Zawgyi
Chapter(90):အိမ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ျခင္း-2
"ေသခ်ာေပါက္ မ႐ွိဘူးေပါ့။ မင္းအျပင္ထြက္ေနတဲ့ အခ်ိန္က်ရင္ မင္းကိုယ္စား ငါတို႔ေတြ အဘိုးကို ၾကည့္႐ွဳ ေစာင့္ေ႐ွာက္ေပးထားမယ္။" အလုပ္သမား ေခါင္းေဆာင္လီက ပြင့္ပြင့္လင္းလင္း ေျပာလိုက္တယ္။
လ်ဳိထံုက ေရာက္လာၿပီးေတာ့ ႐ွဳရန္ကို ေျပာလိုက္တယ္။ "ရန္ အဘိုးဟူကို အရင္ စားခိုင္းလိုက္ပါအံုး! ဒီလိုမ်ဳိး လွည္းစီးခရီး႐ွည္ႀကီး သြားထားရတာဆိုေတာ့ မင္းတို႔ေတြ ပင္ပန္းၿပီး ဆာေလာင္ေနၾကမွာပဲ။"
႐ွဳရန္က ေခါင္းညိတ္ျပလိုက္ရင္း သူ႔ရဲ႕ခ်စ္လွစြာေသာ ကေလးႏွစ္ေယာက္ အပါအဝင္ လ်ဳိထံုကို အဘိုးဟူနဲ႔ မိတ္ဆက္ေပးလိုက္တယ္။
ေယဘူယ်က်က် ေျပာရမယ္ဆိုရင္ လူအိုေတြက ကေလးေတြကို ခ်စ္ခင္ၾကတယ္။ တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ေတြက 'ဖိုးဖိုးဟူ! ဖိုးဖိုးဟူ!' လို႔ သံၿပိဳင္ေခၚၾကရင္း စကားေျပာခ်ဳိသာ ေကာင္းမြန္သူေတြ ျဖစ္တာေၾကာင့္ အဘိုးဟူတစ္ေယာက္ ေပ်ာ္ရႊင္စြာ ရယ္ေမာေနမိတယ္။
ေဆာက္လုပ္ေရးအဖြဲ႔ ေရာက္လာၿပီးကတည္းက ႐ွဳရန္တို႔မိသားစုက သူတို႔ရဲ႕ကိုယ္ပိုင္အိမ္မွာ ခ်က္ျပဳတ္ဖို႔ မီးမေမႊးေတာ့ေပ။ အဲ့ဒါေၾကာင့္ ဟင္းသံုးပြဲနဲ႔ စြပ္ျပဳတ္တစ္ခြက္ကို ေန႔တိုင္းစားေလ့႐ွိတဲ့ အဖြဲ႔နဲ႔အတူ သူတို႔ေတြ စားခဲ့ၾကတယ္။ တစ္ခါတစ္ရံတြင္ လ်ဳိထံုကလည္း ကူညီ ခ်က္ျပဳတ္ေပးပါတယ္။ ဟင္းပြဲေတြက ေကာင္းမြန္ အရသာ႐ွိၿပီးေတာ့ အနံ႔ကလည္း ေမႊးလွတယ္။ လ်ဳိထံုက တူေတြနဲ႔ ပန္းကန္လံုးေတြကို ႐ွဳရန္နဲ႔ အဘိုးဟူတို႔ကို ေပးလိုက္ၿပီးေတာ့ အသက္အရြယ္ ႀကီးရင့္ေနၿပီ ျဖစ္တာေၾကာင့္ သြားေတြမေကာင္းေတာ့တဲ့ အဘိုးဟူအတြက္ အလယ္ပိုင္းက ႏူးညံ့ေပ်ာ့ေပ်ာင္းေနတဲ့ ထမင္းေတြကို လ်ဳိထံုက အဘိုးဟူ ပန္းကန္လံုးထဲကို အထူးသီးသန္႔ ခူးထည့္ေပးလိုက္တယ္။
စားပြဲသံုးလံုးအျပည့္ ေနရာယူထားၾကတဲ့ လူေတြအမ်ားႀကီး ႐ွိေနၾကၿပီးေတာ့ သူတို႔တေတြ ရင္းႏွီးသြားၾကတဲ့အခါ စကားေတြအမ်ားႀကီး ေျပာျဖစ္ခဲ့ၾကတယ္။ ၿပီးေတာ့ အဘိုးဟူကို သူတို႔ေတြက အျပင္လူတစ္ေယာက္လို႔ မသတ္မွတ္ထားခဲ့ၾကပါဘူး။ အဘိုးဟူကလည္း အစားအေသာက္ကို ေက်နပ္အားရေနမိတယ္။
အဘိုးဟူက သူဒီကို လိုက္လာခဲ့တုန္းက သူ႔ေျခေထာက္ေပၚက ဖိနပ္တစ္စံုနဲ႔အတူ အဝတ္အစားအခ်ဳိ႕နဲ႔ အေရးႀကီးပစၥည္းအခ်ဳိ႕ကိုသာ ယူေဆာင္လာခဲ့တာ ျဖစ္တယ္။ ကံေကာင္းစြာနဲ႔ လ်ဳိထံုက ၿမိဳ႕ေပၚတက္ၿပီး လူအိုႀကီးအတြက္ ဖိနပ္တစ္စံု ဝယ္ေပးခဲ့ၿပီးေတာ့ အိမ္တြင္း ေပါ့ေပါ့ပါးပါးစီးတဲ့ ဖိနပ္တစ္စံုအျဖစ္ ညအခ်ိန္မွာ ဝတ္ဖို႔ကိုလည္း သူမွာလိုက္တယ္။
သူတို႔ေတြ ပင္ပန္းေနၾကၿပီ ဆိုတာကို သိေနေတာ့ ညစာစားၿပီးေနာက္မွာ လ်ဳိထံုက ေရေႏြးအိုးတစ္လံုးကို လ်င္လ်င္ျမန္ျမန္ ႀကိဳလိုက္တယ္။ အခ်ိန္ခဏေလာက္ၾကာရင္ သူတို႔ေတြ ေရမိုးခ်ဳိးၿပီးေနာက္ တိုက္႐ိုက္ အိပ္ရာဝင္ႏိုင္ၿပီ ျဖစ္တယ္။
႐ွဳရန္တို႔မိသားစုက သစ္သားစည္ပိုင္းျဖင့္ ေရခ်ဳိးၾကတာ ျဖစ္တယ္။ တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ေတြကလည္း သူတို႔ေတြ အရြယ္ေရာက္လာတဲ့ အခါက်ရင္ သစ္သားစည္ပိုင္းကို အသံုးျပဳၾကမွာ ဆိုေပမဲ့လည္း သူတို႔ကေလးအရြယ္သာ ႐ွိေနၾကေသးတဲ့ အခ်ိန္မွာေတာ့ သူတို႔ေတြ ေရခ်ဳိးဖို႔အတြက္ သစ္သားအင္တံုကို အသံုးျပဳၾကတယ္။ သူ႔မိသားစုအတြက္ ေနာက္ထပ္ပိုႀကီးတဲ့ အင္တံုတစ္ခု ထပ္ထည့္သင့္တယ္လို႔ ႐ွဳရန္ေတြးလိုက္မိတယ္။
႐ွဳရန္က အဘိုးဟူအတြက္ ျပင္ဆင္ေပးထားတဲ့အခန္းဆီ သူ႔ကို ဦးေဆာင္ ေခၚသြားျပလိုက္ၿပီးေနာက္ သူတို႔ေတြ အိမ္တစ္ပတ္ လမ္းေလွ်ာက္ထြက္လိုက္ၾကၿပီး ဒီေနရာနဲ႔ အဘိုးဟူကို သူ႔ဘာသာသူ ရင္းႏွီးလာေအာင္ ျပဳလုပ္ေပးလိုက္ၿပီးေနာက္ အဘိုးဟူတစ္ေယာက္ ဒါကို စိတ္ထဲမွာ စြဲထင္ေအာင္ မွတ္သားၿပီးလုဆဲ ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ သူတို႔ေတြ ေရသြားခ်ဳိးလိုက္ၾကတယ္။
အဘိုးဟူတစ္ေယာက္ သူ႔ဘာသာသူ ေရမခ်ဳိးႏိုင္မွာကို ႐ွဳရန္စိတ္ပူမိေနတာေၾကာင့္ သူနဲ႔အတူ သူလိုက္သြားခ်င္ခဲ့မိတယ္။ သို႔ေသာ္လည္း သူ႔ကို ခြင့္ျပဳဖို႔ကို အဘိုးဟူက ဘယ္လိုနည္းနဲ႔မွ သေဘာမတူခဲ့ေပ။ ႐ွဳရန္တစ္ေယာက္ တံခါးအျပင္ဘက္တြင္ ရပ္ေစာင့္ေနၿပီး တစ္ခုခု မွားယြင္းတာကို သူအာရံုခံမိပါက အေျပးဝင္သြားဖို႔ ျပင္ဆင္ေနရံုသာ တတ္ႏိုင္ေတာ့တယ္။
သို႔ေသာ္လည္း အဘိုးဟူက သူ႔ကိုယ္သူ အားကိုးေနႏိုင္ဆဲ ျဖစ္ၿပီးေတာ့ ႐ွဳရန္ကို အထဲဝင္ဖို႔ အခြင့္အေရး လံုးဝမေပးခဲ့ေခ်။
ေရခ်ဳိးၿပီးေနာက္ အဘိုးဟူက အိပ္ရာဝင္သြားခဲ့တယ္။ အဘိုးဟူတစ္ေယာက္ ညဘက္ အိပ္ရာထတဲ့အခါ အခန္းနဲ႔ ရင္းႏွီးမႈမ႐ွိပဲ မာေက်ာတဲ့ အရာဝတၳဳတခ်ဳိ႕နဲ႔ တိုက္မိသြားမွာကို စိုးရိမ္မိတာေၾကာင့္ ႐ွဳရန္က ဆီမီးအိမ္ကို အခန္းထဲတြင္ တစ္ခ်ိန္လံုး ထြန္းထားခဲ့တယ္။
သူ႔စိတ္ထဲတြင္ သူ႔သားအရင္းထက္ သူ႔ကို ပိုေကာင္းေကာင္းမြန္မြန္ ဆက္ဆံတဲ့ ဒီမိသားစုကို အဘိုးဟူတစ္ေယာက္ အရမ္းႏွစ္သက္ေနမိတယ္။
ညအခါက ေအးခ်မ္းစြာ ကုန္ဆံုးသြားခဲ့တယ္။
. . .
ေနာက္တစ္ေန႔မနက္ခင္းတြင္ ႐ွဳရန္က အခ်ိန္ျပည့္အလုပ္သမား ဆယ္ေယာက္ကို သြား႐ွာလိုက္တယ္။ စေတာ္ဘယ္ရီပင္ေတြကို ျပန္သယ္လာၿပီးၿပီဆိုရင္ ဒီအပင္ေတြကို သူတို႔ေတြ စတင္စိုက္ပ်ဳိးႏိုင္ၿပီ ျဖစ္တယ္။ သို႔ေသာ္လည္း အပင္ေတြကို အသုတ္လိုက္ ျပန္သယ္ေဆာင္လာေနတာ ျဖစ္တာမို႔ ေန႔တိုင္းမွာ အပင္လွည္းေရႏွစ္စီးသာ ေရာက္လာလိမ့္မယ္လို႔ ခန္႔မွန္းမိတယ္။ အလုပ္သမားေတြရဲ႕ အျမန္ႏႈန္းအရဆိုရင္ အပင္လွည္းႏွစ္စီးက တစ္ရက္အတြက္ စိုက္ပ်ဳိးဖို႔ သူတို႔ေတြအတြက္ မလံုေလာက္တာေၾကာင့္ ႐ွဳရန္က သူတို႔ရဲ႕အိမ္နဲ႔ ႐ွဳရန္ရဲ႕လယ္ကြင္းၾကားက အကြာအေဝးအတိုင္း သူတို႔ေတြကို အလွည့္က် တစ္ေယာက္ၿပီး တစ္ေယာက္ လာခိုင္းၾကဖို႔ ဆံုးျဖတ္လိုက္တယ္။
ဒီနည္းလမ္းနဲ႔ ပတ္သက္ၿပီး ဘယ္သူကမွ ဘာမွမေျပာၾကေခ်။ ဘာပဲျဖစ္ျဖစ္ သူတို႔ေတြ အကုန္လံုးက သူ႔မိသားစုရဲ႕အလုပ္ေတြကို ၿပီးေျမာက္ေအာင္ လုပ္ေပးဖို႔ လိုအပ္ေနရံုသာ ျဖစ္တယ္။
႐ွဳရန္က ပထမဆံုးမိသားစုနဲ႔ အဘိုးဟူတို႔ကို လယ္ကြင္းဆီ စေတာ္ဘယ္ရီပင္ လွည္းတစ္စီးနဲ႔အတူ ေခၚေဆာင္သြားလိုက္တယ္။
တြင္းေတြကို တူးထားၿပီးသားဆိုေတာ့ သူတို႔ေတြ တြင္းထဲကို ျပာေတြျဖန္႔ၾကဲၿပီး စေတာ္ဘယ္ရီပင္ေတြကို စိုက္ပ်ဳိးရံုသာ လိုအပ္ေနတာ ျဖစ္တယ္။ အခုခ်ိန္က ေႏြဦးေရာက္ေနၿပီ ျဖစ္တာမို႔ မၾကာခဏ မိုးရြာသြန္းေနၿပီ ျဖစ္တာေၾကာင့္ အပင္ေတြကို ေရေလာင္းေပးဖို႔ မလိုအပ္ေတာ့ပါဘူး။
႐ွဳရန္ကလည္း လက္ေတြ႔က်တဲ့ စိုက္ပ်ဳိးေရးနဲ႔ ပတ္သက္ၿပီး မရင္းႏွီးဘူးဆိုတာကို သူသိပါတယ္။ အဲ့ဒါေၾကာင့္ အပင္စိုက္ပ်ဳိးေရးလုပ္ငန္းစဥ္ကို အဘိုးဟူက မိသားစုကို လမ္းၫႊန္ျပသေပးေနစဥ္တြင္ သူက အဘိုးဟူေဘးကေန ကူညီေပးလိုက္တယ္။ အႀကိမ္ေပါင္းမ်ားစြာ သ႐ုပ္ျပ သင္ၾကားေပးၿပီးတဲ့ေနာက္မွာ မိသားစုက မၾကာခင္မွာပဲ ဒါကို တတ္ေျမာက္သြားခဲ့တယ္။
႐ွဳရန္ကလည္း လံုျခံဳစိတ္ခ်သြားၿပီးေတာ့ ဒါကို သူတို႔ေတြလက္ထဲ ထားခဲ့လိုက္တယ္။ ၿပီးေတာ့ အိမ္ကို ျပန္ေရာက္ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ကိုယ္ပိုင္အက်ဳိးကိစၥကို သြားလုပ္ဖို႔ သူစီစဥ္လိုက္တယ္။
ဒါေပမဲ့ အဘိုးဟူက ဒါကို စိုးရိမ္ေနၿပီးေတာ့ အလုပ္သမားေတြအေပၚ နီးနီးကပ္ကပ္ ေစာင့္ၾကည့္ခ်င္ေနခဲ့တယ္။ ႐ွဳရန္ကလည္း သူ႔ကို မေဖ်ာင္းဖ်ႏိုင္ေတာ့တာေၾကာင့္ သူ႔ကို သြားခြင့္ျပဳလိုက္ရတယ္။
အခုခ်ိန္မွာ ႐ွဳရန္တစ္ေယာက္ အရမ္းအလုပ္မ်ားေနတယ္။ စီရင္စုစာေမးပြဲက အခ်ိန္နီးကပ္လာေနၿပီ ျဖစ္တာေၾကာင့္ စီရင္စုစာေမးပြဲအတြက္ စာေတြကို သူ႔ေခါင္းထဲ ႐ိုက္သြင္းေနရတယ္။ စတင္ေဆာက္လုပ္ဖို႔ နီးကပ္ေနၿပီျဖစ္တဲ့ သူ႔အိမ္အေၾကာင္းကုိ ဆိုရင္ေတာ့ ထည့္ေျပာမေနပါနဲ႔ေတာ့။
ဒီေန႔က တ႐ုတ္လူနာျပကၡဒိန္ရဲ႕ ေဖေဖာ္ဝါရီလ ၈ ရက္ေျမာက္ေန႔ ျဖစ္တယ္။ ၿပီးေတာ့ အုတ္ခဲေတြ သယ္ေဆာင္ေနတာလည္း ရက္အခ်ဳိ႕႐ွိေနၿပီ ျဖစ္တယ္။ တ႐ုတ္လူနာျပကၡဒိန္ရဲ႕ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ မတိုင္ခင္ အုတ္ခဲေတြအကုန္လံုး အဆင္သင့္ ျဖစ္ေနလိမ့္မယ္လို႔ ခန္႔မွန္းမိတယ္။ ႐ွဳရန္က ၿမိဳ႕ထဲတြင္ ေဗ်ာက္အိုးအခ်ဳိ႕နဲ႔ စာအုပ္အခ်ဳိ႕အျပင္ အဘိုးဟူအတြက္ အဝတ္အစားနဲ႔ ဖိနပ္ေတြကို ဝယ္ဖို႔ စီစဥ္လိုက္တယ္။ တစ္ကိုယ္တည္း လူအိုႀကီးတစ္ေယာက္ျဖစ္တဲ့ သူက သူတို႔ရဲ႕အိမ္ကို ေရာက္လာခဲ့ၿပီးၿပီဆိုေတာ့ ႐ွဳရန္ကလည္း သူ႔ကို ေသခ်ာေပါက္ ေကာင္းေကာင္း ဂ႐ုစိုက္ရမွာေပါ့!
လ်ဳိထံုက ရြာ႐ွိ မိသားစုတစ္စုမွ ဝက္ေပါက္ကေလးေတြကို ႀကိဳတင္မွာယူထားခဲ့တယ္။ ေနာက္ရက္အနည္းငယ္အတြင္းမွာ သြားယူေဆာင္လို႔ရေနၿပီ ျဖစ္တယ္။ သူၿမိဳ႕ထဲမွာ ဘဲေပါက္ကေလးအခ်ဳိ႕ကိုသာ ဝယ္ယူဖို႔ လိုအပ္ေနတာ ျဖစ္တယ္။ ေႏြဦးရာသီက ဘဲေပါက္ကေလးေတြကို ေမြးျမဴပ်ဳိးေထာင္ဖို႔ အခ်ိန္ေကာင္းပဲ။
အဲ့ဒါက ဒီအတိုင္း ဒီအရာေတြ အားလံုးအတြက္ ေငြလိုအပ္ေနရံုသာ ျဖစ္တယ္။ ႐ွဳရန္တစ္ေယာက္ အရမ္းစိုးရိမ္ေနမိတယ္!
အာလူးေတြကလည္း အခုထိ မႀကီးထြားလာၾကေသးတာေၾကာင့္ သူတို႔ေတြ ဒါေတြကို အခုတူးထုတ္ၿပီး ေရာင္းခ်ခ်င္ေနခဲ့ရင္ေတာင္မွ သူတို႔ေတြ မလုပ္ႏိုင္ၾကေသးပါဘူး။ ဒါေတြကို တူးထုတ္ဖို႔ သူတို႔ေတြ ဧၿပီလအထိ ေသခ်ာေပါက္ ေစာင့္ေနရေလာက္တယ္။
ကံေကာင္းေထာက္မစြာနဲ႔ မႏွစ္တုန္းက သူတို႔ရ႐ွိခဲ့တဲ့ေငြေတြက သူတို႔ေတြအတြက္ အခ်ိန္အနည္းငယ္ေလာက္ သံုးစြဲဖို႔ လံုေလာက္ေနဆဲ ျဖစ္တယ္။ မွ်စ္စို႔ေတြ ေပါက္လာတဲ့ အခါက်ရင္လည္း သူတို႔ေတြ ေစ်းသံုးေငြအခ်ဳိ႕ ႐ွာလို႔ရႏိုင္တယ္ေလ။
႐ွဳရန္တစ္ေယာက္ သက္ျပင္းခ်လိုက္မိၿပီးေတာ့ သူၿမိဳ႕ေပၚတက္ေတာ့မယ္ ဆိုတဲ့အေၾကာင္း လ်ဳိထံုကို သြားေျပာလိုက္ေတာ့တယ္။
Unicode
Chapter(90):အိမ်သို့ ပြောင်းရွှေ့ နေထိုင်ခြင်း-2
"သေချာပေါက် မရှိဘူးပေါ့။ မင်းအပြင်ထွက်နေတဲ့ အချိန်ကျရင် မင်းကိုယ်စား ငါတို့တွေ အဘိုးကို ကြည့်ရှု စောင့်ရှောက်ပေးထားမယ်။" အလုပ်သမား ခေါင်းဆောင်လီက ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
လျိုထုံက ရောက်လာပြီးတော့ ရှုရန်ကို ပြောလိုက်တယ်။ "ရန် အဘိုးဟူကို အရင် စားခိုင်းလိုက်ပါအုံး! ဒီလိုမျိုး လှည်းစီးခရီးရှည်ကြီး သွားထားရတာဆိုတော့ မင်းတို့တွေ ပင်ပန်းပြီး ဆာလောင်နေကြမှာပဲ။"
ရှုရန်က ခေါင်းညိတ်ပြလိုက်ရင်း သူ့ရဲ့ချစ်လှစွာသော ကလေးနှစ်ယောက် အပါအဝင် လျိုထုံကို အဘိုးဟူနဲ့ မိတ်ဆက်ပေးလိုက်တယ်။
ယေဘူယျကျကျ ပြောရမယ်ဆိုရင် လူအိုတွေက ကလေးတွေကို ချစ်ခင်ကြတယ်။ တျန်းတျန်းနဲ့ ကော်ကော်တို့တွေက 'ဖိုးဖိုးဟူ! ဖိုးဖိုးဟူ!' လို့ သံပြိုင်ခေါ်ကြရင်း စကားပြောချိုသာ ကောင်းမွန်သူတွေ ဖြစ်တာကြောင့် အဘိုးဟူတစ်ယောက် ပျော်ရွှင်စွာ ရယ်မောနေမိတယ်။
ဆောက်လုပ်ရေးအဖွဲ့ ရောက်လာပြီးကတည်းက ရှုရန်တို့မိသားစုက သူတို့ရဲ့ကိုယ်ပိုင်အိမ်မှာ ချက်ပြုတ်ဖို့ မီးမမွှေးတော့ပေ။ အဲ့ဒါကြောင့် ဟင်းသုံးပွဲနဲ့ စွပ်ပြုတ်တစ်ခွက်ကို နေ့တိုင်းစားလေ့ရှိတဲ့ အဖွဲ့နဲ့အတူ သူတို့တွေ စားခဲ့ကြတယ်။ တစ်ခါတစ်ရံတွင် လျိုထုံကလည်း ကူညီ ချက်ပြုတ်ပေးပါတယ်။ ဟင်းပွဲတွေက ကောင်းမွန် အရသာရှိပြီးတော့ အနံ့ကလည်း မွှေးလှတယ်။ လျိုထုံက တူတွေနဲ့ ပန်းကန်လုံးတွေကို ရှုရန်နဲ့ အဘိုးဟူတို့ကို ပေးလိုက်ပြီးတော့ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တာကြောင့် သွားတွေမကောင်းတော့တဲ့ အဘိုးဟူအတွက် အလယ်ပိုင်းက နူးညံ့ပျော့ပျောင်းနေတဲ့ ထမင်းတွေကို လျိုထုံက အဘိုးဟူ ပန်းကန်လုံးထဲကို အထူးသီးသန့် ခူးထည့်ပေးလိုက်တယ်။
စားပွဲသုံးလုံးအပြည့် နေရာယူထားကြတဲ့ လူတွေအများကြီး ရှိနေကြပြီးတော့ သူတို့တတွေ ရင်းနှီးသွားကြတဲ့အခါ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ ပြီးတော့ အဘိုးဟူကို သူတို့တွေက အပြင်လူတစ်ယောက်လို့ မသတ်မှတ်ထားခဲ့ကြပါဘူး။ အဘိုးဟူကလည်း အစားအသောက်ကို ကျေနပ်အားရနေမိတယ်။
အဘိုးဟူက သူဒီကို လိုက်လာခဲ့တုန်းက သူ့ခြေထောက်ပေါ်က ဖိနပ်တစ်စုံနဲ့အတူ အဝတ်အစားအချို့နဲ့ အရေးကြီးပစ္စည်းအချို့ကိုသာ ယူဆောင်လာခဲ့တာ ဖြစ်တယ်။ ကံကောင်းစွာနဲ့ လျိုထုံက မြို့ပေါ်တက်ပြီး လူအိုကြီးအတွက် ဖိနပ်တစ်စုံ ဝယ်ပေးခဲ့ပြီးတော့ အိမ်တွင်း ပေါ့ပေါ့ပါးပါးစီးတဲ့ ဖိနပ်တစ်စုံအဖြစ် ညအချိန်မှာ ဝတ်ဖို့ကိုလည်း သူမှာလိုက်တယ်။
သူတို့တွေ ပင်ပန်းနေကြပြီ ဆိုတာကို သိနေတော့ ညစာစားပြီးနောက်မှာ လျိုထုံက ရေနွေးအိုးတစ်လုံးကို လျင်လျင်မြန်မြန် ကြိုလိုက်တယ်။ အချိန်ခဏလောက်ကြာရင် သူတို့တွေ ရေမိုးချိုးပြီးနောက် တိုက်ရိုက် အိပ်ရာဝင်နိုင်ပြီ ဖြစ်တယ်။
ရှုရန်တို့မိသားစုက သစ်သားစည်ပိုင်းဖြင့် ရေချိုးကြတာ ဖြစ်တယ်။ တျန်းတျန်းနဲ့ ကော်ကော်တို့တွေကလည်း သူတို့တွေ အရွယ်ရောက်လာတဲ့ အခါကျရင် သစ်သားစည်ပိုင်းကို အသုံးပြုကြမှာ ဆိုပေမဲ့လည်း သူတို့ကလေးအရွယ်သာ ရှိနေကြသေးတဲ့ အချိန်မှာတော့ သူတို့တွေ ရေချိုးဖို့အတွက် သစ်သားအင်တုံကို အသုံးပြုကြတယ်။ သူ့မိသားစုအတွက် နောက်ထပ်ပိုကြီးတဲ့ အင်တုံတစ်ခု ထပ်ထည့်သင့်တယ်လို့ ရှုရန်တွေးလိုက်မိတယ်။
ရှုရန်က အဘိုးဟူအတွက် ပြင်ဆင်ပေးထားတဲ့အခန်းဆီ သူ့ကို ဦးဆောင် ခေါ်သွားပြလိုက်ပြီးနောက် သူတို့တွေ အိမ်တစ်ပတ် လမ်းလျှောက်ထွက်လိုက်ကြပြီး ဒီနေရာနဲ့ အဘိုးဟူကို သူ့ဘာသာသူ ရင်းနှီးလာအောင် ပြုလုပ်ပေးလိုက်ပြီးနောက် အဘိုးဟူတစ်ယောက် ဒါကို စိတ်ထဲမှာ စွဲထင်အောင် မှတ်သားပြီးလုဆဲ ဖြစ်သွားတဲ့အချိန်မှာတော့ သူတို့တွေ ရေသွားချိုးလိုက်ကြတယ်။
အဘိုးဟူတစ်ယောက် သူ့ဘာသာသူ ရေမချိုးနိုင်မှာကို ရှုရန်စိတ်ပူမိနေတာကြောင့် သူနဲ့အတူ သူလိုက်သွားချင်ခဲ့မိတယ်။ သို့သော်လည်း သူ့ကို ခွင့်ပြုဖို့ကို အဘိုးဟူက ဘယ်လိုနည်းနဲ့မှ သဘောမတူခဲ့ပေ။ ရှုရန်တစ်ယောက် တံခါးအပြင်ဘက်တွင် ရပ်စောင့်နေပြီး တစ်ခုခု မှားယွင်းတာကို သူအာရုံခံမိပါက အပြေးဝင်သွားဖို့ ပြင်ဆင်နေရုံသာ တတ်နိုင်တော့တယ်။
သို့သော်လည်း အဘိုးဟူက သူ့ကိုယ်သူ အားကိုးနေနိုင်ဆဲ ဖြစ်ပြီးတော့ ရှုရန်ကို အထဲဝင်ဖို့ အခွင့်အရေး လုံးဝမပေးခဲ့ချေ။
ရေချိုးပြီးနောက် အဘိုးဟူက အိပ်ရာဝင်သွားခဲ့တယ်။ အဘိုးဟူတစ်ယောက် ညဘက် အိပ်ရာထတဲ့အခါ အခန်းနဲ့ ရင်းနှီးမှုမရှိပဲ မာကျောတဲ့ အရာဝတၳုတချို့နဲ့ တိုက်မိသွားမှာကို စိုးရိမ်မိတာကြောင့် ရှုရန်က ဆီမီးအိမ်ကို အခန်းထဲတွင် တစ်ချိန်လုံး ထွန်းထားခဲ့တယ်။
သူ့စိတ်ထဲတွင် သူ့သားအရင်းထက် သူ့ကို ပိုကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ ဒီမိသားစုကို အဘိုးဟူတစ်ယောက် အရမ်းနှစ်သက်နေမိတယ်။
ညအခါက အေးချမ်းစွာ ကုန်ဆုံးသွားခဲ့တယ်။
. . .
နောက်တစ်နေ့မနက်ခင်းတွင် ရှုရန်က အချိန်ပြည့်အလုပ်သမား ဆယ်ယောက်ကို သွားရှာလိုက်တယ်။ စတော်ဘယ်ရီပင်တွေကို ပြန်သယ်လာပြီးပြီဆိုရင် ဒီအပင်တွေကို သူတို့တွေ စတင်စိုက်ပျိုးနိုင်ပြီ ဖြစ်တယ်။ သို့သော်လည်း အပင်တွေကို အသုတ်လိုက် ပြန်သယ်ဆောင်လာနေတာ ဖြစ်တာမို့ နေ့တိုင်းမှာ အပင်လှည်းရေနှစ်စီးသာ ရောက်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်။ အလုပ်သမားတွေရဲ့ အမြန်နှုန်းအရဆိုရင် အပင်လှည်းနှစ်စီးက တစ်ရက်အတွက် စိုက်ပျိုးဖို့ သူတို့တွေအတွက် မလုံလောက်တာကြောင့် ရှုရန်က သူတို့ရဲ့အိမ်နဲ့ ရှုရန်ရဲ့လယ်ကွင်းကြားက အကွာအဝေးအတိုင်း သူတို့တွေကို အလှည့်ကျ တစ်ယောက်ပြီး တစ်ယောက် လာခိုင်းကြဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ဘာမှမပြောကြချေ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ အကုန်လုံးက သူ့မိသားစုရဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ပေးဖို့ လိုအပ်နေရုံသာ ဖြစ်တယ်။
ရှုရန်က ပထမဆုံးမိသားစုနဲ့ အဘိုးဟူတို့ကို လယ်ကွင်းဆီ စတော်ဘယ်ရီပင် လှည်းတစ်စီးနဲ့အတူ ခေါ်ဆောင်သွားလိုက်တယ်။
တွင်းတွေကို တူးထားပြီးသားဆိုတော့ သူတို့တွေ တွင်းထဲကို ပြာတွေဖြန့်ကြဲပြီး စတော်ဘယ်ရီပင်တွေကို စိုက်ပျိုးရုံသာ လိုအပ်နေတာ ဖြစ်တယ်။ အခုချိန်က နွေဦးရောက်နေပြီ ဖြစ်တာမို့ မကြာခဏ မိုးရွာသွန်းနေပြီ ဖြစ်တာကြောင့် အပင်တွေကို ရေလောင်းပေးဖို့ မလိုအပ်တော့ပါဘူး။
ရှုရန်ကလည်း လက်တွေ့ကျတဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး မရင်းနှီးဘူးဆိုတာကို သူသိပါတယ်။ အဲ့ဒါကြောင့် အပင်စိုက်ပျိုးရေးလုပ်ငန်းစဉ်ကို အဘိုးဟူက မိသားစုကို လမ်းညွှန်ပြသပေးနေစဉ်တွင် သူက အဘိုးဟူဘေးကနေ ကူညီပေးလိုက်တယ်။ အကြိမ်ပေါင်းများစွာ သရုပ်ပြ သင်ကြားပေးပြီးတဲ့နောက်မှာ မိသားစုက မကြာခင်မှာပဲ ဒါကို တတ်မြောက်သွားခဲ့တယ်။
ရှုရန်ကလည်း လုံခြုံစိတ်ချသွားပြီးတော့ ဒါကို သူတို့တွေလက်ထဲ ထားခဲ့လိုက်တယ်။ ပြီးတော့ အိမ်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကိုယ်ပိုင်အကျိုးကိစ္စကို သွားလုပ်ဖို့ သူစီစဉ်လိုက်တယ်။
ဒါပေမဲ့ အဘိုးဟူက ဒါကို စိုးရိမ်နေပြီးတော့ အလုပ်သမားတွေအပေါ် နီးနီးကပ်ကပ် စောင့်ကြည့်ချင်နေခဲ့တယ်။ ရှုရန်ကလည်း သူ့ကို မဖျောင်းဖျနိုင်တော့တာကြောင့် သူ့ကို သွားခွင့်ပြုလိုက်ရတယ်။
အခုချိန်မှာ ရှုရန်တစ်ယောက် အရမ်းအလုပ်များနေတယ်။ စီရင်စုစာမေးပွဲက အချိန်နီးကပ်လာနေပြီ ဖြစ်တာကြောင့် စီရင်စုစာမေးပွဲအတွက် စာတွေကို သူ့ခေါင်းထဲ ရိုက်သွင်းနေရတယ်။ စတင်ဆောက်လုပ်ဖို့ နီးကပ်နေပြီဖြစ်တဲ့ သူ့အိမ်အကြောင်းကို ဆိုရင်တော့ ထည့်ပြောမနေပါနဲ့တော့။
ဒီနေ့က တရုတ်လူနာပြက္ခဒိန်ရဲ့ ဖေဖော်ဝါရီလ ၈ ရက်မြောက်နေ့ ဖြစ်တယ်။ ပြီးတော့ အုတ်ခဲတွေ သယ်ဆောင်နေတာလည်း ရက်အချို့ရှိနေပြီ ဖြစ်တယ်။ တရုတ်လူနာပြက္ခဒိန်ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မတိုင်ခင် အုတ်ခဲတွေအကုန်လုံး အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းမိတယ်။ ရှုရန်က မြို့ထဲတွင် ဗျောက်အိုးအချို့နဲ့ စာအုပ်အချို့အပြင် အဘိုးဟူအတွက် အဝတ်အစားနဲ့ ဖိနပ်တွေကို ဝယ်ဖို့ စီစဉ်လိုက်တယ်။ တစ်ကိုယ်တည်း လူအိုကြီးတစ်ယောက်ဖြစ်တဲ့ သူက သူတို့ရဲ့အိမ်ကို ရောက်လာခဲ့ပြီးပြီဆိုတော့ ရှုရန်ကလည်း သူ့ကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်ရမှာပေါ့!
လျိုထုံက ရွာရှိ မိသားစုတစ်စုမှ ဝက်ပေါက်ကလေးတွေကို ကြိုတင်မှာယူထားခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ သွားယူဆောင်လို့ရနေပြီ ဖြစ်တယ်။ သူမြို့ထဲမှာ ဘဲပေါက်ကလေးအချို့ကိုသာ ဝယ်ယူဖို့ လိုအပ်နေတာ ဖြစ်တယ်။ နွေဦးရာသီက ဘဲပေါက်ကလေးတွေကို မွေးမြူပျိုးထောင်ဖို့ အချိန်ကောင်းပဲ။
အဲ့ဒါက ဒီအတိုင်း ဒီအရာတွေ အားလုံးအတွက် ငွေလိုအပ်နေရုံသာ ဖြစ်တယ်။ ရှုရန်တစ်ယောက် အရမ်းစိုးရိမ်နေမိတယ်!
အာလူးတွေကလည်း အခုထိ မကြီးထွားလာကြသေးတာကြောင့် သူတို့တွေ ဒါတွေကို အခုတူးထုတ်ပြီး ရောင်းချချင်နေခဲ့ရင်တောင်မှ သူတို့တွေ မလုပ်နိုင်ကြသေးပါဘူး။ ဒါတွေကို တူးထုတ်ဖို့ သူတို့တွေ ဧပြီလအထိ သေချာပေါက် စောင့်နေရလောက်တယ်။
ကံကောင်းထောက်မစွာနဲ့ မနှစ်တုန်းက သူတို့ရရှိခဲ့တဲ့ငွေတွေက သူတို့တွေအတွက် အချိန်အနည်းငယ်လောက် သုံးစွဲဖို့ လုံလောက်နေဆဲ ဖြစ်တယ်။ မျှစ်စို့တွေ ပေါက်လာတဲ့ အခါကျရင်လည်း သူတို့တွေ ဈေးသုံးငွေအချို့ ရှာလို့ရနိုင်တယ်လေ။
ရှုရန်တစ်ယောက် သက်ပြင်းချလိုက်မိပြီးတော့ သူမြို့ပေါ်တက်တော့မယ် ဆိုတဲ့အကြောင်း လျိုထုံကို သွားပြောလိုက်တော့တယ်။