ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...
Oleh Koe-Amara-Mg
39.7K 1.7K 57
စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... Lebih Banyak
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း
Part 26
960 48 2
Oleh Koe-Amara-Mg
                  ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 
                           အခန်း   (၂၆)
.
" ဘာ ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ "
" ဘယ်လိုကြီး ကြည့်နေလို့လဲ "
" တခေတ် စားနေတာကို မျက်တောင်တောင်မခတ်ဘဲနဲ့ အဲ့ကနေ လှမ်းကြည့်နေတာကို ပြောတာ"
တခေတ် ပြောတော့ ထမင်းစားပွဲရဲ့ တစ်ဖက်ထိပ်မှာ ထိုင်နေတဲ့ ဦးလေးကြီး က... ပြုံးစိစိ မျက်နှာနဲ့ တခေတ်ကိုကြည့်လာပြီး...
" မကြည့်ရဘူးလား... "
" အင်း... မကြည့်နဲ့ "
" ဘာလို့လဲ... "
" ဦးလေးကြီး ထမင်းစားနေတဲ့ အချိန် တစ်ယောက်ယောက်က အနားလာထိုင်ပြီး ကြည့်နေရင် ထမင်းစားတတ်မှာလား... "
" အင်း... ကိုယ်စားနေတာကို လာကြည့်တဲ့ လူက
မင်းဆိုရင်တော့... ပုံမှန်ထက် ပိုစားဝင်မယ်ဆိုတာအတပ်ပြောရဲတယ် "
" အတည်မဟုတ်တဲ့ စကားတွေ​ပြောမနေဘဲနဲ့
ထမင်းသာ စားပါ။ တခေတ်ကိုလည်း ဆက်ကြည့်မနေနဲ့ ထမင်းစားရတာ အရသာပျက်တယ် "
" ကိုယ်က ထမင်းမစားချင်တော့ဘူး။မင်းကိုပဲ
ကြည့်နေချင်တာ "
" အရမ်းအိုဗာတွေ လုပ်မနေနဲ့။စိတ်မရှည်တော့ရင် တခေတ် ပြန်ပြီးတော့... စိတ်ကောက်ပစ်လိုက်မှာ "
" အိုကေ... ကိုယ် ထမင်းစားပြီ "
စိတ်ကောက်မယ်လို့ ခြိမ်းခြောက်လိုက်တော့မှ...
တခေတ်ဆီကနေ အကြည့်လွဲကာ... ထမင်းစားတော့သည့် ဦးလေးကြီး။တခေတ်လည်း အခုမှ ထမင်းကို လွတ်လပ်စွာ စားနိုင်တော့သည်။
စောနက လူကို ပေါက်ထွက်မတက် ကြည့်နေတဲ့
ဦးလေးကြီး၏ အကြည့်ကြောင့် ထမင်းကို ကောင်းကောင်း မစားနိုင်ခဲ့တာ။အခုတော့ ဗိုက်ဆာနေလို့လားမသိ ထမင်းက ရှယ်စားလို့ကောင်းနေတော့တယ်။
ထမင်းစားပြီးချိန်မှာတော့...
" တခေတ် ပန်းကန်ဆေးလိုက်မှာမို့... ဦးလေးကြီး
သွားနားလိုက်ပါ "
" ကိုယ် မကူလို့ဖြစ်ရတာ သေချာရဲ့လား...  "
" နှစ်ယောက်စားတဲ့ ပန်းကန်နှစ်ချပ်နဲ့ ဟင်းပန်းကန်လေး သုံးလေးပန်းကန် ဆေးတာက လူနှစ်ယောက်မလိုပါဘူး။ကလေးငယ်ငယ်လေးတောင်မှ ပန်းကန်လေးငါးပန်းကန်ကို သေချာဆေးနိုင်ပါတယ်။တခေတ် လို အရွယ်ရောက်နေတဲ့ သူဆိုရင် ပိုလို့တောင် ဆေးနိုင်ပါတယ် "
" ဒါဆို မင်း ဆေးပါ။ကိုယ် မကူတော့ဘူး "
" အင်း... "
ဦးလေးကြီး က ဝိုင်တစ်ခွက် ထည့်သွားပြီး၊ထမင်းစားခန်းထဲကနေ ထွက်သွားသည်။တခေတ်လည်း စားသောက်ပြီးသား ပန်းကန်တွေကို
ဘေစင်ပေါ်ကို အရင် ရွေ့တင်လိုက်သည်။ပြီးတာနဲ့ ထမင်းစားပွဲကို သန့်ရှင်းရေး လုပ်လိုက်သည်။အဲ့နောက် ဘေစင်ဆီပြန်သွားပြီး ပန်းကန်ဆေးတာကို စတင်လိုက်သည်။
" ဦး  ဦးလေးကြီး "
ပန်းကန်ဆေးနေတဲ့ တခေတ်ရဲ့ခါးကို နောက်ကနေသိမ်းဖက်လာတဲ့ ဦးလေးကြီး။တခေတ်မှာ ရုတ်တရက်ဆိုတော့ လန့်သွားတာမို့... စကားတွေပင် ထစ်ကုန်သည်။
" ခွမ်း... "
ရုတ်တရက်ကြီး တခေတ်၏ လည်ဂုတ်သားလေးကို ဖွဖွလေးဖြင့် တရှိုက်မတ်မတ်နဲ့ နမ်းရှိုက်နေပြန်တဲ့ ဦးလေးကြီး။တခေတ်မှာ မထင်မှတ်ထားတဲ့ ဦးလေးကြီး၏ အပြုအမူကြောင့် လက်ထဲက
ကြွေပန်းကန်ပြားပင် အောက်ကို လွတ်ကျသွားရသည်။
အဲ့ဒါလည်း ဦးလေးကြီး က နမ်းနေတာကို ရပ်မသွားတာဘဲ... ဖက်ထားတဲ့ လက်ကိုပိုတိုးဖက်လာတာမို့...
" ဦး ဦးလေးကြီး ပန်းကန်ကျကွဲသွားတယ် "
" အင်း... ကိုယ်သိတယ် "
ဟု လှိုက်မောနေတဲ့ အသံနဲ့ပြန်ဖြေလာတဲ့ ဦးလေးကြီး။
" တခေတ် ပန်းကန်ဆေးနေတာ မပြီးသေးဘူး လေ... "
" အဲ့တော့... "
​ဟု ဆိုကာ... လည်ဂုတ်ကနေ လည်တိုင်ဆီ
ရွှေ့ပြောင်း၍ အနမ်းတို့ဖြင့် ကျူးကျော်နယ်ချဲ့လာတဲ့ ဦးလေးကြီး။
ချစ်သူပင်မထားဖူးတဲ့ တခေတ်မှာ အရိုင်းလေးဖြစ်တာမို့... ဦးလေးကြီး၏ အနမ်းတွေကို ရင်ကို
တုန်ယင်လှိုက်မောစေသည်။
ဦးလေးကြီးသာ အခုပိုပြီး ရှေ့ဆက်တိုးလာရင်ဆိုတဲ့ အသိက တခေတ် ကို ကြောက်အားပိုလာစေသည်။
" ဦးလေးကြီး တခေတ် ကို လွှတ်ပေးပါတော့... "
တခေတ် ခေါင်းကိုခါယမ်းပြီး ပြောတော့...
ဦးလေးကြီး က လွတ်ပေးသည်။
" မင်း ကိုယ့်ကို ကြောက်နေတာလား... "
တိုက်, ရှေ့တည့်တည့်မှာ ကိုယ်လေးကျုံ့ကာ...
ခေါင်းလေးငုံ့၍ ရပ်နေတဲ့ သူမကို ပခုံးနှစ်ဖက်ကနေကိုင်ပြီး မေးလိုက်တော့...
" ................ "
" အဟင်း "
အသံတိတ် ဝန်ခံလိုက်တဲ့ သူမကြောင့် တိုက်,သဘောကျစွာဖြင့် ရယ်မိပါ၏။
" ဘာလို့ကြောက်တာလဲ။ကိုယ်က မင်းသဘောကျပြီး၊ချစ်တဲ့သူ မဟုတ်ဘူးလား...
" အနမ်းဆိုတာ... တခေတ်အတွက် ပထမဆုံးအရာပါ "
" အဟင်း ဒါဆို ကိုယ့်အတွက်က ပထမဆုံး မဟုတ်ဘူးလို့ ပြောချင်တာလား... "
ရင်တွေတုန်ပြီး စကားတွေပြောရခက်နေပါတယ်ဆိုမှ တမင်ကို စကားတွေလိုက်ကပ်ပြောနေတဲ့
ဦးလေးကြီး ကို စိတ်တိုမိ၏။
စကားပြောနေရင်းက အသံတိတ်သွားပြီး...
မျက်မှောင်လေးကြုံ့ကာ... နူတ်ခမ်းလေးထော်လာတဲ့ သူမပုံစံလေးကြောင့်... စောနက ပြောလိုက်တဲ့ စကားကြောင့် စိတ်ကောက်သွားပြီဆိုတာ သိလိုက်သည်။
ခဏခဏ စိတ်ကောက်တတ်တဲ့ ကောင်မလေးကို
ချစ်နေရတာက ပျင်းရိဖွယ်မရှိတာကို သိလိုက်ရသည်။စိတ်ကောက်စပြုနေတဲ့ ကောင်မလေးကို ချော့ဖို့ဆိုရင် အခုလို နှစ်ယောက်တည်းရှိတဲ့ အချိန်က အကောင်းဆုံးပဲ မဟုတ်လား။
" အမေ့! ဦးလေးကြီး ဘာ ဘာလုပ်! "
တခေတ် ကို ခါးကနေ လက်နှစ်ဖက်ဖြင့် မချီလိုက်တာမို့ လန့်သွားရ၏။
တခေတ် လန့်နေချိန်မှာပဲ ဦးလေးကြီး က
နောက်ဖက်ရှိ ထမင်းစားပွဲပေါ်မှာ တခေတ် ကို တင်ပြီး ထိုင်စေသည်။အဲ့နောက် တခေတ်ရဲ့ရှေ့တည့်တည့်မှာ ခြေစုံရပ်လိုက်တဲ့... ဦးလေးကြီးရဲ့  လက်နှစ်ဖက်က တခေတ်ရဲ့ဘယ်၊ညာကို ခွထောက်လိုက်တာမို့... မျက်လုံးပြူးသွားရသည်။
မျက်နှာချင်းဆိုင် ရင်ချင်းအပ် အနေအထားဖြင့်ရော၊တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝင်လေ၊ထွက်လေကိုပါ နီးကပ်စွာ ခံစားလို့ရနေတဲ့ အနေအထေားကြောင့်... တခေတ်၏ နှလုံးခုန်သံတို့က
ကျယ်လောင်စွာ မြည်းဟီးလာတော့သည်။
ရီဝေဝေ မျက်ဝန်းတွေက တခေတ်ကိုပစ်မှတ်တစ်ခုလို သဘောထားပြီး... စိုက်ကြည့်နေပြန်တာမို့...
လူက အသက်တောင် မရှူရဲတော့သည်။ခြေ၊လက်တွေ အေးစက်ပြီး၊ငြိမ်သက်နေမိသည်က
သက်မဲ့အရုပ်လေးပမာ။
ထိုအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ ထမင်းစားခန်းကို
အသက်သွင်လိုက်တဲ့ ဦးလေးကြီး။
" မင်းအတွက် ပထမဆုံးဆိုတဲ့ အနမ်းက...
ကိုယ့်အတွက်လည်း ပထမဆုံးပါပဲ "
".................."
ကိုယ့်အတွက်လည်း ပထမဆုံးဆိုတာကို ပြောပြသော်လည်း သူမကတော့ ငြိမ်သက်နေဆဲပင်။
" ကိုယ့်အတွက် ပထမဆုံးသောအရာတွေကို မင်းနဲ့အတူ လုပ်ဖူးကြည့်တယ်။မင်းချစ်တဲ့ ကိုယ့်ကို
ခွင့်ပြုပေးမယ်မလား... ဟင် "
ညို့ငင်မူ့တွေပါသည့် အသံ၊အကြည့်တို့ဖြင့် မေးလာတော့... ဘယ်သူက ငြင်းပယ်နိုင်မှာတဲ့လဲ။ပြီးတော့ ကိုယ်ချစ်တဲ့သူက ခွင့်တောင်းနေတာ မဟုတ်လား...။
တခေတ် နူတ်ကနေ ဖြေဖို့ မရဲတာမို့...
ခေါင်းလေးကိုသာ ငြိမ့်ပြမိ၏။
" ဒါဆို ကိုယ် မင်း ကို နမ်းမယ်နော် "
" အင်း " ဆိုတဲ့ အဖြေစကားလေးကိုတောင် ဖြေခွင့်မရလိုက်။မွတ်သိမ့်သော အနမ်းတို့က တခေတ်၏ နူတ်ဖျားထက်ဆီ လေပြည်ရိုင်းသဖွယ်
တိုးဝေ့၍ နေရယူသွားလေသည်။
ဆန်းသစ်သော အရာ၏ ခံစားမူ့က လူကို လေဟာနယ်ထဲ ပို့ဆောင်လိုက်သလိုမို့...
တခေတ်သည် လက်ဖဝါးနှစ်ဖက်ကို ထမင်းစားကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး... မျက်လုံးအစုံကို မှိတ်ချလိုက်မိသည်။
တိတ်ဆိတ်နေတဲ့ ထမင်းစားခန်းအတွင်းဝယ်...
ပြင်းပြတဲ့ အသက်ရှူသံတို့က ကျယ်လောင်စွာ နေရာယူလာတဲ့ အချိန်... တခေတ် မျက်လုံးတွေက ဖျက်ခနဲ ပွင့်လာခဲ့သည်။ထမင်းစားပွဲကို ဆုပ်ကိုင်ထားသည့် လက်တစ်စုံက ရှေ့က ဦးလေးကြီး၏ ရင်ဘတ်ပေါ်မှာ ကို ရောက်သွားခဲ့သည်။
တိုက်, ရင်ဘတ်ကိုတွန်းလာတဲ့ လက်လေးတစ်စုံကြောင့်... ထိန်းချုပ်ဖို့ မေ့နေတဲ့ အနမ်းတွေကို
ရပ်စဲလိုက်ကာ... ရင်ဘတ်ထက်က လက်လေးတစ်စုံကို ပူးဆုပ်ကိုင်လိုက်ပြီး...
" ဘာဖြစ်လို့လဲ... "
" ဟို ဟို ထမင်းစားခန်းကြီးထဲမှာ တစ်ယောက်ယောက် ဝင်လာရင် မြင်သွားလိမ့်မယ် "
" အိမ်မှာ ကိုယ်နဲ့မင်းရယ်ပဲ ရှိတာ ဘယ်သူက
ဝင်လာမှာလဲ... "
ပြင်းရှသော အနမ်းတွေကို ရပ်တန့်စေချင်လို့...
ပြောလိုက်တာပေမယ့်... ဦးလေးကြီး စကားကြောင့် ဘာပြောရမှန်း မသိတော့သည်။
နီစွေစွေပန်းလေးတစ်ပွင့်လို မျက်နှာတပြင်လုံး
နီရဲကာ ရှက်သွေးဖြာနေတဲ့ သူမကို ထပ်ပြီး နမ်းရှိုက်ချင်သေးတာမို့...
" ကိုယ်တို့ နောက်တစ်ခါ ထပ်စရအောင် "
" ဟို ဟို... "
" ဘာလဲ... ထမင်းစားခန်းထဲမှာလို့ ပြောအုံးမလို့လား... "
မျက်ခုံးတစ်ဖက်ပင့်ကာ သူမကို စ၍ မေးလိုက်တော့... ပြန်ဖြေလာတာက လုံးဝကို ဆွံ့အသွားရ၏။
" မ မဟုတ်ဘူး။တခေတ်တို့နမ်းနေတာကို အိမ်စောင့်နတ်က အပေါ်ကနေ ကြည့်နေမှာပေါ့ "
ဗုဒ္ဓေါ။တိုက်,ကြားလိုက်ရတဲ့ စကားကြောင့် တစ်ကိုယ်လုံးပင် အေးစက်တောင့်တင်း သွားရ၏။
ရိုမန့်တစ်ဆန်နေချိန်မှာ သူမပြောလိုက်တဲ့
စကားကြောင့် မြန်နေတဲ့ ရင်ခုန်သံပင် ရပ်တန့်သွားသည်။ ဘယ်လိုတောင် ပေါက်ပေါက်ရှာရှာ တွေးနိုင်၊ပြောနိုင်လိုက်တာလဲ။
သူမစကားကြောင့် ဆက်နမ်းဖို့တောင်... ကိုယ့်
ခံစားချက်က ရောက်ယှက်ခက်သွားတော့သည်။
" တ တခေတ် ကို အိမ်စောင့်နတ်က ကြည့်နေမှာ။အာ အာ့ကြောင့် တခေတ်တို့ မနမ်းတော့ဘူးနော် "
တခေတ် ဦးလေးကြီးနဲ့ အခုထက်ပိုပြီး ရှေ့မဆက်မရဲတာမို့... အိမ်စောင့်နတ်ကို အကြောင်းပြ၍ မနမ်းဖို့ ပြောသော်...
" အိမ်စောင့်နတ်က ကြည့်နေရင်၊အိမ်စောင့်နတ်
မနိုင်တဲ့ နေရာသွားလိုက်ရင် ရပြီမလား... "
ဦးလေးကြီး စကားကြောင့် မျက်လုံးတောင် ပြူးသွားရသည်။
" အိမ် အိမ်စောင့်နတ် မကြည့်နိုင်တဲ့ နေရာရှိလို့လား.. "
" အင်း... ရှိတယ် "
" ဘယ်နေရာလဲ ဟင် "
" မေးမနေနဲ့ အခုပဲ သွားမှာ။ဟိုရောက်ရင် သိလိမ့်မယ် "
အဟင်း... ကောင်မလေး မင်းလည်တာလောက်က ကိုယ့်အတွက် အကင်းလေးပဲရှိတယ်ကွ။
တိုက်,ကိုယ့်ကို အိမ်စောင့်နတ်နဲ့ လူလည်ကျဖို့
လုပ်နေတဲ့ ကောင်မလေးကို ပွေ့ချီပြီး... ခြေလှမ်းကျဲတွေနှင့် ထမင်းစားခန်းကနေ ထွက်လာခဲ့လိုက်သည်။
" ဦးလေးကြီး ပြောတဲ့ အိမ်စောင့်နတ် မမြင်နိုင်တဲ့ နေရာက တခေတ်တို့ အိပ်ခန်းလား... "
ဦးလေးကြီး က အိပ်ခန်းရှေ့မှာ ရပ်လိုက်တာမို့ ...
တခေတ် မေးလိုက်တာပဲ ဖြစ်သည်။
" ဟုတ်တယ် ဒုန်း "
ခြေထောက်ဖြင့် တံခါးကို ကန်ပိတ်လိုက်တာမို့...
တံခါးပိတ်သွားတဲ့ အသံကကျယ်လောင်သလို...
တခေတ်၏ နှလုံးခုန်သံကလည်း ဒိန်းခနဲ ဖြစ်သွားရ၏။
ထိုအချိန်မှာ ဦးလေးကြီး ပြုံးလိုက်တာကို တခေတ် တွေ့လိုက်ရသည်။ ဦးလေးကြီးရဲ့ အပြုံးကလေ ဘယ်လို ပြောရမလဲ... လူယုတ်မာ အပြုံးလို့ ပြောရမည်။ထိုအပြုံးကို မြင်ပြီး... တခေတ်ကြောက်မိသွားသည်။ထိုအချိန်မှာပဲ တခေတ်ကျောပြင်က မွေ့ယာပေါ်ကိုကျရောက်သွားခဲ့သည်။
တိုက်, မွေ့ယာပေါ်က ထိတ်လန့်နေတဲ့ မျက်လုံးလေးတွေနဲ့ သူမကို အပေါ်ကနေ စီးမိုး၍ ကြည့်ကာ...
" အခု အိမ်စောင့်နတ် ကြည့်လို့မရတော့ဘူး။ဘယ်သူ့မှလည်း ကြည့်လို့ မရတော့တဲ့ အလုံခြုံဆုံးနေရာကို ရောက်နေပြီ။အဲ့ဒါကြောင့် ကိုယ့်ဘက်က မစခင်၊မင်းဘက်က အကြောင်းပြချက်တွေ ပေးချင်သေးရင် ရတယ်။ပြော... "
ဦးလေးကြီး က တခေတ်စိတ်ကိုဖတ်တတ်သည်အလား... ပြောလာတော့ မျက်နှာပင် ပါသွားရသည်။အခုလို အနေအထားနဲ့ နှစ်ယောက်တည်းဆိုတဲ့ အသိက တခေတ်ရဲ့ ရင်ခုန်သံကို စည်းချက်တွေ မှားယွင်းစေတော့သည်။
ရှက်ရွံ့မူ့နဲ့အတူ ပြောဖို့ စကားအစရှာမရဖြစ်နေရတဲ့ တခေတ်။
တိုက်, ဘာမှမမပြောဘဲ သူ့ကိုအကြည့်လွဲထားတဲ့
သူမထံ ခေါင်းကိုငုံ့ပြီး မျက်နှာကို သူမ လည်တိုင်ကြားဆီ တိုးဝင်သွားလိုက်သည်။
သင်းပျံ့တဲ့ ကိုယ်သင်းရနံ့လေးရယ်၊ပိုးသားပမာနူးညံ့တဲ့ သူမ၏ အသားအရည်တို့က တိုက်ကိုရူးသွပ်စေ၏။
စာချုပ်ဖြင့် လက်ထပ်ထားတဲ့ သူမအတွက် ကိုယ်က ပထမဆုံးဖြစ်ရတာမို့... ရင်ခုန်ကြည်နူးရသလို... ကိုယ့်အတွက် သူမကလည်း ပထမဆုံးမို့ကျေနပ်မိ၏။
ကိုယ့်ကို သူမ က တုံ့ပြန်မူ့တွေ ပေးလာတဲ့ အခါ...
အသိစိတ်တို့က ထိန်းချုပ်မူ့မဲ့သွားလေ၏။
အဆုံးမဲ့သော အချစ်တို့ဖြင့် ဒီညကို အလှဆုံးဖြစ်အောင် ပုံဖော်ပစ်မိသည်။
သူမ၏ ရူးလောက်ဖွယ် အလှတရားတွေက...
လသာသော ည၏ အလှတရားထက် ပိုလှပါသည်။
အထိန်းအကွပ်မဲ့နေသော ကိုယ်နဲ့အတူ...
လိုက်ပါစီးမြောပြီး ရင်ခုန်သံခြင်း ထပ်တူကျစေခဲ့တဲ့ သူမ ကို ချစ်မဝနိုင်သလို... မြတ်နိုးလို့လည်း
မဝနိုင်ပါ။
သူမက ကိုယ့်အပိုင်ဆိုတာကို မနက်ကျရင်လည်း
သူမကို သိစေဖို့ရာ... များစွာသော အမှတ်အသားတွေကို စွဲထင်ကျန်နေအောင် ပြုလုပ်ထားသေးသည်။
အနမ်းပွင့်ပေါင်းများစွာကို ဖန်တီးနေချိန်...
တစ်ချက် တစ်ချက် သူမနူတ်ဖျားဆီကနေ ထွက်လာတဲ့ ဆည်းလည်းသံလေးတွေက... တိုက်,ကို
အဆုံးမဲ ရူးသွပ်သွားစေခဲ့သည်။အတိုချုံ့ပြီး ပြောရရင်၊ဒီညက တိုက်,အတွက် အလှဆုံးသော
ညလေးတစ်ညပါပေ။
..............ဂရုထဲ Share ပေးသွားနော်
#ကိုးအမရာမောင်
ချိုထားပါတယ်။ချိုရတာက မျက်နှာလည်း ပူပါရတယ်။တကယ်ပါ။ချိုရတာက အရမ်းခက်တယ်
မျက်နှာပူရလို့😔
                                 or
                       ဦးရဲ့.... ချာတိတ် 
                           အခန်း   (၂၆)
.
" မကြည့်ရဘူးလား... "
" အင်း... မကြည့်နဲ့ "
" ဘာလို့လဲ... "
ကြည့်နေချင်တာ "
သွားနားလိုက်ပါ "
" ဒါဆို မင်း ဆေးပါ။ကိုယ် မကူတော့ဘူး "
" အင်း... "
" ဦး  ဦးလေးကြီး "
" ခွမ်း... "
" အင်း... ကိုယ်သိတယ် "
" အဲ့တော့... "
" ................ "
" အဟင်း "
သက်မဲ့အရုပ်လေးပမာ။
".................."
" ဘာဖြစ်လို့လဲ... "
ဝင်လာမှာလဲ... "
" ဟို ဟို... "
" အင်း... ရှိတယ် "
" ဘယ်နေရာလဲ ဟင် "
" ဟုတ်တယ် ဒုန်း "
မဝနိုင်ပါ။
ညလေးတစ်ညပါပေ။
#ကိုးအမရာမောင်
မျက်နှာပူရလို့😔
Lanjutkan Membaca
Kamu Akan Menyukai Ini
414K 37.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
320K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
809K 57K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)