Villain is Your Husband (seas...

By DoubelCandy

634K 38.4K 3K

Unicode "ငါတို့အတ္တလေးတွေလျော့ကြရအောင်လားမောင်" "အတ္တ...ဟက် ကျုပ်မှာခင်ဗျားနဲ့ပက်သက်ပြီးအတ္တထားစရာအကြောင်းမှမ... More

ep1
ep2
ep3
ep4
ep5
ep6
ep7
ep8
ep9
ep10
ep11🔞
ep12
ep13
ep14
ep15
ep16
ep17
ep18
ep19
ep20
ep21
ep22
ep23
ep24
ep25
ep26
ep27
ep29
ep30
ep31
ep32
ep33
ep34
ep35(Final)
extra

ep28

15.3K 1K 42
By DoubelCandy

Unicode

"ဖေ"

ရစ်ရစ်တစ်ယောက်မနေ့ထဲကငိုပြီးဒီ​​နေ့ နေမကောင်းဖြစ်သည်။ပြန်ရောက်ထဲက သူ့ကိုစကားမပြောတဲ့ဖအေကို တစ်ခေါ်ခေါ်နဲ့။ယခုခက်မုန်းစေရာ ရစ်ရစ်နေမကောင်းတာမို့အတူရှိနေသော်လည်းမျက်နှာတည်ကာဒီတိုင်းဘာစကားမှမပြောဘဲနေလိုက်တော့သည်။ကလေးကငယ်သေးတယ်ဆိုပေမယ့် ဘယ်လောက်ဆိုးလည်းဆိုတာခင်ဗျားတို့အသိဆုံး

"ဦးခက်မုန်း သားကိုစကားနည်းနည်းပြောပါအုံး"

Dပေါင်ပေါ်မှာမျက်နှာငယ်လေးနဲ့လှဲနေတဲ့ကလေးကိုတစ်ချက်ကြည့်ကာအကြည့်လွဲလိုက်သည်။ကြောက်ပေါက်လေးကဥာဏ်နီဥာဏ်နက်တွေများနေလွန်းသည်။ဖျားသာဖျားတာ

"အရုပ်မတွေ ဝယ်ခိုင်းအုံးမလား ရစ်ရစ်"

ခက်မုန်းစေရာ ခပ်တည်တည်မေးတော့မျက်လုံးလေးတွေမှိတ်ပြီးအိပ်ချင်ယောင်ဆောင်သွားသည်။အဲ့ဒါကိုDကအသည်းယားသွားဟန်သူ့ပါးကိုတဖွဖွနမ်းသည်။

"ဖေ"

ခပ်တိုးတိုးထွက်လာတဲ့အသံသေးသေးကြောင့်အကုန်လုံးကမျက်နှာမကောင်းကြတော့။ခက်မုန်းစေရာကိုယ်တိုင်လည်းသားကိုသနားသွားသည်။ဘာဘဲဖြစ်ဖြစ် သားကငယ်သေးတာဘဲ။အများကြီးဖိအားပေးလို့မရမှန်းခက်မုန်းစေရာနားလည်ပါတယ်

"ဖေ"

နောက်တစ်ကြိမ်ခေါ်မှုမှာတော့သားမျက်ဝန်းမှာအရည်တွေပြည့်လျှံလာတော့သည်။ခက်မုန်းစေရာ သားကိုချီလိုက်ပြီးပါးကိုဖွဖွလေးတစ်ချက်နမ်းလိုက်သည်။အနည်းငယ်နွေးတေးတေးဖြစ်နေတဲ့ပါးပြင်ကြောင့်ကိုယ်ကို့ကိုယ်သာဒေါသထွက်မိတော့သည်။

"ဖေ တောင်းပန်ပါတယ် ရစ်ရစ်"

ရင်ဘက်ကိုခေါင်းလေးအပ်ကာသားကငြိမ်သွားသည်။အသက်ရှူသံတိုးတိုးလေးကအိပ်ပျော်သွားဟန်။ခက်မုန်းစေရာပြုံးသွားသည်။ဒီကလေးတက်လည်းတက်နိုင်သည်။ခန္ဓာကိုယ်လေးကိုအသာပွေ့ချီပြီး သူ့အိပ်ရာပေါ်တင်ပေးတော့မျက်လုံးတွေပွင့်လာသည်။

"ဖေ"

"ဖေပါအတူအိပ်ပေးမှာကျွတ်!ကျွတ် ပြန်အိပ် ပြန်အိပ်"

အိပ်ယာပေါ်ဝင်လှဲပြီးစိတ်တိုင်းကျရင်ခွင်ထဲသွင်းကာသူပါရောအိပ်လိုက်သည်။keiတို့ကိုတော့မောင်ဘဲလိုက်ပို့သည်။Daxတို့အဖွဲ့လည်းရစ်ရစ်အိပ်သွားတာမို့ကိုယ့်အိမ်ကိုယ်ပြန်လာကြတော့သည်။ခက်မုန်းစေရာ နွေးတေးတေးဖြစ်နေတဲ့အကောက်ပေါက်လေးကြောင့် အိပ်လို့မပျော်။သားအိပ်ရေးဝစေရန်အတွက်မလှုပ်ဘဲငြိမ်ငြိမ်လေးသူ့သဘောကျနေပေးလိုက်သည်။

"Baby"

"ရှူး!သားအိပ်နေတယ်"

"ဘာစားချင်လည်း
မောင်ချက်ပေးမယ်"

မောင့်စကားကြောင့်ခက်မုန်းစေရာ အလန့်တကြားကြည့်မိသည်။သားကဒုက္ခပေးလိုက်ဖအေကဒုက္ခပေးလိုက်ဆိုရင်တကယ်ရူးဖို့ဘဲကျန်တော့သည်။ငချွဲပိစိလေးကတစ်နေ့ကုန်ဂျီကျအုံးမှာ။

သူ့မီးဖိုချောင်ကိုတော့မီးလောင်တိုက်မသွင်းနိုင်။ပြန်လည်းမရှင်းနိုင်သေး။ဒီနေ့တော့ဟိုဘက်အိမ်မှာသွားစားဖို့ စဥ်းစားနေတာ။

"ငါဘာမှစားချင်စိတ်မရှိပါဘူးမောင်
ဟိုဘက်အိမ်မှာဘဲသွားစားရအောင်"

"Babyပါနေမကောင်းဖြစ်နေတာလား"

နဖူးပေါ်ရောက်လာတဲ့မောင်လက်တွေက
သူ့နဖူးကိုတစ်လှည့်ကိုယ်နဖူးကိုတစ်လှည့်ပြန်စမ်းနေတဲ့မောင်ကိုဘာမှဆက်မပြောနိုင်

"ကိုယ်လည်းမပူပါဘူး
ဘယ်နားနေလို့မကောင်းလို့လည်း ဟင်
မောင်ကိုပြောလေ"

"ကောင်းပါတယ်မောင်ရယ်
ပြီးတော့မောင်လည်းပင်ပန်းတယ်
ငါတို့နဲ့လာအိပ်"

ခက်မုန်းစေရာပြောတော့မောင်ကစဥ်းစားသလိုတစ်ချက်ဖြစ်သွားသည်။အဓိကကသူ့မီးဖိုချောင်လေးဘာမှမဖြစ်ဖို့ဘဲ

"မောင် Babyအတွက်ဟင်းချက်ပေးအုံးမယ်"

"မောင်မချက်တတ်ဘူးလေ"

"Baby ခင်ဗျား မောင့်ကိုမယုံတာလား"

မျက်ခုံးနှစ်ဖက်ကိုစုကျုံ့ပြီခုမှသဘောပေါက်သွားဟန်ပြောလာသည်။ခက်မုန်းစေရာပြာပြာသလဲမျက်နှာမျိုးနဲ့သာငြင်းဆန်လိုက်သည်။နောက်ဆုံးစိတ်လျော့လိုက်တော့သည်။

"သွားချက် မောင်"

"မောင်အမြန်ဆုံးချက်ပြီး ပြန်လာခဲ့မယ်"

ပြေးထွက်သွားတဲ့မောင့်ကြောင့်ခက်မုန်းစေရာကြည်နူးမိပြန်သည်။သူ့သာအရင်ထဲကအတ္တတွေလျော့ခဲ့ရင်မောင်ပိုပျော်လောက်မယ်ထင်သည်။လက်ရှိအချိန်ထိသူကအတ္တတွေကကြီးထွားနေဆဲ။ခုတော့လူသားသေးသေးလေးပါပါလာသည်။

ရစ်ရစ်ကိုအနာဂတ်မှာဘယ်လိုထိန်းကျောင်းရမလည်း၊သေချာတာတော့အန်ယိမ်းတို့Laxကိုဆုံးမသလိုစကားအေးအေးလေးတွေနဲ့မရဘူးဆိုတာသိသည်။သူ့သားရဲ့စရိုက်ကပြောပြရုံနဲ့ရမှာမဟုတ်။ငယ်ငယ်လေးနဲ့တစ်ခုခုဆိုလုပ်ချင်တယ်။စူးစမ်းချင်တယ်။ဒါကြောင့်မို့ကလေးကထိန်းသိမ်းရခက်မယ်ဆိုတာတဖြည်းဖြည်းသဘောပေါက်လာသည်။

ရိုးရှင်းစွာနဲ့ဘဲရစ်ရစ်အပေါ်အတ္တမထားမိအောင်ကြိုးစားနေမိသည်။ငယ်ရွယ်တဲ့အချိန်မှာရစ်ရစ်ကိုမိဘစကားနားထောင်တဲ့ကလေးထက်သူအသိတရားလေးနဲ့သူ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာဘဲသင်ကြားပြသသွားမည်။သားဖြစ်ချင်တာကိုပံ့ပိုးသွားပြီး။မသင့်လျော်တဲ့အရာဆို တားနိုင်သ​လောက်တားမည်။

ကလေးကို လွတ်လွတ်လပ်လပ်နေစေချင်သည်။ဘာဖြစ်စေချင်တယ်ညာဖြစ်စေချင်တယ်ခက်မုန်းစေရာမှာမရှိ။သူလုပ်ချင်တာလုပ်ပါစေ။တစ်ခုရှိတာကလုပ်ပြီးသွားရင်တော့အကျိုးဆက်ကဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေသူလက်ခံရမည်။ဒါမှလည်းနောက်တစ်ခါလုပ်ဖို့ဆင်ခြင်တုံ့တရားရသွားမည်ထင်။

"ဖေ သားလေးသာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပေးပါ"

သားကLaxလေးနဲ့မတူ
ကျန်းမာရေးလည်းချူချာသည်။သေးသေးကွေးကွေးလေးမို့အထူးဂရုစိုက်ရသည်။သားငယ်ငယ်ကဆို တစ်ခုခုဖြစ်မှာဆိုးလို့နှစ်ယောက်သားအိပ်မရခဲ့တဲ့ညတွေတောင်ရှိသည်။ကျန်းမာရေးသည်သာအဓိကမို့ သားကိုပြည့်ပြည့်ဝဝလေးနဲ့ကျန်းမာရေးကောင်းစွာပြုစုပျိုးထောင်မည်။ပိတ်ပင်တာမဟုတ်ပေမယ့်မလုပ်သင့်တဲ့အရာကိုတော့ငယ်ရွယ်တဲ့အချိန်မှာပိတ်ပင်ထားမည်။

"Babyရပြီး"

"လာပြီး မောင်
ဘာလုပ်ထားလို့လည်း"

"သုံးထပ်သားကင်ပေးထားတာ
မောင်လည်း သိပ်မလုပ်တတ်တော့ ဟဲ"

ခေါင်းလေးကုပ်ကာပြောတဲ့မောင့်ကိုအချစ်ပိုမိသည်။မကောင်းမှာဆိုးလို့ထင်သည်။ဒါလေးဘဲလုပ်ပေးပုံအရ

"ဖေ အင့်"

လက်သေးသေးလေးတွေ အင်္ကျီစကိုဆွဲထားသည်။နေမကောင်းတာမို့မျက်ဝန်းလေးတွေရီဝေဝေဖြင့်။နည်းနည်းဘဲအိပ်ထားတဲ့ကလေးက နိုးလာတာနဲ့ချွဲစိန်လေးလုပ်တော့သည်။

"Daddyမင်းသားလေးနိုးပြီးပေါ့"

ချေဘင်းညတန်သားကိုပွေ့ချီပြီးနမ်းရှိုက်ကာမေးလိုက်သည်။မနည်းပြုံးသွားပုံအရသားကချွဲချင်နေပြီထင်သည်။ပခုံးပေါ်ခေါင်းလေးမှီထားသည်။ကိုယ်ငွေ့နွေးနွေးလေးကြောင့်မျက်ရည်လည်ချင်သွားသည်။အမှန်ဆိုမကြိုက်ပါ။သားဖျားတာကိုလုံးဝမကြိုက်။သားကိုကျန်းကျန်းမာမာလေးဘဲဖြစ်စေချင်သည်။

"Daddyသားလေး သုံးထပ်သားစားမလား"

မေးတော့သားကအမူအယာမပြဘဲပခုံးပေါ်ခေါင်းလေးတင်ထားဆဲ။မျက်နှာညိုးငယ်နေတဲ့Babyကိုခေါ်ကာထမင်းစားခန်းထဲအတူတူဝင်လိုက်သည်။

"စားကြည့် Babyကျုပ်သေချာကင်ပေးထားတာ"

အသားတွေကိုချပေးတော့Babyကနှုတ်ခမ်းလေးဆူကာစားသည်။ပခုံးပေါ်ခေါင်းတင်ထားတဲ့သားသားက အရင်ကဆိုသုံးထပ်သားဆိုခေါင်းတုံအောင်ကြိုက်တာ

"ရစ်ရစ်ရေ အာ"

ခေါင်းခါပြတဲ့ကလေးကြောင့်ခက်မုန်းစေရာစားလက်စတွေတောင်မဝင်တော့။သူ့သားလေးတကယ်ဂျီကျနေတာဘဲ။မစားချင်တော့ပေမယ့်မောင်သေချာကင်ပေးထားတာမို့ခပ်မြန်မြန်စားလိုက်သည်။

"ရစ်ရစ် Cakeစားမလား"

ဘာမှမပြောဘဲ မှေးနေတဲ့ကလေးကြောင့်စားလက်စကိုရပ်လိုက်သည်။သူလည်းဘယ်လိုမှစားမဝင်တော့သူ့သားလေးဒီနေ့ဘာမှမစားရသေးဘူးလေ။မောင့်ကိုကြည့်မိတော့ မျက်နှာမကောင်းတော့

"ရစ်ရစ် ဖေဆီလာ"

ခက်မုန်းစေရာခေါ်တော့သူ့Daddyလည်ပင်းကိုတင်းနေအောင်ဖက်ထားသည်။သဘောကသူမလိုက်ဘူးပေါ့။ဒီတစ်ခါတော့ဒီကလေး အရင်ကထက်အများကြီးငိုင်သွားတာမို့ဖခင်နှစ်ယောက်ခင်ဗျာ ရတက်မအေးနိုင်ဖြစ်သွားရတော့သည်။

"ရစ်ရစ် Daddyတို့ရုပ်ရုပ်နဲ့ကစားမလား"

"အင့်!"

သားကိုကော်ဇော်အနုပေါ်ချကာပက်လက်လေးလန်ထားလိုက်သည်။မနေ့ကငိုထားပြီးသူ့ဖေဖေကိုချော့တာပင်ပန်းသွားပြီးထင် မှောက်လည်းမမှောက် ထိုင်လည်းမထိုင်တော့ သူချပေးထားတဲ့အတိုင်လေးဘဲနေနေတော့သည်။

"Daddyသားလေး ပင်ပန်းနေတာလား"

ပါးလေးကိုခပ်မွမွနမ်းကာချော့မြှူပြီး​မေးလိုက်သည်။အနည်းငယ်ပြုံးလာတဲ့သားကစိတ်ကြည့်လာပုံရသည်။

"Daddy တို"

"ကိုကို့ကို ခေါ်ပေးရမလား
Daddyသားက ကိုကို့ကိုလွမ်းနေတာလား"

ခေါင်းငြိမ့်ပြတဲ့ကလေးကြောင့်ဦးခက်မုန်းရာကိုကြည့်လိုက်သည်။ခေါင်းငြိမ့်ပြတဲ့ Babyကလည်းရစ်ရစ်အတွက်စိတ်မကောင်းဘူးထင်သည်။သားကလည်းအများကြီးပင်ပန်းနွမ်းနယ်နေတာမို့နှစ်ယောက်သောကရောက်နေတာတော့အမှန်။သားသဘောအတိုင်း ဟိုဘက်အိမ်ကိုသားကိုချီကာကူးရတော့သည်။

"ရစ်ရစ်လေးနိုးလာပြီးလား"

ဦးစွာEကအရင်တွေ့တော့ရစ်ရစ်ကိုချီချင်သည်။
သူ့ကိုဘဲကပ်ထားတဲ့ရစ်ရစ်ကဘယ်သူ့လက်ထဲမှလိုက်ချင်ဟန်မတူ။Eကိုမမြင်ချင်ယောင်ဆောင်ထားသည်။

"ရစ်ရစ်လေး သက်သာသွားပြီးလား"

ထပ်မံ၍ခန့်ထည်အမေးကိုသုံးယောက်လုံးမဖြေနိုင်ပါ။ခါတိုင်းနဲ့မတူစွာတိတ်ဆိတ်နေတဲ့ကလေးကြောင့်သူတို့လည်း စိတ်ပူနေရသည်မဟုတ်လား။သူ့တို့ကလေးလေးက အရင်ကဆိုသူတို့ခေါ်တာနဲ့တန်းလိုက်ပြီးပြုံးရယ်တတ်နေတာကို

"Laxလေးရော အန်ယိမ်း"

"သားကြီးအိပ်နေတယ်
ဘာလုပ်မို့လည်း"

"ရစ်ရစ် သူ့ကိုကို့ကိုမေးနေလို့"

"သွားနိုးပေးရမလား"

အန်ယိမ်းစကားကိုခက်မုန်းခေါင်းခါပြလိုက်သည်။ဖျားနေတာမို့အဖျားကူးမှာလည်းစိုးရိမ်သည်။သားကြီးလည်းဒီကလေးလေးကြောင့်အများကြီးပင်ပန်းနေပြီးလေ

"ဖေဖေ ရစ်ရစ်ပြန်မကောင်းသေးဘူးလား"

ဘယ်ချိန်ထဲကရောက်လာမှန်းမသိတဲ့Laxကရစ်ရစ်အကြောင်းမေးလာသည်။အိပ်စုတ်ဖွာလေးဖြစ်နေတဲ့ဆံနွယ်လေးကိုပွတ်သပ်ပေးလိုက်သည်။ရစ်ရစ်ကတော့ သူ့Daddyလက်ထဲမှာ Laxလေးအသံကြားထဲကမျက်လုံးအရောင်လေးတွေတောက်ပလာသည်။

"သားသား ကိုကိုလက်ထဲနေလို့မရဘူးနော် ကိုကိုအဖျားကူးလိမ့်မယ်"

သူ့Daddyလက်ထဲကနေLaxထံလိုက်ချင်နေပြီးထင်သည်။အနည်းငယ်လှုပ်ရှားလာသည်။

"သားကအားအများကြီးရှိတာမို့မဖျားပါဘူးDaddyချေ"

Laxစကားကြောင့် အားလုံးမှာပါးစပ်အဟောင်းသား။ပြောပါတယ် ရစ်ရစ်ကိုသည်းကဲတဲ့ထဲမှာDaxသားLaxကအဆိုးဆုံးပါဆို

"ငါ့သားကိုပေးချီလိုက်ပါ ချေဘင်းရာ"

Daxလည်းမနေသာဘဲဝင်ပြောရတော့သည်။ရစ်ရစ်ကိုမကြည့်ရက်တော့ဘူး။အဲ့ကလေးလေးမျက်နှာညိုးရင်တကယ်မနေတတ်မထိုင်တတ်ဖြစ်ရသည်။ချေဘင်းကလည်းရစ်ရစ်ကိုLaxလက်ထဲထည့်ပေးတော့သည်။

"ကိုကို့ကလေးလေးဖျားနေတာဘဲ မွ!"

ရစ်ရစ်ကသေးတာမို့ 6နှစ်သားLaxကသားကိုသေချာထိန်းနိုင်သည်။အနောက်ကလူကြီးတွေကြည့်စရာတောင်မလို။ရစ်ရစ်ကလည်းမျက်နှာလေးပြန်လန်းလာတာမို့အားလုံးသက်ပြင်းချလိုက်ကြတော့သည်။

Zawgyi

"ေဖ"

ရစ္ရစ္တစ္ေယာက္မေန႕ထဲကငိုၿပီးဒီေန႕ ေနမေကာင္းျဖစ္သည္။ျပန္ေရာက္ထဲက သူ႕ကိုစကားမေျပာတဲ့ဖေအကို တစ္ေခၚေခၚနဲ႕။ယခုခက္မုန္းေစရာ ရစ္ရစ္ေနမေကာင္းတာမို႔အတူရွိေနေသာ္လည္းမ်က္ႏွာတည္ကာဒီတိုင္းဘာစကားမွမေျပာဘဲေနလိုက္ေတာ့သည္။ကေလးကငယ္ေသးတယ္ဆိုေပမယ့္ ဘယ္ေလာက္ဆိုးလည္းဆိုတာခင္ဗ်ားတို႔အသိဆုံး

"ဦးခက္မုန္း သားကိုစကားနည္းနည္းေျပာပါအုံး"

Dေပါင္ေပၚမွာမ်က္ႏွာငယ္ေလးနဲ႕လွဲေနတဲ့ကေလးကိုတစ္ခ်က္ၾကည့္ကာအၾကည့္လြဲလိုက္သည္။ေၾကာက္ေပါက္ေလးကဥာဏ္နီဥာဏ္နက္ေတြမ်ားေနလြန္းသည္။ဖ်ားသာဖ်ားတာ

"အ႐ုပ္မေတြ ဝယ္ခိုင္းအုံးမလား ရစ္ရစ္"

ခက္မုန္းေစရာ ခပ္တည္တည္ေမးေတာ့မ်က္လုံးေလးေတြမွိတ္ၿပီးအိပ္ခ်င္ေယာင္ေဆာင္သြားသည္။အဲ့ဒါကိုDကအသည္းယားသြားဟန္သူ႕ပါးကိုတဖြဖြနမ္းသည္။

"ေဖ"

ခပ္တိုးတိုးထြက္လာတဲ့အသံေသးေသးေၾကာင့္အကုန္လုံးကမ်က္ႏွာမေကာင္းၾကေတာ့။ခက္မုန္းေစရာကိုယ္တိုင္လည္းသားကိုသနားသြားသည္။ဘာဘဲျဖစ္ျဖစ္ သားကငယ္ေသးတာဘဲ။အမ်ားႀကီးဖိအားေပးလို႔မရမွန္းခက္မုန္းေစရာနားလည္ပါတယ္

"ေဖ"

ေနာက္တစ္ႀကိမ္ေခၚမႈမွာေတာ့သားမ်က္ဝန္းမွာအရည္ေတြျပည့္လွ်ံလာေတာ့သည္။ခက္မုန္းေစရာ သားကိုခ်ီလိုက္ၿပီးပါးကိုဖြဖြေလးတစ္ခ်က္နမ္းလိုက္သည္။အနည္းငယ္ႏြေးေတးေတးျဖစ္ေနတဲ့ပါးျပင္ေၾကာင့္ကိုယ္ကို႔ကိုယ္သာေဒါသထြက္မိေတာ့သည္။

"ေဖ ေတာင္းပန္ပါတယ္ ရစ္ရစ္"

ရင္ဘက္ကိုေခါင္းေလးအပ္ကာသားကၿငိမ္သြားသည္။အသက္ရႉသံတိုးတိုးေလးကအိပ္ေပ်ာ္သြားဟန္။ခက္မုန္းေစရာၿပဳံးသြားသည္။ဒီကေလးတက္လည္းတက္နိုင္သည္။ခႏၶာကိုယ္ေလးကိုအသာေပြ႕ခ်ီၿပီး သူ႕အိပ္ရာေပၚတင္ေပးေတာ့မ်က္လုံးေတြပြင့္လာသည္။

"ေဖ"

"ေဖပါအတူအိပ္ေပးမွာကြၽတ္!ကြၽတ္ ျပန္အိပ္ ျပန္အိပ္"

အိပ္ယာေပၚဝင္လွဲၿပီးစိတ္တိုင္းက်ရင္ခြင္ထဲသြင္းကာသူပါေရာအိပ္လိုက္သည္။keiတို႔ကိုေတာ့ေမာင္ဘဲလိုက္ပို႔သည္။Daxတို႔အဖြဲ႕လည္းရစ္ရစ္အိပ္သြားတာမို႔ကိုယ့္အိမ္ကိုယ္ျပန္လာၾကေတာ့သည္။ခက္မုန္းေစရာ ႏြေးေတးေတးျဖစ္ေနတဲ့အေကာက္ေပါက္ေလးေၾကာင့္ အိပ္လို႔မေပ်ာ္။သားအိပ္ေရးဝေစရန္အတြက္မလႈပ္ဘဲၿငိမ္ၿငိမ္ေလးသူ႕သေဘာက်ေနေပးလိုက္သည္။

"Baby"

"ရႉး!သားအိပ္ေနတယ္"

"ဘာစားခ်င္လည္း
ေမာင္ခ်က္ေပးမယ္"

ေမာင့္စကားေၾကာင့္ခက္မုန္းေစရာ အလန့္တၾကားၾကည့္မိသည္။သားကဒုကၡေပးလိုက္ဖေအကဒုကၡေပးလိုက္ဆိုရင္တကယ္႐ူးဖို႔ဘဲက်န္ေတာ့သည္။ငခြၽဲပိစိေလးကတစ္ေန႕ကုန္ဂ်ီက်အဳံးမွာ။

သူ႕မီးဖိုေခ်ာင္ကိုေတာ့မီးေလာင္တိုက္မသြင္းနိုင္။ျပန္လည္းမရွင္းနိုင္ေသး။ဒီေန႕ေတာ့ဟိုဘက္အိမ္မွာသြားစားဖို႔ စဥ္းစားေနတာ။

"ငါဘာမွစားခ်င္စိတ္မရွိပါဘူးေမာင္
ဟိုဘက္အိမ္မွာဘဲသြားစားရေအာင္"

"Babyပါေနမေကာင္းျဖစ္ေနတာလား"

နဖူးေပၚေရာက္လာတဲ့ေမာင္လက္ေတြက
သူ႕နဖူးကိုတစ္လွည့္ကိုယ္နဖူးကိုတစ္လွည့္ျပန္စမ္းေနတဲ့ေမာင္ကိုဘာမွဆက္မေျပာနိုင္

"ကိုယ္လည္းမပူပါဘူး
ဘယ္နားေနလို႔မေကာင္းလို႔လည္း ဟင္
ေမာင္ကိုေျပာေလ"

"ေကာင္းပါတယ္ေမာင္ရယ္
ၿပီးေတာ့ေမာင္လည္းပင္ပန္းတယ္
ငါတို႔နဲ႕လာအိပ္"

ခက္မုန္းေစရာေျပာေတာ့ေမာင္ကစဥ္းစားသလိုတစ္ခ်က္ျဖစ္သြားသည္။အဓိကကသူ႕မီးဖိုေခ်ာင္ေလးဘာမွမျဖစ္ဖို႔ဘဲ

"ေမာင္ Babyအတြက္ဟင္းခ်က္ေပးအုံးမယ္"

"ေမာင္မခ်က္တတ္ဘူးေလ"

"Baby ခင္ဗ်ား ေမာင့္ကိုမယုံတာလား"

မ်က္ခုံးႏွစ္ဖက္ကိုစုက်ဳံ႕ၿပီခုမွသေဘာေပါက္သြားဟန္ေျပာလာသည္။ခက္မုန္းေစရာျပာျပာသလဲမ်က္ႏွာမ်ိဳးနဲ႕သာျငင္းဆန္လိုက္သည္။ေနာက္ဆုံးစိတ္ေလ်ာ့လိုက္ေတာ့သည္။

"သြားခ်က္ ေမာင္"

"ေမာင္အျမန္ဆုံးခ်က္ၿပီး ျပန္လာခဲ့မယ္"

ေျပးထြက္သြားတဲ့ေမာင့္ေၾကာင့္ခက္မုန္းေစရာၾကည္ႏူးမိျပန္သည္။သူ႕သာအရင္ထဲကအတၱေတြေလ်ာ့ခဲ့ရင္ေမာင္ပိုေပ်ာ္ေလာက္မယ္ထင္သည္။လက္ရွိအခ်ိန္ထိသူကအတၱေတြကႀကီးထြားေနဆဲ။ခုေတာ့လူသားေသးေသးေလးပါပါလာသည္။

ရစ္ရစ္ကိုအနာဂတ္မွာဘယ္လိုထိန္းေက်ာင္းရမလည္း၊ေသခ်ာတာေတာ့အန္ယိမ္းတို႔Laxကိုဆုံးမသလိုစကားေအးေအးေလးေတြနဲ႕မရဘူးဆိုတာသိသည္။သူ႕သားရဲ႕စရိုက္ကေျပာျပ႐ုံနဲ႕ရမွာမဟုတ္။ငယ္ငယ္ေလးနဲ႕တစ္ခုခုဆိုလုပ္ခ်င္တယ္။စူးစမ္းခ်င္တယ္။ဒါေၾကာင့္မို႔ကေလးကထိန္းသိမ္းရခက္မယ္ဆိုတာတျဖည္းျဖည္းသေဘာေပါက္လာသည္။

ရိုးရွင္းစြာနဲ႕ဘဲရစ္ရစ္အေပၚအတၱမထားမိေအာင္ႀကိဳးစားေနမိသည္။ငယ္႐ြယ္တဲ့အခ်ိန္မွာရစ္ရစ္ကိုမိဘစကားနားေထာင္တဲ့ကေလးထက္သူအသိတရားေလးနဲ႕သူ ဘာလုပ္ရင္ဘာျဖစ္မယ္ဆိုတာဘဲသင္ၾကားျပသသြားမည္။သားျဖစ္ခ်င္တာကိုပံ့ပိုးသြားၿပီး။မသင့္ေလ်ာ္တဲ့အရာဆို တားနိုင္သေလာက္တားမည္။

ကေလးကို လြတ္လြတ္လပ္လပ္ေနေစခ်င္သည္။ဘာျဖစ္ေစခ်င္တယ္ညာျဖစ္ေစခ်င္တယ္ခက္မုန္းေစရာမွာမရွိ။သူလုပ္ခ်င္တာလုပ္ပါေစ။တစ္ခုရွိတာကလုပ္ၿပီးသြားရင္ေတာ့အက်ိဳးဆက္ကဆိုးသည္ျဖစ္ေစေကာင္းသည္ျဖစ္ေစသူလက္ခံရမည္။ဒါမွလည္းေနာက္တစ္ခါလုပ္ဖို႔ဆင္ျခင္တုံ႕တရားရသြားမည္ထင္။

"ေဖ သားေလးသာ ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာေပးပါ"

သားကLaxေလးနဲ႕မတူ
က်န္းမာေရးလည္းခ်ဴခ်ာသည္။ေသးေသးေကြးေကြးေလးမို႔အထူးဂ႐ုစိုက္ရသည္။သားငယ္ငယ္ကဆို တစ္ခုခုျဖစ္မွာဆိုးလို႔ႏွစ္ေယာက္သားအိပ္မရခဲ့တဲ့ညေတြေတာင္ရွိသည္။က်န္းမာေရးသည္သာအဓိကမို႔ သားကိုျပည့္ျပည့္ဝဝေလးနဲ႕က်န္းမာေရးေကာင္းစြာျပဳစုပ်ိဳးေထာင္မည္။ပိတ္ပင္တာမဟုတ္ေပမယ့္မလုပ္သင့္တဲ့အရာကိုေတာ့ငယ္႐ြယ္တဲ့အခ်ိန္မွာပိတ္ပင္ထားမည္။

"Babyရၿပီး"

"လာၿပီး ေမာင္
ဘာလုပ္ထားလို႔လည္း"

"သုံးထပ္သားကင္ေပးထားတာ
ေမာင္လည္း သိပ္မလုပ္တတ္ေတာ့ ဟဲ"

ေခါင္းေလးကုပ္ကာေျပာတဲ့ေမာင့္ကိုအခ်စ္ပိုမိသည္။မေကာင္းမွာဆိုးလို႔ထင္သည္။ဒါေလးဘဲလုပ္ေပးပုံအရ

"ေဖ အင့္"

လက္ေသးေသးေလးေတြ အကၤ်ီစကိုဆြဲထားသည္။ေနမေကာင္းတာမို႔မ်က္ဝန္းေလးေတြရီေဝေဝျဖင့္။နည္းနည္းဘဲအိပ္ထားတဲ့ကေလးက နိုးလာတာနဲ႕ခြၽဲစိန္ေလးလုပ္ေတာ့သည္။

"Daddyမင္းသားေလးနိုးၿပီးေပါ့"

ေခ်ဘင္းညတန္သားကိုေပြ႕ခ်ီၿပီးနမ္းရွိုက္ကာေမးလိုက္သည္။မနည္းၿပဳံးသြားပုံအရသားကခြၽဲခ်င္ေနၿပီထင္သည္။ပခုံးေပၚေခါင္းေလးမွီထားသည္။ကိုယ္ေငြ႕ႏြေးႏြေးေလးေၾကာင့္မ်က္ရည္လည္ခ်င္သြားသည္။အမွန္ဆိုမႀကိဳက္ပါ။သားဖ်ားတာကိုလုံးဝမႀကိဳက္။သားကိုက်န္းက်န္းမာမာေလးဘဲျဖစ္ေစခ်င္သည္။

"Daddyသားေလး သုံးထပ္သားစားမလား"

ေမးေတာ့သားကအမူအယာမျပဘဲပခုံးေပၚေခါင္းေလးတင္ထားဆဲ။မ်က္ႏွာညိုးငယ္ေနတဲ့Babyကိုေခၚကာထမင္းစားခန္းထဲအတူတူဝင္လိုက္သည္။

"စားၾကည့္ Babyက်ဳပ္ေသခ်ာကင္ေပးထားတာ"

အသားေတြကိုခ်ေပးေတာ့Babyကႏႈတ္ခမ္းေလးဆူကာစားသည္။ပခုံးေပၚေခါင္းတင္ထားတဲ့သားသားက အရင္ကဆိုသုံးထပ္သားဆိုေခါင္းတုံေအာင္ႀကိဳက္တာ

"ရစ္ရစ္ေရ အာ"

ေခါင္းခါျပတဲ့ကေလးေၾကာင့္ခက္မုန္းေစရာစားလက္စေတြေတာင္မဝင္ေတာ့။သူ႕သားေလးတကယ္ဂ်ီက်ေနတာဘဲ။မစားခ်င္ေတာ့ေပမယ့္ေမာင္ေသခ်ာကင္ေပးထားတာမို႔ခပ္ျမန္ျမန္စားလိုက္သည္။

"ရစ္ရစ္ Cakeစားမလား"

ဘာမွမေျပာဘဲ ေမွးေနတဲ့ကေလးေၾကာင့္စားလက္စကိုရပ္လိုက္သည္။သူလည္းဘယ္လိုမွစားမဝင္ေတာ့သူ႕သားေလးဒီေန႕ဘာမွမစားရေသးဘူးေလ။ေမာင့္ကိုၾကည့္မိေတာ့ မ်က္ႏွာမေကာင္းေတာ့

"ရစ္ရစ္ ေဖဆီလာ"

ခက္မုန္းေစရာေခၚေတာ့သူ႕Daddyလည္ပင္းကိုတင္းေနေအာင္ဖက္ထားသည္။သေဘာကသူမလိုက္ဘူးေပါ့။ဒီတစ္ခါေတာ့ဒီကေလး အရင္ကထက္အမ်ားႀကီးငိုင္သြားတာမို႔ဖခင္ႏွစ္ေယာက္ခင္ဗ်ာ ရတက္မေအးနိုင္ျဖစ္သြားရေတာ့သည္။

"ရစ္ရစ္ Daddyတို႔႐ုပ္႐ုပ္နဲ႕ကစားမလား"

"အင့္!"

သားကိုေကာ္ေဇာ္အႏုေပၚခ်ကာပက္လက္ေလးလန္ထားလိုက္သည္။မေန႕ကငိုထားၿပီးသူ႕ေဖေဖကိုေခ်ာ့တာပင္ပန္းသြားၿပီးထင္ ေမွာက္လည္းမေမွာက္ ထိုင္လည္းမထိုင္ေတာ့ သူခ်ေပးထားတဲ့အတိုင္ေလးဘဲေနေနေတာ့သည္။

"Daddyသားေလး ပင္ပန္းေနတာလား"

ပါးေလးကိုခပ္မြမြနမ္းကာေခ်ာ့ျမႇူၿပီးေမးလိုက္သည္။အနည္းငယ္ၿပဳံးလာတဲ့သားကစိတ္ၾကည့္လာပုံရသည္။

"Daddy တို"

"ကိုကို႔ကို ေခၚေပးရမလား
Daddyသားက ကိုကို႔ကိုလြမ္းေနတာလား"

ေခါင္းၿငိမ့္ျပတဲ့ကေလးေၾကာင့္ဦးခက္မုန္းရာကိုၾကည့္လိုက္သည္။ေခါင္းၿငိမ့္ျပတဲ့ Babyကလည္းရစ္ရစ္အတြက္စိတ္မေကာင္းဘူးထင္သည္။သားကလည္းအမ်ားႀကီးပင္ပန္းႏြမ္းနယ္ေနတာမို႔ႏွစ္ေယာက္ေသာကေရာက္ေနတာေတာ့အမွန္။သားသေဘာအတိုင္း ဟိုဘက္အိမ္ကိုသားကိုခ်ီကာကူးရေတာ့သည္။

"ရစ္ရစ္ေလးနိုးလာၿပီးလား"

ဦးစြာEကအရင္ေတြ႕ေတာ့ရစ္ရစ္ကိုခ်ီခ်င္သည္။
သူ႕ကိုဘဲကပ္ထားတဲ့ရစ္ရစ္ကဘယ္သူ႕လက္ထဲမွလိုက္ခ်င္ဟန္မတူ။Eကိုမျမင္ခ်င္ေယာင္ေဆာင္ထားသည္။

"ရစ္ရစ္ေလး သက္သာသြားၿပီးလား"

ထပ္မံ၍ခန့္ထည္အေမးကိုသုံးေယာက္လုံးမေျဖနိုင္ပါ။ခါတိုင္းနဲ႕မတူစြာတိတ္ဆိတ္ေနတဲ့ကေလးေၾကာင့္သူတို႔လည္း စိတ္ပူေနရသည္မဟုတ္လား။သူ႕တို႔ကေလးေလးက အရင္ကဆိုသူတို႔ေခၚတာနဲ႕တန္းလိုက္ၿပီးၿပဳံးရယ္တတ္ေနတာကို

"Laxေလးေရာ အန္ယိမ္း"

"သားႀကီးအိပ္ေနတယ္
ဘာလုပ္မို႔လည္း"

"ရစ္ရစ္ သူ႕ကိုကို႔ကိုေမးေနလို႔"

"သြားနိုးေပးရမလား"

အန္ယိမ္းစကားကိုခက္မုန္းေခါင္းခါျပလိုက္သည္။ဖ်ားေနတာမို႔အဖ်ားကူးမွာလည္းစိုးရိမ္သည္။သားႀကီးလည္းဒီကေလးေလးေၾကာင့္အမ်ားႀကီးပင္ပန္းေနၿပီးေလ

"ေဖေဖ ရစ္ရစ္ျပန္မေကာင္းေသးဘူးလား"

ဘယ္ခ်ိန္ထဲကေရာက္လာမွန္းမသိတဲ့Laxကရစ္ရစ္အေၾကာင္းေမးလာသည္။အိပ္စုတ္ဖြာေလးျဖစ္ေနတဲ့ဆံႏြယ္ေလးကိုပြတ္သပ္ေပးလိုက္သည္။ရစ္ရစ္ကေတာ့ သူ႕Daddyလက္ထဲမွာ Laxေလးအသံၾကားထဲကမ်က္လုံးအေရာင္ေလးေတြေတာက္ပလာသည္။

"သားသား ကိုကိုလက္ထဲေနလို႔မရဘူးေနာ္ ကိုကိုအဖ်ားကူးလိမ့္မယ္"

သူ႕Daddyလက္ထဲကေနLaxထံလိုက္ခ်င္ေနၿပီးထင္သည္။အနည္းငယ္လႈပ္ရွားလာသည္။

"သားကအားအမ်ားႀကီးရွိတာမို႔မဖ်ားပါဘူးDaddyေခ်"

Laxစကားေၾကာင့္ အားလုံးမွာပါးစပ္အေဟာင္းသား။ေျပာပါတယ္ ရစ္ရစ္ကိုသည္းကဲတဲ့ထဲမွာDaxသားLaxကအဆိုးဆုံးပါဆို

"ငါ့သားကိုေပးခ်ီလိုက္ပါ ေခ်ဘင္းရာ"

Daxလည္းမေနသာဘဲဝင္ေျပာရေတာ့သည္။ရစ္ရစ္ကိုမၾကည့္ရက္ေတာ့ဘူး။အဲ့ကေလးေလးမ်က္ႏွာညိုးရင္တကယ္မေနတတ္မထိုင္တတ္ျဖစ္ရသည္။ေခ်ဘင္းကလည္းရစ္ရစ္ကိုLaxလက္ထဲထည့္ေပးေတာ့သည္။

"ကိုကို႔ကေလးေလးဖ်ားေနတာဘဲ မြ!"

ရစ္ရစ္ကေသးတာမို႔ 6ႏွစ္သားLaxကသားကိုေသခ်ာထိန္းနိုင္သည္။အေနာက္ကလူႀကီးေတြၾကည့္စရာေတာင္မလို။ရစ္ရစ္ကလည္းမ်က္ႏွာေလးျပန္လန္းလာတာမို႔အားလုံးသက္ျပင္းခ်လိဳက္ၾကေတာ့သည္။



Continue Reading

You'll Also Like

98.1K 4.3K 17
Forever Mine က ငယ် Fiction ရဲ့ Season 2ပါရှင်, (ငယ်..Season 1)ကို အရင် ဖတ်ပေးကြပါနော်. #OwnCreation#Romance#Drama #FOREVER MINE 24.9.2022
55.4K 2.5K 38
Bright: " မင်းက ငါ့အပိုင်ဘဲ " Win : Yes, yours ဒီ Fan Fic လေးကိုရေးရတဲ့ ရည်ရွယ်ချက်က အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ပါ ပထမဦးဆုံးရေးတာမို့လို့ လိုအပ...
1.2M 86K 28
[This fiction is written with both Unicode and Zawgyi]
68K 2.3K 54
အကၡသူရိန္💜သ်ွင္ျမဴေသြး