Unicode
"မနက်ဖြန်ဆို မောင်နေကပြန်တော့မှာမလား"
"ဟုတ်တယ် အန်ကယ်...၊ဟိုမှာလည်းအလုပ်တွေပစ်ထားခဲ့ရတာဆိုတော့ ပြန်မှဖြစ်မှာ...၊နွယ်လည်းရန်ကုန်လာဖို့ရှိတယ်မလား"
စက်ရှိန်ကမနက်ဖြန်ရန်ကုန်ပြန်ဆင်းမှာမို့ နွယ်တို့ကထမင်းဖိတ်ကျွေးခြင်းပေ။စီးပွားရေးပါတနာလည်းဖြစ်၊သူငယ်ချင်းတွေလည်းဖြစ်တဲ့အပြင် စက်ရှိန်နဲ့နွယ်ကိုပါနှစ်ဖက်မိဘတွေကသဘောကျကြတာဖြစ်သည်။လူကြီးချင်းအသိ၊လူငယ်ချင်းလည်းအသိဆိုတော့ စက်ရှိန်နဲ့နွယ်ဘက်ကသာ မီးစိမ်းပြလိုက်ရင် အကုန်အဆင်သင့်ဖြစ်သွားမဲ့အခြေအနေပေ။
မြသွေးနွယ်ဆိုသည့်မိန်းကလေးက လှလည်းလှသလို၊ထက်လည်းထက်မြက်သည်။စီးပွားရေးလည်းနားလည်တာမို့ စက်ရှိန်နဲ့ရှေ့သွားနောက်လိုက်ညီနေတာ ငြင်းမရသည့်အမှန်တရားတစ်ခု။သို့ပေမယ့် စက်ရှိန်ဘက်ကမိတ်ဆွေထက်မပိုတာတော့ မတတ်နိုင်တဲ့သက်ရောက်မှု့သာ။
"ကိုစက်က နိုင်ငံခြားပါတနာတွေနဲ့ချိတ်ဆက်ပြီး စီးပွားရေးချဲ့ထွင်ဖို့ပြင်နေတယ်ဆို"
"အင်း...၊လောလောဆယ်တော့တွေးမိရုံတင်ပါ အကောင်အထည်ဖော်ဖို့ကတော့ကြိုးစားရမှာပေါ့"
"ဒါဖြင့်တွဲလုပ်ချင်တဲ့ အဖွဲ့အစည်းတွေဘာတွေရှိနေတာလား"
နွယ်ကစိတ်ဝင်တစားမေးတော့ စက်ရှိန်ကလည်း ထမင်းစားနေတာကိုခနရပ်လိုက်ရင်း....၊
"အမြှင့်ဆုံးအထိမှန်းထားတာကတော့ အမေရိက,က Kingdom of Diamonf (KD) Group ပဲ၊နည်းနည်းအလှမ်းဝေးပေမယ့်ပေါ့"
စက်ရှိန်ရဲ့ KD Groupဆိုတဲ့စကားကြောင့် နွယ်မျက်ခုံးတွေပင့်တက်သွားရ၏။KD Groupဆိုတာ အမေရိကမှာအကြီးဆုံးစိန်တိုက်ဖြစ်သလို မြို့ထဲနဲ့နေရာတော်တော်များများမှာလည်း ဆိုင်ခွဲတွေရာချီပြီး ဖွင့်ထားရတဲ့ နံမည်ကြီးစိန်တိုက်မဟုတ်လား။
"ဒါပေမယ့် Mr.Hamsley ကတော့ တော်တော်တန်တန်နိုင်ငံခြားစီးပွားရေးသမားတွေနဲ့တောင် တွဲမလုပ်တဲ့သူနော်"
Mr.HamsleyBerton(ဟန်စလေဘာတန်) က KD Group ရဲ့ CEOတစ်ယောက်ဖြစ်ကာ အသက်အရွယ်အနည်းငယ်ရနေပေမယ့် အခုထိဖျတ်လတ်ဆဲ လူကြီးတစ်ယောက်ပေ။ဒါ့အပြင် အစစအရာရာမှာတိကျကာ KD Groupတစ်ခုလုံးကို အမှားအယွင်းမရှိ အုပ်စီးထားနိုင်သူလည်းဖြစ်၏။KD Group ကအခုအချိန်အထိစီးပွားရေးလမ်းကြောင်းပေါ်မှာနံမည်ကောင်းနဲ့ ရပ်တည်နေနိုင်တာလည်း Mr.HamsleyBerton ကြောင့်ပဲမဟုတ်လား။
"အဲ့တာကတော့ ဟုတ်ပါတယ်...၊ဒါပေမယ့် ရည်မှန်းထားတာဆိုတော့လည်း ကြိုးစားကြည့်ရမှာပေါ့...၊ အဲ့မတိုင်ခင်တော့ တစ်ခြားပါတနာတွေနဲ့တွဲလုပ်ဖြစ်မှာပါ"
"နွယ်လည်း ကိုစက်နဲ့အတူစီးပွားရေးတွဲလုပ်မယ်ဆိုအဆင်ပြေနိုင်မလားနော်"
"နွယ်ဆိုရင်တော့ ပြောနေစရာကိုမလိုတာပါဗျာ....၊အချိန်မရွေးပါပဲ"
စက်ရှိန်ကရယ်ရယ်မောမောပြောတော့ နွယ်ကလည်း ခပ်ပြုံးပြုံးနှင့် ထမင်းစားတဲ့ဆီအာရုံပြန်ထားလိုက်မိပြန်သည်။သို့ပေမယ့် စားနေရင်းပင်
"ဒါနဲ့ မောင်နေညီမလေးကရော အမေရိက,ကနေဘယ်တော့ပြန်လာမှာတဲ့လဲ"
ညီမလေးဆိုသည့်စကားကြောင့် စက်ရှိန်လှစ်ခနဲပြုံးမိသွား၏။အဲ့ဒီ ပြောမရသည့်အဆိုးမလေးအကြောင်းကတော့ ပြောကိုမပြောချင်တော့ပါ။
"ရိပ်ရိပ်က ဟိုမှာအနေကြာနေတော့ မြန်မာစကားတောင်ကောင်းကောင်းပြောတတ်သေးရဲ့လားမသိပါဘူးအန်ကယ်ရယ်...၊ပြန်ခေါ်ရင်လည်း အကိုကိုပြန်ဂျစ်နေတာနဲ့ စကားကတော်တော်နဲ့လမ်းမပေါက်ဖြစ်နေတာ...၊ဖေဖေကအဲ့လောက်မဟုတ်ပေမယ့် မေမေကတော့ သူ့သမီးကိုပြန်လာစေချင်တာပေါ့"
စက်ရှိန်ပြောရင်း မနိုင်စိန်ညီမဖြစ်သူအကြောင်းတွေးမိတော့ နူတ်ခမ်းတို့ကပြုံးရိပ်ထင်ပြန်သည်။ပြေးကြည့်မှ နှစ်ယောက်ရှိတဲ့မောင်နှမတွေဖြစ်သလို၊သူ့ရဲ့တစ်ဦးတည်းသောညီမလေးက ချစ်စဖွယ်၊နှစ်လိုဖွယ်အပြည့်နဲ့ မိန်းမလေးတစ်ဦး။ဒါပေမယ့် အကျင့်ကယောကျ်ားလေးဆန်လွန်းသည့်ဘက်သွားတာမို့ အနေအထိုင် အပြုအမူ ဝတ်စားဆင်ယင်ပုံတွေကအစ ယောကျ်ားလေးကဲ့သို့ပင်ဖြစ်နေတာမို့ ဖေဖေက စည်းကမ်းကြီးသူပီပီမကြိုက်ချင်။မေမေကတော့ မကြိုက်ပေမယ့် အရမ်းဆူပူတာမျိုးမရှိဘဲ နားလည်အောင်ပြောပြတတ်သည်သာ။
စက်ရှိန်ကျတော့ ကိုယ့်ညီမလေးကိုမိန်းကလေးဆန်ဆန်နေစေချင်ပေမယ့် သူ့ပုံစံနဲ့သူဖြစ်နေတာကိုမတားချင်ရော၊သူကိုယ်တိုင်ကလည်း ခေတ်လူငယ်ဖြစ်နေတာရောကြောင့် အဖေပြောရင်တောင် ကာစီးကာစီးလုပ်တတ်သေးသည်။နှစ်ယောက်သားဆုံလို့ဖုန်းပြောဖြစ်ကြတဲ့အခါတိုင်း စက်ရှိန်ကပြန်ခေါ်ဖို့အကြောင်းစလိုက်ရင်...၊
"ကိုကိုကလည်း အခုနေ ရိပ်ရိပ်ရဲ့အခုပုံစံနဲ့သာပုံလာကြည့်ပါလား ဖေဖေကအသေပွားမှာ"
"မခေါ်နဲ့ မလာဘူး ကိုကိုပဲ ဖေဖေစည်းကမ်းကမ်းအောက်မှာ ဗိုင်းကောင်းကျောက်ဖိယောကျ်ားပျိုလေးလုပ်စမ်းပါ"
ဆိုတာတွေနဲ့ပဲပြောတတ်သေးသည်။ဖန်လဝန်းရိပ်ဆိုတာ ထိုကဲ့သို့သော လူဆိုးမလေးပင်။
"မိန်းကလေးဆိုတော့ မိဘနဲ့ဝေးရာမှာအကြာကြီးဘယ်ကောင်းမလဲမောင်နေရယ်...၊အန်တီက သမီးရှိတဲ့သူဆိုတော့ မမြတ်ကို ကိုယ်ချင်းစာမိတာတော့အမှန်ပဲ"
နွယ့်အမေအပြောကို စက်ရှိန်ကပြုံးရင်း ခေါင်းငြိမ့်ပြလိုက်ရင်း...၊
"ကျွန်တော်သိပါတယ် အန်တီ...၊အချိန်တစ်ခုရောက်ရင်တော့ ကျွန်တော်လည်းရိပ်ရိပ်ကိုပြန်ခေါ်ဖို့ပြင်ထားပါတယ်...၊အခုအချိန်တော့ သူလေးကိုလွတ်လွတ်လပ်လပ်နေစေချင်လို့ပါ"
"အင်းပေါ့ အင်းပေါ့"
လေးယောက်သားထမင်းလက်ဆုံစားရင်း ရောက်တက်ရာရာတွေပြောနေကြရာ စီးပွားရေးဆီရောက်သွားလိုက်၊မိသားစုရေးရာတွေဆီရောက်သွားလိုက်နှင့်ပင်။စက်ရှိန်လည်း စားသောက်ပြီးစီးလို့နာရီကြည့်လိုက်တော့ အချိန်ကတော်တော်လင့်သွားတာမို့ အားနာနာနဲ့နူတ်ဆက်ပြီး Hotelကိုပြန်လာခဲ့လိုက်မိ၏။Hotel ပြန်ရောက်တော့ လုပ်စရာကျန်သေးတာတွေကိုလက်စသတ်လိုက်သည်။
အလုပ်တွေအားလုံးပြီးတော့ အချိန်က၁၀နာရီလောက်ပင်ဖြစ်တော့မည်။မနက်လည်းခရီးသွားဖို့ရှိတာကြောင့် စက်ရှိန်အိပ်ဖို့ပြင်ကာ အိပ်ယာပေါ်လှဲလိုက်မိတော့ အတွေးထဲ ပါးချိုင့်နက်နက်လေးပေါ်အောင်ပြုံးရယ်ပြတတ်သည့် ချာတိတ်ကို မြင်ယောင်သွားမိ၏။
"ဦးစက်ကိုလည်းသတိရတယ် မန္တလေးကမုန့်တွေကိုလည်းသတိရတယ်"
"မန္တလေးမရောက်တာကြာတော့ မန္တလေးအငွေ့အသက်ပါတဲ့မုန့်တွေနဲ့ဝေးနေတာလေ"
"ဦးစက်ပြန်လာရင်မုန့်ဝယ်ခဲ့လို့ပြောမလို့ပါ ဟီး"
ရယ်သံစွက်ရင်းပြောခဲ့တဲ့ ချာတိတ်အသံကိုပြန်ကြားမိတော့ စက်ရှိန်ကိုယ့်ဘာသာတောင်မသိလိုက်မိပဲ ပြုံးမိသွားပြန်သည်။ပြီးတာနဲ့ ဖုန်းကိုလှမ်းယူလိုက်ပြီး "ချာတိတ်" လို့မှတ်ထားသည့်နံပါတ်လေးကိုခေါ်လိုက်မိ၏။ဖုန်းဝင်တာနဲ့ချက်ချင်းပင်တန်းကိုင်ကာ ကြားနေကျ ခပ်ဆူဆူအသံလေးက ပျော်ရွင်မြူးတူးစွာထွက်ပေါ်လာလေသည်။
"ဦးစက်"
"အင်း"
"ဦးစက်ကဖုန်းဆက်တယ်လား...၊ဦးစက်ကတုတုကိုဖုန်းဆက်တာ ဒါပထမဆုံးပဲ ဟီး"
ပြောရင်း ဟီးခနဲရယ်လိုက်တဲ့အသံလေးကြောင့် စက်ရှိန်မျက်လုံးထဲ ပုံရိပ်လေးတောင်ပေါ်လာသလိုပင်။
"ကိုယ်မနက်ဖြန် ရန်ကုန်ပြန်ရောက်မယ်"
"တကယ်လားဟင် ဦးစက်၊အဲ့ဆို ဦးစက်နဲ့တွေ့ရတော့မှာပေါ့ ပျော်လိုက်တာ"
"ကိုယ်နဲ့ပြန်တွေ့ရမှာအဲ့လောက်တောင်ပျော်သလား"
"ပျော်တာပေါ့ ဦးစက်ရဲ့"
"အင်း...ထားပါလေ၊မနက်ဖြန်ပြန်လာမှာဆိုတော့ ဘာမှာချင်လဲ ဘာဝယ်ခဲ့ရမလဲ"
"မုန့်...မုန့်ဝယ်ခဲ့"
"ပြီးတော့ရော"
"အမ်း....."
စက်ရှိန်မေးလိုက်တော့ တစ်ဖက်ကနေစဥ်းစားနေသလို သံရှည်စွဲသံလေးကြောင့် စက်ရှိန်စူးစူးစိုက်စိုက်လေးနားထောင်မိပြန်သည်။ခနလောက်ကြာတော့မှ
"ကျောက်စိမ်းလက်စွပ်"
"ဘယ်လို"
"ကျောက်စိမ်းလက်စွပ်လေးဝယ်ခဲ့ပေး...၊တုတုကျောက်စိမ်းလက်စွပ်လေးလိုချင်တယ်"
"ဒါပဲလား"
"ဟုတ် ဒါပဲ"
ကလေးအလိမ္မာလေးလို ပြောနေတဲ့ချာတိတ်ကြောင့် စက်ရှိန်နောက်တစ်ခါပြုံးမိပြန်ပါသည်။ကျောက်စိမ်းလက်စွပ်တဲ့။ကလေးကလားနဲ့ ဘာလုပ်ဖို့လဲ ဟုလည်း စက်ရှိန်တွေးမိလိုက်သေးသည်။သို့ပေမယ့် လိုချင်တာဘာလဲမေးခဲ့တာက သူကိုယ်တိုင်ပဲမို့...၊
"ဟုတ်ပြီ ဝယ်ခဲ့ပေးမယ်...၊ချာတိတ်လည်းစောစောအိပ်အုန်း"
"ဟုတ် ဦးစက်"
"ဒါဆို Good Night"
"ဟုတ် Good Night ပါဦးစက်...၊အိမ်မက်ချိုချိုလေးမက်ပါစေဗျ"
အိမ်မက်ချိုချိုလေးတဲ့လား...၊
အဟက်...ကလေးတွေကတော့ ကလေးစကားတွေပဲပြောနေတော့တာပါလားနော်....။
________________________________________
"မင်း ဒီရက်ပိုင်းအိမ်အရမ်းကပ်နေပါလား ဇမ်း...၊ဘာလဲ လိမ္မာယဥ်ကျေးကောင်ဆိုးလေးလုပ်နေတာလား"
"လိမ္မာယဥ်ကျေးလည်းပြောသေးတယ် ကောင်ဆိုးလေးလည်းပြောသေးတယ် ခင်ဗျားဟာကဘာလဲ"
"မင်းကလိမ္မာယဥ်ကျေးလုပ်လည်း အဆိုးကောင်ကအဆိုးပဲလေ...၊အဲ့တော့လိမ္မာယဥ်ကျေးကောင်ဆိုးလေးပေါ့"
"ဟွန်း...ခင်ဗျားပဲပြောတတ်"
ညွှန်းစမေးရင် စကားလမ်းကြောင်းကဖြောင့်ဖြူးနေပေမယ့် ဇမ်းပြန်မေးရင် ကမောက်ကမနဲ့ အမေးကလိုရင်းမရောက်ဖြစ်ရသည်ကအမြဲ။ဒီမနက် အိမ်မှာပစ္စည်းတွေပျက်နေတာနဲ့ တစ်ပတ်စာ စားဖို့သောက်ဖို့ဝယ်ဖို့အတွက် ဇမ်းကိုဈေးလိုက်ပို့ခိုင်းရတာဖြစ်သည်။ပုံမှန်အတိုင်း နှစ်ယောက်သားဆိုင်ကယ်နဲ့ထွက်လာပြီး ဈေးနားရောက်မှဆိုင်ကယ်ရပ်ကာ နှစ်ယောက်သားလမ်းလျှောက်ခဲ့ရ၏။
"ငါမေးတာဖြေစမ်းပါ...၊ဒီရက်ပိုင်းအိမ်ကပ်နေသလားလို့"
"အိမ်ကပ်တယ်ရယ်လည်းမဟုတ်ပါဘူး...၊ဒီတိုင်း ပွဲတွေမှမရှိတာ"
"မင်း ပြိုင်တဲ့အခါ ညဘက်တွေပဲသွားရတာလား"
"အမြဲတစ်သတ်မှတ်ထဲတော့မရှိပါဘူး နေ့လည်ခင်း၊ညနေခင်းတွေလည်းရှိတာပဲ အဓိက,ကပြိုင်တဲ့သူတွေရဲ့စိတ်ပဲ...များသောအားဖြင့်တော့ ညဘက်တွေဟိုက်တာပိုများတယ်"
"အော်"
ညွှန်းက ဇမ်းပြောတာကိုနားလည်သလိုလေးအော်ဆိုပြီးခပ်လေးလေးပြောကာ ဘေးကဈေးသည်တွေကိုတစ်ချက်စောင်းငဲ့ကြည့်သည်။ပြီးတော့ ဇမ်းကိုပြန်ကြည့်ရင်း...၊
"မင်းဘာစားချင်လဲ...၊ငါဘာချက်ပေးရမလဲ"
ဇမ်းကိုကြည့်ရင်းပြောလာသည့် ညွှန်းရဲ့အသံတွေရောမျက်ဝန်းတွေကပါ နူးညံ့မှု့တွေက သိသိသာသာပျော်နေတာကို ဇမ်းသတိထားမိ၏။တစ်ချိန်ထဲမှာပဲ ဇမ်းနှလုံးသားဟာတစ်စုံတစ်ခုကချည်နှောင်လိုက်သလို ညံ့သက်သွားခဲ့ရင်း...၊
"ခင်ဗျားအဆင်ပြေတာ...၊ခင်ဗျားဘာလုပ်လုပ် ကျုပ်အတွက်အဆင်ပြေတယ်"
"အင်း"
ဇမ်းအဖြေကိုညွှန်းကလိုလိုလားလားလေးပြုံးကာ ခေါင်းငြိမ့်၏။ပြီးတော့ အသားတန်း၊အသီးအရွက်တန်းကိုပတ်ကာ သူအဆင်ပြေမယ်ထင်တာတွေဝယ်သည်။ဇမ်းကတော့ ဆိုင်ကယ်သော့လေးကိုလက်ထဲမှာကစားရင်း ညွှန်းဝယ်သမျှလိုက်ကြည့်နေ၏။သစ်သီးတန်းဘက်ကိုလျှောက်တော့ ဇမ်းကညွှန်းပခုံးစွန်းလေးကို သူ့ပခုံးနဲ့သာသာလေးတိုက်ကာ...၊
"ပန်းသီးစိမ်းဝယ်ဖို့မမေ့နဲ့"
"မင်းစားဖို့လား"
"ခင်ဗျားစားဖို့လေ...၊ဟိုမှာ ဝယ်လိုက်"
ဇမ်းကပြောလည်းပြော ဆိုင်ဘက်ကိုလည်း အတင်းတွန်းလွှတ်နေတာမို့ ညွှန်းဆိုင်ထဲဝင်လိုက်ရ၏။ဒါပေမယ့် တကယ်ဝယ်ဖြစ်ခဲ့တာက ပန်းသီအနီ၃လုံးနဲ့ ပန်းသီးစိမ်း၂လုံး။
"ဘာလို့ ၂လုံးထဲလဲ"
"တော်ပြီ ၂လုံးပဲ"
"၅လုံးထပ်ဝယ်ခဲ့"
"တော်ပါပြီဆို"
"ခင်ဗျားအရမ်းပြောရခက်တယ် ဝယ်ခဲ့ဆို...၊ခင်ဗျားမသွားရင်ကျုပ်သွားမယ်"
"ဇမ်းလို့...၊အဲ့တာဆိုဒီလိုလုပ် ညီတူမျှတူဖြစ်အောင် အနီ၃လုံး အစိမ်း၃လုံးဝယ်မယ် အဆင်ပြေလား"
ညွှန်းကဇမ်းလက်ကိုဆွဲရင်းသေချာပြောပြတွက်ပြတော့မှ ဆရာသမားက ခပ်ငြိမ်ငြိမ်ဖြစ်သွားလေ၏။သို့ပေမယ့် မျက်ခုံးတွေက တွန့်ချိုးနေတုန်းဖြစ်ကာ ပန်းသီးတွေဆီကိုမေးငေါ့ပြသည်။အဲ့တော့မှ ညွှန်းပန်းသီနောက်တစ်လုံးဖြည့်ယူပြီးပိုက်ဆံရှင်းရတော့သည်။ပန်းသီးဆိုင်ကထွက်လာတော့ ညွှန်းမှာ အသီးအရွက်ထုတ်တွေ၊အသားထုတ်တွေကလက်မှာအပြည့်မို့ လွယ်လာတဲ့အိတ်က လက်မောင်းပေါ်ပြိုကျတာကိုပြန်မတင်အားဘဲ ဖရိုဖရဲဖြစ်နေရ၏။
အရှေ့မှာ မနိုင်မနင်းနဲ့ကို့ရို့ကားယားဖြစ်နေတဲ့ သူ့လူကိုကြည့်ကာ ဇမ်းစိတ်မရှည်တော့။မနိုင်ရင်လည်း လူတစ်ယောက်လုံးပါတာဝိုင်းသယ်ခိုင်းပါတော့လား။ဇမ်း တွေးလည်းတွေး လူကလည်း ညွှန်းဘေးကိုရောက်သွားကာ သူ့လူလက်ထဲကအထုတ်တွေကိုဆွဲယူလိုက်ရင်း....၊
"မနိုင်ရင် ပြောပါတော့လား...၊မသိရင်ကျုပ်ကလူမဟုတ်တဲ့အတိုင်းပဲ"
"ငါမင်းကို လူမဟုတ်ဘူးလို့တစ်ခါမှမပြောပါဘူး...၊ပြီးတော့ ဒီလောက်လေးတော့ ငါလုပ်နိုင်ပါတယ်"
လုပ်နိုင်ပါတယ်ပြောနေတဲ့လူရဲ့လက်ကိုကြည့်လိုက်တော့ လက်ဖဝါးတွေကရဲတွတ်ကာ မြင်မကောင်း။ပြောရင်လည်း ပြောပြန်ပြီဖြစ်မှာကြောင့် ဇမ်းဘာမှမပြောဘဲ သူ့လူလက်ထဲကအထုတ်တွေကို အကုန်သယ်ကာလျှောက်ဖို့ပြင်လိုက်ပေမယ့် ဘေးကဖြတ်သွားသည့် ရေခဲမုန့်သည်ဖွင့်သွားတဲ့ သီချင်းကြောင့် ဇမ်းမျက်နှာကြီးရဲခနဲ....၊
ဖွင့်သွားသည့်သီချင်းပိုဒ်ကလည်း ဇမ်းအဖြစ်နှင့်တိုက်ဆိုင်စွာပင်....၊
🎼ရုံးပိတ်ရက်ကိုယ်အာတယ်...ဈေးခြင်းတောင်းကိုယ်တိုင်ဆွဲကာ ဝယ်ခြမ်းမယ်....ထမင်းဟင်းလည်းကိုယ်ချက်ကျွေးမယ်...
🎼ချစ်တာကို...ချစ်တာကို...ချစ်တာကို...ချစ်တာကို...
________________________________________
ဆိုင်ကယ်မောင်းနေရင်းဇမ်းစိတ်ထဲ စောစောကကြားခဲ့တဲ့သီချင်းကိုပဲတွေးနေမိ၏။
🎼ရုံးပိတ်ရက်ကိုယ်အာတယ်...ဈေးခြင်းတောင်းကိုယ်တိုင်ဆွဲကာ ဝယ်ခြမ်းမယ်....ထမင်းဟင်းလည်းကိုယ်ချက်ကျွေးမယ်...
🎼ချစ်တာကို...ချစ်တာကို...ချစ်တာကို...ချစ်တာကို...
အကျိုးနည်း အဲ့လိုသီချင်းကလည်းရှိသေးသတဲ့လား။ဘယ်နှယ့် ဘယ်လိုတောင် အကျိုးနည်းသီချင်းတုန်း။သူဖြတ်သွားတဲ့အချိန်ကျမှ တိုက်တိုက်နဲ့ဆိုင်ဆိုင်။
ဆိုင်ကယ်မောင်းနေရင်းသီချင်းအကြောင်းတွေးမိတော့ ဇမ်းမျက်နှာကြီးက ရှုံးမဲ့သွားလိုက်၊စိတ်ထဲအချဥ်ပေါက်လာတိုင်း ခပ်ကြိတ်ကြိတ်မကောင်းပြောလိုက်နဲ့ အနောက်ကပါလာသည့် လူကိုပင်မေ့မတတ်ပင်။
"ဇမ်း!"
"......."
"ဇမ်းလို့"
"ဟမ်...ဘာလဲ"
ဆိုင်ကယ်သံကဆူနေတဲ့အပြင် ဇမ်းစိတ်တွေကတစ်ခြားရောက်နေတာကြောင့် သူ့လူကိုခေါ်တာတော်တော်နဲ့မကြား။သူ့ကျောကို သုံးလေးချက်လောက်ဆင့်ပုတ်ပြီး ခပ်ကျယ်ကျယ်လေးခေါ်မှ ဇမ်းအလန့်တကြားပြန်ထူးမိသွားရ၏။
"ဟိုမှာ"
ညွှန်းကပခုံးကိုကျော်က အရှေ့ခပ်လှမ်းလှမ်းကိုလက်ညိုးထိုးပြတော့ ဇမ်းလည်းစက်ရှိန်ကိုနည်းနည်းနှေးလိုက်ကာ ကြည့်လိုက်မိ၏။မြင်လိုက်တာနဲ့နောက်တစ်ကြိမ်ပြန်ကြည့်စရာမလိုလောက်အောင်သေချာနေသည့် ပုံစံဟာ ရှင်းခေတ်စေစားဆိုတဲ့ ကောင်လေး။
အရင်နဲ့မတူတာက သူ့ရှေ့ကဇမ်းမမြင်ဖူးသည့်လူနှစ်ယောက်။ဒီအခြေအနေ ဒီအနေအထားက နေကောင်းလား၊ကျန်းမာလားမေးပြီး အာလာပသလာပ ပြောနေတဲ့ဟန်မဟုတ်တာက အသေအချာ။ဇမ်းက အခြေအနေကိုအကဲခတ်ရင်း ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်ကိုရပ်ကာ ညွှန်းကိုပါသူနဲ့အတူဆင်းခိုင်းပြီး အခြေအနေကိုတစ်ချက်ကြည့်၏။ဒီနေရာနဲ့ဆို သူတို့နေတဲ့ Condoကသိပ်မဝေးတော့တာကြောင့်လည်း ဇမ်းအေးအေးဆေးဆေးပဲ ကြည့်နေလိုက်မိသည်။
"ဇမ်း တစ်ခုခုမလုပ်ဘူးလား"
"ခနစောင့်ကြည့်လိုက်ပါအုန်း"
ဇမ်းကညွှန်းကိုမကြည့်ဘဲ ရှင်းရှိရာကိုမေးဆတ်ပြတာမို့ ညွှန်းလည်း စောင့်ကြည့်နေလိုက်ရ၏။
"အလုပ်ကထွက်လိုက်တယ်ဆိုပြီး ကြွက်လိုတွင်းအောင်းနေလည်း ငါတို့ကမင်းကိုမရှာတတ်တော့ဘူးလို့ထင်နေတာလား ရှင်းခတ်စေစား...ဟမ်!"
နောက်ဆုံးစကားကို အသံခပ်ကျယ်ကျယ်နဲ့ဖိဟောက်လိုက်တာမို့ ရှင်းကိုယ်လေးဆတ်ခနဲတုန်သွားရ၏။ရှင်းဖြစ်သွားပုံကို ရှေ့ကလူနှစ်ယောက်က သဘောတကျ ရယ်လိုက်ရင်း ထိုနှစ်ယောက်ထဲက ခပ်ဖိုင့်ဖိုင့်တစ်ယောက်က ရှင်းပခုံးပေါ်ကို သူ့လက်လာတင်၏။
"ပြေးပြီးဆိုရင်လွတ်အောင်ပြေး၊ပုန်းပြီဆိုလုံအောင်ပုန်း ပြန်မိလို့ကတော့လွယ်မယ်မထင်နဲ့ကောင်စုတ်လေးရဲ့"
ထိုလူကပြောရင်း ရှင်းပခုံးကနေတစ်ဆင့် ရှင်းရဲ့အင်္ကျီကော်လံကိုဆုပ်ဆွဲရင်းမလိုက်တာကြောင့် ရှင်းလည်ပင်းတောင်အင့်သွားသလို....၊
"မင်းကို ဒီပတ်ဝန်းကျင်မှာပြန်မပေါ်လာဖို့မှာထားတာပြန်ပေါ်လာရဲသေးတော့ ကောင်းကောင်းသင်ခန်းစာပေးရမဲ့ပုံပဲ...ဟမ်"
ပြောပြောဆိုဆို ထိုလူ့ရဲ့လွတ်လပ်နေတဲ့လက်တစ်ဖက်က မြှောက်တက်သွားလေရာ ရှင်းမျက်လုံးတွေကိုအားကုန်မှိတ်ချထားလိုက်မိတော့သည်။သို့ပေမယ့် ရိုက်ချက်က ရှင်းအပေါ်ရောက်မလာခဲ့ဘဲ....၊
"ရုပ်ရှင်ရိုက်တာကလွဲရင် လမ်းလယ်ခေါင်ကြီးမှာ လူတစ်ယောက်ကိုရိုက်တာက တော်တော်ကိုကြည့်ရဆိုးတဲ့မြင်ကွင်းပဲ"
"အကိုဇမ်း"
ရှင်းမျက်ဝန်းတွေကဇမ်းကိုမြင်တာနဲ့အားကိုးရာရသွားသလိုလက်ခနဲဖြစ်သွားရင်း ဇမ်းကိုအားကိုးတကြီးလှမ်းခေါ်၏။
စပို့ရှပ်အဖြူပေါ်ကနေ ဂျာကင်အနက်ကိုထပ်ဝတ်ထားပြီး ချိန်းကြိုးပါတဲ့ဂျင်းနက်ဘောင်းဘီနဲ့ဇမ်းပုံစံကအတော်ကိုလိုက်ဖက်ပြီးကြည့်ကောင်းနေ၏။ဒါ့အပြင် သေသေသပ်သပ်ဖြစ်နေသည့်ဆံပင်တို့ကို လက်နဲ့ထိုးဖွပြီးခါပစ်လိုက်ပုံက ဘယ်သူ့မှဂရုမစိုက်သည့် အရှိမ်အဝါတို့ကအထင်းသား။နောက်ပြီး အနက်ရောင်Umberto Luce စီးထားသည့်ခြေထောက်တွေက ခြေတစ်လှမ်း လှမ်းလာတိုင်း ကြောက်မက်ဖွယ် တစ်စုံတစ်ခုကိုဖျက်စီးဖန်တီးတော့မည့်အငွေ့အသက်တွေအပြည့်။
"ကိုယ်နဲ့မဆိုင်ရင် လစ်လိုက်တာကောင်းမယ်ထင်တယ်"
"ကိုယ်နဲ့မဆိုင်ပေမယ့် ကိုယ်သွားမဲ့လမ်းမှာလာဆိုင်နေတော့ ကျော်သွားဖို့က နည်းနည်းစိတ်အခဲမကျေစရာမလား"
"အဲ့တော့ ဘာဖြစ်ချင်တာလဲ"
"ခင်ဗျားတို့ဒီကနေအခုဖယ်မလား ကျုပ်မရှောင်ဘဲဝင်တိုက်ရမလား"
ဇမ်းက လက်ထဲမှာကိုင်ထားသည့် ဆိုင်ကယ်သော့ကိုထိုလူတွေမြင်အောင်မြှောက်ပြရင်း ဆိုသည်။ဇမ်းစကားကြောင့် ထိုလူနှစ်ယောက်အနည်းငယ်တွန့်သွားပေမယ့် ချက်ချင်းအလျော့ပေးဖို့ကတော့ နှစ်ယောက်သားအတိုင်အဖောက်မညီသေးသလိုပင်။
"လမ်းအကျယ်ကြီးကို မင်းဘာသာရှောင်သွားပါလား"
"ရှောင်တယ်ဆိုတာကျုပ်ရာဇဝင်မှာမရှိဘူး...ကျုပ်လာတာကိုမှမရှောင်ရင် ကျုပ်ကဖြတ်တိုက်သွားမှာ ကျိုး ကျိုး ကန်း ကန်း"
ဇမ်းကနောက်ဆုံးစကားလေးလုံးကို ထိုနှစ်ယောက်အားစေ့စေ့ကြည့်ရင်း တစ်လုံးချင်းအေးစက်စက်ပြောလေသည်။နှစ်ယောက်သားဇမ်းပုံစံကြောင့် ခပ်ရှိန်ရှိန်ဖြစ်သွားရ၏။သို့ပေမယ့် ကောင်စုတ်လေးတစ်ကောင်ကိုကြောက်တယ်ဆိုတဲ့အဖြစ်ကိုလည်းအရောက်မခံနိုင်တဲ့အပြင် ဘယ်အချိန်ကမှန်းမသိ ရှင်းခေတ်စေစားဆိုတဲ့ငနဲလေးကဟို့ကောင့်ဘေးရောက်သွားတာကြောင့်ရော ရှေ့ဆက်တိုးဖို့ပြင်လိုက်တော့
"ဆက်တိုးချင်တိုးလာလိုက် ကျွန်တော်ရဲကိုဖုန်းဆက်ပြီးပြီး"
ဖုန်းလေးထောင်ပြရင်း ခပ်သွက်သွက်လျှောက်လာတဲ့ ညွှန်းကြောင့်ဇမ်းကလှည့်ကြည့်သည်။ညွှန်းကတော့ ဇမ်းကျောနောက်မှာကပ်ပြီးကြောက်နေသည့် ရှင်းကိုလက်မောင်းလေးကနေ အသားဆွဲရင်း သူ့ဘေးကိုခေါ်ထားလိုက်၏။
"ဘာမှမဖြစ်ဘူးနော် အကိုတို့ရှိတယ်"
ညွှန်းက ရှင်းကြောက်နေမှာဆိုးကာ အားပေးရင်း ဇမ်းအနားကိုကပ်ရပ်လိုက်ကာ....၊
"သတ္တိရှိရင်ဆက်လုပ်လိုက်...၊ဒီအချိန်မှာခင်ဗျားတို့မသွားရင် ထောင်ထဲမှာညအိပ်သွားရလိမ့်မယ်"
"တောက်!! မင်းတို့ လုပ်ထားအုန်းပေါ့...၊ဟိုကောင်မင်း...."
"လူတစ်ယောက်ကိုချိန်းခြောက်တာပြစ်မှု့မြောက်တယ်နော်"
"နေနှင့်အုန်းပေါ့ကွာ မင်းတို့"
ထိုလူနှစ်ယောက်က ညွှန်းကိုမကြည်,ကြည့်နဲ့ကြည့်ရင်း ခပ်သွက်သွက်ပင်ထွက်သွားလေသည်။နှစ်ယောက်လုံးပျောက်သွားတဲ့အထိကြည့်ပြီးမှ ညွှန်းကခွီးခနဲတိုးတိုးလေးရယ်ကာ ဇမ်းကိုပြန်ကြည့်တော့ လက်ပိုက်ရင်း သူ့ကိုသေချာစိုက်ကြည့်နေသည့် ဇမ်းကြောင့် ညွှန်းရယ်နေရင်းတို့လို့တန်းလန်းဖြစ်သွားရ၏။
"ဘာ...ဘာလဲ"
"ခင်ဗျားတကယ် ရဲစခန်းကိုဖုန်းဆက်ထားတာလား...၊ကျုပ်အဲ့လို ရဲအရှုပ်အရှင်းတွေနဲ့မပတ်သတ်ချင်ဘူးနော်...အာရုံနောက်တယ်"
မကြည်သာစွာပြောလိုက်တဲ့ဇမ်းမျက်နှာအတော်ပင် စိတ်ပျက်နေသည့်ပုံ...၊
"မဆက်ပါဘူး...၊ငါသူတို့ကိုခြောက်လိုက်တာ"
ပြောရင်းညွှန်းကရယ်ချင်သလိုဖြစ်လာတာကြောင့် ချောင်းတစ်ချက်ဟန့်ရင်း သူ့နူတ်ခမ်းတွေကို လက်ခုံလေးနဲ့ပိတ်ထားသည်။ စိတ်ထဲမှာတော့ သူ့ကိုယ်သူဟီးရိုးကြီးလို့ခံယူမိသွားတာအမှန်။
"ရှင်းလေး ဘာဖြစ်သွားသေးလဲ"
"ဘာမှတော့မဖြစ်ပါဘူးအကို...အကိုတို့ကဘယ်လို"
"ဈေးသွားရင်း ပြန်လာတော့ ရှင်းလေးကိုတွေ့တာပဲ"
တွေ့တွေ့ချင်းအကိုကကူခိုင်းတာ ဇမ်းကခနစောင့်ကြည့်အုန်းမယ်ဆိုလို့ချက်ချင်းမလာရတာလို့ ပြောချင်တဲ့စိတ်ကိုညွှန်းအတော်မြိုသိပ်ထားလိုက်ရ၏။
"ဘာပဲဖြစ်ဖြစ်ကူညီပေးတာကျေးဇူးတင်ပါတယ်နော် အကိုဇမ်းနဲ့အကို"
ကျေးဇူးတင်လိုက်တာတော့နှစ်ယောက်လုံးကိုပေမယ့် ရှင်းရဲ့မျက်ဝန်းအကြည့်တို့က ဇမ်းထံမှာ။ဇမ်းကတော့ ဘာမှမမေးသလို ဘာမှမပြောဘဲ ဆိုင်ကယ်ရှိရာကိုသာပြန်လျှောက်သွားလေသည်။
"အကို ရှင်းတစ်ခုလောက်ပြောလို့ရမလား"
ရှင်းက ညွှန်းလက်လေးကိုချိတ်တွဲထားရင်း ငိုမဲ့မဲ့မျက်နှာလေးနဲ့ဆိုတော့ ညွှန်းကလိုလိုလားလားခေါင်းငြိမ့်ပြ၏။
"Condoနဲ့ကနီးလာပြီပေမယ့် ကျွန်တော်တစ်ယောက်ထဲပြန်ရမှာနည်းနည်းကြောက်နေလို့ အကိုတို့နဲ့အတူပြန်လိုက်လို့ရမလားဟင်"
ရှင်းစကားကိုကြားတော့ဇမ်းကဖျတ်ခနဲလှည့်ကြည့်သည်။ဒါကိုညွှန်းကလည်း သိသည်။သို့ပေမယ့် သိပ်ဂရုစိုက်မနေဘဲ...၊
"ရတာပေါ့...၊မဟုတ်တောင်အကိုက ရှင်းလေးကိုဒီတိုင်းပြန်လွှတ်ဖို့စိတ်မချဘူးရယ် အတူပြန်ကျတာပေါ့...ဆိုင်ကယ်စီးရဲတယ်မလား"
"ဟုတ် စီးတော့စီးရဲတယ် ဒါမဲ့ သုံးယောက်ဆိုနောက်ဆုံးကမစီးရဲဘူး...၊ငယ်ငယ်က အဲ့လိုသုံးယောက်စီးပြီးနောက်ဆုံးကထိုင်တာပြုတ်ကျဖူးတော့ နည်းနည်းကြောက်လို့...၊အလယ်ကထိုင်ရင်တော့ရတယ်"
ရှင်းစကားကို ညွှန်းစိတ်ထဲနည်းနည်းကသိကအောက်ဖြစ်သွားပေမယ့် ကလေးပဲဆိုသည့်အတွေးလေးကဝင်လာပြန်တော့
"ဇမ်း ရှင်းလေးကိုအလယ်ကထားပေးပြီး ပြန်ရအောင်...မင်းအဆင်ပြေလား"
သုံးယောက်သားဆိုင်ကယ်နားရောက်လာပြီမို့ ဇမ်းကဆိုင်ကယ်ပေါ်ခွထိုင်ကာ ဝယ်လာတဲ့အထုတ်တွေကိုညွှန်းလက်ထဲကိုထည့်လိုက်ရင်း.....၊
"ကျုပ်က ဆိုင်ကယ်တစ်စီးထဲကိုသုံးယောက်မစီးတတ်ဘူး"
ဇမ်းရဲ့စကားကတိုတိုပြတ်ပြတ်...၊
"ဒါဆို မင်းရှင်းလေးကိုခေါ်ပြီးအရင်ပြန်နှင့်မလား...ငါနောက်ကလိုက်ခဲ့မယ်"
"ခင်ဗျားကိုတစ်ယောက်ထဲကျုပ်ကဘယ်လိုထားခဲ့ရမှာလဲ"
"အဲ့တာဆို ဘယ်လိုလုပ်ရမှာလဲ...မင်းကဟိုလိုလည်းမဟုတ် ဒီလိုလည်းမဟုတ်"
"ဒီနားမှာဆိုင်ကယ်ခနအပ်ခဲ့မယ်...၊ပြီးမှပြန်လာယူလိုက်မယ် အတူလမ်းလျှောက်ပြန်တာပေါ့"
"အော"
ဇမ်းကညွှန်းအဖြေရတာနဲ့ ဆိုင်ကယ်မောင်းပြီးထွက်သွားလေသည်။ခနလောက်ကြာတော့ပြန်ရောက်လာကာ ညွှန်းလက်ထဲကအထုတ်တွေကို ပြန်ယူသည်၏။ပြီးတော့ ဘာမှမပြောဘဲ သုံးယောက်သားခပ်မှန်မှန်လျှောက်ရင်း အိမ်ပြန်လာမိကြသည်။သုံးယောက်ထဲမှာမှ တစ်မူထူးစွာ ရှင်းမျက်နှာလေးကခပ်မဲ့မဲ့လေးမအီမသာဖြစ်နေခဲ့ကာ အတွေးတို့ကလည်း နေပူပြင်မှာချထားတဲ့ရေခဲမုန့်လို အရည်ပျော်နေခဲ့လျက်....၊
တွေးထင်ထားခဲ့တာ ဒီလိုအခြေအနေမျိုးမဟုတ်....။
___________________________________
နောက်တစ်ပိုင်းကျရင် မင်းတို့ရဲ့Biker Boyလေးဇမ်းကိုပြန်မြင်ရပါတော့မယ်နော်။ရင်များခုန်ကြသလား။နည်းနည်းတော့နောက်ကျသွားတယ်။စောင့်နေတဲ့ကလေးတွေလည်း ဒါလေးဖတ်ပြီးအိပ်တော့နော်။Voteတွေမျှော်နေသလို မန့်တွေဖတ်ဖို့လည်းစောင့်နေပါတယ်လို့။အကုန်လုံးကျန်းမာရေးဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေကြနော်။အခုရက်ပိုင်းပြန်အေးလာသလိုပဲမို့။အကုန်လုံး လပ်ပြူး🙆♀️❤
ဒါနဲ့ရှင်လေးတို့ကVoteတွေကျော်ပေးသွားတော့ရင်မှာခံစားနေရပြီကွယ်🤧ပြီးတော့ အခုနောက်ပိုင်းကစလို့ ရေးမဲ့အပိုင်းတွေကို ဖတ်နေရင်း အဆင်မပြေတာ၊ပေါ့တယ်ထင်လာတာဆို ကိုယ့်ကို လာပြောလို့ရပါတယ်နော်။စိတ်မဆိုးပါဘူး။ဒါဖြင့် အိမ်မက်လှလှမက်ကြပါစေ သဲငယ်တို့ရေ❤
YAMB
Nann Phan
29.1.2023
Words 4422
_____________________________________
Zawgyi
"မနက္ျဖန္ဆို ေမာင္ေနကျပန္ေတာ့မွာမလား"
"ဟုတ္တယ္ အန္ကယ္...၊ဟိုမွာလည္းအလုပ္ေတြပစ္ထားခဲ့ရတာဆိုေတာ့ ျပန္မျွဖစ္မွာ...၊ႏြယ္လည္းရန္ကုန္လာဖို႔ရိွတယ္မလား"
စက္ရိွန္ကမနက္ျဖန္ရန္ကုန္ျပန္ဆင္းမွာမို႔ ႏြယ္တို႔ကထမင္းဖိတ္ေကြၽးျခင္းေပ။စီးပြားေရးပါတနာလည္းျဖစ္၊သူငယ္ခ်င္းေတြလည္းျဖစ္တဲ့အျပင္ စက္ရိွန္နဲ႔ႏြယ္ကိုပါႏွစ္ဖက္မိဘေတြကသေဘာက်ၾကတာျဖစ္သည္။လူႀကီးခ်င္းအသိ၊လူငယ္ခ်င္းလည္းအသိဆိုေတာ့ စက္ရိွန္နဲ႔ႏြယ္ဘက္ကသာ မီးစိမ္းျပလိုက္ရင္ အကုန္အဆင္သင့္ျဖစ္သြားမဲ့အေျခအေနေပ။
ျမေသြးႏြယ္ဆိုသည့္မိန္းကေလးက လွလည္းလွသလို၊ထက္လည္းထက္ျမက္သည္။စီးပြားေရးလည္းနားလည္တာမို႔ စက္ရိွန္နဲ႔ေရ႔ွသြားေနာက္လိုက္ညီေနတာ ျငင္းမရသည့္အမွန္တရားတစ္ခု။သို႔ေပမယ့္ စက္ရိွန္ဘက္ကမိတ္ေဆြထက္မပိုတာေတာ့ မတတ္ႏိုင္တဲ့သက္ေရာက္မႈ႔သာ။
"ကိုစက္က ႏိုင္ငံျခားပါတနာေတြနဲ႔ခ်ိတ္ဆက္ၿပီး စီးပြားေရးခ်ဲ့ထြင္ဖို႔ျပင္ေနတယ္ဆို"
"အင္း...၊ေလာေလာဆယ္ေတာ့ေတြးမိရံုတင္ပါ အေကာင္အထည္ေဖာ္ဖို႔ကေတာ့ႀကိဳးစားရမွာေပါ့"
"ဒါျဖင့္တြဲလုပ္ခ်င္တဲ့ အဖြဲ႔အစည္းေတြဘာေတြရိွေနတာလား"
ႏြယ္ကစိတ္ဝင္တစားေမးေတာ့ စက္ရိွန္ကလည္း ထမင္းစားေနတာကိုခနရပ္လိုက္ရင္း....၊
"အျမႇင့္ဆံုးအထိမွန္းထားတာကေတာ့ အေမရိက,က Kingdom of Diamonf (KD) Group ပဲ၊နည္းနည္းအလွမ္းေဝးေပမယ့္ေပါ့"
စက္ရိွန္ရဲ့ KD Groupဆိုတဲ့စကားေၾကာင့္ ႏြယ္မ်က္ခံုးေတြပင့္တက္သြားရ၏။KD Groupဆိုတာ အေမရိကမွာအႀကီးဆံုးစိန္တိုက္ျဖစ္သလို ၿမိဳ႔ထဲနဲ႔ေနရာေတာ္ေတာ္မ်ားမ်ားမွာလည္း ဆိုင္ခြဲေတြရာခ်ီၿပီး ဖြင့္ထားရတဲ့ နံမည္ႀကီးစိန္တိုက္မဟုတ္လား။
"ဒါေပမယ့္ Mr.Hamsley ကေတာ့ ေတာ္ေတာ္တန္တန္ႏိုင္ငံျခားစီးပြားေရးသမားေတြနဲ႔ေတာင္ တြဲမလုပ္တဲ့သူေနာ္"
Mr.HamsleyBerton(ဟန္စေလဘာတန္) က KD Group ရဲ့ CEOတစ္ေယာက္ျဖစ္ကာ အသက္အရြယ္အနည္းငယ္ရေနေပမယ့္ အခုထိဖ်တ္လတ္ဆဲ လူႀကီးတစ္ေယာက္ေပ။ဒါ့အျပင္ အစစအရာရာမွာတိက်ကာ KD Groupတစ္ခုလံုးကို အမွားအယြင္းမရိွ အုပ္စီးထားႏိုင္သူလည္းျဖစ္၏။KD Group ကအခုအခ်ိန္အထိစီးပြားေရးလမ္းေၾကာင္းေပၚမွာနံမည္ေကာင္းနဲ႔ ရပ္တည္ေနႏိုင္တာလည္း Mr.HamsleyBerton ေၾကာင့္ပဲမဟုတ္လား။
"အဲ့တာကေတာ့ ဟုတ္ပါတယ္...၊ဒါေပမယ့္ ရည္မွန္းထားတာဆိုေတာ့လည္း ႀကိဳးစားၾကည့္ရမွာေပါ့...၊ အဲ့မတိုင္ခင္ေတာ့ တစ္ျခားပါတနာေတြနဲ႔တြဲလုပ္ျဖစ္မွာပါ"
"ႏြယ္လည္း ကိုစက္နဲ႔အတူစီးပြားေရးတြဲလုပ္မယ္ဆိုအဆင္ေျပႏိုင္မလားေနာ္"
"ႏြယ္ဆိုရင္ေတာ့ ေျပာေနစရာကိုမလိုတာပါဗ်ာ....၊အခ်ိန္မေရြးပါပဲ"
စက္ရိွန္ကရယ္ရယ္ေမာေမာေျပာေတာ့ ႏြယ္ကလည္း ခပ္ၿပံဳးၿပံဳးႏွင့္ ထမင္းစားတဲ့ဆီအာရံုျပန္ထားလိုက္မိျပန္သည္။သို႔ေပမယ့္ စားေနရင္းပင္
"ဒါနဲ႔ ေမာင္ေနညီမေလးကေရာ အေမရိက,ကေနဘယ္ေတာ့ျပန္လာမွာတဲ့လဲ"
ညီမေလးဆိုသည့္စကားေၾကာင့္ စက္ရိွန္လွစ္ခနဲၿပံဳးမိသြား၏။အဲ့ဒီ ေျပာမရသည့္အဆိုးမေလးအေၾကာင္းကေတာ့ ေျပာကိုမေျပာခ်င္ေတာ့ပါ။
"ရိပ္ရိပ္က ဟိုမွာအေနၾကာေနေတာ့ ျမန္မာစကားေတာင္ေကာင္းေကာင္းေျပာတတ္ေသးရဲ့လားမသိပါဘူးအန္ကယ္ရယ္...၊ျပန္ေခၚရင္လည္း အကိုကိုျပန္ဂ်စ္ေနတာနဲ႔ စကားကေတာ္ေတာ္နဲ႔လမ္းမေပါက္ျဖစ္ေနတာ...၊ေဖေဖကအဲ့ေလာက္မဟုတ္ေပမယ့္ ေမေမကေတာ့ သူ႔သမီးကိုျပန္လာေစခ်င္တာေပါ့"
စက္ရိွန္ေျပာရင္း မႏိုင္စိန္ညီမျဖစ္သူအေၾကာင္းေတြးမိေတာ့ ႏူတ္ခမ္းတို႔ကၿပံဳးရိပ္ထင္ျပန္သည္။ေျပးၾကည့္မွ ႏွစ္ေယာက္ရိွတဲ့ေမာင္ႏွမေတျြဖစ္သလို၊သူ႔ရဲ့တစ္ဦးတည္းေသာညီမေလးက ခ်စ္စဖြယ္၊ႏွစ္လိုဖြယ္အျပည့္နဲ႔ မိန္းမေလးတစ္ဦး။ဒါေပမယ့္ အက်င့္ကေယာက်္ားေလးဆန္လြန္းသည့္ဘက္သြားတာမို႔ အေနအထိုင္ အျပဳအမူ ဝတ္စားဆင္ယင္ပံုေတြကအစ ေယာက်္ားေလးကဲ့သို႔ပင္ျဖစ္ေနတာမို႔ ေဖေဖက စည္းကမ္းႀကီးသူပီပီမႀကိဳက္ခ်င္။ေမေမကေတာ့ မႀကိဳက္ေပမယ့္ အရမ္းဆူပူတာမ်ိဳးမရိွဘဲ နားလည္ေအာင္ေျပာျပတတ္သည္သာ။
စက္ရိွန္က်ေတာ့ ကိုယ့္ညီမေလးကိုမိန္းကေလးဆန္ဆန္ေနေစခ်င္ေပမယ့္ သူ႔ပံုစံနဲ႔သူျဖစ္ေနတာကိုမတားခ်င္ေရာ၊သူကိုယ္တိုင္ကလည္း ေခတ္လူငယ္ျဖစ္ေနတာေရာေၾကာင့္ အေဖေျပာရင္ေတာင္ ကာစီးကာစီးလုပ္တတ္ေသးသည္။ႏွစ္ေယာက္သားဆံုလို႔ဖုန္းေျပာျဖစ္ၾကတဲ့အခါတိုင္း စက္ရိွန္ကျပန္ေခၚဖို႔အေၾကာင္းစလိုက္ရင္...၊
"ကိုကိုကလည္း အခုေန ရိပ္ရိပ္ရဲ့အခုပံုစံနဲ႔သာပံုလာၾကည့္ပါလား ေဖေဖကအေသပြားမွာ"
"မေခၚနဲ႔ မလာဘူး ကိုကိုပဲ ေဖေဖစည္းကမ္းကမ္းေအာက္မွာ ဗိုင္းေကာင္းေက်ာက္ဖိေယာက်္ားပ်ိဳေလးလုပ္စမ္းပါ"
ဆိုတာေတြနဲ႔ပဲေျပာတတ္ေသးသည္။ဖန္လဝန္းရိပ္ဆိုတာ ထိုကဲ့သို႔ေသာ လူဆိုးမေလးပင္။
"မိန္းကေလးဆိုေတာ့ မိဘနဲ႔ေဝးရာမွာအၾကာႀကီးဘယ္ေကာင္းမလဲေမာင္ေနရယ္...၊အန္တီက သမီးရိွတဲ့သူဆိုေတာ့ မျမတ္ကို ကိုယ္ခ်င္းစာမိတာေတာ့အမွန္ပဲ"
ႏြယ့္အေမအေျပာကို စက္ရိွန္ကၿပံဳးရင္း ေခါင္းၿငိမ့္ျပလိုက္ရင္း...၊
"ကြၽန္ေတာ္သိပါတယ္ အန္တီ...၊အခ်ိန္တစ္ခုေရာက္ရင္ေတာ့ ကြၽန္ေတာ္လည္းရိပ္ရိပ္ကိုျပန္ေခၚဖို႔ျပင္ထားပါတယ္...၊အခုအခ်ိန္ေတာ့ သူေလးကိုလြတ္လြတ္လပ္လပ္ေနေစခ်င္လို႔ပါ"
"အင္းေပါ့ အင္းေပါ့"
ေလးေယာက္သားထမင္းလက္ဆံုစားရင္း ေရာက္တက္ရာရာေတြေျပာေနၾကရာ စီးပြားေရးဆီေရာက္သြားလိုက္၊မိသားစုေရးရာေတြဆီေရာက္သြားလိုက္ႏွင့္ပင္။စက္ရိွန္လည္း စားေသာက္ၿပီးစီးလို႔နာရီၾကည့္လိုက္ေတာ့ အခ်ိန္ကေတာ္ေတာ္လင့္သြားတာမို႔ အားနာနာနဲ႔ႏူတ္ဆက္ၿပီး Hotelကိုျပန္လာခဲ့လိုက္မိ၏။Hotel ျပန္ေရာက္ေတာ့ လုပ္စရာက်န္ေသးတာေတြကိုလက္စသတ္လိုက္သည္။
အလုပ္ေတြအားလံုးၿပီးေတာ့ အခ်ိန္က၁၀နာရီေလာက္ပင္ျဖစ္ေတာ့မည္။မနက္လည္းခရီးသြားဖို႔ရိွတာေၾကာင့္ စက္ရိွန္အိပ္ဖို႔ျပင္ကာ အိပ္ယာေပၚလွဲလိုက္မိေတာ့ အေတြးထဲ ပါးခ်ိဳင့္နက္နက္ေလးေပၚေအာင္ၿပံဳးရယ္ျပတတ္သည့္ ခ်ာတိတ္ကို ျမင္ေယာင္သြားမိ၏။
"ဦးစက္ကိုလည္းသတိရတယ္ မႏၲေလးကမုန္႔ေတြကိုလည္းသတိရတယ္"
"မႏၲေလးမေရာက္တာၾကာေတာ့ မႏၲေလးအေငြ့အသက္ပါတဲ့မုန္႔ေတြနဲ႔ေဝးေနတာေလ"
"ဦးစက္ျပန္လာရင္မုန္႔ဝယ္ခဲ့လို႔ေျပာမလို႔ပါ ဟီး"
ရယ္သံစြက္ရင္းေျပာခဲ့တဲ့ ခ်ာတိတ္အသံကိုျပန္ၾကားမိေတာ့ စက္ရိွန္ကိုယ့္ဘာသာေတာင္မသိလိုက္မိပဲ ၿပံဳးမိသြားျပန္သည္။ၿပီးတာနဲ႔ ဖုန္းကိုလွမ္းယူလိုက္ၿပီး "ခ်ာတိတ္" လို႔မွတ္ထားသည့္နံပါတ္ေလးကိုေခၚလိုက္မိ၏။ဖုန္းဝင္တာနဲ႔ခ်က္ခ်င္းပင္တန္းကိုင္ကာ ၾကားေနက် ခပ္ဆူဆူအသံေလးက ေပ်ာ္ရြင္ျမဴးတူးစြာထြက္ေပၚလာေလသည္။
"ဦးစက္"
"အင္း"
"ဦးစက္ကဖုန္းဆက္တယ္လား...၊ဦးစက္ကတုတုကိုဖုန္းဆက္တာ ဒါပထမဆံုးပဲ ဟီး"
ေျပာရင္း ဟီးခနဲရယ္လိုက္တဲ့အသံေလးေၾကာင့္ စက္ရိွန္မ်က္လံုးထဲ ပံုရိပ္ေလးေတာင္ေပၚလာသလိုပင္။
"ကိုယ္မနက္ျဖန္ ရန္ကုန္ျပန္ေရာက္မယ္"
"တကယ္လားဟင္ ဦးစက္၊အဲ့ဆို ဦးစက္နဲ႔ေတြ့ရေတာ့မွာေပါ့ ေပ်ာ္လိုက္တာ"
"ကိုယ္နဲ႔ျပန္ေတြ့ရမွာအဲ့ေလာက္ေတာင္ေပ်ာ္သလား"
"ေပ်ာ္တာေပါ့ ဦးစက္ရဲ့"
"အင္း...ထားပါေလ၊မနက္ျဖန္ျပန္လာမွာဆိုေတာ့ ဘာမွာခ်င္လဲ ဘာဝယ္ခဲ့ရမလဲ"
"မုန္႔...မုန္႔ဝယ္ခဲ့"
"ၿပီးေတာ့ေရာ"
"အမ္း....."
စက္ရိွန္ေမးလိုက္ေတာ့ တစ္ဖက္ကေနစဥ္းစားေနသလို သံရွည္စြဲသံေလးေၾကာင့္ စက္ရိွန္စူးစူးစိုက္စိုက္ေလးနားေထာင္မိျပန္သည္။ခနေလာက္ၾကာေတာ့မွ
"ေက်ာက္စိမ္းလက္စြပ္"
"ဘယ္လို"
"ေက်ာက္စိမ္းလက္စြပ္ေလးဝယ္ခဲ့ေပး...၊တုတုေက်ာက္စိမ္းလက္စြပ္ေလးလိုခ်င္တယ္"
"ဒါပဲလား"
"ဟုတ္ ဒါပဲ"
ကေလးအလိမၼာေလးလို ေျပာေနတဲ့ခ်ာတိတ္ေၾကာင့္ စက္ရိွန္ေနာက္တစ္ခါၿပံဳးမိျပန္ပါသည္။ေက်ာက္စိမ္းလက္စြပ္တဲ့။ကေလးကလားနဲ႔ ဘာလုပ္ဖို႔လဲ ဟုလည္း စက္ရိွန္ေတြးမိလိုက္ေသးသည္။သို႔ေပမယ့္ လိုခ်င္တာဘာလဲေမးခဲ့တာက သူကိုယ္တိုင္ပဲမို႔...၊
"ဟုတ္ၿပီ ဝယ္ခဲ့ေပးမယ္...၊ခ်ာတိတ္လည္းေစာေစာအိပ္အုန္း"
"ဟုတ္ ဦးစက္"
"ဒါဆို Good Night"
"ဟုတ္ Good Night ပါဦးစက္...၊အိမ္မက္ခ်ိဳခ်ိဳေလးမက္ပါေစဗ်"
အိမ္မက္ခ်ိဳခ်ိဳေလးတဲ့လား...၊
အဟက္...ကေလးေတြကေတာ့ ကေလးစကားေတြပဲေျပာေနေတာ့တာပါလားေနာ္....။
________________________________________
"မင္း ဒီရက္ပိုင္းအိမ္အရမ္းကပ္ေနပါလား ဇမ္း...၊ဘာလဲ လိမၼာယဥ္ေက်းေကာင္ဆိုးေလးလုပ္ေနတာလား"
"လိမၼာယဥ္ေက်းလည္းေျပာေသးတယ္ ေကာင္ဆိုးေလးလည္းေျပာေသးတယ္ ခင္ဗ်ားဟာကဘာလဲ"
"မင္းကလိမၼာယဥ္ေက်းလုပ္လည္း အဆိုးေကာင္ကအဆိုးပဲေလ...၊အဲ့ေတာ့လိမၼာယဥ္ေက်းေကာင္ဆိုးေလးေပါ့"
"ဟြန္း...ခင္ဗ်ားပဲေျပာတတ္"
ၫႊန္းစေမးရင္ စကားလမ္းေၾကာင္းကေျဖာင့္ျဖဴးေနေပမယ့္ ဇမ္းျပန္ေမးရင္ ကေမာက္ကမနဲ႔ အေမးကလိုရင္းမေရာက္ျဖစ္ရသည္ကအၿမဲ။ဒီမနက္ အိမ္မွာပစၥည္းေတြပ်က္ေနတာနဲ႔ တစ္ပတ္စာ စားဖို႔ေသာက္ဖို႔ဝယ္ဖို႔အတြက္ ဇမ္းကိုေဈးလိုက္ပို႔ခိုင္းရတာျဖစ္သည္။ပံုမွန္အတိုင္း ႏွစ္ေယာက္သားဆိုင္ကယ္နဲ႔ထြက္လာၿပီး ေဈးနားေရာက္မွဆိုင္ကယ္ရပ္ကာ ႏွစ္ေယာက္သားလမ္းေလ်ွာက္ခဲ့ရ၏။
"ငါေမးတာေျဖစမ္းပါ...၊ဒီရက္ပိုင္းအိမ္ကပ္ေနသလားလို႔"
"အိမ္ကပ္တယ္ရယ္လည္းမဟုတ္ပါဘူး...၊ဒီတိုင္း ပြဲေတြမွမရိွတာ"
"မင္း ၿပိဳင္တဲ့အခါ ညဘက္ေတြပဲသြားရတာလား"
"အၿမဲတစ္သတ္မွတ္ထဲေတာ့မရိွပါဘူး ေန့လည္ခင္း၊ညေနခင္းေတြလည္းရိွတာပဲ အဓိက,ကၿပိဳင္တဲ့သူေတြရဲ့စိတ္ပဲ...မ်ားေသာအားျဖင့္ေတာ့ ညဘက္ေတြဟိုက္တာပိုမ်ားတယ္"
"ေအာ္"
ၫႊန္းက ဇမ္းေျပာတာကိုနားလည္သလိုေလးေအာ္ဆိုၿပီးခပ္ေလးေလးေျပာကာ ေဘးကေဈးသည္ေတြကိုတစ္ခ်က္ေစာင္းငဲ့ၾကည့္သည္။ၿပီးေတာ့ ဇမ္းကိုျပန္ၾကည့္ရင္း...၊
"မင္းဘာစားခ်င္လဲ...၊ငါဘာခ်က္ေပးရမလဲ"
ဇမ္းကိုၾကည့္ရင္းေျပာလာသည့္ ၫႊန္းရဲ့အသံေတြေရာမ်က္ဝန္းေတြကပါ ႏူးညံ့မႈ႔ေတြက သိသိသာသာေပ်ာ္ေနတာကို ဇမ္းသတိထားမိ၏။တစ္ခ်ိန္ထဲမွာပဲ ဇမ္းႏွလံုးသားဟာတစ္စံုတစ္ခုကခ်ည္ေနွာင္လိုက္သလို ညံ့သက္သြားခဲ့ရင္း...၊
"ခင္ဗ်ားအဆင္ေျပတာ...၊ခင္ဗ်ားဘာလုပ္လုပ္ က်ဳပ္အတြက္အဆင္ေျပတယ္"
"အင္း"
ဇမ္းအေျဖကိုၫႊန္းကလိုလိုလားလားေလးၿပံဳးကာ ေခါင္းၿငိမ့္၏။ၿပီးေတာ့ အသားတန္း၊အသီးအရြက္တန္းကိုပတ္ကာ သူအဆင္ေျပမယ္ထင္တာေတြဝယ္သည္။ဇမ္းကေတာ့ ဆိုင္ကယ္ေသာ့ေလးကိုလက္ထဲမွာကစားရင္း ၫႊန္းဝယ္သမ်ွလိုက္ၾကည့္ေန၏။သစ္သီးတန္းဘက္ကိုေလ်ွာက္ေတာ့ ဇမ္းကၫႊန္းပခံုးစြန္းေလးကို သူ႔ပခံုးနဲ႔သာသာေလးတိုက္ကာ...၊
"ပန္းသီးစိမ္းဝယ္ဖို႔မေမ့နဲ႔"
"မင္းစားဖို႔လား"
"ခင္ဗ်ားစားဖို႔ေလ...၊ဟိုမွာ ဝယ္လိုက္"
ဇမ္းကေျပာလည္းေျပာ ဆိုင္ဘက္ကိုလည္း အတင္းတြန္းလႊတ္ေနတာမို႔ ၫႊန္းဆိုင္ထဲဝင္လိုက္ရ၏။ဒါေပမယ့္ တကယ္ဝယ္ျဖစ္ခဲ့တာက ပန္းသီအနီ၃လံုးနဲ႔ ပန္းသီးစိမ္း၂လံုး။
"ဘာလို႔ ၂လံုးထဲလဲ"
"ေတာ္ၿပီ ၂လံုးပဲ"
"၅လံုးထပ္ဝယ္ခဲ့"
"ေတာ္ပါၿပီဆို"
"ခင္ဗ်ားအရမ္းေျပာရခက္တယ္ ဝယ္ခဲ့ဆို...၊ခင္ဗ်ားမသြားရင္က်ဳပ္သြားမယ္"
"ဇမ္းလို႔...၊အဲ့တာဆိုဒီလိုလုပ္ ညီတူမ်ွတူျဖစ္ေအာင္ အနီ၃လံုး အစိမ္း၃လံုးဝယ္မယ္ အဆင္ေျပလား"
ၫႊန္းကဇမ္းလက္ကိုဆြဲရင္းေသခ်ာေျပာျပတြက္ျပေတာ့မွ ဆရာသမားက ခပ္ၿငိမ္ၿငိမ္ျဖစ္သြားေလ၏။သို႔ေပမယ့္ မ်က္ခံုးေတြက တြန္႔ခ်ိဳးေနတုန္းျဖစ္ကာ ပန္းသီးေတြဆီကိုေမးေငါ့ျပသည္။အဲ့ေတာ့မွ ၫႊန္းပန္းသီေနာက္တစ္လံုးျဖည့္ယူၿပီးပိုက္ဆံရွင္းရေတာ့သည္။ပန္းသီးဆိုင္ကထြက္လာေတာ့ ၫႊန္းမွာ အသီးအရြက္ထုတ္ေတြ၊အသားထုတ္ေတြကလက္မွာအျပည့္မို႔ လြယ္လာတဲ့အိတ္က လက္ေမာင္းေပၚၿပိဳက်တာကိုျပန္မတင္အားဘဲ ဖရိုဖရဲျဖစ္ေနရ၏။
အေရ႔ွမွာ မႏိုင္မနင္းနဲ႔ကို႔ရို႔ကားယားျဖစ္ေနတဲ့ သူ႔လူကိုၾကည့္ကာ ဇမ္းစိတ္မရွည္ေတာ့။မႏိုင္ရင္လည္း လူတစ္ေယာက္လံုးပါတာဝိုင္းသယ္ခိုင္းပါေတာ့လား။ဇမ္း ေတြးလည္းေတြး လူကလည္း ၫႊန္းေဘးကိုေရာက္သြားကာ သူ႔လူလက္ထဲကအထုတ္ေတြကိုဆြဲယူလိုက္ရင္း....၊
"မႏိုင္ရင္ ေျပာပါေတာ့လား...၊မသိရင္က်ဳပ္ကလူမဟုတ္တဲ့အတိုင္းပဲ"
"ငါမင္းကို လူမဟုတ္ဘူးလို႔တစ္ခါမွမေျပာပါဘူး...၊ၿပီးေတာ့ ဒီေလာက္ေလးေတာ့ ငါလုပ္ႏိုင္ပါတယ္"
လုပ္ႏိုင္ပါတယ္ေျပာေနတဲ့လူရဲ့လက္ကိုၾကည့္လိုက္ေတာ့ လက္ဖဝါးေတြကရဲတြတ္ကာ ျမင္မေကာင္း။ေျပာရင္လည္း ေျပာျပန္ၿပီျဖစ္မွာေၾကာင့္ ဇမ္းဘာမွမေျပာဘဲ သူ႔လူလက္ထဲကအထုတ္ေတြကို အကုန္သယ္ကာေလ်ွာက္ဖို႔ျပင္လိုက္ေပမယ့္ ေဘးကျဖတ္သြားသည့္ ေရခဲမုန္႔သည္ဖြင့္သြားတဲ့ သီခ်င္းေၾကာင့္ ဇမ္းမ်က္ႏွာႀကီးရဲခနဲ....၊
ဖြင့္သြားသည့္သီခ်င္းပိုဒ္ကလည္း ဇမ္းအျဖစ္ႏွင့္တိုက္ဆိုင္စြာပင္....၊
🎼ရံုးပိတ္ရက္ကိုယ္အာတယ္...ေဈးျခင္းေတာင္းကိုယ္တိုင္ဆြဲကာ ဝယ္ျခမ္းမယ္....ထမင္းဟင္းလည္းကိုယ္ခ်က္ေကြၽးမယ္...
🎼ခ်စ္တာကို...ခ်စ္တာကို...ခ်စ္တာကို...ခ်စ္တာကို...
________________________________________
ဆိုင္ကယ္ေမာင္းေနရင္းဇမ္းစိတ္ထဲ ေစာေစာကၾကားခဲ့တဲ့သီခ်င္းကိုပဲေတြးေနမိ၏။
🎼ရံုးပိတ္ရက္ကိုယ္အာတယ္...ေဈးျခင္းေတာင္းကိုယ္တိုင္ဆြဲကာ ဝယ္ျခမ္းမယ္....ထမင္းဟင္းလည္းကိုယ္ခ်က္ေကြၽးမယ္...
🎼ခ်စ္တာကို...ခ်စ္တာကို...ခ်စ္တာကို...ခ်စ္တာကို...
အက်ိဳးနည္း အဲ့လိုသီခ်င္းကလည္းရိွေသးသတဲ့လား။ဘယ္ႏွယ့္ ဘယ္လိုေတာင္ အက်ိဳးနည္းသီခ်င္းတုန္း။သူျဖတ္သြားတဲ့အခ်ိန္က်မွ တိုက္တိုက္နဲ႔ဆိုင္ဆိုင္။
ဆိုင္ကယ္ေမာင္းေနရင္းသီခ်င္းအေၾကာင္းေတြးမိေတာ့ ဇမ္းမ်က္ႏွာႀကီးက ရႈံးမဲ့သြားလိုက္၊စိတ္ထဲအခ်ဥ္ေပါက္လာတိုင္း ခပ္ႀကိတ္ႀကိတ္မေကာင္းေျပာလိုက္နဲ႔ အေနာက္ကပါလာသည့္ လူကိုပင္ေမ့မတတ္ပင္။
"ဇမ္း!"
"......."
"ဇမ္းလို႔"
"ဟမ္...ဘာလဲ"
ဆိုင္ကယ္သံကဆူေနတဲ့အျပင္ ဇမ္းစိတ္ေတြကတစ္ျခားေရာက္ေနတာေၾကာင့္ သူ႔လူကိုေခၚတာေတာ္ေတာ္နဲ႔မၾကား။သူ႔ေက်ာကို သံုးေလးခ်က္ေလာက္ဆင့္ပုတ္ၿပီး ခပ္က်ယ္က်ယ္ေလးေခၚမွ ဇမ္းအလန္႔တၾကားျပန္ထူးမိသြားရ၏။
"ဟိုမွာ"
ၫႊန္းကပခံုးကိုေက်ာ္က အေရ႔ွခပ္လွမ္းလွမ္းကိုလက္ညိုးထိုးျပေတာ့ ဇမ္းလည္းစက္ရိွန္ကိုနည္းနည္းေနွးလိုက္ကာ ၾကည့္လိုက္မိ၏။ျမင္လိုက္တာနဲ႔ေနာက္တစ္ႀကိမ္ျပန္ၾကည့္စရာမလိုေလာက္ေအာင္ေသခ်ာေနသည့္ ပံုစံဟာ ရွင္းေခတ္ေစစားဆိုတဲ့ ေကာင္ေလး။
အရင္နဲ႔မတူတာက သူ႔ေရ႔ွကဇမ္းမျမင္ဖူးသည့္လူႏွစ္ေယာက္။ဒီအေျခအေန ဒီအေနအထားက ေနေကာင္းလား၊က်န္းမာလားေမးၿပီး အာလာပသလာပ ေျပာေနတဲ့ဟန္မဟုတ္တာက အေသအခ်ာ။ဇမ္းက အေျခအေနကိုအကဲခတ္ရင္း ခပ္လွမ္းလွမ္းမွာ ဆိုင္ကယ္ကိုရပ္ကာ ၫႊန္းကိုပါသူနဲ႔အတူဆင္းခိုင္းၿပီး အေျခအေနကိုတစ္ခ်က္ၾကည့္၏။ဒီေနရာနဲ႔ဆို သူတို႔ေနတဲ့ Condoကသိပ္မေဝးေတာ့တာေၾကာင့္လည္း ဇမ္းေအးေအးေဆးေဆးပဲ ၾကည့္ေနလိုက္မိသည္။
"ဇမ္း တစ္ခုခုမလုပ္ဘူးလား"
"ခနေစာင့္ၾကည့္လိုက္ပါအုန္း"
ဇမ္းကၫႊန္းကိုမၾကည့္ဘဲ ရွင္းရိွရာကိုေမးဆတ္ျပတာမို႔ ၫႊန္းလည္း ေစာင့္ၾကည့္ေနလိုက္ရ၏။
"အလုပ္ကထြက္လိုက္တယ္ဆိုၿပီး ႂကြက္လိုတြင္းေအာင္းေနလည္း ငါတို႔ကမင္းကိုမရွာတတ္ေတာ့ဘူးလို႔ထင္ေနတာလား ရွင္းခတ္ေစစား...ဟမ္!"
ေနာက္ဆံုးစကားကို အသံခပ္က်ယ္က်ယ္နဲ႔ဖိေဟာက္လိုက္တာမို႔ ရွင္းကိုယ္ေလးဆတ္ခနဲတုန္သြားရ၏။ရွင္းျဖစ္သြားပံုကို ေရ႔ွကလူႏွစ္ေယာက္က သေဘာတက် ရယ္လိုက္ရင္း ထိုႏွစ္ေယာက္ထဲက ခပ္ဖိုင့္ဖိုင့္တစ္ေယာက္က ရွင္းပခံုးေပၚကို သူ႔လက္လာတင္၏။
"ေျပးၿပီးဆိုရင္လြတ္ေအာင္ေျပး၊ပုန္းၿပီဆိုလံုေအာင္ပုန္း ျပန္မိလို႔ကေတာ့လြယ္မယ္မထင္နဲ႔ေကာင္စုတ္ေလးရဲ့"
ထိုလူကေျပာရင္း ရွင္းပခံုးကေနတစ္ဆင့္ ရွင္းရဲ့အက်ႌေကာ္လံကိုဆုပ္ဆြဲရင္းမလိုက္တာေၾကာင့္ ရွင္းလည္ပင္းေတာင္အင့္သြားသလို....၊
"မင္းကို ဒီပတ္ဝန္းက်င္မွာျပန္မေပၚလာဖို႔မွာထားတာျပန္ေပၚလာရဲေသးေတာ့ ေကာင္းေကာင္းသင္ခန္းစာေပးရမဲ့ပံုပဲ...ဟမ္"
ေျပာေျပာဆိုဆို ထိုလူ႔ရဲ့လြတ္လပ္ေနတဲ့လက္တစ္ဖက္က ေျမႇာက္တက္သြားေလရာ ရွင္းမ်က္လံုးေတြကိုအားကုန္မိွတ္ခ်ထားလိုက္မိေတာ့သည္။သို႔ေပမယ့္ ရိုက္ခ်က္က ရွင္းအေပၚေရာက္မလာခဲ့ဘဲ....၊
"ရုပ္ရွင္ရိုက္တာကလြဲရင္ လမ္းလယ္ေခါင္ႀကီးမွာ လူတစ္ေယာက္ကိုရိုက္တာက ေတာ္ေတာ္ကိုၾကည့္ရဆိုးတဲ့ျမင္ကြင္းပဲ"
"အကိုဇမ္း"
ရွင္းမ်က္ဝန္းေတြကဇမ္းကိုျမင္တာနဲ႔အားကိုးရာရသြားသလိုလက္ခနဲျဖစ္သြားရင္း ဇမ္းကိုအားကိုးတႀကီးလွမ္းေခၚ၏။
စပို႔ရွပ္အျဖဴေပၚကေန ဂ်ာကင္အနက္ကိုထပ္ဝတ္ထားၿပီး ခ်ိန္းႀကိဳးပါတဲ့ဂ်င္းနက္ေဘာင္းဘီနဲ႔ဇမ္းပံုစံကအေတာ္ကိုလိုက္ဖက္ၿပီးၾကည့္ေကာင္းေန၏။ဒါ့အျပင္ ေသေသသပ္သပ္ျဖစ္ေနသည့္ဆံပင္တို႔ကို လက္နဲ႔ထိုးဖြၿပီးခါပစ္လိုက္ပံုက ဘယ္သူ႔မွဂရုမစိုက္သည့္ အရိွမ္အဝါတို႔ကအထင္းသား။ေနာက္ၿပီး အနက္ေရာင္Umberto Luce စီးထားသည့္ေျခေထာက္ေတြက ေျခတစ္လွမ္း လွမ္းလာတိုင္း ေၾကာက္မက္ဖြယ္ တစ္စံုတစ္ခုကိုဖ်က္စီးဖန္တီးေတာ့မည့္အေငြ့အသက္ေတြအျပည့္။
"ကိုယ္နဲ႔မဆိုင္ရင္ လစ္လိုက္တာေကာင္းမယ္ထင္တယ္"
"ကိုယ္နဲ႔မဆိုင္ေပမယ့္ ကိုယ္သြားမဲ့လမ္းမွာလာဆိုင္ေနေတာ့ ေက်ာ္သြားဖို႔က နည္းနည္းစိတ္အခဲမေက်စရာမလား"
"အဲ့ေတာ့ ဘာျဖစ္ခ်င္တာလဲ"
"ခင္ဗ်ားတို႔ဒီကေနအခုဖယ္မလား က်ဳပ္မေရွာင္ဘဲဝင္တိုက္ရမလား"
ဇမ္းက လက္ထဲမွာကိုင္ထားသည့္ ဆိုင္ကယ္ေသာ့ကိုထိုလူေတျြမင္ေအာင္ေျမႇာက္ျပရင္း ဆိုသည္။ဇမ္းစကားေၾကာင့္ ထိုလူႏွစ္ေယာက္အနည္းငယ္တြန္႔သြားေပမယ့္ ခ်က္ခ်င္းအေလ်ာ့ေပးဖို႔ကေတာ့ ႏွစ္ေယာက္သားအတိုင္အေဖာက္မညီေသးသလိုပင္။
"လမ္းအက်ယ္ႀကီးကို မင္းဘာသာေရွာင္သြားပါလား"
"ေရွာင္တယ္ဆိုတာက်ဳပ္ရာဇဝင္မွာမရိွဘူး...က်ဳပ္လာတာကိုမွမေရွာင္ရင္ က်ဳပ္ကျဖတ္တိုက္သြားမွာ က်ိဳး က်ိဳး ကန္း ကန္း"
ဇမ္းကေနာက္ဆံုးစကားေလးလံုးကို ထိုႏွစ္ေယာက္အားေစ့ေစ့ၾကည့္ရင္း တစ္လံုးခ်င္းေအးစက္စက္ေျပာေလသည္။ႏွစ္ေယာက္သားဇမ္းပံုစံေၾကာင့္ ခပ္ရိွန္ရိွန္ျဖစ္သြားရ၏။သို႔ေပမယ့္ ေကာင္စုတ္ေလးတစ္ေကာင္ကိုေၾကာက္တယ္ဆိုတဲ့အျဖစ္ကိုလည္းအေရာက္မခံႏိုင္တဲ့အျပင္ ဘယ္အခ်ိန္ကမွန္းမသိ ရွင္းေခတ္ေစစားဆိုတဲ့ငနဲေလးကဟို႔ေကာင့္ေဘးေရာက္သြားတာေၾကာင့္ေရာ ေရ႔ွဆက္တိုးဖို႔ျပင္လိုက္ေတာ့
"ဆက္တိုးခ်င္တိုးလာလိုက္ ကြၽန္ေတာ္ရဲကိုဖုန္းဆက္ၿပီးၿပီး"
ဖုန္းေလးေထာင္ျပရင္း ခပ္သြက္သြက္ေလ်ွာက္လာတဲ့ ၫႊန္းေၾကာင့္ဇမ္းကလွည့္ၾကည့္သည္။ၫႊန္းကေတာ့ ဇမ္းေက်ာေနာက္မွာကပ္ၿပီးေၾကာက္ေနသည့္ ရွင္းကိုလက္ေမာင္းေလးကေန အသားဆြဲရင္း သူ႔ေဘးကိုေခၚထားလိုက္၏။
"ဘာမွမျဖစ္ဘူးေနာ္ အကိုတို႔ရိွတယ္"
ၫႊန္းက ရွင္းေၾကာက္ေနမွာဆိုးကာ အားေပးရင္း ဇမ္းအနားကိုကပ္ရပ္လိုက္ကာ....၊
"သတၲိရိွရင္ဆက္လုပ္လိုက္...၊ဒီအခ်ိန္မွာခင္ဗ်ားတို႔မသြားရင္ ေထာင္ထဲမွာညအိပ္သြားရလိမ့္မယ္"
"ေတာက္!! မင္းတို႔ လုပ္ထားအုန္းေပါ့...၊ဟိုေကာင္မင္း...."
"လူတစ္ေယာက္ကိုခ်ိန္းေျခာက္တာျပစ္မႈ႔ေျမာက္တယ္ေနာ္"
"ေနႏွင့္အုန္းေပါ့ကြာ မင္းတို႔"
ထိုလူႏွစ္ေယာက္က ၫႊန္းကိုမၾကည္,ၾကည့္နဲ႔ၾကည့္ရင္း ခပ္သြက္သြက္ပင္ထြက္သြားေလသည္။ႏွစ္ေယာက္လံုးေပ်ာက္သြားတဲ့အထိၾကည့္ၿပီးမွ ၫႊန္းကခြီးခနဲတိုးတိုးေလးရယ္ကာ ဇမ္းကိုျပန္ၾကည့္ေတာ့ လက္ပိုက္ရင္း သူ႔ကိုေသခ်ာစိုက္ၾကည့္ေနသည့္ ဇမ္းေၾကာင့္ ၫႊန္းရယ္ေနရင္းတို႔လို႔တန္းလန္းျဖစ္သြားရ၏။
"ဘာ...ဘာလဲ"
"ခင္ဗ်ားတကယ္ ရဲစခန္းကိုဖုန္းဆက္ထားတာလား...၊က်ဳပ္အဲ့လို ရဲအရႈပ္အရွင္းေတြနဲ႔မပတ္သတ္ခ်င္ဘူးေနာ္...အာရံုေနာက္တယ္"
မၾကည္သာစြာေျပာလိုက္တဲ့ဇမ္းမ်က္ႏွာအေတာ္ပင္ စိတ္ပ်က္ေနသည့္ပံု...၊
"မဆက္ပါဘူး...၊ငါသူတို႔ကိုေျခာက္လိုက္တာ"
ေျပာရင္းၫႊန္းကရယ္ခ်င္သလိုျဖစ္လာတာေၾကာင့္ ေခ်ာင္းတစ္ခ်က္ဟန္႔ရင္း သူ႔ႏူတ္ခမ္းေတြကို လက္ခံုေလးနဲ႔ပိတ္ထားသည္။ စိတ္ထဲမွာေတာ့ သူ႔ကိုယ္သူဟီးရိုးႀကီးလို႔ခံယူမိသြားတာအမွန္။
"ရွင္းေလး ဘာျဖစ္သြားေသးလဲ"
"ဘာမွေတာ့မျဖစ္ပါဘူးအကို...အကိုတို႔ကဘယ္လို"
"ေဈးသြားရင္း ျပန္လာေတာ့ ရွင္းေလးကိုေတြ့တာပဲ"
ေတြ့ေတြ့ခ်င္းအကိုကကူခိုင္းတာ ဇမ္းကခနေစာင့္ၾကည့္အုန္းမယ္ဆိုလို႔ခ်က္ခ်င္းမလာရတာလို႔ ေျပာခ်င္တဲ့စိတ္ကိုၫႊန္းအေတာ္ၿမိဳသိပ္ထားလိုက္ရ၏။
"ဘာပဲျဖစ္ျဖစ္ကူညီေပးတာေက်းဇူးတင္ပါတယ္ေနာ္ အကိုဇမ္းနဲ႔အကို"
ေက်းဇူးတင္လိုက္တာေတာ့ႏွစ္ေယာက္လံုးကိုေပမယ့္ ရွင္းရဲ့မ်က္ဝန္းအၾကည့္တို႔က ဇမ္းထံမွာ။ဇမ္းကေတာ့ ဘာမွမေမးသလို ဘာမွမေျပာဘဲ ဆိုင္ကယ္ရိွရာကိုသာျပန္ေလ်ွာက္သြားေလသည္။
"အကို ရွင္းတစ္ခုေလာက္ေျပာလို႔ရမလား"
ရွင္းက ၫႊန္းလက္ေလးကိုခ်ိတ္တြဲထားရင္း ငိုမဲ့မဲ့မ်က္ႏွာေလးနဲ႔ဆိုေတာ့ ၫႊန္းကလိုလိုလားလားေခါင္းၿငိမ့္ျပ၏။
"Condoနဲ႔ကနီးလာၿပီေပမယ့္ ကြၽန္ေတာ္တစ္ေယာက္ထဲျပန္ရမွာနည္းနည္းေၾကာက္ေနလို႔ အကိုတို႔နဲ႔အတူျပန္လိုက္လို႔ရမလားဟင္"
ရွင္းစကားကိုၾကားေတာ့ဇမ္းကဖ်တ္ခနဲလွည့္ၾကည့္သည္။ဒါကိုၫႊန္းကလည္း သိသည္။သို႔ေပမယ့္ သိပ္ဂရုစိုက္မေနဘဲ...၊
"ရတာေပါ့...၊မဟုတ္ေတာင္အကိုက ရွင္းေလးကိုဒီတိုင္းျပန္လႊတ္ဖို႔စိတ္မခ်ဘူးရယ္ အတူျပန္က်တာေပါ့...ဆိုင္ကယ္စီးရဲတယ္မလား"
"ဟုတ္ စီးေတာ့စီးရဲတယ္ ဒါမဲ့ သံုးေယာက္ဆိုေနာက္ဆံုးကမစီးရဲဘူး...၊ငယ္ငယ္က အဲ့လိုသံုးေယာက္စီးၿပီးေနာက္ဆံုးကထိုင္တာျပဳတ္က်ဖူးေတာ့ နည္းနည္းေၾကာက္လို႔...၊အလယ္ကထိုင္ရင္ေတာ့ရတယ္"
ရွင္းစကားကို ၫႊန္းစိတ္ထဲနည္းနည္းကသိကေအာက္ျဖစ္သြားေပမယ့္ ကေလးပဲဆိုသည့္အေတြးေလးကဝင္လာျပန္ေတာ့
"ဇမ္း ရွင္းေလးကိုအလယ္ကထားေပးၿပီး ျပန္ရေအာင္...မင္းအဆင္ေျပလား"
သံုးေယာက္သားဆိုင္ကယ္နားေရာက္လာၿပီမို႔ ဇမ္းကဆိုင္ကယ္ေပၚခြထိုင္ကာ ဝယ္လာတဲ့အထုတ္ေတြကိုၫႊန္းလက္ထဲကိုထည့္လိုက္ရင္း.....၊
"က်ဳပ္က ဆိုင္ကယ္တစ္စီးထဲကိုသံုးေယာက္မစီးတတ္ဘူး"
ဇမ္းရဲ့စကားကတိုတိုျပတ္ျပတ္...၊
"ဒါဆို မင္းရွင္းေလးကိုေခၚၿပီးအရင္ျပန္ႏွင့္မလား...ငါေနာက္ကလိုက္ခဲ့မယ္"
"ခင္ဗ်ားကိုတစ္ေယာက္ထဲက်ဳပ္ကဘယ္လိုထားခဲ့ရမွာလဲ"
"အဲ့တာဆို ဘယ္လိုလုပ္ရမွာလဲ...မင္းကဟိုလိုလည္းမဟုတ္ ဒီလိုလည္းမဟုတ္"
"ဒီနားမွာဆိုင္ကယ္ခနအပ္ခဲ့မယ္...၊ၿပီးမျွပန္လာယူလိုက္မယ္ အတူလမ္းေလ်ွာက္ျပန္တာေပါ့"
"ေအာ"
ဇမ္းကၫႊန္းအေျဖရတာနဲ႔ ဆိုင္ကယ္ေမာင္းၿပီးထြက္သြားေလသည္။ခနေလာက္ၾကာေတာ့ျပန္ေရာက္လာကာ ၫႊန္းလက္ထဲကအထုတ္ေတြကို ျပန္ယူသည္၏။ၿပီးေတာ့ ဘာမွမေျပာဘဲ သံုးေယာက္သားခပ္မွန္မွန္ေလ်ွာက္ရင္း အိမ္ျပန္လာမိၾကသည္။သံုးေယာက္ထဲမွာမွ တစ္မူထူးစြာ ရွင္းမ်က္ႏွာေလးကခပ္မဲ့မဲ့ေလးမအီမသာျဖစ္ေနခဲ့ကာ အေတြးတို႔ကလည္း ေနပူျပင္မွာခ်ထားတဲ့ေရခဲမုန္႔လို အရည္ေပ်ာ္ေနခဲ့လ်က္....၊
ေတြးထင္ထားခဲ့တာ ဒီလိုအေျခအေနမ်ိဳးမဟုတ္....။
___________________________________
ေနာက္တစ္ပိုင္းက်ရင္ မင္းတို႔ရဲ့Biker Boyေလးဇမ္းကိုျပန္ျမင္ရပါေတာ့မယ္ေနာ္။ရင္မ်ားခုန္ၾကသလား။နည္းနည္းေတာ့ေနာက္က်သြားတယ္။ေစာင့္ေနတဲ့ကေလးေတြလည္း ဒါေလးဖတ္ၿပီးအိပ္ေတာ့ေနာ္။Voteေတြေမ်ွာ္ေနသလို မန္႔ေတြဖတ္ဖို႔လည္းေစာင့္ေနပါတယ္လို႔။အကုန္လံုးက်န္းမာေရးဂရုစိုက္ၿပီး ေနြးေနြးေထြးေထြးေနၾကေနာ္။အခုရက္ပိုင္းျပန္ေအးလာသလိုပဲမို႔။အကုန္လံုး လပ္ျပဴး🙆♀️❤
ဒါနဲ႔ရွင္ေလးတို႔ကVoteေတြေက်ာ္ေပးသြားေတာ့ရင္မွာခံစားေနရၿပီကြယ္🤧ၿပီးေတာ့ အခုေနာက္ပိုင္းကစလို႔ ေရးမဲ့အပိုင္းေတြကို ဖတ္ေနရင္း အဆင္မေျပတာ၊ေပါ့တယ္ထင္လာတာဆို ကိုယ့္ကို လာေျပာလို႔ရပါတယ္ေနာ္။စိတ္မဆိုးပါဘူး။ဒါျဖင့္ အိမ္မက္လွလွမက္ၾကပါေစ သဲငယ္တို႔ေရ❤
YAMB
Nann Phan
29.1.2023
Words 4422
_____________________________________