အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

13.7K 1.6K 14
By FlowerRainButterfly

အပိုင်း (၆) တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

နန်ချောင်းရွာလေး၏တောင်ဘက်တွင် နန်တောင်ရှိပြီး မြောက်ဘက်တွင် ချောင်းမြစ်ရှိသောကြောင့် နန်ချောင်းရွာဟု ခေါ်ဆိုခဲ့ကျခြင်းဖြစ်ကာ ပိုင်မိသားစု၏မြေကွက်များသည် ရွာ၏မြောက်ဘက်တွင်တည်ရှိပြီး မြစ်နှင့်ရွာကြားတွင် တည်ရှိလေသည်။

ရွာအကြီးကဲ၏အငယ်ဆုံးသားလေး ကျန်းချင်သည် ယခုအခါ ပိုင်မိသားစု၏လယ်ကွက်များစီသို့ ကရောသောပါးပြေးလို့လာနေ၏။ သူသည် အရမ်းစိတ်လှုပ်ရှားနေပုံရပြီး အဝေးမှနေ၍ အော်ဟစ်နေလေသည်။

"ဦးလေးပိုင်!! ဦးလေးပိုင်ရေ!!! ကိစ္စကြီးတာတစ်ခုခုဖြစ်သွားတယ်ဗျ!!!"

ပိုင်မိသားစုသည် ကိုယ်ဝန်ရှိနေသောချွေးမနှစ်ယောက်မှလွဲ၍ ကျန်သည့်လူများအားလုံးက လယ်အလုပ်များလုပ်နေကျရပြီး ဆယ်နှစ်အရွယ်ပိုင်မိန်လေးတောင်မှ ပါဝင်လေသည်။ နန်ချောင်းရွာမှာ ပိုင်မိသားစုရဲ့မြေကွက်တွေက ရွာအကြီးကဲထက်တောင် အနည်းငယ်ပိုတဲ့အတွက် သူတို့လူအကုန်မလုပ်ရင် လူငှားခေါ်ဖို့ငွေကုန်လိမ့်မယ်လေ။

ပိုင်ကျန့်(ပိုင်အဖေ၊မူလပိုင်လီ၏ဖခင်)၊ မော့ဟွာ(ပိုင်အမေ၊မူလပိုင်လီမိခင်)နှင့် သူတို့၏သားသမီးများသည် လူငယ်လေးတစ်ယောက် သူတို့ဘက်သို့ ကရောသောပါး ပြေးလာနေသည်ကိုမြင်သောအခါ လုပ်လက်စအလုပ်များကိုရပ်လိုက်ကျ၏။ လက်ရှိတွင် သူတို့က သူတို့အိမ်ရဲ့ဒုတိယသား(ပိုင်လီ)အကြောင်းကိုပြောနေကျတာဆိုပေမယ့် ပိုင်လီတကယ်ပြောင်းလဲသွားသည်ကိုမယုံကြည်ရဲ ဖြစ်နေကျသဖြင့် ငြင်းခုံနေကျခြင်းလည်းဖြစ်သည်။

လာနေသောလူငယ်သည် ရွာအကြီးကဲအိမ်မှဖြစ်သည်ကိုမြင်လိုက်ရသောအခါတွင် ပိုင်အမေ၏မျက်ခုံးများ လှုပ်ခပ်သွားလေသည်။ သူမကဘာဖြစ်တာလဲမသိရသေးပေမယ့် ဒီကိစ္စက သူမရဲ့ဒုတိယသားနဲ့စပ်ဆက်နေလိမ့်မယ်ဟု ဝိုးတဝါးခံစားမိနေသဖြင့် မျက်နှာမကောင်းနိုင်တော့ပေ။

မဟုတ်မှ သူမရဲ့သားဆိုးက ထပ်ပြီးမဟုတ်တာတွေလုပ်ပြန်ပြီလား။ မနေ့က ရွာအကြီးကဲရဲ့လေးကို ပိုင်လီရဲ့အိမ်မှာမြင်ခဲ့ရပြီး လေးကိုများ အလွဲသုံးစားလုပ်လိုက်တာများလား။

ပိုင်အမေ အတွေးများချိန်တွင်ပင် ကျန်းချင်ရောက်လာခဲ့ပြီး မေးဟိုက်နေသောကြောင့်အသက်လုရှူနေရသည့်ထဲမှ ပြောလာလေ၏။

"ဦးလေးပိုင်! ဦး ဦးလေးရဲ့ ဒုတိယ ဟူး..ပိုင်လီအိမ်ကို အဖေက အခု လာခဲ့ပါတဲ့"

ပိုင်မိသားစုသည် အလွန်ထိတ်လန့်သွားကျပေသည်။ သူတို့ကိုလည်းအပြစ်မတင်ပါနှင့်။ မူလပိုင်လီသည် ပိုင်မိသားစုအတွက် ဤသို့ပုံစံမျိုးဖြင့် သတင်းဆိုးများစွာ ယူလာပေးဖူးသောကြောင့်သာပင်။

ပိုင်ကျန့်သည် အလွန်ရိုးရှင်းသော လယ်သမားကြီးတစ်ယောက်ဖြစ်၏။ သူက ကျန်းချင်စကားကြောင့် မျက်မှောင်များကြုံ့လိုက်ရင်း...

"ရှောင်ချင် အိမ်က ဒုတိယဘာဖြစ်တာလဲ မင်းသိသလား"

ကျန်းချင်သည် ယခုအခါ အနည်းငယ်အမောပြေသွပေသည်။ သူသည်ချွေးများကိုသုတ်လိုက်ရင်းမှ...

"ဦးလေးပိုင်ရဲ့သားက တောင်ခြေအနက်ထဲမှာ တောဝက်နှစ်ကောင်နဲ့တွေ့ခဲ့တာဗျ"

အဲဒီနောက် သူက တစ်ဆက်ထဲ ပိုင်လီကတောဝက်နှစ်ကောင်လုံးကိုသတ်ခဲ့တဲ့အကြောင်းပြောချင်ပေမယ့် ပိုင်အမေက ထိတ်လန့်တခြားဖြင့်ထအော်လာမည်ဟု ဘယ်လိုလုပ်ပြီးထင်ထားမှာလဲ။

"အား!! ဒုတိယ! ဒုတိယ သူ သူ ဘာဖြစ်သွားသေးလဲ သူဒဏ်ရာအပြင်းထန်ရသွားတာလား! သူအခုဘယ်မှာလဲ! ငါရဲ့မိုက်မဲတဲ့သားလေး မကောင်းတစ်ခုခုဖြစ်သွားပြီလား "

ပိုင်အမေသည် ပြောရင်းနှင့်ပင် မျက်ရည်များစီးကျလာသဖြင့် ကျန်းချင်ပင်စိတ်ရှုပ်သွားရသည်။

တကယ်တော့ ဒါကပိုင်အမေရဲ့အပြစ်လည်းမဟုတ်ပါဘူး။မူလပိုင်လီက လူဖျင်းတစ်ယောက်ဖြစ်ပြီး မနေ့ကရစ်ငှင်တွေအမဲလိုက်ခဲ့တယ်ဆိုရင်တောင် ရစ်ငှက်နဲ့တောဝက်က တော်ရုံကွာခြာမှုမဟုတ်ဘူးလေ။ ဒီတော့ တောဝက်နဲ့တွေ့တယ်ဆိုတာနဲ့ ပိုင်လီအန္တာရယ်ဖြစ်လာတယ်လို့ထင်တာက မှားနေတာတော့လည်း မဟုတ်ပါဘူး။

ကျန်းချင်သည် ပိုင်အမေ၏မျက်ရည်များနှင့် ပိုင်မိသားစု၏ဖြူစုတ်နေသော မျက်နှာများအားကြည့်ကာ အလွန်နားမလည်နိုင်ပေ။ ပိုင်လီကအရင်ကအရမ်းကို ဆိုးသွမ်းလွန်းတဲ့လူဖျင်း၊လူမိုက်တစ်ယောက်ပဲ။ ဘာကြောင့် ပိုင်မိသားစုက ဒီလိုလူ့အမှိုက်ကို သံယောဇဥ်ရှိနေကျသေးတာလဲ။ အကယ်၍ သူကျန်းချင်သာ ပိုင်လီရဲ့ဆယ်ပုံပုံတစ်ပုံလောက်ဆိုးခဲ့မယ်ဆိုရင် သူ့အဖေရိုက်လို့သေနေတာကြာလောက်ပြီ။

သို့သော် ကျန်းချင်သည် မတူညီသည့်ကံများကိုမေးခွန်းမထုတ်တော့ပဲ လက်အမြန်ဝှေ့ယမ်းပြလိုက်ကာ...

"ဒေါ်လေးပိုင်မှားနေပြီဗျ! ဒေါ်လေးသားက တောဝက်နှစ်ကောင်လုံးကိုသတ်လာတာ တစ်ကောင်ကသူ့အိမ်ကိုရောက်နေပြီ တစ်ကောင်ကို အကိုကြီးဆုံးနဲ့အတူသွားပြန်ယူနေတာ အဲတာအဖေက အချိန်မလင့်ခင်မြို့ကိုသွားရောင်းရအောင် လှည်းယူလာခဲ့ပါတဲ့"

နန်းချောင်းရွာတွင် လှည်းနှစ်စီးသာရှိပြီး တစ်စီးမှာရှောင်ဟန်၏အဖေအိမ်ကပိုင်၏။ ရှောင်အိမ်က မြို့နဲ့ရွာကိုငွေနဲ့အသွားပြန်လုပ်ပေးတဲ့အလုပ်လုပ်ကျပြီး ထိုအလုပ်ကိုပဲဦးစားပေးလုပ်ကာ လယ်မရှိပဲမြေကွက်နှစ်ကွက်သာရှိကျသည်။ ရွာသားတွေက လိုအပ်လို့သူတို့ရဲ့ကျွဲနဲ့လှည်းကိုငှားချင်ရင် အခကြေးငွေပေးရလိမ့်မယ်။

နောက်တစ်စီးက ပိုင်အိမ်နဲ့အကြီးကဲအိမ်က တစ်ဝက်စီပိုင်ကျပြီး ရွာ၏လယ်အလုပ်များအတွက် ပူးပေါင်းထားကျတာလည်းဖြစ်၏။ ပိုင်အိမ်ကလှည်းပိုင်ပြီး ရွာအကြီးကဲအိမ်က ကျွဲပိုင်တယ်။

သူတို့နှစ်အိမ်က ရွာမှာအပြေလည်ဆုံးမိသားစုတွေဖြစ်ကျပြီး ဆက်ဆံရေးလည်းပြေလည်တာကြောင့် ဤသို့ပူးပေါင်းထားလည်း မည်သည့်အငြင်းပွားမှုမှဖြစ်ခဲ့ဖူးခြင်းမရှိပဲ နားလည်မှုနဲ့သာအလုပ်လုပ်ကျသည်။

ထိုပူးပေါင်းမှုသည် ရွာသားများအတွက်လည်း အဆင်ပြေခဲ့ပြီး ရွာအကြီးကဲနဲ့ပိုင်အိမ်က ကျွဲနဲ့လှည်းကို လယ်အလုပ်များအတွက် အလွန်သက်သာတဲ့စျေးနဲ့ပဲငှားပါလိမ့်မယ်။ တစ်ခါတလေ ကန်စွန်းဥတွေနဲ့တောင် လဲလို့ရတယ်။

ပိုင်မိသားစုမှာ ကျန်းချင်၏ထိုစကားကြားတော့မှ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း တဖန် စိတ်ရှုပ်သွားကျပြန်သည်။

တောဝက်နှစ်ကောင်!! ဘုရားရေ!

ပိုင်ကျန့်သည်မယုံနိုင်ပဲ...
"ရှောင်ချင် မင်းတကယ်ပြောနေတာလား သေရောသေချာရဲ့လား အဲတာကတောဝက်တွေဆိုတာ"

"ဦးလေးပိုင် ဒါကရိတ်သိမ်းချိန်ကြီး ကျွန်တော်ကအလုပ်မလုပ်ပဲ ဦးလေးကိုလာနောက်နေမှာလားဗျ လိုက်ကြည့်ရင်သိရမှာပဲကို တောဝက်ကြီးကအကြီးကြီးဗျာ လူထက်တောင်ကြီးသေးတယ်"

ပိုင်မိသားစုသည် မယုံကြည်နိုင်သေးသော်လည်း ပိုင်လီအိမ်ကိုတော့သွားကြည့်ရမည်သာ။

ပိုင်အဖေက...

"အကြီးဆုံး လှည်းသွားယူလာခဲ့"

ယခုအခါ လှည်းက ပိုင်မိသားစုမှာဖြစ်၍ ကျန်းချင်အပါအဝင် ပိုင်မိသားစုသည် လှည်းနှင့်ပိုင်လီအိမ်သို့ သွားကျမည်ဖြစ်ပြီး ဘေးလယ်ကွက်နားနီးချင်းများမှလည်း တောဝက်ဆိုသည့်အသံကြား၍ လိုက်ကြည့်ချင်ကျလေရာ လှည်းမှာလူပြည့်သွားတော့သည်။ လှည်းသည် ပိုင်လီအိမ်သို့ရောက်သောအခါ နောက်တွင် စပ်စုတတ်သောရွာသားများ လမ်းလျောက်လိိုက်ပါလာကျသေးသည်ကို တွေ့ခဲ့ရ၏။ ပိုင်မိသားစု ပိုင်လီအိမ်သို့ရောက်တဲ့အချိန်မှာပဲ တောဝက်သတင်းက တစ်ရွာလုံးပြန့်သွားခဲ့ပြီလည်းဖြစ်သည်။

ပိုင်လီ၏အိမ်တွင် ရွာအကြီးကဲ၏မိသားစုရှိနေပြီး ယာယီထမ်းစင်နှင့်သယ်လာသော တောဝကျကွိီးကလညျး အိပ်ရှေ့မြေကွက်လပ်တွင် လဲလျောင်းလျက်ရှိရာ ရောက်လညသူအပေါင်းမှာ ပင့်သက်ရှိုက်လိုက်ကျရ၏။

ပိုင်အဖေသညိ ရွာအကြီးကဲအားမြင်လျှင် အနားသွားလိုက်ပြီး...

"လောင်ကျန်း မင်း အိမ်ကဒုတိယကိုမြင်လိုက်တော့ သူဒဏ်ရာတွေဘာတွေများရထားသေးလား"

ပိုင်ကျန့်နှင့်ရွာအကြီးကဲကျန်းရန်သည် တစ်ရွာထဲတွင်ကြီးပျင်းလာကျသည့် ကစားဖော်များဖြစ်လေရာ အလွန်ရင်းနှီးသော ဆက်ဆံရေးရှိပေသည်။ ရွာအကြီးကဲသည် ယခုအခါတောဝက်အားကြည့်လျက် ရေနွေးကြမ်းသောက်နေပြီး ပိုင်အဖေ၏မေးသံကြားသောအခါ ရေနွေးကြမ်းပန်းကန်ကိုချကာ ပြန်ဖြေလိုက်၏။

"လောင်ပိုင်ရေ မင်းသားက ဒဏ်ရာရဖို့နေနေသာသာ ငါ့လယ်ကွက်တွေနားထိ ဒီတောဝက်ကိုတစ်ယောက်ထဲကျောပိုးပြီးပြေးလာတာကွ ငါတို့မှာအဝေးကကြည့်တော့ တောဝက်ကြီးပြေးလာတယ်ထင်လို့ ပြေးတောင်ပြေးတော့မလို့ကွာ"

ပိုင်မိဘများသည် ထိုစကားများကြားမှ စိတ်သက်သာရာရသွားကျသည်။ ကျန်းချင်နဲ့ ရွာအကြီးကဲစကားကမတူပါဘူး။ သူတို့က ကျန်းချင်ဘယ်လောက်ပြောပြော ကျန်းချင်လိုလူငယ်လေးပြောတဲ့စကားကို မယုံချင်ဘူး။ ဒါပေမယ့် ရွာအကြီးကဲကတော့ မတူဘူးလေ။ ဒီလူကရွာရဲ့အကြီးကဲဖြစ်ပြီး သူ့စကားတိုင်းကယုံကြည်လို့ရပါတယ်။

ပိုင်အမေသည် ထိုတော့မှသာ စိတ်လျော့လိုက်နိုင်ပြီး သူမ၏မြေးများကိုရှာကြည့်သောအခါတွင် အိမ်ပေါက်ဝ၌ တိတ်တဆိတ်ရပ်နေသော ရှောင်ဟန်၏ခြေထောက်အား တစ်ဖက်ဆီဖက်တွယ်ထားကျတာကိုတွေ့လိုက်ရ၏။ ဒီကောသေးသေးလေးတွေက တောဝက်ကိုဝိုင်းအုံနေတဲ့လူအုပ်ကို မဝံ့မရဲနဲ့စူးစမ်းနေကျတာပင်။

ရှောင်ဟန်က အဖျားရှိသေးပေမယ့် အိပ်ရာထဲလှဲနေတဲ့အဆင့်မဟုတ်တော့လို့ ဒီနေ့မှာ သူ့သားလေးတွေရေချိုးသန့်စင်ပေးထားတဲ့အတွက် ရေချိုးပြီးကာစ ကောသေးသေးလေးတွေက ဖြူဖွေးနေတဲ့ပေါက်စီလေးတွေလို အရမ်းချစ်ဖို့ကောင်းနေပါတယ်။ သူတို့ရဲ့ ဘယ်ဘက်မျက်လုံးစွန်းအောက်က နီနီရဲကာစိုနေတဲ့ မှဲ့နီလေးတွေကလည်း အဖြူရောင်ပေါက်စီပေါ်မှာချထားတဲ့ ဆေးစက်နီလေးတွေလိုပဲ။ မော့ဟွာက သူမရဲ့အကြီးဆုံးမြေးလေးတွေကြည့်လိုက်ရင် နှလုံးသားက အလိုလိုနူးညံ့ပျော့ပြောင်းသွားတတ်ပြီး သူမရဲ့ဒုတိယသားက ဘာလို့ဒီလောက်ချစ်ဖို့ကောင်းတဲ့အသေးလေးတွေကို လစ်လျူရှုရက်ရတာလဲဆိုတာကို ဘယ်တုန်းကမှစဥ်းစားမရခဲ့ဘူး။

သူမသည် သူမမြေးများထံသွားတော့မည့်အခိုက်တွင် ရွာလူကြီး၏ဇနီး တုရှီလည်းရှိနေတာမြင်လိုက်သဖြင့် တုရှီထံအရင်သွားလိုက်သည်။ တုစန်းနန်(တုရှီ၊ရွာအကြီးကဲ၏ဇနီး)နဲ့ မော့ဟွာက ငယ်စဥ်ထဲက ညီမကောင်းတွေလိုဆက်ဆံရေးရှိကျပြီး သူတို့အိမ်ထောင်ကျတော့လည်း သူတို့ရဲ့ဦးစီးတွေကလူကောင်းတွေဖြစ်တဲ့အတွက် ကံကောင်းခဲ့ကျတယ်။ တစ်ခုတည်းသော ကံဆိုးမှုက မော့ဟွာမှာ ပိုင်လီဆိုတဲ့သားတစ်ယောက် မွေးလာခဲ့တာပဲ။

တုစန်းနန်က ပိုင်လီကိုအလွန်မုန်းတီးပြီး ဘာလို့ကမ္ဘာပေါ်မှာ ပိုင်လီလိုမျိုးရှိနေရလဲဆိုတာကို စဥ်းစားကြည့်လို့တောင်မရခဲ့ဘူး။ ပိုင်အိမ်မှာ စပါးစိုက်နိုင်တဲ့လယ်ဆယ်ကွက်နဲ့ အသီးရွက်စိုက်နိုင်တဲ့ မြေကွက်နှစ်ဆယ်ရှိပြီး အခုချိန်မှာ အုတ်ကြွပ်မိုးအိမ်နဲ့ ချမ်းချမ်းသာသာနေနေရသင့်ပေမယ့် ပိုင်လီရဲ့နိပ်စက်မှုကြောင့် သူတို့ရဲ့ကြွယ်ဝမှုက အမည်ခံသက်သက်သာရှိတော့ကာ နောက်ဆုံးမှာတော့ သူတို့ရဲ့လေးယောက်မြောက်သားလေးကိုတောင် ကျောင်းမထားနိုင်တော့ပဲထုတ်ခဲ့ရတယ်။ တုစန်းနန်က မိသားစုကိုဒုက္ခပေးတဲ့အမှိုက်ကောင်မျိုးကို မုန်းတီးတယ်။ သူမက ပိုင်အိမ်ကလူအားလုံးကိုသဘောကျပေမယ့် ပိုင်လီကတော့ခြွင်းချက်ပဲ။ သူမရဲ့သားတွေထဲမှာ ပိုင်လီလိုလူမျိုးပါမလာတဲ့အတွက် သူမကမိုးနတ်မင်းကိုအချိန်တိုင်း ကျေးဇူးတင်နေရတယ်။

တုရှီကလည်း ပိုင်ရှီ(မော့ဟွာ၊ပိုင်အမေ)သူမဘက်လာနေတာကိုတွေ့တော့ အမျိုးသားတွေဝိုင်းမှာလည်း ဆက်ထိုင်နေဖို့မသင့်တော်တော့တာနဲ့ သူမလည်း ပိုင်ရှီထံသွားပြီး ရှောင်ဟန်နှင့်ကလေးများကိုခေါ်ကာ တဲအိမ်လေးထဲဝင်သွားလိုက်သည်။

တုရှီက ရှောင်ဟန်နဲ့ကလေးတွေကိုလည်းသဘောကျတယ် သူမသဘောမကျတာက ပိုင်လီတစ်ယောက်ထဲပဲ။ ဒါပေမယ့် မနေ့ကပိုင်လီရဲ့ပြောင်းလဲမှုကြောင့် သူမရဲ့ပိုင်လီအပေါ်အမြင်ကလည်း အနည်းငယ်တော့ပြောင်းလဲလာခဲ့ပါတယ်။

အိမ်လေးထဲက စားပွဲဝိုင်းက အပြင်မှာလူကြီးသူမတွေထိုင်နိုင်ဖို့ထုတ်ပေးထားရတဲ့အတွက် သူတို့တွေအုတ်ကုတင်ပေါ်ပဲ စုထိုင်လိုက်ကျပြီး ပိုင်အမေက ရွာအကြီးပြောတာကြားပေမယ့် တုရှီကို ထပ်မပေးပဲမနေနိုင်ခဲ့ဘူး။

"ဒုတိယ တကယ်ပဲ အန္တာရယ်ကင်းရဲ့လား သူဒဏ်ရာတွေရနေမှာစိုးတယ်"

တုရှီ ပိုင်အမေ၏စကားကိုကြားတော့...

"ပိုင်ရှီ ငါ့အိမ်ကဦးစီးပြောတာမကြားဘူးလား နင့်သားကဘာဒဏ်ရာမရဘူး ငါကိုယ်တိုင်လည်းမြင်ခဲ့တယ် သူကတတ်ကြွပြီး ဖျက်လပ်နေတာပဲ"

"နင်တကယ်ပဲ မြင်ခဲ့ရဲ့လား ဒဏ်ရာကအဝတ်စားတွေအောက်မှာဆိုရင်ရော ဘယ်လိုလုပ်မလဲ"

တုရှီက သားကိုချစ်လွန်းတဲ့ သူ့ညီမကောင်းကိုလည်း တစ်ခါတစ်ခါစိတ်တိုရတယ်။

"သူအဆင်ပြေတယ် နင်တခြားဟာသာတွေးပူစမ်းပါဟယ် ဒီမယ် နောက်တောဝက်ကဘယ်လောက်ကြီးလဲငါမသိဘူး ငါသိတာတော့ အိမ်ရှေ့ကတောဝက်ကြီးကတင်ငွေချောင်းများစွာရမယ်ဆိုတာပဲ နင်သေချာကြီးကြပ်ပြီး နင့်သားအမှိုက်ပြန်မဖြစ်တော့အောင်ဂရုစိုက်ရမယ့် နင့်ရဲ့ဒုတိယချွေးမနဲ့မြေးတွေကိုကြည့် သူတို့ဘယ်လောက်ပိန်လှီနေလဲဆိုတာ နင့်အိမ်ကဒုတိယက တကယ်ဆိုးသွမ်းတဲ့ကောင်လေး မနေ့ကသူပြောင်းလဲသွားတယ်ထင်ရပေမယ့် ခဏပဲဖြစ်နေမှာစိုးရိမ်ရတယ် သူလက်ထဲငွေအများကြီးပြန်ရောက်လာရင် သူပြန်ပြီးမဟုတ်တာတွေလုပ်လိမ့်မယ် ဒါကြောင့် သူမဟုတ်တာတွေလုပ်တော့မယ်ဆိုတာနဲ့ နင်ငွေတွေကိုသိမ်းမှရမယ် ပြီးမှ ဒုတိယမိသားစုအတွက် စားစရာနဲ့လိုအပ်တွေဝယ်ပေးတာမျိုးလုပ်ပေးပေါ့"

ပိုင်ရှီက တုရှီပြောတာကိုနားလည်တယ်။ သူမကလည်း သူမရဲ့ဒုတိယသားကို ပြန်ပြီးမဆိုးသွမ်းစေချင်တော့ဘူး။ မိသားစုနဲ့ အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နေတာကိုပဲ မြင်ချင်တော့တယ်။

"ငါလည်းသိပါတယ် တောဝက်ရောင်းရင် ရွာအကြီးကဲနဲ့ အိမ်ကယောင်္ကျားတွေလိုက်သွားမှာသေချာတယ် သူငွေကိုအလွယ်ဖြုန်းလို့မရဘူး သူမဟုတ်တာတွေလုပ်တော့မယ်ဆိုတာနဲ့ ငါသူ့အဖေကို ငွေတွေသိမ်းဖို့ မှာလိုက်မယ်"
တုရှီက ပိုင်ရှီစကားကိုကျေနပ်သွားပြီး...

"အဲတာကောင်းတယ် နင်အဲအတိုင်းသေချာလုပ်ရမယ် အဲကောင်စုတ်လေးကိုအလိုမလိုက်နဲ့တော့"

အဲဒီနောက်တော့ တုရှီက ပိုင်ရှီနဲ့ ကလေးများနှင့်ရှောင်ဟန်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး...

"နင့်ရဲ့ဒုတိယသားက လိမ္မာမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ဒီနေ့ကိုကြည့် သူ့မှာအမဲလိုက်စွမ်းရည်ရှိတာများ တစ်ရွာလုံးတောင်မယုံကြည်နိုင်ဘူး သူသာဒီလိုလေးပုံမှန်ဖြစ်သွားမယ်ဆို နင်တို့လည်းပိုပြီးအေးအေးချမ်းချမ်းနေနိုင်လိမ့်မယ်"

ထိုစကားကြောင့် ပိုင်အမေ၏မျက်ဝန်းများမှာ နီရဲလာပြန်သည်။

"အဲတာကငါ့အမှားပါ ငါဒုတိယလေးကိုအရမ်းအလိုလိုက်ခဲ့မိတယ်"

သူမတို့တကယ်အလိုခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ အကြီးဆုံးလေးကိုမွေးတုန်းက တစ်ခုခုဖြစ်သွားပြီး ခုနှစ်နှစ်အတွင်း နောက်ထပ်ကိုယ်ဝန်မရခဲ့ဘူး။ သူမတို့က နောက်ထပ်ကလေးမရနိုင်တော့ဘူးလို့တောင်ထင်နေခဲ့ကျပြီးမှ ဒုတိယလေးကိုရခဲ့တဲ့အခါ ကလေးကိုအလွန်အလိုက်ခဲ့မိတယ်။ မူလကဆို အကြီးဆုံးကိုကျော်ပြီး ဒုတိယကိုကျောင်းတတ်စေချင်ခဲ့ကျတာ။ မမျှော်လင့်ပဲ ဒုတိယကကျောင်းမတတ်ချင်တဲ့အပြင် အလွန်ဆိုးသွမ်းလာခဲ့ပြီး တဖြေးဖြေးနဲ့သူမတို့လည်းမနိုင်တော့ဘူး။

တုရှီသည်လည်း ဒါကိုသိခဲ့သည်ပင်။ သူမက သူရဲ့ညီမကောင်းကို နှစ်သိမိ့ပေးလိုက်၏။

"ဒါတွေကပြီးသွားပြီပဲ နင့်ရဲ့ဒုတိယလေးက အခုပြောင်းလဲစပြုလာပြီ နင်ဒါကိုထိန်းထားဖို့ပဲလိုတယ်"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😇
.................................................................
(AN/ ဖတ်ရတာကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။)

###

အပိုင္း (၆) ေတာဝက္ႀကီးမ်ားအားေရာင္းရန္ ဆိပ္ကမ္းၿမိဳ႕သို႔အလည္တစ္ေခါက္

နန္ေခ်ာင္း႐ြာေလး၏ေတာင္ဘက္တြင္ နန္ေတာင္ရွိၿပီး ေျမာက္ဘက္တြင္ ေခ်ာင္းျမစ္ရွိေသာေၾကာင့္ နန္ေခ်ာင္း႐ြာဟု ေခၚဆိုခဲ့က်ျခင္းျဖစ္ကာ ပိုင္မိသားစု၏ေျမကြက္မ်ားသည္ ႐ြာ၏ေျမာက္ဘက္တြင္တည္ရွိၿပီး ျမစ္ႏွင့္႐ြာၾကားတြင္ တည္ရွိေလသည္။

႐ြာအႀကီးကဲ၏အငယ္ဆုံးသားေလး က်န္းခ်င္သည္ ယခုအခါ ပိုင္မိသားစု၏လယ္ကြက္မ်ားစီသို႔ ကေရာေသာပါးေျပးလို႔လာေန၏။ သူသည္ အရမ္းစိတ္လႈပ္ရွားေနပုံရၿပီး အေဝးမွေန၍ ေအာ္ဟစ္ေနေလသည္။

"ဦးေလးပိုင္!! ဦးေလးပိုင္ေရ!!! ကိစၥႀကီးတာတစ္ခုခုျဖစ္သြားတယ္ဗ်!!!"

ပိုင္မိသားစုသည္ ကိုယ္ဝန္ရွိေနေသာေခြၽးမႏွစ္ေယာက္မွလြဲ၍ က်န္သည့္လူမ်ားအားလုံးက လယ္အလုပ္မ်ားလုပ္ေနက်ရၿပီး ဆယ္ႏွစ္အ႐ြယ္ပိုင္မိန္ေလးေတာင္မွ ပါဝင္ေလသည္။ နန္ေခ်ာင္း႐ြာမွာ ပိုင္မိသားစုရဲ႕ေျမကြက္ေတြက ႐ြာအႀကီးကဲထက္ေတာင္ အနည္းငယ္ပိုတဲ့အတြက္ သူတို႔လူအကုန္မလုပ္ရင္ လူငွားေခၚဖို႔ေငြကုန္လိမ့္မယ္ေလ။

ပိုင္က်န့္(ပိုင္အေဖ၊မူလပိုင္လီ၏ဖခင္)၊ ေမာ့ဟြာ(ပိုင္အေမ၊မူလပိုင္လီမိခင္)ႏွင့္ သူတို႔၏သားသမီးမ်ားသည္ လူငယ္ေလးတစ္ေယာက္ သူတို႔ဘက္သို႔ ကေရာေသာပါး ေျပးလာေနသည္ကိုျမင္ေသာအခါ လုပ္လက္စအလုပ္မ်ားကိုရပ္လိုက္က်၏။ လက္ရွိတြင္ သူတို႔က သူတို႔အိမ္ရဲ႕ဒုတိယသား(ပိုင္လီ)အေၾကာင္းကိုေျပာေနက်တာဆိုေပမယ့္ ပိုင္လီတကယ္ေျပာင္းလဲသြားသည္ကိုမယုံၾကည္ရဲ ျဖစ္ေနက်သျဖင့္ ျငင္းခုံေနက်ျခင္းလည္းျဖစ္သည္။

လာေနေသာလူငယ္သည္ ႐ြာအႀကီးကဲအိမ္မွျဖစ္သည္ကိုျမင္လိုက္ရေသာအခါတြင္ ပိုင္အေမ၏မ်က္ခုံးမ်ား လႈပ္ခပ္သြားေလသည္။ သူမကဘာျဖစ္တာလဲမသိရေသးေပမယ့္ ဒီကိစၥက သူမရဲ႕ဒုတိယသားနဲ႕စပ္ဆက္ေနလိမ့္မယ္ဟု ဝိုးတဝါးခံစားမိေနသျဖင့္ မ်က္ႏွာမေကာင္းနိုင္ေတာ့ေပ။

မဟုတ္မွ သူမရဲ႕သားဆိုးက ထပ္ၿပီးမဟုတ္တာေတြလုပ္ျပန္ၿပီလား။ မေန႕က ႐ြာအႀကီးကဲရဲ႕ေလးကို ပိုင္လီရဲ႕အိမ္မွာျမင္ခဲ့ရၿပီး ေလးကိုမ်ား အလြဲသုံးစားလုပ္လိုက္တာမ်ားလား။

ပိုင္အေမ အေတြးမ်ားခ်ိန္တြင္ပင္ က်န္းခ်င္ေရာက္လာခဲ့ၿပီး ေမးဟိုက္ေနေသာေၾကာင့္အသက္လုရႉေနရသည့္ထဲမွ ေျပာလာေလ၏။

"ဦးေလးပိုင္! ဦး ဦးေလးရဲ႕ ဒုတိယ ဟူး..ပိုင္လီအိမ္ကို အေဖက အခု လာခဲ့ပါတဲ့"

ပိုင္မိသားစုသည္ အလြန္ထိတ္လန့္သြားက်ေပသည္။ သူတို႔ကိုလည္းအျပစ္မတင္ပါႏွင့္။ မူလပိုင္လီသည္ ပိုင္မိသားစုအတြက္ ဤသို႔ပုံစံမ်ိဳးျဖင့္ သတင္းဆိုးမ်ားစြာ ယူလာေပးဖူးေသာေၾကာင့္သာပင္။

ပိုင္က်န့္သည္ အလြန္ရိုးရွင္းေသာ လယ္သမားႀကီးတစ္ေယာက္ျဖစ္၏။ သူက က်န္းခ်င္စကားေၾကာင့္ မ်က္ေမွာင္မ်ားႀကဳံ႕လိုက္ရင္း...

"ေရွာင္ခ်င္ အိမ္က ဒုတိယဘာျဖစ္တာလဲ မင္းသိသလား"

က်န္းခ်င္သည္ ယခုအခါ အနည္းငယ္အေမာေျပသြေပသည္။ သူသည္ေခြၽးမ်ားကိုသုတ္လိုက္ရင္းမွ...

"ဦးေလးပိုင္ရဲ႕သားက ေတာင္ေျခအနက္ထဲမွာ ေတာဝက္ႏွစ္ေကာင္နဲ႕ေတြ႕ခဲ့တာဗ်"

အဲဒီေနာက္ သူက တစ္ဆက္ထဲ ပိုင္လီကေတာဝက္ႏွစ္ေကာင္လုံးကိုသတ္ခဲ့တဲ့အေၾကာင္းေျပာခ်င္ေပမယ့္ ပိုင္အေမက ထိတ္လန့္တျခားျဖင့္ထေအာ္လာမည္ဟု ဘယ္လိုလုပ္ၿပီးထင္ထားမွာလဲ။

"အား!! ဒုတိယ! ဒုတိယ သူ သူ ဘာျဖစ္သြားေသးလဲ သူဒဏ္ရာအျပင္းထန္ရသြားတာလား! သူအခုဘယ္မွာလဲ! ငါရဲ႕မိုက္မဲတဲ့သားေလး မေကာင္းတစ္ခုခုျဖစ္သြားၿပီလား "

ပိုင္အေမသည္ ေျပာရင္းႏွင့္ပင္ မ်က္ရည္မ်ားစီးက်လာသျဖင့္ က်န္းခ်င္ပင္စိတ္ရႈပ္သြားရသည္။

တကယ္ေတာ့ ဒါကပိုင္အေမရဲ႕အျပစ္လည္းမဟုတ္ပါဘူး။မူလပိုင္လီက လူဖ်င္းတစ္ေယာက္ျဖစ္ၿပီး မေန႕ကရစ္ငွင္ေတြအမဲလိုက္ခဲ့တယ္ဆိုရင္ေတာင္ ရစ္ငွက္နဲ႕ေတာဝက္က ေတာ္႐ုံကြာျခာမႈမဟုတ္ဘူးေလ။ ဒီေတာ့ ေတာဝက္နဲ႕ေတြ႕တယ္ဆိုတာနဲ႕ ပိုင္လီအႏၱာရယ္ျဖစ္လာတယ္လို႔ထင္တာက မွားေနတာေတာ့လည္း မဟုတ္ပါဘူး။

က်န္းခ်င္သည္ ပိုင္အေမ၏မ်က္ရည္မ်ားႏွင့္ ပိုင္မိသားစု၏ျဖဴစုတ္ေနေသာ မ်က္ႏွာမ်ားအားၾကည့္ကာ အလြန္နားမလည္နိုင္ေပ။ ပိုင္လီကအရင္ကအရမ္းကို ဆိုးသြမ္းလြန္းတဲ့လူဖ်င္း၊လူမိုက္တစ္ေယာက္ပဲ။ ဘာေၾကာင့္ ပိုင္မိသားစုက ဒီလိုလူ႕အမွိုက္ကို သံေယာဇဥ္ရွိေနက်ေသးတာလဲ။ အကယ္၍ သူက်န္းခ်င္သာ ပိုင္လီရဲ႕ဆယ္ပုံပုံတစ္ပုံေလာက္ဆိုးခဲ့မယ္ဆိုရင္ သူ႕အေဖရိုက္လို႔ေသေနတာၾကာေလာက္ၿပီ။

သို႔ေသာ္ က်န္းခ်င္သည္ မတူညီသည့္ကံမ်ားကိုေမးခြန္းမထုတ္ေတာ့ပဲ လက္အျမန္ေဝွ႕ယမ္းျပလိုက္ကာ...

"ေဒၚေလးပိုင္မွားေနၿပီဗ်! ေဒၚေလးသားက ေတာဝက္ႏွစ္ေကာင္လုံးကိုသတ္လာတာ တစ္ေကာင္ကသူ႕အိမ္ကိုေရာက္ေနၿပီ တစ္ေကာင္ကို အကိုႀကီးဆုံးနဲ႕အတူသြားျပန္ယူေနတာ အဲတာအေဖက အခ်ိန္မလင့္ခင္ၿမိဳ႕ကိုသြားေရာင္းရေအာင္ လွည္းယူလာခဲ့ပါတဲ့"

နန္းေခ်ာင္း႐ြာတြင္ လွည္းႏွစ္စီးသာရွိၿပီး တစ္စီးမွာေရွာင္ဟန္၏အေဖအိမ္ကပိုင္၏။ ေရွာင္အိမ္က ၿမိဳ႕နဲ႕႐ြာကိုေငြနဲ႕အသြားျပန္လုပ္ေပးတဲ့အလုပ္လုပ္က်ၿပီး ထိုအလုပ္ကိုပဲဦးစားေပးလုပ္ကာ လယ္မရွိပဲေျမကြက္ႏွစ္ကြက္သာရွိက်သည္။ ႐ြာသားေတြက လိုအပ္လို႔သူတို႔ရဲ႕ကြၽဲနဲ႕လွည္းကိုငွားခ်င္ရင္ အခေၾကးေငြေပးရလိမ့္မယ္။

ေနာက္တစ္စီးက ပိုင္အိမ္နဲ႕အႀကီးကဲအိမ္က တစ္ဝက္စီပိုင္က်ၿပီး ႐ြာ၏လယ္အလုပ္မ်ားအတြက္ ပူးေပါင္းထားက်တာလည္းျဖစ္၏။ ပိုင္အိမ္ကလွည္းပိုင္ၿပီး ႐ြာအႀကီးကဲအိမ္က ကြၽဲပိုင္တယ္။

သူတို႔ႏွစ္အိမ္က ႐ြာမွာအေျပလည္ဆုံးမိသားစုေတြျဖစ္က်ၿပီး ဆက္ဆံေရးလည္းေျပလည္တာေၾကာင့္ ဤသို႔ပူးေပါင္းထားလည္း မည္သည့္အျငင္းပြားမႈမွျဖစ္ခဲ့ဖူးျခင္းမရွိပဲ နားလည္မႈနဲ႕သာအလုပ္လုပ္က်သည္။

ထိုပူးေပါင္းမႈသည္ ႐ြာသားမ်ားအတြက္လည္း အဆင္ေျပခဲ့ၿပီး ႐ြာအႀကီးကဲနဲ႕ပိုင္အိမ္က ကြၽဲနဲ႕လွည္းကို လယ္အလုပ္မ်ားအတြက္ အလြန္သက္သာတဲ့ေစ်းနဲ႕ပဲငွားပါလိမ့္မယ္။ တစ္ခါတေလ ကန္စြန္းဥေတြနဲ႕ေတာင္ လဲလို႔ရတယ္။

ပိုင္မိသားစုမွာ က်န္းခ်င္၏ထိုစကားၾကားေတာ့မွ အနည္းငယ္စိတ္သက္သာရာရသြားေသာ္လည္း တဖန္ စိတ္ရႈပ္သြားက်ျပန္သည္။

ေတာဝက္ႏွစ္ေကာင္!! ဘုရားေရ!

ပိုင္က်န့္သည္မယုံနိုင္ပဲ...
"ေရွာင္ခ်င္ မင္းတကယ္ေျပာေနတာလား ေသေရာေသခ်ာရဲ႕လား အဲတာကေတာဝက္ေတြဆိုတာ"

"ဦးေလးပိုင္ ဒါကရိတ္သိမ္းခ်ိန္ႀကီး ကြၽန္ေတာ္ကအလုပ္မလုပ္ပဲ ဦးေလးကိုလာေနာက္ေနမွာလားဗ် လိုက္ၾကည့္ရင္သိရမွာပဲကို ေတာဝက္ႀကီးကအႀကီးႀကီးဗ်ာ လူထက္ေတာင္ႀကီးေသးတယ္"

ပိုင္မိသားစုသည္ မယုံၾကည္နိုင္ေသးေသာ္လည္း ပိုင္လီအိမ္ကိုေတာ့သြားၾကည့္ရမည္သာ။

ပိုင္အေဖက...

"အႀကီးဆုံး လွည္းသြားယူလာခဲ့"

ယခုအခါ လွည္းက ပိုင္မိသားစုမွာျဖစ္၍ က်န္းခ်င္အပါအဝင္ ပိုင္မိသားစုသည္ လွည္းႏွင့္ပိုင္လီအိမ္သို႔ သြားက်မည္ျဖစ္ၿပီး ေဘးလယ္ကြက္နားနီးခ်င္းမ်ားမွလည္း ေတာဝက္ဆိုသည့္အသံၾကား၍ လိုက္ၾကည့္ခ်င္က်ေလရာ လွည္းမွာလူျပည့္သြားေတာ့သည္။ လွည္းသည္ ပိုင္လီအိမ္သို႔ေရာက္ေသာအခါ ေနာက္တြင္ စပ္စုတတ္ေသာ႐ြာသားမ်ား လမ္းေလ်ာက္လိိုက္ပါလာက်ေသးသည္ကို ေတြ႕ခဲ့ရ၏။ ပိုင္မိသားစု ပိုင္လီအိမ္သို႔ေရာက္တဲ့အခ်ိန္မွာပဲ ေတာဝက္သတင္းက တစ္႐ြာလုံးျပန့္သြားခဲ့ၿပီလည္းျဖစ္သည္။

ပိုင္လီ၏အိမ္တြင္ ႐ြာအႀကီးကဲ၏မိသားစုရွိေနၿပီး ယာယီထမ္းစင္ႏွင့္သယ္လာေသာ တောဝကျကွိီးကလညျး အိပ္ေရွ႕ေျမကြက္လပ္တြင္ လဲေလ်ာင္းလ်က္ရွိရာ ေရာက္လညသူအေပါင္းမွာ ပင့္သက္ရွိုက္လိုက္က်ရ၏။

ပိုင္အေဖသညိ ႐ြာအႀကီးကဲအားျမင္လွ်င္ အနားသြားလိုက္ၿပီး...

"ေလာင္က်န္း မင္း အိမ္ကဒုတိယကိုျမင္လိုက္ေတာ့ သူဒဏ္ရာေတြဘာေတြမ်ားရထားေသးလား"

ပိုင္က်န့္ႏွင့္႐ြာအႀကီးကဲက်န္းရန္သည္ တစ္႐ြာထဲတြင္ႀကီးပ်င္းလာက်သည့္ ကစားေဖာ္မ်ားျဖစ္ေလရာ အလြန္ရင္းႏွီးေသာ ဆက္ဆံေရးရွိေပသည္။ ႐ြာအႀကီးကဲသည္ ယခုအခါေတာဝက္အားၾကည့္လ်က္ ေရႏြေးၾကမ္းေသာက္ေနၿပီး ပိုင္အေဖ၏ေမးသံၾကားေသာအခါ ေရႏြေးၾကမ္းပန္းကန္ကိုခ်ကာ ျပန္ေျဖလိုက္၏။

"ေလာင္ပိုင္ေရ မင္းသားက ဒဏ္ရာရဖို႔ေနေနသာသာ ငါ့လယ္ကြက္ေတြနားထိ ဒီေတာဝက္ကိုတစ္ေယာက္ထဲေက်ာပိုးၿပီးေျပးလာတာကြ ငါတို႔မွာအေဝးကၾကည့္ေတာ့ ေတာဝက္ႀကီးေျပးလာတယ္ထင္လို႔ ေျပးေတာင္ေျပးေတာ့မလို႔ကြာ"

ပိုင္မိဘမ်ားသည္ ထိုစကားမ်ားၾကားမွ စိတ္သက္သာရာရသြားက်သည္။ က်န္းခ်င္နဲ႕ ႐ြာအႀကီးကဲစကားကမတူပါဘူး။ သူတို႔က က်န္းခ်င္ဘယ္ေလာက္ေျပာေျပာ က်န္းခ်င္လိုလူငယ္ေလးေျပာတဲ့စကားကို မယုံခ်င္ဘူး။ ဒါေပမယ့္ ႐ြာအႀကီးကဲကေတာ့ မတူဘူးေလ။ ဒီလူက႐ြာရဲ႕အႀကီးကဲျဖစ္ၿပီး သူ႕စကားတိုင္းကယုံၾကည္လို႔ရပါတယ္။

ပိုင္အေမသည္ ထိုေတာ့မွသာ စိတ္ေလ်ာ့လိုက္နိုင္ၿပီး သူမ၏ေျမးမ်ားကိုရွာၾကည့္ေသာအခါတြင္ အိမ္ေပါက္ဝ၌ တိတ္တဆိတ္ရပ္ေနေသာ ေရွာင္ဟန္၏ေျခေထာက္အား တစ္ဖက္ဆီဖက္တြယ္ထားက်တာကိုေတြ႕လိုက္ရ၏။ ဒီေကာေသးေသးေလးေတြက ေတာဝက္ကိုဝိုင္းအုံေနတဲ့လူအုပ္ကို မဝံ့မရဲနဲ႕စူးစမ္းေနက်တာပင္။

ေရွာင္ဟန္က အဖ်ားရွိေသးေပမယ့္ အိပ္ရာထဲလွဲေနတဲ့အဆင့္မဟုတ္ေတာ့လို႔ ဒီေန႕မွာ သူ႕သားေလးေတြေရခ်ိဳးသန့္စင္ေပးထားတဲ့အတြက္ ေရခ်ိဳးၿပီးကာစ ေကာေသးေသးေလးေတြက ျဖဴေဖြးေနတဲ့ေပါက္စီေလးေတြလို အရမ္းခ်စ္ဖို႔ေကာင္းေနပါတယ္။ သူတို႔ရဲ႕ ဘယ္ဘက္မ်က္လုံးစြန္းေအာက္က နီနီရဲကာစိုေနတဲ့ မွဲ႕နီေလးေတြကလည္း အျဖဴေရာင္ေပါက္စီေပၚမွာခ်ထားတဲ့ ေဆးစက္နီေလးေတြလိုပဲ။ ေမာ့ဟြာက သူမရဲ႕အႀကီးဆုံးေျမးေလးေတြၾကည့္လိုက္ရင္ ႏွလုံးသားက အလိုလိုႏူးညံ့ေပ်ာ့ေျပာင္းသြားတတ္ၿပီး သူမရဲ႕ဒုတိယသားက ဘာလို႔ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့အေသးေလးေတြကို လစ္လ်ဴရႈရက္ရတာလဲဆိုတာကို ဘယ္တုန္းကမွစဥ္းစားမရခဲ့ဘူး။

သူမသည္ သူမေျမးမ်ားထံသြားေတာ့မည့္အခိုက္တြင္ ႐ြာလူႀကီး၏ဇနီး တုရွီလည္းရွိေနတာျမင္လိုက္သျဖင့္ တုရွီထံအရင္သြားလိုက္သည္။ တုစန္းနန္(တုရွီ၊႐ြာအႀကီးကဲ၏ဇနီး)နဲ႕ ေမာ့ဟြာက ငယ္စဥ္ထဲက ညီမေကာင္းေတြလိုဆက္ဆံေရးရွိက်ၿပီး သူတို႔အိမ္ေထာင္က်ေတာ့လည္း သူတို႔ရဲ႕ဦးစီးေတြကလူေကာင္းေတြျဖစ္တဲ့အတြက္ ကံေကာင္းခဲ့က်တယ္။ တစ္ခုတည္းေသာ ကံဆိုးမႈက ေမာ့ဟြာမွာ ပိုင္လီဆိုတဲ့သားတစ္ေယာက္ ေမြးလာခဲ့တာပဲ။

တုစန္းနန္က ပိုင္လီကိုအလြန္မုန္းတီးၿပီး ဘာလို႔ကမၻာေပၚမွာ ပိုင္လီလိုမ်ိဳးရွိေနရလဲဆိုတာကို စဥ္းစားၾကည့္လို႔ေတာင္မရခဲ့ဘူး။ ပိုင္အိမ္မွာ စပါးစိုက္နိုင္တဲ့လယ္ဆယ္ကြက္နဲ႕ အသီး႐ြက္စိုက္နိုင္တဲ့ ေျမကြက္ႏွစ္ဆယ္ရွိၿပီး အခုခ်ိန္မွာ အုတ္ႂကြပ္မိုးအိမ္နဲ႕ ခ်မ္းခ်မ္းသာသာေနေနရသင့္ေပမယ့္ ပိုင္လီရဲ႕နိပ္စက္မႈေၾကာင့္ သူတို႔ရဲ႕ႂကြယ္ဝမႈက အမည္ခံသက္သက္သာရွိေတာ့ကာ ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ႕ေလးေယာက္ေျမာက္သားေလးကိုေတာင္ ေက်ာင္းမထားနိုင္ေတာ့ပဲထုတ္ခဲ့ရတယ္။ တုစန္းနန္က မိသားစုကိုဒုကၡေပးတဲ့အမွိုက္ေကာင္မ်ိဳးကို မုန္းတီးတယ္။ သူမက ပိုင္အိမ္ကလူအားလုံးကိုသေဘာက်ေပမယ့္ ပိုင္လီကေတာ့ႁခြင္းခ်က္ပဲ။ သူမရဲ႕သားေတြထဲမွာ ပိုင္လီလိုလူမ်ိဳးပါမလာတဲ့အတြက္ သူမကမိုးနတ္မင္းကိုအခ်ိန္တိုင္း ေက်းဇူးတင္ေနရတယ္။

တုရွီကလည္း ပိုင္ရွီ(ေမာ့ဟြာ၊ပိုင္အေမ)သူမဘက္လာေနတာကိုေတြ႕ေတာ့ အမ်ိဳးသားေတြဝိုင္းမွာလည္း ဆက္ထိုင္ေနဖို႔မသင့္ေတာ္ေတာ့တာနဲ႕ သူမလည္း ပိုင္ရွီထံသြားၿပီး ေရွာင္ဟန္ႏွင့္ကေလးမ်ားကိုေခၚကာ တဲအိမ္ေလးထဲဝင္သြားလိုက္သည္။

တုရွီက ေရွာင္ဟန္နဲ႕ကေလးေတြကိုလည္းသေဘာက်တယ္ သူမသေဘာမက်တာက ပိုင္လီတစ္ေယာက္ထဲပဲ။ ဒါေပမယ့္ မေန႕ကပိုင္လီရဲ႕ေျပာင္းလဲမႈေၾကာင့္ သူမရဲ႕ပိုင္လီအေပၚအျမင္ကလည္း အနည္းငယ္ေတာ့ေျပာင္းလဲလာခဲ့ပါတယ္။

အိမ္ေလးထဲက စားပြဲဝိုင္းက အျပင္မွာလူႀကီးသူမေတြထိုင္နိုင္ဖို႔ထုတ္ေပးထားရတဲ့အတြက္ သူတို႔ေတြအုတ္ကုတင္ေပၚပဲ စုထိုင္လိုက္က်ၿပီး ပိုင္အေမက ႐ြာအႀကီးေျပာတာၾကားေပမယ့္ တုရွီကို ထပ္မေပးပဲမေနနိုင္ခဲ့ဘူး။

"ဒုတိယ တကယ္ပဲ အႏၱာရယ္ကင္းရဲ႕လား သူဒဏ္ရာေတြရေနမွာစိုးတယ္"

တုရွီ ပိုင္အေမ၏စကားကိုၾကားေတာ့...

"ပိုင္ရွီ ငါ့အိမ္ကဦးစီးေျပာတာမၾကားဘူးလား နင့္သားကဘာဒဏ္ရာမရဘူး ငါကိုယ္တိုင္လည္းျမင္ခဲ့တယ္ သူကတတ္ႂကြၿပီး ဖ်က္လပ္ေနတာပဲ"

"နင္တကယ္ပဲ ျမင္ခဲ့ရဲ႕လား ဒဏ္ရာကအဝတ္စားေတြေအာက္မွာဆိုရင္ေရာ ဘယ္လိုလုပ္မလဲ"

တုရွီက သားကိုခ်စ္လြန္းတဲ့ သူ႕ညီမေကာင္းကိုလည္း တစ္ခါတစ္ခါစိတ္တိုရတယ္။

"သူအဆင္ေျပတယ္ နင္တျခားဟာသာေတြးပူစမ္းပါဟယ္ ဒီမယ္ ေနာက္ေတာဝက္ကဘယ္ေလာက္ႀကီးလဲငါမသိဘူး ငါသိတာေတာ့ အိမ္ေရွ႕ကေတာဝက္ႀကီးကတင္ေငြေခ်ာင္းမ်ားစြာရမယ္ဆိုတာပဲ နင္ေသခ်ာႀကီးၾကပ္ၿပီး နင့္သားအမွိုက္ျပန္မျဖစ္ေတာ့ေအာင္ဂ႐ုစိုက္ရမယ့္ နင့္ရဲ႕ဒုတိယေခြၽးမနဲ႕ေျမးေတြကိုၾကည့္ သူတို႔ဘယ္ေလာက္ပိန္လွီေနလဲဆိုတာ နင့္အိမ္ကဒုတိယက တကယ္ဆိုးသြမ္းတဲ့ေကာင္ေလး မေန႕ကသူေျပာင္းလဲသြားတယ္ထင္ရေပမယ့္ ခဏပဲျဖစ္ေနမွာစိုးရိမ္ရတယ္ သူလက္ထဲေငြအမ်ားႀကီးျပန္ေရာက္လာရင္ သူျပန္ၿပီးမဟုတ္တာေတြလုပ္လိမ့္မယ္ ဒါေၾကာင့္ သူမဟုတ္တာေတြလုပ္ေတာ့မယ္ဆိုတာနဲ႕ နင္ေငြေတြကိုသိမ္းမွရမယ္ ၿပီးမွ ဒုတိယမိသားစုအတြက္ စားစရာနဲ႕လိုအပ္ေတြဝယ္ေပးတာမ်ိဳးလုပ္ေပးေပါ့"

ပိုင္ရွီက တုရွီေျပာတာကိုနားလည္တယ္။ သူမကလည္း သူမရဲ႕ဒုတိယသားကို ျပန္ၿပီးမဆိုးသြမ္းေစခ်င္ေတာ့ဘူး။ မိသားစုနဲ႕ ေအးေအးခ်မ္းခ်မ္း၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတာကိုပဲ ျမင္ခ်င္ေတာ့တယ္။

"ငါလည္းသိပါတယ္ ေတာဝက္ေရာင္းရင္ ႐ြာအႀကီးကဲနဲ႕ အိမ္ကေယာကၤ်ားေတြလိုက္သြားမွာေသခ်ာတယ္ သူေငြကိုအလြယ္ျဖဳန္းလို႔မရဘူး သူမဟုတ္တာေတြလုပ္ေတာ့မယ္ဆိုတာနဲ႕ ငါသူ႕အေဖကို ေငြေတြသိမ္းဖို႔ မွာလိုက္မယ္"
တုရွီက ပိုင္ရွီစကားကိုေက်နပ္သြားၿပီး...

"အဲတာေကာင္းတယ္ နင္အဲအတိုင္းေသခ်ာလုပ္ရမယ္ အဲေကာင္စုတ္ေလးကိုအလိုမလိုက္နဲ႕ေတာ့"

အဲဒီေနာက္ေတာ့ တုရွီက ပိုင္ရွီနဲ႕ ကေလးမ်ားႏွင့္ေရွာင္ဟန္ကိုၾကည့္ကာ သက္ျပင္းခ်လိဳက္ၿပီး...

"နင့္ရဲ႕ဒုတိယသားက လိမၼာမယ္ဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ ဒီေန႕ကိုၾကည့္ သူ႕မွာအမဲလိုက္စြမ္းရည္ရွိတာမ်ား တစ္႐ြာလုံးေတာင္မယုံၾကည္နိုင္ဘူး သူသာဒီလိုေလးပုံမွန္ျဖစ္သြားမယ္ဆို နင္တို႔လည္းပိုၿပီးေအးေအးခ်မ္းခ်မ္းေနနိုင္လိမ့္မယ္"

ထိုစကားေၾကာင့္ ပိုင္အေမ၏မ်က္ဝန္းမ်ားမွာ နီရဲလာျပန္သည္။

"အဲတာကငါ့အမွားပါ ငါဒုတိယေလးကိုအရမ္းအလိုလိုက္ခဲ့မိတယ္"

သူမတို႔တကယ္အလိုခဲ့မိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အႀကီးဆုံးေလးကိုေမြးတုန္းက တစ္ခုခုျဖစ္သြားၿပီး ခုႏွစ္ႏွစ္အတြင္း ေနာက္ထပ္ကိုယ္ဝန္မရခဲ့ဘူး။ သူမတို႔က ေနာက္ထပ္ကေလးမရနိုင္ေတာ့ဘူးလို႔ေတာင္ထင္ေနခဲ့က်ၿပီးမွ ဒုတိယေလးကိုရခဲ့တဲ့အခါ ကေလးကိုအလြန္အလိုက္ခဲ့မိတယ္။ မူလကဆို အႀကီးဆုံးကိုေက်ာ္ၿပီး ဒုတိယကိုေက်ာင္းတတ္ေစခ်င္ခဲ့က်တာ။ မေမွ်ာ္လင့္ပဲ ဒုတိယကေက်ာင္းမတတ္ခ်င္တဲ့အျပင္ အလြန္ဆိုးသြမ္းလာခဲ့ၿပီး တေျဖးေျဖးနဲ႕သူမတို႔လည္းမနိုင္ေတာ့ဘူး။

တုရွီသည္လည္း ဒါကိုသိခဲ့သည္ပင္။ သူမက သူရဲ႕ညီမေကာင္းကို ႏွစ္သိမိ့ေပးလိုက္၏။

"ဒါေတြကၿပီးသြားၿပီပဲ နင့္ရဲ႕ဒုတိယေလးက အခုေျပာင္းလဲစျပဳလာၿပီ နင္ဒါကိုထိန္းထားဖို႔ပဲလိုတယ္"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫႊန့္ 😇
.................................................................
(AN/ ဖတ္ရတာႀကိဳက္တယ္ဆိုလို႔ ဝမ္းသာပါတယ္။)





Continue Reading

You'll Also Like

41.8K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
29.5K 4.9K 51
ဘာသာပြန်သူ - စွဲညို့အသင်း
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌