အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

287K 51.4K 3.6K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
27 - Abandoned Hodpital (11)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

1

9.9K 985 172
By Melinoe_Megami

Unicode

TN : သွေးထွက်သံယို အနိဋ္ဌာရုံမြင်ကွင်းတွေ၊ ရွံရှာဖွယ်မြင်ကွင်းတွေ ပါဝင်နေသောကြောင့် စိတ်မခိုင်လျှင် မဖတ်ကြပါနဲ့ရှင်။

…………………………….

အခန်း (၁) – Beginner’s Instance (1)

ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေမှုကြောင့် ချန်ကျစ်ချူး နိုးထလာခဲ့သည်။

မျက်လုံးဖွင့်လိုက်သည်နှင့် အမှောင်ထုကြီးကို ရင်ဆိုင်လိုက်ရ၏။ မြက်ခင်းနှင့် သစ်သားရနံ့တို့ ရောယှက်ပါဝင်နေသော လေထုအေးအေးက သူ၏အာရုံခံစားမှုကို လှုံ့ဆော်နေလေပြီး ချက်ချင်း စိတ်ကြည်လင်သွားစေသည်။ သူ၏လက်များကို ကြိုးတစ်ချောင်းဖြင့် နောက်ပြန်တုပ်နှောင်ထားပြီး ခြေထောက်များလည်း ပူးချည်ခံထားရကြောင်း သတိပြုမိလိုက်ရာ ချန်ကျစ်ချူး အံ့အားသင့်သွားရသည်။ ထိုအနေအထားကြောင့် သူ လုံးဝလှုပ်မရခဲ့ပေ။

ကောင်းကင်တစ်ခုလုံး မှောင်မှိုက်နေပြီး ကြယ်တစ်ပွင့်ပင် မမြင်ရပါ။ ဘေးပတ်ဝန်းကျင်တွင်လည်း အလင်းဟူ၍ မှိန်ဖျော့ဖျော့ လမ်းမီးတိုင်များသာရှိပြီး ထိုမှအလင်းမှိန်မှိန်ကြောင့် လက်ရှိသူသည် ကုန်တင်ကားတစ်စီး၏ နောက်ခန်းတွင် ကြိုးတုပ်ခံထားရခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ ကုန်တင်ကားသည် တောအုပ်၏သစ်ပင်များအကြား တိတ်ဆိတ်သော လမ်းမကြီးထက်တွင် အရှိန်ဖြင့် မောင်းနှင်နေလေသည်။ လူသူအရိပ်အယောင်ဟူ၍ လုံးဝမတွေ့ရဘဲ တောင်တက်လမ်းအတိုင်း တောင်ထိပ်ပေါ်သို့ ဦးတည်နေခဲ့သည်။

“ဤရက်ပိုင်းအတွင်း မြို့ထဲတွင် ကြောက်မက်ဖွယ်ရာ လူသတ်မှုအများအပြား ဖြစ်ပေါ်ခဲ့ပါတယ်.. ရဲတပ်ဖွဲ့ကတော့ တရားခံဟာ တစ်ယောက်တည်းဟု ယုံကြည်လျက်ရှိပြီး………”

“လူသတ်သမားရဲ့ ပြစ်မှုကျူးလွန်တဲ့ နည်းလမ်းတွေက အရမ်းကို ရက်စက်ဆိုးရွားပါတယ်.. အသတ်ခံရသူတွေဟာ မသေဆုံးခင်အချိန်အတွင်း ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်း၊ ခြေလက်အင်္ဂါနဲ့ မျိုးပွားအင်္ဂါတွေ ဖြတ်တောက်ခံထားရသလို တချို့အစိတ်အပိုင်း တော်တော်များများလည်း ပျောက်ဆုံးနေကြပါတယ် .. ရဲတပ်ဖွဲ့က ဤအမှုကို ဖြေရှင်းနိုင်ဖို့အတွက် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်နေ………….”

“ပြည်သူလူထုကို ထပ်မံသတိပေးလိုတာကတော့ မိမိတို့လုံခြုံရေးကို ဂရုစိုက်ကြပါ.. ညဘက်တွေ တစ်ယောက်တည်း သွားလာလှုပ်ရှားခြင်းကိုလည်း ရှောင်……..”

ကားအင်ဂျင်သံနှင့်အတူ ကားအတွင်းမှ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော ရေဒီယိုအသံကို ကြားနေရလေ၏။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချန်ကျစ်ချူး သတိပြုမိသွားပြီး ကြောက်လန့်လာတော့သည်။ ဘာတွေဖြစ်ပျက်နေမှန်း သူ မသိပါချေ။ အစောပိုင်းက သူ၏အခန်းဖော်များနှင့်အတူ အဆောင်ခန်းထဲရှိနေခဲ့တာ သေချာသည်။ ရုတ်တရက် ငိုက်မြည်းလာပြီး ပြန်နိုးလာချိန်မှာတော့ ဤကုန်တင်ကားပေါ် ရောက်နေကြောင်း သိလိုက်ရသည်။

အိပ်မက်မဟုတ်ပါ။ သူ၏အသိစိတ်အာရုံအရ ဤတစ်ခုတော့ သေချာနေသည်။ အိပ်မက်မဟုတ်လျှင် အဘယ်ကြောင့် ဤနေရာ၌ နိုးထလာရသနည်း။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် အဆောင်အိပ်ခန်းထဲမှာ ရှိနေသေးသည်။ ရုတ်တရက်ကြီး တောအုပ်အလယ်မှ ကုန်တင်ကားနောက်ခန်းတွင် အဘယ်ကြောင့် တုပ်နှောင်ခံထားရပါသနည်း။

ရုတ်ချည်းဆန်လွန်းသော အဖြစ်အပျက်များကြောင့် ချန်ကျစ်ချူးခမျာ စိတ်ရှုပ်ထွေးလာတော့သည်။ လက်ရှိအခြေအနေကို အင်တင်တင်ဖြင့် လက်ခံနိုင်ရန် အချိန်အတော်ယူလိုက်ရသည်။

ဘာတွေဖြစ်ပျက်နေမှန်း သူ မသိပါသော်လည်း ကြိုးတုပ်ခံထားရသည်ကို ကြည့်ခြင်းအားဖြင့် ပြန်ပေးဆွဲခံရတာ ဖြစ်နိုင်သည်။ သူ ဘာမှမလုပ်လျှင် ဆိုးဆိုးရွားရွား အရာတစ်ခုက သူ့အား စောင့်ကြိုနေချေတော့မည်။ ထို့ကြောင့် သူ လွတ်မြောက်မှဖြစ်မည်။

“Thunk --- Thunk..”

လမ်းတစ်လျှောက်လုံး ကုန်တင်ကားမှ အသံပေါင်းစုံ ထွက်နေလေ၏။ ချန်ကျစ်ချူးသည် အကြောက်တရားများကို ပြန်လည်မြိုသိပ်ထားရင်း ကုန်တင်ကားနောက်ခန်းကို စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတော့ ချွန်ထွက်နေသော သတ္တုအပိုင်းအစလေးတစ်ခုကို ရှာတွေ့ခဲ့လေသည်။ ထို့ကြောင့် ထိုနေရာသို့ ရွှေ့သွားလိုက်ရင်း သတ္တုအချွန်ဖြင့် သူ၏လက်မှကြိုးကို ထပ်ခါထပ်ခါ ပွတ်တိုက်နေခဲ့သည်။

ပိုမြန်ရမယ်..! မြန်မြန်လုပ်မှဖြစ်မယ်..!‌

ညသန်းခေါင်အလယ် တောကြီးမျက်မည်းထဲတွင် အပူချိန်ကျဆင်းနေသော်လည်း ချန်ကျစ်ကျူးခမျာတော့ တခဏအတွင်း ချွေးဆို့လာရ၏။ နာကျင်မှုကို အံကြိတ်သည်းခံရင်း သူ့ရဲ့လက်ကို ချည်နှောင်ထားသောကြိုးဖြင့် သတ္တုချွန်ကို ထပ်တလဲလဲ ပွတ်တိုက်နေလိုက်သည်။

ဆယ့်မိနစ်ခန့် ကြာမြင့်ခဲ့လေသည်။ သို့သော် ချန်ကျစ်ချူးအတွက်တော့ ဤဆယ်မိနစ်သည် သူကြုံဖူးသမျှထဲတွင် အကြာဆုံးဖြစ်၏။ နောက်ဆုံးတော့ ကြိုးပြတ်သွားပြီး အနည်းငယ် ထပ်မံရုန်းကန်လိုက်ရာ သူ၏လက်နှစ်ဖက်လုံး လွတ်မြောက်သွားတော့သည်။

“ဟောဟဲ.. ဟောဟဲ…”

သူ့လက်မောင်းများ ကိုက်ခဲနာကျင်လာသည်အထိ ခြေကုန်လက်ပန်းကျနေချေပြီ။ သို့သော် အချိန်သိပ်မဆွဲရဲပေ။ နာကျင်မှုကို သည်းခံရင်း သူ၏ခြေထောက်မှ ကြိုးများကို အမြန်ဖြည်လိုက်သည်။ ပြီးနောက် တစ်ကိုယ်လုံး စစ်ဆေးကြည့်လိုက်သောအခါ ဖုန်းရော၊ ပိုက်ဆံအိတ်ပါ ပျောက်ဆုံးနေလေပြီ။ ကားမောင်းသမား ယူထားတာဖြစ်ရမည်။

ဖြစ်နိုင်လျှင် ဘာကိုမျှဂရုမစိုက်တော့ဘဲ ခုန်ချထွက်ပြေးလိုက်ချင်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ဆန္ဒ မပြည့်ဝခဲ့ပါချေ။ ကုန်ကားနောက်ခန်းသည် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း သူ၏ဘေးပတ်လည်တွင် သံချောင်းများဖြင့် ကာရန်ထားပြီး သံလှောင်အိမ်သဖွယ် ဖြစ်နေခဲ့သည်။ ခြံမွေးတိရစ္ဆာန်များ သယ်ယူပို့ဆောင်သည့် ကုန်ကားဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သံတိုင်များသည် အလွန်မာကျောလှပြီး သူထွက်ပြေးရန် ဘယ်လိုမှမဖြစ်နိုင်ခဲ့ချေ။

သံလှောင်အိမ်ဖွင့်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည်ကား အနောက်ဘက်မှ…..

ချန်ကျစ်ချူးက ခြေလက်များကိုသုံးကာ တွယ်တက်လိုက်ရင်း သံလှောင်အိမ်၏အပေါ်မှ သော့ခလောက်ကို အားဖြင့် ဆွဲကြည့်လိုက်သည်။ သို့သော် သော့ခလောက်က ခိုင်ခံ့လွန်းသောကြောင့် ဆွဲဖြုတ်၍မရခဲ့ချေ။ သော့ပေါက်က အလွန်သေးသလို သူ့တွင် အသုံးပြုစရာ ဝါယာကြိုးစလည်းမရှိ။ အကယ်၍ ရှိခဲ့လျှင်ပင် ဝါယာကြိုးစကိုသုံး၍ သုံးဖွင့်နိုင်သည့်စွမ်းရည်မျိုး သူ့မှာ မရှိပါချေ။ အတော်ကြာ ကြိုးစားခဲ့သော်လည်း သော့ခလောက်သည် တံခါးအပေါ်မှ တုတ်တုတ်မလှုပ်ချေ။

ချန်ကျစ်ချူးမှာ အကြောက်လွန်၍ ခြေလက်များပင် အေးစက်လာတော့သည်။ မလွတ်မြောက်နိုင်မှတော့ ပြန်ပေးဆွဲသမားများနှင့် လိမ်လိမ်မာမာ ပူးပေါင်းပေးရုံသာ ရှိတော့သည်ဟူသော အတွေးမျိုးဝင်ရသည်အထိ။ တစ်ဖက်လူက ပိုက်ဆံလိုချင်သောကြောင့် ပြန်ပေးဆွဲတာ ဖြစ်နိုင်သည်။ သူသာ နာခံနေသရွေ့ သူ၏အသက်ကို အာမခံနိုင်လိမ့်မည်။

သို့သော် ထိုအခိုက်အတန့် သွေးညှီနံ့တချို့ ရလိုက်၏။

ကုန်တင်ကားသည် အရှိန်လျော့သွားပြီး အရှေ့ဘက်တွင် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ခြံဝင်းကျယ်ကြီးထဲသို့ ဖြည်းဖြည်းချင်း မောင်းဝင်လာခဲ့ရင်း သွေးညှီနံ့များ ပိုမိုပြင်းထန်လာတော့သည်။

မြေပြင်ပေါ်တွင် သွေးကွက်ကြီးများ ပြန့်ကျဲလျက်၊ အဟောင်းရော၊ အသစ်များပါ စွန်းထင်နေလေသည်။ တချို့က နီညစ်ညစ်ဖြစ်သော်လည်း တချို့ကတော့ ရဲရဲတောက် လတ်ဆတ်နေဆဲ။ ချန်ကျစ်ချူးခမျာ မှင်သက်သွားပြီး သားသတ်ရုံများ ရောက်လာသလားဟု တွေးလိုက်မိသေးသည်။ သို့သော် နောက်တစ်ကြိမ် ထပ်မံအကဲခတ်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရ၏။

ကုန်တင်ကားနှင့် မလှမ်းမကမ်း ကြမ်းပြင်ပေါ်တွင် မိန်းကလေးအလောင်းတစ်ခု ရှိနေခဲ့သည်။ အလောင်း၏ မျက်နှာပေါ်တွင် နာကျင်မှုများဖြင့် ပြည့်နှက်လျက်၊ အရေပြားများပင် စတင်ပုပ်အက်နေလေပြီ။ ခြေလက်များမှာ မြင်မကောင်းအောင် ကောက်ကွေးလိမ်နေပြီး ရင်ညွှန့်မှအစာအိမ်အထိ အဖွင့်ခံထားရ၍ နံရိုးဖြူဖြူများပင် မြင်နေရသည်။ အတွင်းအင်္ဂါများ ပျောက်ဆုံးနေလေပြီး အလောင်းကိုယ်မှ အပုပ်နံ့ထွက်နေသောကြောင့် ယင်တလောင်းလောင်း ဖြစ်နေတော့သည်။ လောက်ကောင်များက လှုပ်စိလှုပ်စိဖြင့် အပုပ်အသိုး အသားတုံးကြီးကို ပွဲတော်တည်နေကြသည်။

ကျောချမ်းဖွယ် ထိုမြင်ကွင်းကိုကြည့်ရင်း ချန်ကျစ်ချူး၏ခြေထောက်များ ပျော့ခွေလာခဲ့၏။ မျက်နှာတစ်ပြင်လုံး ချွေးစေးများဖြင့် ရွှဲနင့်နေလေပြီး ကုန်တင်ကားကြမ်းပြင်ပေါ် ပက်လက်လန်ကျသွားခဲ့သည်။ မအန်မိအောင် သူ့ပါးစပ်သူ ပိတ်ထားရလေသည်။

ကုန်တင်ကားစီးလာရင်း မသဲမကွဲ ကြားလိုက်ရသော ရေဒီယိုမှကြေညာသံကို ပြန်ကြားယောင်လာခဲ့သည်။ ထိုအခါမှ သူ၏လက်ရှိအခြေအနေသည် သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေကြောင်း သတိပြုမိလိုက်သည်။

သာမာန်ပြန်ပေးသမား မဟုတ်ဘူးဟ၊ စိတ္တဇလူသတ်သမားပဲ..! ထွက်မပြေးနိုင်ရင်…. သူ သေရတော့မယ်..!

သူ၏စိတ်ထဲ အချက်ပေးသံများ ပေါ်ထွက်လာပြီး အသိစိတ်လွတ်လုမတတ်။ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ထွက်ပြေးချင်သော်ငြား သူ၏ခန္ဓာကိုယ်က မပူးပေါင်းနိုင်ခဲ့ပေ။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေလေပြီး ခန္ဓာကိုယ်ကြွက်သားများက သာမာန်လှုပ်ရှားမှုလေးပင် မလုပ်နိုင်လောက်အောင် တောင့်တင်းနေတော့သည်။

“ကျွီ…… ဒုတ်..!”

ထိုအခိုက် ကုန်တင်ကားသည် ခြံဝင်းအလယ်တွင် ရပ်တန့်သွားပြီး ကားတံခါး ဆောင့်ပိတ်သံကို ကြားလိုက်ရသည်။ မြေပြင်ပေါ်မှ ကျောက်စရစ်ခဲများကို ဖြတ်လျှောက်လာသော ခြေသံခပ်ပြင်းပြင်းကို ကြားလိုက်ရသည်နောက် အကြောက်လွန်၍ ကြက်သေ,သေနေသော ချန်ကျစ်ချူးမှာ အနည်းငယ် အသိပြန်ဝင်လာခဲ့သည်။

လူတစ်ယောက်တည်း၏ ခြေသံများသာ။ ကားသမား၏ခြေသံ ဖြစ်နိုင်သည်။ ကားထဲတွင် စိတ္တဇလူသတ်သမား တစ်ယောက်တည်း သာ ရှိနေတာဖြစ်နိုင်သည်။ သို့သော် ဤသည်က အဆောက်အအုံထဲတွင် တခြားကြံရာပါများ မရှိတော့ဟူ၍ မဆိုလိုပေ။

ချန်ကျစ်ချူး၏စိတ်ထဲတွင် ထိုအတွေးများ စိုးမိုးလာခဲ့လေသည်။ သို့သော် လျှောက်တွေးနေရန် အချိန်မရှိပါ။ သူ ဖြတ်ထားသော ကြိုးစများကို ကပျာကယာ ဖွက်လိုက်ရင်း သတိရလာစဉ်က အနေအထားအတိုင်း ပြန်နေလိုက်၏။ မျက်လုံးပိတ်ကာ အအေးဓာတ်ကြောင့် တုန်ယင်နေသလို ဟန်ဆောင်လိုက်သည်။ ဤနည်းဖြင့် တစ်ဖက်လူ သတိလျော့သွားပြီး သူ့အတွက် ထွက်ပြေးနိုင်မည့် အခွင့်အရေးရလာရန် မျှော်လင့်နေခဲ့သည်။

“ကလောက်.. ကလောက်..”

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အရိပ်မည်းတစ်ခု ဖြည်းညင်းစွာ လှုပ်ရှားနေလေသည်။ ခြေသံတစ်ချက်ကြားတိုင်း ကြောက်မက်ဖွယ်ရာ ခြေလှမ်းသံက ချန်ကျစ်ချူး၏နှလုံးအိမ်ကို နင်းခြေနေသယောင်။ အနောက်မှာ ဖွက်ထားသည့် သူ၏လက်များ တောင့်တင်းသွားရသည်။ အသက်ရှူသံကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း သူနိုးနေတာကို တစ်ဖက်လူမသိအောင် ကြိုးစားလိုက်သည်။

အရိပ်မည်းက လှောင်အိမ်အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ချန်ကျစ်ချူးသည် မျက်လုံးတစ်ဖက်ကို ခပ်ယောင်ယောင်လေး ဖွင့်လိုက်ရင်း ချောင်းကြည့်လိုက်သောအခါ ရှော့ရသွားရသည်။ ကားသမား၏ ခန္ဓာကိုယ်က သူထင်ထားသည်ထက် အလွန်ကြီးမားနေသည်။ နှစ်မီတာခန့်မြင့်ပြီး သူ၏ပုံစံက ဝက်ဝံညိုကြီးအလား။ လက်တစ်ဖက်တည်းဖြင့်ပင် သူကို လွယ်လင့်တကူ သတ်ပစ်လိုက်နိုင်သည်။

ဒီပုံစံအတိုင်းဆို သူဘယ်လိုလုပ် လွတ်မြောက်နိုင်တော့မှာလဲ..?!

ချန်ကျစ်ချူးခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ချေ။ ထိုအခိုက် ကားသမားက လှောင်အိမ်တံခါးကို သော့ဖြင့်ဖွင့်လိုက်သည်။ ကျွီခနဲမြည်သံနှင့်အတူ လှောင်အိမ်တံခါး ပွင့်လာခဲ့၏။ ထိုသူက သံတိုင်များကို အားပြုကာ ကုန်တင်ကားပေါ်သို့ ခုန်တက်လာခဲ့သည်။ ထိုသူ ကားပေါ်သို့ရောက်သည်နှင့် ကားတစ်စီးလုံး အိကျသွားခဲ့သည်။

တဖြည်းဖြည်း နီးကပ်လာသော ကားသမားကိုကြည့်ရင်း ချန်ကျစ်ချူးသည် စိတ်လှုပ်ရှားလာရ၏။ သူ ဆက်ပြီးတောင့်မခံနိုင်တော့ပေ။ ကပျာကယာ လှိမ့်ထွက်လိုက်ရင်း ခုန်ထကာ လွတ်နေသည့်နေရာမှ ထွက်ပြေးရန် ကြိုးစားတော့သည်။

အစောပိုင်း တွေးထင်ခဲ့သည်မှာ ကားသမားက အလွန်ထွားသောကြောင့် လှုပ်ရှားမှုနေကွေးလိမ့်မည်၊ ဤနေရာကျဉ်းကျဉ်းလေးတွင် သူ့ကိုလိုက်ဖမ်းရန် ချက်ချင်း ပြန်မလှည့်နိုင်လောက်ဟူ၍။ သို့သော် ကားသမားအတွက် ပြန်လှည့်ရန်ပင် မလိုအပ်ခဲ့ချေ။ သူ၏ခေါင်းကို လက်နောက်ပြန်ကျွေးလိုက်ရုံဖြင့် ချန်ကျစ်ချူးခမျာ သတိလစ်သွားရပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။

………သေပြီ။

ချန်ကျစ်ချူး သတိမလစ်ခင် နောက်ဆုံးအတွေးပင်။

……………..

နောက်တစ်ကြိမ် သတိပြန်ရလာသောအခါ သူ၏မျက်လုံးများကို ချက်ချင်း ပြန်မဖွင့်နိုင်ခဲ့ပေ။ အကြောင်းမှာ သူ၏အရှေ့မှ အလင်းရောင်သည် အလွန်စူးရှနေသောကြောင့် ဖြစ်၏။ သူ၏အနောက်မှ မာကျောသော အတွေ့အထိကို သတိပြုမိလိုက်ရာ နံရံဘေးတွင် ရောက်ရှိနေကြောင်း ချန်ကျစ်ချူး သိလိုက်သည်။

ထိုတခဏ ချန်ကျစ်ချူးမှာ မိန်းမောနေလေပြီး အဆောင်ခန်းထဲမှာပဲ ရှိနေသေးသလိုလို၊ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်ဆိုးတစ်ခုဟုသာ ထင်မြင်လာမိတော့သည်။ သို့သော် သက်ပြင်းမချနိုင်ခင်မှာပင် အသက်ရှူကျပ်လုမတတ် သွေးညှီနံ့များကြောင့် အစောပိုင်းက နေရာမှာပင် ရှိနေသေးကြောင်း သတိထားမိလိုက်၏။ ထိုအခါမှ သူ၏ခြေလက်များကို သံကွင်းများဖြင့် ချည်နှောင်ထားပြီး နံရံပေါ်တွင် ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သတိပြုမိခဲ့သည်။

ထိုစဉ် သူ၏မျက်နှာပေါ်သို့ နွေးထွေးသော တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်။ တစ်စုံတစ်ဦး၏ လက်ချောင်းပင်။ ချန်ကျစ်ချူးခမျာ စိတ်မပြင်ဆင်ထားမိ၍ အလန့်တကြား ထအော်မိပြီးမှ နောင်တ,ရသွားတော့သည်။ သတိမေ့နေသလို ဆက်ဟန်ဆောင်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူ၏မြင်ကွင်းက ဝေဝါးနေပါသော်လည်း ယောက်ျားလက်တစ်ဖက်ကို မြင်နိုင်ခဲ့၏။ အချိုးအဆစ်တိုင်းက သေသပ်လှပြီး အသားဖြူသည်။ ရှည်သွယ်သော လက်ချောင်းများဖြင့် တကယ့်ကို ကြည့်ကောင်းလွန်းသော လက်တစ်ဖက်ပါပင်။

ထိုလက်သည် ဖြည်းညင်းစွာ လှုပ်ရှားနေရင်း သူ၏ပါးပြင်ကို အသာအသာ ထိတွေ့နေလေသည်။ ထိုအပြုအမူ၏နောက်တွင် အပြုံးတစ်ခုကို ဖော်ဆောင်နိုင်သည့် နှစ်လိုဖွယ်ကောင်းသော အသံတစ်ခု လိုက်ပါလာခဲ့သည်။

“မင်းနိုးနေပြီပဲ..”

ချန်ကျစ်ချူး၏ ခန္ဓာကိုယ်လေး တုန်ယင်သွားခဲ့သည်။ အမြင်အာရုံ ပြန်လည်ကြည်လင်လာသောအခါ သူ၏မျက်နှာကို ထိတွေ့နေသော လက်သွယ်သွယ်နောက်မှ တစ်ဖက်လူ၏ အသွင်သဏ္ဌာန်ကို မြင်လိုက်ရသည်။

တစ်ဖက်လူ၏မျက်နှာကို သေသေချာချာ မြင်လိုက်ရချိန်တွင် ချန်ကျစ်ချူးတစ်ယောက် တခဏမျှ အံ့အားသင့်သွားရ၏။ သူ၏အရှေ့မှ အမျိုးသားသည် ထင်မှတ်မထားအောင် ငယ်ရွယ်နေသည်။ ပိန်သွယ်သော ခန္ဓာကိုယ်အချိုးအစားဖြင့် ရုပ်ရည်ကလည်း ချောမောခန့်ညားသည်။ သူ့ကိုကြည့်နေသော ထိုအမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးနုနုလေးပင် ထင်ဟပ်နေသေးသည်။

အကယ်၍ ထိုသူ၏ အသားဖြူဖြူပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးစက်များသာ မစွန်းထင်းနေခဲ့ဘူးဆိုလျှင်၊ လက်တစ်ဖက်က သွေးတစ်စက်စက်ကျနေသည့် ခွဲစိတ်ခန်းသုံးဓားကို မကိုင်ထားဘူးဆိုလျှင်၊ ထိုလူ၏မျက်ဝန်းထဲမှ ကြောက်မက်ဖွယ်ရာအကြည့်ကို မခံစားမိဘူးဆိုလျှင်၊ ချန်ကျစ်ချူး၏စိတ်ထဲ ထိုအမျိုးသားအား လူကောင်းတစ်ယောက်ဟု တွေးထင်မိမည်ပင်။

သို့သော် သူ့အား ခေါင်းအစခြေအဆုံးကြည့်နေသော တစ်ဖက်လူ၏ အကြည့်စူးစူးကြောင့် ချန်ကျစ်ချူးမှာ တကယ်လုံး အေးစက်သွားရပြီး တောင့်တင်းသွားတော့သည်။ ထိုယောက်ျားက သူ့အား သက်ရှိလူသားတစ်ယောက်လို ကြည့်နေတာမဟုတ်ကြောင်း သူပြောနိုင်သည်။ ထိုလူက သူ့အား အဖိုးတန်အရုပ်သစ်လေးကို ကြည့်ရှုခံစားနေခြင်းပင်။

ထိုလူ၏ပုံပန်းသဏ္ဌာန်အရ အန္တရာယ်ရှိပုံမပေါ်သော်လည်း အစောပိုင်း တွေ့ခဲ့ရသော ကားသမားကြီးနှင့်ယှဉ်လျှင် ဤလူကသာ စိတ္တဇလူသတ်သမားဖြစ်ကြောင်း ချန်ကျစ်ချူး အတပ်ပြောနိုင်၏။ ထိုလူ၏လက်ထဲတွင် ထိတ်လန့်စက်ဆုပ်ဖွယ် နည်းလမ်းအမျိုးမျိုးဖြင့် အသက်ပေးရလောက်သည်။

“အသားအရောင် သိပ်မကောင်းပါလား.. နေမကောင်းဘူးလား..?”

သူ၏အခြေအနေကို စိုးရိမ်နေဟန်ဖြင့် ရုပ်ချောချောအမျိုးသားက မသိမသာလေး မျက်မှောင်ကြုတ်သွားသည်။ ပြီးနောက် ချန်ကျစ်ချူး၏ ဖြူဖျော့ဖျော့ ပါးပြင်နှစ်ဖက်ကို အသာအယာ ထိတွေ့လာခဲ့လေသည်။ သို့သော် ထိုအပြုအမူက ချန်ကျစ်ချူးအား ပို၍ပင် ထိတ်လန့်သွားစေ၏။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။

 “တောင်းပန်ပါတယ်.. ကိုယ့်လက်အောက်ငယ်သားက ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းကို နာကျင်စေရပြီ..”

ထိုယောက်ျားသည် တောင်းပန်လိုသော လေသံမျိုးဖြင့် ပြောလာခဲ့သည်။ ပြီးနောက် အနည်းငယ် ကိုင်းညွတ်ကာ ချန်ကျစ်ချူး၏ နဖူးပေါ်သို့ ခပ်ဖွဖွနမ်းလိုက်၏။ အသက်ရှူငွေ့နွေးနွေးဖြင့် ချန်ကျစ်ချူး၏ နားရွက်နားသို့ တိုးကပ်သွားပြီး ခပ်တိုးတိုးဆိုသည်။

“အရမ်းနာသွားမှာပဲ.. ကိုယ်တကယ်တောင်းပန်ပါတယ်.. ကိုယ်ကလွဲရင် တခြားလူတွေထိတွေ့တာ ရွံ့စရာကောင်းတယ်လို့ ခံစားနေရတာလား..?”

‘ကိုယ်ကလွဲရင်’ ဆိုတာ ဘာစကားကြီးတုန်း..? မင်းကမှ ရွံ့စရာအကောင်းဆုံးကွ..!

ရုတ်တရက် သောက်ရူးကောင်၏ အနမ်းခံလိုက်ရသည့်အပြင် အေးစက်စက် အထိအတွေ့ကြောင့် ချန်ကျစ်ချူးမှာ ရွံ့ရှာဒေါသထွက်လာတော့သည်။ ပါးစပ်မှ ဆဲဆိုသည့်စကားများပင် ထွက်ကျလုမတတ်။ အကြည့်လွဲလိုက်ချိန်တွင် ကြမ်းပြင်ပေါ်မှ အပုံလိုက်ဖြစ်နေသည့် အရာများကို မြင်လိုက်ရလေသည်။ ထိုအခိုက် ချန်ကျစ်ချူးခမျာ မျက်လုံးပြူးသွားပြီး ငယ်သံပါအောင် ထအော်တော့သည်။

သွေးအတိဖုံးလွှမ်းနေသော အသားတုံးများ။ အရိုးဖြူဖြူများကို ဘေးကပ်ထားပြီး အကြောမျှင်များဖြင့် ရောနှောထားသည်။ ထိုအပေါ်မှာတော့ အံ့အားသင့်နေသည့် အမူအရာမျိုး ထင်ကျန်ဆဲဖြစ်သော ကားသမား၏ ဦးခေါင်းပြတ်ကြီး ရှိနေလေသည်။ အစောပိုင်းတင် မုဆိုးနေရာမှ ကစားခဲ့သော ကားသမားခမျာ ယခုတော့ သွေးသံတရဲရဲ အသားစိမ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ရုပ်ချောချောအမျိုးသားက ပြုံးလိုက်ရင်း ပြောလာသည်။

“မင်းအပေါ် သူလုပ်ခဲ့မိတဲ့ အပြုအမူအတွက် အရမ်းစိတ်မကောင်းဖြစ်ပြီး တောင်းပန်ချင်နေတာလေ.. ဒီလျော်ကြေးကို လိုလိုလားလားပဲ သူကိုယ်တိုင် ပေးအပ်ခဲ့တာ..”

ထိုသူက ပေါ့ပေါ့ပါးပါး ပြောနေပါသော်လည်း ထိုအပြုအမူကြောင့်ပင် ချန်ကျစ်ချူး၏ အသိစိတ်များ ပြိုလဲလုမတတ်။ မျက်ရည်စများ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်အထိ ကြောက်လန့်သွားရှာ၏။ ထိုသို့ဖြစ်နေလျှင် အရူးကောင် ပိုစိတ်ကြွလာမည်ဖြစ်ကြောင်း သူသိနေပါသော်လည်း ဤအခြေအနေမျိုးနှင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာရသောအခါ ခန္ဓာကိုယ်၏ အလိုလိုတုံ့ပြန်မှုကို မထိန်းချုပ်နိုင်တော့ချေ။

သူက ငိုရှိုက်ကာ တောင်းပန်လိုက်သည်။

“ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး.. တောင်းပန်ပါတယ်.. ကျွန်တော့်ကို သွားခွင့်ပြုပါနော်.. မသတ်ပါနဲ့နော်…..”

“မကြောက်ပါနဲ့..”

ထိုယောက်ျားသည် လက်မြှောက်ကာ သူ၏မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်ပေးခဲ့သည်။ အပြုအမူက အလွန်ညင်သာစွာ၊ မျက်ဝန်းစိုစိုများကို ခပ်ဖွဖွလေးပင် နမ်းရှိုက်လိုက်သေးသည်။ ပြီးနောက် တစ်ခြားလက်မှ ခွဲစိတ်ခန်းသုံးဓားကို ချန်ကျစ်ချူး၏ လည်ပင်းပေါ်သို့ တင်လိုက်၏။ ချက်ချင်းဆိုသလိုပင်၊ ထက်ရှသော ဓားသွားက အရေးပြားပေါ်တွင် ရှရာသေးသေးလေး ဖြစ်ပေါ်စေခဲ့သည်။

“ကိုယ်မင်းကို မသတ်ချင်ပါဘူး..”

“ကိုယ်က မင်းရဲ့အသွေးအသားတိုင်းကို တစ်စမကျန်စားသုံးပြီး အမြဲတမ်း အတူရှိချင်ရုံပါ..”

“ဘာလို့လဲဆိုတော့….. ကိုယ်မင်းကို အရမ်းချစ်လို့လေ..”

သူ့အရေပြားကို ဖောက်ထွင်းလာသော ဓားသွားနေရာမှ နာကျင်မှုသည် တစ်စထက်တစ်စ ကြီးမားလာခဲ့လေ၏။ အဘယ်ကြောင့် ရုတ်တရက်ကြီး ဤသောက်ရူးကောင်၏ အချစ်ခံနေမှန်း ချန်ကျစ်ချူးလည်း မသိပါချေ။ အဘယ်ကြောင့် ဤမျှဆိုးဝါးလှသည့် အဖြစ်အပျက်မျိုး ကြုံတွေ့နေရမှန်း သူ နားမလည်ပါချေ။ စိတ်ပျက်အားငယ်စွာဖြင့် မျက်လုံးမှိတ်လိုက်ရင်း သူ၏ကံကြမ္မာကိုသာ လက်ခံနိုင်ရန် ပြင်ဆင်ထားလိုက်သည်။ ထိုအခိုက်အတန့် သူ၏စိတ်ထဲတွင် ထူးထူးဆန်းဆန်း အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

[အသက်ရှင်ချင်ပါသလား..?]

[ဤနေရာမှလွတ်မြောက်ပြီး မူလကမ္ဘာကို ပြန်ရောက်လိုပါသလား..?]

[ဒါပေါ့.. ပြန်သွားချင်တာပေါ့..!! စိတ္တဇလူသတ်သမားရဲ့လက်ထဲမှာ ဘယ်သူက သေချင်မှာလဲလို့..!!]

ချန်ကျစ်ချူးသည် ရှင်သန်လိုစိတ်ကြောင့် သွေးလေခြောက်ခြားပြီး ကြားချင်ရာကြားနေသည်ဟု ထင်မြင်ကာ ဘာမှထပ်မတွေးဘဲ ပြန်ဖြေလိုက်သည်။ အစကတော့ အသံကျယ်ကျယ်ဖြင့် အော်ဖြေလိုက်သည်ဟု ထင်နေခဲ့ပါသော်လည်း တကယ်တမ်း စိတ်ထဲမှသာ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည်။

[ကောင်းတယ်.. အသက်ဆက်ရှင်ချင်ရင် နည်းလမ်းပြောပြမယ်..]

[မင်းရဲ့ရှေ့က ရုပ်ချောချောအမျိုးသားကို တွေ့လား..?]

[ချက်ချင်း နမ်းလိုက်၊ ရင်းချင်းအပ်ပြီး အားပါးတရ နမ်းလိုက်.. အချစ်တွေနဲ့ နမ်းစုပ်ပစ်လိုက်.. လျှာကိုသုံးပြီး သူ့ရဲ့ပါးစပ်ထဲ ခပ်ပြင်းပြင်း မွှေပစ်လိုက်.. အဲ့လိုလုပ်နိုင်တာနဲ့ မင်းအသက်ရှင်ပြီ..!!]

ချန်ကျစ်ချူး : “………”

သေခါနီးတောင် သူ့ကိုယ်ပိုင်စိတ်ကူးတွေက ဘာလို့ဒီလောက် ရှက်စရာကောင်းနေရတာလဲ..?

*****

??? ရဲ့ ဒိုင်ယာရီမှတ်တမ်း (Part 1)

ငါခံစားမိနေတယ်။ သူ ဂိမ်းထဲဝင်လာပြီ။

ဒီတစ်ခေါက်တော့ ငါ သူ့ကို လက်လွတ်ဆုံးရှုံးမခံတော့ဘူး။

……………………………………………….

TN : *ဘာသာပြန်သူလေး Meli ကြောက်လွန်းလို့ ထိုင်ငိုနေ*

ကြူးရဲတဲ့လူ ကြူးကြပါတော့ရှင် T~T

……………………………………………….

Zawgyi

TN : ေသြးထြက္သံယို အနိ႒ာ႐ုံျမင္ကြင္းေတြ၊ ႐ြံရွာဖြယ္ျမင္ကြင္းေတြ ပါဝင္ေနေသာေၾကာင့္ စိတ္မခိုင္လွ်င္ မဖတ္ၾကပါနဲ႔ရွင္။

…………………………….

အခန္း (၁) – Beginner’s Instance (1)

ျပင္းျပင္းထန္ထန္ လႈပ္ယမ္းေနမႈေၾကာင့္ ခ်န္က်စ္ခ်ဴး ႏိုးထလာခဲ့သည္။

မ်က္လုံးဖြင့္လိုက္သည္ႏွင့္ အေမွာင္ထုႀကီးကို ရင္ဆိုင္လိုက္ရ၏။ ျမက္ခင္းႏွင့္ သစ္သားရနံ႔တို႔ ေရာယွက္ပါဝင္ေနေသာ ေလထုေအးေအးက သူ၏အာ႐ုံခံစားမႈကို လႈံ႕ေဆာ္ေနေလၿပီး ခ်က္ခ်င္း စိတ္ၾကည္လင္သြားေစသည္။ သူ၏လက္မ်ားကို ႀကိဳးတစ္ေခ်ာင္းျဖင့္ ေနာက္ျပန္တုပ္ေႏွာင္ထားၿပီး ေျခေထာက္မ်ားလည္း ပူးခ်ည္ခံထားရေၾကာင္း သတိျပဳမိလိုက္ရာ ခ်န္က်စ္ခ်ဴး အံ့အားသင့္သြားရသည္။ ထိုအေနအထားေၾကာင့္ သူ လုံးဝလႈပ္မရခဲ့ေပ။

ေကာင္းကင္တစ္ခုလုံး ေမွာင္မႈိက္ေနၿပီး ၾကယ္တစ္ပြင့္ပင္ မျမင္ရပါ။ ေဘးပတ္ဝန္းက်င္တြင္လည္း အလင္းဟူ၍ မွိန္ေဖ်ာ့ေဖ်ာ့ လမ္းမီးတိုင္မ်ားသာရွိၿပီး ထိုမွအလင္းမွိန္မွိန္ေၾကာင့္ လက္ရွိသူသည္ ကုန္တင္ကားတစ္စီး၏ ေနာက္ခန္းတြင္ ႀကိဳးတုပ္ခံထားရျခင္း ျဖစ္ေၾကာင္း သိလိုက္ရ၏။ ကုန္တင္ကားသည္ ေတာအုပ္၏သစ္ပင္မ်ားအၾကား တိတ္ဆိတ္ေသာ လမ္းမႀကီးထက္တြင္ အရွိန္ျဖင့္ ေမာင္းႏွင္ေနေလသည္။ လူသူအရိပ္အေယာင္ဟူ၍ လုံးဝမေတြ႕ရဘဲ ေတာင္တက္လမ္းအတိုင္း ေတာင္ထိပ္ေပၚသို႔ ဦးတည္ေနခဲ့သည္။

“ဤရက္ပိုင္းအတြင္း ၿမိဳ႕ထဲတြင္ ေၾကာက္မက္ဖြယ္ရာ လူသတ္မႈအမ်ားအျပား ျဖစ္ေပၚခဲ့ပါတယ္.. ရဲတပ္ဖြဲ႕ကေတာ့ တရားခံဟာ တစ္ေယာက္တည္းဟု ယုံၾကည္လ်က္ရွိၿပီး………”

“လူသတ္သမားရဲ႕ ျပစ္မႈက်ဴးလြန္တဲ့ နည္းလမ္းေတြက အရမ္းကို ရက္စက္ဆိုး႐ြားပါတယ္.. အသတ္ခံရသူေတြဟာ မေသဆုံးခင္အခ်ိန္အတြင္း ဆိုးဆိုး႐ြား႐ြား ညႇင္းပန္းႏွိပ္စက္ခံခဲ့ရၿပီး ခႏၶာကိုယ္အစိတ္အပိုင္း၊ ေျခလက္အဂၤါနဲ႔ မ်ိဳးပြားအဂၤါေတြ ျဖတ္ေတာက္ခံထားရသလို တခ်ိဳ႕အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားလည္း ေပ်ာက္ဆုံးေနၾကပါတယ္ .. ရဲတပ္ဖြဲ႕က ဤအမႈကို ေျဖရွင္းႏိုင္ဖို႔အတြက္ အင္တိုက္အားတိုက္ ႀကိဳးစားေဆာင္႐ြက္ေန………….”

“ျပည္သူလူထုကို ထပ္မံသတိေပးလိုတာကေတာ့ မိမိတို႔လုံၿခဳံေရးကို ဂ႐ုစိုက္ၾကပါ.. ညဘက္ေတြ တစ္ေယာက္တည္း သြားလာလႈပ္ရွားျခင္းကိုလည္း ေရွာင္……..”

ကားအင္ဂ်င္သံႏွင့္အတူ ကားအတြင္းမွ ျပတ္ေတာင္းျပတ္ေတာင္း ထြက္ေပၚလာေသာ ေရဒီယိုအသံကို ၾကားေနရေလ၏။ တစ္စုံတစ္ရာ မွားယြင္းေနေၾကာင္း ခ်န္က်စ္ခ်ဴး သတိျပဳမိသြားၿပီး ေၾကာက္လန႔္လာေတာ့သည္။ ဘာေတြျဖစ္ပ်က္ေနမွန္း သူ မသိပါေခ်။ အေစာပိုင္းက သူ၏အခန္းေဖာ္မ်ားႏွင့္အတူ အေဆာင္ခန္းထဲရွိေနခဲ့တာ ေသခ်ာသည္။ ႐ုတ္တရက္ ငိုက္ျမည္းလာၿပီး ျပန္ႏိုးလာခ်ိန္မွာေတာ့ ဤကုန္တင္ကားေပၚ ေရာက္ေနေၾကာင္း သိလိုက္ရသည္။

အိပ္မက္မဟုတ္ပါ။ သူ၏အသိစိတ္အာ႐ုံအရ ဤတစ္ခုေတာ့ ေသခ်ာေနသည္။ အိပ္မက္မဟုတ္လွ်င္ အဘယ္ေၾကာင့္ ဤေနရာ၌ ႏိုးထလာရသနည္း။ လြန္ခဲ့သည့္ စကၠန႔္ပိုင္းကပင္ အေဆာင္အိပ္ခန္းထဲမွာ ရွိေနေသးသည္။ ႐ုတ္တရက္ႀကီး ေတာအုပ္အလယ္မွ ကုန္တင္ကားေနာက္ခန္းတြင္ အဘယ္ေၾကာင့္ တုပ္ေႏွာင္ခံထားရပါသနည္း။

႐ုတ္ခ်ည္းဆန္လြန္းေသာ အျဖစ္အပ်က္မ်ားေၾကာင့္ ခ်န္က်စ္ခ်ဴးခမ်ာ စိတ္ရႈပ္ေထြးလာေတာ့သည္။ လက္ရွိအေျခအေနကို အင္တင္တင္ျဖင့္ လက္ခံႏိုင္ရန္ အခ်ိန္အေတာ္ယူလိုက္ရသည္။

ဘာေတြျဖစ္ပ်က္ေနမွန္း သူ မသိပါေသာ္လည္း ႀကိဳးတုပ္ခံထားရသည္ကို ၾကည့္ျခင္းအားျဖင့္ ျပန္ေပးဆြဲခံရတာ ျဖစ္ႏိုင္သည္။ သူ ဘာမွမလုပ္လွ်င္ ဆိုးဆိုး႐ြား႐ြား အရာတစ္ခုက သူ႔အား ေစာင့္ႀကိဳေနေခ်ေတာ့မည္။ ထို႔ေၾကာင့္ သူ လြတ္ေျမာက္မွျဖစ္မည္။

“Thunk --- Thunk..”

လမ္းတစ္ေလွ်ာက္လုံး ကုန္တင္ကားမွ အသံေပါင္းစုံ ထြက္ေနေလ၏။ ခ်န္က်စ္ခ်ဴးသည္ အေၾကာက္တရားမ်ားကို ျပန္လည္ၿမိဳသိပ္ထားရင္း ကုန္တင္ကားေနာက္ခန္းကို စစ္ေဆးၾကည့္လိုက္သည္။ ေနာက္ဆုံးေတာ့ ခြၽန္ထြက္ေနေသာ သတၱဳအပိုင္းအစေလးတစ္ခုကို ရွာေတြ႕ခဲ့ေလသည္။ ထို႔ေၾကာင့္ ထိုေနရာသို႔ ေ႐ႊ႕သြားလိုက္ရင္း သတၱဳအခြၽန္ျဖင့္ သူ၏လက္မွႀကိဳးကို ထပ္ခါထပ္ခါ ပြတ္တိုက္ေနခဲ့သည္။

ပိုျမန္ရမယ္..! ျမန္ျမန္လုပ္မွျဖစ္မယ္..!‌

ညသန္းေခါင္အလယ္ ေတာႀကီးမ်က္မည္းထဲတြင္ အပူခ်ိန္က်ဆင္းေနေသာ္လည္း ခ်န္က်စ္က်ဴးခမ်ာေတာ့ တခဏအတြင္း ေခြၽးဆို႔လာရ၏။ နာက်င္မႈကို အံႀကိတ္သည္းခံရင္း သူ႔ရဲ႕လက္ကို ခ်ည္ေႏွာင္ထားေသာႀကိဳးျဖင့္ သတၱဳခြၽန္ကို ထပ္တလဲလဲ ပြတ္တိုက္ေနလိုက္သည္။

ဆယ့္မိနစ္ခန႔္ ၾကာျမင့္ခဲ့ေလသည္။ သို႔ေသာ္ ခ်န္က်စ္ခ်ဴးအတြက္ေတာ့ ဤဆယ္မိနစ္သည္ သူႀကဳံဖူးသမွ်ထဲတြင္ အၾကာဆုံးျဖစ္၏။ ေနာက္ဆုံးေတာ့ ႀကိဳးျပတ္သြားၿပီး အနည္းငယ္ ထပ္မံ႐ုန္းကန္လိုက္ရာ သူ၏လက္ႏွစ္ဖက္လုံး လြတ္ေျမာက္သြားေတာ့သည္။

“ေဟာဟဲ.. ေဟာဟဲ…”

သူ႔လက္ေမာင္းမ်ား ကိုက္ခဲနာက်င္လာသည္အထိ ေျခကုန္လက္ပန္းက်ေနေခ်ၿပီ။ သို႔ေသာ္ အခ်ိန္သိပ္မဆြဲရဲေပ။ နာက်င္မႈကို သည္းခံရင္း သူ၏ေျခေထာက္မွ ႀကိဳးမ်ားကို အျမန္ျဖည္လိုက္သည္။ ၿပီးေနာက္ တစ္ကိုယ္လုံး စစ္ေဆးၾကည့္လိုက္ေသာအခါ ဖုန္းေရာ၊ ပိုက္ဆံအိတ္ပါ ေပ်ာက္ဆုံးေနေလၿပီ။ ကားေမာင္းသမား ယူထားတာျဖစ္ရမည္။

ျဖစ္ႏိုင္လွ်င္ ဘာကိုမွ်ဂ႐ုမစိုက္ေတာ့ဘဲ ခုန္ခ်ထြက္ေျပးလိုက္ခ်င္သည္။ သို႔ေသာ္ ကံမေကာင္းစြာျဖင့္ သူ၏ဆႏၵ မျပည့္ဝခဲ့ပါေခ်။ ကုန္ကားေနာက္ခန္းသည္ ဟာလာဟင္းလင္း ျဖစ္ေနေသာ္လည္း သူ၏ေဘးပတ္လည္တြင္ သံေခ်ာင္းမ်ားျဖင့္ ကာရန္ထားၿပီး သံေလွာင္အိမ္သဖြယ္ ျဖစ္ေနခဲ့သည္။ ၿခံေမြးတိရစာၦန္မ်ား သယ္ယူပို႔ေဆာင္သည့္ ကုန္ကားျဖစ္ေပလိမ့္မည္။ ထို႔ေၾကာင့္ သံတိုင္မ်ားသည္ အလြန္မာေက်ာလွၿပီး သူထြက္ေျပးရန္ ဘယ္လိုမွမျဖစ္ႏိုင္ခဲ့ေခ်။

သံေလွာင္အိမ္ဖြင့္ႏိုင္သည့္ တစ္ခုတည္းေသာ နည္းလမ္းသည္ကား အေနာက္ဘက္မွ…..

ခ်န္က်စ္ခ်ဴးက ေျခလက္မ်ားကိုသုံးကာ တြယ္တက္လိုက္ရင္း သံေလွာင္အိမ္၏အေပၚမွ ေသာ့ခေလာက္ကို အားျဖင့္ ဆြဲၾကည့္လိုက္သည္။ သို႔ေသာ္ ေသာ့ခေလာက္က ခိုင္ခံ့လြန္းေသာေၾကာင့္ ဆြဲျဖဳတ္၍မရခဲ့ေခ်။ ေသာ့ေပါက္က အလြန္ေသးသလို သူ႔တြင္ အသုံးျပဳစရာ ဝါယာႀကိဳးစလည္းမရွိ။ အကယ္၍ ရွိခဲ့လွ်င္ပင္ ဝါယာႀကိဳးစကိုသုံး၍ သုံးဖြင့္ႏိုင္သည့္စြမ္းရည္မ်ိဳး သူ႔မွာ မရွိပါေခ်။ အေတာ္ၾကာ ႀကိဳးစားခဲ့ေသာ္လည္း ေသာ့ခေလာက္သည္ တံခါးအေပၚမွ တုတ္တုတ္မလႈပ္ေခ်။

ခ်န္က်စ္ခ်ဴးမွာ အေၾကာက္လြန္၍ ေျခလက္မ်ားပင္ ေအးစက္လာေတာ့သည္။ မလြတ္ေျမာက္ႏိုင္မွေတာ့ ျပန္ေပးဆြဲသမားမ်ားႏွင့္ လိမ္လိမ္မာမာ ပူးေပါင္းေပး႐ုံသာ ရွိေတာ့သည္ဟူေသာ အေတြးမ်ိဳးဝင္ရသည္အထိ။ တစ္ဖက္လူက ပိုက္ဆံလိုခ်င္ေသာေၾကာင့္ ျပန္ေပးဆြဲတာ ျဖစ္ႏိုင္သည္။ သူသာ နာခံေနသေ႐ြ႕ သူ၏အသက္ကို အာမခံႏိုင္လိမ့္မည္။

သို႔ေသာ္ ထိုအခိုက္အတန႔္ ေသြးညႇီနံ႔တခ်ိဳ႕ ရလိုက္၏။

ကုန္တင္ကားသည္ အရွိန္ေလ်ာ့သြားၿပီး အေရွ႕ဘက္တြင္ အလင္းေရာင္တစ္ခု ေပၚထြက္လာခဲ့သည္။ ၿခံဝင္းက်ယ္ႀကီးထဲသို႔ ျဖည္းျဖည္းခ်င္း ေမာင္းဝင္လာခဲ့ရင္း ေသြးညႇီနံ႔မ်ား ပိုမိုျပင္းထန္လာေတာ့သည္။

ေျမျပင္ေပၚတြင္ ေသြးကြက္ႀကီးမ်ား ျပန႔္က်ဲလ်က္၊ အေဟာင္းေရာ၊ အသစ္မ်ားပါ စြန္းထင္ေနေလသည္။ တခ်ိဳ႕က နီညစ္ညစ္ျဖစ္ေသာ္လည္း တခ်ိဳ႕ကေတာ့ ရဲရဲေတာက္ လတ္ဆတ္ေနဆဲ။ ခ်န္က်စ္ခ်ဴးခမ်ာ မွင္သက္သြားၿပီး သားသတ္႐ုံမ်ား ေရာက္လာသလားဟု ေတြးလိုက္မိေသးသည္။ သို႔ေသာ္ ေနာက္တစ္ႀကိမ္ ထပ္မံအကဲခတ္လိုက္ေသာအခါ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ မ်က္ႏွာတစ္ခုလုံး ျဖဴေဖ်ာ့သြားရ၏။

ကုန္တင္ကားႏွင့္ မလွမ္းမကမ္း ၾကမ္းျပင္ေပၚတြင္ မိန္းကေလးအေလာင္းတစ္ခု ရွိေနခဲ့သည္။ အေလာင္း၏ မ်က္ႏွာေပၚတြင္ နာက်င္မႈမ်ားျဖင့္ ျပည့္ႏွက္လ်က္၊ အေရျပားမ်ားပင္ စတင္ပုပ္အက္ေနေလၿပီ။ ေျခလက္မ်ားမွာ ျမင္မေကာင္းေအာင္ ေကာက္ေကြးလိမ္ေနၿပီး ရင္ၫႊန႔္မွအစာအိမ္အထိ အဖြင့္ခံထားရ၍ နံ႐ိုးျဖဴျဖဴမ်ားပင္ ျမင္ေနရသည္။ အတြင္းအဂၤါမ်ား ေပ်ာက္ဆုံးေနေလၿပီး အေလာင္းကိုယ္မွ အပုပ္နံ႔ထြက္ေနေသာေၾကာင့္ ယင္တေလာင္းေလာင္း ျဖစ္ေနေတာ့သည္။ ေလာက္ေကာင္မ်ားက လႈပ္စိလႈပ္စိျဖင့္ အပုပ္အသိုး အသားတုံးႀကီးကို ပြဲေတာ္တည္ေနၾကသည္။

ေက်ာခ်မ္းဖြယ္ ထိုျမင္ကြင္းကိုၾကည့္ရင္း ခ်န္က်စ္ခ်ဴး၏ေျခေထာက္မ်ား ေပ်ာ့ေခြလာခဲ့၏။ မ်က္ႏွာတစ္ျပင္လုံး ေခြၽးေစးမ်ားျဖင့္ ႐ႊဲနင့္ေနေလၿပီး ကုန္တင္ကားၾကမ္းျပင္ေပၚ ပက္လက္လန္က်သြားခဲ့သည္။ မအန္မိေအာင္ သူ႔ပါးစပ္သူ ပိတ္ထားရေလသည္။

ကုန္တင္ကားစီးလာရင္း မသဲမကြဲ ၾကားလိုက္ရေသာ ေရဒီယိုမွေၾကညာသံကို ျပန္ၾကားေယာင္လာခဲ့သည္။ ထိုအခါမွ သူ၏လက္ရွိအေျခအေနသည္ သူထင္ထားသည္ထက္ ပိုမိုဆိုး႐ြားေနေၾကာင္း သတိျပဳမိလိုက္သည္။

သာမာန္ျပန္ေပးသမား မဟုတ္ဘူးဟ၊ စိတၱဇလူသတ္သမားပဲ..! ထြက္မေျပးႏိုင္ရင္…. သူ ေသရေတာ့မယ္..!

သူ၏စိတ္ထဲ အခ်က္ေပးသံမ်ား ေပၚထြက္လာၿပီး အသိစိတ္လြတ္လုမတတ္။ အေတြးတစ္ခုသာ က်န္ရွိေတာ့သည္။ ထြက္ေျပးခ်င္ေသာ္ျငား သူ၏ခႏၶာကိုယ္က မပူးေပါင္းႏိုင္ခဲ့ေပ။ တစ္ကိုယ္လုံး တဆတ္ဆတ္ တုန္ယင္ေနေလၿပီး ခႏၶာကိုယ္ႂကြက္သားမ်ားက သာမာန္လႈပ္ရွားမႈေလးပင္ မလုပ္ႏိုင္ေလာက္ေအာင္ ေတာင့္တင္းေနေတာ့သည္။

“ကြၽီ…… ဒုတ္..!”

ထိုအခိုက္ ကုန္တင္ကားသည္ ၿခံဝင္းအလယ္တြင္ ရပ္တန႔္သြားၿပီး ကားတံခါး ေဆာင့္ပိတ္သံကို ၾကားလိုက္ရသည္။ ေျမျပင္ေပၚမွ ေက်ာက္စရစ္ခဲမ်ားကို ျဖတ္ေလွ်ာက္လာေသာ ေျခသံခပ္ျပင္းျပင္းကို ၾကားလိုက္ရသည္ေနာက္ အေၾကာက္လြန္၍ ၾကက္ေသ,ေသေနေသာ ခ်န္က်စ္ခ်ဴးမွာ အနည္းငယ္ အသိျပန္ဝင္လာခဲ့သည္။

လူတစ္ေယာက္တည္း၏ ေျခသံမ်ားသာ။ ကားသမား၏ေျခသံ ျဖစ္ႏိုင္သည္။ ကားထဲတြင္ စိတၱဇလူသတ္သမား တစ္ေယာက္တည္း သာ ရွိေနတာျဖစ္ႏိုင္သည္။ သို႔ေသာ္ ဤသည္က အေဆာက္အအုံထဲတြင္ တျခားႀကံရာပါမ်ား မရွိေတာ့ဟူ၍ မဆိုလိုေပ။

ခ်န္က်စ္ခ်ဴး၏စိတ္ထဲတြင္ ထိုအေတြးမ်ား စိုးမိုးလာခဲ့ေလသည္။ သို႔ေသာ္ ေလွ်ာက္ေတြးေနရန္ အခ်ိန္မရွိပါ။ သူ ျဖတ္ထားေသာ ႀကိဳးစမ်ားကို ကပ်ာကယာ ဖြက္လိုက္ရင္း သတိရလာစဥ္က အေနအထားအတိုင္း ျပန္ေနလိုက္၏။ မ်က္လုံးပိတ္ကာ အေအးဓာတ္ေၾကာင့္ တုန္ယင္ေနသလို ဟန္ေဆာင္လိုက္သည္။ ဤနည္းျဖင့္ တစ္ဖက္လူ သတိေလ်ာ့သြားၿပီး သူ႔အတြက္ ထြက္ေျပးႏိုင္မည့္ အခြင့္အေရးရလာရန္ ေမွ်ာ္လင့္ေနခဲ့သည္။

“ကေလာက္.. ကေလာက္..”

မွိန္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္ေအာက္တြင္ အရိပ္မည္းတစ္ခု ျဖည္းညင္းစြာ လႈပ္ရွားေနေလသည္။ ေျခသံတစ္ခ်က္ၾကားတိုင္း ေၾကာက္မက္ဖြယ္ရာ ေျခလွမ္းသံက ခ်န္က်စ္ခ်ဴး၏ႏွလုံးအိမ္ကို နင္းေျခေနသေယာင္။ အေနာက္မွာ ဖြက္ထားသည့္ သူ၏လက္မ်ား ေတာင့္တင္းသြားရသည္။ အသက္ရႉသံကို အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္လိုက္ရင္း သူႏိုးေနတာကို တစ္ဖက္လူမသိေအာင္ ႀကိဳးစားလိုက္သည္။

အရိပ္မည္းက ေလွာင္အိမ္အေရွ႕သို႔ ေရာက္ရွိလာခဲ့သည္။ ခ်န္က်စ္ခ်ဴးသည္ မ်က္လုံးတစ္ဖက္ကို ခပ္ေယာင္ေယာင္ေလး ဖြင့္လိုက္ရင္း ေခ်ာင္းၾကည့္လိုက္ေသာအခါ ေရွာ့ရသြားရသည္။ ကားသမား၏ ခႏၶာကိုယ္က သူထင္ထားသည္ထက္ အလြန္ႀကီးမားေနသည္။ ႏွစ္မီတာခန႔္ျမင့္ၿပီး သူ၏ပုံစံက ဝက္ဝံညိဳႀကီးအလား။ လက္တစ္ဖက္တည္းျဖင့္ပင္ သူကို လြယ္လင့္တကူ သတ္ပစ္လိုက္ႏိုင္သည္။

ဒီပုံစံအတိုင္းဆို သူဘယ္လိုလုပ္ လြတ္ေျမာက္ႏိုင္ေတာ့မွာလဲ..?!

ခ်န္က်စ္ခ်ဴးခမ်ာ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေတာ့ေခ်။ ထိုအခိုက္ ကားသမားက ေလွာင္အိမ္တံခါးကို ေသာ့ျဖင့္ဖြင့္လိုက္သည္။ ကြၽီခနဲျမည္သံႏွင့္အတူ ေလွာင္အိမ္တံခါး ပြင့္လာခဲ့၏။ ထိုသူက သံတိုင္မ်ားကို အားျပဳကာ ကုန္တင္ကားေပၚသို႔ ခုန္တက္လာခဲ့သည္။ ထိုသူ ကားေပၚသို႔ေရာက္သည္ႏွင့္ ကားတစ္စီးလုံး အိက်သြားခဲ့သည္။

တျဖည္းျဖည္း နီးကပ္လာေသာ ကားသမားကိုၾကည့္ရင္း ခ်န္က်စ္ခ်ဴးသည္ စိတ္လႈပ္ရွားလာရ၏။ သူ ဆက္ၿပီးေတာင့္မခံႏိုင္ေတာ့ေပ။ ကပ်ာကယာ လွိမ့္ထြက္လိုက္ရင္း ခုန္ထကာ လြတ္ေနသည့္ေနရာမွ ထြက္ေျပးရန္ ႀကိဳးစားေတာ့သည္။

အေစာပိုင္း ေတြးထင္ခဲ့သည္မွာ ကားသမားက အလြန္ထြားေသာေၾကာင့္ လႈပ္ရွားမႈေနေကြးလိမ့္မည္၊ ဤေနရာက်ဥ္းက်ဥ္းေလးတြင္ သူ႔ကိုလိုက္ဖမ္းရန္ ခ်က္ခ်င္း ျပန္မလွည့္ႏိုင္ေလာက္ဟူ၍။ သို႔ေသာ္ ကားသမားအတြက္ ျပန္လွည့္ရန္ပင္ မလိုအပ္ခဲ့ေခ်။ သူ၏ေခါင္းကို လက္ေနာက္ျပန္ေကြၽးလိုက္႐ုံျဖင့္ ခ်န္က်စ္ခ်ဴးခမ်ာ သတိလစ္သြားရၿပီး ေျမျပင္ေပၚသို႔ ေပ်ာ့ေခြက်သြားေတာ့သည္။

………ေသၿပီ။

ခ်န္က်စ္ခ်ဴး သတိမလစ္ခင္ ေနာက္ဆုံးအေတြးပင္။

……………..

ေနာက္တစ္ႀကိမ္ သတိျပန္ရလာေသာအခါ သူ၏မ်က္လုံးမ်ားကို ခ်က္ခ်င္း ျပန္မဖြင့္ႏိုင္ခဲ့ေပ။ အေၾကာင္းမွာ သူ၏အေရွ႕မွ အလင္းေရာင္သည္ အလြန္စူးရွေနေသာေၾကာင့္ ျဖစ္၏။ သူ၏အေနာက္မွ မာေက်ာေသာ အေတြ႕အထိကို သတိျပဳမိလိုက္ရာ နံရံေဘးတြင္ ေရာက္ရွိေနေၾကာင္း ခ်န္က်စ္ခ်ဴး သိလိုက္သည္။

ထိုတခဏ ခ်န္က်စ္ခ်ဴးမွာ မိန္းေမာေနေလၿပီး အေဆာင္ခန္းထဲမွာပဲ ရွိေနေသးသလိုလို၊ အေစာပိုင္းက ျဖစ္ပ်က္ခဲ့သမွ်သည္ အိပ္မက္ဆိုးတစ္ခုဟုသာ ထင္ျမင္လာမိေတာ့သည္။ သို႔ေသာ္ သက္ျပင္းမခ်ႏိုင္ခင္မွာပင္ အသက္ရႉက်ပ္လုမတတ္ ေသြးညႇီနံ႔မ်ားေၾကာင့္ အေစာပိုင္းက ေနရာမွာပင္ ရွိေနေသးေၾကာင္း သတိထားမိလိုက္၏။ ထိုအခါမွ သူ၏ေျခလက္မ်ားကို သံကြင္းမ်ားျဖင့္ ခ်ည္ေႏွာင္ထားၿပီး နံရံေပၚတြင္ ခ်ိတ္ဆြဲထားျခင္းျဖစ္ေၾကာင္း သတိျပဳမိခဲ့သည္။

ထိုစဥ္ သူ၏မ်က္ႏွာေပၚသို႔ ေႏြးေထြးေသာ တစ္စုံတစ္ရာ ေရာက္ရွိလာခဲ့သည္။ တစ္စုံတစ္ဦး၏ လက္ေခ်ာင္းပင္။ ခ်န္က်စ္ခ်ဴးခမ်ာ စိတ္မျပင္ဆင္ထားမိ၍ အလန႔္တၾကား ထေအာ္မိၿပီးမွ ေနာင္တ,ရသြားေတာ့သည္။ သတိေမ့ေနသလို ဆက္ဟန္ေဆာင္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။ ထို႔ေၾကာင့္ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။

သူ၏ျမင္ကြင္းက ေဝဝါးေနပါေသာ္လည္း ေယာက္်ားလက္တစ္ဖက္ကို ျမင္ႏိုင္ခဲ့၏။ အခ်ိဳးအဆစ္တိုင္းက ေသသပ္လွၿပီး အသားျဖဴသည္။ ရွည္သြယ္ေသာ လက္ေခ်ာင္းမ်ားျဖင့္ တကယ့္ကို ၾကည့္ေကာင္းလြန္းေသာ လက္တစ္ဖက္ပါပင္။

ထိုလက္သည္ ျဖည္းညင္းစြာ လႈပ္ရွားေနရင္း သူ၏ပါးျပင္ကို အသာအသာ ထိေတြ႕ေနေလသည္။ ထိုအျပဳအမူ၏ေနာက္တြင္ အၿပဳံးတစ္ခုကို ေဖာ္ေဆာင္ႏိုင္သည့္ ႏွစ္လိုဖြယ္ေကာင္းေသာ အသံတစ္ခု လိုက္ပါလာခဲ့သည္။

“မင္းႏိုးေနၿပီပဲ..”

ခ်န္က်စ္ခ်ဴး၏ ခႏၶာကိုယ္ေလး တုန္ယင္သြားခဲ့သည္။ အျမင္အာ႐ုံ ျပန္လည္ၾကည္လင္လာေသာအခါ သူ၏မ်က္ႏွာကို ထိေတြ႕ေနေသာ လက္သြယ္သြယ္ေနာက္မွ တစ္ဖက္လူ၏ အသြင္သဏၭာန္ကို ျမင္လိုက္ရသည္။

တစ္ဖက္လူ၏မ်က္ႏွာကို ေသေသခ်ာခ်ာ ျမင္လိုက္ရခ်ိန္တြင္ ခ်န္က်စ္ခ်ဴးတစ္ေယာက္ တခဏမွ် အံ့အားသင့္သြားရ၏။ သူ၏အေရွ႕မွ အမ်ိဳးသားသည္ ထင္မွတ္မထားေအာင္ ငယ္႐ြယ္ေနသည္။ ပိန္သြယ္ေသာ ခႏၶာကိုယ္အခ်ိဳးအစားျဖင့္ ႐ုပ္ရည္ကလည္း ေခ်ာေမာခန႔္ညားသည္။ သူ႔ကိုၾကည့္ေနေသာ ထိုအမ်ိဳးသား၏ မ်က္ႏွာေပၚတြင္ အၿပဳံးႏုႏုေလးပင္ ထင္ဟပ္ေနေသးသည္။

အကယ္၍ ထိုသူ၏ အသားျဖဴျဖဴေပၚတြင္ လတ္လတ္ဆတ္ဆတ္ ေသြးစက္မ်ားသာ မစြန္းထင္းေနခဲ့ဘူးဆိုလွ်င္၊ လက္တစ္ဖက္က ေသြးတစ္စက္စက္က်ေနသည့္ ခြဲစိတ္ခန္းသုံးဓားကို မကိုင္ထားဘူးဆိုလွ်င္၊ ထိုလူ၏မ်က္ဝန္းထဲမွ ေၾကာက္မက္ဖြယ္ရာအၾကည့္ကို မခံစားမိဘူးဆိုလွ်င္၊ ခ်န္က်စ္ခ်ဴး၏စိတ္ထဲ ထိုအမ်ိဳးသားအား လူေကာင္းတစ္ေယာက္ဟု ေတြးထင္မိမည္ပင္။

သို႔ေသာ္ သူ႔အား ေခါင္းအစေျခအဆုံးၾကည့္ေနေသာ တစ္ဖက္လူ၏ အၾကည့္စူးစူးေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ တကယ္လုံး ေအးစက္သြားရၿပီး ေတာင့္တင္းသြားေတာ့သည္။ ထိုေယာက္်ားက သူ႔အား သက္ရွိလူသားတစ္ေယာက္လို ၾကည့္ေနတာမဟုတ္ေၾကာင္း သူေျပာႏိုင္သည္။ ထိုလူက သူ႔အား အဖိုးတန္အ႐ုပ္သစ္ေလးကို ၾကည့္ရႈခံစားေနျခင္းပင္။

ထိုလူ၏ပုံပန္းသဏၭာန္အရ အႏၲရာယ္ရွိပုံမေပၚေသာ္လည္း အေစာပိုင္း ေတြ႕ခဲ့ရေသာ ကားသမားႀကီးႏွင့္ယွဥ္လွ်င္ ဤလူကသာ စိတၱဇလူသတ္သမားျဖစ္ေၾကာင္း ခ်န္က်စ္ခ်ဴး အတပ္ေျပာႏိုင္၏။ ထိုလူ၏လက္ထဲတြင္ ထိတ္လန႔္စက္ဆုပ္ဖြယ္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ အသက္ေပးရေလာက္သည္။

“အသားအေရာင္ သိပ္မေကာင္းပါလား.. ေနမေကာင္းဘူးလား..?”

သူ၏အေျခအေနကို စိုးရိမ္ေနဟန္ျဖင့္ ႐ုပ္ေခ်ာေခ်ာအမ်ိဳးသားက မသိမသာေလး မ်က္ေမွာင္ၾကဳတ္သြားသည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴး၏ ျဖဴေဖ်ာ့ေဖ်ာ့ ပါးျပင္ႏွစ္ဖက္ကို အသာအယာ ထိေတြ႕လာခဲ့ေလသည္။ သို႔ေသာ္ ထိုအျပဳအမူက ခ်န္က်စ္ခ်ဴးအား ပို၍ပင္ ထိတ္လန႔္သြားေစ၏။ တစ္ကိုယ္လုံး တဆတ္ဆတ္ တုန္ယင္ေနေတာ့သည္။

 “ေတာင္းပန္ပါတယ္.. ကိုယ့္လက္ေအာက္ငယ္သားက ဒီလိုမ်ိဳး ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး.. မင္းကို နာက်င္ေစရၿပီ..”

ထိုေယာက္်ားသည္ ေတာင္းပန္လိုေသာ ေလသံမ်ိဳးျဖင့္ ေျပာလာခဲ့သည္။ ၿပီးေနာက္ အနည္းငယ္ ကိုင္းၫြတ္ကာ ခ်န္က်စ္ခ်ဴး၏ နဖူးေပၚသို႔ ခပ္ဖြဖြနမ္းလိုက္၏။ အသက္ရႉေငြ႕ေႏြးေႏြးျဖင့္ ခ်န္က်စ္ခ်ဴး၏ နား႐ြက္နားသို႔ တိုးကပ္သြားၿပီး ခပ္တိုးတိုးဆိုသည္။

“အရမ္းနာသြားမွာပဲ.. ကိုယ္တကယ္ေတာင္းပန္ပါတယ္.. ကိုယ္ကလြဲရင္ တျခားလူေတြထိေတြ႕တာ ႐ြံ႕စရာေကာင္းတယ္လို႔ ခံစားေနရတာလား..?”

‘ကိုယ္ကလြဲရင္’ ဆိုတာ ဘာစကားႀကီးတုန္း..? မင္းကမွ ႐ြံ႕စရာအေကာင္းဆုံးကြ..!

႐ုတ္တရက္ ေသာက္႐ူးေကာင္၏ အနမ္းခံလိုက္ရသည့္အျပင္ ေအးစက္စက္ အထိအေတြ႕ေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ ႐ြံ႕ရွာေဒါသထြက္လာေတာ့သည္။ ပါးစပ္မွ ဆဲဆိုသည့္စကားမ်ားပင္ ထြက္က်လုမတတ္။ အၾကည့္လြဲလိုက္ခ်ိန္တြင္ ၾကမ္းျပင္ေပၚမွ အပုံလိုက္ျဖစ္ေနသည့္ အရာမ်ားကို ျမင္လိုက္ရေလသည္။ ထိုအခိုက္ ခ်န္က်စ္ခ်ဴးခမ်ာ မ်က္လုံးျပဴးသြားၿပီး ငယ္သံပါေအာင္ ထေအာ္ေတာ့သည္။

ေသြးအတိဖုံးလႊမ္းေနေသာ အသားတုံးမ်ား။ အ႐ိုးျဖဴျဖဴမ်ားကို ေဘးကပ္ထားၿပီး အေၾကာမွ်င္မ်ားျဖင့္ ေရာေႏွာထားသည္။ ထိုအေပၚမွာေတာ့ အံ့အားသင့္ေနသည့္ အမူအရာမ်ိဳး ထင္က်န္ဆဲျဖစ္ေသာ ကားသမား၏ ဦးေခါင္းျပတ္ႀကီး ရွိေနေလသည္။ အေစာပိုင္းတင္ မုဆိုးေနရာမွ ကစားခဲ့ေသာ ကားသမားခမ်ာ ယခုေတာ့ ေသြးသံတရဲရဲ အသားစိမ္းအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ေခ်ၿပီ။

႐ုပ္ေခ်ာေခ်ာအမ်ိဳးသားက ၿပဳံးလိုက္ရင္း ေျပာလာသည္။

“မင္းအေပၚ သူလုပ္ခဲ့မိတဲ့ အျပဳအမူအတြက္ အရမ္းစိတ္မေကာင္းျဖစ္ၿပီး ေတာင္းပန္ခ်င္ေနတာေလ.. ဒီေလ်ာ္ေၾကးကို လိုလိုလားလားပဲ သူကိုယ္တိုင္ ေပးအပ္ခဲ့တာ..”

ထိုသူက ေပါ့ေပါ့ပါးပါး ေျပာေနပါေသာ္လည္း ထိုအျပဳအမူေၾကာင့္ပင္ ခ်န္က်စ္ခ်ဴး၏ အသိစိတ္မ်ား ၿပိဳလဲလုမတတ္။ မ်က္ရည္စမ်ား ပိုးပိုးေပါက္ေပါက္ က်ဆင္းလာသည္အထိ ေၾကာက္လန႔္သြားရွာ၏။ ထိုသို႔ျဖစ္ေနလွ်င္ အ႐ူးေကာင္ ပိုစိတ္ႂကြလာမည္ျဖစ္ေၾကာင္း သူသိေနပါေသာ္လည္း ဤအေျခအေနမ်ိဳးႏွင့္ နဖူးေတြ႕ဒူးေတြ႕ ႀကဳံေတြ႕လာရေသာအခါ ခႏၶာကိုယ္၏ အလိုလိုတုံ႔ျပန္မႈကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေခ်။

သူက ငိုရႈိက္ကာ ေတာင္းပန္လိုက္သည္။

“ဘယ္သူ႔ကိုမွ ျပန္မေျပာပါဘူး.. ေတာင္းပန္ပါတယ္.. ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါေနာ္.. မသတ္ပါနဲ႔ေနာ္…..”

“မေၾကာက္ပါနဲ႔..”

ထိုေယာက္်ားသည္ လက္ေျမႇာက္ကာ သူ၏မ်က္ဝန္းေထာင့္မွ မ်က္ရည္စမ်ားကို သုတ္ေပးခဲ့သည္။ အျပဳအမူက အလြန္ညင္သာစြာ၊ မ်က္ဝန္းစိုစိုမ်ားကို ခပ္ဖြဖြေလးပင္ နမ္းရႈိက္လိုက္ေသးသည္။ ၿပီးေနာက္ တစ္ျခားလက္မွ ခြဲစိတ္ခန္းသုံးဓားကို ခ်န္က်စ္ခ်ဴး၏ လည္ပင္းေပၚသို႔ တင္လိုက္၏။ ခ်က္ခ်င္းဆိုသလိုပင္၊ ထက္ရွေသာ ဓားသြားက အေရးျပားေပၚတြင္ ရွရာေသးေသးေလး ျဖစ္ေပၚေစခဲ့သည္။

“ကိုယ္မင္းကို မသတ္ခ်င္ပါဘူး..”

“ကိုယ္က မင္းရဲ႕အေသြးအသားတိုင္းကို တစ္စမက်န္စားသုံးၿပီး အၿမဲတမ္း အတူရွိခ်င္႐ုံပါ..”

“ဘာလို႔လဲဆိုေတာ့….. ကိုယ္မင္းကို အရမ္းခ်စ္လို႔ေလ..”

သူ႔အေရျပားကို ေဖာက္ထြင္းလာေသာ ဓားသြားေနရာမွ နာက်င္မႈသည္ တစ္စထက္တစ္စ ႀကီးမားလာခဲ့ေလ၏။ အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး ဤေသာက္႐ူးေကာင္၏ အခ်စ္ခံေနမွန္း ခ်န္က်စ္ခ်ဴးလည္း မသိပါေခ်။ အဘယ္ေၾကာင့္ ဤမွ်ဆိုးဝါးလွသည့္ အျဖစ္အပ်က္မ်ိဳး ႀကဳံေတြ႕ေနရမွန္း သူ နားမလည္ပါေခ်။ စိတ္ပ်က္အားငယ္စြာျဖင့္ မ်က္လုံးမွိတ္လိုက္ရင္း သူ၏ကံၾကမၼာကိုသာ လက္ခံႏိုင္ရန္ ျပင္ဆင္ထားလိုက္သည္။ ထိုအခိုက္အတန႔္ သူ၏စိတ္ထဲတြင္ ထူးထူးဆန္းဆန္း အသံတစ္ခု ေပၚထြက္လာခဲ့သည္။

[အသက္ရွင္ခ်င္ပါသလား..?]

[ဤေနရာမွလြတ္ေျမာက္ၿပီး မူလကမာၻကို ျပန္ေရာက္လိုပါသလား..?]

[ဒါေပါ့.. ျပန္သြားခ်င္တာေပါ့..!! စိတၱဇလူသတ္သမားရဲ႕လက္ထဲမွာ ဘယ္သူက ေသခ်င္မွာလဲလို႔..!!]

ခ်န္က်စ္ခ်ဴးသည္ ရွင္သန္လိုစိတ္ေၾကာင့္ ေသြးေလေျခာက္ျခားၿပီး ၾကားခ်င္ရာၾကားေနသည္ဟု ထင္ျမင္ကာ ဘာမွထပ္မေတြးဘဲ ျပန္ေျဖလိုက္သည္။ အစကေတာ့ အသံက်ယ္က်ယ္ျဖင့္ ေအာ္ေျဖလိုက္သည္ဟု ထင္ေနခဲ့ပါေသာ္လည္း တကယ္တမ္း စိတ္ထဲမွသာ တုံ႔ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္။

[ေကာင္းတယ္.. အသက္ဆက္ရွင္ခ်င္ရင္ နည္းလမ္းေျပာျပမယ္..]

[မင္းရဲ႕ေရွ႕က ႐ုပ္ေခ်ာေခ်ာအမ်ိဳးသားကို ေတြ႕လား..?]

[ခ်က္ခ်င္း နမ္းလိုက္၊ ရင္းခ်င္းအပ္ၿပီး အားပါးတရ နမ္းလိုက္.. အခ်စ္ေတြနဲ႔ နမ္းစုပ္ပစ္လိုက္.. လွ်ာကိုသုံးၿပီး သူ႔ရဲ႕ပါးစပ္ထဲ ခပ္ျပင္းျပင္း ေမႊပစ္လိုက္.. အဲ့လိုလုပ္ႏိုင္တာနဲ႔ မင္းအသက္ရွင္ၿပီ..!!]

ခ်န္က်စ္ခ်ဴး : “………”

ေသခါနီးေတာင္ သူ႔ကိုယ္ပိုင္စိတ္ကူးေတြက ဘာလို႔ဒီေလာက္ ရွက္စရာေကာင္းေနရတာလဲ..?

*****

??? ရဲ႕ ဒိုင္ယာရီမွတ္တမ္း (Part 1)

ငါခံစားမိေနတယ္။ သူ ဂိမ္းထဲဝင္လာၿပီ။

ဒီတစ္ေခါက္ေတာ့ ငါ သူ႔ကို လက္လြတ္ဆုံးရႈံးမခံေတာ့ဘူး။

……………………………………………….

TN : *ဘာသာျပန္သူေလး Meli ေၾကာက္လြန္းလို႔ ထိုင္ငိုေန*

ၾကဴးရဲတဲ့လူ ၾကဴးၾကပါေတာ့ရွင္ T~T

……………………………………………….

Continue Reading

You'll Also Like

234K 48.1K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
41.6K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...