ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...
By Koe-Amara-Mg
39.9K 1.7K 57
စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36
Part 37 ဇာတ်သိမ်း
Part 34
829 47 1
By Koe-Amara-Mg
        ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 
                           အခန်း   (၃၄)
.
" အခု ဘာလုပ်ဖို့ စိတ်ကူးနေထားလဲ ရွှေတခေတ် "
" အခု ဇာတ်ကားကြည့်နေတယ်။ နေ့လည်စာ စားပြီးရင်၊တရေးတမော အိပ်မယ်။နိုးလာရင် လမ်းထိပ်မှာ မုန့်ထွက်စားမယ် "
" ဒေါက်! "
" အား... မေမေကလည်း နာတယ် "
" နာတယ် လုပ်မနေနဲ့၊နောက်တစ်ခါဆို ဗိုက်ခေါက်ပြတ်အောင် လိမ်ဆွဲတော့မှာ။အခုလို နဖူးကို ခေါက်မနေတော့ဘူး။ဘယ်နှယ့် ဘဝရှေ့ရေးအတွက် မေးတာကို၊ဖြေပုံက ပေါ့ပျက်ပျက်နဲ့ "
" မေမေကလည်း တခေတ်လည်း အခုလက်ရှိ  အတွေးထဲရှိတာကို ဖြေတာပဲ။ပြီးတော့ တခေတ်လည်း ဘာမှမလုပ်ဘဲနဲ့ နဖူးကိုခေါက်တယ် "
" မောင်နေတိမ်တိုက် ကို ခေါင်းရိုက်တယ်။မနေ့ညကလည်း ညဥ့်နက်သန်းခေါင်းကြီး အိမ်ကိုကနေ
အတင်းပြန်လွှတ်တယ်။အဲ့ဒါတွေက ညည်းလေး
မလုပ်လို့ ဘယ်သူက လုပ်တာလဲ ပြော "
" မေမေ က အဲ့ဦးလေးကြီးအကြောင်း ဘာမှမသိဘဲနဲ့ တခေတ်ကိုပဲ ဆူနေတယ်။အဲ့ဦးလေးကြီး က
တခေတ်ကိုချစ်တာ မဟုတ်ဘူး "
" ဟိုက မချစ်တာလည်း မပြောနဲ့လေ။ညည်း နေပုံ၊ထိုင်ပုံတွေက ဟုတ်မှမဟုတ်တာ "
" မေမေကလည်း တခေတ် နေတဲ့ ပုံစံအတိုင်းပဲ နေနေတာကို... "
" ယောက်ျားရနေပြီလေ၊နေချင်သလို နေလို့ရမလား။ယောက်ျားသဘောအောင် နေရမယ်လေ "
" မနေချင်ပါဘူး အဲ့ဦးလေးကြီး သဘောကျ "
" ယောကျ်ားသဘောကျမနေချင်ရင်၊ညည်းက
ဘယ်လိုနေမလို့လဲ ပြောစမ်းပါ "
" ဦးလေးကြီးနဲ့ မပေါင်းတော့ဘူး။တခေတ် မေမေနဲ့ပဲ နေတော့မှာ "
" ဒေါက် "
" အား... မေမေ "
ဒုတိယ ထပ်ခေါက်ခံရတာကြောင့် နာသွားတဲ့
တခေတ် နဖူးအာလူးသီးတောင် ထွက်ပြီးလားမသိ။
" ယောက်ျား ယူထားရင်၊ယောက်ျားရှိတဲ့ နေရာမှာ သွားနေ။မေမေက အိမ်ထောင်သည် သမီးကို တင်ကျွေးမထားနိုင်ဘူး။အဲ့ဒါကြောင့် စကားများ
ရန်ဖြစ်တာနဲ့ အိမ်ပေါ်ကနေ ဆင်းလာတာမျိုး ထပ်မလုပ်နဲ့။မေမေ စိတ်မဆိုးချင်ဘူး "
" မေ​ကေလည်း တခေတ် ဦးလေးကြီးကို ကွာရှင်းထားပါတယ်ဆို... "
" မဟုတ်တာတွေ ပြောမနေနဲ့။ကွာရှင်းတယ်ဆိုတာ နှစ်ဖက်လုံးက ကွာရှင်းမှ ကွာရှင်းတယ်လို့
ခေါ်တာ။မောင်နေတိမ်တိုက်ဘက်က မကွာရှင်းပေးသရွေ့ သမီးက မောင်နေတိမ်တိုက်ရဲ့ ဇနီးသည်ဖြစ်နေတုန်းပဲ။အဲ့ဒါကြောင့် ထမင်းထစား။
ပြီးရင် သမီးယောက်ျားအိမ်ကို ပြန်တော့ "
" မပြန်ဘူး "
" ရွှေတခေတ်! "
" ပြန်မယ် ပြန်မယ်၊အခု ပြန်မယ် ရပြီလား... "
အတင်းပြန်လွှတ်နေတဲ့ မေမေကြောင့်...
တခေတ် စိတ်မကောင်းဖြစ်ရ၏။မပြန်ချင်ပေမဲ့
မေမေက မပြန်မချင်း ပြန်ခိုင်းနေတော့မှာမို့...
ပြန်ဖို့ နေရာကနေ ထလိုက်တော့သည်။
" ထမင်းစားပြီးမှ သွား "
" မစားချင်ဘူး သွားပြီ "
" ဟင်း... "
ဒေါ်သန္တာမှာ စိတ်ကောက်သွားတဲ့ သမီးကိုကြည့်ပြီး သက်မောကိုသာ ချမိ၏။
ငယ်ငယ်နဲ့အိမ်ထောင်ကျတဲ့ သမီးကို အိမ်ထောင်ရေးတာဝန်တွေကို မထိန်းသိမ်းနိုင်မှာ
စိုးရိမ်မိသည်။ သမက်ဖြစ်သူ က သမီးပေါ်မှာ
သဘောထားပြည့်ဝလို့သာ တော်တော့သည်။
မဟုတ်ရင် သမီးအတွက် ရင်လေးစရာပင်။
......
" ဘဲကြီး မျက်နှာက မသာမယာနဲ့ ဘာဖြစ်နေတာတုန်း "
" မင်း ငါ့ကို ဖိတ်စာလာဖိတ်တာမလား။ထားခဲ့ပြီး
ပြန်တော့ "
" အစကတော့ ဖိတ်စာထားပြီး၊ပြန်မလို့ပဲ။အခုတော့ လဒမှိုင် မှိုင်နေတဲ့ ဘဲကြီးကြောင့် မပြန်နိုင်တော့ဘူး "
" ဘာကွ! "
" အဖြစ်လည်း ရှိတာ မဟုတ်ဘဲနဲ့ ဘာကွ! ဆိုပြီး
ဒေါသထွက်ဖို့ လုပ်မနေပါနဲ့။ပြောစမ်းပါ၊ယောက်ျားချင်း ပွင့်ပွင့်လင်းလင်း၊ဘဲကြီး
တခေတ်နဲ့အဆင်မပြေဘူးမလား "
" ငါတို့ ကိစ္စကို ဘာကိစ္စ မင်းကို ပြောရမှာလဲ "
" ကျစ်! ဘဲကြီးရာ... ကူညီမယ့်လူကို ကူညီချင်စိတ်ပျောက်အောင်လို့ မပြောစမ်းပါနဲ့ "
" အောင်မာ... မင်းကများ စကားကြီးစကားကျယ်တွေ ဘာပြောနေတယ်။အရိုက်ခံရတာ မင်းရော၊ငါရောအတူတူပဲ။ဘယ်သူမှ ထူးပြီး၊တစ်မူးသာမနေဘူး။အတူတူချင်းလူဆီက ငါက ဘာအကူအညီများ ရမှာမို့လို့လဲ။ပြန်စရာရှိတာသာ
ပြန် "
" အဟင်း အတူတူချင်းမို့ ထူးပြီးမသာရင်တောင်၊
ကျွန်တော် က ကျွန်တော့်လူနဲ့ အေးဆေးအဆင်ပြေတယ်။ဘဲကြီးကသာ အလုပ်စားပွဲ ထိုင်ခုံမှာ ချစ်တီးကုလားဆီ အကြွေးမပေးနိုင်လို့ နွားသိမ်းခံရတဲ့ ရုပ်ဖြစ်နေတာလေ။ဘေးက မြင်တဲ့ လူက စိတ်မချမ်းသာရဘူး။အဲ့ဒါကြောင့် ကိုယ်မစွမ်းဆောင်နိုင်တာကို အိုင်တင်ခံမနေဘဲနဲ့၊ကူညီပေးလို့ရအောင်၊အကြံညဏ်ပေးလို့ရအောင်
နှစ်ယောက်ကြား ဖြစ်နေတဲ့ ပြဿနာကိုသာ ပြောစမ်းပါ "
တိုက်,အတည်ပေါက်နဲ့ ပြောနေတဲ့ ရှိန်းဆက်မာန်ဆိုတဲ့ ကောင်လေးရဲ့ စကားတွေကမှန်နေပြီး၊တကယ်လည်း ချာတိတ်မလေးနဲ့ ပြန်အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တစ်မနက်လုံး ထိုင်စဥ်းစားနေပေမဲ့... အခုထိ အဖြေကမရသေး။
ဒီကောင်လေးကို ပြောပြရင်တော့...
နည်းလမ်းတော့ ရနိုင်ကောင်းပါရဲ့။
သို့သော် ကိုယ့်ထက်ငယ်တဲ့ သူဆီကနေ မိန်းမနဲ့
ပြန်အဆင်ပြေဖို့... အကူညီယူရမှာကို နည်းနည်း
ဘဝင်မကျနိုင် ဖြစ်နေရသည်။
" ဘဲကြီး ဘာငိုင်နေတာလဲ ဗျာ...။ကျွန်တော့က
အားနေတာ မဟုတ်ဘူး။မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေတာ။ဘဲကြီးက ကျွန်တော့်ဘောဒါဖြစ်နေလို့ ကူညီဖို့တွေးနေတာ။မဟုတ်လို့ကတော့
သူများကိစ္စ စိတ်ကူး​ထဲတောင် မထည့်ဘူး "
မောင်မင်းကြီးသားက တကယ် ကူညီပေးနိုင်လား
၊မပေးနိုင်လားတော့ မသိ၊အပြောကတော့ ကြွယ်၏။
" ငါ ပြောပြရင်၊မင်း ကူညီမှာ သေချာလား "
" ဒါပေါ့ "
တိုက်, တကယ်အခက်တွေ့နေတာမို့...
ချာတိတ်မလေးနဲ့ ကိုယ်ကြားမှာ ပြဿနာစဖြစ်လာပုံရော၊စတင်တွေ့ဆုံကြပုံကိုရော အသေးစ်ိတ် ဆရာကြီးရှိန်းဆက်မာန် ပြောပြလိုက်သည်။
တိုက်,ပြောပြတာကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေတဲ့ ရှိန်းဆက်မာန်။တိုက်,စကားဆုံးသွားချိန်မှာတော့...
" တခေတ် ကို တကယ်ချစ်တာ သေချာလား "
" ငါ့ပုံစံကို မြင်နေတာတောင်၊အဲ့မေးခွန်းကို မင်းမို့ မေးထွက်တယ်လား... "
" သေချာချင်လို့ မေးနေတာ၊ဖြေပေး "
" ချစ်တာပေါ့။အခုလိုမျိုး ခွဲနေရတာကိုတောင်
ငါ့မှာ ဆယ်ကမ္ဘာလောက် ခွဲနေရသလို ခံစားနေရတာကွ "
" အိုကေ... ဒီလောက်ဆို ကျွန်တော် ပလန်ချလို့ရပါပြီ။ဘဲကြီးသာ ကျွန်တော့် အစီအစဥ်တိုင်း လိုက်လုပ် "
" ပြီးရော၊ မင်း အစီစဥ် ကို ပြော "
" အေးဆေးပေါ့၊ဖြေးဖြေးချင်း သွားတာပေါ့ "
" မင်း အစီစဥ် က ငါ့ ခေါင်းတော့ မပေါက်လောက်ဘူးမလား "
" ဘဲကြီး က ကျွန်တော့််ကို အထင်သေးတာပဲ။စောင့်ကြည့်လိုက်စမ်းပါ။ရှိန်းဆက်မာန်ရဲ့ အစီအစဥ်ကြောင့် တခေတ်နဲ့ဘဲကြီး အဆင်ပြေရုံတင်
မဟုတ်ဘူး။တခေတ်ကိုယ်တိုင် မျက်ရည်လည်သွားတဲ့ အထိ ကြည်နူးသွားစေရမယ် "
" ဟုတ်ပါပြီ။ ပြောတဲ့ အတိုင်း ဖြစ်မဖြစ်တော့ စောင့်ကြည့်ရသေးတာပေါ့ "
" စောင့်ကြည့်နေလိုက်ပါ။လုံးဝ ဘဝင်ခိုက်သွားစေရမယ်။အခုတော့ ပြန်လိုက်အုံးမယ် "
" အင်း "
တိုက်, ရှိန်းမာန်ဆက်ရဲ့ အစီအစဥ်ကို နားထောင်ပြီး၊စိတ်ထဲမှာ စိုးရိမ်မူ့တွေ သက်သာသွားတာတော့ အမှန်ပင်။ချာတိတ်မလေးနဲ့ အမြန်အဆင်ပြေချင်လှပြိီ။မဟုတ်ရင် အိပ်မရ၊စားမရနဲ့
လူက ကလေးအဖေမဖြစ်ခင် အိုစာတော့မည်။
.........
" တခေတ် ညီမလေး အသီးစားအုံး "
" အားနာစရာကြီး အစ်ကိုယံ၊စောနကမှ ညစာ ထမင်းစားထားတယ်။အခု အသီးတွေ ထပ်ကျွေးနေပြန်တယ် "
" အားနာရင် အိမ်ပြန်လေ၊ဘာလို့ သူများကြင်စအတွဲကြား လာနေလဲ "
" ဆက် ဘယ်လိုစကားတွေ ပြောနေတာလဲ။တခေတ် က ငါ့ဆီ ပထမဆုံး လာလည်တဲ့ ဧည့်သည် ၊ဧည့်ဝတ်မကျေအောင် လုပ်မနေနဲ့ "
" နေ့လည်ကတည်းက သူရောက်နေတာ။အခု မိုးချုပ်နေပြီ၊သူ့အိမ်ပြန်သင့်နေပြီ "
ယံ,မှာ ဆူပုတ်ပုတ် မျက်နှာနဲ့ ဘာဖြစ်နေမှန်းမသိတဲ့ ဆက်ကြောင့်... တခေတ် ကို အားနားသွားရသည်။
" သူ့ကို စိတ်ထဲထားမနေနဲ့ တခေတ်။အစ်ကိုတို့ပဲ
စားရအောင်၊စတော်ဘယ်ရီးသီးကို ငါးပိလေးရယ်၊ငရုပ်သီးလှော်မှုန့်၊ပုဇွန်ခြောက်များများလေးနဲ့ သုပ်ထားလို့ တော်တော်စားကောင်းတယ်။စားကြည့် ရော့ "
" ဟုတ် "
တခေတ် အစ်ကိုယံ ပေးလာတဲ့ အသီးသုပ်ပန်းကန်လေးကို ယူပြီးတော့ စားလိုက်သည်။
အရသာက ချဥ်၊ချို၊ငံ၊စပ်လေးမို့ အရမ်းမိုက်ပါ၏။
" ဝိုး... တကယ်ကောင်းတာပဲ။ဆက် စားကြည့်ပါလား။အစ်ကိုယံ သုပ်ထားတာ အရသာက ရှယ်ပဲ
"
" ငါ့လူ လက်ရာကောင်းမှန်း ငါသိပြ်ီးသား။နင်သာ စားပြိီးရင် ပြန်​တော့... "
" ဆက် နင် ငါ့ကို ဘာအမြင်မကြည်ဖြစ်နေတာလဲ။ဘာလို့ ပြန်ပဲ ပြန်ခိုင်းနေတာလဲ "
" ဒီလိုအချိန်က ငါ့လူနဲ့ ငါ အေးအေးဆေးဆေး နေရမယ့် အချိန်လေ။နင်ရှိနေတော့ ငါတို့က ဘယ်လိုနေရမှာလဲ။ငါ့လူက နဂိုကတည်းက အနားကပ်ရခက်ခက်၊နင်ကရှိနေတော့ ပိုဆိုး "
" ဆက်, မင်း မဟုတ်တာတွေ ပြောနေမယ်ဆိုရင်
မင်း အိမ်ပြန်ပြီးတော့ အိပ်၊သွား... ထ "
ယံ,ဆက်စကားကြောင့် တခေတ် ကို မျက်နှာပူတာကြောင့်... ဆက်,ကို ဆူပူပြီး ပြန်ဖို့ပြောလိုက်၏။
" ပြန်ရမယ့် လူက ကျွန်တော်် မဟုတ်ဘူး။သူပဲ "
" ဆက် မင်း... "
" ခင်ဗျား ဘာမှမသိဘဲ ကျွန်တော့်ကို ဒေါသထွက်ဖို့ လုပ်မနေနဲ့... အိမ်ရှေ့မှာ သူ့ဘဲကြီးရောက်နေတယ်။စောင့်နေတာ နှစ်နာရီလောက်ရှိပြီ၊သူမပြန်ရင် ဟိုက အိမ်ရှေ့မှာတင် စောင့်ရင်းနဲ့ မိုးလင်းသွားလိမ့်မယ် "
ဆက်, စကားကြောင့် တခေတ်,မျက်လုံးပြူးသွားရသည်။
" ဦးလေးကြီး ရောက်နေတာလား "
" ဟုတ်တယ် "
" ငါ ဒီမှာ ရှိနေတာ ဦးလေးကြီး မသိလောက်ပါဘူး။မဟုတ်မှ နင်ပြောလိုက်တာလား ဆက် "
" ဟုတ်တယ်။နင်အမေအိမ်မှာလည်း နင်မရှိလို့
စိတ်ပူပြီး၊သူတို့ရှာနေကြတာ။ငါ့ကို နင့်ဘဲကြီးက မေးလာလို့ နင်ရောက်ကြောင်း ပြောလိုက်တာ။အခု နင်အပြန်ကို အိမ်ရှေ့မှာ စောင့်နေတယ်။သွားလိုက်တော့ "
" ငါ​ အိမ်မပြန်ချင်ဘူး။ဦးလေးကြီးနဲ့လည်း မျက်နှာချင်း မဆိုင်ချင်ဘူး "
" ပြဿာတစ်ခုကို ဖြေရှင်းတဲ့အခါ၊ရှောင်ပြေးနေတာ ဖြေရှင်းရာမရောက်ဘူး တခေတ်။နင်ဖြစ်ချင်တာ၊သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး
ဖြေရှင်းတာကမှ ပြဿနာကို ဖြေရှင်းရာရောက်တာ။ရှောင်ပုန်းနေတာက ဖြေရှင်းတာ မဟုတ်ဘူး။ပြဿနာပိုကြီးလာအောင် လုပ်နေတာ "
" နင် အခုလိုမျိုး နေနေတာကို၊ စောင့်နေရတဲ့
ဦးနေတိမ်တိုက်ဘက်ကိုလည်း တွေးကြည့်အုံးလေ။သူ့ခမျာ တစ်နေကုန် လုပ်လုပ်နေရတာ။အိမ်ပြန်ရောက်တော့... နင်က ဖုန်းပိတ်ထားပြီး၊
ရှာမရဖြစ်နေတာကို သိပြီး၊ဘယ်လောက်တောင်
စိတ်ပူသွားမလဲဆိုတာ၊နင်ရှိတဲ့ နေရာကိုသိပြန်တော့လည်း... နင်က အရိပ်လေးတောင် ထွက်မပြဘဲနေနေတာ။ငါသာ ဦးနေတိမ်တိုက်ဆိုရင် အိမ်ရှေ့ကနေ ပြန်သွားတာ ကြာပြီ။နင် ဦးနေတိမ်တိုက် ကို တကယ်ချစ်တယ်ဆိုရင်၊နည်းနည်းလောက် အလျော့ပေးလိုက်ပါ။မဟုတ်ရင် နင် အဲ့လူကို ဆုံးရှုံးရလိမ့်မယ် တခေတ် "
" အ အစ်ကိုယံ တ တခေတ် ပြန်လိုက်ဦးမယ်နော် "
" ကောင်းပါပြီ ညီမလေး "
ယံ,စကားကိုတောင် အဆုံးထိ နားမထောင်ဘဲ ပြေးထွက်သွားတဲ့ တခေတ်ကြောင့်... အံ့ဩမဆုံးဖြစ်ကျန်နေရတဲ့ ယံ။
" တခေတ် က ဘာဖြစ်သွားတာလဲ "
" သူချစ်တဲ့လူကို ဆုံးရှုံးရမှာ ကြောက်လို့၊ခင်ဗျားကရော ကျွန်တော့်ကို ဆုံးရှုံးရမှာ မကြောက်ဘူးလား "
" မဟုတ်တာတွေ ပြောတာရပ်ပြီး၊အိပ်ဖို့လုပ် "
" ဟုတ်တာတွေ ပြောမယ်ဆိုရင်ရော... မောင့်ကို
မွှေးမှာလား ပြော "
" မွှေးရအောင် မင်း က ပန်းမှ မဟုတ်တာ။ငါ အိပ်ရာထဲဝင်တော့မယ်။အိပ်မယ်ဆိုရင် ခြေ၊လက်ဆေးလာခဲ့ "
" အိုကေ "
ဆက်, အစ်ကို က အခန်းထဲဝင်သွားတာမို့...
ခြေ၊လက်ဆေးဖို့ ရေချိုးခန်းဆီ သွားရတော့သည်။
" ချာတိတ် "
" ................. "
အိမ်ထဲကနေ ထွက်လာတဲ့ သူမက...
ကိုယ့်ကို တစ်ချက်သာကြည့်ပြီး ကားပေါ်ကို တက်သွားလေသည်။
စကားမပြောတာကို စိတ်မကောင်း ဖြစ်ရပေမယ့်... အခုလိုလေး ကိုယ့်ဆီ ပြန်လာပေးတာကိုပဲ
ကျေနပ်မိပါသည်။
ကားပေါ်ရောက်တော့လည်း နောက်ခန်းမှာ ထိုင်တဲ့ သူမက... မျက်လုံးမှိတ်ကာ အိပ်နေတာမို့ စကားမပြောရ။
အိမ်ရောက်ရင်တော့ စကားပြောကြည့်ရမည်။
သူမ စိတ်ကောက်နေတော့လည်း တကယ်ကို
မနေတတ်တာပါ။ပြန်တည့်ရင်တော့ အရာအားလုံး သူမသဘောကျ ဖြစ်အောင်၊ဖန်တီးပေးမည်။
သူမကို မငိုစေရဘဲ... ပျော်ရွှင်စေရမည်ဟု
ကိိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်သည်။
" မြေးမလေး ပြန်လာပြီလား "
တခေတ် အိမ်ထဲ ဝင်လာတော့...
မအိပ်သေးတဲ့ အဘိုး က မေးသည်။
" ဟုတ်ကဲ့ အဘိုး။တခေတ် အခန်းထဲ သွားတော့မယ်နော် "
" သွားလေ မြေးမလေး "
" အဘိုး ကျွန်တော််လည်း အပေါ်တက်ပါတော့မယ် "
" တက်ပါကွယ်။မြေးတို့ ပြန်လာတာကို မြင်ရပြီဆိုတော့... အဘိုးလည်း  အိပ်တော့မှာပါ "
" ဟုတ်ကဲ့ အဘိုး "
တိုက်, အ​ဘိုးကိုပြောပြီးတာနဲ့ အဘိုးကို ခပ်မြန်မြန် တက်လာခဲ့လိုက်သည်။
တိုက်,အခန်းထဲရောက်တော့ သူမက အိပ်ရာပေါ်ကို ရောက်နေပါပြီ။
" ချာတိတ် အိပ်တော့မှာလား "
" အင်း " လို့ သာ ဖြေတဲ့ အသံလေးနဲ့ မျက်နှာလေးက မကောင်းတာမို့...
" ကိုယ် တခြားအခန်းမှာ သွားအိပ်ပေးရမလား "
" ဘေးမှာပဲ အိပ် " ဟု ဆိုပြီး စောင်လေးကို ပခုံးနားအထိ ဆွဲခြုံပြီး အိပ်လိုက်တဲ့ သူမ။
အခုထိ ကိုယ့်အပေါ် အေးစက်နေသေးပေမဲ့...
သူမဘေးမှာပဲ အိပ်ခွင့်ပေးထားတာမို့...
တိုက်, ပျော်ရွှင်မဆုံး ဖြစ်နေရသည်။
ကိုယ့်ဘက်ကို ကျောပေးထားပေမဲ့လည်း...
သူမရဲ့နောက်ကျောလေးနားမှာ ကပ်ပြီး အိပ်ခွင့်ရမို့... ကျေနပ်မိပါ၏။ရှိန်းဆက်မာန်ရဲ့ နည်းလမ်းကိုလည်း အသုံးချမှာ ဖြစ်သလို....
ကိုယ်တိုင်ကြိုးစားမူ့နဲ့ သူမနှင့်ပြေလည်အောင်လို့လည်း လုပ်ဆောင်ပါမည်။ဒီညတော့ သူမနောက်ကျောပြင်လေးကို အိပ်မပျော်ခင် တလျှောက်လုံး ခိုးခိုးနမ်းနေမိတာက... ဘယ်နှစ်ကြိမ်မှန်း မသိခဲ့ပေ။
.....နောက်တစ်ပိုင်း ရှည်ရှည်လေး ရေးပေးပါ့မယ်နော်။
#ကိုးအမရာမောင်
Shareသွားပေးနော်
                                 or
                       ဦးရဲ့.... ချာတိတ် 
                           အခန်း   (၃၄)
.
" ဒေါက်! "
" အား... မေမေကလည်း နာတယ် "
အတင်းပြန်လွှတ်တယ်။အဲ့ဒါတွေက ညည်းလေး
" ယောက်ျားသဘောကျမနေချင်ရင်၊ညည်းက
" ဒေါက် "
" အား... မေမေ "
" မပြန်ဘူး "
" ရွှေတခေတ်! "
" ထမင်းစားပြီးမှ သွား "
" မစားချင်ဘူး သွားပြီ "
" ဟင်း... "
......
ပြန်တော့ "
" ဘာကွ! "
ပြန် "
" ဒါပေါ့ "
ချာတိတ်မလေးနဲ့ ကိုယ်ကြားမှာ ပြဿနာစဖြစ်လာပုံရော၊စတင်တွေ့ဆုံကြပုံကိုရော အသေးစိတ် ဆရာကြီးရှိန်းဆက်မာန် ပြောပြလိုက်သည်။
" အင်း "
.........
" ဟုတ် "
"
" ပြန်ရမယ့် လူက ကျွန်တော် မဟုတ်ဘူး။သူပဲ "
" ဆက် မင်း... "
" ဟုတ်တယ် "
" ကောင်းပါပြီ ညီမလေး "
မွှေးမှာလား ပြော "
" အိုကေ "
" ချာတိတ် "
" ................. "
ကျေနပ်မိပါသည်။
ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်သည်။
" သွားလေ မြေးမလေး "
" အဘိုး ကျွန်တော်လည်း အပေါ်တက်ပါတော့မယ် "
" ဟုတ်ကဲ့ အဘိုး "
#ကိုးအမရာမောင်
Shareသွားပေးနော်
Continue Reading
You'll Also Like
118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
343K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...