အပိုင်း (၈) တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်များရွာမှထွက်သွားပြီနောက်တွင် အလုပ်များနေသော ရွာသားများမှာလဲ အလျိုလျိုပြန်သွားကျပြီး အလွန်စပ်စုချင်သောလူများကသာ ပိုင်လီအိမ်၌နေရစ်ခဲ့ကျသည်။ ထိုလူများသည် မိန်းမများနှင့် ကောများသာလည်းဖြစ်၏။
ထို့ကြောင့် အသက်ကြီးသည့် တုရှီနှင့်မော့ရှီ(ပိုင်အမေ)က မပြန်သေးသည့်လူများကိုကြည့်ပြီး စားပွဲတွင်ထိုင်လိုက်ရသည်။ စားပွဲ၌ ခုံကငါးလုံးပဲရှိကာ တုရှီနှင့်မော့ရှီအပြင် ကိုယ်ဝန်ရှိနေသည့် ကျိုးရှီနှင့်စုရှီကလည်း ဝင်ထိုင်သဖြင့် ခုံတစ်လုံးသာအားတော့သည်။ ထိုခုံမှာနောက်ထပ် ဝင်ထိုင်လိုက်သူကတော့ နောက်ကျမှရောက်လာသည့် ရှောင်အိမ်က ရှောင်ဟန်ရဲ့မိထွေး လဲ့ရှီပါပဲ။
ရှောင်ဟန်က သူ့မိထွေးကိုကြောက်တာကြောင့် ပိုင်အမေ၏နောက်တွင်သာခေါင်းငုံ့၍ တိတ်တဆိတ်ရပ်နေပြီး ရှောင်ဖူနှင့်ရှောင်ဝူသည် မော့ရှီ(ပိုင်အမေ)နှင့် တုရှီတို့၏ရင်ခွင်များထဲ၌ အသီးသီးရောက်နေကျသည်။ ဒီကောသေးသေးလေးတွေကချစ်ဖို့ကောင်းလွန်းလို့ သူတို့ကမလွန်ဆန်နိုင်ဘူး။ အထူးသဖြင့် အိမ်တွင်ကောမရှိသည့် တုရှီကပိုဆိုးသည်။
လဲ့ရှီသည် အစောထဲကသတင်းကြားခဲ့သော်လည်း မယုံသဖြင့်မလာခဲ့ပဲ ပိုင်လီအိမ်ကပြန်လာသည့်လူများက အထပ်ထပ်ပြောနေမှယုံကြည်သွားကာ ရောက်လာသော်လည်း တောဝက်များကရွာကထွက်သွားဖြစ်၍ စိတ်ပျက်သွား၏။ လဲ့ရှီကလည်း တောဝက်တွေကိုလိုချင်တယ်။ သူမက ဖြစ်နိုင်ရင်ဆိပ်ကမ်းမြို့ထိလိုက်သွားပြီး တောဝက်တွေကိုတောင်းလိုက်ချင်းသေးတယ်။ ဒါပေမယ့် ရွာအကြီးကဲလည်း အဲဒီမှာရှိနေမယ့်အကြောင်းတွေးမိလို့ ဒီအကြံကို အကောင်ထည်မဖော်တော့ဘူး။
အဲဒီအစား ပိုင်လီရွာပြန်လာရင်သာ ငွေတောင်းဖို့နည်းမျိုးစုံနဲ့စဥ်းစားနေပေသည်။
မော့ရှီ(ပိုင်အမေ)က လဲ့ရှီကိုမကြည်ဘူး။ ဘယ်ကြည်မှာလဲ လဲ့ရှီက ရှောင်ဟန်အတွက် ငွေချောင်းတစ်ရာတောင်းခဲ့တယ်လေ။ တကယ်လို့ငွေချောင်းတစ်ရာမပေးရင် ရှောင်ဟန်ကိုစော်ကားလို့ ပိုင်လီကို ရုံးကိုတိုင်မယ်လို့ခြိမ်းခြောက်ခဲ့တယ်။ အဲဒါကြောင့်သာ ပိုင်အိမ်က ပိုင်ဝူရဲ့ကျောင်းစရိတ်အတွက် ခြစ်ကုပ်စုဆောင်းထားရတဲ့ ငွေချောင်းတစ်ရာကို ထုတ်ပေးခဲ့ရတာပေါ့။ နောက်တော့ ညာဏ်ကောင်းတဲ့ပိုင်ဝူက ကျောင်းထွက်လိုက်ရတော့တယ်။
တကယ်တမ်း ပိုင်လီရဲ့အမှားကမှန်ပါတယ်။ ဒါပေမယ့် ဒီလိုလယ်သမားတွေရဲ့ဘဝမှာ ပြေလည်ပါတယ်ဆိုတဲ့မိသားစုတွေတောင် သတို့သမီးတင်တောင်းကြေးက ငွေတစ်ချောင်းသာရှိပြီး အများဆုံးက ငွေငါးချောင်းမကျော်ပါဘူး။ ချမ်းသာတဲ့လူတစ်ယောက်ဆီရောင်းရင်တောင် ရှောင်ဟန်အတွက် ငွေချောင်းသုံးဆယ်အထက် ပိုသုံးချင်ကျမှာမဟုတ်ဘူး။ လဲ့ရှီက တမင်သပ်သပ်ပိုင်အိမ်ကိုငွေညှစ်ခဲ့တာသိသာပါတယ်။
ဒါပေမယ့် ဒီအမှုကရုံးတော်ကိုရောက်သွားရင် ပိုင်လီရဲ့ဘဝကရှုံးသွားတော့မှာဖြစ်လို့ ပိုင်အိမ်ကအသည်းနာနာနဲ့ ထုတ်ပေးရခဲ့ပြီး မော့ရှီက ဒီငွေမက်လွန်းတဲ့ လဲ့ရှီကိုမုန်းပါတယ်။
ဒီနေ့ လဲ့ရှီရောက်လာတာကလည်း ကောင်းတဲ့ကိစ္စမဖြစ်နိုင်ပါဘူး။
ထင်သည့်အတိုင်းပင် လဲ့ရှီက မျက်နှာပြောင်တိုက်စွာဖြင့်...
"အစ်မ တုရှီလည်းရောက်နေတာကိုး ကျွန်မကခမည်းခမက် မော့ရှီနဲ့စကားပြောဖို့လာခဲ့တာပါ မိသားစုကိစ္စဆိုတော့ နားထောင်ချင်ရင်တော့နားထောင်ပါလေ"
လဲ့ရှီဆိုလိုချင်တာက တုရှီက ရွာအကြီးကဲရဲ့ဇနီးမလို့ နှင်ထုတ်လို့မကောင်းပေမယ့် မိသားစုကိစ္စမို့ဝင်မပါသင့်ဘူးတဲ့။
လဲ့ရှီက ကျေးလက်သူဖြစ်ပေမယ့် အနည်းငယ်စာတတ်ပြီး ရှောင်အိမ်က လယ်မလုပ်တာဖြစ်လို့ ကြမ်းကြမ်းတမ်းတမ်းဖြစ်မနေဘူး။ အသက်ရွယ်တူ တုရှီနဲ့မော့ရှီတို့နဲ့ယှဥ်ရင် သူမက အတော်ငယ်တယ်လို့ထင်ရတယ်။ တကယ်တော့ သူတို့သုံးယောက်လုံးက ယောင်္ကျားကောင်းတွေနဲ့လက်ထပ်ခွင့် ရခဲ့တဲ့လူတွေချည်းပါပဲ။
ပိုင်ကျန်းကကြွယ်ဝပြီး ကျန်းရန်ကရွာအကြီးကဲဖြစ်တယ်။ ရှောင်လျို(ရှောဟန်၏အဖေ)ရဲ့အလုပ်ကလည်း ငွေရွှင်ပြီး ပင်ပန်းတာမျိုးမဟုတ်လေဘူး။
တုရှီကလည်း ဒီတော်တတ်သယောင်ဟန်ဆောင်တတ်တဲ့ မြေခွေးမကိုမုန်းတယ်ရယ်။ သူမက နှာခေါင်းရှုံ့လိုက်ပေမယ့် ဘာမှတော့ဝင်မပြောဘူး။
ထို့ကြောင့် လဲ့ရှီက...
"ဒီနေ့ သမက်ပိုင်က တောဝက်ကြီးနှစ်ကောင်ရခဲ့တယ်လို့ သတင်းကြားပေမယ့် သူ့ယောက္ခမအိမ်ကို လာမခေါ်ခဲ့ဘူး ခမည်းခမက် မော့ရှီ ဒါကဖြစ်သင့်တယ်လို့ရှင်ထင်လား"
ဒီစကားထွက်လာတာနဲ့ ရိပ်မိသားဖြစ်ပေမယ့် လဲ့ရှီကအကျိုးမြတ်လိုချင်လို့လာတယ်ဆိုတာ ပိုရှင်းသွား၏။ ရှောင်ဟန်၏ အဖျားသွေးရှိနေသောမျက်နှာက ရှက်ရွံ့မှုကြောင့်ပိုမိုနီရဲလို့လာလေသည်။ ရှောင်ဟန်က သူ့ကိုယ်သူ ငွေချောင်းတစ်ရာမတန်မှန်းသိပေမယ့် သူ့မိထွေးကိုမရပ်တန့်နိုင်ခဲ့ဘူး။ သူကပိုင်အိမ်ကို ဒီကိစ္စနဲ့ပက်သက်ပြီး အမြဲအားနာနေခဲ့ရတယ်။ ဒီအချက်က ပိုင်လီသူ့ကိုဘယ်လောက်နိပ်စက်နိပ်စက် သူပြန်မတွန်းလှန်ရဲခဲ့တဲ့အချက်လည်း ဖြစ်ပါတယ်။
မော့ရှီရဲ့မျက်နှာက တဖြေးဖြေးခက်ထန်လို့လာ၏။ ဒီမိန်းမလဲ့ရှီက အလွန်ငွေမက်တယ်။ ငွေမက်လို့လည်း နေ့တိုင်းငွေရတဲ့ရှောင်လျိုရဲ့မယားငယ်ဖြစ်ချင်ခဲ့တာပေါ့။ မယားငယ်ကနေ မယားကြီးသေတော့ မယားအသစ်ဖြစ်လာခဲ့တယ်လေ။
အဲဒီအချိန်တုန်းက ပိုင်လီရဲ့အခြေနေက ရုံးတော်ကိုကြောက်ရလို့ သူမကငွေထုတ်ပေးခဲ့တာပေမယ့် အခု ပိုင်လီနဲ့ရှောင်ဟန်ကလက်ထပ်ပြီးလို့ ကလေးတွေတောင်ရနေပြီ။ ထပ်လာပြီးငွေညှစ်ချင်နေရင်တော့ သူမကတံတွေးတစ်ချက်ပဲ ထွေးပေးလိုက်မယ်။
"လဲ့ရှီ နင်ဘာစကားပြောတာလဲ အဲဒီအချိန်တုန်းက ငွေချောင်းတစ်ရာရရင် ရှောင်ဟန်နဲ့ရော ပိုင်လီနဲ့ရော ရေစက်ဖြတ်လိုက်မယ်လို့မပြောခဲ့ဘူးလား ဒီစကားကိုရွာထဲကလူတွေအကုန်ကြားခဲ့တယ်နော် နင်တို့ဒီစကားအတိုင်း တကယ်မလုပ်ခဲ့လို့လား နင်တို့တွေ တစ်ရွာထဲမှာနေပြီး ရှောင်ဟန်ကိုမပြောနဲ့ ရှောင်ဖူနဲ့ရှောင်ဝူလေးကိုတောင် တစ်ချက်လာကြည့်ခဲ့လို့လား! ဒါတောင် ငါ့သားက နင်တို့ကိုလာခေါ်ဖို့မျှော်လင့်နေသေးတယ်ပေါ့ သူ့မှာ အဖေနဲ့ညီအကိုသုံးယောက်ရှိရုံနဲ့တင် လုံလောက်နေပြီ!"
လဲ့ရှီက ဒီစကားတွေကြားတော့ မျက်နှာပျက်သွားပေမယ့် နောက်မဆုတ်ဘူး။
ရှိနေတဲ့ရွာထဲကတခြားလူတွေကလည်း စပ်စုတတ်တဲ့ အတင်းဖျင်းကြိုက်တဲ့လူတွေချည်းပဲ။ သူတို့ကအသံမထွက်ပဲ ပွဲကိုတိတ်တဆိတ်ကြည့်နေကျတယ်။
လဲ့ရှီက...
"ဒါက စိတ်တိုတုန်းပြောတယ်ဆိုတာ သိသာပါတယ် နင့်သားက ငါတို့ရှောင်ဟန်ကိုအနိုင်ကျင့်ခဲ့တာလေ ငါတို့ကစိတ်မတိုသင့်ဘူးလား!! ငါတို့ကစိတ်တိုတုန်းမို့ပြောခဲ့တာ! ဒါပေမယ့် နင့်သား ရိုသေသမှုမရှိပဲ သုံးနှစ်လုံးလုံး ယောက္ခမအိမ်ကိုတောင်မလာဖူးဘူး အခု တောဝက်တွေရလာတော့လည်း ယောက္ခမအိမ်ကိုလာမခေါ်ဘူး အတော်အမှိုက်ဆန်တဲ့သမက်ပဲ"
မော့ရှီ ဒေါသကြောင့်မျက်လုံးများပင်ပြူးကျယ်၍လာလေသည်။ ပိုင်လီက ဘယ်လိုလုပ်သူတို့အိမ်ကို သွားရပ်ရဲမှာလဲ။ ရှောင်လျိုက တွေ့တာနဲ့ဓားနဲ့ခုတ်မယ်လုပ်နေတာကို။ အဲတာက ငွေချောင်းတစ်ရာပေးလိုက်မှသာ ဓားဆွဲပြီးမပေါ်လာတော့တာလေ။ လဲ့ရှီပြောသလို ဒီတစ်ခေါက်မှာ ရှောင်အိမ်ကလူတွေကိုခေါ်ခဲ့ရင် အဲတာက တောဝက်တွေကိုရှောင်အိမ်ကိုပေးဖို့ သဘောတူလိုက်တာနဲ့အတူတူပါပဲ။
လဲ့ရှီက စကားလှသုံးပြီး တောဝက်တွေရတာတောင် ကူဖို့လာမခေါ်လို့ပြောနေပေမယ့် တကယ်တမ်း ဒီလိုကံကောင်းမှုမျိုးရတာတောင် ယောက္ခမတွေကိုမျှမပေးလို့ လာပြဿနာရှာနေတယ်ဆိုတာ သုံးနှစ်ကလေးတောင်မှ နားလည်နိုင်ပါတယ်။
တောဝက်ရောင်းသွားတဲ့လမ်းပေါ်က ပိုင်လီကတော့ သူ့အိမ်မှာ ယောက္ခဖြစ်သူလာပြဿနာရှာနေတာကို မသိခဲ့ပေ။ သူသည် လှည်းနောက်၌ခြေချထိုင်နေပြီး တစ်ခုခုစဥ်းစားလျက်ရှိသည်။ ထို့နောက် လှည်းပေါ်ကကျန်လူများကိုပြောလိုက်၏။
"အဖေ အကြီးကဲ ကျွန်တော်တို့ မြို့လေးကနေဖြတ်သွားရအောင်"
လှည်းကို ပိုင်အိမ်၏သားကြီးကမောင်းနေတာဖြစ်ပြီး ကျန်လူများက တောဝက်ကြီးများကို တကြည့်ကြည့်ဖြစ်ကာ မပြုံးပဲမနေနိုင်ဖြစ်နေကျတာဖြစ်သည်။ ပိုင်အဖေက ပိုင်လီစကားကြောင့်စိတ်ရှုပ်သွားပြီး...
"မြို့လေးကနေ ဖြတ်သွားရင် ပိုကြာလိမ့်မယ် မင်းဘာလို့မြို့လေးထဲဝင်ချင်နေတာလဲ"
မူလ ပိုင်လီက ဒီမြို့လေးထဲမှာ ဆိုးသွမ်းခဲ့တာဖြစ်လို့ သူတို့က ပိုင်လီ မြို့ထဲဝင်ချင်သည်ဟုပြောတဲ့အခါ သံသယမဝင်ပဲမနေနိုင်ကျဘူး။ သို့သော် ပိုင်လီပြောလာသည်မှာ...
"နည်းနည်းနောက်ကျတာက ကိစ္စမရှိပါဘူး မဟုတ်လည်း ကျွန်တော်တို့ မြို့မှာအိပ်ရမှာပဲ မြို့လေးကသေးပေမယ့် တောဝက်သားဝယ်ချင်သူတချို့ ရှိနေနိုင်တယ်လေ မြို့လေးထဲကဖြတ်သွားရင် ကြေငြာပြီးသားရပြီး သူတို့တွေဆိပ်ကမ်းမြို့ကိုလိုက်ဝယ်နိုင်တာပေါ့"
ဒီရှင်းပြချက်သည် အလွန်ယုတ္တိရှိသဖြင့် သူတို့၏သံသယများပင် ကွယ်ပျောက်သွားကျပြီး မြို့လေးထဲကဖြတ်သွားကျဖို့သဘောတူလိုက်ကျသည်။ ပိုင်လီသည်လည်း အလွန်ပျော်ရွှင်နေပါ၏။ သူရောက်ထဲက သူ့လက်ထဲမှာ ငွေတစ်ပြားတောင်မရှိတော့ဘူး။ ဒီတောဝက်ကြီးတွေရောင်းပြီးရင်တော့ သူငွေရလာလိမ့်မယ်။
သူ့မှာငွေမရှိဖူးသေးပေမယ့် မှတ်ညာဏ်တွေထဲကတစ်ဆင့်တော့ ငွေကြေးလည်ပတ်ပုံကိုသိခဲ့ပြီးသားပင်။
ကြေးပြားတစ်ထောင်က ငွေတစ်ချောင်းတန်ပြီး ငွေချောင်းတစ်ထောင်က ရွှေတစ်ချောင်းတန်သည်။
ပိုင်လီ၏ခန့်မှန်းချက်အရတော့ ဒီတောဝက်တွေက ငွေချောင်းထောင်ကျော်ရပါလိမ့်မယ်။
ထိုသို့အတွေးဖြင့်ပျော်ရွှင်နေတုန်းမှာပင် သူတို့၏ တောဝက်များဖြင့်လျှံနေသောလှည်းက မြို့လေးထဲဝင်လာပြီဖြစ်သည်။ အဲဒီနောက်မှာတော့ မြို့ထဲကလူအားလုံးရဲ့အကြည့်တွေက ဒီတောဝက်တွေပါတဲ့လှည်းဆီကို ရောက်လာပါတော့တယ်။
မြို့ထဲရှိလူများသည် ဒီတောဝက်များပါသည့်လှည်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကျ၏။ ပိုင်ကျန်းက လှည်းရပ်လိုက်ရမလားမေးပေမယ့် ပိုင်လီကလှည်းအား ယခင်အတိုင်းအမြန်သာမောင်းဖို့ပြောလိုက်လေသည်။
ဘယ်သူမှပြေးမေးမယ့်သူ မရှိဘူးဆိုတာကို ပိုင်လီကတော့မယုံပါဘူး။
ထင်သည့်အတိုင်းပင် သိပ်မကြာခင် လူတချို့က လှည်းနောက်မှပြေးလိုက်လာကျပြီး အော်ဟစ်လာကျလေသည်။
"ဟေး!! လှည်းခဏရပ်ပါဦး! တောဝက်တွေကရောင်းမှာလား ဝယ်ဦးမယ်လေ!"
သို့သော် လှည်းကမရပ်သဖြင့် နောက်ကနေသာပြေးလိုက်နေကျရရှာ၏။ (AN/ မနက်ခင်းဆိုင်ကယ်နဲ့လာရောင်းတဲ့ ကောက်ညှင်းပေါင်းသည်ကိုသတိရ)
ပိုင်လီက လှည်းနောက်ကနေ ပြန်အော်ပေးလိုက်ပါသည်။
"ဆိပ်ကမ်းမြို့မှာသွားရောင်းမလို့! ဝယ်ချင်ရင်လိုက်ခဲ့လေ!!"
ထိုအခါ လှည်းနောက်လိုက်နေသည့် လူများမှာ ခေတ္တမျှအရှိန်နှေးသွားကျသော်လည်း သိပ်မကြာခင် ပြန်အော်လာကျ၏။
"ငွေယူပြီးလိုက်လာခဲ့မယ် ငါ့အတွက်ချန်ထားပေးဦး!!"
"ငါ့အတွက်ရောပဲနော်! ငါအမြန်လာခဲ့မှာ!!"
"ငါတို့ရောပါတယ်ဟေ့!"
"ငါတို့အတွက်လည်းချန်ထားပေးပါဦး!"
"မင်းများများချန်ထားရမှာနော်! ငါကအများကြီးဝယ်မှာ!"
သို့သော် လှည်းမှာ အရှိန်နှင့်မောင်းထွက်သွားပြီး ပိုင်လီ၏ ကျယ်လောင်သော "ကောင်းပါပြီ"ဟူသည့် အသံကြီးသာ မြို့လေးထဲကျန်နေခဲ့သည်။
သို့ပေမယ့် မြို့လေးထဲတွင် ဆိပ်ကမ်းမြို့၌တောဝက်သားရောင်းမည်ဟူသောသတင်းက ပြန့်သွားပြီဖြစ်သဖြင့် အသားလိုချင်သူများမှာ ဆိပ်ကမ်းမြို့သို့သွားရန် စိုင်းပြင်းနေကျတော့၏။
စျေးထဲမှာ ရိုးရိုးဝက်သားကိုဝယ်နိုင်ပေမယ့် တောဝက်သားနဲ့ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။ တောဝက်တွေက တစ်နှစ်နေလို့တစ်ခါတောင်ပေါ်လာတာမဟုတ်တော့ သူတို့တွေ ပြေးဝယ်ရန်သာရှိပါတော့တယ်။
ပိုင်လီ၏ ခန့်မှန်းချက်အရ လှည်းသည် ဆိပ်ကမ်းမြို့သို့ သုံးနာရီကျော်၊လေးနာရီနီးပါးခန့်တွင်မှ ရောက်ရှိခဲ့သည်။ ဒါတောင် သူတို့တွေ အရှိန်ကုန်တင်လာတာဖြစ်ပြီး ပုံမှန်အရှိန်နှင့်သာသွားနေပါက မှောင်သွားမည်ကိုပင်ကြောက်ရ၏။
ဆိပ်ကမ်းမြို့ထဲကလူတွေရဲ့ တုန့်ပြန်ချက်ကလည်း မြို့ငယ်လေးနဲ့ထူးမခြားနားပါပင်။ ရလဒ်အနေနဲ့ လှည်းနောက်တွင် လူများပါလာပြီး ကျယ်ဝန်းသောနေရာလပ်တစ်ခု၌ လမ်းရပ်လိုက်ချိန်တွင် လူတွေကအရမ်းများနေလေပြီ။
လှည်းရပ်လိုက်တာမြင်တော့ လူများက...
"ဒီကဦးကြီးနဲ့ညီလေးတို့ တောဝက်တွေကရောင်းမှာလား အကောင်လိုက်ရောင်းချင်ရင် ငွေချောင်းသုံးရာနဲ့ကျုပ်တစ်ကောင်ဝယ်မယ်လေ"
ပိုင်လီ၏ နှုတ်ခမ်းစွန်းလေးများက ထိုစကားကြောင့် ကော့တတ်သွားလေသည်။ ငွေချောင်းသုံးရာတဲ့လား။ သူမှန်းထားတာရဲ့တစ်ဝက်တောင်မရှိတာကို ရောင်းစရာလား။
ထို့ကြောင့် ပိုင်လီက...
"ညီအကို ဒီတောဝက်တွေက ရောင်းမှာပါ ဒါပေမယ့် အကောင်လိုက်တော့မဟုတ်ဘူး မင်း လိုချင်တဲ့ကျင်အရေတွက်တော့ဝယ်လို့ရပါတယ်"
ပိုင်လီစကားကြားတော့မှ ေဘးကလူအုပ်ကလည်းစိတ်သက်သာရသွားကျ၏။ လူအများစုက အကောင်လိုက်ဝယ်ဖို့မတတ်နိုင်တဲ့အတွက် ကျင်အရေတွက်နဲ့ပဲလိုချင်ပြီး အကယ်၍ တစ်ယောက်ယောက်က အကောင်လိုက်ဝယ်သွားရင် သူတို့မဝယ်နိုင်တော့ဘူးလေ။
လူအုပ်ထဲကတစ်ယောက်က ပိုင်လီတို့ ရေနွေးတည်ဖို့မီးမွှေးနေတာမြင်တော့ မေးလာသည်။
"ဒီကညီလေး မင်းရေနွေးတည်ပြီး အမွှေးတွေဖယ်ဦးမှာမလား ဒါဆိုငါတို့အိမ်ပြန်ပြီး ငွေသွားယူလိုက်ဦးမယ် တစ်ကျင်ကိုဘယ်လောက်နဲ့ရောင်းမှာလဲ"
ထိုအခါ ပိုင်လီကလည်း ပြန်ဖြေလိုက်၏။
"တစ်ကျင်ချင်းတော့မရောင်းပါဘူး အနည်းဆုံး သုံးကျင်ကနေစဝယ်လို့ရပါတယ် သုံးကျင်ကို ငွေငါးချောင်းပါ ဒီကအစ်ကိုတို့အစ်မတို့ ငွေပြန်ယူရင် မြို့ထဲက မသိသေးတဲ့တခြားလူတွေကို သတင်းပါးပေးပါဦးဗျာ"
လူအုပ်ကပိုင်လီရဲ့နောက်ဆုံးစကားတွေကို မကြားလိုက်ရဘူး။ ငွေငါးချောင်းဆိုတဲ့စကားနဲ့တင် လန့်လွန်းလို့ထခုန်မိသွားကျသည်။
လူအုပ်တင်လန့်သွားတာမဟုတ်ပဲ ပိုင်သားအဖနဲ့ကျန်းသားအဖပါ လန့်သွားကျတာပင်။ ပိုင်လီအနားရောက်နေတဲ့ နေတဲ့ရွာအကြီးကဲဆိုရင် ခြေတစ်လှမ်းပင်နောက်ဆုတ်မိသွားပြီး စိတ်ထဲ၌ပြောမိသည်မှာ...
တစ်ကျင်ကို ငွေတစ်ချောင်းက သင့်တော်တဲ့ပေါက်စျေးဖြစ်ပြီး မင်းက သုံးကျင်မှာ ငွေငါးချောင်းလိုချင်နေတယ်ပေါ့။ မင်း လမ်းပေါ်ထွက်ဓားပြတိုက်နေတယ်လို့ လူတွေပြောမှာမကြောက်ဘူးလား။
ပိုင်အဖေကလည်း သူ့သားစျေးတောင်းတာအနည်းငယ်များနေ၍ ပိုင်လီအင်္ကျီလက်အားဆွဲနေသော်လည်း ပိုင်လီကမူ မသိချင်ယောင်ဆောင်နေလေသည်။
လူအုပ်ထဲမှ အနည်းငယ်သားသားနားနားဝတ်ထားသော လူမှလည်း...
"ဒီကညီလေး သုံးကျင်ကိုငွေငါးချောင်းက နည်းနည်းမများဘူးလား"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😇
.................................................................
(AN/ စပရိုက်!)
###
အပိုင္း (၈) ေတာဝက္ႀကီးမ်ားအားေရာင္းရန္ ဆိပ္ကမ္းၿမိဳ႕သို႔အလည္တစ္ေခါက္-3
ေတာဝက္မ်ား႐ြာမွထြက္သြားၿပီေနာက္တြင္ အလုပ္မ်ားေနေသာ ႐ြာသားမ်ားမွာလဲ အလ်ိဳလ်ိဳျပန္သြားက်ၿပီး အလြန္စပ္စုခ်င္ေသာလူမ်ားကသာ ပိုင္လီအိမ္၌ေနရစ္ခဲ့က်သည္။ ထိုလူမ်ားသည္ မိန္းမမ်ားႏွင့္ ေကာမ်ားသာလည္းျဖစ္၏။
ထို႔ေၾကာင့္ အသက္ႀကီးသည့္ တုရွီႏွင့္ေမာ့ရွီ(ပိုင္အေမ)က မျပန္ေသးသည့္လူမ်ားကိုၾကည့္ၿပီး စားပြဲတြင္ထိုင္လိုက္ရသည္။ စားပြဲ၌ ခုံကငါးလုံးပဲရွိကာ တုရွီႏွင့္ေမာ့ရွီအျပင္ ကိုယ္ဝန္ရွိေနသည့္ က်ိဳးရွီႏွင့္စုရွီကလည္း ဝင္ထိုင္သျဖင့္ ခုံတစ္လုံးသာအားေတာ့သည္။ ထိုခုံမွာေနာက္ထပ္ ဝင္ထိုင္လိုက္သူကေတာ့ ေနာက္က်မွေရာက္လာသည့္ ေရွာင္အိမ္က ေရွာင္ဟန္ရဲ႕မိေထြး လဲ့ရွီပါပဲ။
ေရွာင္ဟန္က သူ႕မိေထြးကိုေၾကာက္တာေၾကာင့္ ပိုင္အေမ၏ေနာက္တြင္သာေခါင္းငုံ႕၍ တိတ္တဆိတ္ရပ္ေနၿပီး ေရွာင္ဖူႏွင့္ေရွာင္ဝူသည္ ေမာ့ရွီ(ပိုင္အေမ)ႏွင့္ တုရွီတို႔၏ရင္ခြင္မ်ားထဲ၌ အသီးသီးေရာက္ေနက်သည္။ ဒီေကာေသးေသးေလးေတြကခ်စ္ဖို႔ေကာင္းလြန္းလို႔ သူတို႔ကမလြန္ဆန္နိုင္ဘူး။ အထူးသျဖင့္ အိမ္တြင္ေကာမရွိသည့္ တုရွီကပိုဆိုးသည္။
လဲ့ရွီသည္ အေစာထဲကသတင္းၾကားခဲ့ေသာ္လည္း မယုံသျဖင့္မလာခဲ့ပဲ ပိုင္လီအိမ္ကျပန္လာသည့္လူမ်ားက အထပ္ထပ္ေျပာေနမွယုံၾကည္သြားကာ ေရာက္လာေသာ္လည္း ေတာဝက္မ်ားက႐ြာကထြက္သြားျဖစ္၍ စိတ္ပ်က္သြား၏။ လဲ့ရွီကလည္း ေတာဝက္ေတြကိုလိုခ်င္တယ္။ သူမက ျဖစ္နိုင္ရင္ဆိပ္ကမ္းၿမိဳ႕ထိလိုက္သြားၿပီး ေတာဝက္ေတြကိုေတာင္းလိုက္ခ်င္းေသးတယ္။ ဒါေပမယ့္ ႐ြာအႀကီးကဲလည္း အဲဒီမွာရွိေနမယ့္အေၾကာင္းေတြးမိလို႔ ဒီအႀကံကို အေကာင္ထည္မေဖာ္ေတာ့ဘူး။
အဲဒီအစား ပိုင္လီ႐ြာျပန္လာရင္သာ ေငြေတာင္းဖို႔နည္းမ်ိဳးစုံနဲ႕စဥ္းစားေနေပသည္။
ေမာ့ရွီ(ပိုင္အေမ)က လဲ့ရွီကိုမၾကည္ဘူး။ ဘယ္ၾကည္မွာလဲ လဲ့ရွီက ေရွာင္ဟန္အတြက္ ေငြေခ်ာင္းတစ္ရာေတာင္းခဲ့တယ္ေလ။ တကယ္လို႔ေငြေခ်ာင္းတစ္ရာမေပးရင္ ေရွာင္ဟန္ကိုေစာ္ကားလို႔ ပိုင္လီကို ႐ုံးကိုတိုင္မယ္လို႔ၿခိမ္းေျခာက္ခဲ့တယ္။ အဲဒါေၾကာင့္သာ ပိုင္အိမ္က ပိုင္ဝူရဲ႕ေက်ာင္းစရိတ္အတြက္ ျခစ္ကုပ္စုေဆာင္းထားရတဲ့ ေငြေခ်ာင္းတစ္ရာကို ထုတ္ေပးခဲ့ရတာေပါ့။ ေနာက္ေတာ့ ညာဏ္ေကာင္းတဲ့ပိုင္ဝူက ေက်ာင္းထြက္လိုက္ရေတာ့တယ္။
တကယ္တမ္း ပိုင္လီရဲ႕အမွားကမွန္ပါတယ္။ ဒါေပမယ့္ ဒီလိုလယ္သမားေတြရဲ႕ဘဝမွာ ေျပလည္ပါတယ္ဆိုတဲ့မိသားစုေတြေတာင္ သတို႔သမီးတင္ေတာင္းေၾကးက ေငြတစ္ေခ်ာင္းသာရွိၿပီး အမ်ားဆုံးက ေငြငါးေခ်ာင္းမေက်ာ္ပါဘူး။ ခ်မ္းသာတဲ့လူတစ္ေယာက္ဆီေရာင္းရင္ေတာင္ ေရွာင္ဟန္အတြက္ ေငြေခ်ာင္းသုံးဆယ္အထက္ ပိုသုံးခ်င္က်မွာမဟုတ္ဘူး။ လဲ့ရွီက တမင္သပ္သပ္ပိုင္အိမ္ကိုေငြညွစ္ခဲ့တာသိသာပါတယ္။
ဒါေပမယ့္ ဒီအမႈက႐ုံးေတာ္ကိုေရာက္သြားရင္ ပိုင္လီရဲ႕ဘဝကရႈံးသြားေတာ့မွာျဖစ္လို႔ ပိုင္အိမ္ကအသည္းနာနာနဲ႕ ထုတ္ေပးရခဲ့ၿပီး ေမာ့ရွီက ဒီေငြမက္လြန္းတဲ့ လဲ့ရွီကိုမုန္းပါတယ္။
ဒီေန႕ လဲ့ရွီေရာက္လာတာကလည္း ေကာင္းတဲ့ကိစၥမျဖစ္နိုင္ပါဘူး။
ထင္သည့္အတိုင္းပင္ လဲ့ရွီက မ်က္ႏွာေျပာင္တိုက္စြာျဖင့္...
"အစ္မ တုရွီလည္းေရာက္ေနတာကိုး ကြၽန္မကခမည္းခမက္ ေမာ့ရွီနဲ႕စကားေျပာဖို႔လာခဲ့တာပါ မိသားစုကိစၥဆိုေတာ့ နားေထာင္ခ်င္ရင္ေတာ့နားေထာင္ပါေလ"
လဲ့ရွီဆိုလိုခ်င္တာက တုရွီက ႐ြာအႀကီးကဲရဲ႕ဇနီးမလို႔ ႏွင္ထုတ္လို႔မေကာင္းေပမယ့္ မိသားစုကိစၥမို႔ဝင္မပါသင့္ဘူးတဲ့။
လဲ့ရွီက ေက်းလက္သူျဖစ္ေပမယ့္ အနည္းငယ္စာတတ္ၿပီး ေရွာင္အိမ္က လယ္မလုပ္တာျဖစ္လို႔ ၾကမ္းၾကမ္းတမ္းတမ္းျဖစ္မေနဘူး။ အသက္႐ြယ္တူ တုရွီနဲ႕ေမာ့ရွီတို႔နဲ႕ယွဥ္ရင္ သူမက အေတာ္ငယ္တယ္လို႔ထင္ရတယ္။ တကယ္ေတာ့ သူတို႔သုံးေယာက္လုံးက ေယာကၤ်ားေကာင္းေတြနဲ႕လက္ထပ္ခြင့္ ရခဲ့တဲ့လူေတြခ်ည္းပါပဲ။
ပိုင္က်န္းကႂကြယ္ဝၿပီး က်န္းရန္က႐ြာအႀကီးကဲျဖစ္တယ္။ ေရွာင္လ်ိဳ(ေရွာဟန္၏အေဖ)ရဲ႕အလုပ္ကလည္း ေငြ႐ႊင္ၿပီး ပင္ပန္းတာမ်ိဳးမဟုတ္ေလဘူး။
တုရွီကလည္း ဒီေတာ္တတ္သေယာင္ဟန္ေဆာင္တတ္တဲ့ ေျမေခြးမကိုမုန္းတယ္ရယ္။ သူမက ႏွာေခါင္းရႈံ႕လိုက္ေပမယ့္ ဘာမွေတာ့ဝင္မေျပာဘူး။
ထို႔ေၾကာင့္ လဲ့ရွီက...
"ဒီေန႕ သမက္ပိုင္က ေတာဝက္ႀကီးႏွစ္ေကာင္ရခဲ့တယ္လို႔ သတင္းၾကားေပမယ့္ သူ႕ေယာကၡမအိမ္ကို လာမေခၚခဲ့ဘူး ခမည္းခမက္ ေမာ့ရွီ ဒါကျဖစ္သင့္တယ္လို႔ရွင္ထင္လား"
ဒီစကားထြက္လာတာနဲ႕ ရိပ္မိသားျဖစ္ေပမယ့္ လဲ့ရွီကအက်ိဳးျမတ္လိုခ်င္လို႔လာတယ္ဆိုတာ ပိုရွင္းသြား၏။ ေရွာင္ဟန္၏ အဖ်ားေသြးရွိေနေသာမ်က္ႏွာက ရွက္႐ြံ႕မႈေၾကာင့္ပိုမိုနီရဲလို႔လာေလသည္။ ေရွာင္ဟန္က သူ႕ကိုယ္သူ ေငြေခ်ာင္းတစ္ရာမတန္မွန္းသိေပမယ့္ သူ႕မိေထြးကိုမရပ္တန့္နိုင္ခဲ့ဘူး။ သူကပိုင္အိမ္ကို ဒီကိစၥနဲ႕ပက္သက္ၿပီး အၿမဲအားနာေနခဲ့ရတယ္။ ဒီအခ်က္က ပိုင္လီသူ႕ကိုဘယ္ေလာက္နိပ္စက္နိပ္စက္ သူျပန္မတြန္းလွန္ရဲခဲ့တဲ့အခ်က္လည္း ျဖစ္ပါတယ္။
ေမာ့ရွီရဲ႕မ်က္ႏွာက တေျဖးေျဖးခက္ထန္လို႔လာ၏။ ဒီမိန္းမလဲ့ရွီက အလြန္ေငြမက္တယ္။ ေငြမက္လို႔လည္း ေန႕တိုင္းေငြရတဲ့ေရွာင္လ်ိဳရဲ႕မယားငယ္ျဖစ္ခ်င္ခဲ့တာေပါ့။ မယားငယ္ကေန မယားႀကီးေသေတာ့ မယားအသစ္ျဖစ္လာခဲ့တယ္ေလ။
အဲဒီအခ်ိန္တုန္းက ပိုင္လီရဲ႕အေျခေနက ႐ုံးေတာ္ကိုေၾကာက္ရလို႔ သူမကေငြထုတ္ေပးခဲ့တာေပမယ့္ အခု ပိုင္လီနဲ႕ေရွာင္ဟန္ကလက္ထပ္ၿပီးလို႔ ကေလးေတြေတာင္ရေနၿပီ။ ထပ္လာၿပီးေငြညွစ္ခ်င္ေနရင္ေတာ့ သူမကတံေတြးတစ္ခ်က္ပဲ ေထြးေပးလိုက္မယ္။
"လဲ့ရွီ နင္ဘာစကားေျပာတာလဲ အဲဒီအခ်ိန္တုန္းက ေငြေခ်ာင္းတစ္ရာရရင္ ေရွာင္ဟန္နဲ႕ေရာ ပိုင္လီနဲ႕ေရာ ေရစက္ျဖတ္လိုက္မယ္လို႔မေျပာခဲ့ဘူးလား ဒီစကားကို႐ြာထဲကလူေတြအကုန္ၾကားခဲ့တယ္ေနာ္ နင္တို႔ဒီစကားအတိုင္း တကယ္မလုပ္ခဲ့လို႔လား နင္တို႔ေတြ တစ္႐ြာထဲမွာေနၿပီး ေရွာင္ဟန္ကိုမေျပာနဲ႕ ေရွာင္ဖူနဲ႕ေရွာင္ဝူေလးကိုေတာင္ တစ္ခ်က္လာၾကည့္ခဲ့လို႔လား! ဒါေတာင္ ငါ့သားက နင္တို႔ကိုလာေခၚဖို႔ေမွ်ာ္လင့္ေနေသးတယ္ေပါ့ သူ႕မွာ အေဖနဲ႕ညီအကိုသုံးေယာက္ရွိ႐ုံနဲ႕တင္ လုံေလာက္ေနၿပီ!"
လဲ့ရွီက ဒီစကားေတြၾကားေတာ့ မ်က္ႏွာပ်က္သြားေပမယ့္ ေနာက္မဆုတ္ဘူး။
ရွိေနတဲ့႐ြာထဲကတျခားလူေတြကလည္း စပ္စုတတ္တဲ့ အတင္းဖ်င္းႀကိဳက္တဲ့လူေတြခ်ည္းပဲ။ သူတို႔ကအသံမထြက္ပဲ ပြဲကိုတိတ္တဆိတ္ၾကည့္ေနက်တယ္။
လဲ့ရွီက...
"ဒါက စိတ္တိုတုန္းေျပာတယ္ဆိုတာ သိသာပါတယ္ နင့္သားက ငါတို႔ေရွာင္ဟန္ကိုအနိုင္က်င့္ခဲ့တာေလ ငါတို႔ကစိတ္မတိုသင့္ဘူးလား!! ငါတို႔ကစိတ္တိုတုန္းမို႔ေျပာခဲ့တာ! ဒါေပမယ့္ နင့္သား ရိုေသသမႈမရွိပဲ သုံးႏွစ္လုံးလုံး ေယာကၡမအိမ္ကိုေတာင္မလာဖူးဘူး အခု ေတာဝက္ေတြရလာေတာ့လည္း ေယာကၡမအိမ္ကိုလာမေခၚဘူး အေတာ္အမွိုက္ဆန္တဲ့သမက္ပဲ"
ေမာ့ရွီ ေဒါသေၾကာင့္မ်က္လုံးမ်ားပင္ျပဴးက်ယ္၍လာေလသည္။ ပိုင္လီက ဘယ္လိုလုပ္သူတို႔အိမ္ကို သြားရပ္ရဲမွာလဲ။ ေရွာင္လ်ိဳက ေတြ႕တာနဲ႕ဓားနဲ႕ခုတ္မယ္လုပ္ေနတာကို။ အဲတာက ေငြေခ်ာင္းတစ္ရာေပးလိုက္မွသာ ဓားဆြဲၿပီးမေပၚလာေတာ့တာေလ။ လဲ့ရွီေျပာသလို ဒီတစ္ေခါက္မွာ ေရွာင္အိမ္ကလူေတြကိုေခၚခဲ့ရင္ အဲတာက ေတာဝက္ေတြကိုေရွာင္အိမ္ကိုေပးဖို႔ သေဘာတူလိုက္တာနဲ႕အတူတူပါပဲ။
လဲ့ရွီက စကားလွသုံးၿပီး ေတာဝက္ေတြရတာေတာင္ ကူဖို႔လာမေခၚလို႔ေျပာေနေပမယ့္ တကယ္တမ္း ဒီလိုကံေကာင္းမႈမ်ိဳးရတာေတာင္ ေယာကၡမေတြကိုမွ်မေပးလို႔ လာျပႆနာရွာေနတယ္ဆိုတာ သုံးႏွစ္ကေလးေတာင္မွ နားလည္နိုင္ပါတယ္။
ေတာဝက္ေရာင္းသြားတဲ့လမ္းေပၚက ပိုင္လီကေတာ့ သူ႕အိမ္မွာ ေယာကၡျဖစ္သူလာျပႆနာရွာေနတာကို မသိခဲ့ေပ။ သူသည္ လွည္းေနာက္၌ေျခခ်ထိဳင္ေနၿပီး တစ္ခုခုစဥ္းစားလ်က္ရွိသည္။ ထို႔ေနာက္ လွည္းေပၚကက်န္လူမ်ားကိုေျပာလိုက္၏။
"အေဖ အႀကီးကဲ ကြၽန္ေတာ္တို႔ ၿမိဳ႕ေလးကေနျဖတ္သြားရေအာင္"
လွည္းကို ပိုင္အိမ္၏သားႀကီးကေမာင္းေနတာျဖစ္ၿပီး က်န္လူမ်ားက ေတာဝက္ႀကီးမ်ားကို တၾကည့္ၾကည့္ျဖစ္ကာ မၿပဳံးပဲမေနနိုင္ျဖစ္ေနက်တာျဖစ္သည္။ ပိုင္အေဖက ပိုင္လီစကားေၾကာင့္စိတ္ရႈပ္သြားၿပီး...
"ၿမိဳ႕ေလးကေန ျဖတ္သြားရင္ ပိုၾကာလိမ့္မယ္ မင္းဘာလို႔ၿမိဳ႕ေလးထဲဝင္ခ်င္ေနတာလဲ"
မူလ ပိုင္လီက ဒီၿမိဳ႕ေလးထဲမွာ ဆိုးသြမ္းခဲ့တာျဖစ္လို႔ သူတို႔က ပိုင္လီ ၿမိဳ႕ထဲဝင္ခ်င္သည္ဟုေျပာတဲ့အခါ သံသယမဝင္ပဲမေနနိုင္က်ဘဴး။ သို႔ေသာ္ ပိုင္လီေျပာလာသည္မွာ...
"နည္းနည္းေနာက္က်တာက ကိစၥမရွိပါဘူး မဟုတ္လည္း ကြၽန္ေတာ္တို႔ ၿမိဳ႕မွာအိပ္ရမွာပဲ ၿမိဳ႕ေလးကေသးေပမယ့္ ေတာဝက္သားဝယ္ခ်င္သူတခ်ိဳ႕ ရွိေနနိုင္တယ္ေလ ၿမိဳ႕ေလးထဲကျဖတ္သြားရင္ ေၾကျငာၿပီးသားရၿပီး သူတို႔ေတြဆိပ္ကမ္းၿမိဳ႕ကိုလိုက္ဝယ္နိုင္တာေပါ့"
ဒီရွင္းျပခ်က္သည္ အလြန္ယုတၱိရွိသျဖင့္ သူတို႔၏သံသယမ်ားပင္ ကြယ္ေပ်ာက္သြားက်ၿပီး ၿမိဳ႕ေလးထဲကျဖတ္သြားက်ဖိဳ႕သေဘာတူလိုက္က်သည္။ ပိုင္လီသည္လည္း အလြန္ေပ်ာ္႐ႊင္ေနပါ၏။ သူေရာက္ထဲက သူ႕လက္ထဲမွာ ေငြတစ္ျပားေတာင္မရွိေတာ့ဘူး။ ဒီေတာဝက္ႀကီးေတြေရာင္းၿပီးရင္ေတာ့ သူေငြရလာလိမ့္မယ္။
သူ႕မွာေငြမရွိဖူးေသးေပမယ့္ မွတ္ညာဏ္ေတြထဲကတစ္ဆင့္ေတာ့ ေငြေၾကးလည္ပတ္ပုံကိုသိခဲ့ၿပီးသားပင္။
ေၾကးျပားတစ္ေထာင္က ေငြတစ္ေခ်ာင္းတန္ၿပီး ေငြေခ်ာင္းတစ္ေထာင္က ေ႐ႊတစ္ေခ်ာင္းတန္သည္။
ပိုင္လီ၏ခန့္မွန္းခ်က္အရေတာ့ ဒီေတာဝက္ေတြက ေငြေခ်ာင္းေထာင္ေက်ာ္ရပါလိမ့္မယ္။
ထိုသို႔အေတြးျဖင့္ေပ်ာ္႐ႊင္ေနတုန္းမွာပင္ သူတို႔၏ ေတာဝက္မ်ားျဖင့္လွ်ံေနေသာလွည္းက ၿမိဳ႕ေလးထဲဝင္လာၿပီျဖစ္သည္။ အဲဒီေနာက္မွာေတာ့ ၿမိဳ႕ထဲကလူအားလုံးရဲ႕အၾကည့္ေတြက ဒီေတာဝက္ေတြပါတဲ့လွည္းဆီကို ေရာက္လာပါေတာ့တယ္။
ၿမိဳ႕ထဲရွိလူမ်ားသည္ ဒီေတာဝက္မ်ားပါသည့္လွည္းေၾကာင့္ လႈပ္လႈပ္ရွားရွားျဖစ္သြားက်၏။ ပိုင္က်န္းက လွည္းရပ္လိုက္ရမလားေမးေပမယ့္ ပိုင္လီကလွည္းအား ယခင္အတိုင္းအျမန္သာေမာင္းဖို႔ေျပာလိုက္ေလသည္။
ဘယ္သူမွေျပးေမးမယ့္သူ မရွိဘူးဆိုတာကို ပိုင္လီကေတာ့မယုံပါဘူး။
ထင္သည့္အတိုင္းပင္ သိပ္မၾကာခင္ လူတခ်ိဳ႕က လွည္းေနာက္မွေျပးလိုက္လာက်ၿပီး ေအာ္ဟစ္လာက်ေလသည္။
"ေဟး!! လွည္းခဏရပ္ပါဦး! ေတာဝက္ေတြကေရာင္းမွာလား ဝယ္ဦးမယ္ေလ!"
သို႔ေသာ္ လွည္းကမရပ္သျဖင့္ ေနာက္ကေနသာေျပးလိုက္ေနက်ရရွာ၏။ (AN/ မနက္ခင္းဆိုင္ကယ္နဲ႕လာေရာင္းတဲ့ ေကာက္ညွင္းေပါင္းသည္ကိုသတိရ)
ပိုင္လီက လွည္းေနာက္ကေန ျပန္ေအာ္ေပးလိုက္ပါသည္။
"ဆိပ္ကမ္းၿမိဳ႕မွာသြားေရာင္းမလို႔! ဝယ္ခ်င္ရင္လိုက္ခဲ့ေလ!!"
ထိုအခါ လွည္းေနာက္လိုက္ေနသည့္ လူမ်ားမွာ ေခတၱမွ်အရွိန္ႏွေးသြားက်ေသာ္လည္း သိပ္မၾကာခင္ ျပန္ေအာ္လာက်၏။
"ေငြယူၿပီးလိုက္လာခဲ့မယ္ ငါ့အတြက္ခ်န္ထားေပးဦး!!"
"ငါ့အတြက္ေရာပဲေနာ္! ငါအျမန္လာခဲ့မွာ!!"
"ငါတို႔ေရာပါတယ္ေဟ့!"
"ငါတို႔အတြက္လည္းခ်န္ထားေပးပါဦး!"
"မင္းမ်ားမ်ားခ်န္ထားရမွာေနာ္! ငါကအမ်ားႀကီးဝယ္မွာ!"
သို႔ေသာ္ လွည္းမွာ အရွိန္ႏွင့္ေမာင္းထြက္သြားၿပီး ပိုင္လီ၏ က်ယ္ေလာင္ေသာ "ေကာင္းပါၿပီ"ဟူသည့္ အသံႀကီးသာ ၿမိဳ႕ေလးထဲက်န္ေနခဲ့သည္။
သို႔ေပမယ့္ ၿမိဳ႕ေလးထဲတြင္ ဆိပ္ကမ္းၿမိဳ႕၌ေတာဝက္သားေရာင္းမည္ဟူေသာသတင္းက ျပန့္သြားၿပီျဖစ္သျဖင့္ အသားလိုခ်င္သူမ်ားမွာ ဆိပ္ကမ္းၿမိဳ႕သို႔သြားရန္ စိုင္းျပင္းေနက်ေတာ့၏။
ေစ်းထဲမွာ ရိုးရိုးဝက္သားကိုဝယ္နိုင္ေပမယ့္ ေတာဝက္သားနဲ႕ဘယ္လိုလုပ္ယွဥ္နိုင္မွာလဲ။ ေတာဝက္ေတြက တစ္ႏွစ္ေနလို႔တစ္ခါေတာင္ေပၚလာတာမဟုတ္ေတာ့ သူတို႔ေတြ ေျပးဝယ္ရန္သာရွိပါေတာ့တယ္။
ပိုင္လီ၏ ခန့္မွန္းခ်က္အရ လွည္းသည္ ဆိပ္ကမ္းၿမိဳ႕သို႔ သုံးနာရီေက်ာ္၊ေလးနာရီနီးပါးခန့္တြင္မွ ေရာက္ရွိခဲ့သည္။ ဒါေတာင္ သူတို႔ေတြ အရွိန္ကုန္တင္လာတာျဖစ္ၿပီး ပုံမွန္အရွိန္ႏွင့္သာသြားေနပါက ေမွာင္သြားမည္ကိုပင္ေၾကာက္ရ၏။
ဆိပ္ကမ္းၿမိဳ႕ထဲကလူေတြရဲ႕ တုန့္ျပန္ခ်က္ကလည္း ၿမိဳ႕ငယ္ေလးနဲ႕ထူးမျခားနားပါပင္။ ရလဒ္အေနနဲ႕ လွည္းေနာက္တြင္ လူမ်ားပါလာၿပီး က်ယ္ဝန္းေသာေနရာလပ္တစ္ခု၌ လမ္းရပ္လိုက္ခ်ိန္တြင္ လူေတြကအရမ္းမ်ားေနေလၿပီ။
လွည္းရပ္လိုက္တာျမင္ေတာ့ လူမ်ားက...
"ဒီကဦးႀကီးနဲ႕ညီေလးတို႔ ေတာဝက္ေတြကေရာင္းမွာလား အေကာင္လိုက္ေရာင္းခ်င္ရင္ ေငြေခ်ာင္းသုံးရာနဲ႕က်ဳပ္တစ္ေကာင္ဝယ္မယ္ေလ"
ပိုင္လီ၏ ႏႈတ္ခမ္းစြန္းေလးမ်ားက ထိုစကားေၾကာင့္ ေကာ့တတ္သြားေလသည္။ ေငြေခ်ာင္းသုံးရာတဲ့လား။ သူမွန္းထားတာရဲ႕တစ္ဝက္ေတာင္မရွိတာကို ေရာင္းစရာလား။
ထို႔ေၾကာင့္ ပိုင္လီက...
"ညီအကို ဒီေတာဝက္ေတြက ေရာင္းမွာပါ ဒါေပမယ့္ အေကာင္လိုက္ေတာ့မဟုတ္ဘူး မင္း လိုခ်င္တဲ့က်င္အေရတြက္ေတာ့ဝယ္လို႔ရပါတယ္"
ပိုင္လီစကားၾကားေတာ့မွ ေဘးကလူအုပ်ကလည်းစိတ်သက်သာရသွားကျ၏။ လူအမ်ားစုက အေကာင္လိုက္ဝယ္ဖို႔မတတ္နိုင္တဲ့အတြက္ က်င္အေရတြက္နဲ႕ပဲလိုခ်င္ၿပီး အကယ္၍ တစ္ေယာက္ေယာက္က အေကာင္လိုက္ဝယ္သြားရင္ သူတို႔မဝယ္နိုင္ေတာ့ဘူးေလ။
လူအုပ္ထဲကတစ္ေယာက္က ပိုင္လီတို႔ ေရႏြေးတည္ဖို႔မီးေမႊးေနတာျမင္ေတာ့ ေမးလာသည္။
"ဒီကညီေလး မင္းေရႏြေးတည္ၿပီး အေမႊးေတြဖယ္ဦးမွာမလား ဒါဆိုငါတို႔အိမ္ျပန္ၿပီး ေငြသြားယူလိုက္ဦးမယ္ တစ္က်င္ကိုဘယ္ေလာက္နဲ႕ေရာင္းမွာလဲ"
ထိုအခါ ပိုင္လီကလည္း ျပန္ေျဖလိုက္၏။
"တစ္က်င္ခ်င္းေတာ့မေရာင္းပါဘူး အနည္းဆုံး သုံးက်င္ကေနစဝယ္လို႔ရပါတယ္ သုံးက်င္ကို ေငြငါးေခ်ာင္းပါ ဒီကအစ္ကိုတို႔အစ္မတို႔ ေငြျပန္ယူရင္ ၿမိဳ႕ထဲက မသိေသးတဲ့တျခားလူေတြကို သတင္းပါးေပးပါဦးဗ်ာ"
လူအုပ္ကပိုင္လီရဲ႕ေနာက္ဆုံးစကားေတြကို မၾကားလိုက္ရဘူး။ ေငြငါးေခ်ာင္းဆိုတဲ့စကားနဲ႕တင္ လန့္လြန္းလို႔ထခုန္မိသြားက်သည္။
လူအုပ္တင္လန့္သြားတာမဟုတ္ပဲ ပိုင္သားအဖနဲ႕က်န္းသားအဖပါ လန့္သြားက်တာပင္။ ပိုင္လီအနားေရာက္ေနတဲ့ ေနတဲ့႐ြာအႀကီးကဲဆိုရင္ ေျခတစ္လွမ္းပင္ေနာက္ဆုတ္မိသြားၿပီး စိတ္ထဲ၌ေျပာမိသည္မွာ...
တစ္က်င္ကို ေငြတစ္ေခ်ာင္းက သင့္ေတာ္တဲ့ေပါက္ေစ်းျဖစ္ၿပီး မင္းက သုံးက်င္မွာ ေငြငါးေခ်ာင္းလိုခ်င္ေနတယ္ေပါ့။ မင္း လမ္းေပၚထြက္ဓားျပတိုက္ေနတယ္လို႔ လူေတြေျပာမွာမေၾကာက္ဘူးလား။
ပိုင္အေဖကလည္း သူ႕သားေစ်းေတာင္းတာအနည္းငယ္မ်ားေန၍ ပိုင္လီအကၤ်ီလက္အားဆြဲေနေသာ္လည္း ပိုင္လီကမူ မသိခ်င္ေယာင္ေဆာင္ေနေလသည္။
လူအုပ္ထဲမွ အနည္းငယ္သားသားနားနားဝတ္ထားေသာ လူမွလည္း...
"ဒီကညီေလး သုံးက်င္ကိုေငြငါးေခ်ာင္းက နည္းနည္းမမ်ားဘူးလား"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန့္😇
.................................................................
(AN/ စပရိုက္!)