အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3

14.3K 1.6K 40
By FlowerRainButterfly

အပိုင်း (၅) မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3

တိတ်ဆိတ်နေသော အိမ်လေးသည် ညနေစာစားချိန်သို့လျှင်မြန်စွာရောက်လာခဲ့သည်။ ပိုင်လီက ရှောင်ဟန်နိုးနေပြီမှန်းသိတာဖြစ်လို့ သူ့အတွက် ရစ်ငှက်စွပ်ပြုတ်ကိုခပ်မပေးတော့ပေ။ တစ်နေ့ထဲနဲ့ အရမ်းတွေကျိုးနွံလိမ္မာသွားရင် သံသယတွေဝင်လာလိမ့်မယ်။ ဒါကြောင့် သူနှင့်အသေးလေးများအတွက်သာ ပြင်ဆင်လိုက်၏။ ပြင်ဆင်ပြီးနောက် အိမ်၏ထောင့်တွင်ကပ်နေသော လူသုံးယောက်အားကြည့်ကာပြောလိုက်သည်။

"ရှောင်ဖူနဲ့ရှောင်ဝူ ဒီလာခဲ့ ထမင်းစားမယ် မင်းအတွက်စွပ်ပြုတ်အိုးထဲမှာ ကိုယ့်ဘာသာသွားခပ်စားချည်"

ကောလေးသုံးယောက်သည် သူ့အားတူညီသော မျက်လုံးပြူးလေးများဖြင့် ကြည့်နေသောအခါ ထိုအရာကရယ်ဖို့ကောင်းသလို ချစ်ဖို့လည်းကောင်းသည်ဟု ပိုင်လီကခံစားခဲ့ရသည်။ သို့သော် သူကရယ်ချင်စိတ်အား မျက်နှာတွင်မပြပဲ...

"မင်းတို့ ခုထိမလှုပ်သေးဘူးပေါ့လေ"

ဒီကောသုံးယောက်က ပိုင်လီအား အလွန်ကြောက်သည်မှာထင်ရှားလေ၏။ ပိုင်လီ၏ ထိုစကားထွက်လာသည်နှင့် ရှောင်ဟန်သည် အသေးလေးများအား သွားစားရန်တိတ်တိတ်လေးပြောလိုက်ပြီး သူသည်လည်းစွပ်ပြုတ်ခပ်ရန် အပြင်ထွက်သွားခဲ့သည်။ သူတို့က ဒီလူကိုကြောက်ပေမယ့် ဒီလူကသူတို့အိမ်ရဲ့ဦးစီးပဲလေ သူတို့ကိုရိုက်နှက်နေရင်တောင် ဘယ်သူကမှဝင်ဆွဲရဲမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့က ဒီလူပြောသမျှနားထောင်ရုံသာရှိတော့သည်။

ပိုင်လီမှာ တစ်စားပွဲထဲစားနေသော်လည်း သူနှင့်အဝေးဆုံးမှာနေရာယူထားသည့် ကောသုံးယောက်အားကြည့်ကာ အလွန်ကူကယ်ရာမဲ့နေ၏။ ဒီသုံးယောက်နဲ့ သူနဲ့ကတော့ ရင်းနှီးနိုင်ဖို့ အချိန်အများကြီး လိုမည့်ပုံရသည်။

စားသောက်ပြီးသွားသောအခါ ရှောင်ဟန်က ပန်းကန်များကိုဆေးခဲ့ပြီး ပိုင်လီသည် ရှောင်ဟန်ဖျားနေသော်လည်း ခွင့်ပြုပေးခဲ့သည်။ အကယ်၍သူသာ ရှောင်ဟန်နဲ့ကလေးတွေစားထားတဲ့ ပန်းကန်ကိုဆေးပေးခဲ့မယ်ဆိုရင် ဒီသုံးယောက်အရမ်းကြောက်လန့်သွားပြီး ထွက်ပြေးသွားမှာကို သူစိုးရိမ်မိနေလို့ပင်။

တဲအိမ်လေးသည် အလွန်သေးငယ်ပြီး အပူပေးအုတ်ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးဆန့်ရုံသာရှိသည်။ ပိုင်လီမှာ ဤဘဝ၌မွဲတေမှုကို သက်ပြင်းချရင်း မနက်ဖြန်တော့ သားကောင်ကြီးကြီးရှာမှဖြစ်မည်ဟု တွေးကာ အိပ်ပျော်သွားခဲ့၏။ ရှောင်ဟန်နှင့် အသေးလေးများမှာမူ ပိုင်လီအိပ်ပျော်သွားတာသေချာမှသာ အုတ်ကုတင်ပေါ်သို့တတ်ရဲလေသည်။

ရှောင်ဖူနှင့်ရှောင်ဟူသည် ရှောင်ဟန်အားဖက်ထားကျရင်း တိုးတိုးလေးမေးနေကျ၏။

"ဖေဖေ အဖေကတကယ်ပြောင်းလဲသွားပြီလားဟင်"

"အဖေက ဒီလိုပဲသားတို့ကိုစားစရာတွေပေးနေရင်ကောင်းမှာပဲနော် အဖေကဒီနေ့ကြောက်စရာမကောင်းဘူး"
ရှောင်ဟန်သည် အသေးလေးများ၏ မျှော်လင့်ချက်များအား မဖျက်စီးချင်ပါသော်လည်း လိမ်လည်းမလိမ်ချင်လေရာ "ဖေဖေလည်း မသိဘူး"ဟူ၍သာ ပြန်ပြောနိုင်ခဲ့သည်။

အသေးလေးများသည် ဒီနေ့ သူတို့အဖေ၏ပြောင်းလဲမှုများကို ဆက်၍ပြောချင်သေးသော်လည်း ရစ်ငှက်သားနှင့်မျှစ်များကိုရောချက်ထားသောဟင်းသည် အလွန်အရသာရှိပြီး ဆန်ပြုတ်မဟုတ်ပဲ ထမင်းနှင့်စားကျရသည်မို့ ဗိုက်လေးများတင်းကာ သိပ်မကြာခင်အိပ်ပျော်သွားခဲ့ကျ၏။ အိပ်မပျော်နိုင်သော တစ်ဦးတည်းသောလူမှာ ရှောင်ဟန်ပင်။

သူသည် ဒီနေ့ ရစ်ငှက်တစ်ကောင်လုံးပါသော စွပ်ပြုတ်အားသောက်ခဲ့ရပြီး အစကသူကစားဖို့မဝံ့မရဲဖြစ်နေသော်လည်း ပိုင်လီ၏စူးရဲသောစောင့်ကြည့်မှုအောက်တွင် အကုန်စားခဲ့ရသည်။ ထိုအချိန်က ပိုင်လီ စွပ်ပြုတ်ထဲတစ်ခုခုထည့်ထားသည်ဟု သံသယဝင်ခဲ့မိသေးသော်လည်း နောက်ဆက်တွဲဘာမှဖြစ်မလာသည့်အခါတွင် ပို၍စိတတ်ရှုပ်သွားခဲ့ရသည်။

ပိုင်လီက တကယ်ကြီး သူ့ကိုရစ်ငှက်တစ်ကောင်လုံးပေးချင်တာလား။ သူကိုယ်တိုင်ချက်ပြုတ်ပြီးတော့လေ။

ရှောင်ဟန်သည် တွေးရင်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ရစ်ငှက်တစ်ကောင်လုံးက မိသားစုကြီးတစ်စုလောက်မျှစားလို့ရပေမယ့် ပိုင်လီက သူ့တစ်ယောက်တည်းကိုပေးခဲ့ပြီး ဒါကသူ့အား စိတ်ပူစေသလို စိတ်လှုပ်ရှားစေ၏။

သူ့ရဲ့ခင်ပွန်းက တကယ်ပြောင်းလဲသွားတာများလား။ ထိုသို့ဆိုလျှင် သူသည် သူ့ခင်ပွန်းက ဤအတိုင်းပဲအမြဲပြောင်းလဲသွားဖို့ မျှော်လင့်မိပါသည်။

နောက်တစ်နေ့မနက် ပိုင်လီနိုးလာချိန်တွင် စောသေးသော်လည်း ကုတင်ပေါ်တွင် အသေးလေးများသာရှိတော့ပြီး ရှောင်ဟန်အားမတွေ့တော့ပေ။ သူသည် အဝတ်ဝတ်၍ အပြင်သို့ထွက်ကြည့်လိုက်သော် ရှောင်ဟန် ရေသယ်နေသည်အား တွေ့လိုက်ရ၏။

ရှောင်ဟန်၏အဖျားသည် အနည်းငယ်သက်သာရုံသာရှိပြီး မပျောက်သေးပေ။ သူ၏မျက်နှာသည် အဖျားကြောင့် နီရဲလျက်ရှိပြီး ဤရေသယ်မှုက နောက်ဆုံးဖြစ်ဟန်တူ၏။ ဒါဆို ရှောင်ဟန်ကဘယ်ချိန်ထဲကထနေတာလဲ။ ပိုင်လီခန့်မှန်းချက်အရဆိုလျှင် ယခုမှမနက်ခုနှစ်နာရီလောက်သာရှိလိမ့်ဦးမည်။ သူက အရင်ဘဝမှာလည်း ခုနှစ်နာရီဆိုတာနဲ့ နိုးစက်မလိုပဲထပြီး မနက်ပိုင်းပြေးခြင်းကို လုပ်လေ့ရှိသော​ကြောင့်ပင်။

သူသည် ရှောင်ဟန်အား မသယ်တော့နဲ့ဟူ၍ပြောချင်သော်လည်း အိမ်ရှိရေပုံးများက အပြည့်များဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသော် မပြောတော့ပေ။ အရင်ရက်တွေက ရှောင်ဟန်နေမကောင်းဖြစ်နေပြီး ရေမသယ်နိုင်ခဲ့သလို မနေ့က သူသည်ချက်ပြုတ်ဖို့ရာအတွက် ကျန်ရှိရေမျအကုန်နီးပါးသုံးခဲ့သည်။ သူ့လို21ရာစုကလာတဲ့သူအတွက်တော့ သန့်ရှင်းမှုကဦးစားပေးဖြစ်လို့ ရေဖောဖောသုံးတာက သဘာဝပဲလေ။ ဒါပေမယ့် ဒါကရှောင်ဟန်ကို ဒုက္ခပေးမိသလိုဖြစ်သွားခဲ့သည်။

မဖြစ်ဘူး။ သိပ်မကြာခင် အိမ်မှာရေတွင်းတူးမှကိုဖြစ်မယ်။

သို့သော် ထိုအတွေးကို ထုတ်မပြောပဲ ရှောင်ဟန်အားပြောလိုက်သည်မှာ...

"အိမ်မှာဆန်နဲ့ ပြုတ်ထားတဲ့ရစ်ငှက်သားတချို့ကျန်သေးတယ် အသားဆန်ပြုတ်လုပ်ပြီး မင်းနဲ့ကလေးတွေစားလိုက် ငါတောင်ပေါ်သွားလိုက်ဦးမယ်"

ပိုင်လီ၏မျက်နှာကအမူယာက တည်ငြိမ်နေသော်လည်း သူ၏စကားသံများကမူ ပေါ့ပါးလှပေသည်။ ဒါက ရှောင်ဟန်မတွေ့ဖူးသည့် ပိုင်လီ၏ပုံစံဖြစ်ပြီး သူသည် တစ်ခုခုပြောချင်ခဲ့၏။ သူက အိမ်မှာရှိသည့်အရာများကိုမြင်ပြီးပြီးဖြစ်သော်လည်း ပိုင်လီ၏ခွင့်ပြုချက်မရပဲ မချက်ရဲခဲ့ခြင်းသာပင်။ အကယ်၍ ပိုင်လီက ဤသို့သူ့အားချက်ခွင့်ပေးမည်မှန်းသိခဲ့လျှင် သူနိုးထဲကချက်ထားမှာဖြစ်ပြီး ထိုသို့ဆိုလျှင် ပိုင်လီတောင်ပေါ်မသွားခင် တစ်ခုခုစားသွားနိုင်လိမ့်မှာပင်။
ရှောင်ဟန်သည် ကျောလွယ်ခြင်းတောင်းနှင့် လေးနှင့်မြှားအားလွယ်လျက် ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် ထွက်ခွာသွားသော ပိုင်လီ၏နောက်ကျောအား အချိန်ကြာကြီး ကြည့်နေခဲ့လေသည်။ ပိုင်လီသူ့မြင်ကွင်းထဲမှပျောက်သွားတာတောင်မှ ထိုအရပ်သို့လှမ်းကြည့်နေစဲ...။

နောက်တော့ သူသည် အသက်ပြင်းပြင်းရှူပြီး စိတ်ထဲ၌ မှတ်ချက်ပေးလိုက်သည်။

မနက်စောစောထပြီး တောင်ပေါ်လည်းသွားတယ်ဆိုတော့ သူ့ခင်ပွန်းက တကယ်ပဲပြောင်းလဲသွားတာ ဖြစ်နိုင်ပါတယ်။

ရှောင်ဟန်၏စိတ်ထဲတွင်မူ ပန်းလေးများပွင့်သကဲ့သို့ချိုမြိန်မှုအားခံစားလိုက်ကပေသည်။ ဒါက သူအမြဲတောင်းတခဲ့ရတဲ့ဘဝနဲ့ဆင်တူပါ၏။ သူနဲ့သားတွေကို အမြဲပြဿနာရှာရိုက်နှက်နေမယ့် ခင်ပွန်းမျိုးမဟုတ်ပဲ အလုပ်ကြိုးစားပြီး မိသားစုကိုဂရုစိုက်မယ့် ခင်ပွန်းမျိုး။ အကယ်၍ သူ၏ခင်ပွန်းသည် ထိုသို့သာအမြဲပြောင်းလဲသွားလျှင် ဤဘဝ၌ သူ့တွင်နောက်ထက်တောင်းဆိုစရာရှိမည်မဟုတ်တော့ပေ။

ပိုင်လီကတော့ သူ့ကြောင့် လူဘယ်နှယောက်လောက်ပျော်ရွှင်သွားလဲကို မသိပဲ အပြေးလေ့ကျင့်ပြီးသားရအောင် တောင်ပေါ်သို့ ပြေးတတ်သွားခဲ့လေသည်။

တကယ်တော့ ရွာသားများသည် တောကောင်များအားအလွန်ကြောက်သဖြင့် တောင်ခြေတွင်တောင် အနက်ထဲထိမဝင်ရဲကျပေ။ ဒါကြောင့် သူတို့အတွက်အမဲလိုက်ဖို့ခက်ကျတာပင်။ ပိုင်လီကမူ တစ်ခါထဲတောင်ခြေ၏အနက်ထဲသို့ တန်းဝင်သွားပြီး သားကောင်ကြီးများကို လိုက်ချောင်းနေလေ၏။ သူ့ရဲ့ဒီနေ့ပြစ်မှတ်က ငွေအပုံလိုက်ရမယ့် သားကောင်ကြီးတွေပါပဲ။ ဒီလိုခေတ်မှာ အဖိုးအရမ်းတန်တဲ့ ဝက်ဝံကိုရခဲ့ရင်တော့ ပိုကောင်းတာပေါ့လေ။

သို့သော် ပိုင်လီသည်သားကောင်ကြီးများကိုရှာမတွေ့ခင်မှာပင် သီးပင်စားပင်တချို့ကိုတွေ့ခဲ့ရသည်။

ဒီခေတ်မှာ လူတွေရဲ့စားနိုင်သည့်အရာများကသိပ်အများကြီးမရှိလှပေ။ သူတို့က အသားတွေဆို ဆီကစျေးကြီးလို့ ကြော်စားရမှန်းမသိပဲ ပြုတ်တာနဲ့ပေါင်းတာ၊ကင်တာပဲလုပ်လေ့ရှိပြီး အရွက်များကိုလည်း ဤအတိုင်းပင်။ ရေနဲ့အသီးရွက်စွပ်ပြုတ်ချက်တာမျိုး ဒါမှမဟုတ်လည်း ပေါင်းတာမျိုးပဲလုပ်လေ့ရှိကျ၏။ သူတို့က တောစပ်မှာတွေ့ရတဲ့ စားရတဲ့အသီးရွက်ရိုင်းတွေကိုပဲစားကျကာ တောနက်ထဲကအသီးများကိုမြင်လျှလည်း စားကြည့်၍ ဘာအရသာမှမရှိတာမျိုး၊ သို့မဟုတ် ချက်ကြည့်၍ အရသာထူးဆန်းနေတာမျိုးဆိုလျှင် စားမရသည့်အုပ်စုထဲထည့်လေ့ရှိကျသည်။

ထို့အပြင် ဆားမှာလည်းစျေးကြီးလွန်းသဖြင့် လုံလောက်အောင်မထည့်ကျပဲ ဟင်းများက အရသာပေါ့ရွှတ်ကာ အလွန်ဆိုးဝါးလှ၏။

ပိုင်လီက ခေါင်းခါရမ်းလိုက်ကာ ကြီးမားပြီးအရည်ရွှမ်းနေသော ငရုတ်ပွသီးများနှင့်ငရုတ်သီးများခူးကာ ကျောဖက်ကခြင်းတောင်းထဲသို့လှမ်းထည့်လိုက်သည်။ ထို့နောက် နံနံပင်များနှင့် စပါးလင်ပင်များ။ တောခရမ်းသီးများနှင့် အာလူးများ။ ရွှေဖရုံပင်၏အရွက်များ။ ဒီခေတ်လူတွေက ရွှေဖရုံသီးကို ပမာဏအနည်းငယ်စိုက်ပျိုးကာ စားကျပေမယ့် အရွက်ကိုမစားတာတော့နှမျောစရာပဲ။ ဤဖရုံပင်သည် အသီးမသီးသေးသဖြင့် ပိုင်လီကအညွှန့်များကိုချိုးခဲ့သည်။ ထို့နောက် အလေ့ကျပေါက်နေသော မုန်ညှင်းပင်များအားလည်း ခြင်းတောင်းထဲပြစ်ထည့်ခဲ့၏။

ခြင်းတောင်းထဲ၌ တစ်ဝက်ကျော်သွားချိန်တွင် သူသည်လည်း တောင်ခြေအနက်ဆုံးပိုင်းထဲရောက်နေပြီဖြစ်ပြီး ထိုခဏမှာပဲ အသံများကိုကြားခဲ့ရသည်။

ပိုင်လီ ချက်ခြင်းမျက်မှောင်ကြုတ်သွားရ၏။ အသံများကကျယ်လောက်ပြီး ဝရုန်းသုန်းကား နိုင်လွန်းသဖြင့် သူသည်အသံလာရာသို့သွား သွားကြည့်ခဲ့သည်။

"အိုး ​ဘယ်လိုတောင်ကြီးတဲ့တောဝက်ကြီးတွေတုန်း"

အစက ပိုင်လီသည် တောကောင်ကြီးများရဖို့ တောင်ပေါ်တတ်ရန်လိုမည်ဟုထင်ခဲ့သော်လည်း မထင်မှတ်စွာနှင့် တောင်ခြေတွင်ပင် တောဝက်နှစ်ကောင်အားတွေ့ခဲ့ရပြီး ၎င်းနှစ်ကောင်က တိုက်ခိုက်နေကျသေးသည်။

ဤတောဝက်များသည် တောင်ခြေသို့ရောက်နေပြီး ရွာသို့ရောက်လာပါက အလွန်အန္တာရယ်များလှ၏။ ဒီနေ့တော့ ရွေးချယ်စရာမရှိပဲ ဒီတောဝက်နှစ်ကောင်ကိုပဲ ရွေးရတော့မှာပဲ။

ပိုင်လီက အချင်းချင်းတိုက်ခိုက်ဖို့သာ အာရုံထားနေသည့် တောဝက်များအားကျေးဇူးတင်ကာ ပြစ်ကွင်းကောင်းသောနေရာတစ်ခုကိုရွေးချယ်လိုက်သည်။ ထို့နောက် မြှားတံအားဆွဲကာ လေးတင်လိုက်ပြီး တောဝက်တစ်ကောင်အားချိန်ရွယ်လို့ထား၏။ ဒီတောဝက်တွေကအရမ်းကြီးပြီး ရွာအကြီးကဲရဲ့လေးက သိပ်မကောင်းတဲ့အတွက် တစ်ချက်ထဲနဲ့တော့ လက်စသပ်နိုင်မှာမဟုတ်ဘူး။ သို့သော် ပိုင်လီက ယခင်ဘဝမှာ မြှားပြစ်ချံပီယံတွေနဲ့တောင် သူငယ်ချင်းဖြစ်ခဲ့သည့်လူပင်။ သူနဲ့အတူတူလေ့ကျင့်ခဲ့တဲ့သူငယ်ချင်းတွေက ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့ကျပေမယ့် သူ့မိဘတွေကတော့ သူ့ကိုခွင့်မပြုခဲ့ဘူး။ အကယ်၍ သူ့မိဘတွေသာခွင့်ပြုခဲ့ရင် သူကလည်းမြှားပြစ်ချံပီယံတစ်ယောက် ဖြစ်နေနိုင်လားဆိုတာ ဘယ်သူသိမှာလဲ။

ပိုင်လီသည် အချိန်မဆွဲပဲ မြှားကိုပြစ်လွှတ်လိုက်၏။ မြှားသည် သွက်လက်စွာဖြစ့်လေကိုခွင်းသွားပြီး တောဝက်တစ်ကောင်၏ လည်ပင်အား စိုက်ဝင်သွားခဲ့တော့သည်။ တောဝက်ကြီး၏စူးရှသောအော်သံသည် တောထဲ၌ ခြောက်ခြားဖွယ်ကောင်းစွာ ဟိန်းထွက်လာပြီး ထို့နောက် နောက်ထပ်မြှားတစ် အချိန်မဆိုင်းပဲ လည်ပင်းသို့ပင်နစ်ဝင်ကာ ထိုတောဝက်အားအဆုံးသတ်ပေးခဲ့လေ၏။ နောက်တစ်ကောင်သည် သူ့ရှေ့မှတောဝက်၏အဖြစ်ကိုကြည့်ကာ အလွန်လန့်သွားပုံရပြီး လျှင်မြန်စွာလှည့်ပြေးသော်လည်း ပိုင်လီ၏လက်မှလွတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

မြှားနှစ်စင်းသည် ရှေ့ဆင့်နောက်ဆင့်ထွက်လာပြီးနောက် နောက်တစ်ကောင်ကိုလည်း တူညီစွာ အဆုံးခဲ့ပေသည်။

တောအုပ်က ပုံမှန်ကဲ့သို့ငြိမ်ကျသွားခဲ့ပြန်၏။ ပိုင်လီက သူ့ခန္ဓာကိုယ်ထက်တောင် ကြီးမားတဲ့တောဝက်ကြီးနှစ်ကောင်အားကြည့်ကာ အလွန်ပျော်ရွှင်နေပေသည်။ သူ့ရဲ့အရင်ဘဝမှာဆိုရင် တောင်ကောင်တွေက တောတောင်တွေပြုန်းတီးမှုကြောင့် ဒီလိုမျိုးအရွယ်စားမရှိတော့ပဲ ဤခေတ်တွင်မူ အများစုမှာတောတောင်များသာဖြစ်နေ၍ တောင်ကောင်များအလွန်ပေါကာ၊ကြီးမားကျပြီး မြှားကောင်းကောင်းပြစ်နိုင်တဲ့သူ့အတွက်တော့ လက်မကျိုးမချင်း ငတ်သေမှာကို စိုးရိမ်စရာမလိုတော့ပေ။

ပိုင်လီက တောဝက်ကြီးများအား လက်များ၌တစ်ဖက်စီမလျက် မနိုင်တနိုင်ဖြင့် တောင်ခြေအနက်ထဲမှ ဆွဲထုတ်သွားခဲ့ပေသည်။ တောင်ခြေတွင် သားရဲအကြီးများမရှိတတ်သော်လည်း သွေးနံ့ကြောင့် တောင်ပေါ်ကဆင်းလာကျမည်ကိုတော့ သူစိုးရိမ်ခဲ့၍ပင်။

ပိုင်လီရဲ့ အရင်ဘဝခန္ဓာကိုယ်မှာ သန်မာပြီးကြံ့ခိုင်သော်လည်း ယခုခန္ဓာကိုယ်ကမူ အပျော်ပါးလိုက်စားလွန်းထားသဖြင့် အလွန်ပိန်ပါးလှသည်။ သို့သော် အံသြဖွယ်ကောင်းသည်မှာ ပိုင်လီသည် သူ၏ယခင်ခန္ဓာကိုယ်ကအားအင်များက ဤဘဝထိပါလာသည်ဟု ခံစားခဲ့ရခြင်းပင်။

သူသည် တောခြေ၏အနက်ပိုင်းထဲမှထွက်လာပြီးသော် တောဝက်တစ်ကောင်အား ခြုံပုတ်တစ်ခုထဲတွင် ခေတ္တဖွက်ခဲ့ပြီး နောင်ကျောလွယ်ခြင်းတောင်းအား ရှေ့သို့ပြောင်းလွယ်ကာ တောဝက်တစ်ကောင်ကို သူ့ကျောပေါ်သို့တင်ကာ ရွာသို့ပြန်လာခဲ့တော့သည်။ နှစ်ကောင်ဆိုရင် မနိုင်ပေမယ့် တစ်ကောင်ကတော့ သူ့အတွက်ပေါ့ပါးနေတုန်းပါပဲ။ လျှင်မြန်သောခြေလှမ်းများနှင့် ရွာအကြီးကဲ၏ လယ်ကွင်းစီရောက်သွားခဲ့၏။

ရွာအကြီးကဲ၏လယ်ကွင်းများသည် ရွာနှင့်ပိုနီးသော်လည်း တောင်နှင့်ရွာကိုသွားရသည့်လမ်းတွင် တည်ရှိနေတာဖြစ်၍ ရွာအကြီးကဲကိုရွေးချယ်တာကအကောင်းဆုံးပါပင်။

ရွာအကြီးကဲနှင့်သူ့မိသားစုသည် ဤနှစ်၏လယ်အထွက်နူန်းများအကြောင်းပြောနေခိုက် အငယ်ဆုံးကျန်းချင်သည် ခါးဆန့်လိုက်ရင်း တောင်ရှိရာဘက်သို့အကြည့်ရောက်သွားသောအခါတွင် အလွန်ထိတ်လန့်သွားသောကြောင့် ထခုန်လိုက်မိလေသည်။

"အား!!!! တောဝက်ကြီး!! အဖေရေ!! တောဝက်ကြီး ဒီဘက်ကိုလာနေတယ်ဗျ!!! "

တောဝက်သည် ပိုင်လီ၏ခန္ဓာကိုယ်ထက်ကြီးသောကြောင့် ကျောပိုးထားသောအခါတွင် အဝေးမှကြည့်ပါက ပိုင်လီအားမမြင်ရနိုင်ပဲ တောဝက်ကိုသာမြင်ရလိမ့်မည်။ ရွာအကြီးကဲနှင့်ကျန်လူများကလည်း ကျန်းချင်စကားကြောင့် ကြည့်လိုက်မိကျပြီး အမှန်တကယ်တောဝက်ကြီးလာနေသောအခါ မျက်နှာများဖြူစုတ်သွားကျတော့သည်။

ရွာအကြီးကဲက တုန်ရီနေသော သူ့ဇနီးအား အော်လိုက်ရင်း...

"ဘာကြောင်နေတာတုန်း ပြေးဟ!"

ပိုင်လီခြေလှမ်းများက အလွန်လျှင်မြန်သောကြောင့် မထင်လျှင် တောဝက်ကပြေးလာနေသကဲ့သို့ပင် ထင်ရလိမ့်မည်။

ရွာအကြီးကဲ၏မိသားစုသည် ဤသို့ဖြင့် ဝရုန်းသုန်းကားဖြစ်သွားသော်လည်း မျက်စိကောင်းလွန်းသော ကျန်းထင်ကမူ တောဝက်အားကြည့်ကာ မရေမရာဖြင့် သူ့အဖေအားဆွဲထားလိုက်ပြီး...

"အဖေ နေပါဦး သေချာကြည့်ပါဦး တောဝက်ရဲ့အောက်မှာလူတစ်ယောက်ရှိနေတာလားလို့"

ကျန်းချင်ကမူ ကြောက်ရွံလျက်...

"မဟုတ်မှ တောဝက်ကရွာသားတစ်ယောက်ယောက်ကို ချီရင်းစားလာတာများလား!"

ကျန်းထင်သည် သူ၏အငယ်ဆုံးညီအား တစ်ချက်ကန်လိုက်ပြီး...

"မင်း ယောင်္ကျားမဟုတ်ဘူးလား သေချာကြည့်စမ်း လူတစ်ယောက်က တောဝက်ကိုသယ်လာတာကွ!"

ယခုအခါ ပိုင်လီကရှင်းလင်းသောမြင်ကွင်း၌ရောက်နေပြီဖြစ်သဖြင့် လူကတောဝက်ကိုသယ်လာမှန်း မြင်နိူင်သွားပြီဖြစ်၏။ သို့သော် မည်သူမှန်းတော့မသဲကွဲကျပါချေ။ ရွာလူကြီးနှင့်သူ့သားများသည် တောဝက်ကိုသယ်လာသည်ကမည်သူနေနေ သူတို့ရွာဘက်လာနေ၍ သူတို့ရွာသားသာဖြစ်ကြောင်း သိသဖြင့် ကူညီရန်အပြေးသွားခဲ့ကျသည်။

သို့သော် အနီးရောက်သောအခါ ပိုင်လီအားတွေ့လိုက်ရသဖြင့် အလွန်အံသြသွားကျရ၏။

ရွာအကြီးကဲမှာမယုံနိုင်ပဲ...

"မင်း မင်းက ပိုင်အိမ်ကဒုတိယကောင်လေးမလား မင်းတောဝက်ကိုအမဲလိုက်ခဲ့တာလား"

ပိုင်လီသည် တောဝက်ကိုချလိုက်ရင် နဖူးကချွေးများကိုသုတ်လိုက်ကာ အဖြေပြန်ပေးလိုက်သည်။

"အမှန်ပဲ အကြီးကဲရေ ကျွန်တော်ဒီနေ့အမဲလိုက်သွားတော့ တောင်ခြေအနက်ထဲမှာ တောဝက်နှစ်ကောင်ရန်ဖြစ်နေတာတွေ့ခဲ့တာဗျ အဲနှစ်ကောင်ရွာဘက်ရောက်လာရင် ရွာကတော့သေချာပေါက် အကြီးကြီးပျက်စီးမှာကိုတွေးမိလို့ သတ်လာလိုက်တာဗျာ"

ပိုင်လီမှာ အလွန်မောဟိုက်နေသည်။ ဒီဝက်ကိုပိုးပြီးသွားရတာ တကယ်ပင်ပန်းချက်ပဲ။

ရွာလူကြီးကမူ မယုံနိုင်ပဲ အော်ဟစ်မိသွားခဲ့ပေသည်။

"နှစ်ကောင်လား!! မင်းနှစ်ကောင်လုံးသတ်လာတာလား!!"

"အမှန်ပဲ တစ်ကောင်ကို တောင်ခြေအနက်ထဲကတော့ထုတ်လာခဲ့ပြီ ဒါပေမယ့် မသယ်နိုင်လို့ခဏထားခဲ့ရတယ် တခြားသားရဲတွေမတွေ့ခင်သွားယူရမှာမလို့ ရွာအကြီးကဲကို ဒီကောင်ကိုကျုပ်အိမ်ပို့ပေးဖို့ အကူညီတောင်းချင်တာပါ"

ရွာအကြီးကဲသည် တုန်လှုပ်နေသော်လည်း ဘယ်အရာကပိုအရေးကြီးမှန်းသိပေ၏။ တောဝက်တစ်ကောင်ရဲ့ပေါက်စျေးက ငွေချောင်းများစွာရှိတယ်။ သတ်တောင်သတ်နိုင်ခဲ့ပြီးမှ လက်လွှတ်ရရင် အလွန်ဆုံးရှုံးသွားလိမ့်မည်။

သူက ချက်ခြင်းဆုံးဖြတ်ပေးလိုက်၏။

"ဒါဆို အချိန်ဆွဲမနေနဲ့အမြန်သွား ကျန်းထင် မင်းပိုင်အိမ်ကကောင်လေးနဲ့လိုက်သွားလိုက် ငါနဲ့ကျန်တဲ့လူတွေက ဒီကောင်ကိုရွာထဲသယ်သွားလိုက်မယ်"

ကြောင်အနေစဲရွာလူကြီး၏သားများသည် ချက်ခြင်းသတိပြန်ဝင်လာကျကာ သူတို့အဖေ၏စကားကို လိုက်နာခဲ့ကျပေသည်။
.
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😚
.................................................................
(AN/ ဖတ်လို့အဆင်ပြေကျရဲ့လား)

###

အပိုင္း (၅) မုဆိုးႀကီးႏွင့္ေတာဝက္ႀကီးႏွစ္ေကာင္-3

တိတ္ဆိတ္ေနေသာ အိမ္ေလးသည္ ညေနစာစားခ်ိန္သို႔လွ်င္ျမန္စြာေရာက္လာခဲ့သည္။ ပိုင္လီက ေရွာင္ဟန္နိုးေနၿပီမွန္းသိတာျဖစ္လို႔ သူ႕အတြက္ ရစ္ငွက္စြပ္ျပဳတ္ကိုခပ္မေပးေတာ့ေပ။ တစ္ေန႕ထဲနဲ႕ အရမ္းေတြက်ိဳးႏြံလိမၼာသြားရင္ သံသယေတြဝင္လာလိမ့္မယ္။ ဒါေၾကာင့္ သူႏွင့္အေသးေလးမ်ားအတြက္သာ ျပင္ဆင္လိုက္၏။ ျပင္ဆင္ၿပီးေနာက္ အိမ္၏ေထာင့္တြင္ကပ္ေနေသာ လူသုံးေယာက္အားၾကည့္ကာေျပာလိုက္သည္။

"ေရွာင္ဖူနဲ႕ေရွာင္ဝူ ဒီလာခဲ့ ထမင္းစားမယ္ မင္းအတြက္စြပ္ျပဳတ္အိုးထဲမွာ ကိုယ့္ဘာသာသြားခပ္စားခ်ည္"

ေကာေလးသုံးေယာက္သည္ သူ႕အားတူညီေသာ မ်က္လုံးျပဴးေလးမ်ားျဖင့္ ၾကည့္ေနေသာအခါ ထိုအရာကရယ္ဖို႔ေကာင္းသလို ခ်စ္ဖို႔လည္းေကာင္းသည္ဟု ပိုင္လီကခံစားခဲ့ရသည္။ သို႔ေသာ္ သူကရယ္ခ်င္စိတ္အား မ်က္ႏွာတြင္မျပပဲ...

"မင္းတို႔ ခုထိမလႈပ္ေသးဘူးေပါ့ေလ"

ဒီေကာသုံးေယာက္က ပိုင္လီအား အလြန္ေၾကာက္သည္မွာထင္ရွားေလ၏။ ပိုင္လီ၏ ထိုစကားထြက္လာသည္ႏွင့္ ေရွာင္ဟန္သည္ အေသးေလးမ်ားအား သြားစားရန္တိတ္တိတ္ေလးေျပာလိုက္ၿပီး သူသည္လည္းစြပ္ျပဳတ္ခပ္ရန္ အျပင္ထြက္သြားခဲ့သည္။ သူတို႔က ဒီလူကိုေၾကာက္ေပမယ့္ ဒီလူကသူတို႔အိမ္ရဲ႕ဦးစီးပဲေလ သူတို႔ကိုရိုက္ႏွက္ေနရင္ေတာင္ ဘယ္သူကမွဝင္ဆြဲရဲမွာမဟုတ္ဘူး။ ဒါေၾကာင့္ သူတို႔က ဒီလူေျပာသမွ်နားေထာင္႐ုံသာရွိေတာ့သည္။

ပိုင္လီမွာ တစ္စားပြဲထဲစားေနေသာ္လည္း သူႏွင့္အေဝးဆုံးမွာေနရာယူထားသည့္ ေကာသုံးေယာက္အားၾကည့္ကာ အလြန္ကူကယ္ရာမဲ့ေန၏။ ဒီသုံးေယာက္နဲ႕ သူနဲ႕ကေတာ့ ရင္းႏွီးနိုင္ဖို႔ အခ်ိန္အမ်ားႀကီး လိုမည့္ပုံရသည္။

စားေသာက္ၿပီးသြားေသာအခါ ေရွာင္ဟန္က ပန္းကန္မ်ားကိုေဆးခဲ့ၿပီး ပိုင္လီသည္ ေရွာင္ဟန္ဖ်ားေနေသာ္လည္း ခြင့္ျပဳေပးခဲ့သည္။ အကယ္၍သူသာ ေရွာင္ဟန္နဲ႕ကေလးေတြစားထားတဲ့ ပန္းကန္ကိုေဆးေပးခဲ့မယ္ဆိုရင္ ဒီသုံးေယာက္အရမ္းေၾကာက္လန့္သြားၿပီး ထြက္ေျပးသြားမွာကို သူစိုးရိမ္မိေနလို႔ပင္။

တဲအိမ္ေလးသည္ အလြန္ေသးငယ္ၿပီး အပူေပးအုတ္ကုတင္တစ္လုံးႏွင့္ စားပြဲတစ္လုံးဆန့္႐ုံသာရွိသည္။ ပိုင္လီမွာ ဤဘဝ၌မြဲေတမႈကို သက္ျပင္းခ်ရင္း မနက္ျဖန္ေတာ့ သားေကာင္ႀကီးႀကီးရွာမွျဖစ္မည္ဟု ေတြးကာ အိပ္ေပ်ာ္သြားခဲ့၏။ ေရွာင္ဟန္ႏွင့္ အေသးေလးမ်ားမွာမူ ပိုင္လီအိပ္ေပ်ာ္သြားတာေသခ်ာမွသာ အုတ္ကုတင္ေပၚသို႔တတ္ရဲေလသည္။

ေရွာင္ဖူႏွင့္ေရွာင္ဟူသည္ ေရွာင္ဟန္အားဖက္ထားက်ရင္း တိုးတိုးေလးေမးေနက်၏။

"ေဖေဖ အေဖကတကယ္ေျပာင္းလဲသြားၿပီလားဟင္"

"အေဖက ဒီလိုပဲသားတို႔ကိုစားစရာေတြေပးေနရင္ေကာင္းမွာပဲေနာ္ အေဖကဒီေန႕ေၾကာက္စရာမေကာင္းဘူး"
ေရွာင္ဟန္သည္ အေသးေလးမ်ား၏ ေမွ်ာ္လင့္ခ်က္မ်ားအား မဖ်က္စီးခ်င္ပါေသာ္လည္း လိမ္လည္းမလိမ္ခ်င္ေလရာ "ေဖေဖလည္း မသိဘူး"ဟူ၍သာ ျပန္ေျပာနိုင္ခဲ့သည္။

အေသးေလးမ်ားသည္ ဒီေန႕ သူတို႔အေဖ၏ေျပာင္းလဲမႈမ်ားကို ဆက္၍ေျပာခ်င္ေသးေသာ္လည္း ရစ္ငွက္သားႏွင့္မွ်စ္မ်ားကိုေရာခ်က္ထားေသာဟင္းသည္ အလြန္အရသာရွိၿပီး ဆန္ျပဳတ္မဟုတ္ပဲ ထမင္းႏွင့္စားက်ရသည္မို႔ ဗိုက္ေလးမ်ားတင္းကာ သိပ္မၾကာခင္အိပ္ေပ်ာ္သြားခဲ့က်၏။ အိပ္မေပ်ာ္နိုင္ေသာ တစ္ဦးတည္းေသာလူမွာ ေရွာင္ဟန္ပင္။

သူသည္ ဒီေန႕ ရစ္ငွက္တစ္ေကာင္လုံးပါေသာ စြပ္ျပဳတ္အားေသာက္ခဲ့ရၿပီး အစကသူကစားဖို႔မဝံ့မရဲျဖစ္ေနေသာ္လည္း ပိုင္လီ၏စူးရဲေသာေစာင့္ၾကည့္မႈေအာက္တြင္ အကုန္စားခဲ့ရသည္။ ထိုအခ်ိန္က ပိုင္လီ စြပ္ျပဳတ္ထဲတစ္ခုခုထည့္ထားသည္ဟု သံသယဝင္ခဲ့မိေသးေသာ္လည္း ေနာက္ဆက္တြဲဘာမွျဖစ္မလာသည့္အခါတြင္ ပို၍စိတတ္ရႈပ္သြားခဲ့ရသည္။

ပိုင္လီက တကယ္ႀကီး သူ႕ကိုရစ္ငွက္တစ္ေကာင္လုံးေပးခ်င္တာလား။ သူကိုယ္တိုင္ခ်က္ျပဳတ္ၿပီးေတာ့ေလ။

ေရွာင္ဟန္သည္ ေတြးရင္း အလြန္စိတ္လႈပ္ရွားေနခဲ့သည္။ ရစ္ငွက္တစ္ေကာင္လုံးက မိသားစုႀကီးတစ္စုေလာက္မွ်စားလို႔ရေပမယ့္ ပိုင္လီက သူ႕တစ္ေယာက္တည္းကိုေပးခဲ့ၿပီး ဒါကသူ႕အား စိတ္ပူေစသလို စိတ္လႈပ္ရွားေစ၏။

သူ႕ရဲ႕ခင္ပြန္းက တကယ္ေျပာင္းလဲသြားတာမ်ားလား။ ထိုသို႔ဆိုလွ်င္ သူသည္ သူ႕ခင္ပြန္းက ဤအတိုင္းပဲအၿမဲေျပာင္းလဲသြားဖို႔ ေမွ်ာ္လင့္မိပါသည္။

ေနာက္တစ္ေန႕မနက္ ပိုင္လီနိုးလာခ်ိန္တြင္ ေစာေသးေသာ္လည္း ကုတင္ေပၚတြင္ အေသးေလးမ်ားသာရွိေတာ့ၿပီး ေရွာင္ဟန္အားမေတြ႕ေတာ့ေပ။ သူသည္ အဝတ္ဝတ္၍ အျပင္သို႔ထြက္ၾကည့္လိုက္ေသာ္ ေရွာင္ဟန္ ေရသယ္ေနသည္အား ေတြ႕လိုက္ရ၏။

ေရွာင္ဟန္၏အဖ်ားသည္ အနည္းငယ္သက္သာ႐ုံသာရွိၿပီး မေပ်ာက္ေသးေပ။ သူ၏မ်က္ႏွာသည္ အဖ်ားေၾကာင့္ နီရဲလ်က္ရွိၿပီး ဤေရသယ္မႈက ေနာက္ဆုံးျဖစ္ဟန္တူ၏။ ဒါဆို ေရွာင္ဟန္ကဘယ္ခ်ိန္ထဲကထေနတာလဲ။ ပိုင္လီခန့္မွန္းခ်က္အရဆိုလွ်င္ ယခုမွမနက္ခုႏွစ္နာရီေလာက္သာရွိလိမ့္ဦးမည္။ သူက အရင္ဘဝမွာလည္း ခုႏွစ္နာရီဆိုတာနဲ႕ နိုးစက္မလိုပဲထၿပီး မနက္ပိုင္းေျပးျခင္းကို လုပ္ေလ့ရွိေသာေၾကာင့္ပင္။

သူသည္ ေရွာင္ဟန္အား မသယ္ေတာ့နဲ႕ဟူ၍ေျပာခ်င္ေသာ္လည္း အိမ္ရွိေရပုံးမ်ားက အျပည့္မ်ားျဖစ္ေနၿပီျဖစ္ေၾကာင္း သိလိုက္ရေသာ္ မေျပာေတာ့ေပ။ အရင္ရက္ေတြက ေရွာင္ဟန္ေနမေကာင္းျဖစ္ေနၿပီး ေရမသယ္နိုင္ခဲ့သလို မေန႕က သူသည္ခ်က္ျပဳတ္ဖို႔ရာအတြက္ က်န္ရွိေရမ်အကုန္နီးပါးသုံးခဲ့သည္။ သူ႕လို21ရာစုကလာတဲ့သူအတြက္ေတာ့ သန့္ရွင္းမႈကဦးစားေပးျဖစ္လို႔ ေရေဖာေဖာသုံးတာက သဘာဝပဲေလ။ ဒါေပမယ့္ ဒါကေရွာင္ဟန္ကို ဒုကၡေပးမိသလိုျဖစ္သြားခဲ့သည္။

မျဖစ္ဘူး။ သိပ္မၾကာခင္ အိမ္မွာေရတြင္းတူးမွကိုျဖစ္မယ္။

သို႔ေသာ္ ထိုအေတြးကို ထုတ္မေျပာပဲ ေရွာင္ဟန္အားေျပာလိုက္သည္မွာ...

"အိမ္မွာဆန္နဲ႕ ျပဳတ္ထားတဲ့ရစ္ငွက္သားတခ်ိဳ႕က်န္ေသးတယ္ အသားဆန္ျပဳတ္လုပ္ၿပီး မင္းနဲ႕ကေလးေတြစားလိုက္ ငါေတာင္ေပၚသြားလိုက္ဦးမယ္"

ပိုင္လီ၏မ်က္ႏွာကအမူယာက တည္ၿငိမ္ေနေသာ္လည္း သူ၏စကားသံမ်ားကမူ ေပါ့ပါးလွေပသည္။ ဒါက ေရွာင္ဟန္မေတြ႕ဖူးသည့္ ပိုင္လီ၏ပုံစံျဖစ္ၿပီး သူသည္ တစ္ခုခုေျပာခ်င္ခဲ့၏။ သူက အိမ္မွာရွိသည့္အရာမ်ားကိုျမင္ၿပီးၿပီးျဖစ္ေသာ္လည္း ပိုင္လီ၏ခြင့္ျပဳခ်က္မရပဲ မခ်က္ရဲခဲ့ျခင္းသာပင္။ အကယ္၍ ပိုင္လီက ဤသို႔သူ႕အားခ်က္ခြင့္ေပးမည္မွန္းသိခဲ့လွ်င္ သူနိုးထဲကခ်က္ထားမွာျဖစ္ၿပီး ထိုသို႔ဆိုလွ်င္ ပိုင္လီေတာင္ေပၚမသြားခင္ တစ္ခုခုစားသြားနိုင္လိမ့္မွာပင္။
ေရွာင္ဟန္သည္ ေက်ာလြယ္ျခင္းေတာင္းႏွင့္ ေလးႏွင့္ျမႇားအားလြယ္လ်က္ ေပါ့ပါးသြက္လက္ေသာေျခလွမ္းမ်ားျဖင့္ ထြက္ခြာသြားေသာ ပိုင္လီ၏ေနာက္ေက်ာအား အခ်ိန္ၾကာႀကီး ၾကည့္ေနခဲ့ေလသည္။ ပိုင္လီသူ႕ျမင္ကြင္းထဲမွေပ်ာက္သြားတာေတာင္မွ ထိုအရပ္သို႔လွမ္းၾကည့္ေနစဲ...။

ေနာက္ေတာ့ သူသည္ အသက္ျပင္းျပင္းရႉၿပီး စိတ္ထဲ၌ မွတ္ခ်က္ေပးလိုက္သည္။

မနက္ေစာေစာထၿပီး ေတာင္ေပၚလည္းသြားတယ္ဆိုေတာ့ သူ႕ခင္ပြန္းက တကယ္ပဲေျပာင္းလဲသြားတာ ျဖစ္နိုင္ပါတယ္။

ေရွာင္ဟန္၏စိတ္ထဲတြင္မူ ပန္းေလးမ်ားပြင့္သကဲ့သို႔ခ်ိဳၿမိန္မႈအားခံစားလိုက္ကေပသည္။ ဒါက သူအၿမဲေတာင္းတခဲ့ရတဲ့ဘဝနဲ႕ဆင္တူပါ၏။ သူနဲ႕သားေတြကို အၿမဲျပႆနာရွာရိုက္ႏွက္ေနမယ့္ ခင္ပြန္းမ်ိဳးမဟုတ္ပဲ အလုပ္ႀကိဳးစားၿပီး မိသားစုကိုဂ႐ုစိုက္မယ့္ ခင္ပြန္းမ်ိဳး။ အကယ္၍ သူ၏ခင္ပြန္းသည္ ထိုသို႔သာအၿမဲေျပာင္းလဲသြားလွ်င္ ဤဘဝ၌ သူ႕တြင္ေနာက္ထက္ေတာင္းဆိုစရာရွိမည္မဟုတ္ေတာ့ေပ။

ပိုင္လီကေတာ့ သူ႕ေၾကာင့္ လူဘယ္ႏွေယာက္ေလာက္ေပ်ာ္႐ႊင္သြားလဲကို မသိပဲ အေျပးေလ့က်င့္ၿပီးသားရေအာင္ ေတာင္ေပၚသို႔ ေျပးတတ္သြားခဲ့ေလသည္။

တကယ္ေတာ့ ႐ြာသားမ်ားသည္ ေတာေကာင္မ်ားအားအလြန္ေၾကာက္သျဖင့္ ေတာင္ေျခတြင္ေတာင္ အနက္ထဲထိမဝင္ရဲက်ေပ။ ဒါေၾကာင့္ သူတို႔အတြက္အမဲလိုက္ဖို႔ခက္က်တာပင္။ ပိုင္လီကမူ တစ္ခါထဲေတာင္ေျခ၏အနက္ထဲသို႔ တန္းဝင္သြားၿပီး သားေကာင္ႀကီးမ်ားကို လိုက္ေခ်ာင္းေနေလ၏။ သူ႕ရဲ႕ဒီေန႕ျပစ္မွတ္က ေငြအပုံလိုက္ရမယ့္ သားေကာင္ႀကီးေတြပါပဲ။ ဒီလိုေခတ္မွာ အဖိုးအရမ္းတန္တဲ့ ဝက္ဝံကိုရခဲ့ရင္ေတာ့ ပိုေကာင္းတာေပါ့ေလ။

သို႔ေသာ္ ပိုင္လီသည္သားေကာင္ႀကီးမ်ားကိုရွာမေတြ႕ခင္မွာပင္ သီးပင္စားပင္တခ်ိဳ႕ကိုေတြ႕ခဲ့ရသည္။

ဒီေခတ္မွာ လူေတြရဲ႕စားနိုင္သည့္အရာမ်ားကသိပ္အမ်ားႀကီးမရွိလွေပ။ သူတို႔က အသားေတြဆို ဆီကေစ်းႀကီးလို႔ ေၾကာ္စားရမွန္းမသိပဲ ျပဳတ္တာနဲ႕ေပါင္းတာ၊ကင္တာပဲလုပ္ေလ့ရွိၿပီး အ႐ြက္မ်ားကိုလည္း ဤအတိုင္းပင္။ ေရနဲ႕အသီး႐ြက္စြပ္ျပဳတ္ခ်က္တာမ်ိဳး ဒါမွမဟုတ္လည္း ေပါင္းတာမ်ိဳးပဲလုပ္ေလ့ရွိက်၏။ သူတို႔က ေတာစပ္မွာေတြ႕ရတဲ့ စားရတဲ့အသီး႐ြက္ရိုင္းေတြကိုပဲစားက်ကာ ေတာနက္ထဲကအသီးမ်ားကိုျမင္လွ်လည္း စားၾကည့္၍ ဘာအရသာမွမရွိတာမ်ိဳး၊ သို႔မဟုတ္ ခ်က္ၾကည့္၍ အရသာထူးဆန္းေနတာမ်ိဳးဆိုလွ်င္ စားမရသည့္အုပ္စုထဲထည့္ေလ့ရွိက်သည္။

ထို႔အျပင္ ဆားမွာလည္းေစ်းႀကီးလြန္းသျဖင့္ လုံေလာက္ေအာင္မထည့္က်ပဲ ဟင္းမ်ားက အရသာေပါ့႐ႊတ္ကာ အလြန္ဆိုးဝါးလွ၏။

ပိုင္လီက ေခါင္းခါရမ္းလိုက္ကာ ႀကီးမားၿပီးအရည္႐ႊမ္းေနေသာ င႐ုတ္ပြသီးမ်ားႏွင့္င႐ုတ္သီးမ်ားခူးကာ ေက်ာဖက္ကျခင္းေတာင္းထဲသို႔လွမ္းထည့္လိုက္သည္။ ထို႔ေနာက္ နံနံပင္မ်ားႏွင့္ စပါးလင္ပင္မ်ား။ ေတာခရမ္းသီးမ်ားႏွင့္ အာလူးမ်ား။ ေ႐ႊဖ႐ုံပင္၏အ႐ြက္မ်ား။ ဒီေခတ္လူေတြက ေ႐ႊဖ႐ုံသီးကို ပမာဏအနည္းငယ္စိုက္ပ်ိဳးကာ စားက်ေပမယ့္ အ႐ြက္ကိုမစားတာေတာ့ႏွေမ်ာစရာပဲ။ ဤဖ႐ုံပင္သည္ အသီးမသီးေသးသျဖင့္ ပိုင္လီကအၫႊန့္မ်ားကိုခ်ိဳးခဲ့သည္။ ထို႔ေနာက္ အေလ့က်ေပါက္ေနေသာ မုန္ညွင္းပင္မ်ားအားလည္း ျခင္းေတာင္းထဲျပစ္ထည့္ခဲ့၏။

ျခင္းေတာင္းထဲ၌ တစ္ဝက္ေက်ာ္သြားခ်ိန္တြင္ သူသည္လည္း ေတာင္ေျခအနက္ဆုံးပိုင္းထဲေရာက္ေနၿပီျဖစ္ၿပီး ထိုခဏမွာပဲ အသံမ်ားကိုၾကားခဲ့ရသည္။

ပိုင္လီ ခ်က္ျခင္းမ်က္ေမွာင္ၾကဳတ္သြားရ၏။ အသံမ်ားကက်ယ္ေလာက္ၿပီး ဝ႐ုန္းသုန္းကား နိုင္လြန္းသျဖင့္ သူသည္အသံလာရာသို႔သြား သြားၾကည့္ခဲ့သည္။

"အိုး ဘယ္လိုေတာင္ႀကီးတဲ့ေတာဝက္ႀကီးေတြတုန္း"

အစက ပိုင္လီသည္ ေတာေကာင္ႀကီးမ်ားရဖို႔ ေတာင္ေပၚတတ္ရန္လိုမည္ဟုထင္ခဲ့ေသာ္လည္း မထင္မွတ္စြာႏွင့္ ေတာင္ေျခတြင္ပင္ ေတာဝက္ႏွစ္ေကာင္အားေတြ႕ခဲ့ရၿပီး ၎ႏွစ္ေကာင္က တိုက္ခိုက္ေနက်ေသးသည္။

ဤေတာဝက္မ်ားသည္ ေတာင္ေျခသို႔ေရာက္ေနၿပီး ႐ြာသို႔ေရာက္လာပါက အလြန္အႏၱာရယ္မ်ားလွ၏။ ဒီေန႕ေတာ့ ေ႐ြးခ်ယ္စရာမရွိပဲ ဒီေတာဝက္ႏွစ္ေကာင္ကိုပဲ ေ႐ြးရေတာ့မွာပဲ။

ပိုင္လီက အခ်င္းခ်င္းတိုက္ခိုက္ဖို႔သာ အာ႐ုံထားေနသည့္ ေတာဝက္မ်ားအားေက်းဇူးတင္ကာ ျပစ္ကြင္းေကာင္းေသာေနရာတစ္ခုကိုေ႐ြးခ်ယ္လိုက္သည္။ ထို႔ေနာက္ ျမႇားတံအားဆြဲကာ ေလးတင္လိုက္ၿပီး ေတာဝက္တစ္ေကာင္အားခ်ိန္႐ြယ္လို႔ထား၏။ ဒီေတာဝက္ေတြကအရမ္းႀကီးၿပီး ႐ြာအႀကီးကဲရဲ႕ေလးက သိပ္မေကာင္းတဲ့အတြက္ တစ္ခ်က္ထဲနဲ႕ေတာ့ လက္စသပ္နိုင္မွာမဟုတ္ဘူး။ သို႔ေသာ္ ပိုင္လီက ယခင္ဘဝမွာ ျမႇားျပစ္ခ်ံပီယံေတြနဲ႕ေတာင္ သူငယ္ခ်င္းျဖစ္ခဲ့သည့္လူပင္။ သူနဲ႕အတူတူေလ့က်င့္ခဲ့တဲ့သူငယ္ခ်င္းေတြက ၿပိဳင္ပြဲေတြဝင္ၿပိဳင္ခဲ့က်ေပမယ့္ သူ႕မိဘေတြကေတာ့ သူ႕ကိုခြင့္မျပဳခဲ့ဘူး။ အကယ္၍ သူ႕မိဘေတြသာခြင့္ျပဳခဲ့ရင္ သူကလည္းျမႇားျပစ္ခ်ံပီယံတစ္ေယာက္ ျဖစ္ေနနိုင္လားဆိုတာ ဘယ္သူသိမွာလဲ။

ပိုင္လီသည္ အခ်ိန္မဆြဲပဲ ျမႇားကိုျပစ္လႊတ္လိုက္၏။ ျမႇားသည္ သြက္လက္စြာျဖစ့္ေလကိုခြင္းသြားၿပီး ေတာဝက္တစ္ေကာင္၏ လည္ပင္အား စိုက္ဝင္သြားခဲ့ေတာ့သည္။ ေတာဝက္ႀကီး၏စူးရွေသာေအာ္သံသည္ ေတာထဲ၌ ေျခာက္ျခားဖြယ္ေကာင္းစြာ ဟိန္းထြက္လာၿပီး ထို႔ေနာက္ ေနာက္ထပ္ျမႇားတစ္ အခ်ိန္မဆိုင္းပဲ လည္ပင္းသို႔ပင္နစ္ဝင္ကာ ထိုေတာဝက္အားအဆုံးသတ္ေပးခဲ့ေလ၏။ ေနာက္တစ္ေကာင္သည္ သူ႕ေရွ႕မွေတာဝက္၏အျဖစ္ကိုၾကည့္ကာ အလြန္လန့္သြားပုံရၿပီး လွ်င္ျမန္စြာလွည့္ေျပးေသာ္လည္း ပိုင္လီ၏လက္မွလြတ္ဖို႔ဆိုသည္မွာ မျဖစ္နိုင္ေပ။

ျမႇားႏွစ္စင္းသည္ ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာၿပီးေနာက္ ေနာက္တစ္ေကာင္ကိုလည္း တူညီစြာ အဆုံးခဲ့ေပသည္။

ေတာအုပ္က ပုံမွန္ကဲ့သို႔ၿငိမ္က်သြားခဲ့ျပန္၏။ ပိုင္လီက သူ႕ခႏၶာကိုယ္ထက္ေတာင္ ႀကီးမားတဲ့ေတာဝက္ႀကီးႏွစ္ေကာင္အားၾကည့္ကာ အလြန္ေပ်ာ္႐ႊင္ေနေပသည္။ သူ႕ရဲ႕အရင္ဘဝမွာဆိုရင္ ေတာင္ေကာင္ေတြက ေတာေတာင္ေတြျပဳန္းတီးမႈေၾကာင့္ ဒီလိုမ်ိဳးအ႐ြယ္စားမရွိေတာ့ပဲ ဤေခတ္တြင္မူ အမ်ားစုမွာေတာေတာင္မ်ားသာျဖစ္ေန၍ ေတာင္ေကာင္မ်ားအလြန္ေပါကာ၊ႀကီးမားက်ၿပီး ျမႇားေကာင္းေကာင္းျပစ္နိုင္တဲ့သူ႕အတြက္ေတာ့ လက္မက်ိဳးမခ်င္း ငတ္ေသမွာကို စိုးရိမ္စရာမလိုေတာ့ေပ။

ပိုင္လီက ေတာဝက္ႀကီးမ်ားအား လက္မ်ား၌တစ္ဖက္စီမလ်က္ မနိုင္တနိုင္ျဖင့္ ေတာင္ေျခအနက္ထဲမွ ဆြဲထုတ္သြားခဲ့ေပသည္။ ေတာင္ေျခတြင္ သားရဲအႀကီးမ်ားမရွိတတ္ေသာ္လည္း ေသြးနံ႕ေၾကာင့္ ေတာင္ေပၚကဆင္းလာက်မည္ကိုေတာ့ သူစိုးရိမ္ခဲ့၍ပင္။

ပိုင္လီရဲ႕ အရင္ဘဝခႏၶာကိုယ္မွာ သန္မာၿပီးႀကံ့ခိုင္ေသာ္လည္း ယခုခႏၶာကိုယ္ကမူ အေပ်ာ္ပါးလိုက္စားလြန္းထားသျဖင့္ အလြန္ပိန္ပါးလွသည္။ သို႔ေသာ္ အံၾသဖြယ္ေကာင္းသည္မွာ ပိုင္လီသည္ သူ၏ယခင္ခႏၶာကိုယ္ကအားအင္မ်ားက ဤဘဝထိပါလာသည္ဟု ခံစားခဲ့ရျခင္းပင္။

သူသည္ ေတာေျခ၏အနက္ပိုင္းထဲမွထြက္လာၿပီးေသာ္ ေတာဝက္တစ္ေကာင္အား ၿခဳံပုတ္တစ္ခုထဲတြင္ ေခတၱဖြက္ခဲ့ၿပီး ေနာင္ေက်ာလြယ္ျခင္းေတာင္းအား ေရွ႕သို႔ေျပာင္းလြယ္ကာ ေတာဝက္တစ္ေကာင္ကို သူ႕ေက်ာေပၚသို႔တင္ကာ ႐ြာသို႔ျပန္လာခဲ့ေတာ့သည္။ ႏွစ္ေကာင္ဆိုရင္ မနိုင္ေပမယ့္ တစ္ေကာင္ကေတာ့ သူ႕အတြက္ေပါ့ပါးေနတုန္းပါပဲ။ လွ်င္ျမန္ေသာေျခလွမ္းမ်ားႏွင့္ ႐ြာအႀကီးကဲ၏ လယ္ကြင္းစီေရာက္သြားခဲ့၏။

႐ြာအႀကီးကဲ၏လယ္ကြင္းမ်ားသည္ ႐ြာႏွင့္ပိုနီးေသာ္လည္း ေတာင္ႏွင့္႐ြာကိုသြားရသည့္လမ္းတြင္ တည္ရွိေနတာျဖစ္၍ ႐ြာအႀကီးကဲကိုေ႐ြးခ်ယ္တာကအေကာင္းဆုံးပါပင္။

႐ြာအႀကီးကဲႏွင့္သူ႕မိသားစုသည္ ဤႏွစ္၏လယ္အထြက္ႏူန္းမ်ားအေၾကာင္းေျပာေနခိုက္ အငယ္ဆုံးက်န္းခ်င္သည္ ခါးဆန့္လိုက္ရင္း ေတာင္ရွိရာဘက္သို႔အၾကည့္ေရာက္သြားေသာအခါတြင္ အလြန္ထိတ္လန့္သြားေသာေၾကာင့္ ထခုန္လိုက္မိေလသည္။

"အား!!!! ေတာဝက္ႀကီး!! အေဖေရ!! ေတာဝက္ႀကီး ဒီဘက္ကိုလာေနတယ္ဗ်!!! "

ေတာဝက္သည္ ပိုင္လီ၏ခႏၶာကိုယ္ထက္ႀကီးေသာေၾကာင့္ ေက်ာပိုးထားေသာအခါတြင္ အေဝးမွၾကည့္ပါက ပိုင္လီအားမျမင္ရနိုင္ပဲ ေတာဝက္ကိုသာျမင္ရလိမ့္မည္။ ႐ြာအႀကီးကဲႏွင့္က်န္လူမ်ားကလည္း က်န္းခ်င္စကားေၾကာင့္ ၾကည့္လိုက္မိက်ၿပီး အမွန္တကယ္ေတာဝက္ႀကီးလာေနေသာအခါ မ်က္ႏွာမ်ားျဖဴစုတ္သြားက်ေတာ့သည္။

႐ြာအႀကီးကဲက တုန္ရီေနေသာ သူ႕ဇနီးအား ေအာ္လိုက္ရင္း...

"ဘာေၾကာင္ေနတာတုန္း ေျပးဟ!"

ပိုင္လီေျခလွမ္းမ်ားက အလြန္လွ်င္ျမန္ေသာေၾကာင့္ မထင္လွ်င္ ေတာဝက္ကေျပးလာေနသကဲ့သို႔ပင္ ထင္ရလိမ့္မည္။

႐ြာအႀကီးကဲ၏မိသားစုသည္ ဤသို႔ျဖင့္ ဝ႐ုန္းသုန္းကားျဖစ္သြားေသာ္လည္း မ်က္စိေကာင္းလြန္းေသာ က်န္းထင္ကမူ ေတာဝက္အားၾကည့္ကာ မေရမရာျဖင့္ သူ႕အေဖအားဆြဲထားလိုက္ၿပီး...

"အေဖ ေနပါဦး ေသခ်ာၾကည့္ပါဦး ေတာဝက္ရဲ႕ေအာက္မွာလူတစ္ေယာက္ရွိေနတာလားလို႔"

က်န္းခ်င္ကမူ ေၾကာက္႐ြံလ်က္...

"မဟုတ္မွ ေတာဝက္က႐ြာသားတစ္ေယာက္ေယာက္ကို ခ်ီရင္းစားလာတာမ်ားလား!"

က်န္းထင္သည္ သူ၏အငယ္ဆုံးညီအား တစ္ခ်က္ကန္လိုက္ၿပီး...

"မင္း ေယာကၤ်ားမဟုတ္ဘူးလား ေသခ်ာၾကည့္စမ္း လူတစ္ေယာက္က ေတာဝက္ကိုသယ္လာတာကြ!"

ယခုအခါ ပိုင္လီကရွင္းလင္းေသာျမင္ကြင္း၌ေရာက္ေနၿပီျဖစ္သျဖင့္ လူကေတာဝက္ကိုသယ္လာမွန္း ျမင္နိူင္သြားၿပီျဖစ္၏။ သို႔ေသာ္ မည္သူမွန္းေတာ့မသဲကြဲက်ပါေခ်။ ႐ြာလူႀကီးႏွင့္သူ႕သားမ်ားသည္ ေတာဝက္ကိုသယ္လာသည္ကမည္သူေနေန သူတို႔႐ြာဘက္လာေန၍ သူတို႔႐ြာသားသာျဖစ္ေၾကာင္း သိသျဖင့္ ကူညီရန္အေျပးသြားခဲ့က်သည္။

သို႔ေသာ္ အနီးေရာက္ေသာအခါ ပိုင္လီအားေတြ႕လိုက္ရသျဖင့္ အလြန္အံၾသသြားက်ရ၏။

႐ြာအႀကီးကဲမွာမယုံနိုင္ပဲ...

"မင္း မင္းက ပိုင္အိမ္ကဒုတိယေကာင္ေလးမလား မင္းေတာဝက္ကိုအမဲလိုက္ခဲ့တာလား"

ပိုင္လီသည္ ေတာဝက္ကိုခ်လိဳက္ရင္ နဖူးကေခြၽးမ်ားကိုသုတ္လိုက္ကာ အေျဖျပန္ေပးလိုက္သည္။

"အမွန္ပဲ အႀကီးကဲေရ ကြၽန္ေတာ္ဒီေန႕အမဲလိုက္သြားေတာ့ ေတာင္ေျခအနက္ထဲမွာ ေတာဝက္ႏွစ္ေကာင္ရန္ျဖစ္ေနတာေတြ႕ခဲ့တာဗ် အဲႏွစ္ေကာင္႐ြာဘက္ေရာက္လာရင္ ႐ြာကေတာ့ေသခ်ာေပါက္ အႀကီးႀကီးပ်က္စီးမွာကိုေတြးမိလို႔ သတ္လာလိုက္တာဗ်ာ"

ပိုင္လီမွာ အလြန္ေမာဟိုက္ေနသည္။ ဒီဝက္ကိုပိုးၿပီးသြားရတာ တကယ္ပင္ပန္းခ်က္ပဲ။

႐ြာလူႀကီးကမူ မယုံနိုင္ပဲ ေအာ္ဟစ္မိသြားခဲ့ေပသည္။

"ႏွစ္ေကာင္လား!! မင္းႏွစ္ေကာင္လုံးသတ္လာတာလား!!"

"အမွန္ပဲ တစ္ေကာင္ကို ေတာင္ေျခအနက္ထဲကေတာ့ထုတ္လာခဲ့ၿပီ ဒါေပမယ့္ မသယ္နိုင္လို႔ခဏထားခဲ့ရတယ္ တျခားသားရဲေတြမေတြ႕ခင္သြားယူရမွာမလို႔ ႐ြာအႀကီးကဲကို ဒီေကာင္ကိုက်ဳပ္အိမ္ပို႔ေပးဖို႔ အကူညီေတာင္းခ်င္တာပါ"

႐ြာအႀကီးကဲသည္ တုန္လႈပ္ေနေသာ္လည္း ဘယ္အရာကပိုအေရးႀကီးမွန္းသိေပ၏။ ေတာဝက္တစ္ေကာင္ရဲ႕ေပါက္ေစ်းက ေငြေခ်ာင္းမ်ားစြာရွိတယ္။ သတ္ေတာင္သတ္နိုင္ခဲ့ၿပီးမွ လက္လႊတ္ရရင္ အလြန္ဆုံးရႈံးသြားလိမ့္မည္။

သူက ခ်က္ျခင္းဆုံးျဖတ္ေပးလိုက္၏။

"ဒါဆို အခ်ိန္ဆြဲမေနနဲ႕အျမန္သြား က်န္းထင္ မင္းပိုင္အိမ္ကေကာင္ေလးနဲ႕လိုက္သြားလိုက္ ငါနဲ႕က်န္တဲ့လူေတြက ဒီေကာင္ကို႐ြာထဲသယ္သြားလိုက္မယ္"

ေၾကာင္အေနစဲ႐ြာလူႀကီး၏သားမ်ားသည္ ခ်က္ျခင္းသတိျပန္ဝင္လာက်ကာ သူတို႔အေဖ၏စကားကို လိုက္နာခဲ့က်ေပသည္။
.
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫႊန့္ 😚
.................................................................
(AN/ ဖတ္လို႔အဆင္ေျပက်ရဲ႕လား)

Continue Reading

You'll Also Like

233K 25.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
29.4K 4.9K 51
ဘာသာပြန်သူ - စွဲညို့အသင်း
1.5M 190K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။