ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...

By Koe-Amara-Mg

45.5K 1.7K 57

စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36

Part 37 ဇာတ်သိမ်း

2.2K 45 2
By Koe-Amara-Mg

ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၇) ဇာတ်သိမ်း။
.

" ညစာ စားပြီးပြီဆို "

" ကိုယ့်ကိုတောင် မစောင့်ဘူး ချာတိတ် က... "

" ဝမ်းချင်းဆက်နေလို့လား... စောင့်ရအောင် "

" အဟင်း "

သူမစကားကြောင့် တိုက်,ပြုံးလိုက်မိသည်။

" ဝမ်းချင်းတော့ မဆက်နေပါဘူး။ကိုယ်က မင်းနဲ့အတူ စားချင်လို့ "

" စားလို့ စားနှင့်လိုက်တာ။အတူစားချင်ရင် နောက်တစ်ခါ စောင့်ပေးမယ် "

" အင်း... ကိုယ် ရေချိုးတော့မယ် "

" ချိုးပေါ့ "

" ကိုယ့်အတွက် အဝတ်စားထုတ်ထားပေးပါလား "

" ဦးလေးကြီး လက်မပါဘူးလား "

" ဟင်... "

" တခေတ် ကို အဝတ်စား ထုတ်ခိုင်းနေလို့....
ဦးလေးကြီးမှာ လက်မပါဘူးလားလို့ မေးနေတာ "

ကုတင်ပေါ်မှာ ခြေနှစ်ချောင်း တွဲလောင်းချပြီး
ဖုန်းကြည့်နေတဲ့ သူမက ဂျစ်တစ်တစ်လေးပြောလာတော့... တိုက်,၏ နူတ်ခမ်းတစ်ဖက်က တွန့်သွားရ၏။

" ကိုယ့်မှာ လက်ပါတာပေါ့။ဒါပေမဲ့ မင်းရဲ့ ဂရုစိုက်မူ့လေးကို ခံယူချင်လို့လေ။ကိုယ့်ကို ဂရုစိုက်ပေးမယ်မလား... "

" အမေ့! ဘာလုပ်တာလဲ "

ထိုင်နေတဲ့ တခေတ်,ရှေ့မှာ သူက လက်နှစ်ဖက်ကိုခွထောက်ပြီး၊မျက်နှာနှစ်ခုကိုပါ အလွန်နီးကပ်အောင်
လုပ်လိုက်တာကြောင့်... တခေတ်,မှာ လန့်သွားရသည်။

တိုက်, ကိုယ့်ကို ကြောက်နေတဲ့ ပုံရတဲ့ သူမကြောင့် ပြုံးမိသွား၏။

" ဘာ ဘာလို့ အနားတိုးလာတာလဲ လို့... "

" မင်းဆီက အင်းဆိုတဲ့ အဖြေစကား ကြားချင်လို့
ပေါ့။ကိုယ့်ကို ဂရုစိုက်မယ်မလား "

မျက်နှာရော ခန္ဓာကိုယ်ရော အလွန်နီးကပ်လာတဲ့
အခါ... တခေတ် ကိုယ်လေးကို နောက်သို့ ကျုံ့လိုက်ပြီး...

" အင် အင်း... "

" အဟင်း ဒါဆို ကိုယ် ရေသွားချိုးတော့မယ် "

" အင်း "

အဟင်း တကယ်လန့်နေတာပဲ။

တိုက်,အနားကိုတိုးကပ်တာနဲ့ ထိတ်လန့်နေတဲ့ သူမပုံစံလေးက တကယ်အသည်းယား စရာအတိ။

အသည်းစယားကောင်းလှသည့် သူမကြောင့် ရေချိုးခန်းဆီ အမြန်ဝင်လာခဲ့ရသည်။မဟုတ်ရင်
သူမကို နမ်းမိတော့မည်။အဲ့ဒီအခါ သူမက စိတ်ကောက်အုံးမည် မဟုတ်လား။

" ဟူး... ပေါက်ထွက်တော့မယ်၊ငါ့ နှလုံးသားလေးကတော့... "

စိတ်ကောက်ပါမည်၊ဆိုးပါမည်၊ရစ်ပါမည်ဟု တွေးထားကာမှ... ဟိုက အနားနည်းနည်းလေးလောက်
တိုးကပ်လာတာနဲ့ နှလုံးသားက အခုန်မြန်လာပြီး...
လူက အကြည့်ပင် မစုံရဲတော့။

အနားကနေ မြန်မြန် သွားပေလို့သာပေါ့။မဟုတ်ရင်
တခေတ်ရဲ့ ရင်ခုန်သံကို ကြားသွားတော့မှာ။

...

" အဟင်း တကယ့်ကိုကွာ... "

တိုက်,ရေချိုးခန်းကနေ ထွက်လာတော့...
သူမ က အဝတ်စားတော့ ထုတ်ပေးထားရဲ့...၊

လူကတော့ စောင်ပုံအောက်မှာ ခေါင်းကိုပါ လုံအောင် ဖုံးအုပ်ထားလေသည်။

သူမ လုပ်နေပုံလေးက ဘယ်လိုတောင် ချစ်ဖို့ ကောင်းနေလိုက်သလဲလို့...။

တိုက်,ရေသုတ်ရင်း သူမအနားကို လျှောက်သွားလိုက်ပြီး...

" အစောကြီး ရှိသေးတာကို အိပ်တော့မလို့လား "

" အင်း အိပ်နေပြီ "

" ဟောဗျာ... အိပ်တဲ့ လူက စကားလည်းပြောတယ်လား... "

" ဦးလေးကြီး...! အိပ်ချင်အိပ်၊မအိပ်ချင်ရင် ထွက်သွား အခန်းထဲက... "

" ကိုယ်က ဒီတိုင်းပဲ ပြောတာကို ချာတိတ် က စိတ်ဆိုးသွားတယ်ပေါ့ "

" အိပ်နေတာ မြင်ရဲ့သားနဲ့ စကားလာပြောတာ က
ဘယ်သူလဲ "

" အင်း ကိုယ်ပြောတာ၊ ကိုယ် မှားပါတယ် "

" သိရင် ပြီးတာပဲ "

" ကိုယ် ဒီည ပြန်လာတာ နောက်ကျမယ် "

လို့ ပြောလိုက်တော့... "အိပ်နေပြီ" လို့ ပြောတဲ့ သူမ က အိပ်ရာထက်ကနေ ငေါက်ခနဲ ထထိုင်လေတော့သည်။

" အခုပဲ ခုနှစ်နာရီခွဲလို့  ရှစ်နာရီတောင်ထိုးတော့မယ်။အဲ့ဒါကို အပြင်သွားအုံးမယ်ပေါ့ "

" အင်း "

" ဘာလုပ်ဖို့ သွားမှာလဲ။ဘယ်သူနဲ့ တွေ့မှာလဲ။သောက်ပြီးမှ ပြန်လာမှာလား။အိမ်ကို ဘယ်အချိန်မှ ပြန်လာမှာလဲ "

မေးခွန်းတွေ တန်းစီပြီး တပြိုင်တည်းထုတ်လာတဲ့
သူမကြောင့် တိုက်,ကြည်နူးစွာဖြင့် ပြုံးပြီး... သူမရှေ့က ကုတင်အောက် ကြမ်းပြင်မှာ ဒူးထောက်ပြီး ထိုင်ချလိုက်သည်။

အဲ့နောက် ကုတင်ပေါ်မှာ ထိုင်နေတဲ့ သူမလက်ဖဝါးလေးတွေကို ကိုင်ပြီး...

" ဘယ်သူနဲ့မှလဲ မတွေ့ဘူး။သောက်ဖို့ သွားတာလဲ
မဟုတ်ဘူး။အလုပ်ကိစ္စရှိလို့သာ ကုမ္ပဏီကို ပြန်သွားရတာ။ဖြစ်နိုင်ရင် အိမ်ကနေ ဘယ်ကိုမှတောင်သွားချင်တာ မဟုတ်ဘူး။မင်းအနားမှာပဲ နေချင်လို့ "

ဆိုကာ... တခေတ်ရဲ့မျက်ဝန်းတွေကို ရွှန်းရွှန်းစားစားနဲ့ ကြည့်လာတဲ့ ဦးလေးကြီး။ တခေတ် ဦးလေးကြီး၏ အကြည့်တို့ကို ရှောင်ဖယ်ကာ...

" အပြင်သွားမှာဆို သွား သွားတော့လေ "

ကိုယ် သူမအနားကို ကပ်နေလို့ ရှက်နေတဲ့ ရုပ်လေးက တကယ်အသည်းယားဖွယ် အတိပင်။

" အင်း ကိုယ် သွားတော့မှာ။မသွားခင်လေး... "

" မသွားခင် ဘာဖြစ်လို့.... "

စကားဖြင့် မဆုံးသေး တခေတ်မျက်နှာလေးကို
မော့ယူပြီး နမ်းရှိုက်လာတဲ့ ဦးလေးကြီး။

" ကိုယ် သွားတော့မယ်။စောစောအိပ်၊မနက်ကျရင်
အိမ်ရေးမဝရင် မလှဘဲဖြစ်နေမယ် "

လုပ်ချင်တာ လုပ်ပြီးသွားတော့...
မုန်းစရာကောင်းတဲ့ ရုပ်ကြီးက မုန်းစရာကောင်းအောင် ပြုံးပြီးတော့ အခန်းထဲကနေ ထွက်သွားတယ်လေ။

ကျန်နေတဲ့ လူမှာသာ ရင်ခုန်ရင်း နေမထိထိုင်မသာနဲ့ ကျန်နေခဲ့ရသည်လေ။

..

" မြေး မိုးချုပ်နေမှ ဘယ်သွားအုံးမလို့လဲ "

" အပြင်မှာ လုပ်စရာလေး နည်းနည်းကျန်နေသေးလို့ ပြန်ထွက်တာ "

" တအားနောက်မကျစေနဲ့အုံး "

" ဟုတ်ကဲ့ အဘိုး၊ ကျွန်တော် သွားလိုက်ပါအုံးမယ် "

" အင်း "

တိုက်, မှာထားတဲ့ ပန်းစည်းလေးကို မှာထားတဲ့ အတိုင်း ရမရဆိုတာကို သေချာ သိချင်တာကြောင့်
အိမ်ကနေ နောက်တစ်ခေါက် ပြန်ထွက်လာခဲ့တာပဲ
ဖြစ်သည်။

ဟိုရောက်တော့လည်း လိုချင်တဲ့အတိုင်း ပန်းစည်းလေးကို ရပါသည်။တိုက်,လိုချင်တဲ့ အရောင်တိုင်းရသည်မို့... ကျေနပ်သော စိတ်ဖြင့် အိမ်ကိုပြန်လာခဲ့သည်။

နောက်ဆုံးမှ မှာမိသွားတဲ့ ပန်းအစစ်ပန်းစည်းလေးကလည်း အဆင်ပြေ၊စိတ်တိုင်းကျစွာနဲ့ ရလိုက်သည်မို့... မနက်ဖြန်အတွက် အားလုံး အဆင်သင့်ဖြစ်သွားခဲ့လေပြီ။

တိုက်, အိမ်ပြန်ရောက်တော့ သူမက အိပ်ပျော်နေပြီလေ။အိပ်နေသော သူမ၏ဘေးမှာ ဝင်လှဲလိုက်ရင်း
မနက်ဖြန်ကျရင် ပျော်နေမယ့်... သူမပုံစံလေးကို
မြင်ယောင်ကြည့်မိတော့... တိုက်,၏ နူတ်ခမ်းအစုံက ကွေးညွတ်သွားလေ၏။
.............

" ဟင်... ဦးလေးကြီး ဘယ်အချိန်ရှိနေပြီလဲ။နိုးနေရင်လည်း နိုးတာ မဟုတ်ဘူး "

တခေတ် အိပ်ရာကနေ နိုးလာတော့...
ဦးလေးကြီးသည် မင်္ဂလာပွဲသွားဖို့ အဝတ်စားများပင် လဲပြီးနေပြီ။နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီပင် ထိုးတော့မည်မို့... တခေတ် အိပ်ရာထဲကနေယအမြန်ထရင်းကနေ ပြောတော့...

" ချာတိတ် အိပ်မဝဆိုးလို့ မနိုးတာ။ပြီးတော့ မနက်ငါးနာရီလေ မင်္ဂလာဦးဆွမ်းကပ်တာက၊ကိုယ်က နိုးပေမဲ့ ချာတိတ် က မနိုးသေးဘူးလေ။နိုးလိုက်ရင် ရပေမဲ့ အိပ်နေတာကို မနိုးရက်လို့ "

" အဲ့လိုဆိုတိုင်း မနိုးဘဲနရေလား။ဆကျနဲ့အဈကျိုယံတော့ ဦးလေးကြီးကြောင့် တခေတ် ကို စိတ်ဆိုးမေတော့မှာပဲ "

" မဆိုးပါဘူး။ကိုယ်က ချာတိတ် အိပ်နေတာကို မနိုးချင်လို့ အိမ်မှာ အိပျစခေဲ့တယျဆိုတာကျို ဆက်တို့ကို
နားလည်အောင် ပြောထားခဲ့ပါတယ်။ပြီးတော့ အဘိုးနဲ့ ကိုယ်က ဘုန်းဘုန်းတွေ ဆွမ်းကပ်ပြီးတဲ့ အထိ
နေပြီးမှ ပြန်လာခဲ့တာပါ "

" အဲ့လိုဆိုရင် ဘာလို့ ဒီဝတ်စုံဝတ်ဖို့ ဝယ်ပေးနေသေးတာလဲ။သူများက လှလှလေး ဝတ်ပြီး၊သူတို့
မင်္ဂလာပွဲကို ဂုဏျပွုပေးခငြျတာကျို... "

" ဆွမ်းပဲကပ်ပြီးသေးတာလေ။နောက်ထပ် ဧည့်ခံပွဲတစ်ခု ကျန်သေးတယ်လေ။အဲ့ပွဲအတွက် ချာတိတ် က မသွားမဖြစ်သွားရမှာ။အခုတောင် အချိန်သိပ်မကျန်တော့ဘူး။မြန်မြန် ပြင်ဆင်မှ မှီလိမ့်မယ် "

" နောက်တစ်ပွဲ ကျန်သေးတာလား။ဆွမ်းပဲကပ်တာ
မဟုတ်ဘူးလား "

" အင်း ကျန်သေးတယ်။အဲ့ဒါကြောင့် မြန်မြန် လုပ် "

" ပြီးရော... "

" အဟင်း "

အိပ်ရာထစ မျက်နှာလေးက ကြည်လင်နေပေမဲ့...
နူတ်ခမ်းလေးကတော့ သူမကို မနိုးတာကျို သိပ်မကျေနပ်သည်မို့... စူထော်ထော်လေး ဖြစ်နေ၏။

ချစ်ရတဲ့ သူမ ဘာလုပ်လုပ် လက်ကလေး လှုပ်ရှားနေတာကအစ တိုက်,မျက်လုံးထဲမှာ ကွညျ့လျို့ကောငျးနသေညျ။

သူမ မျက်နှာသစ်ပြီး၊မှန်တင်ခုံရှေ့ ထိုင်လိုက်တာနဲ့...

" ဦးလေးကြီး အခန်းအပြင်ထွက်လေ၊သူများ အလှပြင်တော့မှာ မတွေ့ဘူးလား။ဘာထိုင်ကြည့်နေတာလဲ "

" ကိုယ် က အခန်းထဲက ထွက်ရအုံးမှာလား "

" မထွက်လို့ ဘာလုပ်မလို့လဲ... သူများကို အနှောက်အယှက်ဖြစ်အောင် ထိုင်နေမလို့လား... "

" ဆောရီး ကိုယ် အပြင်က စောင့်နေမယ်။ပြီးရင်
ထွက်လာခဲ့လိုက် "

" အင်း "

တိုက်, အခန်းထဲကနေ အမြန်ထွက်လာခဲ့လိုက်ရသည်။မဟုတ်ရင် စူထော်နေတဲ့ သူမ နူတ်ခမ်းလေးက ကိုယ့်အတွက် အန္တရာယ်များလွန်သည်။

တခေတ်, ဦးလေးကြီး အခန်းထဲကနေ ထွက်သွားချိန်မှာပဲ မိတ်ကပ်ကို မြန်ဆန်စွာ ပြင်ဆင်လိုက်သည်။တခေတ် က အသားညိုသူမို့ မိတျကပျကျို
သိပ်တော့ မပြင်ပါဘူး။

ညှပ်ထားလို့ ဂုတ်ဝဲလေးဖြစ်နေတဲ့ ဆံပင်တိုလေးကိုလည်း ဒီတိုင်းလေးပဲ ထား ထားလိုက်သည်။မိတ်ကပ်ရော ဆံပင်ရောပြီးတာနဲ့ ဝတ်စုံလေးကို လဲဝတ်လိုက်သည်။

" ပြီးပြီ သွားမယ် "

".................."

" ဦးလေးကြီး မျက်လုံးကျွတ်ကျအုံးမယ် ကြည့်နေတာ။လူမမြင်ဖူးဘူးလား... "

တခေတ် အခန်းထဲကနေ ထွက်လာတာကို ဦးလေးကြီး က မျက်တောင်မခတ်တမ်း ကြည့်နေတာမို့...
ပြောလိုက်တဲ့ အခါ...

" လူတော့ မြင်ဖူးတာပေါ့။မိုးပေါ်ကနေ ကျလာတဲ့
နတ်သမီးလေးကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာ "

ဦးလေးကြီးစကားကို ကျေနပ်မိသော်လည်း တခေတ်သည် အိပ်ရာမနိုးတာကို နည်းနည်းလေး မကျေမနပ်ဖြစ်နေသေးတာမို့...

" အပိုစကားတွေ ပြောမနေဘဲနဲ့ ကားကိုသာ မြန်မြန် မောင်းဖို့ လုပ်၊အချိန်က နောက်ကျနေပြီ "

" အမိန့်တိုင်းပါ ဗျ " ဦးလေးကြီး က ပြုံးချိုနေတဲ့ မျက်နှာနဲ့ ပြောသလို... တခေတ် လက်ကိုလည်းကိုင်ပြီး ကားဆီကို ခေါ်သွားခဲ့သည်။

ကားတံခါးကိုပါ ဖွင့်ပေးတဲ့ ဦးလေးကြီး က ကားခါးပတ်ကိုပါ ဂရုတစိုက်နဲ့ ပတ်ပေးသေးသည်။

" ဟင်... ဘာလုပ်တာလဲ သူများ အလှပြင်ထားတာ
ပျက်ကုန်တော့မှာပဲ "

ခါးပတ်ပေးပြီး လူကို အနမ်းသူခိုး လုပ်တဲ့ ဦးလေးကြီး။

" နူတ်ခမ်းလေးကို ထိရုံလေးနမ်းတာပါ။အလှမပျက်ပါဘူး "

" ကားမောင်းတော့... "

" အင်း နူတ်ခမ်း ဆူမထားနဲ့လေ အလှပျက်မယ် "

" နူတ်ခမ်းဆူလို့ အလှမပျက်ဘူး။ဦးလေးကြီး နမ်းလို့ပဲ အလှပျက်မှာ "

" အဟင်း ကိုယ် မနမ်းတော့ပါဘူး "

" ကိုယ့်စကား ကိုယ် တည် "

" အင်း တည်ပါတယ်။ညကျတော့မှပဲ အတိုးနဲ့ နမ်းမယ် "

" ဦးလေးကြီး! "

" အဟင်း "

သူမ၏ အော်သံလေးက ကိုယ့်အတွက်တော့ တေးသီကျူးတဲ့ ငှက်ကလေးလိုပင်။ကားထဲမှာ ကိုယ်က
ပြုံးရယ်နေသလောက် သူမကတော့... ပေါက်ကွဲတော့မဲ့ ဗုံးလေးလိုပင်။ထပ်စရင် တကယ်ပေါက်ကွဲနိုင်သည်မို့... စချင်နေတာကို ထိန်းချုပ်ထားရသည်။

..........

" မင်း ဘယ်လိုတောင်ဖြစ်နေတာလဲ ဆက် "

" ကျွန်တော် က ဘာဖြစ်နေလို့လဲ ပြောစမ်းပါ "

" မင်း ဘာဖြစ်နေတယ်ဆိုတာ မင်းဘာသာ မသိဘူးလား "

" မသိလို့ ခင်ဗျား ကို မေးနေတာလေ "


ဘုန်းကြီးကျောင်းထဲမှာ ဧည့်သည်တွေ ဧည့်ခံရတာ
အောလာလို့... အပြင်ခဏထွက်နေတာဖြစ်သည်။ကျောင်းဝင်းထဲမှာလည်း လူတချို့ရှိနေသည်။ယံ,
လက်ကို တကိုင်ကိုင်ဖြစ်နေတဲ့ ဆက်,ကြောင့်...
ဘေးလူတွေလည်းမကြားအောင် ဖယ်ချလည်းမရဖြစ်နေတဲ့ လက်ကို ထပ်ဖယ်ချရင်း ပြောတော့...

" အဲ့ဒါဆို ခင်ဗျားကမှ ဘာဖြစ်နေတာလဲလို့ ကျွန်တော် က မေးရမှာ။ပြောစမ်းပါ၊လက်ထပ်ပွဲနေ့မှာ ကိုယ်ချစ်တဲ့ အမျိုးသားလက်ကို ကိုင်တာပဲ မင်္ဂလာပွဲလာတဲ့ လူတွေကို ဂရုစိုက်နေရအုံးမှာလား "

" လူတွေရှိနေတာကို အနေအထိုင်တော့ ဆင်ခြင်မှပေါ့ကွ "

" အနေအထိုင် ဆင်ခြင်ရအောင် ဘုန်းကြီးကျောင်းမှာ ခိုးပြီး ချိန်းတွေ့နေတာ မဟုတ်ဘူး။ခင်ဗျားကို ကျွန်တော် က တရားဝင် ပိုင်ဆိုင်ပါကြောင်း လူအမြားကျို သက်သေပြချင်လို့... လုပ်နေတဲ့ မင်္ဂလာပွဲ။ဘာကိစ္စနဲ့မှ ခိုးဝှက်ပြီး လုပ်နေစရာမလိုဘူး။အခုဆို ခင်ဗျား က ကျွန်တော့်အပိုင်ဖြစ်လို့ နမ်းချင်ရင်လည်း ဒီလို ပေါ်တင် နမ်းလို့ရတယ် "

" ဆက်... "

ဧည့်သည်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ
ဆက်,က ယံ့,ပါးကို နမ်းလိုက်တာဖြစ်သည်။ယံ,ရှက်လို့မျက်နှာတပြင်လုံး ထူပူသွားရသည်။ယံ,တို့ကို ကြည့်နေတဲ့ ဧည့်သည်တချို့ကတော့... ပြုံးစစမျက်နှာတွေနဲ့ တစ်ဖက်ကို မျက်နှာလွှဲသွားကြသည်။

" ရှက်မနေနဲ့ ချစ်တဲ့သူတွေကြားမှာ အနမ်းဆိုတာက
ပေါင်းကူးတံတားလေးပဲ။မကြာမကြာ ကျွန်တော့်နှလုံးသားလေးက ပေါင်းကူးတံတားလေးပေါ်   လျှောက်လျှောက်မှာမို့လို့... နေသားကျအောင် နေထား "

" လူရှေ့မရှောင်၊သူရှေ့မရှောင်လုပ်လို့ကတော့...
နှလုံးသားဖြစ်ဖြစ် နှလုံးရိုးဖြစ်ဖြစ် ဒီတိုင်းမှာ မဟုတ်ဘူး "

" ဒီတိုင်းမထားလို့ အာဘွား ပေးချင်လည်းရတယ်။ဒီလို ပါးကျို အသင့်ထိုးပေးထားတယ် "

" ဆက်!.. "

ပါးတစ်ဖက်ကိုဖောင်းပြီး၊မျက်နှာရှေ့ထိုးပေးလာတာမို့... ယံ, ထိုပါးဖောင်းဖောင်းလေးကို လက်ညိုးတစ်ချောင်းနဲ့ တွန်းဖယ်ရင်း... ခပ်ကြိတ်ကြိတ် အော်ပစ်လိုက်၏။

" အဖြစ်သည်းတဲ့ ခင်ဗျား။ညရောက်မှ တွေ့မယ် "

" ရှိန်းဆက်မာန်! ဒါ ဘုန်းကြီးကျောင်းဆိုတာ မင်း
ခေါင်းထဲမှာ သိသေးရဲ့လား! "

ယံ,အသံက ခပ်ကြိတ်ကြိတ်ဖြစ်နေသလို...
ရှက်စိတ်ကြောင့် မျက်နှာကလည်း နီနေပြီ။

" သိလို့ပဲ ညရောက်မှ လို့ ပြောနေတာပေါ့။မဟုတ်လို့ကတော့... အခုကတည်းက ခင်ဗျား ကို ပွဲကြမ်းပစ်တာ ကြာပေါ့ "

"  ရှိန်းဆက်မာန်! "

" အား... အား... နာတယ် ခင်ဗျား "

" သတို့သားနှစ်ယောက် ရန်ဖြစ်နေတာလား... အချစ်စမ်းနေတာလား... "

" အား... ပေစောင် သူ့လက်ကို ဖယ်ပေးစမ်းပါ။ငါ
ဗိုက်ခေါက် ပြတ်ထွက်တော့မယ်။အား... "

ဗိုက်ခေါက်ကို ဂဏာန်းလက်မနဲ့ ညှပ်နေသလိုမျိုးကို လိမ်ဆွဲခံနေရတာမို့... ဆက်,သည် အနားရောက်လာတဲ့ တခေတ် ကို စစ်ကူတောင်းရတော့သည်။

" အစ်ကိုယံ,အကြောင်းအရင်း ရှိလို့ နင့်ကို လုပ်တာနေမှာပေါ့။ငါကတော့ အစ်ကိုယံဘက်ကမို့... နင့်ကို မကူနိုင်ဘူး "

" ပေစောင် နင်! အား... ခင်ဗျား.... "

နာနာတစ်ချက် ထပ်လိမ်ဆွဲပြီးမှ လက်ကိုလွှတ်ပေးတာမို့... ဆက်,မှာ စကားမပြောနိုင်တော့သည်အထိ
နာကျင်သွားရသည်။

အကူအညီ မရတဲ့ ရွှေတခေတ်မကတော့...
ဆက်,ကို ပြောင်စပ်စပ်လုပ်ပြပြီး.. ဘုန်းကြီးကျောင်းထဲ ဝင်သွားလေရဲ့...။

ကားနေရာချပြီးမှ သူတို့ဆီလျှောက်လာနေတဲ့
ဘဲကြီးနေတိမ်တိုက်ကလည်း ကိုယ်ခံနေရတာကို
သူ့ဟာလေး တော်တော်သဘောကျနေပုံပင်။ကိုယ့်ကို ကြည့်နေတဲ့ မျက်နှာက ပြုံးဖြီးနေပြီး၊မျက်လုံးတွေကလည်း " အခုကတည်းက ခံနေရပြီလား " ဆိုတဲ့ အကြည့်နဲ့ ကြည့်လာကြောင့်... ဆက်,မျက်နှာက အလိုမကျဖြစ်သွားသည်။အဲ့နောက် မျက်လုံးအကြည့်ဖြင့် တန်ပြန်တိုက်စစ်ဆင်လိုက်သည်။

" ကိုယ့်ဟာလေးသာ ကိုယ် နိုင်အောင်လုပ်စမ်းပါ။သူများကို လှောင်မနေစမ်းပါနဲ့ "

တိုက်,ရှေ့က ကောင်လေးရဲ့ အကြည့်တွေကို နားလည်သည်မို့.. ပြုံးလိုက်ရင်း...

" ငါလည်း မင်းလိုပဲ မကြာခင် ပိုငျတော့မှာပါကှ။မကြျနှာမှုနျကုတျနတောကျို လျော့အုံးကွ။ဘုန်းကြီးကျောင်းရောက်နေတာ။ရန်သတ်ပွဲထဲ ရောက်နေတာ မဟုတ်ဘူး "

" သူများကို ပြောမနေဘဲနဲ့... ကျောင်းထဲ မြန်မြန်သွားပြီး ကိုယ့်ကိစ္စသာ အကောင်အထည် ဖော်စမ်းပါနဲ့။နေကပူလာနေပြီ၊ဒီအင်္ကျီတွေကို ချွတ်ချင်နေပြီ "

စိတ်မရှည်သလိုပြောလာတဲ့ ရှိန်းဆက်မာန်ကို ကြည့်ရတာ ဝတ်ထားတဲ့ ကိုယ်ပေါ်က လည်ကတုံလက်ရှည်အင်္ကျီနဲ့ ပုဆိုးက လူနဲ့  သိပ်အစေးကပ်ပုံမရပေ။

တိုက်, ဆက်,ကို ဘာမှ ထပ်မပြောတော့ဘဲ ကျောင်းထဲကိုသွားလိုက်သည်။အားလုံးချိန်ညှိထားတာမို့...
ထွန်းလင်းယံသာနှင့် ရှိန်းဆက်မာန်ကလည်း နောက်ကနေ လိုက်ဝင်လာကြသည်။

" မေမေနဲ့ အငယ်လေးတွေပါ ရှိနေတာလား "

တခေတ် ကျောင်းထဲရောက်လာတော့... အဘိုးအပြင် မေမေနှင့် အငယ်လေးတွေကိုပါ တွေ့လိုက်ရသည်။

" ဟုတ်တယ် သမီး။အစက တရားနာပြီးကတည်းက ပြန်မလို့ပဲ သားတျိုကျနဲ့ သားယံတို့က အားလုံးပြီးမှ ပြမ်ရမယ်ဆိုလို့လေ... မေမေတို့ မပြန်သေးတာ "

တခေတ် ထိုင်ဖို့ နေရာကို မေမေရှိနေတာမို့... တခြားရွေးမနေတော့ဘဲ... မေမေ့ဘေးဆီကိုသာ သွားထိုင်လိုက်သည်။

" ချာတိတ် "

တခေတ် မေမေ့အနားကို သွားနေရင်းက...
နောက်ကနေ ဦးလေးကြီး၏ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။

" ဘာလဲ ပြောလေ "

လူကို ခေါ်ပြီးတော့ ဘာမှမပြောဘဲ ပြုံးကြီးကြီးနဲ့
ကြည့်နေတာမို့... ဦးလေးကြီးကို မျက်မှောင်လေးကျုံ့ကြည့်ပြီး ပြောတော့...

" ကိုယ့်လက်ကို မလွတ်တမ်းဆုပ်ကိုင်ပြီး၊အနာဂတ်ကို အတူတူပုံဖော်ပြီး... နိဗ္ဗာန်အထိအတူသွားဖို့ ယုံကြည်ချက်ရှိလား... ချာတိတ် "

ဦးလေးကြီး ရုတ်တရက်ကြီး မေးလာတဲ့ စကားတွေက တခေတ်အတွက် အလွန်ထူးဆန်းနေ၏။ဘာဖြေလို့ ဖြေရမှန်းမသိရတော့တဲ့အထိကို အတွေးများသွားရတဲ့ အခိုက်အတန့်လေးပါပဲ။

" ချာတိတ် က ကိုယ့်မေးခွန်းကို ဖြေရခက်နေပေမဲ့...
ကိုယ်ကတော့ ချာတိတ်နဲ့အတူ နိဗ္ဗာန်အထိ သွားဖို့
ယုံကြည်ချက် အပြည့်ရှိတယ်။ပြီးတော့... မနကျဖွနျဆျိုတဲ့ အနာဂတ်ကို ပုံဖော်ဖို့လည်း အသင့်ဖြစ်နေပြီ "
" ဦးလေးကြီး ဘာတွေပြောနေတာလဲ။ တခေတ် နားမလည်တော့ဘူး "

" ဦးလေးကြီး... ဘာလုပ်တာလဲ "

တခေတ်ရှေ့မှာ ဒူးထောက်ပြီး ထိုင်ချလိုက်တဲ့
ဦးလေးကြီး။

" ဒီနေ့ ဒီအချိန် ဒီနေရာလေးမှာပဲ ကိုယ့်ကို လက်ထပ်ခွင့်ပေးနိုင်မလား... ချာတိတ် "

" ဦးလေးကြီး... "

တခေတ်, အံ့သြတာရော၊ပျော်တာရော၊ရင်ခုန်တာရောအပြင် ကြားနေမြင်နေရတာတွေကို ယုံကိုမယုံနိုင်သေးတာမို့... ပါးစပ်အဟောင်းသားလေးနဲ့ စကားဆက်မပြောနိုင် ဖြစ်နေရသည်။

ကိုယ့်ကိုယ်ကိုယ်လည်း အိပ်မက်များ မက်နေသလားသလို့ပင် ထင်မိ၏။

အင်္ကျီအိပ်ထဲကနေ ထုတ်ယူပြီး၊တခေတ်ရှေ့ဆီမှာ
လက်ထပ်ခွင့်တောင်းတဲ့... ခရမ်းရောင်ကျောက်လေးကို စိန်ပွင့်လေးတွေ ခြယ်ထားတဲ့ လက်စွပ်လေးကို ကြည့်မိတော့... ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုတာ သိလိုက်သည်။

နူတ်ကသာ ဘာစကားမှ ထွက်မလာတာ....
နှလုံးသားနှင့်ဆက်နွယ်နေတဲ့ မျက်ဝန်းတွေဆီကတော့... ဝမ်းသာ၊ကြည်နူးမျက်ရည်တွေ တလိမ့်လိမ့်နဲ့ စီးကျလာလေသည်။

" ကိုယ့်ကို မင်းရဲ့ သတို့သားအဖြစ် လက်ခံပေးမလား... ချာတိတ် "

အပျော်မျက်ရည်တွေနဲ့ တခေတ်မှာ ခေါင်းသာ ငြိမ့်ပြနိုင်တော့သည်။

တိုက်,ကိုယ်ရဲ့ စွာတေးမလေးက ဒီတစ်ခါတော့ စကားတောင် မပြောနိုင်တဲ့အထိ ဝမ်းသာပုံရသွားမို့... ကိုယ်တိုင်လည်း သူမပျော်နေတာလေးကို ကြည့်ပြီး ကြည်နူးရပါသည်။

သူမ၏ လက်ခလယ်လေးဆီ လက်ထပ် လက်စွပ်ဝတ်ပေးနေချိန် ကိုယ့်ရင်ခုန်သံက အဆမတန်မြည်ဟီးနေ၏။ရင်လည်းခုန် လက်လည်းတုန်နေတာမို့...
တိုက်,မှာ လက်စွပ်ကို မနည်းဝတ်ပေးရသည်။

" ဟင့် ဟင့်ဟင့် "

လက်စွပ်ဝတ်ပေးပြီး ချိန်မှာတော့...
ကိုယ့်စွာတေးလေး က ကိုယ်လေး သိမ့်သိမ့်တုန်သည်အထိ ရှိူက်ငိုပါတော့သည်။

တိုက်,လက်နှစ်ဖက်နှင့် သူမ၏ မျက်နှာလေးကို မော့ယူပြီး... မျက်ရည်တွေကို လက်ချောင်းလေးတွေနဲ့ ဖယျရှားပေးလျိုကျသညျ။

" မငိုနဲ့လေ... ဒီနေ့က အပြုံးတွေနဲ့ ပျော်ရမယ့် နေလေ "

ကိုယ့်ရဲ့ အဖြူရောင်သတို့သမီးလေး...
ခေါင်းငြိမ့်ပြတာကလွဲပြီး ဘာမှမပြောနိုင်ဖြစ်နေတာလေးကို တိုက်,အတွက် အသည်းယားစရာလေးဖြစ်နေသည်။

" ကိုယ်တို့ မိဘတွေနဲ့ ဧည့်သည်တွေ ကောင်းချီးပေးတာ ခံယူရအုံးမယ်လေ။ငိုနေရင် ဘာမှ လုပ်လို့မရဘူးလေ "

" အင်း "

" မမအတွက် " ဟု ဆိုကာ... ခရမ်းရောင် နှင်းဆီတစ်ပွင့်ကို အဖြူရောင်နှင်းဆီတွေ ခြံရံထားတဲ့...
သတို့သမီးလက်ကိုင် ပန်းစည်းလေးကို တခေတ်ရဲ့ ညီမလေးငယ်က လာပေးတာပဲ ဖြစ်သည်။

ပန်းစည်းလေးကို ယူရင်း... ဝမ်းသာမျက်ဝန်းတွေနှင့် ဦးလေးကြီး ကို ပြုံးပြမိသည်။

အငိုတိတ်သွားတဲ့ သူမကို နဖူးထက် အနမျးတဈပှငျ့ကျို မြတ်နိုးစွာဖြင့် ခြွေပြီး...

" ကိုယ့်လက်ကို တွဲ "

ပြောတဲ့အတိုင်း သူမက,ကိုယ့်လက်မောင်းကို တွဲလာသည်။

အဲ့နောက် ဆရာတော်ဘုရားတို့နှင့် အဘိုး၊ချာတိတ်အမေတို့ကို ကန်တော့ဖို့... နှစ်ယောက်အတူ လက်ချင်းတွဲကာ... လျှောက်သွားလိုက်သည်။ထိုအချိန်မှာပဲ အသစ်စက်စက် သတို့သားမောင်နှံတို့က ငွေဖလားနှစ်ခုဖြင့် အပြည့်ထည့်ထားသော... ရောင်စုံ
နှင်းဆီပွင့်တွေ ကျဲပတ်ပေးလာသည်။

ကျောင်းထဲရှိ နှစ်မိဘနှင့် ဧည့်သည်တွေ အားလုံး၏
မျက်နှာတို့၌ အပြုံးကိုယ်ဆီ ရှိနေကြသလို....

သတို့သားနှင့် သတို့သမိီးတို့၏ မျက်နှာထက်၌လည်း ဖော်ပြနိုင်သော... ကြည်နူးမှုတွေက
အထင်းသားပါပင်။

မထင်မှတ်စွာနဲ့ ဆုံတွေ့ခဲ့ရတဲ့ သူမဟာ...
ကိုယ့်ဘဝပုံအပ်ပေးချင်လောက်တဲ့ အထိ အရေးပါလိမ့်မယ်လို့ မထင်ခဲ့မိတာ အမှန်ပါ။

အခုတော့ ဆုပ်ကိုင်ထားတဲ့ ကိုယ့်ဘေးက သူမလက်ကလေးကို တင်းသထက်တင်းနေအောင် ဆုပ်ကိုင်ရင်း... သူမနှင့်အတူ လှပတဲ့ အနာဂတ်ကို ပုံဖော်ပေတော့မည်။

ကိုယ့်ရဲ့ ရင်ခုန်ခြင်းရဲ့အဓိပ္ပါယ်က ဘာလဲလို့ မေးခဲ့ရင် သူမပါပဲ။သူမ၏ အပြုံး၊သူမ၏ ပျော်ရွှခြင်း၊
ရယ်မောခြင်းတွေက ကိုယ့်ရဲ့ရင်ခုန်ခြင်းပါပဲ။

မြင်မြင်ချင်း အချစ်ဆိုသည့်အတိုင်း စတွေ့ကတည်းက ကိုယ့်စိတ်အာရုံထဲ ဝင်ရောက်နေခဲ့တဲ့
သူက ကိုယ့်အပိုင်ဖြစ်လာလိမ့်မယ်လို့ကိုတောင်
မထင်ခဲ့မိတာ။

အခုတော့ ထိုလူက ကိုယ့်အပိုင်ဖြစ်လာတော့...
ရင်ထဲက အပျော်က ဘာနဲ့မှ နှိုင်းပြလို့ပင်မရတော့။
ဘဝမှာ အပျော်ဆုံး နေ့ကိုပြပါဆိုရင် အဲ့ဒီနေ့ကတော့...

သူ့ကို တရားဝင် ပိုင်ဆိုင်ခွင့်ရပြီး၊သူ့လက်ကို တရားဝင် တွဲကိုင်ခွင့်ရတဲ့ ဒီနေ့ပါပဲ။

နောက်ထပ်သော နေ့တွေကိုလည်း ချစ်ရတဲ့ သူနှင့်အတူ ဖြတ်သန်းရတော့မည်မို့... နောက်နေ့တွေသည်လည်း တခေတ်အတွက် အပျော်ဆုံးသော
နေ့တွေဖြစ်အုံးမှာပါပဲ။

ပြီးပါပြီ။

အစကနေ အဆုံးထိ စောင်ဖတ်လာပေးတဲ့ စာဖတ်သူတွေ အားလုံးကို ရာ,က ကျေးဇူးများစွာတင်ပါတယ် ရှင်။ ပေါ့ပေါ့ပါးပါးလေးရေးထားတာမို့...
ဖတ်ရတာလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်အမေပြေကြမယ်လို့ ထင်ပါတယ်။တေးတို့ကိုလည်း တစ်ရက်ခြား ပုံမှန် ပြန်တင်ပေးသွားပါမယ်။

ဂရုထဲ Share လေးလုပ်ပေးသွားနော်။

#SunshineRa

မောင် အကောင့်သစ်၊Pageမှာ စာတင်နေပါတယ်။တေးတို့ရောပါပဲ။ကိုးအမရာမောင်
ACC&Pageများမှာ စာမတင်ပါဘူး။တင်ရတာ အဆင်မပြေလို့ပါနော်


Pageအသစ်ပါ။



အကောင့်သစ်ပါ။

Continue Reading

You'll Also Like

801K 25.9K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.5M 32.8K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
403K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ