ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်
အခန်း (၂၁)
.
.
တခေတ်,ကားပေါ်ကနေ ဆင်းတာနဲ့ အိမ်ရှေ့ ခြံထဲမှာ လမ်းလျှောက်နေတဲ့ အဘိုးဆီတန်းသွားလိုက်သည်။
ရှပ်အဖြူလက်တိုနဲ့ ပုဆိုးအစိမ်းအကွက်ကျယ်တို့ကို ဝတ်ထားတဲ့ အဘိုးက လမ်းလျှောက်တာကို
ရပ်ပြီး၊ ညနေခင်းလေပြည်က်ို ရှုရှိူက်နေသည်။
" အဘိုး "
" ဟေ... ဘယ်လိုဖြစ်ပြီး၊ရောက်လာတာတုန်း
အဘိုးဆီ အလည်လာတာလားကွယ့် "
ဦးသောက ကုမ္ပဏီကနေပြန်လာတဲ့ မြေးရဲ့ကားနဲ့ပါလာတဲ့ ရွှေတခေတ်လေးကြောင့်... ပျော်လည်ပျော်သလို... အံ့လည်း အံ့သြသွားရ၏။
အဘိုးသည် ဦးလေးကြီးနဲ့ တခေတ်လိုက်လာလိမ့်မယ်လို့ မထင်ထားတာကြောင့်... တခေတ် ကို မြင်တာနဲ့ အံ့ဩသွားလေသည်။
" အလည်လာတာ မဟုတ်ဘူး အဘိုး "
" အလည်လာတာ မဟုတ်ဘူးဆိုတော့... အဘိုးကို
ပြောစရာရှိလို့ လာတာလား... "
" ပြောစရာလည်း ရှိလို့လည်း မဟုတ်ဘူး အဘိုး "
" ဒါဆို တခေတ်လေး က အဘိုးတို့အိမ်ကို ဘာလာလုပ်တာတုန်းကွ "
" ဒီနေ့ကစပြီး ကျွန်တော််တို့နှစ်ယောက် အတူနေတော့မှာပါ အဘိုး "
" ဟေ... ဘယ် ဘယ်လို အတူနေမယ် ဟုတ်လား... "
ဦးလေးကြီးစကားကြောင့် အဘိုးက အံ့သြသွားသလို... တခေတ်သည်လည်း မျက်နှာလေးထူပူသွားရသည်။
" ဟုတ်ပါတယ် အဘိုး "
" ဒါဆို နှစ်ယောက်က ပြေလည်သွားကြပြီပေါ့ "
" ဟုတ်ပါတယ် အဘိုး "
ဦးလေးကြီးကပဲ ဖြေသည်။
" ဒါဆို အဘိုး က မြေးတို့ကို မင်္ဂလာပွဲ လုပ်ပေးရတော့မှာပေါ့။မြေးတို့ မင်္ဂလာပွဲလုပ်ဖို့ရော စဥ်းစားထားပြီးကြပီလား "
" ဟို မင်္ဂလာပွဲကလေ အဘိုး... "
" အင်း... ပြောလေ။ တခေတ်လေး ပြောမှာကို
အဘိုး နားထောင်နေတယ် "
" အဘိုးရဲ့ နှလုံးရောဂါခွဲစိတ်ကုသပြီးမှပဲ
တခေတ်တို့ မင်္ဂလာပွဲကို လုပ်ပါ့မယ် "
" အ အဘိုးရဲ့ နှလုံးရောဂါ ဟုတ်လား "
ဦးသောကမှာ သူ့၌ မရှိသော ရောဂါအကြောင်း ကြားလိုက်ရတာကြောင့်... အံ့ဩလွန်းလို့ စကားတွေပင် ထစ်ကုန်တော့၏။မြေးဖြစ်သူကို ကြည့်တော့လည်း ခပ်ပြုံးပြုံး မျက်နှာနဲ့ရှိနေပြီး...ကိုယ့်ကို မျက်လုံးတစ်ဖက် မှိတ်ပြတာကြောင့်... ကိုယ့်၌ မရှိတဲ့ ရောဂါက မြေးဖြစ်သူ လက်ချက်ဆိုတာ သိလိုက်ရ၏။
" ဟုတ်ပါတယ်။ အဘိုးရဲ့ ရောဂါက စိုးရိမ်ရတယ်လို့ ဦးလေးကြီး က ပြောတယ်။အာ့ကြောင့် အဘိုးရဲ့ ရောဂါကို အရင်ကုသစေချင်တယ်။အဘိုးရောဂါ အရှင်းပျောက်ကင်းတော့မှ တခေတ်တို့ မင်္ဂလာပွဲကို လုပ်ပါ့မယ်။ အဘိုး ရောဂါကို အရင်ကုသမယ်မလား ဟင် "
ကိုယ့်ကို စိုးရိမ်မျက်ဝန်းတွေနှင့် ကြည့်ပြီး...
ဆေးကုသအကြောင်း ပြောနေတဲ့ မြေးချွေးမလောင်းလေးက်ို... မြေးဖြစ်သူ ကောင်းမှုကြောင့် မချိပြုံးနဲ့...
" အင်း... မြေးမလေးတို့သဘောပါကွယ် " ဆိုပြီး... စကားကို အဆင်ပြေအောင်လို့ ထိန်းပြောရသည်။
" မင်း အပေါ်က ကိုယ့်အခန်းသွားလိုက်၊ရေမချိုးချင်လည်း အနားယူချင်ယူ။အဘိုးနဲ့ စကားပြောပြီးမှ ကိုယ် အခန်းထဲကို လာခဲ့မယ် "
" အင်း "
တခေတ်, ဦးလေးကြီးတို့ အနားကနေ ထွက်လာခဲ့သည်။
" ကဲ... ပြောစမ်းပါဦး နေတိမ်တိုက်။ဒေါင်ဒေါင်မြည် ကျန်းမာနေတဲ့ ငါ့ဆီ ဘယ်ကနှလုံးရောဂါက ရောက်လာတာလဲဆိုတာ... "
ချာတိတ်မလေးအနားကနေ သွားတာနဲ့ အဘိုး က
တိုက်,ကို ဒေါပွလေတော့သည်။
တိုက်,ဒေါပွနေတဲ့ အဘိုးကြောင့် မရယ်မိအောင် မနည်းထိန်းရင်း...
" အဘိုးပဲ ရွှေတခေတ် ကို မြေးချွေးမတော်ချင်နေတာမလား။အဲ့ဒါကြောင့် ကျွန်တော်် က ခေါင်းမာတဲ့ အဘိုးမြေးချွေးမလေး ကျွန်တော်တို့ဆီ လာနေအောင်လို့ နည်းနည်း အကြံလေး ထုတ်လိုက်ရတာပါ "
" ဟေ့ကောင် ကောင်မလေးကို အိမ်လာနေအောင်
လုပ်ချင်တာနဲ့ပဲ.. အဘိုးဖြစ်တဲ့ ငါ့ကို ရောဂါသည်ပေးဖြစ်ရသလားကွ "
" အဘိုးကလည်း ရောဂါက တကယ်ဖြစ်နေတာမှ
မဟုတ်တာ။ပြီးတော့... အဘိုး ကျွန်တော့်ကို အိမ်ထောင်ချပေးချင်နေတာမလား။အာ့ကြောင့်... "
" အာ့ကြောင့် ဘာဖြစ်သလဲ နေတိမ်တိုက် "
တိုက်, တော်တော်လေး စိတ်တိုနေတဲ့ အဘိုးကြောင့် မရယ်မိအောင် မနည်းထိန်းရင်း...
" အဘိုး ဆန္ဒပြည့်ဖို့အတွက် နည်းနည်းတော့
သရုပ်ဆောင်ပေးပေါ့ "
" တယ်... ဒီကောင်လေးတော့ လုပ်လိုက်ရရင် မကြီးမငယ်နဲ့ အရိုက်ခံရတော့မယ် "
" အဘိုးကလည်း ရိုက်ရအောင် ကျွန်တော် က
ကလေးမှ မဟုတ်တော့တာ ကို "
" ကလေး မဟုတ်လို့ မင်း ကို မရိုက်တာလေ။ကလေးသာဆိုလို့ကတော့လား... မင်းကို ဆယ်ချက်လောက်တော့ အေးဆေး ဆော်ပစ်တယ် "
အဘိုးအပြောကြောင့် တိုက်,မရယ်ဘဲမနေနိုင်တော့တာမို့... ရယ်မိ၏။
" ဒါနဲ့ တခေတ်လေး ကို ဘယ်လိုပြောရမှာလဲ "
" ဘာကိုလဲ အဘိုး "
" ဘာကိုရမှာလဲကွ၊ငါ့မှာ ခွဲစိတ်ဖို့မပြောနဲ့ ဆေးရုံတက်ရလောက်တဲ့ အထိ ကြီးကြီးမားမား ရောဂါဖြင့် မရှိတာကို၊ငါက ဆေးရုံတက်ပြီး၊ဘယ်လိုခွဲစိတ်ရမှာတုန်းကွ "
" အဲ့အတွက် ကျွန်တော်် ကြည့်စီစဥ်မှာမို့လို့...
အဘိုး က ကျွန်တော်် ရှေ့ကနေ စသွားတဲ့ အတိုင်း
နောက်ကနေ လိုက်သရုပ်ဆောင်ရုံလေးပါပဲ။အဲ့ဒါကြောင့် အဘိုး စိတ်မပူဘဲနဲ့၊အေးအေးဆေးဆေး နေလို့ရပါတယ် "
" မင်း ဇာတ် မင်းနိုင်ရင် ပြီးတာပဲ။ပြီးမှ ငါ့ကို
ကူပါ၊ကယ်ပါ လာမလုပ်နဲ့ "
" ကျွန်တော် အဆင်ပြေအောင် လုပ်မှာမို့လို့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အထဲဝင်ကြရအောင် အဘိုး "
" အင်း... "
တိုက်,အဘိုး လက်တစ်ဖက်ကို တွဲပြီး၊အိမ်ထဲကို
ခေါ်လာခဲ့လိုက်သည်။
.
.
" ဟင်... ချာတိတ် မင်း ဘာဖြစ်တာလဲ "
တိုက်, အခန်းထဲဝင်လာတော့ ချာတိတ်မလေးက
ရေချိုးအဝမှာ ပုံလျက်လေးထိုင်ပြီး... ဘယ်ခြေထောက်ရဲ့ ခြေချင်းဝတ်ကို လက်နဲ့ကိုင်ပြီး...
မျက်နှာလေးက ရှုံ့မဲ့နေတာမို့... ဘာဖြစ်တာလဲ မေးရင်း အနားကို အမြန်သွားမိသည်။
သူမအနားကိုရောက်တော့ ကော်ဖီယူနီဖောင်းဖြစ်တဲ့ အဖြူရောင်တီရှပ်ရော၊ချောကလတ်ရောင်ဘောင်းဘီရှည်ရောမှာ ရေတွေစိုနေတာကို တွေ့လိုက်ရသည်။
" ရေချိုးခန်းထဲမှာ ချောလဲတာလား ချာတိတ် "
ဦးလေးကြီး က တခေတ်အနားမှာ ဒူးတစ်ဖက်ထောက် ထိုင်ချပြီး... ဂရုတစိုက်နဲ့ မေးသည်။
" အင်း... တခေတ် ခြေထောက်ရေဆေးချင်လို့
ရေပန်းကို ယူလိုက်တာ... ဘယ်လိုဖြစ်သွားတယ် မသိဘူး ချောလဲသွားတာ "
" ခြေထောက်က အရမ်းနာနေတာလား။ဆရာဝန်နဲ့ ပြရမယ် ထင်တယ် "
" ဟင့်အင်း... ဆရာဝန် ပြရလောက်တဲ့အထိ မဟုတ်ဘူး။ဒီတိုင်း နည်းနည်းလေးပဲ နာတာ "
" တကယ်လား... နည်းနည်းပဲ နာတာ "
" အင်း "
" အဲ့ဒါဆို ဘာလို့ ဒီနားမှာ ထိုင်နေတာလဲ "
ဦးလေးကြီး က တခေတ်,ပြောတာကို မယုံသလို
မေးသည်။
" တခေတ် အဝတ်စားတွေက ရေတွေစိုနေတယ်လေ။ရေစိုတွေနဲ့ ဦးလေးကြီး အခန်းထဲ လျှောက်မသွားချင်လို့ ထိုင်နေတာ "
" အဲ့လိုလား...၊ဒါနဲ့ မင်း အဝတ်စားတွေကလည်း မပါလာခဲ့ဘူးဘဲ "
" ဟုတ်တယ်။အာ့ကြောင့် တခေတ် အိမ်ပြန်မလား လို့... "
" ဘာလုပ်ဖို့ ပြန်မှာလဲ "
" တခေတ်မှာ လဲဝတ်စရာ အဝတ်စားတွေ မရှိဘူးလေ။ပြီးတော့... တခေတ် အလုပ်လည်း သွားရဦးမယ် ဦးလေးကြီး "
" ဘယ်လုပ်ကိုမှ သွားလုပ်စရာမလိုတော့ဘူး "
" ဘာ ဘာလို့လဲ ဦးလေးကြီး "
တခေတ်မှာ မနည်းရှာထားရတဲ့ အလုပ်တွေဆီ
မသွားရဘူး ဟု ဦးလေးကြီး က တားဆီးလာတာမို့လို့... မျက်လုံးပင် ပြူးသွားရသည်။
" မင်း ယူမယ့် ကိုယ်က ဘော့စ်တစ်ယောက်ဆိုတာတော့... သိတယ်မလား ချာတိတ် "
" တခေတ် သိပါတယ်။ ဒါပေမဲ့... တခေတ်မိသားစုအတွက်တော့... တခေတ် အလုပ်လုပ်မယ် ဦးလေးကြီး "
" မင်း က ကိုယ်နဲ့ပတ်သက်နေပြီးမို့လို့... မင်းမိသားစုကလည်း ကိုယ့်မိသားစုပဲ။ကျန်နေခဲ့တဲ့
မင်းအမေနဲ့အငယ်လေးတွေအတွက် မင်းပူစရာမလိုတော့ဘူး။သူ့အတွက်ရော၊မင်းအတွက်ရော ကိုယ်က တာဝန်ယူတယ် "
" တာဝန်ယူတယ် ဆိုတော့... ဦးလေးကြီး က
တခေတ် ကို တကယ်လက်ထပ်ဖို့လား... ဟင် "
" မင်း က ဘယ်လိုထင်လို့လဲ "
ဦးလေးကြီး က တခေတ်မျက်ဝန်းတွေကို တည့်တည့်ကြည့်ကာ... မေးခွန်းထုတ်သည်မို့... တခေတ် ဦးလေးကြီး၏ အကြည့်ကို ရင်မဆိုင်ရဲတာမို့... မျက်လွှာလေးကို အရင်ချလိုက်သည်။
" တခေတ်မှ ဦးလေးကြီးရဲ့အတွင်းစိတ်ကို မသိပါဘူး။အာ့ကြောင့် မပြောတတ်ပါဘူး "
ချာတိတ်မလေးစကားကြောင့် တိုက်,ပြုံးမိ၏။
" မပြောတတ်ဘူးဆိုရင် မင်းထက်ကြီးတဲ့ ကိုယ့်စကားကို နားထောင်။ဒီမှာ ခဏစောင့်နေ "
အဲ့ဒီနောက် ချာတိတ်မလေးအနားကနေ ထရပ်လိုက်သည်။
ရေတွေစိုနေတဲ့ သူမအတွက် အဝတ်တစ်စုံလိုတာကြောင့် အဝတ်လဲခန်းထဲကို ခပ်မြန်မြန်် သွားလိုက်ရသည်။
ကိုယ့်ရဲ့လက်ရှိ ခန္ဓာကိုယ်ဆိုက်နဲ့ အဝတ်စားတွေက သူမနှင့် လုံးဝမတော်လောက်တာမို့... ဆယ်တန်းနှစ်က အဘိုးက မွေးနေ့လက်ဆောင်အဖြစ်
ဝယ်ပေးထားတဲ့.. Nikeကထုတ်တဲ့ ဟူဒီနဲ့ဘောင်း ဘီ တစ်စုံကို အခုထိသိမ်းထားသေးတာမို့... ထိုဝတ်စုံကို ထုတ်ယူလိုက်သည်။
ဒီဝတ်စုံကသာ သူမအတွက် အ်ဆင်ပြေလောက်သည်မို့... သူမဆိီ ခပ်မြန်မြန်ယူသွားပေးလိုက်သည်။
" ဒီဝတ်စုံ က မင်းနဲ့အဆင်ပြေလောက်တယ်။အဝတ်လဲခန်းထဲမှာ သွားလဲ လိုက် "
" ဟုတ် "
တခေတ်, ဦးလေးကြီး ပေးတဲ့ အဝတ်စားတွေကို
လှမ်းယူလိုက်သည်။ပြီးနောက် နေရာမှ ထရပ်လိုက်သည်။
" အာ့ "
" မရဘူးလား ထလို့ "
" ရတယ်။ရုတ်တရက် ထလိုက်လို့ နာ... "
" ဦးလေးကြီး "
ဦးလေးကြီး က တခေတ် ကို ပွေ့ချီလိုက်တာမို့...
တခေတ်မှာ ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။
" လန့်မနေနဲ့... ဘာမှမလုပ်ဘူး။မင်း ခြေထောက်နာနေလို့ အဝတ်လဲခန်းထဲ ပို့ပေးမရုံပဲ "
ဆိုပြီး... ဦးလေးကြီး က တခေတ် ကို အဝတ်လဲခန်းဆီ ခေါ်သွားပေးသည်။
" အဝတ်စားလဲ လိုက်။ကိုယ် ရေသွားချိုးလိုက်အုံးမယ် "
" ဟုတ် "
ဦးလေးကြီး က ဘောင်းဘီရှည်တစ်ထည်နဲ့ စပို့ရှပ်တစ်ထည်ကို မှန်တံခါးတွေနဲ့ အဝတ်ဗီရိုတစ်ခုထဲကနေ ထုတ်ယူပြီး... အဝတ်လဲခန်းထဲကနေ
ထွက်သွားလေသည်။
တခေတ်လည်း အဝတ်စားအမြန်လဲ လိုက်သည်။
အဝတ်စားလဲနေရင်း တခေတ် သတိထားမိတာက အဝတ်လဲခန်းမှာရှိနေတဲ့ ဦးလေးကြီး၏ အဝတ်စားတွေက ဆိုင်တစ်ဆိုင် ဖွင့်လို့ရလောက်သည်။
နာရီတွေကလည်း အလုံးနှစ်ဆယ် အထက်မှာ ရှိသလို... နက်ကတိုင်တွေကလည်း အရောင်အရင့်အနု မျိုးစုံရှိသည်။
တခေတ် အဝတ်စားလဲပြီးတာနဲ့ အိပ်ခန်းဘက်ကို ပြန်ထွက်လာခဲ့သည်။
ခြေထောက်က တဖြေးဖြေး နာလာသည်။ဆေးခန်းမသွားချင်သလို ဆေးထိုးခံရမှာလည်း
ကြောက်တာမို့... နာတာကို ကြိတ်ခံနေလိုက်သည်။
" မင်း ပြီးပြီလား။အောက်မှာ ညစာဆင်းစားကြမယ် "
" တခေတ် ဗိုက်မ မဆာလို့ မစားတော့ဘူး ဦးလေးကြီး "
" မင်း ညကျရင် ဗိုက်ဆာနေမှာပေါ့ "
" မဆာပါဘူး. "
" အဲ့ဒါဆိုလည်း ကိုယ် သွားစားလိုက်အုံးမယ်။အခန်းထဲမှာ နေရဲတယ်မလား... "
" ဟုတ် "
ဦးလေးကြီး က ပြောပြီး အခန်းထဲက ထွက်သွားသည်။
တကယ်တော့ တခေတ် ဗိုက်ဆာနေတာ ဖြစ်သည်။ လမ်းလျှောက်လို့ ခြေထောက်နာရင်
ဦးလေးကြီး က ဆရာဝန်နဲ့ ပြမှာဆိုးတာကြောင့်
ဗိုက်မဆာဘူးလို့ ပြောလိုက်တာ။
ဗိုက်ဆာက အူလိမ့်နေပြီမို့... တခေတ် ဦးလေးကြီးအခန်းထဲက ရေဘူးထဲမှ ရေကိုသာ ယူနေရသည်။
.
" ခြေထောက်က ထိခိုက်မိတာ တအားမများဘူးမလား မြေး "
" သိပ်တော့ မများဘူး အဘိုး "
" အင်း... ဘာပဲဖြစ်ဖြစ် မြေးက တခေတ်လေး ကို
ဂရုစိုက်ပေးလိုက်ပါ "
" ဟုတ်ကဲ့။ ကျွန်တော်် အပေါ်တက်တော့မယ် အဘိုး "
" အင်း... "
တိုက်,အခန်းထဲမှာ ချာတိတ်မလေးကို တစ်ယောက်တည်းထားရတာ စိတ်မချတာကြောင့်... ထမင်းဝိုင်းကနေ အဘိုးအရင် ထနှင့်လိုက်သည်။
" ဒေါ်တင် ကျွန်တော်် လုပ်ခိုင်းထားတာ ရပြီလား... "
" ရပါပြီ။ဒီမှာပါ တူကြီးတိုက် "
တိုက်, ဒေါ်တင် ပေးတဲ့ ဗန်းလေးကို ယူပြီး အပေါ်ကို တက်လာခဲ့သည်။
" ချပ် "
" ဦးလေးကြီး ဘာတွေလဲ ဟင် "
အခန်းတံခါးဖွင့်နဲ့အတူ ဝင်လာတဲ့ ဦးလေးကြီး လက်ထဲမှာ ဗန်းတစ်ချပ်နဲ့ စားစရာတွေပါလာတာမို့လို့ တခေတ် မေးလိုက်တာပင်။
" မင်း ဗိုက်ဆာရင်၊စားလို့ရအောင် ဒေါ်တင် ကို
ရေခဲသေတ္တာထဲမှာ ရှိတာလေးတွေနဲ့ နွားနို့ပူပူလေးတစ်ခွက် ဖျော်ခိုင်းပြီး ယူလာပေးတာ "
" ကျေးဇူးပါ ဦးလေးကြီး "
ဦးလေးကြီး က လက်ထဲကဗန်းကို အခန်းအလယ် ရှိ စားပွဲပေါ်မှာ ချလိုက်တာနဲ့... တခေတ်သည်
ကုတင်ပေါ်ကနေ ဆင်းပြီး... ထိုနေရာကို သွားပြီး
ဦးလေးကြီး ယူလာတဲ့ စားစရာတွေကို စားလိုက်သည်။
ကီဝီသီးရယ်၊နဂါးမောက်သီးရယ်၊မန္တလေးထိုးမုန့်ရယ်၊ကြက်ပူတင်းလေးရယ်က ဗိုက်ဆာနေတဲ့
တခေတ်အတွက် နတ်သုဒ္ဓါကို စားလိုက်ရသလိုပင် ရသာကိုရှိလှ၏။
ခပ်နွေးနွေး နွားနို့လေးကလည်း အဆာကိုပြေစေသည်။
" မင်းပြောတော့ ဗိုက်မဆာဘူး ဆို ချာတိတ် "
တိုက်, ကိုယ်ယူလာပေးတဲ့ အစားအသောက်တွေကို ခေါင်းမဖော်တမ်း စားနေတဲ့ သူမကို မျက်မှောင်ကြုတ်ဖြင့် မေးလိုက်တော့...
" ဟီး... နည်းနည်းလေး ဆာလာလို့ "
သူမ က ရယ်သွေးသန်း၍ ပြောသည်။
" မင်းကြည့်ရတာ နည်းနည်းလေး ဆာတဲ့ပုံစံ ပေါက်မနေဘူး ချာတိတ်။ မင်း ခြေထောက် နာနေလို့ အောက်ကို ထမင်းဆင်းမစားတာမလား... "
ဦးလေးကြီးက မျက်မှောင်ကြီးကြုတ်၍ မေးလာတာမို့... တခေတ်လည်း အမှန်တိုင်း ပြောရတော့သည်။
" အင်း... ခြေထောက်က လမ်းလျှောက်ရင် နည်းနည်း နာတယ်။အာ့ကြောင့်... "
" ဟင်း.... "
ဦးလေးကြီး က သက်ပြင်းချပြီး...
အခန်းအပြင်ကို ပြန်ထွက်သည်။ဘာကြောင့် ထွက်သွားမှန်း မသိပေမယ့်... တခေတ် ကို စိတ်ဆိုးသွားတယ်ဆိုတာတော့ သေချာသည်။
တခေတ် ဦးလေးကြီး စိတ်ဆိုးသွားတာမို့...
နည်းနည်းဆီ ကျန်နေသေးတဲ့ စားစရာတွေကို
ခပ်မြန်မြန်စားပြီး ရေချိုးခန်းထဲ ပြန်သွားပြီး...
ပလုတ်ကျင်းတာ လုပ်လိုက်သည်။ သွားတိုက်ဖို့ကြတော့ သွားတိုက်က ပါမလာတာမို့... ပလုတ်သာကျင်းရတော့သည်။
တခေတ် ပလုတ်ကျင်းပြီး အိပ်ခန်းထဲ ပြန်လာခဲ့လိုက်သည်။ဦးလေးကြီး ပြန်ဝင်လာလို့ တခေတ်
ကိူ စိတ်ဆိုးမပြေသေးရင် ဆူမှာဆိုးတာကြောင့်
အိပ်ရာပေါ်တက်ပြီး... စောင်ခြုံပြီး အိပ်ဖို့ပြင်လိုက်သည်။
တခေတ် သာ အိပ်နေရင်၊ဦးလေးကြီး ဆူလို့ရတော့မည် မဟုတ်။တခေတ် စောင့်ခြုံကာ အိပ်ရာထဲလှဲရင်း ကိုယ့်အတွေးနဲ့ကိုယ် ရယ်မိ၏။
" ချပ် "
ဦးလေးကြီး အခန်းထဲပြန်ဝင်လာပြီမို့...
တခေတ်သည် မျက်လုံးကို ဖိမှိတ်ပြီး အိပ်နေဟန်ဆောင်လိုက်သည်။
တိုက်,စားပြီးတာနဲ့ အိပ်တော့တဲ့ ကုတင်ပေါ်က
ချာတိတ်မလေးကို ခေါင်းယမ်း၍သာ ကြည့်လိုက်သည်။အဲ့နောက်မှာတော့ ချာတိတ်မလေး၏ ခြေထောက်နားမှာ တင်ပါးလွဲဝင်ထိုင်လိုက်သည်။
" ဦးလေးကြီး ဘာလုပ်... "
ဦးလေးကြီးက စောင်အောက် တခေတ်ရဲ့ နာနေတဲ့ ခြေထောက်ကို လက်နဲ့ လာကိုင်တာမို့... တခေတ် လန့်သွားပြီး... မေးတော့... ဦးလေးကြီး က
တခေတ် စကားမဆုံးခင် ဖြတ်ပြောသည်။
" ငြိမ်ငြိမ်နေ ခြေထောက်နာနေတယ်မလား။ဒဏ်ကြေဆေး လိမ်းပေးမလို့ "
ဆိုတဲ့ စကားနဲ့တင် တခေတ်၏ ကြောက်လန့်စိတ်တို့ ပြေကျသွားလေသည်။အဲ့ဒီအချိန်မှာပဲ ဦးလေးကြီး က တခေတ်၏ နာနေတဲ့ ခြေချင်းဝတ်ကို ဒဏ်ကြေးဆေးကို ခပ်ဖွဖွလေး လိမ်းလာပေးသည်။
" တခေတ် ဒီမှာပဲ အိပ်ရမှာလား ဦးလေးကြီး "
ဦးလေးကြီး က ဆေးလိမ်းပေးပြီး၊တခေတ် ခြေထောက်ကို စောင်ထဲပြန်ထည့်ပေးနေချိန်မှာ
မေးလိုက်တော့...
" ဒီမှာ မအိပ်လို့...မင်း က ဘယ်မှာ အိပ်ချင်သေးလို့လဲ "
" ဟို...တခေတ် က ဦးလေးကြီး မကြိုက်ရင် တခြားနေရာမှာ သွားအိပ်ပေးမလို့ပါ "
" မလိုဘူး။အခုကစပြီး မင်း အိပ်စက်ရမယ့်နေရာ က တစ်နေရာပဲ ရှိတယ် "
ဟု ပြောပြီး ဦးလေးကြီး က တခေတ် နောက်ကျောဘက်ကနေ ဝင်လှဲသည်။
" ဘယ်နေရာလဲ ဆိုတာ မမေးတော့ဘူးလား
ချာတိတ် "
ဟု ဆိုသည့် ဦးလေးကြီး က တခေတ် ကို နောက်ကျောကနေ လက်တစ်ဖက်ဖြင့် သိမ်းဖက်ပြီး... တခေတ်ခေါင်းအောက်ကိုလည်း သူ့လက်တစ်ဖက်ကို ထိုးခံလာသည်။
တခေတ်မှာ ဦးလေးကြီး၏ အပြုအမူကြောင့်...
တစ်ကိုယ်လုံးအေးစက်သွားပြီး... ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။
" မင်း မမေးဘူးဆိုတော့... ကိုယ်ကပဲ ပြောပြရမှာပေါ့ "
ဆိုပြီး... ဆက်ပြောလာတဲ့ ဦးလေးကြီး၏ စကားကြောင့် တခေတ်မျက်နှာလေး ရှိန်းခနဲဖြစ်သွားပြီး နှလုံးသားလေးကလည်း မြူတူးပျော်နေတော့သည်။
ဦးလေးကြီး ပြောတာက...
" မင်း အိပ်စက်ရမယ့်နေရာ က ကိုယ့်ရင်ခွင်ထဲမှာ။မင်းခေါင်းအုံးရမယ်နေရာက ကိုယ့်လက်မောင်းကို ဆိုတာ ဘယ်တော့မှ မမေ့နဲ့ ချာတိတ် " တဲ့ လေ။
ထိုညက တခေတ် အိပ်ပျော်လုဆဲဆဲမှာ...
ညင်သာသော အထိအတွေ့လေးတစ်ခုက တခေတ်၏ လည်ဂုတ်သားပေါ်ကို ကျရောက်လာတာကို အိပ်မပျော်ခင်မှာ သိလိုက်ရသည်။
အဲ့ဒီနောက်မှာပဲ အိပ်ပျော်သွားတဲ့ တခေတ်သည်
လှပတဲ့ အိပ်မက်တွေကို ထိုညက မက်ဖူးခဲ့လေသည်။
......
အရှည်ကြီးနော်။Share တာကတော့ နှင်းဆီလေးတွေ တာဝန်ပါနော် 😊
#ကိုးအမရာမောင်
ရင္ခုန္ျခင္း၏ အဓိပၸါယ္
or
ဦးရဲ႕.... ခ်ာတိတ္
အခန္း (၂၁)
.
.
တေခတ္,ကားေပၚကေန ဆင္းတာနဲ႕ အိမ္ေရွ႕ ၿခံထဲမွာ လမ္းေလွ်ာက္ေနတဲ့ အဘိုးဆီတန္းသြားလိုက္သည္။
ရွပ္အျဖဴလက္တိုနဲ႕ ပုဆိုးအစိမ္းအကြက္က်ယ္တို႔ကို ဝတ္ထားတဲ့ အဘိုးက လမ္းေလွ်ာက္တာကို
ရပ္ၿပီး၊ ညေနခင္းေလျပည္က္ို ရႈရွိူက္ေနသည္။
" အဘိုး "
" ေဟ... ဘယ္လိုျဖစ္ၿပီး၊ေရာက္လာတာတုန္း
အဘိုးဆီ အလည္လာတာလားကြယ့္ "
ဦးေသာက ကုမၸဏီကေနျပန္လာတဲ့ ေျမးရဲ႕ကားနဲ႕ပါလာတဲ့ ေ႐ႊတေခတ္ေလးေၾကာင့္... ေပ်ာ္လည္ေပ်ာ္သလို... အံ့လည္း အံ့ၾသသြားရ၏။
အဘိုးသည္ ဦးေလးႀကီးနဲ႕ တေခတ္လိုက္လာလိမ့္မယ္လို႔ မထင္ထားတာေၾကာင့္... တေခတ္ ကို ျမင္တာနဲ႕ အံ့ဩသြားေလသည္။
" အလည္လာတာ မဟုတ္ဘူး အဘိုး "
" အလည္လာတာ မဟုတ္ဘူးဆိုေတာ့... အဘိုးကို
ေျပာစရာရွိလို႔ လာတာလား... "
" ေျပာစရာလည္း ရွိလို႔လည္း မဟုတ္ဘူး အဘိုး "
" ဒါဆို တေခတ္ေလး က အဘိုးတို႔အိမ္ကို ဘာလာလုပ္တာတုန္းကြ "
" ဒီေန႕ကစၿပီး ကြၽန္ေတာ္္တို႔ႏွစ္ေယာက္ အတူေနေတာ့မွာပါ အဘိုး "
" ေဟ... ဘယ္ ဘယ္လို အတူေနမယ္ ဟုတ္လား... "
ဦးေလးႀကီးစကားေၾကာင့္ အဘိုးက အံ့ၾသသြားသလို... တေခတ္သည္လည္း မ်က္ႏွာေလးထူပူသြားရသည္။
" ဟုတ္ပါတယ္ အဘိုး "
" ဒါဆို ႏွစ္ေယာက္က ေျပလည္သြားၾကၿပီေပါ့ "
" ဟုတ္ပါတယ္ အဘိုး "
ဦးေလးႀကီးကပဲ ေျဖသည္။
" ဒါဆို အဘိုး က ေျမးတို႔ကို မဂၤလာပြဲ လုပ္ေပးရေတာ့မွာေပါ့။ေျမးတို႔ မဂၤလာပြဲလုပ္ဖို႔ေရာ စဥ္းစားထားၿပီးၾကပီလား "
" ဟို မဂၤလာပြဲကေလ အဘိုး... "
" အင္း... ေျပာေလ။ တေခတ္ေလး ေျပာမွာကို
အဘိုး နားေထာင္ေနတယ္ "
" အဘိုးရဲ႕ ႏွလုံးေရာဂါခြဲစိတ္ကုသၿပီးမွပဲ
တေခတ္တို႔ မဂၤလာပြဲကို လုပ္ပါ့မယ္ "
" အ အဘိုးရဲ႕ ႏွလုံးေရာဂါ ဟုတ္လား "
ဦးေသာကမွာ သူ႕၌ မရွိေသာ ေရာဂါအေၾကာင္း ၾကားလိုက္ရတာေၾကာင့္... အံ့ဩလြန္းလို႔ စကားေတြပင္ ထစ္ကုန္ေတာ့၏။ေျမးျဖစ္သူကို ၾကည့္ေတာ့လည္း ခပ္ၿပဳံးၿပဳံး မ်က္ႏွာနဲ႕ရွိေနၿပီး...ကိုယ့္ကို မ်က္လုံးတစ္ဖက္ မွိတ္ျပတာေၾကာင့္... ကိုယ့္၌ မရွိတဲ့ ေရာဂါက ေျမးျဖစ္သူ လက္ခ်က္ဆိုတာ သိလိုက္ရ၏။
" ဟုတ္ပါတယ္။ အဘိုးရဲ႕ ေရာဂါက စိုးရိမ္ရတယ္လို႔ ဦးေလးႀကီး က ေျပာတယ္။အာ့ေၾကာင့္ အဘိုးရဲ႕ ေရာဂါကို အရင္ကုသေစခ်င္တယ္။အဘိုးေရာဂါ အရွင္းေပ်ာက္ကင္းေတာ့မွ တေခတ္တို႔ မဂၤလာပြဲကို လုပ္ပါ့မယ္။ အဘိုး ေရာဂါကို အရင္ကုသမယ္မလား ဟင္ "
ကိုယ့္ကို စိုးရိမ္မ်က္ဝန္းေတြႏွင့္ ၾကည့္ၿပီး...
ေဆးကုသအေၾကာင္း ေျပာေနတဲ့ ေျမးေခြၽးမေလာင္းေလးက္ို... ေျမးျဖစ္သူ ေကာင္းမႈေၾကာင့္ မခ်ိၿပဳံးနဲ႕...
" အင္း... ေျမးမေလးတို႔သေဘာပါကြယ္ " ဆိုၿပီး... စကားကို အဆင္ေျပေအာင္လို႔ ထိန္းေျပာရသည္။
" မင္း အေပၚက ကိုယ့္အခန္းသြားလိုက္၊ေရမခ်ိဳးခ်င္လည္း အနားယူခ်င္ယူ။အဘိုးနဲ႕ စကားေျပာၿပီးမွ ကိုယ္ အခန္းထဲကို လာခဲ့မယ္ "
" အင္း "
တေခတ္, ဦးေလးႀကီးတို႔ အနားကေန ထြက္လာခဲ့သည္။
" ကဲ... ေျပာစမ္းပါဦး ေနတိမ္တိုက္။ေဒါင္ေဒါင္ျမည္ က်န္းမာေနတဲ့ ငါ့ဆီ ဘယ္ကႏွလုံးေရာဂါက ေရာက္လာတာလဲဆိုတာ... "
ခ်ာတိတ္မေလးအနားကေန သြားတာနဲ႕ အဘိုး က
တိုက္,ကို ေဒါပြေလေတာ့သည္။
တိုက္,ေဒါပြေနတဲ့ အဘိုးေၾကာင့္ မရယ္မိေအာင္ မနည္းထိန္းရင္း...
" အဘိုးပဲ ေ႐ႊတေခတ္ ကို ေျမးေခြၽးမေတာ္ခ်င္ေနတာမလား။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္္ က ေခါင္းမာတဲ့ အဘိုးေျမးေခြၽးမေလး ကြၽန္ေတာ္တို႔ဆီ လာေနေအာင္လို႔ နည္းနည္း အႀကံေလး ထုတ္လိုက္ရတာပါ "
" ေဟ့ေကာင္ ေကာင္မေလးကို အိမ္လာေနေအာင္
လုပ္ခ်င္တာနဲ႕ပဲ.. အဘိုးျဖစ္တဲ့ ငါ့ကို ေရာဂါသည္ေပးျဖစ္ရသလားကြ "
" အဘိုးကလည္း ေရာဂါက တကယ္ျဖစ္ေနတာမွ
မဟုတ္တာ။ၿပီးေတာ့... အဘိုး ကြၽန္ေတာ့္ကို အိမ္ေထာင္ခ်ေပးခ်င္ေနတာမလား။အာ့ေၾကာင့္... "
" အာ့ေၾကာင့္ ဘာျဖစ္သလဲ ေနတိမ္တိုက္ "
တိုက္, ေတာ္ေတာ္ေလး စိတ္တိုေနတဲ့ အဘိုးေၾကာင့္ မရယ္မိေအာင္ မနည္းထိန္းရင္း...
" အဘိုး ဆႏၵျပည့္ဖို႔အတြက္ နည္းနည္းေတာ့
သ႐ုပ္ေဆာင္ေပးေပါ့ "
" တယ္... ဒီေကာင္ေလးေတာ့ လုပ္လိုက္ရရင္ မႀကီးမငယ္နဲ႕ အရိုက္ခံရေတာ့မယ္ "
" အဘိုးကလည္း ရိုက္ရေအာင္ ကြၽန္ေတာ္ က
ကေလးမွ မဟုတ္ေတာ့တာ ကို "
" ကေလး မဟုတ္လို႔ မင္း ကို မရိုက္တာေလ။ကေလးသာဆိုလို႔ကေတာ့လား... မင္းကို ဆယ္ခ်က္ေလာက္ေတာ့ ေအးေဆး ေဆာ္ပစ္တယ္ "
အဘိုးအေျပာေၾကာင့္ တိုက္,မရယ္ဘဲမေနနိုင္ေတာ့တာမို႔... ရယ္မိ၏။
" ဒါနဲ႕ တေခတ္ေလး ကို ဘယ္လိုေျပာရမွာလဲ "
" ဘာကိုလဲ အဘိုး "
" ဘာကိုရမွာလဲကြ၊ငါ့မွာ ခြဲစိတ္ဖို႔မေျပာနဲ႕ ေဆး႐ုံတက္ရေလာက္တဲ့ အထိ ႀကီးႀကီးမားမား ေရာဂါျဖင့္ မရွိတာကို၊ငါက ေဆး႐ုံတက္ၿပီး၊ဘယ္လိုခြဲစိတ္ရမွာတုန္းကြ "
" အဲ့အတြက္ ကြၽန္ေတာ္္ ၾကည့္စီစဥ္မွာမို႔လို႔...
အဘိုး က ကြၽန္ေတာ္္ ေရွ႕ကေန စသြားတဲ့ အတိုင္း
ေနာက္ကေန လိုက္သ႐ုပ္ေဆာင္႐ုံေလးပါပဲ။အဲ့ဒါေၾကာင့္ အဘိုး စိတ္မပူဘဲနဲ႕၊ေအးေအးေဆးေဆး ေနလို႔ရပါတယ္ "
" မင္း ဇာတ္ မင္းနိုင္ရင္ ၿပီးတာပဲ။ၿပီးမွ ငါ့ကို
ကူပါ၊ကယ္ပါ လာမလုပ္နဲ႕ "
" ကြၽန္ေတာ္ အဆင္ေျပေအာင္ လုပ္မွာမို႔လို႔ စိတ္မပူပါနဲ႕။ ကြၽန္ေတာ္တို႔ အထဲဝင္ၾကရေအာင္ အဘိုး "
" အင္း... "
တိုက္,အဘိုး လက္တစ္ဖက္ကို တြဲၿပီး၊အိမ္ထဲကို
ေခၚလာခဲ့လိုက္သည္။
.
.
" ဟင္... ခ်ာတိတ္ မင္း ဘာျဖစ္တာလဲ "
တိုက္, အခန္းထဲဝင္လာေတာ့ ခ်ာတိတ္မေလးက
ေရခ်ိဳးအဝမွာ ပုံလ်က္ေလးထိုင္ၿပီး... ဘယ္ေျခေထာက္ရဲ႕ ေျခခ်င္းဝတ္ကို လက္နဲ႕ကိုင္ၿပီး...
မ်က္ႏွာေလးက ရႈံ႕မဲ့ေနတာမို႔... ဘာျဖစ္တာလဲ ေမးရင္း အနားကို အျမန္သြားမိသည္။
သူမအနားကိုေရာက္ေတာ့ ေကာ္ဖီယူနီေဖာင္းျဖစ္တဲ့ အျဖဴေရာင္တီရွပ္ေရာ၊ေခ်ာကလတ္ေရာင္ေဘာင္းဘီရွည္ေရာမွာ ေရေတြစိုေနတာကို ေတြ႕လိုက္ရသည္။
" ေရခ်ိဳးခန္းထဲမွာ ေခ်ာလဲတာလား ခ်ာတိတ္ "
ဦးေလးႀကီး က တေခတ္အနားမွာ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်ၿပီး... ဂ႐ုတစိုက္နဲ႕ ေမးသည္။
" အင္း... တေခတ္ ေျခေထာက္ေရေဆးခ်င္လို႔
ေရပန္းကို ယူလိုက္တာ... ဘယ္လိုျဖစ္သြားတယ္ မသိဘူး ေခ်ာလဲသြားတာ "
" ေျခေထာက္က အရမ္းနာေနတာလား။ဆရာဝန္နဲ႕ ျပရမယ္ ထင္တယ္ "
" ဟင့္အင္း... ဆရာဝန္ ျပရေလာက္တဲ့အထိ မဟုတ္ဘူး။ဒီတိုင္း နည္းနည္းေလးပဲ နာတာ "
" တကယ္လား... နည္းနည္းပဲ နာတာ "
" အင္း "
" အဲ့ဒါဆို ဘာလို႔ ဒီနားမွာ ထိုင္ေနတာလဲ "
ဦးေလးႀကီး က တေခတ္,ေျပာတာကို မယုံသလို
ေမးသည္။
" တေခတ္ အဝတ္စားေတြက ေရေတြစိုေနတယ္ေလ။ေရစိုေတြနဲ႕ ဦးေလးႀကီး အခန္းထဲ ေလွ်ာက္မသြားခ်င္လို႔ ထိုင္ေနတာ "
" အဲ့လိုလား...၊ဒါနဲ႕ မင္း အဝတ္စားေတြကလည္း မပါလာခဲ့ဘူးဘဲ "
" ဟုတ္တယ္။အာ့ေၾကာင့္ တေခတ္ အိမ္ျပန္မလား လို႔... "
" ဘာလုပ္ဖို႔ ျပန္မွာလဲ "
" တေခတ္မွာ လဲဝတ္စရာ အဝတ္စားေတြ မရွိဘူးေလ။ၿပီးေတာ့... တေခတ္ အလုပ္လည္း သြားရဦးမယ္ ဦးေလးႀကီး "
" ဘယ္လုပ္ကိုမွ သြားလုပ္စရာမလိုေတာ့ဘူး "
" ဘာ ဘာလို႔လဲ ဦးေလးႀကီး "
တေခတ္မွာ မနည္းရွာထားရတဲ့ အလုပ္ေတြဆီ
မသြားရဘူး ဟု ဦးေလးႀကီး က တားဆီးလာတာမို႔လို႔... မ်က္လုံးပင္ ျပဴးသြားရသည္။
" မင္း ယူမယ့္ ကိုယ္က ေဘာ့စ္တစ္ေယာက္ဆိုတာေတာ့... သိတယ္မလား ခ်ာတိတ္ "
" တေခတ္ သိပါတယ္။ ဒါေပမဲ့... တေခတ္မိသားစုအတြက္ေတာ့... တေခတ္ အလုပ္လုပ္မယ္ ဦးေလးႀကီး "
" မင္း က ကိုယ္နဲ႕ပတ္သက္ေနၿပီးမို႔လို႔... မင္းမိသားစုကလည္း ကိုယ့္မိသားစုပဲ။က်န္ေနခဲ့တဲ့
မင္းအေမနဲ႕အငယ္ေလးေတြအတြက္ မင္းပူစရာမလိုေတာ့ဘူး။သူ႕အတြက္ေရာ၊မင္းအတြက္ေရာ ကိုယ္က တာဝန္ယူတယ္ "
" တာဝန္ယူတယ္ ဆိုေတာ့... ဦးေလးႀကီး က
တေခတ္ ကို တကယ္လက္ထပ္ဖို႔လား... ဟင္ "
" မင္း က ဘယ္လိုထင္လို႔လဲ "
ဦးေလးႀကီး က တေခတ္မ်က္ဝန္းေတြကို တည့္တည့္ၾကည့္ကာ... ေမးခြန္းထုတ္သည္မို႔... တေခတ္ ဦးေလးႀကီး၏ အၾကည့္ကို ရင္မဆိုင္ရဲတာမို႔... မ်က္လႊာေလးကို အရင္ခ်လိဳက္သည္။
" တေခတ္မွ ဦးေလးႀကီးရဲ႕အတြင္းစိတ္ကို မသိပါဘူး။အာ့ေၾကာင့္ မေျပာတတ္ပါဘူး "
ခ်ာတိတ္မေလးစကားေၾကာင့္ တိုက္,ၿပဳံးမိ၏။
" မေျပာတတ္ဘူးဆိုရင္ မင္းထက္ႀကီးတဲ့ ကိုယ့္စကားကို နားေထာင္။ဒီမွာ ခဏေစာင့္ေန "
အဲ့ဒီေနာက္ ခ်ာတိတ္မေလးအနားကေန ထရပ္လိုက္သည္။
ေရေတြစိုေနတဲ့ သူမအတြက္ အဝတ္တစ္စုံလိုတာေၾကာင့္ အဝတ္လဲခန္းထဲကို ခပ္ျမန္ျမန္္ သြားလိုက္ရသည္။
ကိုယ့္ရဲ႕လက္ရွိ ခႏၶာကိုယ္ဆိုက္နဲ႕ အဝတ္စားေတြက သူမႏွင့္ လုံးဝမေတာ္ေလာက္တာမို႔... ဆယ္တန္းႏွစ္က အဘိုးက ေမြးေန႕လက္ေဆာင္အျဖစ္
ဝယ္ေပးထားတဲ့.. Nikeကထုတ္တဲ့ ဟူဒီနဲ႕ေဘာင္း ဘီ တစ္စုံကို အခုထိသိမ္းထားေသးတာမို႔... ထိုဝတ္စုံကို ထုတ္ယူလိုက္သည္။
ဒီဝတ္စုံကသာ သူမအတြက္ အ္ဆင္ေျပေလာက္သည္မို႔... သူမဆိီ ခပ္ျမန္ျမန္ယူသြားေပးလိုက္သည္။
" ဒီဝတ္စုံ က မင္းနဲ႕အဆင္ေျပေလာက္တယ္။အဝတ္လဲခန္းထဲမွာ သြားလဲ လိုက္ "
" ဟုတ္ "
တေခတ္, ဦးေလးႀကီး ေပးတဲ့ အဝတ္စားေတြကို
လွမ္းယူလိုက္သည္။ၿပီးေနာက္ ေနရာမွ ထရပ္လိုက္သည္။
" အာ့ "
" မရဘူးလား ထလို႔ "
" ရတယ္။႐ုတ္တရက္ ထလိုက္လို႔ နာ... "
" ဦးေလးႀကီး "
ဦးေလးႀကီး က တေခတ္ ကို ေပြ႕ခ်ီလိုက္တာမို႔...
တေခတ္မွာ ရင္တုန္ပန္းတုန္ ျဖစ္သြားရသည္။
" လန့္မေနနဲ႕... ဘာမွမလုပ္ဘူး။မင္း ေျခေထာက္နာေနလို႔ အဝတ္လဲခန္းထဲ ပို႔ေပးမ႐ုံပဲ "
ဆိုၿပီး... ဦးေလးႀကီး က တေခတ္ ကို အဝတ္လဲခန္းဆီ ေခၚသြားေပးသည္။
" အဝတ္စားလဲ လိုက္။ကိုယ္ ေရသြားခ်ိဳးလိုက္အုံးမယ္ "
" ဟုတ္ "
ဦးေလးႀကီး က ေဘာင္းဘီရွည္တစ္ထည္နဲ႕ စပို႔ရွပ္တစ္ထည္ကို မွန္တံခါးေတြနဲ႕ အဝတ္ဗီရိုတစ္ခုထဲကေန ထုတ္ယူၿပီး... အဝတ္လဲခန္းထဲကေန
ထြက္သြားေလသည္။
တေခတ္လည္း အဝတ္စားအျမန္လဲ လိုက္သည္။
အဝတ္စားလဲေနရင္း တေခတ္ သတိထားမိတာက အဝတ္လဲခန္းမွာရွိေနတဲ့ ဦးေလးႀကီး၏ အဝတ္စားေတြက ဆိုင္တစ္ဆိုင္ ဖြင့္လို႔ရေလာက္သည္။
နာရီေတြကလည္း အလုံးႏွစ္ဆယ္ အထက္မွာ ရွိသလို... နက္ကတိုင္ေတြကလည္း အေရာင္အရင့္အႏု မ်ိဳးစုံရွိသည္။
တေခတ္ အဝတ္စားလဲၿပီးတာနဲ႕ အိပ္ခန္းဘက္ကို ျပန္ထြက္လာခဲ့သည္။
ေျခေထာက္က တေျဖးေျဖး နာလာသည္။ေဆးခန္းမသြားခ်င္သလို ေဆးထိုးခံရမွာလည္း
ေၾကာက္တာမို႔... နာတာကို ႀကိတ္ခံေနလိုက္သည္။
" မင္း ၿပီးၿပီလား။ေအာက္မွာ ညစာဆင္းစားၾကမယ္ "
" တေခတ္ ဗိုက္မ မဆာလို႔ မစားေတာ့ဘူး ဦးေလးႀကီး "
" မင္း ညက်ရင္ ဗိုက္ဆာေနမွာေပါ့ "
" မဆာပါဘူး. "
" အဲ့ဒါဆိုလည္း ကိုယ္ သြားစားလိုက္အုံးမယ္။အခန္းထဲမွာ ေနရဲတယ္မလား... "
" ဟုတ္ "
ဦးေလးႀကီး က ေျပာၿပီး အခန္းထဲက ထြက္သြားသည္။
တကယ္ေတာ့ တေခတ္ ဗိုက္ဆာေနတာ ျဖစ္သည္။ လမ္းေလွ်ာက္လို႔ ေျခေထာက္နာရင္
ဦးေလးႀကီး က ဆရာဝန္နဲ႕ ျပမွာဆိုးတာေၾကာင့္
ဗိုက္မဆာဘူးလို႔ ေျပာလိုက္တာ။
ဗိုက္ဆာက အူလိမ့္ေနၿပီမို႔... တေခတ္ ဦးေလးႀကီးအခန္းထဲက ေရဘူးထဲမွ ေရကိုသာ ယူေနရသည္။
.
" ေျခေထာက္က ထိခိုက္မိတာ တအားမမ်ားဘူးမလား ေျမး "
" သိပ္ေတာ့ မမ်ားဘူး အဘိုး "
" အင္း... ဘာပဲျဖစ္ျဖစ္ ေျမးက တေခတ္ေလး ကို
ဂ႐ုစိုက္ေပးလိုက္ပါ "
" ဟုတ္ကဲ့။ ကြၽန္ေတာ္္ အေပၚတက္ေတာ့မယ္ အဘိုး "
" အင္း... "
တိုက္,အခန္းထဲမွာ ခ်ာတိတ္မေလးကို တစ္ေယာက္တည္းထားရတာ စိတ္မခ်တာေၾကာင့္... ထမင္းဝိုင္းကေန အဘိုးအရင္ ထႏွင့္လိုက္သည္။
" ေဒၚတင္ ကြၽန္ေတာ္္ လုပ္ခိုင္းထားတာ ရၿပီလား... "
" ရပါၿပီ။ဒီမွာပါ တူႀကီးတိုက္ "
တိုက္, ေဒၚတင္ ေပးတဲ့ ဗန္းေလးကို ယူၿပီး အေပၚကို တက္လာခဲ့သည္။
" ခ်ပ္ "
" ဦးေလးႀကီး ဘာေတြလဲ ဟင္ "
အခန္းတံခါးဖြင့္နဲ႕အတူ ဝင္လာတဲ့ ဦးေလးႀကီး လက္ထဲမွာ ဗန္းတစ္ခ်ပ္နဲ႕ စားစရာေတြပါလာတာမို႔လို႔ တေခတ္ ေမးလိုက္တာပင္။
" မင္း ဗိုက္ဆာရင္၊စားလို႔ရေအာင္ ေဒၚတင္ ကို
ေရခဲေသတၱာထဲမွာ ရွိတာေလးေတြနဲ႕ ႏြားနို႔ပူပူေလးတစ္ခြက္ ေဖ်ာ္ခိုင္းၿပီး ယူလာေပးတာ "
" ေက်းဇူးပါ ဦးေလးႀကီး "
ဦးေလးႀကီး က လက္ထဲကဗန္းကို အခန္းအလယ္ ရွိ စားပြဲေပၚမွာ ခ်လိဳက္တာနဲ႕... တေခတ္သည္
ကုတင္ေပၚကေန ဆင္းၿပီး... ထိုေနရာကို သြားၿပီး
ဦးေလးႀကီး ယူလာတဲ့ စားစရာေတြကို စားလိုက္သည္။
ကီဝီသီးရယ္၊နဂါးေမာက္သီးရယ္၊မႏၲေလးထိုးမုန့္ရယ္၊ၾကက္ပူတင္းေလးရယ္က ဗိုက္ဆာေနတဲ့
တေခတ္အတြက္ နတ္သုဒၶါကို စားလိုက္ရသလိုပင္ ရသာကိုရွိလွ၏။
ခပ္ေႏြးေႏြး ႏြားနို႔ေလးကလည္း အဆာကိုေျပေစသည္။
" မင္းေျပာေတာ့ ဗိုက္မဆာဘူး ဆို ခ်ာတိတ္ "
တိုက္, ကိုယ္ယူလာေပးတဲ့ အစားအေသာက္ေတြကို ေခါင္းမေဖာ္တမ္း စားေနတဲ့ သူမကို မ်က္ေမွာင္ၾကဳတ္ျဖင့္ ေမးလိုက္ေတာ့...
" ဟီး... နည္းနည္းေလး ဆာလာလို႔ "
သူမ က ရယ္ေသြးသန္း၍ ေျပာသည္။
" မင္းၾကည့္ရတာ နည္းနည္းေလး ဆာတဲ့ပုံစံ ေပါက္မေနဘူး ခ်ာတိတ္။ မင္း ေျခေထာက္ နာေနလို႔ ေအာက္ကို ထမင္းဆင္းမစားတာမလား... "
ဦးေလးႀကီးက မ်က္ေမွာင္ႀကီးၾကဳတ္၍ ေမးလာတာမို႔... တေခတ္လည္း အမွန္တိုင္း ေျပာရေတာ့သည္။
" အင္း... ေျခေထာက္က လမ္းေလွ်ာက္ရင္ နည္းနည္း နာတယ္။အာ့ေၾကာင့္... "
" ဟင္း.... "
ဦးေလးႀကီး က သက္ျပင္းခ်ၿပီး...
အခန္းအျပင္ကို ျပန္ထြက္သည္။ဘာေၾကာင့္ ထြက္သြားမွန္း မသိေပမယ့္... တေခတ္ ကို စိတ္ဆိုးသြားတယ္ဆိုတာေတာ့ ေသခ်ာသည္။
တေခတ္ ဦးေလးႀကီး စိတ္ဆိုးသြားတာမို႔...
နည္းနည္းဆီ က်န္ေနေသးတဲ့ စားစရာေတြကို
ခပ္ျမန္ျမန္စားၿပီး ေရခ်ိဳးခန္းထဲ ျပန္သြားၿပီး...
ပလုတ္က်င္းတာ လုပ္လိုက္သည္။ သြားတိုက္ဖို႔ၾကေတာ့ သြားတိုက္က ပါမလာတာမို႔... ပလုတ္သာက်င္းရေတာ့သည္။
တေခတ္ ပလုတ္က်င္းၿပီး အိပ္ခန္းထဲ ျပန္လာခဲ့လိုက္သည္။ဦးေလးႀကီး ျပန္ဝင္လာလို႔ တေခတ္
ကိူ စိတ္ဆိုးမေျပေသးရင္ ဆူမွာဆိုးတာေၾကာင့္
အိပ္ရာေပၚတက္ၿပီး... ေစာင္ၿခဳံၿပီး အိပ္ဖို႔ျပင္လိုက္သည္။
တေခတ္ သာ အိပ္ေနရင္၊ဦးေလးႀကီး ဆူလို႔ရေတာ့မည္ မဟုတ္။တေခတ္ ေစာင့္ၿခဳံကာ အိပ္ရာထဲလွဲရင္း ကိုယ့္အေတြးနဲ႕ကိုယ္ ရယ္မိ၏။
" ခ်ပ္ "
ဦးေလးႀကီး အခန္းထဲျပန္ဝင္လာၿပီမို႔...
တေခတ္သည္ မ်က္လုံးကို ဖိမွိတ္ၿပီး အိပ္ေနဟန္ေဆာင္လိုက္သည္။
တိုက္,စားၿပီးတာနဲ႕ အိပ္ေတာ့တဲ့ ကုတင္ေပၚက
ခ်ာတိတ္မေလးကို ေခါင္းယမ္း၍သာ ၾကည့္လိုက္သည္။အဲ့ေနာက္မွာေတာ့ ခ်ာတိတ္မေလး၏ ေျခေထာက္နားမွာ တင္ပါးလြဲဝင္ထိုင္လိုက္သည္။
" ဦးေလးႀကီး ဘာလုပ္... "
ဦးေလးႀကီးက ေစာင္ေအာက္ တေခတ္ရဲ႕ နာေနတဲ့ ေျခေထာက္ကို လက္နဲ႕ လာကိုင္တာမို႔... တေခတ္ လန့္သြားၿပီး... ေမးေတာ့... ဦးေလးႀကီး က
တေခတ္ စကားမဆုံးခင္ ျဖတ္ေျပာသည္။
" ၿငိမ္ၿငိမ္ေန ေျခေထာက္နာေနတယ္မလား။ဒဏ္ေၾကေဆး လိမ္းေပးမလို႔ "
ဆိုတဲ့ စကားနဲ႕တင္ တေခတ္၏ ေၾကာက္လန့္စိတ္တို႔ ေျပက်သြားေလသည္။အဲ့ဒီအခ်ိန္မွာပဲ ဦးေလးႀကီး က တေခတ္၏ နာေနတဲ့ ေျခခ်င္းဝတ္ကို ဒဏ္ေၾကးေဆးကို ခပ္ဖြဖြေလး လိမ္းလာေပးသည္။
" တေခတ္ ဒီမွာပဲ အိပ္ရမွာလား ဦးေလးႀကီး "
ဦးေလးႀကီး က ေဆးလိမ္းေပးၿပီး၊တေခတ္ ေျခေထာက္ကို ေစာင္ထဲျပန္ထည့္ေပးေနခ်ိန္မွာ
ေမးလိုက္ေတာ့...
" ဒီမွာ မအိပ္လို႔...မင္း က ဘယ္မွာ အိပ္ခ်င္ေသးလို႔လဲ "
" ဟို...တေခတ္ က ဦးေလးႀကီး မႀကိဳက္ရင္ တျခားေနရာမွာ သြားအိပ္ေပးမလို႔ပါ "
" မလိုဘူး။အခုကစၿပီး မင္း အိပ္စက္ရမယ့္ေနရာ က တစ္ေနရာပဲ ရွိတယ္ "
ဟု ေျပာၿပီး ဦးေလးႀကီး က တေခတ္ ေနာက္ေက်ာဘက္ကေန ဝင္လွဲသည္။
" ဘယ္ေနရာလဲ ဆိုတာ မေမးေတာ့ဘူးလား
ခ်ာတိတ္ "
ဟု ဆိုသည့္ ဦးေလးႀကီး က တေခတ္ ကို ေနာက္ေက်ာကေန လက္တစ္ဖက္ျဖင့္ သိမ္းဖက္ၿပီး... တေခတ္ေခါင္းေအာက္ကိုလည္း သူ႕လက္တစ္ဖက္ကို ထိုးခံလာသည္။
တေခတ္မွာ ဦးေလးႀကီး၏ အျပဳအမူေၾကာင့္...
တစ္ကိုယ္လုံးေအးစက္သြားၿပီး... ဘာေျပာရမွန္းမသိ ျဖစ္ေနေတာ့သည္။
" မင္း မေမးဘူးဆိုေတာ့... ကိုယ္ကပဲ ေျပာျပရမွာေပါ့ "
ဆိုၿပီး... ဆက္ေျပာလာတဲ့ ဦးေလးႀကီး၏ စကားေၾကာင့္ တေခတ္မ်က္ႏွာေလး ရွိန္းခနဲျဖစ္သြားၿပီး ႏွလုံးသားေလးကလည္း ျမဴတူးေပ်ာ္ေနေတာ့သည္။
ဦးေလးႀကီး ေျပာတာက...
" မင္း အိပ္စက္ရမယ့္ေနရာ က ကိုယ့္ရင္ခြင္ထဲမွာ။မင္းေခါင္းအုံးရမယ္ေနရာက ကိုယ့္လက္ေမာင္းကို ဆိုတာ ဘယ္ေတာ့မွ မေမ့နဲ႕ ခ်ာတိတ္ " တဲ့ ေလ။
ထိုညက တေခတ္ အိပ္ေပ်ာ္လုဆဲဆဲမွာ...
ညင္သာေသာ အထိအေတြ႕ေလးတစ္ခုက တေခတ္၏ လည္ဂုတ္သားေပၚကို က်ေရာက္လာတာကို အိပ္မေပ်ာ္ခင္မွာ သိလိုက္ရသည္။
အဲ့ဒီေနာက္မွာပဲ အိပ္ေပ်ာ္သြားတဲ့ တေခတ္သည္
လွပတဲ့ အိပ္မက္ေတြကို ထိုညက မက္ဖူးခဲ့ေလသည္။
......
အရွည္ႀကီးေနာ္။Share တာကေတာ့ ႏွင္းဆီေလးေတြ တာဝန္ပါေနာ္ 😊
#ကိုးအမရာေမာင္