ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...

By Koe-Amara-Mg

39.9K 1.7K 57

စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20

952 43 2
By Koe-Amara-Mg

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၀)

.

.

" လက်ထပ်ပွဲကို မင်္ဂလာပွဲအကြီးကြီး မလုပ်ချင်ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ မိသားစုတွေချည်းပဲ စုပြီး လုပ်ချင်တယ် "

" နေပါအုံး... ခင်ဗျား ယူမယ့် ကျွန်တော််က လူငမွဲမဟုတ်တာတော့ သိတယ်မလား... "

" ငါ သိပါတယ်။ မင်းက ငွေကို ရေလိုသုံးနိုင်တဲ့
သူဌေးသားဆိုတာ... "

" အဲ့ဒါဆိုရင် ဘာလို့ လက်ထပ်ပွဲကို အကြီးကြီး မလုပ်ချင်ဘူး ပြောရတာလဲ။အခု မင်္ဂလာပွဲကခင်ဗျားရော ကျွန်တော်ရော တစ်သက်မှ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲ။အဲ့ဒါကို ခင်ဗျားက ဘာလို့ မင်္ဂလာပွဲ မလုပ်ချင်ရတာလဲ "

" မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ရအောင် ငါတို့က သမရိုးကျ ယောက်ျားနဲ့မိန်းမ ယူလို့ လက်ထပ်ကြတာမှ မဟုတ်တာ။ယောက်ျားလေးချင်း ယူကြမှာ။ပြီးတော့... ပတ်ဝန်းကျင်ဆိုတာလည်း ရှိသေးတယ် "

" ပတ်ဝန်းကျင်၊ခင်ဗျား က ကိုယ့်ဘဝအတွက် အရေးပါတဲ့ အရာထက်၊ပိုအရေးကြီးပေါ့ ဟုတ်လား... "

" အရေးမကြီးပေမယ့်... ဂရုစိုက်သင့်တာတော့
စိုက်ရမှာပဲ။မင်းနဲ့ငါ့ရဲ့ဖြစ်တည်မူ့ကို ငါတို့နဲ့ပတ်သက်တဲ့ လူကြီးတွေက အကုန်နားလည်ပေးပေမယ့်... ပတ်ဝန်းကျင်ကတော့ ငါတို့ကို နားလည်းပေးတဲ့ လူကြီးတွေလိုမျိုး နားလည်ပေးကြမှာ မဟုတ်ဘူး။အကောင်းမြင်စိတ်နဲ့ ကြည့်သူတွေထက်၊မကောင်းမြင်စိတ်နဲ့ ကြည့်ပြီး... ဝေဖန်ကြတာများတဲ့ လောကကြီးမို့... ငါတို့အတွက် အရေးပါနေတဲ့ နေ့လေးကို ကောင်းမွန်တဲ့ ချီးမြှင့်စကားသံတွေနဲ့ ကောင်းမွန်တဲ့ အမှတ်တရလေးအဖြစ်ထင်ကျန်စေချင်တယ်။နောက်ပြီး ငါတို့နိုင်ငံမှာ အခုထိ လိင်တူချင်းလက်ထပ်တာကို ခွင့်ပြုသေးတာလဲ မဟုတ်ဘူး။အဲ့ဒါကြောင့် ငါ့ဆန္ဒကို လိုက်လျောပေးပါ "

" အင်... ဒါဆိုရင် ခင်ဗျားဘက်က တစ်ခုတော့ လုပ်ပေးရမယ်။အဲ့ဒါဆိုရင် အကုန် ခင်ဗျားသဘောတိုင်း ဖြစ်စေရမယ် "

" ပြောလေ... ငါလုပ်ပေးနိုင်တာဆို လုပ်ပေးမယ် "

" မောင်,လို့ ခေါ်ပေး "

" ဘာ! "

" ကျစ်! စလာပြန်ပြီ အဲ့ဒီ ဘာက...၊မခေါ်ချင်ရင်
ရတယ်နော်။အတင်းမခေါ်ခိုင်းဘူး။လက်ထပ်ပွဲကိုတော့ ကျွန်တော့်... "

" မောင် "

" ဘာ  ဘာပြောလိုက်တာ "

ယံ, လူဆိုးကောင်ဆီကနေ ထပ်ပြီး အကြပ်ကိုင်တာ မခံရအောင်၊မျက်လုံးစုံမှိတ်ပြီး ခပ်မြန်မြန် မောင်,လို့ ခေါ်လိုက်တာပေမယ့်... အသံကတိုးသွားလို့ မကြာဘူးထင်ပါရဲ့..၊ကောင်ဆိုးလေးက ဘာပြော လိုက်တာလဲ မေးနေတာမို့...

" မောင် "

" ပါးစပ်ထဲက လေထွက်ရုံလေး ပြောနေတာ
မကြားရဘူး။ပြန်ခေါ်  "

" မောင်! ငါ ငါ ပြန်နှင့်ပြီ "

ကြားရဲ့သားနဲ့ နားအရသာခံ ခေါ်ခိုင်းနေတဲ့ ကောင်ဆိုးလေးကို စိတ်တိုလာသည်မို့ ယံ,သည် ခပ်ဆောင့်ဆောင့်လေး ခပ်ကျယ်ကျယ်လေးခေါ်ပြီး... နေ့လည်စာ စားနေတဲ့ စားသောက်ဆိုင်ထဲကနေ ခပ်မြန်မြန်ပင် ထွက်လာခဲ့သည်။

ယံ့,အသံက ဘေးဝိုင်းတွေကပါ ကြားနိုင်သည့်
အသံအနေထားမို့... ရှက်စိတ်နဲ့ ဆိုင်ထဲကနေ ခပ်မြန်မြန် ထွက်လာတာလည်းဖြစ်သည်။

" ဟာ... ဟေ့ ခင်ဗျား... အဟင်း အဟင်း "

မောင်,လို့ ခေါ်ရတာလေးကို တော်တော်လေး အရှက်သည်းနေတဲ့ သက်ဆိုင်သူကြောင့်... ဆက်,သည် သဘောကျစွာရယ်နေမိသည်။

အစကတော့ နောက်ကနေ လိုက်သွားအုံးမလို့ပေမယ့်... ရှက်အားပိုနေသူက လိုက်သွားကာမှ ပိုရှက်သွားမှာဆိုးတာကြောင့်... မလိုက်ဘဲ ကျန်နေခဲ့လိုက်သည်။မှာထားတဲ့ နေ့လည်စာတွေက လာချပေးနေပြီဖြစ်ပေမယ့်... အတူစားမယ့်သူက ပြန်သွားနှင့်ပြီမို့... ဆက်,သည် ကျင်သင့်ငွေကို
ရှင်းပြီး ဆိုင်ကနေ ပြန်ခဲ့လိုက်သည်။

.

.

" မေမေ တခေတ် ပြန်လာပါပြီ "

" ကိုကိုရေ... မမ က မုန့်တွေဝယ်လာတယ် "

" မမ သားကို လက်ထဲက အထုပ်တွေပေး "

" အင်း... "

တခေတ် ကော်ဖီဆိုင် အလုပ်ကနေ ပြန်လာတယ်ဆိုတာနဲ့... အငယ်ဆုံးလေးက တံခါးဝဆီကို အရင် အပြေးလာကြိုသလို... မောင်ငယ်လေးကလည်း လက်ထဲက ဝယ်လာတဲ့ အထုပ်တွေကို ယူပြီး ကြိုသည်။သူတို့လေးတွေက တခေတ်ရဲ့အမောပြေဆေးလေးတွေပါ။

" အငယ်လေးတွေအတွက် မမ  မာလာရှမ်းကောနဲ့ ထမင်းနဲ့စားဖို့ ကြက်ကြော် ဝယ်လာတယ်။နော က်ဘက်ယူသွားပြီး သိမ်းလိုက်နော် ငယ်လေး "

" ဟုတ်ကဲ့ မမ "

မောင်ငယ်လေးက အထုပ်တွေယူပြီး၊နောက်ဘက်ကိုဝင်သွားတော့... တခေတ်လည်း အငယ်ဆုံးလေး လက်ကိုဆွဲပြီး အိမ်ပေါက်ဝကနေ အထဲကို ဝင်လာခဲ့သည်။

" မေမေ! ဟင်...  ဦးလေးကြီး က ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ... "

တခေတ် အိမ်ထဲရောက်တော့... မေမေနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ဦးလေးကြီး ကို အခန့်သားတွေ့လိုက်ရတာမို့... မျက်လုံးတွေပင် ပြူးသွားရ၏။

" မောင်နေတိမ်တိုက် ဒီအိမ်ကို ဘယ်လို ရောက်နေတယ်ဆိုတာက အရေးမကြီးဘူး။အရေးကြီးတာက မောင်နေတိမ်တိုက်နဲ့ နှစ်ဦးသဘောတူ လက်ထပ်ထားတာကို မေမေ့ကို လိမ်ညာထားတဲ့
ကိစ္စကအရေးကြီးတာ။အခု အဲ့ကိစ္စကို မေမေ့ကို
ရှင်းစမ်း ရွှေတခေတ် "

" ဦးလေးကြီး အိမ်ရောက်နေတာ အဲ့ကိစ္စကို မေမေ့ဆီ တမင် လာပြောတာလား... "

" မောင်နေတိမ်တိုက် ကို ဘာမှမပြောနဲ့။သမီးသာမေမေ မေးနေတာကို ဖြေ "

" အဲ့ အဲ့ဒါကလေ တကယ်အတည် လက်ထပ်ထားတာ မဟုတ်ပါဘူး မေမေ "

တခေတ် ဦးလေးကြီးနဲ့ လက်ထပ်ထားတာကို
မေမေသိသွားတာမို့... နည်းနည်းလန့်နေမိသည်။မလန့်လို့မရဘူးလေ။မေမေ့အသံရော၊မေမေ့မျက်နှာရောက ဒေါသံတို့လွှမ်းမိုးနေသည် မဟုတ်လား။

" ရွှေတခေတ် လက်ထားတာတောင် လက်ထပ်ထားတာက အတည်လက်ထပ်ထားတာ မဟုတ်ဘူးလို့ ပြောနေရအောင်၊နင့်အတွက် လက်ထပ်တာက အပျော်ကစားနည်းတစ်မျိုးလို့ ထင်နေတာလား ဟမ် "

မေမေ့၏ အော်ငေါက်ပြောသည့် စကားကြောင့် တခေတ် ခေါင်းလေးငုံ့ကျသွားရ၏။အခုထိ ဘာမှဝင်မပြောဘဲ ထိုင်ကြည့်နေတဲ့ ဦးလေးကြီးကိုလည်း စိတ်တိုမိပါ၏။

" မောင်နေတိမ်တိုက် က နင့်ကို အခု လာခေါ်နေတယ်။လိုက်သွားလိုက် "

" မေမေ တခေတ်တို့က လက်ထားတာမှ မဟုတ်တာ။ပြီးတော့ တခေတ် ကို ဦးလေးကြီး က သဘောကျတာ မဟုတ်... "

" မင်း ကို အိမ်မှာ လိုက်နေစေချင်တယ်။အဲ့ဒါကြောင့် ပြန်လိုက်ခဲ့ပါ "

တခေတ် စကားကိုဖြတ်ပြောလိုက်တဲ့ ဦးလေးကြီး၏ အထက်စီးဆန်သော စကားကြောင့် မဲ့ပြုံး ပြုံးမိ၏။

" တခေတ် မလိုက်နိုင်ဘူး။ ဦးလေးကြီးနဲ့လည်း
မပတ်သက်ချင်ဘူး "

" ကိုယ်လက်ထပ်ထားတဲ့ ယောက်ျားနဲ့
မပတ်သက်ချင်လို့ရမလား ရွှေတခေတ်။မေမေ့ကို ဒီ့ထက် ဒေါသထွက်ရအောင် မလုပ်ဘဲနဲ့။မောင်နေတိမ်တိုက်နဲ့ လိုက်သွားလိုက်တော့ "

" မေမေ က တခေတ် ကို ပစ်စလက်ခက် နှင်ထုတ်နေတာလား... "

" စကားကို ဘယ်လိုပြောနေတာလဲ ရွှေတခေတ်။နင့်သဘောနဲ့ နင် လက်ထပ်ပြီးမှ မေမေ့ကို ပစ်စလက်ခက် နှင်ထုတ်တယ်တဲ့လား။လက်ထပ်ထားတဲ့ ခင်ပွန်းသည်က သူ့ဇနီးမယားကို လာခေါ်ရင်
ထည့်ပေးလိုက်ရမှာက မိဘတွေရဲ့တာဝန်ပဲ။ပြီးတော့ အဘိုးက နေမကောင်းဘူးတဲ့ "

" အဘိုးက နေမကောင်းဘူး။ဖြစ်နိုင်လို့လား မနက်ကတောင် အကောင်းကြီးပဲလေ တွေ့ခဲ့တာ... "

" အဘိုး ရောဂါက ရိုးရိုးဖျားနာရောဂါမျိုး မဟုတ်ဘူး။သေချာ ခွဲစိတ်ကုသရမယ့် နှလုံးရောဂါ။
အဘိုး က သူ့ရောဂါကို ကုစေချင်ရင်၊မင်းနဲ့ငါ့ကို
အိမ်မှာ အတူနေတာ မြင်ချင်တယ်တဲ့။အဲ့ဒါကြောင့် မင်း ကို လာခေါ်တာ "

" အော်... ဦးလေးကြီးက တခေတ် ကို ခေါ်ချင်လို့လာခေါ်တာ မဟုတ်ဘူးဘဲ။အဘိုးကြောင့်မို့လို့
လာခေါ်တာကိုး... အဟင်း အစောကြီးကတည်း က ထင်မိသားပဲ "

" ရွှေတခေတ် စကားကို အထအနကောက်အနေနဲ့။မနက်ဖြန်ကျရင် မေမေလည်း အဘိုးကို သွားတွေ့အုံးမှာ။အခုတော့ အဘိုး စိတ်ချမ်းသာအောင် မောင်နေတိမ်တိုက်နဲ့ လိုက်သွား။အဘိုးကို
သေချာ ဂရုစိုက်လိုက် "

" တခေတ်တို့ဆက်ဆံရေးက အတူနေလို့ရတဲ့
ဆက်ဆံရေးမျိုး မဟုတ်ဘူး မေမေ။အဲ့ဒါကြောင့်
တခေတ်... "

" တနေကုန်အလုပ်လုပ်ထားလို့ ပင်ပန်းနေတဲ့
မေမေ့ကို စိတ်ပါ ပင်ပန်းရအောင် မလုပ်စမ်းပါနဲ့။ကိုယ့်အထက်လူကြီး အလုပ်ရှင်က သမက်ဖြစ်နေမှန်းလည်းမသိ၊အခုလိုကြီး မျက်နှာချင်းဆိုင်ပြီး ထိုင်နေရတာက မေမေ့အတွက် ဘယ်လောက် နေရခက်သလဲဆိုတာ စဥ်းစားမိရဲ့လား။မြန်မြန်လိုက်သွားပြီး၊မကျန်းမမာဖြစ်နေတဲ့ အဘိုးကို
ဂရုစိုက်ပေးလိုက်။ကျန်တာကို မနက်ဖြန် မေမေ
အဘိုးတို့အိမ်ကိုလာတော့မှ ဆက်ပြောမယ် "

" ခွင့်ပြုပါဦး အစ်မ "

ဘဝရဲ့ပင်ပန်းမူ့ကြောင့် အနည်းငယ်ရုပ်ရင့်နေတဲ့
ချာတိတ်မလေးအမေရဲ့အသက်ကို စောနကမိတ်ဆက်ရင်းနဲ့မှ သိလိုက်ရတာက... ကိုယ်နဲ့အသက်က ဆယ်နှစ်ကျော်လောက်ပဲ ကွာတာမို့... အဒေါ်အစား အစ်မလို့ပြောင်းခေါ်လိုက်ရတာပင်။

" သွားရအောင် ချာတိတ် "

မေမေ့ရှေ့မှာတောင် တခေတ်လက်ကို ပိုင်စိုးပိုင်နင်းနဲ့ ဆွဲခေါ်လာတဲ့ ဦးလေးကြီးကို
ဒေါသထွက်မိ၏။

" အား... ချာတိတ် ဘာလို့ ကိုက်ရတာလဲ။မင်း က
ခွေးလား ဟမ် "

ကားနားအရောက်မှာ လက်ကိုအကိုက်ခံလိုက်ရတာဖြစ်သည်။ကိုက်တာက ဘယ်လောက်အားပါလဲဆိုရင် လက်မှာ သွားရာက အကွင်းလိုက်ကို
ထင်သွားတာပင်။

" တခေတ် သာ ခွေးဆိုရင် ဦးလေးကြီး အခုလို
စကားတောင်ပြောနိုင်မှာတောင် မဟုတ်တော့ဘူးသိလား... "

" မင်းက တော်တော်လေးဆိုးတဲ့ လူတစ်ဝက်၊ခွေးတစ်ဝက်လေးပဲ "

" ဘာ! "

" ကားပေါ်တက် သွားမယ် "

" တခေတ် မလိုက်ဘူး "

" ဘာလို့လဲ... "

" တခေတ်ကိုအလိုမရှိလို့ အစကတည်းက ဦးလေးကြီးပဲ တခေတ် ကို ဖြီဖြီခါဖြစ်နေခဲ့တာ
မဟုတ်ဘူးလား။အဘိုးကြောင့်မို့လို့ တခေတ် ကို
လာခေါ်တာမျိုးကိုတော့... တခေတ် မလိုက်ချင်ဘူး။တခေတ် အခုကစပြီး တခေတ်ကို ချစ်တဲ့သူကိုပဲ ရှာချစ်တော့မယ်။နောက်ပြီး တခေတ်မှာလည်း မာနတော့ရှိပါသေးတယ် ဦးလေးကြီး "

တခေတ် ပြောတော့ ဦးလေးကြီး က သက်ပြင်းချသည်။

" ကိုယ် မင်းကိုတော့ မချစ်ပေမယ့်... မင်းမရှိဘဲနဲ့
မအိပ်တတ်သလောက်ဖြစ်နေတယ်။အဘိုးရော
ကိုယ်ရော မင်းကိုလိုအပ်တယ်။ကိုယ်အိပ်ပျော်ဖို့အတွက် မင်းကိုလိုအပ်တယ် "

" အဟင်း... ဦးလေးကြီး က တခေတ် ကို တန်ဖိုးထားမူ့မရှိဘူးဘဲ။ဦးလေးကြီး အိပ်ပျော်ဖို့အတွက် လိုအပ်တယ်ဆိုတာနဲ့ တခေတ် က ဦးလေးကြီးအနားကို လာပေးရအောင်။တခေတ်က ပိုက်ဆံပေးတာနဲ့ ပျော်ပါးခွင့်ရတဲ့ ညငှက်လို့ ထင်နေတာလား။ညငှက်တောင်မှ သူ့တန်ကြေးနဲ့သူ တန်ဖိုးရှိတယ်။တခေတ်မှာလည်း တန်ဖိုးရှိတယ် ဦးလေးကြီး "

" ဆောရီး... ငါပြောချင်တာက အဲ့လို သဘောမျိုး
မဟုတ်ဘူး။ဘယ်လိုပြောရမလဲ။ကျစ်... "

တိုက်,မှာ ကိုယ့်စကားကို အထင်လွဲနေတဲ့ ချာတိတ်မလေးကို နားလည်အောင် ဘယ်လိုရှင်းပြရမှန်း မသိဖြစ်နေရ၏။

" စကားဆိုတာ မပြောတတ်ရင် ဆဲတာနဲ့ အတူတူပဲတဲ့။ဦးလေးကြီး ပြောတာက တခေတ် ကို နာကျင်စေရတယ် သိလား... "

သူမ မျက်လုံးလေးတွေ အရည်လဲ့နေတာကို မြင်ရတော့... တိုက်, စိတ်ထဲမကောင်း ဖြစ်သွားရသည်။

" တောင်းပန်ပါတယ်။ မင်း ကို မချစ်ပေမယ့်...
မင်း ကို လိုအပ်တယ်ဆိုတာတော့ ကိုယ့်စိတ်ရော
၊အသိရော၊နှလုံးသားရောက အသိပေးနေတယ်။
ရှေ့လျှောက် မင်းအပေါ်မှာ ကောင်းပေးပါ့မယ်။တန်ဖိုးလည်း ထားပါ့မယ်။ကိုယ့်ကြောင့်နဲ့ နောက်ထပ် မင်းကို စိတ်မကောင်းလည်း မဖြစ်စေရဘူး။ပျော်အောင်လည်း ထားပေးမယ်။ကိုယ်ပြောတဲ့ စကားတွေကိုလည်း ကတိလည်းပေးပါတယ်။အာ့ကြောင့် ကိုယ်နဲ့ ပြန်လိုက်ခဲ့ပေးပါကွာ... နော် "

တခေတ် ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး...
ပြောလာတဲ့ ဦးလေးကြီး၏ မျက်လုံးတွေကလေ
သံလိုက်ဓာတ်အားတွေ တခေတ်ကိုယ်ထဲကို ပို့လွှတ်နေသလိုပါပဲ။

ထိုအကြည့်တွေကြောင့်ပဲ...
တခေတ်သည် နူတ်ကနေ ပြန်မဖြေသော်လည်း...
ဦးလေးကြီး ခေါ်ရာနောက်ကို လိုက်သွားခဲ့မိပါသည်။ထိုသို့ လိုက်သွားတာသည် ကောင်းတာလား... မကောင်းတာလားဆိုလားဆိုတာက်ိုတော့
အချိန်တစ်ခုရောက်ရင်တော့ သိရမည် ထင်ပါတယ်။

အခုတော့ ဦးလေးကြီး ခေါ်ရာကို ကောက်ကောက်ပါအောင် လိုက်လာခဲ့မိပါပြီ။

.
.

ကဲ... တင်ပေးထားပါပြီ။Share တာလေးကတော့
နှင်းဆီလေးတွေ တာဝန်ပါနော်😁

#ကိုးအမရာမောင်

                 ရင္ခုန္ျခင္း၏ အဓိပၸါယ္
                                 or
                       ဦးရဲ႕.... ခ်ာတိတ္ 

                           အခန္း   (၂၀)

.

.

" လက္ထပ္ပြဲကို မဂၤလာပြဲအႀကီးႀကီး မလုပ္ခ်င္ဘူး။ ရိုးရိုးရွင္းရွင္းနဲ႕ မိသားစုေတြခ်ည္းပဲ စုၿပီး လုပ္ခ်င္တယ္ "

" ေနပါအုံး... ခင္ဗ်ား ယူမယ့္ ကြၽန္ေတာ္္က လူငမြဲမဟုတ္တာေတာ့ သိတယ္မလား... "

" ငါ သိပါတယ္။ မင္းက ေငြကို ေရလိုသုံးနိုင္တဲ့
သူေဌးသားဆိုတာ... "

" အဲ့ဒါဆိုရင္ ဘာလို႔ လက္ထပ္ပြဲကို အႀကီးႀကီး မလုပ္ခ်င္ဘူး ေျပာရတာလဲ။အခု မဂၤလာပြဲကခင္ဗ်ားေရာ ကြၽန္ေတာ္ေရာ တစ္သက္မွ တစ္ခါေဆာင္ရတဲ့ မဂၤလာပြဲ။အဲ့ဒါကို ခင္ဗ်ားက ဘာလို႔ မဂၤလာပြဲ မလုပ္ခ်င္ရတာလဲ "

" မဂၤလာပြဲကို ႀကီးႀကီးက်ယ္က်ယ္ လုပ္ရေအာင္ ငါတို႔က သမရိုးက် ေယာက္်ားနဲ႕မိန္းမ ယူလို႔ လက္ထပ္ၾကတာမွ မဟုတ္တာ။ေယာက္်ားေလးခ်င္း ယူၾကမွာ။ၿပီးေတာ့... ပတ္ဝန္းက်င္ဆိုတာလည္း ရွိေသးတယ္ "

" ပတ္ဝန္းက်င္၊ခင္ဗ်ား က ကိုယ့္ဘဝအတြက္ အေရးပါတဲ့ အရာထက္၊ပိုအေရးႀကီးေပါ့ ဟုတ္လား... "

" အေရးမႀကီးေပမယ့္... ဂ႐ုစိုက္သင့္တာေတာ့
စိုက္ရမွာပဲ။မင္းနဲ႕ငါ့ရဲ႕ျဖစ္တည္မူ႕ကို ငါတို႔နဲ႕ပတ္သက္တဲ့ လူႀကီးေတြက အကုန္နားလည္ေပးေပမယ့္... ပတ္ဝန္းက်င္ကေတာ့ ငါတို႔ကို နားလည္းေပးတဲ့ လူႀကီးေတြလိုမ်ိဳး နားလည္ေပးၾကမွာ မဟုတ္ဘူး။အေကာင္းျမင္စိတ္နဲ႕ ၾကည့္သူေတြထက္၊မေကာင္းျမင္စိတ္နဲ႕ ၾကည့္ၿပီး... ေဝဖန္ၾကတာမ်ားတဲ့ ေလာကႀကီးမို႔... ငါတို႔အတြက္ အေရးပါေနတဲ့ ေန႕ေလးကို ေကာင္းမြန္တဲ့ ခ်ီးျမႇင့္စကားသံေတြနဲ႕ ေကာင္းမြန္တဲ့ အမွတ္တရေလးအျဖစ္ထင္က်န္ေစခ်င္တယ္။ေနာက္ၿပီး ငါတို႔နိုင္ငံမွာ အခုထိ လိင္တူခ်င္းလက္ထပ္တာကို ခြင့္ျပဳေသးတာလဲ မဟုတ္ဘူး။အဲ့ဒါေၾကာင့္ ငါ့ဆႏၵကို လိုက္ေလ်ာေပးပါ "

" အင္... ဒါဆိုရင္ ခင္ဗ်ားဘက္က တစ္ခုေတာ့ လုပ္ေပးရမယ္။အဲ့ဒါဆိုရင္ အကုန္ ခင္ဗ်ားသေဘာတိုင္း ျဖစ္ေစရမယ္ "

" ေျပာေလ... ငါလုပ္ေပးနိုင္တာဆို လုပ္ေပးမယ္ "

" ေမာင္,လို႔ ေခၚေပး "

" ဘာ! "

" က်စ္! စလာျပန္ၿပီ အဲ့ဒီ ဘာက...၊မေခၚခ်င္ရင္
ရတယ္ေနာ္။အတင္းမေခၚခိုင္းဘူး။လက္ထပ္ပြဲကိုေတာ့ ကြၽန္ေတာ့္... "

" ေမာင္ "

" ဘာ  ဘာေျပာလိုက္တာ "

ယံ, လူဆိုးေကာင္ဆီကေန ထပ္ၿပီး အၾကပ္ကိုင္တာ မခံရေအာင္၊မ်က္လုံးစုံမွိတ္ၿပီး ခပ္ျမန္ျမန္ ေမာင္,လို႔ ေခၚလိုက္တာေပမယ့္... အသံကတိုးသြားလို႔ မၾကာဘူးထင္ပါရဲ႕..၊ေကာင္ဆိုးေလးက ဘာေျပာ လိုက္တာလဲ ေမးေနတာမို႔...

" ေမာင္ "

" ပါးစပ္ထဲက ေလထြက္႐ုံေလး ေျပာေနတာ
မၾကားရဘူး။ျပန္ေခၚ  "

" ေမာင္! ငါ ငါ ျပန္ႏွင့္ၿပီ "

ၾကားရဲ႕သားနဲ႕ နားအရသာခံ ေခၚခိုင္းေနတဲ့ ေကာင္ဆိုးေလးကို စိတ္တိုလာသည္မို႔ ယံ,သည္ ခပ္ေဆာင့္ေဆာင့္ေလး ခပ္က်ယ္က်ယ္ေလးေခၚၿပီး... ေန႕လည္စာ စားေနတဲ့ စားေသာက္ဆိုင္ထဲကေန ခပ္ျမန္ျမန္ပင္ ထြက္လာခဲ့သည္။

ယံ့,အသံက ေဘးဝိုင္းေတြကပါ ၾကားနိုင္သည့္
အသံအေနထားမို႔... ရွက္စိတ္နဲ႕ ဆိုင္ထဲကေန ခပ္ျမန္ျမန္ ထြက္လာတာလည္းျဖစ္သည္။

" ဟာ... ေဟ့ ခင္ဗ်ား... အဟင္း အဟင္း "

ေမာင္,လို႔ ေခၚရတာေလးကို ေတာ္ေတာ္ေလး အရွက္သည္းေနတဲ့ သက္ဆိုင္သူေၾကာင့္... ဆက္,သည္ သေဘာက်စြာရယ္ေနမိသည္။

အစကေတာ့ ေနာက္ကေန လိုက္သြားအုံးမလို႔ေပမယ့္... ရွက္အားပိုေနသူက လိုက္သြားကာမွ ပိုရွက္သြားမွာဆိုးတာေၾကာင့္... မလိုက္ဘဲ က်န္ေနခဲ့လိုက္သည္။မွာထားတဲ့ ေန႕လည္စာေတြက လာခ်ေပးေနၿပီျဖစ္ေပမယ့္... အတူစားမယ့္သူက ျပန္သြားႏွင့္ၿပီမို႔... ဆက္,သည္ က်င္သင့္ေငြကို
ရွင္းၿပီး ဆိုင္ကေန ျပန္ခဲ့လိုက္သည္။

.

.

" ေမေမ တေခတ္ ျပန္လာပါၿပီ "

" ကိုကိုေရ... မမ က မုန့္ေတြဝယ္လာတယ္ "

" မမ သားကို လက္ထဲက အထုပ္ေတြေပး "

" အင္း... "

တေခတ္ ေကာ္ဖီဆိုင္ အလုပ္ကေန ျပန္လာတယ္ဆိုတာနဲ႕... အငယ္ဆုံးေလးက တံခါးဝဆီကို အရင္ အေျပးလာႀကိဳသလို... ေမာင္ငယ္ေလးကလည္း လက္ထဲက ဝယ္လာတဲ့ အထုပ္ေတြကို ယူၿပီး ႀကိဳသည္။သူတို႔ေလးေတြက တေခတ္ရဲ႕အေမာေျပေဆးေလးေတြပါ။

" အငယ္ေလးေတြအတြက္ မမ  မာလာရွမ္းေကာနဲ႕ ထမင္းနဲ႕စားဖို႔ ၾကက္ေၾကာ္ ဝယ္လာတယ္။ေနာ က္ဘက္ယူသြားၿပီး သိမ္းလိုက္ေနာ္ ငယ္ေလး "

" ဟုတ္ကဲ့ မမ "

ေမာင္ငယ္ေလးက အထုပ္ေတြယူၿပီး၊ေနာက္ဘက္ကိုဝင္သြားေတာ့... တေခတ္လည္း အငယ္ဆုံးေလး လက္ကိုဆြဲၿပီး အိမ္ေပါက္ဝကေန အထဲကို ဝင္လာခဲ့သည္။

" ေမေမ! ဟင္...  ဦးေလးႀကီး က ဒီကို ဘယ္လိုလုပ္ၿပီး ေရာက္ေနတာလဲ... "

တေခတ္ အိမ္ထဲေရာက္ေတာ့... ေမေမႏွင့္အတူ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနတဲ့ ဦးေလးႀကီး ကို အခန့္သားေတြ႕လိုက္ရတာမို႔... မ်က္လုံးေတြပင္ ျပဴးသြားရ၏။

" ေမာင္ေနတိမ္တိုက္ ဒီအိမ္ကို ဘယ္လို ေရာက္ေနတယ္ဆိုတာက အေရးမႀကီးဘူး။အေရးႀကီးတာက ေမာင္ေနတိမ္တိုက္နဲ႕ ႏွစ္ဦးသေဘာတူ လက္ထပ္ထားတာကို ေမေမ့ကို လိမ္ညာထားတဲ့
ကိစၥကအေရးႀကီးတာ။အခု အဲ့ကိစၥကို ေမေမ့ကို
ရွင္းစမ္း ေ႐ႊတေခတ္ "

" ဦးေလးႀကီး အိမ္ေရာက္ေနတာ အဲ့ကိစၥကို ေမေမ့ဆီ တမင္ လာေျပာတာလား... "

" ေမာင္ေနတိမ္တိုက္ ကို ဘာမွမေျပာနဲ႕။သမီးသာေမေမ ေမးေနတာကို ေျဖ "

" အဲ့ အဲ့ဒါကေလ တကယ္အတည္ လက္ထပ္ထားတာ မဟုတ္ပါဘူး ေမေမ "

တေခတ္ ဦးေလးႀကီးနဲ႕ လက္ထပ္ထားတာကို
ေမေမသိသြားတာမို႔... နည္းနည္းလန့္ေနမိသည္။မလန့္လို႔မရဘူးေလ။ေမေမ့အသံေရာ၊ေမေမ့မ်က္ႏွာေရာက ေဒါသံတို႔လႊမ္းမိုးေနသည္ မဟုတ္လား။

" ေ႐ႊတေခတ္ လက္ထားတာေတာင္ လက္ထပ္ထားတာက အတည္လက္ထပ္ထားတာ မဟုတ္ဘူးလို႔ ေျပာေနရေအာင္၊နင့္အတြက္ လက္ထပ္တာက အေပ်ာ္ကစားနည္းတစ္မ်ိဳးလို႔ ထင္ေနတာလား ဟမ္ "

ေမေမ့၏ ေအာ္ေငါက္ေျပာသည့္ စကားေၾကာင့္ တေခတ္ ေခါင္းေလးငုံ႕က်သြားရ၏။အခုထိ ဘာမွဝင္မေျပာဘဲ ထိုင္ၾကည့္ေနတဲ့ ဦးေလးႀကီးကိုလည္း စိတ္တိုမိပါ၏။

" ေမာင္ေနတိမ္တိုက္ က နင့္ကို အခု လာေခၚေနတယ္။လိုက္သြားလိုက္ "

" ေမေမ တေခတ္တို႔က လက္ထားတာမွ မဟုတ္တာ။ၿပီးေတာ့ တေခတ္ ကို ဦးေလးႀကီး က သေဘာက်တာ မဟုတ္... "

" မင္း ကို အိမ္မွာ လိုက္ေနေစခ်င္တယ္။အဲ့ဒါေၾကာင့္ ျပန္လိုက္ခဲ့ပါ "

တေခတ္ စကားကိုျဖတ္ေျပာလိုက္တဲ့ ဦးေလးႀကီး၏ အထက္စီးဆန္ေသာ စကားေၾကာင့္ မဲ့ၿပဳံး ၿပဳံးမိ၏။

" တေခတ္ မလိုက္နိုင္ဘူး။ ဦးေလးႀကီးနဲ႕လည္း
မပတ္သက္ခ်င္ဘူး "

" ကိုယ္လက္ထပ္ထားတဲ့ ေယာက္်ားနဲ႕
မပတ္သက္ခ်င္လို႔ရမလား ေ႐ႊတေခတ္။ေမေမ့ကို ဒီ့ထက္ ေဒါသထြက္ရေအာင္ မလုပ္ဘဲနဲ႕။ေမာင္ေနတိမ္တိုက္နဲ႕ လိုက္သြားလိုက္ေတာ့ "

" ေမေမ က တေခတ္ ကို ပစ္စလက္ခက္ ႏွင္ထုတ္ေနတာလား... "

" စကားကို ဘယ္လိုေျပာေနတာလဲ ေ႐ႊတေခတ္။နင့္သေဘာနဲ႕ နင္ လက္ထပ္ၿပီးမွ ေမေမ့ကို ပစ္စလက္ခက္ ႏွင္ထုတ္တယ္တဲ့လား။လက္ထပ္ထားတဲ့ ခင္ပြန္းသည္က သူ႕ဇနီးမယားကို လာေခၚရင္
ထည့္ေပးလိုက္ရမွာက မိဘေတြရဲ႕တာဝန္ပဲ။ၿပီးေတာ့ အဘိုးက ေနမေကာင္းဘူးတဲ့ "

" အဘိုးက ေနမေကာင္းဘူး။ျဖစ္နိုင္လို႔လား မနက္ကေတာင္ အေကာင္းႀကီးပဲေလ ေတြ႕ခဲ့တာ... "

" အဘိုး ေရာဂါက ရိုးရိုးဖ်ားနာေရာဂါမ်ိဳး မဟုတ္ဘူး။ေသခ်ာ ခြဲစိတ္ကုသရမယ့္ ႏွလုံးေရာဂါ။
အဘိုး က သူ႕ေရာဂါကို ကုေစခ်င္ရင္၊မင္းနဲ႕ငါ့ကို
အိမ္မွာ အတူေနတာ ျမင္ခ်င္တယ္တဲ့။အဲ့ဒါေၾကာင့္ မင္း ကို လာေခၚတာ "

" ေအာ္... ဦးေလးႀကီးက တေခတ္ ကို ေခၚခ်င္လို႔လာေခၚတာ မဟုတ္ဘူးဘဲ။အဘိုးေၾကာင့္မို႔လို႔
လာေခၚတာကိုး... အဟင္း အေစာႀကီးကတည္း က ထင္မိသားပဲ "

" ေ႐ႊတေခတ္ စကားကို အထအနေကာက္အေနနဲ႕။မနက္ျဖန္က်ရင္ ေမေမလည္း အဘိုးကို သြားေတြ႕အုံးမွာ။အခုေတာ့ အဘိုး စိတ္ခ်မ္းသာေအာင္ ေမာင္ေနတိမ္တိုက္နဲ႕ လိုက္သြား။အဘိုးကို
ေသခ်ာ ဂ႐ုစိုက္လိုက္ "

" တေခတ္တို႔ဆက္ဆံေရးက အတူေနလို႔ရတဲ့
ဆက္ဆံေရးမ်ိဳး မဟုတ္ဘူး ေမေမ။အဲ့ဒါေၾကာင့္
တေခတ္... "

" တေနကုန္အလုပ္လုပ္ထားလို႔ ပင္ပန္းေနတဲ့
ေမေမ့ကို စိတ္ပါ ပင္ပန္းရေအာင္ မလုပ္စမ္းပါနဲ႕။ကိုယ့္အထက္လူႀကီး အလုပ္ရွင္က သမက္ျဖစ္ေနမွန္းလည္းမသိ၊အခုလိုႀကီး မ်က္ႏွာခ်င္းဆိုင္ၿပီး ထိုင္ေနရတာက ေမေမ့အတြက္ ဘယ္ေလာက္ ေနရခက္သလဲဆိုတာ စဥ္းစားမိရဲ႕လား။ျမန္ျမန္လိုက္သြားၿပီး၊မက်န္းမမာျဖစ္ေနတဲ့ အဘိုးကို
ဂ႐ုစိုက္ေပးလိုက္။က်န္တာကို မနက္ျဖန္ ေမေမ
အဘိုးတို႔အိမ္ကိုလာေတာ့မွ ဆက္ေျပာမယ္ "

" ခြင့္ျပဳပါဦး အစ္မ "

ဘဝရဲ႕ပင္ပန္းမူ႕ေၾကာင့္ အနည္းငယ္႐ုပ္ရင့္ေနတဲ့
ခ်ာတိတ္မေလးအေမရဲ႕အသက္ကို ေစာနကမိတ္ဆက္ရင္းနဲ႕မွ သိလိုက္ရတာက... ကိုယ္နဲ႕အသက္က ဆယ္ႏွစ္ေက်ာ္ေလာက္ပဲ ကြာတာမို႔... အေဒၚအစား အစ္မလို႔ေျပာင္းေခၚလိုက္ရတာပင္။

" သြားရေအာင္ ခ်ာတိတ္ "

ေမေမ့ေရွ႕မွာေတာင္ တေခတ္လက္ကို ပိုင္စိုးပိုင္နင္းနဲ႕ ဆြဲေခၚလာတဲ့ ဦးေလးႀကီးကို
ေဒါသထြက္မိ၏။

" အား... ခ်ာတိတ္ ဘာလို႔ ကိုက္ရတာလဲ။မင္း က
ေခြးလား ဟမ္ "

ကားနားအေရာက္မွာ လက္ကိုအကိုက္ခံလိုက္ရတာျဖစ္သည္။ကိုက္တာက ဘယ္ေလာက္အားပါလဲဆိုရင္ လက္မွာ သြားရာက အကြင္းလိုက္ကို
ထင္သြားတာပင္။

" တေခတ္ သာ ေခြးဆိုရင္ ဦးေလးႀကီး အခုလို
စကားေတာင္ေျပာနိုင္မွာေတာင္ မဟုတ္ေတာ့ဘူးသိလား... "

" မင္းက ေတာ္ေတာ္ေလးဆိုးတဲ့ လူတစ္ဝက္၊ေခြးတစ္ဝက္ေလးပဲ "

" ဘာ! "

" ကားေပၚတက္ သြားမယ္ "

" တေခတ္ မလိုက္ဘူး "

" ဘာလို႔လဲ... "

" တေခတ္ကိုအလိုမရွိလို႔ အစကတည္းက ဦးေလးႀကီးပဲ တေခတ္ ကို ၿဖီၿဖီခါျဖစ္ေနခဲ့တာ
မဟုတ္ဘူးလား။အဘိုးေၾကာင့္မို႔လို႔ တေခတ္ ကို
လာေခၚတာမ်ိဳးကိုေတာ့... တေခတ္ မလိုက္ခ်င္ဘူး။တေခတ္ အခုကစၿပီး တေခတ္ကို ခ်စ္တဲ့သူကိုပဲ ရွာခ်စ္ေတာ့မယ္။ေနာက္ၿပီး တေခတ္မွာလည္း မာနေတာ့ရွိပါေသးတယ္ ဦးေလးႀကီး "

တေခတ္ ေျပာေတာ့ ဦးေလးႀကီး က သက္ျပင္းခ်သည္။

" ကိုယ္ မင္းကိုေတာ့ မခ်စ္ေပမယ့္... မင္းမရွိဘဲနဲ႕
မအိပ္တတ္သေလာက္ျဖစ္ေနတယ္။အဘိုးေရာ
ကိုယ္ေရာ မင္းကိုလိုအပ္တယ္။ကိုယ္အိပ္ေပ်ာ္ဖို႔အတြက္ မင္းကိုလိုအပ္တယ္ "

" အဟင္း... ဦးေလးႀကီး က တေခတ္ ကို တန္ဖိုးထားမူ႕မရွိဘူးဘဲ။ဦးေလးႀကီး အိပ္ေပ်ာ္ဖို႔အတြက္ လိုအပ္တယ္ဆိုတာနဲ႕ တေခတ္ က ဦးေလးႀကီးအနားကို လာေပးရေအာင္။တေခတ္က ပိုက္ဆံေပးတာနဲ႕ ေပ်ာ္ပါးခြင့္ရတဲ့ ညငွက္လို႔ ထင္ေနတာလား။ညငွက္ေတာင္မွ သူ႕တန္ေၾကးနဲ႕သူ တန္ဖိုးရွိတယ္။တေခတ္မွာလည္း တန္ဖိုးရွိတယ္ ဦးေလးႀကီး "

" ေဆာရီး... ငါေျပာခ်င္တာက အဲ့လို သေဘာမ်ိဳး
မဟုတ္ဘူး။ဘယ္လိုေျပာရမလဲ။က်စ္... "

တိုက္,မွာ ကိုယ့္စကားကို အထင္လြဲေနတဲ့ ခ်ာတိတ္မေလးကို နားလည္ေအာင္ ဘယ္လိုရွင္းျပရမွန္း မသိျဖစ္ေနရ၏။

" စကားဆိုတာ မေျပာတတ္ရင္ ဆဲတာနဲ႕ အတူတူပဲတဲ့။ဦးေလးႀကီး ေျပာတာက တေခတ္ ကို နာက်င္ေစရတယ္ သိလား... "

သူမ မ်က္လုံးေလးေတြ အရည္လဲ့ေနတာကို ျမင္ရေတာ့... တိုက္, စိတ္ထဲမေကာင္း ျဖစ္သြားရသည္။

" ေတာင္းပန္ပါတယ္။ မင္း ကို မခ်စ္ေပမယ့္...
မင္း ကို လိုအပ္တယ္ဆိုတာေတာ့ ကိုယ့္စိတ္ေရာ
၊အသိေရာ၊ႏွလုံးသားေရာက အသိေပးေနတယ္။
ေရွ႕ေလွ်ာက္ မင္းအေပၚမွာ ေကာင္းေပးပါ့မယ္။တန္ဖိုးလည္း ထားပါ့မယ္။ကိုယ့္ေၾကာင့္နဲ႕ ေနာက္ထပ္ မင္းကို စိတ္မေကာင္းလည္း မျဖစ္ေစရဘူး။ေပ်ာ္ေအာင္လည္း ထားေပးမယ္။ကိုယ္ေျပာတဲ့ စကားေတြကိုလည္း ကတိလည္းေပးပါတယ္။အာ့ေၾကာင့္ ကိုယ္နဲ႕ ျပန္လိုက္ခဲ့ေပးပါကြာ... ေနာ္ "

တေခတ္ ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး...
ေျပာလာတဲ့ ဦးေလးႀကီး၏ မ်က္လုံးေတြကေလ
သံလိုက္ဓာတ္အားေတြ တေခတ္ကိုယ္ထဲကို ပို႔လႊတ္ေနသလိုပါပဲ။

ထိုအၾကည့္ေတြေၾကာင့္ပဲ...
တေခတ္သည္ ႏူတ္ကေန ျပန္မေျဖေသာ္လည္း...
ဦးေလးႀကီး ေခၚရာေနာက္ကို လိုက္သြားခဲ့မိပါသည္။ထိုသို႔ လိုက္သြားတာသည္ ေကာင္းတာလား... မေကာင္းတာလားဆိုလားဆိုတာက္ိုေတာ့
အခ်ိန္တစ္ခုေရာက္ရင္ေတာ့ သိရမည္ ထင္ပါတယ္။

အခုေတာ့ ဦးေလးႀကီး ေခၚရာကို ေကာက္ေကာက္ပါေအာင္ လိုက္လာခဲ့မိပါၿပီ။

.
.

ကဲ... တင္ေပးထားပါၿပီ။Share တာေလးကေတာ့
ႏွင္းဆီေလးေတြ တာဝန္ပါေနာ္😁

#ကိုးအမရာေမာင္

Continue Reading

You'll Also Like

118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
457K 39.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
329K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...