ခွန်းတခြန္းတ(ongoing)

Par KimJeong974

21.2K 2.2K 391

ခွန်းတ စောင့်နေရတာကို‌ မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း... Plus

ခွန်းတ(intro)
ခွန်းတ(1)
ခွန်းတ(2)
ခွန်းတ(3)
ခွန်းတ(4)
ခွန်းတ(5)
ခွန်းတ(6)
ခွန်းတ(7)
ခွန်းတ(8)
ခွန်းတ(9)
ခွန်းတ(10)
ခွန်းတ(11)
ခွန်းတ(12)
ခွန်းတ(13)
ခွန်းတ(14)
ခွန်းတ(15)
ခွန်းတ(16)
ခွန်းတ(17)
ခွန်းတ(18)
ခွန်းတ(19)
ခွန်းတ(20)
ခွန်းတ(21)
ခွန်းတ(22)
ခွန်းတ(23)
ခွန်းတ(24)
ခွန်းတ(25)
ခွန်းတ(26)
ခွန်းတ(27)
ခွန်းတ(28)
ခွန်းတ(29)
ခွန်းတ(30)
ခွန်းတ(31)
ခွန်းတ(32)
ခွန်းတ(33)
ခွန်းတ(34)
ခွန်းတ(35)
ခွန်းတ(36)
ခွန်းတ(38)
ခွန်းတ(39)
ခွန်းတ(40)
ခွန်းတ(41)
ခွန်းတ(42)
ခွန်းတ(43)
ခွန်းတ(44)
ခွန်းတ(45)
ခွန်းတ(46)
ခွန်းတ(47)
ခွန်းတ(48)
ခွန်းတ(49)
ခွန်းတ(50)
ခွန်းတ(51)
ခွန်းတ(52)
ခွန်းတ(53)

ခွန်းတ(37)

203 39 22
Par KimJeong974

Zawgyi

"ခြန္း!"

သူ႔ဘက္သို႔ စက္ရုပ္မ်ားအလား လွၫ့္ၾကၫ့္လာခဲ့ကာ မ်က္ဝန္းထဲတြင္ မ်က္ရည္မ်ားဟာလည္း တစ္စိုးတစ္စထိုးထြက္လို႔။ထိတ္လန႔္ေနသၫ့္ ေဇ့ကိုျမင္ေတာ့ ထြက္က်‌လာေတာ့မၫ့္ မ်က္ရည္စေတြကို အသည္းအသန္ သုတ္သည္။ထို႔ေနာက္ နီရဲေနေသာ မ်က္ႏွာကေလးႏွင့္ပင္ ၿပံဳးျပ၏။

"ခြန္း..ဘာမွမျဖစ္ပါဘူး"

ေဇမ်က္ခံုးမ်ား အလယ္သို႔ စုသြားေလေတာ့သည္။ထိုေကာင္ေလး၏ လူႀကီးလိုလို လုပ္တတ္သၫ့္ ပံုစံဟာ တစ္ဖန္‌ျပန္ေပၚလာျပန္ၿပီ။မ်က္ႏွာမွာအားတင္းၿပီး‌ ေျပာေနေသာ္လည္း ခႏၶာကိုယ္ကမူ စိတ္ကိုမလိုက္နာစြာ တံုယင္ေနခဲ့သည္ဟာ သိသာလြန္းလွသည္။

အခန္းထဲဝင္ရန္ ေျခတစ္လွမ္း လွမ္းလိုက္ေတာ့ နဂိုရပ္ေနသၫ့္ ကိုယ္ငယ္ေလးဟာ ၿပိဳလဲလာေတာ့၏။ေဇစိတ္ပူကာ ၾကမ္းျပင္ႏွင့္ ရိုက္မိေတာ့မၫ့္ ထိုကိုယ္ငယ္ေလးကို အျမန္ေပြ့ယူလိုက္သည္။

အားကိုးစရာရင္ခြင္ ရသြားသၫ့္ ခြန္းတမွာေတာ့ သန္မာသၫ့္ ပံုရိပ္ကေလးပ်က္ကာ ေဇ့ရင္ခြင္ထဲ အလဲလဲအၿပိဳၿပိဳ..။

"ဒါ..ဒါဆို ခြန္းအျပင္ထြက္တုန္းက
သူတို႔ရဲ့အၾကၫ့္ေတြက ဒီကိစၥေၾကာင့္လား..
ခြန္းဘာမွမလုပ္ခဲ့ဘူးေလ.."

ခြန္းတ၏စိတ္ထဲတြင္ ေနာက္ဆက္တြဲ ျပႆနာမ်ားကို မ်ိဳးစံုစဉ္းစားေနကာ ျဖစ္မလာေသးသၫ့္ အနာဂတ္ကို ေတြးေလေတြးေလ ေၾကာက္လာေလျဖစ္သည္။

"ခြန္း..စိတ္ကိုေလ်ာ့"

"ဘာေၾကာင့္လဲ..ဘာေၾကာင့္ ခြန္းစီမွာဘဲ ဒီလိုမ်ိဳးေတြ လာျဖစ္ေနရတာလဲ။ေနာက္ဆံုး‌မွာ ခ်စ္ရတဲ့သူနဲ႔ ေအးခ်မ္းတဲ့ဘဝေလးမွာ ေနႏိုင္ေတာ့မွာေလ..ဘာလို႔လဲ"

"ခြန္း!"

ေဇသူ၏ရင္ခြင္ထဲ အတင္းတိုးဝင္ေနတဲ့ ကိုယ္ငယ္ေလးကို စိတ္မရွည္စြာ ဆြဲယူလ်က္ ျဖဴေဖြးကာ ႏူးညံ‌လြန္းေသာမ်က္ႏွာေလးကို သူႏွင့္မ်က္ႏွာခ်င္းဆိုင္ေစသည္။

"ဟုတ္တယ္ ကိုယ္တို႔ေတြ ေအးခ်မ္းတဲ့
ဘဝေလးကို ပိုင္ဆိုင္ရေတာ့မွာ"

"ဒါေပမယ့္-"

"အဲ့ေအးခ်မ္းတဲ့ ဘဝေလးထဲမွာလည္း
ကိုယ္ရယ္မင္းရယ္ ကိုယ္တို႔ရဲ့ ရင္ေသြးေလးေတြရယ္ဘဲ အဲ့ရြံစရာလူေတြမပါဘူး.."

ခြန္းတ ဘာစကားမွ မေျပာႏိုင္ေတာ့။
ေျပာမထြက္ႏိုင္တာဆို ပိုမွန္မည္။

ျဖဴသြယ္သြယ္လက္ေခ်ာင္းမ်ားကို ေဇ့ရဲ့ၾကမ္းတမ္းလြန္းတဲ့ လက္တစ္စံုမွာ စုပ္ကိုင္လာၿပီး မ်က္ဝန္းထဲသို႔ တၫ့္တၫ့္စိုက္ၾကၫ့္ကာ ေျပာလာသၫ့္ စကား..

"ေဘးလူေတြကို မၾကၫ့္နဲ႔ ဒီကိုၾကၫ့္
ခြန္းကို ကိုယ္ဘယ္ေလာက္ ခ်စ္လိုက္သလဲ..
ကိုယ့္ကိုဘဲၾကၫ့္ပါ.."

ခြန္းတ ေခါင္းထဲတြင္ ဗလာက်င္းေနေတာ့သည္။အခ်ိန္ေတြရပ္တန႔္ကာ တစ္ေလာကလံုး ဆံုးဆံုးေပ်ာက္သြားသလို သူ႔ကိုေျခာက္လန႔္ေနတဲ့ တီးတိုးေျပာသံေတြအစား ထိုအမ်ိဳးသား၏ ျငင္သာလွေသာ အသံသာရိွေနခဲ့သည္။

ျမတ္ႏိုးရသၫ့္ မ်က္ဝန္းနက္မ်ားကို စိုက္ၾကၫ့္လိုက္ေတာ့ ထင္ဟပ္ေနသည္က သူ..သူကိုယ္တိုင္ပင္။ဟုတ္သည္..‌ထိုအမ်ိဳးသား၏ မ်က္ဝန္းတစ္စံုတြင္ သူတစ္ေယာက္ထဲပဲ ရိွေနခဲ့သည္။က်န္သၫ့္ မည္သူမ်ွ ရိွမေနခဲ့။အေသြးအသားေတြအထိ ေနြးေထြးလြန္းလို႔ ႏွလံုးသားေလးေတာင္ အရည္ေပ်ာ္ေတာ့မည္။

ပတ္ဝန္းက်င္က သူ႔ကိုမေကာင္းျမင္လည္း ဘာအေရးလဲ။သူ႔ကို ရႈံ႔ခ်ေျပာဆိုေနလည္း ဘာအေရးလဲ။သူ႔တြင္ 'ေမာင္' ရိွသည္။ေမာင္ႏွင့္သာဆိုလ်ွင္ မီးပင္လယ္တင္မက ဆူးခင္းလမ္းပါ ျဖတ္ရဲသည္။

တကယ္ကို သူ႔ဘဝမွာ 'ေမာင့္' ကိုသာလ်ွင္
လိုအပ္ေပသည္။

တိမ္ကင္းစင္သလို ၾကည္လင္သြားတဲ့ မ်က္ဝန္းေလးေတြေၾကာင့္ ေဇေမးလိုက္သည္။

"ဘယ္လိုေနေသးလဲ"

ရင္ခြင္ထဲသို႔ အတင္းတိုးဝင္ကာ ရင္ခြင္က်ယ္ႀကီးကို ပါးကေလးျဖင့္ ပြတ္သပ္ေနသည္။

"အင္း..ေမာင္တစ္ေယာက္ထဲကိုပဲ ၾကၫ့္မယ္"

ေဇ့ရဲ့ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကြးတက္သြားကာ ျငင္သာလွေသာ အၿပံဳးတစ္ခုကို ျဖစ္တည္ေစသည္။နီညိုေရာင္ဆံႏြယ္ႏုႏုေလးေတြကို ထိုးဖြလ်က္ ကေလးတစ္ေယာက္လို ေက်ာျပင္ေလးကို ပြတ္ကာ ေခ်ာ့သိပ္သည္။

"စိတ္မပူနဲ႔ေနာ္ အဲ့ကိစၥကို မိုးေဇာ္တို႔နဲ႔ကိုယ္ ေျဖရွင္းေပးမယ္ အခုေလာေလာဆယ္ေတာ့ အိမ္ထဲမွာဘဲေနေနာ္"

ေခါင္းေလးကို တစ္တြင္တြင္ၿငိမ့္ကာ လိုက္နာေၾကာင္းျပ၏။‌လႊတ္ခ်လိုက္မိတာေၾကာင့္ ရႈပ္ပြသြားတဲ့ ေဆးေသတၲာဘူးကို ျပန္ေကာက္ရန္ ေဇမတ္တပ္ရပ္စဉ္ ေသးသြယ္လွ‌ေသာ ထိုလက္ေခ်ာင္းေလးမ်ားက တင္းၾကပ္စြာ ဆုပ္ကိုင္၍ တားစီးလာခဲ့သည္။

"ဘာျဖစ္လို႔လဲ ခြန္း"

ခ်ယ္ရီလို နီရဲေနတဲ့ ႏႈတ္ခမ္းဖူးေလးဟာ မဝံရဲစြာ  ပြင့္လိုက္ပိတ္လိုက္ျဖင့္ ၾကၫ့္ေနသူကို ယစ္မူးေစသည္။‌‌ေနာက္ဆံုးမွာေတာ့ တုန္ယင္ေနတဲ့ အသံေလးျဖင့္ စကားတစ္ခြန္း ထြက္လာခဲ့သည္။

"မသြားပါနဲ႔"

"ကိုယ္ကဟိုနားက ေဆးေသတၲာ သြားေကာက္မလို႔ပါ"

"မရဘူး နီးနီးေလးလည္း မသြားနဲ႔
အေဝးႀကီးလည္း မသြားနဲ႔
ေမာင္ကခြန္းနားမွာဘဲ ဝဲရမယ့္ လိပ္ျပာေလးဘဲ"

အတၲဆန္ေသာ ထိုစကားေလးကို ေဇအျပစ္မတင္ရက္စြာ ပို၍ပင္ ခ်စ္ရိပ္သန္းရေပသည္။

"ကဲ..ဒီေန့မွ ဘယ္လိုျဖစ္ေနရတာတုန္း
အခန္းေပါက္ဝေလးတင္ သြားမွာေလ
ကိုယ္ကုန္း‌ေကာက္ေနရင္ ခြန္းကေနာက္ကေန
ကိုယ့္ဖင္ႀကီးေတာင္ ျမင္ရမွာဘဲကို"

ဆူပုတ္ေနေသာ မ်က္ႏွာေလးဟာ ခ်က္ခ်င္းပင္ ၾကည္လင္ေတာက္ပသြားၿပီး ျဖဴျဖဴအုအုမ်က္ႏွာေလးထက္တြင္ ေကာက္က်စ္လွေသာ အၿပံဳးကေနရာယူသည္။

"ဟီးဟီး..သြား..သြားေလ(⁠人 ͡⁠°⁠ ͜⁠ʖ⁠ ͡⁠°⁠ )"

ေခါင္းသာခါလ်က္ သက္ျပင္းခ်ရေလသည္။တကယ္လည္း သြားေကာက္ေတာ့ မ်က္လံုးႀကီး ကြၽတ္က်မတတ္ပင္ ၾကၫ့္ေနကာ ေလေတာင္ခြၽန္လိုက္ေသး၏။

"ေမာင္က အိုးေတာ့ ေကာင္းသားပဲ"

ထိုစကားေၾကာင့္ ၾကက္သည္းပင္ ထသြားရေလေတာ့သည္။မဟုတ္မွလြဲေရာ ထိုေကာင္ေလး အေပၚေနရာကို ယူခ်င္ေနတာမ်ားလား..။

အေတြးႏွင့္အတူ ေနာက္လွၫ့္ၾကၫ့္ေတာ့ မ်က္လံုးတစ္ဖက္မိွတ္ကာ သေရပင္ျဖင့္ သူ႔ဖင္ကို ခ်ိန္ထားသည္ကို ေတြ့လိုက္ရေတာ့သည္။

သူလွၫ့္ၾကၫ့္လာမွန္းသိေတာ့ မထံုတတ္ေသးမ်က္ႏွာျဖင့္ ျပန္ၿပံဳးျပေလသည္။

"ခြန္းေနာ္ အဟင္းဟင္း"

"ဘာလဲ ၿငိဳျငင္တာလား"

"ဟားဟား..မၿငိဳျငင္ရဲပါဘူးဗ်ာ"

ဆိုကာ ေဆးေသတၲာေလးပိုက္လ်က္ လမ္းေလ်ွာက္လာေတာ့သည္။

"ၿငိမ္ၿငိမ္ေနေနာ္....
ေဆးကနည္းနည္းေတာ့ ပူၿပီးစပ္လိမ့္မယ္"

"အဟက္..ေမာင့္အခ်စ္ေတြေလာက္ေတာ့
ပူစပ္ပူစပ္မျဖစ္ပါဘူး"

"ခြန္းေျပာတာေနာ္"

ခြန္းတဟာ ဆရာႀကီးစတိုင္ျဖင့္ ႏွာေခါင္းကိုပြတ္ကာ ၾကက္သည္းထစရာအၿပံဳးႀကီးကို ၿပံဳးသည္။

"ႏွစ္ခါမေျပာဘူး"

ေျပာလိုက္သည္ႏွင့္ ဂြမ္းစေပၚ ေဆးသုတ္ကာ အလုပ္စတင္ေတာ့၏။

ခဏၾကာေသာ္...

"ေသနာႀကီး!!!!!!"

"ဘာ..ဘာတုန္း"

"နည္းနည္းဘဲ စပ္တာဆို အမေလးေလး...
အသားေတြေတာင္ ေလာင္ေနကုန္ၿပီလား မသိ"

"ေဟာ‌..ခြန္းဘဲ ကိုယ့္အခ်စ္ေတြေလာက္
ပူစပ္ပူစပ္ မျဖစ္ဘူးဆို"

ထိုအခါမွ ေအာ္ေနတာကို ရပ္ကာ ရွက္သြားသ‌ေယာင္ေယာင္ျဖင့္ ေခ်ာင္းဟန႔္သည္။

"ဒါေပမယ့္....နာ..နာတယ္ေလ"

"နာရင္လည္း သည္းခံ။ခြန္းမ်က္ႏွာေလးနဲ႔ ဒီဒဏ္ရာေတြနဲ႔ မလိုက္ဖက္ဘူး"

"ဒါေပါ့ ခြန္းကေမာင္နဲ႔ဘဲ လိုက္ဖက္တာေလ"

ေဇမ်က္ခံုးတစ္ခ်က္ ပင့္မိသြားေလေတာ့၏။

ဒီေကာင္ေလး.......

အရမ္းစြဲမက္စရာ မေကာင္းဘူးလား?။

"စကားတတ္တိုင္း ေလ်ွာက္ေျပာေနတယ္"

"ေမာင့္တစ္ေယာက္ထဲကိုဘဲ အကဲပိုတာပါ ဟီး"

ေဆးထၫ့္ေပးတာကို နာ၍ ခဏခဏတြန္းထုတ္ေနတဲ့ ထိုေကာင္ေလး။လက္တစ္ဖက္ျဖင့္ ရင္ခြင္ထဲသြင္းကာ ခ်ဳပ္ေနွာင္လိုက္ၿပီး ေနာက္တစ္ဖက္ျဖင့္ ေဆးထၫ့္ရန္ျပင္ေပးသည္။

သို႔ေသာ္ နီးကပ္လြန္းတဲ့ အကြာအေဝးၾကားထဲ ဝင္သက္ထြက္သက္ကိုေတာင္ ခံစားေနခဲ့ရသည္။အေဝးကေနေတာင္ မေဂါက္ဘဲ ရူးရတဲ့ ထိုလူသားရဲ့အလွဟာ ယခုေတာ့ နီးကပ္လြန္းစြာပင္ ျမင္ေနရခဲ့သည္။

စိတ္ကိုထိန္းကာ ဒဏ္ရာေဆးထၫ့္ရန္သာ အာရံုစိုက္ထားခဲ့ေသာ္လည္း ေဆးဆိုးမပါပဲ နီရဲေနတဲ့ ထိုႏႈတ္ခမ္းဖူးဖူးေလးဟာ ကိုယ့္ကိုအရင္ စ‌နမ္းလာခဲ့ေတာ့ စေတာ္ဘယ္ရီအရသာေလးဟာ ႏႈတ္ခမ္းနားဝယ္ တစ္လႈလႈ။

အင္း..ဒီညဟာ အိမ္မက္ဆန္စြာ ညတာရွည္ေပလိမ့္ေတာ့မည္။
_______________________________________
_______________________________________
                          {ခြန္းတ}

အျဖဴေရာင္ တိမ္တိုက္ေတြၾကားထဲ ပ်ံသန္းေနေသာ အျဖဴေရာင္ ေလယာဉ္တစ္စီး။ထိုေလယာဉ္အတြင္းရိွ ထုဆစ္ထားတဲ့ ပန္းပုရုပ္အလား ေခ်ာေမာလြန္းတဲ့ ထိုအမ်ိဳးသားဟာ အျဖဴေရာင္ ေလယာဉ္ႏွင့္ မလိုက္ဖက္စြာ အနက္တစ္မ်ိဳးထဲကိုသာ ဝတ္ဆင္ထားေလသည္။ခန႔္ညားလြန္းလွပါသည္ဆိုသၫ့္ မ်က္ႏွာဟာလည္း ပံုေသျဖစ္ေနခဲ့ၿပီး အျပင္ရိွ လိမၼော္ေရာင္သန္းေနသၫ့္ တိမ္တိုက္ငယ္ေလးေတြကို ေငးၾကၫ့္ေနေလရဲ့။

ရင္သက္ရႈေမာရေလာက္တဲ့ ညေနခင္း လိမၼော္ေရာင္ တိမ္တိုက္ေတြကို ေငးၾကၫ့္ေနတဲ့ ထိုမ်က္ဝန္းတစ္စံုကေတာ့ တစ္စံုတစ္ေယာက္ကို လိုအပ္ေနသၫ့္အလား လစ္ဟာေနခဲ့သည္။

"ေဘာ့စ္.."

ေတြးေနသၫ့္ အ‌ေတြးေတြကို ကြယ္ေပ်ာက္သြားေစတဲ့ ထိုလက္‌ေထာက္အတြင္းေရးမႈး အသံေၾကာင့္ အလိုမက်စြာ မ်က္ေမွာင္ႀကံဳ႔ရသည္။

"ဘာလဲ"

"ေစာေစာကတည္းက ေဘာ့စ္ရဲ့ဖုန္းကို ခင္ျမဆိုတဲ့ မိန္းကေလးတစ္ေယာက္ ခဏခဏဖုန္းေခၚေနပါတယ္။ေဘာ့စ္ အိပ္ေနတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ ဖုန္းခ်ခဲ့ေပမယ့္ message ေတြထပ္ပို႔ေနပါတယ္"

နားေထာင္ရတာကိုပင္ ပ်င္းရိေနသ‌ေယာင္ ထိုမ်က္ဝန္းေတြဟာ လက္ေထာက္အတြင္းေရးမႈးထံမွ‌ တိမ္တိုက္ေတြစီကို ျပန္ေရာက္၏။

"အဲ့ေတာ့..ငါ့ကိုဒီကိစၥေလးေျပာဖို႔အတြက္လား?"

"မ..မဟုတ္ပါဘူး သူမပို႔ထားတဲ့ထဲမွာ ခြန္းတဆိုတဲ့ နာမည္ပါလိုက္တယ္ ၿပီးေတာ့ အေရးႀကီးတယ္တဲ့"

ခ်က္ခ်င္းပင္ ပ်င္းရိေနတဲ့ မ်က္ဝန္းေတြဟာ ေတာက္ပသြားလ်က္ ခႏၶာကိုယ္က အလိုအေလ်ာက္ ဖုန္းကိုလိုက္ရွာသည္။

"ဟို..ဖုန္းကဒီမွာပါ ေဘာ့စ္"

ကမ္းေပးလာတဲ့ ဖုန္းကိုယူကာ လက္ေထာက္အတြင္းေရးမႈးကို ထြက္သြားရန္ေျပာလိုက္သည္။ထို႔ေနာက္ ဖုန္းcallထဲမွ ခင္ျမနာမည္ကိုရွာေတာ့ ေတြ့ပါၿပီ။၁၈ခါေတာင္ ဖုန္းဆက္ထား၏။

တီ...တီ...တီ*

ဖုန္းဆက္လိုက္ေတာ့ ဘယ္ခ်ိန္ကတည္းက ေမ်ွာ္ေနမွန္းမသိ ခ်က္ခ်င္းေကာက္ကိုင္သည္။

"သူေဌး"

တစ္ဖက္မွ ခင္ျမရဲ့ အသံၿပဲႀကီး ထြက္လာသျဖင့္ နားေတာင္အူသြားရသည္။

"ေျပာ...ခြန္းတကိစၥဆို"

"ဟ..ဟုတ္တယ္ လိုင္းေပၚမွာ ခြန္းတကိုသူေဌးရဲ့ လင္ငယ္ဆိုၿပီး ပလူပ်ံေနတယ္။ၿပီးေတာ့အဲ့သတင္းထဲမွာ ခြန္းတကပိုက္ဆံလိုခ်င္လို႔ ကပ္ဖားရပ္ဖားလုပ္တယ္ ဆိုၿပီးေတာ့ပါ ေရးထားတယ္။သူေဌးက ဘယ္ေရာက္ေနတာလဲ?။ခုထိ သူေဌးတို႔ဘက္က မေျဖရွင္းေသးရင္ ခြန္းတဘဝတစ္ေလ်ွာက္ ဒီဟာကအမဲစက္ႀကီး ျဖစ္သြားလိမ့္မယ္"

ဒံုးက်ည္လႊတ္သလို ဒရပ္ဇတ္ေျပာသြားတဲ့ ခင္ျမေၾကာင့္ နားလည္ရန္ အေတာ္ႀကိဳးပမ္းလိုက္ရ၏။နားလည္လာသည္ႏွင့္အမ်ွ နဂိုစူးရွရွမ်က္ဝန္းေတြဟာ အၾကၫ့္ႏွင့္ပင္ လူသတ္လို႔ရေလာက္သည္အထိ ျဖစ္တည္လာခဲ့သည္။

"ငါအခုUKကိုသြားေနတာ"

"ဟာ အဲ့ဆိုဘယ္လိုလုပ္မွာလဲ။သူေဌးတို႔ဘက္က ဝင္မေျပာမခ်င္း ဒီကိစၥကပ်က္မွာ မဟုတ္ဘူးေနာ္။ခြန္းတဘက္ကို စာနာအံုး"

"ခင္ျမ..ငါမင္းကို ကိုယ္ဝန္ရိွလို႔ အလုပ္နားေပးလိုက္တာနဲ႔ ငါ့ကိုသူေဌးလို႔မျမင္ေတာ့ဘူးလား"

"အဲ..ဟဲဟဲ အဲ့တာ ခြန္းတကို စိတ္အပူလြန္သြားလို႔ ရိုင္းရိုင္းစိုင္းစိုင္းေျပာမိတာ ေဗြမယူပါနဲ႔"

"ငါရေအာင္ေျဖရွင္းမယ္ ဘာဘဲျဖစ္ေနေန
ခြန္းကိုအထိခိုက္မခံႏိုင္ဘူး"

"အဲ့ဆို ေဇ့ဖုန္းနံပါတ္ကို လိုရမယ္ရ သူေဌးစီေပးထားလိုက္မယ္ေနာ္"

"အင္း"

တီ*

ဖုန္းခ်သြားသည္ႏွင့္ တစ္ၿပိဳင္နက္ လက္ေထာက္အတြင္းေရးမႈးကိုေခၚကာ ထိုသတင္း၏အရင္းအျမစ္ကို ရွာခိုင္းလိုက္သည္။

"သတင္းထဲက ေနာက္ကြယ္က ဘယ္သူလည္းဆိုတာ ငါသိခ်င္တယ္ နာရီဝက္အတြင္း ရေအာင္ စံုစမ္းခဲ့"

"ဟုတ္ကဲ့ ေဘာ့စ္"

သူ႔လိုလူအမ်ားရိွန္ေလာက္တဲ့ သူကို မဟုတ္မကသတင္းေတြထဲ ထၫ့္ေၾကညာ‌ႏိုင္ေလာက္တဲ့သူဟာ သူ႔ထက္ အဆင့္အတန္းျမင့္ရင္ျမင့္ မျမင့္ရင္ တူညီတဲ့သူဘဲျဖစ္ရမည္။ယခုေလာေလာဆယ္UKသြားရမၫ့္ လမ္းမွာမို႔ လွၫ့္ျပန္လာလို႔ မရေသးေပ။

ခင္ျမပို႔လာသၫ့္ ေဇ့ဖုန္းနံပါတ္ကို မွတ္သားလိုက္ကာ ထိုပလူပ်ံေနသၫ့္ သတင္းကို ရွာေဖြၾကၫ့္ရႈေနလိုက္သည္။သို႔ႏွင့္တစ္ၿပိဳင္နက္ သံသယရိွလာသည္က ထက္စႏၵာဆိုသူ သူ႔မိန္းမ။သူ႔ကို အေလာတႀကီး ထြက္သြားရန္ေျပာကတည္းက သံသယျဖစ္ေနခဲ့ေသာ္လည္း ကိုယ့္ကိုလိမ္ရဲမွာမဟုတ္ ဟုဆိုကာ သံသယမီးပြားေတြကို ရုတ္ၿငိမ္းခဲ့ေသာ္လည္းဘဲ ယခုမူ သူမထြက္သြားခိုင္းသၫ့္ ေန့ႏွင့္ ထိုကိစၥျဖစ္ပြားေနသၫ့္ ေန့ဟာတူညီေနခဲ့သည္။

တိုက္ဆိုင္မႈသာ ျဖစ္ပါေစလို႔ ေမ်ွာ္လင့္၏။
_________________________________________

ကြၽန္ေတာ္ update ေတြက်ဲေနလို႔ စိတ္ဆိုးေနၾကေသးလား။မလိမ္တတ္လို႔ အမွန္အတိုင္း ေျပာလိုက္ပါ့မယ္ေနာ္👉👈။တကယ္ေတာ့....MLမွာssက်လို႔ rankတင္ေနရတာပါဗ်ာ😭🤌။ဒီေန့တင္ ၇ပြဲေဆာ့တာ ၃ပြဲရႈံးလာလို႔ ေလာင္ၿပီး စိတ္ေျဖဖို႔ficေလး လာေရးဝာပါ။

စိတ္မဆိုးၾကပါနဲ႔ေနာ္..မြခ်ိမြခ်ိ(⁠灬⁠º ³ º⁠灬⁠)⁠♡။
__________________________________________

Unicode

"ခွန်း!"

သူ့ဘက်သို့ စက်ရုပ်များအလား လှည့်ကြည့်လာခဲ့ကာ မျက်ဝန်းထဲတွင် မျက်ရည်များဟာလည်း တစ်စိုးတစ်စထိုးထွက်လို့။ထိတ်လန့်နေသည့် ဇေ့ကိုမြင်တော့ ထွက်ကျ‌လာတော့မည့် မျက်ရည်စတွေကို အသည်းအသန် သုတ်သည်။ထို့နောက် နီရဲနေသော မျက်နှာကလေးနှင့်ပင် ပြုံးပြ၏။

"ခွန်း..ဘာမှမဖြစ်ပါဘူး"

ဇေမျက်ခုံးများ အလယ်သို့ စုသွားလေတော့သည်။ထိုကောင်လေး၏ လူကြီးလိုလို လုပ်တတ်သည့် ပုံစံဟာ တစ်ဖန်‌ပြန်ပေါ်လာပြန်ပြီ။မျက်နှာမှာအားတင်းပြီး‌ ပြောနေသော်လည်း ခန္ဓာကိုယ်ကမူ စိတ်ကိုမလိုက်နာစွာ တုံယင်နေခဲ့သည်ဟာ သိသာလွန်းလှသည်။

အခန်းထဲဝင်ရန် ခြေတစ်လှမ်း လှမ်းလိုက်တော့ နဂိုရပ်နေသည့် ကိုယ်ငယ်လေးဟာ ပြိုလဲလာတော့၏။ဇေစိတ်ပူကာ ကြမ်းပြင်နှင့် ရိုက်မိတော့မည့် ထိုကိုယ်ငယ်လေးကို အမြန်ပွေ့ယူလိုက်သည်။

အားကိုးစရာရင်ခွင် ရသွားသည့် ခွန်းတမှာတော့ သန်မာသည့် ပုံရိပ်ကလေးပျက်ကာ ဇေ့ရင်ခွင်ထဲ အလဲလဲအပြိုပြို..။

"ဒါ..ဒါဆို ခွန်းအပြင်ထွက်တုန်းက
သူတို့ရဲ့အကြည့်တွေက ဒီကိစ္စကြောင့်လား..
ခွန်းဘာမှမလုပ်ခဲ့ဘူးလေ.."

ခွန်းတ၏စိတ်ထဲတွင် နောက်ဆက်တွဲ ပြဿနာများကို မျိုးစုံစဉ်းစားနေကာ ဖြစ်မလာသေးသည့် အနာဂတ်ကို တွေးလေတွေးလေ ကြောက်လာလေဖြစ်သည်။

"ခွန်း..စိတ်ကိုလျော့"

"ဘာကြောင့်လဲ..ဘာကြောင့် ခွန်းစီမှာဘဲ ဒီလိုမျိုးတွေ လာဖြစ်နေရတာလဲ။နောက်ဆုံး‌မှာ ချစ်ရတဲ့သူနဲ့ အေးချမ်းတဲ့ဘဝလေးမှာ နေနိုင်တော့မှာလေ..ဘာလို့လဲ"

"ခွန်း!"

ဇေသူ၏ရင်ခွင်ထဲ အတင်းတိုးဝင်နေတဲ့ ကိုယ်ငယ်လေးကို စိတ်မရှည်စွာ ဆွဲယူလျက် ဖြူဖွေးကာ နူးညံ‌လွန်းသောမျက်နှာလေးကို သူနှင့်မျက်နှာချင်းဆိုင်စေသည်။

"ဟုတ်တယ် ကိုယ်တို့တွေ အေးချမ်းတဲ့
ဘဝလေးကို ပိုင်ဆိုင်ရတော့မှာ"

"ဒါပေမယ့်-"

"အဲ့အေးချမ်းတဲ့ ဘဝလေးထဲမှာလည်း
ကိုယ်ရယ်မင်းရယ် ကိုယ်တို့ရဲ့ ရင်သွေးလေးတွေရယ်ဘဲ အဲ့ရွံ့စရာလူတွေမပါဘူး.."

ခွန်းတ ဘာစကားမှ မပြောနိုင်တော့။
ပြောမထွက်နိုင်တာဆို ပိုမှန်မည်။

ဖြူသွယ်သွယ်လက်ချောင်းများကို ဇေ့ရဲ့ကြမ်းတမ်းလွန်းတဲ့ လက်တစ်စုံမှာ စုပ်ကိုင်လာပြီး မျက်ဝန်းထဲသို့ တည့်တည့်စိုက်ကြည့်ကာ ပြောလာသည့် စကား..

"ဘေးလူတွေကို မကြည့်နဲ့ ဒီကိုကြည့်
ခွန်းကို ကိုယ်ဘယ်လောက် ချစ်လိုက်သလဲ..
ကိုယ့်ကိုဘဲကြည့်ပါ.."

ခွန်းတ ခေါင်းထဲတွင် ဗလာကျင်းနေတော့သည်။အချိန်တွေရပ်တန့်ကာ တစ်လောကလုံး ဆုံးဆုံးပျောက်သွားသလို သူ့ကိုခြောက်လန့်နေတဲ့ တီးတိုးပြောသံတွေအစား ထိုအမျိုးသား၏ ငြင်သာလှသော အသံသာရှိနေခဲ့သည်။

မြတ်နိုးရသည့် မျက်ဝန်းနက်များကို စိုက်ကြည့်လိုက်တော့ ထင်ဟပ်နေသည်က သူ..သူကိုယ်တိုင်ပင်။ဟုတ်သည်..‌ထိုအမျိုးသား၏ မျက်ဝန်းတစ်စုံတွင် သူတစ်ယောက်ထဲပဲ ရှိနေခဲ့သည်။ကျန်သည့် မည်သူမျှ ရှိမနေခဲ့။အသွေးအသားတွေအထိ နွေးထွေးလွန်းလို့ နှလုံးသားလေးတောင် အရည်ပျော်တော့မည်။

ပတ်ဝန်းကျင်က သူ့ကိုမကောင်းမြင်လည်း ဘာအရေးလဲ။သူ့ကို ရှုံ့ချပြောဆိုနေလည်း ဘာအရေးလဲ။သူ့တွင် 'မောင်' ရှိသည်။မောင်နှင့်သာဆိုလျှင် မီးပင်လယ်တင်မက ဆူးခင်းလမ်းပါ ဖြတ်ရဲသည်။

တကယ်ကို သူ့ဘဝမှာ 'မောင့်' ကိုသာလျှင်
လိုအပ်ပေသည်။

တိမ်ကင်းစင်သလို ကြည်လင်သွားတဲ့ မျက်ဝန်းလေးတွေကြောင့် ဇေမေးလိုက်သည်။

"ဘယ်လိုနေသေးလဲ"

ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ရင်ခွင်ကျယ်ကြီးကို ပါးကလေးဖြင့် ပွတ်သပ်နေသည်။

"အင်း..မောင်တစ်ယောက်ထဲကိုပဲ ကြည့်မယ်"

ဇေ့ရဲ့နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားကာ ငြင်သာလှသော အပြုံးတစ်ခုကို ဖြစ်တည်စေသည်။နီညိုရောင်ဆံနွယ်နုနုလေးတွေကို ထိုးဖွလျက် ကလေးတစ်ယောက်လို ကျောပြင်လေးကို ပွတ်ကာ ချော့သိပ်သည်။

"စိတ်မပူနဲ့နော် အဲ့ကိစ္စကို မိုးဇော်တို့နဲ့ကိုယ် ဖြေရှင်းပေးမယ် အခုလောလောဆယ်တော့ အိမ်ထဲမှာဘဲနေနော်"

ခေါင်းလေးကို တစ်တွင်တွင်ငြိမ့်ကာ လိုက်နာကြောင်းပြ၏။‌လွှတ်ချလိုက်မိတာကြောင့် ရှုပ်ပွသွားတဲ့ ဆေးသေတ္တာဘူးကို ပြန်ကောက်ရန် ဇေမတ်တပ်ရပ်စဉ် သေးသွယ်လှ‌သော ထိုလက်ချောင်းလေးများက တင်းကြပ်စွာ ဆုပ်ကိုင်၍ တားစီးလာခဲ့သည်။

"ဘာဖြစ်လို့လဲ ခွန်း"

ချယ်ရီလို နီရဲနေတဲ့ နှုတ်ခမ်းဖူးလေးဟာ မဝံရဲစွာ  ပွင့်လိုက်ပိတ်လိုက်ဖြင့် ကြည့်နေသူကို ယစ်မူးစေသည်။‌‌နောက်ဆုံးမှာတော့ တုန်ယင်နေတဲ့ အသံလေးဖြင့် စကားတစ်ခွန်း ထွက်လာခဲ့သည်။

"မသွားပါနဲ့"

"ကိုယ်ကဟိုနားက ဆေးသေတ္တာ သွားကောက်မလို့ပါ"

"မရဘူး နီးနီးလေးလည်း မသွားနဲ့
အဝေးကြီးလည်း မသွားနဲ့
မောင်ကခွန်းနားမှာဘဲ ဝဲရမယ့် လိပ်ပြာလေးဘဲ"

အတ္တဆန်သော ထိုစကားလေးကို ဇေအပြစ်မတင်ရက်စွာ ပို၍ပင် ချစ်ရိပ်သန်းရပေသည်။

"ကဲ..ဒီနေ့မှ ဘယ်လိုဖြစ်နေရတာတုန်း
အခန်းပေါက်ဝလေးတင် သွားမှာလေ
ကိုယ်ကုန်း‌ကောက်နေရင် ခွန်းကနောက်ကနေ
ကိုယ့်ဖင်ကြီးတောင် မြင်ရမှာဘဲကို"

ဆူပုတ်နေသော မျက်နှာလေးဟာ ချက်ချင်းပင် ကြည်လင်တောက်ပသွားပြီး ဖြူဖြူအုအုမျက်နှာလေးထက်တွင် ကောက်ကျစ်လှသော အပြုံးကနေရာယူသည်။

"ဟီးဟီး..သွား..သွားလေ(⁠人 ͡⁠°⁠ ͜⁠ʖ⁠ ͡⁠°⁠ )"

ခေါင်းသာခါလျက် သက်ပြင်းချရလေသည်။တကယ်လည်း သွားကောက်တော့ မျက်လုံးကြီး ကျွတ်ကျမတတ်ပင် ကြည့်နေကာ လေတောင်ချွန်လိုက်သေး၏။

"မောင်က အိုးတော့ ကောင်းသားပဲ"

ထိုစကားကြောင့် ကြက်သည်းပင် ထသွားရလေတော့သည်။မဟုတ်မှလွဲရော ထိုကောင်လေး အပေါ်နေရာကို ယူချင်နေတာများလား..။

အတွေးနှင့်အတူ နောက်လှည့်ကြည့်တော့ မျက်လုံးတစ်ဖက်မှိတ်ကာ သရေပင်ဖြင့် သူ့ဖင်ကို ချိန်ထားသည်ကို တွေ့လိုက်ရတော့သည်။

သူလှည့်ကြည့်လာမှန်းသိတော့ မထုံတတ်သေးမျက်နှာဖြင့် ပြန်ပြုံးပြလေသည်။

"ခွန်းနော် အဟင်းဟင်း"

"ဘာလဲ ငြိုငြင်တာလား"

"ဟားဟား..မငြိုငြင်ရဲပါဘူးဗျာ"

ဆိုကာ ဆေးသေတ္တာလေးပိုက်လျက် လမ်းလျှောက်လာတော့သည်။

"ငြိမ်ငြိမ်နေနော်....
ဆေးကနည်းနည်းတော့ ပူပြီးစပ်လိမ့်မယ်"

"အဟက်..မောင့်အချစ်တွေလောက်တော့
ပူစပ်ပူစပ်မဖြစ်ပါဘူး"

"ခွန်းပြောတာနော်"

ခွန်းတဟာ ဆရာကြီးစတိုင်ဖြင့် နှာခေါင်းကိုပွတ်ကာ ကြက်သည်းထစရာအပြုံးကြီးကို ပြုံးသည်။

"နှစ်ခါမပြောဘူး"

ပြောလိုက်သည်နှင့် ဂွမ်းစပေါ် ဆေးသုတ်ကာ အလုပ်စတင်တော့၏။

ခဏကြာသော်...

"သေနာကြီး!!!!!!"

"ဘာ..ဘာတုန်း"

"နည်းနည်းဘဲ စပ်တာဆို အမလေးလေး...
အသားတွေတောင် လောင်နေကုန်ပြီလား မသိ"

"ဟော‌..ခွန်းဘဲ ကိုယ့်အချစ်တွေလောက်
ပူစပ်ပူစပ် မဖြစ်ဘူးဆို"

ထိုအခါမှ အော်နေတာကို ရပ်ကာ ရှက်သွားသ‌ယောင်ယောင်ဖြင့် ချောင်းဟန့်သည်။

"ဒါပေမယ့်....နာ..နာတယ်လေ"

"နာရင်လည်း သည်းခံ။ခွန်းမျက်နှာလေးနဲ့ ဒီဒဏ်ရာတွေနဲ့ မလိုက်ဖက်ဘူး"

"ဒါပေါ့ ခွန်းကမောင်နဲ့ဘဲ လိုက်ဖက်တာလေ"

ဇေမျက်ခုံးတစ်ချက် ပင့်မိသွားလေတော့၏။

ဒီကောင်လေး.......

အရမ်းစွဲမက်စရာ မကောင်းဘူးလား?။

"စကားတတ်တိုင်း လျှောက်ပြောနေတယ်"

"မောင့်တစ်ယောက်ထဲကိုဘဲ အကဲပိုတာပါ ဟီး"

ဆေးထည့်ပေးတာကို နာ၍ ခဏခဏတွန်းထုတ်နေတဲ့ ထိုကောင်လေး။လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲသွင်းကာ ချုပ်နှောင်လိုက်ပြီး နောက်တစ်ဖက်ဖြင့် ဆေးထည့်ရန်ပြင်ပေးသည်။

သို့သော် နီးကပ်လွန်းတဲ့ အကွာအဝေးကြားထဲ ဝင်သက်ထွက်သက်ကိုတောင် ခံစားနေခဲ့ရသည်။အဝေးကနေတောင် မဂေါက်ဘဲ ရူးရတဲ့ ထိုလူသားရဲ့အလှဟာ ယခုတော့ နီးကပ်လွန်းစွာပင် မြင်နေရခဲ့သည်။

စိတ်ကိုထိန်းကာ ဒဏ်ရာဆေးထည့်ရန်သာ အာရုံစိုက်ထားခဲ့သော်လည်း ဆေးဆိုးမပါပဲ နီရဲနေတဲ့ ထိုနှုတ်ခမ်းဖူးဖူးလေးဟာ ကိုယ့်ကိုအရင် စ‌နမ်းလာခဲ့တော့ စတော်ဘယ်ရီအရသာလေးဟာ နှုတ်ခမ်းနားဝယ် တစ်လှုလှု။

အင်း..ဒီညဟာ အိမ်မက်ဆန်စွာ ညတာရှည်ပေလိမ့်တော့မည်။
_______________________________________
_______________________________________
                          {ခွန်းတ}

အဖြူရောင် တိမ်တိုက်တွေကြားထဲ ပျံသန်းနေသော အဖြူရောင် လေယာဉ်တစ်စီး။ထိုလေယာဉ်အတွင်းရှိ ထုဆစ်ထားတဲ့ ပန်းပုရုပ်အလား ချောမောလွန်းတဲ့ ထိုအမျိုးသားဟာ အဖြူရောင် လေယာဉ်နှင့် မလိုက်ဖက်စွာ အနက်တစ်မျိုးထဲကိုသာ ဝတ်ဆင်ထားလေသည်။ခန့်ညားလွန်းလှပါသည်ဆိုသည့် မျက်နှာဟာလည်း ပုံသေဖြစ်နေခဲ့ပြီး အပြင်ရှိ လိမ္မော်ရောင်သန်းနေသည့် တိမ်တိုက်ငယ်လေးတွေကို ငေးကြည့်နေလေရဲ့။

ရင်သက်ရှုမောရလောက်တဲ့ ညနေခင်း လိမ္မော်ရောင် တိမ်တိုက်တွေကို ငေးကြည့်နေတဲ့ ထိုမျက်ဝန်းတစ်စုံကတော့ တစ်စုံတစ်ယောက်ကို လိုအပ်နေသည့်အလား လစ်ဟာနေခဲ့သည်။

"ဘော့စ်.."

တွေးနေသည့် အ‌တွေးတွေကို ကွယ်ပျောက်သွားစေတဲ့ ထိုလက်‌ထောက်အတွင်းရေးမှုး အသံကြောင့် အလိုမကျစွာ မျက်မှောင်ကြုံ့ရသည်။

"ဘာလဲ"

"စောစောကတည်းက ဘော့စ်ရဲ့ဖုန်းကို ခင်မြဆိုတဲ့ မိန်းကလေးတစ်ယောက် ခဏခဏဖုန်းခေါ်နေပါတယ်။ဘော့စ် အိပ်နေတဲ့အတွက်ကြောင့် ကျွန်တော် ဖုန်းချခဲ့ပေမယ့် message တွေထပ်ပို့နေပါတယ်"

နားထောင်ရတာကိုပင် ပျင်းရိနေသ‌ယောင် ထိုမျက်ဝန်းတွေဟာ လက်ထောက်အတွင်းရေးမှုးထံမှ‌ တိမ်တိုက်တွေစီကို ပြန်ရောက်၏။

"အဲ့တော့..ငါ့ကိုဒီကိစ္စလေးပြောဖို့အတွက်လား?"

"မ..မဟုတ်ပါဘူး သူမပို့ထားတဲ့ထဲမှာ ခွန်းတဆိုတဲ့ နာမည်ပါလိုက်တယ် ပြီးတော့ အရေးကြီးတယ်တဲ့"

ချက်ချင်းပင် ပျင်းရိနေတဲ့ မျက်ဝန်းတွေဟာ တောက်ပသွားလျက် ခန္ဓာကိုယ်က အလိုအလျောက် ဖုန်းကိုလိုက်ရှာသည်။

"ဟို..ဖုန်းကဒီမှာပါ ဘော့စ်"

ကမ်းပေးလာတဲ့ ဖုန်းကိုယူကာ လက်ထောက်အတွင်းရေးမှုးကို ထွက်သွားရန်ပြောလိုက်သည်။ထို့နောက် ဖုန်းcallထဲမှ ခင်မြနာမည်ကိုရှာတော့ တွေ့ပါပြီ။၁၈ခါတောင် ဖုန်းဆက်ထား၏။

တီ...တီ...တီ*

ဖုန်းဆက်လိုက်တော့ ဘယ်ချိန်ကတည်းက မျှော်နေမှန်းမသိ ချက်ချင်းကောက်ကိုင်သည်။

"သူဌေး"

တစ်ဖက်မှ ခင်မြရဲ့ အသံပြဲကြီး ထွက်လာသဖြင့် နားတောင်အူသွားရသည်။

"ပြော...ခွန်းတကိစ္စဆို"

"ဟ..ဟုတ်တယ် လိုင်းပေါ်မှာ ခွန်းတကိုသူဌေးရဲ့ လင်ငယ်ဆိုပြီး ပလူပျံနေတယ်။ပြီးတော့အဲ့သတင်းထဲမှာ ခွန်းတကပိုက်ဆံလိုချင်လို့ ကပ်ဖားရပ်ဖားလုပ်တယ် ဆိုပြီးတော့ပါ ရေးထားတယ်။သူဌေးက ဘယ်ရောက်နေတာလဲ?။ခုထိ သူဌေးတို့ဘက်က မဖြေရှင်းသေးရင် ခွန်းတဘဝတစ်လျှောက် ဒီဟာကအမဲစက်ကြီး ဖြစ်သွားလိမ့်မယ်"

ဒုံးကျည်လွှတ်သလို ဒရပ်ဇတ်ပြောသွားတဲ့ ခင်မြကြောင့် နားလည်ရန် အတော်ကြိုးပမ်းလိုက်ရ၏။နားလည်လာသည်နှင့်အမျှ နဂိုစူးရှရှမျက်ဝန်းတွေဟာ အကြည့်နှင့်ပင် လူသတ်လို့ရလောက်သည်အထိ ဖြစ်တည်လာခဲ့သည်။

"ငါအခုUKကိုသွားနေတာ"

"ဟာ အဲ့ဆိုဘယ်လိုလုပ်မှာလဲ။သူဌေးတို့ဘက်က ဝင်မပြောမချင်း ဒီကိစ္စကပျက်မှာ မဟုတ်ဘူးနော်။ခွန်းတဘက်ကို စာနာအုံး"

"ခင်မြ..ငါမင်းကို ကိုယ်ဝန်ရှိလို့ အလုပ်နားပေးလိုက်တာနဲ့ ငါ့ကိုသူဌေးလို့မမြင်တော့ဘူးလား"

"အဲ..ဟဲဟဲ အဲ့တာ ခွန်းတကို စိတ်အပူလွန်သွားလို့ ရိုင်းရိုင်းစိုင်းစိုင်းပြောမိတာ ဗွေမယူပါနဲ့"

"ငါရအောင်ဖြေရှင်းမယ် ဘာဘဲဖြစ်နေနေ
ခွန်းကိုအထိခိုက်မခံနိုင်ဘူး"

"အဲ့ဆို ဇေ့ဖုန်းနံပါတ်ကို လိုရမယ်ရ သူဌေးစီပေးထားလိုက်မယ်နော်"

"အင်း"

တီ*

ဖုန်းချသွားသည်နှင့် တစ်ပြိုင်နက် လက်ထောက်အတွင်းရေးမှုးကိုခေါ်ကာ ထိုသတင်း၏အရင်းအမြစ်ကို ရှာခိုင်းလိုက်သည်။

"သတင်းထဲက နောက်ကွယ်က ဘယ်သူလည်းဆိုတာ ငါသိချင်တယ် နာရီဝက်အတွင်း ရအောင် စုံစမ်းခဲ့"

"ဟုတ်ကဲ့ ဘော့စ်"

သူ့လိုလူအများရှိန်လောက်တဲ့ သူကို မဟုတ်မကသတင်းတွေထဲ ထည့်ကြေညာ‌နိုင်လောက်တဲ့သူဟာ သူ့ထက် အဆင့်အတန်းမြင့်ရင်မြင့် မမြင့်ရင် တူညီတဲ့သူဘဲဖြစ်ရမည်။ယခုလောလောဆယ်UKသွားရမည့် လမ်းမှာမို့ လှည့်ပြန်လာလို့ မရသေးပေ။

ခင်မြပို့လာသည့် ဇေ့ဖုန်းနံပါတ်ကို မှတ်သားလိုက်ကာ ထိုပလူပျံနေသည့် သတင်းကို ရှာဖွေကြည့်ရှုနေလိုက်သည်။သို့နှင့်တစ်ပြိုင်နက် သံသယရှိလာသည်က ထက်စန္ဒာဆိုသူ သူ့မိန်းမ။သူ့ကို အလောတကြီး ထွက်သွားရန်ပြောကတည်းက သံသယဖြစ်နေခဲ့သော်လည်း ကိုယ့်ကိုလိမ်ရဲမှာမဟုတ် ဟုဆိုကာ သံသယမီးပွားတွေကို ရုတ်ငြိမ်းခဲ့သော်လည်းဘဲ ယခုမူ သူမထွက်သွားခိုင်းသည့် နေ့နှင့် ထိုကိစ္စဖြစ်ပွားနေသည့် နေ့ဟာတူညီနေခဲ့သည်။

တိုက်ဆိုင်မှုသာ ဖြစ်ပါစေလို့ မျှော်လင့်၏။
_________________________________________

ကျွန်တော် update တွေကျဲနေလို့ စိတ်ဆိုးနေကြသေးလား။မလိမ်တတ်လို့ အမှန်အတိုင်း ပြောလိုက်ပါ့မယ်နော်👉👈။တကယ်တော့....MLမှာssကျလို့ rankတင်နေရတာပါဗျာ😭🤌။ဒီနေ့တင် ၇ပွဲဆော့တာ ၃ပွဲရှုံးလာလို့ လောင်ပြီး စိတ်ဖြေဖို့ficလေး လာရေးဝာာပါ။

စိတ်မဆိုးကြပါနဲ့နော်..မွချိမွချိ(⁠灬⁠º ³ º⁠灬⁠)⁠♡။
__________________________________________

Continuer la Lecture

Vous Aimerez Aussi

298K 34.5K 86
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
463K 27.2K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
3.1M 131K 35
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...