အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

104K 9.2K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၁) သစ္စာဖောက်

1.7K 115 1
By ChihiroLily7

ဖယ်ဒရယ်ထိပ်တန်းလျှို့ဝှက်အဆောက်အအုံ၏ ခေါင်းမိုးထပ်၌ လင်ယွဲ့သည် လက်ထဲတွင် လျှို့ဝှက်နံပါတ်သေတ္တာငယ်တစ်လုံးကို ပွေ့ထားရင်း ခေါင်မိုးအစွန်းအထိ ပြန်ဆုတ်လာခဲ့သည်။

သူမ၏ရှေ့တွင် လေဆာသေနတ်အခု သုံးဆယ်သည် သူမကို ချိန်ရွယ်ထားသည်။ ကျည်တစ်ခုဖြင့် ပစ်ခံလိုက်ရသည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ရှူးသည် အချိန်မရွေး အရည်ပျော်သွားပြီး နေရာတွင်ပင် သေသွားပေလိမ့်မည်။

ကမ္ဘာပေါ်တွင် နံပါတ်တစ်လုပ်ကြံသူတစ်ယောက် အနေဖြင့် လင်ယွဲ့သည် ဤသို့သော သေရေး ရှင်ရေးအခြေအနေကို ရင်ဆိုင်ရသည်မှာ နေသားကျနေပြီးဖြစ်လေသည်။ လင်ယွဲ့သည် လုံးဝ ပျာယာခတ်မနေချေ။ သူမ၏မျက်လုံးများသည် နက်ရှိုင်းသည့် ရေကန်တစ်ခုနှယ်။ သူမသည် လက်မြောက်ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။

" ကျွန်မ အရှုံးပေးတယ်"

သူမ၏ရှေ့က ခေါင်းဆောင်ကို သတ်နိုင်သ၍ အဖွဲ့အစည်းက သူမကို လာခေါ်ပေးရန် လေယာဥ်တစ်စင်း လွှတ်ပေးပေလိမ့်မည်။ သူမသည် အောင်အောင်မြင်မြင် လွှတ်မြောက်နိုင်မှာဖြစ်ပြီး တာဝန်သည် အောင်မြင်ပေလိမ့်မည်။

" မင်းလက်ထဲက ထိပ်တန်းအချက်အလက်ကို ချက်ချင်းလွဲပေးလိုက်၊ ဒါဆိုရင်..."

မျှော်လင့်ထားသည့်အတိုင်းပင် လင်ယွဲ့၏အရှုံးပေးလိုက်သည့် ဟန်ဆောင်မှုသည် အလုပ်ဖြစ်သွား၏။ ခေါင်းဆောင်ထွက်လာ၏။ လင်ယွဲ့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး သူမ၏လက်ဖဝါးထဲက နာနိုမီတာကျည်တစ်တောင့်ကို ပစ်လိုက်ကာ သူ့အသက်ကို ချက်ချင်း နှုတ်ယူလိုက်လေသည်။

ဝတ်စုံပြည့်နှင့်ပုံရိပ်တစ်ခု ဖြည်းညင်းစွာလဲကျသွားသည်ကို ကြည့်ရင်း လင်ယွဲ့၏နှုတ်ခမ်းများသည် မသိမသာကွေးတက်သွား၏။ အစီအစဥအရ သူမသည် အဖွဲ့အစည်းက ပြင်ဆင်ပေးထားတဲ့ လာကြိုမည့် ယာဥ်ပေါ်သို့ တက်သွားကာ မြန်မြန် ရှောင်တိမ်းနိုင်ပေသည်။ အဖွဲ့အစည်းအတွက် ဆယ်စုနှစ်အကြာ လုပ်ပေးခဲ့သည့် အလုပ်သည် ပြီးပြည့်စုံစွာ အဆုံးသတ်သွားပေလိမ့်မည်။

စက္ကန့် ၃၀ ကျော်သွားပြီ။ အဖွဲ့အစည်းရဲ့ ကြိုပေးမယ့်ယာဥ်က ဘာလို့ အခုပေါ်မလာသေးတာလဲ။

လင်ယွဲ့သည် လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများသည် ချက်ချင်း မဲမှောင်သွားတော့သည်။ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး လက်ထဲတွင် ဝှက်ထားသည့် လျှို့ဝှက်နံပါတ်သေတ္တာကို ရုတ်တရက်ထုတ်လိုက်ကာ တွေဝေခြင်းမရှိဘဲ ဖွင့်လိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင် အဖွဲ့အစည်းက ပြောခဲ့သည့် ဇီဝဓာတုဓာတ်ပစ္စည်းမဟုတ်ဘဲ အချိန်မှတ်နေသည့် အသေးစားဗုံးတစ်လုံး ဖြစ်နေသည်။

သူမ မြင်လိုက်သည့်အချိန်တွင် အချိန်မှတ်စက်ပေါ်တွင် ဆယ်စက္ကန့်သာကျန်တော့သည်ကို တွေ့လိုက်ရပြီး လင်ယွဲ့၏မျက်ဆံများသည် ကျုံ့သွားတော့သည်။ တစ်ချိန်ထဲတွင် လူအုပ်၏နောက်မှ အင်မတန် ဘဝင်ခိုက်နေသည့် ရယ်သံတစ်ခု ရုတ်တရက်ထွက်လာ၏။

" လင်ယွဲ့ အဖွဲ့အစည်းက ပိုကောင်းတဲ့အစားထိုးတစ်ယောက်ကို ရှာတွေ့ပြီးသွားပီ၊ မင်းအတွက် အသေးစိတ်ပြင်ဆင်ပေးထားတဲ့ ဇာတ်သိမ်းကို ကြိုဆိုလိုက်တော့"

ချက်ချင်းဆိုသလို လင်ယွဲ့သည် အလွန်မှရင်းနှီးပြီးသား မျက်နှာများကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် သူမ တစ်ချိန်က မိသားစုလိုဆက်ဆံခဲ့သည့် သူမ၏လက်တွဲဖော်များပင်....

သူမ၏ပတ်ဝန်းကျင်တွင် မျက်စိကျိန်းလောက်သည့် အပြာရောင်အလင်းများကို ကြည့်လိုက်ရင်း သူမ ဗုံးကို ချက်ချင်းပစ်ထုတ်လိုက်လျှင်တောင် သည်လေဆာများကြောင့် ဖုန်မှုန့်အဖြစ်ပြောင်းသွားလိမ့်မည်ကို လင်ယွဲ့ သိလိုက်တော့သည်။

" ဟားဟား ဟား ဟား ရီစရာကောင်းလိုက်တာ"

လင်ယွဲ့သည် ဒေါသထွက်မည့်အစား အော်ရယ်လိုက်၏။ သူမသည် အူနှိပ်ကာရယ်လိုက်သည်ဖြစ်ရာ မျက်ရည်များပင် စီးကျတော့မတတ်ပင်။

သူမကို လုပ်ကြံရေးအဖွဲ့အစည်းတစ်ခုက ခေါ်ယူပြီး ဆယ့်သုံးနှစ်လုံးလုံး လေ့ကျင့်ပေးခဲ့တာလေ။ အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ တာဝန်တွေကို မရေမတွက်နိုင်အောင် အောင်မြင်ခဲ့တယ်။ အသက် ၁၇နှစ်မှာ သူမဟာ ကမ္ဘာ့နံပါတ်တစ် လုပ်ကြံရေးသမားဖြစ်လာပြီး အဖွဲ့အစည်းရဲ့ အထက်မြက်ဆုံး စွမ်းအားအကြီးဆုံး ဓားတစ်လက်ဖြစ်ခဲ့တယ်လေ။

သွေးထွက်သံယိုနေ့တွေချည်းပဲ။ သူမက အဖွဲ့အစည်းကို သူမရဲ့အိမ်ကို သတ်မှတ်ထားပြီး အဖွဲ့အတွက်ဆိုရင် သူမရဲ့အသက်ကို ချပေးဖို့ အမြဲတမ်း အသင့်ဖြစ်နေခဲ့တာ။ ဖယ်ဒရယ်ရဲ့လျှို့ဝှက်ချက်တွေကို သိမ်းယူဖို့ သူမရဲ့တာဝန်က ဟန်ပြတစ်ခုဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ သူမ အရမ်းယုံခဲ့ရတဲ့အဖွဲ့အစည်းက သူမကို အမြဲတမ်း အသုံးချခဲ့တာပါ။ သူမကို ထိန်းချုပ်ဖို့ မလွယ်တော့တာ သိသွားတော့ သူတို့တွေ သူမကို သစ္စာဖော်ပြီး သူမရဲ့အသက်ကို ယူခဲ့ကြတာပဲ။

မရေတွက်နိုင်အောင်များပြားသည့်လေဆာများသည် သူမ၏ခန္ဓာကိုယ်ကို ချိန်ရွယ်ထားသည်နှင့် လင်ယွဲ့သည် မုန်းတီးသည့်အပြုံးတစ်ခုကို လှစ်ပြလိုက်ပြီး သူမ၏လက်ဖဝါးထဲက လျှို့ဝှက်ခလုပ်ကို အကြင်နာမဲ့ကာ ဖိချလိုက်တော့သည်။

သူမသည် သည်အဆောက်အအုံအတွင်းသို့ ဝင်လာသည့်အချိန်က အဆောက်အအုံး၏ ထောင့်တိုင်း၌ ဖောက်ခွဲရေးစက်များကို တပ်ဆင်ထားခဲ့၏။ သူမနှင့်အတူ အားပြင်းသည့်ဖောက်ခွဲရေးဓာတ်ငွေ့ကျည်တစ်ခုကိုပင် ယူလာခဲ့၏။ လိုရမယ်ရ သူမနှင့်အတူ ရန်သူကို ဖယ်ရှားရန် သုံးဖို့ မူလကရည်ရွယ်ထားခြင်းဖြစ်လေသည်။ အဖွဲ့အစည်းက လူအားလုံးသည် သူမကို ဟားတိုက်နေကြသည်ဖြစ်ရာ သူမသည် သူတို့ သူမနှင့်အတူ ဆွဲခေါ်သွားရပေတော့မည်။

"ဝုန်း-"

ဆက်တိုက်ပေါက်ကွဲမှုတစ်ခုဖြစ်သွားတော့သည်။ နေရာတိုင်းသို့ သွေးနှင့်အသားစများ ပျံဝဲသွား၏။ ဖယ်ဒရယ်အဆောက်အအုံ၏တဝက်သည် ပြိုကျသွားတော့သည်။ လေဆာကြောင့် လောင်ကျွမ်းသွားသည့် လင်ယွဲ့မထင်မရှားခန္ဓာကိုယ်၏ ပြာများသည် အပူလှိုင်းကြောင့် ကောင်းကင်ထက်သို့ လွှင့်တက်သွားလေသည်။

...........

" ၈၀,၀၀၀ ဟုတ်လား၊ ရှင်က သူတောင်းစားတစ်ယောက်ကို မောင်းထုတ်ဖို့ကြိုးစားနေတာလား၊ ကျွန်မသမီးကို ကြည့်လိုက်အုံး၊ သူ့မှာ လုံးဝမလှုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပြီ၊ သူ့ရဲ့ကျန်တဲ့ဘဝအတွက် သူ့ကိုအနားမှာ ပြုစုပေးဖို့ တစ်ယောက်ယောက်လို နေတော့မှာ၊ ၈၀,၀၀၀ ကိုဘယ်လို လောက်မှာလဲရှင့်၊ အနည်းဆုံးတော့ ၃၀၀,၀၀၀ ပေးရမယ်၊ မဟုတ်ရင် ကျွန်မ နေ့တိုင်း ကျောင်းဝင်ပေါက်ကိုသွားပြီး ရှင်တို့တွေ ကျောင်းသူတစ်ယောက်ကို မလှုပ်ရှားနိုင်တော့အခြေအနေအထိ လုပ်ထားတာကို တလောကလုံးသိအောင် လုပ်ပစ်မယ်"

"ရှန်ယွဲ့အမေ လက်တွေ့ကျကျစဥ်းစားပါဗျာ ၊ သူရေထဲမကျခင်တုန်းက ကိုယ်ပိုင်စာကြည့်ချိန်အတွင်းမှာ ကျောင်းရဲ့ ရေကန်ဆီ ပြေးသွားတာ ခင်များရဲ့သမီးဆိုတာ ရှင်းနေတာကို၊ ဒါက ကျောင်းနဲ့ ဘာမှကိုမဆိုင်တာ၊ ကျောင်းစည်းကမ်းကို မလိုက်နာတာ ရှန်ယွဲ့ပါ၊ ကျွန်တော်တို့တွေ ခင်များတို့မိသားစုနစ်နာကြေးအတွက် အကောင်းဆုံးဖြစ်အောင် ယွမ် ၈၀,၀၀၀ ပေးပြီးပါပြီ"

" ကျောင်းမှာ ကျွန်မသမီး တစ်ခုခုဖြစ်သွားတာမလို့ ဒါ ကျောင်းရဲ့တာဝန်ပဲလေ၊ ရှင်တို့တွေ ရေကန်တစ်ခု မလုပ်ခဲ့ရင် ကျွန်မသမီးလည်း ရေထဲမှာ မလှုပ်နိုင်တဲ့အခြေအနေဖြစ်လာပါ့မလား၊ အခု ကျွန်မသမီး နိုးမလာနိုင်တော့ဘူး၊ အခုကစပြီး သူ့ကို ပြုစုရတော့မယ်ရှင့်"

ပြီးခဲ့သည့်တစက္ကန့်က နားကွဲမတတ်ပေါက်ကွဲမှုသည် သူမ၏နားထဲတွင် မြည်နေဆဲ။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ ငြင်းခုန်သံများ၊ တီဗီသံ နှင့် အော်ဟစ်သံများသည် သူမ၏နားထဲသို့ ဝင်လာပြီး လင်ယွဲ့၏ခေါင်းကို ပိုနာကျင်အောင် လုပ်နေတော့သည်။

"တိတ်ကြစမ်း"

လင်ယွဲ့ ရုတ်ခနဲ ထထိုင်လိုက်သည်။

လင်ယွဲ့ အော်လိုက်ပြီးသည်နှင့်တပြိုင်နက် လူနာဆောင်သည် ချက်ချင်းပင် ထူးဆန်းသည့်ငြိမ်သက်မှုတစ်ခုအတွင်း ကျရောက်သွားတော့သည်။

" ဘယ်သူလဲ"

လင်ယွဲ့သည် မျက်မှောင်ကျုံ့လိုက်ပြီး သူမ၏ဒေါသမှာ ပေါ်လွင်နေ၏။ သို့ရာတွင် သူမစကားပြောလိုက်သည်နှင့်တပြိုင်နက် သူမ၏ ကြမ်းတမ်းရှတသည့်အသံကြောင့် လန့်ဖျတ်သွားတော့သည်။

သူမ၏ခန္ဓာကိုယ်ကို တစ်ဖန် ငုံ့ကြည့်လိုက်၏။ ဆေးရုံဝတ်စုံဖြင့်ပင် ဖုံးကွယ်လို့မရနိုင်သည့် အဆီအလွှာများရှိနေသည်။ သူမ၏ဝမ်းဗိုက်သည် နေရောင်ကြောင့် နီနေပြီး သူမ၏လက်မောင်းတွင်းလည်း အမွှေးအမှင်များနှင့် သူမ၏ ပေါင်နှင့်ခြေသလုံးများသည်လည်း မုန်လာဥပမာ ယောင်ကိုင်းနေလေသည်။

လင်ယွဲ့သည် ကြက်သေသေသွားတော့သည်။

ဒါ ငါ့ခန္ဓာကိုယ်လုံးဝမဟုတ်ဘူးပဲ။ ဘာဖြစ်သွားတာလဲ။

ရှန်ယွဲ့ စကားပြောလိုက်သည်ကို ကြားလိုက်သည်တွင် အားလုံးသည် လှည့်ကြည့်လိုက်ကြပြီး ခုတင်နား ကပ်လာကြ၏။

"သမီး နောက်ဆုံးတော့ သတိရလာပြီနော်၊ နေမကောင်းသလိုခံစားရနေရသေးလား"

ရှန်ယွဲ့အဖေ ရှန်အန်းသည် စိတ်ပူနေသည့်မျက်နှာထားဖြင့် ပြောလာ၏။

" ရှန်ယွဲ့အမေ အခု ခင်များရဲ့ သမီးက အသီးအရွက်လို ရှုံ့တွနေတဲ့ အခြေအနေမဟုတ်တော့ဘူးဆိုတော့ ခင်များတို့ စိတ်အေးလို့ရပါပြီ၊ ခင်များခုနက ပြောခဲ့တဲ့ ယွမ် ၃၀၀,၀၀၀ ကတော့ ဒီအတိုင်း ငွေညစ်တာပဲဗျ၊ ကျောင်းကနေပြီး ဒီလိုယုတ္တိမရှိတဲ့ တောင်းဆိုမှုကို ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး"

ရှန်ယွဲ့အမေနှင့် အချိန်အတော်ကြာသည်အထိ အငြင်းပွားနေသည့် ကျောင်းသားရေးရာဌာနမှူးသည် ပြုံးလိုက်၏။

" ဘာအဓိပ္ပါယ်လဲရှင့်၊ ကျွန်မသမီးက ကျွန်မတို့ကို ဘယ်သူလဲလို့အခုလေးတင်မေးလိုက်တယ်လေ၊ သူ့ဦးနှောက်မှာ ထိခိုက်သွားတာဖြစ်ရမယ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ဒါဆို ကျွန်မတို့မိသားစုက သူ့အတွက် နှစ်တွေအများကြီးသုံးလာခဲ့တဲ့ ကျောင်းလခတွေ အလကားဖြစ်ခံရမှာလာဂ၊ ရှင် ကျွန်မတို့ ဆုံးရှူးမှုအတွက် အလျော်ပေးရမယ်၊ ကျွန်မ ယွမ် ၈၀,၀၀၀ နဲ့လုံးဝ လက်မခံနိုင်ဘူး"

ရှန်ယွဲ့အမေ ဆွန်းလင်သည် စိုးရိမ်တကြီးဖြစ်နေ၏။ သူမသည် ဆေးရုံခုတင်ပေါ်က ဝဖိုင့်ဖိုင့်ရှန်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ခါးထောက်က ဆက်အော်ဟစ်နေလေသည်။

" ဟုတ်ပါပြီ၊ အပြင်ထွက်ပြီးမှ ပြောကြမယ်၊ ယွဲ့ယွဲ့က အခုမှ သတိရလာတာ၊ မင်းတို့တွေ ဒီလိုနှောင့်ယှက်နေရင် သူဘယ်လိုအနားယူမှာလဲ"

ရှန်အန်းသည် မနေနိုင်တော့ဘဲ ပြောရတော့သည်။

ဆူညံနေသည့်လူများ ထွက်သွားချိန်မှ လင်ယွဲ့သည် နံရံပေါ်က တီဗီကို နောက်ဆုံးတွင် သတိပြုမိသွားသည်။ သတင်းတစ်ပိုင်းကို ကြေညာနေသည်။

" မနေ့က ဖယ်ဒရယ်ထိပ်တန်းလျှို့ဝှက်အဆောက်အအုံ ခေါင်မိုးထပ်မှာ ပဟေဠိဆန်ဆန်ပေါက်ကွဲမှုကြီးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်...."

ငါက ဖောက်ခွဲရေးကို လုပ်ခဲ့ပြီး အဖွဲ့အစည်းကလူအမျာကြီးးကို သတ်ခဲ့တာလေ။ ဒါပေမယ့် ဘာလို့ အသက်ရှင်နေသေးတာတဲ့လဲ။

.......

Zawgyi

ဖယ္ဒရယ္ထိပ္တန္းလွ်ိဳ႕ဝွက္အေဆာက္အအုံ၏ ေခါင္းမိုးထပ္၌ လင္ယြဲ႕သည္ လက္ထဲတြင္ လွ်ိဳ႕ဝွက္နံပါတ္ေသတၱာငယ္တစ္လုံးကို ေပြ႕ထားရင္း ေခါင္မိုးအစြန္းအထိ ျပန္ဆုတ္လာခဲ့သည္။သူမ၏ေရွ႕တြင္ ေလဆာေသနတ္အခု သုံးဆယ္သည္ သူမကို ခ်ိန္႐ြယ္ထားသည္။ က်ည္တစ္ခုျဖင့္ ပစ္ခံလိုက္ရသည္ႏွင့္ သူမ၏ခႏၶာကိုယ္တစ္ရႉးသည္ အခ်ိန္မေ႐ြး အရည္ေပ်ာ္သြားၿပီး ေနရာတြင္ပင္ ေသသြားေပလိမ့္မည္။ကမာၻေပၚတြင္ နံပါတ္တစ္လုပ္ႀကံသူတစ္ေယာက္ အေနျဖင့္ လင္ယြဲ႕သည္ ဤသို႔ေသာ ေသေရး ရွင္ေရးအေျခအေနကို ရင္ဆိုင္ရသည္မွာ ေနသားက်ေနၿပီးျဖစ္ေလသည္။ လင္ယြဲ႕သည္ လုံးဝ ပ်ာယာခတ္မေနေခ်။ သူမ၏မ်က္လုံးမ်ားသည္ နက္ရႈိင္းသည့္ ေရကန္တစ္ခုႏွယ္။ သူမသည္ လက္ေျမာက္ဟန္ေဆာင္လိုက္ကာ ေျပာလိုက္သည္။" ကြၽန္မ အရႈံးေပးတယ္"သူမ၏ေရွ႕က ေခါင္းေဆာင္ကို သတ္ႏိုင္သ၍ အဖြဲ႕အစည္းက သူမကို လာေခၚေပးရန္ ေလယာဥ္တစ္စင္း လႊတ္ေပးေပလိမ့္မည္။ သူမသည္ ေအာင္ေအာင္ျမင္ျမင္ လႊတ္ေျမာက္ႏိုင္မွာျဖစ္ၿပီး တာဝန္သည္ ေအာင္ျမင္ေပလိမ့္မည္။" မင္းလက္ထဲက ထိပ္တန္းအခ်က္အလက္ကို ခ်က္ခ်င္းလြဲေပးလိုက္၊ ဒါဆိုရင္..."ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ လင္ယြဲ႕၏အရႈံးေပးလိုက္သည့္ ဟန္ေဆာင္မႈသည္ အလုပ္ျဖစ္သြား၏။ ေခါင္းေဆာင္ထြက္လာ၏။ လင္ယြဲ႕သည္ ျမန္ျမန္ဆန္ဆန္ လႈပ္ရွားလိုက္ၿပီး သူမ၏လက္ဖဝါးထဲက နာႏိုမီတာက်ည္တစ္ေတာင့္ကို ပစ္လိုက္ကာ သူ႔အသက္ကို ခ်က္ခ်င္း ႏႈတ္ယူလိုက္ေလသည္။ဝတ္စုံျပည့္ႏွင့္ပုံရိပ္တစ္ခု ျဖည္းညင္းစြာလဲက်သြားသည္ကို ၾကည့္ရင္း လင္ယြဲ႕၏ႏႈတ္ခမ္းမ်ားသည္ မသိမသာေကြးတက္သြား၏။ အစီအစဥအရ သူမသည္ အဖြဲ႕အစည္းက ျပင္ဆင္ေပးထားတဲ့ လာႀကိဳမည့္ ယာဥ္ေပၚသို႔ တက္သြားကာ ျမန္ျမန္ ေရွာင္တိမ္းႏိုင္ေပသည္။ အဖြဲ႕အစည္းအတြက္ ဆယ္စုႏွစ္အၾကာ လုပ္ေပးခဲ့သည့္ အလုပ္သည္ ၿပီးျပည့္စုံစြာ အဆုံးသတ္သြားေပလိမ့္မည္။စကၠန္႔ ၃၀ ေက်ာ္သြားၿပီ။ အဖြဲ႕အစည္းရဲ႕ ႀကိဳေပးမယ့္ယာဥ္က ဘာလို႔ အခုေပၚမလာေသးတာလဲ။လင္ယြဲ႕သည္ လက္မွနာရီကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမ၏မ်က္လုံးမ်ားသည္ ခ်က္ခ်င္း မဲေမွာင္သြားေတာ့သည္။ ႐ုတ္တရက္ တစ္ခုခုကို သေဘာေပါက္သြားၿပီး လက္ထဲတြင္ ဝွက္ထားသည့္ လွ်ိဳ႕ဝွက္နံပါတ္ေသတၱာကို ႐ုတ္တရက္ထုတ္လိုက္ကာ ေတြေဝျခင္းမရွိဘဲ ဖြင့္လိုက္ေတာ့သည္။ထင္ထားသည့္အတိုင္းပင္ အဖြဲ႕အစည္းက ေျပာခဲ့သည့္ ဇီဝဓာတုဓာတ္ပစၥည္းမဟုတ္ဘဲ အခ်ိန္မွတ္ေနသည့္ အေသးစားဗုံးတစ္လုံး ျဖစ္ေနသည္။သူမ ျမင္လိုက္သည့္အခ်ိန္တြင္ အခ်ိန္မွတ္စက္ေပၚတြင္ ဆယ္စကၠန္႔သာက်န္ေတာ့သည္ကို ေတြ႕လိုက္ရၿပီး လင္ယြဲ႕၏မ်က္ဆံမ်ားသည္ က်ဳံ႕သြားေတာ့သည္။ တစ္ခ်ိန္ထဲတြင္ လူအုပ္၏ေနာက္မွ အင္မတန္ ဘဝင္ခိုက္ေနသည့္ ရယ္သံတစ္ခု ႐ုတ္တရက္ထြက္လာ၏။" လင္ယြဲ႕ အဖြဲ႕အစည္းက ပိုေကာင္းတဲ့အစားထိုးတစ္ေယာက္ကို ရွာေတြ႕ၿပီးသြားပီ၊ မင္းအတြက္ အေသးစိတ္ျပင္ဆင္ေပးထားတဲ့ ဇာတ္သိမ္းကို ႀကိဳဆိုလိုက္ေတာ့"ခ်က္ခ်င္းဆိုသလို လင္ယြဲ႕သည္ အလြန္မွရင္းႏွီးၿပီးသား မ်က္ႏွာမ်ားကို ေတြ႕လိုက္ရေလသည္။ သူတို႔အားလုံးသည္ သူမ တစ္ခ်ိန္က မိသားစုလိုဆက္ဆံခဲ့သည့္ သူမ၏လက္တြဲေဖာ္မ်ားပင္....သူမ၏ပတ္ဝန္းက်င္တြင္ မ်က္စိက်ိန္းေလာက္သည့္ အျပာေရာင္အလင္းမ်ားကို ၾကည့္လိုက္ရင္း သူမ ဗုံးကို ခ်က္ခ်င္းပစ္ထုတ္လိုက္လွ်င္ေတာင္ သည္ေလဆာမ်ားေၾကာင့္ ဖုန္မႈန္႔အျဖစ္ေျပာင္းသြားလိမ့္မည္ကို လင္ယြဲ႕ သိလိုက္ေတာ့သည္။" ဟားဟား ဟား ဟား ရီစရာေကာင္းလိုက္တာ"လင္ယြဲ႕သည္ ေဒါသထြက္မည့္အစား ေအာ္ရယ္လိုက္၏။ သူမသည္ အူႏွိပ္ကာရယ္လိုက္သည္ျဖစ္ရာ မ်က္ရည္မ်ားပင္ စီးက်ေတာ့မတတ္ပင္။သူမကို လုပ္ႀကံေရးအဖြဲ႕အစည္းတစ္ခုက ေခၚယူၿပီး ဆယ့္သုံးႏွစ္လုံးလုံး ေလ့က်င့္ေပးခဲ့တာေလ။ အဖြဲ႕အစည္းအတြက္ အေရးႀကီးတဲ့ တာဝန္ေတြကို မေရမတြက္ႏိုင္ေအာင္ ေအာင္ျမင္ခဲ့တယ္။ အသက္ ၁၇ႏွစ္မွာ သူမဟာ ကမာၻ႔နံပါတ္တစ္ လုပ္ႀကံေရးသမားျဖစ္လာၿပီး အဖြဲ႕အစည္းရဲ႕ အထက္ျမက္ဆုံး စြမ္းအားအႀကီးဆုံး ဓားတစ္လက္ျဖစ္ခဲ့တယ္ေလ။ေသြးထြက္သံယိုေန႔ေတြခ်ည္းပဲ။ သူမက အဖြဲ႕အစည္းကို သူမရဲ႕အိမ္ကို သတ္မွတ္ထားၿပီး အဖြဲ႕အတြက္ဆိုရင္ သူမရဲ႕အသက္ကို ခ်ေပးဖို႔ အၿမဲတမ္း အသင့္ျဖစ္ေနခဲ့တာ။ ဖယ္ဒရယ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို သိမ္းယူဖို႔ သူမရဲ႕တာဝန္က ဟန္ျပတစ္ခုျဖစ္ေနမယ္လို႔ ထင္မထားခဲ့ဘူး။ သူမ အရမ္းယုံခဲ့ရတဲ့အဖြဲ႕အစည္းက သူမကို အၿမဲတမ္း အသုံးခ်ခဲ့တာပါ။ သူမကို ထိန္းခ်ဳပ္ဖို႔ မလြယ္ေတာ့တာ သိသြားေတာ့ သူတို႔ေတြ သူမကို သစၥာေဖာ္ၿပီး သူမရဲ႕အသက္ကို ယူခဲ့ၾကတာပဲ။မေရတြက္ႏိုင္ေအာင္မ်ားျပားသည့္ေလဆာမ်ားသည္ သူမ၏ခႏၶာကိုယ္ကို ခ်ိန္႐ြယ္ထားသည္ႏွင့္ လင္ယြဲ႕သည္ မုန္းတီးသည့္အၿပဳံးတစ္ခုကို လွစ္ျပလိုက္ၿပီး သူမ၏လက္ဖဝါးထဲက လွ်ိဳ႕ဝွက္ခလုပ္ကို အၾကင္နာမဲ့ကာ ဖိခ်လိုက္ေတာ့သည္။သူမသည္ သည္အေဆာက္အအုံအတြင္းသို႔ ဝင္လာသည့္အခ်ိန္က အေဆာက္အအုံး၏ ေထာင့္တိုင္း၌ ေဖာက္ခြဲေရးစက္မ်ားကို တပ္ဆင္ထားခဲ့၏။ သူမႏွင့္အတူ အားျပင္းသည့္ေဖာက္ခြဲေရးဓာတ္ေငြ႕က်ည္တစ္ခုကိုပင္ ယူလာခဲ့၏။ လိုရမယ္ရ သူမႏွင့္အတူ ရန္သူကို ဖယ္ရွားရန္ သုံးဖို႔ မူလကရည္႐ြယ္ထားျခင္းျဖစ္ေလသည္။ အဖြဲ႕အစည္းက လူအားလုံးသည္ သူမကို ဟားတိုက္ေနၾကသည္ျဖစ္ရာ သူမသည္ သူတို႔ သူမႏွင့္အတူ ဆြဲေခၚသြားရေပေတာ့မည္။"ဝုန္း-"ဆက္တိုက္ေပါက္ကြဲမႈတစ္ခုျဖစ္သြားေတာ့သည္။ ေနရာတိုင္းသို႔ ေသြးႏွင့္အသားစမ်ား ပ်ံဝဲသြား၏။ ဖယ္ဒရယ္အေဆာက္အအုံ၏တဝက္သည္ ၿပိဳက်သြားေတာ့သည္။ ေလဆာေၾကာင့္ ေလာင္ကြၽမ္းသြားသည့္ လင္ယြဲ႕မထင္မရွားခႏၶာကိုယ္၏ ျပာမ်ားသည္ အပူလႈိင္းေၾကာင့္ ေကာင္းကင္ထက္သို႔ လႊင့္တက္သြားေလသည္။..........." ၈၀,၀၀၀ ဟုတ္လား၊ ရွင္က သူေတာင္းစားတစ္ေယာက္ကို ေမာင္းထုတ္ဖို႔ႀကိဳးစားေနတာလား၊ ကြၽန္မသမီးကို ၾကည့္လိုက္အုံး၊ သူ႔မွာ လုံးဝမလႈပ္ႏိုင္ေတာ့တဲ့ အေျခအေနျဖစ္ေနၿပီ၊ သူ႔ရဲ႕က်န္တဲ့ဘဝအတြက္ သူ႔ကိုအနားမွာ ျပဳစုေပးဖို႔ တစ္ေယာက္ေယာက္လို ေနေတာ့မွာ၊ ၈၀,၀၀၀ ကိုဘယ္လို ေလာက္မွာလဲရွင့္၊ အနည္းဆုံးေတာ့ ၃၀၀,၀၀၀ ေပးရမယ္၊ မဟုတ္ရင္ ကြၽန္မ ေန႔တိုင္း ေက်ာင္းဝင္ေပါက္ကိုသြားၿပီး ရွင္တို႔ေတြ ေက်ာင္းသူတစ္ေယာက္ကို မလႈပ္ရွားႏိုင္ေတာ့အေျခအေနအထိ လုပ္ထားတာကို တေလာကလုံးသိေအာင္ လုပ္ပစ္မယ္""ရွန္ယြဲ႕အေမ လက္ေတြ႕က်က်စဥ္းစားပါဗ်ာ ၊ သူေရထဲမက်ခင္တုန္းက ကိုယ္ပိုင္စာၾကည့္ခ်ိန္အတြင္းမွာ ေက်ာင္းရဲ႕ ေရကန္ဆီ ေျပးသြားတာ ခင္မ်ားရဲ႕သမီးဆိုတာ ရွင္းေနတာကို၊ ဒါက ေက်ာင္းနဲ႔ ဘာမွကိုမဆိုင္တာ၊ ေက်ာင္းစည္းကမ္းကို မလိုက္နာတာ ရွန္ယြဲ႕ပါ၊ ကြၽန္ေတာ္တို႔ေတြ ခင္မ်ားတို႔မိသားစုနစ္နာေၾကးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ယြမ္ ၈၀,၀၀၀ ေပးၿပီးပါၿပီ"" ေက်ာင္းမွာ ကြၽန္မသမီး တစ္ခုခုျဖစ္သြားတာမလို႔ ဒါ ေက်ာင္းရဲ႕တာဝန္ပဲေလ၊ ရွင္တို႔ေတြ ေရကန္တစ္ခု မလုပ္ခဲ့ရင္ ကြၽန္မသမီးလည္း ေရထဲမွာ မလႈပ္ႏိုင္တဲ့အေျခအေနျဖစ္လာပါ့မလား၊ အခု ကြၽန္မသမီး ႏိုးမလာႏိုင္ေတာ့ဘူး၊ အခုကစၿပီး သူ႔ကို ျပဳစုရေတာ့မယ္ရွင့္"ၿပီးခဲ့သည့္တစကၠန္႔က နားကြဲမတတ္ေပါက္ကြဲမႈသည္ သူမ၏နားထဲတြင္ ျမည္ေနဆဲ။ သို႔ေသာ္ ေနာက္တစ္စကၠန္႔တြင္ေတာ့ ျငင္းခုန္သံမ်ား၊ တီဗီသံ ႏွင့္ ေအာ္ဟစ္သံမ်ားသည္ သူမ၏နားထဲသို႔ ဝင္လာၿပီး လင္ယြဲ႕၏ေခါင္းကို ပိုနာက်င္ေအာင္ လုပ္ေနေတာ့သည္။"တိတ္ၾကစမ္း"လင္ယြဲ႕ ႐ုတ္ခနဲ ထထိုင္လိုက္သည္။လင္ယြဲ႕ ေအာ္လိုက္ၿပီးသည္ႏွင့္တၿပိဳင္နက္ လူနာေဆာင္သည္ ခ်က္ခ်င္းပင္ ထူးဆန္းသည့္ၿငိမ္သက္မႈတစ္ခုအတြင္း က်ေရာက္သြားေတာ့သည္။" ဘယ္သူလဲ"လင္ယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး သူမ၏ေဒါသမွာ ေပၚလြင္ေန၏။ သို႔ရာတြင္ သူမစကားေျပာလိုက္သည္ႏွင့္တၿပိဳင္နက္ သူမ၏ ၾကမ္းတမ္းရွတသည့္အသံေၾကာင့္ လန္႔ဖ်တ္သြားေတာ့သည္။သူမ၏ခႏၶာကိုယ္ကို တစ္ဖန္ ငုံ႔ၾကည့္လိုက္၏။ ေဆး႐ုံဝတ္စုံျဖင့္ပင္ ဖုံးကြယ္လို႔မရႏိုင္သည့္ အဆီအလႊာမ်ားရွိေနသည္။ သူမ၏ဝမ္းဗိုက္သည္ ေနေရာင္ေၾကာင့္ နီေနၿပီး သူမ၏လက္ေမာင္းတြင္းလည္း အေမႊးအမွင္မ်ားႏွင့္ သူမ၏ ေပါင္ႏွင့္ေျခသလုံးမ်ားသည္လည္း မုန္လာဥပမာ ေယာင္ကိုင္းေနေလသည္။လင္ယြဲ႕သည္ ၾကက္ေသေသသြားေတာ့သည္။ဒါ ငါ့ခႏၶာကိုယ္လုံးဝမဟုတ္ဘူးပဲ။ ဘာျဖစ္သြားတာလဲ။ရွန္ယြဲ႕ စကားေျပာလိုက္သည္ကို ၾကားလိုက္သည္တြင္ အားလုံးသည္ လွည့္ၾကည့္လိုက္ၾကၿပီး ခုတင္နား ကပ္လာၾက၏။"သမီး ေနာက္ဆုံးေတာ့ သတိရလာၿပီေနာ္၊ ေနမေကာင္းသလိုခံစားရေနရေသးလား"ရွန္ယြဲ႕အေဖ ရွန္အန္းသည္ စိတ္ပူေနသည့္မ်က္ႏွာထားျဖင့္ ေျပာလာ၏။" ရွန္ယြဲ႕အေမ အခု ခင္မ်ားရဲ႕ သမီးက အသီးအ႐ြက္လို ရႈံ႕တြေနတဲ့ အေျခအေနမဟုတ္ေတာ့ဘူးဆိုေတာ့ ခင္မ်ားတို႔ စိတ္ေအးလို႔ရပါၿပီ၊ ခင္မ်ားခုနက ေျပာခဲ့တဲ့ ယြမ္ ၃၀၀,၀၀၀ ကေတာ့ ဒီအတိုင္း ေငြညစ္တာပဲဗ်၊ ေက်ာင္းကေနၿပီး ဒီလိုယုတၱိမရွိတဲ့ ေတာင္းဆိုမႈကို ဘယ္ေတာ့မွ သေဘာတူမွာမဟုတ္ဘူး"ရွန္ယြဲ႕အေမႏွင့္ အခ်ိန္အေတာ္ၾကာသည္အထိ အျငင္းပြားေနသည့္ ေက်ာင္းသားေရးရာဌာနမႉးသည္ ၿပဳံးလိုက္၏။" ဘာအဓိပၸါယ္လဲရွင့္၊ ကြၽန္မသမီးက ကြၽန္မတို႔ကို ဘယ္သူလဲလို႔အခုေလးတင္ေမးလိုက္တယ္ေလ၊ သူ႔ဦးေႏွာက္မွာ ထိခိုက္သြားတာျဖစ္ရမယ္၊ တကၠသိုလ္ဝင္ခြင့္စာေမးပြဲက်မွာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာရင္ ဘယ္လိုလုပ္မလဲ၊ ဒါဆို ကြၽန္မတို႔မိသားစုက သူ႔အတြက္ ႏွစ္ေတြအမ်ားႀကီးသုံးလာခဲ့တဲ့ ေက်ာင္းလခေတြ အလကားျဖစ္ခံရမွာလာဂ၊ ရွင္ ကြၽန္မတို႔ ဆုံးရႉးမႈအတြက္ အေလ်ာ္ေပးရမယ္၊ ကြၽန္မ ယြမ္ ၈၀,၀၀၀ နဲ႔လုံးဝ လက္မခံႏိုင္ဘူး"ရွန္ယြဲ႕အေမ ဆြန္းလင္သည္ စိုးရိမ္တႀကီးျဖစ္ေန၏။ သူမသည္ ေဆး႐ုံခုတင္ေပၚက ဝဖိုင့္ဖိုင့္ရွန္ယြဲ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ခါးေထာက္က ဆက္ေအာ္ဟစ္ေနေလသည္။" ဟုတ္ပါၿပီ၊ အျပင္ထြက္ၿပီးမွ ေျပာၾကမယ္၊ ယြဲ႕ယြဲ႕က အခုမွ သတိရလာတာ၊ မင္းတို႔ေတြ ဒီလိုေႏွာင့္ယွက္ေနရင္ သူဘယ္လိုအနားယူမွာလဲ"ရွန္အန္းသည္ မေနႏိုင္ေတာ့ဘဲ ေျပာရေတာ့သည္။ဆူညံေနသည့္လူမ်ား ထြက္သြားခ်ိန္မွ လင္ယြဲ႕သည္ နံရံေပၚက တီဗီကို ေနာက္ဆုံးတြင္ သတိျပဳမိသြားသည္။ သတင္းတစ္ပိုင္းကို ေၾကညာေနသည္။" မေန႔က ဖယ္ဒရယ္ထိပ္တန္းလွ်ိဳ႕ဝွက္အေဆာက္အအုံ ေခါင္မိုးထပ္မွာ ပေဟဠိဆန္ဆန္ေပါက္ကြဲမႈႀကီးမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္...."ငါက ေဖာက္ခြဲေရးကို လုပ္ခဲ့ၿပီး အဖြဲ႕အစည္းကလူအမ်ာႀကီးးကို သတ္ခဲ့တာေလ။ ဒါေပမယ့္ ဘာလို႔ အသက္ရွင္ေနေသးတာတဲ့လဲ။.......

Continue Reading

You'll Also Like

27.5K 4.1K 55
Original name - 如珠似玉 English Title - Like Pearl and Jade Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters - 98 I do not o...
80.1K 10.4K 106
Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
137K 18.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.4M 61.3K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...