ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 5

1.5K 149 0
By KimHsuYoon99

Unicode

အချို့စာဖတ်သူတွေရဲ့ comment တွေက အရူးအမူးစွဲလမ်းနေတာနဲ့ပင် မကွာခြားတော့ပေ။

လောကကြီးရဲ့အုပ်စိုးရှင် မင်းသားလေးပြန်လာပြီ။

ကုမျန် "I'm So Popular" ကိုဖတ်ခဲ့တုန်းက သူမ အမျိုးသားဇာတ်လိုက်နဲ့ပတ်သက်ပြီး ဘာမှသိပ်မခံစားခဲ့ရပေမယ့်လည်း အမျိုးသားဇာတ်လိုက်က fan တွေကို အမှန်တကယ်ဆွဲဆောင်နိုင်ကြောင်းတော့ ဝန်ခံပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ မကောင်းကြောင်းကို တစ်စုံတစ်ယောက်က ပြောဆိုရဲရင် သူတို့ဘဝရဲ့ မိနစ်တိုင်းမှာ သူတို့ဝေဖန်ခံရလိမ့်မယ်။

ကုမျန်က လော့ချယ်ဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်။

လမ်းက သိပ်မရှည်လျားတာကြောင့် သူမ ဘယ်လောက်ပဲနှေးနှေးလျှောက်ပါစေ သူ့ဆီ ရောက်သွားဆဲပင်။

လော့ချယ်ကို အနည်းငယ်နီးတဲ့ နေရာကနေ လှမ်းကြည့်လိုက်ရင် သူ့အလှတရားနဲ့ လွယ်လွယ်ကူကူ ရိုက်ခတ်ခံရနိုင်တယ်။ ထိုကဲ့သို့သော သက်ရောက်မှုမျိုးက သာမန်လူတွေ ခံနိုင်ရည်ရှိနိုင်တဲ့ဟာမျိုးမဟုတ်ဘူး။

အမျိုးသားဇာတ်လိုက်က အရမ်းချောတယ်လို့ပြောထားတဲ့ စာကြောင်းက မွန်းကြပ်စရာပေမယ့် အတော်လေးမှန်တယ်။ ကံကောင်းထောက်မစွာနဲ့ ကုမျန်မှာ ခံနိုင်ရည်အား လုံလုံလောက်လောက်ရှိပြီး သူမရဲ့အမူအရာက မပြောင်းလဲသွားခဲ့ဘူး။

ရှောင်းကျူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ဗလုံးဗထွေး‌ဖြစ်နေပြီး စကားတွေပါထစ်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။

ကုမျန်က fangirl‌ လေးရှောင်းကျူကို ကူညီဖို့ ရည်ရွယ်ထားတယ်။ လမ်းတလျှောက်မှာ  နာရီအနည်းငယ် တူတူကုန်ဆုံးပြီးနောက်၊ လက်ထောက်တစ်ဦးဖြစ်တဲ့ ရှောင်းကျူက သူမကို တကယ်အရေးထားပြီး လက်ထောက်တစ်ယောက်လုပ်နိုင်တဲ့ အကောင်းဆုံးမှန်သမျှကို လုပ်နိုင်ခဲ့တယ်လေ။

."လော့လောင်ရှီး ရှင်...." အဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက် မူလပိုင်ရှင်က သူ့ကို ချယ်ချယ်လို့ခေါ်တာကို ကုမျန်သတိရသွားပေမယ့်လည်း သူမကတော့ သူ့ကို လော့လောင်ရှီးလို့ပဲ ခေါ်လိုက်တယ်။

သူမ လျှပ်စစ်ရှော့ခ်တိုက်ခံရနိုင်တယ်လို့ ကုမျန်ထင်တယ်။

မူလပိုင်ရှင်က သူ့ကို ချယ်ချယ်လို့ခေါ်လိုက်တဲ့အချိန်တိုင်း သူမရဲ့လေသံက ရှက်ကိုးရှက်ကန်းနဲ့ ကလေးဆန်နေလိမ့်မယ်။ သူမ(မူလပိုင်ရှင်)က 'ချယ်ချယ်'ဆိုတဲ့ စာလုံးနှစ်လုံးကို ပြင်းထန်တဲ့ခံစားချက်နဲ့ အကြိမ်တ‌စ်ထောင်ကျော်ခေါ်ခဲ့ပေမယ့်လည်း သူမ(ကုမျန်) လော့ချယ်ကိုခေါ်တဲ့အခါမှာတော့ သူမရဲ့လေသံက အရမ်းကိုရိုးရှင်း‌နေတယ်။

မမျှော်လင့်ထားစွာနဲ့ ကုမျန်မျှော်လင့်ထားတဲ့ လျှပ်စစ်ရှော့ခ်တိုက်ခံရတာက ဖြစ်မလာခဲ့ဘူး။

သူမ အသာအယာမျက်လွှာချလိုက်တယ်။ သူမရဲ့ ပင်ကိုယ်စရိုက်ပြောင်းလဲတာက အရေးမကြီးဘူးဆိုတာကို သူမသဘောပေါက်သွားပြီ။ သူမက ဇာတ်ကြောင်းနောက် လိုက်ရုံလိုက်သွားပြီး စာအုပ်ထဲမှာဖော်ပြထားတဲ့ ဇာတ်ကြောင်းအတိုင်း ဆက်သွားခွင့်ပြုပေးလိုက်ရုံပဲ။

ဒါကိုသိပြီးနောက် ကုမျန် တော်တော်လေးစိတ်သက်သာရာရသွားတယ်။

အခြားသူတစ်ယောက်ကို အတုယူပြီး သူတို့ရဲ့ အပြောအဆိုလှုပ်ရှားမှုတွေကို လေ့လာသင်ယူရတာက သရုပ်ဆောင်ရတာလိုမျိုး ခက်ခဲတဲ့အပြင် သူမမှာ မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေ လုံးဝမရှိတာမို့ သူမ(မူလပိုင်ရှင်)ရဲ့ဘဝနေထိုင်မှုပုံစံကို ခန့်မှန်းဖို့ရာ စာအုပ်ထဲကအကြောင်းအရာတွေကိုသာ အသုံးပြုနိုင်တယ်။ဒါက သူမကို ပိုခက်ခဲစေတယ်လေ။

ကံကောင်းထောက်မစွာနဲ့ သူမက ကုမျန်ပါ။

လော့ချယ်ရဲ့ပယင်းရောင်သူငယ်အိမ်က မျက်၀န်းထဲမှာ အလင်းရောင်ဖျော့ဖျော့ စီးဆင်းနေသလိုမျိုး တောက်ပနေတယ်။ သူက သူစိမ်းတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်လိုက်ရသလိုမျိုး "um" ဆိုတဲ့ အသံဖျော့ဖျော့တစ်ချက် အသံပြုလိုက်တယ်။

သူက သူမရဲ့အယောင်ဆောင်ချစ်သူပဲ ဖြစ်ရမယ်။

ကံကောင်းထောက်မစွာနဲ့ ကုမျန်က ဒါတွေကို လုံးဝ ဂရုမစိုက်တတ်ဘူး။ လူအိုကြီးက သူမကို သူမကနှလုံးသားမဲ့ပြီး ဘာကိုမှ ဂရုမစိုက်တတ်ဘူးလို့ ပြောခဲ့ဖူးပေမယ့်လည်း အခုတော့ ဒါက ကောင်းမွန်တဲ့အရာတစ်ခုပဲဆိုတာကို သူမသိသွားခဲ့ပြီ။

တခါတစ်လေ အေးစက်စက်ဖြစ်နေတာက ဘာမှားလို့လဲနော်။

ထိုအချိန် ဒါရိုက်တာက သူ့လက်ထဲက နှင်းဖြူရောင်မြေခွေးလေးတစ်ကောင်နဲ့အတူ ရောက်လာတယ်။

."လာ လာ ပွဲအခမ်းအနားစတာကို စောင့်ဖို့ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ!"

"Ask the Immortals" ရဲ့ ဒါရိုက်တာကျန်းချန်က ကျော်ကြားသလို သူ့နာမည်နဲ့ တွဲလျက်ပါတဲ့အရာက သူ့ရဲ့သန်မာမှုပဲ။

နိုင်ငံတကာနဲ့ ပြည်တွင်းဆုအများအပြားက သူ့နာမည်အောက်မှာရှိတယ်။

သူက ကမ္ဘာပေါ်ရှိ အသက်အငယ်ဆုံး ဒါရိုက်တာတွေထဲမှ တစ်ဦးဖြစ်တယ်။

.မင်းသားတစ်ယောက်အတွက် သူ့ရုပ်ရှင်ထဲမှာ စွမ်းဆောင်နိုင်သရွေ့တော့ ရုပ်ရှင်မရိုက်ခင်မှာ လူမသိသေးတဲ့ ၁၈ဆင့်ဖြစ်ရင်တောင်မှ ဇာတ်ကားပြပြီးနောက်ဆို တတိယတန်းထဲ ခြေတစ်ချောင်းရောက်သွားလိမ့်မယ်။ တခြားခြေတစ်ချောင်းက လှမ်းနိုင်မလားဆိုတာကတော့ အဲ့ဒီမင်းသားကိုယ်တိုင်ရဲ့ ကံနဲ့ စရိုက်ပေါ်မူတည်ပါတယ်။

ဒါပေမယ့် ဒါရိုက်တာကျန်းချန်ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ ဇာတ်ကောင်အသေးလေးသာ သရုပ်ဆောင်နိုင်ခဲ့ရင်တောင်မှ ဒါက သရုပ်ဆောင်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးဖြစ်မှာဖြစ်ပြီးတော့ အနာဂတ်မှာ သူတို့ရဲ့ ကိုယ်ရေးအကျဉ်းအတွက် ကောင်းမွန်တဲ့ တွန်းအားတစ်ခုလည်း ဖြစ်သွားလိမ့်မယ်။

မူလပိုင်ရှင် ဇာတ်လိုက်မင်းသမီးဇာတ်ကောင်ကို ရခဲ့တာကတော့ သူမအဖေရဲ့ ကြီးမားလှတဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ။ ထုံးစံအတိုင်း ဒါရိုက်တာကျန်းချန်ရဲ့ ဇာတ်ကားက ရွှေရောင်အကြောင်းအရာပါဝင်မှု မြင့်မားတာကြောင့် ratingsမြင့်ဖို့ အလားအလာ အရမ်းများတယ်။

ဒါရိုက်တာကျန်းရဲ့ရင်ခွင်ထဲက နှင်းဖြူရောင်မြေခွေးလေးက ကုမျန်ဆီ ရုတ်တရက် လှမ်းအော်လိုက်တယ်။

ဒါရိုက်တာကျန်းက တအံ့တဩပြောလာတယ်။ "ရှောင်ရွမ်က မင်းကို အရမ်းသဘောကျနေတယ်"

ရှောင်ရွမ်က ထိုမြေခွေးလေးရဲ့ နာမည်ဖြစ်တယ်။

မြေခွေးလေးက ကုမျန်ရဲ့လက်ထဲကို သွားချင်နေတယ်ဆိုတာ သိသာတယ်။ ဒါရိုက်တာကျန်းက မြေခွေးလေးကို သူမဆီ ပေးလိုက်တယ်။ ဒါရိုက်တာကျန်းက "ဒါက "Ask the Immortals" ရဲ့ ဇာတ်ဆောင်တွေထဲက တစ်ယောက်ပဲနော်"လို့ နောက်ပြောင်လိုက်ဖို့လည်း မမေ့ခဲ့ဘူး။ သူက နာမည်ကြီးပေမယ့် စိတ်ထားကောင်းတယ်။

ဒီလိုစိတ်ထားကောင်းသူတစ်ယောက်က မူလပိုင်ရှင်ကိုတွေ့ပြီးနောက်မှာ ဒေါသကြီးပေါက်ကွဲသွားတတ်တာကတော့ သနားစရာပင်။

ကုမျန်ရဲ့နှုတ်ခမ်းထောင့်မှာ နူးညံ့သိမ်‌မွေ့တဲ့ အပြုံးတစ်ပွင့်ပေါ်လာတယ်။ သူမက မြေခွေးလေးကို သူမရင်ခွင်ထဲမှာ‌ ပွေ့ချီထားပြီး သူ့ခေါင်းလေးကို လွတ်နေတဲ့လက်နဲ့ ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။

မြေခွေးလေးဆီကနေ သက်တောင့်သက်သာရှိတဲ့အသံ ထွက်လာခဲ့တယ်။

ဒါရိုက်တာကျန်းရဲ့စကားက မမှားယွင်း‌လေဘူး။ ဒီမြေခွေးလေးက တကယ်ကို ဇာတ်ဆောင်တွေထဲက တစ်ယောက်ပါ။

သူလေးက"Ask the Immortal" ထဲမှာ အမျိုးသားဇာတ်ဆောင်ရဲ့ မူလဇာတ်ကောင်ပင်။

အမျိုးသားဇာတ်ဆောင်ချန်းရှန်က မူလက ထျန်းဟူမျိုးနွယ်စုရဲ့ မင်းသားလေးဖြစ်တယ်။ သူက မသေမျိုးဖြစ်အောင် ကျင့်ကြံဖို့ ထျန်းဟူမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်နေရာ အမွေဆက်ခံခွင့်ကို အလိုအလျောက်စွန့်လွှတ်ခဲ့ပြီး ပင်မကုန်းမြေရဲ့ အကြီးဆုံးကျင့်ကြံရေးဂိုဏ်း‌တွေထဲမှ တစ်ဂိုဏ်းဖြစ်ကာ တောင်ထွတ်ဆယ့်နှစ်သွယ်ကျောင်းတော်ရဲ့ တောင်ထွတ်ဆယ့်နှစ်သွယ်ထဲမှတစ်ခုဖြစ်တဲ့ ရွှမ်ခုန်း (လျို့ဝှက်ဆန်းကြယ်) တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာခဲ့တယ်။

ဇာတ်ကားထဲမှ အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ ယင်းလျန်က သူ့ဘဝမှာ သူလက်ခံခဲ့ဖူးတဲ့ တစ်ဦးတည်းသော ငယ်ရွယ်တဲ့အလုပ်သင်လေးလည်း ဖြစ်ပါတယ်။

."တိရိစ္ဆာန်လေးတွေက စိတ်၀ိဉာဥ်‌ရေးရာမှာအားအကောင်းဆုံးဖြစ်ပြီး ဖြူစင်တဲ့စိတ်ထားရှိတဲ့လူတွေကို သဘောအကျဆုံးပဲလို့ ကျွန်တော်ကြားဖူးတယ်"

ကုမျန်က အဲ့ဒီစကားကိုကြားတဲ့အခါ မသိစိတ်ကြောင့်  ခေါင်းကိုမော့လိုက်ပြီး စကားပြောနေတဲ့လူကို ကြည့်လိုက်တယ်။

အဲ့ဒီလူကိုကြည့်ရတာ အရမ်းထူးဆန်းပြီး သူမ သူ့ကိုကြည့်နေတာကိုမြင်တဲ့အခါ ထိုလူက သူမကို ခင်မင်ရင်းနှီးစွာနဲ့ ပြုံးပြလာတယ်။ သူက လော့ချယ်ရဲ့အနားမှာ ရပ်နေနိုင်တာကြောင့် သူက လော့ချယ်ရဲ့လက်ထောက် ဒါမှမဟုတ် အေးဂျင့်ဖြစ်သင့်တယ်။

အဲ့ဒီစကားတွေထွက်လာတာနဲ့တပြိုင်နက် လော့ချယ်ရဲ့ အကြည့်တွေက သူမအပေါ် ကျရောက်လာပြီး သူမတို့မျက်၀န်းချင်းဆုံသွားတယ်။

T/N - hello novelအသစ်လေး ပြန်စပါပြီ။ paid gp မေးတဲ့သူနည်းနည်းများလာလို့ paid gpလေးကိုလည်း လကုန်ရင် စလုပ်ပေးပါ့မယ်နော်။
ပြီးတော့ co-translatorလေးလည်း ခေါ်ချင်ပါတယ်။ E transနဲ့ဖတ်တတ်ပြီး စကားလုံးသင့်လျော်အောင် ဘာသာပြန်ပေးတတ်ရင်ရပါပြီ။ အဆုက စာပြန်စစ်ပေးမှာမို့ ဘာသာပြန်အတွေ့အကြုံမရှိလည်းရပါတယ်နော်။ ဖန်းဟယ်ကို ဝိုင်းကူဘာသာပြန်ပေးတဲ့ ညီမလေးက NUGကျောင်းပြန်တက်နေပြီမို့ သူမအားတော့လို့ပါ။ အမြဲဝိုင်းကူဘာသာပြန်ပေးနိုင်မယ့်သူဆို ပိုအဆင်ပြေပါတယ်။ feesကိုတော့ အများကြီးမပေးနိုင်ဘူးမို့ အဆုပေးနိုင်သလောက်ပေါ့နော်။ စိတ်၀င်စားရင် အဆုရဲ့ tele acc @hsuyoonkim99ကို လာပြောပေးပါနော်။

Zawgyi

အခ်ိဳ႕စာဖတ္သူေတြရဲ႕ comment ေတြက အ႐ူးအမူးစြဲလမ္းေနတာနဲ႕ပင္ မကြာျခားေတာ့ေပ။

ေလာကႀကီးရဲ႕အုပ္စိုးရွင္ မင္းသားေလးျပန္လာၿပီ။

ကုမ်န္ "I'm So Popular" ကိုဖတ္ခဲ့တုန္းက သူမ အမ်ိဳးသားဇာတ္လိုက္နဲ႕ပတ္သက္ၿပီး ဘာမွသိပ္မခံစားခဲ့ရေပမယ့္လည္း အမ်ိဳးသားဇာတ္လိုက္က fan ေတြကို အမွန္တကယ္ဆြဲေဆာင္နိုင္ေၾကာင္းေတာ့ ဝန္ခံပါတယ္။ အမ်ိဳးသားဇာတ္လိုက္ရဲ႕ မေကာင္းေၾကာင္းကို တစ္စုံတစ္ေယာက္က ေျပာဆိုရဲရင္ သူတို႔ဘဝရဲ႕ မိနစ္တိုင္းမွာ သူတို႔ေဝဖန္ခံရလိမ့္မယ္။

ကုမ်န္က ေလာ့ခ်ယ္ဆီ ျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္တယ္။

လမ္းက သိပ္မရွည္လ်ားတာေၾကာင့္ သူမ ဘယ္ေလာက္ပဲႏွေးႏွေးေလွ်ာက္ပါေစ သူ႕ဆီ ေရာက္သြားဆဲပင္။

ေလာ့ခ်ယ္ကို အနည္းငယ္နီးတဲ့ ေနရာကေန လွမ္းၾကည့္လိုက္ရင္ သူ႕အလွတရားနဲ႕ လြယ္လြယ္ကူကူ ရိုက္ခတ္ခံရနိုင္တယ္။ ထိုကဲ့သို႔ေသာ သက္ေရာက္မႈမ်ိဳးက သာမန္လူေတြ ခံနိုင္ရည္ရွိနိုင္တဲ့ဟာမ်ိဳးမဟုတ္ဘူး။

အမ်ိဳးသားဇာတ္လိုက္က အရမ္းေခ်ာတယ္လို႔ေျပာထားတဲ့ စာေၾကာင္းက မြန္းၾကပ္စရာေပမယ့္ အေတာ္ေလးမွန္တယ္။ ကံေကာင္းေထာက္မစြာနဲ႕ ကုမ်န္မွာ ခံနိုင္ရည္အား လုံလုံေလာက္ေလာက္ရွိၿပီး သူမရဲ႕အမူအရာက မေျပာင္းလဲသြားခဲ့ဘူး။

ေရွာင္းက်ဴက အရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ ဗလုံးဗေထြး‌ျဖစ္ေနၿပီး စကားေတြပါထစ္ကာ ဘာျပန္ေျပာရမွန္းမသိ ျဖစ္ေနတယ္။

ကုမ်န္က fangirl‌ ေလးေရွာင္းက်ဴကို ကူညီဖို႔ ရည္႐ြယ္ထားတယ္။ လမ္းတေလွ်ာက္မွာ  နာရီအနည္းငယ္ တူတူကုန္ဆုံးၿပီးေနာက္၊ လက္ေထာက္တစ္ဦးျဖစ္တဲ့ ေရွာင္းက်ဴက သူမကို တကယ္အေရးထားၿပီး လက္ေထာက္တစ္ေယာက္လုပ္နိုင္တဲ့ အေကာင္းဆုံးမွန္သမွ်ကို လုပ္နိုင္ခဲ့တယ္ေလ။

."ေလာ့ေလာင္ရွီး ရွင္...." အဲ့ဒီစကားထြက္လာတာနဲ႕တၿပိဳင္နက္ မူလပိုင္ရွင္က သူ႕ကို ခ်ယ္ခ်ယ္လို႔ေခၚတာကို ကုမ်န္သတိရသြားေပမယ့္လည္း သူမကေတာ့ သူ႕ကို ေလာ့ေလာင္ရွီးလို႔ပဲ ေခၚလိုက္တယ္။

သူမ လွ်ပ္စစ္ေရွာ့ခ္တိုက္ခံရနိုင္တယ္လို႔ ကုမ်န္ထင္တယ္။

မူလပိုင္ရွင္က သူ႕ကို ခ်ယ္ခ်ယ္လို႔ေခၚလိုက္တဲ့အခ်ိန္တိုင္း သူမရဲ႕ေလသံက ရွက္ကိုးရွက္ကန္းနဲ႕ ကေလးဆန္ေနလိမ့္မယ္။ သူမ(မူလပိုင္ရွင္)က 'ခ်ယ္ခ်ယ္'ဆိုတဲ့ စာလုံးႏွစ္လုံးကို ျပင္းထန္တဲ့ခံစားခ်က္နဲ႕ အႀကိမ္တ‌စ္ေထာင္ေက်ာ္ေခၚခဲ့ေပမယ့္လည္း သူမ(ကုမ်န္) ေလာ့ခ်ယ္ကိုေခၚတဲ့အခါမွာေတာ့ သူမရဲ႕ေလသံက အရမ္းကိုရိုးရွင္း‌ေနတယ္။

မေမွ်ာ္လင့္ထားစြာနဲ႕ ကုမ်န္ေမွ်ာ္လင့္ထားတဲ့ လွ်ပ္စစ္ေရွာ့ခ္တိုက္ခံရတာက ျဖစ္မလာခဲ့ဘူး။

သူမ အသာအယာမ်က္လႊာခ်လိဳက္တယ္။ သူမရဲ႕ ပင္ကိုယ္စရိုက္ေျပာင္းလဲတာက အေရးမႀကီးဘူးဆိုတာကို သူမသေဘာေပါက္သြားၿပီ။ သူမက ဇာတ္ေၾကာင္းေနာက္ လိုက္႐ုံလိုက္သြားၿပီး စာအုပ္ထဲမွာေဖာ္ျပထားတဲ့ ဇာတ္ေၾကာင္းအတိုင္း ဆက္သြားခြင့္ျပဳေပးလိုက္႐ုံပဲ။

ဒါကိုသိၿပီးေနာက္ ကုမ်န္ ေတာ္ေတာ္ေလးစိတ္သက္သာရာရသြားတယ္။

အျခားသူတစ္ေယာက္ကို အတုယူၿပီး သူတို႔ရဲ႕ အေျပာအဆိုလႈပ္ရွားမႈေတြကို ေလ့လာသင္ယူရတာက သ႐ုပ္ေဆာင္ရတာလိုမ်ိဳး ခက္ခဲတဲ့အျပင္ သူမမွာ မူလပိုင္ရွင္ရဲ႕မွတ္ဉာဏ္ေတြ လုံးဝမရွိတာမို႔ သူမ(မူလပိုင္ရွင္)ရဲ႕ဘဝေနထိုင္မႈပုံစံကို ခန႔္မွန္းဖို႔ရာ စာအုပ္ထဲကအေၾကာင္းအရာေတြကိုသာ အသုံးျပဳနိုင္တယ္။ဒါက သူမကို ပိုခက္ခဲေစတယ္ေလ။

ကံေကာင္းေထာက္မစြာနဲ႕ သူမက ကုမ်န္ပါ။

ေလာ့ခ်ယ္ရဲ႕ပယင္းေရာင္သူငယ္အိမ္က မ်က္၀န္းထဲမွာ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ စီးဆင္းေနသလိုမ်ိဳး ေတာက္ပေနတယ္။ သူက သူစိမ္းတစ္ေယာက္နဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္ရသလိုမ်ိဳး "um" ဆိုတဲ့ အသံေဖ်ာ့ေဖ်ာ့တစ္ခ်က္ အသံျပဳလိုက္တယ္။

သူက သူမရဲ႕အေယာင္ေဆာင္ခ်စ္သူပဲ ျဖစ္ရမယ္။

ကံေကာင္းေထာက္မစြာနဲ႕ ကုမ်န္က ဒါေတြကို လုံးဝ ဂ႐ုမစိုက္တတ္ဘူး။ လူအိုႀကီးက သူမကို သူမကႏွလုံးသားမဲ့ၿပီး ဘာကိုမွ ဂ႐ုမစိုက္တတ္ဘူးလို႔ ေျပာခဲ့ဖူးေပမယ့္လည္း အခုေတာ့ ဒါက ေကာင္းမြန္တဲ့အရာတစ္ခုပဲဆိုတာကို သူမသိသြားခဲ့ၿပီ။

တခါတစ္ေလ ေအးစက္စက္ျဖစ္ေနတာက ဘာမွားလို႔လဲေနာ္။

ထိုအခ်ိန္ ဒါရိုက္တာက သူ႕လက္ထဲက ႏွင္းျဖဴေရာင္ေျမေခြးေလးတစ္ေကာင္နဲ႕အတူ ေရာက္လာတယ္။

."လာ လာ ပြဲအခမ္းအနားစတာကို ေစာင့္ဖို႔ အားလုံး ငါ့ေနာက္ကို လိုက္ခဲ့ၾက!"

"Ask the Immortals" ရဲ႕ ဒါရိုက္တာက်န္းခ်န္က ေက်ာ္ၾကားသလို သူ႕နာမည္နဲ႕ တြဲလ်က္ပါတဲ့အရာက သူ႕ရဲ႕သန္မာမႈပဲ။

နိုင္ငံတကာနဲ႕ ျပည္တြင္းဆုအမ်ားအျပားက သူ႕နာမည္ေအာက္မွာရွိတယ္။

သူက ကမၻာေပၚရွိ အသက္အငယ္ဆုံး ဒါရိုက္တာေတြထဲမွ တစ္ဦးျဖစ္တယ္။

.မင္းသားတစ္ေယာက္အတြက္ သူ႕႐ုပ္ရွင္ထဲမွာ စြမ္းေဆာင္နိုင္သေ႐ြ႕ေတာ့ ႐ုပ္ရွင္မရိုက္ခင္မွာ လူမသိေသးတဲ့ ၁၈ဆင့္ျဖစ္ရင္ေတာင္မွ ဇာတ္ကားျပၿပီးေနာက္ဆို တတိယတန္းထဲ ေျခတစ္ေခ်ာင္းေရာက္သြားလိမ့္မယ္။ တျခားေျခတစ္ေခ်ာင္းက လွမ္းနိုင္မလားဆိုတာကေတာ့ အဲ့ဒီမင္းသားကိုယ္တိုင္ရဲ႕ ကံနဲ႕ စရိုက္ေပၚမူတည္ပါတယ္။

ဒါေပမယ့္ ဒါရိုက္တာက်န္းခ်န္ရိုက္ကူးထားတဲ့ ဇာတ္ကားထဲမွာ ဇာတ္ေကာင္အေသးေလးသာ သ႐ုပ္ေဆာင္နိုင္ခဲ့ရင္ေတာင္မွ ဒါက သ႐ုပ္ေဆာင္ရဲ႕ အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေကာင္းဆုံးျဖစ္မွာျဖစ္ၿပီးေတာ့ အနာဂတ္မွာ သူတို႔ရဲ႕ ကိုယ္ေရးအက်ဥ္းအတြက္ ေကာင္းမြန္တဲ့ တြန္းအားတစ္ခုလည္း ျဖစ္သြားလိမ့္မယ္။

မူလပိုင္ရွင္ ဇာတ္လိုက္မင္းသမီးဇာတ္ေကာင္ကို ရခဲ့တာကေတာ့ သူမအေဖရဲ႕ ႀကီးမားလွတဲ့ ႀကိဳးစားအားထုတ္မႈေၾကာင့္ပါ။ ထုံးစံအတိုင္း ဒါရိုက္တာက်န္းခ်န္ရဲ႕ ဇာတ္ကားက ေ႐ႊေရာင္အေၾကာင္းအရာပါဝင္မႈ ျမင့္မားတာေၾကာင့္ ratingsျမင့္ဖို႔ အလားအလာ အရမ္းမ်ားတယ္။

ဒါရိုက္တာက်န္းရဲ႕ရင္ခြင္ထဲက ႏွင္းျဖဴေရာင္ေျမေခြးေလးက ကုမ်န္ဆီ ႐ုတ္တရက္ လွမ္းေအာ္လိုက္တယ္။

ဒါရိုက္တာက်န္းက တအံ့တဩေျပာလာတယ္။ "ေရွာင္႐ြမ္က မင္းကို အရမ္းသေဘာက်ေနတယ္"

ေရွာင္႐ြမ္က ထိုေျမေခြးေလးရဲ႕ နာမည္ျဖစ္တယ္။

ေျမေခြးေလးက ကုမ်န္ရဲ႕လက္ထဲကို သြားခ်င္ေနတယ္ဆိုတာ သိသာတယ္။ ဒါရိုက္တာက်န္းက ေျမေခြးေလးကို သူမဆီ ေပးလိုက္တယ္။ ဒါရိုက္တာက်န္းက "ဒါက "Ask the Immortals" ရဲ႕ ဇာတ္ေဆာင္ေတြထဲက တစ္ေယာက္ပဲေနာ္"လို႔ ေနာက္ေျပာင္လိုက္ဖို႔လည္း မေမ့ခဲ့ဘူး။ သူက နာမည္ႀကီးေပမယ့္ စိတ္ထားေကာင္းတယ္။

ဒီလိုစိတ္ထားေကာင္းသူတစ္ေယာက္က မူလပိုင္ရွင္ကိုေတြ႕ၿပီးေနာက္မွာ ေဒါသႀကီးေပါက္ကြဲသြားတတ္တာကေတာ့ သနားစရာပင္။

ကုမ်န္ရဲ႕ႏႈတ္ခမ္းေထာင့္မွာ ႏူးညံ့သိမ္‌ေမြ႕တဲ့ အၿပဳံးတစ္ပြင့္ေပၚလာတယ္။ သူမက ေျမေခြးေလးကို သူမရင္ခြင္ထဲမွာ‌ ေပြ႕ခ်ီထားၿပီး သူ႕ေခါင္းေလးကို လြတ္ေနတဲ့လက္နဲ႕ ညင္သာစြာ ပြတ္သပ္ေပးလိုက္တယ္။

ေျမေခြးေလးဆီကေန သက္ေတာင့္သက္သာရွိတဲ့အသံ ထြက္လာခဲ့တယ္။

ဒါရိုက္တာက်န္းရဲ႕စကားက မမွားယြင္း‌ေလဘူး။ ဒီေျမေခြးေလးက တကယ္ကို ဇာတ္ေဆာင္ေတြထဲက တစ္ေယာက္ပါ။

သူေလးက"Ask the Immortal" ထဲမွာ အမ်ိဳးသားဇာတ္ေဆာင္ရဲ႕ မူလဇာတ္ေကာင္ပင္။

အမ်ိဳးသားဇာတ္ေဆာင္ခ်န္းရွန္က မူလက ထ်န္းဟူမ်ိဳးႏြယ္စုရဲ႕ မင္းသားေလးျဖစ္တယ္။ သူက မေသမ်ိဳးျဖစ္ေအာင္ က်င့္ႀကံဖို႔ ထ်န္းဟူမ်ိဳးႏြယ္စုရဲ႕ မ်ိဳးႏြယ္စုေခါင္းေဆာင္ေနရာ အေမြဆက္ခံခြင့္ကို အလိုအေလ်ာက္စြန႔္လႊတ္ခဲ့ၿပီး ပင္မကုန္းေျမရဲ႕ အႀကီးဆုံးက်င့္ႀကံေရးဂိုဏ္း‌ေတြထဲမွ တစ္ဂိုဏ္းျဖစ္ကာ ေတာင္ထြတ္ဆယ့္ႏွစ္ခုေက်ာင္းေတာ္ရဲ႕ ေတာင္ထြတ္ဆယ့္ႏွစ္ခုထဲမွတစ္ခုျဖစ္တဲ့ ႐ႊမ္ခုန္း (လ်ိဳ႕ဝွက္ဆန္းၾကယ္) ေတာင္ထြတ္ရဲ႕ ေတာင္ထြတ္သခင္ျဖစ္လာခဲ့တယ္။

ဇာတ္ကားထဲမွ အမ်ိဳးသမီးဇာတ္ေဆာင္ျဖစ္တဲ့ ယင္းလ်န္က သူ႕ဘဝမွာ သူလက္ခံခဲ့ဖူးတဲ့ တစ္ဦးတည္းေသာ ငယ္႐ြယ္တဲ့အလုပ္သင္ေလးလည္း ျဖစ္ပါတယ္။

."တိရိစ္ဆာန္ေလးေတြက စိတ္၀ိဉာဥ္‌ေရးရာမွာအားအေကာင္းဆုံးျဖစ္ၿပီး ျဖဴစင္တဲ့စိတ္ထားရွိတဲ့လူေတြကို သေဘာအက်ဆဳံးပဲလို႔ ကြၽန္ေတာ္ၾကားဖူးတယ္"

ကုမ်န္က အဲ့ဒီစကားကိုၾကားတဲ့အခါ မသိစိတ္ေၾကာင့္  ေခါင္းကိုေမာ့လိုက္ၿပီး စကားေျပာေနတဲ့လူကို ၾကည့္လိုက္တယ္။

အဲ့ဒီလူကိုၾကည့္ရတာ အရမ္းထူးဆန္းၿပီး သူမ သူ႕ကိုၾကည့္ေနတာကိုျမင္တဲ့အခါ ထိုလူက သူမကို ခင္မင္ရင္းႏွီးစြာနဲ႕ ၿပဳံးျပလာတယ္။ သူက ေလာ့ခ်ယ္ရဲ႕အနားမွာ ရပ္ေနနိုင္တာေၾကာင့္ သူက ေလာ့ခ်ယ္ရဲ႕လက္ေထာက္ ဒါမွမဟုတ္ ေအးဂ်င့္ျဖစ္သင့္တယ္။

အဲ့ဒီစကားေတြထြက္လာတာနဲ႕တၿပိဳင္နက္ ေလာ့ခ်ယ္ရဲ႕ အၾကည့္ေတြက သူမအေပၚ က်ေရာက္လာၿပီး သူမတို႔မ်က္၀န္းခ်င္းဆုံသြားတယ္။

T/N - hello novelအသစ္ေလး ျပန္စပါၿပီ။ paid gp ေမးတဲ့သူနည္းနည္းမ်ားလာလို႔ paid gpေလးကိုလည္း လကုန္ရင္ စလုပ္ေပးပါ့မယ္ေနာ္။
ၿပီးေတာ့ co-translatorေလးလည္း ေခၚခ်င္ပါတယ္။ E transနဲ႕ဖတ္တတ္ၿပီး စကားလုံးသင့္ေလ်ာ္ေအာင္ ဘာသာျပန္ေပးတတ္ရင္ရပါၿပီ။ အဆုက စာျပန္စစ္ေပးမွာမို႔ ဘာသာျပန္အေတြ႕အႀကဳံမရွိလည္းရပါတယ္ေနာ္။ ဖန္းဟယ္ကို ဝိုင္းကူဘာသာျပန္ေပးတဲ့ ညီမေလးက NUGေက်ာင္းျပန္တက္ေနၿပီမို႔ သူမအားေတာ့လို႔ပါ။ အၿမဲဝိုင္းကူဘာသာျပန္ေပးနိုင္မယ့္သူဆို ပိုအဆင္ေျပပါတယ္။ feesကိုေတာ့ အမ်ားႀကီးမေပးနိုင္ဘူးမို႔ အဆုေပးနိုင္သေလာက္ေပါ့ေနာ္။ စိတ္၀င္စားရင္ အဆုရဲ႕ tele acc @hsuyoonkim99ကို လာေျပာေပးပါေနာ္။

Continue Reading

You'll Also Like

403K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
15.2K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
517K 34.6K 31
story description>>>>> start-5/10/2021 end-1/1/2022
16.3K 1.9K 32
Totally Credited to original author