မှိုင်းဟန်မြခေတ် {Hiatus}

By _JANE_PESNO_

24.2K 805 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅

အပိုင်း - ၉

510 18 3
By _JANE_PESNO_

#Unicode

နေရာကား အဝါရောင် ဆိုင်အပြင်အဆင်လေးများဖြင့် တောက်တောက်ပပရှိလှသော ကော်ဖီဆိုင်လေးအတွင်းတွင်ဖြစ်၏။

ခပ်ငယ်ငယ် လူငယ်တစ်ယောက်သည် အပြင်ဘက်၌ မိုးဖွဲဖွဲများ ရွာသွန်းနေသည့် အုံ့မှိုင်းမှိုင်း ရာသီဥတုနှင့်အညီ မည်းမှောင်နေသော မျက်နှာထားဖြင့် လက်ထဲရှိ ကော်ဖီခွက်အနီလေးအား စိုက်ကြည့်နေလျက်ရှိသည်။အလိုမကျစွာဖြင့် တွန့်ချိုးထားသော မျက်ခုံးနှစ်ဖက်က လာရောက်စားသုံးသူများကို ဆိုင်တွင်ထိုင်သောက်ရမလား၊အိမ်ကိုသာ ပြန်ယူသောက်ရမလားဆိုသည့် ဝေဝေဝါးဝါး ခံစားချက်များကိုပင် ဖြစ်ပေါ်စေ၏။

သို့ရာတွင် ထိုလူငယ်က အရေးစိုက်မှု တစ်ချက်ပင် မပေးဘဲ လက်ထဲရှိ ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေသည်မှာ မွေးဖွားလာကတည်းက ထိုကော်ဖီခွက်နှင့် ရန်ငြိုးများရှိနေသည့်နှယ်။

ထိုအချိန်တွင် အနှီကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ဝန်းရံနေသည့်လူငယ်၏ မျက်နှာချင်းဆိုင်တွင်ရှိသော ထိုင်ခုံပေါ်သို့ အပြုံးဖျော့ဖျော့လေးနှင့် လူငယ်တစ်ယောက်က လာထိုင်လာသည်။ဘေးနားရှိလူများမှာလည်း ထိုလူငယ်၏အနားသို့ လာထိုင်ရဲသောလူငယ်အား အံ့ဩစွာ ကြည့်လိုက်ကြပြီး မီးနှင့်ရေလို တည်ရှိမှုမျိုးဖြစ်သည့် ထိုနှစ်ယောက်က အဘယ့်ကြောင့် သိကျွမ်းနေကြသည်ကို သိချင်မိသွားကြသည်။

ဆိုင်အတွင်းရှိ လူများပါမကျန် အတွင်းဘက်ထဲရှိ အစားအသောက်များလုပ်နေသော ဝန်ထမ်းများကပါ ခရုက သူ၏အခွံထဲမှ ထွက်လိုက်၊ဝင်လိုက်လုပ်နေသလို ပြုမူနေကြကာ ရုတ်ခြည်း ထိုးတက်လာသည့် အမှာစာများကြောင့် လက်မလည်အောင်အလုပ်များနေသော်ငြား ထိုလူငယ်လေးနှစ်ယောက်ကို ၂စက္ကန့်လောက်ဖြစ်ဖြစ် လာကြည့်နေကြသေးသည်။

ကိစ္စရပ်၏တရားခံဖြစ်သော ကြည့်ကောင်းလှသည့် အနှီလူငယ်နှစ်ယောက်ကတော့ ထိုအလုပ်ရှုပ်နေမှုများကို မမြင်ဟန် ပုံမှန်အတိုင်း ထိုင်နေကြသည်။

ခုနကမှ ထိုင်လိုက်သောလူငယ်လေးသည် သူ၏သွားအစွယ်လေးနှစ်ဖက်ပေါ်နေသော အပြုံးချိုချိုလေးကို ဆင်မြန်းလျက် အေးချမ်းလှသော မျက်နှာလေးနှင့်မလိုက်ဖက်စွာ၊ အထက်စီးဆန်သည့်လေသံဖြင့် ကော်ဖီခွက်ကို စိုက်ကြည့်နေသော လူငယ်ကို နှစ်ကိုယ်ကြားလေသံဖြင့် ဦးတည်ပြောလိုက်သည်။

"ကျက်သ‌ရေမရှိတဲ့..မင်းရဲ့ရှစ်ခေါက်ချိုးမျက်နှာကို အခုချက်ချင်း..ပြင်လိုက်စမ်း"

ထိုအခါ အပြောခံလိုက်ရသည့်လူငယ်က သူ၏နဖူးပေါ်၌ ဝဲကျနေသော ရွှေအိုရောင်ဆံပင်များကို တစ်ချက်သပ်တင်ရင်း စားပွဲပေါ်သို့ ကော်ဖီခွက်ကို အသံမြည်အောင် ပစ်ချလာသည်။အပြုံးလေးနှင့်လူငယ်က ထိုအပြုအမူကြောင့် တစ်ချက်မျှ အပြုံးမပျက်သွားသည့်အပြင် ယူဆောင်လာသည့် စာအုပ်ထူထူကိုပါထုတ်၍ အေးဆေးဖတ်နေလိုက်သေးသည်။

"‌ဟန်ဆောင်မျက်နှာကြီးနဲ့..ကြည့်မကောင်းလိုက်တာ"

နှာခေါင်းရှုံ့ရင်း ခနဲ့လာသော ရွှေအိုရောင်ဆံပင်နှင့်လူငယ်၏စကားအဆုံး၌ အရှေ့ရှိလူငယ်၏အပြုံးမှာ ပိုမိုပီပြင်သွား၏။

"Oh..မနာလိုနေတဲ့ သခင်လေးတစ်ယောက်ရှိနေပါ့လား..ဒါဆို ဒီဟန်ဆောင်မျက်နှာက..ကြည့်ကောင်းရဲ့လားဆိုတာ..ဒီဆိုင်မှာရှိတဲ့ ကြိုက်တဲ့လူတစ်ယောက်ကို ခေါ်မေးကြည့်လိုက်ကြမလား?.."ဟု ထိုလူငယ်က မြူးကြွစွာ ပြောဆိုလာပြီးနောက် လက်ထဲရှိ ဖတ်လက်စ စာအုပ်ထူထူကြီးကို အသာပိတ်လိုက်ပြီး အရှေ့ရှိလူငယ်အား ကျီစားဟန် မျက်လုံးတစ်ဖက် မှိတ်ပြလေသည်။

ထို့နောက် စုစုရုံးရုံးဖြစ်နေသော ဝန်ထမ်းများဘက်သို့ ခေါင်းလှည့်လိုက်ကာ ဆိုင်ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်ရန်ပြင်လိုက်သည်။ရွှေအိုရောင်ဆံပင်နှင့်လူငယ်မှာတော့ စိတ်လေသည့် သဘောဖြင့် မျက်လုံးကို အပေါ်ဝေ့ပြလိုက်ကာ အပြင်ဘက်ရှိမိုးများကိုသာ ခေါင်းလှည့်ကြည့်နေတော့သည်။

သူတို့နှစ်ယောက်သည် အစောကြီးကတည်းက ဆိုင်ထဲရှိ လူတိုင်း၏မျက်စိကျခြင်းကို ခံနေရကာ ထိုလူငယ်လေးက ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်သည်နှင့် ဝန်ထမ်းများကလည်း အလုအယက် သူသွားမည်ငါသွားမည် ဖြစ်ကုန်ကြသလို စားသုံးသူများကလည်း ယခုအချိန်တွင် ဆိုင်ဝန်ထမ်းဖြစ်ရလျှင် ဘယ်လောက်ကောင်းမလဲဟူသည့် မနာလိုအတွေးများ တွေးကုန်ကြတော့သည်။

ထိုသို့ဖြစ်သည်ကို လူငယ်လေးက မသိမသာ ရယ်လိုက်ရင်း သူ့အတွက်ကြောင့်နှင့် ရန်ပွဲများ မဖြစ်စေရန် တွေ့ရာဝန်ထမ်းလေးတစ်ယောက်ကိုသာ လက်ညှိုးထိုးပြီး ခေါ်လိုက်လေသည်။လက်ညှိုးထိုးခံရသည့်ဝန်ထမ်းမှာလည်း ဘီလီယံနာ သူဌေးဖြစ်သွားရသလိုလို မျက်နှာမျိုးဖြင့် ထိုဝိုင်းနားကို အမြန်ရောက်လာတော့၏။

"ဘာ..ဘာအလိုရှိပါသလဲဗျ?"

တုန်ယင်နေသည့်အသံကြောင့် အပြင်ဘက်ကို ကြည့်နေသည့်လူငယ်မှာ အလိုအလျောက် မျက်မှောင်ကျုံ့သွားပြီး စိတ်ထဲမှာလည်း 'Omegaတွေက ပျော့ညံ့လွန်းတယ်'ဆိုသည့်အတွေးကို ချက်ချင်း တွေးလိုက်သည်။

အပြုံးလေးနှင့်လူငယ်မှာတော့ ထိုအရာကို ဂရုမထားဟန် ဝန်ထမ်းလေးကို အသာစိုက်ကြည့်လာသည်။

"ကိုယ်ချောလား?"

နဂိုကတည်းက တောက်ပနေသော လူငယ်လေး၏အပြုံးသည် ချစ်စဖွယ်‌ကောင်းမှုအတိပြီးသော ချွန်ထက်သည့် သွားအစွယ်‌လေးနှစ်ချောင်းပါ အပိုထပ်ဆောင်း ပါဝင်လာလေတော့ ဝန်ထမ်းကောင်လေးသည် ကြောင်အသွားကာ မျက်တောင်ခတ်ဖို့ကိုပင် မေ့လျော့သွားပြီး လူငယ်လေးကိုသာ စိုက်ကြည့်နေလေသည်။

အချိန်တစ်ခုကြာမှသာ ထိုအပြုံးဆီမှ ရုန်းထွက်လာနိုင်ပြီး လူငယ်လေး၏မေးခွန်းကို အမြန်အဆန် နားလည်နိုင်ရန် ကြိုးစားလိုက်သည်။ထိုအခါ ရှုပ်ထွေးမှုမရှိဘဲ ရှင်းလင်း၍ တည့်တိုးဆန်သည့် မေးခွန်းဖြစ်သည်ကို သတိထားမိသွားကာ ဝန်ထမ်းကောင်လေးသည် ချက်ချင်းရဲတက်လာသည့် ရှက်နေသော မျက်နှာထားလေးဖြင့် နှုတ်ခမ်းလေးကို အသာကိုက်ရင်း ခပ်သာသာလေး ခေါင်းညိတ်ပြ၍ 'ချောတယ်'ဟု ပြန်ပြောလာသည်။

"ဖြေပေးတဲ့အတွက် ကျေးဇူးပါပဲနော်..၊ ဒါနဲ့..ကိုယ့်အတွက် ဒီဆိုင်မှာ မင်းလေး..အကောင်းဆုံးလို့ထင်တဲ့ သောက်စရာတစ်ခုလောက်..ချပေးနိုင်မလား?.."

‌‌မေးကိုလက်ထောက်ကာ ခေါင်းလေးစောင်းပြီး ပြောလာတာကြောင့် ထိုလူငယ်၏ခပ်လျော့လျော့ စည်းနှောင်ထားသည့် ဆံသားရှည်များမှာ ခေါင်းစောင်းရာဘက်သို့ ပျော့အိစွာ သက်ဆင်းသွား၏။

ထို့အပြင် ညို့ငင်အားများ ပါဝင်သလားဟု မေးရလောက်အောင်အထိ စိုက်ကြည့်နေသည့် အညိုဖျော့ဖျော့ မျက်ဝန်းများကြောင့် မသိလျှင် သောက်စရာမှာနေသည်နှင့်မတူဘဲ ချစ်သူအား ချော့မော့ပြီး သောက်စရာ သွားယူခိုင်းနေသည်နှင့်ပင် တူနေလေသည်။

ဝန်ထမ်းကောင်လေးမှာလည်း ချောမောလှသော လူကြောင့် pheromoneများကပင် ဂယက်ထသွားသလို ခံစားလိုက်ရ၏။သို့သော် ကိုယ့်ကိုယ်ကိုယ် အမြန်ပြန်ထိန်းလိုက်ရင်း 'ဟုတ်ကဲ့'ဟုသာ ပြန်ဖြေပြီး ထွက်လာလိုက်တော့သည်။ဤသည်ကိုပင် ပြန်လှည့်သည့်လမ်းတွင် စားပွဲခုံကို ဝင်တိုက်မိသဖြင့် အသံပေါင်းများစွာ ဆူညံသွားသေးသည်။

"သခင်လေးJaneခင်ဗျ..ကျွန်တော်မျိုး ချော‌ကြောင်းကို..ထပ်ပြီးသက်သေပြရဦးမလားခင်ဗျ?"

စနောက်ချင်စိတ်များ အပြည့်ပါသည့်လေသံဖြင့် ပြောလာချိန်မှာတော့ သခင်လေးJaneဟုခေါ်ခံလိုက်ရသော လူငယ်လေးသည် ‌စိတ်ကုန်စွာ သက်ပြင်းတစ်ချက်ချ၍ အပြင်ဘက်မှ အကြည့်မဖယ်ဘဲ ကော်ဖီခွက်ကို ယူသောက်လိုက်တော့သည်။

"သောက်ပြီးရင်ပြော..၊ ဟန်ဆောင်လွန်းနေတဲ့ မင်းရဲ့မျက်နှာကိုမြင်ရတာ အန်ချင်တယ်.."

"ဟားဟား..ကောင်းပြီလေ..ငါ့အိမ်သွားမလား? မင်းအိမ်သွားမလား?"လို့ ရွေးချယ်စရာသဖွယ် ပြောပြီးခါမှ တစ်ခုခုကို သတိရသွားဟန် အပြုံးလေးနှင့်လူငယ်က သူ၏ဆံပင်ရှည်အစုကို ကျော‌နောက်သို့ လျှပ်ခနဲ ပို့လိုက်ကာ ပျော်ပျော်ရွှင်ရွှင် ပြောလာ၏။

"ခဏ!..အန်ကယ်ပါးပါးနဲ့ မတွေ့ရတာတောင်..ကြာနေပြီ! မင်းအိမ်ပဲ..သွားကြရအောင်"

ထိုစကားကြောင့် တစ်လျှောက်လုံး ဘာလုပ်လုပ်လျစ်လျူရှုခဲ့သော လူငယ်လေးသည် ကြောက်မက်ဖွယ်ရာ မျက်လုံးစိမ်းစိမ်းများဖြင့် ချက်ချင်းကြည့်လာတော့သည်။ထိုအကြည့်အား တစ်ဖက်မှလူငယ်လေးက အပြုံးဖွဖွဖြင့် ပြန်လည်တုံ့ပြန်လိုက်ပြီး အရေးမစိုက်ဟန် ပခုံးနှစ်ဖက်ကို ပင့်ပြလာသည်။

"မင်းရဲ့အကြည့်တွေက..ငါ့ကို ဘာသက်ရောက်မှုမှ မရှိတာ..သိပါသေးတယ်နော်?"

"စကားများမနေဘဲ..မြန်မြန်မျို!"

ထိုအခါ ဆံပင်ရှည်နှင့်လူငယ်လေးက အနိုင်ရသူလို အပြုံးကြီးကြီး ပြုံးပစ်လိုက်တာ‌ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများသည် နေမင်းကြီးအား ကြည့်‌လိုက်ရသလို စူးရှလွန်းသဖြင့် မျက်လုံးများပင် မှိတ်လိုက်ကြရ၏။ထို့နောက် ထိုလူငယ်လေးနှစ်ယောက်လုံး ထွက်သွားခါမှ နှမြောတသ လိုက်ကြည့်နေမိကာ ဓာတ်ပုံရိုက်ဖို့ပင် မေ့နေတာကြောင့် ဆုံးရှုံးမှုကြီး ရရှိလိုက်သလိုခံစားရင်း ကျန်နေခဲ့ရတော့သည်။

ဆိုင်ရှေ့တွင် ရပ်ထားသော ကားအနက်ရောင်လေးထဲရောက်သည်နှင့် အပြုံးလေးနှင့်လူငယ်မှာ ရုတ်ခြည်း အပြုံးပျောက်သွားပြီး ဆိုင်ထဲမှာတော့ ရတနာသဖွယ် ဂရုစိုက်နေခဲ့သော လက်ထဲရှိ စာအုပ်အထူကြီးအား ကားနောက်ခန်းဆီသို့ ဂရုမစိုက်စွာ ပစ်ချလိုက်သည်။ထို့အပြင် ချည်နှောင်ထားသည့် ဆံပင်စုကိုလည်း ဖြေချလာကာ လက်ချောင်းများဖြင့်ဖွရင်း အပေါ်သို့သပ်တင်လိုက်၏။

"ပြောစရာရှိတယ်ဆိုတာက?"

ခုနက ဆိုင်အတွင်း၌ရှိနေသည့် ဖော်ရွေပြီး ပေါင်းသင်းလွယ်သည့် မျက်နှာထားလေးဖြင့် လူငယ်လေးမှာ ဘယ်ရောက်သွားသလဲဟု မေးရလောက်သည်အထိ ယခုအချိန်တွင် ထိုလူငယ်သည် မျက်နှာထားတည်တည်ဖြင့် လူများအလွယ်မကပ်နိုင်သည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။လူ‌တွေပြောသည့် ရေခဲရိုက်မျက်နှာကပင် ဤလူငယ်၏မျက်နှာလောက် ရေခဲမဆန်လောက်ပေ။

Mitchell၏မျက်ခုံးများမှာ ခုနကထက် ပိုမိုတွန့်ချိုးသွားသည့်အပြင် စတီယာတိုင်ကို ကိုင်ထားသည့်လက်များမှာလည်း တင်းကျပ်သွားတာကြောင့် ဘေးရှိလူငယ်မှာ မသိမသာ မျက်ခုံးပင့်လိုက်၏။သူသိသည့် Mitchellဆိုသည့်သခင်လေးမှာ သူ မကျေနပ်တာရှိပါက စိတ်ထဲ၌ သိမ်းဆည်းထားမည့် လူမျိုးမဟုတ်ပေ။

ငယ်စဉ်ကတည်းက အန်ကယ်ပါးပါးက အလိုလိုက်ပြီး ဘာမှမပြောတာကြောင့် တွေးလိုက်သည်နှင့် စိတ်ထဲရှိရာကို ချက်ချင်း အကောင်အထည်ဖော်မည်သာဖြစ်သည်။ထိုကဲ့သို့သောလူမျိုးက ယခုလို ခံစားချက်များကို မဖွင့်ထုတ်နိုင်ဘဲ သိမ်းထားနေရပါက ဖြစ်နိုင်ခြေသည် တစ်ခုသာရှိသည်။

"အန်ကယ်ပါးပါးက..ဘာပြောလိုက်လို့လဲ?"

သူပြောလိုက်ခါမှ ပိုဆိုးသွားသည်ထင်သည်။Mitchell၏မျက်နှာမှာ ပြိုတော့မည့်မိုးလို တဖြည်းဖြည်း အုံ့မှိုင်းလာပြီး မကြာခင်မှာ သည်းကြီးမည်းကြီး ရွာချတော့မည့်ပုံပင်။

Mitchell၏မျက်ဝန်းထဲရှိ မျက်ရည်ကြည်များကို မြင်လိုက်ရချိန်မှာတော့ ထိုလူငယ်မှာ ရုတ်ခြည်း အသက်ရှူပင် အောင့်လိုက်မိတော့၏။သည်လောက် အသည်းမာသည့်လူကိုပင် ငိုလာအောင်လုပ်နိုင်သည့် အန်ကယ်ပါးပါး၏အစွမ်းမှာ အထင်သေးစရာတော့ လုံးဝမဟုတ်ပေ။

"‌နေပါဦး!..ငါ မေးနေတာဖြေဦးလေ..အန်ကယ်ပါးပါးက ဘာပြောလိုက်လို့လဲ?"လို့ ပျာယာခတ်စွာ ပြောပြီးနောက် ထိုလူငယ်မှာ သူ၏ရေခဲရိုက်မျက်နှာရော၊အရှိန်အဝါများကပါ ခွေးချီသွားသလို ပျောက်ဆုံးကုန်လေသည်။

ပြီးနောက် ကားခုံပေါ်သို့ မျောက်တစ်ကောင်လို တက်ထိုင်ပြီး တစ်ဖက်လူ၏စကားကို နားစွင့်နေပုံမှာ ယခုအရေးကို ကမ္ဘာကြီး ပျက်သုဥ်းသွားမည်ထက်တောင် စိတ်ဝင်စားနေသည့်ဟန်ရှိသည်။

"ပါး..၊ ပါးက ငါ့ကိုအော်တယ်"

စကားဆုံးသည်နှင့် မျက်ဝန်းထဲရှိ မျက်ရည်များမှာ ထိန်းမထားနိုင်တော့သည်နှယ် အလုအယက် ခုန်ပေါက်စီးဆင်းလာကြတော့သည်။ဘေးနားရှိလူငယ်မှာလည်း ယခုအခြေအနေကို တစ်ခါမှ မကြုံဖူးတာကြောင့် ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်ကုန်ကာ မျောက်ကြီး မီးသွေးခဲကိုင်ထားသလို ဖြစ်နေတော့သည်။

"မငိုနဲ့..တိတ်!"ဆိုပြီး ကလေးများပင် ငိုနေရာမှတစ်ခါတည်း လန့်ပြီးမေ့သွားနိုင်သည့် လေသံဖြင့် ပါးစပ်မှ ထွက်သွားတာကြောင့် ကိုယ့်နဖူးကိုယ် နွေဦးဂျွန် လက်ဖြင့်ပြန်ရိုက်လိုက်မိသည်။

သူပြောချင်သည်က ချိုချိုသာသာလေး ဖြစ်သော်လည်း ယခုတွင်မူ 'မင်းအခု အငိုမတိတ်ရင် မင်းကို လည်ပင်းညှစ်သတ်မယ်'ဆိုသည့် ခြိမ်းခြောက်စကားသဖွယ် ပြောင်းလဲသွားလေသည်။

"ဒီလိုလုပ်..ငါ့အိမ်ပဲသွားကြမယ်..ပြီးရင် ငါပဲမောင်းမယ်..အခုဆင်း"

ချက်ချင်းခေါင်းခါပြလာသော သူ၏ချစ်လှစွာသော သူငယ်ချင်းလေးကြောင့် နွေဦးဂျွန်၏ ချိုးလေ့မရှိသော မျက်ခုံးကပင် ချိုးချင်သွားသလိုလို။

"ပြီးတာပဲ!..မင်းပဲမောင်းတော့..၊အေး..လမ်းတစ်ဝက်မှာ ကားတိုက်မှုဖြစ်ရင်တော့..အန်ကယ်ပါးပါးက မင်းကို မျက်ရည်ကျရုံပဲလုပ်တာ..ငါက မင်းကို..သေးထွက်အောင်လုပ်ပြမယ်!"

Mitchellမှာ မျက်ရည်များကြားထဲကပင် ကြောင်အစွာ ဘေးဘက်ကို လှည့်ကြည့်လာတာကြောင့် နွေဦးဂျွန်ကလည်း Mitchellကို တည့်တည့် ပြန်စိုက်ကြည့်လိုက်သည်။တစ်ခုခုပြောတော့မည့်ဟန် ပါးစပ်ဟလိုက်တော့ နွေဦးဂျွန်က ပြောလာမည့်စကားကို သိနေဟန် လက်ကိုမြှောက်ပြီး အရင်တားလာသည်။

"ငါ့ဘာသာ ဘာထွက်အောင်လုပ်လုပ်..မင်းအပူမဟုတ်ဘူး! နားကြားမှားတာ..မဟုတ်တာမလို့ စိတ်မပူနဲ့..မင်းကို သေး..ထွက်..အောင်..တကယ်လုပ်မှာ"

'သေးထွက်အောင်'ဆိုသည့်နေရာ၌ တစ်လုံးချင်းဖိကာပြောရင်း မျက်လုံးပြူးပြလာတာကြောင့် Mitchellလည်း ဘာမှဆက်မပြောချင်တော့ကာ ကားစက်နှိုးပြီး ထွက်လာလိုက်တော့သည်။

လမ်းတစ်လျှောက်၌လည်း ရှိုက်သံက တစ်ချက်တစ်ချက် ထွက်ထွက်လာတာကြောင့် နွေဦးဂျွန်မှာ သူ၏သည်းခံနိုင်စွမ်းများ ကုန်ဆုံးတော့မည့်ဟု ခံစားလာရတော့သည်။သို့ရာတွင် မကြာခင်မှာပင် အိမ်တော်သို့ ရောက်လာတာကြောင့် ဤဝဋ်က ကျွတ်ပြီဟုတွေးပြီး စိတ်သက်သာရာတော့ ရသွား၏။

သူတို့ကားရပ်သွားသည်နှင့် အိမ်တော်ထဲရှိ အစေခံပေါင်းများစွာက အလျင်စလိုမရှိဘဲ စီစီရီရီ ထွက်လာကြကာ ကား၏ဘေးနှစ်ဖက်တွင် မျက်နှာသေများဖြင့် ညီညာစွာ တန်းစီလာရပ်ကြသည်။

မိန်းကလေး၊ယောက်ျားလေးကို တစ်ဖက်စီခွဲထားကာ မိန်းကလေးများက အဖြူနှင့်အနီရောစပ်ထားသောဝတ်စုံကို ဝတ်ဆင်ထားပြီး ယောက်ျားလေးများမှာ အနက်နှင့်အနီရောစပ်ထားသောဝတ်စုံကို ဝတ်‌ဆင်ထားကြသည်။သပ်ရပ်လှပသော အဝတ်အစားများနှင့် အစေခံများက နာမည်ကြီးဒီဇိုင်းနာ၏မော်ဒယ်များလိုလိုပင် ထင်မြင်သွားစေနိုင်၏။

ထိုအထဲမှ ယောက်ျားလေး၊ အစေခံနှစ်ယောက်က အရှေ့သို့ထွက်လာပြီး ကားတံခါးကို တစ်ဖက်စီ လာလှပ်ပေးကာ ခါးကိုင်းပြီး အရိုအသေ ပေးလိုက်ကြသည်။ကျန်သည့်လူများမှာလည်း ကားထဲမှ ထွက်လာသည့်ခြေသံကို ကြားသည်နှင့် နဂိုကတည်းက မော့မထားသည့်မျက်နှာများကို အောက်သို့ချလိုက်ကာ ခါးကိုင်းပြီး ထပ်တူအရိုအသေ ပြုလိုက်ကြ၏။

"ပြန်လည်ကြိုဆိုပါတယ်..သခင်"

ယခုတွင် အေးစက်စက်မျက်နှာထားကို ပြန်ရောက်နေပြီဖြစ်သည့် နွေဦးဂျွန်က ခြေလှမ်းများကို ရပ်လိုက်ကာ အရိုးထဲထိ စိမ့်အေးသွားစေနိုင်သည့်လေသံဖြင့် ခက်ထန်စွာ ပြောလာသည်။

"ငါ့အမိန့်မရဘဲ စံအိမ်ထဲကို..ခြေဦးတောင် မလှည့်နဲ့!"

"အမိန့်အတိုင်းပါ..သခင်"

တူညီစွာလွင့်ပျံ့လာသော အသံများကိုကြားမှ စိတ်ကျေနပ်သွားဟန် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို အပေါ်သို့ နွေဦးဂျွန် ကော့တက်စေလိုက်သည်။

ဤသည်မှာ သူ၏စရိုက်များစွာထဲမှ တစ်ခုပင်။

အများ၏ကြောက်ရွံ့ခြင်းများ၊ အမိန့်နာခံမှုများကို သူ၏ခြေထောက်အောက်တွင် ဖိနှိပ်ထားရသည်က သူ့အတွက်တော့ ဂန္ထဝင်တေးဂီတများကို နားထောင်ရသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်ပြီး စိတ်ကျေနပ်မှုကို ရရှိစေသည်။

လေးစားခြင်းကတော့ သူ၏လှည့်ကွက်များဖြင့် စုစည်းထားသည့်လူများဖြစ်၍ ထိုအရာမှာ သူတို့၏နှလုံးထဲတွင် စွဲမြဲနေပြီဖြစ်၏။သစ္စာဖောက်ခြင်းကို မုန်းသည့်သူက သူ့ထံတွင် ထိုလိုဖြစ်ရပ်မျိုး ဖြစ်မလာစေရန် အကွက်ကျကျပင် စီစဉ်ထားသည်။

စံအိမ်ထဲ ရောက်သွားပြီးနောက် အပေါ်ထပ်သို့ဦးတည်လိုက်ကာ ညတုန်းက ကောင်းကောင်းအိပ်မပျော်တာကြောင့် လှေကားပေါ်တက်ရင်း နွေဦးဂျွန် သမ်းဝေလိုက်မိသည်။ထို့နောက် အနောက်မှ ခြေသံမကြားတာကြောင့် လက်တစ်ဖက်က လက်ရမ်းကိုကိုင်ရင်း လှည့်ကြည့်လိုက်တော့ ဧည့်ခန်းအလယ်ကြီးတွင် ငူငူကြီး ရပ်နေသည့်သူငယ်ချင်းလေးကို တွေ့လိုက်ရသည်။

မျက်ရည်များမှာ တစ်ဖန် ဝေ့သီလာပြီဖြစ်တာကြောင့် ထပ်ငိုတော့မည်ကို သိလိုက်ကာ နွေဦးဂျွန် ခေါင်းပင် ကိုက်သွားသလို ခံစားလိုက်ရသည်။

"ဟိုကောင်!..အပေါ်ကိုလာခဲ့..၊ ငိုမှာဆိုလဲ ငါ့အခန်းထဲမှာ ဝအောင်ငို..ပြီးရင် မင်းပါးစပ်ကို..ပိတ်တော့! အိပ်ရေးမဝရတဲ့အထဲ..သူကတစ်မျိုး"

ပုံမှန်ချိန်ဆိုလျှင် တစ်ပွဲတစ်လမ်း ဖြစ်နိုင်သော်ငြား ယခုအချိန်တွင် ဝမ်းနည်းစိတ်ကြီးသာ ကြီးစိုးနေသော Mitchellမှာ နာခံစွာ လေးလေးပင်ပင် ခေါင်းညိတ်ပြလာပြီး အနောက်မှလိုက်လာလေသည်။အခန်းထဲသို့ရောက်သော် နေရာတိုင်းရှိ အနီရောင်များကြောင့် သွေးများကြား၌ ရောက်နေမိသည်လားဟုပင် အထင်မှားသွားစေနိုင်သည်။

အနီရောင်ကို ချစ်မြတ်နိုးလှသော နွေဦးဂျွန်မှာ ငယ်စဉ်ကတည်းက အသုံးအဆောင်တိုင်းကို အနီရောင်အတိပြီးစေသည်။အရာရာတိုင်းကို အနီများသာသုံးစွဲပြီး အခြားအရောင်များရှိနေလျှင် စိတ်တိုင်းမကျသော လူမျိုးလည်းဖြစ်သည်။သို့ရာတွင် အဝတ်အစားပိုင်းတွင်တော့ ကျန်သည့်အရာများလောက် အယူမသီးသဖြင့် တော်သေးသည်။

ဖက်ရှင်ပိုင်းကို နှစ်သက်တာကြောင့် ထိုနေရာတွင်တော့ ကျန်သည့်အရောင်များကို မျက်မုန်းမကျိုးကာ ထည့်သုံးတတ်သည်။သို့သော်လည်း ဝတ်ဆင်သည့် အင်္ကျီတိုင်းတွင်တော့ အနီပါနေရမည်ဖြစ်၏။ယခုဝတ်ထားသည်မှာလည်း အနီရောင်ပိုးသားလက်ရှည် shirtကို အဖြူရောင်style pantဖြင့် တွဲဝတ်ထားခြင်းဖြစ်သည်။

"ထိုင်ချင်တဲ့နေရာမှာထိုင်..ပြီးရင် ဘာဖြစ်တာလဲဆိုတာကိုပြော.."

Mitchellလည်း အငိုဝသွားပြီဖြစ်တာကြောင့် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ အဖြစ်အပျက်များကို အစမှအဆုံးအထိ ပြောပြလိုက်သည်။နွေဦးဂျွန်သည်လည်း ဂိုဏ်းကိစ္စများကို ဝင်ကူညီတတ်တာကြောင့် ‌အကုန်သာ ပြောပြလိုက်တော့သည်။သစ္စာဖောက်ဖို့နေနေသာသာ ထိုကောင်က ဂိုဏ်းတစ်ခုလုံး တိုးတက်ဖို့ကိုသာ အရေးစိုက်တာကြောင့် ယုံကြည်၍ရသောလူပင်။

တင်ပါးအောက်အထိ ရှည်နေပြီဖြစ်သည့် ဆံပင်ရှည်များကို ဘီးဖြင့်ဖြီးနေသည့် နွေဦးဂျွန်၏လက်မှာ စကားအဆုံး၌ ရပ်တန့်သွားတော့သည်။

"နေပါဦး..အန်ကယ်ပါးပါးက တကယ်ကြီး မင်းကို..အဲ့ကောင်အတွက်နဲ့ အော်လိုက်တာပေါ့?"

Mitchellမပြောနှင့်၊ သူတောင် ထိုဖြစ်ရပ်ကို မယုံနိုင်ပေ။အန်ကယ်ပါးပါးက Mitchellကို ဘယ်လောက်သည်းသည်းလှုပ်သည်မှာ ဘေးလူကတောင် သားအဖလို့မထင်ရဘဲ ချစ်သူရည်းစားဟု ထင်ရသည့်အထိပင်။ဆူငေါက်ဖို့မပြောနှင့်၊ လေသံမာမာလေးတောင် မပြောသည့်အတွက် လုပ်ချင်ရာလုပ်၍ရခဲ့သည်သာဖြစ်၏။

ယခုမှာတော့ ထိုအရာကို တခြားဂိုဏ်းမှရောက်လာသည့် ကောင်လေးတစ်ယောက်ကြောင့် ချိုးဖျက်လိုက်လေသည်။

"အေး..ငါ အဲ့ကောင်ကို သတ်ပစ်ချင်နေတာ!"

ဒေါသထွက်စွာ တုံ့ပြန်လာသော Mitchellနှင့်မတူညီစွာ နွေဦးဂျွန်ကတော့ တစ်ခုခုကို တွေးတောနေဟန် လက်ပိုက်ထားရင်းမှ ညာဘက်လက်ဖြင့်မေးထောက်လိုက်သည်။

"ဒါပေမဲ့..မင်းမတွေးမိဘူးလား?"

"ဘာကိုလဲ?"

နားမလည်စွာ ပြန်လည်မော့ကြည့်လာသည့် Mitchellကို ငတုံးဟူသည့် အကြည့်တစ်ချက် ပြန်ပေးလိုက်ကာ မှန်တင်ခုံရှေ့သို့သွားပြီး နီနီရဲရဲ ခေါင်းစည်းကွင်းတစ်ခုကို နွေဦးဂျွန် ယူလိုက်သည်။

ဆံပင်များကိုစုပြီး ခပ်မြင့်မြင့် စည်းနှောင်လိုက်တော့ အမြင့်ဆုံးကို စည်းထားသည်ကိုပင် ဆံပင်ရှည်များက တင်ပါးအပေါ်ကို တင်ရုံလေးသာ တင်တာကြောင့် ဆံပင်နည်းနည်းတိရမလားဟု နွေဦးဂျွန် တွေးလိုက်သည်။ရှည်လွန်းလျှင် ကိစ္စတော်တော်များများကို လုပ်ရာ၌ အနည်းငယ် အနှောင့်အယှက် ဖြစ်နိုင်သည်။

"အန်ကယ်ပါးပါးက..မင်းကို စမ်းသပ်နေတာလို့ ငါကတော့..ထင်တာပဲ"လို့ပြောရင်း ကုတင်ပေါ်သို့ တက်ထိုင်လိုက်ကာ ခေါင်းအုံးတစ်လုံးယူ၊ဒေါင်လိုက်ထောင်လိုက်ပြီး ထိုခေါင်းအုံးပေါ်သို့ နွေဦးဂျွန် မေးတင်လိုက်သည်။

"စဉ်းစားကြည့်လေ..မင်းကိုချစ်လွန်းလှတဲ့..အန်ကယ်ပါးပါးကတော့ အကြောင်းအရင်းမရှိဘဲ မင်းကို..အော်မှာမဟုတ်ဘူး..၊ မင်း စူပုတ်ပုတ်ဖြစ်ရင်တောင် မနေနိုင်တဲ့..အန်ကယ်ပါးပါးက မင်းကိုအတည်ကြီး..အော်တာတော့မဖြစ်နိုင်ဘူး..နောက်ကွယ်မှာ တစ်ခုခုတော့ရှိရမယ်"

"ဒါဆို အကြောင်းအရင်းက..ဘာလို့မင်းထင်လဲ?"

"ဒါကတော့ ငါလဲမသိဘူးလေ..ငါက ငါ့ခန့်မှန်းချက်ကို ပြောကြည့်တာ..၊ ဒါမှမဟုတ် အန်ကယ်ပါးပါးက..မင်းကို မချစ်တော့တာမလို့..နောက်တစ်ယောက်မွေးစားမလို့ထင်တယ်"

ထိုစကားကိုပြောပြီးသည်နှင့် ရယ်ချင်စိတ်အား အတင်းအောင့်အည်းထိန်းထားရသဖြင့် နွေဦးဂျွန်၏မျက်နှာမှာ တဖြည်းဖြည်း ရဲတက်လာလေသည်။ဤသည်ကို Mitchellမှာ သတိမထားမိဘဲ ဝုန်းခနဲ ထရပ်ပြီး ထိတ်လန့်နေသော မျက်နှာထားဖြင့် တုန်ယင်ရင်း အခန်းအပြင်သို့ အမြန်ထွက်သွားတော့၏။ခဏအကြာ၌ စံအိမ်ခြံဝန်းထဲမှ အလျင်အမြန် မောင်းထွက်သွားသည့်ကားသံကို ကြားလိုက်ရလေသည်။

ထိုအခါမှ နွေဦးဂျွန်သည် ထိုင်နေရာမှ မထိန်းနိုင်တော့ဟန် အနောက်သို့လန်ကျသွားပြီး တဟားဟားအော်ရယ်လာတော့သည်။

ဉာဏ်ကောင်းလှသော်လည်း အန်ကယ်ပါးပါးနှင့်ပက်သက်လျှင် စဉ်းစားဉာဏ်မှာ အောက်ဆုံးထိ ထိုးကျသွားတတ်သည့် ထိုကောင်ကြောင့် စချင်စိတ်လေး ပေါ်လာသဖြင့် စနောက်လိုက်ရာ အတည်ကြီးထင်သွားသော Mitchellကြောင့် နွေဦးဂျွန်၏ရယ်သံမှာ အချိန်အတော်ကြာသည်အထိ ရပ်တန့်သွားခြင်းမရှိပေ။

ခဏရပ်လိုက်၊ပြန်တွေးရင်း ရယ်လိုက်လုပ်နေကာ နွေဦးဂျွန်သည် မျက်ရည်များတောင် ထွက်လာသည်အထိ ကုတင်ပေါ်တွင် လူးလိမ့်ကာ အော်ရယ်နေတော့သည်။၁၅မိနစ်လောက်ရယ်ပြီးခါမှ မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရင်း ဝတ်ဆင်ထားသည့် အင်္ကျီများကိုချွတ်ကာ ခေါင်းတခါခါဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

နွေဦးဂျွန်သည် ရေချိုးနေရင်းနှင့်ပင် ရယ်သံများထွက်နေကာ Mitchell၏ထိတ်လန့်နေသော မျက်နှာကို ပြန်တွေးမိလိုက်ချိန်တွင် ခေါင်းမော့ရယ်လိုက်မိကာ အောက်တွင်ကျနေသည့် ဆပ်ပြာခဲကို မမြင်ဘဲ ချော်လဲတော့သည်။

ရှုံ့မဲ့သွားသည့်မျက်နှာဖြင့် အောင့်တက်သွားသည့်တင်ပါးအား လက်ဖြင့်ပွတ်ရင်း ကြမ်းပြင်ပေါ်ရှိ ဆပ်ပြာခဲကို နွေဦးဂျွန် ဆတ်ခနဲ ကောက်ကိုင်လိုက်သည်။ထို့နောက် မီးတောက်များ ဖွာထွက်နေသယောင် မျက်ဝန်းများဖြင့် ဆပ်ပြာခဲအား ပြာကျမတတ် စိုက်ကြည့်ပြီးနောက်မှာတော့ ရစရာမရှိအောင် ချေမွပစ်လိုက်တော့၏။

စိတ်ထဲမှလည်း နောက်နောင်ဆပ်ပြာခဲကို သေတောင်မသုံးဘူးဟုတွေးရင်း နာကျင်နေသည့် တင်ပါးလေးကိုပွတ်ကာ ထော့နဲ့ထော့နဲ့ ခြေလှမ်းများဖြင့် ထရပ်ရင်း ရေချိုးကန်ထဲ ဝင်ထိုင်လိုက်သည်။သူ၏ရယ်ချင်စိတ်လေးများတောင် ဘယ်ကမ္ဘာကို လွင့်စဥ်သွားသလဲမသိတော့ပေ။

JANE  JANE

_______________________________________

#Zawgyi

ေနရာကား အဝါေရာင္ ဆိုင္အျပင္အဆင္ေလးမ်ားျဖင့္ ေတာက္ေတာက္ပပရွိလွေသာ ေကာ္ဖီဆိုင္ေလးအတြင္းတြင္ျဖစ္၏။

ခပ္ငယ္ငယ္ လူငယ္တစ္ေယာက္သည္ အျပင္ဘက္၌ မိုးဖြဲဖြဲမ်ား ႐ြာသြန္းေနသည့္ အုံ႕မွိုင္းမွိုင္း ရာသီဥတုႏွင့္အညီ မည္းေမွာင္ေနေသာ မ်က္ႏွာထားျဖင့္ လက္ထဲရွိ ေကာ္ဖီခြက္အနီေလးအား စိုက္ၾကည့္ေနလ်က္ရွိသည္။အလိုမက်စြာျဖင့္ တြန႔္ခ်ိဳးထားေသာ မ်က္ခုံးႏွစ္ဖက္က လာေရာက္စားသုံးသူမ်ားကို ဆိုင္တြင္ထိုင္ေသာက္ရမလား၊အိမ္ကိုသာ ျပန္ယူေသာက္ရမလားဆိုသည့္ ေဝေဝဝါးဝါး ခံစားခ်က္မ်ားကိုပင္ ျဖစ္ေပၚေစ၏။

သို႔ရာတြင္ ထိုလူငယ္က အေရးစိုက္မႈ တစ္ခ်က္ပင္ မေပးဘဲ လက္ထဲရွိ ေကာ္ဖီခြက္ကိုသာ စိုက္ၾကည့္ေနသည္မွာ ေမြးဖြားလာကတည္းက ထိုေကာ္ဖီခြက္ႏွင့္ ရန္ၿငိဳးမ်ားရွိေနသည့္ႏွယ္။

ထိုအခ်ိန္တြင္ အႏွီေၾကာက္မက္ဖြယ္ရာ အရွိန္အဝါမ်ား ဝန္းရံေနသည့္လူငယ္၏ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ ထိုင္ခုံေပၚသို႔ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးႏွင့္ လူငယ္တစ္ေယာက္က လာထိုင္လာသည္။ေဘးနားရွိလူမ်ားမွာလည္း ထိုလူငယ္၏အနားသို႔ လာထိုင္ရဲေသာလူငယ္အား အံ့ဩစြာ ၾကည့္လိုက္ၾကၿပီး မီးႏွင့္ေရလို တည္ရွိမႈမ်ိဳးျဖစ္သည့္ ထိုႏွစ္ေယာက္က အဘယ့္ေၾကာင့္ သိကြၽမ္းေနၾကသည္ကို သိခ်င္မိသြားၾကသည္။

ဆိုင္အတြင္းရွိ လူမ်ားပါမက်န္ အတြင္းဘက္ထဲရွိ အစားအေသာက္မ်ားလုပ္ေနေသာ ဝန္ထမ္းမ်ားကပါ ခ႐ုက သူ၏အခြံထဲမွ ထြက္လိုက္၊ဝင္လိုက္လုပ္ေနသလို ျပဳမူေနၾကကာ ႐ုတ္ျခည္း ထိုးတက္လာသည့္ အမွာစာမ်ားေၾကာင့္ လက္မလည္ေအာင္အလုပ္မ်ားေနေသာ္ျငား ထိုလူငယ္ေလးႏွစ္ေယာက္ကို ၂စကၠန႔္ေလာက္ျဖစ္ျဖစ္ လာၾကည့္ေနၾကေသးသည္။

ကိစၥရပ္၏တရားခံျဖစ္ေသာ ၾကည့္ေကာင္းလွသည့္ အႏွီလူငယ္ႏွစ္ေယာက္ကေတာ့ ထိုအလုပ္ရႈပ္ေနမႈမ်ားကို မျမင္ဟန္ ပုံမွန္အတိုင္း ထိုင္ေနၾကသည္။

ခုနကမွ ထိုင္လိုက္ေသာလူငယ္ေလးသည္ သူ၏သြားအစြယ္ေလးႏွစ္ဖက္ေပၚေနေသာ အၿပဳံးခ်ိဳခ်ိဳေလးကို ဆင္ျမန္းလ်က္ ေအးခ်မ္းလွေသာ မ်က္ႏွာေလးႏွင့္မလိုက္ဖက္စြာ၊ အထက္စီးဆန္သည့္ေလသံျဖင့္ ေကာ္ဖီခြက္ကို စိုက္ၾကည့္ေနေသာ လူငယ္ကို ႏွစ္ကိုယ္ၾကားေလသံျဖင့္ ဦးတည္ေျပာလိုက္သည္။

"က်က္သ‌ေရမရွိတဲ့..မင္းရဲ႕ရွစ္ေခါက္ခ်ိဳးမ်က္ႏွာကို အခုခ်က္ခ်င္း..ျပင္လိုက္စမ္း"

ထိုအခါ အေျပာခံလိုက္ရသည့္လူငယ္က သူ၏နဖူးေပၚ၌ ဝဲက်ေနေသာ ေ႐ႊအိုေရာင္ဆံပင္မ်ားကို တစ္ခ်က္သပ္တင္ရင္း စားပြဲေပၚသို႔ ေကာ္ဖီခြက္ကို အသံျမည္ေအာင္ ပစ္ခ်လာသည္။အၿပဳံးေလးႏွင့္လူငယ္က ထိုအျပဳအမူေၾကာင့္ တစ္ခ်က္မွ် အၿပဳံးမပ်က္သြားသည့္အျပင္ ယူေဆာင္လာသည့္ စာအုပ္ထူထူကိုပါထုတ္၍ ေအးေဆးဖတ္ေနလိုက္ေသးသည္။

"‌ဟန္ေဆာင္မ်က္ႏွာႀကီးနဲ႕..ၾကည့္မေကာင္းလိုက္တာ"

ႏွာေခါင္းရႈံ႕ရင္း ခနဲ႕လာေသာ ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူငယ္၏စကားအဆုံး၌ အေရွ႕ရွိလူငယ္၏အၿပဳံးမွာ ပိုမိုပီျပင္သြား၏။

"Oh..မနာလိုေနတဲ့ သခင္ေလးတစ္ေယာက္ရွိေနပါ့လား..ဒါဆို ဒီဟန္ေဆာင္မ်က္ႏွာက..ၾကည့္ေကာင္းရဲ႕လားဆိုတာ..ဒီဆိုင္မွာရွိတဲ့ ႀကိဳက္တဲ့လူတစ္ေယာက္ကို ေခၚေမးၾကည့္လိုက္ၾကမလား?.."ဟု ထိုလူငယ္က ျမဴးႂကြစြာ ေျပာဆိုလာၿပီးေနာက္ လက္ထဲရွိ ဖတ္လက္စ စာအုပ္ထူထူႀကီးကို အသာပိတ္လိုက္ၿပီး အေရွ႕ရွိလူငယ္အား က်ီစားဟန္ မ်က္လုံးတစ္ဖက္ မွိတ္ျပေလသည္။

ထို႔ေနာက္ စုစု႐ုံး႐ုံးျဖစ္ေနေသာ ဝန္ထမ္းမ်ားဘက္သို႔ ေခါင္းလွည့္လိုက္ကာ ဆိုင္ဝန္ထမ္းတစ္ေယာက္ကို လွမ္းေခၚရန္ျပင္လိုက္သည္။ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူငယ္မွာေတာ့ စိတ္ေလသည့္ သေဘာျဖင့္ မ်က္လုံးကို အေပၚေဝ့ျပလိုက္ကာ အျပင္ဘက္ရွိမိုးမ်ားကိုသာ ေခါင္းလွည့္ၾကည့္ေနေတာ့သည္။

သူတို႔ႏွစ္ေယာက္သည္ အေစာႀကီးကတည္းက ဆိုင္ထဲရွိ လူတိုင္း၏မ်က္စိက်ျခင္းကို ခံေနရကာ ထိုလူငယ္ေလးက ဝန္ထမ္းတစ္ေယာက္ကို ေခၚလိုက္သည္ႏွင့္ ဝန္ထမ္းမ်ားကလည္း အလုအယက္ သူသြားမည္ငါသြားမည္ ျဖစ္ကုန္ၾကသလို စားသုံးသူမ်ားကလည္း ယခုအခ်ိန္တြင္ ဆိုင္ဝန္ထမ္းျဖစ္ရလွ်င္ ဘယ္ေလာက္ေကာင္းမလဲဟူသည့္ မနာလိုအေတြးမ်ား ေတြးကုန္ၾကေတာ့သည္။

ထိုသို႔ျဖစ္သည္ကို လူငယ္ေလးက မသိမသာ ရယ္လိုက္ရင္း သူ႕အတြက္ေၾကာင့္ႏွင့္ ရန္ပြဲမ်ား မျဖစ္ေစရန္ ေတြ႕ရာဝန္ထမ္းေလးတစ္ေယာက္ကိုသာ လက္ညွိုးထိုးၿပီး ေခၚလိုက္ေလသည္။လက္ညွိုးထိုးခံရသည့္ဝန္ထမ္းမွာလည္း ဘီလီယံနာ သူေဌးျဖစ္သြားရသလိုလို မ်က္ႏွာမ်ိဳးျဖင့္ ထိုဝိုင္းနားကို အျမန္ေရာက္လာေတာ့၏။

"ဘာ..ဘာအလိုရွိပါသလဲဗ်?"

တုန္ယင္ေနသည့္အသံေၾကာင့္ အျပင္ဘက္ကို ၾကည့္ေနသည့္လူငယ္မွာ အလိုအေလ်ာက္ မ်က္ေမွာင္က်ဳံ႕သြားၿပီး စိတ္ထဲမွာလည္း 'Omegaေတြက ေပ်ာ့ညံ့လြန္းတယ္'ဆိုသည့္အေတြးကို ခ်က္ခ်င္း ေတြးလိုက္သည္။

အၿပဳံးေလးႏွင့္လူငယ္မွာေတာ့ ထိုအရာကို ဂ႐ုမထားဟန္ ဝန္ထမ္းေလးကို အသာစိုက္ၾကည့္လာသည္။

"ကိုယ္ေခ်ာလား?"

နဂိုကတည္းက ေတာက္ပေနေသာ လူငယ္ေလး၏အၿပဳံးသည္ ခ်စ္စဖြယ္‌ေကာင္းမႈအတိၿပီးေသာ ခြၽန္ထက္သည့္ သြားအစြယ္‌ေလးႏွစ္ေခ်ာင္းပါ အပိုထပ္ေဆာင္း ပါဝင္လာေလေတာ့ ဝန္ထမ္းေကာင္ေလးသည္ ေၾကာင္အသြားကာ မ်က္ေတာင္ခတ္ဖို႔ကိုပင္ ေမ့ေလ်ာ့သြားၿပီး လူငယ္ေလးကိုသာ စိုက္ၾကည့္ေနေလသည္။

အခ်ိန္တစ္ခုၾကာမွသာ ထိုအၿပဳံးဆီမွ ႐ုန္းထြက္လာနိုင္ၿပီး လူငယ္ေလး၏ေမးခြန္းကို အျမန္အဆန္ နားလည္နိုင္ရန္ ႀကိဳးစားလိုက္သည္။ထိုအခါ ရႈပ္ေထြးမႈမရွိဘဲ ရွင္းလင္း၍ တည့္တိုးဆန္သည့္ ေမးခြန္းျဖစ္သည္ကို သတိထားမိသြားကာ ဝန္ထမ္းေကာင္ေလးသည္ ခ်က္ခ်င္းရဲတက္လာသည့္ ရွက္ေနေသာ မ်က္ႏွာထားေလးျဖင့္ ႏႈတ္ခမ္းေလးကို အသာကိုက္ရင္း ခပ္သာသာေလး ေခါင္းညိတ္ျပ၍ 'ေခ်ာတယ္'ဟု ျပန္ေျပာလာသည္။

"ေျဖေပးတဲ့အတြက္ ေက်းဇူးပါပဲေနာ္..၊ ဒါနဲ႕..ကိုယ့္အတြက္ ဒီဆိုင္မွာ မင္းေလး..အေကာင္းဆုံးလို႔ထင္တဲ့ ေသာက္စရာတစ္ခုေလာက္..ခ်ေပးနိုင္မလား?.."

‌‌ေမးကိုလက္ေထာက္ကာ ေခါင္းေလးေစာင္းၿပီး ေျပာလာတာေၾကာင့္ ထိုလူငယ္၏ခပ္ေလ်ာ့ေလ်ာ့ စည္းေႏွာင္ထားသည့္ ဆံသားရွည္မ်ားမွာ ေခါင္းေစာင္းရာဘက္သို႔ ေပ်ာ့အိစြာ သက္ဆင္းသြား၏။

ထို႔အျပင္ ညို႔ငင္အားမ်ား ပါဝင္သလားဟု ေမးရေလာက္ေအာင္အထိ စိုက္ၾကည့္ေနသည့္ အညိုေဖ်ာ့ေဖ်ာ့ မ်က္ဝန္းမ်ားေၾကာင့္ မသိလွ်င္ ေသာက္စရာမွာေနသည္ႏွင့္မတူဘဲ ခ်စ္သူအား ေခ်ာ့ေမာ့ၿပီး ေသာက္စရာ သြားယူခိုင္းေနသည္ႏွင့္ပင္ တူေနေလသည္။

ဝန္ထမ္းေကာင္ေလးမွာလည္း ေခ်ာေမာလွေသာ လူေၾကာင့္ pheromoneမ်ားကပင္ ဂယက္ထသြားသလို ခံစားလိုက္ရ၏။သို႔ေသာ္ ကိုယ့္ကိုယ္ကိုယ္ အျမန္ျပန္ထိန္းလိုက္ရင္း 'ဟုတ္ကဲ့'ဟုသာ ျပန္ေျဖၿပီး ထြက္လာလိုက္ေတာ့သည္။ဤသည္ကိုပင္ ျပန္လွည့္သည့္လမ္းတြင္ စားပြဲခုံကို ဝင္တိုက္မိသျဖင့္ အသံေပါင္းမ်ားစြာ ဆူညံသြားေသးသည္။

"သခင္ေလးJaneခင္ဗ်..ကြၽန္ေတာ္မ်ိဳး ေခ်ာ‌ေၾကာင္းကို..ထပ္ၿပီးသက္ေသျပရဦးမလားခင္ဗ်?"

စေနာက္ခ်င္စိတ္မ်ား အျပည့္ပါသည့္ေလသံျဖင့္ ေျပာလာခ်ိန္မွာေတာ့ သခင္ေလးJaneဟုေခၚခံလိုက္ရေသာ လူငယ္ေလးသည္ ‌စိတ္ကုန္စြာ သက္ျပင္းတစ္ခ်က္ခ်၍ အျပင္ဘက္မွ အၾကည့္မဖယ္ဘဲ ေကာ္ဖီခြက္ကို ယူေသာက္လိုက္ေတာ့သည္။

"ေသာက္ၿပီးရင္ေျပာ..၊ ဟန္ေဆာင္လြန္းေနတဲ့ မင္းရဲ႕မ်က္ႏွာကိုျမင္ရတာ အန္ခ်င္တယ္.."

"ဟားဟား..ေကာင္းၿပီေလ..ငါ့အိမ္သြားမလား? မင္းအိမ္သြားမလား?"လို႔ ေ႐ြးခ်ယ္စရာသဖြယ္ ေျပာၿပီးခါမွ တစ္ခုခုကို သတိရသြားဟန္ အၿပဳံးေလးႏွင့္လူငယ္က သူ၏ဆံပင္ရွည္အစုကို ေက်ာ‌ေနာက္သို႔ လွ်ပ္ခနဲ ပို႔လိုက္ကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျပာလာ၏။

"ခဏ!..အန္ကယ္ပါးပါးနဲ႕ မေတြ႕ရတာေတာင္..ၾကာေနၿပီ! မင္းအိမ္ပဲ..သြားၾကရေအာင္"

ထိုစကားေၾကာင့္ တစ္ေလွ်ာက္လုံး ဘာလုပ္လုပ္လ်စ္လ်ဴရႈခဲ့ေသာ လူငယ္ေလးသည္ ေၾကာက္မက္ဖြယ္ရာ မ်က္လုံးစိမ္းစိမ္းမ်ားျဖင့္ ခ်က္ခ်င္းၾကည့္လာေတာ့သည္။ထိုအၾကည့္အား တစ္ဖက္မွလူငယ္ေလးက အၿပဳံးဖြဖြျဖင့္ ျပန္လည္တုံ႕ျပန္လိုက္ၿပီး အေရးမစိုက္ဟန္ ပခုံးႏွစ္ဖက္ကို ပင့္ျပလာသည္။

"မင္းရဲ႕အၾကည့္ေတြက..ငါ့ကို ဘာသက္ေရာက္မႈမွ မရွိတာ..သိပါေသးတယ္ေနာ္?"

"စကားမ်ားမေနဘဲ..ျမန္ျမန္မ်ိဳ!"

ထိုအခါ ဆံပင္ရွည္ႏွင့္လူငယ္ေလးက အနိုင္ရသူလို အၿပဳံးႀကီးႀကီး ၿပဳံးပစ္လိုက္တာ‌ေၾကာင့္ ေဘးပတ္ဝန္းက်င္ရွိ လူမ်ားသည္ ေနမင္းႀကီးအား ၾကည့္‌လိုက္ရသလို စူးရွလြန္းသျဖင့္ မ်က္လုံးမ်ားပင္ မွိတ္လိုက္ၾကရ၏။ထို႔ေနာက္ ထိုလူငယ္ေလးႏွစ္ေယာက္လုံး ထြက္သြားခါမွ ႏွေျမာတသ လိုက္ၾကည့္ေနမိကာ ဓာတ္ပုံရိုက္ဖို႔ပင္ ေမ့ေနတာေၾကာင့္ ဆုံးရႈံးမႈႀကီး ရရွိလိုက္သလိုခံစားရင္း က်န္ေနခဲ့ရေတာ့သည္။

ဆိုင္ေရွ႕တြင္ ရပ္ထားေသာ ကားအနက္ေရာင္ေလးထဲေရာက္သည္ႏွင့္ အၿပဳံးေလးႏွင့္လူငယ္မွာ ႐ုတ္ျခည္း အၿပဳံးေပ်ာက္သြားၿပီး ဆိုင္ထဲမွာေတာ့ ရတနာသဖြယ္ ဂ႐ုစိုက္ေနခဲ့ေသာ လက္ထဲရွိ စာအုပ္အထူႀကီးအား ကားေနာက္ခန္းဆီသို႔ ဂ႐ုမစိုက္စြာ ပစ္ခ်လိဳက္သည္။ထို႔အျပင္ ခ်ည္ေႏွာင္ထားသည့္ ဆံပင္စုကိုလည္း ေျဖခ်လာကာ လက္ေခ်ာင္းမ်ားျဖင့္ဖြရင္း အေပၚသို႔သပ္တင္လိုက္၏။

"ေျပာစရာရွိတယ္ဆိုတာက?"

ခုနက ဆိုင္အတြင္း၌ရွိေနသည့္ ေဖာ္ေ႐ြၿပီး ေပါင္းသင္းလြယ္သည့္ မ်က္ႏွာထားေလးျဖင့္ လူငယ္ေလးမွာ ဘယ္ေရာက္သြားသလဲဟု ေမးရေလာက္သည္အထိ ယခုအခ်ိန္တြင္ ထိုလူငယ္သည္ မ်က္ႏွာထားတည္တည္ျဖင့္ လူမ်ားအလြယ္မကပ္နိုင္သည့္ အရွိန္အဝါမ်ား ထုတ္လႊတ္ေနသည္။လူ‌ေတြေျပာသည့္ ေရခဲရိုက္မ်က္ႏွာကပင္ ဤလူငယ္၏မ်က္ႏွာေလာက္ ေရခဲမဆန္ေလာက္ေပ။

Mitchell၏မ်က္ခုံးမ်ားမွာ ခုနကထက္ ပိုမိုတြန႔္ခ်ိဳးသြားသည့္အျပင္ စတီယာတိုင္ကို ကိုင္ထားသည့္လက္မ်ားမွာလည္း တင္းက်ပ္သြားတာေၾကာင့္ ေဘးရွိလူငယ္မွာ မသိမသာ မ်က္ခုံးပင့္လိုက္၏။သူသိသည့္ Mitchellဆိုသည့္သခင္ေလးမွာ သူ မေက်နပ္တာရွိပါက စိတ္ထဲ၌ သိမ္းဆည္းထားမည့္ လူမ်ိဳးမဟုတ္ေပ။

ငယ္စဥ္ကတည္းက အန္ကယ္ပါးပါးက အလိုလိုက္ၿပီး ဘာမွမေျပာတာေၾကာင့္ ေတြးလိုက္သည္ႏွင့္ စိတ္ထဲရွိရာကို ခ်က္ခ်င္း အေကာင္အထည္ေဖာ္မည္သာျဖစ္သည္။ထိုကဲ့သို႔ေသာလူမ်ိဳးက ယခုလို ခံစားခ်က္မ်ားကို မဖြင့္ထုတ္နိုင္ဘဲ သိမ္းထားေနရပါက ျဖစ္နိုင္ေျခသည္ တစ္ခုသာရွိသည္။

"အန္ကယ္ပါးပါးက..ဘာေျပာလိုက္လို႔လဲ?"

သူေျပာလိုက္ခါမွ ပိုဆိုးသြားသည္ထင္သည္။Mitchell၏မ်က္ႏွာမွာ ၿပိဳေတာ့မည့္မိုးလို တျဖည္းျဖည္း အုံ႕မွိုင္းလာၿပီး မၾကာခင္မွာ သည္းႀကီးမည္းႀကီး ႐ြာခ်ေတာ့မည့္ပုံပင္။

Mitchell၏မ်က္ဝန္းထဲရွိ မ်က္ရည္ၾကည္မ်ားကို ျမင္လိုက္ရခ်ိန္မွာေတာ့ ထိုလူငယ္မွာ ႐ုတ္ျခည္း အသက္ရႉပင္ ေအာင့္လိုက္မိေတာ့၏။သည္ေလာက္ အသည္းမာသည့္လူကိုပင္ ငိုလာေအာင္လုပ္နိုင္သည့္ အန္ကယ္ပါးပါး၏အစြမ္းမွာ အထင္ေသးစရာေတာ့ လုံးဝမဟုတ္ေပ။

"‌ေနပါဦး!..ငါ ေမးေနတာေျဖဦးေလ..အန္ကယ္ပါးပါးက ဘာေျပာလိုက္လို႔လဲ?"လို႔ ပ်ာယာခတ္စြာ ေျပာၿပီးေနာက္ ထိုလူငယ္မွာ သူ၏ေရခဲရိုက္မ်က္ႏွာေရာ၊အရွိန္အဝါမ်ားကပါ ေခြးခ်ီသြားသလို ေပ်ာက္ဆုံးကုန္ေလသည္။

ၿပီးေနာက္ ကားခုံေပၚသို႔ ေမ်ာက္တစ္ေကာင္လို တက္ထိုင္ၿပီး တစ္ဖက္လူ၏စကားကို နားစြင့္ေနပုံမွာ ယခုအေရးကို ကမာၻႀကီး ပ်က္သုဥ္းသြားမည္ထက္ေတာင္ စိတ္ဝင္စားေနသည့္ဟန္ရွိသည္။

"ပါး..၊ ပါးက ငါ့ကိုေအာ္တယ္"

စကားဆုံးသည္ႏွင့္ မ်က္ဝန္းထဲရွိ မ်က္ရည္မ်ားမွာ ထိန္းမထားနိုင္ေတာ့သည္ႏွယ္ အလုအယက္ ခုန္ေပါက္စီးဆင္းလာၾကေတာ့သည္။ေဘးနားရွိလူငယ္မွာလည္း ယခုအေျခအေနကို တစ္ခါမွ မႀကဳံဖူးတာေၾကာင့္ ေျခမကိုင္မိ၊လက္မကိုင္မိ ျဖစ္ကုန္ကာ ေမ်ာက္ႀကီး မီးေသြးခဲကိုင္ထားသလို ျဖစ္ေနေတာ့သည္။

"မငိုနဲ႕..တိတ္!"ဆိုၿပီး ကေလးမ်ားပင္ ငိုေနရာမွတစ္ခါတည္း လန႔္ၿပီးေမ့သြားနိုင္သည့္ ေလသံျဖင့္ ပါးစပ္မွ ထြက္သြားတာေၾကာင့္ ကိုယ့္နဖူးကိုယ္ ေႏြဦးဂြၽန္ လက္ျဖင့္ျပန္ရိုက္လိုက္မိသည္။

သူေျပာခ်င္သည္က ခ်ိဳခ်ိဳသာသာေလး ျဖစ္ေသာ္လည္း ယခုတြင္မူ 'မင္းအခု အငိုမတိတ္ရင္ မင္းကို လည္ပင္းညွစ္သတ္မယ္'ဆိုသည့္ ၿခိမ္းေျခာက္စကားသဖြယ္ ေျပာင္းလဲသြားေလသည္။

"ဒီလိုလုပ္..ငါ့အိမ္ပဲသြားၾကမယ္..ၿပီးရင္ ငါပဲေမာင္းမယ္..အခုဆင္း"

ခ်က္ခ်င္းေခါင္းခါျပလာေသာ သူ၏ခ်စ္လွစြာေသာ သူငယ္ခ်င္းေလးေၾကာင့္ ေႏြဦးဂြၽန္၏ ခ်ိဳးေလ့မရွိေသာ မ်က္ခုံးကပင္ ခ်ိဳးခ်င္သြားသလိုလို။

"ၿပီးတာပဲ!..မင္းပဲေမာင္းေတာ့..၊ေအး..လမ္းတစ္ဝက္မွာ ကားတိုက္မႈျဖစ္ရင္ေတာ့..အန္ကယ္ပါးပါးက မင္းကို မ်က္ရည္က်႐ုံပဲလုပ္တာ..ငါက မင္းကို..ေသးထြက္ေအာင္လုပ္ျပမယ္!"

Mitchellမွာ မ်က္ရည္မ်ားၾကားထဲကပင္ ေၾကာင္အစြာ ေဘးဘက္ကို လွည့္ၾကည့္လာတာေၾကာင့္ ေႏြဦးဂြၽန္ကလည္း Mitchellကို တည့္တည့္ ျပန္စိုက္ၾကည့္လိုက္သည္။တစ္ခုခုေျပာေတာ့မည့္ဟန္ ပါးစပ္ဟလိုက္ေတာ့ ေႏြဦးဂြၽန္က ေျပာလာမည့္စကားကို သိေနဟန္ လက္ကိုျမႇောက္ၿပီး အရင္တားလာသည္။

"ငါ့ဘာသာ ဘာထြက္ေအာင္လုပ္လုပ္..မင္းအပူမဟုတ္ဘူး! နားၾကားမွားတာ..မဟုတ္တာမလို႔ စိတ္မပူနဲ႕..မင္းကို ေသး..ထြက္..ေအာင္..တကယ္လုပ္မွာ"

'ေသးထြက္ေအာင္'ဆိုသည့္ေနရာ၌ တစ္လုံးခ်င္းဖိကာေျပာရင္း မ်က္လုံးျပဴးျပလာတာေၾကာင့္ Mitchellလည္း ဘာမွဆက္မေျပာခ်င္ေတာ့ကာ ကားစက္ႏွိုးၿပီး ထြက္လာလိုက္ေတာ့သည္။

လမ္းတစ္ေလွ်ာက္၌လည္း ရွိုက္သံက တစ္ခ်က္တစ္ခ်က္ ထြက္ထြက္လာတာေၾကာင့္ ေႏြဦးဂြၽန္မွာ သူ၏သည္းခံနိုင္စြမ္းမ်ား ကုန္ဆုံးေတာ့မည့္ဟု ခံစားလာရေတာ့သည္။သို႔ရာတြင္ မၾကာခင္မွာပင္ အိမ္ေတာ္သို႔ ေရာက္လာတာေၾကာင့္ ဤဝဋ္က ကြၽတ္ၿပီဟုေတြးၿပီး စိတ္သက္သာရာေတာ့ ရသြား၏။

သူတို႔ကားရပ္သြားသည္ႏွင့္ အိမ္ေတာ္ထဲရွိ အေစခံေပါင္းမ်ားစြာက အလ်င္စလိုမရွိဘဲ စီစီရီရီ ထြက္လာၾကကာ ကား၏ေဘးႏွစ္ဖက္တြင္ မ်က္ႏွာေသမ်ားျဖင့္ ညီညာစြာ တန္းစီလာရပ္ၾကသည္။

မိန္းကေလး၊ေယာက္်ားေလးကို တစ္ဖက္စီခြဲထားကာ မိန္းကေလးမ်ားက အျဖဴႏွင့္အနီေရာစပ္ထားေသာဝတ္စုံကို ဝတ္ဆင္ထားၿပီး ေယာက္်ားေလးမ်ားမွာ အနက္ႏွင့္အနီေရာစပ္ထားေသာဝတ္စုံကို ဝတ္‌ဆင္ထားၾကသည္။သပ္ရပ္လွပေသာ အဝတ္အစားမ်ားႏွင့္ အေစခံမ်ားက နာမည္ႀကီးဒီဇိုင္းနာ၏ေမာ္ဒယ္မ်ားလိုလိုပင္ ထင္ျမင္သြားေစနိုင္၏။

ထိုအထဲမွ ေယာက္်ားေလး၊ အေစခံႏွစ္ေယာက္က အေရွ႕သို႔ထြက္လာၿပီး ကားတံခါးကို တစ္ဖက္စီ လာလွပ္ေပးကာ ခါးကိုင္းၿပီး အရိုအေသ ေပးလိုက္ၾကသည္။က်န္သည့္လူမ်ားမွာလည္း ကားထဲမွ ထြက္လာသည့္ေျခသံကို ၾကားသည္ႏွင့္ နဂိုကတည္းက ေမာ့မထားသည့္မ်က္ႏွာမ်ားကို ေအာက္သို႔ခ်လိဳက္ကာ ခါးကိုင္းၿပီး ထပ္တူအရိုအေသ ျပဳလိုက္ၾက၏။

"ျပန္လည္ႀကိဳဆိုပါတယ္..သခင္"

ယခုတြင္ ေအးစက္စက္မ်က္ႏွာထားကို ျပန္ေရာက္ေနၿပီျဖစ္သည့္ ေႏြဦးဂြၽန္က ေျခလွမ္းမ်ားကို ရပ္လိုက္ကာ အရိုးထဲထိ စိမ့္ေအးသြားေစနိုင္သည့္ေလသံျဖင့္ ခက္ထန္စြာ ေျပာလာသည္။

"ငါ့အမိန႔္မရဘဲ စံအိမ္ထဲကို..ေျခဦးေတာင္ မလွည့္နဲ႕!"

"အမိန႔္အတိုင္းပါ..သခင္"

တူညီစြာလြင့္ပ်ံ့လာေသာ အသံမ်ားကိုၾကားမွ စိတ္ေက်နပ္သြားဟန္ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္ကို အေပၚသို႔ ေႏြဦးဂြၽန္ ေကာ့တက္ေစလိုက္သည္။

ဤသည္မွာ သူ၏စရိုက္မ်ားစြာထဲမွ တစ္ခုပင္။

အမ်ား၏ေၾကာက္႐ြံ႕ျခင္းမ်ား၊ အမိန႔္နာခံမႈမ်ားကို သူ၏ေျခေထာက္ေအာက္တြင္ ဖိႏွိပ္ထားရသည္က သူ႕အတြက္ေတာ့ ဂႏၳဝင္ေတးဂီတမ်ားကို နားေထာင္ရသည္ထက္ အဆေပါင္းမ်ားစြာ ပိုမိုေကာင္းမြန္ၿပီး စိတ္ေက်နပ္မႈကို ရရွိေစသည္။

ေလးစားျခင္းကေတာ့ သူ၏လွည့္ကြက္မ်ားျဖင့္ စုစည္းထားသည့္လူမ်ားျဖစ္၍ ထိုအရာမွာ သူတို႔၏ႏွလုံးထဲတြင္ စြဲၿမဲေနၿပီျဖစ္၏။သစၥာေဖာက္ျခင္းကို မုန္းသည့္သူက သူ႕ထံတြင္ ထိုလိုျဖစ္ရပ္မ်ိဳး ျဖစ္မလာေစရန္ အကြက္က်က်ပင္ စီစဥ္ထားသည္။

စံအိမ္ထဲ ေရာက္သြားၿပီးေနာက္ အေပၚထပ္သို႔ဦးတည္လိုက္ကာ ညတုန္းက ေကာင္းေကာင္းအိပ္မေပ်ာ္တာေၾကာင့္ ေလွကားေပၚတက္ရင္း ေႏြဦးဂြၽန္ သမ္းေဝလိုက္မိသည္။ထို႔ေနာက္ အေနာက္မွ ေျခသံမၾကားတာေၾကာင့္ လက္တစ္ဖက္က လက္ရမ္းကိုကိုင္ရင္း လွည့္ၾကည့္လိုက္ေတာ့ ဧည့္ခန္းအလယ္ႀကီးတြင္ ငူငူႀကီး ရပ္ေနသည့္သူငယ္ခ်င္းေလးကို ေတြ႕လိုက္ရသည္။

မ်က္ရည္မ်ားမွာ တစ္ဖန္ ေဝ့သီလာၿပီျဖစ္တာေၾကာင့္ ထပ္ငိုေတာ့မည္ကို သိလိုက္ကာ ေႏြဦးဂြၽန္ ေခါင္းပင္ ကိုက္သြားသလို ခံစားလိုက္ရသည္။

"ဟိုေကာင္!..အေပၚကိုလာခဲ့..၊ ငိုမွာဆိုလဲ ငါ့အခန္းထဲမွာ ဝေအာင္ငို..ၿပီးရင္ မင္းပါးစပ္ကို..ပိတ္ေတာ့! အိပ္ေရးမဝရတဲ့အထဲ..သူကတစ္မ်ိဳး"

ပုံမွန္ခ်ိန္ဆိုလွ်င္ တစ္ပြဲတစ္လမ္း ျဖစ္နိုင္ေသာ္ျငား ယခုအခ်ိန္တြင္ ဝမ္းနည္းစိတ္ႀကီးသာ ႀကီးစိုးေနေသာ Mitchellမွာ နာခံစြာ ေလးေလးပင္ပင္ ေခါင္းညိတ္ျပလာၿပီး အေနာက္မွလိုက္လာေလသည္။အခန္းထဲသို႔ေရာက္ေသာ္ ေနရာတိုင္းရွိ အနီေရာင္မ်ားေၾကာင့္ ေသြးမ်ားၾကား၌ ေရာက္ေနမိသည္လားဟုပင္ အထင္မွားသြားေစနိုင္သည္။

အနီေရာင္ကို ခ်စ္ျမတ္နိုးလွေသာ ေႏြဦးဂြၽန္မွာ ငယ္စဥ္ကတည္းက အသုံးအေဆာင္တိုင္းကို အနီေရာင္အတိၿပီးေစသည္။အရာရာတိုင္းကို အနီမ်ားသာသုံးစြဲၿပီး အျခားအေရာင္မ်ားရွိေနလွ်င္ စိတ္တိုင္းမက်ေသာ လူမ်ိဳးလည္းျဖစ္သည္။သို႔ရာတြင္ အဝတ္အစားပိုင္းတြင္ေတာ့ က်န္သည့္အရာမ်ားေလာက္ အယူမသီးသျဖင့္ ေတာ္ေသးသည္။

ဖက္ရွင္ပိုင္းကို ႏွစ္သက္တာေၾကာင့္ ထိုေနရာတြင္ေတာ့ က်န္သည့္အေရာင္မ်ားကို မ်က္မုန္းမက်ိဳးကာ ထည့္သုံးတတ္သည္။သို႔ေသာ္လည္း ဝတ္ဆင္သည့္ အကၤ်ီတိုင္းတြင္ေတာ့ အနီပါေနရမည္ျဖစ္၏။ယခုဝတ္ထားသည္မွာလည္း အနီေရာင္ပိုးသားလက္ရွည္ shirtကို အျဖဴေရာင္style pantျဖင့္ တြဲဝတ္ထားျခင္းျဖစ္သည္။

"ထိုင္ခ်င္တဲ့ေနရာမွာထိုင္..ၿပီးရင္ ဘာျဖစ္တာလဲဆိုတာကိုေျပာ.."

Mitchellလည္း အငိုဝသြားၿပီျဖစ္တာေၾကာင့္ ကုတင္ေပၚတြင္ ထိုင္လိုက္ကာ အျဖစ္အပ်က္မ်ားကို အစမွအဆုံးအထိ ေျပာျပလိုက္သည္။ေႏြဦးဂြၽန္သည္လည္း ဂိုဏ္းကိစၥမ်ားကို ဝင္ကူညီတတ္တာေၾကာင့္ ‌အကုန္သာ ေျပာျပလိုက္ေတာ့သည္။သစၥာေဖာက္ဖို႔ေနေနသာသာ ထိုေကာင္က ဂိုဏ္းတစ္ခုလုံး တိုးတက္ဖို႔ကိုသာ အေရးစိုက္တာေၾကာင့္ ယုံၾကည္၍ရေသာလူပင္။

တင္ပါးေအာက္အထိ ရွည္ေနၿပီျဖစ္သည့္ ဆံပင္ရွည္မ်ားကို ဘီးျဖင့္ၿဖီးေနသည့္ ေႏြဦးဂြၽန္၏လက္မွာ စကားအဆုံး၌ ရပ္တန႔္သြားေတာ့သည္။

"ေနပါဦး..အန္ကယ္ပါးပါးက တကယ္ႀကီး မင္းကို..အဲ့ေကာင္အတြက္နဲ႕ ေအာ္လိုက္တာေပါ့?"

Mitchellမေျပာႏွင့္၊ သူေတာင္ ထိုျဖစ္ရပ္ကို မယုံနိုင္ေပ။အန္ကယ္ပါးပါးက Mitchellကို ဘယ္ေလာက္သည္းသည္းလႈပ္သည္မွာ ေဘးလူကေတာင္ သားအဖလို႔မထင္ရဘဲ ခ်စ္သူရည္းစားဟု ထင္ရသည့္အထိပင္။ဆူေငါက္ဖို႔မေျပာႏွင့္၊ ေလသံမာမာေလးေတာင္ မေျပာသည့္အတြက္ လုပ္ခ်င္ရာလုပ္၍ရခဲ့သည္သာျဖစ္သည္။

ယခုမွာေတာ့ ထိုအရာကို တျခားဂိုဏ္းမွေရာက္လာသည့္ ေကာင္ေလးတစ္ေယာက္ေၾကာင့္ ခ်ိဳးဖ်က္လိုက္ေလသည္။

"ေအး..ငါ အဲ့ေကာင္ကို သတ္ပစ္ခ်င္ေနတာ!"

ေဒါသထြက္စြာ တုံ႕ျပန္လာေသာ Mitchellႏွင့္မတူညီစြာ ေႏြဦးဂြၽန္ကေတာ့ တစ္ခုခုကို ေတြးေတာေနဟန္ လက္ပိုက္ထားရင္းမွ ညာဘက္လက္ျဖင့္ေမးေထာက္လိုက္သည္။

"ဒါေပမဲ့..မင္းမေတြးမိဘူးလား?"

"ဘာကိုလဲ?"

နားမလည္စြာ ျပန္လည္ေမာ့ၾကည့္လာသည့္ Mitchellကို ငတုံးဟူသည့္ အၾကည့္တစ္ခ်က္ ျပန္ေပးလိုက္ကာ မွန္တင္ခုံေရွ႕သို႔သြားၿပီး နီနီရဲရဲ ေခါင္းစည္းကြင္းတစ္ခုကို ေႏြဦးဂြၽန္ ယူလိုက္သည္။

ဆံပင္မ်ားကိုစုၿပီး ခပ္ျမင့္ျမင့္ စည္းေႏွာင္လိုက္ေတာ့ အျမင့္ဆုံးကို စည္းထားသည္ကိုပင္ ဆံပင္ရွည္မ်ားက တင္ပါးအေပၚကို တင္႐ုံေလးသာ တင္တာေၾကာင့္ ဆံပင္နည္းနည္းတိရမလားဟု ေႏြဦးဂြၽန္ ေတြးလိုက္သည္။ရွည္လြန္းလွ်င္ ကိစၥေတာ္ေတာ္မ်ားမ်ားကို လုပ္ရာ၌ အနည္းငယ္ အေႏွာင့္အယွက္ ျဖစ္နိုင္သည္။

"အန္ကယ္ပါးပါးက..မင္းကို စမ္းသပ္ေနတာလို႔ ငါကေတာ့..ထင္တာပဲ"လို႔ေျပာရင္း ကုတင္ေပၚသို႔ တက္ထိုင္လိုက္ကာ ေခါင္းအုံးတစ္လုံးယူ၊ေဒါင္လိုက္ေထာင္လိုက္ၿပီး ထိုေခါင္းအုံးေပၚသို႔ ေႏြဦးဂြၽန္ ေမးတင္လိုက္သည္။

"စဥ္းစားၾကည့္ေလ..မင္းကိုခ်စ္လြန္းလွတဲ့..အန္ကယ္ပါးပါးကေတာ့ အေၾကာင္းအရင္းမရွိဘဲ မင္းကို..ေအာ္မွာမဟုတ္ဘူး..၊ မင္း စူပုတ္ပုတ္ျဖစ္ရင္ေတာင္ မေနနိုင္တဲ့..အန္ကယ္ပါးပါးက မင္းကိုအတည္ႀကီး..ေအာ္တာေတာ့မျဖစ္နိုင္ဘူး..ေနာက္ကြယ္မွာ တစ္ခုခုေတာ့ရွိရမယ္"

"ဒါဆို အေၾကာင္းအရင္းက..ဘာလို႔မင္းထင္လဲ?"

"ဒါကေတာ့ ငါလဲမသိဘူးေလ..ငါက ငါ့ခန႔္မွန္းခ်က္ကို ေျပာၾကည့္တာ..၊ ဒါမွမဟုတ္ အန္ကယ္ပါးပါးက..မင္းကို မခ်စ္ေတာ့တာမလို႔..ေနာက္တစ္ေယာက္ေမြးစားမလို႔ထင္တယ္"

ထိုစကားကိုေျပာၿပီးသည္ႏွင့္ ရယ္ခ်င္စိတ္အား အတင္းေအာင့္အည္းထိန္းထားရသျဖင့္ ေႏြဦးဂြၽန္၏မ်က္ႏွာမွာ တျဖည္းျဖည္း ရဲတက္လာေလသည္။ဤသည္ကို Mitchellမွာ သတိမထားမိဘဲ ဝုန္းခနဲ ထရပ္ၿပီး ထိတ္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ တုန္ယင္ရင္း အခန္းအျပင္သို႔ အျမန္ထြက္သြားေတာ့၏။ခဏအၾကာ၌ စံအိမ္ၿခံဝန္းထဲမွ အလ်င္အျမန္ ေမာင္းထြက္သြားသည့္ကားသံကို ၾကားလိုက္ရေလသည္။

ထိုအခါမွ ေႏြဦးဂြၽန္သည္ ထိုင္ေနရာမွ မထိန္းနိုင္ေတာ့ဟန္ အေနာက္သို႔လန္က်သြားၿပီး တဟားဟားေအာ္ရယ္လာေတာ့သည္။

ဉာဏ္ေကာင္းလွေသာ္လည္း အန္ကယ္ပါးပါးႏွင့္ပက္သက္လွ်င္ စဥ္းစားဉာဏ္မွာ ေအာက္ဆုံးထိ ထိုးက်သြားတတ္သည့္ ထိုေကာင္ေၾကာင့္ စခ်င္စိတ္ေလး ေပၚလာသျဖင့္ စေနာက္လိုက္ရာ အတည္ႀကီးထင္သြားေသာ Mitchellေၾကာင့္ ေႏြဦးဂြၽန္၏ရယ္သံမွာ အခ်ိန္အေတာ္ၾကာသည္အထိ ရပ္တန႔္သြားျခင္းမရွိေပ။

ခဏရပ္လိုက္၊ျပန္ေတြးရင္း ရယ္လိုက္လုပ္ေနကာ ေႏြဦးဂြၽန္သည္ မ်က္ရည္မ်ားေတာင္ ထြက္လာသည္အထိ ကုတင္ေပၚတြင္ လူးလိမ့္ကာ ေအာ္ရယ္ေနေတာ့သည္။၁၅မိနစ္ေလာက္ရယ္ၿပီးခါမွ မ်က္ရည္မ်ားကို အကၤ်ီလက္ျဖင့္ သုတ္လိုက္ရင္း ဝတ္ဆင္ထားသည့္ အကၤ်ီမ်ားကိုခြၽတ္ကာ ေခါင္းတခါခါျဖင့္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေတာ့သည္။

ေႏြဦးဂြၽန္သည္ ေရခ်ိဳးေနရင္းႏွင့္ပင္ ရယ္သံမ်ားထြက္ေနကာ Mitchell၏ထိတ္လန႔္ေနေသာ မ်က္ႏွာကို ျပန္ေတြးမိလိုက္ခ်ိန္တြင္ ေခါင္းေမာ့ရယ္လိုက္မိကာ ေအာက္တြင္က်ေနသည့္ ဆပ္ျပာခဲကို မျမင္ဘဲ ေခ်ာ္လဲေတာ့သည္။

ရႈံ႕မဲ့သြားသည့္မ်က္ႏွာျဖင့္ ေအာင့္တက္သြားသည့္တင္ပါးအား လက္ျဖင့္ပြတ္ရင္း ၾကမ္းျပင္ေပၚရွိ ဆပ္ျပာခဲကို ေႏြဦးဂြၽန္ ဆတ္ခနဲ ေကာက္ကိုင္လိုက္သည္။ထို႔ေနာက္ မီးေတာက္မ်ား ဖြာထြက္ေနသေယာင္ မ်က္ဝန္းမ်ားျဖင့္ ဆပ္ျပာခဲအား ျပာက်မတတ္ စိုက္ၾကည့္ၿပီးေနာက္မွာေတာ့ ရစရာမရွိေအာင္ ေခ်မြပစ္လိုက္ေတာ့၏။

စိတ္ထဲမွလည္း ေနာက္ေနာင္ဆပ္ျပာခဲကို ေသေတာင္မသုံးဘူးဟုေတြးရင္း နာက်င္ေနသည့္ တင္ပါးေလးကိုပြတ္ကာ ေထာ့နဲ႕ေထာ့နဲ႕ ေျခလွမ္းမ်ားျဖင့္ ထရပ္ရင္း ေရခ်ိဳးကန္ထဲ ဝင္ထိုင္လိုက္သည္။သူ၏ရယ္ခ်င္စိတ္ေလးမ်ားေတာင္ ဘယ္ကမာၻကို လြင့္စဥ္သြားသလဲမသိေတာ့ေပ။

JANE  JANE

Continue Reading

You'll Also Like

2.6K 287 14
හීන රාශියක් අරන්ම යන්න ආවේ මං ආදරෙන් එහා පෙනිච්ච චණ්ඩ මාරයක් ආකහේට පෙම් බදින්න හේතු කෝටියක් තාරකා වලින් එහාට පෙවුන සිත්තමක් වේදනා කෙසෙ කියන්න දන්නේ න...
262K 5.9K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
1.2M 58.8K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...