အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

נכתב על ידי ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... עוד

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)

အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း

1.2K 100 0
נכתב על ידי ChihiroLily7

တီဗီပေါ်မှ သတင်းကို ကြည့်လိုက်ပြီးနောက် လင်ယွဲ့သည် တစ်စုံတစ်ခုက သူမ၏ဦးနှောက်ကို ဆွဲဆုတ်နေသည့်နှယ် ရုတ်တရက် ခေါင်းကွဲမတတ် ခေါင်းကိုက်သွားတော့သည်။ သူမသည် မတုန့်ပြန်နိုင်ခင်မှာပင် မရင်းနှီးသည့် မှတ်ဉာဏ်အလုံးအရင်းသည် သူမ၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။

" ကျွန်တော်တို့ အခုပဲစစ်ဆေးပြီးပါပြီ၊ သူ အခု ကောင်းနေပါပြီ ဒါပေမယ့် သူ အရမ်းအားနည်းနေသေးတယ် ပြီး အနားယူဖို့လိုတယ်၊ အခုပဲ သူ့ကို ဆေးရုံပေးဆင်းချင်တာ သေချာရဲ့လား"

ဆရာဝန်က မေးလိုက်၏။

လင်ယွဲ့သည် ဖြည်းညင်းစွာနိုးလာ၏။ သူမခေါင်းထဲသို့ တိုးဝင်လာသည့် မှတ်ဉာဏ်များသည် အလွန်ကြမ်းတမ်းရာ သူမကို သတိပြန်လစ်သွားစေတော့သည်။ သို့သော် သည်တစ်ကြိမ် နိုးလာပြီးနောက်တွင်တော့ ဖြစ်ပျက်သမျှကို အလုံးစုံနားလည်သွားတော့သည်။

လုပ်ကြံသူ လင်ယွဲ့သည် အမှန်ပင် သေဆုံးသွားပြီဖြစ်သော်လည်း သူမ၏စိတ်ဝိဉာဥ်က ရှန်ယွဲ့အမည်ရှိသည့် သည်အထက်တန်းကျောင်းသူထဲသို့ သူ့ဟာသူပစ်ဝင်သွားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအားလုံးကို လက်ခံခဲ့ရလေသည်။ သူမ နှစ်ပေါင်းများစွာ လေ့ကျင့်လာသည့် လုပ်ကြံသူတစ်ယောက်၏ သန်မာသည့်ကိုယ်ထည်မှာ ပျောက်သွားလေသည်။ ယခုမူ သူမ၏ခန္ဓာကိုယ်မှာ ဝ,ကာ ရုပ်ဆိုးနေ၏။ သူမသည် ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်လျှင်ပင် မောဟိုက်နေတော့သည်။

သို့တိုင် လင်ယွဲ့သည် စိတ်ပျက်မသွားပေ။ သူမသည် သည်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပြီးဆိုမှတော့ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် ကောင်းကောင်း နေထိုင်ရမှာဖြစ်ပြီး ပြန်လည်မွေးဖွားခွင့်ရသည့် သည်အခွင့်အရေးကို တန်ဖိုးထားရပေမည်။ အခုချိန်ကစလို့ သူမသည် ရှန်ယွဲ့ ဖြစ်သွားပြီ။

" ဒါပေါ့ရှင့်၊ ကျွန်မတို့ ဆေးရုံဆင်းမှရမယ်၊ ကျွန်မတို့ မိသားစုက ဒီအသုံးမကျတဲ့ဟာအတွက် ငွေအများကြီးကို အလကား မသုံးနိုင်ပါဘူး"

ဆွန်းလင်သည် အထင်သေးစွာပြောလိုက်၏။ သူမ,တောင်းဆိုခဲ့သည့် နစ်နာကြေး ၃၀၀,၀၀၀ သည် အရာမထင်ဖြစ်သွားသည်ကို စဥ်းစားမိသွားချိန်၌ သူမသည် ဒေါသဖြင့် အံကြိတ်ထားလိုက်တော့သည်။ သူမသည် ရှန်ယွဲ့ကို အသေသ-တ်ပစ်ချင်နေတော့သည်။

သူမသည် ရှန်ယွဲ့ထံသို့ အဝတ်အစားများ ပစ်ပေးလိုက်၏။ ဆွန်းလင်သည် ဒေါသထွက်နေဆဲ။ သူမသည် ရှန်ယွဲ့၏နှာခေါင်းကို လက်ညိုးထိုးကာ ဆဲဆိုနေတော့သည်။

" နင်လေ စောစောနိုးလာတာဖြစ်ဖြစ် ၊ နောက်ကျမှ နိုးလာတာဖြစ်ဖြစ် ဘာလို့မလုပ်ခဲ့တာလဲ၊ ငါ တစ်ခြားလူတွေနဲ့ ငွေစကားပြောနေတဲ့အချိန်ကျမှ ဘာလို့ နိုးလာရတာလဲ၊ နင်ကလေ ငါတို့မိသားစုကို အလကားနေရင်း ယွမ်သိန်းချီဆုံးရှုံးအောင် လုပ်ခဲ့တာ၊ ဒုက္ခပေးတဲ့ဟာ ဘာလို့ ကိုယ့်ဟာကိုယ် ရေနစ်ပြီး တန်းမသေလိုက်တာလဲ၊ အသက်ရှင်နေတာထက် အသီးအရွက်ဖြစ်သွားတာတောင် ပိုကောင်းသေးတယ်..."

" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မိန်းမရယ် ဆဲဆိုတာ ရပ်ပါတော့၊ အိမ်မြန်မြန်ပြန်ရအောင်နော်"

ရှန်အန်းသည် အကြံပေးလိုက်၏။

ရှန်ယွဲ့သည် ဆွန်းလင်၏ ဆူဆဲမှုကို သည်းခံလိုက်ပြီး တိတ်ဆိတ်ကာ အဝတ်လဲလိုက်လေသည်။ မူလပိုင်ရှင်မှတ်ဉာဏ်များမှတဆင့် သူမ၏မိခင်သည် အကျင့်ယုတ်ဆုံးနှင့် သူမကို အမုန်းဆုံးဖြစ်မှန်း သူမ သိထားလေသည်။ သူမသည် ပြန်ချေပရဲလျှင် ဆွန်းလင်က သူမကို တစ်နေ့လုံး ဆဲဆိုနေပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်၌ သူမသည် တိတ်ဆိတ်နေသည်က အကောင်းဆုံးဖြစ်လေသည်။ ရှန်ယွဲ့သည် မြန်မြန် လှုပ်ရှားလိုက်ပြီး မြန်မြန်ထုပ်ပိုးလိုက်ကာ ဆေးရုံဆင်းသည့်လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် လုပ်လိုက်တော့သည်။

ရှန်ယွဲ့သည် အိမ်ပြန်ရောက်ချိန်၌ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ သည်ခန္ဓာကိုယ်သည် အမှန်ပင် အားနည်းလေသည်။ ကြည့်လိုက်လျှင် အလွန်သန်မာသည် ထင်ရသော်လည်း အမှန်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆီများသာ ရှိလေသည်။ အလွန်ချိနဲ့လွန်းရာ လေတစ်ချက်အတိုက်တွင် လဲကျသွားနိုင်လေသည်။

ရှန်ယွဲ့အမြင်တွင် မူလခန္ဓာကိုယ်ပိုင်ရှင် မိသားစု၏ ပတ်ဝန်းကျင်သည် စိတ်ပျက်စရာ အကောင်းဆုံးပင်။ သူမ၏အမေသည် သူမကို ဆဲဆို အမိန့်ပေးပြီး သူမ၏ညီမလေးသည် သူမကို ရွံ့ရှာကာ မုန်းတီးကာ သူမ၏မောင်လေးကတော့ သူမကို ဂရုမစိုက်သလို သူမ၏အဖေသည် မိန်းမကြောက်ရာ သူမ၏နာကျင်မှုကို မျက်ကွယ်ပြုထားလေသည်။ ပိုင်ရှင်သည် နေ့တိုင်းပင် စိတ်သောကများဖြင့် သေသည်ထက်ဆိုးသည့် ဘဝဖြင့် နေခဲ့ရလေသည်။

ပိုင်ရှင်က ဒီဒေါသကို သည်းခံနိုင်ပေမယ့် ငါကတော့ သည်းမခံနိုင်ဘူး။ ကြည့်ရတာ ငါ့အတွက် ဒီမိသားစုကို အသစ်ပြန်ဖွဲ့စည်းဖို့ အချိန်ကျလာပြီထင်တယ်။

ရှန်ယွဲ့သည့် ကိုးနာရီထိုးတော့မည်ကိုတွေ့လိုက်ပြီး သမ်းဝေလာကာ အိပ်ဖို့ သူမ၏အခန်းသို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် လုံလုံလောက်လောက် အိပ်ပြီးမှ အစီအစဥ်ကို ဆက်လုပ်နိုင်မည့် အင်အားရှိပေတော့မည်။

သို့သော် ရှန်ယွဲ့ပိုင်ဆိုင်သည့် အခန်းကို မြင်လိုက်ချိန်တွင်တော့ ရှော့ခ်ဖြစ်သွားတော့သည်။

အခန်းလေးသည် စတုရန်းမီတာ ၄ ၊ ၅ မီတာသာရှိ၏။ ပြတင်းပေါက်တစ်ခု ပင်မရှိချေ။ အခန်းသည် အလွန်သေးနေရာ အိပ်ရာလေးတစ်ခုသာ ဆန့်ပြီး သစ်သားစားပွဲငယ်လေးတစ်လုံး၊ တိုလီမုတ်စများ၊ ပစ္စည်းအမျိုးမျိုးနှင့် နေ့စဥ်သုံးလိုအပ်သည့်ပစ္စည်းများဖြင့် ပြည့်နေသည့် ကတ်ဖာကြီးအနည်းငယ်သာရှိလေသည်။

အိမ်သာသည် သူမအခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။ အနံ့သက်ဆိုးများ ဝင်ရောက်ရန်လွယ်ကူသည့်အပြင် လူများသည် သူမအခန်းကို ဖြတ်လျှောက်နေကြရာ သီးသန့်လုံးဝဖြစ်နေချေ။

အဆိုးဆုံးက သူမ၏လက်ရှိ ပွယောင်းယောင်းအဆီခန္ဓာကိုယ်နှင့်ဆိုလျှင် အခန်းထဲတွင် လှည့်ရန်ပင် အလွန်ခက်ခဲလေသည်။ သူမသည် သတိမထားမိလျှင် တစ်ခုခုကို ဖိမိပြီး ပြုတ်ကျလာလိမ့်မည်။

ဘုရားရေ... ဒါက ဘယ်လို နေထိုင်ကြတဲ့ ပတ်ဝန်းကျင်မျိုးပါလိမ့်ဟယ်။ ခွေးအိမ်ထက်တောင် ဆိုးသေးတယ်။

ရှန်ယွဲ့သည် ဆွံ့အသွားတော့သည်။

ထိုနောက် သူမသည် သူ့ညီမ ရှန်ရှင်းနှင့် သူ့မောင်လေး ရှန်ချန်တို့၏ ဘေးကအခန်းကို ကြည့်လိုက်၏။ အပြင်အဆင်ကို ထည့်မတွက်လျှင်တောင် အခန်းသည် လင်းရှင်းပြီး ကျယ်ဝန်း၏။ သူမ၏ မှောင်မဲနေသည့်အခန်းလေးနှင့် လုံးဝမတူသည့် ကမ္ဘာများပင်။

သူတို့သည် ခလေးများသာဖြစ်သော်လည်း ဆွန်းလင်သည် ရှန်ရှင်းနှင့် ရှန်ချန်တို့ကို ပိုချစ်လေသည်။ သူမသည် ရှန်ယွဲ့ကို ခြံမွေးတိရစ္ဆာန်မွေးထားသလိုသာ ဆက်ဆံလေသည်။ သူမ၏အဆင့်အမရှိသည့်အမေသည် သိသိသာသာ မျက်နှာလိုက်လွန်းလေသည်။

ရှန်ယွဲ့သည် အတိတ်ဘဝက အပြင်ဘက်တွင် တာဝန်များကို ထမ်းဆောင်စဥ်က ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင် နေခဲ့ရသော်လည်း တာဝန်ပြီး မြောက်သွားသည်နှင့်တပြိုင်နက် သူမကိုကြိုဆိုနေကြသည်မှာ အပန်းဖြေအိမ်တော်နှင့် ဇိမ်ခံပစ္စည်းမျိုးစုံတို့ဖြစ်လေသည်။ ဒါသည် အိပ်ရာငယ်လေးတစ်ခုဖြင့် အိပ်ရသည်မှာ ပထမဆုံးဖြစ်လေသည်။

ထားလိုက်ပါတော့လေ။ လေ့ကျင့်ရေးဆင်းတယ်လို့ပဲ မှတ်လိုက်ပါမယ်။

ရှန်ယွဲ့သည် သူမ၏စိတ်အခြေအနေကို မြန်မြန် ပြုပြင်လိုက်ပြီး မအိပ်ခင် မျက်နှာသစ်ရန် ပြင်ဆင်လိုက်၏။

ပေါက်စီတစ်လုံးကဲ့သို့ ပြည့်ဖောင်းနေသည့် မျက်နှာတစ်ခုသည် မှန်ရှေ့တွင် ပေါ်လာ၏။ သည်အချိန်တွင် သူမ၏ခေါင်းကို ခါလိုက်လျှင် မျက်နှာပေါ်မှအဆီများသည် လှုပ်ယမ်းသွားလိမ့်မည်ကို ရှန်ယွဲ့ ခံစားနေရ၏။ လက်ခံရန်ခက်ခဲလှသော်လည်း သူမကို ဝက်မဟုခေါ်ကာ မွန်းစတားတစ်ကောင်လို့ မြင်ကြပြီး လှောင်ပြောင်ခဲ့သည့် ပိုင်ရှင်၏မှတ်ဉာဏ်များထဲကလူများသည် ခေါင်းထဲတွင် သံနှင့်ရိုက်ထားသလို စွဲနေသည်ကိုတော့ ရှန်ယွဲ့ ဝန်ခံရပေမည်။

သူမ၏လက်ရှိခန္ဓာကိုယ်သည် အလွန်ဝနေရာ ဖွံ့ဖြိုးဖို့နေရာပင် မရှိတော့ချေ။ ဆီးချို၊ သွေးတိုး နှင့် အသဲအဆီဖုံးရောဂါများသည် ခံစားရလျှင် သူမသည် အမှန်ပင် ဒုက္ခိတဖြစ်သွားပေတော့မည်။ ထို့ကြောင့် သူမ၏ပထမဦးစားပေးမှာ ဝိတ်ချရန်သာ ဖြစ်တော့သည်။

သို့သော်ငြား ရှန်ယွဲ့သည် မှန်ထဲက သူမ၏အသွင်အပြင်ကို သေချာဆန်းစစ်လိုက်ချိန်တွင်တော့ အမှန်တွင် သူမ၏မျက်နှာသဏ္ဍာန်မှာ အင်မတန်လှပသည်ကို သိလိုက်ရတော့သည်။ သူမတွင် မက်မွန်းသီးသဏ္ဍာန်မျက်လုံးများ၊ ရှည်ကာစင်းနေသည့်နှာတံ နှင့် နှုတ်ခမ်းဖူးဖူးလေးများ ရှိလေသည်။ သူမသာ ဝိတ်ချလိုက်လျှင် သေချာပေါက် ပစ်မျိုးမဲ့မထင်အလှပိုင်ရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူမ၏မျက်နှာသွင်ပြင်ကို မျက်နှာပေါ်က အဆီများက ဖုံးကွယ်ထားသောကြောင့်သာ မသိသာခြင်းဖြစ်လေသည်။

ရှန်ယွဲ့သည် မမှောင်ခင်ကတည်းက အိပ်လိုက်သော်လည်း တံခါးခေါက်သံကြောင့် နိုးလာ၏။

အိပ်ရာသေးသေးလေးပေါ်တွင် မသက်မသာကွေးထားရသည့် ခြေထောက်ကို ဆန့်လိုက်ပြီး ရှန်ယွဲ့သည် တံခါးဖွင့်လိုက်ရာ ရှန်ချန်၏မျက်လုံးများနှင့် ဆုံသွားတော့သည်။

" ဘာကိစ္စလဲ"

ရှန်ချန်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ချက်ချင်းလှည့်လိုက်၏။

" အမေနဲ့ အဖေက ညစာစားဖို့ ခေါ်နေတယ်"

ထိုသို့ပြောလိုက်ပြီးနောက် ရှန်ချန်သည် လှည့်ထွက်သွားလေသည်။ သူသည် တစ်စုံတစ်ခုကို ထပ်စဥ်းစားလိုက်သယောင် သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်၏။ သူ့မျက်နှာထားမှာ အနည်းငယ် သည်းမခံနိုင်တော့ဟန်ဖြစ်နေသည်။ သူသည် မျက်မှောင်ကျုံ့ကာ တီးတိုးလှမ်းပြောလိုက်၏။

" မြန်မြန်လုပ်နော်၊ မဟုတ်ရင် သူတို့တွေ နင့်ကို ထပ်အပြစ်တင်နေလိမ့်မယ်"

......

Zawgyi

တီဗီေပၚမွ သတင္းကို ၾကည့္လိုက္ၿပီးေနာက္ လင္ယြဲ႕သည္ တစ္စုံတစ္ခုက သူမ၏ဦးေႏွာက္ကို ဆြဲဆုတ္ေနသည့္ႏွယ္ ႐ုတ္တရက္ ေခါင္းကြဲမတတ္ ေခါင္းကိုက္သြားေတာ့သည္။ သူမသည္ မတုန္႔ျပန္ႏိုင္ခင္မွာပင္ မရင္းႏွီးသည့္ မွတ္ဉာဏ္အလုံးအရင္းသည္ သူမ၏စိတ္ထဲသို႔ တိုးဝင္လာေတာ့သည္။" ကြၽန္ေတာ္တို႔ အခုပဲစစ္ေဆးၿပီးပါၿပီ၊ သူ အခု ေကာင္းေနပါၿပီ ဒါေပမယ့္ သူ အရမ္းအားနည္းေနေသးတယ္ ၿပီး အနားယူဖို႔လိုတယ္၊ အခုပဲ သူ႔ကို ေဆး႐ုံေပးဆင္းခ်င္တာ ေသခ်ာရဲ႕လား"ဆရာဝန္က ေမးလိုက္၏။လင္ယြဲ႕သည္ ျဖည္းညင္းစြာႏိုးလာ၏။ သူမေခါင္းထဲသို႔ တိုးဝင္လာသည့္ မွတ္ဉာဏ္မ်ားသည္ အလြန္ၾကမ္းတမ္းရာ သူမကို သတိျပန္လစ္သြားေစေတာ့သည္။ သို႔ေသာ္ သည္တစ္ႀကိမ္ ႏိုးလာၿပီးေနာက္တြင္ေတာ့ ျဖစ္ပ်က္သမွ်ကို အလုံးစုံနားလည္သြားေတာ့သည္။လုပ္ႀကံသူ လင္ယြဲ႕သည္ အမွန္ပင္ ေသဆုံးသြားၿပီျဖစ္ေသာ္လည္း သူမ၏စိတ္ဝိဉာဥ္က ရွန္ယြဲ႕အမည္ရွိသည့္ သည္အထက္တန္းေက်ာင္းသူထဲသို႔ သူ႔ဟာသူပစ္ဝင္သြားၿပီး မူလခႏၶာကိုယ္ပိုင္ရွင္၏ မွတ္ဉာဏ္မ်ားအားလုံးကို လက္ခံခဲ့ရေလသည္။ သူမ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္လာသည့္ လုပ္ႀကံသူတစ္ေယာက္၏ သန္မာသည့္ကိုယ္ထည္မွာ ေပ်ာက္သြားေလသည္။ ယခုမူ သူမ၏ခႏၶာကိုယ္မွာ ဝ,ကာ ႐ုပ္ဆိုးေန၏။ သူမသည္ ေျခလွမ္းႏွစ္လွမ္းေလာက္ လွမ္းလိုက္လွ်င္ပင္ ေမာဟိုက္ေနေတာ့သည္။သို႔တိုင္ လင္ယြဲ႕သည္ စိတ္ပ်က္မသြားေပ။ သူမသည္ သည္ခႏၶာကိုယ္ကို ပိုင္ဆိုင္ရၿပီးဆိုမွေတာ့ မူလခႏၶာကိုယ္ပိုင္ရွင္အတြက္ ေကာင္းေကာင္း ေနထိုင္ရမွာျဖစ္ၿပီး ျပန္လည္ေမြးဖြားခြင့္ရသည့္ သည္အခြင့္အေရးကို တန္ဖိုးထားရေပမည္။ အခုခ်ိန္ကစလို႔ သူမသည္ ရွန္ယြဲ႕ ျဖစ္သြားၿပီ။" ဒါေပါ့ရွင့္၊ ကြၽန္မတို႔ ေဆး႐ုံဆင္းမွရမယ္၊ ကြၽန္မတို႔ မိသားစုက ဒီအသုံးမက်တဲ့ဟာအတြက္ ေငြအမ်ားႀကီးကို အလကား မသုံးႏိုင္ပါဘူး"ဆြန္းလင္သည္ အထင္ေသးစြာေျပာလိုက္၏။ သူမ,ေတာင္းဆိုခဲ့သည့္ နစ္နာေၾကး ၃၀၀,၀၀၀ သည္ အရာမထင္ျဖစ္သြားသည္ကို စဥ္းစားမိသြားခ်ိန္၌ သူမသည္ ေဒါသျဖင့္ အံႀကိတ္ထားလိုက္ေတာ့သည္။ သူမသည္ ရွန္ယြဲ႕ကို အေသသ-တ္ပစ္ခ်င္ေနေတာ့သည္။သူမသည္ ရွန္ယြဲ႕ထံသို႔ အဝတ္အစားမ်ား ပစ္ေပးလိုက္၏။ ဆြန္းလင္သည္ ေဒါသထြက္ေနဆဲ။ သူမသည္ ရွန္ယြဲ႕၏ႏွာေခါင္းကို လက္ညိဳးထိုးကာ ဆဲဆိုေနေတာ့သည္။" နင္ေလ ေစာေစာႏိုးလာတာျဖစ္ျဖစ္ ၊ ေနာက္က်မွ ႏိုးလာတာျဖစ္ျဖစ္ ဘာလို႔မလုပ္ခဲ့တာလဲ၊ ငါ တစ္ျခားလူေတြနဲ႔ ေငြစကားေျပာေနတဲ့အခ်ိန္က်မွ ဘာလို႔ ႏိုးလာရတာလဲ၊ နင္ကေလ ငါတို႔မိသားစုကို အလကားေနရင္း ယြမ္သိန္းခ်ီဆုံးရႈံးေအာင္ လုပ္ခဲ့တာ၊ ဒုကၡေပးတဲ့ဟာ ဘာလို႔ ကိုယ့္ဟာကိုယ္ ေရနစ္ၿပီး တန္းမေသလိုက္တာလဲ၊ အသက္ရွင္ေနတာထက္ အသီးအ႐ြက္ျဖစ္သြားတာေတာင္ ပိုေကာင္းေသးတယ္..."" ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ မိန္းမရယ္ ဆဲဆိုတာ ရပ္ပါေတာ့၊ အိမ္ျမန္ျမန္ျပန္ရေအာင္ေနာ္"ရွန္အန္းသည္ အႀကံေပးလိုက္၏။ရွန္ယြဲ႕သည္ ဆြန္းလင္၏ ဆူဆဲမႈကို သည္းခံလိုက္ၿပီး တိတ္ဆိတ္ကာ အဝတ္လဲလိုက္ေလသည္။ မူလပိုင္ရွင္မွတ္ဉာဏ္မ်ားမွတဆင့္ သူမ၏မိခင္သည္ အက်င့္ယုတ္ဆုံးႏွင့္ သူမကို အမုန္းဆုံးျဖစ္မွန္း သူမ သိထားေလသည္။ သူမသည္ ျပန္ေခ်ပရဲလွ်င္ ဆြန္းလင္က သူမကို တစ္ေန႔လုံး ဆဲဆိုေနေပလိမ့္မည္။ထို႔ေၾကာင့္ ယခုအခ်ိန္၌ သူမသည္ တိတ္ဆိတ္ေနသည္က အေကာင္းဆုံးျဖစ္ေလသည္။ ရွန္ယြဲ႕သည္ ျမန္ျမန္ လႈပ္ရွားလိုက္ၿပီး ျမန္ျမန္ထုပ္ပိုးလိုက္ကာ ေဆး႐ုံဆင္းသည့္လုပ္ထုံးလုပ္နည္းမ်ားကို ၿပီးစီးေအာင္ လုပ္လိုက္ေတာ့သည္။ရွန္ယြဲ႕သည္ အိမ္ျပန္ေရာက္ခ်ိန္၌ ေခြၽးမ်ားျဖင့္ ႐ႊဲနစ္ေနေတာ့သည္။ သည္ခႏၶာကိုယ္သည္ အမွန္ပင္ အားနည္းေလသည္။ ၾကည့္လိုက္လွ်င္ အလြန္သန္မာသည္ ထင္ရေသာ္လည္း အမွန္တြင္ေတာ့ ခႏၶာကိုယ္တစ္ခုလုံးတြင္ အဆီမ်ားသာ ရွိေလသည္။ အလြန္ခ်ိနဲ႔လြန္းရာ ေလတစ္ခ်က္အတိုက္တြင္ လဲက်သြားႏိုင္ေလသည္။ရွန္ယြဲ႕အျမင္တြင္ မူလခႏၶာကိုယ္ပိုင္ရွင္ မိသားစု၏ ပတ္ဝန္းက်င္သည္ စိတ္ပ်က္စရာ အေကာင္းဆုံးပင္။ သူမ၏အေမသည္ သူမကို ဆဲဆို အမိန္႔ေပးၿပီး သူမ၏ညီမေလးသည္ သူမကို ႐ြံ႕ရွာကာ မုန္းတီးကာ သူမ၏ေမာင္ေလးကေတာ့ သူမကို ဂ႐ုမစိုက္သလို သူမ၏အေဖသည္ မိန္းမေၾကာက္ရာ သူမ၏နာက်င္မႈကို မ်က္ကြယ္ျပဳထားေလသည္။ ပိုင္ရွင္သည္ ေန႔တိုင္းပင္ စိတ္ေသာကမ်ားျဖင့္ ေသသည္ထက္ဆိုးသည့္ ဘဝျဖင့္ ေနခဲ့ရေလသည္။ပိုင္ရွင္က ဒီေဒါသကို သည္းခံႏိုင္ေပမယ့္ ငါကေတာ့ သည္းမခံႏိုင္ဘူး။ ၾကည့္ရတာ ငါ့အတြက္ ဒီမိသားစုကို အသစ္ျပန္ဖြဲ႕စည္းဖို႔ အခ်ိန္က်လာၿပီထင္တယ္။ရွန္ယြဲ႕သည့္ ကိုးနာရီထိုးေတာ့မည္ကိုေတြ႕လိုက္ၿပီး သမ္းေဝလာကာ အိပ္ဖို႔ သူမ၏အခန္းသို႔ျပန္ရန္ ဆုံးျဖတ္လိုက္သည္။ သူမသည္ လုံလုံေလာက္ေလာက္ အိပ္ၿပီးမွ အစီအစဥ္ကို ဆက္လုပ္ႏိုင္မည့္ အင္အားရွိေပေတာ့မည္။သို႔ေသာ္ ရွန္ယြဲ႕ပိုင္ဆိုင္သည့္ အခန္းကို ျမင္လိုက္ခ်ိန္တြင္ေတာ့ ေရွာ့ခ္ျဖစ္သြားေတာ့သည္။အခန္းေလးသည္ စတုရန္းမီတာ ၄ ၊ ၅ မီတာသာရွိ၏။ ျပတင္းေပါက္တစ္ခု ပင္မရွိေခ်။ အခန္းသည္ အလြန္ေသးေနရာ အိပ္ရာေလးတစ္ခုသာ ဆန္႔ၿပီး သစ္သားစားပြဲငယ္ေလးတစ္လုံး၊ တိုလီမုတ္စမ်ား၊ ပစၥည္းအမ်ိဳးမ်ိဳးႏွင့္ ေန႔စဥ္သုံးလိုအပ္သည့္ပစၥည္းမ်ားျဖင့္ ျပည့္ေနသည့္ ကတ္ဖာႀကီးအနည္းငယ္သာရွိေလသည္။အိမ္သာသည္ သူမအခန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည္။ အနံ႔သက္ဆိုးမ်ား ဝင္ေရာက္ရန္လြယ္ကူသည့္အျပင္ လူမ်ားသည္ သူမအခန္းကို ျဖတ္ေလွ်ာက္ေနၾကရာ သီးသန္႔လုံးဝျဖစ္ေနေခ်။အဆိုးဆုံးက သူမ၏လက္ရွိ ပြေယာင္းေယာင္းအဆီခႏၶာကိုယ္ႏွင့္ဆိုလွ်င္ အခန္းထဲတြင္ လွည့္ရန္ပင္ အလြန္ခက္ခဲေလသည္။ သူမသည္ သတိမထားမိလွ်င္ တစ္ခုခုကို ဖိမိၿပီး ျပဳတ္က်လာလိမ့္မည္။ဘုရားေရ... ဒါက ဘယ္လို ေနထိုင္ၾကတဲ့ ပတ္ဝန္းက်င္မ်ိဳးပါလိမ့္ဟယ္။ ေခြးအိမ္ထက္ေတာင္ ဆိုးေသးတယ္။ရွန္ယြဲ႕သည္ ဆြံ႕အသြားေတာ့သည္။ထိုေနာက္ သူမသည္ သူ႔ညီမ ရွန္ရွင္းႏွင့္ သူ႔ေမာင္ေလး ရွန္ခ်န္တို႔၏ ေဘးကအခန္းကို ၾကည့္လိုက္၏။ အျပင္အဆင္ကို ထည့္မတြက္လွ်င္ေတာင္ အခန္းသည္ လင္းရွင္းၿပီး က်ယ္ဝန္း၏။ သူမ၏ ေမွာင္မဲေနသည့္အခန္းေလးႏွင့္ လုံးဝမတူသည့္ ကမာၻမ်ားပင္။သူတို႔သည္ ခေလးမ်ားသာျဖစ္ေသာ္လည္း ဆြန္းလင္သည္ ရွန္ရွင္းႏွင့္ ရွန္ခ်န္တို႔ကို ပိုခ်စ္ေလသည္။ သူမသည္ ရွန္ယြဲ႕ကို ၿခံေမြးတိရစာၦန္ေမြးထားသလိုသာ ဆက္ဆံေလသည္။ သူမ၏အဆင့္အမရွိသည့္အေမသည္ သိသိသာသာ မ်က္ႏွာလိုက္လြန္းေလသည္။ရွန္ယြဲ႕သည္ အတိတ္ဘဝက အျပင္ဘက္တြင္ တာဝန္မ်ားကို ထမ္းေဆာင္စဥ္က ၾကမ္းတမ္းသည့္ပတ္ဝန္းက်င္တြင္ ေနခဲ့ရေသာ္လည္း တာဝန္ၿပီး ေျမာက္သြားသည္ႏွင့္တၿပိဳင္နက္ သူမကိုႀကိဳဆိုေနၾကသည္မွာ အပန္းေျဖအိမ္ေတာ္ႏွင့္ ဇိမ္ခံပစၥည္းမ်ိဳးစုံတို႔ျဖစ္ေလသည္။ ဒါသည္ အိပ္ရာငယ္ေလးတစ္ခုျဖင့္ အိပ္ရသည္မွာ ပထမဆုံးျဖစ္ေလသည္။ထားလိုက္ပါေတာ့ေလ။ ေလ့က်င့္ေရးဆင္းတယ္လို႔ပဲ မွတ္လိုက္ပါမယ္။ရွန္ယြဲ႕သည္ သူမ၏စိတ္အေျခအေနကို ျမန္ျမန္ ျပဳျပင္လိုက္ၿပီး မအိပ္ခင္ မ်က္ႏွာသစ္ရန္ ျပင္ဆင္လိုက္၏။ေပါက္စီတစ္လုံးကဲ့သို႔ ျပည့္ေဖာင္းေနသည့္ မ်က္ႏွာတစ္ခုသည္ မွန္ေရွ႕တြင္ ေပၚလာ၏။ သည္အခ်ိန္တြင္ သူမ၏ေခါင္းကို ခါလိုက္လွ်င္ မ်က္ႏွာေပၚမွအဆီမ်ားသည္ လႈပ္ယမ္းသြားလိမ့္မည္ကို ရွန္ယြဲ႕ ခံစားေနရ၏။ လက္ခံရန္ခက္ခဲလွေသာ္လည္း သူမကို ဝက္မဟုေခၚကာ မြန္းစတားတစ္ေကာင္လို႔ ျမင္ၾကၿပီး ေလွာင္ေျပာင္ခဲ့သည့္ ပိုင္ရွင္၏မွတ္ဉာဏ္မ်ားထဲကလူမ်ားသည္ ေခါင္းထဲတြင္ သံႏွင့္႐ိုက္ထားသလို စြဲေနသည္ကိုေတာ့ ရွန္ယြဲ႕ ဝန္ခံရေပမည္။သူမ၏လက္ရွိခႏၶာကိုယ္သည္ အလြန္ဝေနရာ ဖြံ႕ၿဖိဳးဖို႔ေနရာပင္ မရွိေတာ့ေခ်။ ဆီးခ်ိဳ၊ ေသြးတိုး ႏွင့္ အသဲအဆီဖုံးေရာဂါမ်ားသည္ ခံစားရလွ်င္ သူမသည္ အမွန္ပင္ ဒုကၡိတျဖစ္သြားေပေတာ့မည္။ ထို႔ေၾကာင့္ သူမ၏ပထမဦးစားေပးမွာ ဝိတ္ခ်ရန္သာ ျဖစ္ေတာ့သည္။သို႔ေသာ္ျငား ရွန္ယြဲ႕သည္ မွန္ထဲက သူမ၏အသြင္အျပင္ကို ေသခ်ာဆန္းစစ္လိုက္ခ်ိန္တြင္ေတာ့ အမွန္တြင္ သူမ၏မ်က္ႏွာသ႑ာန္မွာ အင္မတန္လွပသည္ကို သိလိုက္ရေတာ့သည္။ သူမတြင္ မက္မြန္းသီးသ႑ာန္မ်က္လုံးမ်ား၊ ရွည္ကာစင္းေနသည့္ႏွာတံ ႏွင့္ ႏႈတ္ခမ္းဖူးဖူးေလးမ်ား ရွိေလသည္။ သူမသာ ဝိတ္ခ်လိုက္လွ်င္ ေသခ်ာေပါက္ ပစ္မ်ိဳးမဲ့မထင္အလွပိုင္ရွင္တစ္ေယာက္ ျဖစ္လာေပလိမ့္မည္။ သူမ၏မ်က္ႏွာသြင္ျပင္ကို မ်က္ႏွာေပၚက အဆီမ်ားက ဖုံးကြယ္ထားေသာေၾကာင့္သာ မသိသာျခင္းျဖစ္ေလသည္။ရွန္ယြဲ႕သည္ မေမွာင္ခင္ကတည္းက အိပ္လိုက္ေသာ္လည္း တံခါးေခါက္သံေၾကာင့္ ႏိုးလာ၏။အိပ္ရာေသးေသးေလးေပၚတြင္ မသက္မသာေကြးထားရသည့္ ေျခေထာက္ကို ဆန္႔လိုက္ၿပီး ရွန္ယြဲ႕သည္ တံခါးဖြင့္လိုက္ရာ ရွန္ခ်န္၏မ်က္လုံးမ်ားႏွင့္ ဆုံသြားေတာ့သည္။" ဘာကိစၥလဲ"ရွန္ခ်န္သည္ သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေခါင္းကို ခ်က္ခ်င္းလွည့္လိုက္၏။" အေမနဲ႔ အေဖက ညစာစားဖို႔ ေခၚေနတယ္"ထိုသို႔ေျပာလိုက္ၿပီးေနာက္ ရွန္ခ်န္သည္ လွည့္ထြက္သြားေလသည္။ သူသည္ တစ္စုံတစ္ခုကို ထပ္စဥ္းစားလိုက္သေယာင္ သူ႔ေခါင္းကို အနည္းငယ္လွည့္လိုက္၏။ သူ႔မ်က္ႏွာထားမွာ အနည္းငယ္ သည္းမခံႏိုင္ေတာ့ဟန္ျဖစ္ေနသည္။ သူသည္ မ်က္ေမွာင္က်ဳံ႕ကာ တီးတိုးလွမ္းေျပာလိုက္၏။" ျမန္ျမန္လုပ္ေနာ္၊ မဟုတ္ရင္ သူတို႔ေတြ နင့္ကို ထပ္အျပစ္တင္ေနလိမ့္မယ္"......

המשך קריאה

You'll Also Like

5K 287 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...
79.2K 11.2K 82
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...