မှိုင်းဟန်မြခေတ် {Hiatus}

By _JANE_PESNO_

24.2K 804 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅

အပိုင်း - ၈

527 14 9
By _JANE_PESNO_

#Unicode

ကြမ်းပြင်မှမျက်နှာကြက်အထိ ရှည်လျားသည့် ပြတင်းပေါက်အနား၌ အပြင်ဘက်တွင်ရှိသည့်မြင်ကွင်းကို စိတ်မပါစွာ ငုံ့ကြည့်နေသည့် လူတစ်ယောက်ရှိသည်။ထိုလူ၏ခပ်သွယ်သွယ် လက်ထဲတွင်တော့ အဝါဘက်သို့ အနည်းငယ်သန်းသည့် ရှန်ပိန်ပါသည့် ခွက်ရှည်တစ်ခွက်ကို ကိုင်ဆောင်ထားကာ ထိုလူသည် အနှီခွက်ရှည်ကို ပျင်းရိစွာဖြင့် စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားနေ၏။

‌ထိုအချိန်တွင် အနောက်ရှိအခန်းတံခါးမှာ ပွင့်လာပြီး ခြေသံတစ်ခုက ထိုလူ၏အနားသို့ ချဉ်းကပ်လာလေသည်။ခြေသံက နောက်ကျောဘက်သို့ ရောက်လာသည်နှင့် ထိုလူ၏နှုတ်ခမ်းတစ်စုံက ကော့ညွတ်သွားပြီး ရှည်လျားသည့် သူ၏ရွှေအိုရောင်ဆံပင်ရှည်များကို ဘယ်ဘက်သို့ တစ်စုတည်း ရွှေ့လိုက်ကာ လည်ပင်းကိုလည်း ဘယ်ဘက်သို့ စောင်းပေးလာသည်။

ထိုအခါ ပြန်လည်ရရှိလိုက်သည်က သူ၏ဖြူ‌ဖွေးဖွေး လည်ပင်းသားပေါ်သို့ ကျရောက်လာသည့် အိစက်စက် ပျော့ပျောင်းသည့် နှုတ်ခမ်းသားများဖြစ်၏။လည်ပင်းကို တစ်ချက်ဖိကာ နမ်းပြီးနောက် အနောက်ရှိလူက ထိုလူ၏ခါးသိမ်သိမ်လေးကို လက်တစ်ဖက်တည်းနှင့် ဖက်လိုက်ပြီး နောက်တစ်ဖက်က ရှန်ပိန်ခွက်ကို ကိုင်ထားသည့် လက်ပေါ်မှထပ်ကိုင်၍ တစ်ငုံသောက်လာသည်။

"Nice Champagne"

နားအနားကပ်ကာ ဩရှရှပြောလာသည့် အသံက သံလိုက်ဓာတ်များပါနေ‌သယောင် ဆွဲဆောင်မှုပြင်းလွန်းလှ၏။ထို့နောက် လည်ပင်းသားကို ထိတွေ့ထားသည့်နှုတ်ခမ်းက အားမရသေးဟန်ဖြင့် အရှေ့ရှိလူ၏နားကိုပါ ဖွဖွကိုက်ပြီး ထပ်မံနယ်ချဲ့လာသည်။

"Elio.."ဟု ‌အရှေ့မှလူ၏ တိုးညင်းသော အသံထွက်ပေါ်လာသည်နှင့် အနောက်ရှိလူ၏ မဟူရာမျက်လုံးများက အရောင်ပိုနက်သွားကာ လက်ပေါ်ထပ်ကိုင်ထားသည့် လက်ကိုလွှတ်ပြီး အရှေ့ရှိလူ၏ပါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဖျစ်ညှစ်ရင်း သူရှိရာ အနောက်ဘက်သို့ ဆွဲလှည့်ပစ်လိုက်၏။

အရှေ့ရှိလူမှာလည်း ထိုလူ၏မျက်ဝန်းထဲရှိ အကြည့်ကို နားလည်သွားကာ သူ စကားမှားသွားကြောင်း သိလိုက်သည်။ထို့ကြောင့် ပြန်ပြင်ရန်ကြံလိုက်သော်ငြား အေးစက်စက်အသံက သူ့ထံသို့ တိုက်ရိုက်ဦးတည်လာတော့၏။

"ကိုယ် ဘာပြောထားလဲ?..ကိုယ့်စကားကို အရေးမလုပ်တာလား?"

စကားဆုံးသည်နှင့် ပါးနှစ်ဖက်ကို ညှစ်ထားသည့်လက်က ပိုမိုအားများလာကာ အခန်းထဲတွင်လည်း leatherနံ့ ခပ်ပြင်းပြင်းက သိပ်သည်းစွာ ထွက်ပေါ်လာတော့သည်။အရှေ့ရှိလူက နှာခေါင်းဝသို့ ရောက်ရှိလာသည့် ထိုအနံ့ကြောင့် မသိမသာလေး နှာခေါင်းရှုံ့လိုက်ပြီး သူ၏ကိုယ်ပိုင်အနံ့ဖြစ်သော Oudသစ်မွှေးနံ့ကို အပြိုင်ထုတ်လွှတ်လိုက်လေသည်။

ထိုအခါ ပါးကိုညှစ်ထားသည့် အနောက်ရှိလူ၏လက်များက အနည်းငယ် အားလျော့သွားပြီး နဂိုက ဒေါသအနည်းငယ်ကြောင့် အရောင်တောက်နေသည့် မျက်ဝန်းများမှာ ချစ်စိတ်ဖြင့် ပြောင်းလဲတောက်ပသွားတော့သည်။

"ကိုကို..ကျွန်တော် မှားသွားပါတယ်..ကိုကို့စကားကို အရေးမလုပ်တာမဟုတ်ပါဘူး"လို့ အရှေ့ကလူက သူ၏မျက်လုံးစိမ်းများဖြင့် ညို့ငင်ကာ ပြောလာတော့ ထိုလူ၏ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းပါးက ပြုံးယောင်သန်းသွား၏။

ထိုလူက ပါးကို ဖျစ်ညှစ်ထားသည့်လက်ကို လွှတ်လိုက်ပြီး မျက်လုံးစိမ်းနှင့်လူကို ခါးမှမြှောက်ချီလိုက်ကာ အခန်းထဲရှိ ဆိုဖာပေါ်သို့ ချီလျက်နှင့်ထိုင်ချလိုက်သည်။ထိုအခါ ခါးကို အဖက်ခံထားရသည့်လူက ထိုလူ၏ပေါင်ပေါ်၌ ထိုင်နေသလိုဖြစ်သွားတော့၏။ပေါင်ပေါ်ရှိလူက သူ၏ခါးကိုဖက်ထားသူနှင့် အကြည့်ချင်းမပြတ်စေရဘဲ လက်ထဲရှိ ရှန်ပိန်ခွက်ကို နောက်ကျောဘက်ရှိစားပွဲပေါ်သို့ လက်နောက်ပြန်ချလိုက်သည်။ထို့နောက် ထိုလူ၏လည်ပင်းကို အပြုံးတစ်ခုဖြင့် သိုင်းဖက်လိုက်ပြီး ပြုံးချင်နေသည့်နှုတ်ခမ်းဆီသို့ တစ်ချက်ဖိကာ အနမ်းပေးလေသည်။

"အဆိုးလေး..အပြစ်ပေးခံချင်နေပုံပဲ"

အနမ်းခံလိုက်ရသူက အချစ်များပြည့်နေသည့် သူ၏မျက်ဝန်းနက်နက်တို့ဖြင့် ပေါင်ပေါ်ရှိကောင်လေးကို မော့ကြည့်လာပြီး ညာဘက်လက်ဖြင့် ထိုကောင်လေး၏ပါးကို အုပ်ကိုင်လာကာ သူနှင့်မျက်နှာချင်း နီးကပ်စေရန် ညင်သာစွာ အောက်ကိုဆွဲချလိုက်သည်။

"ကိုကို့သဘောလေ..လုပ်ချင်တာသာလုပ်လိုက်"

မျက်ခုံးတစ်ဖက်ပင့်ပြီး စိန်ခေါ်သလို ပြန်ပြောလာသော သူ၏ချစ်ရသူကြောင့် ညဉ့်မဲ့လရောင်၏ပြုံးချင်နေသော နှုတ်ခမ်းမှာ အပြည့်အဝ ပြုံးသွားရတော့သည်။

"မင်းလေးက တောင်းဆိုတော့လဲ..ဖြည့်တင်းပေးရတော့မှာပေါ့..ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"လို့ ပြန်ဖြေလိုက်ရင်း သူနှင့်မျက်နှာချင်းဆိုင်ဖြစ်နေသော Pesnoကို ဘေးတစောင်း အနေအထား ပြောင်းလိုက်ပြီး တစ်ကိုယ်လုံးကို နေရာလွတ်မရှိသည်အထိ ညဉ့်မဲ့လရောင် ဖက်ပစ်လိုက်သည်။

ထို့နောက် Pesno၏မျက်နှာနှင့် လည်ပင်းကြားသို့ ပါးအပ်ကာ ဘေးတစောင်း မြင်နေရသည့် အချိုးကျကျ မျက်နှာလေးကို ငေးကြည့်နေလိုက်သည်။

"ဘာကူညီပေးရဦးမလဲ?.."

သူ၏အပြုအမူများကို အသေးစိတ် လိုက်ကြည့်နေပြီးမှ ထွက်ပေါ်လာသော ထိုစကားလေးကြောင့် ညဉ့်မဲ့လရောင်၏အပြုံးတို့က ဖုံးဖိမရစွာ ဖြစ်တည်လာရ၏။သူ့ထက် ၇နှစ်ငယ်သည့် ထိုကလေးက သူ့သဘောနှင့်သူ ဘယ်သောအခါကမှ စိတ်လိုက်မာန်ပါလုပ်ခြင်းမျိုးမရှိကာ သူ၏အမြင်ကို အမြဲနားထောင်လေ့ရှိသည်။

ထို့အပြင် 'ဘာကူညီပေးရဦးမလဲ'ဆိုသည့် နွေးနွေးထွေးထွေး စကားတစ်ခွန်းကို အမြဲပြော‌၍ သူ့ဘက်က အကူအညီမတောင်းပါက သူ၏ဆုံးဖြတ်ချက်ကို လေးစားပြီး မည်သည့်ကိစ္စကိုမဆို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ဤကဲ့သို့သော အပြုအမူများပိုင်ဆိုင်ပြီး ငယ်ရွယ်သေးသည့်အချိန်မှာပင် လူကြီးတစ်ယောက်လို တွေးခေါ်ကြံဆတတ်သည့် ထိုကလေးက သူ့အတွက်တော့ ချစ်မဝလေးပင်။

ထပ်ပေါင်းအချက်အနေဖြင့် 'ဘာကူညီပေးရဦးမလဲ'ဟူသည့်စကားက ထိုကလေး၏ပထမဆုံး သင်ယူခဲ့သည့် ဗမာစကားဖြစ်သည်ကို ရုတ်တရက် အမှတ်ရသွားမိသည့်အခိုက်၊ ညဉ့်မဲ့လရောင်သည် အသံခပ်တိုးတိုးဖြင့် သဘောတကျ အသာရယ်လိုက်မိလေသည်။

"ဒီအတိုင်း..အနားမှာရှိနေပေးရင် လုံလောက်ပြီ"

စကားအဆုံး၌ Pesno၏ခေါင်းလေးက သူ၏ခေါင်းပေါ်သို့ အသာအယာ ကျရောက်လာသည်ကို ခံစားလိုက်ရကာ လက်လေးမှာလည်း သူဖက်ထားသည့် လက်ပေါ်သို့ထပ်ပြီး ဖြည်းဖြည်းချင်း ဖွဖွလေး ပုတ်ပေးနေလေသည်။၂ပတ်တိတိ မအိပ်ရသေးသည့်အပြင် သူယုံကြည်ရသည့် ချစ်ရသူက အနားတွင် ရှိနေသည်ဆိုသည့်အသိကြောင့် ညဉ့်မဲ့လရောင်၏မျက်လုံးများမှာ ဖြည်းညင်းစွာ မှိတ်ကျလာတော့၏။သူ၏အသိအာရုံများ ပျောက်သွားတော့မည့်အချိန်၌ သူ၏အကြားအာရုံထဲသို့ လုံခြုံမှုပေးစွမ်းနိုင်သည့် အသံလေးတစ်သံက ပျံ့နှံ့လာ‌လေသည်။

"ကိုကို့မှာ..ကျွန်တော်ရှိတယ်"

ထိုစကားကြောင့် ညဉ့်မဲ့လရောင်မှာ နှစ်ဆပိုစိတ်ချသွားဟန်ဖြင့် ပြုံးသွားပြီး အသက်ရှူသံပုံမှန်ဖြင့် Pesno၏ပခုံးထက်၌ အိပ်ပျော်သွားတော့သည်။သူ့ပခုံးပေါ်ရှိလူထံမှ လှုပ်ရှားမှုများ ရပ်တန့်သွားပြီဆိုခါမှ မိမိ၏ခေါင်းကို ပြန်မတ်လိုက်ပြီး သူ့ကို ဖက်ထားသည့်လက်များကို Pesno ဖြည်းဖြည်းချင်း ဖြေချလိုက်သည်။နိုးမသွားစေရန် ပေါင်ပေါ်မှ သတိထား၍ ထလိုက်ပြီးနောက် ညဉ့်မဲ့လရောင်၏ခေါင်းကို ဆိုဖာပေါ်သို့ ဂရုတစိုက် တင်ပေးလိုက်၏။

အေးချမ်းစွာ အိပ်ပျော်နေသော ညဉ့်မဲ့လရောင်ကိုကြည့်ရင်း Pesno အလိုလိုပြုံးလိုက်မိကာ ခန္ဓာကိုယ်ကိုကိုင်းပြီး နဖူးပေါ်ကျနေသော နက်မှောင်လှသည့် ဆံသားများကို ဖွဖွလေး သပ်တင်ပေးလိုက်သည်။ဆိုဖာပေါ် အိပ်ခိုင်းလိုက်လျှင်လည်း ကုပ်နာသွားမည်စိုးတာကြောင့် Pesnoသည် ညဉ့်မဲ့လရောင်ကို ဒူးအောက်လက်လျှို၍ အသာပွေ့ချီလိုက်ကာ ကုတင်ဆီသို့ ခေါ်လာခဲ့သည်။ချီလိုက်သည့်အချိန်၌ အလေးချိန် သိသိသာသာ လျော့သွားသော ထိုလူကြီးကြောင့် Pesno၏ရွှေအိုရောင်မျက်ခုံးတို့မှာ ဘဝင်မကျသည့်အလား တွန့်ချိုးကုန်၏။

ကြည့်ရသည်မှာ အလုပ်တွေကို နေ့ညမနား ဆက်တိုက် လုပ်နေပြန်ပုံပေါ်သည်။ပြန်နိုးလာခါမှ အားဆေးများရော၊အာဟာရပြည့်မည့်အစားအသောက်များပါ အများကြီး ကျွေးပစ်မည်ဟု Pesno စိတ်ထဲတေးထားလိုက်သည်။

ကုတင်ပေါ်ချပေးလိုက်ပြီး စောင်ခြုံပေးလိုက်တော့ 'အင်း'ဟူသည့် ညည်းညူသံနှင့်အတူ ညဉ့်မဲ့လရောင်၏မျက်ခုံးများမှာ စတင်ကျုံ့လာ၏။ရင်ဘတ်ပေါ်တင်ထားသည့် လက်ကလည်း တစ်စုံတစ်ခုကို လိုက်ရှာနေသယောင် ဆုပ်လိုက်ဖြန့်လိုက်လုပ်နေ‌ကာ ထိုအရာကိုမတွေ့ရသဖြင့် အလွန်ပင် စိုးရိမ်ပူပန်နေပုံပင်။

Pesnoသည် ထိုမြင်ကွင်းကို အသားကျနေသည့်အလား တုံ့ဆိုင်းခြင်းမရှိဘဲ ညဉ့်မဲ့လရောင်၏လက်အတွင်းသို့ သူ၏လက်ကို ထည့်ပေးလိုက်၏။ထို့အတူ ကိုယ်ပိုင်pheromoneများကို အခန်းအတွင်းသာမက ညဉ့်မဲ့လရောင်၏ကိုယ်ပေါ်သို့ပါ ပျံ့သွားစေလိုက်သည်။

ထို့နောက် ထိလုမတတ် တွန့်ချိုးနေသော ထိုမျက်ခုံးနှစ်ခုကြားသို့ ညင်ညင်သာသာ နမ်းလိုက်ပြီး ကိုင်ထားသည့်လက်ကို သူ၏ပါးပေါ်အပ်လိုက်၏။ပြီးနောက် ထိုလူကြီးကို ချစ်မြတ်နိုးသည့် အကြည့်များဖြင့် ဘေးနားတွင်ထိုင်ကာ စောင့်ရှောက်ပေးနေ‌လိုက်သည်။

ကုတင်ပေါ်ရှိ ညဉ့်မဲ့လရောင်မှာလည်း သူ၏လက်ထဲရှိလက်ကို လွတ်သွားမည်စိုးဟန်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး စိတ်အေးသွားသည့်ဟန် မျက်ခုံးများမှာ ပြန်လည်ပြေလျော့သွားလေသည်။
_________________________________________

ကြီးကျယ်ခမ်းနားလှသော အဆောင်အယောင်များနှင့် မျက်စိကျိန်းလောက်စရာ တဖိတ်ဖိတ်‌ တောက်ပနေသော၊ နန်းတော်တစ်ခုသဖွယ် ဆောက်လုပ်ထားသည့် အိမ်တော်ကြီးထဲ၌ ထိုဟိတ်ဟန်များနှင့်ခြားနားစွာ လေထုမှာ အုံ့မှိုင်းနေလျက်ရှိသည်။

ဧည့်ခန်းဟုထင်ရသည့် အခန်းတစ်ခု၌ အချက်အလက်များကို စစ်ဆေးနေသည့်လူမှလွဲလျှင် ကျန်သည့်လူများ၏မျက်နှာများ၌ ကြောက်ရွံ့နေမှုများ အထင်းသားပေါ်နေ၏။

စာရွက်လှန်နေသံများ ရပ်တန့်ပြီးနောက် လက်ထဲရှိ စာရွက်စာတမ်းများကို အရှေ့ရှိစားပွဲခုံ‌ပေါ်ပစ်ချပြီး ထိုစစ်ဆေးနေခဲ့သည့်လူက အနိမ့်အကျပုံမှန်ဖြင့် တည်ငြိမ်စွာ ပြောလာသည်။

"အဲ့တော့..ရှာမတွေ့ဘူးဆိုပါတော့"

ထိုစကားကြောင့် မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသောလူများက တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် အယောင်ယောင်အမှားမှား တံတွေးမျိုချလိုက်သည်မှာ သေရတော့မည်ကို ကြိုတင်သိရှိနေသည့် သတ္တဝါများနှင့်ပင် အသွင်တူလှသည်။

"ဘယ်လိုပြန်ပေးမယ်..စိတ်ကူးထားလဲ?"

ခုံလက်ရမ်းအား လက်ချောင်းများဖြင့် စည်းချက်မှန်မှန် ခေါက်ရင်း မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည့်စကားမှာ အမေးတစ်ခုဟု ထင်နိုင်ဖွယ်ရှိသော်လည်း ဘာကိုပြန်ယူမည်ဟု တိတိကျကျ ဆုံးဖြတ်ထားပုံပေါ်သည်။

"ကျွန်..ကျွန်တော်တို့ရဲ့..ပေါ့ဆမှုတွေပါ!!..ခွင့်လွှတ်ပေးပါ!"လို့ ထိုလူများထဲမှတစ်ယောက်က အရဲစွန့်ပြီး ပြောလာချိန်မှာတော့ အရှေ့ရှိလူ၏မျက်နှာမှာ အနည်းငယ် ပြုံးယောင်သန်းသွားဟန်ရှိသည်။

ထို့နောက် တုံ့ဆိုင်းမနေဘဲ ဘေးတွင်ချထားသည့် သေနတ်ကို ကောက်ယူလိုက်ပြီး ပြောသည့်လူ၏ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်လေသည်။နီးကပ်နေသည့် အကွာအဝေးကြောင့် ကျည်ဆန်မှာ ထိုလူ၏ခန္ဓာကိုယ်ပါမက ထိုင်နေသော မာကျောသည့်ထိုင်ခုံကိုပင် အပေါက်တစ်ခု ဖြစ်ပေါ်စေ၏။

ကျန်သည့်လူများမှာလည်း ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တုန်တက်သွားကြပြီး ခန္ဓာကိုယ်များမှာလည်း သိသိသာသာ ပိုမိုတုန်ယင်လာကြသည်။သူတို့သည် အတူတူထိုင်နေကြခြင်းဖြစ်တာကြောင့် ခုနကမှ လောလောလတ်လတ် အသတ်ခံလိုက်ရသောလူထံမှ သွေးများက သူတို့ဆီသို့ စီးဆင်းလာကာ ဘောင်းဘီများကို စိုနေစေပြီဖြစ်၏။

လက်ထဲရှိသေနတ်အား စားပွဲပေါ်ပစ်တင်ရင်း နားထင်ကိုလက်ထောက်ကာ အရှေ့ရှိလူက ပြောလာသည်။

"အသုံးမဝင်တဲ့..စကားတွေပြောမနေဘဲ..ရှေ့တည့်တည့်ကို ယူလာပေးရင်..ပိုမကောင်းဘူးလား?"

ထိုအခါ အပြိုင်အဆိုင် တုန်ယင်နေကြသော လူတစ်စုသည် ခေါင်းများပြုတ်ထွက်မတတ် ပုတ်သင်ညိုများလို အဆက်မပြတ် ခေါင်းညိတ်ပြလာကြသည်။အရှေ့ရှိလူသည် ထိုပုံစံကြောင့် ပြုံးလိုက်ပြီး အပေါက်ဝဘက်ကို ကြွပါဟူသည့် လက်ပုံစံလုပ်ပြလိုက်၏။

ထိုလူများမှာလည်း အစောကြီးကတည်းက ပြန်ချင်နေကြတာဖြစ်တာကြောင့် နှစ်ခါလုပ်ပြစရာမလိုဘဲ ချက်ချင်းထလာကြကာ အရိုအသေပေးပြီး အပြင်ကို မပြေးရုံတမယ် ထွက်သွားကြတော့သည်။မကြာလိုက်၊အပြင်ဘက်မှ ဆက်တိုက် ထွက်ပေါ်လာသော သေနတ်သံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံများက အနောက်မှ ထက်ကြပ်မကွာ လိုက်ပါလာလေသည်။

ဝတ်ဆင်ထားသော ဆွယ်တာအင်္ကျီအနက်ရောင်ကို ပုံစံကျအောင် ပြန်ပြင်ရင်း ထိုအသံများမှာ သူ့အတွက်တော့ တေးဂီတတစ်ခုကို ကြားနေရသလို ထိုလူက မျက်နှာပေါ်၌ အပြုံးအကြီးကြီး ဖြစ်တည်ထား၏။ထို့နောက် အသံများက ရပ်စဲသွားကာ ထိုလူ့ဘေးနားသို့ အပြင်အဝတ်နှင့်လူတစ်ယောက် ရောက်ရှိလာသည်။

"တည်နေရာပျောက်သွားပါပြီ"

ခုနကအထိ အပြုံးရှိနေသေးသောလူသည် ထိုစကားကို ကြားပြီးသောအခါ ခုနက ပြုံးနေသည့်လူမှာ သူမဟုတ်သလို ရုတ်ခြည်း တည်တံ့သွား၏။ထိုင်ခုံနောက်ကို ကျောပြန်မှီလိုက်ရင်း ‌ဘယ်ဘယ်ခြေပေါ်သို့ ညာဘက်ချိတ်တင်လိုက်ပြီးနောက် ထိုလူက အေးစက်သည့်လေသံဖြင့် ပြောလာသည်။

"အတိအကျဆက်ပြော.."

"မနေ့ညကအထိ..ကျွန်တော်တို့ သူနဲ့..အဆက်အသွယ်ရပါသေးတယ်..၊ခဏနေရင် ရှင်းလိုက်တော့မယ်ဆိုတဲ့..စကားပြောပြီး ဘယ်လောက်မှ မကြာဘဲ..ရေဒါကနေ ပျောက်သွားခဲ့တာပါ"

အသေအချာ အာရုံစိုက်နားထောင်နေပြီးနောက် ခဏအကြာတွင် ထိုလူက သတင်းလာတင်ပို့သောလူကို ကြောက်ရွံ့တုန်လှုပ်စေသောအကြည့်ဖြင့် မော့ကြည့်လာသည်။သတင်းလာပို့သူမှာလည်း ထိုအကြည့်ကြောင့် ခြေမခိုင်တော့သလိုခံစားရကာ အားတင်းဟန် လက်သီးကို‌ ဆုပ်လိုက်မိလေသည်။

"မီးစလေးကရော?"

သတင်းလာပို့သူမှာ 'မီးစလေး'ဆိုသည့်အရာကို ကြောင်အသွားခြင်းမရှိဘဲ တည်ငြိမ်အောင်ကြိုးစား၍ အဖြေပြန်ပေးလာသည်။

"ဟိုဘက်အပန်းဖြေအိမ်ကို ရောက်ရောက်ချင်း..ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တာပါ၊သေသလား..ရှင်သလား မသိရပါဘူး"

ဒေါသထွက်စွာ ခေါက်လိုက်သော တောက်ခေါက်သံသည် ဧည့်ခန်းထဲ၌ ခြောက်ခြားဖွယ် ပျံ့နှံ့သွားပြီး လေးလံလှသော ကျွန်းစားပွဲခုံကြီးမှာ အားပြင်းလှသော အင်အားအောက်တွင် ဆွဲလှန်မှောက်ခြင်းကို ခံလိုက်ရသည်။ပန်းအိုးများကွဲကြေသံနှင့် ပစ္စည်းများကို လွှင့်ပစ်လိုက်သည့်အသံက ဆူညံစွာ ထွက်ပေါ်လာပြီးနောက် ဧည့်ခန်းသည် တစ်ဖန် တိတ်ဆိတ်သွားပြန်၏။

"ပြန်ရှာ..အခုချက်ချင်း ပြန်ရှာ!..အသေရရ..အရှင်ရရ မီးစလေးက..ငါ့ရှေ့ကို ပြန်ရောက်လာရမယ်!.."

အလျင်အမြန် နိမ့်ချည်မြင့်ချည် လှုပ်ရှားလျက်ရှိသော ရင်ဘတ်၊ပြင်းထန်စွာ ထုတ်လွှတ်နေသော အသက်ရှူသံနှင့် အသက်ရှူကျပ်ဖွယ်ရာ နှင်းဆီနီ၏ရနံ့မှာ ဒေါသနှင့်ထပ်တူညီစွာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး သတင်းလာပို့သူမှာ ၎င်းအရှိန်အဝါကြောင့် ဒူးထောက်ကျသွားလေသည်။သို့ရာတွင် အမြန်အားတင်း၍ ထလိုက်ပြီး အဖြေပင် ပြန်မ‌ဖြေနိုင်ဘဲ ဧည့်ခန်းထဲမှ အမြန်ပြေးထွက်သွားတော့သည်။

အံကြိတ်ထားရင်းဖြင့် အတ္တဝါဒီ ဒေါသကို အလွန်အမင်း ဖိနှိပ်ထားရသည်။အသေဆိုလျှင် အသေ၊အရှင်ဆိုလျှင်အရှင် သူပြန်ရမှဖြစ်မည်။မီးစလေး သူ့လက်အောက်ကနေ လွတ်မြောက်သွားသည်က လုံးဝမဖြစ်ရမည့်ကိစ္စပင်။

'မီးစလေး..မင်း ကိုယ့်ဆီကို..သေချာပေါက် ပြန်လာရမယ်!'

JANE  JANE
_________________________________________

#Zawgyi

ၾကမ္းျပင္မွမ်က္ႏွာၾကက္အထိ ရွည္လ်ားသည့္ ျပတင္းေပါက္အနား၌ အျပင္ဘက္တြင္ရွိသည့္ျမင္ကြင္းကို စိတ္မပါစြာ ငုံ႕ၾကည့္ေနသည့္ လူတစ္ေယာက္ရွိသည္။ထိုလူ၏ခပ္သြယ္သြယ္ လက္ထဲတြင္ေတာ့ အဝါဘက္သို႔ အနည္းငယ္သန္းသည့္ ရွန္ပိန္ပါသည့္ ခြက္ရွည္တစ္ခြက္ကို ကိုင္ေဆာင္ထားကာ ထိုလူသည္ အႏွီခြက္ရွည္ကို ပ်င္းရိစြာျဖင့္ စက္ဝိုင္းသ႑ာန္ လႈပ္ရွားေန၏။

‌ထိုအခ်ိန္တြင္ အေနာက္ရွိအခန္းတံခါးမွာ ပြင့္လာၿပီး ေျခသံတစ္ခုက ထိုလူ၏အနားသို႔ ခ်ဥ္းကပ္လာေလသည္။ေျခသံက ေနာက္ေက်ာဘက္သို႔ ေရာက္လာသည္ႏွင့္ ထိုလူ၏ႏႈတ္ခမ္းတစ္စုံက ေကာ့ၫြတ္သြားၿပီး ရွည္လ်ားသည့္ သူ၏ေ႐ႊအိုေရာင္ဆံပင္ရွည္မ်ားကို ဘယ္ဘက္သို႔ တစ္စုတည္း ေ႐ႊ႕လိုက္ကာ လည္ပင္းကိုလည္း ဘယ္ဘက္သို႔ ေစာင္းေပးလာသည္။

ထိုအခါ ျပန္လည္ရရွိလိုက္သည္က သူ၏ျဖဴ‌ေဖြးေဖြး လည္ပင္းသားေပၚသို႔ က်ေရာက္လာသည့္ အိစက္စက္ ေပ်ာ့ေပ်ာင္းသည့္ ႏႈတ္ခမ္းသားမ်ားျဖစ္၏။လည္ပင္းကို တစ္ခ်က္ဖိကာ နမ္းၿပီးေနာက္ အေနာက္ရွိလူက ထိုလူ၏ခါးသိမ္သိမ္ေလးကို လက္တစ္ဖက္တည္းႏွင့္ ဖက္လိုက္ၿပီး ေနာက္တစ္ဖက္က ရွန္ပိန္ခြက္ကို ကိုင္ထားသည့္ လက္ေပၚမွထပ္ကိုင္၍ တစ္ငုံေသာက္လာသည္။

"Nice Champagne"

နားအနားကပ္ကာ ဩရွရွေျပာလာသည့္ အသံက သံလိုက္ဓာတ္မ်ားပါေန‌သေယာင္ ဆြဲေဆာင္မႈျပင္းလြန္းလွ၏။ထို႔ေနာက္ လည္ပင္းသားကို ထိေတြ႕ထားသည့္ႏႈတ္ခမ္းက အားမရေသးဟန္ျဖင့္ အေရွ႕ရွိလူ၏နားကိုပါ ဖြဖြကိုက္ၿပီး ထပ္မံနယ္ခ်ဲ့လာသည္။

"Elio.."ဟု ‌အေရွ႕မွလူ၏ တိုးညင္းေသာ အသံထြက္ေပၚလာသည္ႏွင့္ အေနာက္ရွိလူ၏ မဟူရာမ်က္လုံးမ်ားက အေရာင္ပိုနက္သြားကာ လက္ေပၚထပ္ကိုင္ထားသည့္ လက္ကိုလႊတ္ၿပီး အေရွ႕ရွိလူ၏ပါးႏွစ္ဖက္ကို ခပ္ၾကမ္းၾကမ္း ဖ်စ္ညွစ္ရင္း သူရွိရာ အေနာက္ဘက္သို႔ ဆြဲလွည့္ပစ္လိုက္၏။

အေရွ႕ရွိလူမွာလည္း ထိုလူ၏မ်က္ဝန္းထဲရွိ အၾကည့္ကို နားလည္သြားကာ သူ စကားမွားသြားေၾကာင္း သိလိုက္သည္။ထို႔ေၾကာင့္ ျပန္ျပင္ရန္ႀကံလိုက္ေသာ္ျငား ေအးစက္စက္အသံက သူ႕ထံသို႔ တိုက္ရိုက္ဦးတည္လာေတာ့၏။

"ကိုယ္ ဘာေျပာထားလဲ?..ကိုယ့္စကားကို အေရးမလုပ္တာလား?"

စကားဆုံးသည္ႏွင့္ ပါးႏွစ္ဖက္ကို ညွစ္ထားသည့္လက္က ပိုမိုအားမ်ားလာကာ အခန္းထဲတြင္လည္း leatherနံ႕ ခပ္ျပင္းျပင္းက သိပ္သည္းစြာ ထြက္ေပၚလာေတာ့သည္။အေရွ႕ရွိလူက ႏွာေခါင္းဝသို႔ ေရာက္ရွိလာသည့္ ထိုအနံ႕ေၾကာင့္ မသိမသာေလး ႏွာေခါင္းရႈံ႕လိုက္ၿပီး သူ၏ကိုယ္ပိုင္အနံ႕ျဖစ္ေသာ Oudသစ္ေမႊးနံ႕ကို အၿပိဳင္ထုတ္လႊတ္လိုက္ေလသည္။

ထိုအခါ ပါးကိုညွစ္ထားသည့္ အေနာက္ရွိလူ၏လက္မ်ားက အနည္းငယ္ အားေလ်ာ့သြားၿပီး နဂိုက ေဒါသအနည္းငယ္ေၾကာင့္ အေရာင္ေတာက္ေနသည့္ မ်က္ဝန္းမ်ားမွာ ခ်စ္စိတ္ျဖင့္ ေျပာင္းလဲေတာက္ပသြားေတာ့သည္။

"ကိုကို..ကြၽန္ေတာ္ မွားသြားပါတယ္..ကိုကို႔စကားကို အေရးမလုပ္တာမဟုတ္ပါဘူး"လို႔ အေရွ႕ကလူက သူ၏မ်က္လုံးစိမ္းမ်ားျဖင့္ ညို႔ငင္ကာ ေျပာလာေတာ့ ထိုလူ၏ခပ္တင္းတင္း ေစ့ထားေသာ ႏႈတ္ခမ္းပါးက ၿပဳံးေယာင္သန္းသြား၏။

ထိုလူက ပါးကို ဖ်စ္ညွစ္ထားသည့္လက္ကို လႊတ္လိုက္ၿပီး မ်က္လုံးစိမ္းႏွင့္လူကို ခါးမွျမႇောက္ခ်ီလိုက္ကာ အခန္းထဲရွိ ဆိုဖာေပၚသို႔ ခ်ီလ်က္ႏွင့္ထိုင္ခ်လိဳက္သည္။ထိုအခါ ခါးကို အဖက္ခံထားရသည့္လူက ထိုလူ၏ေပါင္ေပၚ၌ ထိုင္ေနသလိုျဖစ္သြားေတာ့၏။ေပါင္ေပၚရွိလူက သူ၏ခါးကိုဖက္ထားသူႏွင့္ အၾကည့္ခ်င္းမျပတ္ေစရဘဲ လက္ထဲရွိ ရွန္ပိန္ခြက္ကို ေနာက္ေက်ာဘက္ရွိစားပြဲေပၚသို႔ လက္ေနာက္ျပန္ခ်လိဳက္သည္။ထို႔ေနာက္ ထိုလူ၏လည္ပင္းကို အၿပဳံးတစ္ခုျဖင့္ သိုင္းဖက္လိုက္ၿပီး ၿပဳံးခ်င္ေနသည့္ႏႈတ္ခမ္းဆီသို႔ တစ္ခ်က္ဖိကာ အနမ္းေပးေလသည္။

"အဆိုးေလး..အျပစ္ေပးခံခ်င္ေနပုံပဲ"

အနမ္းခံလိုက္ရသူက အခ်စ္မ်ားျပည့္ေနသည့္ သူ၏မ်က္ဝန္းနက္နက္တို႔ျဖင့္ ေပါင္ေပၚရွိေကာင္ေလးကို ေမာ့ၾကည့္လာၿပီး ညာဘက္လက္ျဖင့္ ထိုေကာင္ေလး၏ပါးကို အုပ္ကိုင္လာကာ သူႏွင့္မ်က္ႏွာခ်င္း နီးကပ္ေစရန္ ညင္သာစြာ ေအာက္ကိုဆြဲခ်လိဳက္သည္။

"ကိုကို႔သေဘာေလ..လုပ္ခ်င္တာသာလုပ္လိုက္"

မ်က္ခုံးတစ္ဖက္ပင့္ၿပီး စိန္ေခၚသလို ျပန္ေျပာလာေသာ သူ၏ခ်စ္ရသူေၾကာင့္ ညဥ့္မဲ့လေရာင္၏ၿပဳံးခ်င္ေနေသာ ႏႈတ္ခမ္းမွာ အျပည့္အဝ ၿပဳံးသြားရေတာ့သည္။

"မင္းေလးက ေတာင္းဆိုေတာ့လဲ..ျဖည့္တင္းေပးရေတာ့မွာေပါ့..ဒါေပမဲ့ အခုေတာ့ မဟုတ္ေသးဘူး"လို႔ ျပန္ေျဖလိုက္ရင္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနေသာ Pesnoကို ေဘးတေစာင္း အေနအထား ေျပာင္းလိုက္ၿပီး တစ္ကိုယ္လုံးကို ေနရာလြတ္မရွိသည္အထိ ညဉ့္မဲ့လေရာင္ ဖက္ပစ္လိုက္သည္။

ထို႔ေနာက္ Pesno၏မ်က္ႏွာႏွင့္ လည္ပင္းၾကားသို႔ ပါးအပ္ကာ ေဘးတေစာင္း ျမင္ေနရသည့္ အခ်ိဳးက်က် မ်က္ႏွာေလးကို ေငးၾကည့္ေနလိုက္သည္။

"ဘာကူညီေပးရဦးမလဲ?.."

သူ၏အျပဳအမူမ်ားကို အေသးစိတ္ လိုက္ၾကည့္ေနၿပီးမွ ထြက္ေပၚလာေသာ ထိုစကားေလးေၾကာင့္ ညဉ့္မဲ့လေရာင္၏အၿပဳံးတို႔က ဖုံးဖိမရစြာ ျဖစ္တည္လာရ၏။သူ႕ထက္ ၇ႏွစ္ငယ္သည့္ ထိုကေလးက သူ႕သေဘာႏွင့္သူ ဘယ္ေသာအခါကမွ စိတ္လိုက္မာန္ပါလုပ္ျခင္းမ်ိဳးမရွိကာ သူ၏အျမင္ကို အၿမဲနားေထာင္ေလ့ရွိသည္။

ထို႔အျပင္ 'ဘာကူညီေပးရဦးမလဲ'ဆိုသည့္ ေႏြးေႏြးေထြးေထြး စကားတစ္ခြန္းကို အၿမဲေျပာ‌၍ သူ႕ဘက္က အကူအညီမေတာင္းပါက သူ၏ဆုံးျဖတ္ခ်က္ကို ေလးစားၿပီး မည္သည့္ကိစၥကိုမဆို ဝင္ေရာက္စြက္ဖက္ျခင္းမရွိေပ။ဤကဲ့သို႔ေသာ အျပဳအမူမ်ားပိုင္ဆိုင္ၿပီး ငယ္႐ြယ္ေသးသည့္အခ်ိန္မွာပင္ လူႀကီးတစ္ေယာက္လို ေတြးေခၚႀကံဆတတ္သည့္ ထိုကေလးက သူ႕အတြက္ေတာ့ ခ်စ္မဝေလးပင္။

ထပ္ေပါင္းအခ်က္အေနျဖင့္ 'ဘာကူညီေပးရဦးမလဲ'ဟူသည့္စကားက ထိုကေလး၏ပထမဆုံး သင္ယူခဲ့သည့္ ဗမာစကားျဖစ္သည္ကို ႐ုတ္တရက္ အမွတ္ရသြားမိသည့္အခိုက္၊ ညဉ့္မဲ့လေရာင္သည္ အသံခပ္တိုးတိုးျဖင့္ သေဘာတက် အသာရယ္လိုက္မိေလသည္။

"ဒီအတိုင္း..အနားမွာရွိေနေပးရင္ လုံေလာက္ၿပီ"

စကားအဆုံး၌ Pesno၏ေခါင္းေလးက သူ၏ေခါင္းေပၚသို႔ အသာအယာ က်ေရာက္လာသည္ကို ခံစားလိုက္ရကာ လက္ေလးမွာလည္း သူဖက္ထားသည့္ လက္ေပၚသို႔ထပ္ၿပီး ျဖည္းျဖည္းခ်င္း ဖြဖြေလး ပုတ္ေပးေနေလသည္။၂ပတ္တိတိ မအိပ္ရေသးသည့္အျပင္ သူယုံၾကည္ရသည့္ ခ်စ္ရသူက အနားတြင္ ရွိေနသည္ဆိုသည့္အသိေၾကာင့္ ညဉ့္မဲ့လေရာင္၏မ်က္လုံးမ်ားမွာ ျဖည္းညင္းစြာ မွိတ္က်လာေတာ့၏။သူ၏အသိအာ႐ုံမ်ား ေပ်ာက္သြားေတာ့မည့္အခ်ိန္၌ သူ၏အၾကားအာ႐ုံထဲသို႔ လုံၿခဳံမႈေပးစြမ္းနိုင္သည့္ အသံေလးတစ္သံက ပ်ံ့ႏွံ႕လာ‌ေလသည္။

"ကိုကို႔မွာ..ကြၽန္ေတာ္ရွိတယ္"

ထိုစကားေၾကာင့္ ညဉ့္မဲ့လေရာင္မွာ ႏွစ္ဆပိုစိတ္ခ်သြားဟန္ျဖင့္ ၿပဳံးသြားၿပီး အသက္ရႉသံပုံမွန္ျဖင့္ Pesno၏ပခုံးထက္၌ အိပ္ေပ်ာ္သြားေတာ့သည္။သူ႕ပခုံးေပၚရွိလူထံမွ လႈပ္ရွားမႈမ်ား ရပ္တန႔္သြားၿပီဆိုခါမွ မိမိ၏ေခါင္းကို ျပန္မတ္လိုက္ၿပီး သူ႕ကို ဖက္ထားသည့္လက္မ်ားကို Pesno ျဖည္းျဖည္းခ်င္း ေျဖခ်လိဳက္သည္။နိုးမသြားေစရန္ ေပါင္ေပၚမွ သတိထား၍ ထလိုက္ၿပီးေနာက္ ညဉ့္မဲ့လေရာင္၏ေခါင္းကို ဆိုဖာေပၚသို႔ ဂ႐ုတစိုက္ တင္ေပးလိုက္၏။

ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနေသာ ညဉ့္မဲ့လေရာင္ကိုၾကည့္ရင္း Pesno အလိုလိုၿပဳံးလိုက္မိကာ ခႏၶာကိုယ္ကိုကိုင္းၿပီး နဖူးေပၚက်ေနေသာ နက္ေမွာင္လွသည့္ ဆံသားမ်ားကို ဖြဖြေလး သပ္တင္ေပးလိုက္သည္။ဆိုဖာေပၚ အိပ္ခိုင္းလိုက္လွ်င္လည္း ကုပ္နာသြားမည္စိုးတာေၾကာင့္ Pesnoသည္ ညဉ့္မဲ့လေရာင္ကို ဒူးေအာက္လက္လွ်ို၍ အသာေပြ႕ခ်ီလိုက္ကာ ကုတင္ဆီသို႔ ေခၚလာခဲ့သည္။ခ်ီလိုက္သည့္အခ်ိန္၌ အေလးခ်ိန္ သိသိသာသာ ေလ်ာ့သြားေသာ ထိုလူႀကီးေၾကာင့္ Pesno၏ေ႐ႊအိုေရာင္မ်က္ခုံးတို႔မွာ ဘဝင္မက်သည့္အလား တြန႔္ခ်ိဳးကုန္၏။

ၾကည့္ရသည္မွာ အလုပ္ေတြကို ေန႕ညမနား ဆက္တိုက္ လုပ္ေနျပန္ပုံေပၚသည္။ျပန္နိုးလာခါမွ အားေဆးမ်ားေရာ၊အာဟာရျပည့္မည့္အစားအေသာက္မ်ားပါ အမ်ားႀကီး ေကြၽးပစ္မည္ဟု Pesno စိတ္ထဲေတးထားလိုက္သည္။

ကုတင္ေပၚခ်ေပးလိုက္ၿပီး ေစာင္ၿခဳံေပးလိုက္ေတာ့ 'အင္း'ဟူသည့္ ညည္းၫူသံႏွင့္အတူ ညဉ့္မဲ့လေရာင္၏မ်က္ခုံးမ်ားမွာ စတင္က်ဳံ႕လာ၏။ရင္ဘတ္ေပၚတင္ထားသည့္ လက္ကလည္း တစ္စုံတစ္ခုကို လိုက္ရွာေနသေယာင္ ဆုပ္လိုက္ျဖန႔္လိုက္လုပ္ေန‌ကာ ထိုအရာကိုမေတြ႕ရသျဖင့္ အလြန္ပင္ စိုးရိမ္ပူပန္ေနပုံပင္။

Pesnoသည္ ထိုျမင္ကြင္းကို အသားက်ေနသည့္အလား တုံ႕ဆိုင္းျခင္းမရွိဘဲ ညဉ့္မဲ့လေရာင္၏လက္အတြင္းသို႔ သူ၏လက္ကို ထည့္ေပးလိုက္၏။ထို႔အတူ ကိုယ္ပိုင္pheromoneမ်ားကို အခန္းအတြင္းသာမက ညဉ့္မဲ့လေရာင္၏ကိုယ္ေပၚသို႔ပါ ပ်ံ့သြားေစလိုက္သည္။

ထို႔ေနာက္ ထိလုမတတ္ တြန႔္ခ်ိဳးေနေသာ ထိုမ်က္ခုံးႏွစ္ခုၾကားသို႔ ညင္ညင္သာသာ နမ္းလိုက္ၿပီး ကိုင္ထားသည့္လက္ကို သူ၏ပါးေပၚအပ္လိုက္၏။ၿပီးေနာက္ ထိုလူႀကီးကို ခ်စ္ျမတ္နိုးသည့္ အၾကည့္မ်ားျဖင့္ ေဘးနားတြင္ထိုင္ကာ ေစာင့္ေရွာက္ေပးေန‌လိုက္သည္။

ကုတင္ေပၚရွိ ညဉ့္မဲ့လေရာင္မွာလည္း သူ၏လက္ထဲရွိလက္ကို လြတ္သြားမည္စိုးဟန္ျဖင့္ ခပ္တင္းတင္း ဆုပ္ကိုင္ထားၿပီး စိတ္ေအးသြားသည့္ဟန္ မ်က္ခုံးမ်ားမွာ ျပန္လည္ေျပေလ်ာ့သြားေလသည္။
_________________________________________

ႀကီးက်ယ္ခမ္းနားလွေသာ အေဆာင္အေယာင္မ်ားႏွင့္ မ်က္စိက်ိန္းေလာက္စရာ တဖိတ္ဖိတ္‌ ေတာက္ပေနေသာ၊ နန္းေတာ္တစ္ခုသဖြယ္ ေဆာက္လုပ္ထားသည့္ အိမ္ေတာ္ႀကီးထဲ၌ ထိုဟိတ္ဟန္မ်ားႏွင့္ျခားနားစြာ ေလထုမွာ အုံ႕မွိုင္းေနလ်က္ရွိသည္။

ဧည့္ခန္းဟုထင္ရသည့္ အခန္းတစ္ခု၌ အခ်က္အလက္မ်ားကို စစ္ေဆးေနသည့္လူမွလြဲလွ်င္ က်န္သည့္လူမ်ား၏မ်က္ႏွာမ်ား၌ ေၾကာက္႐ြံ႕ေနမႈမ်ား အထင္းသားေပၚေန၏။

စာ႐ြက္လွန္ေနသံမ်ား ရပ္တန႔္ၿပီးေနာက္ လက္ထဲရွိ စာ႐ြက္စာတမ္းမ်ားကို အေရွ႕ရွိစားပြဲခုံ‌ေပၚပစ္ခ်ၿပီး ထိုစစ္ေဆးေနခဲ့သည့္လူက အနိမ့္အက်ပဳံမွန္ျဖင့္ တည္ၿငိမ္စြာ ေျပာလာသည္။

"အဲ့ေတာ့..ရွာမေတြ႕ဘူးဆိုပါေတာ့"

ထိုစကားေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ဘက္တြင္ ထိုင္ေနေသာလူမ်ားက တုန္ယင္ေနေသာ ခႏၶာကိုယ္ျဖင့္ အေယာင္ေယာင္အမွားမွား တံေတြးမ်ိဳခ်လိဳက္သည္မွာ ေသရေတာ့မည္ကို ႀကိဳတင္သိရွိေနသည့္ သတၱဝါမ်ားႏွင့္ပင္ အသြင္တူလွသည္။

"ဘယ္လိုျပန္ေပးမယ္..စိတ္ကူးထားလဲ?"

ခုံလက္ရမ္းအား လက္ေခ်ာင္းမ်ားျဖင့္ စည္းခ်က္မွန္မွန္ ေခါက္ရင္း မ်က္ခုံးတစ္ခ်က္ပင့္ကာ ေျပာလိုက္သည့္စကားမွာ အေမးတစ္ခုဟု ထင္နိုင္ဖြယ္ရွိေသာ္လည္း ဘာကိုျပန္ယူမည္ဟု တိတိက်က် ဆုံးျဖတ္ထားပုံေပၚသည္။

"ကြၽန္..ကြၽန္ေတာ္တို႔ရဲ႕..ေပါ့ဆမႈေတြပါ!!..ခြင့္လႊတ္ေပးပါ!"လို႔ ထိုလူမ်ားထဲမွတစ္ေယာက္က အရဲစြန႔္ၿပီး ေျပာလာခ်ိန္မွာေတာ့ အေရွ႕ရွိလူ၏မ်က္ႏွာမွာ အနည္းငယ္ ၿပဳံးေယာင္သန္းသြားဟန္ရွိသည္။

ထို႔ေနာက္ တုံ႕ဆိုင္းမေနဘဲ ေဘးတြင္ခ်ထားသည့္ ေသနတ္ကို ေကာက္ယူလိုက္ၿပီး ေျပာသည့္လူ၏ရင္ဘတ္တည့္တည့္ကို ပစ္ခ်လိဳက္ေလသည္။နီးကပ္ေနသည့္ အကြာအေဝးေၾကာင့္ က်ည္ဆန္မွာ ထိုလူ၏ခႏၶာကိုယ္ပါမက ထိုင္ေနေသာ မာေက်ာသည့္ထိုင္ခုံကိုပင္ အေပါက္တစ္ခု ျဖစ္ေပၚေစ၏။

က်န္သည့္လူမ်ားမွာလည္း ေၾကာက္႐ြံ႕ထိတ္လန႔္မႈေၾကာင့္ တုန္တက္သြားၾကၿပီး ခႏၶာကိုယ္မ်ားမွာလည္း သိသိသာသာ ပိုမိုတုန္ယင္လာၾကသည္။သူတို႔သည္ အတူတူထိုင္ေနၾကျခင္းျဖစ္တာေၾကာင့္ ခုနကမွ ေလာေလာလတ္လတ္ အသတ္ခံလိုက္ရေသာလူထံမွ ေသြးမ်ားက သူတို႔ဆီသို႔ စီးဆင္းလာကာ ေဘာင္းဘီမ်ားကို စိုေနေစၿပီျဖစ္၏။

လက္ထဲရွိေသနတ္အား စားပြဲေပၚပစ္တင္ရင္း နားထင္ကိုလက္ေထာက္ကာ အေရွ႕ရွိလူက ေျပာလာသည္။

"အသုံးမဝင္တဲ့..စကားေတြေျပာမေနဘဲ..ေရွ႕တည့္တည့္ကို ယူလာေပးရင္..ပိုမေကာင္းဘူးလား?"

ထိုအခါ အၿပိဳင္အဆိုင္ တုန္ယင္ေနၾကေသာ လူတစ္စုသည္ ေခါင္းမ်ားျပဳတ္ထြက္မတတ္ ပုတ္သင္ညိုမ်ားလို အဆက္မျပတ္ ေခါင္းညိတ္ျပလာၾကသည္။အေရွ႕ရွိလူသည္ ထိုပုံစံေၾကာင့္ ၿပဳံးလိုက္ၿပီး အေပါက္ဝဘက္ကို ႂကြပါဟူသည့္ လက္ပုံစံလုပ္ျပလိုက္၏။

ထိုလူမ်ားမွာလည္း အေစာႀကီးကတည္းက ျပန္ခ်င္ေနၾကတာျဖစ္တာေၾကာင့္ ႏွစ္ခါလုပ္ျပစရာမလိုဘဲ ခ်က္ခ်င္းထလာၾကကာ အရိုအေသေပးၿပီး အျပင္ကို မေျပး႐ုံတမယ္ ထြက္သြားၾကေတာ့သည္။မၾကာလိုက္၊အျပင္ဘက္မွ ဆက္တိုက္ ထြက္ေပၚလာေသာ ေသနတ္သံမ်ားႏွင့္အတူ နာက်င္စြာ ေအာ္ဟစ္သံမ်ားက အေနာက္မွ ထက္ၾကပ္မကြာ လိုက္ပါလာေလသည္။

ဝတ္ဆင္ထားေသာ ဆြယ္တာအကၤ်ီအနက္ေရာင္ကို ပုံစံက်ေအာင္ ျပန္ျပင္ရင္း ထိုအသံမ်ားမွာ သူ႕အတြက္ေတာ့ ေတးဂီတတစ္ခုကို ၾကားေနရသလို ထိုလူက မ်က္ႏွာေပၚ၌ အၿပဳံးအႀကီးႀကီး ျဖစ္တည္ထား၏။ထို႔ေနာက္ အသံမ်ားက ရပ္စဲသြားကာ ထိုလူ႕ေဘးနားသို႔ အျပင္အဝတ္ႏွင့္လူတစ္ေယာက္ ေရာက္ရွိလာသည္။

"တည္ေနရာေပ်ာက္သြားပါၿပီ"

ခုနကအထိ အၿပဳံးရွိေနေသးေသာလူသည္ ထိုစကားကို ၾကားၿပီးေသာအခါ ခုနက ၿပဳံးေနသည့္လူမွာ သူမဟုတ္သလို ႐ုတ္ျခည္း တည္တံ့သြား၏။ထိုင္ခုံေနာက္ကို ေက်ာျပန္မွီလိုက္ရင္း ‌ဘယ္ဘယ္ေျခေပၚသို႔ ညာဘက္ခ်ိတ္တင္လိုက္ၿပီးေနာက္ ထိုလူက ေအးစက္သည့္ေလသံျဖင့္ ေျပာလာသည္။

"အတိအက်ဆက္ေျပာ.."

"မေန႕ညကအထိ..ကြၽန္ေတာ္တို႔ သူနဲ႕..အဆက္အသြယ္ရပါေသးတယ္..၊ခဏေနရင္ ရွင္းလိုက္ေတာ့မယ္ဆိုတဲ့..စကားေျပာၿပီး ဘယ္ေလာက္မွ မၾကာဘဲ..ေရဒါကေန ေပ်ာက္သြားခဲ့တာပါ"

အေသအခ်ာ အာ႐ုံစိုက္နားေထာင္ေနၿပီးေနာက္ ခဏအၾကာတြင္ ထိုလူက သတင္းလာတင္ပို႔ေသာလူကို ေၾကာက္႐ြံ႕တုန္လႈပ္ေစေသာအၾကည့္ျဖင့္ ေမာ့ၾကည့္လာသည္။သတင္းလာပို႔သူမွာလည္း ထိုအၾကည့္ေၾကာင့္ ေျခမခိုင္ေတာ့သလိုခံစားရကာ အားတင္းဟန္ လက္သီးကို‌ ဆုပ္လိုက္မိေလသည္။

"မီးစေလးကေရာ?"

သတင္းလာပို႔သူမွာ 'မီးစေလး'ဆိုသည့္အရာကို ေၾကာင္အသြားျခင္းမရွိဘဲ တည္ၿငိမ္ေအာင္ႀကိဳးစား၍ အေျဖျပန္ေပးလာသည္။

"ဟိုဘက္အပန္းေျဖအိမ္ကို ေရာက္ေရာက္ခ်င္း..ဆက္သြယ္မႈ ျပတ္ေတာက္သြားခဲ့တာပါ၊ေသသလား..ရွင္သလား မသိရပါဘူး"

ေဒါသထြက္စြာ ေခါက္လိုက္ေသာ ေတာက္ေခါက္သံသည္ ဧည့္ခန္းထဲ၌ ေျခာက္ျခားဖြယ္ ပ်ံ့ႏွံ႕သြားၿပီး ေလးလံလွေသာ ကြၽန္းစားပြဲခုံႀကီးမွာ အားျပင္းလွေသာ အင္အားေအာက္တြင္ ဆြဲလွန္ေမွာက္ျခင္းကို ခံလိုက္ရသည္။ပန္းအိုးမ်ားကြဲေၾကသံႏွင့္ ပစၥည္းမ်ားကို လႊင့္ပစ္လိုက္သည့္အသံက ဆူညံစြာ ထြက္ေပၚလာၿပီးေနာက္ ဧည့္ခန္းသည္ တစ္ဖန္ တိတ္ဆိတ္သြားျပန္၏။

"ျပန္ရွာ..အခုခ်က္ခ်င္း ျပန္ရွာ!..အေသရရ..အရွင္ရရ မီးစေလးက..ငါ့ေရွ႕ကို ျပန္ေရာက္လာရမယ္!.."

အလ်င္အျမန္ နိမ့္ခ်ည္ျမင့္ခ်ည္ လႈပ္ရွားလ်က္ရွိေသာ ရင္ဘတ္၊ျပင္းထန္စြာ ထုတ္လႊတ္ေနေသာ အသက္ရႉသံႏွင့္ အသက္ရႉက်ပ္ဖြယ္ရာ ႏွင္းဆီနီ၏ရနံ႕မွာ ေဒါသႏွင့္ထပ္တူညီစြာ အရွိန္အဟုန္ျဖင့္ ထြက္ေပၚလာၿပီး သတင္းလာပို႔သူမွာ ၎အရွိန္အဝါေၾကာင့္ ဒူးေထာက္က်သြားေလသည္။သို႔ရာတြင္ အျမန္အားတင္း၍ ထလိုက္ၿပီး အေျဖပင္ ျပန္မ‌ေျဖနိုင္ဘဲ ဧည့္ခန္းထဲမွ အျမန္ေျပးထြက္သြားေတာ့သည္။

အံႀကိတ္ထားရင္းျဖင့္ အတၱဝါဒီ ေဒါသကို အလြန္အမင္း ဖိႏွိပ္ထားရသည္။အေသဆိုလွ်င္ အေသ၊အရွင္ဆိုလွ်င္အရွင္ သူျပန္ရမွျဖစ္မည္။မီးစေလး သူ႕လက္ေအာက္ကေန လြတ္ေျမာက္သြားသည္က လုံးဝမျဖစ္ရမည့္ကိစၥပင္။

'မီးစေလး..မင္း ကိုယ့္ဆီကို..ေသခ်ာေပါက္ ျပန္လာရမယ္!'

JANE  JANE

Continue Reading

You'll Also Like

59.8K 1.1K 95
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
2.6K 287 14
හීන රාශියක් අරන්ම යන්න ආවේ මං ආදරෙන් එහා පෙනිච්ච චණ්ඩ මාරයක් ආකහේට පෙම් බදින්න හේතු කෝටියක් තාරකා වලින් එහාට පෙවුන සිත්තමක් වේදනා කෙසෙ කියන්න දන්නේ න...
37K 681 33
မာနတံတိုင်း & တည်တံံ့စိုးစံ Uke က red flag ပါ Seme ကတော့ အရမ်းချစ်တတ်တယ် ပေါ့ ဇာတ်အိမ်ခိုင်ခိုင်ဖြင့်ရေးသားထားသောကြောင့် အပြာစာ မဟုတ်ပါ ။ ဇာတ်လမ်...
247K 12.5K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...