I just Wanna be Hero, not Her...

Oleh KoKo27644

11.8K 1.3K 90

Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်... Lebih Banyak

V5 Prologue
Volume 5 Visual Poster details
V5 Chapter 1
V5 Chapter 2
V5 Chapter 3
V5 Chapter 4
V5 Chapter 5
V5 Chapter 6
V5 Chapter 7
V5 Chapter 8
V5 Chapter 9
V5 Chapter 10
V5 Chapter 11
V5 Chapter 12
V5 Chapter 13
V5 Chapter 14
V5 Chapter 15
V5 Chapter 16
V5 Chapter 17
V5 Chapter 18
V5 Chapter 19
V5 Chapter 20
V5 Chapter 21
V5 Chapter 22
V5 Chapter 23
V5 Chapter 24
V5 Chapter 25
V5 Chapter 26
V5 Chapter 27
V5 Chapter 28
V5 Chapter 29
V5 Chapter 30
V5 Chapter 31
V5 Chapter 32
V5 Chapter 33 - မှောင်မိုက်သောနေ့များ
V5 Chapter 35 ဧည့်သည်
V5 Chapter 36 ဖရာလီတာ
V5 Chapter 37 - SSS အဆင့်လား
V5 Chapter 38 - နိမိတ်
V5 Chapter 39
V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း
V5 Chapter 41
V6 Chapter 1
V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား
V6 Chapter 3 ကတိတစ်ခု
V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း
V6 Chapter 5
V6 Chapter 6 - ဒဏ္ဍာရီတစ်ခု၏အဆုံးသတ်
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း
V6 Chapter 8
V6 Chapter 9
V6 Chapter 10
V6 Chapter 11
V6 Chapter 12
V6 Chapter 13
V6 Chapter 14
V6 Chapter 15
V6 Chapter 16
V6 Chapter 17
V6 Chapter 18
V6 Chapter 19
V6 Chapter 20
V6 Chapter 21
V6 Chapter 22
V6 Chapter 23
V6 Chapter 24
V6 Chapter 25
V6 Chapter 26
V6 Chapter 27
V6 Chapter 28
V6 Chapter 29
V6 Chapter 30
V6 Chapter 31
V6 Chapter 32
V6 Chapter 33
V6 Chapter 34
V6 Chapter 35
V6 Chapter 36
V6 Chapter 37
V6 Chapter 38
V6 Chapter 39
V6 Chapter 40
V6 Chapter 41
V7 Prologue
V7 Chapter 1
V7 Chapter 2
V7 Chapter 3
V7 Chapter 4
V7 Chapter 5
V7 Chapter 6
V7 Bonus Chapter
V7 Chapter 7
V7 Chapter 8
V7 Chapter 9
V7 Chapter 10
V7 Chapter 11
V7 Chapter 12
V7 Chapter 13
V7 Chapter 14
V7 Chapter 15
V7 Chapter 16
V7 Chapter 17
V7 Chapter 18
V7 Chapter 19
V7 Chapter 20
V7 Chapter 21
V7 Chapter 22
V7 Chapter 23
V7 Chapter 24
V7 Chapter 25
V7 Chapter 26
V7 Chapter 27
V7 Chapter 28
V7 Chapter 29
V7 Bonus Chapter 2
V7 Chapter 30
V7 Chapter 31
V7 Chapter 32
V7 Chapter 33
V7 Chapter 34
V7 Chapter 35
V7 Chapter 36
V7 Chapter 37
V7 Chapter 38
V7 Chapter 39
V7 Chapter 40
V7 Chapter 41
V7 Chapter 42
V7 Chapter 43
V8 Bonus Chapter
V8 Bonus Chapter 2
V8 Chapter 1
V8 Chapter 2
V8 Chapter 3
V8 Chapter 4
V8 Chapter 5
V8 Chapter 6
V8 Chapter 7
V8 Chapter 8
V8 Chapter 9
V8 Chapter 10
V8 Chapter 11
V8 Chapter 12
V8 Chapter 13
V8 Chapter 14
V8 Chapter 15
V8 Chapter 16
V8 Chapter 17
V8 Chapter 18
V8 Chapter 19
V8 Chapter 20
V8 Chapter 21
V8 Chapter 22
V3 Chapter 23
V8 Chapter 24
V8 Chapter 25
V8 Chapter 26
V8 Chapter 27
V8 Chapter 28
V8 Chapter 29
V8 Chapter 30
V8 Chapter 31
V8 Chapter 32
V8 Chapter 33
V8 Chapter 34
V8 Chapter 35
V9 Chapter 1 + မိတ်ဆက်
V9 Chapter 2
V9 Chapter 3
V9 Chapter 4
V9 Chapter 5
V9 Chapter 6
V9 Chapter 7
V9 Chapter 8
V9 Chapter 9
V9 Chapter 10
V9 Chapter 11
V9 Chapter 12
V9 Chapter 13
V9 Chapter 14
V9 C15
V9 Chapter 16
V9 Chapter 17
V9 Chapter 18
V9 Chapter 19
V9 Chapter 20
V9 Chapter 21
V9 Chapter 22
V9 Chapter 23
V9 Chapter 24
V9 Chapter 25
V9 Chapter 26
V9 Chapter 27
V9 Chapter 28
V9 Chapter 29
V9 Chapter 30
V9 Chapter 31
V9 Chapter 32
V9 Chapter 33

V5 Chapter 34 ဆင့်ကဲဖြစ်စဥ်

74 10 1
Oleh KoKo27644

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 34 - ဆင့်ကဲဖြစ်စဥ်များ

အဲဒီတုန်းက ဂျိုးလ်ဝဲလ်ဆင်ဟာ ဥပဒေဘွဲ့ရပြီးခါစ သာမန်အလုပ်သင်ရှေ့နေလေးတစ်ယောက်ပေါ့။ သူ့အသက်က နှစ်ဆယ့်ငါး၊ တက္ကသိုလ်နောက်ဆုံးနှစ်မှာ ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လက်ထပ်ဖြစ်ခဲ့တယ်။

သူတို့အိမ်ထောင်သက်က အခုဆိုရင် ၄နှစ်ရှိပြီ။ သိပ်ပြီးမပြည့်စုံလှပေမဲ့ နှစ်ယောက်လုံးအလုပ်လုပ်ရင်း ပြေပြေလည်လည် နေနိုင်ခဲ့တဲ့ လူငယ်စုံတွဲလေးပေါ့။ အစက မိန်းမဖြစ်သူမှာ နှလုံးရောဂါရှိလို့ ကလေးယူဖြစ်မယ်မထင်ခဲ့ပေမဲ့ တကယ်ပဲကံကောင်းပြီး သူတို့မှာ သားလေးတစ်ယောက်ရှိလာခဲ့တယ်။

သားလေးသုံးနှစ်​ပြည့်တော့ ဝဲလ်ဆင် ဥပဒေဘွဲ့ရပြီး သူငယ်ငယ်ကတည်းက ဝါသနာပါတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့တယ်။ ငယ်ငယ်ကတည်းက လင်ကွန်းကို သဘောကျတဲ့သူမလို့ အားနည်းသူတွေဘက်က အမှုလိုက်ပေးရင်း သူတို့ကိုကာကွယ်မယ်လို့ဆုံးဖြတ်ထားရင်းနဲ့ပေါ့။

အဲဒီနေ့က သူအလုပ်သင်အဖြစ်ကနေ တကယ့်ရှေ့နေတစ်ယောက်အဖြစ် အေဂျင်စီက ရာထူးတိုးပေးလိုက်တဲ့နေ့ပေါ့။ သူတို့တစ်မိသားစုလုံး အပြင်ထွက်ပြီး လျှောက်လည်ဖြစ်ကြတယ်။

သူတို့မြို့တွင်းပန်းခြံတစ်ခုရဲ့ရှေ့က ပလက်ဖောင်းမှာ ခဏရပ်ဖြစ်ကြတယ်။ မနက်ကိုးနာရီတောင်မထိုးသေးလို့ ပန်းခြံစဖွင့်ရုံပဲရှိသေးတယ်။ ဒါပေမဲ့ ပန်းခြံထဲမှာ စနစ်တကျရောင်းတဲ့ ရွေ့လျားကားဆိုင်တချို့တော့ ရှိနေနှင့်ပြီးပြီ။

ပေါက်ပေါက်ဆုပ်​ဆိုင်တွေက စက်စဖွင့်​နေပြီဖြစ်ပြီး ထောပတ်နံသင်းသင်းက လမ်းပေါ်မှာပြန့်နှံနေတယ်။ အရုပ်သည်တချို့လည်းရှိနေပြီဖြစ်ပြီး ကျောင်းသွားဖို့လမ်းပေါ်ရောက်နေတဲ့ အလယ်တန်းကျောင်းသားတချို့လည်း ပန်းခြံထဲက ဆိုင်တွေမှာ ဝင်အားပေးလေ့ရှိကြတယ်။

အမေရိကန်နိုင်ငံပညာရေးဌာနက ကျောင်းနဲ့ဝေးတဲ့ကျောင်းသားတွေအတွက် ကျောင်းကားစီစဥ်ပေးတတ်ပေမဲ့ ကျောင်းစီရင်စုတချို့မှာသာ အလကားရတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းနားနီးတဲ့ မိဘတွေက အပိုငွေကုန်မခံတတ်ဘဲ ဒီအတိုင်းကျောင်းကိုသွားခိုင်းလေ့ရှိတာကြောင့် ပန်းခြံထဲက စျေးတန်းက အလုပ်ဖြစ်နေတာပေါ့။

"ပေပေ...ပေပေကြီး... ဘောလုံးဝယ်ပေး။" စကားမပီသေးတဲ့ ကောင်စုတ်လေးလည်း ကားစျေးဆိုင်တစ်ခုမှာချိတ်ထားတဲ့ ဘောလုံးတွေကို သတိထားမိသွားပြီး စပူဆာတော့တယ်။

"ဟုတ်ပြီ...ဟုတ်ပြီ... ဖေဖေဝယ်ပေးမယ်။" ဝဲလ်ဆင်က ရာထူးတိုးလို့ စိတ်ကောင်းဝင်နေတဲ့အတွက် ပိုက်ဆံအိတ်ကိုထုတ်ပြီး သားရေဘောလုံးလေးတစ်လုံး ဝယ်ပြီး သား​လေးကို ပလပ်ဖောင်းပေါ် ချပေးလိုက်တယ်။

"ယောက်ျား၊ ကလေးကို ပလက်ဖောင်းပေါ်မှာ ဆော့ခိုင်းလို့ဖြစ်ပါ့မလား။ လမ်းပေါ်မှာ ကားတွေနဲ့လေ။"

"ကိုသိပါတယ်၊ ဒါပေမဲ့ ခဏလေးပဲဥစ္စာ။ ကိုရေခဲမုန့်ဝယ်လိုက်ဦးမယ်။ ပြီးမှ ပန်းခြံထဲခေါ်သွားပြီး ဆော့ခိုင်းတာပေါ့။"

ကလေးလေးက ဘောလုံးကို လက်ထဲမှာပိုက်ထားပြီး အဖေဖြစ်သူကိုမော့ကြည့်ကာ ပြောလိုက်တယ်။ "ချောကလက်... ချောကလက်..."

"ဟုတ်ပြီ၊ သားလေးဖို့ အဖေချောကလက်ရေခဲမုန့် ဝယ်ပေးမယ်နော်။ မိန်းမရေ၊ ကလေးကြည့်ထားလိုက်ဦး။" အဲဒီနောက် ဝဲလ်ဆင်က ပိုက်ဆံထုတ်လိုက်ပြီး နည်းနည်းလှမ်းလှမ်းမှာရှိနေတဲ့ ရေခဲမုန့်ကားဆီသွားတယ်။

ကလေးက ပျော်ပျော်ကြီးကစားနေခဲ့တာကြောင့် ကလေးအမေက ဘာမှမပြောရက်တော့ဘဲ နောက်ကနေပဲ လိုက်ကြည့်တယ်။ ဝဲလ်ဆင်ကတော့ ရေခဲမုန့်ကားဆီရောက်နေပြီဖြစ်ပြီး ရေခဲမုန့်စက်က ရေခဲမုန့်တွေကို ကတော့ထဲအပြည့်ထည့်ဖို့သာ အာရုံစိုက်နေခဲ့တယ်။

ဒါပေမဲ့ ဘယ်သူသိခဲ့မှာလဲ၊ အဲဒီလို ကြည်နူးစရာအချိန်မှာပဲ လေပြင်းပြင်းတစ်ချက်တိုက်လာပြီး ကလေးလေးကစားနေတဲ့ဘောလုံးက လမ်းမဘက်ကို ရောက်သွားလိမ့်မယ်ဆိုတာကိုပေါ့။

ကလေးက ဘောလုံးကိုကောက်ဖို့အတွက် လမ်းမပေါ်ကို ပြေးတက်သွားတယ်။ ကွန်တိန်နာကားကြီးတစ်စီးကလည်း လမ်းပေါ်မှာ အမြန်လွန်းမနှေးလွန်းတဲ့အရှိန်နဲ့ မောင်းလာနေတယ်။ ကလေးအမေက ကလေးကိုဆွဲဖို့လုပ်ပေမဲ့ ကလေးက လမ်းမပေါ်ကို အတော်ရောက်နှင့်ပြီးနေပြီ။

"တစ်ယောက်ယောက် ကယ်ကြပါဦး။" ကလေးအမေ အလန့်တအားအော်လိုက်တဲ့အသံက ပန်းခြံအနှံပြန့်သွားတယ်။

ဝဲလ်ဆင်လည်း အဲဒီအော်သံကို ကြားတာပေါ့။ သူနောက်ကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်က အပြုံးမပျောက်သေးဘူး။ လက်ထဲမှာတော့ ရေခဲမုန့်ကတော့သုံးခုကို ပြည့်ပြည့်ကျပ်ကျပ်ကိုင်ထားတယ်။

သူမြင်လိုက်ရတာက လမ်းမပေါ်ရောက်နေတဲ့ သူ့သားလေးရယ်၊ ကိန်တိန်နာကားကြီးတစ်စီးရယ်။ စိတ်လှုပ်ရှားမှုကြောင့် အားအင်ယုတ်လျော့ပြီး ပလက်ဖောင်းပေါ်ကို လဲကျသွားတဲ့ မိန်းမဖြစ်သူရယ်ကိုပါ။

အဲဒီအခိုက်အတန့်မှာ အချိန်တွေအားလုံး နှေးကျသွားသလိုပဲ။ လမ်းတစ်ဖက်ခြမ်းက ကင်းခြေများမြူတန့်က သာမန်လူတွေအနေနဲ့ လှုပ်ရှားဖို့မဖြစ်နိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ ခပ်မြန်မြန်လှုပ်ရှားပြီး ကလေးနားကိုရောက်သွားတယ်။

အဲဒီနောက် ကင်းခြေများက ကလေးကိုသူ့ရဲ့သံမဏိလိုမာကျောတဲ့ လက်မောင်းတွေနဲ့ ဆွဲညှစ်လိုက်တော့တယ်။ ဝဲလ်ဆင်ရဲ့မျက်လုံးရှေ့မှာပဲ သူ့သားလေးရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားတယ်။ ကလေးရဲ့သွေးတွေက လမ်းမတစ်ခုလုံးကို နီရဲသွားစေတဲ့အထိ ပက်ဖြန်းပြီးသားဖြစ်သွားတယ်။ ကင်းခြေများတစ်ပိုင်းမိန်းက​လေးရဲ့တစ်ကိုယ်လုံးမှာလည်း သွေးတွေနဲ့ပေကျံနေတယ်။

ကွန်တိန်နာကားကလည်း အရှိန်မထိန်းနိုင်ဘဲ ကင်းခြေများကို ဝင်တိုက်ပြီးရပ်သွားတယ်။ ကားခေါင်းခန်းက လုံးဝကြေမွသွားပြီး ဒရိုက်ဘာသေသလားရှင်သလား ဝဲလ်ဆင်မမြင်ရဘူး။

အဲဒီကြောက်မက်ဖွယ်ရာအဖြစ်အပျက်ကြီး ဖြစ်ပွားပြီး အတော်ကြာတဲ့အထိ ဝဲလ်ဆင်ကြောင်ပြီး ရပ်ကြည့်နေမိတယ်။ နောက်တော့ ပန်းခြံထဲမှာရှိနေတဲ့ လူတွေထဲကတစ်ယောက်က စအော်ဟစ်တယ်။

"အား... မကောင်းဆိုးဝါးကြီး လူသတ်နေပါတယ်ဗျို့။"

"တစ်ယောက်ယောက်ရဲခေါ်ကြပါ။"

"ဗီလိန်... ဗီလိန်... ဟီးရိုးတွေမလာသေးဘူးလား။"

....

"ဝဲလ်ဆင်... ကျွန်မတို့သားလေး... ကျွန်မတို့သားလေး။" ကလေးဖြစ်သူက ပွဲချင်းပြီးသေသွားသလို မိန်းမဖြစ်သူပါ နှလုံးရောဂါဖောက်လာတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်။

ဝဲလ်ဆင်ကတော့ မိန်းမဖြစ်သူကို လက်မလွှတ်တန်းဖက်ထားခဲ့ပေမဲ့ သူ့မိန်းမရဲ့အသက်ဓာတ်က ပျောက်ကွယ်လာနေတယ်။ နောက်ဆုံးတော့ ဆရာဝန်တွေ အကောင်းဆုံးကုသနေတဲ့ကြားကနေ မိန်းမဖြစ်သူလည်း အသက်ပျောက်သွားရတော့တယ်။

အဲဒီအချိန်ကတည်းက ဝဲလ်ဆင်တစ်ယောက် မြူတန့်တွေကို အစဖျောက်ပစ်ချင်ခဲ့တာလို့ ပြောရရင်ပိုပြီးမှန်လိမ့်မယ်ထင်တယ်။

အဲဒီမြူတန့်မိန်းကလေးရဲ့တကယ့်ရည်မှန်းချက်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဝဲလ်ဆန်တစ်ယောက် သူ့ရဲ့ဆုံးရှုံးမှုတွေအတွက် တစ်ခုခုကိုအပြစ်ပုံချဖို့ ဆုံးဖြတ်ထားခဲ့ပြီးသား။ လူသားတွေရဲ့အတ္တလို့ပဲ ဆိုကြပါတော့၊ သူဟာ မြူတန့်တွေကို အကြောင်းအရင်းမရှိဘဲ မုန်းတီးသူတစ်ယောက် ဖြစ်လာခဲ့တယ်။

သူ့ရဲ့ရှေ့နေပညာနဲ့စကားပြောကောင်းမှုကိုသုံးပြီး ဝဲလ်ဆင်တစ်ယောက် နိုင်ငံရေးသမားတွေကြားထဲမှာ နေရာရလာတယ်။ ပါတီအဖွဲ့ဝင်ကနေ ပြည်နယ်လွှတ်တော်အမတ်၊ ပြီးတော့ အောက်လွှတ်တော်အမတ်၊ ပြည်ထောင်စုလွှတ်တော်အမတ်။ တဖြည်းဖြည်း သူ့ပုံရိပ်က ကြီးထွားလာနေတယ်။ နောက်ဆုံးတော့ သူသမ္မတတစ်ယောက်ဖြစ်လာခဲ့ပြီ သူ့ဘာသာသူ တရားခံလို့သတ်မှတ်ထားတဲ့ မြူတန့်တွေကို အမြစ်ဖြုတ်ပစ်နိုင်ဖို့အထိ ဩဇာအာဏာရှိတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့သမ္မတ။

ဒါပေါ့၊ အမေရိကန်ရဲ့ခိုင်မာတဲ့အစိုးရစနစ်နဲ့ဆိုရင် သူလုပ်ချင်တာလုပ်လို့မရဘူး။ ဒါပေမဲ့ နောက်ဆုတ်ဖို့အတွက် သူ့မှာအချိန်မရှိတော့ဘူး။ တိုးတက်လာတဲ့ဆေးပညာတွေကြောင့် သူ့ရုပ်ရည်က ရှိရင်းစွဲထက် နည်းနည်းပိုနုပျိုနေပေမဲ့ သူ့အသက်က ခုနစ်ဆယ်တန်းကိုဝင်နေပြီ။

ဒါပေမဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ဆိုရင် သူ့အသက်က ပုံမှန်ပါပဲ။ သမိုင်းမှာထင်ရှားတဲ့ ဒေါ်နယ် ထရန့်နဲ့ ဂျိုးလ်ဘာဒမ်လည်း သူ့လိုအသက်အရွယ်မှာမှ သမ္မတဖြစ်လာကြတာ။
ဒါပေါ့၊ အသက်လေးဆယ်ကျော်နဲ့ သမ္မတဖြစ်လာတဲ့ ဂျွန်အက်ကနေဒီနဲ့ သီအိုဒို ရုစပဲ့လို သမ္မတတွေလည်း ရှိသေးပေမဲ့ပေါ့။

သက်ကြီးပိုင်းမှ သမ္မတဖြစ်လာသူတစ်ယောက်အနေနဲ့ သူ့သက်တမ်းကာလအတွင်းမှာ မြူတန့်တွေကို မျိုးဖြုတ်ပစ်ဖို့ဆိုတာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူလုပ်ဖို့ဆုံးဖြတ်ထားပြီဖြစ်သလို လုပ်လည်းလုပ်နေပြီဖြစ်လို့ ဘယ်သူမှသူ့ကို နှောင့်ယှက်တာမခံချင်ဘူး။ ဂျိုးဝဲလ်ဆင်က ပူးတွဲစစ်ဦးစီးရုံးအတွင်းရေးမှူးနဲ့ပေါင်းပြီး လွှတ်တော်ကို ထောင်ထဲသွင်းပစ်တဲ့အထိ လုပ်ပစ်ခဲ့တာလည်း ဒါကြောင့်ပဲ။

"သမ္မတကြီး၊ လော့ဟတ်မာတင်ကို ရောက်ပါပြီ။" ကားဒရိုက်ဘာက သတိပေးလိုက်မှ ဂျိုးလ်ဝဲဆင် အတွေးယဥ်ကျောကနေ နိုးထလာခဲ့တယ်။ သူဘေးဘီကို ကြည့်လိုက်တော့ တကယ်ပဲ လော့ဟက်မာတင်ရဲ့ခန့်ညားတဲ့ မိုးမျှော်တာဝါကိုရောက်နေပြီ။

သူဒီကိုလာတဲ့အကြောင်းအရင်းက လက်နက်သစ်တစ်ခုထုတ်ပေးဖို့ တောင်းဆိုမလို့။ လွှတ်တော်မရှိတော့ဘူးဆိုတော့ ဘားဂျက်ကို သူသုံးချင်သလို သုံးလို့ရပြီဆိုတဲ့ သဘောသက်ရောက်တယ်။

"ဘယ်တတ်နိုင်မလဲ၊ လက်ရှိလက်နက်တွေအားလုံးက အားနည်းလွန်းတာကိုး။" ဒါကတော့ ပြည်သူ့ဆီကနေ အခွန်ကောက်ပြီးရလာတဲ့ ဘဏ္ဍာငွေကို အလွဲသုံး
စားလုပ်တော့မယ့် အတ္တအကြီးဆုံးသမ္မတ ဝဲလ်ဆင်ရဲ့ဆင်ခြေပါ။

...

အမြွှာနှစ်ယောက်က တစ်​ယောက်လက်ကို တစ်ယောက်ဆွဲပြီး စစ်ပွဲနှင်းဆီရဲ့နောက်ကနေ လိုက်လာတယ်။

  သူတို့နှစ်ယောက်လုံးက  ဆယ်ကျော်သက်အရွယ်အစောပိုင်းပဲ ရှိကြသေးတာ။ ပုံမှန်ဆိုရင်တော့ သူတို့လေးတွေက အလယ်တန်းကျောင်းသူအရွယ်ပဲလို့ပဲ သတ်မှတ်လို့ရမယ်။ ဒါပေမဲ့ ကြေးစားစစ်တပ်ကို သူတို့ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် သာမန်ကလေးဘဝကိုမေ့ထားရပြီး အနက်ရောင်စစ်အရာရှိယူနီဖောင်းနဲ့ ဖြစ်နေကြပြီ။

နှစ်ယောက်လုံးက ရော့ဝဲလ်နဲ့ကားလ်လိုပဲ ဗိုလ်မှူးအဆင့် အဆောင်အယောင်တွေကို ဝတ်ဆင်ထားကြပေမဲ့ တကယ်တမ်းအာဏာရှိပုံမပေါ်ဘူး။ ဒီညီအစ်မနှစ်ယောက်လုံးက စစ်ပွဲနှင်းဆီရဲ့ရုပ်သေးတွေသာသာပါ။

နှစ်ယောက်လုံးမှာ ရွှေရောင်ဆံပင်တွေရှိကြပေမဲ့ ညာဖက်ကတစ်ယောက်ရဲ့ဆံပင်အရောင်ကတော့ ပိုဖျော့ပြီး ငွေရောင်ဘက် နည်းနည်းသန်းတယ်။ သူတို့မျက်လုံးတွေကတော့ ပင်လယ်ပြာရောင်ဖြစ်ပြီး အိုရှန်နီယားအမြွှာတွေလို့ နာမည်တွင်ရတဲ့ အကြောင်းအရင်းဖြစ်တယ်။

စစ်ပွဲနှင်းဆီက ဓာတ်လှေကားလိုနေရာတစ်ခုရှေ့မှာ ရပ်လိုက်ပြီး လုံခြုံရေးကုတ်တွေကို ထည့်သွင်းလိုက်တယ်။ တံခါးကပွင့်သွားပြီး အတော်လေးကျယ်ပြောတဲ့ ဓာတ်လှေကားအခန်းကို သူတို့စမြင်ရတယ်။

ဒီဓာတ်လှေကားက လူတွေအပြင် ပစ္စည်းတွေသယ်ဖို့ထုတ်ဖို့ပါ ဒီဇိုင်းဆွဲထားတဲ့ ဓာတ်လှေကား​ပါ။ စစ်ပွဲနှင်းဆီက ဓာတ်လှေကားထဲဝင်ရပ်တော့ အမြွှာနှစ်ယောက်လည်း ဓာတ်လှေကားထဲ ဝင်လိုက်ကြတယ်။

​ဓာတ်လှေကားတံခါး ပိတ်သွားပြီးတဲ့နောက်တော့ဓာတ်လှေကားက တဖြည်းဖြည်းနိမ့်ဆင်းလာပါတယ်။ မိနစ်အနည်းငယ်ကြာမှ ဓာတ်လှေကားတံခါးပွင့်သွားပြီး မီးရောင်ခပ်မှိန်မှိန်ထွန်းထားတဲ့ ကြေးစားစစ်တပ်ရဲ့မြေအောက်စမ်းသပ်ခန်းကို စမြင်တွေ့ရတယ်။

"မာရှယ်ကို အလေးပြု။" စစ်ပွဲနှင်းဆီနဲ့အမြွှာတွေ ဓာတ်လှေကားထဲက ထွက်လာတော့ ဓာတ်လှေကားအပြင်မှာစောင့်နေတဲ့ ပလာဒင်ချပ်ဝတ်တပ်သားတွေက အလေးပြုလိုက်ကြတယ်။ စမ်းသပ်ခန်းလျှောက်လမ်းက သတ္တုတူးတဲ့လိုဏ်ခေါင်းလို ကျဥ်းမြောင်းပြီးရှည်လျားတဲ့အတွက်ကြောင့် ပဲ့တင်သံထပ်သွားပြီး နားထဲအူကျန်ရစ်တယ်။

"မြန်မြန်လျှောက်ပြီး ငါ့နောက်က ကပ်လိုက်ခဲ့။ နောက်မှာမကျန်ရစ်စေနဲ့။" စစ်ပွဲနှင်းဆီက စစ်သားတွေအလေးပြုတာခံပြီးနောက် အမြွှာနှစ်ယောက်ကို မှာလိုက်တယ်။ စစ်ပွဲနှင်းဆီက ခပ်သွက်သွက်စသွားတယ်။ အမြွှာနှစ်ယောက်ကလည်း နောက်ကနေပြီး ခပ်သွက်သွက်လိုက်တယ်။

မြူတန့်သိပ္ပံရဲ့စမ်းသပ်ခန်းတွေနဲ့ယှဥ်မယ်ဆိုရင် ကြေးစားစစ်တပ်ရဲ့စမ်းသပ်ခန်းက ဟောင်းနွမ်းပြီး သေသပ်မှုမရှိဘူးပြောရမယ်။ နံရံတွေမှာသုတ်ထားတဲ့ အိမ်သုတ်ဆေးတချို့ ကွာကျနေပြီဖြစ်ပြီး လှောင်ပိတ်နေတာကြောင့် အနံအသက်မကောင်းဘူး။

ဘလိုဝါပန်ကာကြီးတွေကိုသုံးပြီး ပိုက်လိုင်းတွေနဲ့ လိုအပ်တဲ့လေကို သွင်းနေပေမဲ့ မလုံလောက်တာ အသိသာကြီး။ ဒါကြောင့် လေဖိအားနည်းနေပြီး ပုံမှန်လူတစ်ယောက်ကိုတောင် ဒီထဲမှာနေတာကြာလာရင် စိတ်မူမမှန်ဖြစ်လာစေဖို့ လုံလောက်ပါတယ်။

ကြမ်းပြင်ကွန်ကရစ်တွေကတော့ စပြီးကွာထွက်နေပြီဖြစ်ပြီး တချို့နေရာတွေမှာ အက်ရာတွေရှိနေပြန်တယ်။ နံရံတွေမှာချိတ်ထားတဲ့ မီးသီးတွေကလည်း စစ်အေးခေတ်စတိုင် သာမန်မီးလုံးတွေဖြစ်ပြီး နှစ်ထောင်ခုနစ်နောက်ပိုင်းထွက်တဲ့ နီယွန်ခွေမီးသီးတွေထက်တောင် ခေတ်နောက်ကျသေးတယ်။ ခြုံငုံပြီးပြောရရင်တော့ ကြေးစားစစ်တပ်က ဒီနေရာကို တည်ဆောက်ခဲ့ပုံမပေါ်ဘဲ စစ်အေးခေတ်​တုန်းက မြေအောက်ဘန်ကာကြီးတစ်ခုကို ပြန်သုံးနေသလိုပဲ။

အတော်ကြာကြာလျှောက်လာပြီးနောက်တော့ သူတို့တွေ အရိုးမျက်နှာတွေကို သားဖောက်တဲ့နေရာဆီ ရောက်လာကြတယ်။ ငွေရောင်ဆံပင်နဲ့ကောင်မလေးက ဖန်လှောင်အိမ်တွေထဲက အရိုးမျက်နှာတွေကို ကြည့်ပြီးထိတ်လန့်လာပုံပဲ။ သူက ရွှေရောင်ဆံပင်နဲ့ကောင်မလေးလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားမိတယ်။

ဒါကြောင့် စစ်ပွဲနှင်းဆီလည်း ပြန်လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ဘာလို့ကြောက်နေတာလဲ၊ နင်တို့နှစ်ယောက်လည်း အဲဒီထဲက ထွက်လာတာပဲမဟုတ်ဘူးလား။ သူတို့နဲ့ နင်တို့နဲ့က မျိုးတူတွေပဲလေ။ ကြောက်စရာလိုသေးလို့လား။"

စစ်ပွဲနှင်းဆီရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကြောင့် အမြွှာနှစ်ယောက်လုံး ထိတ်လန့်သွားကြပြီး နောက်ကိုတစ်လှမ်းစီဆုတ်လိုက်ကြတယ်။

"စစ်ပွဲနှင်းဆီ၊ ကလေးတွေကို မခြောက်ပါနဲ့လား။ သူတို့က ကလုန်းမြူတန့်တွေဆိုပေမဲ့ လူတွေလိုပဲ ခံစားချက်တွေ ရှိသေးတယ်လေ။"

အဲဒီအချိန်မှာပဲ ခါးကိုင်းနေတဲ့ အနက်​ရောင်အရာရှိဝတ်စုံနဲ့ အဖိုးကြီးရောက်လာပြီး ဝင်ပြောလိုက်ပါတယ်။ အမြွှာနှစ်ယောက်က အဖိုးကြီးကိုမြင်တော့ မျက်ချင်းပြေးသွားပြီးနှုတ်ဆက်တယ်။ အဖိုးကြီးကလည်း ကလေးမလေးနှစ်​ယောက်ကို ခေါင်းပုတ်ပြီးနှုတ်ဆက်တယ်။

"ပါမောက္ခဖိုးဖိုး..." ကလေးမလေးနှစ်ယောက်က ပထမဆုံးအနေနဲ့ စကားပြောလိုက်တယ်။ အရာရှိအိုကြီးကလည်း အလိုလိုနေရင်းပြုံးလိုက်ပါတယ်။

"ပြန်လာတာ ကြိုဆိုပါတယ်၊ လီရာနဲ့လီနာ။ သူတို့တွေ အခုလိုလပိုင်းအတွင်း အခုလိုအရွယ်ရောက်လာတာကို အခုထိမယုံနိုင်သေးဘူး။"

ဒါပေမဲ့ စစ်ပွဲနှင်းဆီကတော့ တည်ကြည်နေဆဲဖြစ်ပြီး အဖိုးကြီးကို မာမာထန်ထန်ပဲ ကြည့်ပြီးပြောတယ်။

"ပါမောက္ခရူးဒေါ့ဒ်၊ ရှင်ဒီကလေးမလေးနှစ်ယောက်ကို သဘောကျတယ်ဆိုတာ သိပေမဲ့ အလွန်အကျွံမဖြစ်ပါစေနဲ့။ သူတို့က စစ်လက်နက်ပစ္စည်းတွေထက် မပိုဘူး။"

စစ်ပွဲနှင်းဆီရဲ့စကားကြောင့် သိပ္ပံပညာရှင်အဖိုးကြီးက သူ့ရဲ့မစုံတော့တဲ့သွားတွေပေါ်တဲ့အထိ ရယ်မောလိုက်တယ်။

"သိပါတယ်ကွာ၊ ငါက သူတို့ကိုဖန်တီးခဲ့တာမလို့ အားလုံးထက်ပိုပြီး သူတို့အကြောင်းကို သိပါတယ်ကွာ။ ငါက စမစ်လောက်မတော်ပေမဲ့ သူ့ရဲ့ဖန်တီးမှုထဲက အနုပညာတွေအကြောင်း နားလည်နိုင်တဲ့အထိတော့ ဦးနောက်ကောင်းပါသေးတယ်။"

ရူးဒေါ့ဒ်က ကြေးစားစစ်တပ်ရဲ့ဝါရင့်အဖွဲ့ဝင်တစ်​ယောက်ပါ။ သူလည်း သိပ္ပံပညာရှင်တစ်ယောက်ပေမဲ့ စမစ်လိုမျိုး လူလုပ်မြူတန့်တွေ ဖန်တီးနိုင်လောက်တဲ့အထိတော့ မတော်ခဲ့ပါဘူး။ ဒါပေမဲ့ မြူတန့်သိပ္ပံကျရှုံးပြီးနောက် သူတို့စုစည်းရရှိထားတာတွေကိုသုံးပြီး ရူးဒေါ့ဒ်က ​လူလုပ်မြူတန့်နည်းပညာနဲ့ကလုန်းနည်းပညာကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူသားဒီအန်အေကနေတစ်ဆင့် လိုချင်တဲ့စွမ်းအားရအောင်ချိန်ညှိ၊ အရွယ်မြန်မြန်ရောက်အောင်ဖန်တီးပြီး ဖန်ပြွန်သန္ဓေသားအဖြစ်မွေးဖွားလာခဲ့တဲ့ အိုရှန်နီယားအမြွှာတွေပါ။

အချုပ်အားဖြင့်ဆိုရရင်တော့ ဒေါက်တာစမစ်ရဲ့နည်းပညာက ရူးဒေါ့ဒ်လက်ထဲမှာ ပိုတိုးတက်လာပါတယ်။ အမွှာနှစ်ယောက်အတွက် ကုန်ကျစရိတ်က အန်းနပ်စ်တစ်ဝက်နီးပါး ကုန်ကျခဲ့တာကြောင့်သာ အများအပြားမထုတ်လုပ်ခဲ့တာပါ။

အမွှာနှစ်ယောက်ရဲ့စွမ်းအားက အန်းနပ်စ်လောက်မကြီးဘူး။ ဒီနည်းပညာကို ပိုတိုးတက်အောင်လုပ်နိုင်မလုပ်နိုင်ဆိုတာလည်း မသေချာဘူး။ တခြားတစ်ဖက်မှာတော့ အန်းနပ်စ်က အောင်မြင်ပြီးသားဖြစ်တယ်။ဒါကြောင့် အန်းနပ်စ်ကို ပြန်တည်ဆောက်ဖို့ကိုသာ မြူတန့်မဟာမိတ်က ရွေးချယ်လိုက်ကြတယ်။

စစ်ပွဲနှင်း​ဆီကတော့ ကလေးမလေးနှစ်ယောက်ကို သူဝယ်ထား​တဲ့ ချောကလက်တွေဝေပေးနေတဲ့ ရူးဒေါ့ဒ်ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။

"ထားတော့၊ အလုပ်ကိစ္စပဲ ဆက်ပြောရအောင်။ ရှင်ပြီးပြည့်စုံတဲ့ ဖာရာဒေးဆေးကို ပြန်တည်ဆောက်တာပြီးပြီလား။"

ရူးဒေါ့ဒ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အလုပ်စားပွဲကို ပြန်သွားကာ ဆေးဖန်ပြွန်လေးတစ်ချောင်းကို ယူလာပြတယ်။ ဆေးရည်က အဝါရောင်သန်းနေတယ်။

"အတိအကျကြီးတော့မတူပေမဲ့ အရိုးမျက်နှာတချို့အပေါ်မှာ စမ်းကြည့်တာတော့ တကယ်ပဲအလုပ်ဖြစ်တယ်။ နောက်တစ်ဆင့်အနေနဲ့ လူသားမြူတန့်တွေကို စမ်းပြီးအဆင့်သေးတစ်ဆင့် တိုးမတိုးသေချာအောင်လုပ်ဖို့ပဲ ကျန်တော့တယ်။"

စစ်ပွဲနှင်းဆီက ဆေးပုလင်းကို သေချာငုံကြည့်ပြီး နည်းနည်းပြုံးလိုက်တယ်။ မြူတန့်သိပ္ပံရဲ့ဆေးဖော်မြူလာတွေကို အရိပ်အဖွဲ့က ဗီလိန်အဖွဲ့အားလုံးကိုမျှဝေပေးခဲ့ပေမဲ့ ကြည့်ရတာ သူတို့တွေက ဖာရာဒေးကို ပထမ​ဆုံး ပြန်ဖော်စပ်နိုင်ခဲ့ပုံပဲ။ စစ်ပွဲနှင်းဆီက ရူးဒေါ့ဒ်ကိုကြည့်ပြီး အမိန့်ပေးလိုက်တယ်။

"ကောင်းပြီ၊ တတိယအဆင့်စစ်ဆေးမှုကို ဒီကောင်မလေးနှစ်​ယောက်နဲ့စလိုက်။ အောင်မြင်ပြီး သူတို့ S rank ရောက်သွားတယ်ဆိုရင် ဆေးရည်ကို များများစထုတ်တော့။ အဖွဲ့အစည်းရဲ့ A+ rank တွေအားလုံး တစ်လအတွင်း S rank ရောက်တာလိုချင်တယ်။"

ဒါပေမဲ့ ရူးဒေါ့ဒ်က ခေါင်းခါပြီးငြင်းတယ်။ "ငါ့ဆေးက စမစ်ရဲ့ဟာနဲ့အတိအကျမတူဘူး။ အရိုးမျက်နှာတွေကိုစမ်းတာ ​ဘာပြဿနာမှမပြဘူးဆိုပေမဲ့ ရေရှည်မှာ ဘယ်လိုဆိုးကျိုးတွေရှိနိုင်မလဲမသိသေးဘူး။ တတိယအဆင့်ကို စစ်သုံ့ပန်းမြူတန့်တွေနဲ့ မစသင့်ဘူးလား။"

ဒါပေမဲ့ စစ်ပွဲနှင်းဆီကတော့ တင်းခံနေဆဲပါ။ "အဖိုးကြီး၊ ရှင်ဒီဟာမလေးတွေအတွက် ကျွန်မကိုတောင် ဆန့်ကျင်ဖို့ စဥ်းစားနေတာလား။ ရှင်တစ်ခုခုမဖြစ်ချင်ရင် သူတို့နဲ့အရင်စရမယ်။ ဒါအမိန့်ပဲ။"

ရူးဒေါ့ဒ် ခေါင်းညိတ်လိုက်တယ်။ ထပ်ငြင်းနေလို့လည်း မထူးတော့ဘူး။ စစ်ပွဲနှင်းဆီက ဒီကလေးတွေကို သူသံယောဇဥ်ရှိနေမှန်းသိလို့ကို တမင်ဒီလိုအမိန့်ပေးတာ။ ကြေးစားစစ်တပ်မှာ စစ်သည်တွေအားလုံးက အဖွဲ့အပေါ်ကို သစ္စာရှိရတယ်။ အဖွဲ့ဝင်တစ်​​ယောက်က အဖွဲ့ထက် တခြားတစ်ခုခုကို စွဲလမ်းနေပုံပေါ်ရင် အထက်အရာရှိတွေက အခုလိုမျိုးအမိန့်တွေကိုပေးပြီး သစ္စာရှိမရှိသိရအောင် စမ်းသပ်လေ့ရှိတယ်။ မလိုက်နာရင် အဖွဲ့ဝင်ကိုယ်တိုင်ရော အဖွဲ့ဝင်သဘောကျတဲ့အရာကိုပါ ခေါင်းဆောင်တွေက ဖျက်ဆီးပစ်လေ့ရှိတယ်။ ဒါက ရက်စက်တဲ့အဖွဲ့ရဲ့ထုံးတမ်းစဥ်လာတစ်ခုပါ။

"ကောင်းပါပြီ၊ ကျုပ်အခုချက်ချင်းပဲ စမ်းသပ်မှုကို စလိုက်ပါမယ်။"

Lanjutkan Membaca

Kamu Akan Menyukai Ini

11.8K 1.3K 200
Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရ...
630K 36.4K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
490K 44.7K 120
စက်​ပညာတိုးတက်​​ခေတ်​မှီလာ​သောအချိန်​တစ်​ခု.... လူသားများကိုယ်​တိုင်​ဝင်​​ရောက်​ကစားနိုင်​​သောsystemကြီးဟာထိုအချိန်​အခါကေ​ကျာ်​ကြား​လေတယ်​.... သို့...
2K 104 5
#ကျွန်တော်ရေးသားထားချင်မဟုတ်ပါ The Guys of Yangon ရေးသားတဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင် ကလောင်ခွဲနဲ့ ရေးသားထားတဲ့ ပရလောကအခြေခံ အချစ်drama ဇာတ်လမ်းလေ...