ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်
အခန်း (၂၅)
.
" တစ်ပတ်လောက်ပါပဲ။အဲ့ထက် ပိုပြီး ဆေးရုံမှာ မနေရအောင် ကျွန်တော် လုပ်ပေးမှာပါ။အဲ့ဒါကြောင့် နည်းနည်းလောက် သည်းခံပြီး နေပေးပါ အဘိုး "
" နေဖို့ ရောက်တောင်လာပြီပဲ။မနေချင်လည်း နေတော့မယ့််ဟာကို အပိုတွေ ပြောမနေဘဲ အိမ်ကိုသာ ပြန်တော့။အိမ်မှာ မြေးမလေးတစ်ယောက်တည်းရယ် "
" အခုပဲ ပြန်တော့မှာပါ။မနက်ကျရင် ဘာစားချင်လဲ။ကျွန်တော် ဘာဝယ်လာပေးရမလဲ "
" မလိုဘူး၊ဝယ်မလာနဲ့။ ဒီမှာ ဒေါ်တင်တို့လင်မယားနှစ်ယောက်လုံးရှိတယ်။ငါ စားချင်တာရှိရင် သူတို့ကို ဝယ်ခိုင်းလို့ရတယ်။မင်းသာ အိမ်ကို မြန်မြန် ပြန် "
" ကောင်းပါပြီ၊ကျွန်တော် သွားပါတော့မယ်။မနက်ကျမှ တွေ့ပါ့မယ် "
တိုက်, အဘိုး ကို ဆေးရုံးမှာ ဒေါ်တင်တို့လင်မယားနဲ့အတူ အထူးနက်စ်တစ်ယောက်နဲ့ထားခဲ့ပြီး၊အိမ်ကို ပြန်လာခဲ့လိုက်သည်။
မပြန်လို့လည်းမရတော့၊အိမ်မှာ သူမတစ်ယောက်တည်း ကျန်နေခဲ့တာမို့... အဘိုးက
အတင်းပြန်လွှတ်နေသလို သူကိုယ်တိုင်လည်း သူမတစ်ယောက်တည်း အိမ်မှာထားခဲ့ရတာကို
စိတ်မချတာမို့... ကားကို အမြန်မောင်း၍ ပြန်ခဲ့လိုက်သည်။
...
ဘယ်သူမှ မရှိတဲ့ အိမ်ကြီးထဲမှာ တခေတ်တစ်ယောက်တည်းနေရတာ နည်းနည်းတော့
ကြောက်မိ၏။အပေါ်မှာ မနေရဲတာမို့... အောက်ထပ်ကို ဆင်းပြီး၊ခြံထဲက ဒန်းလေးမှာ ဆင်းထိုင်နေမိသည်။ခြင်ကကိုက်ပြီး၊ညလေကလည်း အေးပါသည်။
ကြီးကြီးတင်ကတော့ ကားပေါ်တက်ခါနီး "တူကြီးတိုက် ပြန်လာလိမ့်မယ် တခေတ်လေး" ဟု ပြောသွားပါသည်။
ဒါပေမဲ့ ညကိုးနာရီတောင်ခွဲနေပြီပေမယ့်...
ဦးလေးကြီး က ပြန်မလာသေးတာမို့... သိပ်တော့မရဲတော့ပေ။ဘာကြောင့်ဆို ဦးလေးကြီး က တခေတ်ကို စိတ်ဆိုးနေသည် မဟုတ်လား။အိမ်ပြန်လာရင် သူစိတ်ဆိုးနေတဲ့ တခေတ်နဲ့မျက်နှာချင်းမဆိုင်ချင်လို့ရော၊စကားမပြောချင်လို့ရော
ပြန်မလာတာလည်း ဖြစ်နိုင်သည်လေ။အဲ့ဒါကြောင့် ဦးလေးကြီး ပြန်လာဖို့ကို သိပ်မမျှော်တော့တာပါ။
ဘာကြောင့် တခေတ်ကို မျက်လုံးစိမ်းကြီးတွေနဲ့
ကြည့်ရလောက်တဲ့အထိ တခေတ် ဘယ်လိုအမှားတွေကို လုပ်မိပါလိမ့်ဆိုတာကို အခုထိ စဥ်းစားလို့ကိုမရ ဖြစ်နေရ၏။
" တီ... တီ... တီ... "
" ဟင်... ဦးလေးကြီး "
တခေတ် ခြံရှေ့က ကားတီးသံကြောင့်...
ထိုင်နေတဲ့ ဒန်းလေးပေါ်ကနေ ခြံတံခါးဆီကို အပြေးသွားမိသည်။ခြံရှေ့က ကားက ဦးလေးကြီး ကားဆိုတာ သေချာမြင်ရတာနဲ့... တခေတ်နူတ်ခမ်းလေးတွေ ကွေးညွတ်သွား၏။
လက်တွေကလည်း သွက်လက်၊မြန်စွာနဲ့ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
တခေတ် ခြံတံခါးဖွင့်လိုက်တာနဲ့ ဦးလေးကြီး က
ကားကို ခြံထဲကို တန်းပြီး မောင််းဝင်သည်။တခေတ်ကတော့ ခြံတံခါးကို ပြန်ပိတ်ပြီး သော့ပါခတ်ရသည်။
" ဒုန်း ဦးလေးကြီး... "
တခေတ် ခေါ်တာကို မကြားဟန်ပြု၍ အိမ်ထဲကို တန်းဝင်သွားတဲ့ ဦးလေးကြီး။
တခေတ်လည်း ဦးလေးကြီး နောက်ကနေ အိမ်ထဲကို လိုက်ဝင်ခဲ့သည်။
" ဦးလေးကြီး ထမင်းစားပြီးလာ... "
" ဟင်း... "
အိမ်ထဲရောက်တော့လည်း တခေတ်စကားကို နည်းနည်းလေးတောင် နားထောင်မပေးဘဲ... အပေါ်ကို တန်းတက်သွားတဲ့ ဦးလေးကြီးကြောင့်
သက်ပြင်းကိုသာ ချမိ၏။
ဗိုက်ကဆာနေတာပေမယ့်... ဘာဖြစ်လို့ ဖြစ်နေမှန်း မသိတဲ့ ဦးလေးကြီးကြောင့် စားချင်စိတ်က
မရှိတော့သည်။
တခေတ် အောက်မှာလည်း မနေချင်တာကြောင့်
အပေါ်က အခန်းကိုသာ တက်လာခဲ့လိုက်သည်။
အပေါ်ရောက်တော့ ဦးလေးကြီး က တခေတ် ကို စကားမပြောချင်တာ သိပေမယ့်... တစ်ယောက် တည်းမနေချင်တာကြောင့် အတူနေတဲ့ အိပ်ခန်းဆီကိုသာ ခြေဦးတည်လိုက်သည်။
" ချပ်! "
တခေတ် အခန်းထဲဝင်လာတော့ ဦးလေးကြီး က
ရေချိုးဖို့ လုပ်နေသည်။တခေတ် ကုတင်ပေါ်ခြေရင်းဘက်မှာ ထိုင်သည်အထိ ဦးလေးကြီး စကားတစ်ခွန်းမှ မပြော။အင်္ကျီချွတ်ပြီး ရေချိုးခန်းထဲကို တန်းဝင်သွားတာက... အခန်းထဲမှာ
တခေတ် ရှိမနေသည်အလား။
တခေတ် ဦးလေးကြီး ကို အရင်လိုဖြစ်အောင်
ဘာလုပ်ကမှန်းမသိတော့မို့... နေရာမှာ ခပ်ငိုင်ငိုင်လေး ထိုင်နေမိသည်။
" အဟင်း... စကားမှနားမထောင်တာက ဒီလောက်တော့ အပြစ်ခံမှာပဲ "
တိုက်, ရေချိုးခန်းထဲ ဝင်လာသည်အထိ မျက်လုံးထောင့်စွန်းကနေ မြင်နေရတဲ့ သူမ၏ လပ်ညိုးညိုးမျက်ဝန်းလေးတွေကြောင့် ကျေနပ်နေမိသည်။
တိုက်,ကိုယ်တိုင်လည်း ဗိုက်ဆာနေသလို၊သူမသည်လည်း ထမင်းစားရသေးတဲ့ ပုံစံမဟုတ်တာကြောင့် ရေကိုခပ်မြန်မြန်လေး ချိုးလိုက်သည်။
" အဟင်း... "
တိုက်, ရေချိုးခန်းထဲကနေ ထွက်လာတဲ့အထိ သူမသည် ထိုင်နေတဲ့နေရာမှာပဲ ခေါင်းလေးငုံ့ကာ ရှိနေဆဲပင်။
တိုက်, တမင်ထားတဲ့ မျက်နှာနဲ့ သူမရှေ့ကနေ
ဖြတ်လျှောက်ပြီး မှန်တင်ခုံရှေ့မှာ ရပ်ကာ... Night Skin Care လိမ်းလိုက်သည်။
တိုက်, မျက်နှာလိမ်းပြီးချိန်ထိ သူမသည် နေရာ၌
မလှုပ်မယှက်နဲ့ ရှိနေဆဲပင်။တိုက်, သူမဆီကနေ
အကြည့်ကို လွှဲပြီး အဝတ်လဲခန်းထဲ ဝင်လာခဲ့လိုက်သည်။
ညစာ စားပြီးရင် အိပ်တော့မည်မို့...
ဖဲအပျော့သား ကြက်သွေးရောင် ညဝတ် ဝတ်စုံကိုသာ ထုတ်ယူပြီး ဝတ်ဆင်လိုက်သည်။
" တောင်းပန်ပါတယ် "
တိုက်, အင်္ကျီရင်ဘတ်က ကြယ်သီးကို တပ်နေစဥ်
လူကို နောက်ကျောကနေပြီး ခါးအလည်ကနေ လက်တံသွယ်သွယ်လေးနှစ်ဖက်နဲ့ သိမ်းဖက်ပြီး... တောင်းပန်စကားဆိုတဲ့ သူမကြောင့် အံ့သြသွားရသည်။
အခုလိုမျိုး သူမက ပြောလာလိမ့်မယ်လို့ ထင်မထားတာကြောင့် အံ့ဩသွားတာပဲဖြစ်သည်။
ကျောပြင်မှာ ပါးပြင်လေးအပ်ပြီး၊တောင်းပန်စကားဆိုနေသူကြောင့် တိုက်,စိတ်ထဲမှာ ကျေနပ်နေမိပေမယ့်... မျက်နှာကတော့ စိတ်ထဲကနဲ့မတူဘဲ တင်းမာနေလျက်...
" တောင်းပန်တယ်တာက အကြောင်းအရင်းတော့ရှိရမယ်။မင်း တောင်းပန်တာက ဘာကိုတောင်းပန်တာလဲ "
" တခေတ် ဦးလေးကြီး မကြိုက်တဲ့ ဘယ်အရာကို လုပ်ထားမိမှန်းမသိပါဘူး။ဒါပေမဲ့ ဦးလေးကြီး
စိတ်ဆိုးနေတော့ တခေတ် စိတ်မကောင်းဖြစ်ရတယ်။အာ့ကြောင့် တောင်းပန်တာပါ။တခေတ်
ကို စိတ်ဆိုးပြေပေးပါတော့နော် ဦးလေးကြီး "
" တောင်းပန်တယ်ဆိုတာက ကိုယ့်အပြစ် ကိုယ်သိမှ တောင်းပန်ရတာ။ကိုယ့်အပြစ်၊ကိုယ့်အမှား
မသိဘဲနဲ့ တောင်းပန်တာက တောင်းပန်တယ်လို့
ပြောလို့ရမဘူး။အာ့ကြောင့် မင်း ဒီနေ့လုပ်ထားတဲ့ အပြစ်ကို စဥ်းစားနေ။မင်း လုပ်ထားတဲ့ အပြစ်ကို သိမှ ကိုယ့်ကို တောင်းပန် "
ဆိုပြီး... ဦးလေးကြီး က သူ့ခါးပေါ်က တခေတ်ဖက်ထားတဲ့ လက်တွေကို ဖြုတ်ချပြီး... အဝတ်လဲခန်းထဲကနေ ထွက်သွားသည်။
ဒီလောက် တောင်းပန်တာတောင် ဦးလေးကြီး က
စိတ်ဆိုးမပြေသေးတာကြောင့်... တခေတ် လုပ်မိတဲ့ အမှားက တော်တော်များကြီးသလားလို့ပင်
တွေးမိလာ၏။
ကိုယ့်အပြစ်က ဘာလဲဆိုတာကို စဥ်းစားလို့မရတာထက်၊ဦးလေးကြီး၏ အေးစက်ခြင်းက တခေတ်ကို ဝမ်းနည်းရစေသည်။
..
" ဒီလောက်ဆိုရင် စားလို့ရပြီ "
တိုက်, သူမကို အခန်းထဲမှာ ထားခဲ့ပြီး၊ညစာ လာပြင်နေတာပဲ ဖြစ်သည်။
အရည်သောက်ဖြစ်တဲ့ အရည်သောက် ငါးခေါင်းမျှစ်ချဥ်ရည်ဟင်းက အေးနေတာမို့... ပူအောင်
ပြန်နွှေးရသေးသည်။
ဟင်းရည်နွှေးပြီးတာနဲ့ ဟင်းနဲ့ထမင်းပန်းကန်တွေကို နှစ်ယောက်စားဖို့ သေချာခူးခပ်ပြီး၊အပေါ်ကိုပြန်တက်လာခဲ့တာက ညစာစားဖို့ သူမကို လာခေါ်တာပဲ ဖြစ်သည်။
" ချပ် ဟင့် ဟင့်ဟင့် ဟင့် "
တိုက်, အခန်းတံခါးဖွင့်လိုက်တာနဲ့ သူမ၏ ငိုရှိုက်သံကို ကြားရတော့သည်။တိုက်, အခန်းတံခါးကိုတောင် မပိတ်နိုင်တော့ဘဲ ကုတင်ပေါ်မှာ ထိုင်ငိုနေတဲ့ သူမအနားကို အပြေးသွားမိ၏။
" ဘာလို့ ငိုနေတာလဲ။ဘာဖြစ်လို့လဲ ချာတိတ် "
တိုက်, သူမအရှေ့မှာ ဒူးထောက်ထိုင်ချပြီး မေးလိုက်တာနဲ့...
" သွား... အနားကိုမလာနဲ့ မကောင်းတဲ့ လူကြီး "
ကိုယ်က သူမကို ဘာမှလည်း မလုပ်ပါပဲနဲ့ မကောင်းတဲ့ လူကြီး ဟု အပြောခံရလေတော့...
တိုက်,မျက်ခုံးတန်းတွေက စုကျုံ့သွားပြီး၊သူမ၏ လက်ဖဝါးနှစ်ဖက်ကိုလည်း ပူးဆုပ်ကိုင်ပစ်ကာ...
" ပြောစမ်းပါ။မင်းအပေါ် မကောင်းတဲ့ လုပ်ရပ်တွေ ကိုယ်ဘာတွေများ လုပ်ထားလို့လဲ "
" ဘာတွေ လုပ်ထားလို့လဲ ဟုတ်လား။တခေတ်
မသိတဲ့ အမှားရှိရင် ဦးလေးကြီး က ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြရမှာလေ။အဲ့ဒါကို မပြောပြဘဲနဲ့
စိတ်ပဲဆိုးနေတယ်။တောင်းပန်တာကိုလည်း လက်မခံဘူး။တခေတ်ကိုလည်း အေးစက်စက်နဲ့ ဆက်ဆံပြီး အပြစ်သားလို ဆက်ဆံနေတယ်။တခေတ် ဦးလေးကြီးကြောင့် အခုအရမ်းဝမ်းနည်းနေတယ်ဆိုတာ သိရဲ့လား... ဟင့်ဟင့် "
သူမ က မျက်ရည်များနှင့် ကိုယ့်ကြောင့် ဝမ်းနည်းရပါတယ် ဟု ဆိုလေတော့... သူမအပေါ်မှာ စိတ်ယိုင်နေပြီဖြစ်တဲ့ ဒီလူသားက ဘယ်လိုအားနဲ့ဆက်ပြီး တင်းထားနိုင်အုံးမှာလဲ။မနက်ဖြန်လောက်မှ ပြေမယ်ဟု တေးထားတဲ့ ကိုယ့်စိတ်တွေက သူမ၏ မျက်ရည်စလေးတွေကြောင့် အရည်ပျော်သွားခဲ့ပြီလေ။
" တောင်းပန်ပါတယ်။ ကိုယ်က မှားသွားခဲ့တယ် "
သူမလက်ဖဝါးလေးတွေကို ဆုပ်ကိုင်ပြီး....
မျက်ရည်စတွေရှိနေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ကာ ပြောတော့...
" မှားရုံတင် မဟုတ်ဘူး။ဆိုးလည်းဆိုးတယ်။အနိုင်လည်း ယူတယ်။ဝမ်းနည်းအောင်လည်းလုပ်တယ်။မျက်ရည်ကျအောင်လည်း လုပ်တယ်။ဟင့် သူများက ချစ်နေတာကိုလည်း ဟင့်
အခုထိ အရေးမလုပ်ဘူး။အရမ်း ဟင့် အရမ်း
အမြင်ကပ် ကပ်လာပြီ၊သူ့အပြစ်ကျ သူမသိတဲ့
မကောင်းတဲ့ လူကြီး ဟင့် "
တဆက်ဆက်တုန် ယင်နေတဲ့ နူတ်ခမ်းလေးတွေက ကိုယ့်အား ကလေးဆန်သော စကားလုံးလေးတွေနဲ့ ဆူဆူအောင့်အောင့်လေး ပြောလာသည်။
ဆူဆူအောင့်အောင့်နဲ့စကားတွေဆိုရင်း မျက်စောင်းကလည်း လူကို တဒိုင်းဒိုင်းနဲ့ ထိုးသေးသည့် လူဆိုးမလေးရယ်ပါ။
တိုက်,မျက်ရည်တွေရော၊နှာရည်တွေကျနေတဲ့
သူမကို အကြင်နာ မျက်ဝန်းတွေနဲ့ ကြည့်ပြီး... လက်က မျက်ရည်စတွေကို အရင်သုတ်ပေးပြီး၊နှာရည်တွေကိုပါ ကိုယ့်လက်နဲ့ပါ ဖယ်ရှားပေးလိုက်သည်။အဲ့နောက်မှာတော့...
" တောင်းပန်ပါတယ်။ မင်း ကို ဝမ်းနည်းစေမိလို့၊
မင်း ကို ငိုစေမိလို့၊ကိုယ့်အပြစ်ကို မသိခဲ့တာရော၊
နောက်ထပ် မင်းကို မငိုစေရပါဘူးလို့ ကတိပေးပါတယ်။အာ့ကြောင့် မငိုနဲ့တော့နော် "
" တောင်း ဟင့် တောင်းပန်တာက စိတ် စိတ်ရင်းနဲ့ လား... "
" အင်း "
" ဖြေတာကြီးကလည်း စိတ်ထဲက မပါသလိုကြီး၊တကယ်စိတ်ရင်း မဟုတ်ဘူးမလား... "
မသောက်ဘဲနဲ့ ရစ်နေတဲ့ လူမဆိုးမလေးကြောင့်
တိုက်,မှာ ရှိသမျှ စိတ်အကုန်လုံးကို လျှော့ချပြီး...
" တကယ့်စိတ်ရင်းနဲ့ရော၊ကိုယ့်နှလုံးသားထဲကနေပါ မင်း ကို တောင်းပန်တာပါ "
" ဆာတယ် "
" ဟင်... ဘာပြောတာ "
" ဗိုက်ဆာတယ် လို့ ပြောနေတာ မကြားဘူးလား။ဘာလဲ တောင်းပန်ရလို့ဆိုပြီး၊လူကိုထမင်းတောင် မကျွေးချင်တော့ဘူးလား ဦးလေးကြီး က... "
အလိုလိုက်ပြီး အလျော့ပေးတော့...
သူမ က ကလေးဆိုးလေး လုပ်ပြီလေ။ကိုယ်ကလည်း ဒီအဆိုးလေး မျက်နှာတော် အညိုးမခံနိုင်သူဆိုတော့လည်း... မျက်နှာကို အစွမ်းကုန်ပြုံးဖြီးပြီး...
" ကိုယ် အောက်မှာ အဆင့်သင့် ပြင်ထားတယ်။သွားစားကြမယ်။ထ သွားမယ် "
" ချီ "
" ဘာ... "
" ဦးလေးကြီးကြောင့် ထမင်းစားချိန်လွန်ပြီး၊လူက အဆာလွန်နေလို့ လမ်းလျှောက်ဖို့တောင်
အားမရှိတော့ဘူး။အဲ့ဒါကြောင့် ချီသွားပေးလို့
ပြောနေတာ "
ကုတင်ပေါ်မှာ မတ်တပ်ထရပ်ပြီး...
လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ပြီး ခေါ်ခိုင်းနေတဲ့ သူမကြောင့်... တိုက်,မှာ လူဆိုးဘုရင်မလေးအလိုကျ ချီရတော့သည်။
ကိုယ်က လက်နှစ်ဖက်ဆန့်ရုံရှိသေးသည် သူမက
ကိုယ့်အပေါ်ကို ခုန်တက်ပြီး... ခြေနှစ်ချောင်းကို ခါးမှာ ချိတ်တွယ်ကာ... လက်နှစ်ဖက်က လည်ပင်းကို သိုင်းဖက်လာသည်။
" သွားလေ ဘာလုပ်နေတာလဲ ဗိုက်ဆာနေပါပြီ
ဆို "
ပိန်သေးမယ့် အနှစ်ရှိတဲ့ သူ့ခန္ဓာကိုယ်လေးက
နည်းနည်းချီရတာ လေးသည်မို့... မလဲအောင်
သေချာချီနေတာကို အအော်က ခံရသေးသည်။
သူမ၏ တောင်းပန်မူ့နဲ့ချော့တာကိုများ ရမလားလို့ မူကြည့်၊စိတ်ဆိုးကြည့်ပါတယ်။နောက်ဆုံးမှာတော့ ကိုယ်ကပဲ အလျော့ပေးရသည်။
အထစ်ငါးဆယ်ကျော်သော လှေကားထစ်တွေကို
သူမကိုချီပြီး ဆင်းရတာ မလွယ်ကူပေ။ဘာကြောင့်ဆို... ကိုယ့်ရင်ခွင်ထဲမှာ ရင်ချင်းအပ် အနေအထားနဲ့ ရှိနေတဲ့ သူမ၏ ကိုယ်သင်းနံ့လေးက ကလူးကျီစယ်နေတာကြောင့်ပင်။
သူမနှင့် အလွန်နီးကပ်စွာရှိနေရပြီး၊နှစ်ယောက်တည်းရှိတဲ့ ဒီလိုညမှာ... သူမအပေါ် တိုက်,စိတ်တွေ ထိန်းနိုင်ပါ့မလား ဆိုတာကတော့....။
...........ကဲ ဦးလေးကြီးလည်း ပြီးခါနီးပြီ😁
Shaer သွားပေးနော်။
#ကိုးအမရာမောင်
ရင္ခုန္ျခင္း၏ အဓိပၸါယ္
or
ဦးရဲ႕.... ခ်ာတိတ္
အခန္း (၂၅)
.
" တစ္ပတ္ေလာက္ပါပဲ။အဲ့ထက္ ပိုၿပီး ေဆး႐ုံမွာ မေနရေအာင္ ကြၽန္ေတာ္ လုပ္ေပးမွာပါ။အဲ့ဒါေၾကာင့္ နည္းနည္းေလာက္ သည္းခံၿပီး ေနေပးပါ အဘိုး "
" ေနဖို႔ ေရာက္ေတာင္လာၿပီပဲ။မေနခ်င္လည္း ေနေတာ့မယ့္္ဟာကို အပိုေတြ ေျပာမေနဘဲ အိမ္ကိုသာ ျပန္ေတာ့။အိမ္မွာ ေျမးမေလးတစ္ေယာက္တည္းရယ္ "
" အခုပဲ ျပန္ေတာ့မွာပါ။မနက္က်ရင္ ဘာစားခ်င္လဲ။ကြၽန္ေတာ္ ဘာဝယ္လာေပးရမလဲ "
" မလိုဘူး၊ဝယ္မလာနဲ႕။ ဒီမွာ ေဒၚတင္တို႔လင္မယားႏွစ္ေယာက္လုံးရွိတယ္။ငါ စားခ်င္တာရွိရင္ သူတို႔ကို ဝယ္ခိုင္းလို႔ရတယ္။မင္းသာ အိမ္ကို ျမန္ျမန္ ျပန္ "
" ေကာင္းပါၿပီ၊ကြၽန္ေတာ္ သြားပါေတာ့မယ္။မနက္က်မွ ေတြ႕ပါ့မယ္ "
တိုက္, အဘိုး ကို ေဆး႐ုံးမွာ ေဒၚတင္တို႔လင္မယားနဲ႕အတူ အထူးနက္စ္တစ္ေယာက္နဲ႕ထားခဲ့ၿပီး၊အိမ္ကို ျပန္လာခဲ့လိုက္သည္။
မျပန္လို႔လည္းမရေတာ့၊အိမ္မွာ သူမတစ္ေယာက္တည္း က်န္ေနခဲ့တာမို႔... အဘိုးက
အတင္းျပန္လႊတ္ေနသလို သူကိုယ္တိုင္လည္း သူမတစ္ေယာက္တည္း အိမ္မွာထားခဲ့ရတာကို
စိတ္မခ်တာမို႔... ကားကို အျမန္ေမာင္း၍ ျပန္ခဲ့လိုက္သည္။
...
ဘယ္သူမွ မရွိတဲ့ အိမ္ႀကီးထဲမွာ တေခတ္တစ္ေယာက္တည္းေနရတာ နည္းနည္းေတာ့
ေၾကာက္မိ၏။အေပၚမွာ မေနရဲတာမို႔... ေအာက္ထပ္ကို ဆင္းၿပီး၊ၿခံထဲက ဒန္းေလးမွာ ဆင္းထိုင္ေနမိသည္။ျခင္ကကိုက္ၿပီး၊ညေလကလည္း ေအးပါသည္။
ႀကီးႀကီးတင္ကေတာ့ ကားေပၚတက္ခါနီး "တူႀကီးတိုက္ ျပန္လာလိမ့္မယ္ တေခတ္ေလး" ဟု ေျပာသြားပါသည္။
ဒါေပမဲ့ ညကိုးနာရီေတာင္ခြဲေနၿပီေပမယ့္...
ဦးေလးႀကီး က ျပန္မလာေသးတာမို႔... သိပ္ေတာ့မရဲေတာ့ေပ။ဘာေၾကာင့္ဆို ဦးေလးႀကီး က တေခတ္ကို စိတ္ဆိုးေနသည္ မဟုတ္လား။အိမ္ျပန္လာရင္ သူစိတ္ဆိုးေနတဲ့ တေခတ္နဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္လို႔ေရာ၊စကားမေျပာခ်င္လို႔ေရာ
ျပန္မလာတာလည္း ျဖစ္နိုင္သည္ေလ။အဲ့ဒါေၾကာင့္ ဦးေလးႀကီး ျပန္လာဖို႔ကို သိပ္မေမွ်ာ္ေတာ့တာပါ။
ဘာေၾကာင့္ တေခတ္ကို မ်က္လုံးစိမ္းႀကီးေတြနဲ႕
ၾကည့္ရေလာက္တဲ့အထိ တေခတ္ ဘယ္လိုအမွားေတြကို လုပ္မိပါလိမ့္ဆိုတာကို အခုထိ စဥ္းစားလို႔ကိုမရ ျဖစ္ေနရ၏။
" တီ... တီ... တီ... "
" ဟင္... ဦးေလးႀကီး "
တေခတ္ ၿခံေရွ႕က ကားတီးသံေၾကာင့္...
ထိုင္ေနတဲ့ ဒန္းေလးေပၚကေန ၿခံတံခါးဆီကို အေျပးသြားမိသည္။ၿခံေရွ႕က ကားက ဦးေလးႀကီး ကားဆိုတာ ေသခ်ာျမင္ရတာနဲ႕... တေခတ္ႏူတ္ခမ္းေလးေတြ ေကြးၫြတ္သြား၏။
လက္ေတြကလည္း သြက္လက္၊ျမန္စြာနဲ႕ ၿခံတံခါးကို ဖြင့္ေပးလိုက္သည္။
တေခတ္ ၿခံတံခါးဖြင့္လိုက္တာနဲ႕ ဦးေလးႀကီး က
ကားကို ၿခံထဲကို တန္းၿပီး ေမာင္္းဝင္သည္။တေခတ္ကေတာ့ ၿခံတံခါးကို ျပန္ပိတ္ၿပီး ေသာ့ပါခတ္ရသည္။
" ဒုန္း ဦးေလးႀကီး... "
တေခတ္ ေခၚတာကို မၾကားဟန္ျပဳ၍ အိမ္ထဲကို တန္းဝင္သြားတဲ့ ဦးေလးႀကီး။
တေခတ္လည္း ဦးေလးႀကီး ေနာက္ကေန အိမ္ထဲကို လိုက္ဝင္ခဲ့သည္။
" ဦးေလးႀကီး ထမင္းစားၿပီးလာ... "
" ဟင္း... "
အိမ္ထဲေရာက္ေတာ့လည္း တေခတ္စကားကို နည္းနည္းေလးေတာင္ နားေထာင္မေပးဘဲ... အေပၚကို တန္းတက္သြားတဲ့ ဦးေလးႀကီးေၾကာင့္
သက္ျပင္းကိုသာ ခ်မိ၏။
ဗိုက္ကဆာေနတာေပမယ့္... ဘာျဖစ္လို႔ ျဖစ္ေနမွန္း မသိတဲ့ ဦးေလးႀကီးေၾကာင့္ စားခ်င္စိတ္က
မရွိေတာ့သည္။
တေခတ္ ေအာက္မွာလည္း မေနခ်င္တာေၾကာင့္
အေပၚက အခန္းကိုသာ တက္လာခဲ့လိုက္သည္။
အေပၚေရာက္ေတာ့ ဦးေလးႀကီး က တေခတ္ ကို စကားမေျပာခ်င္တာ သိေပမယ့္... တစ္ေယာက္ တည္းမေနခ်င္တာေၾကာင့္ အတူေနတဲ့ အိပ္ခန္းဆီကိုသာ ေျခဦးတည္လိုက္သည္။
" ခ်ပ္! "
တေခတ္ အခန္းထဲဝင္လာေတာ့ ဦးေလးႀကီး က
ေရခ်ိဳးဖို႔ လုပ္ေနသည္။တေခတ္ ကုတင္ေပၚေျခရင္းဘက္မွာ ထိုင္သည္အထိ ဦးေလးႀကီး စကားတစ္ခြန္းမွ မေျပာ။အကၤ်ီခြၽတ္ၿပီး ေရခ်ိဳးခန္းထဲကို တန္းဝင္သြားတာက... အခန္းထဲမွာ
တေခတ္ ရွိမေနသည္အလား။
တေခတ္ ဦးေလးႀကီး ကို အရင္လိုျဖစ္ေအာင္
ဘာလုပ္ကမွန္းမသိေတာ့မို႔... ေနရာမွာ ခပ္ငိုင္ငိုင္ေလး ထိုင္ေနမိသည္။
" အဟင္း... စကားမွနားမေထာင္တာက ဒီေလာက္ေတာ့ အျပစ္ခံမွာပဲ "
တိုက္, ေရခ်ိဳးခန္းထဲ ဝင္လာသည္အထိ မ်က္လုံးေထာင့္စြန္းကေန ျမင္ေနရတဲ့ သူမ၏ လပ္ညိုးညိုးမ်က္ဝန္းေလးေတြေၾကာင့္ ေက်နပ္ေနမိသည္။
တိုက္,ကိုယ္တိုင္လည္း ဗိုက္ဆာေနသလို၊သူမသည္လည္း ထမင္းစားရေသးတဲ့ ပုံစံမဟုတ္တာေၾကာင့္ ေရကိုခပ္ျမန္ျမန္ေလး ခ်ိဳးလိုက္သည္။
" အဟင္း... "
တိုက္, ေရခ်ိဳးခန္းထဲကေန ထြက္လာတဲ့အထိ သူမသည္ ထိုင္ေနတဲ့ေနရာမွာပဲ ေခါင္းေလးငုံ႕ကာ ရွိေနဆဲပင္။
တိုက္, တမင္ထားတဲ့ မ်က္ႏွာနဲ႕ သူမေရွ႕ကေန
ျဖတ္ေလွ်ာက္ၿပီး မွန္တင္ခုံေရွ႕မွာ ရပ္ကာ... Night Skin Care လိမ္းလိုက္သည္။
တိုက္, မ်က္ႏွာလိမ္းၿပီးခ်ိန္ထိ သူမသည္ ေနရာ၌
မလႈပ္မယွက္နဲ႕ ရွိေနဆဲပင္။တိုက္, သူမဆီကေန
အၾကည့္ကို လႊဲၿပီး အဝတ္လဲခန္းထဲ ဝင္လာခဲ့လိုက္သည္။
ညစာ စားၿပီးရင္ အိပ္ေတာ့မည္မို႔...
ဖဲအေပ်ာ့သား ၾကက္ေသြးေရာင္ ညဝတ္ ဝတ္စုံကိုသာ ထုတ္ယူၿပီး ဝတ္ဆင္လိုက္သည္။
" ေတာင္းပန္ပါတယ္ "
တိုက္, အကၤ်ီရင္ဘတ္က ၾကယ္သီးကို တပ္ေနစဥ္
လူကို ေနာက္ေက်ာကေနၿပီး ခါးအလည္ကေန လက္တံသြယ္သြယ္ေလးႏွစ္ဖက္နဲ႕ သိမ္းဖက္ၿပီး... ေတာင္းပန္စကားဆိုတဲ့ သူမေၾကာင့္ အံ့ၾသသြားရသည္။
အခုလိုမ်ိဳး သူမက ေျပာလာလိမ့္မယ္လို႔ ထင္မထားတာေၾကာင့္ အံ့ဩသြားတာပဲျဖစ္သည္။
ေက်ာျပင္မွာ ပါးျပင္ေလးအပ္ၿပီး၊ေတာင္းပန္စကားဆိုေနသူေၾကာင့္ တိုက္,စိတ္ထဲမွာ ေက်နပ္ေနမိေပမယ့္... မ်က္ႏွာကေတာ့ စိတ္ထဲကနဲ႕မတူဘဲ တင္းမာေနလ်က္...
" ေတာင္းပန္တယ္တာက အေၾကာင္းအရင္းေတာ့ရွိရမယ္။မင္း ေတာင္းပန္တာက ဘာကိုေတာင္းပန္တာလဲ "
" တေခတ္ ဦးေလးႀကီး မႀကိဳက္တဲ့ ဘယ္အရာကို လုပ္ထားမိမွန္းမသိပါဘူး။ဒါေပမဲ့ ဦးေလးႀကီး
စိတ္ဆိုးေနေတာ့ တေခတ္ စိတ္မေကာင္းျဖစ္ရတယ္။အာ့ေၾကာင့္ ေတာင္းပန္တာပါ။တေခတ္
ကို စိတ္ဆိုးေျပေပးပါေတာ့ေနာ္ ဦးေလးႀကီး "
" ေတာင္းပန္တယ္ဆိုတာက ကိုယ့္အျပစ္ ကိုယ္သိမွ ေတာင္းပန္ရတာ။ကိုယ့္အျပစ္၊ကိုယ့္အမွား
မသိဘဲနဲ႕ ေတာင္းပန္တာက ေတာင္းပန္တယ္လို႔
ေျပာလို႔ရမဘူး။အာ့ေၾကာင့္ မင္း ဒီေန႕လုပ္ထားတဲ့ အျပစ္ကို စဥ္းစားေန။မင္း လုပ္ထားတဲ့ အျပစ္ကို သိမွ ကိုယ့္ကို ေတာင္းပန္ "
ဆိုၿပီး... ဦးေလးႀကီး က သူ႕ခါးေပၚက တေခတ္ဖက္ထားတဲ့ လက္ေတြကို ျဖဳတ္ခ်ၿပီး... အဝတ္လဲခန္းထဲကေန ထြက္သြားသည္။
ဒီေလာက္ ေတာင္းပန္တာေတာင္ ဦးေလးႀကီး က
စိတ္ဆိုးမေျပေသးတာေၾကာင့္... တေခတ္ လုပ္မိတဲ့ အမွားက ေတာ္ေတာ္မ်ားႀကီးသလားလို႔ပင္
ေတြးမိလာ၏။
ကိုယ့္အျပစ္က ဘာလဲဆိုတာကို စဥ္းစားလို႔မရတာထက္၊ဦးေလးႀကီး၏ ေအးစက္ျခင္းက တေခတ္ကို ဝမ္းနည္းရေစသည္။
..
" ဒီေလာက္ဆိုရင္ စားလို႔ရၿပီ "
တိုက္, သူမကို အခန္းထဲမွာ ထားခဲ့ၿပီး၊ညစာ လာျပင္ေနတာပဲ ျဖစ္သည္။
အရည္ေသာက္ျဖစ္တဲ့ အရည္ေသာက္ ငါးေခါင္းမွ်စ္ခ်ဥ္ရည္ဟင္းက ေအးေနတာမို႔... ပူေအာင္
ျပန္ေႏႊးရေသးသည္။
ဟင္းရည္ေႏႊးၿပီးတာနဲ႕ ဟင္းနဲ႕ထမင္းပန္းကန္ေတြကို ႏွစ္ေယာက္စားဖို႔ ေသခ်ာခူးခပ္ၿပီး၊အေပၚကိုျပန္တက္လာခဲ့တာက ညစာစားဖို႔ သူမကို လာေခၚတာပဲ ျဖစ္သည္။
" ခ်ပ္ ဟင့္ ဟင့္ဟင့္ ဟင့္ "
တိုက္, အခန္းတံခါးဖြင့္လိုက္တာနဲ႕ သူမ၏ ငိုရွိုက္သံကို ၾကားရေတာ့သည္။တိုက္, အခန္းတံခါးကိုေတာင္ မပိတ္နိုင္ေတာ့ဘဲ ကုတင္ေပၚမွာ ထိုင္ငိုေနတဲ့ သူမအနားကို အေျပးသြားမိ၏။
" ဘာလို႔ ငိုေနတာလဲ။ဘာျဖစ္လို႔လဲ ခ်ာတိတ္ "
တိုက္, သူမအေရွ႕မွာ ဒူးေထာက္ထိုင္ခ်ၿပီး ေမးလိုက္တာနဲ႕...
" သြား... အနားကိုမလာနဲ႕ မေကာင္းတဲ့ လူႀကီး "
ကိုယ္က သူမကို ဘာမွလည္း မလုပ္ပါပဲနဲ႕ မေကာင္းတဲ့ လူႀကီး ဟု အေျပာခံရေလေတာ့...
တိုက္,မ်က္ခုံးတန္းေတြက စုက်ဳံ႕သြားၿပီး၊သူမ၏ လက္ဖဝါးႏွစ္ဖက္ကိုလည္း ပူးဆုပ္ကိုင္ပစ္ကာ...
" ေျပာစမ္းပါ။မင္းအေပၚ မေကာင္းတဲ့ လုပ္ရပ္ေတြ ကိုယ္ဘာေတြမ်ား လုပ္ထားလို႔လဲ "
" ဘာေတြ လုပ္ထားလို႔လဲ ဟုတ္လား။တေခတ္
မသိတဲ့ အမွားရွိရင္ ဦးေလးႀကီး က ပြင့္ပြင့္လင္းလင္းနဲ႕ ေျပာျပရမွာေလ။အဲ့ဒါကို မေျပာျပဘဲနဲ႕
စိတ္ပဲဆိုးေနတယ္။ေတာင္းပန္တာကိုလည္း လက္မခံဘူး။တေခတ္ကိုလည္း ေအးစက္စက္နဲ႕ ဆက္ဆံၿပီး အျပစ္သားလို ဆက္ဆံေနတယ္။တေခတ္ ဦးေလးႀကီးေၾကာင့္ အခုအရမ္းဝမ္းနည္းေနတယ္ဆိုတာ သိရဲ႕လား... ဟင့္ဟင့္ "
သူမ က မ်က္ရည္မ်ားႏွင့္ ကိုယ့္ေၾကာင့္ ဝမ္းနည္းရပါတယ္ ဟု ဆိုေလေတာ့... သူမအေပၚမွာ စိတ္ယိုင္ေနၿပီျဖစ္တဲ့ ဒီလူသားက ဘယ္လိုအားနဲ႕ဆက္ၿပီး တင္းထားနိုင္အုံးမွာလဲ။မနက္ျဖန္ေလာက္မွ ေျပမယ္ဟု ေတးထားတဲ့ ကိုယ့္စိတ္ေတြက သူမ၏ မ်က္ရည္စေလးေတြေၾကာင့္ အရည္ေပ်ာ္သြားခဲ့ၿပီေလ။
" ေတာင္းပန္ပါတယ္။ ကိုယ္က မွားသြားခဲ့တယ္ "
သူမလက္ဖဝါးေလးေတြကို ဆုပ္ကိုင္ၿပီး....
မ်က္ရည္စေတြရွိေနတဲ့ မ်က္ဝန္းေလးေတြကို ၾကည့္ကာ ေျပာေတာ့...
" မွား႐ုံတင္ မဟုတ္ဘူး။ဆိုးလည္းဆိုးတယ္။အနိုင္လည္း ယူတယ္။ဝမ္းနည္းေအာင္လည္းလုပ္တယ္။မ်က္ရည္က်ေအာင္လည္း လုပ္တယ္။ဟင့္ သူမ်ားက ခ်စ္ေနတာကိုလည္း ဟင့္
အခုထိ အေရးမလုပ္ဘူး။အရမ္း ဟင့္ အရမ္း
အျမင္ကပ္ ကပ္လာၿပီ၊သူ႕အျပစ္က် သူမသိတဲ့
မေကာင္းတဲ့ လူႀကီး ဟင့္ "
တဆက္ဆက္တုန္ ယင္ေနတဲ့ ႏူတ္ခမ္းေလးေတြက ကိုယ့္အား ကေလးဆန္ေသာ စကားလုံးေလးေတြနဲ႕ ဆူဆူေအာင့္ေအာင့္ေလး ေျပာလာသည္။
ဆူဆူေအာင့္ေအာင့္နဲ႕စကားေတြဆိုရင္း မ်က္ေစာင္းကလည္း လူကို တဒိုင္းဒိုင္းနဲ႕ ထိုးေသးသည့္ လူဆိုးမေလးရယ္ပါ။
တိုက္,မ်က္ရည္ေတြေရာ၊ႏွာရည္ေတြက်ေနတဲ့
သူမကို အၾကင္နာ မ်က္ဝန္းေတြနဲ႕ ၾကည့္ၿပီး... လက္က မ်က္ရည္စေတြကို အရင္သုတ္ေပးၿပီး၊ႏွာရည္ေတြကိုပါ ကိုယ့္လက္နဲ႕ပါ ဖယ္ရွားေပးလိုက္သည္။အဲ့ေနာက္မွာေတာ့...
" ေတာင္းပန္ပါတယ္။ မင္း ကို ဝမ္းနည္းေစမိလို႔၊
မင္း ကို ငိုေစမိလို႔၊ကိုယ့္အျပစ္ကို မသိခဲ့တာေရာ၊
ေနာက္ထပ္ မင္းကို မငိုေစရပါဘူးလို႔ ကတိေပးပါတယ္။အာ့ေၾကာင့္ မငိုနဲ႕ေတာ့ေနာ္ "
" ေတာင္း ဟင့္ ေတာင္းပန္တာက စိတ္ စိတ္ရင္းနဲ႕ လား... "
" အင္း "
" ေျဖတာႀကီးကလည္း စိတ္ထဲက မပါသလိုႀကီး၊တကယ္စိတ္ရင္း မဟုတ္ဘူးမလား... "
မေသာက္ဘဲနဲ႕ ရစ္ေနတဲ့ လူမဆိုးမေလးေၾကာင့္
တိုက္,မွာ ရွိသမွ် စိတ္အကုန္လုံးကို ေလွ်ာ့ခ်ၿပီး...
" တကယ့္စိတ္ရင္းနဲ႕ေရာ၊ကိုယ့္ႏွလုံးသားထဲကေနပါ မင္း ကို ေတာင္းပန္တာပါ "
" ဆာတယ္ "
" ဟင္... ဘာေျပာတာ "
" ဗိုက္ဆာတယ္ လို႔ ေျပာေနတာ မၾကားဘူးလား။ဘာလဲ ေတာင္းပန္ရလို႔ဆိုၿပီး၊လူကိုထမင္းေတာင္ မေကြၽးခ်င္ေတာ့ဘူးလား ဦးေလးႀကီး က... "
အလိုလိုက္ၿပီး အေလ်ာ့ေပးေတာ့...
သူမ က ကေလးဆိုးေလး လုပ္ၿပီေလ။ကိုယ္ကလည္း ဒီအဆိုးေလး မ်က္ႏွာေတာ္ အညိုးမခံနိုင္သူဆိုေတာ့လည္း... မ်က္ႏွာကို အစြမ္းကုန္ၿပဳံးၿဖီးၿပီး...
" ကိုယ္ ေအာက္မွာ အဆင့္သင့္ ျပင္ထားတယ္။သြားစားၾကမယ္။ထ သြားမယ္ "
" ခ်ီ "
" ဘာ... "
" ဦးေလးႀကီးေၾကာင့္ ထမင္းစားခ်ိန္လြန္ၿပီး၊လူက အဆာလြန္ေနလို႔ လမ္းေလွ်ာက္ဖို႔ေတာင္
အားမရွိေတာ့ဘူး။အဲ့ဒါေၾကာင့္ ခ်ီသြားေပးလို႔
ေျပာေနတာ "
ကုတင္ေပၚမွာ မတ္တပ္ထရပ္ၿပီး...
လက္ႏွစ္ဖက္ကို ေရွ႕ကို ဆန့္ၿပီး ေခၚခိုင္းေနတဲ့ သူမေၾကာင့္... တိုက္,မွာ လူဆိုးဘုရင္မေလးအလိုက် ခ်ီရေတာ့သည္။
ကိုယ္က လက္ႏွစ္ဖက္ဆန့္႐ုံရွိေသးသည္ သူမက
ကိုယ့္အေပၚကို ခုန္တက္ၿပီး... ေျခႏွစ္ေခ်ာင္းကို ခါးမွာ ခ်ိတ္တြယ္ကာ... လက္ႏွစ္ဖက္က လည္ပင္းကို သိုင္းဖက္လာသည္။
" သြားေလ ဘာလုပ္ေနတာလဲ ဗိုက္ဆာေနပါၿပီ
ဆို "
ပိန္ေသးမယ့္ အႏွစ္ရွိတဲ့ သူ႕ခႏၶာကိုယ္ေလးက
နည္းနည္းခ်ီရတာ ေလးသည္မို႔... မလဲေအာင္
ေသခ်ာခ်ီေနတာကို အေအာ္က ခံရေသးသည္။
သူမ၏ ေတာင္းပန္မူ႕နဲ႕ေခ်ာ့တာကိုမ်ား ရမလားလို႔ မူၾကည့္၊စိတ္ဆိုးၾကည့္ပါတယ္။ေနာက္ဆုံးမွာေတာ့ ကိုယ္ကပဲ အေလ်ာ့ေပးရသည္။
အထစ္ငါးဆယ္ေက်ာ္ေသာ ေလွကားထစ္ေတြကို
သူမကိုခ်ီၿပီး ဆင္းရတာ မလြယ္ကူေပ။ဘာေၾကာင့္ဆို... ကိုယ့္ရင္ခြင္ထဲမွာ ရင္ခ်င္းအပ္ အေနအထားနဲ႕ ရွိေနတဲ့ သူမ၏ ကိုယ္သင္းနံ႕ေလးက ကလူးက်ီစယ္ေနတာေၾကာင့္ပင္။
သူမႏွင့္ အလြန္နီးကပ္စြာရွိေနရၿပီး၊ႏွစ္ေယာက္တည္းရွိတဲ့ ဒီလိုညမွာ... သူမအေပၚ တိုက္,စိတ္ေတြ ထိန္းနိုင္ပါ့မလား ဆိုတာကေတာ့....။
...........ကဲ ဦးေလးႀကီးလည္း ၿပီးခါနီးၿပီ😁
Shaer သြားေပးေနာ္။
#ကိုးအမရာေမာင္