ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

996K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
193
194
195
196
197
198
199

192

2.2K 356 6
By Vanilla_IceCream61

စိတ်စွမ်းအားကျင့်စဉ်၏ ပထမဆုံးအလွှာ
..................................................

ဤအတွင်းအားစိတ်ကျင့်စဉ်တွင် စုစုပေါင်း အလွှာဆယ့်နှစ်လွှာရှိသည်။ လင်းကျန်က ကိုယ့်ကိုယ်ကိုယ်မေ့လောက်သည်အထိ အတွင်းအားကျင့်ရာတွင်သာ ဆယ်ရက်နီးပါးနစ်မြုပ်နေခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ဆယ်ရက်မြောက်တွင် သူ ထိုးဖောက်ကျော်လွှားနိုင်ကာ ပထမအဆင့်သို့ရောက်သွားသည်။

ယွီဝမ်ထုန်က သူ၏သွေးကြောများကို ဖွင့်ပေးထား၍၊ သို့မဟုတ် ကျင့်ကြံသည့်နည်းလမ်းက သူနှင့်ကိုက်ညီနေ၍ အခြေအနေမှာ အံ့ဩစရာ ချောမွေ့နေသည်။

"ဘုန်း..."

လင်းကျန်က လေ့ကျင့်ရေးကွင်းဘေးမှ ကျောက်တုံးကြီးကိုချိန်ရွယ်ကာ အားကုန်သုံး၍ ရိုက်ချလိုက်သည်။ ကျောက်တုံးကြီးက ဧရာမတူကြီးဖြင့် အထုခံလိုက်ရသည့်အလား အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။

လင်းကျန်က ဤကဲ့သို့ အားများများထုတ်လိုက်နိုင်သည်ကို ယုံရခက်ကာ လက်ဖဝါးကို ပျော်ရွှင် အံ့ဩစွာ ကြည့်မိသည်။

သူက ယခုလေးတင် တံခါးပိတ်ကျင့်ကြံပြီးသွားပြီပင်။ အတွင်းအားစိတ်ကျင့်စဉ်၏ ပထမအလွှာကို ရောက်လာသော်လည်း ၎င်းကဘာဆိုလိုသည်ကို သူ သေချာမသိပေ။ ကျောက်တုံးကြီးကို လက်ဝါးရိုက်ချက်ဖြင့် ခွဲလိုက်ချိန်မှသာ သူယခုမည်မျှအင်အားကြီးကြောင်းကို ထင်ရှားစွာသဘောပေါက်သည်။

လွန်ခဲ့သည့် ဆယ်ရက်ခန့်က သူ၏အင်အားကိုထိန်းရန် ယွီဝမ်ထုန်၏အကူအညီကိုလိုအပ်သေးသော်လည်း ယခုအခါ လက်ဝါးချက်ကောင်းကောင်းရိုက်ရန် အတွင်းအား မည်သို့စုစည်းရမည်ကို သူသိလာသည်။

ယွီဝမ်ထုန်သည်လည်း အံ့ဩဝမ်းသာကာ စိတ်လှုပ်ရှားနေသည်။ သူက မေး၏။ "ကျင့်စဉ်ရဲ့ ပထမဆုံးတစ်ခန်းကို ပြီးသွားပြီလား။"

လင်းကျန်က ခေါင်းညှိတ်ပြသည်။ "ကျွန်တော့်ခန္ဓာကိုယ်မှာ ဘာမှထူးထူးခြားခြားဖြစ်မလာတာနဲ့ ဆက်လေ့ကျင့်လိုက်တာ သတိတောင်မထားမိဘဲ ပထမဆုံးအခန်းကိုပြီးသွားတယ်။ ဒါပေမဲ့ အဲ့ဒါပြီးတော့ အခန်းနှစ်က တကယ်ခက်နေတာနဲ့ ရပ်လိုက်တယ်။ ကျွန်တော်လုပ်နေတာ တအားနှေးလား။"

'တအားနှေးတယ် ဟုတ်လား။ တခြားလူတွေ ဘယ်လောက်ကြိုးစားကြိုးစား မင်းလောက်မြန်အောင် လုပ်နိုင်မှာမဟုတ်ဘူး။' ယွီဝမ်ထုန်ကတွေးသည်။

"အတွင်းအားကျင့်ရင် ဘယ်တော့မှအလျင်မလိုနဲ့။ ဘယ်လိုအတားအဆီးကိုတွေ့တွေ့ ရပ်သာရပ်လိုက်။ မင်းဒုတိယအဆင့်ကိုမတက်ခင် ပထမအလွှာကိုအပြည့်အစုံသိနေဖို့လိုတယ်။" ယွီဝမ်ထုန်က မှတ်ချက်ပေးသည်။

သူက လင်းကျန်ကို ကိုယ့်ကိုယ်ကိုယ် သံသယမဝင်စေလိုသည့်အတွက် လင်းကျန်၏ကျင့်ကြံနှုန်းက မည်မျှအံ့ဩစရာကောင်းကြောင်းကို မပြောပေ။ လင်းကျန်က ကျင့်ကြံရာတွင်သာ အာရုံစိုက်ရန်လိုသည်။

သဘာဝကျစွာပင် လင်းကျန်က ယွီဝမ်ထုန်၏စကားကိုနားထောင်၏။ ယွီဝမ်ထုန်က ဖြည်းဖြည်းချင်းသာသွားရန်ပြောရာ သူဘာမှသိပ်မတွေးတော့ချေ။ ထို့အပြင် ကျောက်တုံးကြီးကို လက်ဝါးချက်တစ်ချက်တည်းဖြင့် ခွဲနိုင်မည်ဟု သူလုံးဝမတွေးဖူးပေ။

"ဂုဏ်ယူပါတယ်၊ သခင်လေး။" ဝမ်တရှန်နှင့်အစောင့်များ၊ ယောင်ရိနှင့် ကိုယ်ရံတော်များက လင်းကျန်ကို ဂုဏ်ပြုကြသည်။

ဝမ်တရှန်တို့က ပျော်ရွှင်နေရုံသာဖြစ်သော်လည်း ယောင်ရိတို့ကမူ အံ့ဩနေကြသည်။ မည်သို့ပင်ဆိုစေ လင်းကျန်၏တိုးတက်မှုက အံ့ဩစရာကောင်းလောက်အောင် မြန်လွန်းသည်။

ပြဿနာတစ်ခုခုရှိနေမည်ကို စိုးရိမ်နေသေးသည့် ယွီဝမ်ထုန်က လင်းကျန်၏သွေးကြောများကို ဂရုတစိုက်စစ်ဆေးပေးသည်။ အရာအားလုံးအဆင်ပြေနေသည်ကို အတည်ပြုပြီးမှသာ သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်သွားသည်။

"ပထမဆုံးအခန်းထဲမှာပါတဲ့ လက်ဝါးရိုက်ချက်က အခြေခံဆိုပေမဲ့ အဲ့ဒါကိုကျွမ်းကျင်သွားရင် တော်တော်စွမ်းအားကြီးနိုင်တယ်။ အခု တိုက်ကြည့်ရအောင်။ မင်းရဲ့လက်ဝါးရိုက်ချက်ကြောင့် ကိုယ်နာသွားမှာကို စိုးရိမ်စရာမလိုဘူး။ အားကုန်သုံးပြီးသာ တိုက်လိုက်။" ယွီဝမ်ထုန်က ပြောသည်။

"ဒါပေမဲ့ အခု ကျွန်တော်က ကျောက်တုံးအကြီးကိုတောင် ခွဲနိုင်တာနော်။" လင်းကျန်က စိုးရိမ်နေသည်။

ယွီဝမ်ထုန်က ပြုံးသည်။ "ကိုယ်က ကျောက်တုံးထက်တောင် ကြံ့ခိုင်တာမို့ စိတ်ချထားပါ။"

လင်းကျန်က အလွန်သံသယရှိနေသည်။ အစပိုင်းတွင် သူကအားကုန်မသုံးရဲသော်လည်း သူ၏လက်ဝါးရိုက်ချက်က ယွီဝမ်ထုန်အား အန္တရာယ်မပေးနိုင်သည်ကို သိလိုက်ရသည်။ သူ ရဲလာပြီး ယွီဝမ်ထုန်ကို အစွမ်းကုန် တိုက်လိုက်သည်။

ဤလက်ဝါးရိုက်ပုံအား သူကျွမ်းကျင်သည့်အဆင့်မှာ တကယ်နိမ့်၍ ပုံစံအနည်းငယ်ကိုသာ ထပ်ကာထပ်ကာသုံးနိုင်သည်။ သို့သော် ယွီဝမ်ထုန်၏လမ်းညွှန်မှုကြောင့် လက်ဝါးချက်တစ်ခုတွင် အတွင်းအားမည်မျှသုံးရမည်နှင့် ရိုက်သင့်သည့် အကောင်းဆုံးအချိန်ကို နားလည်လာသည်။

လင်းကျန်က လက်ဝါးချက်ရိုက်နည်းကို နောက်နှစ်ရက် ထပ်လေ့ကျင့်ခဲ့သည်။ လင်းစံအိမ်အားစောင့်ကြည့်နေသူများ စိတ်မရှည်ဖြစ်လာချိန်တွင် တစ်စုံတစ်ယောက်က လင်းစံအိမ်သို့ ဖိတ်စာတစ်စောင် လာပို့သည်။ ၎င်းက လင်းကျန်အတွက်ပင်။

လင်းကျန်က စာဖတ်ပြီးနောက် ပြောသည်။ "အဲ့ဒါက ကျန်းဆေးဆိုင်ရဲ့ အထွေထွေဆိုင်ထိုင်ဆီကစာပဲ။ သူ မနေ့က မြို့ထဲရောက်လာတယ်။ ဒီကတ်ထဲမှာ သူက ကျွန်တော့်မှာ သူနဲ့တွေ့ဖို့ အချိန်ရှိမလား မေးထားတာ။"

ဖိတ်စာကြောင့်သာမဟုတ်လျှင် ထိုကိစ္စကို လင်းကျန်သတိရမည်မဟုတ်ပေ။ လွန်ခဲ့သည့်လတစ်ဝက်ခန့်၌ သူကအတွင်းအားကျင့်ကြံရာတွင်သာ စိတ်နှစ်ထားပြီး အိမ်အပြင်မှကိစ္စများကို မေ့လုနီးပါးပင်။

လင်းကျန်က အထွေထွေဆိုင်ထိုင်ကို နောက်တစ်နေ့တွင် တိုင်ပေစားသောက်ဆိုင်၌တွေ့မည်ဟု စာပြန်ပို့လိုက်သည်။

*****

နောက်တစ်နေ့ တိုက်ပေ စားသောက်ဆိုင်တွင်...

ကျန်းဆေးဆိုင်မှ အထွေထွေဆိုင်ထိုင်က တိုင်ပေစားသောက်ဆိုင်သို့ လင်းကျန်မရောက်ခင် ရောက်လာပြီး တတိယထပ်မှ သီးသန့်ခန်းတစ်ခန်းကို ယူကာ သူက လင်းကျန်နှင့်တွေ့ဆုံရမည်ကို အလွန်အလေးအနက်ထားပြီး အားစိုက်ထုတ်ထားကြောင်း ပြသခဲ့သည်။

"အားနာပါတယ်၊ သခင်လေးလင်း။ ရက်နည်းနည်းလောက် နောက်ကျသွားတယ်။ ကျွန်တော် မနေ့နေ့လည်ကမှ မြို့တော်ကိုရောက်လို့။" အထွေထွေဆိုင်ထိုင်ကပြောသည်။

လင်းကျန်က စိုးရိမ်ပူပန်မှုကို ပြသခဲ့သည်။ "ရက်နည်းနည်းလောက် နောက်ကျသွားတာလား။ ဘာဖြစ်ခဲ့လို့ပါလဲ။"

အထွေထွေဆိုင်ထိုင်က ပြုံးကာပြောသည်။ "ထန်းယန်မှာ ဓားပြရန်ရှင်းသွားတော့ ဆေးကုန်သည်တွေအများကြီးက ထန်းယန်ကိုအလုအယက်ရောက်လာကြတယ်လေ။ ကျွန်တော်တို့ဆိုင်ကလည်း မြို့တော်ကို ဆေးတွေ များနိုင်သမျှများများ ပို့ချင်တယ်။ လှည်းတွေအားလုံး ပြည့်သိပ်နေတာနဲ့ပဲ ပုံမှန်ထပ်သွားရတာကြာသွားတာ။ ထန်းယန်မြို့သားတွေက စစ်သူကြီးနဲ့သခင်လေးအပေါ် ကျေးဇူးအများကြီးတင်ရပါတယ်။"

"ကျွန်တော်က ဒီချီးကျူးမှုနဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်လည်း အမြတ်ရတာပဲ။ သိပ်မကူခဲ့ရပါဘူး။" လင်းကျန်ကပြောသည်။

နှစ်ယောက်သား လောကဝတ်စကားများပြောပြီးနောက် လင်းကျန်ကအဓိကအချက်သို့ သွားလိုက်သည်။ "ကျွန်တော် မြို့ထဲကိုမရောက်ခင်ကတင် အထွေထွေဆိုင်ထိုင်နဲ့ ရက်ချိန်ယူလိုက်တာက ကျွန်တော် မြို့တော်မှာ ဆေးဆိုင်တစ်ဆိုင်ဖွင့်ချင်လို့ပါ။ ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော့်မိသားစုမှာ ကိုယ်ပိုင်ဆေးစိုက်ခင်းရှိတယ်။ ထန်းယန်တောင်ပိုင်းက စိုက်ခင်းအပြင် ထန်းယန်အနောက်ပိုင်းမှာလည်း စိုက်ခင်းတစ်ခုဝယ်ထားတယ်။ ဒီတော့ ခင်ဗျားတို့ရဲ့ဆေးဆိုင်နဲ့စပ်တူလုပ်တာအပြင် မြို့တော်ကို ဆေးတွေပို့မဲ့ ကိုယ်ပိုင်ကုန်တင်ယာဉ်တန်းတစ်ခုကို ကျွန်တော်စမ်းဖွဲ့ချင်တယ်။ အားနာပါတယ်။ ခင်ဗျားက ကျန်းဆေးဆိုင်ကိုယ်စားပြုမို့ ဒီလိုမေးရတာ မသင့်တော်မှန်းသိပေမဲ့ ဒီမြို့မှာ ကျွန်တော်နဲ့ရင်းနှီးပြီး ယုံကြည်ရသူက ခင်ဗျားတစ်ယောက်တည်းရှိလို့။ ဒီလိုဆုံးဖြတ်ချက်ချရတာက ခင်ဗျားအတွက်ခက်ခဲလွန်းမယ်ဆိုရင် ကျွန်တော်ဆက်မပြောပါဘူး။ ကျွန်တော်တို့ စပ်တူလုပ်နေတာကိုလည်း ဘာမှအပြောင်းအလဲရှိမှာမဟုတ်ပါဘူး။"

ကျန်းဆေးဆိုင်၏အထွေထွေဆိုင်ထိုင်က အတွေးတစ်ခုရသွားပုံဖြင့် မျက်နှာထားပြောင်းလဲသွားသည်။ သူက လင်းကျန်၏တောင်းဆိုမှုကို မငြင်းဘဲ တိုတိုပြတ်ပြတ်ပြောသည်။ "သခင်လေးလင်းဆိုလိုချင်တာကို ကျွန်တော်နားလည်ပါတယ်။ ကျန်းဆေးဆိုင်ရဲ့အတွင်းရေးမပါတဲ့ ဘယ်မေးခွန်းကိုမဆို ကျွန်တော်ဖြေပေးပါ့မယ်။"

လင်းကျန်က ကျေနပ်အံ့ဩသွားသည်။ "ကျေးဇူးပါ၊ အထွေထွေဆိုင်ထိုင်။"

အထွေထွေဆိုင်ထိုင် လိုလိုလားလားသဘောတူလိုက်ခြင်းက ယွီဝမ်ထုန်၏လွှမ်းမိုးနိုင်စွမ်းကြောင့် တစ်စိတ်တစ်ပိုင်းပါသော်လည်း မည်သို့ပင်ဆိုစေ ယင်းကအကူအညီကြီးပင်။

လင်းကျန်က မေးခွန်းများစွာမေးခဲ့သည်။ သူက အနည်းငယ်တွေးတောကာ သင့်လျော်သည့်နေရာကို ရှာရမည်ဟုယုံကြည်သော်လည်း မည်သည့်နေရာက ဆေးဆိုင်ဖွင့်ရန် အသင့်တော်ဆုံးဖြစ်သည်ကို မကျွမ်းကျင်သကဲ့သို့ ဆေးဆိုင်နှင့်ပက်သက်၍ အသေးစိတ်သတိထားရမည့်အရာကိုလည်းမသိချေ။ အထွေထွေဆိုင်ထိုင်က ပွင့်လင်းကာ ကူညီတတ်ပြီး အကြံများစွာပေးသည်။

အထွေထွေဆိုင်ထိုင်က လင်းကျန်ကို ဆေးဆိုင်ဖွင့်ရန်သင့်တော်သည့်နေရာအား မြို့ပတ်၍ ကူရှာပေးမည်ဟုပင် ပြောသည်။

သို့သော် အထွေထွေဆိုင်ထိုင်က အလုပ်များသူဖြစ်ကြောင်းကို သိ၍ လင်းကျန်ငြင်းလိုက်သည်။ "ခင်ဗျားပေးတဲ့အချက်တွေနဲ့ကိုက်မဲ့နေရာတွေကို ရွေးလိုက်ဦးမယ်။ ပြီးရင် ခင်ဗျား အကြံထပ်ပေးလို့ရအောင် လိုက်ပြပါ့မယ်။"

အထွေထွေဆိုင်ထိုင်က ပြန်ပြောသည်။ "ကောင်းပါပြီ။ သခင်လေးလင်း နေရာရှာတွေ့သွားရင် ကျွန်တော်ကူညီနိုင်တာ ကူညီပါ့မယ်။"

ထို့နောက် သူတို့နှစ်ယောက်က ဆေးဆိုင်နှင့်ပက်သက်၍ သတိထားရမည့်အချက်များအကြောင်း ပြောကြသည်။ နေ့လည်စာစားပြီးနောက် သူတို့ခွဲခွာလာကြသည်။

လင်းကျန်က စံအိမ်သို့ ပြန်ရောက်သောအခါ ဝမ်ချင်းနှင့် လီစီချိုက်တို့ကို သင့်တော်သည့်နေရာ ရှာရန်ညွှန်ကြားလိုက်သည်။

ယွီဝမ်ထုန်ကလည်း သူတို့နှစ်ယောက်နှင့်အတူ လူအချို့ထည့်ပေးရန် စီစဉ်သည်။

မြို့တော်က အလွန်ကျယ်ပြီး ဆေးဆိုင်ဖွင့်ရန်သင့်တော်သည့်နေရာမှာလည်း များသည်။ ယင်းတို့ထဲမှ နေရာများစွာကို ရောင်းနေကြသည်။ ရက်အနည်းငယ်ကြာရှာပြီးနောက် ဝမ်ချင်းနှင့်လီစီချိုက်တို့က လင်းကျန်၏လိုအပ်ချက်များနှင့်ကိုက်ညီသော နေရာငါးခုကို ရှာတွေ့ခဲ့သည်။

လင်းကျန်က ထိုငါးနေရာအကြောင်း သူတို့နှစ်ယောက်ပြောပြသည်ကို နားထောင်ပြီးနောက် အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်သည့်နေရာသုံးခုကို ရွေးချယ်လိုက်သည်။ တစ်နေရာက အထွေထွေဈေးတွင် ရှိသည်။ ဤဈေးက တကယ်ကြီးမားသော ကုန်လဲလှယ်ရေးဈေးကြီးဖြစ်ပြီး ကြီးမြတ်သောယွဲ့တိုင်းပြည်၏မြို့အသီးသီးမှ ကုန်ပစ္စည်းများအပြင် ဝမ်ပြည်ထောင်စုမှ ကုန်ပစ္စည်းများကိုပင် ရောင်းဝယ်ကြသည်။ သူသာ ဤနေရာတွင် ဆေးဆိုင်ဖွင့်လျှင် လုပ်ငန်းကြီးများနှင့် ယှဉ်ရမည်သာမက အခြားမြို့များမှ ဆေးဆိုင်များနှင့်လည်း ပြိုင်ရလိမ့်မည်။

သို့သော် တစ်ချိန်တည်းမှာပင် ဤနေရာမှအခြေအနေက အတော်ပရမ်းပတာနိုင်သည်။ ဤနေရာတွင် စီးပွားရေးလုပ်ချင်သူများက အင်အားကြီးနောက်ခံမရှိလျှင် အခြေတည်ရန်ခက်ခဲလိမ့်မည်။

သို့ရာတွင် သူနှင့်ယွီဝမ်ထုန်၏ပက်သက်မှုကို မြို့တော်မှလူတိုင်းသိကြသည့်အတွက် အင်အားကြီးနောက်ခံကိုရှာရန်မှာ လင်းကျန်မစိုးရိမ်ဆုံးကိစ္စပင်။

ဟုတ်သည်။ ဤနေရာအပြင် မြို့အပြင်ဘက် အရှေ့အရပ်မှ နေရာတစ်ခုလည်းရှိသေးသည်။ ဤဆိုင်၏တည်နေရာက ပင်မလမ်းပေါ်တွင်မဟုတ်သော်လည်း လူအတော်စည်သည်။ ဤလမ်းပေါ်တွင် အခြားဆေးဆိုင်နှစ်ဆိုင်လည်း ရှိသည်။ သူက ဆေးပင်များသာရောင်းကာ သမားတော်မဌားသည့်အတွက် ဤနေရာမှာ သူ့အတွက်ပြည့်စုံသည်။

မြို့အနောက်ဘက်မှဆိုင်မှာ သူ၏ဦးစားပေးပင်။ ကျန်းဆေးဆိုင်၏ အထွေထွေဆိုင်ထိုင်က ထိုနေရာကို လင်းကျန်နှင့်အတူလိုက်ကြည့်ပေးမည်ဟု ကတိပေးထားသည်။

ကုန်လဲလှယ်ရေးဈေးသို့ ကိုယ်တိုင်ရောက်သွားမှသာ ဤနေရာက မည်မျှဖရိုဖရဲနိုင်ကြောင်းကို လင်းကျန်သိသည်။ မြို့အသီးသီးမှ လူများ၊ စစ်မှန်သလား မသေချာသည့် ကုန်ပစ္စည်းများက ဤနေရာတွင် ပြည့်ကြပ်နေပြီး ရေတစ်စက်ပင် မနည်းစီးရလိမ့်မည်။ နေ့တိုင်း မြို့တံခါးဖွင့်ချိန်မှ ညမထွက်ရချိန်အထိ ဆူဆူညံညံပျားပန်းခတ်ကာ လှုပ်ရှားနေကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် ဤနေရာတွင် ဆေးကုန်သည်များ ပေါများပြီး အရည်အသွေးကောင်းသည့်ဆေးပင်ရှိသူများက ဝယ်သူမရှိမည်ကို လုံးဝစိုးရိမ်စရာမလိုပေ။

ကျန်းဆေးဆိုင်ပင် ဤနေရာတွင်ဆိုင်ခွဲမဖွင့်ထားပေ။ အထွေထွေဆိုင်ထိုင်က လင်းကျန် အနောက်အရပ်မှ ကုန်လဲလှယ်ရေးဈေးသို့သွားမည်ဟု သိလိုက်ရသောအခါ အနည်းငယ်မှင်တက်သွားသည်။

"ဒီဆိုင်ကို အမတ်ဝေ့က ပိုင်ခဲ့တာပါ သခင်လေးလင်း။ သူရာထူးဖြုတ်ချခံလိုက်ရတော့ ဝေ့မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံး နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ ဒီဆိုင်ကို အရောင်းဖွင့်ထားတာပါ။ ဒီ ရောင်းရန်ဆိုတဲ့ ကြော်ငြာစာကိုတင်တာတောင် နှစ်ရက်ပဲရှိပါသေးတယ်။ ဒီဆိုင်ကိုဝယ်ဖို့ လူတွေအများကြီး ကမ်းလှမ်းကြပေမဲ့ စစ်သူကြီးက စကားဦးသန်းပြီးသားဆိုတော့ ဌာနကလူတွေက ပိုင်ဆိုင်မှုကို တိတ်တိတ်လေး ထိန်းထားပါတယ်။ သခင်လေး တစ်ချက်လောက် အရင်ကြည့်လိုက်ပါ။ ကြိုက်ရင် တိုက်ရိုက်ယူလို့ရပါတယ်။ မကြိုက်ရင် ကျွန်တော်တို့တွေ နောက်တစ်ဆိုင်ရှာပါ့မယ်။"

ပြောသူက ယွီဝမ်ထုန်၏ကိုယ်ရေးကိုယ်တာသက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်သူ မြောင်ရှီစန်ဖြစ်ပြီး သူက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ဝမ်ချင်း၊ လီစီချိုက်တို့နှင့်အတူ မြို့တစ်ဝက်ကျော်ကို ရှာဖွေခဲ့သည်။ သူ့အပြင် ရာထူးနိမ့်အမှုထမ်းဝတ်စုံကိုဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်လည်း ရှိသေးသည်။ သက်လတ်ပိုင်းအရွယ်လူက မြောင်ရှီစန်၏စကားကိုကြားပြီးနောက် လင်းကျန်အားပြုံးပြကာ ပြောသည်။ "သခင်လေးလင်း ကြည့်လို့ရအောင် ကျွန်တော် တံခါးဖွင့်ပေးရမလား။"

လင်းကျန်က ဤလူမှာ ဈေးဆိုင်ခန်းများရောင်းရန်တာဝန်ရှိသူဖြစ်လောက်ကြောင်း သိ၍ ခေါင်းညှိတ်လိုက်သည်။ "ကောင်းပါပြီ။ ဖွင့်ပေးပါ။"

သူအပြင်မထွက်ခင်တွင် ယွီဝမ်ထုန်က ပုံရိပ်ကိုမမေ့ရန် မှာလိုက်သည့်အတွက် ယဉ်ကျေးဟန်မပြပေ။

ယွီဝမ်ထုန်က အကောင်းဆုံးအချက်ကိုပြောသည်ဟု လင်းကျန် ယုံသည်။ ထို့ကြောင့် ရာထူးနိမ့်အမှုထမ်းက ပြုံးပြနေသော်လည်း သူကပြန်ပြုံးပြရမည့်အစား အေးစက်ဟန်ဆောင်ထားသည်။

ထင်ထားသည့်အတိုင်းပင် ရာထူးနိမ့်အမှုထမ်းက လင်းကျန်၏သဘောထားနှင့်ပက်သက်၍ မှားယွင်းသည်ဟုမခံစားရပေ။ သူက ပို၍ပင်ရိုသေလာပြီး ဆိုင်တံခါးကို ဖွင့်ကာ အောက်ကျို့၍ လင်းကျန်ကို အလွန်လေးစားစွာ ဝင်ခွင့်ပြုသည်။ "ဒီလမ်းပါ၊ သခင်လေးလင်း။"

လင်းကျန်က ဆိုင်တွင်းသို့ဝင်ပြီးနောက် ၎င်းကအလွန်ကျယ်သည်ကို သိလိုက်ရသည်။ ခန်းမက ကျယ်သည့်အပြင် အနောက်ဘက် ကုန်သိုလှောင်မှာလည်း အတော်ကျယ်ဝန်းသည်။ အကူကိရိယာအမျိုးမျိုးကိုလည်း ရနိုင်သည်။ ထို့အပြင် ကုန်လှောင်ရုံ၏ အနောက်ဘက်တွင် ခြံဝန်းတစ်ခုလည်းရှိသေးသည်။ ခြံ၏အနောက်တံခါးက နောက်တစ်လမ်းသို့ပေါက်ရာ အရှေ့ဘက်ခန်းရှေ့မှ လူစည်ကားသည့်လမ်းကိုမဖြတ်ဘဲ ကုန်ပစ္စည်းများကိုဆိုင်အတွင်းသို့သယ်ပို့ရန် အဆင်ပြေသည်။

"ဒီနေရာက တော်တော်ကောင်းတယ်။" အထွေထွေဆိုင်ထိုင်က နေရာကိုမြင်ပြီးနောက် ခပ်တိုးတိုးပြောသည်။ "ဆေးဆိုင်ဖွင့်ချင်ရင် ထပ်ပြင်ဖို့ပဲလိုတယ်။"

"သင့်တော်တယ်ဆိုရင် ပြင်ရမှာကပြဿနာမဟုတ်ပါဘူး။" လင်းကျန်ကပြန်ပြောသည်။

"ဒါဆို ဒီဆိုင်ကိုရွေးဖို့ ကျွန်တော်အကြံပေးတယ်၊ သခင်လေးလင်း။ အဲ့ဒါအကောင်းဆုံးပဲ။" အထွေထွေဆိုင်ထိုင်က ခပ်တိုးတိုးပြောသည်။

လင်းကျန်က အထွေထွေဆိုင်ထိုင်၏ဆိုလိုရင်းကို နားလည်သည်။ "ကျွန်တော်တို့တွေ အနောက်ဘက်က ကုန်လှောင်ရုံကို သွားကြည့်ကြမလား။"

အထွေထွေဆိုင်ထိုင်က ခေါင်းညှိတ်ပြသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

စိတ္စြမ္းအားက်င့္စဥ္၏ ပထမဆုံးအလႊာ
..................................................

ဤအတြင္းအားစိတ္က်င့္စဥ္တြင္ စုစုေပါင္း အလႊာဆယ့္ႏွစ္လႊာရွိသည္။ လင္းက်န္က ကိုယ့္ကိုယ္ကိုယ္ေမ့ေလာက္သည္အထိ အတြင္းအားက်င့္ရာတြင္သာ ဆယ္ရက္နီးပါးနစ္ျမဳပ္ေနခဲ့သည္။ မေမွ်ာ္လင့္ထားစြာျဖင့္ ဆယ္ရက္ေျမာက္တြင္ သူ ထိုးေဖာက္ေက်ာ္လႊားနိုင္ကာ ပထမအဆင့္သို႔ေရာက္သြားသည္။

ယြီဝမ္ထုန္က သူ၏ေသြးေၾကာမ်ားကို ဖြင့္ေပးထား၍၊ သို႔မဟုတ္ က်င့္ႀကံသည့္နည္းလမ္းက သူႏွင့္ကိုက္ညီေန၍ အေျခအေနမွာ အံ့ဩစရာ ေခ်ာေမြ႕ေနသည္။

"ဘုန္း..."

လင္းက်န္က ေလ့က်င့္ေရးကြင္းေဘးမွ ေက်ာက္တုံးႀကီးကိုခ်ိန္႐ြယ္ကာ အားကုန္သုံး၍ ရိုက္ခ်လိဳက္သည္။ ေက်ာက္တုံးႀကီးက ဧရာမတူႀကီးျဖင့္ အထုခံလိုက္ရသည့္အလား အစိတ္စိတ္အႁမႊာႁမႊာ ကြဲသြားသည္။

လင္းက်န္က ဤကဲ့သို႔ အားမ်ားမ်ားထုတ္လိုက္နိုင္သည္ကို ယုံရခက္ကာ လက္ဖဝါးကို ေပ်ာ္႐ႊင္ အံ့ဩစြာ ၾကည့္မိသည္။

သူက ယခုေလးတင္ တံခါးပိတ္က်င့္ႀကံၿပီးသြားၿပီပင္။ အတြင္းအားစိတ္က်င့္စဥ္၏ ပထမအလႊာကို ေရာက္လာေသာ္လည္း ၎ကဘာဆိုလိုသည္ကို သူ ေသခ်ာမသိေပ။ ေက်ာက္တုံးႀကီးကို လက္ဝါးရိုက္ခ်က္ျဖင့္ ခြဲလိုက္ခ်ိန္မွသာ သူယခုမည္မွ်အင္အားႀကီးေၾကာင္းကို ထင္ရွားစြာသေဘာေပါက္သည္။

လြန္ခဲ့သည့္ ဆယ္ရက္ခန့္က သူ၏အင္အားကိုထိန္းရန္ ယြီဝမ္ထုန္၏အကူအညီကိုလိုအပ္ေသးေသာ္လည္း ယခုအခါ လက္ဝါးခ်က္ေကာင္းေကာင္းရိုက္ရန္ အတြင္းအား မည္သို႔စုစည္းရမည္ကို သူသိလာသည္။

ယြီဝမ္ထုန္သည္လည္း အံ့ဩဝမ္းသာကာ စိတ္လႈပ္ရွားေနသည္။ သူက ေမး၏။ "က်င့္စဥ္ရဲ႕ ပထမဆုံးတစ္ခန္းကို ၿပီးသြားၿပီလား။"

လင္းက်န္က ေခါင္းညွိတ္ျပသည္။ "ကြၽန္ေတာ့္ခႏၶာကိုယ္မွာ ဘာမွထူးထူးျခားျခားျဖစ္မလာတာနဲ႕ ဆက္ေလ့က်င့္လိုက္တာ သတိေတာင္မထားမိဘဲ ပထမဆုံးအခန္းကိုၿပီးသြားတယ္။ ဒါေပမဲ့ အဲ့ဒါၿပီးေတာ့ အခန္းႏွစ္က တကယ္ခက္ေနတာနဲ႕ ရပ္လိုက္တယ္။ ကြၽန္ေတာ္လုပ္ေနတာ တအားႏွေးလား။"

'တအားႏွေးတယ္ ဟုတ္လား။ တျခားလူေတြ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မင္းေလာက္ျမန္ေအာင္ လုပ္နိုင္မွာမဟုတ္ဘူး။' ယြီဝမ္ထုန္ကေတြးသည္။

"အတြင္းအားက်င့္ရင္ ဘယ္ေတာ့မွအလ်င္မလိုနဲ႕။ ဘယ္လိုအတားအဆီးကိုေတြ႕ေတြ႕ ရပ္သာရပ္လိုက္။ မင္းဒုတိယအဆင့္ကိုမတက္ခင္ ပထမအလႊာကိုအျပည့္အစုံသိေနဖို႔လိုတယ္။" ယြီဝမ္ထုန္က မွတ္ခ်က္ေပးသည္။

သူက လင္းက်န္ကို ကိုယ့္ကိုယ္ကိုယ္ သံသယမဝင္ေစလိုသည့္အတြက္ လင္းက်န္၏က်င့္ႀကံႏႈန္းက မည္မွ်အံ့ဩစရာေကာင္းေၾကာင္းကို မေျပာေပ။ လင္းက်န္က က်င့္ႀကံရာတြင္သာ အာ႐ုံစိုက္ရန္လိုသည္။

သဘာဝက်စြာပင္ လင္းက်န္က ယြီဝမ္ထုန္၏စကားကိုနားေထာင္၏။ ယြီဝမ္ထုန္က ျဖည္းျဖည္းခ်င္းသာသြားရန္ေျပာရာ သူဘာမွသိပ္မေတြးေတာ့ေခ်။ ထို႔အျပင္ ေက်ာက္တုံးႀကီးကို လက္ဝါးခ်က္တစ္ခ်က္တည္းျဖင့္ ခြဲနိုင္မည္ဟု သူလုံးဝမေတြးဖူးေပ။

"ဂုဏ္ယူပါတယ္၊ သခင္ေလး။" ဝမ္တရွန္ႏွင့္အေစာင့္မ်ား၊ ေယာင္ရိႏွင့္ ကိုယ္ရံေတာ္မ်ားက လင္းက်န္ကို ဂုဏ္ျပဳၾကသည္။

ဝမ္တရွန္တို႔က ေပ်ာ္႐ႊင္ေန႐ုံသာျဖစ္ေသာ္လည္း ေယာင္ရိတို႔ကမူ အံ့ဩေနၾကသည္။ မည္သို႔ပင္ဆိုေစ လင္းက်န္၏တိုးတက္မႈက အံ့ဩစရာေကာင္းေလာက္ေအာင္ ျမန္လြန္းသည္။

ျပႆနာတစ္ခုခုရွိေနမည္ကို စိုးရိမ္ေနေသးသည့္ ယြီဝမ္ထုန္က လင္းက်န္၏ေသြးေၾကာမ်ားကို ဂ႐ုတစိုက္စစ္ေဆးေပးသည္။ အရာအားလုံးအဆင္ေျပေနသည္ကို အတည္ျပဳၿပီးမွသာ သူ႕စိတ္ထဲမွ စိုးရိမ္ပူပန္မႈမ်ား ေပ်ာက္သြားသည္။

"ပထမဆုံးအခန္းထဲမွာပါတဲ့ လက္ဝါးရိုက္ခ်က္က အေျခခံဆိုေပမဲ့ အဲ့ဒါကိုကြၽမ္းက်င္သြားရင္ ေတာ္ေတာ္စြမ္းအားႀကီးနိုင္တယ္။ အခု တိုက္ၾကည့္ရေအာင္။ မင္းရဲ႕လက္ဝါးရိုက္ခ်က္ေၾကာင့္ ကိုယ္နာသြားမွာကို စိုးရိမ္စရာမလိုဘူး။ အားကုန္သုံးၿပီးသာ တိုက္လိုက္။" ယြီဝမ္ထုန္က ေျပာသည္။

"ဒါေပမဲ့ အခု ကြၽန္ေတာ္က ေက်ာက္တုံးအႀကီးကိုေတာင္ ခြဲနိုင္တာေနာ္။" လင္းက်န္က စိုးရိမ္ေနသည္။

ယြီဝမ္ထုန္က ၿပဳံးသည္။ "ကိုယ္က ေက်ာက္တုံးထက္ေတာင္ ႀကံ့ခိုင္တာမို႔ စိတ္ခ်ထားပါ။"

လင္းက်န္က အလြန္သံသယရွိေနသည္။ အစပိုင္းတြင္ သူကအားကုန္မသုံးရဲေသာ္လည္း သူ၏လက္ဝါးရိုက္ခ်က္က ယြီဝမ္ထုန္အား အႏၱရာယ္မေပးနိုင္သည္ကို သိလိုက္ရသည္။ သူ ရဲလာၿပီး ယြီဝမ္ထုန္ကို အစြမ္းကုန္ တိုက္လိုက္သည္။

ဤလက္ဝါးရိုက္ပုံအား သူကြၽမ္းက်င္သည့္အဆင့္မွာ တကယ္နိမ့္၍ ပုံစံအနည္းငယ္ကိုသာ ထပ္ကာထပ္ကာသုံးနိုင္သည္။ သို႔ေသာ္ ယြီဝမ္ထုန္၏လမ္းၫႊန္မႈေၾကာင့္ လက္ဝါးခ်က္တစ္ခုတြင္ အတြင္းအားမည္မွ်သုံးရမည္ႏွင့္ ရိုက္သင့္သည့္ အေကာင္းဆုံးအခ်ိန္ကို နားလည္လာသည္။

လင္းက်န္က လက္ဝါးခ်က္ရိုက္နည္းကို ေနာက္ႏွစ္ရက္ ထပ္ေလ့က်င့္ခဲ့သည္။ လင္းစံအိမ္အားေစာင့္ၾကည့္ေနသူမ်ား စိတ္မရွည္ျဖစ္လာခ်ိန္တြင္ တစ္စုံတစ္ေယာက္က လင္းစံအိမ္သို႔ ဖိတ္စာတစ္ေစာင္ လာပို႔သည္။ ၎က လင္းက်န္အတြက္ပင္။

လင္းက်န္က စာဖတ္ၿပီးေနာက္ ေျပာသည္။ "အဲ့ဒါက က်န္းေဆးဆိုင္ရဲ႕ အေထြေထြဆိုင္ထိုင္ဆီကစာပဲ။ သူ မေန႕က ၿမိဳ႕ထဲေရာက္လာတယ္။ ဒီကတ္ထဲမွာ သူက ကြၽန္ေတာ့္မွာ သူနဲ႕ေတြ႕ဖို႔ အခ်ိန္ရွိမလား ေမးထားတာ။"

ဖိတ္စာေၾကာင့္သာမဟုတ္လွ်င္ ထိုကိစၥကို လင္းက်န္သတိရမည္မဟုတ္ေပ။ လြန္ခဲ့သည့္လတစ္ဝက္ခန့္၌ သူကအတြင္းအားက်င့္ႀကံရာတြင္သာ စိတ္ႏွစ္ထားၿပီး အိမ္အျပင္မွကိစၥမ်ားကို ေမ့လုနီးပါးပင္။

လင္းက်န္က အေထြေထြဆိုင္ထိုင္ကို ေနာက္တစ္ေန႕တြင္ တိုင္ေပစားေသာက္ဆိုင္၌ေတြ႕မည္ဟု စာျပန္ပို႔လိုက္သည္။

*****

ေနာက္တစ္ေန႕ တိုက္ေပ စားေသာက္ဆိုင္တြင္...

က်န္းေဆးဆိုင္မွ အေထြေထြဆိုင္ထိုင္က တိုင္ေပစားေသာက္ဆိုင္သို႔ လင္းက်န္မေရာက္ခင္ ေရာက္လာၿပီး တတိယထပ္မွ သီးသန့္ခန္းတစ္ခန္းကို ယူကာ သူက လင္းက်န္ႏွင့္ေတြ႕ဆုံရမည္ကို အလြန္အေလးအနက္ထားၿပီး အားစိုက္ထုတ္ထားေၾကာင္း ျပသခဲ့သည္။

"အားနာပါတယ္၊ သခင္ေလးလင္း။ ရက္နည္းနည္းေလာက္ ေနာက္က်သြားတယ္။ ကြၽန္ေတာ္ မေန႕ေန႕လည္ကမွ ၿမိဳ႕ေတာ္ကိုေရာက္လို႔။" အေထြေထြဆိုင္ထိုင္ကေျပာသည္။

လင္းက်န္က စိုးရိမ္ပူပန္မႈကို ျပသခဲ့သည္။ "ရက္နည္းနည္းေလာက္ ေနာက္က်သြားတာလား။ ဘာျဖစ္ခဲ့လို႔ပါလဲ။"

အေထြေထြဆိုင္ထိုင္က ၿပဳံးကာေျပာသည္။ "ထန္းယန္မွာ ဓားျပရန္ရွင္းသြားေတာ့ ေဆးကုန္သည္ေတြအမ်ားႀကီးက ထန္းယန္ကိုအလုအယက္ေရာက္လာၾကတယ္ေလ။ ကြၽန္ေတာ္တို႔ဆိုင္ကလည္း ၿမိဳ႕ေတာ္ကို ေဆးေတြ မ်ားနိုင္သမွ်မ်ားမ်ား ပို႔ခ်င္တယ္။ လွည္းေတြအားလုံး ျပည့္သိပ္ေနတာနဲ႕ပဲ ပုံမွန္ထပ္သြားရတာၾကာသြားတာ။ ထန္းယန္ၿမိဳ႕သားေတြက စစ္သူႀကီးနဲ႕သခင္ေလးအေပၚ ေက်းဇူးအမ်ားႀကီးတင္ရပါတယ္။"

"ကြၽန္ေတာ္က ဒီခ်ီးက်ဴးမႈနဲ႕ မထိုက္တန္ပါဘူး။ ကြၽန္ေတာ္လည္း အျမတ္ရတာပဲ။ သိပ္မကူခဲ့ရပါဘူး။" လင္းက်န္ကေျပာသည္။

ႏွစ္ေယာက္သား ေလာကဝတ္စကားမ်ားေျပာၿပီးေနာက္ လင္းက်န္ကအဓိကအခ်က္သို႔ သြားလိုက္သည္။ "ကြၽန္ေတာ္ ၿမိဳ႕ထဲကိုမေရာက္ခင္ကတင္ အေထြေထြဆိုင္ထိုင္နဲ႕ ရက္ခ်ိန္ယူလိုက္တာက ကြၽန္ေတာ္ ၿမိဳ႕ေတာ္မွာ ေဆးဆိုင္တစ္ဆိုင္ဖြင့္ခ်င္လို႔ပါ။ ခင္ဗ်ားသိတဲ့အတိုင္းပဲ ကြၽန္ေတာ့္မိသားစုမွာ ကိုယ္ပိုင္ေဆးစိုက္ခင္းရွိတယ္။ ထန္းယန္ေတာင္ပိုင္းက စိုက္ခင္းအျပင္ ထန္းယန္အေနာက္ပိုင္းမွာလည္း စိုက္ခင္းတစ္ခုဝယ္ထားတယ္။ ဒီေတာ့ ခင္ဗ်ားတို႔ရဲ႕ေဆးဆိုင္နဲ႕စပ္တူလုပ္တာအျပင္ ၿမိဳ႕ေတာ္ကို ေဆးေတြပို႔မဲ့ ကိုယ္ပိုင္ကုန္တင္ယာဥ္တန္းတစ္ခုကို ကြၽန္ေတာ္စမ္းဖြဲ႕ခ်င္တယ္။ အားနာပါတယ္။ ခင္ဗ်ားက က်န္းေဆးဆိုင္ကိုယ္စားျပဳမို႔ ဒီလိုေမးရတာ မသင့္ေတာ္မွန္းသိေပမဲ့ ဒီၿမိဳ႕မွာ ကြၽန္ေတာ္နဲ႕ရင္းႏွီးၿပီး ယုံၾကည္ရသူက ခင္ဗ်ားတစ္ေယာက္တည္းရွိလို႔။ ဒီလိုဆုံးျဖတ္ခ်က္ခ်ရတာက ခင္ဗ်ားအတြက္ခက္ခဲလြန္းမယ္ဆိုရင္ ကြၽန္ေတာ္ဆက္မေျပာပါဘူး။ ကြၽန္ေတာ္တို႔ စပ္တူလုပ္ေနတာကိုလည္း ဘာမွအေျပာင္းအလဲရွိမွာမဟုတ္ပါဘူး။"

က်န္းေဆးဆိုင္၏အေထြေထြဆိုင္ထိုင္က အေတြးတစ္ခုရသြားပုံျဖင့္ မ်က္ႏွာထားေျပာင္းလဲသြားသည္။ သူက လင္းက်န္၏ေတာင္းဆိုမႈကို မျငင္းဘဲ တိုတိုျပတ္ျပတ္ေျပာသည္။ "သခင္ေလးလင္းဆိုလိုခ်င္တာကို ကြၽန္ေတာ္နားလည္ပါတယ္။ က်န္းေဆးဆိုင္ရဲ႕အတြင္းေရးမပါတဲ့ ဘယ္ေမးခြန္းကိုမဆို ကြၽန္ေတာ္ေျဖေပးပါ့မယ္။"

လင္းက်န္က ေက်နပ္အံ့ဩသြားသည္။ "ေက်းဇူးပါ၊ အေထြေထြဆိုင္ထိုင္။"

အေထြေထြဆိုင္ထိုင္ လိုလိုလားလားသေဘာတူလိုက္ျခင္းက ယြီဝမ္ထုန္၏လႊမ္းမိုးနိုင္စြမ္းေၾကာင့္ တစ္စိတ္တစ္ပိုင္းပါေသာ္လည္း မည္သို႔ပင္ဆိုေစ ယင္းကအကူအညီႀကီးပင္။

လင္းက်န္က ေမးခြန္းမ်ားစြာေမးခဲ့သည္။ သူက အနည္းငယ္ေတြးေတာကာ သင့္ေလ်ာ္သည့္ေနရာကို ရွာရမည္ဟုယုံၾကည္ေသာ္လည္း မည္သည့္ေနရာက ေဆးဆိုင္ဖြင့္ရန္ အသင့္ေတာ္ဆုံးျဖစ္သည္ကို မကြၽမ္းက်င္သကဲ့သို႔ ေဆးဆိုင္ႏွင့္ပက္သက္၍ အေသးစိတ္သတိထားရမည့္အရာကိုလည္းမသိေခ်။ အေထြေထြဆိုင္ထိုင္က ပြင့္လင္းကာ ကူညီတတ္ၿပီး အႀကံမ်ားစြာေပးသည္။

အေထြေထြဆိုင္ထိုင္က လင္းက်န္ကို ေဆးဆိုင္ဖြင့္ရန္သင့္ေတာ္သည့္ေနရာအား ၿမိဳ႕ပတ္၍ ကူရွာေပးမည္ဟုပင္ ေျပာသည္။

သို႔ေသာ္ အေထြေထြဆိုင္ထိုင္က အလုပ္မ်ားသူျဖစ္ေၾကာင္းကို သိ၍ လင္းက်န္ျငင္းလိုက္သည္။ "ခင္ဗ်ားေပးတဲ့အခ်က္ေတြနဲ႕ကိုက္မဲ့ေနရာေတြကို ေ႐ြးလိုက္ဦးမယ္။ ၿပီးရင္ ခင္ဗ်ား အႀကံထပ္ေပးလို႔ရေအာင္ လိုက္ျပပါ့မယ္။"

အေထြေထြဆိုင္ထိုင္က ျပန္ေျပာသည္။ "ေကာင္းပါၿပီ။ သခင္ေလးလင္း ေနရာရွာေတြ႕သြားရင္ ကြၽန္ေတာ္ကူညီနိုင္တာ ကူညီပါ့မယ္။"

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္က ေဆးဆိုင္ႏွင့္ပက္သက္၍ သတိထားရမည့္အခ်က္မ်ားအေၾကာင္း ေျပာၾကသည္။ ေန႕လည္စာစားၿပီးေနာက္ သူတို႔ခြဲခြာလာၾကသည္။

လင္းက်န္က စံအိမ္သို႔ ျပန္ေရာက္ေသာအခါ ဝမ္ခ်င္းႏွင့္ လီစီခ်ိဳက္တို႔ကို သင့္ေတာ္သည့္ေနရာ ရွာရန္ၫႊန္ၾကားလိုက္သည္။

ယြီဝမ္ထုန္ကလည္း သူတို႔ႏွစ္ေယာက္ႏွင့္အတူ လူအခ်ိဳ႕ထည့္ေပးရန္ စီစဥ္သည္။

ၿမိဳ႕ေတာ္က အလြန္က်ယ္ၿပီး ေဆးဆိုင္ဖြင့္ရန္သင့္ေတာ္သည့္ေနရာမွာလည္း မ်ားသည္။ ယင္းတို႔ထဲမွ ေနရာမ်ားစြာကို ေရာင္းေနၾကသည္။ ရက္အနည္းငယ္ၾကာရွာၿပီးေနာက္ ဝမ္ခ်င္းႏွင့္လီစီခ်ိဳက္တို႔က လင္းက်န္၏လိုအပ္ခ်က္မ်ားႏွင့္ကိုက္ညီေသာ ေနရာငါးခုကို ရွာေတြ႕ခဲ့သည္။

လင္းက်န္က ထိုငါးေနရာအေၾကာင္း သူတို႔ႏွစ္ေယာက္ေျပာျပသည္ကို နားေထာင္ၿပီးေနာက္ အေကာင္းဆုံးျဖစ္မည္ဟု ယုံၾကည္သည့္ေနရာသုံးခုကို ေ႐ြးခ်ယ္လိုက္သည္။ တစ္ေနရာက အေထြေထြေဈးတြင္ ရွိသည္။ ဤေဈးက တကယ္ႀကီးမားေသာ ကုန္လဲလွယ္ေရးေဈးႀကီးျဖစ္ၿပီး ႀကီးျမတ္ေသာယြဲ႕တိုင္းျပည္၏ၿမိဳ႕အသီးသီးမွ ကုန္ပစၥည္းမ်ားအျပင္ ဝမ္ျပည္ေထာင္စုမွ ကုန္ပစၥည္းမ်ားကိုပင္ ေရာင္းဝယ္ၾကသည္။ သူသာ ဤေနရာတြင္ ေဆးဆိုင္ဖြင့္လွ်င္ လုပ္ငန္းႀကီးမ်ားႏွင့္ ယွဥ္ရမည္သာမက အျခားၿမိဳ႕မ်ားမွ ေဆးဆိုင္မ်ားႏွင့္လည္း ၿပိဳင္ရလိမ့္မည္။

သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ဤေနရာမွအေျခအေနက အေတာ္ပရမ္းပတာနိုင္သည္။ ဤေနရာတြင္ စီးပြားေရးလုပ္ခ်င္သူမ်ားက အင္အားႀကီးေနာက္ခံမရွိလွ်င္ အေျခတည္ရန္ခက္ခဲလိမ့္မည္။

သို႔ရာတြင္ သူႏွင့္ယြီဝမ္ထုန္၏ပက္သက္မႈကို ၿမိဳ႕ေတာ္မွလူတိုင္းသိၾကသည့္အတြက္ အင္အားႀကီးေနာက္ခံကိုရွာရန္မွာ လင္းက်န္မစိုးရိမ္ဆုံးကိစၥပင္။

ဟုတ္သည္။ ဤေနရာအျပင္ ၿမိဳ႕အျပင္ဘက္ အေရွ႕အရပ္မွ ေနရာတစ္ခုလည္းရွိေသးသည္။ ဤဆိုင္၏တည္ေနရာက ပင္မလမ္းေပၚတြင္မဟုတ္ေသာ္လည္း လူအေတာ္စည္သည္။ ဤလမ္းေပၚတြင္ အျခားေဆးဆိုင္ႏွစ္ဆိုင္လည္း ရွိသည္။ သူက ေဆးပင္မ်ားသာေရာင္းကာ သမားေတာ္မဌားသည့္အတြက္ ဤေနရာမွာ သူ႕အတြက္ျပည့္စုံသည္။

ၿမိဳ႕အေနာက္ဘက္မွဆိုင္မွာ သူ၏ဦးစားေပးပင္။ က်န္းေဆးဆိုင္၏ အေထြေထြဆိုင္ထိုင္က ထိုေနရာကို လင္းက်န္ႏွင့္အတူလိုက္ၾကည့္ေပးမည္ဟု ကတိေပးထားသည္။

ကုန္လဲလွယ္ေရးေဈးသို႔ ကိုယ္တိုင္ေရာက္သြားမွသာ ဤေနရာက မည္မွ်ဖရိုဖရဲနိုင္ေၾကာင္းကို လင္းက်န္သိသည္။ ၿမိဳ႕အသီးသီးမွ လူမ်ား၊ စစ္မွန္သလား မေသခ်ာသည့္ ကုန္ပစၥည္းမ်ားက ဤေနရာတြင္ ျပည့္ၾကပ္ေနၿပီး ေရတစ္စက္ပင္ မနည္းစီးရလိမ့္မည္။ ေန႕တိုင္း ၿမိဳ႕တံခါးဖြင့္ခ်ိန္မွ ညမထြက္ရခ်ိန္အထိ ဆူဆူညံညံပ်ားပန္းခတ္ကာ လႈပ္ရွားေနၾကသည္။

သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ဤေနရာတြင္ ေဆးကုန္သည္မ်ား ေပါမ်ားၿပီး အရည္အေသြးေကာင္းသည့္ေဆးပင္ရွိသူမ်ားက ဝယ္သူမရွိမည္ကို လုံးဝစိုးရိမ္စရာမလိုေပ။

က်န္းေဆးဆိုင္ပင္ ဤေနရာတြင္ဆိုင္ခြဲမဖြင့္ထားေပ။ အေထြေထြဆိုင္ထိုင္က လင္းက်န္ အေနာက္အရပ္မွ ကုန္လဲလွယ္ေရးေဈးသို႔သြားမည္ဟု သိလိုက္ရေသာအခါ အနည္းငယ္မွင္တက္သြားသည္။

"ဒီဆိုင္ကို အမတ္ေဝ့က ပိုင္ခဲ့တာပါ သခင္ေလးလင္း။ သူရာထူးျဖဳတ္ခ်ခံလိုက္ရေတာ့ ေဝ့မိသားစုရဲ႕ပိုင္ဆိုင္မႈအားလုံး နိုင္ငံေတာ္ဘ႑ာအျဖစ္ အသိမ္းခံလိုက္ရပါတယ္။ အဲ့ဒါၿပီးေတာ့ ဒီဆိုင္ကို အေရာင္းဖြင့္ထားတာပါ။ ဒီ ေရာင္းရန္ဆိုတဲ့ ေၾကာ္ျငာစာကိုတင္တာေတာင္ ႏွစ္ရက္ပဲရွိပါေသးတယ္။ ဒီဆိုင္ကိုဝယ္ဖို႔ လူေတြအမ်ားႀကီး ကမ္းလွမ္းၾကေပမဲ့ စစ္သူႀကီးက စကားဦးသန္းၿပီးသားဆိုေတာ့ ဌာနကလူေတြက ပိုင္ဆိုင္မႈကို တိတ္တိတ္ေလး ထိန္းထားပါတယ္။ သခင္ေလး တစ္ခ်က္ေလာက္ အရင္ၾကည့္လိုက္ပါ။ ႀကိဳက္ရင္ တိုက္ရိုက္ယူလို႔ရပါတယ္။ မႀကိဳက္ရင္ ကြၽန္ေတာ္တို႔ေတြ ေနာက္တစ္ဆိုင္ရွာပါ့မယ္။"

ေျပာသူက ယြီဝမ္ထုန္၏ကိုယ္ေရးကိုယ္တာသက္ေတာ္ေစာင့္မ်ားထဲမွ တစ္ေယာက္ျဖစ္သူ ေျမာင္ရွီစန္ျဖစ္ၿပီး သူက လြန္ခဲ့သည့္ရက္အနည္းငယ္အတြင္းတြင္ ဝမ္ခ်င္း၊ လီစီခ်ိဳက္တို႔ႏွင့္အတူ ၿမိဳ႕တစ္ဝက္ေက်ာ္ကို ရွာေဖြခဲ့သည္။ သူ႕အျပင္ ရာထူးနိမ့္အမႈထမ္းဝတ္စုံကိုဝတ္ထားသည့္ သက္လတ္ပိုင္းအ႐ြယ္လူတစ္ေယာက္လည္း ရွိေသးသည္။ သက္လတ္ပိုင္းအ႐ြယ္လူက ေျမာင္ရွီစန္၏စကားကိုၾကားၿပီးေနာက္ လင္းက်န္အားၿပဳံးျပကာ ေျပာသည္။ "သခင္ေလးလင္း ၾကည့္လို႔ရေအာင္ ကြၽန္ေတာ္ တံခါးဖြင့္ေပးရမလား။"

လင္းက်န္က ဤလူမွာ ေဈးဆိုင္ခန္းမ်ားေရာင္းရန္တာဝန္ရွိသူျဖစ္ေလာက္ေၾကာင္း သိ၍ ေခါင္းညွိတ္လိုက္သည္။ "ေကာင္းပါၿပီ။ ဖြင့္ေပးပါ။"

သူအျပင္မထြက္ခင္တြင္ ယြီဝမ္ထုန္က ပုံရိပ္ကိုမေမ့ရန္ မွာလိုက္သည့္အတြက္ ယဥ္ေက်းဟန္မျပေပ။

ယြီဝမ္ထုန္က အေကာင္းဆုံးအခ်က္ကိုေျပာသည္ဟု လင္းက်န္ ယုံသည္။ ထို႔ေၾကာင့္ ရာထူးနိမ့္အမႈထမ္းက ၿပဳံးျပေနေသာ္လည္း သူကျပန္ၿပဳံးျပရမည့္အစား ေအးစက္ဟန္ေဆာင္ထားသည္။

ထင္ထားသည့္အတိုင္းပင္ ရာထူးနိမ့္အမႈထမ္းက လင္းက်န္၏သေဘာထားႏွင့္ပက္သက္၍ မွားယြင္းသည္ဟုမခံစားရေပ။ သူက ပို၍ပင္ရိုေသလာၿပီး ဆိုင္တံခါးကို ဖြင့္ကာ ေအာက္က်ိဳ႕၍ လင္းက်န္ကို အလြန္ေလးစားစြာ ဝင္ခြင့္ျပဳသည္။ "ဒီလမ္းပါ၊ သခင္ေလးလင္း။"

လင္းက်န္က ဆိုင္တြင္းသို႔ဝင္ၿပီးေနာက္ ၎ကအလြန္က်ယ္သည္ကို သိလိုက္ရသည္။ ခန္းမက က်ယ္သည့္အျပင္ အေနာက္ဘက္ ကုန္သိုေလွာင္မွာလည္း အေတာ္က်ယ္ဝန္းသည္။ အကူကိရိယာအမ်ိဳးမ်ိဳးကိုလည္း ရနိုင္သည္။ ထို႔အျပင္ ကုန္ေလွာင္႐ုံ၏ အေနာက္ဘက္တြင္ ၿခံဝန္းတစ္ခုလည္းရွိေသးသည္။ ၿခံ၏အေနာက္တံခါးက ေနာက္တစ္လမ္းသို႔ေပါက္ရာ အေရွ႕ဘက္ခန္းေရွ႕မွ လူစည္ကားသည့္လမ္းကိုမျဖတ္ဘဲ ကုန္ပစၥည္းမ်ားကိုဆိုင္အတြင္းသို႔သယ္ပို႔ရန္ အဆင္ေျပသည္။

"ဒီေနရာက ေတာ္ေတာ္ေကာင္းတယ္။" အေထြေထြဆိုင္ထိုင္က ေနရာကိုျမင္ၿပီးေနာက္ ခပ္တိုးတိုးေျပာသည္။ "ေဆးဆိုင္ဖြင့္ခ်င္ရင္ ထပ္ျပင္ဖို႔ပဲလိုတယ္။"

"သင့္ေတာ္တယ္ဆိုရင္ ျပင္ရမွာကျပႆနာမဟုတ္ပါဘူး။" လင္းက်န္ကျပန္ေျပာသည္။

"ဒါဆို ဒီဆိုင္ကိုေ႐ြးဖို႔ ကြၽန္ေတာ္အႀကံေပးတယ္၊ သခင္ေလးလင္း။ အဲ့ဒါအေကာင္းဆုံးပဲ။" အေထြေထြဆိုင္ထိုင္က ခပ္တိုးတိုးေျပာသည္။

လင္းက်န္က အေထြေထြဆိုင္ထိုင္၏ဆိုလိုရင္းကို နားလည္သည္။ "ကြၽန္ေတာ္တို႔ေတြ အေနာက္ဘက္က ကုန္ေလွာင္႐ုံကို သြားၾကည့္ၾကမလား။"

အေထြေထြဆိုင္ထိုင္က ေခါင္းညွိတ္ျပသည္။

Continue Reading

You'll Also Like

639K 75.2K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
1.6M 200K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
752K 95.6K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
537K 62.6K 182
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...