ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...

By Koe-Amara-Mg

40K 1.7K 57

စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း

Part 30

862 46 3
By Koe-Amara-Mg

               ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၀)
.

" မေမေ တခေတ် အပြင် သွားလိုက်အုံးမယ် "

ဒေါ်သန္တာ အခန်းထဲမှာ အိပ်ဖို့ လုပ်နေချိန်...
သမီးမှ အခန်းထဲ ဝင်လာပြီး ပြောသည်။

" အပြင် ဘာလုပ်ဖို့လဲ။အိပ်ချိန်တောင်ရောက်နေပြီလေ ငါ့သမီး "

" မေမေ့အချစ်ဆုံး သမက်ကြီးက ဘားမှာ မူးနေလို့ သွားခေါ်ရမယ်။ဝိတ်တာက အမြန်လာပေးဖို့
ပြောနေလို့ တခေတ် သွားလိုက်အုံးမယ် မေမေ "

" တစ်ယောက်တည်းလား... မေမေ အဖော်လိုက်ခဲ့ရမလား "

" အစ်ကိုဖြိုးသူ ကို ဖုန်းဆက်ထားတယ် "

" ဟုတ်လား။ အဲ့ဒါဆိုလည်း အမြန်သွားလေ "

" ဟုတ်ကဲ့ "

တခေတ်,မေမေ့ကို ပြောပြီးတာနဲ့ အိမ်ကနေ အမြန်ထွက်လာခဲ့လိုက်သည်။

...........

" အစ်ကိုဖြိုးသူ အခု လာနေတာ၊ဘယ်နားရောက်ပြီလဲ။တခေတ် က ရောက်နေပြီ "

" အစ်ကို နောက်ဆယ်မိနစ်ဆိုရင် ရောက်ပြီ
တခေတ် "

" အာ့ဆို တခေတ် အရင်ဝင်နှင့်မယ်။အစ်ကိုဖြိုးသူ ရောက်လာရင် အထဲသာ ဝင်လာခဲ့လိုက်တော့ "

" အင်း "

တခေတ် ဖုန်းချပြီးတာနဲ့ ဝိတ်တာ ညွှန်ပြထားတဲ့ စားပွဲဝိုင်းဆီကို လျှောက်သွားလိုက်သည်။

" ညီမလေးက ဒီအစ်ကို့ကို လာခေါ်တာလား "

တခေတ် ဦးလေးကြီးရှိနေတဲ့ စားပွဲဝိုင်း နေရာကိုရောက်တော့... စားပေါ်မှာ ဦးလေးကြီးနဲ့ ခေါင်းချင်းဆိုင်ကာ... မှောက်နေတဲ့ ဆက်ရဲ့ပခုံးကို လှုပ်၍ ခေါ်နေတဲ့ အစ်ကိုတစ်ယောက်က
တခေတ်ကိုမေးလာတာပဲ ဖြစ်သည်။

" ဟုတ်ပါတယ်။အစ်ကို က ဆက် ကို လာခေါ်တာ ထင််တယ် "

" ဟုတ်တယ်။ နှစ်ယောက် က ဘယ်လောက်တောင် သောက်ထားကြလဲ မသိဘူး "

" ဘယ်လောက်သောက်ထားလဲဆိုတာထက်၊အကြောမတည့်တဲ့ နှစ်ယောက်က တစ်ဝိုင်းတည်း အတူထိုင်ပြီး၊မှောက်တဲ့အထိ သောက်နေတာက
ထူးဆန်းနေတာ အစ်ကို "

" အဟင်း အစ်ကိုလည်း မပြောတတ်တော့ဘူး။အိမ်ပြန်ခေါ်မှာမလား... "

" ဟုတ်တယ် အစ်ကို။ဒါနဲ့လေ အစ်ကိုက ဆက်ရဲ့... " အမျိုးသားလောင်းလားလို့ မေးမလို့ကို
နူတ်က မေးမထွက်ဖြစ်နေသည်။

" အစ်ကို က ဆက်နဲ့မကြာခင်မှာ လက်ထပ်တော့မယ့် သူပါ။အစ်ကို့နာမည်က ထွန်းလင်းယံသာ လို့ ခေါ်ပါတယ်။အစ်ကိုယံလို့ ခေါ်ရင်ရပါတယ် ညီမ "

" ဟုတ်ကဲ့။ ညီမနာမည်က ရွှေတခေတ် ပါ။ဆက်နဲ့က သူငယ်ချင်းတွေပါ။တခေတ်လို့ ခေါ်ရင်ရပါတယ် အစ်ကိုယံ "

" ဆက်သူငယ်ချင်းဆိုတော့... အစ်ကိုယံနဲ့လည်း
သူငယ်ချင်းပဲပေါ့ ဟုတ်တယ်မလား... "

" အင်း... ဟုတ်တာပေါ့။အခုတော့ သူတို့ကို အရင်ခေါ်ရမယ်ထင်တယ် အစ်ကိုယံ "

" ဟုတ်တယ် "

အဲ့နောက် တခေတ်နဲ့ အစ်ကိုယံသည် ကိုယ့်လူကို
ခေါ်ဖို့ လုပ်ရတော့သည်။

" ဆက် "

" ဦးလေးကြီး "

" ဘဲကြီး ခင်ဗျား သိလား... "

" ဘာကိုလဲ... "

တခေတ်နဲ့ အစ်ကိုယံက အမူးသမားနှစ်ယောက်ကို အိမ်ပြန်ခေါ်ဖို့... သူတို့ကို ပခုံးကနေ လှုပ်၍ ခေါ်လိုက်ကာမှ နှစ်ယောက်က ခေါင်းမထောင်၊
ခပ်မှေးမှေးပွင့်လာတဲ့ မျက်လုံးတွေနဲ့ စကားထပြောနေတာမို့... တခေတ်နဲ့ အစ်ကိုယံမှာ အမူးသမားနှစ်ယောက်ကို အသာကြည့်နေလိုက်သည်။

" သူတို့ကလေ ကျွန်တော်တို့က သိပ်ချစ်မှန်းသိလို့
အနိုင်ယူနေကြတာ အဲ့ဒါကို သိလား "

" သိတာပေါ့။အဲ့ဒါကြောင့်ပဲ ငါက ချာတိတ်မလေး သူ့အမေအိမ်ကို ဆင်းသွားတာကို လိုက်လည်းမခေါ်၊လိုက်လည်း မချော့ဘဲထားထားတာ "

" ဒါဆို ဘဲကြီးက ဆိုးတဲ့ ကောင်မလေးကို တမင်ပညာပြပေးနေတာပေါ့ "

" သိပ်ဟုတ်တာပေါ့။နောက်ထပ်လည်း ပညာပြမယ့် အစီအစဥ်တွေမှ အများကြီးကျန်သေးတယ် "

" အစ်ကိုယံ အရက်ပုလင်းနဲ့ ခေါင်းကိုရိုက်ရင်
သေနိုင်လား... "

" အင်း... သေတော့မသေနိုင်ပါဘူး။လက်စပြင်းမှ
ခေါင်းကွဲပြီး၊သွေးထွက် သတိမေ့ရုံလောက်ပေါ့။တခေတ် က ဘာလို့ မေးတာလဲ "

" ပညာပြနေတာဆိုတဲ့ ဦးလေးကြီးခေါင်းကို တစ်ချက်လောက် ရိုက်ပစ်ချင်လာလို့ "

" ရိုက်တော့ မရိုက်မပါနဲ့ ညီမရယ်။မူးနေတာဆိုတော့... ရိုက်လိုက်ရင် ပိုမူးသွား! "

" ကျွန်တော်လည်း ချစ်မှန်းသိလို့ ဆိုးနေတဲ့
ထွန်းလင်းယံသာဆိုတဲ့ ဘဲအိုကြီးကို မှတ်လောက်အောင် အခုကစပြီး ခွေးထိုးထိုး၊ကျီးစားစား ပစ်ထားမလို့ "

ယံ,မှာ ကိုယ်ပြောနေတဲ့ စကားပင်မဆုံးသေး၊အာလေး၊လျှာလေးသံနဲ့ ထပြောလာတဲ့ ကောင်ဆိုးလေးကြောင့် ပြောနေတဲ့ စကားကိုရပ်လိုက်ရသည်။

" ကျီးထိုးထိုး၊ခွေးစားစား မဟုတ်ဘူးလား ခွပ်!
ဟင်...! အစ်ကိုယံ "

တခေတ် အမူးသမားဆက်ရဲ့ပြောင်းပြန်ပြောနေတဲ့ စကားကို ရေရွတ်နေစဥ်၊တခေတ်ကို အရက်ပုလင်းနဲ့ မရိုက်ဖို့ပြောတဲ့ အစ်ကိုယံမှ ဆက်ရဲ့ခေါင်းကို အနီးရှိစားပွဲပေါ်မှ အရက်ပုလင်းဖြင့်
ကောက်ထုလိုက်လေသည်။ဆက်ခေါင်းသည်လည်း စားပွဲပေါ်ကို မှောက်ကျသွားလေသည်။
တခေတ်လည်း အစ်ကိုယံ၏ အမှတ်မထင် လုပ်ရပ်ကြောင့် အရမ်းအံ့သြသွားရ၏။

ယံ,ကိုယ့်ကို ခွေးရော၊ကျီးရောဆီမှာ ပစ်ထားဖို့
အတွေးနဲ့ပြောနေတဲ့ အမူးသမားလေးခေါင်းကို စိတ်တိုတိုနဲ့ အရက်ပုလင်းဖြင့် ရိုက်ချလိုက်၏။

" အကြံတူတဲ့ ငါတို့နှစ်ယောက်ရဲ့ အစီအစဥ်အတွက် ကမ်းပေ့လုပ်လိုက်ရအောင် မင်းက မှောက်သွားပြီလား။အဲ့တော့ ငါတစ်ယောက် တည်း ကမ်းပေ့လုပ်တာပေါ့။မိန်းမပူတူတူအဆိုးလေးကို ပညာပြမယ့် အစီအစဥ်အတွက် ကမ်း
ကမ်းပေ့ရမယ် အေ့ "

မပွင့်တဲ့မျက်လုံးတွေနဲ့ စားပွဲပေါ်က အရက်ပုလင်းဆီ ဦးလေးကြီး လက်လှမ်းချိန်မှာတော့...
တခေတ်ရဲ့လက်တစ်ဖက်သည် လေပေါ်ကို မြောက်တက်သွားလေသည်။

" ခွပ်! ဘုတ် "

" တခေတ် "

ယံ,မှာ ကိုယ့်ထက် လက်ဆပြင်းပြင်းနဲ့ ရိုက်ချလိုက်တဲ့ ကောင်မလေးကြောင့်... မျက်လုံးပင်ပြူးသွားရ၏။ဘယ်လောက်တောင် လက်စပြင်းလဲဆိုရင် ကောင်မလေး၏လူရဲ့ခေါင်းက စားပွဲပေါ်ကို ခပ်ပြင်းပြင်းကျသွားပြီး၊ ရိုက်လိုက်တဲ့ နားထင်အပေါ်နားက ချက်ချင်းကို ဖူးရောင်လာတော့တာပင်။

" တခေတ် အစ်ကိုရောက်ပြီ၊MDကို အစ်ကို ကားဆီတွဲခေါ်သွားလိုက်မယ် "

" ကြိုက်သလိုသာ လုပ် "

တခေတ် ဆူဆူဆောင့်ဆောင့်လေးပြောတော့...
အစ်ကိုဖြိုးသူက ဘာဖြစ်တာလဲ ဆိုသည့် အကြည့်နဲ့ မျက်လုံးပြူးသွားလေ၏။ဦးလေးကြီးနားထင်က ဖူးရောင်လာတာကို မြင်တော့... အစ်ကိုဖြိုးသူ က တခေတ် ကို မျက်လုံးအပြူးသားနဲ့ ကြည့်လာသည်။

" တခေတ် ရိုက်ထားတာ။ကားထဲကိုခေါ်သွားလိုက်ပါ "

" အင်း အင်း "

အစ်ကိုဖြိုးသူ က ကြောင်တောင်တောင်နဲ့
ဦးလေးကြီး ကို တွဲခေါ်သွားလေသည်။

" အစ်ကိုတစ်ယောက်တည်းရပါ့မလား။တခေတ်ပါ ကူတွဲပေးမယ် "

" ကျေးဇူးပါ တခေတ် "

ဆက်ကိုတစ်ယောက်တည်း မနိုင်တနိုင်နဲ့ တွဲကာ
ကားဆီကခေါ်ဖို့လုပ်နေတာမို့... ကားဆီရောင်တဲ့အထိ ကူပေးလိုက်သည်။

ကားဆီရောက်တော့လည်း သတိမရှိတော့တဲ့
အမူးသမားဆက်ကို ကားထဲမနည်းထည့်ရသေးသည်။

" ကျေးဇူးပါ တခေတ်။အစ်ကို သွားတော့မယ် "

" ဟုတ်ကဲ့။ ဂရုစိုက်သွားပါ အစ်ကိုယံ "

" အင်း "

အစ်ကိုယံ ကားမောင်းထွက်သွားတော့မှ...
တစ်ဖက်က အစ်ကိုဖြိုးသူရဲ့ကားဆီကို သွားရသည်။အစ်ကိုဖြိုးသူက တက္ကစီနဲ့လာပြီး ဦးလေးကြီးကားနဲ့ တခေတ်တို့ ပြန်ရမှာဖြစ်သည်။ကားပိုင်ရှင်အမူးသမား ဦးလေးကြီး က ကားနောက်ခန်းမှာ နေရာအပြည့်ယူထားသည်မို့... တခေတ်သည် ကာားရှေ့ခန်းမှသာ ထိုင်လိုက်သည်။

အမြင်ကပ်လို့ အမူးသမားကို တခေတ် တစ်ချက်လေးတောင်မကြည့်ပေ။

" MD ကို စိတ်ဆိုးနေတာလား ညီမ "

" စိတ်ဆိုးတယ်ဆိုတာထက်ကို ပိုတယ်။ဖြစ်နိုင်ရင် လမ်းဘေးမှာတောင် ပစ်ထားခဲ့လိုက်ချင်တာ။အဲ့လိုလုပ်လို့ မဖြစ်လို့ ဒီတိုင်းနေနေရတာ "

" အဟင်း... အစ်ကို့ညီမက MDကို တောာ်တေယ်စိတ်ဆိုးနေတာပဲ။ဒါနဲ့လေ MDကို ဒီည အိမ်လိုက်ပို့လို့တော့ မဖြစ်လောက်ဘူး ညီမ "

" ဘာဖြစ်လို့လဲ အစ်ကိုဖြိုးသူ "

" အိမ်ခေါ်သွားရင်၊တခေတ်အဘိုးက MDမူးလာတာကို သိရင်၊စိတ်ဆိုးလိမ့်မယ်။ပြီးတော့ ညအချိန်မတော်ကြီး အိမ်ပြန်ခေါ်သွားရင်၊အဒေါ်တင်တို့လည်း ထနေရမှာ "

အစ်ကိုဖြိုးသူ ပြောတာလဲ ဟုတ်သည်။အဘိုးက
တခေတ် အိမ်ကနေဆင်းလာလို့ စိတ်မကောင်းဖြစ်နေတာ။ဦးလေးကြီး မူးလာတာကိုပါ သိရင်
တော်တော် စိတ်မကောင်းဖြစ်နေမှာ။

" အာ့ဆို ဘယ်လိုလုပ်မလို့လဲ အစ်ကိုဖြိုးသူ  "

" ဒီတစ်ညတော့ ညီမအိမ်ကိုပဲ ခေါ်ပြီး၊သိပ်လိုက်ပါ။မနက်ကျရင် အစ်ကို အစောကြီးလာပြီး
MDကိုခေါ်ပါ့မယ် "

အတူမနေချင်လို့ အိမ်ကနေ ဆင်းလာပါတယ်ဆိုမှ ကိုယ်နေတဲ့ အိမ်ကိုခေါ်သွားရမယ်တဲ့လား။အဲ့လူကြီးနဲ့ ငါက ဘယ်လိုရေစက်ကြီးလဲ။

" တခေတ် ဘာတွေ တွေးနေတာလဲ။MDကိုခေါ်သွားပေးမယ်မလား... "

" တခြားနည်းမရှိတော့လည်း... တခေတ်ပဲ ခေါ်သွားရမှာပေါ့ "

" ဟို MDနားထင်က ရောင်နေတာကလေ ဘယ်လိုဖြစ်... "

" တခေတ် အရက်ပုလင်းနဲ့ ရိုက်ထားတာ "

ဖြိုးသူ စကားပင်မဆုံးသေး၊ဖြတ်ပြောလာတဲ့
တခေတ်စကားကြောင့် မျက်လုံးပင်ပြူးသွား၏။

" ဘာ! ညီမ ရိုက်တာ။ဘာလို့လဲ... ဘာဖြစ်လို့လဲ
ညီမ "

" အမြင်ကပ်လို့ "

ဖြိုးသူ ကားမောင်းနေရင်းက ဘေးက သူဌေးကတော်ပေါက်စလေးကို အထိတ်တလန့်ဖြင့် ကြည့်မိ၏။စိတ်ထဲမှာလည်း လက်သံပြောင်တဲ့ သူဌေးကတော်ပေါက်စလေးကြောင့် MDအတွက်
ရင်လေးသွားမိ၏။

နှစ်ယောက်သား စကားများ၊ရန်ဖြစ်တိုင်းသာ အခုလို အရိုက်ခံနေရမယ်ဆိုရင်၊MD ဘဝက
တကယ့်ကို မတွေးရဲစရာပင်။

မနက်နိုးလာရင်၊စိတ်ကြီးသူနဲ့ လက်သံပြောင်သူနှစ်ယောက်ရဲ့ ပြင်းထန်းတဲ့ စစ်ပွဲကို ကြိုတင်တွေး၍ မျက်လုံးထဲပုံဖော်ကြည့်မိလေတော့....
ဖြိုးသူ ကားမောင်းနေရင် ကြက်သီးတွေပင်ထလာ၏။

..

" သမီးတခေတ် မောင်နေတိမ်တိုက် နားထင်က
ဘာဖြစ်တာလဲ။နီရဲပြီး ရောင်နေပါလား "

" ဘာမှမဖြစ်ဘူး။တခေတ် ရိုက်ထားတာ "

" ရိုက်ထားတာ၊ဘာ ဘာလို့လဲ သမီး "

ဒေါ်သန္တာမှာ သမီးဖြစ်သူ စကားကြောင့် အထိတ်တလန့် ဖြစ်သွားရသည်။

" အမြင်ကပ်လို့ "

" အမလေး... မြတ်စွာဘုရား၊ယောက်ျားကို အမြင်ကပ်တာနဲ့ ရိုက်ရတယ်လို့... ညည်းလေးက
လူကြမ်းမလေးလား... ရွှေတခေတ် "

" မေမေကလည်း အကြောင်းအရာ သေချာမသိသေးဘဲနဲ့ တခေတ်ကိုပဲ ဆူနေတော့တာပဲ။အစ်ကိုဖြိုးသူ ပြန်တော့လေ။နောက်တောင်ကျနေပြီ "

မေမေဆက်ပြီး ဆူနေမှာဆိုးတာကြောင့် တခေတ်
အိမ်ထဲအထိ ဦးလေးကြီးကို လိုက်ပို့ပေးပြီး မပြန်သေးတဲ့ အစ်ကိုဖြိုးသူ ကို စကားလှည့်ပြောလိုက်သည်။

" ဒါဆို အစ်ကို ပြန်တော့မယ် ညီမ "

" ဟုတ်ကဲ့။ ဒီနေ့အတွက် ကျေးဇူးပါ အစ်ကိုဖြိုးသူ "

" အင်း "

အစ်ကိုဖြိုးသူ က ဦးလေးကြီး ကို အိမ်ထဲအထိ အရောက်ပို့ပေးပြီးမှ ပြန်သွားလေသည်။

" သမီး မောင်နေတိမ်တိုက် အိပ်ဖို့ အိပ်ရာခင်းပေးရအောင် "

" မလိုဘူး မေမေ "

" ဘာမလိုတာလဲ။မောင်နေတိမ်တိုက် အိပ်ဖို့ အိပ်ရာခင်းပေးရမှာပေါ့ "
.
ဒေါ်သန္တာ အိမ်ရှေ့ကြမ်းပြင်မှာ ခင်းထားတဲ့ ဖျားတစ်ချပ်ပေါ်မှာ ဒီတိုင်းလှဲပြီး အိပ်ပျော်နေတဲ့ သမက်ဖြစ်သူကို ကြည့်ပြီးပြောတော့...

" ဦးလေးကြီး က တခေတ် ယောက်ျားပါ။တခေတ် ပိုင်ဆိုင်တဲ့ လူကို တခေတ်သဘောအတိုင်း
လုပ်ခွင့်ရှိတယ် မေမေ။အာ့ကြောင့် မေမေ့ကို တခေတ်တို့ကြား ဝင်မပါဖို့ တောင်းဆိုပါတယ်။ဦးလေးကြီးကို တခေတ်ကြည့်လုပ်လိုက်မှာမို့... မေမေ က သွားအိပ်ပါတော့ "

" သမီး... "

" သွားအိပ်ပါတော့ မေမေ နော် "

" ဟင်း... ဒီကလေးနဲ့တော့ ခက်ပါရဲ့ကွယ် "

ဒေါ်သန္တာမှာ အမေဖြစ်သူကို အိပ်ခန်းဆီ အတင်းတွန်းပို့နေတဲ့ သမီးဖြစ်သူကြောင့်... သမက်ဖြစ်သူ ကို စိတ်မသက်မသာနဲ့ ကြည့်ကာ... အိပ်ခန်းထဲ ဝင်လာခဲ့လိုက်ရသည်။

" အဟင်း တခေတ် ကို ပညာပြချင်တယ်ပေါ့လေ။ပြလိုက်စမ်းပါ... တစ်ညလုံး တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေကို ခြင်တွေကို ပေးလှူပြီးတော့ကို ပြလိုက်စမ်းပါ။တခေတ် က ဦးလေးကြီး ပြတဲ့ ပညာကို ဟောဒီ့က ခြင်ထောင်လေးနဲ့ အိပ်ရာထဲကနေ ဇိမ်လေးခံပြီး၊ကြည့်နေမယ် ဟုတ်ပြီလား။ဟွန့် "

တခေတ်သည် ကြမ်းပြင်ပေါ်မှာ ခြင်ထောင်မရှိ၊စောင်မရှိနဲ့ ကွေးကွေးလေး အိပ်နေတဲ့ ဦးလေးကြီး ကို မျက်စောင်းလေးနဲ့ ပြောဆိုပြီး...

ကိုယ်တိုင် ခင်းထား၊ထောင်ထားတဲ့ အိပ်ရာနဲ့ခြင်ထောင်ဝင်ပြီး... ခြင်တွေကြားမှာ ကွေးကွေးလေး အိပ်နေတဲ့ ဦးလေးကြီး ကို ကျေနပ်စွာနဲ့ ကြည့်ပြီး အိပ်လိုက်တော့သည်။

လုပ်ချင်တာ လုပ်ထားရပြီမို့...
တခေတ်အတွက် ဒီညဟာ အိပ်လို့အကောင်းဆုံး
ညတစ်ညပါပဲ။

.....

" ကျွတ် အား... ခေါင်းကိုက်လိုက်တာ။ညက သောက်တာ တော်တော် များသွားတာပဲ "

တိုက်, နိုးတာနဲ့ ငြီးစိစိဖြစ်နေတဲ့ ခေါင်းကြောင့်
အိပ်ရာထဲကနေ ခပ်ဖြေးဖြေးလေး ထလုိက်တယ်။

" ငါ ငါ အခု ဘယ်ကိုရောက်နေတာလဲ။အား... ငါ့နားထင်က နာ နာ... ချာ ချာတိတ် "

တိုက်, အိပ်နေတဲ့နေရာကနေ ထရင်းက...
အိပ်နေကျနေရာ မဟုတ်တာကို သတိထားမိလို့...
ပတ်ဝန်းကျင်ကို မျက်လုံးဝေ့၍ အကဲခတ်ကြည့်မိရာ။

ထထိုင်လိုက်တဲ့ ရှေ့တည့်တည့်က ထိုင်ခုံပေါ်မှာ
ပေါင်လည်လောက်ဂျင်းဘောင်းဘီတိုလေးနှင့်
တီရှပ်အဝါလေးကို ဝတ်ထားတဲ့ သူမက... ခြေကိုချိတ်၍ လက်ပိုက်လျက်ဖြင့်... ကိုယ့်အား မျက်ထောင့်နီတို့ဖြင့် စိုက်ကြည့်​နေတာမို့... လန့်သွားရ၏။

" ကိုယ် ဒီကို ဘယ်လို ရောက်လာတာလဲ "

" ဘယ်လိုရောက်လာတယ်လို့လဲ ဦးလေးကြီး က... "

အေးစက်စက်နဲ့ ပြန်ဖြေတဲ့ သူမပုံစံလေးက...
ကိုယ်က သူမအပေါ် အမှားကြီးကြီး လုပ်ထားမိပြီဆိုတာကို သိသာစေသည်။ထိုအမှားက ဘာများလဲ လို့ အသည်းအသန် ပြန်စဥ်းစားမိ၏။စဥ်းစားကာမှ ခေါင်းထဲက ဘာမှကိုထွက်မလာတော့သည်။

" ကိုယ် ဘာမှမသိ ဖြစ်နေတယ် ချာတိတ် "

" အဲ့ဒါဆို ထပြီး၊ ပြန်တော့။အိမ်မှာ သူစိမ်းယောက်ျား ဧည့်သည့် လက်မခံဘူး "

" ပြန်မှာပါ။ ကိုယ့်ကို မနေ့ညက ချာတိတ် ခေါ်လာတာလား "

" ဟုတ်တယ်။ခေါ်လာချင်လို့တော့ မဟုတ်ဘူး။ဝိတ်တာ ဖုန်းဆက်ခေါ်လို့ ဘားကိုသွားတဲ့ အချိန်ကတည်းက လူတွေအ်ိပ်ချိန်ဖြစ်နေပြီ။ညဥ့်သန်းခေါင်ကျမှ ဦးလေးကြီး အိမ်ကိုလိုက်ပို့ရင်
အဘိုးကို အနှောက်အယှက် ဖြစ်မှာဆိုးလို့ ခေါ်လာခဲ့တာ။တခြား ဘာမှမရှိလို့ ပြန်တော့ "

" ကိုယ် ခေါင်းကိုက်နေတာ။မျက်နှာလေးသစ်ပါရစေ။ပြီးတာနဲ့ ပြန်ပါ့မယ် "

အတင်းနှင်နေတဲ့ သူမကြောင့် စောစောစီးစီး အသနားခံနေရသည့် ကိုယ့်အဖြစ်။

" မြန်မြန် လုပ်ပြီး၊ပြန် "

" ချာတိတ် မေမေရော... "

" အငယ်တွေကို မနက်ခင်းစာ မုန့်ထွက်ကျွေးရင်းနဲ့ စျေးထဲသွားကြတယ် "

" ဟုတ်လား။ကိုယ် အမြန် မျက်နှာသွားသစ် လိုက်အုံးမယ် "

" သွားလုပ်၊ပြီးတာနဲ့ အိမ်ကနေ လစ်တော့။မျက်စိရှူပ်တယ် "

ကိုယ့်ယောက်ျား ကို မျက်စိရှုပ်တယ်တဲ့လား။ဟွန့်နောက်ကျ ဒီယောက်ျားကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေအောင် လုပ်ထားရမယ်။

တိုက်,စိတ်ထဲ၌ ပြောရင်း ခြေထောက်တောက်တွေ က မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ သွားလိုက်သည်။တော်သေးသည်က အိမ်မှာ ယောက္ခမ ရှိမနေတာပင်။မဟုတ်ရင် မျက်နှာပူနေရမှာ။

" ဟာ... ငါ့နားထင်က ဘာဖြစ်တာတုန်း! "

နားထင်က အရမ်းနာနေလို့...
ရေချိုးခန်းထဲရောက်တာနဲ့ နံရံမှာရှိတဲ့ မှန်ရှေ့သွားရပ်ပြီး ကြည့်လိုက်ရာတွင်၊မြင်မကောင်းလောက်အောင် ရောင်ကိုင်းနေတဲ့ ဒဏ်ရာကြောင့်
တိုက်,မှာ ထိတ်လန့်တကြားဖြင့် ဘယ်လိုဖြစ်တာလဲ တွေးရင်းနဲ့... ကိုယ့်ဒဏ်ရာ ကိုယ့်ဟာကိုကြည့်ပြီး မျက်လုံးပြူးနေရ၏။

ဒဏ်ရာဘယ်လိုရတာလဲ သိချင်တာကြောင့်...
မျက်နှာအမြန်သစ်ပြီး၊ချာတိတ်မလေးဆီကို သွားလိုက်သည်။

.......ကဲ ရှည်ပါတယ်။ Shaer ပေးပါ။😁

မန့်လေးတွေ၊မနက်ဖြန် တေးရေးပေးမယ်။

#ကိုးအမရာမောင်

               ရင္ခုန္ျခင္း၏ အဓိပၸါယ္
                                 or
                       ဦးရဲ႕.... ခ်ာတိတ္ 

                           အခန္း   (၃၀)
.

" ေမေမ တေခတ္ အျပင္ သြားလိုက္အုံးမယ္ "

ေဒၚသႏၲာ အခန္းထဲမွာ အိပ္ဖို႔ လုပ္ေနခ်ိန္...
သမီးမွ အခန္းထဲ ဝင္လာၿပီး ေျပာသည္။

" အျပင္ ဘာလုပ္ဖို႔လဲ။အိပ္ခ်ိန္ေတာင္ေရာက္ေနၿပီေလ ငါ့သမီး "

" ေမေမ့အခ်စ္ဆုံး သမက္ႀကီးက ဘားမွာ မူးေနလို႔ သြားေခၚရမယ္။ဝိတ္တာက အျမန္လာေပးဖို႔
ေျပာေနလို႔ တေခတ္ သြားလိုက္အုံးမယ္ ေမေမ "

" တစ္ေယာက္တည္းလား... ေမေမ အေဖာ္လိုက္ခဲ့ရမလား "

" အစ္ကိုၿဖိဳးသူ ကို ဖုန္းဆက္ထားတယ္ "

" ဟုတ္လား။ အဲ့ဒါဆိုလည္း အျမန္သြားေလ "

" ဟုတ္ကဲ့ "

တေခတ္,ေမေမ့ကို ေျပာၿပီးတာနဲ႕ အိမ္ကေန အျမန္ထြက္လာခဲ့လိုက္သည္။

...........

" အစ္ကိုၿဖိဳးသူ အခု လာေနတာ၊ဘယ္နားေရာက္ၿပီလဲ။တေခတ္ က ေရာက္ေနၿပီ "

" အစ္ကို ေနာက္ဆယ္မိနစ္ဆိုရင္ ေရာက္ၿပီ
တေခတ္ "

" အာ့ဆို တေခတ္ အရင္ဝင္ႏွင့္မယ္။အစ္ကိုၿဖိဳးသူ ေရာက္လာရင္ အထဲသာ ဝင္လာခဲ့လိုက္ေတာ့ "

" အင္း "

တေခတ္ ဖုန္းခ်ၿပီးတာနဲ႕ ဝိတ္တာ ၫႊန္ျပထားတဲ့ စားပြဲဝိုင္းဆီကို ေလွ်ာက္သြားလိုက္သည္။

" ညီမေလးက ဒီအစ္ကို႔ကို လာေခၚတာလား "

တေခတ္ ဦးေလးႀကီးရွိေနတဲ့ စားပြဲဝိုင္း ေနရာကိုေရာက္ေတာ့... စားေပၚမွာ ဦးေလးႀကီးနဲ႕ ေခါင္းခ်င္းဆိုင္ကာ... ေမွာက္ေနတဲ့ ဆက္ရဲ႕ပခုံးကို လႈပ္၍ ေခၚေနတဲ့ အစ္ကိုတစ္ေယာက္က
တေခတ္ကိုေမးလာတာပဲ ျဖစ္သည္။

" ဟုတ္ပါတယ္။အစ္ကို က ဆက္ ကို လာေခၚတာ ထင္္တယ္ "

" ဟုတ္တယ္။ ႏွစ္ေယာက္ က ဘယ္ေလာက္ေတာင္ ေသာက္ထားၾကလဲ မသိဘူး "

" ဘယ္ေလာက္ေသာက္ထားလဲဆိုတာထက္၊အေၾကာမတည့္တဲ့ ႏွစ္ေယာက္က တစ္ဝိုင္းတည္း အတူထိုင္ၿပီး၊ေမွာက္တဲ့အထိ ေသာက္ေနတာက
ထူးဆန္းေနတာ အစ္ကို "

" အဟင္း အစ္ကိုလည္း မေျပာတတ္ေတာ့ဘူး။အိမ္ျပန္ေခၚမွာမလား... "

" ဟုတ္တယ္ အစ္ကို။ဒါနဲ႕ေလ အစ္ကိုက ဆက္ရဲ႕... " အမ်ိဳးသားေလာင္းလားလို႔ ေမးမလို႔ကို
ႏူတ္က ေမးမထြက္ျဖစ္ေနသည္။

" အစ္ကို က ဆက္နဲ႕မၾကာခင္မွာ လက္ထပ္ေတာ့မယ့္ သူပါ။အစ္ကို႔နာမည္က ထြန္းလင္းယံသာ လို႔ ေခၚပါတယ္။အစ္ကိုယံလို႔ ေခၚရင္ရပါတယ္ ညီမ "

" ဟုတ္ကဲ့။ ညီမနာမည္က ေ႐ႊတေခတ္ ပါ။ဆက္နဲ႕က သူငယ္ခ်င္းေတြပါ။တေခတ္လို႔ ေခၚရင္ရပါတယ္ အစ္ကိုယံ "

" ဆက္သူငယ္ခ်င္းဆိုေတာ့... အစ္ကိုယံနဲ႕လည္း
သူငယ္ခ်င္းပဲေပါ့ ဟုတ္တယ္မလား... "

" အင္း... ဟုတ္တာေပါ့။အခုေတာ့ သူတို႔ကို အရင္ေခၚရမယ္ထင္တယ္ အစ္ကိုယံ "

" ဟုတ္တယ္ "

အဲ့ေနာက္ တေခတ္နဲ႕ အစ္ကိုယံသည္ ကိုယ့္လူကို
ေခၚဖို႔ လုပ္ရေတာ့သည္။

" ဆက္ "

" ဦးေလးႀကီး "

" ဘဲႀကီး ခင္ဗ်ား သိလား... "

" ဘာကိုလဲ... "

တေခတ္နဲ႕ အစ္ကိုယံက အမူးသမားႏွစ္ေယာက္ကို အိမ္ျပန္ေခၚဖို႔... သူတို႔ကို ပခုံးကေန လႈပ္၍ ေခၚလိုက္ကာမွ ႏွစ္ေယာက္က ေခါင္းမေထာင္၊
ခပ္ေမွးေမွးပြင့္လာတဲ့ မ်က္လုံးေတြနဲ႕ စကားထေျပာေနတာမို႔... တေခတ္နဲ႕ အစ္ကိုယံမွာ အမူးသမားႏွစ္ေယာက္ကို အသာၾကည့္ေနလိုက္သည္။

" သူတို႔ကေလ ကြၽန္ေတာ္တို႔က သိပ္ခ်စ္မွန္းသိလို႔
အနိုင္ယူေနၾကတာ အဲ့ဒါကို သိလား "

" သိတာေပါ့။အဲ့ဒါေၾကာင့္ပဲ ငါက ခ်ာတိတ္မေလး သူ႕အေမအိမ္ကို ဆင္းသြားတာကို လိုက္လည္းမေခၚ၊လိုက္လည္း မေခ်ာ့ဘဲထားထားတာ "

" ဒါဆို ဘဲႀကီးက ဆိုးတဲ့ ေကာင္မေလးကို တမင္ပညာျပေပးေနတာေပါ့ "

" သိပ္ဟုတ္တာေပါ့။ေနာက္ထပ္လည္း ပညာျပမယ့္ အစီအစဥ္ေတြမွ အမ်ားႀကီးက်န္ေသးတယ္ "

" အစ္ကိုယံ အရက္ပုလင္းနဲ႕ ေခါင္းကိုရိုက္ရင္
ေသနိုင္လား... "

" အင္း... ေသေတာ့မေသနိုင္ပါဘူး။လက္စျပင္းမွ
ေခါင္းကြဲၿပီး၊ေသြးထြက္ သတိေမ့႐ုံေလာက္ေပါ့။တေခတ္ က ဘာလို႔ ေမးတာလဲ "

" ပညာျပေနတာဆိုတဲ့ ဦးေလးႀကီးေခါင္းကို တစ္ခ်က္ေလာက္ ရိုက္ပစ္ခ်င္လာလို႔ "

" ရိုက္ေတာ့ မရိုက္မပါနဲ႕ ညီမရယ္။မူးေနတာဆိုေတာ့... ရိုက္လိုက္ရင္ ပိုမူးသြား! "

" ကြၽန္ေတာ္လည္း ခ်စ္မွန္းသိလို႔ ဆိုးေနတဲ့
ထြန္းလင္းယံသာဆိုတဲ့ ဘဲအိုႀကီးကို မွတ္ေလာက္ေအာင္ အခုကစၿပီး ေခြးထိုးထိုး၊က်ီးစားစား ပစ္ထားမလို႔ "

ယံ,မွာ ကိုယ္ေျပာေနတဲ့ စကားပင္မဆုံးေသး၊အာေလး၊လွ်ာေလးသံနဲ႕ ထေျပာလာတဲ့ ေကာင္ဆိုးေလးေၾကာင့္ ေျပာေနတဲ့ စကားကိုရပ္လိုက္ရသည္။

" က်ီးထိုးထိုး၊ေခြးစားစား မဟုတ္ဘူးလား ခြပ္!
ဟင္...! အစ္ကိုယံ "

တေခတ္ အမူးသမားဆက္ရဲ႕ေျပာင္းျပန္ေျပာေနတဲ့ စကားကို ေရ႐ြတ္ေနစဥ္၊တေခတ္ကို အရက္ပုလင္းနဲ႕ မရိုက္ဖို႔ေျပာတဲ့ အစ္ကိုယံမွ ဆက္ရဲ႕ေခါင္းကို အနီးရွိစားပြဲေပၚမွ အရက္ပုလင္းျဖင့္
ေကာက္ထုလိုက္ေလသည္။ဆက္ေခါင္းသည္လည္း စားပြဲေပၚကို ေမွာက္က်သြားေလသည္။
တေခတ္လည္း အစ္ကိုယံ၏ အမွတ္မထင္ လုပ္ရပ္ေၾကာင့္ အရမ္းအံ့ၾသသြားရ၏။

ယံ,ကိုယ့္ကို ေခြးေရာ၊က်ီးေရာဆီမွာ ပစ္ထားဖို႔
အေတြးနဲ႕ေျပာေနတဲ့ အမူးသမားေလးေခါင္းကို စိတ္တိုတိုနဲ႕ အရက္ပုလင္းျဖင့္ ရိုက္ခ်လိဳက္၏။

" အႀကံတူတဲ့ ငါတို႔ႏွစ္ေယာက္ရဲ႕ အစီအစဥ္အတြက္ ကမ္းေပ့လုပ္လိုက္ရေအာင္ မင္းက ေမွာက္သြားၿပီလား။အဲ့ေတာ့ ငါတစ္ေယာက္ တည္း ကမ္းေပ့လုပ္တာေပါ့။မိန္းမပူတူတူအဆိုးေလးကို ပညာျပမယ့္ အစီအစဥ္အတြက္ ကမ္း
ကမ္းေပ့ရမယ္ ေအ့ "

မပြင့္တဲ့မ်က္လုံးေတြနဲ႕ စားပြဲေပၚက အရက္ပုလင္းဆီ ဦးေလးႀကီး လက္လွမ္းခ်ိန္မွာေတာ့...
တေခတ္ရဲ႕လက္တစ္ဖက္သည္ ေလေပၚကို ေျမာက္တက္သြားေလသည္။

" ခြပ္! ဘုတ္ "

" တေခတ္ "

ယံ,မွာ ကိုယ့္ထက္ လက္ဆျပင္းျပင္းနဲ႕ ရိုက္ခ်လိဳက္တဲ့ ေကာင္မေလးေၾကာင့္... မ်က္လုံးပင္ျပဴးသြားရ၏။ဘယ္ေလာက္ေတာင္ လက္စျပင္းလဲဆိုရင္ ေကာင္မေလး၏လူရဲ႕ေခါင္းက စားပြဲေပၚကို ခပ္ျပင္းျပင္းက်သြားၿပီး၊ ရိုက္လိုက္တဲ့ နားထင္အေပၚနားက ခ်က္ခ်င္းကို ဖူးေရာင္လာေတာ့တာပင္။

" တေခတ္ အစ္ကိုေရာက္ၿပီ၊MDကို အစ္ကို ကားဆီတြဲေခၚသြားလိုက္မယ္ "

" ႀကိဳက္သလိုသာ လုပ္ "

တေခတ္ ဆူဆူေဆာင့္ေဆာင့္ေလးေျပာေတာ့...
အစ္ကိုၿဖိဳးသူက ဘာျဖစ္တာလဲ ဆိုသည့္ အၾကည့္နဲ႕ မ်က္လုံးျပဴးသြားေလ၏။ဦးေလးႀကီးနားထင္က ဖူးေရာင္လာတာကို ျမင္ေတာ့... အစ္ကိုၿဖိဳးသူ က တေခတ္ ကို မ်က္လုံးအျပဴးသားနဲ႕ ၾကည့္လာသည္။

" တေခတ္ ရိုက္ထားတာ။ကားထဲကိုေခၚသြားလိုက္ပါ "

" အင္း အင္း "

အစ္ကိုၿဖိဳးသူ က ေၾကာင္ေတာင္ေတာင္နဲ႕
ဦးေလးႀကီး ကို တြဲေခၚသြားေလသည္။

" အစ္ကိုတစ္ေယာက္တည္းရပါ့မလား။တေခတ္ပါ ကူတြဲေပးမယ္ "

" ေက်းဇူးပါ တေခတ္ "

ဆက္ကိုတစ္ေယာက္တည္း မနိုင္တနိုင္နဲ႕ တြဲကာ
ကားဆီကေခၚဖို႔လုပ္ေနတာမို႔... ကားဆီေရာင္တဲ့အထိ ကူေပးလိုက္သည္။

ကားဆီေရာက္ေတာ့လည္း သတိမရွိေတာ့တဲ့
အမူးသမားဆက္ကို ကားထဲမနည္းထည့္ရေသးသည္။

" ေက်းဇူးပါ တေခတ္။အစ္ကို သြားေတာ့မယ္ "

" ဟုတ္ကဲ့။ ဂ႐ုစိုက္သြားပါ အစ္ကိုယံ "

" အင္း "

အစ္ကိုယံ ကားေမာင္းထြက္သြားေတာ့မွ...
တစ္ဖက္က အစ္ကိုၿဖိဳးသူရဲ႕ကားဆီကို သြားရသည္။အစ္ကိုၿဖိဳးသူက တကၠစီနဲ႕လာၿပီး ဦးေလးႀကီးကားနဲ႕ တေခတ္တို႔ ျပန္ရမွာျဖစ္သည္။ကားပိုင္ရွင္အမူးသမား ဦးေလးႀကီး က ကားေနာက္ခန္းမွာ ေနရာအျပည့္ယူထားသည္မို႔... တေခတ္သည္ ကာားေရွ႕ခန္းမွသာ ထိုင္လိုက္သည္။

အျမင္ကပ္လို႔ အမူးသမားကို တေခတ္ တစ္ခ်က္ေလးေတာင္မၾကည့္ေပ။

" MD ကို စိတ္ဆိုးေနတာလား ညီမ "

" စိတ္ဆိုးတယ္ဆိုတာထက္ကို ပိုတယ္။ျဖစ္နိုင္ရင္ လမ္းေဘးမွာေတာင္ ပစ္ထားခဲ့လိုက္ခ်င္တာ။အဲ့လိုလုပ္လို႔ မျဖစ္လို႔ ဒီတိုင္းေနေနရတာ "

" အဟင္း... အစ္ကို႔ညီမက MDကို ေတာာ္ေတယ္စိတ္ဆိုးေနတာပဲ။ဒါနဲ႕ေလ MDကို ဒီည အိမ္လိုက္ပို႔လို႔ေတာ့ မျဖစ္ေလာက္ဘူး ညီမ "

" ဘာျဖစ္လို႔လဲ အစ္ကိုၿဖိဳးသူ "

" အိမ္ေခၚသြားရင္၊တေခတ္အဘိုးက MDမူးလာတာကို သိရင္၊စိတ္ဆိုးလိမ့္မယ္။ၿပီးေတာ့ ညအခ်ိန္မေတာ္ႀကီး အိမ္ျပန္ေခၚသြားရင္၊အေဒၚတင္တို႔လည္း ထေနရမွာ "

အစ္ကိုၿဖိဳးသူ ေျပာတာလဲ ဟုတ္သည္။အဘိုးက
တေခတ္ အိမ္ကေနဆင္းလာလို႔ စိတ္မေကာင္းျဖစ္ေနတာ။ဦးေလးႀကီး မူးလာတာကိုပါ သိရင္
ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ေနမွာ။

" အာ့ဆို ဘယ္လိုလုပ္မလို႔လဲ အစ္ကိုၿဖိဳးသူ  "

" ဒီတစ္ညေတာ့ ညီမအိမ္ကိုပဲ ေခၚၿပီး၊သိပ္လိုက္ပါ။မနက္က်ရင္ အစ္ကို အေစာႀကီးလာၿပီး
MDကိုေခၚပါ့မယ္ "

အတူမေနခ်င္လို႔ အိမ္ကေန ဆင္းလာပါတယ္ဆိုမွ ကိုယ္ေနတဲ့ အိမ္ကိုေခၚသြားရမယ္တဲ့လား။အဲ့လူႀကီးနဲ႕ ငါက ဘယ္လိုေရစက္ႀကီးလဲ။

" တေခတ္ ဘာေတြ ေတြးေနတာလဲ။MDကိုေခၚသြားေပးမယ္မလား... "

" တျခားနည္းမရွိေတာ့လည္း... တေခတ္ပဲ ေခၚသြားရမွာေပါ့ "

" ဟို MDနားထင္က ေရာင္ေနတာကေလ ဘယ္လိုျဖစ္... "

" တေခတ္ အရက္ပုလင္းနဲ႕ ရိုက္ထားတာ "

ၿဖိဳးသူ စကားပင္မဆုံးေသး၊ျဖတ္ေျပာလာတဲ့
တေခတ္စကားေၾကာင့္ မ်က္လုံးပင္ျပဴးသြား၏။

" ဘာ! ညီမ ရိုက္တာ။ဘာလို႔လဲ... ဘာျဖစ္လို႔လဲ
ညီမ "

" အျမင္ကပ္လို႔ "

ၿဖိဳးသူ ကားေမာင္းေနရင္းက ေဘးက သူေဌးကေတာ္ေပါက္စေလးကို အထိတ္တလန့္ျဖင့္ ၾကည့္မိ၏။စိတ္ထဲမွာလည္း လက္သံေျပာင္တဲ့ သူေဌးကေတာ္ေပါက္စေလးေၾကာင့္ MDအတြက္
ရင္ေလးသြားမိ၏။

ႏွစ္ေယာက္သား စကားမ်ား၊ရန္ျဖစ္တိုင္းသာ အခုလို အရိုက္ခံေနရမယ္ဆိုရင္၊MD ဘဝက
တကယ့္ကို မေတြးရဲစရာပင္။

မနက္နိုးလာရင္၊စိတ္ႀကီးသူနဲ႕ လက္သံေျပာင္သူႏွစ္ေယာက္ရဲ႕ ျပင္းထန္းတဲ့ စစ္ပြဲကို ႀကိဳတင္ေတြး၍ မ်က္လုံးထဲပုံေဖာ္ၾကည့္မိေလေတာ့....
ၿဖိဳးသူ ကားေမာင္းေနရင္ ၾကက္သီးေတြပင္ထလာ၏။

..

" သမီးတေခတ္ ေမာင္ေနတိမ္တိုက္ နားထင္က
ဘာျဖစ္တာလဲ။နီရဲၿပီး ေရာင္ေနပါလား "

" ဘာမွမျဖစ္ဘူး။တေခတ္ ရိုက္ထားတာ "

" ရိုက္ထားတာ၊ဘာ ဘာလို႔လဲ သမီး "

ေဒၚသႏၲာမွာ သမီးျဖစ္သူ စကားေၾကာင့္ အထိတ္တလန့္ ျဖစ္သြားရသည္။

" အျမင္ကပ္လို႔ "

" အမေလး... ျမတ္စြာဘုရား၊ေယာက္်ားကို အျမင္ကပ္တာနဲ႕ ရိုက္ရတယ္လို႔... ညည္းေလးက
လူၾကမ္းမေလးလား... ေ႐ႊတေခတ္ "

" ေမေမကလည္း အေၾကာင္းအရာ ေသခ်ာမသိေသးဘဲနဲ႕ တေခတ္ကိုပဲ ဆူေနေတာ့တာပဲ။အစ္ကိုၿဖိဳးသူ ျပန္ေတာ့ေလ။ေနာက္ေတာင္က်ေနၿပီ "

ေမေမဆက္ၿပီး ဆူေနမွာဆိုးတာေၾကာင့္ တေခတ္
အိမ္ထဲအထိ ဦးေလးႀကီးကို လိုက္ပို႔ေပးၿပီး မျပန္ေသးတဲ့ အစ္ကိုၿဖိဳးသူ ကို စကားလွည့္ေျပာလိုက္သည္။

" ဒါဆို အစ္ကို ျပန္ေတာ့မယ္ ညီမ "

" ဟုတ္ကဲ့။ ဒီေန႕အတြက္ ေက်းဇူးပါ အစ္ကိုၿဖိဳးသူ "

" အင္း "

အစ္ကိုၿဖိဳးသူ က ဦးေလးႀကီး ကို အိမ္ထဲအထိ အေရာက္ပို႔ေပးၿပီးမွ ျပန္သြားေလသည္။

" သမီး ေမာင္ေနတိမ္တိုက္ အိပ္ဖို႔ အိပ္ရာခင္းေပးရေအာင္ "

" မလိုဘူး ေမေမ "

" ဘာမလိုတာလဲ။ေမာင္ေနတိမ္တိုက္ အိပ္ဖို႔ အိပ္ရာခင္းေပးရမွာေပါ့ "
.
ေဒၚသႏၲာ အိမ္ေရွ႕ၾကမ္းျပင္မွာ ခင္းထားတဲ့ ဖ်ားတစ္ခ်ပ္ေပၚမွာ ဒီတိုင္းလွဲၿပီး အိပ္ေပ်ာ္ေနတဲ့ သမက္ျဖစ္သူကို ၾကည့္ၿပီးေျပာေတာ့...

" ဦးေလးႀကီး က တေခတ္ ေယာက္်ားပါ။တေခတ္ ပိုင္ဆိုင္တဲ့ လူကို တေခတ္သေဘာအတိုင္း
လုပ္ခြင့္ရွိတယ္ ေမေမ။အာ့ေၾကာင့္ ေမေမ့ကို တေခတ္တို႔ၾကား ဝင္မပါဖို႔ ေတာင္းဆိုပါတယ္။ဦးေလးႀကီးကို တေခတ္ၾကည့္လုပ္လိုက္မွာမို႔... ေမေမ က သြားအိပ္ပါေတာ့ "

" သမီး... "

" သြားအိပ္ပါေတာ့ ေမေမ ေနာ္ "

" ဟင္း... ဒီကေလးနဲ႕ေတာ့ ခက္ပါရဲ႕ကြယ္ "

ေဒၚသႏၲာမွာ အေမျဖစ္သူကို အိပ္ခန္းဆီ အတင္းတြန္းပို႔ေနတဲ့ သမီးျဖစ္သူေၾကာင့္... သမက္ျဖစ္သူ ကို စိတ္မသက္မသာနဲ႕ ၾကည့္ကာ... အိပ္ခန္းထဲ ဝင္လာခဲ့လိုက္ရသည္။

" အဟင္း တေခတ္ ကို ပညာျပခ်င္တယ္ေပါ့ေလ။ျပလိုက္စမ္းပါ... တစ္ညလုံး တစ္ကိုယ္လုံးမွာရွိတဲ့ ေသြးေတြကို ျခင္ေတြကို ေပးလႉၿပီးေတာ့ကို ျပလိုက္စမ္းပါ။တေခတ္ က ဦးေလးႀကီး ျပတဲ့ ပညာကို ေဟာဒီ့က ျခင္ေထာင္ေလးနဲ႕ အိပ္ရာထဲကေန ဇိမ္ေလးခံၿပီး၊ၾကည့္ေနမယ္ ဟုတ္ၿပီလား။ဟြန့္ "

တေခတ္သည္ ၾကမ္းျပင္ေပၚမွာ ျခင္ေထာင္မရွိ၊ေစာင္မရွိနဲ႕ ေကြးေကြးေလး အိပ္ေနတဲ့ ဦးေလးႀကီး ကို မ်က္ေစာင္းေလးနဲ႕ ေျပာဆိုၿပီး...

ကိုယ္တိုင္ ခင္းထား၊ေထာင္ထားတဲ့ အိပ္ရာနဲ႕ျခင္ေထာင္ဝင္ၿပီး... ျခင္ေတြၾကားမွာ ေကြးေကြးေလး အိပ္ေနတဲ့ ဦးေလးႀကီး ကို ေက်နပ္စြာနဲ႕ ၾကည့္ၿပီး အိပ္လိုက္ေတာ့သည္။

လုပ္ခ်င္တာ လုပ္ထားရၿပီမို႔...
တေခတ္အတြက္ ဒီညဟာ အိပ္လို႔အေကာင္းဆုံး
ညတစ္ညပါပဲ။

.....

" ကြၽတ္ အား... ေခါင္းကိုက္လိုက္တာ။ညက ေသာက္တာ ေတာ္ေတာ္ မ်ားသြားတာပဲ "

တိုက္, နိုးတာနဲ႕ ၿငီးစိစိျဖစ္ေနတဲ့ ေခါင္းေၾကာင့္
အိပ္ရာထဲကေန ခပ္ေျဖးေျဖးေလး ထလုိက္တယ္။

" ငါ ငါ အခု ဘယ္ကိုေရာက္ေနတာလဲ။အား... ငါ့နားထင္က နာ နာ... ခ်ာ ခ်ာတိတ္ "

တိုက္, အိပ္ေနတဲ့ေနရာကေန ထရင္းက...
အိပ္ေနက်ေနရာ မဟုတ္တာကို သတိထားမိလို႔...
ပတ္ဝန္းက်င္ကို မ်က္လုံးေဝ့၍ အကဲခတ္ၾကည့္မိရာ။

ထထိုင္လိုက္တဲ့ ေရွ႕တည့္တည့္က ထိုင္ခုံေပၚမွာ
ေပါင္လည္ေလာက္ဂ်င္းေဘာင္းဘီတိုေလးႏွင့္
တီရွပ္အဝါေလးကို ဝတ္ထားတဲ့ သူမက... ေျခကိုခ်ိတ္၍ လက္ပိုက္လ်က္ျဖင့္... ကိုယ့္အား မ်က္ေထာင့္နီတို႔ျဖင့္ စိုက္ၾကည့္​ေနတာမို႔... လန့္သြားရ၏။

" ကိုယ္ ဒီကို ဘယ္လို ေရာက္လာတာလဲ "

" ဘယ္လိုေရာက္လာတယ္လို႔လဲ ဦးေလးႀကီး က... "

ေအးစက္စက္နဲ႕ ျပန္ေျဖတဲ့ သူမပုံစံေလးက...
ကိုယ္က သူမအေပၚ အမွားႀကီးႀကီး လုပ္ထားမိၿပီဆိုတာကို သိသာေစသည္။ထိုအမွားက ဘာမ်ားလဲ လို႔ အသည္းအသန္ ျပန္စဥ္းစားမိ၏။စဥ္းစားကာမွ ေခါင္းထဲက ဘာမွကိုထြက္မလာေတာ့သည္။

" ကိုယ္ ဘာမွမသိ ျဖစ္ေနတယ္ ခ်ာတိတ္ "

" အဲ့ဒါဆို ထၿပီး၊ ျပန္ေတာ့။အိမ္မွာ သူစိမ္းေယာက္်ား ဧည့္သည့္ လက္မခံဘူး "

" ျပန္မွာပါ။ ကိုယ့္ကို မေန႕ညက ခ်ာတိတ္ ေခၚလာတာလား "

" ဟုတ္တယ္။ေခၚလာခ်င္လို႔ေတာ့ မဟုတ္ဘူး။ဝိတ္တာ ဖုန္းဆက္ေခၚလို႔ ဘားကိုသြားတဲ့ အခ်ိန္ကတည္းက လူေတြအ္ိပ္ခ်ိန္ျဖစ္ေနၿပီ။ညဥ့္သန္းေခါင္က်မွ ဦးေလးႀကီး အိမ္ကိုလိုက္ပို႔ရင္
အဘိုးကို အေႏွာက္အယွက္ ျဖစ္မွာဆိုးလို႔ ေခၚလာခဲ့တာ။တျခား ဘာမွမရွိလို႔ ျပန္ေတာ့ "

" ကိုယ္ ေခါင္းကိုက္ေနတာ။မ်က္ႏွာေလးသစ္ပါရေစ။ၿပီးတာနဲ႕ ျပန္ပါ့မယ္ "

အတင္းႏွင္ေနတဲ့ သူမေၾကာင့္ ေစာေစာစီးစီး အသနားခံေနရသည့္ ကိုယ့္အျဖစ္။

" ျမန္ျမန္ လုပ္ၿပီး၊ျပန္ "

" ခ်ာတိတ္ ေမေမေရာ... "

" အငယ္ေတြကို မနက္ခင္းစာ မုန့္ထြက္ေကြၽးရင္းနဲ႕ ေစ်းထဲသြားၾကတယ္ "

" ဟုတ္လား။ကိုယ္ အျမန္ မ်က္ႏွာသြားသစ္ လိုက္အုံးမယ္ "

" သြားလုပ္၊ၿပီးတာနဲ႕ အိမ္ကေန လစ္ေတာ့။မ်က္စိရႉပ္တယ္ "

ကိုယ့္ေယာက္်ား ကို မ်က္စိရႈပ္တယ္တဲ့လား။ဟြန့္ေနာက္က် ဒီေယာက္်ားကို မ်က္စိေအာက္က အေပ်ာက္မခံနိုင္ျဖစ္ေနေအာင္ လုပ္ထားရမယ္။

တိုက္,စိတ္ထဲ၌ ေျပာရင္း ေျခေထာက္ေတာက္ေတြ က မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းဆီ သြားလိုက္သည္။ေတာ္ေသးသည္က အိမ္မွာ ေယာကၡမ ရွိမေနတာပင္။မဟုတ္ရင္ မ်က္ႏွာပူေနရမွာ။

" ဟာ... ငါ့နားထင္က ဘာျဖစ္တာတုန္း! "

နားထင္က အရမ္းနာေနလို႔...
ေရခ်ိဳးခန္းထဲေရာက္တာနဲ႕ နံရံမွာရွိတဲ့ မွန္ေရွ႕သြားရပ္ၿပီး ၾကည့္လိုက္ရာတြင္၊ျမင္မေကာင္းေလာက္ေအာင္ ေရာင္ကိုင္းေနတဲ့ ဒဏ္ရာေၾကာင့္
တိုက္,မွာ ထိတ္လန့္တၾကားျဖင့္ ဘယ္လိုျဖစ္တာလဲ ေတြးရင္းနဲ႕... ကိုယ့္ဒဏ္ရာ ကိုယ့္ဟာကိုၾကည့္ၿပီး မ်က္လုံးျပဴးေနရ၏။

ဒဏ္ရာဘယ္လိုရတာလဲ သိခ်င္တာေၾကာင့္...
မ်က္ႏွာအျမန္သစ္ၿပီး၊ခ်ာတိတ္မေလးဆီကို သြားလိုက္သည္။

.......ကဲ ရွည္ပါတယ္။ Shaer ေပးပါ။😁

မန့္ေလးေတြ၊မနက္ျဖန္ ေတးေရးေပးမယ္။

#ကိုးအမရာေမာင္

Continue Reading

You'll Also Like

258K 41.2K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
321K 17.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
331K 34.8K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...