ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

996K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
196
197
198
199

195

2.2K 376 6
By Vanilla_IceCream61

တော်ဝင်တက္ကသိုလ်သို့ ပထမဆုံးအကြိမ်ရောက်ခြင်း
..............................................................

ယွီဝမ်ဂျင်က သူ့အဖေမှာလိုက်သည့်အတိုင်းမလုပ်မိလျှင် ထပ်၍နားပူနားဆာအလုပ်ခံရမည်ကို စိုးရိမ်နေပုံပေါ်၏။ သူက တက္ကသိုလ်သို့သွားသည့်လမ်းတွင် လင်းကျန်ကို တော်ဝင်တက္ကသိုလ်မှအခြေအနေအကြောင်း အစွမ်းကုန်ရှင်းပြခဲ့သည်။

သာမန်စာပေတက္ကသိုလ်များတွင်ပင် ကျောင်းသားဂိုဏ်းများရှိသည်။ ဥပမာအားဖြင့် ချမ်းသာသည့်မိသားစုများမှ ကျောင်းသားများနှင့် ဆင်းရဲသောမိသားစုများမှ ကျောင်းသားများက တစ်ဦးကိုတစ်ဦးတွေ့သည်နှင့် မလွဲမသွေမုန်းတီးကြမည်ဖြစ်ပြီး အရှေ့တိုင်းရိုးရာတက္ကသိုလ်မှာလည်း ဤကဏ္ဍတွင် ခြွင်းချက်မရှိပေ။

သို့ရာတွင် တော်ဝင်တက္ကသိုလ်မှအခြေအနေက ဖရိုဖရဲဖြစ်နေသည်ဟု လူအများထင်ကြသည်မှာ တော်ဝင်တက္ကသိုလ်တွင် အထက်တန်းဇာတိမှကျောင်းသားများနှင့် အညတရမျိုးရိုးမှကျောင်းသားများကြားမှ ပဋိပက္ခထက် ပို၍ရှုပ်ထွေးသောအရာလည်းပါ၏။ တော်ဝင်တက္ကသိုလ်၏ထူးခြားသောအဆင့်အတန်းကြောင့် ကျောင်းသားအားလုံးနီးပါးမှာ ဆွေကြီးမျိုးကြီးမှဖြစ်ကြပြီး ဆင်းရဲသောမိသားစုများမှ ကျောင်းသားမှာ အချိုးအစားအလွန်နည်း၍ ကျောင်းသားအရေအတွက်က များစွာကွာခြားသည်။ အောက်ခြေဇာတိမှကျောင်းသားများမှာ ရန်သူများ၏ဖိအားအောက်တွင် အသက်မနည်းရှူနေရသည်။

ရလဒ်အနေဖြင့် တော်ဝင်တက္ကသိုလ်တွင် ဤအုပ်စုနှစ်ခု၏ပဋိပက္ခကို လစ်လျူရှုထား၍ရသည်။ ဤတက္ကသိုလ်မှဖရိုဖရဲအခြေအနေ၏ရင်းမြစ်မှာ ကျောင်းသားများ၏နောက်ခံနှင့် ဆက်နွယ်နေသည်။ လက်ရှိဧကရာဇ်က သံသယများပြီး ဦးဆောင်မှုကို သူ၏ငယ်သားများ နာခံရန်အတွက် စုံစမ်း၊ ထိန်းညှိမှုများသုံးခြင်းကို သဘောကျသည်။ ရန်သူအုပ်စုများကြားမှ ဘက်လိုက်သောအငြင်းအခုံမှာ အလွန်ပြင်းထန်၏။ ထို့အပြင် မင်းသားများအားလုံးက အရွယ်ရောက်နေပြီဖြစ်ရာ တစ်ယောက်ချင်းစီက အုပ်စုတစ်ခုချင်းစီကို ကိုယ်စားပြုကြသည်။ တော်ဝင်တက္ကသိုလ်မှကျောင်းသားအများစုမှာ ရာထူးကြီးအမှုထမ်းများ၏သားသမီးများဖြစ်ရာ တော်ဝင်ညီလာခံမှ အုပ်စုများအကြား ပဋိပက္ခက တော်ဝင်တက္ကသိုလ်၌ သက်ရောက်မှုရှိမည်ကို မလွှဲရှောင်နိုင်ပေ။

လင်းကျန်သာ ပညာရေးဗဟုသုတအချို့ သင်ယူချင်လျှင် ထိုသို့ပြဿနာမီးတောက်လေ့ရှိသောနေရာကို လုံးဝရွေးမည်မဟုတ်ပေ။ သူ၏အကောင်းဆုံးရွေးချယ်မှုမှာ အရှေ့တိုင်းရိုးရာတက္ကသိုလ်ဖြစ်သော်လည်း ဧကရာဇ်က လင်းကျန်၏အစီအစဉ်ကို တော်ဝင်အမိန့်တော်ဖြင့် ဝင်စွက်ဖက်ရာ သူနှင့်မဆိုင်သောကိစ္စများအကြား ဆွဲသွင်းခံရလိမ့်မည်မှန်း သေချာလုနီးပါးရှိသည့် တော်ဝင်တက္ကသိုလ်သို့ လာလိုက်ရသည်။

"မင်းက ဘာလို့ အရှေ့တိုင်းရိုးရာတက္ကသိုလ်အစား တော်ဝင်တက္ကသိုလ်ကို ရွေးခဲ့တာလဲ။" လင်းကျန်က ယွီဝမ်ဂျင်ကို မေးလိုက်သည်။

ယွီဝမ်ဂျင်က မျက်တောင်ခတ်ကာ ပြန်ပြောသည်။ "ငါက သူ့ရဲ့ရုတ်ရုတ်သဲသဲဖြစ်နေပုံကို သဘောကျလို့။ အရှေ့တိုင်းရိုးရာတက္ကသိုလ်က တအားပျင်းဖို့ကောင်းတယ်။ တော်ဝင်တက္ကသိုလ်က ငါ့ရဲ့ပါရမီတွေကို လိုက်စားနိုင်တဲ့နေရာပဲ။ သူက ငါ့လိုမျိုး တပ်မှူးတစ်ယောက် ငြိမ်းချမ်းအောင်လုပ်ပေးရမဲ့ စစ်မြေပြင်လို ပရမ်းပတာ ဖြစ်နေတာ။ မင်းရော အဲ့လိုမထင်ဘူးလား။"

လင်းကျန်မှာ ဘာပြောရမည်မှန်းမသိချေ။

'ယွီဝမ်ဂျင်က ဒီလိုအတ္တကြီးတာကို ငါဘာလို့စောစောမသိခဲ့ရတာလဲ။ သူ့ကို ယုံကြည်လို့ရရဲ့လား။' သူတွေးမိသည်။

"ကလေးတစ်သိုက်ဆီမှာ အမြတ်ထုတ်မခံရအောင်ဂရုစိုက်ပါ၊ တပ်မှူး။ မဟုတ်ရင် ခေါင်းမှီပြီးငိုစရာပုခုံးတောင် မတွေ့ဘဲနေပါလိမ့်မယ်။" ယွီဝမ်ထုန်က ယွီဝမ်ဂျင်ကိုပြောသည်။

ယွီဝမ်ဂျင်က ပြန်ပြောသည်။ "ဒါဆို ကျွန်တော့်ကို စစ်ရေးဗျူဟာနည်းလမ်းတွေ သင်ပေးလေ၊ ဝမ်းကွဲရဲ့။ ကျွန်တော်က ညီလေးလင်းကို ကာကွယ်ဖို့တာဝန်ရှိတဲ့လူနော်။ အစ်ကိုသာ စစ်ဗျူဟာတွေမသင်ပေးရင် ကျွန်တော်အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး။"

လင်းကျန် အလင်းပေါက်သွားသည်။ 'ယွီဝမ်ဂျင်က ဒီအချိန်ကို တောက်လျှောက်စောင့်နေခဲ့တာပဲ။'

ယွီဝမ်ထုန်ကပြောသည်။ "မင်းအဖေက ယွီဝမ်မိသားစုကနေ ခွဲထွက်လာပေမဲ့ စစ်နဲ့ဆိုင်တဲ့စာအုပ်တွေအများကြီး ရှိသေးတယ်။ ဘာလို့အဲ့ဒါတွေကို လစ်လျူရှုပြီး ငါ့လာမေးနေတာလဲ။"

ယွီဝမ်ဂျင်က ပြန်ပြောသည်။ "ဒါပေမဲ့ ကျွန်တော့်အဖိုးက ကျွန်တော့်ကို အဲ့ဒါတွေမဖတ်စေချင်ဘူးလေ။ ပြီးတော့ အစ်ကိုက စစ်သူကြီးဆိုတော့ ပိုသိမှာပဲ။"

စစ်ဗျူဟာများကို ယွီဝမ်ထုန်သင်ပေးစေရန်အတွက် ယွီဝမ်ဂျင်က ချီးကျူးစကားများစွာပြောခဲ့ပြီး ယွီဝမ်ထုန်ကို ဖားရန်အစွမ်းကုန်ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူ၏အားထုတ်မှုက အရာထင်သွား၏။ ယွီဝမ်ထုန်က အင်တင်တင်ဖြင့် ပြောသည်။ "ငါမင်းကို နည်းနည်းတော့ သင်ပေးနိုင်လောက်တယ်။"

ယွီဝမ်ဂျင် ပျော်ရွှင်သွား၏။ "ဝမ်းကွဲက အကောင်းဆုံးပဲ။"

ယွီဝမ်ဂျင်က ယွီဝမ်ထုန်သဘောမတူတော့မည်ကို စိုးရိမ်၍ တော်ဝင်တက္ကသိုလ်မှ ခွင့်ရက်ရတိုင်း လင်းစံအိမ်တွင် ယွီဝမ်ထုန်ထံမှလာသင်ယူမည်ဟု လင်းကျန်ကိုအမြန်ပြောသည်။

ယခုအခါ ယွီဝမ်ထုန်ကိုယ်တိုင် သဘောတူပြီးသားဖြစ်ရာ လင်းကျန်မကန့်ကွက်ပေ။

*****

တော်ဝင်တက္ကသိုလ်က လင်းစံအိမ်နှင့်အလွန်ဝေးသည်။ သူတို့ ထိုနေရာသို့ရောက်ရန်အတွက် မြင်းရထားလုံးဖြင့် တစ်နာရီနီးပါးလာခဲ့ရသည်။

ယွီဝမ်ဂျင်၏ရထားလုံးက မထင်ရှားသော်လည်း ယွီဝမ်မိသားစုက အလွန်နာမည်ကြီးသည်။ ယွီဝမ်ရော်က ယွီဝမ်မိသားစုမှခွဲထွက်လာခဲ့သော်လည်း သူ၏မျိုးရိုးနာမည်မှာ ယွီဝမ်ဖြစ်နေဆဲပင်။ ယွီဝမ်ထုန်က ယွီဝမ်ရော်၏မိသားစုနှင့် ရင်းနှီးသည့်အပြင် ယွီဝမ်ဂျင်၏အဖေ၊ ဦးလေးနှင့် အဖိုးမှာ အညတရများမဟုတ်ကြဘဲ တော်ဝင်ညီလာခံဝင်ရသော အရာရှိများဖြစ်ကြသဖြင့် တော်ဝင်တက္ကသိုလ်က သူတို့ကိုလာကြိုရန် လူတစ်ယောက်စီစဉ်ထားသည်။

မြင်းရထားလုံးထဲမှ ပထမဆုံးထွက်လာသူမှာ ယွီဝမ်ဂျင်ပင်။ လင်းကျန်ကနောက်မှလိုက်လာသည်။ သူတို့အားလာကြိုသူက လင်းကျန်ကိုတွေ့သောအခါ ဇဝေဇဝါဖြစ်သွားသည်။ "သင့်ရဲ့ နာမည်ကိုသိခွင့်ရှိမလား။"

"ကျွန်တော့်နာမည်က လင်းကျန်ပါ။ ကျွန်တော်လည်းဒီကိုကျောင်းလာတက်တာပါ။" လင်းကျန်က ပြန်ပြောလိုက်သည်။

နာမည်ကိုကြားပြီးနောက် ထိုလူ၏မျက်လုံးထဲမှအရိပ်အယောင်က အနည်းငယ်ပြောင်းလဲသွားသည်။ သူတစ်ခုခုပြောခါနီးတွင် ရထားလုံးထဲမှယွီဝမ်ထုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာထား သိသာစွာပြောင်းလဲသွားပြီး မြန်မြန်ရှေ့တိုးလာသည်။ "ကျွန်တော်က ဖုန်းကျန်ရှီပါ။ စစ်သူကြီးနဲ့တွေ့ရလို့ အင်မတန်ဂုဏ်ယူမိပါတယ်။"

ဤလူက ကျောင်းသားနှစ်ယောက် ကျောင်းလာတက်သည်ကိုသာ မြင်ရမည်ဟုထင်ထားခဲ့သည်။ ယွီဝမ်ထုန်လည်းရောက်လာမည်ဟု လုံးဝမထင်ထားရာ ထူးထူးခြားခြား လေးစားမှုနှင့် နှိမ့်ချခြင်းတို့ဖြင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။

"ခမ်းကြီးနားကြီးတွေ လုပ်စရာမလိုပါဘူး။" ယွီဝမ်ထုန်ကပြောသည်။ "ငါက သူတို့နဲ့လမ်းကြုံလိုက်လာရုံပဲ၊ ဘယ်သူ့ကိုမှ အထိတ်တလန့်မဖြစ်စေချင်ဘူး။"

'လမ်းကြုံ၊ ဟုတ်လား။ ဘယ်သူက ယုံမှာလဲ။ ဒီတက္ကသိုလ်က ဘယ်လမ်းနဲ့မဆို ဝေးနေတဲ့ဟာ၊ ဘယ်သူက ဒီလမ်းကို လမ်းကြုံမှာလဲ။' ဖုန်းကျန်ရှီကတွေးမိသည်။

သူတို့ကိုလာကြိုသူ၏နာမည်က ဖုန်းကျန်ရှီပင်။ သူက တော်ဝင်တက္ကသိုလ်၏ အလုပ်အမှုဆောင်ဖြစ်ပြီး သတင်းစုံသူလည်းဖြစ်ရာ ယွီဝမ်ထုန်အတွက်လင်းကျန်က မည်သို့သောလူမျိုးဖြစ်ကြောင်းသိပြီး မြို့တော်မှကောလဟာလများအားလုံးကိုလည်း ကြားဖူးသည်။ ယခုအခါ လင်းကျန်ကိုယွီဝမ်ထုန်ကိုယ်တိုင်လိုက်ပို့သည်အား သူတွေ့သောအခါ ယွီဝမ်ထုန်၏ရည်ရွယ်ချက်က လင်းကျန်၏နောက်တွင် သူရှိကြောင်း ဤတက္ကသိုလ်မှလူတိုင်းကိုပြရန်ဖြစ်မှန်း သဘောပေါက်လိုက်သွားသည်။

ဖုန်းကျန်ရှီ၏စိတ်ထဲတွင် အတွေးများစွာပေါ်လာ၏။ သူ့အတွက် အသေချာဆုံးမှာ ယွီဝမ်ထုန်က လင်းကျန်ကို တန်ဖိုးထားပြီး ယင်းက အချို့သောကောလဟာလများနှင့် ကွာခြားသည်။ ကျောင်းအုပ်က သူ့အား ယွီဝမ်ဂျင်နှင့်လင်းကျန်တို့ကိုလာကြိုရန် လွှတ်လိုက်ခြင်းမှာ လင်းကျန်အား အခြားသောဆွေကြီးမျိုးကြီးမိသားစုဝင်ကျောင်းသားများနည်းတူ ဆက်ဆံလိုက်ပုံပေါ်သော်လည်း တကယ်တမ်းတွင် ကျောင်းအုပ်ကလင်းကျန်အား အထင်မကြီးကြောင်း ပြသနေသည်။ ဤကျောင်းသားနှစ်ယောက်သာ ရာထူးမြင့်အရာရှိ၏သားများဆိုလျှင် ကျောင်းအုပ်က ကိုယ်တိုင်လာကြိုလိမ့်မည်။

ယွီဝမ်ထုန်က သူတို့နှင့်အတူလိုက်လာမည်ဟု မည်သူမှတွေးထားမည်မဟုတ်ပေ။

ဘဝအတွေ့အကြုံရှိသည့် ယွီဝမ်ထုန်က ဖုန်းကျန်ရှီ၏နောက်တွင် မည်သူမှမရှိသည်ကိုတွေ့သောအခါ အခြေအနေကိုချက်ချင်းသဘောပေါက်သွားသည်။ သူက အာဏာကိုအသုံးချကာ ဖိအားပေးတတ်သူမဟုတ်သော်လည်း မြို့တော်ကဲ့သို့နေရာတွင် နိုင်ငံရေးရာထူးဂုဏ်သိမ်အဆင့်ဆင့်က မွန်းကျပ်စရာကောင်းပြီး အထူးသဖြင့် တော်ဝင်တက္ကသိုလ်၏အခြေအနေက အလွန့်အလွန်ပရမ်းပတာဖြစ်လွန်းသည်။ ထိုကဲ့သို့သောလူများကိုတားရန် သူတစ်ခုခုမလုပ်လျှင် ၎င်းတို့ကလင်းကျန်ကို မည်သည့်ခိုးကြောင်ခိုးဝှက်နည်းများဖြင့် ပြဿနာရှာမလဲ မသိပေ။

"ငါ တော်ဝင်တက္ကသိုလ်ထဲမရောက်ဖူးဘူးဆိုတော့ သူတို့အတူ တစ်ချက်လောက်လိုက်ကြည့်လို့ရမလား။"

သဘာဝကျစွာပင် ဖုန်းကျန်ရှီက ချက်ချင်းသဘောတူကာ ယွီဝမ်ထုန်၊ လင်းကျန်နှင့်ယွီဝမ်ဂျင်တို့ကို အရှေ့ဘက်တံခါးပေါက်သို့ခေါ်သွားသည်။

တံခါးပေါက်နားမှအဖြစ်အပျက်မှာ တက္ကသိုလ်သို့ အဝင်အထွက်ပြုသောကျောင်းသားအချို့ထံမှ အာရုံစိုက်ခံလိုက်ရသည်။ ယွီဝမ်ထုန်က နယ်စပ်တွင်သာ တစ်နှစ်လုံးနီးပါးနေရာ ကျောင်းသားအများအပြားက သူ၏နာမည်ကိုသာကြားဖူးပြီး မမြင်ဖူးကြပေ။ ထို့ကြောင့် အစပိုင်းတွင် မည်သူကမှသူ့ကိုမမှတ်မိကြပေ။ ဖုန်းကျန်ရှီက ရိုသေလေးစားစွာ ပြုမူနေခြင်းကိုသာ သူတို့တွေ့၍ အနည်းငယ်အံ့ဩမိပြီး လင်းကျန်နှင့်ယွီဝမ်ဂျင်ကို အကဲခတ်မိကြသည်။

အံ့ဩစရာကောင်းသည်မှာ ယခုအချိန်တွင် တစ်စုံတစ်ယောက်ကယွီဝမ်ဂျင်ကို မှတ်မိသွား၍ ယွီဝမ်ဂျင်က ထင်ရှားသူဖြစ်နေသည်။

"ယွီဝမ်မိသားစုအခွဲကယွီဝမ်ဂျင်လည်း ဝင်ခွင့်ရတာလား။"

"သူ့ဘေးက လူနှစ်ယောက်ကဘယ်သူတွေလဲ။ အရပ်ရှည်ရှည်နဲ့တစ်ယောက်က တော်တော်ထည်ဝါတယ်။ သူငါ့ကိုကြည့်တော့ ငါပြန်တောင်မကြည့်ရဲဘူး။"

ဤကျောင်းသားများ၏စကားကိုကြားနေရသော ဖုန်းကျန်ရှီက လင်းကျန်နှင့် အခြားနှစ်ယောက်ကို ကျောင်းအုပ်နှင့်တွေ့ပေးရန် ပြင်သည်။ သူ၏ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့်ပင်ပြောနိုင်သော ယွီဝမ်ထုန်က နဖားကြိုးမတပ်မခံဘဲ ပြောလိုက်သည်။ "မင်း ဘယ်သွားမလို့လဲ။ ကျောင်းစတက်မဲ့ကျောင်းသားတွေလုပ်ရတဲ့ကိစ္စရှိရင် အဲ့နေရာကိုပဲ ဦးဆောင်ခေါ်သွားပေးပါ။"

ဖုန်းကျန်ရှီက အနည်းငယ်အံ့ဩသွားပြီး ချက်ချင်းပြန်ပြောသည်။ "စစ်သူကြီးကို ဒုက္ခမခံခိုင်းရဲပါဘူး။ သခင်လေးယွီဝမ်နဲ့ သခင်လေးလင်းတို့အတွက် ဝင်ခွင့်လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့တွေစီမံပြီးပါပြီ။ သူတို့တွေက ပါမောက္ခဆီမှာ တိုက်ရိုက်အတည်ပြုပြီးရင် သင်ခန်းစာစသင်လို့ရပါပြီ။"

ယွီဝမ်ထုန်ကပြောသည်။ "ဒါဆိုလည်း အဲ့ဒီပါမောက္ခကို သွားတွေ့ရအောင်။"

ဖုန်းကျန်ရှီက ယွီဝမ်ထုန်၏မျက်နှာကို တစ်ချက်လှမ်းကြည့်သည်။ သူ၏ မာကျောကာ ဂုဏ်သရေရှိသောမျက်နှာထားက လူများအားတိုက်ရိုက်မကြည့်ရဲအောင် တားမြစ်ထားသည်အား တွေ့သောအခါ ဖုန်းကျန်ရှီမှာ ယွီဝမ်ထုန်၏ရည်ရွယ်ချက်ကို မသေချာသဖြင့် သဘောတူလိုက်သည်။ "ရတာပေါ့၊ ရတာပေါ့။ ဒီဘက်ပါ၊ စစ်သူကြီး။ ဒီဘက်ပါ၊ သခင်လေးတို့။"

"မဝံ့ပါဘူး။ ဆရာ့ နောက်ကနေပဲ လိုက်ပါ့မယ်။" လင်းကျန်ကပြောသည်။

ဖုန်းကျန်ရှီက သူ့ကိုတစ်ချက်ကြည့်သည်။ 'ကောလဟာလတွေထဲမှာကျ လင်းကျန်က အနိုင်ကျင့်တတ်ပြီးမောက်မာတယ်ဆို၊ ဒါပေမဲ့ သူကအဲ့လိုလူမျိုး မဟုတ်သလိုပဲ။'

တော်ဝင်တက္ကသိုလ်က အတော်ကျယ်ပြီး လိုအပ်သမျှ ကွင်းပြင်များ၊ အဆောက်အဦးများကို ထည့်သွင်းတည်ဆောက်ထား၏။ စာသင်ခန်းများ၊ ပါမောက္ခများ၏ခြံများအပြင် ကျောင်းသားများနေနိုင်သည့် အဆောင်ခန်းများလည်း ရှိသည်။ တော်ဝင်တက္ကသိုလ်အနှံ့ကို ခြေကျင်လျှောက်လည်လျှင် တစ်ရက်ကျော်ကြာလိမ့်မည်။ လင်းကျန်အနေဖြင့် တော်ဝင်တက္ကသိုလ်၏ရှုခင်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ တကယ်စိတ်လှုပ်ရှားမိသည်။

ယခုအချိန်တွင် လူအချို့က ယွီဝမ်ထုန်ကို မှတ်မိသွားသည်။ သူတို့က ကျောင်းသားဝတ်စုံကိုဝတ်ထားသော ကျောင်းသားတစ်စုပင်။ ထိပ်မှဦးဆောင်လာသူထံတွင် မြင့်မြတ်သောအမူအကျင့်ရှိသည်။ သူ၏မျက်နှာထားနှင့် ဥပဓိရုပ်မှာလည်း အခြားလူများနှင့် ကွဲပြားသည်။

သူက လင်းကျန်ကိုတွေ့သောအခါ တစ်ချက်မျှသာ လှမ်းကြည့်လိုက်သော်လည်း ယွီဝမ်ထုန်ကိုပါ အံ့ဩစွာတွေ့လိုက်ရ၍ ချက်ချင်းရပ်သွားပြီး အတော်အံ့ဩနေသံဖြင့်ပြောသည်။ "စစ်သူကြီး။"

သူ့အသံက ကျယ်သွားရာ အနီးအနားမှကျောင်းသားများအားလုံး ကြားလိုက်ကြပြီး ယွီဝမ်ထုန်ဆိုသောလူကို လိုက်ရှာကြကာ ယွီဝမ်ထုန်ထံအကြည့်ရောက်လာကြသည်။ "စစ်သူကြီး၊ ယွီဝမ်ထုန်လား။"

"ဘာကြောင့်များ တော်ဝင်တက္ကသိုလ်ကို ရောက်လာရတာပါလဲ၊ စစ်သူကြီး။" ယွီဝမ်ထုန့်အကြောင်းပြောလိုက်သူက စိတ်လှုပ်ရှားနေပုံဖြင့် လျှောက်လာသည်။

လင်းကျန်က ဤလူကို အကဲဖြတ်ကြည့်သည်။ 'ဒီလူက ယွီဝမ်ထုန်ကိုတွေ့ရလို့ ပျော်နေပုံပဲ။ သူက ယွီဝမ်ထုန်နဲ့သိတဲ့လူများလား။'

မမျှော်လင့်ထားစွာဖြင့် ယွီဝမ်ထုန်က ဤလူကိုတွေ့ကာ ဇဝေဇဝါဖြစ်နေသည်။ "မင်းက ဘယ်သူလဲ။"

ထိုလူက ဤသို့ကြားလိုက်ရသောအခါ ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးမှန်းသဘောပေါက်ကာ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ ရိုင်းပျမှုအတွက် စိတ်မရှိပါနဲ့။ ကျွန်တော်က ကျန်းယွီပါ။ ကျွန်တော့်အဖိုးက အမတ်ချုပ် ကျန်းချန်ဖုန်းပါ။ လွန်ခဲ့တဲ့သုံးနှစ်က တော်ဝင်နန်းတော်မှာကျင်းပတဲ့ ပွဲတစ်ခုကို ကျွန်တော့်အဖိုးနဲ့အတူ တက်လာတုန်းက စစ်သူကြီးကိုတစ်ခါမြင်ဖူးပါတယ်။ အဲ့အချိန်မှာ စစ်သူကြီးက တအားအလုပ်ရှုပ်နေတော့ ကျွန်တော့်ကိုသတိမထားမိတာနေပါလိမ့်မယ်။"

'ကျန်းချန်ဖုန်း' လင်းကျန်က ကျန်းယွီကို မသိမသာကြည့်လိုက်သည်။ 'သူက အမတ်ချုပ်တာဝန်ကိုရထားတဲ့ ကျန်းချန်ဖုန်းရဲ့မြေးပေါ့။' ယွီဝမ်ထုန်က စစ်ရေးတွင် ဩဇာအရှိဆုံးအရာရှိဆိုလျှင် ကျန်းချန်ဖုန်းကရုံးပိုင်းဆိုင်ရာ၌ လွှမ်းမိုးနိုင်စွမ်းအကောင်းဆုံး အစိုးရအရာရှိဖြစ်လိမ့်မည်။ ထို့အပြင် ကျန်းချန်ဖုန်းက ဧကရာဇ်နှင့်လည်း အမျိုးတော်သည်။ ဧကရာဇ်၏မယ်တော်က ကျန်းမိသားစုဝင်ဖြစ်ရာ ကျန်းချန်ဖုန်းက ဧကရာဇ်နှင့်ဦးလေးတော်စပ်သည်။

'ဆိုတော့ကာ ဒီကျန်းယွီကလည်း ဧကရာဇ်ရဲ့အမျိုးပေါ့။ ဒီတက္ကသိုလ်မှာတက်တဲ့ကျောင်းသားတွေအများကြီးက ဆွေကြီးမျိုးကြီးကနေလာတယ်ဆိုတာ တကယ်မှန်နေတာပဲ။' လင်းကျန်ကတွေးသည်။

သူက အစပိုင်းတွင်တိတ်တိတ်နေရန် ဆုံးဖြတ်လိုက်သည်။ ကျန်းယွီဟုခေါ်သော ဤတစ်ယောက်က ကျန်းချန်ဖုန်း၏မြေး၊ ငွေဇွန်းကိုက်၍မွေးလာသူဖြစ်ရာ မည်သို့သောလူမှန်းပြောရခက်သည်။

"ဒီတော့ မင်းက အမတ်ချုပ်ရဲ့မြေးပေါ့။" ယွီဝမ်ထုန်က တစ်ချက်သာ ခေါင်းညှိတ်ပြလိုက်သည်။ သူက အံ့အားသင့်ဖွယ်ဉာဏ်ကောင်းပြီး မည်သည့်အရာကိုမဆို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သော်လည်း ကျန်းယွီဆိုသူနှင့် မရင်းနှီးပေ။ လွန်ခဲ့သည့်သုံးနှစ်အကြာက တော်ဝင်ပွဲအခမ်းအနားကို သူကအလျင်စလိုတက်ရောက်ပြီး ပြန်သွားရာ ဖိတ်ကြားခံထားရသည့်ဧည့်သည်များကို အာရုံမစိုက်မိပေ။ ထို့ကြောင့် ကျန်းယွီကိုလည်း သတိမထားမိပေ။

ယွီဝမ်ထုန်က တစ်ခွန်းသာမှတ်ချက်ပြုပီးနောက် တိတ်သွားသည်။ သူ့အရှေ့တွင် ကျန်းယွီဆက်ရပ်နေသည်ကိုတွေ့သောအခါ အနည်းငယ်ဇဝေဖဝါဖြစ်သွားသည်။

ယွီဝမ်ထုန်၏စိတ်ရှုပ်ထွေးမှုက အလွန်သိသာပြီး သူ့ကို ဘာကြောင့်မထွက်သွားသေးသနည်းဟု မေးနေပုံပေါက်သဖြင့် ကျန်းယွီ၏မျက်နှာထားက မသိမသာတောင့်တင်းသွားသည်။

"စစ်သူကြီး ဒီမှာသီးသန့်လာလုပ်ရတဲ့ကိစ္စများ ရှိလို့ပါလား။ ကျွန်တော် လမ်းညွှန်ပေးရမလား။" ကျန်းယွီက မျက်နှာပေါ်မှမူမမှန်မှုကို မြန်မြန်ဖုံးကွယ်ကာ ယွီဝမ်ထုန်ကိုပြုံး၍ကြည့်သည်။

သူက ယွီဝမ်ထုန်၏ဘေးတွင်ရပ်နေသော လင်းကျန်နှင့်ယွီဝမ်ဂျင်၏တည်ရှိမှုကို မေ့သွားပုံပင်။

လင်းကျန်နှင့်ယွီဝမ်ဂျင်တို့ အကြည့်ဖလှယ်မိကြသော်လည်း ဘာမှမပြောချေ။

ကျန်းယွီက ယွီဝမ်ထုန်အတွက်သာ ရောက်လာကြောင်း ရှင်းနေ၏။

လင်းကျန်က ယွီဝမ်ထုန့်ထံပစ်ဝင်နေသော ကျန်းယွီကိုတွေ့သောအခါ ထောင်ရိအားသတိရမိသည်။ သူက ကျန်းယွီကို ထောင်ရိကဲ့သို့ကိုးကွယ်သူအဖြစ် သတ်မှတ်လိုက်ပြီးသားပင်။

သို့သော် ယွီဝမ်ဂျင်က လင်းကျန်၏အင်္ကျီစကို မသိမသာဆွဲကာ လေသံဖြင့်ဝေဖန်သည်။ "ဒီကျန်းယွီက တအားဘဝင်မြင့်လွန်းတယ်။ သူက တစ်ကိုယ်ကောင်းဆန်တဲ့လူဆိုတာကို ကြည့်ရုံနဲ့ ငါသိတယ်။ ဝမ်းကွဲသူ့ကို သဘောမတူစေနဲ့။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ေတာ္ဝင္တကၠသိုလ္သို႔ ပထမဆုံးအႀကိမ္ေရာက္ျခင္း
..............................................................

ယြီဝမ္ဂ်င္က သူ႕အေဖမွာလိုက္သည့္အတိုင္းမလုပ္မိလွ်င္ ထပ္၍နားပူနားဆာအလုပ္ခံရမည္ကို စိုးရိမ္ေနပုံေပၚ၏။ သူက တကၠသိုလ္သို႔သြားသည့္လမ္းတြင္ လင္းက်န္ကို ေတာ္ဝင္တကၠသိုလ္မွအေျခအေနအေၾကာင္း အစြမ္းကုန္ရွင္းျပခဲ့သည္။

သာမန္စာေပတကၠသိုလ္မ်ားတြင္ပင္ ေက်ာင္းသားဂိုဏ္းမ်ားရွိသည္။ ဥပမာအားျဖင့္ ခ်မ္းသာသည့္မိသားစုမ်ားမွ ေက်ာင္းသားမ်ားႏွင့္ ဆင္းရဲေသာမိသားစုမ်ားမွ ေက်ာင္းသားမ်ားက တစ္ဦးကိုတစ္ဦးေတြ႕သည္ႏွင့္ မလြဲမေသြမုန္းတီးၾကမည္ျဖစ္ၿပီး အေရွ႕တိုင္းရိုးရာတကၠသိုလ္မွာလည္း ဤက႑တြင္ ႁခြင္းခ်က္မရွိေပ။

သို႔ရာတြင္ ေတာ္ဝင္တကၠသိုလ္မွအေျခအေနက ဖရိုဖရဲျဖစ္ေနသည္ဟု လူအမ်ားထင္ၾကသည္မွာ ေတာ္ဝင္တကၠသိုလ္တြင္ အထက္တန္းဇာတိမွေက်ာင္းသားမ်ားႏွင့္ အညတရမ်ိဳးရိုးမွေက်ာင္းသားမ်ားၾကားမွ ပဋိပကၡထက္ ပို၍ရႈပ္ေထြးေသာအရာလည္းပါ၏။ ေတာ္ဝင္တကၠသိုလ္၏ထူးျခားေသာအဆင့္အတန္းေၾကာင့္ ေက်ာင္းသားအားလုံးနီးပါးမွာ ေဆြႀကီးမ်ိဳးႀကီးမွျဖစ္ၾကၿပီး ဆင္းရဲေသာမိသားစုမ်ားမွ ေက်ာင္းသားမွာ အခ်ိဳးအစားအလြန္နည္း၍ ေက်ာင္းသားအေရအတြက္က မ်ားစြာကြာျခားသည္။ ေအာက္ေျခဇာတိမွေက်ာင္းသားမ်ားမွာ ရန္သူမ်ား၏ဖိအားေအာက္တြင္ အသက္မနည္းရႉေနရသည္။

ရလဒ္အေနျဖင့္ ေတာ္ဝင္တကၠသိုလ္တြင္ ဤအုပ္စုႏွစ္ခု၏ပဋိပကၡကို လစ္လ်ဴရႈထား၍ရသည္။ ဤတကၠသိုလ္မွဖရိုဖရဲအေျခအေန၏ရင္းျမစ္မွာ ေက်ာင္းသားမ်ား၏ေနာက္ခံႏွင့္ ဆက္ႏြယ္ေနသည္။ လက္ရွိဧကရာဇ္က သံသယမ်ားၿပီး ဦးေဆာင္မႈကို သူ၏ငယ္သားမ်ား နာခံရန္အတြက္ စုံစမ္း၊ ထိန္းညွိမႈမ်ားသုံးျခင္းကို သေဘာက်သည္။ ရန္သူအုပ္စုမ်ားၾကားမွ ဘက္လိုက္ေသာအျငင္းအခုံမွာ အလြန္ျပင္းထန္၏။ ထို႔အျပင္ မင္းသားမ်ားအားလုံးက အ႐ြယ္ေရာက္ေနၿပီျဖစ္ရာ တစ္ေယာက္ခ်င္းစီက အုပ္စုတစ္ခုခ်င္းစီကို ကိုယ္စားျပဳၾကသည္။ ေတာ္ဝင္တကၠသိုလ္မွေက်ာင္းသားအမ်ားစုမွာ ရာထူးႀကီးအမႈထမ္းမ်ား၏သားသမီးမ်ားျဖစ္ရာ ေတာ္ဝင္ညီလာခံမွ အုပ္စုမ်ားအၾကား ပဋိပကၡက ေတာ္ဝင္တကၠသိုလ္၌ သက္ေရာက္မႈရွိမည္ကို မလႊဲေရွာင္နိုင္ေပ။

လင္းက်န္သာ ပညာေရးဗဟုသုတအခ်ိဳ႕ သင္ယူခ်င္လွ်င္ ထိုသို႔ျပႆနာမီးေတာက္ေလ့ရွိေသာေနရာကို လုံးဝေ႐ြးမည္မဟုတ္ေပ။ သူ၏အေကာင္းဆုံးေ႐ြးခ်ယ္မႈမွာ အေရွ႕တိုင္းရိုးရာတကၠသိုလ္ျဖစ္ေသာ္လည္း ဧကရာဇ္က လင္းက်န္၏အစီအစဥ္ကို ေတာ္ဝင္အမိန့္ေတာ္ျဖင့္ ဝင္စြက္ဖက္ရာ သူႏွင့္မဆိုင္ေသာကိစၥမ်ားအၾကား ဆြဲသြင္းခံရလိမ့္မည္မွန္း ေသခ်ာလုနီးပါးရွိသည့္ ေတာ္ဝင္တကၠသိုလ္သို႔ လာလိုက္ရသည္။

"မင္းက ဘာလို႔ အေရွ႕တိုင္းရိုးရာတကၠသိုလ္အစား ေတာ္ဝင္တကၠသိုလ္ကို ေ႐ြးခဲ့တာလဲ။" လင္းက်န္က ယြီဝမ္ဂ်င္ကို ေမးလိုက္သည္။

ယြီဝမ္ဂ်င္က မ်က္ေတာင္ခတ္ကာ ျပန္ေျပာသည္။ "ငါက သူ႕ရဲ႕႐ုတ္႐ုတ္သဲသဲျဖစ္ေနပုံကို သေဘာက်လိဳ႕။ အေရွ႕တိုင္းရိုးရာတကၠသိုလ္က တအားပ်င္းဖို႔ေကာင္းတယ္။ ေတာ္ဝင္တကၠသိုလ္က ငါ့ရဲ႕ပါရမီေတြကို လိုက္စားနိုင္တဲ့ေနရာပဲ။ သူက ငါ့လိုမ်ိဳး တပ္မႉးတစ္ေယာက္ ၿငိမ္းခ်မ္းေအာင္လုပ္ေပးရမဲ့ စစ္ေျမျပင္လို ပရမ္းပတာ ျဖစ္ေနတာ။ မင္းေရာ အဲ့လိုမထင္ဘူးလား။"

လင္းက်န္မွာ ဘာေျပာရမည္မွန္းမသိေခ်။

'ယြီဝမ္ဂ်င္က ဒီလိုအတၱႀကီးတာကို ငါဘာလို႔ေစာေစာမသိခဲ့ရတာလဲ။ သူ႕ကို ယုံၾကည္လို႔ရရဲ႕လား။' သူေတြးမိသည္။

"ကေလးတစ္သိုက္ဆီမွာ အျမတ္ထုတ္မခံရေအာင္ဂ႐ုစိုက္ပါ၊ တပ္မႉး။ မဟုတ္ရင္ ေခါင္းမွီၿပီးငိုစရာပုခုံးေတာင္ မေတြ႕ဘဲေနပါလိမ့္မယ္။" ယြီဝမ္ထုန္က ယြီဝမ္ဂ်င္ကိုေျပာသည္။

ယြီဝမ္ဂ်င္က ျပန္ေျပာသည္။ "ဒါဆို ကြၽန္ေတာ့္ကို စစ္ေရးဗ်ဴဟာနည္းလမ္းေတြ သင္ေပးေလ၊ ဝမ္းကြဲရဲ႕။ ကြၽန္ေတာ္က ညီေလးလင္းကို ကာကြယ္ဖို႔တာဝန္ရွိတဲ့လူေနာ္။ အစ္ကိုသာ စစ္ဗ်ဴဟာေတြမသင္ေပးရင္ ကြၽန္ေတာ္အဲ့လိုလုပ္နိုင္မွာမဟုတ္ဘူး။"

လင္းက်န္ အလင္းေပါက္သြားသည္။ 'ယြီဝမ္ဂ်င္က ဒီအခ်ိန္ကို ေတာက္ေလွ်ာက္ေစာင့္ေနခဲ့တာပဲ။'

ယြီဝမ္ထုန္ကေျပာသည္။ "မင္းအေဖက ယြီဝမ္မိသားစုကေန ခြဲထြက္လာေပမဲ့ စစ္နဲ႕ဆိုင္တဲ့စာအုပ္ေတြအမ်ားႀကီး ရွိေသးတယ္။ ဘာလို႔အဲ့ဒါေတြကို လစ္လ်ဴရႈၿပီး ငါ့လာေမးေနတာလဲ။"

ယြီဝမ္ဂ်င္က ျပန္ေျပာသည္။ "ဒါေပမဲ့ ကြၽန္ေတာ့္အဖိုးက ကြၽန္ေတာ့္ကို အဲ့ဒါေတြမဖတ္ေစခ်င္ဘူးေလ။ ၿပီးေတာ့ အစ္ကိုက စစ္သူႀကီးဆိုေတာ့ ပိုသိမွာပဲ။"

စစ္ဗ်ဴဟာမ်ားကို ယြီဝမ္ထုန္သင္ေပးေစရန္အတြက္ ယြီဝမ္ဂ်င္က ခ်ီးက်ဴးစကားမ်ားစြာေျပာခဲ့ၿပီး ယြီဝမ္ထုန္ကို ဖားရန္အစြမ္းကုန္ႀကိဳးစားခဲ့သည္။ ေနာက္ဆုံးတြင္ သူ၏အားထုတ္မႈက အရာထင္သြား၏။ ယြီဝမ္ထုန္က အင္တင္တင္ျဖင့္ ေျပာသည္။ "ငါမင္းကို နည္းနည္းေတာ့ သင္ေပးနိုင္ေလာက္တယ္။"

ယြီဝမ္ဂ်င္ ေပ်ာ္႐ႊင္သြား၏။ "ဝမ္းကြဲက အေကာင္းဆုံးပဲ။"

ယြီဝမ္ဂ်င္က ယြီဝမ္ထုန္သေဘာမတူေတာ့မည္ကို စိုးရိမ္၍ ေတာ္ဝင္တကၠသိုလ္မွ ခြင့္ရက္ရတိုင္း လင္းစံအိမ္တြင္ ယြီဝမ္ထုန္ထံမွလာသင္ယူမည္ဟု လင္းက်န္ကိုအျမန္ေျပာသည္။

ယခုအခါ ယြီဝမ္ထုန္ကိုယ္တိုင္ သေဘာတူၿပီးသားျဖစ္ရာ လင္းက်န္မကန့္ကြက္ေပ။

*****

ေတာ္ဝင္တကၠသိုလ္က လင္းစံအိမ္ႏွင့္အလြန္ေဝးသည္။ သူတို႔ ထိုေနရာသို႔ေရာက္ရန္အတြက္ ျမင္းရထားလုံးျဖင့္ တစ္နာရီနီးပါးလာခဲ့ရသည္။

ယြီဝမ္ဂ်င္၏ရထားလုံးက မထင္ရွားေသာ္လည္း ယြီဝမ္မိသားစုက အလြန္နာမည္ႀကီးသည္။ ယြီဝမ္ေရာ္က ယြီဝမ္မိသားစုမွခြဲထြက္လာခဲ့ေသာ္လည္း သူ၏မ်ိဳးရိုးနာမည္မွာ ယြီဝမ္ျဖစ္ေနဆဲပင္။ ယြီဝမ္ထုန္က ယြီဝမ္ေရာ္၏မိသားစုႏွင့္ ရင္းႏွီးသည့္အျပင္ ယြီဝမ္ဂ်င္၏အေဖ၊ ဦးေလးႏွင့္ အဖိုးမွာ အညတရမ်ားမဟုတ္ၾကဘဲ ေတာ္ဝင္ညီလာခံဝင္ရေသာ အရာရွိမ်ားျဖစ္ၾကသျဖင့္ ေတာ္ဝင္တကၠသိုလ္က သူတို႔ကိုလာႀကိဳရန္ လူတစ္ေယာက္စီစဥ္ထားသည္။

ျမင္းရထားလုံးထဲမွ ပထမဆုံးထြက္လာသူမွာ ယြီဝမ္ဂ်င္ပင္။ လင္းက်န္ကေနာက္မွလိုက္လာသည္။ သူတို႔အားလာႀကိဳသူက လင္းက်န္ကိုေတြ႕ေသာအခါ ဇေဝဇဝါျဖစ္သြားသည္။ "သင့္ရဲ႕ နာမည္ကိုသိခြင့္ရွိမလား။"

"ကြၽန္ေတာ့္နာမည္က လင္းက်န္ပါ။ ကြၽန္ေတာ္လည္းဒီကိုေက်ာင္းလာတက္တာပါ။" လင္းက်န္က ျပန္ေျပာလိုက္သည္။

နာမည္ကိုၾကားၿပီးေနာက္ ထိုလူ၏မ်က္လုံးထဲမွအရိပ္အေယာင္က အနည္းငယ္ေျပာင္းလဲသြားသည္။ သူတစ္ခုခုေျပာခါနီးတြင္ ရထားလုံးထဲမွယြီဝမ္ထုန္ထြက္လာသည္ကို ေတြ႕လိုက္ရသည္။ သူ၏မ်က္ႏွာထား သိသာစြာေျပာင္းလဲသြားၿပီး ျမန္ျမန္ေရွ႕တိုးလာသည္။ "ကြၽန္ေတာ္က ဖုန္းက်န္ရွီပါ။ စစ္သူႀကီးနဲ႕ေတြ႕ရလို႔ အင္မတန္ဂုဏ္ယူမိပါတယ္။"

ဤလူက ေက်ာင္းသားႏွစ္ေယာက္ ေက်ာင္းလာတက္သည္ကိုသာ ျမင္ရမည္ဟုထင္ထားခဲ့သည္။ ယြီဝမ္ထုန္လည္းေရာက္လာမည္ဟု လုံးဝမထင္ထားရာ ထူးထူးျခားျခား ေလးစားမႈႏွင့္ ႏွိမ့္ခ်ျခင္းတို႔ျဖင့္ ခ်က္ခ်င္းႏႈတ္ဆက္လိုက္သည္။

"ခမ္းႀကီးနားႀကီးေတြ လုပ္စရာမလိုပါဘူး။" ယြီဝမ္ထုန္ကေျပာသည္။ "ငါက သူတို႔နဲ႕လမ္းႀကဳံလိုက္လာ႐ုံပဲ၊ ဘယ္သူ႕ကိုမွ အထိတ္တလန့္မျဖစ္ေစခ်င္ဘူး။"

'လမ္းႀကဳံ၊ ဟုတ္လား။ ဘယ္သူက ယုံမွာလဲ။ ဒီတကၠသိုလ္က ဘယ္လမ္းနဲ႕မဆို ေဝးေနတဲ့ဟာ၊ ဘယ္သူက ဒီလမ္းကို လမ္းႀကဳံမွာလဲ။' ဖုန္းက်န္ရွီကေတြးမိသည္။

သူတို႔ကိုလာႀကိဳသူ၏နာမည္က ဖုန္းက်န္ရွီပင္။ သူက ေတာ္ဝင္တကၠသိုလ္၏ အလုပ္အမႈေဆာင္ျဖစ္ၿပီး သတင္းစုံသူလည္းျဖစ္ရာ ယြီဝမ္ထုန္အတြက္လင္းက်န္က မည္သို႔ေသာလူမ်ိဳးျဖစ္ေၾကာင္းသိၿပီး ၿမိဳ႕ေတာ္မွေကာလဟာလမ်ားအားလုံးကိုလည္း ၾကားဖူးသည္။ ယခုအခါ လင္းက်န္ကိုယြီဝမ္ထုန္ကိုယ္တိုင္လိုက္ပို႔သည္အား သူေတြ႕ေသာအခါ ယြီဝမ္ထုန္၏ရည္႐ြယ္ခ်က္က လင္းက်န္၏ေနာက္တြင္ သူရွိေၾကာင္း ဤတကၠသိုလ္မွလူတိုင္းကိုျပရန္ျဖစ္မွန္း သေဘာေပါက္လိုက္သြားသည္။

ဖုန္းက်န္ရွီ၏စိတ္ထဲတြင္ အေတြးမ်ားစြာေပၚလာ၏။ သူ႕အတြက္ အေသခ်ာဆုံးမွာ ယြီဝမ္ထုန္က လင္းက်န္ကို တန္ဖိုးထားၿပီး ယင္းက အခ်ိဳ႕ေသာေကာလဟာလမ်ားႏွင့္ ကြာျခားသည္။ ေက်ာင္းအုပ္က သူ႕အား ယြီဝမ္ဂ်င္ႏွင့္လင္းက်န္တို႔ကိုလာႀကိဳရန္ လႊတ္လိုက္ျခင္းမွာ လင္းက်န္အား အျခားေသာေဆြႀကီးမ်ိဳးႀကီးမိသားစုဝင္ေက်ာင္းသားမ်ားနည္းတူ ဆက္ဆံလိုက္ပုံေပၚေသာ္လည္း တကယ္တမ္းတြင္ ေက်ာင္းအုပ္ကလင္းက်န္အား အထင္မႀကီးေၾကာင္း ျပသေနသည္။ ဤေက်ာင္းသားႏွစ္ေယာက္သာ ရာထူးျမင့္အရာရွိ၏သားမ်ားဆိုလွ်င္ ေက်ာင္းအုပ္က ကိုယ္တိုင္လာႀကိဳလိမ့္မည္။

ယြီဝမ္ထုန္က သူတို႔ႏွင့္အတူလိုက္လာမည္ဟု မည္သူမွေတြးထားမည္မဟုတ္ေပ။

ဘဝအေတြ႕အႀကဳံရွိသည့္ ယြီဝမ္ထုန္က ဖုန္းက်န္ရွီ၏ေနာက္တြင္ မည္သူမွမရွိသည္ကိုေတြ႕ေသာအခါ အေျခအေနကိုခ်က္ခ်င္းသေဘာေပါက္သြားသည္။ သူက အာဏာကိုအသုံးခ်ကာ ဖိအားေပးတတ္သူမဟုတ္ေသာ္လည္း ၿမိဳ႕ေတာ္ကဲ့သို႔ေနရာတြင္ နိုင္ငံေရးရာထူးဂုဏ္သိမ္အဆင့္ဆင့္က မြန္းက်ပ္စရာေကာင္းၿပီး အထူးသျဖင့္ ေတာ္ဝင္တကၠသိုလ္၏အေျခအေနက အလြန့္အလြန္ပရမ္းပတာျဖစ္လြန္းသည္။ ထိုကဲ့သို႔ေသာလူမ်ားကိုတားရန္ သူတစ္ခုခုမလုပ္လွ်င္ ၎တို႔ကလင္းက်န္ကို မည္သည့္ခိုးေၾကာင္ခိုးဝွက္နည္းမ်ားျဖင့္ ျပႆနာရွာမလဲ မသိေပ။

"ငါ ေတာ္ဝင္တကၠသိုလ္ထဲမေရာက္ဖူးဘူးဆိုေတာ့ သူတို႔အတူ တစ္ခ်က္ေလာက္လိုက္ၾကည့္လို႔ရမလား။"

သဘာဝက်စြာပင္ ဖုန္းက်န္ရွီက ခ်က္ခ်င္းသေဘာတူကာ ယြီဝမ္ထုန္၊ လင္းက်န္ႏွင့္ယြီဝမ္ဂ်င္တို႔ကို အေရွ႕ဘက္တံခါးေပါက္သို႔ေခၚသြားသည္။

တံခါးေပါက္နားမွအျဖစ္အပ်က္မွာ တကၠသိုလ္သို႔ အဝင္အထြက္ျပဳေသာေက်ာင္းသားအခ်ိဳ႕ထံမွ အာ႐ုံစိုက္ခံလိုက္ရသည္။ ယြီဝမ္ထုန္က နယ္စပ္တြင္သာ တစ္ႏွစ္လုံးနီးပါးေနရာ ေက်ာင္းသားအမ်ားအျပားက သူ၏နာမည္ကိုသာၾကားဖူးၿပီး မျမင္ဖူးၾကေပ။ ထို႔ေၾကာင့္ အစပိုင္းတြင္ မည္သူကမွသူ႕ကိုမမွတ္မိၾကေပ။ ဖုန္းက်န္ရွီက ရိုေသေလးစားစြာ ျပဳမူေနျခင္းကိုသာ သူတို႔ေတြ႕၍ အနည္းငယ္အံ့ဩမိၿပီး လင္းက်န္ႏွင့္ယြီဝမ္ဂ်င္ကို အကဲခတ္မိၾကသည္။

အံ့ဩစရာေကာင္းသည္မွာ ယခုအခ်ိန္တြင္ တစ္စုံတစ္ေယာက္ကယြီဝမ္ဂ်င္ကို မွတ္မိသြား၍ ယြီဝမ္ဂ်င္က ထင္ရွားသူျဖစ္ေနသည္။

"ယြီဝမ္မိသားစုအခြဲကယြီဝမ္ဂ်င္လည္း ဝင္ခြင့္ရတာလား။"

"သူ႕ေဘးက လူႏွစ္ေယာက္ကဘယ္သူေတြလဲ။ အရပ္ရွည္ရွည္နဲ႕တစ္ေယာက္က ေတာ္ေတာ္ထည္ဝါတယ္။ သူငါ့ကိုၾကည့္ေတာ့ ငါျပန္ေတာင္မၾကည့္ရဲဘူး။"

ဤေက်ာင္းသားမ်ား၏စကားကိုၾကားေနရေသာ ဖုန္းက်န္ရွီက လင္းက်န္ႏွင့္ အျခားႏွစ္ေယာက္ကို ေက်ာင္းအုပ္ႏွင့္ေတြ႕ေပးရန္ ျပင္သည္။ သူ၏ရည္႐ြယ္ခ်က္ကို တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ေျပာနိုင္ေသာ ယြီဝမ္ထုန္က နဖားႀကိဳးမတပ္မခံဘဲ ေျပာလိုက္သည္။ "မင္း ဘယ္သြားမလို႔လဲ။ ေက်ာင္းစတက္မဲ့ေက်ာင္းသားေတြလုပ္ရတဲ့ကိစၥရွိရင္ အဲ့ေနရာကိုပဲ ဦးေဆာင္ေခၚသြားေပးပါ။"

ဖုန္းက်န္ရွီက အနည္းငယ္အံ့ဩသြားၿပီး ခ်က္ခ်င္းျပန္ေျပာသည္။ "စစ္သူႀကီးကို ဒုကၡမခံခိုင္းရဲပါဘူး။ သခင္ေလးယြီဝမ္နဲ႕ သခင္ေလးလင္းတို႔အတြက္ ဝင္ခြင့္လုပ္ငန္းစဥ္ေတြကို ကြၽန္ေတာ္တို႔ေတြစီမံၿပီးပါၿပီ။ သူတို႔ေတြက ပါေမာကၡဆီမွာ တိုက္ရိုက္အတည္ျပဳၿပီးရင္ သင္ခန္းစာစသင္လို႔ရပါၿပီ။"

ယြီဝမ္ထုန္ကေျပာသည္။ "ဒါဆိုလည္း အဲ့ဒီပါေမာကၡကို သြားေတြ႕ရေအာင္။"

ဖုန္းက်န္ရွီက ယြီဝမ္ထုန္၏မ်က္ႏွာကို တစ္ခ်က္လွမ္းၾကည့္သည္။ သူ၏ မာေက်ာကာ ဂုဏ္သေရရွိေသာမ်က္ႏွာထားက လူမ်ားအားတိုက္ရိုက္မၾကည့္ရဲေအာင္ တားျမစ္ထားသည္အား ေတြ႕ေသာအခါ ဖုန္းက်န္ရွီမွာ ယြီဝမ္ထုန္၏ရည္႐ြယ္ခ်က္ကို မေသခ်ာသျဖင့္ သေဘာတူလိုက္သည္။ "ရတာေပါ့၊ ရတာေပါ့။ ဒီဘက္ပါ၊ စစ္သူႀကီး။ ဒီဘက္ပါ၊ သခင္ေလးတို႔။"

"မဝံ့ပါဘူး။ ဆရာ့ ေနာက္ကေနပဲ လိုက္ပါ့မယ္။" လင္းက်န္ကေျပာသည္။

ဖုန္းက်န္ရွီက သူ႕ကိုတစ္ခ်က္ၾကည့္သည္။ 'ေကာလဟာလေတြထဲမွာက် လင္းက်န္က အနိုင္က်င့္တတ္ၿပီးေမာက္မာတယ္ဆို၊ ဒါေပမဲ့ သူကအဲ့လိုလူမ်ိဳး မဟုတ္သလိုပဲ။'

ေတာ္ဝင္တကၠသိုလ္က အေတာ္က်ယ္ၿပီး လိုအပ္သမွ် ကြင္းျပင္မ်ား၊ အေဆာက္အဦးမ်ားကို ထည့္သြင္းတည္ေဆာက္ထား၏။ စာသင္ခန္းမ်ား၊ ပါေမာကၡမ်ား၏ၿခံမ်ားအျပင္ ေက်ာင္းသားမ်ားေနနိုင္သည့္ အေဆာင္ခန္းမ်ားလည္း ရွိသည္။ ေတာ္ဝင္တကၠသိုလ္အႏွံ႕ကို ေျခက်င္ေလွ်ာက္လည္လွ်င္ တစ္ရက္ေက်ာ္ၾကာလိမ့္မည္။ လင္းက်န္အေနျဖင့္ ေတာ္ဝင္တကၠသိုလ္၏ရႈခင္းကို ပထမဆုံးျမင္ဖူးျခင္းျဖစ္ရာ တကယ္စိတ္လႈပ္ရွားမိသည္။

ယခုအခ်ိန္တြင္ လူအခ်ိဳ႕က ယြီဝမ္ထုန္ကို မွတ္မိသြားသည္။ သူတို႔က ေက်ာင္းသားဝတ္စုံကိုဝတ္ထားေသာ ေက်ာင္းသားတစ္စုပင္။ ထိပ္မွဦးေဆာင္လာသူထံတြင္ ျမင့္ျမတ္ေသာအမူအက်င့္ရွိသည္။ သူ၏မ်က္ႏွာထားႏွင့္ ဥပဓိ႐ုပ္မွာလည္း အျခားလူမ်ားႏွင့္ ကြဲျပားသည္။

သူက လင္းက်န္ကိုေတြ႕ေသာအခါ တစ္ခ်က္မွ်သာ လွမ္းၾကည့္လိုက္ေသာ္လည္း ယြီဝမ္ထုန္ကိုပါ အံ့ဩစြာေတြ႕လိုက္ရ၍ ခ်က္ခ်င္းရပ္သြားၿပီး အေတာ္အံ့ဩေနသံျဖင့္ေျပာသည္။ "စစ္သူႀကီး။"

သူ႕အသံက က်ယ္သြားရာ အနီးအနားမွေက်ာင္းသားမ်ားအားလုံး ၾကားလိုက္ၾကၿပီး ယြီဝမ္ထုန္ဆိုေသာလူကို လိုက္ရွာၾကကာ ယြီဝမ္ထုန္ထံအၾကည့္ေရာက္လာၾကသည္။ "စစ္သူႀကီး၊ ယြီဝမ္ထုန္လား။"

"ဘာေၾကာင့္မ်ား ေတာ္ဝင္တကၠသိုလ္ကို ေရာက္လာရတာပါလဲ၊ စစ္သူႀကီး။" ယြီဝမ္ထုန့္အေၾကာင္းေျပာလိုက္သူက စိတ္လႈပ္ရွားေနပုံျဖင့္ ေလွ်ာက္လာသည္။

လင္းက်န္က ဤလူကို အကဲျဖတ္ၾကည့္သည္။ 'ဒီလူက ယြီဝမ္ထုန္ကိုေတြ႕ရလို႔ ေပ်ာ္ေနပုံပဲ။ သူက ယြီဝမ္ထုန္နဲ႕သိတဲ့လူမ်ားလား။'

မေမွ်ာ္လင့္ထားစြာျဖင့္ ယြီဝမ္ထုန္က ဤလူကိုေတြ႕ကာ ဇေဝဇဝါျဖစ္ေနသည္။ "မင္းက ဘယ္သူလဲ။"

ထိုလူက ဤသို႔ၾကားလိုက္ရေသာအခါ ကိုယ့္ကိုယ္ကိုယ္ မိတ္မဆက္ရေသးမွန္းသေဘာေပါက္ကာ ေျပာလိုက္သည္။ "ကြၽန္ေတာ့္ရဲ႕ ရိုင္းပ်မႈအတြက္ စိတ္မရွိပါနဲ႕။ ကြၽန္ေတာ္က က်န္းယြီပါ။ ကြၽန္ေတာ့္အဖိုးက အမတ္ခ်ဳပ္ က်န္းခ်န္ဖုန္းပါ။ လြန္ခဲ့တဲ့သုံးႏွစ္က ေတာ္ဝင္နန္းေတာ္မွာက်င္းပတဲ့ ပြဲတစ္ခုကို ကြၽန္ေတာ့္အဖိုးနဲ႕အတူ တက္လာတုန္းက စစ္သူႀကီးကိုတစ္ခါျမင္ဖူးပါတယ္။ အဲ့အခ်ိန္မွာ စစ္သူႀကီးက တအားအလုပ္ရႈပ္ေနေတာ့ ကြၽန္ေတာ့္ကိုသတိမထားမိတာေနပါလိမ့္မယ္။"

'က်န္းခ်န္ဖုန္း' လင္းက်န္က က်န္းယြီကို မသိမသာၾကည့္လိုက္သည္။ 'သူက အမတ္ခ်ဳပ္တာဝန္ကိုရထားတဲ့ က်န္းခ်န္ဖုန္းရဲ႕ေျမးေပါ့။' ယြီဝမ္ထုန္က စစ္ေရးတြင္ ဩဇာအရွိဆုံးအရာရွိဆိုလွ်င္ က်န္းခ်န္ဖုန္းက႐ုံးပိုင္းဆိုင္ရာ၌ လႊမ္းမိုးနိုင္စြမ္းအေကာင္းဆုံး အစိုးရအရာရွိျဖစ္လိမ့္မည္။ ထို႔အျပင္ က်န္းခ်န္ဖုန္းက ဧကရာဇ္ႏွင့္လည္း အမ်ိဳးေတာ္သည္။ ဧကရာဇ္၏မယ္ေတာ္က က်န္းမိသားစုဝင္ျဖစ္ရာ က်န္းခ်န္ဖုန္းက ဧကရာဇ္ႏွင့္ဦးေလးေတာ္စပ္သည္။

'ဆိုေတာ့ကာ ဒီက်န္းယြီကလည္း ဧကရာဇ္ရဲ႕အမ်ိဳးေပါ့။ ဒီတကၠသိုလ္မွာတက္တဲ့ေက်ာင္းသားေတြအမ်ားႀကီးက ေဆြႀကီးမ်ိဳးႀကီးကေနလာတယ္ဆိုတာ တကယ္မွန္ေနတာပဲ။' လင္းက်န္ကေတြးသည္။

သူက အစပိုင္းတြင္တိတ္တိတ္ေနရန္ ဆုံးျဖတ္လိုက္သည္။ က်န္းယြီဟုေခၚေသာ ဤတစ္ေယာက္က က်န္းခ်န္ဖုန္း၏ေျမး၊ ေငြဇြန္းကိုက္၍ေမြးလာသူျဖစ္ရာ မည္သို႔ေသာလူမွန္းေျပာရခက္သည္။

"ဒီေတာ့ မင္းက အမတ္ခ်ဳပ္ရဲ႕ေျမးေပါ့။" ယြီဝမ္ထုန္က တစ္ခ်က္သာ ေခါင္းညွိတ္ျပလိုက္သည္။ သူက အံ့အားသင့္ဖြယ္ဉာဏ္ေကာင္းၿပီး မည္သည့္အရာကိုမဆို တစ္ခ်က္ၾကည့္႐ုံျဖင့္ မွတ္မိနိုင္ေသာ္လည္း က်န္းယြီဆိုသူႏွင့္ မရင္းႏွီးေပ။ လြန္ခဲ့သည့္သုံးႏွစ္အၾကာက ေတာ္ဝင္ပြဲအခမ္းအနားကို သူကအလ်င္စလိုတက္ေရာက္ၿပီး ျပန္သြားရာ ဖိတ္ၾကားခံထားရသည့္ဧည့္သည္မ်ားကို အာ႐ုံမစိုက္မိေပ။ ထို႔ေၾကာင့္ က်န္းယြီကိုလည္း သတိမထားမိေပ။

ယြီဝမ္ထုန္က တစ္ခြန္းသာမွတ္ခ်က္ျပဳပီးေနာက္ တိတ္သြားသည္။ သူ႕အေရွ႕တြင္ က်န္းယြီဆက္ရပ္ေနသည္ကိုေတြ႕ေသာအခါ အနည္းငယ္ဇေဝဖဝါျဖစ္သြားသည္။

ယြီဝမ္ထုန္၏စိတ္ရႈပ္ေထြးမႈက အလြန္သိသာၿပီး သူ႕ကို ဘာေၾကာင့္မထြက္သြားေသးသနည္းဟု ေမးေနပုံေပါက္သျဖင့္ က်န္းယြီ၏မ်က္ႏွာထားက မသိမသာေတာင့္တင္းသြားသည္။

"စစ္သူႀကီး ဒီမွာသီးသန့္လာလုပ္ရတဲ့ကိစၥမ်ား ရွိလို႔ပါလား။ ကြၽန္ေတာ္ လမ္းၫႊန္ေပးရမလား။" က်န္းယြီက မ်က္ႏွာေပၚမွမူမမွန္မႈကို ျမန္ျမန္ဖုံးကြယ္ကာ ယြီဝမ္ထုန္ကိုၿပဳံး၍ၾကည့္သည္။

သူက ယြီဝမ္ထုန္၏ေဘးတြင္ရပ္ေနေသာ လင္းက်န္ႏွင့္ယြီဝမ္ဂ်င္၏တည္ရွိမႈကို ေမ့သြားပုံပင္။

လင္းက်န္ႏွင့္ယြီဝမ္ဂ်င္တို႔ အၾကည့္ဖလွယ္မိၾကေသာ္လည္း ဘာမွမေျပာေခ်။

က်န္းယြီက ယြီဝမ္ထုန္အတြက္သာ ေရာက္လာေၾကာင္း ရွင္းေန၏။

လင္းက်န္က ယြီဝမ္ထုန့္ထံပစ္ဝင္ေနေသာ က်န္းယြီကိုေတြ႕ေသာအခါ ေထာင္ရိအားသတိရမိသည္။ သူက က်န္းယြီကို ေထာင္ရိကဲ့သို႔ကိုးကြယ္သူအျဖစ္ သတ္မွတ္လိုက္ၿပီးသားပင္။

သို႔ေသာ္ ယြီဝမ္ဂ်င္က လင္းက်န္၏အကၤ်ီစကို မသိမသာဆြဲကာ ေလသံျဖင့္ေဝဖန္သည္။ "ဒီက်န္းယြီက တအားဘဝင္ျမင့္လြန္းတယ္။ သူက တစ္ကိုယ္ေကာင္းဆန္တဲ့လူဆိုတာကို ၾကည့္႐ုံနဲ႕ ငါသိတယ္။ ဝမ္းကြဲသူ႕ကို သေဘာမတူေစနဲ႕။"

Continue Reading

You'll Also Like

639K 75.2K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
49.3K 3.3K 46
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
388K 37K 198
စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်...
1.2M 78.1K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...