Heartless December❄️ ZG versi...

Von Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Mehr

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး

15 2 0
Von Novella_1001

❄️❄️❄️

တိုက်ခန်းကိုပြန်ရောက်တဲ့အချိန် အစ်ကိုတော်ကြွက်မင်းသားရဲ့ အခန်းကြီးသော့ခတ်ထားတဲ့အတွက် ကျေးဇူးရှင်ကို စိတ်ထဲကနေ အကြိမ်တစ်ထောင်လောက် ရှိခိုးသက္ကာရပြုလိုက်မိသား။
တစ်နေကုန်ပြန်မလာရင်ကောင်းမယ်။ ဒါမှ ချိုင့်ယူဖို့အကြောင်းပြပြီး ကိုကို့အခန်းထဲ တစ်နေကုန်သောင်တင်လို့ရမှာမဟုတ်လား။

'အမျိုးအိမ်တံခါးပိတ်ထားရင် သူ့အိမ်နီးချင်းအိမ်မှာ ဝင်စားရတယ်'
ဆိုတဲ့စကားက ဘုရားပွဲတွေအတွက်တင် မဟုတ်ဘူးဆိုတာကို
ကျွန်တော်ထောက်ခံတယ်။ အထူးသဖြင့် အဲ့ဒီအိမ်နီးချင်းက
ခင်ဗျားရဲ့ နှလုံးသားကိုခိုးပြီး ယိုထိုးထားတဲ့သူမျိုးဆိုရင်ပေါ့။

"ကိုကို... ကျွန်တော်ဗိုက်ဆာတယ်"

"ဘာစားမလဲ..."

အိမ်း...။ မေးခွန်းကတော့ သတ်ပြီ။

မေးနေတဲ့သူကိုလည်းကြည့်...။ ရေချိုးပြီးကာစ ရင်ဘက်ဟစိဖြစ်နေတဲ့ bath robe လေးတစ်ထည်တည်းနဲ့။ တဘက်အဖြူကလေးကိုတော့ ရေတစက်စက်ကျနေတဲ့ စင်းပျော့ပျော့ ဆံပင်နက်တွေပေါ်တင်ထားပြီး ရေခဲသေတ္တာကိုဖွင့်လို့ ရေသောက်နေတာများ။ ဖြူသွယ်နေတဲ့ လည်တိုင်ဖွေးဖွေးပေါ်မှာလည်း ရေပေါက်လေးတွေတွဲလွဲခိုလို့။ အထက်အောက်လှုပ်ရှားနေတဲ့ လည်စေ့ကလေးကို မျက်စိက သွားဆုံချက်ချမိပြန်တော့ ကျွန်တော့်ရင်ဘက်ဘယ်ခြမ်းက နိမ့်ချည်မြင့်ချည်တွေဖြစ်ကုန်ရော။ အခန်းအပူချိန်တွေ တဖြည်းဖြည်းမြင့်လာတာကို ကျွန်တော်တစ်ယောက်ပဲ သတိထားမိနေတာလား။ လူတစ်ယောက်ကတော့ သူရေသောက်နေတာကြည့်မိပြီး ကျွန်တော်အာခြောက်သွားရတာကို လုံးဝမသိတဲ့ပုံပဲ။

"ဟူး... စိတ်ပျက်ပါတယ် "

"ဘာကိုလဲ..."

"နှစ်နှစ်လောက်စောပြီး လူဖြစ်မလာတဲ့ဘဝကြီးကိုပေါ့..."

အဖြစ်က 'ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး' တော့ မဟုတ်ဘူး။ 'သွားမပေါက်သေးတဲ့ခွေးပေါက်လေးရှေ့ ကြက်ကောင်လုံးကြော်ချပေးထားသလို' ပဲ။ ထိမရပြုမရနဲ့ ချီးထုတ်ဘဝ...။

"တကယ်စိတ်ပျက်လိုက်တာ... အား...
ကိုကို့ကို ကျွန်တော်ချစ်တယ်ဗျာ..."

"ငါမင်းကိုမချစ်ဘူးမို့လို့ အာပြဲနဲ့လျှောက်အော်မနေနဲ့ လင်းခန့်...
တစ်ခြားအခန်းတွေ အနှောက်အယှက်ဖြစ်တယ်"

"ဟွန့်..."

စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ဆိုဖာပေါ် နောက်လှန်ပြီး မှီချလိုက်ရင်း လက်ထဲကဖက်ခေါင်းအုံးအနီလေးကို ကိုကိုအမှတ်နဲ့ ဆွဲညှစ်ပစ်နေတုန်း မျက်စိရှေ့မှာမိုင်လိုဘူးတစ်ဘူးပြေးဝင်လာတယ်။

"ဗိုက်ဆာရင် ပါးစပ်ပိတ်ပြီး မိုင်လိုသောက်နေ..."

"လာပြန်ပြီ မိုင်လို..."

"မသောက်ဘူးလား"

"မိုင်လိုက ဘယ်လိုလုပ်ဝမှာလဲလို့...
ပေါင်မုန့်ရောပေး..."

ထပ်ရလိုက်တဲ့ပေါင်မုန့်ထုတ်ကို မိုင်လိုနဲ့မျှောချပြီး နှစ်သိမ့်လိုက်ရပါရဲ့။ အင်းလေ... မထူးပါဘူး။ နှစ်နှစ်စောမွေးလာလည်း ဘဝပေးကံအရ ယပင့်နဲ့ချေတဲ့ အချေခံလူတန်းစား ဖြစ်နေအုံးမှာပဲဟာ။

အခန်းထဲခဏဝင်သွားပြီး ပြန်ထွက်လာရင်း dryer ပလပ်တပ်နေတဲ့ ဟော့ဟိုက အကြွေခံလူတန်းစားကြီးကတော့...။

"ကိုကို... ကျွန်တော် Dryer မှုတ်ပေးမယ်လေ..."

"မလိုဘူး "

ဒီတစ်သက် ဘူးစင်ပေါ်ကဆင်းပါအုံးမလား မသိတော့ပါဘူး။

စိတ်ပျက်ပျက်နဲ့ အပြင်ခဏထွက်ပြီး contact တစ်ခုကိုသာ ခေါ်လိုက်တော့တယ်။

"ဟယ်လို... အစ်ကိုလား... အခုဘယ်မှာလဲ...
ထားပါ... ဘယ်မှာပဲဖြစ်ဖြစ် အပြန်ကျရင် St. Joseph ဘုရားကျောင်းကို တစ်ချက်သွားပြီး ကျွန်တော့်ဘီးလေး ဆွဲလာခဲ့ပေးအုံး... ကျွန်တော်က တိုက်ခန်းပြန်ရောက်နေပြီ၊ စက်ဘီးက အဲ့မှာထားခဲ့မိလို့..."

"ဟမ်... နေပါအုံး... မင်းကဘာလို့ မင်းစီးတော်ယာဉ်ကို အဲ့ဒီမှာထားခဲ့တာလဲ၊ ပြီးတော့ ငါကဘာလို့ သွားယူပေးရမှာလဲ..." 

"လျှာရှည်လိုက်တာဗျာ... တစ်ခါတစ်လေ စီးတော်ယာဉ်ကိုလည်း ပလစ်သင့်ရင်ပလစ်ခဲ့ရမယ့် အခြေအနေတွေရှိတယ်၊ ယူခဲ့မှာလား မယူခဲ့ဘူးလား..."

"ဟ... ယူခဲ့ဆိုတော့ ငါက ဝေဟင်ခရီးနဲ့သွားတဲ့ စူပါမန်းမှမဟုတ်တာ... မင်းစက်ဘီးကို ဘယ်လိုသယ်လာရမှာလဲ... ငါလည်း
ငါ့ဆိုင်ကယ်နဲ့ငါလေ... ဘာတုန်း... ကျောပေါ်ထမ်းပြီး စတန့်စီးလာရမှာလား... "

"အဲ့ဒါကြောင့် ဦးနှောက်ကိုလွှာသုံးလို့ ပြောနေတာ... အစ်ကိုအခု သူငယ်ချင်းတွေနဲ့ ရှိနေတာမဟုတ်လား... သူတို့ထဲကတစ်ယောက်ကို အစ်ကို့ဆိုင်ကယ်နဲ့တင်ခေါ်ပြီး ဘုရားကျောင်းကိုဒိုးလိုက်၊ ရောက်ရင် သူဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ် ကျွန်တော့်ပြိုင်ဘီးတက်စီးပြီး တိုက်ခန်းကိုလာခဲ့ကြ၊ စက်ဘီးသော့ခတ်မထားဘူး... ပြီးရင် အစ်ကိုသူ့ကို တစ်ခေါက်ပြန်လိုက်ပို့လိုက်... ဟော ဖြေရှင်းပြီးသားဖြစ်မသွားဘူးလား"

"ဪ... ကောင်းပါ့ကွာ...
မင်းအဘဆီဖိုးက မင်းပေးမှာလား..."

"အစ်ကိုမေ့မထားနဲ့လေဗျာ... ကျွန်တော့်ကိုဆပ်ရမယ့် ခေါက်ဆွဲထုပ်ဖိုး၊ ကော်ဖီမစ်ဖိုး၊ ဘာဘာညာညာဖိုး အကြွေးတွေ စာရင်းအလိုက်ရှိသေးတယ်နော်"

"ငါ့နှယ်... ဘာတဲ့ဆို စာရင်းပြနှိမ်တဲ့ချစ်တီးနဲ့မှ လာတွေ့နေတယ်..."

"အဲ့ဒီချစ်တီးကပဲ အစ်ကို့ရေခဲသေတ္တာထဲ အမြဲတစေ စားစရာလာထည့်ပေးနေတာမလား... အဲ့တော့ ကိုယ့်ထမင်းကိုယ်စားပြီး အစ်ကို့လူနေမှုဘဝကို လိုက်ဖြည့်ဆည်းပေးနေတဲ့ ဒီညီငယ်လေးက တခါတလေတောင်းဆိုရင် လုပ်ပေးလိုက်... ဒါပဲ..."

"မသိရင်သူကပဲ ငါ့ကျွေးသဖခင်ကြီးလိုလိုနဲ့... လင်းတလေး..."

အဆဲတစ်ဝက်နဲ့ဖုန်းချသံအဆုံးမှာ ခပ်စောင်းစောင်းပြုံးလို့ ခေါင်းယမ်းလိုက်မိတယ်။

ပြောလိုက်ရင်လည်း ဝေဖန်တယ်ဖြစ်အုံးမယ်။
အကြွေးတင်တယ် တင်တယ်နဲ့... ပိုက်ဆံမရှိတာလည်းမဟုတ်ဘဲ ဈေးဝယ်ထွက်ရမှာပျင်းတာနဲ့ ကျွန်တော့်ကိုချည်း အဝယ်တော်ခန့်၊ အိတ်စိုက်ခိုင်းနေတာကိုး။ ပြီးကျ ပေးစရာရှိတာကို တော်တော်နဲ့မပေးဘူးလေ။ 

ကျွန်တော့်အဒေါ်နံပါတ်နှစ်တို့လင်မယားလည်း
တစ်ယောက်တည်းရှိတဲ့သားကို အမျိုးတွေရှိတဲ့ မန္တလေးလွှတ်ထားလို့သာပေါ့။ သူတို့သားက တစ်ကောင်တည်း ဒါပေမယ့် ကြွက်၊ ကြွက်တောင်မှ အိမ်တွင်းပုန်းကြွက်ဖြစ်နေတော့
လူရှုပ်ရှုပ်ယှက်ယှက်ထဲသွားရမှာပျင်းတာနဲ့ပဲ convenience store တောင် တော်ရုံနဲ့မထွက်တာ။ အိမ်တွင်းပုန်းတို့ထုံးနှလုံးမူပြီး အသင့်စား ခေါက်ဆွဲထုတ်တွေရယ်၊ သရေစာတွေရယ်၊ ကော်ဖီရယ်၊ ဗီဒီယိုဂိမ်းနဲ့ ဇာတ်ကားတွေရယ်ရှိရင် အပြင်ထွက်ပြီး လိုတာမဝယ်ဘဲ ၇ရက်တစ်ပတ် တံခါးပိတ်ချိတ်နေတတ်တဲ့သူမျိုး။

အဲ့ဒါကြောင့်လည်း အမေကသူ့တူအကြောင်းသိလို့  အိမ်မှာဘာလေးလုပ်လုပ် ကျွန်တော့်ကို သူ့ဆီ delivery run ခိုင်းလိုက်၊ မနက်စာ ညစာ သွားချက်ပေးခိုင်းလိုက် လုပ်နေတော့တာပဲ။

စဉ်းစားကြည့်လိုက်တော့ တခါတလေ ဘဝက အကြီးတွေအငယ်တွေ မရှိဘူးဗျ။ အကြီးကဘာလုပ်ရမယ် အငယ်ကဘယ်လိုနေရမယ် ဆိုတာတွေက အမှန်တော့ ပတ်ဝန်းကျင်က သတ်မှတ်တဲ့ပုံစံခွက်တွေပဲ။
အကြီးမို့ဆိုပြီးလည်း အငယ်ကို အသားတုံးကြီးကြီးကျွေးရမယ် ဆိုတာမရှိသလို အငယ်မို့ဆိုပြီးလည်း အကြီးဆီကလုမစားရဘူး ဆိုတာမရှိဘူး။ ဘယ်သူကပိုဗိုက်ဆာနေလဲ ဆိုတဲ့အပေါ်ပဲ မူတည်တယ်။

အကြီးတိုင်းက အငယ်တွေအတွက် စံပြတွေ၊ ပေးဆပ်သူတွေ မဖြစ်နိုင်သလို အငယ်တိုင်းကလည်း အကြီးတွေက သင်ပြပေးရမယ့်သူတွေ၊ အကြီးတွေခေါင်းပေါ်တက်ပြီး နိုင်စားနေတဲ့သူတွေမဟုတ်ဘူး။

ကျွန်တော့်ကိုပဲကြည့်လေ။ တစ်ခါတစ်လေ ကိုယ့်အထက်က
အကြီးတွေကို လိုက်စောင့်ရှောက်ပေးနေရပြီး တစ်ခါတစ်လေ ကိုယ့်အောက်ကအငယ်မရဲ့ တရားပြတာတွေ ခံနေရတယ်။
တကယ်တမ်း အဆင်ပြေဖို့ဆို နံပါတ်စဉ်တွေဆိုတာ ချောင်ထိုးထားရတဲ့ အရာတွေပဲ။ တကယ်တော့ အခွင့်ထူးခံဆိုတဲ့စကားက မောင်နှမတွေကြားမှာ မရှိသင့်ပါဘူး။ အပြန်အလှန်ဆိုတဲ့ ကျင့်ဝတ်ပဲ ရှိသင့်တာ။

အကျဉ်းချုပ်ရရင်... ကျွန်တော်ကတော့ အဲ့ကျင့်ဝတ်ကိုကျင့်သုံးနေတာမို့ အကြီးလည်း ခိုင်းသင့်ရင်ပြန်ခိုင်းမှာ။ ဒါပါပဲ။

"လင်းခန့်... ကော်ရစ်ဒါမှာ ဘာရပ်လုပ်နေတာလဲ၊
ပြန်မှာဆိုလည်းပြန်..."

"ပြန်စရာလား၊ ကိုကိုကလည်း..."

မကြာခင်မှာပဲ ဟနေတဲ့တံခါးချပ်နောက်ကလွင့်လာတဲ့ မဝဲတဝဲအသံတစ်ခုကြောင့် သွားဖြဲပြီး အထဲပြန်ဝင်ခဲ့လေသတည်းပေါ့။

* *

"ကြည့်လေ... အဲ့ဒါကြောင့်ပြောတာ...
ငါ့သာ ကာလနဂါးလေးဘာလေးနဲ့..."

နားထဲဝင်လာတဲ့ အသံတစ်ချို့ အင်း... မှန်းရရင် အစ်ကိုတော့်အသံကြီးကြောင့် လေးလံနေတဲ့မျက်ခွံတွေကို ဖွင့်ကြည့်လိုက်တော့ ဆုံချက်ထဲပထမဆုံးပေါ်လာတာက ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ မျက်နက်ဝန်းတစ်စုံ...။ အဲ... ဟုတ်တယ်။ မှန်နှစ်ချပ်မပါဘူး။

"ထောက်..."

"အ..."

နဖူးကြောတွေစပ်ပြီး အိပ်ချင်ပြေသွားအောင် အတောက်ခံလိုက်ရမှ ငုပ်တုပ်ထထိုင်မိတယ်။ ဟုတ်သား...။ ကျွန်တော်တစ်နေ့ခင်းလုံး ကိုကိုစာလုပ်နေတာကိုကြည့်ရင်း... စိတ်ကူးပေါက်တိုင်း 'ချစ်တယ်' လို့ ထထအော်ပြီးနှောင့်ယှက်ရင်းနဲ့ ဆိုဖာပေါ်မှာအိပ်ပျော်သွားတာ။ နာရီကြည့်လိုက်တော့ ညနေ ၆နာရီတောင် ကျော်နေပြီ။

"သူများတိုက်ခန်းလာပြီး အသေကောင်လိုအိပ်နေတာကွာ...
ငခန့်တို့ကတော့ စံပဲ..."

ခေါင်းဖြီးမထားတဲ့ဆံပင်စုတ်ဖွားနဲ့ စားပွဲတစ်ဖက်မှာထိုင်နေတဲ့
ဘရားသားက အာလူးကြော်စားရင်း လှမ်းဖဲ့နေပြီး ကျွန်တော့်အနား ကြမ်းပြင်ပေါ်က လူသားတစ်ယောက်ကတော့ လူကိုအနီးကပ်ကြီးကနေ အကြည့်တစ်မျိုးနဲ့ စိုက်ကြည့်နေလေရဲ့။ အင်း... ရင်ထဲမှာ ဖိုသီဖတ်သီတွေတောင် ဖြစ်လာသလိုပဲ။

"ဘာကြည့်နေတာလဲ..."

ဗျာရေ...။ ဘာမှလည်း မကြည့်မိပါဘူး။
ကြည့်နေတာက ခင်ဗျားမဟုတ်ဘူးလားလို့...။

"လင်းခန့်က Spy သောက်ချင်လို့ကြည့်နေတာထင်တယ်၊
အံ့ထူးမြတ်... ငါသူ့ကိုတိုက်လိုက်ရမလား... အာ.... မဟုတ်ဘူး၊ မဟုတ်ဘူး... လင်းခန့်က အသက်မပြည့်သေးဘူးပဲ... သောက်လို့မရဘူး"

စားပွဲပေါ်က RED Spy ပုလင်းတွေကိုကြည့်၊ ခါတိုင်းလို အိနြေ္ဒကြီးတစ်ခွဲသားမဟုတ်တဲ့ မျက်နှာပုံစံကိုကြည့်၊ သူ့ဟာသူမေးပြီး သူ့ဟာသူဖြေသွားတဲ့ စကားအသွားအလာကို ကြည့်လို့ ကျွန်တော့်ရဲ့ အကြွေခံလူတန်းစားကြီး မူးနေပြီဆိုတာ သိလိုက်ရတယ်။

Red Spy သောက်ပြီးမူးတဲ့ အဲ့ဒီအမူးသမားဟာ စားပွဲပေါ်က ပုလင်းလေးသုံးလုံးထဲကနေ အရှေ့ဘက်ခြမ်းကအခွံတစ်လုံးကို လှမ်းယူလိုက်ပြီး မှန်ပြောင်းကြည့်သလို မျက်လုံးတစ်ဖက်မှိတ်လို့ ပုလင်းဝကိုကြည့်ရင်း ...။

"မရှိတော့ဘူး... ဒါဘယ်သူသောက်လိုက်တာလဲ..."

"မင်းသောက်လိုက်တာလေ..."

"အာ... ငါနည်းနည်းလေးပဲသောက်ရသေးတာ ဘာလို့ကုန်မှာလဲ... မင်းခိုးသောက်လိုက်တာမလား...ခွေးကောင်အံ့ထူးမြတ်... ချီးမို့သူများပုလင်းကို ခိုးသောက်တာလား... အဲ့ဒါကြီးကတော့ မမိုက်ဘူးလေကွာ... screw it..."

အသံမဝဲတဝဲလေးနဲ့ သာယာနာပျော်ဖွယ် လေညင်းလေးတွေ ရွတ်ဆိုနေလိုက်တာ။ ကိုကို့ရဲ့ အေးဆေးသိမ်မွေ့တဲ့ ပုံမှန်စိတ်ကလေးကတော့ vacation ထွက်သွားပြီထင်ရဲ့။

"အေးပါကွာ... ငါမှားတာပါ၊ ဆောရီး ဆောရီး...
ကျေသွားအောင် ငါ့ပုလင်းကိုပြန်ယူသောက်လိုက်၊ ဟုတ်ပြီလား..."

"မသောက်ဘူး၊ ရွံတယ်"

"..."

"မင်းက ညဘက်လည်းသွားကောင်းကောင်းမတိုက်ဘူး... မနက်ဆိုလည်း အိပ်ရာထနောက်ကျလို့ ဖြစ်သလိုတိုက်တာ၊ သောက်သွားကျကောင်းကောင်းမတိုက်ဘဲ သောက်သရေစာတွေကျ အားတိုင်းယားတိုင်းထိုင်မြိုဆို့နေတဲ့ဟာ... အာပုပ်စော်နံတယ် ရွံစရာကြီး... မင်းပါးစပ်နဲ့ထိထားတာကြီးကို သောက်စရာလား... shit ..."

ပုလင်းလေးလှမ်းပေးရာက စကားလုံးတွေနဲ့ ပိတ်ပိတ်ရိုက်ခံလိုက်ရတဲ့ ကြွက်အစ်ကိုရဲ့လက်ဟာ လေထဲမှာဘရိတ်အုပ်နေရင်း တဖြည်းဖြည်း နောက်ကိုပြန်ဆုတ်သွားပါ့။ ကျွန်တော်ကတော့ ခွိခနဲ ထရယ်တာပဲ။ ကွဲစမ်း အဲ့သမှာ အရှက်...။ ကျွန်တော်ပြောနေကျတွေကို ကူပြီးပြောပေးသွားလို့ ကိုကို့ကို ဘယ်လိုကျေးဇူးတင်မှန်းကိုမသိဘူး။

"အေးပါကွာ... ဒီလိုနေ့မျိုးမှာ ငါ့သူငယ်ချင်းလေးတော့ အခန်းတံခါးပိတ်ပြီးငိုနေမှာဟလို့တွေးပြီး စိတ်ဖြေလို့ရအောင် Spy တွေ ဝယ်လာပေးမိတဲ့ငါကိုက မှားတာပါ..."

"မှားတာပေါ့... ခေါင်ရည်တောင်မသောက်ဖူးတဲ့ငါ့ကို မင်းပြင်ဦးလွင်ကဝယ်လာတဲ့ မက်မန်းဝိုင်တွေတစ်ယောက်တည်း မသောက်ချင်လို့ဆိုပြီး ကမြင်းကြောထပြီး လာတိုက်ကတည်းက မှားတာ... အနူးကဆို အမြဲတမ်းပြောတယ်... ခေါင်ရည်မသောက်ရသေးခင် တစ်ခြားအရက်တွေ၊ ဝိုင်တွေကို သောက်မကြည့်နဲ့တဲ့... ပထမဆုံးမြည်းစမ်းကြည့်တဲ့အရသာဆိုတာ ကပျက်ကချော်တွေမဟုတ်ဘဲ အကောင်းဆုံးတစ်ခုဖြစ်နေရမှာတဲ့..."

"ဟုတ်ပါပြီ... သူ့အဖိုးတန်သားလေးကို ကပျက်ကချော်တွေ တိုက်မိတဲ့အတွက် တမလွန်ကမင်းအမေကို ကောင်းကောင်းတောင်းပန်လိုက်မယ်... ရပြီလား..."

"အင်း... သေချာ တောင်းပန်လိုက်..."

"ဟူး... ငါ့ဘဝကလည်း ရည်းစားလေးဘာလေးရပြီး ကောင်မလေးဆီက အရစ်ခံနေရမယ့်အချိန်မှာ Spy သောက်ပြီးမူးတဲ့ကောင် ရစ်တာခံနေရတယ်၊ ဒရာမာဆန်လိုက်တာ..."

အစ်ကိုတော် ခေါင်းတဗျင်းဗျင်းကုတ်ပြီး သက်ပြင်းတွေ မှုတ်ထုတ်နေတာကို ထိုင်ခွီနေတုန်း နေ့လည်ကတည်းက ဘာမှမစားရသေးတဲ့ ကျွန်တော့်ဗိုက်ထဲကနေ ဆန္ဒပြသံတွေ တန်းစီထွက်လာတယ်။ ဒါနဲ့ ခေါက်ဆွဲတစ်ဘူးလောက် ဟိုဘက်ခန်းထဲကနေသွားယူဖို့ ထလာခဲ့ပါရဲ့။

ခေါက်ဆွဲဘူးထဲ ရေနွေးထည့်နေရင်း အဲ့ဒီမှာ ကိုကို့မျက်နှာက ပေါ်လာပြန်ရော။ ဘယ်လိုပြောရမလဲ...။ အင်း... ချစ်စရာကောင်းတယ်။

ဘယ်သူမှထင်မထားမယ့် ကျွန်တော့်ရေခဲတုံးကြီးရဲ့ဒီလိုပုံစံလေးက တကယ့်ကိုချစ်မွှေးတလွင့်လွင့်ပဲ။ မျက်မှန်မပါတဲ့မျက်နှာကလေးက တင်းအားတွေဖြေလျှော့ထားလို့ ပိုပြီးရှင်းလင်းနေတယ်။ လေသံကလေးကလည်း ခါတိုင်းထက် မသိမသာကျယ်လာပြီး အဆဲလေးတွေခပ်ခပ်ထည့်လို့ သွက်သွက်ကလေးစကားပြောနေပုံက တစ်ခုခုအလိုမကျဖြစ်နေတဲ့ ကလေးလေးအတိုင်း။ အဲ... ကလေးတွေကတော့ များသောအားဖြင့် မဆဲကြဘူးပေါ့လေ။

ပြီးတော့ ခါးရိုးကိုလျှော့ပြီး ရှည်တဲ့အရပ်ကလေး ပုဝင်သွားသလို ထင်ရအောင် တင်ပျဉ်ခွေထိုင်နေတဲ့ပုံစံကရော။ မျက်မှန်မပါလို့ မျက်ခုံးကလေးနှစ်ကြောင်းကို ကျုံ့ကြည့်လိုက်၊ မျက်ခမ်းစပ်လေးတွေကို လက်ခုံလေးနဲ့ ပွတ်လိုက်လုပ်နေတာရော...။ တံတွေးမြိုချလိုက်တဲ့အခါ လွှာလွှာကလေးဟနေတဲ့ နှုတ်ခမ်းပါးရဲရဲတွေက အသာလေးကပ်သွားတာကရော...။

အိုဗျာ...။ ဒီလောက်ချစ်စရာကောင်းတဲ့အမူးသမားလေးမျိုး ၃၁ဘုံရဲ့ ဘယ်နေရာမှာ ထပ်ရှိအုံးမလဲ။ တစ်ခါကြည့်လည်း ချစ်စရာကောင်းတယ်။ နှစ်ခါကြည့်လည်း ချစ်စရာကောင်းတယ်။ သုံးခါကြည့်လည်း ထိုနည်းတူစွာပဲ။

အာ... ချစ်စရာကောင်းလွန်းအားကြီးလို့ ရေနွေးတွေလည်းလျှံကုန်ပြီ။

*

ရေနွေးနဲ့အရသာမှုန့်‌တွေထည့်ပြီးသား ခေါက်ဆွဲဘူးလေးကိုမပြီး ပြန်ရောက်လာတော့ အခန်းထဲဝင်ဝင်ချင်းကြားနေရတဲ့ ကိုကို့အသံလေး။ ကိုင်ထားတဲ့ ပုလင်းအခွံလေးကို လက်သန်းထိပ်ကလေးနဲ့ဆွဲဆွဲခြစ်လို့ မျက်လုံးကလေးတွေက စားပွဲအစွန်ကို အကြောင်းအရင်းမရှိကြည့်နေရင်း အစောကလောက်မကျယ်၊ မသွက်တဲ့လေသံလေးနဲ့ပြောနေရဲ့။

"မင်းသိလား အံထူးမြတ်... ငါ အသက် ၂၃နှစ်ရှိတော့မယ်...
ဆယ်တန်းဖြေပြီးရင် တိုက်မယ်လို့ပြောတဲ့ အနူးကိုယ်တိုင်ချက်တဲ့ ခေါင်ရည်ကိုလည်း မသောက်လိုက်ရဘူး... တက္ကသိုလ်တက်တဲ့အခါကျရင် ကျောင်းပိတ်ရက်အိမ်ပြန်လာတိုင်း မမေ့အောင်လုပ်ကျွေးမယ်လို့ ပြောထားတဲ့ အနူးလက်ရာ ဆိတ်သားထောင်းကိုလည်း ငါမမှတ်မိတော့ဘူး... အသက်၁၂နှစ်ကစပြီး ခရစ္စမတ် တိုင်း လက်ဆောင်ပေးမယ်လို့ကတိပေးထားတဲ့ အနူးထိုးတဲ့မာဖလာတွေလည်း ၄ထည်ပဲငါရလိုက်တယ်..."

"အနူး ငါ့ကိုညာတယ်... အဲ့ဒီနေ့ကလည်းညာတယ်၊ ဘာမှမဖြစ်ဘူး လို့ ပြောပြီးတော့... အဆင်ပြေတယ် ပြောပြီးတော့... ခဏလေးပဲ အနားမှာမရှိလိုက်တာကို ဒီအတိုင်း ဗြုန်းစားကြီးထွက်သွားတယ်... အနူးမကောင်းဘူး..."

ခေါင်းငုံ့လျက်နဲ့ သူပြောချင်ရာပြောနေတဲ့ ကိုကို့မျက်ဝန်းထောင့်မှာ အရည်ကြည်လေးတွေ စုဝေးသွားတယ်။ ကိုကို့အသံမဝဲတဝဲလေးက အက်ကွဲကွဲနဲ့ နိမ့်နိမ့်ကလေးတုန်ခါနေသယောင်...။

"ဟုတ်တယ်... မင်းအမေက မကောင်းဘူးကွာ...
ဘယ်နှယ့် နည်းနည်းလေးတောင် စောင့်မပေးဘဲ စိတ်ချလက်ချကြီး ထွက်သွားတာလဲ... တော်တော်မကောင်းတဲ့အမေပဲ..."

"ငါ့အနူးကို မကောင်းမပြောနဲ့ကွ...
shit... သေချင်လို့လား..."

"ရော်... သူပြောလို့လိုက်ယောင်ကြည့်တာကို အဆဲခံရပြန်ပြီ..."

လက်ထဲကမချရသေးတဲ့ Spy ပုလင်းခွံနဲ့ရွယ်ပြီး အဆဲလေးတွေပြန်ပေးလာတဲ့ သူ့သူငယ်ချင်းလေးကြောင့် အစ်ကိုတော်ရဲ့မျက်နှာကြီးဟာ ဇီးသီးခြောက်လို ရှုံ့တွသွားပါသကော...။

ကိုကိုက ပုလင်းလေးကိုပြန်ချ အခန်းထောင့်တစ်နေရာကို ခပ်တွေတွေလေးငေးလိုက်ရင်း ဆက်ပြောပြန်တယ်။

"အမှန်က... ငါကမကောင်းတာပါ... ငါကအနူးကို စိတ်ချလက်ချနဲ့ထားခဲ့မိလို့ အနူးကလည်းငါ့ကို စိတ်ချလက်ချထားသွားတာ... ဒါပေမယ့် ငါထားခဲ့တာက ခဏလေး...
အနူးထားခဲ့တာက တစ်သက်လုံးလေ..."

မီးအလင်းရောင်အောက်မှာ လက်ခနဲမြင်လိုက်ရတဲ့ မျက်ရည်ပေါက်တွေဟာ သွယ်လျကျနတဲ့မေးဖျားလေးကနေ စုစည်းပြီး ကြမ်းပြင်ပေါ်ကို ကျသွားကြတယ်။ တစ်နေ့တည်းမှာပဲ ကိုကိုငိုနေတာကို နောက်တစ်ကြိမ်ထပ်ပြီး မြင်ရပြန်ပြီ။

အဝင်ဝမှာတင် မတ်တပ်မေ့နေမိရာက အခုမှသတိဝင်လာတဲ့ကျွန်တော် ကိုကို့ဘေးမှာဝင်ထိုင်ပြီး လက်ထဲကခေါက်ဆွဲဘူးကို စားပွဲပေါ်ချလိုက်တယ်။ ဘုရားကျောင်းမှာတုန်းကလုပ်ခဲ့သလိုမျိုး ရေစီးကြောင်းလေးတွေရွှဲနေတဲ့ ကိုကိုမျက်နှာကို ပခုံးပေါ်တင်ပေးလိုက်မိတော့ သဲ့သဲ့ထွက်လာတဲ့ ရှိုက်သံလေးတွေနဲ့အတူ ခံစားလိုက်ရတဲ့ ကျွန်တော့်ပခုံးပေါ်ကစိုစွတ်မှုလေး။

မရဲတရဲနဲ့ ကျောကိုပုတ်ပေးလိုက်တော့ ကိုကို့လည်ချောင်းထဲက မသိမသာထွက်လာနေတဲ့ တုန်ခါသံလေးတွေက ပိုမြင့်လာခဲ့လို့...။

တကယ်ပါပဲ...။ နေ့လည်ကတည်းက အခုလိုငိုလိုက်လည်းရတာကို
အကြောတင်းပြနေသေးတယ်။ ခင်ဗျားကတော့လေ...။

ချက်ချင်းကြီး တစ်ယောက်တည်းဖြစ်သွားတဲ့ခံစားချက်ကို...
ကျွန်တော်မသိဘူး။ ချစ်တဲ့သူတွေ ကိုယ့်ကိုခွဲခွာသွားတဲ့ ခံစားချက်ကိုလည်း ကျွန်တော်မခံစားဖူးဘူး။ ဘဝက ကျွန်တော့်အပေါ် ကောင်းလွန်းတာလားတော့မပြောတတ်။ နာကျင်စရာခံစားချက်ဆိုတာ ကျွန်တော့်မှာ ရှားရှားပါးပါးပဲ။

ဒါပေမယ့် ကိုကိုမျက်ရည်ကျတာမြင်ရင်တော့...
ကျွန်တော်ရင်ဘတ်တစ်ခြမ်းလည်း နာကျင်ရတယ်။
ခံစားချက်တွေဆိုတာ အပြည့်အဝမျှယူလို့မရတဲ့အရာဆိုပေမယ့်...
အနည်းဆုံးတော့ ကူးစက်တတ်သေးတာပဲမလား။

ကိုကို့ကျောပြင်လေးကို အသာပုတ်ပေးနေရင်း ဘေးကို လည်စောင်းမိတော့ မျက်ခုံးပင့်လို့ ပြူးကြည့်နေတဲ့လူပိုကြီးကို မြင်ရပါ့။

"ကြည့်မနေနဲ့... ကိုကိုငိုတာ သူများတွေမြင်မှာစိုးလို့ ပခုံးငှါးပေးတာ..."

"ဒီနားမှာ ငါပဲရှိတာလေ... ငါကသူများလားဟ..."

"ဒါပေါ့..."

"ဪ... အေးအေး...
ဒီလောက်ဆို ငါသေပေးလို့ရပြီလား..."

"ကိုယ့်ကြွက်သိုက်ထဲကိုယ်ပြန်သေ... ကိုကို့အခန်းညစ်ပတ်တယ်"

"သောက်ကလေး... ရွဲ့ပြောနေတာဟ"

"သိသားပဲ..."

ကျွန်တော်နဲ့ ကြွက်အစ်ကို ဂြိုလ်ထောင်နေကြတုန်းမှာပဲ
ကိုကိုကတော့ ကျွန်တော့်ပခုံးပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။
ငိုရတာမောသွားလို့ တစ်ရေးအိပ်သွားတဲ့
ကလေးလေးတစ်ယောက်လိုပဲ...။

အင်း...။ ဆဲစရာရှိတာဆဲပြီး ပြောချင်တာပြောပြီးပြီ။
ငိုချင်သလိုငိုပြီးပြီဆိုတော့... အဆင့်သုံးအနေနဲ့ အားလုံးမေ့သွားအောင် အိပ်တော့မှာပေါ့။ အဲ့သလို တစ်ဆင့်ပြီးတစ်ဆင့်သွားတာကိုကြည့်။
ကိုကိုက တကယ်စနစ်ကျတဲ့ အမူးသမားလေးဗျ။

ရှင်းရလင်းရတာကို သေလုအောင်ပျင်းတဲ့အစ်ကိုတော်ကို
အကျင့်ရအောင်လုပ်ပေးတဲ့အနေနဲ့ ရှင်းစရာရှိတာတွေရှင်းခိုင်းခဲ့ပြီး ကျွန်တော်ကတော့ ကိုကို့ကို အခန်းထဲလိုက်ပို့ခဲ့တယ်။

"လင်း... ခန့်..."

"ဗျာ... "

"ဘာလုပ်နေတာလဲ..."

"ဟင်... ဘာလုပ်လို့လဲ..."

ဘုရားစူး ဒီအတိုင်းကုတင်ပေါ်ချပေးပြီး စောင်ခြုံဖို့လုပ်လိုက်တာပါဗျာ။ ကောက်ခနဲထထိုင်ပြီး ဘာတွေလာမေးနေပြန်တာတုန်း...။

"စာသွားမလုပ်သေးဘဲနဲ့ ဘာလုပ်နေတာလဲ..."

ဪ... ဘာတုန်းလို့...။ ခင်ဗျားနဲ့တော့ခက်နေပါပြီ စာကြမ်းပိုးကိုကိုရယ်။

"ကျွန်တော်စာလုပ်ရင် ကိုကိုကကျွန်တော့်ကို ပြန်ချစ်ပေးမှာမို့လို့လား"

"သောက်ရူးလေး..."

ပထမဆုံးအနေနဲ့ ကိုကို့ဆဲတာခံလိုက်ရလို့ ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါတယ်။ အရင်တစ်ခါကလည်း အဆဲခံရဖူးပေမယ့်... အဲ့ဒါက သူ့ Ex အစားအဆဲခံရတာ။ အခုက တိုက်ရိုက်အဆဲခံရတာ။ မတူဘူးလေ...။

"မင်းမေးတဲ့ဟာ..."

"ဟင်..."

"အာကာဝေယံ့အပေါ်... သံယောဇဉ်ကျန်သေးလားဆိုတာလေ...
ရယ်ချင်စရာကောင်းပေမယ့်... အမှန်အတိုင်းပြောရရင် ငါလည်း... ငါ့ကိုယ်ငါ မသေချာဘူးပဲ..."

ဒီကိစ္စကို ကိုကိုပြောတော့မှာမဟုတ်ဘူးလို့ ထင်နေတာ...
အခုကျ ထပ်မမေးမိဘဲ သူ့ဟာသူပြောလာပြီ။ ပုံမှန်စိတ်မဟုတ်တော့ရင် လျို့ဝှက်ချက်တွေ၊ မြိုသိပ်ထားတာတွေ ဘာမှမရှိတော့ဘူး...။ အဲ့သလိုလား...။

"ငါ... သူ့ကိုမချစ်တော့ဘူး... ဒါပေမယ့်...
ကျောင်းအားကစားရုံရှေ့ရောက်ဖြစ်လို့ ငါ့ခေါင်းကို ကြက်တောင်လာမှန်တဲ့အခါဖြစ်ဖြစ်... ငါတစ်ယောက်တည်း လမ်းသွားနေတဲ့အချိန် တစ်ယောက်ယောက်က နောက်ကနေပြေးလိုက်လာပြီး ဂုတ်ကိုဆွဲခိုဖက်လိုက်တဲ့အခါဖြစ်ဖြစ်... ကန်တင်းကထိုင်နေကျဆိုင်ကို ငါသွားတိုင်း အကျင့်ဖြစ်နေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက Hot Chocolate နှစ်ခွက်မလားလို့ မေးလာတဲ့အခါဖြစ်ဖြစ်... တစ်ချက်တစ်ချက်တိုက်ဆိုင်မှုရှိတဲ့အခါ... သူ့မျက်နှာကိုပြေးမြင်မိတာမျိုးကို သံယောဇဉ်လက်ကျန်လို့ ခေါ်တယ်ဆိုရင်တော့... ဟုတ်လောက်မယ်၊ သောက်ရေးမပါတဲ့ အဲ့ဒီသံယောဇဉ်ဆိုတာတွေကို... မသိလိုက်မသိဘာသာနဲ့ ငါဖက်တွယ်ထားမိတာဖြစ်မှာပေါ့... အဟွန်း... ငါကလည်း တကယ့်သောက်ရူးပါပဲ..."

အခန်းထောင့်တစ်နေရာမှာချိတ်ထားတဲ့ အနီရောင် dream catcher လေးကိုငေးလို့ ပြောရင်းပြောရင်း အလိုလိုပေါ်လာတဲ့ မချိပြုံးလေးက နှုတ်ခမ်းပေါ်မှာ အထင်းသား...။

"လင်းခန့်..."

"ဗျာ..."

"ငါမင်းကို မချစ်ဘူး..."

ဟောဗျာ...။ ဘယ်သူမှမမေးသေးဘဲနဲ့ ထငြင်းနေတယ်။
ခင်ဗျားနော်...။ အစမရှိအဆုံးမရှိ ငိုချင်ရက်လက်တို့လုပ်ပြန်ပြီ။

"ဒါပေမယ့်ငါ...
ငါ..."

"အင်း... ဘာဖြစ်လဲ..."

"ငါမင်းကို... သံယောဇဉ်သေးသေးလေးရှိတယ်လို့ ခံစားရတယ်၊
အဲ့ဒါကြောင့်မို့... "

"အဲ့ဒါကြောင့်မို့..."

ကိုကို့စကားကို သံယောင်လိုက်ပြီးပြန်မေးလိုက်တော့ မျက်ဝန်းနက်လေးတစ်စုံက ကျွန်တော့်မျက်လုံးကို တည့်တည့်စိုက်ကြည့်လို့ တစ်ခွန်းထဲပြောလိုက်တယ်။

"စာကောင်းကောင်းလုပ်..."

"..."

ပြောစရာရှိတာအကုန်ပြောပြီးပြီလို့ ယူဆလိုက်ပုံပဲ။
လှဲချပြီး ပြန်အိပ်ပျော်သွားလိုက်တာ နည်းနည်းလေးမှမလှုပ်တော့။
အသိစိတ်မရှိတဲ့အချိန်လဲ ဒီဘူတာကို ရောက်အောင်ဆိုက်နိုင်တယ်နော်။ ခင်ဗျားကိုတော့ တကယ်လက်ဖျားခါပါရဲ့။

စောင်သေချာဆွဲခြုံပေးလိုက်ရင်း နဂိုအတိုင်း ရဲစိုနေတဲ့နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်လို့ ကိုကိုအိပ်ပျော်နေတုန်းလေး အနမ်းသူခိုးထပ်လုပ်ကြည့်မယ်ကြံခါရှိသေး ပခုံးပေါ်ကိုကျလာတဲ့ လက်ဖဝါးကြီးက...။

"ငခန့်... မင်းငါ့သူငယ်ချင်းလေးကို သူခိုးကျင့်သူခိုးကြံ ကြံနေပြန်ပြီမလား..."

အဲ့သမှာ အချိန်ကောင်းဆို ကွက်တိရောက်လာနေလိုက်...။ အလိုက်မသိမှုကြီးက သာသနာဖျက်ဘွဲ့ကို သုံးထပ်ကွမ်းပေးသင့်တယ်။

"သံသယဝင်နိုင်ချက်ကလည်း အမှုစစ်သေလို့ဝင်စားသလိုပဲ ...
ဘာမှမခိုးရသေးဘူး၊ ရပြီလား... ချီးထုတ်အစ်ကို... တစ်သက်လုံးမိန်းမရမှာမဟုတ်ဘူး..."

ပွစိပွစိနဲ့ မေတ္တာအလီလီပို့ရင်း ပြန်ထွက်ခဲ့ရသည်ပေါ့။

အဲ့ဒီညက ပွသွားတဲ့ခေါက်ဆွဲပြုတ်လေးကိုပဲစားပြီး အိမ်ပြန်ခဲ့ရပေမယ့် နှုတ်ခမ်းထောင့်လေးကွေးရင်း စက်ဘီးခြေနင်းခုံတွေကို
ခပ်သွက်သွက်ဖိနင်းလို့ ဆောင်းလေတွေကို ထိုးခွင်းနေမိတာပဲ။

ကိုကိုကျွန်တော့်ကို သံယောဇဉ်ရှိတယ်ဆိုတာ အတည်ပြုလိုက်ရတယ်လေ။ အဲ... သေးသေးလေး ဖြစ်နေပေမယ့်ပေါ့။

___________________________________
To be continued...

💖💖💖

ရေခဲတုံးအခွန်းရဲ့ drunk version က စွာစိ mood ကို on လိုက်သလိုပဲ ≧◔◡◔≦

If you enjoy it, leave some feedbacks or whatever you wanna share with me.

And I also want some judgements about my writing style, use of words or anything else.
Million thanks to each of you appreciating my imperfect works. 💓

Novella ✒️

Weiterlesen

Das wird dir gefallen

JUN Von CottonHun

Fanfiction

858 104 15
' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '
848K 70.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
12.7K 365 34
လက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကို...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie