါပဲ။

"ဒီတစ္ထုပ္ကို အခုစားလိုက္က် ေရွာင္မိန္ မင္းရဲ႕ဒုတိယေယာင္းမ ေဆးေသာက္ၿပီးရင္စားဖို႔နည္းနည္းေပးလိုက္ဦး မင္းျပန္ရင္ တစ္ထုပ္ကိုအိမ္ျပန္ယူသြား အေမ့အခန္းထဲထည့္ထားၿပီး စားခ်င္မွသြားစားလိုက္ အကိုကေနာက္မွ ေရွာင္မိန္အခန္းအတြက္ ေသာ့ဝယ္ေပးမယ္"

ပိုင္မိန္က သူမအတြက္ေသာ့ဝယ္ေပးမည္ဆို၍ အလြန္ေပ်ာ္သြားသည္။

ေရွာင္ဟန္ကေတာ့ ျပာျပာသလဲျဖင့္...

"မ မဟုတ္တာ ကြၽန္ေတာ္မစားခ်င္ပါဘူး ကေလးေတြအတြက္ပဲထားလိုက္ပါ"

ပိုင္လီက ဒီကိစၥနဲ႕ပတ္သက္ၿပီးဘာမွထပ္မေျပာေတာ့ဘူး။ ဒီမွာက အိမ္ရဲ႕ဦးစီးျဖစ္တဲ့သူရဲ႕စကားက အမိန့္လိုပဲေလ ဟဲဟဲ။ ၿပီးေတာ့ ဒီလိုတိုင္းရင္းေဆးေတြကအရမ္းခါးတာကို သူသိတယ္ေလ။

အခ်ိဳမုန့္ထုပ္ေတြက တစ္ထုပ္ကိုေၾကးျပားႏွစ္ဆယ္ရွိၿပီး သာမာန္လယ္သမားေတြရဲ႕ တစ္ေန႕လုပ္အားခနီးနီးေလာက္ရွိလို႔ ေျပာရရင္တကယ္ကိုေစ်းႀကီးလွတယ္။ ပိုင္လီက ငါးထုပ္ဝယ္လာခဲ့ၿပီး တစ္ထုပ္ကိုအခုေပးလိုက္ၿပီးေနာက္ တစ္ထုပ္ကပိုင္အိမ္အတြက္ျဖစ္ၿပီး က်န္သုံးထုပ္က အေသးေလးေတြရဲ႕ေနာက္ရက္စာအတြက္ပါပဲ။

အခ်ိန္က ေန႕ခင္းသုံးနာရီနီးနီးေလာက္ေတာ့ရွိေလာက္ၿပီ။ ေတာဝက္ကလီစာေတြက သန့္စင္ၿပီးျပဳတ္ထားၿပီးသားေပမယ့္ ဒီေန႕ဝယ္လာတယ္ ရိုးရိုးဝက္ကလီစာေတြကေတာ့ မသန့္စင္ရေသးေလဘူး။ အိမ္ကေရတြင္းလည္းမရွိေတာ့ ပိုင္လီက ျမစ္မွာငါးရွာလို႔ရမရၾကည့္ရင္း ျမစ္ေရနဲ႕သြားေဆးဖို႔ပဲႀကံလိုက္ေတာ့တယ္။

မျဖစ္ဘူး သူအိမ္မွာ ေရတြင္းျမန္ျမန္တူးရမယ္။

အဲတာေၾကာင့္ပိုင္လီက ေရွာင္ဟန္ကို တခ်ိဳ႕ၫႊန္ၾကားခဲ့လိုက္တယ္။

"ငါျမစ္ဆီခဏသြားလိုက္ဦးမယ္ မင္းေဆးက်ိဳၿပီးေသာက္ထားႏွင့္ ၿပီးမွ အသားျခင္းထဲက ဝက္လက္နဲ႕အရိုးေတြကိုေရာၿပီး စြပ္ျပဳတ္ခ်က္ထားႏွင့္လိုက္ က်န္တာေတာ့ငါျပန္လာမွလုပ္မယ္"

ပိုင္လီက ေရွာင္ဟန္ကို သူ႕လက္တြဲေဖာ္အျဖစ္ ခ်က္ျခင္းလက္မခံနိုင္ေသးေပမယ့္ သူ႕ညီေလးလိုေတာ့ သေဘာထားနိုင္ပါတယ္။ ဒါေပမယ့္ သူေရွာင္ဟန္နဲ႕ေျပာဆိုရရင္ နည္းနည္းေနရခက္ေနတုန္းပဲ။ တျခားလူေတြလိုယဥ္ေက်းလို႔ကလည္းမရ။ ၾကမ္းတမ္းလို႔လည္းမျဖစ္နဲ႕ တကယ္အၾကပ္ရိုက္ရတယ္။

ေရွာင္ဟန္ကေတာ့ အရမ္းနာခံတတ္ၿပီး သူက ပိုင္လီဘာေျပာေျပာ "ေကာင္းပါၿပီ"လို႔ပဲ ခပ္တိုးတိုးျပန္ေျပာတတ္တယ္ေလ။

ပိုင္မိန္နဲ႕အေသးေလးေတြက မုန့္ခ်ိဳစားေနရင္းက ပိုင္လီျမစ္ဆီသြားမယ္ၾကား၍ ထလာက်ၿပီး...

"ဒုတိယအကို ျမစ္ကိုဘာသြားလုပ္မွာလဲဟင္"

ပိုင္အိမ္ရဲ႕ေျမကြက္ေတြက ျမစ္ဘက္မွာေပမယ့္ ပိုင္လီကအဲကိုသြားေလ့မရွိဘူး။

"ဝက္ကလီစာေတြသြားေဆးမလို႔"

ပိုင္လီေျပာတာၾကားေတာ့ ပိုင္မိန္က ႏွာေခါင္းကိုပိတ္ထားလိုက္မိၿပီး...

"ဒုတိယအကို အဲတာေတြကအရမ္းနံၿပီး မသန့္ရွင္းဘူး အကိုဘာလုပ္မလို႔လဲ"

ပိုင္လီက ဒီကလူေတြ ဝက္ကလီစာေတြကိုစားဖို႔က ေတာ္ေတာ္ၾကာဦးမွာမွန္းသတိထားမိသြားခဲ့ေတာ့၏။ သူတို႔က ကလီစာေတြကို ဝက္မစင္ေတြလိုမ်ိဳးကို ထင္ေနက်တာျဖစ္တယ္ေလ။

ထို႔ေၾကာင့္ ပိုင္လီက အလိမ္ညာတစ္ခုဖန္တီးလိုက္ၿပီး...

"အကိုေလာင္းကစား႐ုံမွာ ေတြ႕ဖူးတဲ့လူတစ္ေယာက္က တျခားတိုင္းျပည္တစ္ခုကိုေရာက္ဖူးတယ္ သူေျပာတာအဲကလူေတြက ကလီစာေတြကို သန့္စင္ၿပီးစားက်တယ္တဲ့ အရမ္းစားေကာင္းလို႔ သူေတာင္ခ်က္နည္းေတြယူလာတယ္ဆိုၿပီး ေျပာျပဖူးတယ္ အဲတာေၾကာင့္ ဒုတိယအကိုကစမ္းၾကည့္မလို႔ ဘာပဲျဖစ္ျဖစ္ေငြမွမကုန္တာ "

ပိုင္မိန္က အဲတာၾကားေတာင့္ နည္းနည္းယုံသြားၿပီး...

"တကယ္လား.."

"အကိုေျပာၿပီးၿပီေလ ဟုတ္မဟုတ္စမ္းၾကည့္မလို႔ပါလို႔"

ပိုင္မိန္က ေနာက္ဆုံးမွာေတာ့ သူမလည္းစပ္စုခ်င္လို႔ ျမစ္ဆီလိုက္ခဲ့မယ္ျဖစ္သြားၿပီး ဝက္ကလီစာေတြမျမင္ဘူးတဲ့ အေသးေလးေတြကလည္း သူတို႔အရပ္ထက္ေက်ာ္တဲ့ ဝါးျခင္းေတာင္းထဲက ကလီစာေတြကို ေျခဖ်ားေထာက္ၿပီး စပ္စုေနက်ေလတယ္။ ပိုင္လီက သူတို႔ႏွစ္ေယာက္ကိုေကာက္ေပြ႕လိုက္ၿပီး ေျပာရင္ ဒါကသူအေသးေလးေတြကို ခ်ီဖူးတာပထမဆုံးအႀကိမ္ပဲ။

"မင္းတို႔ေရာ ျမစ္ဆီလိုက္ခဲ့ခ်င္လား"

ပိုင္ေရွာင္ဖူနဲ႕ပိုင္ေရွာင္ဝူက ဒီတေလာ သူတို႔အေဖကသူတို႔ကိုေကာင္းေကာင္းဆက္ဆံေနတာေၾကာင့္ အရင္ဟာေတြအကုန္ေမ့သြားက်ၿပီ။ သူတို႔က အသံေသးေလးေတြနဲ႕...

"သားတို႔ေရာလိုက္လို႔ရလား "

"အေဖ သားလိုက္ခ်င္တယ္"

ပိုင္လီခံစားမိတာကေတာ့ ဒီအေသးေလးေတြကအရမ္းခ်စ္ဖို႔ေကာင္းတယ္ဆိုတာပဲ။ သူမေနနိုင္ပဲ ပါးေလးေတြကိုနမ္းလိုက္မိၿပီး...

"ေကာင္းၿပီ လိုက္ခဲ့လို႔ရတယ္ ဒါေပမယ့္ ျမစ္ထဲကိုမဆင္းရဘူးေနာ္"

အေသးေလးေတြက သေဘာတူတာေၾကာင့္ ပိုင္လီက သူတို႔ကို ကြၽဲေပၚတင္ေပးလိုက္ၿပီး ပိုင္မိန္ကိုလည္းေနာက္ကေနထိုင္ေစကာ အေသးေလးေတြထိန္းေစ၏။ သူကကြၽဲႀကီးကိုလည္း အစာေကြၽးဖို႔ေခၚသြားမလို႔ပါ။ ကြၽဲႀကီးကလူအရမ္းယဥ္ၿပီး ကေလးေတြကိုအႏၱာရယ္မျပဳဘူး။ အဲေနာက္ပိုင္လီက ကလီစာေတြထည့္ထားတဲ့ဝါးျခင္းေတာင္းကိုလြယ္လိုက္ၿပီး အဝတ္စားတစ္စုံအပိုယူကာ ကေလးေတြကိုေက်ာေပၚတင္ထားတဲ့ကြၽဲႀကီးကိုဆြဲရင္း ထြက္သြားေတာ့သည္။

ေရွာင္ဟန္က အိမ္ထဲကေန ဒီျမင္ကြင္းကိုၾကည့္ေနၿပီး သူ႕မ်က္ႏွာကတေျဖးေျဖးၿပဳံးေယာင္သမ္းလာ၏။ သူ႕ခင္ပြန္းက တကယ္ေျပာင္းလဲသြားပါၿပီ။

အဲဒီေနာက္ ေရွာင္ဟန္က ပိုင္လီမွာခဲ့သည္မ်ားကိုစိတ္ေအးေအးျဖင့္ျပဳလုပ္ေနခဲ့သလို ပိုင္လီတို႔ကလည္း ျမစ္နားကိုေရာက္သြားခဲ့က်သည္။

အဲဒီမွာ ပိုင္အိမ္က ေျမကြက္ေတြကိုလာၾကည့္တဲ့ ပိုင္က်န္းနဲ႕ေတြ႕ၿပီး ပိုင္က်န္းက...

"ဒုတိယ ကေလးေတြနဲ႕ဘယ္သြားမလို႔လဲ"

ပိုင္လီကအၿပဳံးေလးနဲ႕...

"ကြၽန္ေတာ္ ၿမိဳ႕ေလးကေန ကလီစာေတြထပ္ပါလာတယ္ အဲတာသြားေဆးမလို႔"

ပိုင္က်န္း:"......."

သူတို႔အိမ္က ဒုတိယက ကလီစာေတြကိုစြဲလမ္းေနတာမ်ားလား။ သူ႕မွာေတာဝက္ႏွစ္ေကာင္ရဲ႕ကလီစာေတြရွိေနၿပီးသားေလ။

သို႔ေသာ္ ပိုင္က်န္းသည္ ကြၽဲေပၚက ကေလးေတြေပ်ာ္႐ႊင္ေနသည္ကိုေတြ႕သည့္အခါ ဘာမွထပ္မေျပာေတာ့ေပ။ အားလုံးေပ်ာ္ေနရင္ၿပီးတာပါပဲ။ သူက သတိသာေပးလိုက္ေတာ့၏။

"ဒါဆိုလည္း ကေလးေတြျမစ္ထဲမဆင္းေအာင္ ဂ႐ုစိုက္ဦး "

"ဟုတ္ကဲ့ပါ အႀကီးဆုံးအကို "

ပိုင္လီက အခုတေလာအရမ္းယဥ္ေက်းလာတယ္လို႔ ပိုင္က်န္းကခံစားမိေပမယ့္ သေဘာမက်တာေတာ့မဟုတ္ပါဘူး။ ပိုင္လီေျပာင္းလဲသြားတာက အေကာင္းဆုံးပါပဲ။

ပိုင္လီ ျမစ္ကမ္းေဘးေရာက္ခ်ိန္တြင္ ကြၽဲႀကီးအား ျမက္မ်ားရွိသည့္ေနရာတြင္လႊတ္ထားလိုက္ၿပီး ပိုင္မိန္ႏွင့္ ကေလးေတြအားလည္း ျမစ္ထဲမဆင္းဖို႔ထပ္မွာခဲ့သည္။ ျမစ္ေရကအရမ္းၾကည္လင္ေနၿပီး ပိုင္လီက ကလီစာေတြကိုလွ်င္ျမန္စြာသန့္စင္လိုက္၏။ ၿပီးေနာက္မွာေတာ့ သူက ျမစ္ထဲဆင္းသြားေတာ့သည္။

ပိုင္မိန္နဲ႕ကေလးေတြက ျမစ္ကမ္းစပ္မွာ ပိုင္လီေရငုံ႕သြားတိုင္း ေအာ္ဟစ္ေနက်ၿပီး ပိုင္လီျပန္ေပၚလာတဲ့အခါ သူတို႔ေတြကရယ္က်လိမ့္မယ္။ ပိုင္လီက ဒါကအနည္းငယ္ေၾကာင္ေတာင္ေတာင္နိုင္တယ္လို႔ခံစားမိေပမယ့္ ကေလးေတြေပ်ာ္ေနသေ႐ြ႕ေတာ့ အဆင္ေျပပါတယ္ေလ။

ပိုင္လီက ျမစ္ထဲမွာေရခ်ိဳးရင္း တံေတာင္ေလာက္ရွိတဲ့ ငါးတစ္ေကာင္ကို ဖမ္းမိခဲ့ၿပီး ငါးကအရမ္းလႈပ္ရမ္းေနလို႔ ကမ္းေပၚကိုျပစ္တင္လိုက္တဲ့အခါ ငါးက ကမ္းေပၚမွာလည္း ခုန္ေပါက္ေနလို႔ ကေလးေတြက ေၾကာက္လန့္ၿပီးထြက္ေျပးသြားက်ေသးသည္။ အဲဒီေနာက္မွာေတာ့ ပိုင္လီက အဝတ္စားလဲကာ ကေလးေတြကိုကြၽဲေပၚတင္ၿပီး ကလီစာျခင္းအားလြယ္လ်က္ ငါးကိုဆြဲ၍ အိမ္ျပန္လာခဲ့ေတာ့၏။

သူအိမ္ျပန္ေရာက္ေတာ့ ပိုင္အေမလည္း သူ႕အိမ္ကိုေရာက္ေနပါၿပီ။ ပိုင္အေမက သူတို႔ျပန္လာတာျမင္မွ
သက္ျပင္းခ်လိဳက္နိူင္ၿပီး...

"မင္း ျမစ္ကိုသြားတာကို ဘာလို႔ကေလးေတြကိုေခၚသြားရတာလဲ ကေလးေတြကဘာမွသိတာမဟုတ္ဘူး မေတာ္တဆတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ"

ပိုင္လီကေတာ့ အၿပဳံးေလးနဲ႕ပဲ...

"ကြၽန္ေတာ္သူတို႔ကို ျမစ္ထဲအဆင္းမခံပါဘူး "

ပိုင္အေမက ပိုင္လီရဲ႕စိုေနတဲ့ဆံပင္ေတြနဲ႕ငါးကိုၾကည့္ၿပီး...

"မင္း ျမစ္ထဲဆင္းလာတာလား ေဆာင္းဦးဝင္ေနၿပီ ေရွာင္ဟန္ေတာင္အဲတာေၾကာင့္ဖ်ားသြားတာကို မင္းပါထပ္ဖ်ားေနရင္ဘယ္လိုလုပ္မလဲ"

"အေမကလည္း အခုေနအရမ္းပူေနတဲ့အခ်္န္ေလ ျမစ္ေရကသိပ္မေအးပါဘူး"

ပိုင္အေမက ပိုင္လီအရင္ကထက္စာရင္ေျပာင္းလဲလာေပမယ့္ သူမကိုပိုၿပီး စိုးရိမ္ေအာင္လုပ္လာတယ္လို႔ ခံစားခဲ့ရေလသည္။ သူမပိုင္လီကိုထပ္ေျပာခ်င္ေသးေပမယ့္ အေသးေလးေတြက ဖြားဖြား ဖြားဖြား လို႔ေခၚၿပီး သူမထံေျပးလာေတာ့ သူမစိတ္ေတြေပ်ာ့ေျပာင္းသြားရေတာ့တယ္။

ပိုင္လီအိမ္ထဲေရာက္ေတာ့ သူမက...

"အေမ ဆီယူလာခဲ့ၿပီ မင္းကလီစာေတြခ်က္မလို႔ဆို"

ပိုင္လီက ေခါင္းၿငိမ့္ျပလိုက္၏။ ေရွာင္ဟန္က ပိုင္အေမကို ပိုင္လီေျပာသမွ်ရွင္းျပထားတာေၾကာင့္ ပိုင္အေမက သိပ္ေတာ့မကန့္ကြက္ပါဘူး။

"မင္း တျခားဘာဟင္းေတြခ်က္မွာလဲ အေမ ဘာကူလုပ္ေပးရမလဲ "

ပိုင္လီက ဝက္ကလီစာေတြကို ကိုင္တြယ္ရမွာျဖစ္လို႔ တျခားဟင္းေတြကို မလုပ္နိုင္ေလာက္ဘူး။ ဒါ့ေၾကာင့္သူက....

" အေမနဲ႕ေရွာင္ဟန္က ငါးကူခ်က္ေပးပါလား ကြၽန္ေတာ္က ငါးကိုအရင္ေၾကာ္ၿပီးမွ ႏွပ္ခ်က္ခ်က္ခ်င္တာ"

ပိုင္အေမက ငါးႀကီးရဲ႕အ႐ြယ္စားကိုၾကည့္ၿပီး သေဘာက်ေနတာေပမယ့္ ေၾကာ္ဆိုတဲ့စကားၾကားေတာ့မေပ်ာ္ေတာ့ပါဘူး။

"ဒီငါးႀကီးသာေၾကာ္ရရင္ ဆီဘယ္ေလာက္ကုန္လိုက္မလဲ ဒါကိုမင္းကေၾကာ္ၿပီးျပန္ခ်က္ခ်င္ေနေသးတယ္လား "

ပိုင္လီက ေခြၽတာလြန္းတဲ့ ပိုင္အေမကို ရွင္းျပရပါေတာ့တယ္။

"အေမကလည္း အခုက ကြၽန္ေတာ္တို႔မိသားစုတင္မကပဲ အႀကီးကဲမိသားစုလည္းလာမွာေလ ၿပီးေတာ့ကြၽန္ေတာ္က ေငြေခ်ာင္းအမ်ားႀကီးရွိေနတာကို သူတို႔သိေနတာေလ ဘယ္လိုလုပ္တြန့္တိုေနလို႔ျဖစ္မွာတုန္းဗ်"

ပိုင္အေမက ဒါကိုၾကားမွလက္ေလ်ာ့သြားေတာ့တယ္။ သူမက သူ႕အိမ္ကဒုတိယသားကိုတကယ္မနိုင္ပါဘူး။

"ခဏေလး ကြၽန္ေတာ္ငါးကိုကိုင္ေပးမယ္"

ငါးကအရမ္းႀကီးၿပီး အေကာင္လိုက္ခ်က္ဖို႔မလြယ္မွာစိုးလို႔ ပိုင္လီက ငါးကိုခုတ္ပိုင္းေပးေတာ့တယ္။ ဒါေပမယ့္မထင္ထားတာက ငါးမွာဥေတြအမ်ားႀကီးပါေနတာကိုပဲ။ ပိုင္လီလည္း အံၾသသြားေပမယ့္ ငါးကႀကီးေတာ့ ငါးဥကတင္ ဟင္းတစ္ခုစာေလာက္ရနိုင္တာေၾကာင့္...

"အေမ ငါးကဥေတြပါတယ္ဗ် ငါးဥခ်ဥ္စပ္ဟင္းရည္တစ္ခြက္ေလာက္ခ်က္လိုက္ပါလား"

"ေအး ခ်က္ခ်က္ ငါဘာမွမေျပာေတာ့ဘူး"
ပိုင္လီကရယ္လိုက္ေပမယ့္ ပိုင္အေမကမ်က္ေစာင္းထိုးေတာ့ မ်က္ႏွာတည္ဖို႔ႀကိဳးစားလိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ပိုင္အေမက ငါးေၾကာ္ခ်က္မွာျဖစ္ၿပီး ေရွာင္ဟန္ကငါးဥဟင္းရည္ခ်က္မွာျဖစ္တယ္။ ပိုင္လီက သူတို႔ကိုဟင္းေတြဘယ္လိုခ်က္ရမလဲေျပာျပေပးၿပီး ပိုင္အေမက ပိုင္မိန္ကို ပိုင္အိမ္ကအိုးေတြယူဖို႔လႊတ္လိုက္ၿပီး ယာယီမီးဖိုေတြနဲ႕ တၿပိဳင္တည္းခ်က္ဖို႔ျပင္လိုက္ေတာ့တယ္။

ပိုင္လီက အရင္ဆုံး ေဆးေၾကာလာတဲ့ ဝက္ကလီစာေတြ ေရသန့္နဲ႕တစ္ထပ္ျပန္ေဆးၿပီးမွ ျပဳတ္ထားလိုက္ၿပီး မေန႕ကခူးလာတဲ့ လက္ဆက္ေနစဲအသီး႐ြက္ေတြကို ထုတ္ယူလိုက္ေတာ့တယ္။ သူက ေတာဝက္ႏွလုံးနဲ႕ အားလူးႏွပ္၊ အသည္းကို င႐ုပ္ပြသီးနဲ႕ေၾကာ္၊ အဆုတ္ကိုအႂကြပ္ေၾကာ္ၿပီး အူတခ်ိဳ႕ကို င႐ုတ္သီးနဲ႕ခပ္စပ္စပ္ဟင္းရည္ေလးခ်က္လိုက္ေတာ့တယ္။

သူဝယ္လာတဲ့ ဝက္ရိုးစြပ္ျပဳတ္ကိုလည္း ဂ႐ုတစိုက္ျပင္ဆင္ခဲ့ၿပီး အဲတာကေတာ့ ကေလးေတြအတြက္ပဲ။ အဲေနာက္ အဆီနည္းတဲ့အသားကိုပါးပါးလွီးၿပီး ၾကက္သြန္မိတ္နဲ႕ေၾကာ္လိုက္ေသးတယ္။

အသီး႐ြက္ေတြက ဖ႐ုံ႐ြက္ေၾကာ္နဲ႕ ေဂၚဖီနဲ႕ၾကက္ဥေရာေမႊေၾကာထားတဲ့ႏွစ္ခြက္ပါၿပီး ပိုင္အေမရဲ႕ ငါးေၾကာ္ႏွပ္၊ ေရွာင္ဟန္ရဲ႕ ငါးဥခ်ဥ္စပ္ဟင္းရည္တို႔ ပါေပါင္းလိုက္တဲ့အခါ အိမ္က ဟင္းအနံ႕ေတြနဲ႕ ဖုံးလႊမ္းသြားၿပီး အိမ္ေရွ႕ကျဖတ္သြားတဲ့လူတခ်ိဳ႕ကေတာင္မွ အိမ္ထဲကိုလွမ္းၾကည့္သြားက်ေလတယ္။

ပိုင္မိန္နဲ႕ ကေလးေတြက ဟင္းခ်က္ေနတဲ့လူေတြနားေျပးလႊားေနၿပီး ယင္ေကာင္ေလးေတြလိုပဲ။

ပိုင္အေမက ပိုင္လီခ်က္ထားတဲ့ဟင္းေတြကိုျမည္းၾကည့္ၿပီးေနာက္ သူမကအံၾသေနခဲ့ၿပီးမယုံနိုင္ရွာဘူး။ ကလီစာေတြက ဒီလိုအရသာရွိတယ္တဲ့လား။ ပိုင္လီေတာထဲကခူးလာတဲ့ ဘာမွန္းမသိတဲ့အသီး႐ြက္ေတြကလည္း ေတာ္ေတာ္ေလးစားေကာင္းေနတာပဲ။

ကလီစာဟင္းပြဲေတြေရာေၾကာင့္ ဟင္းေတြကအရမ္းမ်ားေနၿပီး ႀကီးက်ယ္တဲ့ပြဲႀကီးနဲ႕ေတာင္တူေနေတာ့တယ္။ သူတို႔ေတြခ်က္ျပဳတ္ၿပီး သိပ္မၾကာခင္မွာပဲ ပိုင္က်န္းနဲ႕ပိုင္စန္းက ပိုင္အိမ္ကစားပြဲနဲ႕ခုံေတြကိုသယ္ၿပီး ေရာက္လာၿပီး ပိုင္လီအိမ္က စားပြဲနဲ႕ဆို စားပြဲဝိုင္းႏွစ္ခုျပင္ဆင္ခဲ့က်တယ္။ မိသားစုႏွစ္ခုျဖစ္တဲ့အတြက္ စားပြဲဝိုင္းကႏွစ္ခုမွျဖစ္မွာေလ။

ညေနေစာင္းမွာ ပိုင္အေဖက က်န္းမိသားစုကိုဖိတ္ေခၚလာခဲ့ၿပီး ပိုင္အိမ္က ေခြၽးမႏွစ္ေယာက္ကလြဲရင္ ပိုင္ဝူေတာင္ ပိုင္လီအိမ္မွာေရာက္ေနၿပီျဖစ္ေပမယ့္ က်ိဳးရွီနဲ႕စုရွီေတာ့မရွိေသးဘူး။

က်ိဳးရွီနဲ႕စုရွီက ပိုင္လီအိမ္ကိုေစာၿပီး မလာခ်င္တာက ကူလုပ္ကိုင္ေပးရမွာစိုးလို႔ပဲ။ သူတို႔က ကိုယ္ဝန္ေတြအေၾကာင္းျပေနခဲ့ၿပီး စားမယ့္အခ်ိန္မွလာေခၚမွာကိုေစာင့္ေနက်တာေပမယ့္ ပိုင္အေမက သူတို႔ကိုသြားေခၚေတာ့မယ့္အခ်ိန္မွာ တုရွီကဒီလိုေျပာလာမယ္လို႔ ဘယ္သူမွထင္ခဲ့မွာမဟုတ္ပါဘူး။

တုရွီက ေမာ့ရွီလက္ကိုဆြဲၿပီးၾကင္နာတဲ့ပုံနဲ႕....

"ေမာ့ရွီ နင့္ေခြၽးမေတြက ကိုယ္ဝန္ေတြနဲ႕မလို႔ ကူေတာင္မလုပ္နိုင္တာ အခုကေမွာင္ေတာင္ေနၿပီေလ သူတို႔ခလုတ္ေတြဘာေတြတိုက္မိရင္မေကာင္းဘူး ဘာလို႔သူတို႔ကိုလာခိုင္းေနမွာလဲ အစားေသာက္ေတြပို႔ေပးလိုက္ရင္ၿပီးတာပဲမလား"
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန့္ 😇
.................................................................
(AN/ ဒီေန႕ႏွစ္ပိုင္းက နည္းနည္းပ်င္းစရာေကာင္းသလားလို႔)

Fortsæt med at læse

You'll Also Like

1.7M 162K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...
221K 19.9K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
278K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...