အပိုင်း (၇) တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
ထိုအချိန်တွင် ပိုင်အိမ်၌နေခဲ့သော ပထမချွေးမနှင့် တတိယချွေးမသည် သတင်းကြားကာ ရောက်လာခဲ့ကျပြီး ပိုင်အမေကအိမ်ထဲရှိသည်ဆိုတာနှင့်ဝင်လာခဲ့ကျ၏။ ပိုင်မိန်လေးက အစကတော့ တခြားရွာသားတွေနည်းတူ တောဝက်အားစပ်စုနေတာပေမယ့် သူမရဲ့ယောင်းမတွေကိုမြင်လိုက်တဲ့အခါ သူမကလည်းအိမ်ထဲလိုက်ဝင်လာခဲ့သည်။
သူမရဲ့ပထမယောင်းမက အပျင်းကြီးပြီးစကားပြောကြမ်းတဲ့မိန်းမမျိုးဖြစ်ပြီး တတိယယောင်းမမှာ ရှောင်ဟန်ကဲ့သို့ ကောတစ်ယောက်ဖြစ်သော်လည်း သူသည်ရှောင်ဟန်နှင့်မတူချေ။ တတိယယောင်းမက မြေခွေးလိုညာဏ်များပြီး သူ့ရဲ့အစဥ်မြဲတွက်ချက်တတ်တဲ့မျက်လုံးတွေက ကျောချမ်းစရာပင်ကောင်း၏။
ပိုင်မိန်က ထိုနှစ်ယောက်နဲ့သိပ်မတည့်ဘူး။ ဘာလို့လည်းဆိုတော့ အဲဒီနှစ်ယောက်က သူမရဲ့ဒုတိယအကိုကို အိမ်ကနှင်ထုတ်ဖို့ ဖိအားအပေးဆုံးလူတွေဖြစ်ခဲ့လို့ပဲ။ ပိုင်မိန်က သူမရဲ့ဒုတိယအကိုကိုချစ်တဲ့အတွက် ပိုင်လီကိုအမြဲမကောင်းတာတွေပဲပြောတဲ့ ဒီနှစ်ယောက်ကို မုန်းပါတယ်။
အထဲမှ အမျိုးသမီးကြီးနှစ်ယောက်စကားပြောနေတုန်းမှာ ရှောက်ဟန်က အသေးလေးတွေကိုရင်ခွင်ထဲထည့်ထားပြီး ဘာမှဝင်မပြောပဲတိတ်တိတ်လေးပဲနားထောင်နေတာဖြစ်သည်။ သူ့ခင်ပွန်းရဲ့ငွေတွေကို ယောက္ခမသိမ်းသွားလည်း သူကမကျေမနပ်ဖြစ်မှာမဟုတ်ဘူး။ အဲဒါကသူတို့အတွက်ပဲဆိုတာ သူသိနေလို့ပါပဲ။ အနည်းဆုံးတော့ သူ့မှာ ယောက္ခမကောင်းတွေရှိနေသေးပြီး ယောက္ခမက သူ့ကလေးတွေကိုလည်း ချစ်တယ်လေ။ ပြီးတော့ သူ့ယောက္ခမက တရားမျှတတဲ့လူမျိုးဖြစ်တာကို သူသိထားသည်။
ထိုအချိန် အိမ်ငယ်လေးထဲကို ပိုင်အိမ်ရဲ့တခြားချွေးမတွေဝင်လာပြီး ချွေးမကြီး ကျိုးရှီက...
"အမေ သမီးတို့သတင်းကြားလို့လာခဲ့တာ"
တတိယချွေးမ စုရှီသည် ကျိုးရှီနောက်မှ ပြုံးပြလာပြီး သူ့မျက်လုံးတွေက အိမ်ငယ်လေးထဲဝေ့ဝိုက်သွားပြီးနောက် ရှောင်ဟန်နှင့်ကလေးများအပေါ်ရပ်ကာ အထင်သေးမှုများဖြတ်ပြေးသွား၏။
သူကဘယ်တုန်းမှ ဒီအိမ်မှာခြေမချဘူးဖူး။ ဒီတောဝက်တွေသတင်းသာမကြားရင် တစ်သက်လုံးဒီကိုလာဖို့စိတ်ကူးလည်းမရှိဘူး။ သူက ပိုင်မိသားစုအလွန်မျက်နှာလိုက်တဲ့ ပိုင်လီကိုမုန်းတယ်။
ကျိုးရှီကလည်း ထူးမခြားပါပဲ။ ဒါကသူရဲ့မတ်လေးပိုင်လီအိမ်ကို ရောက်ဖူးတာပထမဆုံးပဲ။ အိမ်က သူမထင်ထားတဲ့အတိုင်း အရမ်းမွဲနေတယ်။ ပိုင်မိသားစုအိမ်နဲ့ ဘယ်လိုမှယှဥ်လို့မရနိုင်ဘူး။ အဲဒီအချိန်မှာ ဒီချွေးမနှစ်ယောက်က သူတို့ကိုယ်သူတို့ အဆင့်တန်းမြင့်စွာနေရပြီး ပိုင်လီနဲ့သူ့မိသားစုက နိမ့်ကျတယ်လို့ ခံစားခဲ့ကျရသည်။
ပိုင်မိန်က သူတို့ဘေးကပါလာပြီး သူတို့ရဲ့မျက်နှာအမူရာတွေကိုမြင်တဲ့အခါ အလွန်စိတ်တိုသွား၏။ သူမရဲ့ဒုတိယအကိုက အခုတောဝက်ကြီးနှစ်ကောင်ပိုင်နေတာတောင် ဒင်းတို့ကအထင်သေးရဲတယ်ပေါ့လေ။
တုရှီနှင့်ပိုင်ရှီသည်လည်း တခြားလူများရောက်လာတော့ ပြောလက်စများကိုရပ်လိုက်ကျ၏။ ပိုင်လီရဲ့အကြောင်းက ဒီချွေးမတွေနဲ့မဆိုင်ပါဘူး။
ကျိုးရှီသည် အုတ်ကုတင်ပေါ်ဝင်ထိုင်လိုက်ပြီး သူမ၏စူနေသောဗိုက်ကိုမမြင်မှာစိုးသည့်အလား ဝမ်းဗိုက်ပေါ် လက်တင်ထားပြီး...
"အမေ အိမ်ရှေ့က တောဝက်ကြီးကတကယ်ကြီးပဲ တကယ်ပဲဒုတိယမတ်လေး အမဲလိုက်လို့ရတာဟုတ်ပါ့မလား"
ပိုင်အမေဘာမှမပြောရသေးခင်မှာပင် ပိုင်မိန်ကဒေါသတကြီးနှင့်ပြောလိုက်လေသည်။
"ပထမယောင်းမရဲ့စကားက ဘာအဓိပ္ပါယ်လဲ! ကျွန်မရဲ့ဒုတိယအကိုကမနေ့ကလည်း ရစ်ငှက်တွေအမဲလိုက်ရခဲ့လို့ ရှင်တောင်အတော်လေးစားခဲ့သေးတယ်မဟုတ်ဘူးလား!!"
ကျိုးရှီသည် ပိုင်မိန်၏စကားကြောင့် ရှက်ရွံသွားသော်လည်း သူမကအတော်အရေထူသဖြင့်မမှုပေ။
"ယောင်းမလေး အစ်မကမယုံကြည်နိုင်လို့ပါ တောဝက်ကရစ်ငှက်နဲ့မတူဘူးလေ ရစ်ငှက်ကတွေ့ရလွယ်ပေမယ့် တောဝက်ကအန္တာများတယ်မလား"
ပိုင်မိန်က လက်မခံနိုင်ပါ။ သူမက ကိုယ်ဝန်ရှိထဲကစောင်းကြွလာတဲ့ ဒီအမျိုးသမီးကို သည်းမခံနိုင်တော့ဘူး။
"အမလေး ရစ်ငှက်သာ ပထမယောင်းမပြောသလိုအလွယ်ရနေရင် လူတိုင်းကနေ့တိုင်းအသားစားနိုင်နေလိမ့်မယ် ရယ်စရာတွေမပြောစမ်းပါနဲ့!"
ကျိုးရှီသည် ပိုင်မိန်အားလှစ်လျူရှူလိုက်ပြီး ဆက်မပြောတော့ပေ။ အဲဒီအစား သူမက ပိုင်အမေကိုပဲ စကားခေါ်လိုက်တော့၏။
"တောဝက်ကြီးက အတော်ကြီးတာပဲအနော်အမေ အသားခြောက်တွေလုပ်ထားမယ်ဆိုရင် ဒုတိယမတ်လေးတို့မိသားစုအတွက် ဒီနှစ်ဆောင်းတွင်းစာကို တစ်ကောင်ထဲနဲ့ဖူလုံသွားမှာပဲ "
ထို့နောက် သူမက အဓိပ္ပါယ်ပါတဲ့စကားတွေလည်း ထပ်ပြောခဲ့သေးသည်။
"ကျွန်မနဲ့ စုရှီက အခုမှပထမဆုံးကိုယ်ဝန်ဆောင်ဖူးကျတာဆိုတော့ အသားများများစားပေးနိုင်ရင်ကောင်းမှာပဲ ကလေးအတွက်အားရှိနိုင်လိမ့်မယ် ဟုတ်တယ်မလားအမေ"
ကျိုးရှီရဲ့ရည်ရွယ်ချက်က ရှင်းပါ၏။ မနေ့က ရွာအကြီးကဲအိမ်ပို့ခဲ့တဲ့ ရစ်ငှက်တစ်ကောင်ကိုဖယ်လိုက်ရင် ရစ်ငှက်လေးကောင်မှာ နှစ်ကောင်ကိုပိုင်အိမ်ကိုပို့ခဲ့တဲ့အတွက် တောဝက်နှစ်ကောင်မှာလည်း ဒီကောင်ပေးသင့်တယ်လို့ သူမကတွေးနေပြီး တောဝက်သားစားချင်နေရှာလေသည်။
စုရှီကလည်း ကျိုးရှီနဲ့အတွေးတူပေမယ့် သူကတောဝက်ကိုမစားချင်ဘူး။ အဲဒီအစား တောဝက်တစ်ကောင်ရောင်းရငွေကို ပိုင်အိမ်ကိုပေးဖို့မျှော်လင့်နေပြီး ပိုင်အမေက ထိုငွေတွေထဲက သူတို့ကိုငွေအနည်းငယ်ပေးဖို့မျှော်နေခြင်းဖြစ်၏။
ပြောရရင် နှစ်ယောက်လုံးက လောဘသမားတွေချည်းပဲ။
ကျိုးရှီစကားကြောင့် ပိုင်အမေနဲ့တုရှီရဲ့မျက်နှာကမကောင်းတော့ပဲ ပိုင်မိန်ရဲ့မျက်လုံးတွေကလည်း ဒေါသကြောင့်ခက်ထန်လာလေသည်။
ဒီနှစ်ယောက်က သူမရဲ့ဒုတိယအကိုကို ဘယ်တုန်းကမှအကောင်းမမြင်ပဲနဲ့ သူမဒုတိယအကိုအဆင်ပြေလာတဲ့အချိန်မှ အကျိုးမြတ်အလကားလိုချင်နေကျတယ်။ သိပ်ရယ်စရာကောင်းတာပဲ။
ပိုင်အမေသည် သူမချွေးမများ၏ စရိုက်ကိုသိထားသည်မှာ သဘောကျသောအရာပင်။ သူမက သူတို့တွေမျှော်လင့်မနေအောင် တစ်ခါတည်းအပြတ်ပြောထားလိုက်၏။
"ပထမချွေးမ မင်းအမြင်မရှိလိုက်တာ ဒီလောက်တန်ဖိုးရှိတဲ့တောဝက်သားကို ဒုတိယက ဘယ်လိုလုပ်စားနိုင်မှာလဲ သေချာပေါက်ရောင်းရမှာပေါ့ "
ကျိုးရှီက လက်မလျော့ချင်သေးပေ။ မစားနိုင်ရင် ငွေတော့လိုချင်သေးတယ်လေ။
"ဒါ ဒါဆိုရင် ငွေက အတော်များ...."
ကျိုးရှီစကားမဆုံးခင်မှာပင် ပိုင်မိန်ကဖြတ်အော်လိုက်သည်။
"ငွေက ဒုတိယအကိုရဲ့ဟာပဲ! ပထမယောင်းမမေ့နေပြီလား ဒုတိယအကိုကမိသားစုကနေတရားဝင်ခွဲထွက်ပြီးသားလေ! ပထမယောင်းမက ကိုယ့်မတ်ရဲ့အိမ်ကငွေကြေးကိုစီမံချင်နေတာလား လူတွေအထင်လွဲကုန်ကျလိမ့်မယ်နော် တကယ်လို့ပထမယောင်းမက ငွေကြေးအကြောင်းပြောချင်ရင် ကိုယ်တိုင်အမဲလိုက်ထွက်ပြီးပြောလိုက်ပါ!"
ပိုင်မိန်၏ဗြောင်ကျလွန်းသော ထောက်ပြမှုသည် ကျိုးရှီလိုလူမျိုးကိုပင် ရှက်ရွံသွားစေခဲ့၏။ ကျိုးရှီက တုရှီနဲ့ပိုင်အမေကို မလုံမလဲကြည့်လိုက်ပြီး ရှောင်ဟန်ကိုလည်းခိုးကြည့်လိုက်ကာ ရှက်ရမ်း ရမ်းတော့လေသည်။
"ယောင်းမလေး! ရှောင်ရှီ(ရှောင်ဟန်)ရဲ့ရှေ့မှာ ဘာတွေပြောနေတာလဲ သူအထင်လွဲသွားပါဦးမယ် အစ်မကငွေတွေအများကြီးရမှာပဲလို့ ပြောချင်ရုံပါ!"
မရီးက မတ်လေးရဲ့အိမ်ကငွေကြေးကို ဝင်စီမံချင်နေတယ်ဆိုတာက တကယ်ကြားမကောင်းတဲ့ကိစ္စပဲ။ ဒီသတင်းထွက်သွားရင် ပိုင်လီနဲ့ကျိုးရှီကဖောက်ပြန်နေတယ်လို့ လူတွေထင်ကျလိမ့်မယ်။
ရှောင်ဟန်ကတော့ ဘာမှမပြောဝင်မပြောဘူး။ သူကသူ့သားလေးတွေကိုပဲဖတ်ထားရင်း တိတ်တဆိတ်နားထောင်၍သာနေသည်။ သူက ပိုင်လီနဲ့ကျိုးရှီဖောက်ပြန်နေလိမ့်မယ်လို့လည်း မထင်ပါဘူး။ ပိုင်လီက အမှိုက်ဆန်ပေမယ့် အကောင်းကြိုက်လို့ ကျိုးရှီကိုစိတ်ဝင်စားမှာတောင် မဟုတ်ဘူးလေ။
ပိုင်မိန်ကတော့ နှာခေါင်းရှုံ့လာ၏။ ဒီကျိုးရှီက မျက်နှာပြောင်တိုက်တယ်။ သူက ပိုင်လီဆီကအကျိုးမြတ်ယူချင်နေတာအသိသာကြီးပဲ။ သူမထောက်ပြလိုက်လို့သာ ဆက်မပြောဝံ့တော့တာ။
ပိုင်အမေနဲ့တုရှီကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကျပြီးတော့ ဘာမှမပြောတော့ပဲ တိတ်တဆိတ်နေဖို့သာဆုံးဖြတ်လိုက်ကျသည်။ ကျိုးရှီဘာပြောပြော၊ စုရှီဘာတွေတွေးတွေး ပိုင်မိဘတွေရဲ့ဆန္ဒမပါရင် ဘာမှဖြစ်လာမှာမဟုတ်လို့ပါပဲ။
အိမ်ငယ်လေးက အနည်းငယ်နေရခက်သည့် လေထုဖြစ်ပေါ်လာပေမယ့် ခဏအကြာတွင် အပြင်ဘက်က အော်သံတစ်ခုထွက်လာခဲ့သည်။
"ဦးလေးပိုင်! အကြီးကဲ! ပိုင်လီနဲ့ကျန်းထင်တို့ ပြန်လာကျပြီဗျ!"
ရွာသားတစ်ဦးသည် တောဝက်ထမ်းလာသော ပိုင်လီနှင့်ဘေးကလိုက်လာသော ကျန်းထင်ကိုလှမ်းမြင်လိုက်ရသောအခါ အော်လိုက်သဖြင့် နေရာရှိ လူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားလေ၏။ အိမ်လေးထဲမှ အမျိုးသမီးများနှင့်ကောများလည်းထွက်လာကာ လူအုပ်က ပိုင်လီအတွက် လမ်းဖယ်ပေးလိုက်ကျသည်။
သန်မာသော ရွာသားတချို့သည် ပိုင်လီထံမှ တောဝက်အား ကူချပေးလိုက်ကျပြီး အခုတောဝက်က အရင်ရှိနေပြီးသား တောဝက်ထက်အနည်းငယ်ပိုကြီးကြောင်း တွေ့လိုက်ကျရ၏။ တောဝက်တွေက ဘယ်လောက်တောင်ကြီးလဲဆိုတော့ အစွယ်တွေကတောင် အတော်လေးကြီးနေသည်ပင်။
ပိုင်လီနှင့် ကျန်းထင်သည် ချွေးများရွဲနေပြီး အလွန်မောဟိုက်နေသော်လည်း ကျန်းထင်၏မျက်နှာတွင် အမူရာတစ်ခုခုရှိနေလေသည်။ ဘာလည်းဆိုတော့ သူ ကျန်းထင်က ပိုင်လီထက်ပိုသန်မာတာသေချာပေမယ့် သူကတောဝက်ကိုခဏလေးပဲသယ်နိုင်ပြီး ပိုင်လီကသာအများဆုံးသယ်လာတဲ့သူဖြစ်နေလို့ပါပဲ။
ပိုင်လီက အရမ်းပိန်တာသိသာပါတယ်။ မဟုတ်မှ သူ့အရိုးတွေကအရမ်းခိုင်နေလို့များလား။
"အမောပြေအောင် ဒီကိုလာပြီး ရေနွေးသောက်လှည့်ကျဦး"
ရွာအကြီးကဲသည် ဒီအခြေနေကိုခန့်မှန်းမိသဖြင့် အစောထဲက ရေနွေးပန်းကန်တချို့ကို အအေးခံထားခဲ့တာဖြစ်၏။ ပိုင်လီနှင့်ကျန်းထင်က မငြင်းဆန်ပါချေ။ သူတို့က ထိုင်လိုက်ကျပြီး အအေးခံထားသောရေနွေးများကိုသောက်နေခိုက် ရွာသားများကမူ အလွန်ဆူညံနေခဲ့ကျသည်။
"ကြီးလိုက်တဲ့တောဝက်ကြီးတွေကွာ"
"ငါကတော့ ဒီကောင်တွေထဲကတစ်ကောင်နဲ့ တောထဲမှာတိုးမယ်ဆိုရင် မသိလိုက်ဘဲ အဖွားမုန့်ရဲ့ဟင်းချိုကိုသောက်နေရလောက်ပြီ"
"ဒါကောင်တွေက လူတစ်ယောက်ထက်တောင်ကြီးသေးတယ် ဘယ်နှကျင်လောက်ရှိပါလိမ့်"
"ဘယ်နှကျင်ပဲရှိရှိ ပိုင်လီကငွေအများကြီးရတော့မှာတော့သေချာတယ်"
"မင်းတို့တွေ ငွေရမှာပဲကြည့်နေကျတယ် ပိုင်လီ ဒီကောင်တွေကိုဘယ်မှာတွေ့လာလဲ မသိကျဘူးမလား"
"မင်းပြောမှ စဥ်းစားမိတော့တယ် တောဝက်တွေကနှစ်ကောင်တောင်မှ ပိုင်လီကမကြောက်မ မရွံ့နဲ့တောင်ပေါ်တတ်ခဲ့တာလား"
"ဘုရားရေ တောင်ပေါ်မှာ ဝက်ဝံတွေ၊ဝံပုလွေတွေ၊ကျားတွေရှိတယ်လေ ဒီကောင်ပိုင်လီကအလွန်ရဲတင်းတာပဲ"
"ကျန်းချင်ပြောတာက ပိုင်လီက ဒီကောင်တွေကို တောင်ခြေမှာတင်ခဲ့တာ ရွာဘက်လာမှာစိုးလို့သတ်ခဲ့တာတဲ့ကွ"
"ဘုရားရေ! တောင်ခြေလား! တောင်ခြေကနေရွာဘက်များရောက်လာရင် မကောင်းတာတွေဖြစ်ကုန်မှာ!"
"ပိုင်လီတွေ့ပြီး သတ်နိုင်ခဲ့လို့ပေါ့ မဟုတ်ရင်ဒီကောင်တွေ ရွာဘက်ရောင်မလာဘူးလို့မပြောနိုင်ဘူး"
"အမှန်ပဲ ဒီကောင်တွေရွာဘက်ရောက်လာရင် ရွာကအကြီးကြီးပျက်ဆီးလိမ့်မယ်"
လူများသည် ထိုသို့ဖြင့် တောဝက်ကြီးများအား ဝိုင်းအုံကာ သောသောညံအောင် ဆွေးနွေးနေကျလေသည်။ တစ်ခါက ရွာ၏အမှိုက်ကောင်သည် ယခုအခါ ရွာအားကယ်တင်ခဲ့သည်လားဟု သုတို့ကဆွေးနွေးနေကျတာဖြစ်၏။
တချို့ကမူ ပိုင်လီ တောင်ပေါ်တတ်ကာ အမဲလိုက်သည်ကိုမယုံနိုင်ဖြစ်နေကျသည်။ သို့သော်လည်း ပိုင်လီကိုယ်တိုင်သတ်ခဲ့တာမဟုတ်ပဲနဲ့ ဘယ်သူကမှ တောဝက်နှစ်ကောင်ကို အလကားလာပေးမှာမဟုတ်ဘူးလေ။ ပြီးတော့ ဒီတောဝက်တွေရဲ့လည်ပင်းကမြှားဒဏ်က ဒီမြှားတွေကြောင့်သေရတယ်ဆိုတာ သိသာနေတာပဲ။
ရွာအကြီးကဲသည် ဆူညံ့နေသော ရွာသားများအားလစ်လျူရှုလိုက်ပြီး ပိုင်လီအားပြောလိုက်၏။
"အခုက ဆောင်းဦးဝင်လာပေမယ့် သိပ်မအေးသေးဘူး နောက်နေ့ထိထားရင်အသားမလတ်ပဲနေလိမ့်မယ် မင်းဒီနေ့ပဲမြို့ပေါ်သွားရောင်းသင့်တယ် မင်းအဖေကလည်း လှည်းယူလာပြီးပြီ"
ရွာအကြီးကဲစကားကို ပိုင်အဖေကလည်း ခေါင်းငြိမ့်ပြလေ၏။ သူတို့ရွာမှာ ဒီတောဝက်တွေကိုဝယ်နိုင်မယ့်လူမရှိတာကြောင့် မြို့ပိုသွားရောင်းမှသာရပါလိမ့်မယ်။
ထို့နောက် အကြီးကဲဆက်ပြောလာပြန်သည်။
"မင်း ဆိပ်ကမ်းမြို့ကိုသွားရောင်မလား မြို့လေးပေါ်ကိုသွားရောင်မလား စဥ်းစားရမယ် ဆိပ်ကမ်းမြို့မှာဆိုငွေပိုရနိုင်ပေမယ့် ဝေးလို့နေ့ချင်းပြန်လာနိုင်မှာမဟုတ်ဘူး မြို့လေးပေါ်ရောင်လည်း ထိုက်သင့်တဲ့တန်ဖိုးတော့ရမှာပဲ"
ပိုင်လီကလည်း ဒါကိုစဥ်းစားလိုက်၏။ သူတို့ရွာနဲ့အနီးဆုံးမြို့က လှည်းနဲ့ဆိုတစ်နှစ်ခွဲနှစ်နာရီလောက်ကြာအောင်သွားရပြီး ဆိပ်ကမ်းမြို့ကတော့ ပိုပြီးဝေးလို့ အခုလှည်းနဲ့အမြန်သွားမယ်ဆိုရင်တောင် ညနေခင်းမှမြို့ကိုရောက်နိုင်လိမ့်မယ်။ အဲတာဆို သူတို့ အသားရောင်းပြီးရင်ညရောက်သွားတော့မှာ။
သို့သော် ပိုင်လီက ငွေပိုရဖို့သာစဥ်းစားချင်သဖြင့်...
"အကြီးကဲ ကျွန်တော်ကတော့ဆိပ်ကမ်းမြို့ကိုပဲ သွားရောင်းချင်တယ် မြို့လေးပေါ်မှာက တောဝက်နှစ်ကောင်လုံးရောင်းမကုန်မှာစိုးရိမ်မိလို့လေ ဆိပ်ကမ်းမြို့က လူစည်ပြီးစားသောက်ဆိုင်တွေများတာကြောင့် ငွေပိုရမယ့်အပြင် အကုန်လည်းရောင်းနိုင်လောက်တယ်"
အခုက မနက်ဆယ်နာရီလောက်တော့ ရှိနေပြီဟု ခန့်မှန်းရ၏။ တကယ်တော့ တောဝက်တွေကိုသတ်တာကအချိန်သိပ်မကုန်ခဲ့လေဘူး။
ပိုင်အဖေကလည်း ပိုင်လီပြောတာကိုသဘောတူပေသည်။ မြို့လေးကစည်တယ်ဆိုပေမယ့် ဆိပ်ကမ်းမြို့နဲ့ယှဥ်ရင် ဘာမှဟုတ်မနေဘူးလေ။ ရွာအကြီးကဲကလည်း ပိုင်လီ၏စကားက ယုတ္တိရှိသည်ဟုထင်မိသည်ပင်။ တောဝက်ကြီးတွေကအရမ်းကြီးတယ် စားသောက်ဆိုင်တွေက တစ်ကောင်လုံးဝယ်ချင်မှဝယ်မှာဆိုတော့ သူတို့တွေ ပိုင်းဖြတ်ရောင်းရနိုင်ချေရှိပြီး တစ်ညလောက်မြို့မှာအိပ်ရတာက သိပ်ပြဿနာတော့မဟုတ်ပါဘူး။
"ဒါဆိုရင် အချိန်မဆွဲကျစို့ ဆိပ်ကမ်းမြို့ကဝေးတယ် စောစောသွားနိုင်လေပိုကောင်းလေပဲ"
ပိုင်အမေသည် သူမ၏ဒုတိယသားအား ဒဏ်ရာရမရစစ်ဆေးချင်သော်လည်း ဆိပ်ကမ်းမြို့သို့သွားမည်ဖြစ်၍ ပြင်ဆင်ရင်းအလုပ်များသွားကျလေသည်။
ရွာသားများက တောဝက်များကို လှည်းပေါ်ဝိုင်းတင်ပေးကျပြီး ဓားနှင့်ချိန်တွယ်ရန်ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားကျ၏။
ဆိပ်ကမ်းမြို့သို့ တောဝက်ရောင်းလိုက်မည့်လူများမှာ ပိုင်အိမ်နှင့်ရင်းနှီးသည်လည်းဖြစ်၊ ရွာအကြီးကဲလည်းဖြစ်သည့် ကျန်းရန်နှင့် သူ၏သားကြီး ကျန်းထင်၊ ပိုင်ကျန့်နှင့် သူ၏သားကြီး ပိုင်ကျန်း၊ နောက်ဆုံး မပါမဖြစ် ပိုင်လီနှင့် လူငါးယောက်သွားကျမည်ဖြစ်ပြီး တောဝက်နှစ်ကောင်နှင့် လူငါးယောက်ပါဝင်သောလှည်းသည် လျှင်မြန်စွာနှင့်ပင် ရွာမှထွက်ခွာသွားတော့သည်။
ပိုင်လီက လှည်းပေါ်မတတ်ခင် သူတို့ဒီညပြန်မလာနိုင်လောက်၍ သူ့မိသားစုများမှကောများကို ပိုင်အိမ်သို့တစ်ညလောက်ခေါ်ထားပါရန် ပိုင်အမေအားတောင်းဆိုခဲ့သေး၏။ ပိုင်အမေကတော့ ထိုအကြောင်းစိတ်မပူရန်နှင့် ရလာမည့်ငွေများပိုသာ သုံးဖြန်းမပြစ်ရန်မှာခဲ့သည်။
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန်း😇
.................................................................
(AN/ ပိုင်အိမ်က ပထမချွေးမနဲ့တတိယချွေးမက နောက်ပိုင်းတွေမှာလည်း ကျက်သရေတုံးဦးမှာပါ)
###
အပိုင္း (၇) ေတာဝက္ႀကီးမ်ားအားေရာင္းရန္ ဆိပ္ကမ္းၿမိဳ႕သို႔အလည္တစ္ေခါက္-2
ထိုအခ်ိန္တြင္ ပိုင္အိမ္၌ေနခဲ့ေသာ ပထမေခြၽးမႏွင့္ တတိယေခြၽးမသည္ သတင္းၾကားကာ ေရာက္လာခဲ့က်ၿပီး ပိုင္အေမကအိမ္ထဲရွိသည္ဆိုတာႏွင့္ဝင္လာခဲ့က်၏။ ပိုင္မိန္ေလးက အစကေတာ့ တျခား႐ြာသားေတြနည္းတူ ေတာဝက္အားစပ္စုေနတာေပမယ့္ သူမရဲ႕ေယာင္းမေတြကိုျမင္လိုက္တဲ့အခါ သူမကလည္းအိမ္ထဲလိုက္ဝင္လာခဲ့သည္။
သူမရဲ႕ပထမေယာင္းမက အပ်င္းႀကီးၿပီးစကားေျပာၾကမ္းတဲ့မိန္းမမ်ိဳးျဖစ္ၿပီး တတိယေယာင္းမမွာ ေရွာင္ဟန္ကဲ့သို႔ ေကာတစ္ေယာက္ျဖစ္ေသာ္လည္း သူသည္ေရွာင္ဟန္ႏွင့္မတူေခ်။ တတိယေယာင္းမက ေျမေခြးလိုညာဏ္မ်ားၿပီး သူ႕ရဲ႕အစဥ္ၿမဲတြက္ခ်က္တတ္တဲ့မ်က္လုံးေတြက ေက်ာခ်မ္းစရာပင္ေကာင္း၏။
ပိုင္မိန္က ထိုႏွစ္ေယာက္နဲ႕သိပ္မတည့္ဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒီႏွစ္ေယာက္က သူမရဲ႕ဒုတိယအကိုကို အိမ္ကႏွင္ထုတ္ဖို႔ ဖိအားအေပးဆုံးလူေတြျဖစ္ခဲ့လို႔ပဲ။ ပိုင္မိန္က သူမရဲ႕ဒုတိယအကိုကိုခ်စ္တဲ့အတြက္ ပိုင္လီကိုအၿမဲမေကာင္းတာေတြပဲေျပာတဲ့ ဒီႏွစ္ေယာက္ကို မုန္းပါတယ္။
အထဲမွ အမ်ိဳးသမီးႀကီးႏွစ္ေယာက္စကားေျပာေနတုန္းမွာ ေရွာက္ဟန္က အေသးေလးေတြကိုရင္ခြင္ထဲထည့္ထားၿပီး ဘာမွဝင္မေျပာပဲတိတ္တိတ္ေလးပဲနားေထာင္ေနတာျဖစ္သည္။ သူ႕ခင္ပြန္းရဲ႕ေငြေတြကို ေယာကၡမသိမ္းသြားလည္း သူကမေက်မနပ္ျဖစ္မွာမဟုတ္ဘူး။ အဲဒါကသူတို႔အတြက္ပဲဆိုတာ သူသိေနလို႔ပါပဲ။ အနည္းဆုံးေတာ့ သူ႕မွာ ေယာကၡမေကာင္းေတြရွိေနေသးၿပီး ေယာကၡမက သူ႕ကေလးေတြကိုလည္း ခ်စ္တယ္ေလ။ ၿပီးေတာ့ သူ႕ေယာကၡမက တရားမွ်တတဲ့လူမ်ိဳးျဖစ္တာကို သူသိထားသည္။
ထိုအခ်ိန္ အိမ္ငယ္ေလးထဲကို ပိုင္အိမ္ရဲ႕တျခားေခြၽးမေတြဝင္လာၿပီး ေခြၽးမႀကီး က်ိဳးရွီက...
"အေမ သမီးတို႔သတင္းၾကားလို႔လာခဲ့တာ"
တတိယေခြၽးမ စုရွီသည္ က်ိဳးရွီေနာက္မွ ၿပဳံးျပလာၿပီး သူ႕မ်က္လုံးေတြက အိမ္ငယ္ေလးထဲေဝ့ဝိုက္သြားၿပီးေနာက္ ေရွာင္ဟန္ႏွင့္ကေလးမ်ားအေပၚရပ္ကာ အထင္ေသးမႈမ်ားျဖတ္ေျပးသြား၏။
သူကဘယ္တုန္းမွ ဒီအိမ္မွာေျခမခ်ဘဴးဖူး။ ဒီေတာဝက္ေတြသတင္းသာမၾကားရင္ တစ္သက္လုံးဒီကိုလာဖို႔စိတ္ကူးလည္းမရွိဘူး။ သူက ပိုင္မိသားစုအလြန္မ်က္ႏွာလိုက္တဲ့ ပိုင္လီကိုမုန္းတယ္။
က်ိဳးရွီကလည္း ထူးမျခားပါပဲ။ ဒါကသူရဲ႕မတ္ေလးပိုင္လီအိမ္ကို ေရာက္ဖူးတာပထမဆုံးပဲ။ အိမ္က သူမထင္ထားတဲ့အတိုင္း အရမ္းမြဲေနတယ္။ ပိုင္မိသားစုအိမ္နဲ႕ ဘယ္လိုမွယွဥ္လို႔မရနိုင္ဘူး။ အဲဒီအခ်ိန္မွာ ဒီေခြၽးမႏွစ္ေယာက္က သူတို႔ကိုယ္သူတို႔ အဆင့္တန္းျမင့္စြာေနရၿပီး ပိုင္လီနဲ႕သူ႕မိသားစုက နိမ့္က်တယ္လို႔ ခံစားခဲ့က်ရသည္။
ပိုင္မိန္က သူတို႔ေဘးကပါလာၿပီး သူတို႔ရဲ႕မ်က္ႏွာအမူရာေတြကိုျမင္တဲ့အခါ အလြန္စိတ္တိုသြား၏။ သူမရဲ႕ဒုတိယအကိုက အခုေတာဝက္ႀကီးႏွစ္ေကာင္ပိုင္ေနတာေတာင္ ဒင္းတို႔ကအထင္ေသးရဲတယ္ေပါ့ေလ။
တုရွီႏွင့္ပိုင္ရွီသည္လည္း တျခားလူမ်ားေရာက္လာေတာ့ ေျပာလက္စမ်ားကိုရပ္လိုက္က်၏။ ပိုင္လီရဲ႕အေၾကာင္းက ဒီေခြၽးမေတြနဲ႕မဆိုင္ပါဘူး။
က်ိဳးရွီသည္ အုတ္ကုတင္ေပၚဝင္ထိုင္လိုက္ၿပီး သူမ၏စူေနေသာဗိုက္ကိုမျမင္မွာစိုးသည့္အလား ဝမ္းဗိုက္ေပၚ လက္တင္ထားၿပီး...
"အေမ အိမ္ေရွ႕က ေတာဝက္ႀကီးကတကယ္ႀကီးပဲ တကယ္ပဲဒုတိယမတ္ေလး အမဲလိုက္လို႔ရတာဟုတ္ပါ့မလား"
ပိုင္အေမဘာမွမေျပာရေသးခင္မွာပင္ ပိုင္မိန္ကေဒါသတႀကီးႏွင့္ေျပာလိုက္ေလသည္။
"ပထမေယာင္းမရဲ႕စကားက ဘာအဓိပ္ပါယ်လဲ! ကြၽန္မရဲ႕ဒုတိယအကိုကမေန႕ကလည္း ရစ္ငွက္ေတြအမဲလိုက္ရခဲ့လို႔ ရွင္ေတာင္အေတာ္ေလးစားခဲ့ေသးတယ္မဟုတ္ဘူးလား!!"
က်ိဳးရွီသည္ ပိုင္မိန္၏စကားေၾကာင့္ ရွက္႐ြံသြားေသာ္လည္း သူမကအေတာ္အေရထူသျဖင့္မမႈေပ။
"ေယာင္းမေလး အစ္မကမယုံၾကည္နိုင္လို႔ပါ ေတာဝက္ကရစ္ငွက္နဲ႕မတူဘူးေလ ရစ္ငွက္ကေတြ႕ရလြယ္ေပမယ့္ ေတာဝက္ကအႏၱာမ်ားတယ္မလား"
ပိုင္မိန္က လက္မခံနိုင္ပါ။ သူမက ကိုယ္ဝန္ရွိထဲကေစာင္းႂကြလာတဲ့ ဒီအမ်ိဳးသမီးကို သည္းမခံနိုင္ေတာ့ဘူး။
"အမေလး ရစ္ငွက္သာ ပထမေယာင္းမေျပာသလိုအလြယ္ရေနရင္ လူတိုင္းကေန႕တိုင္းအသားစားနိုင္ေနလိမ့္မယ္ ရယ္စရာေတြမေျပာစမ္းပါနဲ႕!"
က်ိဳးရွီသည္ ပိုင္မိန္အားလွစ္လ်ဴရႉလိုက္ၿပီး ဆက္မေျပာေတာ့ေပ။ အဲဒီအစား သူမက ပိုင္အေမကိုပဲ စကားေခၚလိုက္ေတာ့၏။
"ေတာဝက္ႀကီးက အေတာ္ႀကီးတာပဲအေနာ္အေမ အသားေျခာက္ေတြလုပ္ထားမယ္ဆိုရင္ ဒုတိယမတ္ေလးတို႔မိသားစုအတြက္ ဒီႏွစ္ေဆာင္းတြင္းစာကို တစ္ေကာင္ထဲနဲ႕ဖူလုံသြားမွာပဲ "
ထို႔ေနာက္ သူမက အဓိပ္ပါယ်ပါတဲ့စကားတွေလည်း ထပ္ေျပာခဲ့ေသးသည္။
"ကြၽန္မနဲ႕ စုရွီက အခုမွပထမဆုံးကိုယ္ဝန္ေဆာင္ဖူးက်တာဆိုေတာ့ အသားမ်ားမ်ားစားေပးနိုင္ရင္ေကာင္းမွာပဲ ကေလးအတြက္အားရွိနိုင္လိမ့္မယ္ ဟုတ္တယ္မလားအေမ"
က်ိဳးရွီရဲ႕ရည္႐ြယ္ခ်က္က ရွင္းပါ၏။ မေန႕က ႐ြာအႀကီးကဲအိမ္ပို႔ခဲ့တဲ့ ရစ္ငွက္တစ္ေကာင္ကိုဖယ္လိုက္ရင္ ရစ္ငွက္ေလးေကာင္မွာ ႏွစ္ေကာင္ကိုပိုင္အိမ္ကိုပို႔ခဲ့တဲ့အတြက္ ေတာဝက္ႏွစ္ေကာင္မွာလည္း ဒီေကာင္ေပးသင့္တယ္လို႔ သူမကေတြးေနၿပီး ေတာဝက္သားစားခ်င္ေနရွာေလသည္။
စုရွီကလည္း က်ိဳးရွီနဲ႕အေတြးတူေပမယ့္ သူကေတာဝက္ကိုမစားခ်င္ဘူး။ အဲဒီအစား ေတာဝက္တစ္ေကာင္ေရာင္းရေငြကို ပိုင္အိမ္ကိုေပးဖို႔ေမွ်ာ္လင့္ေနၿပီး ပိုင္အေမက ထိုေငြေတြထဲက သူတို႔ကိုေငြအနည္းငယ္ေပးဖို႔ေမွ်ာ္ေနျခင္းျဖစ္၏။
ေျပာရရင္ ႏွစ္ေယာက္လုံးက ေလာဘသမားေတြခ်ည္းပဲ။
က်ိဳးရွီစကားေၾကာင့္ ပိုင္အေမနဲ႕တုရွီရဲ႕မ်က္ႏွာကမေကာင္းေတာ့ပဲ ပိုင္မိန္ရဲ႕မ်က္လုံးေတြကလည္း ေဒါသေၾကာင့္ခက္ထန္လာေလသည္။
ဒီႏွစ္ေယာက္က သူမရဲ႕ဒုတိယအကိုကို ဘယ္တုန္းကမွအေကာင္းမျမင္ပဲနဲ႕ သူမဒုတိယအကိုအဆင္ေျပလာတဲ့အခ်ိန္မွ အက်ိဳးျမတ္အလကားလိုခ်င္ေနက်တယ္။ သိပ္ရယ္စရာေကာင္းတာပဲ။
ပိုင္အေမသည္ သူမေခြၽးမမ်ား၏ စရိုက္ကိုသိထားသည္မွာ သေဘာက်ေသာအရာပင္။ သူမက သူတို႔ေတြေမွ်ာ္လင့္မေနေအာင္ တစ္ခါတည္းအျပတ္ေျပာထားလိုက္၏။
"ပထမေခြၽးမ မင္းအျမင္မရွိလိုက္တာ ဒီေလာက္တန္ဖိုးရွိတဲ့ေတာဝက္သားကို ဒုတိယက ဘယ္လိုလုပ္စားနိုင္မွာလဲ ေသခ်ာေပါက္ေရာင္းရမွာေပါ့ "
က်ိဳးရွီက လက္မေလ်ာ့ခ်င္ေသးေပ။ မစားနိုင္ရင္ ေငြေတာ့လိုခ်င္ေသးတယ္ေလ။
"ဒါ ဒါဆိုရင္ ေငြက အေတာ္မ်ား...."
က်ိဳးရွီစကားမဆုံးခင္မွာပင္ ပိုင္မိန္ကျဖတ္ေအာ္လိုက္သည္။
"ေငြက ဒုတိယအကိုရဲ႕ဟာပဲ! ပထမေယာင္းမေမ့ေနၿပီလား ဒုတိယအကိုကမိသားစုကေနတရားဝင္ခြဲထြက္ၿပီးသားေလ! ပထမေယာင္းမက ကိုယ့္မတ္ရဲ႕အိမ္ကေငြေၾကးကိုစီမံခ်င္ေနတာလား လူေတြအထင္လြဲကုန္က်လိမ့္မယ္ေနာ္ တကယ္လို႔ပထမေယာင္းမက ေငြေၾကးအေၾကာင္းေျပာခ်င္ရင္ ကိုယ္တိုင္အမဲလိုက္ထြက္ၿပီးေျပာလိုက္ပါ!"
ပိုင္မိန္၏ေျဗာင္က်လြန္းေသာ ေထာက္ျပမႈသည္ က်ိဳးရွီလိုလူမ်ိဳးကိုပင္ ရွက္႐ြံသြားေစခဲ့၏။ က်ိဳးရွီက တုရွီနဲ႕ပိုင္အေမကို မလုံမလဲၾကည့္လိုက္ၿပီး ေရွာင္ဟန္ကိုလည္းခိုးၾကည့္လိုက္ကာ ရွက္ရမ္း ရမ္းေတာ့ေလသည္။
"ေယာင္းမေလး! ေရွာင္ရွီ(ေရွာင္ဟန္)ရဲ႕ေရွ႕မွာ ဘာေတြေျပာေနတာလဲ သူအထင္လြဲသြားပါဦးမယ္ အစ္မကေငြေတြအမ်ားႀကီးရမွာပဲလို႔ ေျပာခ်င္႐ုံပါ!"
မရီးက မတ္ေလးရဲ႕အိမ္ကေငြေၾကးကို ဝင္စီမံခ်င္ေနတယ္ဆိုတာက တကယ္ၾကားမေကာင္းတဲ့ကိစၥပဲ။ ဒီသတင္းထြက္သြားရင္ ပိုင္လီနဲ႕က်ိဳးရွီကေဖာက္ျပန္ေနတယ္လို႔ လူေတြထင္က်လိမ့္မယ္။
ေရွာင္ဟန္ကေတာ့ ဘာမွမေျပာဝင္မေျပာဘူး။ သူကသူ႕သားေလးေတြကိုပဲဖတ္ထားရင္း တိတ္တဆိတ္နားေထာင္၍သာေနသည္။ သူက ပိုင္လီနဲ႕က်ိဳးရွီေဖာက္ျပန္ေနလိမ့္မယ္လို႔လည္း မထင္ပါဘူး။ ပိုင္လီက အမွိုက္ဆန္ေပမယ့္ အေကာင္းႀကိဳက္လို႔ က်ိဳးရွီကိုစိတ္ဝင္စားမွာေတာင္ မဟုတ္ဘူးေလ။
ပိုင္မိန္ကေတာ့ ႏွာေခါင္းရႈံ႕လာ၏။ ဒီက်ိဳးရွီက မ်က္ႏွာေျပာင္တိုက္တယ္။ သူက ပိုင္လီဆီကအက်ိဳးျမတ္ယူခ်င္ေနတာအသိသာႀကီးပဲ။ သူမေထာက္ျပလိုက္လို႔သာ ဆက္မေျပာဝံ့ေတာ့တာ။
ပိုင္အေမနဲ႕တုရွီကလည္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္က်ၿပီးေတာ့ ဘာမွမေျပာေတာ့ပဲ တိတ္တဆိတ္ေနဖို႔သာဆုံးျဖတ္လိုက္က်သည္။ က်ိဳးရွီဘာေျပာေျပာ၊ စုရွီဘာေတြေတြးေတြး ပိုင္မိဘေတြရဲ႕ဆႏၵမပါရင္ ဘာမွျဖစ္လာမွာမဟုတ္လို႔ပါပဲ။
အိမ္ငယ္ေလးက အနည္းငယ္ေနရခက္သည့္ ေလထုျဖစ္ေပၚလာေပမယ့္ ခဏအၾကာတြင္ အျပင္ဘက္က ေအာ္သံတစ္ခုထြက္လာခဲ့သည္။
"ဦးေလးပိုင္! အႀကီးကဲ! ပိုင္လီနဲ႕က်န္းထင္တို႔ ျပန္လာက်ၿပီဗ်!"
႐ြာသားတစ္ဦးသည္ ေတာဝက္ထမ္းလာေသာ ပိုင္လီႏွင့္ေဘးကလိုက္လာေသာ က်န္းထင္ကိုလွမ္းျမင္လိုက္ရေသာအခါ ေအာ္လိုက္သျဖင့္ ေနရာရွိ လူမ်ားအားလုံး လႈပ္လႈပ္ရွားရွားျဖစ္သြားေလ၏။ အိမ္ေလးထဲမွ အမ်ိဳးသမီးမ်ားႏွင့္ေကာမ်ားလည္းထြက္လာကာ လူအုပ္က ပိုင္လီအတြက္ လမ္းဖယ္ေပးလိုက္က်သည္။
သန္မာေသာ ႐ြာသားတခ်ိဳ႕သည္ ပိုင္လီထံမွ ေတာဝက္အား ကူခ်ေပးလိုက္က်ၿပီး အခုေတာဝက္က အရင္ရွိေနၿပီးသား ေတာဝက္ထက္အနည္းငယ္ပိုႀကီးေၾကာင္း ေတြ႕လိုက္က်ရ၏။ ေတာဝက္ေတြက ဘယ္ေလာက္ေတာင္ႀကီးလဲဆိုေတာ့ အစြယ္ေတြကေတာင္ အေတာ္ေလးႀကီးေနသည္ပင္။
ပိုင္လီႏွင့္ က်န္းထင္သည္ ေခြၽးမ်ား႐ြဲေနၿပီး အလြန္ေမာဟိုက္ေနေသာ္လည္း က်န္းထင္၏မ်က္ႏွာတြင္ အမူရာတစ္ခုခုရွိေနေလသည္။ ဘာလည္းဆိုေတာ့ သူ က်န္းထင္က ပိုင္လီထက္ပိုသန္မာတာေသခ်ာေပမယ့္ သူကေတာဝက္ကိုခဏေလးပဲသယ္နိုင္ၿပီး ပိုင္လီကသာအမ်ားဆုံးသယ္လာတဲ့သူျဖစ္ေနလို႔ပါပဲ။
ပိုင္လီက အရမ္းပိန္တာသိသာပါတယ္။ မဟုတ္မွ သူ႕အရိုးေတြကအရမ္းခိုင္ေနလို႔မ်ားလား။
"အေမာေျပေအာင္ ဒီကိုလာၿပီး ေရႏြေးေသာက္လွည့္က်ဦး"
႐ြာအႀကီးကဲသည္ ဒီအေျခေနကိုခန့္မွန္းမိသျဖင့္ အေစာထဲက ေရႏြေးပန္းကန္တခ်ိဳ႕ကို အေအးခံထားခဲ့တာျဖစ္၏။ ပိုင္လီႏွင့္က်န္းထင္က မျငင္းဆန္ပါေခ်။ သူတို႔က ထိုင္လိုက္က်ၿပီး အေအးခံထားေသာေရႏြေးမ်ားကိုေသာက္ေနခိုက္ ႐ြာသားမ်ားကမူ အလြန္ဆူညံေနခဲ့က်သည္။
"ႀကီးလိုက္တဲ့ေတာဝက္ႀကီးေတြကြာ"
"ငါကေတာ့ ဒီေကာင္ေတြထဲကတစ္ေကာင္နဲ႕ ေတာထဲမွာတိုးမယ္ဆိုရင္ မသိလိုက္ဘဲ အဖြားမုန့္ရဲ႕ဟင္းခ်ိဳကိုေသာက္ေနရေလာက္ၿပီ"
"ဒါေကာင္ေတြက လူတစ္ေယာက္ထက္ေတာင္ႀကီးေသးတယ္ ဘယ္ႏွက်င္ေလာက္ရွိပါလိမ့္"
"ဘယ္ႏွက်င္ပဲရွိရွိ ပိုင္လီကေငြအမ်ားႀကီးရေတာ့မွာေတာ့ေသခ်ာတယ္"
"မင္းတို႔ေတြ ေငြရမွာပဲၾကည့္ေနက်တယ္ ပိုင္လီ ဒီေကာင္ေတြကိုဘယ္မွာေတြ႕လာလဲ မသိက်ဘဴးမလား"
"မင္းေျပာမွ စဥ္းစားမိေတာ့တယ္ ေတာဝက္ေတြကႏွစ္ေကာင္ေတာင္မွ ပိုင္လီကမေၾကာက္မ မ႐ြံ႕နဲ႕ေတာင္ေပၚတတ္ခဲ့တာလား"
"ဘုရားေရ ေတာင္ေပၚမွာ ဝက္ဝံေတြ၊ဝံပုေလြေတြ၊က်ားေတြရွိတယ္ေလ ဒီေကာင္ပိုင္လီကအလြန္ရဲတင္းတာပဲ"
"က်န္းခ်င္ေျပာတာက ပိုင္လီက ဒီေကာင္ေတြကို ေတာင္ေျခမွာတင္ခဲ့တာ ႐ြာဘက္လာမွာစိုးလို႔သတ္ခဲ့တာတဲ့ကြ"
"ဘုရားေရ! ေတာင္ေျခလား! ေတာင္ေျခကေန႐ြာဘက္မ်ားေရာက္လာရင္ မေကာင္းတာေတြျဖစ္ကုန္မွာ!"
"ပိုင္လီေတြ႕ၿပီး သတ္နိုင္ခဲ့လို႔ေပါ့ မဟုတ္ရင္ဒီေကာင္ေတြ ႐ြာဘက္ေရာင္မလာဘူးလို႔မေျပာနိုင္ဘူး"
"အမွန္ပဲ ဒီေကာင္ေတြ႐ြာဘက္ေရာက္လာရင္ ႐ြာကအႀကီးႀကီးပ်က္ဆီးလိမ့္မယ္"
လူမ်ားသည္ ထိုသို႔ျဖင့္ ေတာဝက္ႀကီးမ်ားအား ဝိုင္းအုံကာ ေသာေသာညံေအာင္ ေဆြးႏြေးေနက်ေလသည္။ တစ္ခါက ႐ြာ၏အမွိုက္ေကာင္သည္ ယခုအခါ ႐ြာအားကယ္တင္ခဲ့သည္လားဟု သုတို႔ကေဆြးႏြေးေနက်တာျဖစ္၏။
တခ်ိဳ႕ကမူ ပိုင္လီ ေတာင္ေပၚတတ္ကာ အမဲလိုက္သည္ကိုမယုံနိုင္ျဖစ္ေနက်သည္။ သို႔ေသာ္လည္း ပိုင္လီကိုယ္တိုင္သတ္ခဲ့တာမဟုတ္ပဲနဲ႕ ဘယ္သူကမွ ေတာဝက္ႏွစ္ေကာင္ကို အလကားလာေပးမွာမဟုတ္ဘူးေလ။ ၿပီးေတာ့ ဒီေတာဝက္ေတြရဲ႕လည္ပင္းကျမႇားဒဏ္က ဒီျမႇားေတြေၾကာင့္ေသရတယ္ဆိုတာ သိသာေနတာပဲ။
႐ြာအႀကီးကဲသည္ ဆူညံ့ေနေသာ ႐ြာသားမ်ားအားလစ္လ်ဴရႈလိုက္ၿပီး ပိုင္လီအားေျပာလိုက္၏။
"အခုက ေဆာင္းဦးဝင္လာေပမယ့္ သိပ္မေအးေသးဘူး ေနာက္ေန႕ထိထားရင္အသားမလတ္ပဲေနလိမ့္မယ္ မင္းဒီေန႕ပဲၿမိဳ႕ေပၚသြားေရာင္းသင့္တယ္ မင္းအေဖကလည္း လွည္းယူလာၿပီးၿပီ"
႐ြာအႀကီးကဲစကားကို ပိုင္အေဖကလည္း ေခါင္းၿငိမ့္ျပေလ၏။ သူတို႔႐ြာမွာ ဒီေတာဝက္ေတြကိုဝယ္နိုင္မယ့္လူမရွိတာေၾကာင့္ ၿမိဳ႕ပိုသြားေရာင္းမွသာရပါလိမ့္မယ္။
ထို႔ေနာက္ အႀကီးကဲဆက္ေျပာလာျပန္သည္။
"မင္း ဆိပ္ကမ္းၿမိဳ႕ကိုသြားေရာင္မလား ၿမိဳ႕ေလးေပၚကိုသြားေရာင္မလား စဥ္းစားရမယ္ ဆိပ္ကမ္းၿမိဳ႕မွာဆိုေငြပိုရနိုင္ေပမယ့္ ေဝးလို႔ေန႕ခ်င္းျပန္လာနိုင္မွာမဟုတ္ဘူး ၿမိဳ႕ေလးေပၚေရာင္လည္း ထိုက္သင့္တဲ့တန္ဖိုးေတာ့ရမွာပဲ"
ပိုင္လီကလည္း ဒါကိုစဥ္းစားလိုက္၏။ သူတို႔႐ြာနဲ႕အနီးဆုံးၿမိဳ႕က လွည္းနဲ႕ဆိုတစ္ႏွစ္ခြဲႏွစ္နာရီေလာက္ၾကာေအာင္သြားရၿပီး ဆိပ္ကမ္းၿမိဳ႕ကေတာ့ ပိုၿပီးေဝးလို႔ အခုလွည္းနဲ႕အျမန္သြားမယ္ဆိုရင္ေတာင္ ညေနခင္းမွၿမိဳ႕ကိုေရာက္နိုင္လိမ့္မယ္။ အဲတာဆို သူတို႔ အသားေရာင္းၿပီးရင္ညေရာက္သြားေတာ့မွာ။
သို႔ေသာ္ ပိုင္လီက ေငြပိုရဖို႔သာစဥ္းစားခ်င္သျဖင့္...
"အႀကီးကဲ ကြၽန္ေတာ္ကေတာ့ဆိပ္ကမ္းၿမိဳ႕ကိုပဲ သြားေရာင္းခ်င္တယ္ ၿမိဳ႕ေလးေပၚမွာက ေတာဝက္ႏွစ္ေကာင္လုံးေရာင္းမကုန္မွာစိုးရိမ္မိလို႔ေလ ဆိပ္ကမ္းၿမိဳ႕က လူစည္ၿပီးစားေသာက္ဆိုင္ေတြမ်ားတာေၾကာင့္ ေငြပိုရမယ့္အျပင္ အကုန္လည္းေရာင္းနိုင္ေလာက္တယ္"
အခုက မနက္ဆယ္နာရီေလာက္ေတာ့ ရွိေနၿပီဟု ခန့္မွန္းရ၏။ တကယ္ေတာ့ ေတာဝက္ေတြကိုသတ္တာကအခ်ိန္သိပ္မကုန္ခဲ့ေလဘူး။
ပိုင္အေဖကလည္း ပိုင္လီေျပာတာကိုသေဘာတူေပသည္။ ၿမိဳ႕ေလးကစည္တယ္ဆိုေပမယ့္ ဆိပ္ကမ္းၿမိဳ႕နဲ႕ယွဥ္ရင္ ဘာမွဟုတ္မေနဘူးေလ။ ႐ြာအႀကီးကဲကလည္း ပိုင္လီ၏စကားက ယုတၱိရွိသည္ဟုထင္မိသည္ပင္။ ေတာဝက္ႀကီးေတြကအရမ္းႀကီးတယ္ စားေသာက္ဆိုင္ေတြက တစ္ေကာင္လုံးဝယ္ခ်င္မွဝယ္မွာဆိုေတာ့ သူတို႔ေတြ ပိုင္းျဖတ္ေရာင္းရနိုင္ေခ်ရွိၿပီး တစ္ညေလာက္ၿမိဳ႕မွာအိပ္ရတာက သိပ္ျပႆနာေတာ့မဟုတ္ပါဘူး။
"ဒါဆိုရင္ အခ်ိန္မဆြဲက်စိဳ႕ ဆိပ္ကမ္းၿမိဳ႕ကေဝးတယ္ ေစာေစာသြားနိုင္ေလပိုေကာင္းေလပဲ"
ပိုင္အေမသည္ သူမ၏ဒုတိယသားအား ဒဏ္ရာရမရစစ္ေဆးခ်င္ေသာ္လည္း ဆိပ္ကမ္းၿမိဳ႕သို႔သြားမည္ျဖစ္၍ ျပင္ဆင္ရင္းအလုပ္မ်ားသြားက်ေလသည္။
႐ြာသားမ်ားက ေတာဝက္မ်ားကို လွည္းေပၚဝိုင္းတင္ေပးက်ၿပီး ဓားႏွင့္ခ်ိန္တြယ္ရန္ပစၥည္းတခ်ိဳ႕ကိုလည္း ယူေဆာင္သြားက်၏။
ဆိပ္ကမ္းၿမိဳ႕သို႔ ေတာဝက္ေရာင္းလိုက္မည့္လူမ်ားမွာ ပိုင္အိမ္ႏွင့္ရင္းႏွီးသည္လည္းျဖစ္၊ ႐ြာအႀကီးကဲလည္းျဖစ္သည့္ က်န္းရန္ႏွင့္ သူ၏သားႀကီး က်န္းထင္၊ ပိုင္က်န့္ႏွင့္ သူ၏သားႀကီး ပိုင္က်န္း၊ ေနာက္ဆုံး မပါမျဖစ္ ပိုင္လီႏွင့္ လူငါးေယာက္သြားက်မည္ျဖစ္ၿပီး ေတာဝက္ႏွစ္ေကာင္ႏွင့္ လူငါးေယာက္ပါဝင္ေသာလွည္းသည္ လွ်င္ျမန္စြာႏွင့္ပင္ ႐ြာမွထြက္ခြာသြားေတာ့သည္။
ပိုင္လီက လွည္းေပၚမတတ္ခင္ သူတို႔ဒီညျပန္မလာနိုင္ေလာက္၍ သူ႕မိသားစုမ်ားမွေကာမ်ားကို ပိုင္အိမ္သို႔တစ္ညေလာက္ေခၚထားပါရန္ ပိုင္အေမအားေတာင္းဆိုခဲ့ေသး၏။ ပိုင္အေမကေတာ့ ထိုအေၾကာင္းစိတ္မပူရန္ႏွင့္ ရလာမည့္ေငြမ်ားပိုသာ သုံးျဖန္းမျပစ္ရန္မွာခဲ့သည္။
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫႊန္း😇
.................................................................
(AN/ ပိုင္အိမ္က ပထမေခြၽးမနဲ႕တတိယေခြၽးမက ေနာက္ပိုင္းေတြမွာလည္း က်က္သေရတုံးဦးမွာပါ)