ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်
အခန်း (၃၆)
" ဗိုက်ဆာနေပြီလား "
" ဟင့်အင်း "
" ဒါဆို ကိုယ်တို့ ဆိုင်ကို အရင်သွားလိုက်မယ်။ဆကအတို့လည်း စောင့်နေတာဆိုတော့... ဆိုင်မှာ ဝယ်ပြီးတော့မှ နေ့လည်စာ စားကြတာပေါ့ "
"................ "
ကားအပြင်ဘက်ကို မျက်နှာလွှဲကာ... နူတ်ဆိတ်နေတဲ့ သူမ။
" ဘာ ဘာလုပ်တာလဲ... "
ကားမောင်းနေရင်းက တခေတ်ရဲ့ လက်တစ်ဖက်ကို
လာကိုင်တဲ့ ဦးလေးကြီး။
" ချာတိတ် လက်ကလေး ကိုင်ထားချင်လို့ "
" သေချင်နေတာလား... အဲ့ဒါဆိုလည်း တခေတ်
ကားပေါ်မပါတဲ့ အချိန်ကျမှ ကားကို လမ်းဘေးချောက်ထဲ မောင်းချလိုက်၊အခုတော့ တခေတ် လက်ကို လွှတ်။ငယ်ငယ်လေးနဲ့ မသေချင်သေးဘူး "
သူမစကားကြောင့် တိုက်,ပြုံးမိ၏။
" ချာတိတ်နဲ့ မင်္ဂလာပွဲတောင် မလုပ်ရသေးတာ ကိုယ်လည်း မသေချင်ပါဘူး "
စကားဆုံးတော့ သူမဆီကနေ မျက်စောင်းလေးတစ်ချက်က ဒိုင်းခနဲ ရောက်လာခဲ့သည်။
" သေချင်တာပဲ ဖြစ်ဖြစ်၊မသေချင်တာပဲ ဖြစ်ဖြစ်
တခေတ် လက်ကိုလွှတ်ပြီး ကားကိုသေချာ မောင်း။ မသေချင်ဘူး "
" ကိုယ်နဲ့ သွားတဲ့ ဘယ်လမ်းခရီးဖြစ်ဖြစ်၊ချာတိတ် အပေါ်ကို ဘယ်လို အန္တရာယ်မှ မကျရောက်စေရဘူး "
" စောင့်ကြည့်ရတာပေါ့ "
" စောင့်ကြည့်ပါ ချာတိတ် ကိုယ့်ကို စိတ်မပျက်စေရပါဘူး "
အဲ့နောက် နှစ်ယောက်က စကားသံတွေ တိတ်ဆိတ်သွားခဲ့သည်က ဆက်တို့နဲ့ ချိန်းဆိုထားတဲ့ ဆိုင်ထဲရောက်တဲ့ အထိပင်။
........
" ရောက်နေတာ ကြာပြီလား "
" မကြာသေးပါဘူး။ကျွန်တော်တို့အတွက် ဝတ်စုံက ဝတ်ကြည့်ပြီးသွားပြီ၊ဘဲကြီးတို့ ဝတ်စုံပဲ ကျန်တော့တယ်။ဝတ်ကြည့်လိုက်အုံး။အဆင်မပြေရင် တစ်ခါတည်း ပြင်ခိုင်းလို့ရအောင် "
" အင်း "
" ချာတိတ် လာလေ... ဝတ်စုံ ဝတ်ကြည့်ရမယ်လေ "
မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့ ရပ်နေတဲ့ သူမကို အဝတ်လဲခန်းဆီသွားဖို့... အနားသွားပြီး လက်ကနေ ဆွဲခေါ်ရသည်။
ကိုယ်က အဲ့လိုခေါ်တော့... အဆင်ပြေလို့ ချစ်ကြည်နူးပြီး၊တစ်တစ်တူးနေတဲ့ ဟိုစုံတွဲက ပြုံးစိစိတွေနဲ့
ကြည့်နေကြသည်။
ဒီကြားထဲ ရှိန်းဆက်မာန်ဆိုတဲ့ ကောင်က ကျွန်တော့်ကို မှီဖို့လိုသေးတယ် ဘဲကြီးဆိုတဲ့ အကြည့်နဲ့ကြည့်လာသေးတာမို့... ကိုယ့်မှာ ရင်ခံရသေးသည်။
" ဘာရပ်နေတာလဲ သွားတော့လေ "
အဝတ်ခန်းထဲ တခေတ် ဝင်နေပြီးတာတောင် မသွားသေးဘဲ အခန်းရှေ့မှာ ရပ်နေသေးတဲ့ ဦးလေးကြီး။
" ချာတိတ် အဆင်မပြေမှာဆိုးလို့ အပြင်ကနေ ရပ်စောင့်နေမလို့ပါ "
" အဆင်မပြေရင် ဦးလေးကြီး က ဝတ်ပေးမလို့လား။ဒီမှာ ကူဝတ်ပေးမယ့် ဆိုင်က ဝန်ထမ်းအစ်မတွေရှိတယ်။အပိုတွေ လုပ်မနေဘဲနဲ့ ကိုယ့်ဝတ်စုံသာ ကိုယ့်ဘာသာ သွားဝတ် "
လူကို အော်ငေါက်ပြီး အဝတ်လဲခန်းထဲဝင်သွားတဲ့
သူမ။တကယ့်မလွယ်ကြောလေးပဲ။ဒီပုံတိုင်းဆို မနက်ဖြန်ပွဲမှာလည်း ကောက်စိန်လေးဖြစ်နေတော့မှာ မြင်ယောင်မိသေးတယ်။
" အပြောကြီးတဲ့ ဘဲကြီး ပြောတော့ အဆင်ပြေကာတယ်ဆို... အခုကျတော့ အဟောက်ခံနေရပါလား "
" အဟင်း အပြောကြီးတယ်တဲ့လား။ဆိုးတာလေးက
ချစ်ဖို့ကောင်းနေလို့ အလိုလိုက်ပေးထားရုံလေးပဲ "
" အခုထိ အဆင်မပြေသေးတာတောင် အပြောကတော့ မလျော့ဘူးဘဲ။ဘဲကြီး က လေကြီးချက် "
" ငါ က လေပဲကြီးတတ်တာလားဆိုတာ မင်း စောင့်ကြည့်နေလိုက် အိုကေ "
" အိုကေ "
တိုက်, ဆက်ဆိုတဲ့ ချာတိတ်ကို မျက်လုံး တစ်မှိတ်ပြပြီး အဝတ်လဲရန် ယောက်ျားလေး အဝတ်လဲခန်းထဲ
ဝင်လာခဲ့လိုက်သည်။
" ညီမလေးက ဝတ်စုံလေးနဲ့ အရမ်းလိုက်တာပဲ။အပြင်က အစ်ကိုတွေ မြင်ရင် သဘောကျမယ်ထင်တယ် "
" အင်း ဟုတ်တယ် "
အဖြူခံပေါ်မှာ ခရမ်းနဲ့ငွေချည် ချိတ်လိုင်းလေးတွေ
ဖောက်ထားတဲ့ ချိတ်ဝမ်းဆက်လေးက တခေတ်ရဲ့ ကိုယ်ပေါ်မှာ ချပ်ရပ်စွာနဲ့ နေရာယူထားသည်က လိုက်ဖက်သည်လို့... တခေတ်ကိုယ်တိုင်လည်း ထင်မိပါ၏။
" ညီမလေး အပြင်ထွက်ကို ထွက်ပြလိုက်ပါလား "
" အင်း "
တခေတ် ဆိုင်ဝန်ထမ်းအစ်မ ဖွင့်ပေးတဲ့ တံခါးကနေ
အပြင်ကို ထွက်လိုက်သည်။
" ဝါး... အစ်ကို့ ညီမက တကယ့်အလှလေးပဲ "
" ဒါတော့ ထောက်ခံတယ်။ပေစောင် နင် တကယ်လှတယ် "
" အဟင်း "
တခေတ် အပြင်ထွက်လာတာနဲ့ အစ်ကိုယံ က လှကြောင်း ချီးမွမ်းသလို... ဆက်ကလည်း လက်မနှစ်ခုထောင်ပြီး၊အစ်ကိုယံ ပြောတာကို ထောက်ခံသည်။
ဦးလေးကြီးကတော့ တခေတ် ကို မျက်တောင်ခတ်ဖို့ မေ့လျောနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေလေရဲ့။
" ဦးလေးကြီး တခေတ် မျက်နှာမှာ ဘာပေနေလို့လဲ
စိုက်ကြည့်နေတာ "
ကိုယ့်အတွက် အဝတ်အစားဝတ်ကြည့်ပြီးလို့...
ဝတ်လာတဲ့ အဝတ်အစား ပြန်လဲပြီး ထွက်လာတော့... အဖြူရောင်ဝတ်စုံလေးနဲ့ လှနေတဲ့ သူမကို
သတိလက်လွတ်နဲ့ ကြည့်နေမိတာ။
သူမက ပြောလာတော့... ကိုယ် ကြည့်နေတာ လူမိသွားတာကြောင့် နည်းနည်းတော့ ရှိုးတိုးရှန့်တန့်ဖြစ်သွားရ၏။
" ဦးလေးကြီး "
" ဟင်... "
" ဘာလို့ ကြည့်နေတာလဲလို့ မေးနေတယ်လေ "
" ချာတိတ် က တအားလှနေလို့ "
" အပိုတွေ " ဟု ဆိုပြီး မျက်စောင်းလှလှလေးပါ
အဆစ်ပေးလာပြန်တဲ့ သူမ။
" မပိုပါဘူး။ကိုယ့်မိန်းမ ချာတိတ်လေး က တကယ်ကို လှနေတာ "
" ဦးလေးကြီး နေတော့ ကောင်းတယ်မလား "
" ကိုယ်လား... နေကာင်းတာပေါ့။ဘာလို့ မေးရတာလဲ "
" စကားအဆန်းတွေ ပြောနေလို့လေ "
" စကားအဆန်းတွေ ပြောနေတာ မဟုတ်ပါဘူး။တကယ်လှလို့ လှကြောင်းပြောတာပါ။ပြီးတော့...
ဒီလိုလေးလည်း... "
" ဦးလေးကြီး! "
" သိပ်လှနေတဲ့ နူတ်ခမ်းလေးကလည်း နမ်းချင်အောင် ဖြားယောင်းနေလို့ "
မချိုမချဥ်မျက်နှာပေးနဲ့ တခေတ်အနား ကိုယ်ကိုကိုင်းပြီး ပြောလာတဲ့ ဦးလေးကြီး။တခေတ် စိတ်တိုတာထက်၊ဆက်နဲ့ အစ်ကိုယံအရှေ့မှာ အနမ်းခံရတာကို ရှက်မိတာကြောင့်... ရှက်ကြောပြတ်နေတဲ့ ဦးလေးကြီး၏ ခြေထောက်ကို ဆောင့်နင်းချပစ်လိုက်၏။
" အား.... ချာတိတ် "
" ဟား ဟားဟား... "
" ဆက် သူများကို မရယ်နဲ့လေကွာ "
ယံမှာ ရှက်နေတဲ့ ညီမတခေတ်နဲ့ ခြေထောက်အနင်းခံရလို့ နာနေတဲ့ အစ်ကိုနေတိမ်တိုက် ကို ကြည့်ပြီး အသံကျယ်ကြီးနဲ့ ဆက်က ရယ်နေတာကို...
အားနာတာကြောင့် မရယ်ဖို့ တားရ၏။
" သူတို့နှစ်ယောက် က ကြွက်နဲ့ကြောင်အတွဲပဲ "
ဆက်ရဲ့ နှစ်ကိုယ်ကြားစကားကြောင့် ယံ,ရယ်မိ၏။
" အားလုံး ကြည့်ပြီးပြီမလား။အင်္ကျီပြန်လဲတော့မယ် "
တခေတ် ခြေထောက်နာနေတာတောင့် မချိုမချဥ်ရုပ်နဲ့ ကြည့်နေတဲ့ ဦးလေးကြီး ကို အမြင်ကပ်စွာနဲ့
မျက်စောင်းပစ်ထိုးပြီး အဝတ်လဲခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။
" ဘဲကြီး ဒီပုံတိုင်းဆို မင်္ဂလာဆောင်ပြီးတဲ့ မင်္ဂလာဦးညကျရင် အိပ်ခန်းထဲတောင် ဝင်ခွင့်ရပါ့မလား "
တိုက်, ရှိန်ဆက်မာန်၏ စကားကြောင့် နူတ်ခမ်းတစ်ဖက်ကို တွန့်၍ ပြုံးလိုက်ပြီး...
" မင်း က ငါ့ကို အထင်သေးနေတာပဲ။တရားဝင် မင်္ဂလာပွဲသာ မလုပ်ရသေးတာ။ငါတို့က စာချုပ်နဲ့ တရားဝင် လက်ထပ်ထားတဲ့ စုံတွဲတွေ။အဲ့လောက်ဆိုရင် မင်း သဘောပေါက် "
" မဟုတ်မှ ဘဲကြီး... ကျွန်တော့်သူငယ်ချင်းနဲ့... "
မင်း ထင်နေတာ ဟုတ်တယ်ဆိုတဲ့ ဘဲကြီး၏ အကြည့်ကြောင့် ဆက်,မှာ တကယ်မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်ပြီး၊ခေါင်းကိုသာ ခါယမ်းပစ်လိုက်၏။
" အစ်ကိုတိုက် ဝတ်စုံတွေက အကုန်အဆင်ပြေပြီ၊
အရေးကြီးတာ တစ်ခုပဲ သွားယူဖို့ ရှိတော့တယ်။အဲ့ဒါသွားယူရင် တခေတ် ကို ရော ခေါ်သွားမှာလား "
" ညီတို့ဟာ သွားယူပြီးပြီလား။အစ်ကိုတို့ဟာကိုတော့ အစ်ကိုတစ်ယောက်တည်း သွားယူမှာ "
" ကျွန်တော်တို့က ဒီက ပြန်မှ ဝင်ယူမှာ "
" ဟုတ်လား "
" အင်း၊ အာ့ကြောင့် ကျွန်တော်တို့ အရင်ပြန်နှင့်လို့
ဖြစ်လား... "
" ဖြစ််တယ်လေ။အစ်ကိုလည်း ချာတိတ် ထွက်လာရင် ဒီကနေ ပြန်တော့မှာပဲလေ "
" ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော်တို့ ပြန်နှင့်ပါမယ်။မနက်ဖြန် မင်္ဂလာပွဲရောက်မှပဲ ထပ်တွေ့ပါမယ် "
" အိုကေ "
" ဆက် ငါတို့ သွားကြမယ် "
" အင်း "
" ဆက်တို့က ပြန်တာလား "
ဆက်နဲယံနှစ်ယောက် ဆိုင်ထဲကနေ ထွက်သွားတဲ့
အချိန်မှာပဲ အဝတ်လဲခန်းထဲကနေ ထွက်လာတဲ့ သူမ။
" အင်း သွားပြီ၊ကိုယ်တို့လည်း နေ့လည်စာ သွားစားကြမယ်။ချာတိတ် ဘာစားချင်လဲ "
" ကြေးအိုး "
" ဒါဆို ကြေးအိုး ဆိုင်ပဲ သွားတာပေါ့ "
အဲ့ဒီနောက် သူမ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး
ဆိုင်ထဲကနေ ထွက်လာခဲ့သည်။
ဒီတစ်ခါတော့ ရုန်းတာ၊ဖယ်တာမျိုးမရှိဘဲ အသာတကြည်နဲ့ လိုက်လာသည်။
" ဘာ ဘာလုပ်မလို့လဲ "
ကားပေါ်ရောက်တော့ တခေတ်အနားတိုးကပ်လာတဲ့ ဦးလေးကြီးကြောင့် ထိတ်လန့်သွားရ၏။
တိုက်,မျက်လုံးဝိုင်းတွေနဲ့ ကိုယ့်ကိုပြူးကြောင် ကြည့်ပြီး လန့်နေတဲ့ အပြုံးတစ်ပွင့်နဲ့ သူမကိုကြည့်ပြီး...
" ကိုယ် ဘာလုပ်မလို့လဲ ဆိုတာ သိချင်ရင် ခဏ စောင့်ကြည့်ပေါ့ " ဆိုကာ တခေတ် အနားအတင်းတိုးကပ်လာတဲ့ ဦးလေးကြီးကြောင့်... တခေတ်မှာ
တဒိန်းဒိန်း ခုန်နေတဲ့ နှလုံးသားနဲ့အတူ ခန္ဓာကိုယ်လေးကို ကျုံ့ထားမိ၏။
ဟင်း...။
ခါးပတ် ပတ်ပေးတာမှန်း သိတော့မှ...
တခေတ်မှာ သက်ပြင်းလေးကို ခိုးချပြီး၊လန့်နေတဲ့
စိတ်က သက်သာရာ ရသွား၏။
တိုက်, ခါးပတ် ပတ်ပေးနေရင်းက ကိုယ့်ရဲ့အနီးကပ်ဆုံးမှာ ရှိနေတဲ့ သူမကို ခိုးကြည့်မိတော့... အသက်ရှုနှုန်းက မြန်ဆန်နေပြီး၊မျက်လုံးတွေက ငြိမ်သက်မနေတာကို တွေ့ရသည်။
ထိုအချင်းအရာကို ကြည့်ပြီး... သူမလည်း ကိုယ့်လိုပဲ ရင်ခုန်နေတယ်ဆိုတာကို သိလိုက်သည်။
အသားဖြူသူမဟုတ်ဘဲနဲ့တောင် ကိုယ့်ရဲ့ ညိုချောမလေးက အနီးကပ်ကြည့်မိတဲ့ အခါတိုင်း... ဆွဲဆောင်ချက်က ပြင်းလွန်း၏။
အခု သူမနှင့် အနီးကပ်ရှိနေချိန်မှာ ကိုယ့်စိတ်က တစ်စုံတစ်ရာကို ပြုမူချင်နေမိသည်။စိတ်အလိုကို
လိုက်ရင် သူမ စိတ်ဆိုးမည်ဆိုတာကို သိပါ၏။သမု့သော် ကိုယ့်စိတ်က ထိန်းချုပ်ထားပေမဲ့ မရတော့သည်။ထို့ကြောင့် တိုက်, စိတ်ကို လွှတ်ပေးလိုက်မိ၏။
" အမေ့! ဦးလေးကြီး... ရှူး "
ရုတ်တရက်ကြီး တခေတ်ထိုင်နေတဲ့ ထိုင်ခုံကို နောက်ဘက်ကို လှန်ချလိုက်ပြီး... တခေတ်မျက်နှာအနီး အုပ်မိုး၍ တိုးကပ်လာတဲ့ ဦးလေးကြီး။
စကားပြောနေတဲ့ တခေတ်ရဲ့နူတ်ခမ်းကိုလည်း
လက်ညိုးတစ်ချောင်းနဲ့ စကားမပြောဖို့ ကန့်လန့်ဖြတ်ပိတ်လာသည်။အဲ့နောက်...
တခဏအတွင်း လျင်မြန်စွာဖြင့် တခေတ်မျက်နှာထံ အနမ်းများဖြန့်ကျက်လာလေသည်။
လက်နှစ်ဖက်ကိုပါ ပူးကိုင်ထားခြင်းခံထားရတာမို့...
တခေတ်မှာ မလူးသာမလွန့်သာနဲ့ ရှိနေရသည်။
တိုက်, ခေါင်ယမ်းကာ အနမ်းတွေကို ရှောင်ဖယ်လာတဲ့ သူမကြောင့်... လွတ်နေတဲ့ စိတ်ကိုပြန်ထိန်းချုပ်နိုင်ခဲ့သည်။
ကိုယ့်ကြောင့်နဲ့ နီထွေးသွားရတဲ့ သူမ၏ နူတ်ခမ်းလေးကို မြတ်နိုးစွာဖြင့် နောက်ထပ်တစ်ကြိမ် ညင်သာစွာ နမ်းရှိုက်ပြီး၊အနမ်းတွေကို ရပ်စဲလိုက်သည်။
တစ်ခါတည်း သူမရဲ့ထိုင်ခုံကို ပုံမှန်ဖြစ်အောင် ပြန်လုပ်ပေးပြီး... ကိုယ်တိုင်လည်း ကားမောင်းဖို့ ကိုယ့်နေရာကို ပြန်ထိုင်လိုက်သည်။
" အခု ကြေးအိုး ဆိုင်ကို သွားမယ် "
".................."
သူမက နူတ်ဆိတ်ပြီး ငြိမ်သက်နေတာမို့...
တိုက်,ကားကို ကြေးအိုးဆိုင်ဆီကို မောင်းလာခဲ့လိုက်သည်။
မထင်ရင်၊မထင်သလို ထ ထပြီးတော့...
လူကို ရင်ခုန်စေတဲ့ ဦးလေးကြီး။အခုလည်း မမြင်ရပေမယ့် နူတ်ခမ်းက ရဲနေမယ်ဆိုတာ သိနေ၏။
အပြင်ထွက်လာချိန်မှာမှ အခုလိုမျိုး ဖြစ်ရတော့... ရင်လည်းခုန်သလို စိတ်လည်းတိုရ၏။စကားလည်းမပြောချင်တာကြောင့် နူတ်ဆိတ်နေမိ၏။
မသိမသာနဲ့ ကားမောင်းနေတဲ့ ဦးလေးကြီး ကို ခိုးကြည့်လိုက်တော့... ဘေးတစောင်း မြင်နေရတဲ့
ပြုံးနေတဲ့ မျက်နှာက အကြည့်မလွဲပစ်ချင်စရာကောင်းလောက်အောင် ကြည့်လို့ကောင်းနေတာက
မုန်းစရာအတိ။
အစကတော့ ဒီနေ့ နှစ်ယောက်သား ပြေလည်မှုယူမလို့ပါပဲ။ဒါပေမဲ့ အခုတော့ ပြေလည်မှု ယူဖို့စိတ်မရှိတော့ဘဲ... ခပ်ဆိုးဆိုးလေး နေပစ်ချင်တဲ့ အတွေးတွေသာ ဝင်လာတော့သည်။အဲ့ဒါကြောင့် ဒီနေ့ကို
အပြတ်ဆိုးဖို့ တွေးထားသည်။
.......
" ကြေးအိုး ရပြီလေ ချာတိတ် "
" မစားချင်တော့ဘူး "
" ချာတိတ် ပဲ စားချင်တယ်ဆိုလို့ ကိုယ်တို့ ဒီကိုလာခဲ့တာလေ။ဘာလို့ မစားချင်တော့တာရတာလဲ "
" မစားချင်တော့လို့ မစားချင်တာလေ။အကြောင်းပြချက်က ပေးဖို့ လိုသေးတာလား... "
" အဲ့လိုတော့ မဟုတ်ဘူးလေ "
" အဲ့လို မဟုတ်ရင်၊ တခေတ် မစားချင်ဘူး ပြောရင်
ဘာစားချင်တာလဲ မေးပြီး... နောက်တစ်နေရာမှာ
လိုက်ကျွေးရမယ် မဟုတ်ဘူးလား။ဘာလို့မမေးတာလဲ။လိုက်မကျွေးချင်တာလား။စားမယ်ပြောပြီး မစားချင်တော့ဘူး ပြောလို့ စိတ်ဆိုးသွားတာလား... "
သူမက ခပ်မိုက်မိုက်အကြည့်လေးနဲ့ ပြောလာတော့
တိုက်,မရယ်မိအောင် စိတ်ကို ထိန်းရသည်။
သူမ ဘာကြောင့် အခုလို လုပ်နေတာဆိုတာ သိနေတာမို့... အသည်းလည်း ယားမိ၏။ကိုယ်က သူမကို နမ်းထားတော့လည်း သူမ ရစ်သမျှကို ခံရပေအုံးမည်ပေါ့။
" ချာတိတ် ဘာစားချင်လဲ ပြောလေ။ကိုယ် နောက်ဆိုင် လိုက်ပို့ပေးမယ် "
" ဟော့ပေါ့ စားချင်တယ် "
" ဒါဆို မှာထားတာ ငွေရှင်းပြီး၊ဟော့ပေါ့ဆိုင်ကို သွားကြတာပေါ့ "
" အင်း ကားပေါ်ကနေ စောင့်နေမယ် "
" အင်း "
ငွေရှင်းပြီး လိုက်လာခဲ့။ဒီနေ့ ဦးလေးကြီး ကို တခေတ် ကောင်းကောင်း ပညာပြပေးမယ်။
..
" ဟော့ပေါ့ မစားချင်တော့ဘူး "
" ချာတိတ် "
" ဘာလဲ... မစားချင်တာကို မစားချင်ဘူးတောင်
ပြောလို့မရတော့ဘူးလား "
" ကိုယ် ချာတိတ် ကို ဘာမှ မပြောရသေးဘူးလေ "
" မပြောရသေးတာတော့... ဟုတ်တယ်။ဒါပေမဲ့ စကားသံက ပြောနေသလို ဖြစ်နေတယ်လေ "
ဟင်း... ရစ်တယ်ဆိုတဲ့ အဆင့်ကို မင်းက ကျော်နေတာပဲ ချာတိတ်။ဒါပေမဲ့ အခုချိန်မှာ စိတ်ကို လျှော့ထားမှ ဖြစ်မယ်ဆိုတာ... ကိုယ်သာအသိဆုံး ဖြစ်နေတာမို့...
" ဒါဆို ချာတိတ် က ဘာစားချင်တာလဲ။ဒီတစ်ခါတော့ သေချာရွေးနော်။ထမင်းစားချိန် လွန်နေပြီ "
" အပြင်မှာ ဘာမှ မစားချင်တော့ဘူး။အိမ်ပဲ ပြန်မယ် "
" သဘောပဲ "
အဟင်း သဘောပဲတဲ့လား။ဘယ်လောက်မှတောင်
မရစ်ရ မဆိုးရသေးဘူး။စိတ်ကမရှည်တော့ဘူး။ဒနဲ့များ ချစ်တယ်လေး ဘာလေးလုပ်နေသေးတယ်။
ရှေ့လျှောက် တခေတ် ပညာတွေ ကောင်းကောင်း ပြပေးမှာမို့လို့... ခံနိုင်ရည် ရှိအောင်သာ ပြင်ထားလိုက် ဦးလေးကြီး။
............Share သွားပေးနော်။
မောင် ဒီလအတွက် မုန့်ဖိုးလေး ယူပါမယ်နော်။ရတဲ့
မုန့်ဖိုးလေးတွေကတော့ အစားအေသာက်၊သောက်သုံးရေနဲ့ ရွက်ဖျင်တဲတို့ လိုအပ်နေတဲ့ နေရာအတွက်
ရည်ရွယ်ထားပါတယ်။ဒါကြောင့် တစ်ရာကနေပြီး မောင့်စာဖတ်သူလေးတွေ အဆင်ပြေသလောက် ထည့်ဝင်ပေးလို့ရပါတယ်။
မောင်က စာပဲရေးတတ်တဲ့သူမို့ စာလေးတွေနေ့တိုင်းတင်ပေးပါမယ်။ညကိုလည်း အိမ်ရှေ့စံတို့
ထပ်တင်ပေးပါမယ်နော်။
Kpay 09755061717
Wave 09755061717 pw ခံစရာမလိုပါဘူးနော်။
#ကိုးအမရာမောင်
ရင္ခုန္ျခင္း၏ အဓိပၸါယ္
or
ဦးရဲ႕.... ခ်ာတိတ္
အခန္း (၃၆)
" ဗိုက္ဆာေနၿပီလား "
" ဟင့္အင္း "
" ဒါဆို ကိုယ္တို႔ ဆိုင္ကို အရင္သြားလိုက္မယ္။ဆကအတို႔လည္း ေစာင့္ေနတာဆိုေတာ့... ဆိုင္မွာ ဝယ္ၿပီးေတာ့မွ ေန႕လည္စာ စားၾကတာေပါ့ "
"................ "
ကားအျပင္ဘက္ကို မ်က္ႏွာလႊဲကာ... ႏူတ္ဆိတ္ေနတဲ့ သူမ။
" ဘာ ဘာလုပ္တာလဲ... "
ကားေမာင္းေနရင္းက တေခတ္ရဲ႕ လက္တစ္ဖက္ကို
လာကိုင္တဲ့ ဦးေလးႀကီး။
" ခ်ာတိတ္ လက္ကေလး ကိုင္ထားခ်င္လို႔ "
" ေသခ်င္ေနတာလား... အဲ့ဒါဆိုလည္း တေခတ္
ကားေပၚမပါတဲ့ အခ်ိန္က်မွ ကားကို လမ္းေဘးေခ်ာက္ထဲ ေမာင္းခ်လိဳက္၊အခုေတာ့ တေခတ္ လက္ကို လႊတ္။ငယ္ငယ္ေလးနဲ႕ မေသခ်င္ေသးဘူး "
သူမစကားေၾကာင့္ တိုက္,ၿပဳံးမိ၏။
" ခ်ာတိတ္နဲ႕ မဂၤလာပြဲေတာင္ မလုပ္ရေသးတာ ကိုယ္လည္း မေသခ်င္ပါဘူး "
စကားဆုံးေတာ့ သူမဆီကေန မ်က္ေစာင္းေလးတစ္ခ်က္က ဒိုင္းခနဲ ေရာက္လာခဲ့သည္။
" ေသခ်င္တာပဲ ျဖစ္ျဖစ္၊မေသခ်င္တာပဲ ျဖစ္ျဖစ္
တေခတ္ လက္ကိုလႊတ္ၿပီး ကားကိုေသခ်ာ ေမာင္း။ မေသခ်င္ဘူး "
" ကိုယ္နဲ႕ သြားတဲ့ ဘယ္လမ္းခရီးျဖစ္ျဖစ္၊ခ်ာတိတ္ အေပၚကို ဘယ္လို အႏၲရာယ္မွ မက်ေရာက္ေစရဘူး "
" ေစာင့္ၾကည့္ရတာေပါ့ "
" ေစာင့္ၾကည့္ပါ ခ်ာတိတ္ ကိုယ့္ကို စိတ္မပ်က္ေစရပါဘူး "
အဲ့ေနာက္ ႏွစ္ေယာက္က စကားသံေတြ တိတ္ဆိတ္သြားခဲ့သည္က ဆက္တို႔နဲ႕ ခ်ိန္းဆိုထားတဲ့ ဆိုင္ထဲေရာက္တဲ့ အထိပင္။
........
" ေရာက္ေနတာ ၾကာၿပီလား "
" မၾကာေသးပါဘူး။ကြၽန္ေတာ္တို႔အတြက္ ဝတ္စုံက ဝတ္ၾကည့္ၿပီးသြားၿပီ၊ဘဲႀကီးတို႔ ဝတ္စုံပဲ က်န္ေတာ့တယ္။ဝတ္ၾကည့္လိုက္အုံး။အဆင္မေျပရင္ တစ္ခါတည္း ျပင္ခိုင္းလို႔ရေအာင္ "
" အင္း "
" ခ်ာတိတ္ လာေလ... ဝတ္စုံ ဝတ္ၾကည့္ရမယ္ေလ "
မႈန္ကုပ္ကုပ္မ်က္ႏွာေလးနဲ႕ ရပ္ေနတဲ့ သူမကို အဝတ္လဲခန္းဆီသြားဖို႔... အနားသြားၿပီး လက္ကေန ဆြဲေခၚရသည္။
ကိုယ္က အဲ့လိုေခၚေတာ့... အဆင္ေျပလို႔ ခ်စ္ၾကည္ႏူးၿပီး၊တစ္တစ္တူးေနတဲ့ ဟိုစုံတြဲက ၿပဳံးစိစိေတြနဲ႕
ၾကည့္ေနၾကသည္။
ဒီၾကားထဲ ရွိန္းဆက္မာန္ဆိုတဲ့ ေကာင္က ကြၽန္ေတာ့္ကို မွီဖို႔လိုေသးတယ္ ဘဲႀကီးဆိုတဲ့ အၾကည့္နဲ႕ၾကည့္လာေသးတာမို႔... ကိုယ့္မွာ ရင္ခံရေသးသည္။
" ဘာရပ္ေနတာလဲ သြားေတာ့ေလ "
အဝတ္ခန္းထဲ တေခတ္ ဝင္ေနၿပီးတာေတာင္ မသြားေသးဘဲ အခန္းေရွ႕မွာ ရပ္ေနေသးတဲ့ ဦးေလးႀကီး။
" ခ်ာတိတ္ အဆင္မေျပမွာဆိုးလို႔ အျပင္ကေန ရပ္ေစာင့္ေနမလို႔ပါ "
" အဆင္မေျပရင္ ဦးေလးႀကီး က ဝတ္ေပးမလို႔လား။ဒီမွာ ကူဝတ္ေပးမယ့္ ဆိုင္က ဝန္ထမ္းအစ္မေတြရွိတယ္။အပိုေတြ လုပ္မေနဘဲနဲ႕ ကိုယ့္ဝတ္စုံသာ ကိုယ့္ဘာသာ သြားဝတ္ "
လူကို ေအာ္ေငါက္ၿပီး အဝတ္လဲခန္းထဲဝင္သြားတဲ့
သူမ။တကယ့္မလြယ္ေၾကာေလးပဲ။ဒီပုံတိုင္းဆို မနက္ျဖန္ပြဲမွာလည္း ေကာက္စိန္ေလးျဖစ္ေနေတာ့မွာ ျမင္ေယာင္မိေသးတယ္။
" အေျပာႀကီးတဲ့ ဘဲႀကီး ေျပာေတာ့ အဆင္ေျပကာတယ္ဆို... အခုက်ေတာ့ အေဟာက္ခံေနရပါလား "
" အဟင္း အေျပာႀကီးတယ္တဲ့လား။ဆိုးတာေလးက
ခ်စ္ဖို႔ေကာင္းေနလို႔ အလိုလိုက္ေပးထား႐ုံေလးပဲ "
" အခုထိ အဆင္မေျပေသးတာေတာင္ အေျပာကေတာ့ မေလ်ာ့ဘူးဘဲ။ဘဲႀကီး က ေလႀကီးခ်က္ "
" ငါ က ေလပဲႀကီးတတ္တာလားဆိုတာ မင္း ေစာင့္ၾကည့္ေနလိုက္ အိုေက "
" အိုေက "
တိုက္, ဆက္ဆိုတဲ့ ခ်ာတိတ္ကို မ်က္လုံး တစ္မွိတ္ျပၿပီး အဝတ္လဲရန္ ေယာက္်ားေလး အဝတ္လဲခန္းထဲ
ဝင္လာခဲ့လိုက္သည္။
" ညီမေလးက ဝတ္စုံေလးနဲ႕ အရမ္းလိုက္တာပဲ။အျပင္က အစ္ကိုေတြ ျမင္ရင္ သေဘာက်မယ္ထင္တယ္ "
" အင္း ဟုတ္တယ္ "
အျဖဴခံေပၚမွာ ခရမ္းနဲ႕ေငြခ်ည္ ခ်ိတ္လိုင္းေလးေတြ
ေဖာက္ထားတဲ့ ခ်ိတ္ဝမ္းဆက္ေလးက တေခတ္ရဲ႕ ကိုယ္ေပၚမွာ ခ်ပ္ရပ္စြာနဲ႕ ေနရာယူထားသည္က လိုက္ဖက္သည္လို႔... တေခတ္ကိုယ္တိုင္လည္း ထင္မိပါ၏။
" ညီမေလး အျပင္ထြက္ကို ထြက္ျပလိုက္ပါလား "
" အင္း "
တေခတ္ ဆိုင္ဝန္ထမ္းအစ္မ ဖြင့္ေပးတဲ့ တံခါးကေန
အျပင္ကို ထြက္လိုက္သည္။
" ဝါး... အစ္ကို႔ ညီမက တကယ့္အလွေလးပဲ "
" ဒါေတာ့ ေထာက္ခံတယ္။ေပေစာင္ နင္ တကယ္လွတယ္ "
" အဟင္း "
တေခတ္ အျပင္ထြက္လာတာနဲ႕ အစ္ကိုယံ က လွေၾကာင္း ခ်ီးမြမ္းသလို... ဆက္ကလည္း လက္မႏွစ္ခုေထာင္ၿပီး၊အစ္ကိုယံ ေျပာတာကို ေထာက္ခံသည္။
ဦးေလးႀကီးကေတာ့ တေခတ္ ကို မ်က္ေတာင္ခတ္ဖို႔ ေမ့ေလ်ာေနတဲ့ မ်က္လုံးေတြနဲ႕ စိုက္ၾကည့္ေနေလရဲ႕။
" ဦးေလးႀကီး တေခတ္ မ်က္ႏွာမွာ ဘာေပေနလို႔လဲ
စိုက္ၾကည့္ေနတာ "
ကိုယ့္အတြက္ အဝတ္အစားဝတ္ၾကည့္ၿပီးလို႔...
ဝတ္လာတဲ့ အဝတ္အစား ျပန္လဲၿပီး ထြက္လာေတာ့... အျဖဴေရာင္ဝတ္စုံေလးနဲ႕ လွေနတဲ့ သူမကို
သတိလက္လြတ္နဲ႕ ၾကည့္ေနမိတာ။
သူမက ေျပာလာေတာ့... ကိုယ္ ၾကည့္ေနတာ လူမိသြားတာေၾကာင့္ နည္းနည္းေတာ့ ရွိုးတိုးရွန့္တန့္ျဖစ္သြားရ၏။
" ဦးေလးႀကီး "
" ဟင္... "
" ဘာလို႔ ၾကည့္ေနတာလဲလို႔ ေမးေနတယ္ေလ "
" ခ်ာတိတ္ က တအားလွေနလို႔ "
" အပိုေတြ " ဟု ဆိုၿပီး မ်က္ေစာင္းလွလွေလးပါ
အဆစ္ေပးလာျပန္တဲ့ သူမ။
" မပိုပါဘူး။ကိုယ့္မိန္းမ ခ်ာတိတ္ေလး က တကယ္ကို လွေနတာ "
" ဦးေလးႀကီး ေနေတာ့ ေကာင္းတယ္မလား "
" ကိုယ္လား... ေနကာင္းတာေပါ့။ဘာလို႔ ေမးရတာလဲ "
" စကားအဆန္းေတြ ေျပာေနလို႔ေလ "
" စကားအဆန္းေတြ ေျပာေနတာ မဟုတ္ပါဘူး။တကယ္လွလို႔ လွေၾကာင္းေျပာတာပါ။ၿပီးေတာ့...
ဒီလိုေလးလည္း... "
" ဦးေလးႀကီး! "
" သိပ္လွေနတဲ့ ႏူတ္ခမ္းေလးကလည္း နမ္းခ်င္ေအာင္ ျဖားေယာင္းေနလို႔ "
မခ်ိဳမခ်ဥ္မ်က္ႏွာေပးနဲ႕ တေခတ္အနား ကိုယ္ကိုကိုင္းၿပီး ေျပာလာတဲ့ ဦးေလးႀကီး။တေခတ္ စိတ္တိုတာထက္၊ဆက္နဲ႕ အစ္ကိုယံအေရွ႕မွာ အနမ္းခံရတာကို ရွက္မိတာေၾကာင့္... ရွက္ေၾကာျပတ္ေနတဲ့ ဦးေလးႀကီး၏ ေျခေထာက္ကို ေဆာင့္နင္းခ်ပစ္လိုက္၏။
" အား.... ခ်ာတိတ္ "
" ဟား ဟားဟား... "
" ဆက္ သူမ်ားကို မရယ္နဲ႕ေလကြာ "
ယံမွာ ရွက္ေနတဲ့ ညီမတေခတ္နဲ႕ ေျခေထာက္အနင္းခံရလို႔ နာေနတဲ့ အစ္ကိုေနတိမ္တိုက္ ကို ၾကည့္ၿပီး အသံက်ယ္ႀကီးနဲ႕ ဆက္က ရယ္ေနတာကို...
အားနာတာေၾကာင့္ မရယ္ဖို႔ တားရ၏။
" သူတို႔ႏွစ္ေယာက္ က ႂကြက္နဲ႕ေၾကာင္အတြဲပဲ "
ဆက္ရဲ႕ ႏွစ္ကိုယ္ၾကားစကားေၾကာင့္ ယံ,ရယ္မိ၏။
" အားလုံး ၾကည့္ၿပီးၿပီမလား။အကၤ်ီျပန္လဲေတာ့မယ္ "
တေခတ္ ေျခေထာက္နာေနတာေတာင့္ မခ်ိဳမခ်ဥ္႐ုပ္နဲ႕ ၾကည့္ေနတဲ့ ဦးေလးႀကီး ကို အျမင္ကပ္စြာနဲ႕
မ်က္ေစာင္းပစ္ထိုးၿပီး အဝတ္လဲခန္းထဲ ျပန္ဝင္လာခဲ့လိုက္သည္။
" ဘဲႀကီး ဒီပုံတိုင္းဆို မဂၤလာေဆာင္ၿပီးတဲ့ မဂၤလာဦးညက်ရင္ အိပ္ခန္းထဲေတာင္ ဝင္ခြင့္ရပါ့မလား "
တိုက္, ရွိန္ဆက္မာန္၏ စကားေၾကာင့္ ႏူတ္ခမ္းတစ္ဖက္ကို တြန့္၍ ၿပဳံးလိုက္ၿပီး...
" မင္း က ငါ့ကို အထင္ေသးေနတာပဲ။တရားဝင္ မဂၤလာပြဲသာ မလုပ္ရေသးတာ။ငါတို႔က စာခ်ဳပ္နဲ႕ တရားဝင္ လက္ထပ္ထားတဲ့ စုံတြဲေတြ။အဲ့ေလာက္ဆိုရင္ မင္း သေဘာေပါက္ "
" မဟုတ္မွ ဘဲႀကီး... ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႕... "
မင္း ထင္ေနတာ ဟုတ္တယ္ဆိုတဲ့ ဘဲႀကီး၏ အၾကည့္ေၾကာင့္ ဆက္,မွာ တကယ္မနိုင္ဘူးဆိုတဲ့ အၾကည့္နဲ႕ ျပန္ၾကည့္ၿပီး၊ေခါင္းကိုသာ ခါယမ္းပစ္လိုက္၏။
" အစ္ကိုတိုက္ ဝတ္စုံေတြက အကုန္အဆင္ေျပၿပီ၊
အေရးႀကီးတာ တစ္ခုပဲ သြားယူဖို႔ ရွိေတာ့တယ္။အဲ့ဒါသြားယူရင္ တေခတ္ ကို ေရာ ေခၚသြားမွာလား "
" ညီတို႔ဟာ သြားယူၿပီးၿပီလား။အစ္ကိုတို႔ဟာကိုေတာ့ အစ္ကိုတစ္ေယာက္တည္း သြားယူမွာ "
" ကြၽန္ေတာ္တို႔က ဒီက ျပန္မွ ဝင္ယူမွာ "
" ဟုတ္လား "
" အင္း၊ အာ့ေၾကာင့္ ကြၽန္ေတာ္တို႔ အရင္ျပန္ႏွင့္လို႔
ျဖစ္လား... "
" ျဖစ္္တယ္ေလ။အစ္ကိုလည္း ခ်ာတိတ္ ထြက္လာရင္ ဒီကေန ျပန္ေတာ့မွာပဲေလ "
" ဟုတ္ကဲ့ ဒါဆိုရင္ ကြၽန္ေတာ္တို႔ ျပန္ႏွင့္ပါမယ္။မနက္ျဖန္ မဂၤလာပြဲေရာက္မွပဲ ထပ္ေတြ႕ပါမယ္ "
" အိုေက "
" ဆက္ ငါတို႔ သြားၾကမယ္ "
" အင္း "
" ဆက္တို႔က ျပန္တာလား "
ဆက္နဲယံႏွစ္ေယာက္ ဆိုင္ထဲကေန ထြက္သြားတဲ့
အခ်ိန္မွာပဲ အဝတ္လဲခန္းထဲကေန ထြက္လာတဲ့ သူမ။
" အင္း သြားၿပီ၊ကိုယ္တို႔လည္း ေန႕လည္စာ သြားစားၾကမယ္။ခ်ာတိတ္ ဘာစားခ်င္လဲ "
" ေၾကးအိုး "
" ဒါဆို ေၾကးအိုး ဆိုင္ပဲ သြားတာေပါ့ "
အဲ့ဒီေနာက္ သူမ လက္ဖဝါးေလးကို ဆုပ္ကိုင္ၿပီး
ဆိုင္ထဲကေန ထြက္လာခဲ့သည္။
ဒီတစ္ခါေတာ့ ႐ုန္းတာ၊ဖယ္တာမ်ိဳးမရွိဘဲ အသာတၾကည္နဲ႕ လိုက္လာသည္။
" ဘာ ဘာလုပ္မလို႔လဲ "
ကားေပၚေရာက္ေတာ့ တေခတ္အနားတိုးကပ္လာတဲ့ ဦးေလးႀကီးေၾကာင့္ ထိတ္လန့္သြားရ၏။
တိုက္,မ်က္လုံးဝိုင္းေတြနဲ႕ ကိုယ့္ကိုျပဴးေၾကာင္ ၾကည့္ၿပီး လန့္ေနတဲ့ အၿပဳံးတစ္ပြင့္နဲ႕ သူမကိုၾကည့္ၿပီး...
" ကိုယ္ ဘာလုပ္မလို႔လဲ ဆိုတာ သိခ်င္ရင္ ခဏ ေစာင့္ၾကည့္ေပါ့ " ဆိုကာ တေခတ္ အနားအတင္းတိုးကပ္လာတဲ့ ဦးေလးႀကီးေၾကာင့္... တေခတ္မွာ
တဒိန္းဒိန္း ခုန္ေနတဲ့ ႏွလုံးသားနဲ႕အတူ ခႏၶာကိုယ္ေလးကို က်ဳံ႕ထားမိ၏။
ဟင္း...။
ခါးပတ္ ပတ္ေပးတာမွန္း သိေတာ့မွ...
တေခတ္မွာ သက္ျပင္းေလးကို ခိုးခ်ၿပီး၊လန့္ေနတဲ့
စိတ္က သက္သာရာ ရသြား၏။
တိုက္, ခါးပတ္ ပတ္ေပးေနရင္းက ကိုယ့္ရဲ႕အနီးကပ္ဆုံးမွာ ရွိေနတဲ့ သူမကို ခိုးၾကည့္မိေတာ့... အသက္ရႈႏႈန္းက ျမန္ဆန္ေနၿပီး၊မ်က္လုံးေတြက ၿငိမ္သက္မေနတာကို ေတြ႕ရသည္။
ထိုအခ်င္းအရာကို ၾကည့္ၿပီး... သူမလည္း ကိုယ့္လိုပဲ ရင္ခုန္ေနတယ္ဆိုတာကို သိလိုက္သည္။
အသားျဖဴသူမဟုတ္ဘဲနဲ႕ေတာင္ ကိုယ့္ရဲ႕ ညိုေခ်ာမေလးက အနီးကပ္ၾကည့္မိတဲ့ အခါတိုင္း... ဆြဲေဆာင္ခ်က္က ျပင္းလြန္း၏။
အခု သူမႏွင့္ အနီးကပ္ရွိေနခ်ိန္မွာ ကိုယ့္စိတ္က တစ္စုံတစ္ရာကို ျပဳမူခ်င္ေနမိသည္။စိတ္အလိုကို
လိုက္ရင္ သူမ စိတ္ဆိုးမည္ဆိုတာကို သိပါ၏။သမု႔ေသာ္ ကိုယ့္စိတ္က ထိန္းခ်ဳပ္ထားေပမဲ့ မရေတာ့သည္။ထို႔ေၾကာင့္ တိုက္, စိတ္ကို လႊတ္ေပးလိုက္မိ၏။
" အေမ့! ဦးေလးႀကီး... ရႉး "
႐ုတ္တရက္ႀကီး တေခတ္ထိုင္ေနတဲ့ ထိုင္ခုံကို ေနာက္ဘက္ကို လွန္ခ်လိဳက္ၿပီး... တေခတ္မ်က္ႏွာအနီး အုပ္မိုး၍ တိုးကပ္လာတဲ့ ဦးေလးႀကီး။
စကားေျပာေနတဲ့ တေခတ္ရဲ႕ႏူတ္ခမ္းကိုလည္း
လက္ညိုးတစ္ေခ်ာင္းနဲ႕ စကားမေျပာဖို႔ ကန့္လန့္ျဖတ္ပိတ္လာသည္။အဲ့ေနာက္...
တခဏအတြင္း လ်င္ျမန္စြာျဖင့္ တေခတ္မ်က္ႏွာထံ အနမ္းမ်ားျဖန့္က်က္လာေလသည္။
လက္ႏွစ္ဖက္ကိုပါ ပူးကိုင္ထားျခင္းခံထားရတာမို႔...
တေခတ္မွာ မလူးသာမလြန့္သာနဲ႕ ရွိေနရသည္။
တိုက္, ေခါင္ယမ္းကာ အနမ္းေတြကို ေရွာင္ဖယ္လာတဲ့ သူမေၾကာင့္... လြတ္ေနတဲ့ စိတ္ကိုျပန္ထိန္းခ်ဳပ္နိုင္ခဲ့သည္။
ကိုယ့္ေၾကာင့္နဲ႕ နီေထြးသြားရတဲ့ သူမ၏ ႏူတ္ခမ္းေလးကို ျမတ္နိုးစြာျဖင့္ ေနာက္ထပ္တစ္ႀကိမ္ ညင္သာစြာ နမ္းရွိုက္ၿပီး၊အနမ္းေတြကို ရပ္စဲလိုက္သည္။
တစ္ခါတည္း သူမရဲ႕ထိုင္ခုံကို ပုံမွန္ျဖစ္ေအာင္ ျပန္လုပ္ေပးၿပီး... ကိုယ္တိုင္လည္း ကားေမာင္းဖို႔ ကိုယ့္ေနရာကို ျပန္ထိုင္လိုက္သည္။
" အခု ေၾကးအိုး ဆိုင္ကို သြားမယ္ "
".................."
သူမက ႏူတ္ဆိတ္ၿပီး ၿငိမ္သက္ေနတာမို႔...
တိုက္,ကားကို ေၾကးအိုးဆိုင္ဆီကို ေမာင္းလာခဲ့လိုက္သည္။
မထင္ရင္၊မထင္သလို ထ ထၿပီးေတာ့...
လူကို ရင္ခုန္ေစတဲ့ ဦးေလးႀကီး။အခုလည္း မျမင္ရေပမယ့္ ႏူတ္ခမ္းက ရဲေနမယ္ဆိုတာ သိေန၏။
အျပင္ထြက္လာခ်ိန္မွာမွ အခုလိုမ်ိဳး ျဖစ္ရေတာ့... ရင္လည္းခုန္သလို စိတ္လည္းတိုရ၏။စကားလည္းမေျပာခ်င္တာေၾကာင့္ ႏူတ္ဆိတ္ေနမိ၏။
မသိမသာနဲ႕ ကားေမာင္းေနတဲ့ ဦးေလးႀကီး ကို ခိုးၾကည့္လိုက္ေတာ့... ေဘးတေစာင္း ျမင္ေနရတဲ့
ၿပဳံးေနတဲ့ မ်က္ႏွာက အၾကည့္မလြဲပစ္ခ်င္စရာေကာင္းေလာက္ေအာင္ ၾကည့္လို႔ေကာင္းေနတာက
မုန္းစရာအတိ။
အစကေတာ့ ဒီေန႕ ႏွစ္ေယာက္သား ေျပလည္မႈယူမလို႔ပါပဲ။ဒါေပမဲ့ အခုေတာ့ ေျပလည္မႈ ယူဖို႔စိတ္မရွိေတာ့ဘဲ... ခပ္ဆိုးဆိုးေလး ေနပစ္ခ်င္တဲ့ အေတြးေတြသာ ဝင္လာေတာ့သည္။အဲ့ဒါေၾကာင့္ ဒီေန႕ကို
အျပတ္ဆိုးဖို႔ ေတြးထားသည္။
.......
" ေၾကးအိုး ရၿပီေလ ခ်ာတိတ္ "
" မစားခ်င္ေတာ့ဘူး "
" ခ်ာတိတ္ ပဲ စားခ်င္တယ္ဆိုလို႔ ကိုယ္တို႔ ဒီကိုလာခဲ့တာေလ။ဘာလို႔ မစားခ်င္ေတာ့တာရတာလဲ "
" မစားခ်င္ေတာ့လို႔ မစားခ်င္တာေလ။အေၾကာင္းျပခ်က္က ေပးဖို႔ လိုေသးတာလား... "
" အဲ့လိုေတာ့ မဟုတ္ဘူးေလ "
" အဲ့လို မဟုတ္ရင္၊ တေခတ္ မစားခ်င္ဘူး ေျပာရင္
ဘာစားခ်င္တာလဲ ေမးၿပီး... ေနာက္တစ္ေနရာမွာ
လိုက္ေကြၽးရမယ္ မဟုတ္ဘူးလား။ဘာလို႔မေမးတာလဲ။လိုက္မေကြၽးခ်င္တာလား။စားမယ္ေျပာၿပီး မစားခ်င္ေတာ့ဘူး ေျပာလို႔ စိတ္ဆိုးသြားတာလား... "
သူမက ခပ္မိုက္မိုက္အၾကည့္ေလးနဲ႕ ေျပာလာေတာ့
တိုက္,မရယ္မိေအာင္ စိတ္ကို ထိန္းရသည္။
သူမ ဘာေၾကာင့္ အခုလို လုပ္ေနတာဆိုတာ သိေနတာမို႔... အသည္းလည္း ယားမိ၏။ကိုယ္က သူမကို နမ္းထားေတာ့လည္း သူမ ရစ္သမွ်ကို ခံရေပအုံးမည္ေပါ့။
" ခ်ာတိတ္ ဘာစားခ်င္လဲ ေျပာေလ။ကိုယ္ ေနာက္ဆိုင္ လိုက္ပို႔ေပးမယ္ "
" ေဟာ့ေပါ့ စားခ်င္တယ္ "
" ဒါဆို မွာထားတာ ေငြရွင္းၿပီး၊ေဟာ့ေပါ့ဆိုင္ကို သြားၾကတာေပါ့ "
" အင္း ကားေပၚကေန ေစာင့္ေနမယ္ "
" အင္း "
ေငြရွင္းၿပီး လိုက္လာခဲ့။ဒီေန႕ ဦးေလးႀကီး ကို တေခတ္ ေကာင္းေကာင္း ပညာျပေပးမယ္။
..
" ေဟာ့ေပါ့ မစားခ်င္ေတာ့ဘူး "
" ခ်ာတိတ္ "
" ဘာလဲ... မစားခ်င္တာကို မစားခ်င္ဘူးေတာင္
ေျပာလို႔မရေတာ့ဘူးလား "
" ကိုယ္ ခ်ာတိတ္ ကို ဘာမွ မေျပာရေသးဘူးေလ "
" မေျပာရေသးတာေတာ့... ဟုတ္တယ္။ဒါေပမဲ့ စကားသံက ေျပာေနသလို ျဖစ္ေနတယ္ေလ "
ဟင္း... ရစ္တယ္ဆိုတဲ့ အဆင့္ကို မင္းက ေက်ာ္ေနတာပဲ ခ်ာတိတ္။ဒါေပမဲ့ အခုခ်ိန္မွာ စိတ္ကို ေလွ်ာ့ထားမွ ျဖစ္မယ္ဆိုတာ... ကိုယ္သာအသိဆုံး ျဖစ္ေနတာမို႔...
" ဒါဆို ခ်ာတိတ္ က ဘာစားခ်င္တာလဲ။ဒီတစ္ခါေတာ့ ေသခ်ာေ႐ြးေနာ္။ထမင္းစားခ်ိန္ လြန္ေနၿပီ "
" အျပင္မွာ ဘာမွ မစားခ်င္ေတာ့ဘူး။အိမ္ပဲ ျပန္မယ္ "
" သေဘာပဲ "
အဟင္း သေဘာပဲတဲ့လား။ဘယ္ေလာက္မွေတာင္
မရစ္ရ မဆိုးရေသးဘူး။စိတ္ကမရွည္ေတာ့ဘူး။ဒနဲ႕မ်ား ခ်စ္တယ္ေလး ဘာေလးလုပ္ေနေသးတယ္။
ေရွ႕ေလွ်ာက္ တေခတ္ ပညာေတြ ေကာင္းေကာင္း ျပေပးမွာမို႔လို႔... ခံနိုင္ရည္ ရွိေအာင္သာ ျပင္ထားလိုက္ ဦးေလးႀကီး။
............Share သြားေပးေနာ္။
ေမာင္ ဒီလအတြက္ မုန့္ဖိုးေလး ယူပါမယ္ေနာ္။ရတဲ့
မုန့္ဖိုးေလးေတြကေတာ့ အစားေအသာက္၊ေသာက္သုံးေရနဲ႕ ႐ြက္ဖ်င္တဲတို႔ လိုအပ္ေနတဲ့ ေနရာအတြက္
ရည္႐ြယ္ထားပါတယ္။ဒါေၾကာင့္ တစ္ရာကေနၿပီး ေမာင့္စာဖတ္သူေလးေတြ အဆင္ေျပသေလာက္ ထည့္ဝင္ေပးလို႔ရပါတယ္။
ေမာင္က စာပဲေရးတတ္တဲ့သူမို႔ စာေလးေတြေန႕တိုင္းတင္ေပးပါမယ္။ညကိုလည္း အိမ္ေရွ႕စံတို႔
ထပ္တင္ေပးပါမယ္ေနာ္။
Kpay 09755061717
Wave 09755061717 pw ခံစရာမလိုပါဘူးေနာ္။
#ကိုးအမရာေမာင္