ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...

By Koe-Amara-Mg

39.9K 1.7K 57

စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း

Part 29

859 48 1
By Koe-Amara-Mg

                 ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၉)
.

" မြေးမလေး ဒါက ဘယ်သွားမလို့လဲ "

" တခေတ် မေမေ့အိမ်ပြန်တော့မယ် အဘိုး "

" ဟေ... ဘာလို့လဲ မြေးမလေး။ပြဿနာတစ်ခုဖြစ်ရင် ရှောင်ထွက်သွားတာထက်၊သေချာ ဖြေရှင်းရတယ်။မဟုတ်ရင် မြေးမလေးနဲ့ မြေးကြားမှာ နာကျင်စရာတွေ ဖြစ်လာလိမ့်မယ် "

" တခေတ်ကိုမချစ်တဲ့ လူကြောင့် နာကျင်စရာဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။တခေတ် ဦးလေးကြီးနဲ့လည်း စကားပြောပြီးပါပြီ။တခေတ် မေမေ့ဆီ ပြန်မှာလည်း သိပါတယ်။အဘိုးဆီကို တခေတ် အားတဲ့အခါ လာလည်ပါ့မယ်။အခုတော့ သွားလိုက်ပါဦးမယ် "

အဝတ်အိတ်ဆွဲပြီး ထွက်သွားတဲ့ မြေးချွေးမလေးကြောင့် ဦးသောကမှာ စိတ်မောသွားရ၏။

" ဒါက ဘယ်လဲ။မြေးမလေးနောက်ကို လိုက်သွားမလို့လား "

" မနေချင်လို့ ထွက်သွားတဲ့ လူနောက်ကို လိုက်သွားစရာ အကြောင်း မရှိပါဘူး အဘိုး "

" ဒါဆို လိုက်မခေါ်တော့ဘူးလား။တကယ်ပဲ
မြေးမလေးနဲ့ မင်းက လမ်းခွဲမလို့လား... "

" လိုက်မခေါ်ဘူးဘဲ ပြောတာ။လမ်းခွဲမယ်လို့ မပြောဘူး "

" လိုက်မခေါ်ဘူးဆိုရင် အခု ဘယ်သွားမလို့လဲ "

" အလုပ်ရှိလို့ ကုမ္ပဏီကို ပြန်သွားမလို့ "

" အော်... မင်း က အလုပ် လုပ်နိုင်သေးတယ်ပေါ့။မိန်းမက အထုပ်ဆွဲပြီး အိမ်ကနေ ထွက်သွားတာတောင် "

" အလုပ်မလုပ်နိုင်ရအောင်၊ကျွန်တော်နဲ့ ချာတိတ် က ကွာရှင်းလိုက်တာလည်း မဟုတ်ဘူး။ကွာရှင်းမှာလည်း မဟုတ်ဘူး။တခဏ စိတ်အဆင်မပြေလို့ ချာတိတ် က သူ့အမေအိမ် သွားနေရုံလေးပဲ "

" ဟိုက သူ့အမေဆီပြန်တာ တခဏမဟုတ်ဘဲ၊တစ်သက်လုံးဆို မင်း ဘယ်လိုလုပ်မလဲ "

" အဲ့လိုအဖြစ်ခံမှာ မဟုတ်လို့... အဲ့လိုဖြစ်လာစရာ အကြောင်းကို မရှိဘူး။ပြီးတော့ ရွှေတခေတ် က
ကျွန်တော့်မိန်းမပဲ ဖြစ်ရမယ်။ဘယ်ကောင်နဲ့ ယူခွင့်ရော၊ကြိုက်ခွင့် မရှိစေရဘူး "

" အဲ့လို ပြောတဲ့ မင်းကို မိန်းမကထားသွားပြီမလား အခု... "

" ထားသွားတာ မဟုတ်ဘူး။အချော့ခံချင်လို့ စိတ်ကောက်သွားတာ။ကျွန်တော်ကလည်း ချော့ဖို့ အတွေးမရှိသေးလို့ လိုက်မခေါ်သေးတာ... "

" ဪ... အဲ့လိုလား။ဒါမဲ့လည်း မင်း ထားခဲ့ရတာက ထားခဲ့ရတာပါပဲ "

" အဘိုးကဗျာ... လူကို ဖဲ့ဖို့ကြည့်နေတာပဲ။တော်ပြီ ကျွန်တော် အလုပ်သွားတော့မယ် "

တိုက်, အကောင်းပြောဆိုချင်းမရှိတဲ့ အဘိုးကြောင့် စိတ်ပိုတိုရကာ... ကုမ္ပဏီကိုသာ ခပ်မြန်မြန်ပဲ ထွက်လာခဲ့လိုက်သည်။အိမ်မှာဆက်နေရင် အဘိုးနဲ့ တစ်ပွဲနွှဲရလောက်သည်။

ဦးသောကသည်လည်း အိမ်ထဲကနေ ထွက်သွားတဲ့ မြေးကို ကြည့်ကာ...

" မင်း ကို ဖဲ့ရတာပေါ့။ငါ့မြေးချွေးမကို အိမ်ကနေ ထွက်သွားရအောင် မင်း က လုပ်တာကိုကွ။မင်းကို ငါက စောင့်ကြည့်နေအုံးမှာ။ငါ့မြေးချွေးမကို အိမ်ပြန်မခေါ်နိုင်လို့ကတော့... မင်းကို ငါ့အိမ်ပေါ်ကနေ နှငျကျိုခပြဈမှာ နေတိမ်တိုက် မြေးစုတ် "

...............

" နေ့တစ်ပိုင်းလုံး အိမ်မှာ စိတ်ကြိုက်နေပြီးပြီ။အခု အဝတ်အိတ် ယူပြီး ပြန်တော့ ရွှေတခေတ် "

" မေမေကလည်း... "

" မေမေကလည်း မလုပ်နဲ့ အခုပြန်တော့ "

" တခေတ် မပြန်ဘူး။ဦးလေးကြီးနဲ့ လမ်းခွဲတော့မှာ "

" ရွှေတခေတ် အိမ်ထောင်ရေး ပြဿနာဆိုတာ  ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ရတဲ့ အမျိုးမဟုတ်ဘူး။စိတ်လေးနည်းနည်းကောက်တာနဲ့ မပေါင်းတော့ဘူး။ကွာရှင်းမယ်။လမ်းခွဲမယ်ဆိုပြီး ကလေးစိတ်နဲ့ လုပ်လို့မရဘူး။ပြီးတော့ မောင်နေတိမ်တိုက် က သမီးကိုလာခေါ်တဲ့နေ့က... သူ့အဘိုး ဆေးရုံတက်ရမယ်လို့ သမီးကို ပြောမယ်ဆိုတာ မေမေ့ကိုပါ ပြောပြထားတာ။သူက ခေါင်းမာတဲ့ သမီးကို အိမ်ပြန်ခေါ်ရဖို့က အဲ့နည်းပဲ ရှိတယ်လို့ ပြောခဲ့တာ။မေမေကလည်း အဲ့လိုပြောတာ
အထွေအထူးမရှိလို့ လက်ခံပြီး၊မောင်နေတိမ်တို က်နဲ့အတူ လိုက်ပြီး သရုပ်ဆောင်ပေးခဲ့တာပဲ။အဲ့ဒါကြောင့် ပြန်တော့ "

မေမေက သူပါအလိုတူ၊အလိုပါလုပ်ထားတာကြောင့် တခေတ်ကိုအတင်းပဲ ပြန်လွှတ်နေတော့သည်။တခေတ်ကလည်း ထွက်လာကတည်းက ပြန်သွားဖို့ စိတ်ကူးမရှိ။

" တခေတ် မပြန်ဘူး။မေမေက အတင်းပြန်ခိုင်းရင် ဦးလေးကြီးအိမ်ကို မပြန်ဘဲ တခြားမှာ သွားနေပစ်လိုက်မှာ "

" ရွှေတခေတ် မေမေ့ကို ခြိမ်းခြောက်နေတာလား... "

" ခြိမ်းခြောက်တာတော့ မဟုတ်ပါဘူး။မေမေက
အတင်းပြန်ခိုင်းနေရင်၊တခေတ် က တခြားနေရာမှာ သွားနေမယ့် အကြောင်း မေမေသိအောင်လို့
ပြောပြထားတာပါ "

ဒေါ်သန္တာမှာ စကားကိုလှည့်ပတ်ပြောတတ်သလို
ပြောရင်၊ပြောတဲ့အတိုင်းလည်း လုပ်တတ်သည့်
သမီးကြောင့်... စိတ်ကိုလျော့လိုက်ရသည်။

" အိမ်မပြန်ချင်ဘူးဆိုလည်း သဘောပဲ။ဒါမဲ့ ဒီည မောင်နေတိမ်တိုက် က လာခေါ်ရင်တော့... ပြန်လိုက်သွားရမယ်။မောင်နေတိမ်တိုက် အဘိုးကိုလည်း အားနာဖို့ကောင်းတယ် "

" စိတ်ချနေ အဲ့လူကြီး က တခေတ် ကို လာခေါ်မှာ
မဟုတ်ဘူး "

" ခေါ်တာ၊မခေါ်တာ သူ့အပိုင်း။လာခေါ်ရင်သာ
ပြန်လိုက်သွားဖို့ ပြောထားတာ။ပြီးတော့ ဒီအိမ်မှာ အိပ်ခန်းက နှစ်ခန်းပဲရှိတယ်။တစ်ခန်းက မေမေနဲ့
အငယ်ဆုံးလေး အိပ်တယ်။တစ်ခန်းက အလတ်ကောင် အိပ်တယ်။အဲ့ဒါကြောင့် သမီးအိပ်ဖို့ အခန်းပို မရှိဘူး။ဧည့်ခန်းမှာ အိပ်နိုင်ရင် အိပ်။မအိပ်နိုင်ရင် ယောက်ျားအိမ်သာ ပြန်အိပ် "

" မေမေ... "

" မေမေလုပ်မနေနဲ့။ကလေးစိတ်နဲ့ ယောက်ျား အိမ်ကနေ ဆင်းလာတဲ့ ညည်းလေးကို မေမေ က
ညစာကျွေးတာပဲ ကံကောင်းတယ်မှတ်။ညစာ မငတ်ချင်ရင် ကိုယ်အိပ်မယ့်နေရာကို သန့်ရှင်းရေးလုပ်။မလုပ်တတ်ရင် ယောက်ျားအိမ်ပြန် "

" ယောက်ျားအိမ်ပြန်စရာလား... သန့်ရှင်းရေးပဲ
လုပ်မှာပေါ့။မလုပ်တတ်ရင်တောင် လုပ်တတ်အောင် လုပ်ပြီး မေမေ့ဆီမှာ ကပ်ကုတ်နေမှာ သိလား ဟွန့် "

ဒေါ်သန္တာသည် နှာခေါင်းလေးရှုံ့ကာ ဘောက်ဆက်ဘောက်ဆက်နဲ့ ဧည့်ခန်းသန့်ရှင်းရေး ထလုပ်နေတဲ့ သမီးကို ပြုံးပြုံးကြီးနဲ့ ကြည့်နေမိတော့သည်။

" မေမေဆိုသည်မှာလည်း ငါ့သမီးလေး ယောက်ျား က နှင်ချလိုက်တယ်။ငါက ဂရုစိုက်ပေးမှပဲဆိုတာမျိုးလေး မရှိဘူး။အားနေ သူ့သမက်လူဆိုးကြီးဆီပဲ ပြန်ပို့နေတော့တာပဲ "

တခေတ် သန့်ရှင်းရေးလုပ်နေရင်းက...
ထမင်းစားခန်းမှာ ညစာအတွက် ပြင်ဆင်နေတဲ့ မေမေကြားအောင်လို့ စကားသံကျယ်ကျယ်လေးနဲ့ ပြောနေပေမဲ့... မေမေက မကြားဟန်ပြုနေသည်။အငယ်နှစ်ယောက်ကတော့ ကြက်မွေးတံမြတ်စည်းတစ်ချောင်းနဲ့ ဧည့်ခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ တခေတ်ကို ပြုံးစိစိရုပ်လေးတွေနဲ့
ကြည့်နေကြသည်။

တခေတ်လည်း ထိုနှစ်ကောင်ကို သွားတွေပေါ်သည့်အထိ ရယ်ပြလိုက်မိသည်။သူတို့ကလည်း ပြန်ရယ်ပြသည်။ခဏအကြာ မေမေ့က ညစာစားဖို့ ခေါ်တာကြောင့် တခေတ်တို့ သုံးယောက် ထမင်းစားဆီ အပြေးသွားကြတော့သည်။

........

" ညစာ ဘာစားချင်လဲ။ကိုယ် မင်းကို ဆိုင်ကောင်းကောင်းမှာ လိုက်ကျွေးမယ်လေ "

"....................."

" ယံ ကိုယ်ပြောနေတယ်လေ စကားပြောပါအုံး "

" ကျွန်တော့်ကို စကားပြောစေချင်ရင်၊ကျွန်တော်
ကြားချင်တဲ့ စကားကိုသာပြော! အဲ့ဒါဆိုရင် ခင်ဗျား ကို မနားတမ်းစကားတွေ ပြောပေးမယ် "

" မင်း ကြားချင်တဲ့စကားက ဖြစ်မှ မဖြစ်နိုင်တာ "

" ဘာကိုမဖြစ်နိုင်တာလဲ။ခင်ဗျားတစ်ဘဝလုံးအတွက် ကျွန်တော်် က ရှာမကျွေးနိုင်ဘူးလို့ ထင်နေတာလား။အဲ့ဒါကြောင့် ဆိုင်ကို မပိတ်နိုင်တာလား "

" မင်း ကိုယ့်ကို ရှာမကျွေးနိုင်ဘူးလို့ ထင်ပြီး၊ဆိုင်ကိုမပိတ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူး။ဆိုင်က
ကိုယ်ကျောင်းပြီးကတည်းက အသက်မွေးဝမ်းကြောင်းအတွက် လုပ်လာခဲ့တာ။ကာစတန်မာတွေဆိုလည်း အခိုင်အမာရနေပြီ။ကိုယ်ကြိုးစားခဲ့လို့ အရာထင်နေတဲ့ အရာကို ကိုယ့်လက်နဲ့ တုံးတိဖြတ်ချလိုက်ဖို့က ခက်တယ်။ပြီးတော့ ကိုယ့််ဝန်ထမ်းတွေလည်း သူတို့ ရပ်တည်ရေးအတွက် ခက်ခဲသွားနိုင်တယ်။အဲ့ဒါကြောင့် ဆိုင်ကို ချက်ချင်းပိတ်ဖို့ဆိုတာက မလွယ်ဘူး "

" ဆိုင်ပိတ်ဖို့မလွယ်ရင် ကျွန်တော့်ကို ပိုဦးစားပေး၊ပိုပြီးဂရုစိုက်ပေးလေ။အခုတော့ ကျွန်တော်က ခင်ဗျားရဲ့ ကာစတန်မာတွေလောက်တောင်
အရေးစိုက်မခံရဘူး "

" ကိုယ် မင်းကို အရေးစိုက်ပါတယ် "

" အဟင် ဂရုစိုက်လို့ ဆိုင်မှာ သုံးနာရီလောက်
ထိုင်စောင့်နေတာ အနားတစ်ချက်လာပြီး စကားပြောဖော်တောင် မရဘူး "

" ဆက်လာတဲ့ ဒီညနေပိုင်း အချိန်က ကာစတန်မာတွေ ဆိုင်မှာကျတဲ့ အချိန်လေ။ပြီးတော့ VIPကာစတန်မာဧည့်သည် သုံးလေးယောက်လည်း လာတော့ ကိုယ်က ဆက်ကိုအချိန်မပေးနိုင် ဖြစ်သွားတာပါ "

" ဒါဆို မေးတာကို သေချာဖြေပေး "

" အင်း... မေး "

" ကာစတန်မာတွေနဲ့ ကျွန်တော်က ဘယ်သူအရေးပါဆုံးလဲ ခင်ဗျားအတွက် "

" မင်းပေါ့ "

" ဒါဆို ဆိုင်ကို ကျွန်တော််လာတဲ့အခါတိုင်း ကာစတန်မာ ကျကျမကျကျ၊ကျွန်တော့်ကို ဦးစားပေးရမယ်။ကျွန်တော့်အနားပဲ နေပေးရမယ် "

" ကာစတန်မာ ကျတဲ့အချိန် ဆက်အနားပဲ နေပေးဖို့က မဖြစ်နိုင်ဘူးလေကွာ။ဝန်ထမ်းတွေရှိပေမဲ့
တချို့ကာစတန်မာတွေကို ကိုယ်လုပ်ပေးတာကိုမှ
သဘောကျကျတာ။အဲ့ဒါကြောင့်... "

" အဲ့ဒါကြောင့်... ကျွန်တော််ကအရေးပါပေမဲ့ ဦးစားပေးတော့ မဖြစ်နိုင်ဘူး အဲ့လို့လား... "

" အဲ့လိုတော့ မဟုတ်... "

" ခင်ဗျားသဘောထားကို သိပြီမို့လို့... ပြန်တော့မယ် "

ဆက်က ကားသော့ကိုယူပြီး၊နေရာမှ ထလိုက်တာမို့... ဆက်စိတ်ဆိုးသွားပြီမှန်းသိလိုက်တဲ့ ယံမှာ နေကာကနေ ချက်ချင်း ထရပ်ပြီး...

" ဆက် စိတ်မဆိုးပါနဲ့ကွာ။ကိုယ်... "

" ကျွန်တော်် ခင်ဗျားကို ဒီနေ့ စိတ်ပျက်သွားပြီ။စကားမပြောချင်တော့ဘူး။အစကတော့ အိမ်အထိ လိုက်ပို့ပေးမလို့... အခုတော့ မပို့ချင်တော့ဘူး။ခင်ဗျားဘာသာ ပြန်လိုက်တော့။သွားပြီ "

သူ့ကို ချစ်လို့... ကိုယ်က မင်္ဂလာပွဲကို သူ့သဘောကျလုပ်စေပြီး၊အဝတ်အစားဆိုလည်း
သူ့သဘောအတိုင်း ဝတ်ပေးပြီး၊အရာရာကိုလည်း သူ့သဘောအတိုင်း ဖြစ်စေပေးထားတာကိုတောင် ကိုယ်က သူ့အတွက် ဦးစားပေးခံလူတစ်ယောက်အဖြစ် ဖြစ်ခွင့်မရတာကြောင့်... ဆက် တော်တော်လေး ခံစားရပါသည်။

" ဟူး... "

မင်္ဂလာပွဲနေ့ကို ရောက်ဖို့ ရက်က တစ်ပတ်တောင်မရှိတဲ့ အချိန်မှာ... ယံသည် ဆက်နဲ့ ရန်မဖြစ်အောင် နေဖို့ ကြိုးစားထားကာမှ... ဘာမဟုတ်တာလေးနဲ့ ဆက် စ်ိတ်ဆိုးသွားတာမို့... ယံမှာ
တော်တော်လေး စိတ်အိုက်နေမိသည်။

ဒီညတော့ ထားလိုက်ပြီး... နောက်နေ့ကျမှ သူ့အိမ် ကိုသွားပြီးတော့ပဲ ယံ ဆက်ကို ချော့လိုက်တော့မည်။

......

" ဟင်! ဘဲကြီး တစ်ယောက်တည်းလား... "

ဆက်,ဘားထဲကို ဝင်လာလာချင်းမှာပဲ...
ဘေးကနေ ဝင်လာတဲ့ တခေတ်ရဲ့ ဘဲကြီးကို တွေ့လိုက်ရတာမို့... မေးလိုက်တာပဲ ဖြစ်သည်။

ချာတိတ်ကြောင့် စိတ်ညစ်လို့ ဘားမှာ တစ်ယောက်တည်း အချိန်ဖြုန်းဖို့ တွေးပြီး၊လာခဲ့ကာမှ။အိမ်ရှေ့အိမ်က လူဆိုးလေးနဲ့ လာတွေ့နေတာမို့... စိတ်ကပိုရှုပ်သွားရသည်။

" ငါ့ဘေးမှာ ဘယ်နှစ်ယောက်မြင်လဲ "

ဘုပြန်တော့တဲ့ ဘဲကြီးပုံစံက နည်းနည်းစိတ်ရှုပ်နေတဲ့ ပုံပင်။

" တခေတ်နဲ့ ပြဿနာတက်လာတာလား... "

" မင်းက ဘယ်လိုသိလဲ "

" အဟင်း... ကျွန်တော်လည်း ကျွန်တော့်လူနဲ့ ပြဿနာတက်လာလို့ ဒီရောက်လာတာလေ။ပြီးတော့ ဘဲကြီးပုံစံက နည်းနည်း အပူမိနေတဲ့ ရုပ်ပေါ်နေတယ်​လေ။ အဲ့ဒါကြောင့် ခန့်မှန်းရလွယ်တာ "

" အဲ့လိုလား... "

" အင်း။ ကျွန်တော်် က တမူးသောက်မှာ။ဘဲကြီးကရော... "

" မင်းအတိုင်းပဲ "

" အိုကေ... ကျွန်တော်် က ဒကာခံမယ် "

" အရက်ကို အငယ်ဆီက ကပ်မသောက်တတ်ဘူး။ငါ ရှင်းမယ် "

" သဘောတူတယ်။ခပ်ပြင်းပြင်းလေး ချတာပေါ့ "

တစ်ခါမှ အကြောမတည့်သည့် နေတိမ်တိုက်နှင့်
ရှိန်းဆက်မာန်တို့ဟာ... ဒီညမှာတော့ အကြော့တည့်ကာ အတွဲညီနေကြတော့သည်။

...............နောက်တစ်ပိုင်းကျ တခေတ်နဲ့ယံ က တစ်ဖွဲ့၊တိုက်နဲ့ဆက်က တစ်ဖွဲ့ဖြစ်ပြီ😁

Share သွားပေးနော်။

#ကိုးအမရာမောင်

                 ရင္ခုန္ျခင္း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ႕.... ခ်ာတိတ္ 

                           အခန္း   (၂၉)
.

" ေျမးမေလး ဒါက ဘယ္သြားမလို႔လဲ "

" တေခတ္ ေမေမ့အိမ္ျပန္ေတာ့မယ္ အဘိုး "

" ေဟ... ဘာလို႔လဲ ေျမးမေလး။ျပႆနာတစ္ခုျဖစ္ရင္ ေရွာင္ထြက္သြားတာထက္၊ေသခ်ာ ေျဖရွင္းရတယ္။မဟုတ္ရင္ ေျမးမေလးနဲ႕ ေျမးၾကားမွာ နာက်င္စရာေတြ ျဖစ္လာလိမ့္မယ္ "

" တေခတ္ကိုမခ်စ္တဲ့ လူေၾကာင့္ နာက်င္စရာဆိုတာ ရွိလာမွာ မဟုတ္ပါဘူး။တေခတ္ ဦးေလးႀကီးနဲ႕လည္း စကားေျပာၿပီးပါၿပီ။တေခတ္ ေမေမ့ဆီ ျပန္မွာလည္း သိပါတယ္။အဘိုးဆီကို တေခတ္ အားတဲ့အခါ လာလည္ပါ့မယ္။အခုေတာ့ သြားလိုက္ပါဦးမယ္ "

အဝတ္အိတ္ဆြဲၿပီး ထြက္သြားတဲ့ ေျမးေခြၽးမေလးေၾကာင့္ ဦးေသာကမွာ စိတ္ေမာသြားရ၏။

" ဒါက ဘယ္လဲ။ေျမးမေလးေနာက္ကို လိုက္သြားမလို႔လား "

" မေနခ်င္လို႔ ထြက္သြားတဲ့ လူေနာက္ကို လိုက္သြားစရာ အေၾကာင္း မရွိပါဘူး အဘိုး "

" ဒါဆို လိုက္မေခၚေတာ့ဘူးလား။တကယ္ပဲ
ေျမးမေလးနဲ႕ မင္းက လမ္းခြဲမလို႔လား... "

" လိုက္မေခၚဘူးဘဲ ေျပာတာ။လမ္းခြဲမယ္လို႔ မေျပာဘူး "

" လိုက္မေခၚဘူးဆိုရင္ အခု ဘယ္သြားမလို႔လဲ "

" အလုပ္ရွိလို႔ ကုမၸဏီကို ျပန္သြားမလို႔ "

" ေအာ္... မင္း က အလုပ္ လုပ္နိုင္ေသးတယ္ေပါ့။မိန္းမက အထုပ္ဆြဲၿပီး အိမ္ကေန ထြက္သြားတာေတာင္ "

" အလုပ္မလုပ္နိုင္ရေအာင္၊ကြၽန္ေတာ္နဲ႕ ခ်ာတိတ္ က ကြာရွင္းလိုက္တာလည္း မဟုတ္ဘူး။ကြာရွင္းမွာလည္း မဟုတ္ဘူး။တခဏ စိတ္အဆင္မေျပလို႔ ခ်ာတိတ္ က သူ႕အေမအိမ္ သြားေန႐ုံေလးပဲ "

" ဟိုက သူ႕အေမဆီျပန္တာ တခဏမဟုတ္ဘဲ၊တစ္သက္လုံးဆို မင္း ဘယ္လိုလုပ္မလဲ "

" အဲ့လိုအျဖစ္ခံမွာ မဟုတ္လို႔... အဲ့လိုျဖစ္လာစရာ အေၾကာင္းကို မရွိဘူး။ၿပီးေတာ့ ေ႐ႊတေခတ္ က
ကြၽန္ေတာ့္မိန္းမပဲ ျဖစ္ရမယ္။ဘယ္ေကာင္နဲ႕ ယူခြင့္ေရာ၊ႀကိဳက္ခြင့္ မရွိေစရဘူး "

" အဲ့လို ေျပာတဲ့ မင္းကို မိန္းမကထားသြားၿပီမလား အခု... "

" ထားသြားတာ မဟုတ္ဘူး။အေခ်ာ့ခံခ်င္လို႔ စိတ္ေကာက္သြားတာ။ကြၽန္ေတာ္ကလည္း ေခ်ာ့ဖို႔ အေတြးမရွိေသးလို႔ လိုက္မေခၚေသးတာ... "

" ဪ... အဲ့လိုလား။ဒါမဲ့လည္း မင္း ထားခဲ့ရတာက ထားခဲ့ရတာပါပဲ "

" အဘိုးကဗ်ာ... လူကို ဖဲ့ဖို႔ၾကည့္ေနတာပဲ။ေတာ္ၿပီ ကြၽန္ေတာ္ အလုပ္သြားေတာ့မယ္ "

တိုက္, အေကာင္းေျပာဆိုခ်င္းမရွိတဲ့ အဘိုးေၾကာင့္ စိတ္ပိုတိုရကာ... ကုမၸဏီကိုသာ ခပ္ျမန္ျမန္ပဲ ထြက္လာခဲ့လိုက္သည္။အိမ္မွာဆက္ေနရင္ အဘိုးနဲ႕ တစ္ပြဲႏႊဲရေလာက္သည္။

ဦးေသာကသည္လည္း အိမ္ထဲကေန ထြက္သြားတဲ့ ေျမးကို ၾကည့္ကာ...

" မင္း ကို ဖဲ့ရတာေပါ့။ငါ့ေျမးေခြၽးမကို အိမ္ကေန ထြက္သြားရေအာင္ မင္း က လုပ္တာကိုကြ။မင္းကို ငါက ေစာင့္ၾကည့္ေနအုံးမွာ။ငါ့ေျမးေခြၽးမကို အိမ္ျပန္မေခၚနိုင္လို႔ကေတာ့... မင္းကို ငါ့အိမ္ေပၚကေန ႏွင်က်ိဳချပဈမွာ ေနတိမ္တိုက္ ေျမးစုတ္ "

...............

" ေန႕တစ္ပိုင္းလုံး အိမ္မွာ စိတ္ႀကိဳက္ေနၿပီးၿပီ။အခု အဝတ္အိတ္ ယူၿပီး ျပန္ေတာ့ ေ႐ႊတေခတ္ "

" ေမေမကလည္း... "

" ေမေမကလည္း မလုပ္နဲ႕ အခုျပန္ေတာ့ "

" တေခတ္ မျပန္ဘူး။ဦးေလးႀကီးနဲ႕ လမ္းခြဲေတာ့မွာ "

" ေ႐ႊတေခတ္ အိမ္ေထာင္ေရး ျပႆနာဆိုတာ  ေပါ့ေပါ့တန္တန္ ဆုံးျဖတ္ခ်က္ရတဲ့ အမ်ိဳးမဟုတ္ဘူး။စိတ္ေလးနည္းနည္းေကာက္တာနဲ႕ မေပါင္းေတာ့ဘူး။ကြာရွင္းမယ္။လမ္းခြဲမယ္ဆိုၿပီး ကေလးစိတ္နဲ႕ လုပ္လို႔မရဘူး။ၿပီးေတာ့ ေမာင္ေနတိမ္တိုက္ က သမီးကိုလာေခၚတဲ့ေန႕က... သူ႕အဘိုး ေဆး႐ုံတက္ရမယ္လို႔ သမီးကို ေျပာမယ္ဆိုတာ ေမေမ့ကိုပါ ေျပာျပထားတာ။သူက ေခါင္းမာတဲ့ သမီးကို အိမ္ျပန္ေခၚရဖို႔က အဲ့နည္းပဲ ရွိတယ္လို႔ ေျပာခဲ့တာ။ေမေမကလည္း အဲ့လိုေျပာတာ
အေထြအထူးမရွိလို႔ လက္ခံၿပီး၊ေမာင္ေနတိမ္တို က္နဲ႕အတူ လိုက္ၿပီး သ႐ုပ္ေဆာင္ေပးခဲ့တာပဲ။အဲ့ဒါေၾကာင့္ ျပန္ေတာ့ "

ေမေမက သူပါအလိုတူ၊အလိုပါလုပ္ထားတာေၾကာင့္ တေခတ္ကိုအတင္းပဲ ျပန္လႊတ္ေနေတာ့သည္။တေခတ္ကလည္း ထြက္လာကတည္းက ျပန္သြားဖို႔ စိတ္ကူးမရွိ။

" တေခတ္ မျပန္ဘူး။ေမေမက အတင္းျပန္ခိုင္းရင္ ဦးေလးႀကီးအိမ္ကို မျပန္ဘဲ တျခားမွာ သြားေနပစ္လိုက္မွာ "

" ေ႐ႊတေခတ္ ေမေမ့ကို ၿခိမ္းေျခာက္ေနတာလား... "

" ၿခိမ္းေျခာက္တာေတာ့ မဟုတ္ပါဘူး။ေမေမက
အတင္းျပန္ခိုင္းေနရင္၊တေခတ္ က တျခားေနရာမွာ သြားေနမယ့္ အေၾကာင္း ေမေမသိေအာင္လို႔
ေျပာျပထားတာပါ "

ေဒၚသႏၲာမွာ စကားကိုလွည့္ပတ္ေျပာတတ္သလို
ေျပာရင္၊ေျပာတဲ့အတိုင္းလည္း လုပ္တတ္သည့္
သမီးေၾကာင့္... စိတ္ကိုေလ်ာ့လိုက္ရသည္။

" အိမ္မျပန္ခ်င္ဘူးဆိုလည္း သေဘာပဲ။ဒါမဲ့ ဒီည ေမာင္ေနတိမ္တိုက္ က လာေခၚရင္ေတာ့... ျပန္လိုက္သြားရမယ္။ေမာင္ေနတိမ္တိုက္ အဘိုးကိုလည္း အားနာဖို႔ေကာင္းတယ္ "

" စိတ္ခ်ေန အဲ့လူႀကီး က တေခတ္ ကို လာေခၚမွာ
မဟုတ္ဘူး "

" ေခၚတာ၊မေခၚတာ သူ႕အပိုင္း။လာေခၚရင္သာ
ျပန္လိုက္သြားဖို႔ ေျပာထားတာ။ၿပီးေတာ့ ဒီအိမ္မွာ အိပ္ခန္းက ႏွစ္ခန္းပဲရွိတယ္။တစ္ခန္းက ေမေမနဲ႕
အငယ္ဆုံးေလး အိပ္တယ္။တစ္ခန္းက အလတ္ေကာင္ အိပ္တယ္။အဲ့ဒါေၾကာင့္ သမီးအိပ္ဖို႔ အခန္းပို မရွိဘူး။ဧည့္ခန္းမွာ အိပ္နိုင္ရင္ အိပ္။မအိပ္နိုင္ရင္ ေယာက္်ားအိမ္သာ ျပန္အိပ္ "

" ေမေမ... "

" ေမေမလုပ္မေနနဲ႕။ကေလးစိတ္နဲ႕ ေယာက္်ား အိမ္ကေန ဆင္းလာတဲ့ ညည္းေလးကို ေမေမ က
ညစာေကြၽးတာပဲ ကံေကာင္းတယ္မွတ္။ညစာ မငတ္ခ်င္ရင္ ကိုယ္အိပ္မယ့္ေနရာကို သန့္ရွင္းေရးလုပ္။မလုပ္တတ္ရင္ ေယာက္်ားအိမ္ျပန္ "

" ေယာက္်ားအိမ္ျပန္စရာလား... သန့္ရွင္းေရးပဲ
လုပ္မွာေပါ့။မလုပ္တတ္ရင္ေတာင္ လုပ္တတ္ေအာင္ လုပ္ၿပီး ေမေမ့ဆီမွာ ကပ္ကုတ္ေနမွာ သိလား ဟြန့္ "

ေဒၚသႏၲာသည္ ႏွာေခါင္းေလးရႈံ႕ကာ ေဘာက္ဆက္ေဘာက္ဆက္နဲ႕ ဧည့္ခန္းသန့္ရွင္းေရး ထလုပ္ေနတဲ့ သမီးကို ၿပဳံးၿပဳံးႀကီးနဲ႕ ၾကည့္ေနမိေတာ့သည္။

" ေမေမဆိုသည္မွာလည္း ငါ့သမီးေလး ေယာက္်ား က ႏွင္ခ်လိဳက္တယ္။ငါက ဂ႐ုစိုက္ေပးမွပဲဆိုတာမ်ိဳးေလး မရွိဘူး။အားေန သူ႕သမက္လူဆိုးႀကီးဆီပဲ ျပန္ပို႔ေနေတာ့တာပဲ "

တေခတ္ သန့္ရွင္းေရးလုပ္ေနရင္းက...
ထမင္းစားခန္းမွာ ညစာအတြက္ ျပင္ဆင္ေနတဲ့ ေမေမၾကားေအာင္လို႔ စကားသံက်ယ္က်ယ္ေလးနဲ႕ ေျပာေနေပမဲ့... ေမေမက မၾကားဟန္ျပဳေနသည္။အငယ္ႏွစ္ေယာက္ကေတာ့ ၾကက္ေမြးတံျမတ္စည္းတစ္ေခ်ာင္းနဲ႕ ဧည့္ခန္းကို သန့္ရွင္းေရးလုပ္ေနတဲ့ တေခတ္ကို ၿပဳံးစိစိ႐ုပ္ေလးေတြနဲ႕
ၾကည့္ေနၾကသည္။

တေခတ္လည္း ထိုႏွစ္ေကာင္ကို သြားေတြေပၚသည့္အထိ ရယ္ျပလိုက္မိသည္။သူတို႔ကလည္း ျပန္ရယ္ျပသည္။ခဏအၾကာ ေမေမ့က ညစာစားဖို႔ ေခၚတာေၾကာင့္ တေခတ္တို႔ သုံးေယာက္ ထမင္းစားဆီ အေျပးသြားၾကေတာ့သည္။

........

" ညစာ ဘာစားခ်င္လဲ။ကိုယ္ မင္းကို ဆိုင္ေကာင္းေကာင္းမွာ လိုက္ေကြၽးမယ္ေလ "

"....................."

" ယံ ကိုယ္ေျပာေနတယ္ေလ စကားေျပာပါအုံး "

" ကြၽန္ေတာ့္ကို စကားေျပာေစခ်င္ရင္၊ကြၽန္ေတာ္
ၾကားခ်င္တဲ့ စကားကိုသာေျပာ! အဲ့ဒါဆိုရင္ ခင္ဗ်ား ကို မနားတမ္းစကားေတြ ေျပာေပးမယ္ "

" မင္း ၾကားခ်င္တဲ့စကားက ျဖစ္မွ မျဖစ္နိုင္တာ "

" ဘာကိုမျဖစ္နိုင္တာလဲ။ခင္ဗ်ားတစ္ဘဝလုံးအတြက္ ကြၽန္ေတာ္္ က ရွာမေကြၽးနိုင္ဘူးလို႔ ထင္ေနတာလား။အဲ့ဒါေၾကာင့္ ဆိုင္ကို မပိတ္နိုင္တာလား "

" မင္း ကိုယ့္ကို ရွာမေကြၽးနိုင္ဘူးလို႔ ထင္ၿပီး၊ဆိုင္ကိုမပိတ္နိုင္ဘူးလို႔ ေျပာတာ မဟုတ္ဘူး။ဆိုင္က
ကိုယ္ေက်ာင္းၿပီးကတည္းက အသက္ေမြးဝမ္းေၾကာင္းအတြက္ လုပ္လာခဲ့တာ။ကာစတန္မာေတြဆိုလည္း အခိုင္အမာရေနၿပီ။ကိုယ္ႀကိဳးစားခဲ့လို႔ အရာထင္ေနတဲ့ အရာကို ကိုယ့္လက္နဲ႕ တုံးတိျဖတ္ခ်လိဳက္ဖို႔က ခက္တယ္။ၿပီးေတာ့ ကိုယ့္္ဝန္ထမ္းေတြလည္း သူတို႔ ရပ္တည္ေရးအတြက္ ခက္ခဲသြားနိုင္တယ္။အဲ့ဒါေၾကာင့္ ဆိုင္ကို ခ်က္ခ်င္းပိတ္ဖို႔ဆိုတာက မလြယ္ဘူး "

" ဆိုင္ပိတ္ဖို႔မလြယ္ရင္ ကြၽန္ေတာ့္ကို ပိုဦးစားေပး၊ပိုၿပီးဂ႐ုစိုက္ေပးေလ။အခုေတာ့ ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ ကာစတန္မာေတြေလာက္ေတာင္
အေရးစိုက္မခံရဘူး "

" ကိုယ္ မင္းကို အေရးစိုက္ပါတယ္ "

" အဟင္ ဂ႐ုစိုက္လို႔ ဆိုင္မွာ သုံးနာရီေလာက္
ထိုင္ေစာင့္ေနတာ အနားတစ္ခ်က္လာၿပီး စကားေျပာေဖာ္ေတာင္ မရဘူး "

" ဆက္လာတဲ့ ဒီညေနပိုင္း အခ်ိန္က ကာစတန္မာေတြ ဆိုင္မွာက်တဲ့ အခ်ိန္ေလ။ၿပီးေတာ့ VIPကာစတန္မာဧည့္သည္ သုံးေလးေယာက္လည္း လာေတာ့ ကိုယ္က ဆက္ကိုအခ်ိန္မေပးနိုင္ ျဖစ္သြားတာပါ "

" ဒါဆို ေမးတာကို ေသခ်ာေျဖေပး "

" အင္း... ေမး "

" ကာစတန္မာေတြနဲ႕ ကြၽန္ေတာ္က ဘယ္သူအေရးပါဆုံးလဲ ခင္ဗ်ားအတြက္ "

" မင္းေပါ့ "

" ဒါဆို ဆိုင္ကို ကြၽန္ေတာ္္လာတဲ့အခါတိုင္း ကာစတန္မာ က်က်မက်က်၊ကြၽန္ေတာ့္ကို ဦးစားေပးရမယ္။ကြၽန္ေတာ့္အနားပဲ ေနေပးရမယ္ "

" ကာစတန္မာ က်တဲ့အခ်ိန္ ဆက္အနားပဲ ေနေပးဖို႔က မျဖစ္နိုင္ဘူးေလကြာ။ဝန္ထမ္းေတြရွိေပမဲ့
တခ်ိဳ႕ကာစတန္မာေတြကို ကိုယ္လုပ္ေပးတာကိုမွ
သေဘာက်က်တာ။အဲ့ဒါေၾကာင့္... "

" အဲ့ဒါေၾကာင့္... ကြၽန္ေတာ္္ကအေရးပါေပမဲ့ ဦးစားေပးေတာ့ မျဖစ္နိုင္ဘူး အဲ့လို႔လား... "

" အဲ့လိုေတာ့ မဟုတ္... "

" ခင္ဗ်ားသေဘာထားကို သိၿပီမို႔လို႔... ျပန္ေတာ့မယ္ "

ဆက္က ကားေသာ့ကိုယူၿပီး၊ေနရာမွ ထလိုက္တာမို႔... ဆက္စိတ္ဆိုးသြားၿပီမွန္းသိလိုက္တဲ့ ယံမွာ ေနကာကေန ခ်က္ခ်င္း ထရပ္ၿပီး...

" ဆက္ စိတ္မဆိုးပါနဲ႕ကြာ။ကိုယ္... "

" ကြၽန္ေတာ္္ ခင္ဗ်ားကို ဒီေန႕ စိတ္ပ်က္သြားၿပီ။စကားမေျပာခ်င္ေတာ့ဘူး။အစကေတာ့ အိမ္အထိ လိုက္ပို႔ေပးမလို႔... အခုေတာ့ မပို႔ခ်င္ေတာ့ဘူး။ခင္ဗ်ားဘာသာ ျပန္လိုက္ေတာ့။သြားၿပီ "

သူ႕ကို ခ်စ္လို႔... ကိုယ္က မဂၤလာပြဲကို သူ႕သေဘာက်လဳပ္ေစၿပီး၊အဝတ္အစားဆိုလည္း
သူ႕သေဘာအတိုင္း ဝတ္ေပးၿပီး၊အရာရာကိုလည္း သူ႕သေဘာအတိုင္း ျဖစ္ေစေပးထားတာကိုေတာင္ ကိုယ္က သူ႕အတြက္ ဦးစားေပးခံလူတစ္ေယာက္အျဖစ္ ျဖစ္ခြင့္မရတာေၾကာင့္... ဆက္ ေတာ္ေတာ္ေလး ခံစားရပါသည္။

" ဟူး... "

မဂၤလာပြဲေန႕ကို ေရာက္ဖို႔ ရက္က တစ္ပတ္ေတာင္မရွိတဲ့ အခ်ိန္မွာ... ယံသည္ ဆက္နဲ႕ ရန္မျဖစ္ေအာင္ ေနဖို႔ ႀကိဳးစားထားကာမွ... ဘာမဟုတ္တာေလးနဲ႕ ဆက္ စ္ိတ္ဆိုးသြားတာမို႔... ယံမွာ
ေတာ္ေတာ္ေလး စိတ္အိုက္ေနမိသည္။

ဒီညေတာ့ ထားလိုက္ၿပီး... ေနာက္ေန႕က်မွ သူ႕အိမ္ ကိုသြားၿပီးေတာ့ပဲ ယံ ဆက္ကို ေခ်ာ့လိုက္ေတာ့မည္။

......

" ဟင္! ဘဲႀကီး တစ္ေယာက္တည္းလား... "

ဆက္,ဘားထဲကို ဝင္လာလာခ်င္းမွာပဲ...
ေဘးကေန ဝင္လာတဲ့ တေခတ္ရဲ႕ ဘဲႀကီးကို ေတြ႕လိုက္ရတာမို႔... ေမးလိုက္တာပဲ ျဖစ္သည္။

ခ်ာတိတ္ေၾကာင့္ စိတ္ညစ္လို႔ ဘားမွာ တစ္ေယာက္တည္း အခ်ိန္ျဖဳန္းဖို႔ ေတြးၿပီး၊လာခဲ့ကာမွ။အိမ္ေရွ႕အိမ္က လူဆိုးေလးနဲ႕ လာေတြ႕ေနတာမို႔... စိတ္ကပိုရႈပ္သြားရသည္။

" ငါ့ေဘးမွာ ဘယ္ႏွစ္ေယာက္ျမင္လဲ "

ဘုျပန္ေတာ့တဲ့ ဘဲႀကီးပုံစံက နည္းနည္းစိတ္ရႈပ္ေနတဲ့ ပုံပင္။

" တေခတ္နဲ႕ ျပႆနာတက္လာတာလား... "

" မင္းက ဘယ္လိုသိလဲ "

" အဟင္း... ကြၽန္ေတာ္လည္း ကြၽန္ေတာ့္လူနဲ႕ ျပႆနာတက္လာလို႔ ဒီေရာက္လာတာေလ။ၿပီးေတာ့ ဘဲႀကီးပုံစံက နည္းနည္း အပူမိေနတဲ့ ႐ုပ္ေပၚေနတယ္​ေလ။ အဲ့ဒါေၾကာင့္ ခန့္မွန္းရလြယ္တာ "

" အဲ့လိုလား... "

" အင္း။ ကြၽန္ေတာ္္ က တမူးေသာက္မွာ။ဘဲႀကီးကေရာ... "

" မင္းအတိုင္းပဲ "

" အိုေက... ကြၽန္ေတာ္္ က ဒကာခံမယ္ "

" အရက္ကို အငယ္ဆီက ကပ္မေသာက္တတ္ဘူး။ငါ ရွင္းမယ္ "

" သေဘာတူတယ္။ခပ္ျပင္းျပင္းေလး ခ်တာေပါ့ "

တစ္ခါမွ အေၾကာမတည့္သည့္ ေနတိမ္တိုက္ႏွင့္
ရွိန္းဆက္မာန္တို႔ဟာ... ဒီညမွာေတာ့ အေၾကာ့တည့္ကာ အတြဲညီေနၾကေတာ့သည္။

...............ေနာက္တစ္ပိုင္းက် တေခတ္နဲ႕ယံ က တစ္ဖြဲ႕၊တိုက္နဲ႕ဆက္က တစ္ဖြဲ႕ျဖစ္ၿပီ😁

Share သြားေပးေနာ္။

#ကိုးအမရာေမာင္

Continue Reading

You'll Also Like

329K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
257K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
842K 39.6K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023