Unicode
"သားကိုAတို့ခေါ်သိပ်မယ်တဲ့"
"ကောင်းသားဘဲ"
ချေဘင်းညတန် ဦးခက်မုန်းရာကိုသိသလိုအထာနဲ့ပြောလိုက်သည်။ဒါDaxရဲ့စနက်တွေဘဲဖြစ်မှာပေါ့လွဲစရာအကြောင်းကိုမရှိ။
"အင်းအင်း ရေသွားချိုးနှင့်
ငါ သားကိုအင်္ကျီလဲပြီးဖြည့်စွက်စာကျွေးလိုက်အုံးမယ်"
"အဲ့ဒါဆို ကျုပ်ရေချိုးလိုက်အုံးမယ်"
ခေါင်းငြိမ့်ပြတဲ့လူကြောင့်ချေဘင်းညတန်ဘာမှမပြောဘဲရေချိုးခန်းထဲသာဝင်လိုက်သည်။ကြောင်တောင်တောင်လေးဖြစ်နေသေးတဲ့မျက်နှာလေးကိုပြန်မြင်ယောင်ကြည့်တော့ခွီးကနဲ့ဖြစ်သွားတော့သည်။ဦးခက်မုန်းရာကတော့ဦးခက်မုန်းရာပါဘဲ
အေးအေးလေးနေပြီးကြောင်တောင်တောင်တွေသိပ်လုပ်တာ။သူ့အသားသူ့တောင်ဆွဲဆိတ်လိုက်သေးတယ်။ဒါတောင်သူ့ရှေ့မှာမို့သူ့နောက်ကွယ်မှာဆိုရင် ပြန်တောင်ရိုက်မလားမသိဘူး။
ဘယ်လိုမှလိမ်ညာလို့မရတဲ့နှလုံးသားကိုလည်းဆက်ပြီးမလိမ်ညာချင်တော့Daxတို့ပြောသလိုပြန်အဆင်ပြေသွားခဲ့ရင်အရာအားလုံးပြီးသွားပြီဦးခက်မုန်းရာကိုလည်းထပ်ပြီးမနာကျင်စေချင်တော့သလိုသူ့ခံစားချက်တွေကိုလည်းဖွင့်ထုတ်ချင်သည်။
အရူးတစ်ယောက်ထက်ဟန်ဆောင်ပြီးနေတဲ့လူတစ်ယောက်ကပိုပင်ပန်းတယ်။ဒီလူကိုမြင်ရင်ခုန်ပေါက်နေတဲ့နှလုံးသားကဘယ်တော့မှမပြောင်းလဲခဲ့။ပြောင်းလဲပြစ်ချင်နေပြီး ဘာဟန်ဆောင်မှုမှမရှိဘဲဒီလူ့ကိုသူဂရုစိုက်ချင်ပြီး။ချစ်ချင်ပြီး။ဒီလူကိုမနာကျင်စေချင်တော့။နှစ်ဦးနှစ်ဖက်မှားခဲ့တဲ့ကိစ္စကိုပြန်တွေးကြည့်ရင်ဒီလူကအလွန်မှမဟုတ်တာ။
မီးတောင်မှန်သိသိနဲ့တိုးဝင်ခဲ့တဲ့သူ့အလွန်ဘဲလေ။ကိုယ့်အကိုသေဆုံးမှုကိုအသုံးချပြီးဒီလူကိုပိုင်ဆိုင်အောင်လုပ်ခဲ့တဲ့သူ့အလွန်။ဒီလူနေရာမှာချေဘင်းညတန်ဆိုလည်းဒီလူနဲ့တူညီတဲ့ဆုံးဖြတ်ချက်တွေချမိမယ်ထင်သည်။
ခုကစပြီးအတ္တတွေမထားတော့ဘူး။မာနတွေကိုဘေးချိတ်ထားပြီးပြန်အဆင်ပြေကြရအောင်Baby။ဧကရာဇ်ညတန်လေးအတွက်ဘဲဖြစ်ဖြစ်။
ရေချိုးပြီးတာနဲ့ပေါ့ပေါ့ပါးပါးအင်္ကျီနဲ့ဘောင်းဘီတိုတွဲဝတ်လိုက်သည်။ဒုက္ခကတော့များခဲ့တာပေါ့ကိုယ်ချစ်တဲ့လူကို9လလောက်ဘာမှမလုပ်၊ဘာမှမပြောဘဲနေရတာသည်းခံစိတ်တွေတော့ထားရတာပေါ့။အမှန်ဆိုအဆင်ပြေစေချင်တာကြာပါပြီးသားအတွက်ဘဲဖြစ်ဖြစ်ကိုယ့်အတွက်ဘဲဖြစ်ဖြစ်
"ရစ်ရစ်ရေ Daddyဆီလာ"
ဒီနေ့မှဘာကိုစိတ်ကောင်းဝင်နေလည်းမသိသားတစ်ယောက်သူပြန်လာထဲကပြုံးရယ်နေတာ၊သွားလေးတောင်ပေါ်လို့
"Aတို့လာခေါ်ရင်ထည့်ပေးလိုက်လို့ရပြီးမောင်"
"အင်း"
သားရဲ့ပစ္စည်းတွေထည့်ထားတဲ့ခြင်းကိုပြပြီးဦးခက်မုန်းရာကအပေါ်ကိုတက်သွားသည်။
"Daddy ညောင်ညောင်"
"ဟမ်း!Daddyသားကဘာလိုချင်လို့လည်း"
"ညောင်!"
နေပါဦး ဒီတစ်နှစ်မပြည့်သေးတဲ့ကလေးကကြောင်လိုချင်နေတာလား။သူတို့ခြံထဲမှာလည်းကြောင်နဲ့ပက်သက်တာအမွေးအမျှင်တောင်မရှိပါ။ဒါကိုဒီရစ်ရစ်ကသူကိုပူဆာနေတာလား
"Daddyသားက ကြောင်လေးလိုချင်တာလား"
သူ့အပြောကြောင့်သားကခေါင်းလေးကိုသူဗိုက်ပေါ်မှီပြီးခိုးခိုးခစ်ခစ်ရယ်ပြသည်။ဒီကလေးဘယ်ကအတက်ကောင်းတွေသင်ထားပါ့လိမ့်။ချွဲနေတာက သူလိုချင်တာမရရအောင်ဝယ်ပေးဆိုတဲ့ရာဇသံကိုအနုနည်းနဲ့ပြောနေသလို
"မြောင်လေးလိုချင်နေတာဘဲ ရစ်ရစ်က"
"ခစ်ခစ်!"
ဝူးဝူးဝါးဝါးနဲ့ရယ်ပြတဲ့ကလေးလေးကြောင့်အသည်းယားလာရသည်။သူနဲ့သိပ်တူတဲ့ကလေးလေးကအကျင့်တွေကအစရိုက်သွင်းစရာမလိုဘဲပုံစံတူ
"Daddy ခစ်ခစ် ယား"
"ဟားဟား ငါ့သားလေးကယားတတ်တယ်ပေါ့ အူးမွ မွ မွ"
ပါးပြင်တစ်ခုလုံးကိုပါနမ်းပစ်လိုက်သည်။နောက်တော့ဗိုက်ပေါ်က ကလေးလေးလည်းမောသွားပြီးထင်မှောက်ရက်လေးနဲ့အသည်းယားစရာအတိ၊
"ကိုကိုကကြောင်အမွေးတွေနဲ့မတည့်ဘူးသားငယ်ရဲ့။ဒါပေမယ့်..."
စူးစမ်းသလိုသူ့ကိုသာငြိမ်ငြိမ်လေးကြည့်နေတဲ့သားကြောင့်ချေဘင်းညတန်စကားစကိုဖြတ်လိုက်သည်။သူ့ရည်ရွည်ချက်ကရိုးရှင်းပါတယ်။သားဖြစ်ချင်တွေကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လုပ်ပေးဖို့ဘဲ။သားသာလိုချင်တယ်ဆိုရင်ဘာမဆိုအကုန်ဖြစ်စေရမည်။ဒါကြောင့်လည်းသားကိုမွေးပြီးထဲကအရင်ကထက်ပိုကြိုးစားလာသည်။
အခုတော့သူ့သားလေးကပူဆာတတ်နေပြီးအခြားကလေးတွေလိုအရုပ်၊စားစရာမဟုတ်ဘဲကြောင်တစ်ကောင်တဲ့လေ။မပြောတတ်ပြောတတ်ဖြင့်လိုချင်နေတဲ့ကလေးကဘယ်တုန်းကဒါတွေတက်နေလည်းမသိ။
"Daddy"
လည်ပင်းကိုစိတ်မရှည်သလိုလက်လေးနဲ့တစ်ဖက်ဖက်ရိုက်သေးသည်။ဒီကလေးသူနဲ့တော်တော်တူတာဘဲ။စိတ်မရှည်တာကအစ
"Daddyအလုပ်မှာဝယ်ပေးထားမယ်
နှစ်ကောင် နှစ်ကောင်ဝယ်ပေးမယ်"
လက်နှစ်ချောင်းထောင်ပြကာပြောတော့ရစ်ရစ်တစ်ယောက်သဘောအကြီးကြီးကျသွားရှာသည်။
"မွ!"
သူနဲ့မှီတဲ့ရင်ဘက်ကိုနမ်းလာသည်။ဒီကလေးတကယ်အချွဲစိန်လေး။ဒါကရောဘယ်ကတက်လာပြန်တာလည်း၊Laxဆီကတက်လာရအောင်လည်းLaxကဒါမျိုးသိပ်လုပ်တတ်တဲ့ကလေးမဟုတ်ဘူး
"Daddy"
"ဗျာ"
"ခစ်ခစ်!"
မျက်လုံးတွေမှိတ်တဲ့အထိရယ်ပြနေပြန်ပြီးတကယ်အူးမြူးနေတာဘဲ။ဒီကလေးကတော့
"ရစ်ရစ်ရေ"
Eအသံနက်နက်ကြောင့်ရစ်ရစ်တစ်ယောက်နားရွက်လေးတွေထောင်သွားသည်။တကယ့်ယုန်ပေါက်လေးကြနေတာဘဲ။နီးလာတဲ့အသံကြောင့်ရစ်ရစ်တစ်ယောက်ဗိုက်ပေါ်ခေါင်းလေးမှီကာပုန်းသလိုလေးလုပ်နေပြန်သည်။ဒီ10လသားလေးအကုန်တတ်နေတာဘဲ။
"ဟာ ရစ်ရစ်တစ်ယောက်ဘယ်ရောက်သွားတာလည်း ရစ်ရစ်ရေ၊Daddyရစ်ရစ်လေးရေ"
"ခစ်!"
အသံပိစိလေးထွက်လာပြီးဗိုက်ပေါ်ကနေတစ်ခစ်ခစ်ရယ်နေသေးသည်။Eကသူ့အလိုကျမမြင်ချင်ယောင်ဆောင်ပြီးမေးတော့ဒီကလေးလေးပိုပျော်နေတာထင်သည်။
"ဟော တွေ့ပြီး"
"Daddy!"
Aနဲ့Eကိုတွေ့တော့Daddyဆိုပြီးရစ်ရစ်တစ်ယောက်လူနှစ်ယောက်လက်ထဲပါသွားသည်။ဒီငချွဲလေးကြောင့်ဟိုဟာတွေကလည်းအရည်ပျော်မတက်သည်းသည်းလှုပ်
"ငါ့သားလေး များကြီးချစ်ဖို့ကောင်းနေတာ
ကြည့်စမ်းပါအုံး ဘယ်သူ့သားလေးမို့လို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလည်း"
"မောင့်သားမို့လေ အသက်ရဲ့"
Eအဖြေကြောင့်ချေဘင်းညတန် ရှဲကနဲ့ဖြစ်သွားရသည်။ဒီကောင်တွေတကယ်ပါဘဲ၊နည်းနည်းပါးပါးဖအေအရင်းကြီးကိုရှေ့မှာထားပြီးသူ့သားကိုလုနေတာ ကသိကအောက်မနိုင်ဘူးလား။
"ဘယ်ကသာ ငါ့သားလေးမို့
ဟုတ်တယ်မလား ရစ်ရစ်"
"ရက်စ် ရက်စ်"
သူတို့ဟာနဲ့သူတို့တော့အဆင်ကိုပြေနေတာဘဲ။အဲ့ကလေး ကပိုဆိုးသည်။ရုပ်လေးနဲ့အကျင့်လေးတွေကြောင့်သာကိုယ်သားမှန်းလူတွေသိတာ။မဟုတ်ရင်သူတို့သားဘဲအများကမြင်နေအုံးမှာ
"Daddyတို့နဲ့ဒီညအိပ်မှာမလား"
ခေါင်းတဆက်ဆက်ငြိမ့်ပြတဲ့ကလေးဟာဒီလူတွေလုပ်ပေးတဲ့အကျင့်ကြောင့်အိပ်ရာကိုစွဲနေတဲ့ကလေးတော့မဟုတ်။ဒီလူတွေလုပ်ပေးထားတဲ့အလေ့အကျင့်ကြောင့်ဒီနေရာမှာတော့ဂျီကျဖို့မေ့နေတတ်သည်။
"ငါတို့သွားတော့မယ်နော်"
ခေါင်းအသာငြိမ့်ပြတော့သားကိုချီကာပြန်သွားကြသည်။သားကလည်းတာ့တာ့တောင်သူကိုလှမ်းပြသွားသည်။ဒီကလေး ဖအေကိုအသည်းယားအောင်မျိုးစုံလုပ်သွားတာဘဲ
ဒါနဲ့ဦးခက်မုန်းရာတစ်ယောက်ရေသွားချိုတာရေနှစ်နေပြီးလားတောင်မသိပေါ်မလာတော့။အရင်ကဆိုတအောင့်ဘဲကြာတာပါဒီနေ့မှသာမန်နေ့တွေထက်ပိုကြာနေရတာလည်း။သူနဲ့မနေချင်လို့များလား။သူနဲ့စကားမပြောချင်လို့များလား။ဒါမှမဟုတ်သူနဲ့မျက်နှာချင်မဆိုင်ချင်လို့များလား။
စိတ်ကုန်သွားတာများလား။ညနေ့ကတောင်အကောင်းကြီးပါ။ခုနကလည်းသူ့အမှားမလုပ်ထားပါဘူး။အတွေးတွေကနက်သထက်နက်လာတဲ့အခါ အဆုံးထိတွေးတဲ့လူမို့ဦးခက်မုန်းရာထပ်မံစွန့်ပစ်သွားမှာကြောက်ရသည်။တကယ်ဆိုသူဦးခက်မုန်းရာ ပင်ပန်းနေတာကိုသိသိရဲ့နဲ့အချိန်အကြာကြီးလျစ်လျူခဲ့တာမလား။ဒီအတိုင်းမသိချင်ယောင်ဆောင်ခဲ့တာမလား။
"မောင် ထမင်းစားမယ်မလား"
"ဟမ်း!"
အတွေးယဥ်ထဲမျောသွားတာမို့ဦးခက်မုန်းရာတစ်ယောက်ဘယ်လိုရှေ့ရောက်နေလည်းမသိ။ကြည့်မိတော့ကိုယ့်မျက်စိကိုယ်တောင်မှားသွားသလိုခံစားလိုက်ရသည်။အမြဲတစေ လန်တင်ထားတတ်တဲ့ဆံနွယ်တွေကနှဖူးပေါ်မှာခပ်အုပ်အုပ်ကျနေသည်။ဆေးကူစရာမလိုဘဲလွန်ခဲ့တဲ့နှစ်တွေကလိုရဲနေတဲ့ပါးပြင်နုနုကအသက်ကြီးမှပိုလှလာသလိုခပ်ဥဥ
အရည်လဲ့နေတဲ့မျက်ဝန်းတွေကဘာကိုပြောချင်နေတာပါလိမ့်။အမြဲတမ်းစီးကရက်တွေထက်ပိုစွဲလန်းရတဲ့နှုတ်ခမ်းပါးကိုအကြည့်ကရောက်သွားတော့ဘယ်တော့မှစိတ်မထိန်းနိုင်သလိုလက်ရှိမှာလည်းထိန်းချုပ်ရခက်နေဆဲ။နေပါအုံးဒီလူရှက်နေတာလား။နားရွက်ဖျားလေးတွေကရဲတွတ်နေသည်။
30ကျော်ရင်လူတွေကပိုနုတတ်ကြတာလား။လည်တိုင်ဖွေးဖွေးကအမြဲတစေပြစ်မှားချင်စရာကောင်းလှအောင်ကျော့မော့နေတတ်သည်။ပေါင်လောက်ထိရှည်တဲ့အင်္ကျီအဖြူကိုဝတ်ထားပြီးကြယ်သီးနှစ်လုံးလောက်ကဖြုတ်ထားတာမို့ဖြူအုနေတဲ့ရင်ဘက်ကပြစ်မှားချင်စရာကောင်းလောက်အောင်အတိုင်းသာမြင်နေရသည်။
အောက်ဘက်ကိုအကြည့်ရောက်မိတော့ကတုန်ကယင်တွေပါဖြစ်သွားရသည်။underwearတစ်ထည်တည်းနဲ့ဘာမှကိုမဝတ်ထားတဲ့ဦးခက်မုန်းရာ၊ရူးလောက်အောင်ခေါင်းတိုးဝင်ချင်စရာကောင်းလှတဲ့ပေါင်တံသွယ်သွယ်တွေ
နေပါအုံး။ဒီလူအခုဘာလုပ်နေတာလည်း၊မဟုတ်မှသူကိုမြူစွယ်နေတာလား။တစ်မိုးအောက်ချေမိုးလာတဲ့ဦးခက်မုန်းရာကလေ။ဒီအကြံဘယ်သူပေးတာပါလိမ့်။ကိုကြီးတို့အုပ်စုပေးတာများလား။ဘာဆက်လုပ်မလည်းသိချင်တာမို့ကိုယ့်အစီအစဥ်ကိုရပ်လိုက်ကာဦးခက်မုန်းရာကမယ့်ဇာတ်ကိုဘဲလိုက်ပါစီးမျောဖို့ဆုံးဖြတ်လိုက်သည်။
"မောင်..."
"အင်း"
"ငါ့ကိုယူပါ"
မျက်လုံးစုံမှိတ်ကာအော်လာသူကြောင့်ဟက်ချအောင်ရယ်လိုက်မိသည်။ဒီလူဘာလုပ်နေတာပါလိမ့်။သူ့ရယ်သံကြောင့်ဦးခက်မုန်းရာမျက်လုံးများဖွင့်လာသည်။
"ငါကိုမရယ်ပါနဲ့မောင်
ငါအတည်ပြောနေတာပါ။
မောင်လည်းယောကျာ်းသားဘဲမို့အလိုဆန္ဒတွေရှိမှာဘဲဆိုတာငါနားလည်ပါတယ်။"
".........."
ချေဘင်းညတန် ဦးခက်မုန်းရာအားဘာမှဆက်မပြောဘဲဒီတိုင်းသာခပ်မှေးမှေးကြည့်နေလိုက်သည်။အရင်ကထက်အများကြီးတွေးတောလာတတ်တာဘဲဦးခက်မုန်းရာက၊ပြီးတော့ဦးခက်မုန်းရာမှာမာနတွေမရှိတော့ပေမယ့်တယူသန်အတွေးတွေကတော့ကိန်းအောင်းနေဆဲ
"ငါ ငါကိုရွံ့တယ်ဆိုရင်တစ်ခြားလူ......"
"ဦးခက်မုန်းရာ!!!!
ခင်ဗျားကျုပ်ကိုတနှာကောင်လို့ထင်နေတာလား"
"ငါ ငါပြောတာက.."
"တိတ်တော့ ဦးခက်မုန်းရာ
ခင်ဗျားစကားတွေကသိပ်အစွန်းရောက်နေသလိုကျုပ်အချစ်ကိုလည်းတိုက်ရိုက်စော်ကားလိုက်တာဘဲ"
"ငါ တောင် တောင်းပန်ပါတယ်မောင်"
"ခုချိန်မှာ ခင်ဗျားဆီကတောင်းပန်စကားကိုကြားချင်တာလို့ထင်နေတာလား။ဘယ်ချိန်ရောက်မှခင်ဗျားပါးစပ်ကချစ်ကြောင်းပြောမှာလည်း။ကျုပ်အိပ်ချင်ယောင်ဆောင်တဲ့အချိန်မဟုတ်ဘဲ ဘယ်ချိန်မှပြောမှာလည်းလို့!!"
ကိုယ်သေးသေးလေးအားဆွဲဆောင့်ကာမေးမိသည်။စိတ်ကိုလည်းလွတ်ထွက်သွားမှာစိုးတာကြောင့်ထိန်းကာမေးသော်လည်းဒေါသကတော့အနည်းငယ်ပါတာကြောင့်နောက်ဆုံးနားမှာအော်မိသွားသည်။
"အားနာလို့ မောင့်အပေါ်လူယုတ်မာတစ်ယောက်လိုလုပ်ပြီးထပ်ပြီးတော့ထပ်ပြီးတော့အနားမှာမရရတဲ့နည်းနဲ့ခေါ်ထားမိလို့။အဲ့ဒါကိုငါထပ်ပြီးလောဘတက်ရင်မောင်ပိုပြီးစိတ်ပျက်သွားမှာကြောက်လို့။ငါ့လုပ်ရက်ကြောင့်ချည်နှောင်ထားတဲ့ကြိုးလေးပါပျက်သွားမှာစိုးရိမ်လို့။နဂိုထဲကစိုးရိမ်မှုလွန်ကဲတတ်သူမို့။ဟင့်!ငါက လူကောင်းတစ်ယောက်မဟုတ်ပါဘူး။ဘယ်တော့မဆိုမစဥ်းစားမဆင်ခြင်ဘဲလုပ်ချင်ရာတွေဘဲဇွတ်လုပ်နေတာ။ငါလုပ်ရက်ကြောင့် ဟင့်!ငါလုပ်ရက်တွေနဲ့တင်မောင်ပင်ပန်းနေပြီးမို့ထပ်ပြီးမပင်ပန်းစေချင်တော့ဘူး"
"ကျုပ်တို့အစကပြန်စရအောင်ဦးခက်မုန်းရာ"
"ဟင်"
"ကျုပ်တို့ပြန်စရအောင် မေတ္တာငတ်နေတဲ့ကျုပ်ကိုခင်ဗျားကအပြည့်အဝချစ်ပေးပါ။ကျုပ်ကခင်ဗျားထားရာနေ၊ခင်ဗျားစေခိုင်းတဲ့အတိုင်း၊ခင်ဗျားရဲ့အရုပ်လေးတစ်ရုပ်လိုအချစ်ခံပါ့မယ်။"
"တကယ် တကယ်ပြောတာလားမောင်"
"တောင်းပန်စကားတွေအစား ချစ်ကြောင်းဘဲများများပြောပေးပါဦးခက်မုန်းရာ။သားကိုလည်းကျုပ်တို့ရဲ့အချစ်တွေနဲ့ပျိုးထောင်ကြမယ်။"
ဦးခက်မုန်းရာအားရင်ခွင်ထဲဆွဲသွင်းကာဆိုမိသည်။သေချာတာပေါ့နှစ်ယောက်လုံးရဲ့မျက်နှာမှာသက်သေအဖြစ်မျက်ရည်တွေကသက်သေထူပေးသည်။မျက်ရည်တွေအောက်မှာတော့အလှပဆုံးပြုံးနေတဲ့လူနှစ်ယောက်ရှိပါတယ်။
"ချစ်တယ် Baby"
အံ့သြသွားသလိုမော့ကြည့်တဲ့Babyနှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်သည်။ပြီးနောက်Babyကလည်းအလှပဆုံးအနမ်းတွေကိုအပြုံးနဲ့တုံ့ပြန်သည်။
Zawgyi
"သားကိုAတို႔ေခၚသိပ္မယ္တဲ့"
"ေကာင္းသားဘဲ"
ေခ်ဘင္းညတန္ ဦးခက္မုန္းရာကိုသိသလိုအထာနဲ႕ေျပာလိုက္သည္။ဒါDaxရဲ႕စနက္ေတြဘဲျဖစ္မွာေပါ့လြဲစရာအေၾကာင္းကိုမရွိ။
"အင္းအင္း ေရသြားခ်ိဳးႏွင့္
ငါ သားကိုအကၤ်ီလဲၿပီးျဖည့္စြက္စာေကြၽးလိုက္အုံးမယ္"
"အဲ့ဒါဆို က်ဳပ္ေရခ်ိဳးလိုက္အုံးမယ္"
ေခါင္းၿငိမ့္ျပတဲ့လူေၾကာင့္ေခ်ဘင္းညတန္ဘာမွမေျပာဘဲေရခ်ိဳးခန္းထဲသာဝင္လိုက္သည္။ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနေသးတဲ့မ်က္ႏွာေလးကိုျပန္ျမင္ေယာင္ၾကည့္ေတာ့ခြီးကနဲ႕ျဖစ္သြားေတာ့သည္။ဦးခက္မုန္းရာကေတာ့ဦးခက္မုန္းရာပါဘဲ
ေအးေအးေလးေနၿပီးေၾကာင္ေတာင္ေတာင္ေတြသိပ္လုပ္တာ။သူ႕အသားသူ႕ေတာင္ဆြဲဆိတ္လိုက္ေသးတယ္။ဒါေတာင္သူ႕ေရွ႕မွာမို႔သူ႕ေနာက္ကြယ္မွာဆိုရင္ ျပန္ေတာင္ရိုက္မလားမသိဘူး။
ဘယ္လိုမွလိမ္ညာလို႔မရတဲ့ႏွလုံးသားကိုလည္းဆက္ၿပီးမလိမ္ညာခ်င္ေတာ့Daxတို႔ေျပာသလိုျပန္အဆင္ေျပသြားခဲ့ရင္အရာအားလုံးၿပီးသြားၿပီဦးခက္မုန္းရာကိုလည္းထပ္ၿပီးမနာက်င္ေစခ်င္ေတာ့သလိုသူ႕ခံစားခ်က္ေတြကိုလည္းဖြင့္ထုတ္ခ်င္သည္။
အ႐ူးတစ္ေယာက္ထက္ဟန္ေဆာင္ၿပီးေနတဲ့လူတစ္ေယာက္ကပိုပင္ပန္းတယ္။ဒီလူကိုျမင္ရင္ခုန္ေပါက္ေနတဲ့ႏွလုံးသားကဘယ္ေတာ့မွမေျပာင္းလဲခဲ့။ေျပာင္းလဲျပစ္ခ်င္ေနၿပီး ဘာဟန္ေဆာင္မႈမွမရွိဘဲဒီလူ႕ကိုသူဂ႐ုစိုက္ခ်င္ၿပီး။ခ်စ္ခ်င္ၿပီး။ဒီလူကိုမနာက်င္ေစခ်င္ေတာ့။ႏွစ္ဦးႏွစ္ဖက္မွားခဲ့တဲ့ကိစၥကိုျပန္ေတြးၾကည့္ရင္ဒီလူကအလြန္မွမဟုတ္တာ။
မီးေတာင္မွန္သိသိနဲ႕တိုးဝင္ခဲ့တဲ့သူ႕အလြန္ဘဲေလ။ကိုယ့္အကိုေသဆုံးမႈကိုအသုံးခ်ၿပီးဒီလူကိုပိုင္ဆိုင္ေအာင္လုပ္ခဲ့တဲ့သူ႕အလြန္။ဒီလူေနရာမွာေခ်ဘင္းညတန္ဆိုလည္းဒီလူနဲ႕တူညီတဲ့ဆုံးျဖတ္ခ်က္ေတြခ်မိမယ္ထင္သည္။
ခုကစၿပီးအတၱေတြမထားေတာ့ဘူး။မာနေတြကိုေဘးခ်ိတ္ထားၿပီးျပန္အဆင္ေျပၾကရေအာင္Baby။ဧကရာဇ္ညတန္ေလးအတြက္ဘဲျဖစ္ျဖစ္။
ေရခ်ိဳးၿပီးတာနဲ႕ေပါ့ေပါ့ပါးပါးအကၤ်ီနဲ႕ေဘာင္းဘီတိုတြဲဝတ္လိုက္သည္။ဒုကၡကေတာ့မ်ားခဲ့တာေပါ့ကိုယ္ခ်စ္တဲ့လူကို9လေလာက္ဘာမွမလုပ္၊ဘာမွမေျပာဘဲေနရတာသည္းခံစိတ္ေတြေတာ့ထားရတာေပါ့။အမွန္ဆိုအဆင္ေျပေစခ်င္တာၾကာပါၿပီးသားအတြက္ဘဲျဖစ္ျဖစ္ကိုယ့္အတြက္ဘဲျဖစ္ျဖစ္
"ရစ္ရစ္ေရ Daddyဆီလာ"
ဒီေန႕မွဘာကိုစိတ္ေကာင္းဝင္ေနလည္းမသိသားတစ္ေယာက္သူျပန္လာထဲကၿပဳံးရယ္ေနတာ၊သြားေလးေတာင္ေပၚလို႔
"Aတို႔လာေခၚရင္ထည့္ေပးလိုက္လို႔ရၿပီးေမာင္"
"အင္း"
သားရဲ႕ပစၥည္းေတြထည့္ထားတဲ့ျခင္းကိုျပၿပီးဦးခက္မုန္းရာကအေပၚကိုတက္သြားသည္။
"Daddy ေညာင္ေညာင္"
"ဟမ္း!Daddyသားကဘာလိုခ်င္လို႔လည္း"
"ေညာင္!"
ေနပါဦး ဒီတစ္ႏွစ္မျပည့္ေသးတဲ့ကေလးကေၾကာင္လိုခ်င္ေနတာလား။သူတို႔ၿခံထဲမွာလည္းေၾကာင္နဲ႕ပက္သက္တာအေမြးအမွ်င္ေတာင္မရွိပါ။ဒါကိုဒီရစ္ရစ္ကသူကိုပူဆာေနတာလား
"Daddyသားက ေၾကာင္ေလးလိုခ်င္တာလား"
သူ႕အေျပာေၾကာင့္သားကေခါင္းေလးကိုသူဗိုက္ေပၚမွီၿပီးခိုးခိုးခစ္ခစ္ရယ္ျပသည္။ဒီကေလးဘယ္ကအတက္ေကာင္းေတြသင္ထားပါ့လိမ့္။ခြၽဲေနတာက သူလိုခ်င္တာမရရေအာင္ဝယ္ေပးဆိုတဲ့ရာဇသံကိုအႏုနည္းနဲ႕ေျပာေနသလို
"ေျမာင္ေလးလိုခ်င္ေနတာဘဲ ရစ္ရစ္က"
"ခစ္ခစ္!"
ဝူးဝူးဝါးဝါးနဲ႕ရယ္ျပတဲ့ကေလးေလးေၾကာင့္အသည္းယားလာရသည္။သူနဲ႕သိပ္တူတဲ့ကေလးေလးကအက်င့္ေတြကအစရိုက္သြင္းစရာမလိုဘဲပုံစံတူ
"Daddy ခစ္ခစ္ ယား"
"ဟားဟား ငါ့သားေလးကယားတတ္တယ္ေပါ့ အူးမြ မြ မြ"
ပါးျပင္တစ္ခုလုံးကိုပါနမ္းပစ္လိုက္သည္။ေနာက္ေတာ့ဗိုက္ေပၚက ကေလးေလးလည္းေမာသြားၿပီးထင္ေမွာက္ရက္ေလးနဲ႕အသည္းယားစရာအတိ၊
"ကိုကိုကေၾကာင္အေမြးေတြနဲ႕မတည့္ဘူးသားငယ္ရဲ႕။ဒါေပမယ့္..."
စူးစမ္းသလိုသူ႕ကိုသာၿငိမ္ၿငိမ္ေလးၾကည့္ေနတဲ့သားေၾကာင့္ေခ်ဘင္းညတန္စကားစကိုျဖတ္လိုက္သည္။သူ႕ရည္႐ြည္ခ်က္ကရိုးရွင္းပါတယ္။သားျဖစ္ခ်င္ေတြကိုမျဖစ္ျဖစ္တဲ့နည္းနဲ႕ရေအာင္လုပ္ေပးဖို႔ဘဲ။သားသာလိုခ်င္တယ္ဆိုရင္ဘာမဆိုအကုန္ျဖစ္ေစရမည္။ဒါေၾကာင့္လည္းသားကိုေမြးၿပီးထဲကအရင္ကထက္ပိုႀကိဳးစားလာသည္။
အခုေတာ့သူ႕သားေလးကပူဆာတတ္ေနၿပီးအျခားကေလးေတြလိုအ႐ုပ္၊စားစရာမဟုတ္ဘဲေၾကာင္တစ္ေကာင္တဲ့ေလ။မေျပာတတ္ေျပာတတ္ျဖင့္လိုခ်င္ေနတဲ့ကေလးကဘယ္တုန္းကဒါေတြတက္ေနလည္းမသိ။
"Daddy"
လည္ပင္းကိုစိတ္မရွည္သလိုလက္ေလးနဲ႕တစ္ဖက္ဖက္ရိုက္ေသးသည္။ဒီကေလးသူနဲ႕ေတာ္ေတာ္တူတာဘဲ။စိတ္မရွည္တာကအစ
"Daddyအလုပ္မွာဝယ္ေပးထားမယ္
ႏွစ္ေကာင္ ႏွစ္ေကာင္ဝယ္ေပးမယ္"
လက္ႏွစ္ေခ်ာင္းေထာင္ျပကာေျပာေတာ့ရစ္ရစ္တစ္ေယာက္သေဘာအႀကီးႀကီးက်သြားရွာသည္။
"မြ!"
သူနဲ႕မွီတဲ့ရင္ဘက္ကိုနမ္းလာသည္။ဒီကေလးတကယ္အခြၽဲစိန္ေလး။ဒါကေရာဘယ္ကတက္လာျပန္တာလည္း၊Laxဆီကတက္လာရေအာင္လည္းLaxကဒါမ်ိဳးသိပ္လုပ္တတ္တဲ့ကေလးမဟုတ္ဘူး
"Daddy"
"ဗ်ာ"
"ခစ္ခစ္!"
မ်က္လုံးေတြမွိတ္တဲ့အထိရယ္ျပေနျပန္ၿပီးတကယ္အူးျမဴးေနတာဘဲ။ဒီကေလးကေတာ့
"ရစ္ရစ္ေရ"
Eအသံနက္နက္ေၾကာင့္ရစ္ရစ္တစ္ေယာက္နား႐ြက္ေလးေတြေထာင္သြားသည္။တကယ့္ယုန္ေပါက္ေလးၾကေနတာဘဲ။နီးလာတဲ့အသံေၾကာင့္ရစ္ရစ္တစ္ေယာက္ဗိုက္ေပၚေခါင္းေလးမွီကာပုန္းသလိုေလးလုပ္ေနျပန္သည္။ဒီ10လသားေလးအကုန္တတ္ေနတာဘဲ။
"ဟာ ရစ္ရစ္တစ္ေယာက္ဘယ္ေရာက္သြားတာလည္း ရစ္ရစ္ေရ၊Daddyရစ္ရစ္ေလးေရ"
"ခစ္!"
အသံပိစိေလးထြက္လာၿပီးဗိုက္ေပၚကေနတစ္ခစ္ခစ္ရယ္ေနေသးသည္။Eကသူ႕အလိုက်မျမင္ခ်င္ေယာင္ေဆာင္ၿပီးေမးေတာ့ဒီကေလးေလးပိုေပ်ာ္ေနတာထင္သည္။
"ေဟာ ေတြ႕ၿပီး"
"Daddy!"
Aနဲ႕Eကိုေတြ႕ေတာ့Daddyဆိုၿပီးရစ္ရစ္တစ္ေယာက္လူႏွစ္ေယာက္လက္ထဲပါသြားသည္။ဒီငခြၽဲေလးေၾကာင့္ဟိုဟာေတြကလည္းအရည္ေပ်ာ္မတက္သည္းသည္းလႈပ္
"ငါ့သားေလး မ်ားႀကီးခ်စ္ဖို႔ေကာင္းေနတာ
ၾကည့္စမ္းပါအုံး ဘယ္သူ႕သားေလးမို႔လို႔ဒီေလာက္ခ်စ္ဖို႔ေကာင္းေနရတာလည္း"
"ေမာင့္သားမို႔ေလ အသက္ရဲ႕"
Eအေျဖေၾကာင့္ေခ်ဘင္းညတန္ ရွဲကနဲ႕ျဖစ္သြားရသည္။ဒီေကာင္ေတြတကယ္ပါဘဲ၊နည္းနည္းပါးပါးဖေအအရင္းႀကီးကိုေရွ႕မွာထားၿပီးသူ႕သားကိုလုေနတာ ကသိကေအာက္မနိုင္ဘူးလား။
"ဘယ္ကသာ ငါ့သားေလးမို႔
ဟုတ္တယ္မလား ရစ္ရစ္"
"ရက္စ္ ရက္စ္"
သူတို႔ဟာနဲ႕သူတို႔ေတာ့အဆင္ကိုေျပေနတာဘဲ။အဲ့ကေလး ကပိုဆိုးသည္။႐ုပ္ေလးနဲ႕အက်င့္ေလးေတြေၾကာင့္သာကိုယ္သားမွန္းလူေတြသိတာ။မဟုတ္ရင္သူတို႔သားဘဲအမ်ားကျမင္ေနအုံးမွာ
"Daddyတို႔နဲ႕ဒီညအိပ္မွာမလား"
ေခါင္းတဆက္ဆက္ၿငိမ့္ျပတဲ့ကေလးဟာဒီလူေတြလုပ္ေပးတဲ့အက်င့္ေၾကာင့္အိပ္ရာကိုစြဲေနတဲ့ကေလးေတာ့မဟုတ္။ဒီလူေတြလုပ္ေပးထားတဲ့အေလ့အက်င့္ေၾကာင့္ဒီေနရာမွာေတာ့ဂ်ီက်ဖိဳ႕ေမ့ေနတတ္သည္။
"ငါတို႔သြားေတာ့မယ္ေနာ္"
ေခါင္းအသာၿငိမ့္ျပေတာ့သားကိုခ်ီကာျပန္သြားၾကသည္။သားကလည္းတာ့တာ့ေတာင္သူကိုလွမ္းျပသြားသည္။ဒီကေလး ဖေအကိုအသည္းယားေအာင္မ်ိဳးစုံလုပ္သြားတာဘဲ
ဒါနဲ႕ဦးခက္မုန္းရာတစ္ေယာက္ေရသြားခ်ိဳတာေရႏွစ္ေနၿပီးလားေတာင္မသိေပၚမလာေတာ့။အရင္ကဆိုတေအာင့္ဘဲၾကာတာပါဒီေန႕မွသာမန္ေန႕ေတြထက္ပိုၾကာေနရတာလည္း။သူနဲ႕မေနခ်င္လို႔မ်ားလား။သူနဲ႕စကားမေျပာခ်င္လို႔မ်ားလား။ဒါမွမဟုတ္သူနဲ႕မ်က္ႏွာခ်င္မဆိုင္ခ်င္လို႔မ်ားလား။
စိတ္ကုန္သြားတာမ်ားလား။ညေန႕ကေတာင္အေကာင္းႀကီးပါ။ခုနကလည္းသူ႕အမွားမလုပ္ထားပါဘူး။အေတြးေတြကနက္သထက္နက္လာတဲ့အခါ အဆုံးထိေတြးတဲ့လူမို႔ဦးခက္မုန္းရာထပ္မံစြန့္ပစ္သြားမွာေၾကာက္ရသည္။တကယ္ဆိုသူဦးခက္မုန္းရာ ပင္ပန္းေနတာကိုသိသိရဲ႕နဲ႕အခ်ိန္အၾကာႀကီးလ်စ္လ်ဴခဲ့တာမလား။ဒီအတိုင္းမသိခ်င္ေယာင္ေဆာင္ခဲ့တာမလား။
"ေမာင္ ထမင္းစားမယ္မလား"
"ဟမ္း!"
အေတြးယဥ္ထဲေမ်ာသြားတာမို႔ဦးခက္မုန္းရာတစ္ေယာက္ဘယ္လိုေရွ႕ေရာက္ေနလည္းမသိ။ၾကည့္မိေတာ့ကိုယ့္မ်က္စိကိုယ္ေတာင္မွားသြားသလိုခံစားလိုက္ရသည္။အၿမဲတေစ လန္တင္ထားတတ္တဲ့ဆံႏြယ္ေတြကႏွဖူးေပၚမွာခပ္အုပ္အုပ္က်ေနသည္။ေဆးကူစရာမလိုဘဲလြန္ခဲ့တဲ့ႏွစ္ေတြကလိုရဲေနတဲ့ပါးျပင္ႏုႏုကအသက္ႀကီးမွပိုလွလာသလိုခပ္ဥဥ
အရည္လဲ့ေနတဲ့မ်က္ဝန္းေတြကဘာကိုေျပာခ်င္ေနတာပါလိမ့္။အၿမဲတမ္းစီးကရက္ေတြထက္ပိုစြဲလန္းရတဲ့ႏႈတ္ခမ္းပါးကိုအၾကည့္ကေရာက္သြားေတာ့ဘယ္ေတာ့မွစိတ္မထိန္းနိုင္သလိုလက္ရွိမွာလည္းထိန္းခ်ဳပ္ရခက္ေနဆဲ။ေနပါအုံးဒီလူရွက္ေနတာလား။နား႐ြက္ဖ်ားေလးေတြကရဲတြတ္ေနသည္။
30ေက်ာ္ရင္လူေတြကပိုႏုတတ္ၾကတာလား။လည္တိုင္ေဖြးေဖြးကအၿမဲတေစျပစ္မွားခ်င္စရာေကာင္းလွေအာင္ေက်ာ့ေမာ့ေနတတ္သည္။ေပါင္ေလာက္ထိရွည္တဲ့အကၤ်ီအျဖဴကိုဝတ္ထားၿပီးၾကယ္သီးႏွစ္လုံးေလာက္ကျဖဳတ္ထားတာမို႔ျဖဴအုေနတဲ့ရင္ဘက္ကျပစ္မွားခ်င္စရာေကာင္းေလာက္ေအာင္အတိုင္းသာျမင္ေနရသည္။
ေအာက္ဘက္ကိုအၾကည့္ေရာက္မိေတာ့ကတုန္ကယင္ေတြပါျဖစ္သြားရသည္။underwearတစ္ထည္တည္းနဲ႕ဘာမွကိုမဝတ္ထားတဲ့ဦးခက္မုန္းရာ၊႐ူးေလာက္ေအာင္ေခါင္းတိုးဝင္ခ်င္စရာေကာင္းလွတဲ့ေပါင္တံသြယ္သြယ္ေတြ
ေနပါအုံး။ဒီလူအခုဘာလုပ္ေနတာလည္း၊မဟုတ္မွသူကိုျမဴစြယ္ေနတာလား။တစ္မိုးေအာက္ေခ်မိဳးလာတဲ့ဦးခက္မုန္းရာကေလ။ဒီအႀကံဘယ္သူေပးတာပါလိမ့္။ကိုႀကီးတို႔အုပ္စုေပးတာမ်ားလား။ဘာဆက္လုပ္မလည္းသိခ်င္တာမို႔ကိုယ့္အစီအစဥ္ကိုရပ္လိုက္ကာဦးခက္မုန္းရာကမယ့္ဇာတ္ကိုဘဲလိုက္ပါစီးေမ်ာဖို႔ဆုံးျဖတ္လိုက္သည္။
"ေမာင္..."
"အင္း"
"ငါ့ကိုယူပါ"
မ်က္လုံးစုံမွိတ္ကာေအာ္လာသူေၾကာင့္ဟက္ခ်ေအာင္ရယ္လိုက္မိသည္။ဒီလူဘာလုပ္ေနတာပါလိမ့္။သူ႕ရယ္သံေၾကာင့္ဦးခက္မုန္းရာမ်က္လုံးမ်ားဖြင့္လာသည္။
"ငါကိုမရယ္ပါနဲ႕ေမာင္
ငါအတည္ေျပာေနတာပါ။
ေမာင္လည္းေယာက်ာ္းသားဘဲမို႔အလိုဆႏၵေတြရွိမွာဘဲဆိုတာငါနားလည္ပါတယ္။"
".........."
ေခ်ဘင္းညတန္ ဦးခက္မုန္းရာအားဘာမွဆက္မေျပာဘဲဒီတိုင္းသာခပ္ေမွးေမွးၾကည့္ေနလိုက္သည္။အရင္ကထက္အမ်ားႀကီးေတြးေတာလာတတ္တာဘဲဦးခက္မုန္းရာက၊ၿပီးေတာ့ဦးခက္မုန္းရာမွာမာနေတြမရွိေတာ့ေပမယ့္တယူသန္အေတြးေတြကေတာ့ကိန္းေအာင္းေနဆဲ
"ငါ ငါကို႐ြံ႕တယ္ဆိုရင္တစ္ျခားလူ......"
"ဦးခက္မုန္းရာ!!!!
ခင္ဗ်ားက်ဳပ္ကိုတႏွာေကာင္လို႔ထင္ေနတာလား"
"ငါ ငါေျပာတာက.."
"တိတ္ေတာ့ ဦးခက္မုန္းရာ
ခင္ဗ်ားစကားေတြကသိပ္အစြန္းေရာက္ေနသလိုက်ဳပ္အခ်စ္ကိုလည္းတိုက္ရိုက္ေစာ္ကားလိုက္တာဘဲ"
"ငါ ေတာင္ ေတာင္းပန္ပါတယ္ေမာင္"
"ခုခ်ိန္မွာ ခင္ဗ်ားဆီကေတာင္းပန္စကားကိုၾကားခ်င္တာလို႔ထင္ေနတာလား။ဘယ္ခ်ိန္ေရာက္မွခင္ဗ်ားပါးစပ္ကခ်စ္ေၾကာင္းေျပာမွာလည္း။က်ဳပ္အိပ္ခ်င္ေယာင္ေဆာင္တဲ့အခ်ိန္မဟုတ္ဘဲ ဘယ္ခ်ိန္မွေျပာမွာလည္းလို႔!!"
ကိုယ္ေသးေသးေလးအားဆြဲေဆာင့္ကာေမးမိသည္။စိတ္ကိုလည္းလြတ္ထြက္သြားမွာစိုးတာေၾကာင့္ထိန္းကာေမးေသာ္လည္းေဒါသကေတာ့အနည္းငယ္ပါတာေၾကာင့္ေနာက္ဆုံးနားမွာေအာ္မိသြားသည္။
"အားနာလို႔ ေမာင့္အေပၚလူယုတ္မာတစ္ေယာက္လိုလုပ္ၿပီးထပ္ၿပီးေတာ့ထပ္ၿပီးေတာ့အနားမွာမရရတဲ့နည္းနဲ႕ေခၚထားမိလို႔။အဲ့ဒါကိုငါထပ္ၿပီးေလာဘတက္ရင္ေမာင္ပိုၿပီးစိတ္ပ်က္သြားမွာေၾကာက္လို႔။ငါ့လုပ္ရက္ေၾကာင့္ခ်ည္ႏွောင္ထားတဲ့ႀကိဳးေလးပါပ်က္သြားမွာစိုးရိမ္လို႔။နဂိုထဲကစိုးရိမ္မႈလြန္ကဲတတ္သူမို႔။ဟင့္!ငါက လူေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ဘယ္ေတာ့မဆိုမစဥ္းစားမဆင္ျခင္ဘဲလုပ္ခ်င္ရာေတြဘဲဇြတ္လုပ္ေနတာ။ငါလုပ္ရက္ေၾကာင့္ ဟင့္!ငါလုပ္ရက္ေတြနဲ႕တင္ေမာင္ပင္ပန္းေနၿပီးမို႔ထပ္ၿပီးမပင္ပန္းေစခ်င္ေတာ့ဘူး"
"က်ဳပ္တို႔အစကျပန္စရေအာင္ဦးခက္မုန္းရာ"
"ဟင္"
"က်ဳပ္တို႔ျပန္စရေအာင္ ေမတၱာငတ္ေနတဲ့က်ဳပ္ကိုခင္ဗ်ားကအျပည့္အဝခ်စ္ေပးပါ။က်ဳပ္ကခင္ဗ်ားထားရာေန၊ခင္ဗ်ားေစခိုင္းတဲ့အတိုင္း၊ခင္ဗ်ားရဲ႕အ႐ုပ္ေလးတစ္႐ုပ္လိုအခ်စ္ခံပါ့မယ္။"
"တကယ္ တကယ္ေျပာတာလားေမာင္"
"ေတာင္းပန္စကားေတြအစား ခ်စ္ေၾကာင္းဘဲမ်ားမ်ားေျပာေပးပါဦးခက္မုန္းရာ။သားကိုလည္းက်ဳပ္တို႔ရဲ႕အခ်စ္ေတြနဲ႕ပ်ိဳးေထာင္ၾကမယ္။"
ဦးခက္မုန္းရာအားရင္ခြင္ထဲဆြဲသြင္းကာဆိုမိသည္။ေသခ်ာတာေပါ့ႏွစ္ေယာက္လုံးရဲ႕မ်က္ႏွာမွာသက္ေသအျဖစ္မ်က္ရည္ေတြကသက္ေသထူေပးသည္။မ်က္ရည္ေတြေအာက္မွာေတာ့အလွပဆုံးၿပဳံးေနတဲ့လူႏွစ္ေယာက္ရွိပါတယ္။
"ခ်စ္တယ္ Baby"
အံ့ၾသသြားသလိုေမာ့ၾကည့္တဲ့Babyႏႈတ္ခမ္းေတြကိုနမ္းရွိုက္လိုက္သည္။ၿပီးေနာက္Babyကလည္းအလွပဆုံးအနမ္းေတြကိုအၿပဳံးနဲ႕တုံ႕ျပန္သည္။