Zawgyi
Chapter(87):ေဆြးေႏြးဆံုးျဖတ္ျခင္း-2
ရြာလူႀကီးေျပာတာကို ၾကားလိုက္ရေတာ့ ႐ွဳရန္တစ္ေယာက္ အနည္းငယ္ ရင္ထဲထိမိသြားတယ္။ ႐ိုး႐ိုးသားသား ေျပာရမယ္ဆိုရင္ ဒီကမာၻထဲကို ေရာက္လာၿပီးတဲ့ေနာက္မွာ ဒီလို စကားလံုးမ်ဳိးေတြကို သူ႔ဆီ ပထမဦးဆံုး ေျပာတဲ့သူက ရြာလူႀကီးျဖစ္တယ္။ ရြာလူႀကီးက သူ႔အေဖနဲ႔ ေဖေဖတို႔ေတြထက္ အမ်ားႀကီး ပိုေကာင္းမြန္သူ ျဖစ္တယ္။
႐ွဳရန္တစ္ေယာက္ ေလးေလးနက္နက္ ေခါင္းၿငိမ့္ျပလိုက္တယ္။ "ေက်းဇူးတင္ပါတယ္။ ရြာလူႀကီး ကြၽန္ေတာ္သိပါၿပီ။ ကြၽန္ေတာ္လိုက္နာပါ့မယ္။"
စကားစျမည္ ေျပာဆိုၿပီးေနာက္တြင္ သူတို႔ႏွစ္ေယာက္သား ႐ွဳရန္ရဲ႕အိမ္ဆီကို လမ္းေလွ်ာက္သြားလိုက္ၾကတယ္။ လ်ဳိထံုနဲ႔ တစ္ျခားလူေတြက သူတို႔ေတြကို ေစာင့္ေမွ်ာ္ေနၾကတယ္။ ရြာလူႀကီး ေရာက္လာၿပီးတဲ့ေနာက္မွာ ႐ွဳရန္က သူတို႔ေတြကို အခ်င္းခ်င္း မိတ္ဆက္ေပးလိုက္တယ္။
႐ွဳရန္က စာေရးစုတ္တံနဲ႔အတူ စာရြက္ကို ယူထုတ္လိုက္ၿပီးေတာ့ လူတိုင္းရဲ႕ေ႐ွ႕ေမွာက္မွာ သေဘာတူညီမႈစာခ်ဳပ္ကို ေရးသားလိုက္တယ္။
႐ွဳရန္ေရးသားထားတဲ့အရာေတြက ႐ွင္းလင္းျပတ္သားၿပီးေတာ့ ေဆာက္လုပ္ေရးအဖြဲ႔အေပၚ ဆက္ဆံမႈကလည္း မဆိုးလွေပ။ အထူးသျဖင့္ အစားအေသာက္ပိုင္း ဆိုင္ရာမွာေပါ့။ တစ္ေန႔မွာ ထမင္းသံုးနပ္ ေကြၽးမည္ျဖစ္တယ္။ ေန႔လယ္စာနဲ႔ ညစာ ႏွစ္မ်ဳိးစလံုးတြင္ အသားပါဝင္မွာ ျဖစ္ၿပီးေတာ့ မနက္စာတြင္ ထမင္းညိဳဆန္ျပဳတ္နဲ႔ ဆားရည္စိမ္ ဟင္းသီးဟင္းရြက္တို႔ ပါဝင္ၿပီးေတာ့ သိပ္မဆိုးလွေပ။
လစာတစ္ဝက္ကို လဝက္တိုင္းတြင္ ေပးေခ်မွာ ျဖစ္ၿပီးေတာ့ အိမ္ေဆာက္လုပ္ ၿပီးစီးသြားၿပီးေနာက္တြင္ တကယ္လို႔ အလုပ္႐ွင္က စိတ္ေက်နပ္မႈ ႐ွိခဲ့မယ္ဆိုရင္ ေဆာက္လုပ္ေရးအသင္းကို အပိုဆုေၾကး ေငြအတံုးငါးဆယ္ကို ဆုခ်မွာျဖစ္တယ္။
သေဘာတူစာခ်ဳပ္ကို ဘယ္သူကပဲ လာၾကည့္လိုက္ပါေစ အဲ့ဒါက ဆြဲေဆာင္မႈ ႐ွိၿပီးေတာ့ သူ႔ကို ဘဝင္ခိုက္ စိတ္ၾကည္ႏူးသြားေစမွာပဲ ျဖစ္တယ္။
အလုပ္သမား ေခါင္းေဆာင္လီတစ္ေယာက္ ဒါကို ဖတ္ၾကည့္ၿပီးတဲ့ေနာက္ သူခ်က္ခ်င္း တံု႔ဆိုင္းေနမႈမ႐ွိပဲ နာမည္ကို လက္မွတ္ေရးထိုးလိုက္ေတာ့တယ္။ အဲ့အေပၚမွာ လက္ေဗြကိုလည္း သူ႐ိုက္ႏွိပ္လိုက္ေသးတယ္။ ခ်ိပ္ပိတ္ရာတြင္ အသံုးျပဳတဲ့ မွင္အနီေရာင္ေကာ္ကို ရြာလူႀကီးက ယူေဆာင္လာခဲ့ၿပီးေတာ့ ႐ွဳရန္လည္း အလ်င္အျမန္ လက္မွတ္ေရးထိုးလိုက္တယ္။ ေနာက္ဆံုးမွာေတာ့ လက္မွတ္ေရးမထိုးရေသးတဲ့ လူေတြဆိုလို႔ မ်က္ျမင္သက္ေသ ႏွစ္ေယာက္ျဖစ္ၾကတဲ့ ရြာလူႀကီးနဲ႔ ႐ွဳအန္းတို႔ေတြသာ က်န္ေနေတာ့တာ ျဖစ္တယ္။
ပါဝင္ပတ္သက္ေနတဲ့ လူႏွစ္ေယာက္က သေဘာတူလက္မွတ္ ေရးထိုးခဲ့ၾကၿပီးၿပီ ျဖစ္တာေၾကာင့္ မ်က္ျမင္သက္ေသ ႏွစ္ေယာက္ကလည္း ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး တံု႔ဆိုင္းေနဖို႔ မလိုအပ္ေတာ့ပါဘူး။
အိမ္ေဆာက္လုပ္ဖို႔ လူေတြကို ႐ွာေဖြေတြ႔႐ွိခဲ့ၿပီးမွပဲ ႐ွဳရန္တစ္ေယာက္ စိတ္သက္သာရာရသြားတဲ့ သက္ျပင္းတစ္ခ်က္ကို ခ်လိုက္မိတယ္။ သူအလုပ္သမား ေခါင္းေဆာင္လီကို ေမးလိုက္တယ္။ "ေခါင္းေဆာင္လီ ခင္ဗ်ားဘယ္အခ်ိန္က်ရင္ လူအလံုအေလာက္ကို ဒီကို ေခၚလာခဲ့မွာလဲ? ကြၽန္ေတာ္ေျမအေနအထားကို ၾကည့္ဖို႔ တစ္စံုတစ္ေယာက္ကို ႐ွာေတြ႔ထားတယ္။ အိမ္ကို ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာ ေဆာက္လုပ္တာက အေကာင္းဆံုးပဲလို႔ သူက ေျပာတယ္။ အဲ့ဒါေၾကာင့္ သစ္သား၊ အုတ္ခဲနဲ႔ အုတ္ႂကြပ္ျပားေတြကို ကြၽန္ေတာ္တို႔ေတြ အဲ့ေန႔မတိုင္ခင္ သယ္ထားမွ ျဖစ္မယ္။ ၿပီးေတာ့ ေနထိုင္ဖို႔ တစ္ေနရာရာကိုလည္း ခင္ဗ်ား ႐ွာရအံုးမယ္ေလ။"
"အလုပ္လုပ္ဖို႔အတြက္ လူေတြကို ကြၽန္ေတာ္တို႔ေတြ မနက္ျဖန္ ေခၚလာႏိုင္ျဖစ္လိမ့္မယ္။ ၿပီးေတာ့ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ကြၽန္ေတာ္တို႔ေတြ ေဆာက္လုပ္ေရးကို စတင္မယ္လို႔ မင္းကို ကတိေပးပါတယ္။" အလုပ္သမား ေခါင္းေဆာင္လီက ေျပာလိုက္တယ္။
"ဒါဆို ဒုကၡခံေပးမႈအတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ။ ေခါင္းေဆာင္လီ ဒါနဲ႔စကားမစပ္ ခင္ဗ်ားတို႔ ေရာက္လာတဲ့အခ်ိန္က်ရင္ အစားအေသာက္ေတြ အားလံုးကို ခင္ဗ်ားတို႔ဘက္က ျပင္ဆင္ေပးႏိုင္မလား? ဒီက ကြၽန္ေတာ့္ဆီမွာ ဘာစားစရာမွ မ႐ွိဘူး။ ရြာထဲမွာ စပါးေတြကို ဝယ္ယူလို႔ရေပမဲ့ အသားနဲ႔ ဟင္းသီးဟင္းရြက္ေတြက လယ္ထဲမွာ မစိုက္ပ်ဳိးရေသးတာမို႔ ဒါေတြကို ျပင္ဆင္ေပးဖို႔က ကြၽန္ေတာ့္အတြက္ေတာ့ မျဖစ္ႏိုင္ဘူး။ ခင္ဗ်ားဒါေတြကို အရင္ ဝယ္ယူလိုက္ၿပီးေတာ့ ဒီကို ယူလာခဲ့လိုက္ေလ။ ကြၽန္ေတာ္ခင္ဗ်ားကို ေငြေပးပါမယ္။ ဒီလိုဆို အဆင္ေျပႏိုင္မလား?" ႐ွဳရန္က ေမးလိုက္တယ္။
အလုပ္သမား ေခါင္းေဆာင္လီက သူ႔လက္ကို ခါျပလိုက္တယ္။ "ျပႆနာမ႐ွိပါဘူး။ စားစရာေလး ဝယ္ရံုပဲ မဟုတ္ဘူးလား? စိတ္ခ်လက္ခ် ေနပါ။ ကြၽန္ေတာ္တို႔ဆီမွာလည္း ထမင္းဟင္းခ်က္ျပဳတ္ဖို႔ ဟင္းခ်က္ပစၥည္း ကိရိယာေတြ ႐ွိပါတယ္။ ႐ွဳရန္ မင္းစိုးရိမ္ေနဖို႔ မလိုပါဘူး။"
"ေကာင္းပါၿပီ။ ဒါဆို ကြၽန္ေတာ္ အက်ယ္တဝင့္ေတြ ထပ္ေျပာမေနေတာ့ပါဘူး။ ေခါင္းေဆာင္လီ ကြၽန္ေတာ္ခင္ဗ်ားဆီ အပ္ထားလိုက္ၿပီ။"
တစ္ခဏေလာက္ စကားေျပာဆိုၿပီးေနာက္ ေခါင္းေဆာင္လီကလည္း ၿမိဳ႕ေပၚ ျပန္တက္ေတာ့မွာ ျဖစ္တယ္။ ႐ွဳရန္ကသူ႔ကို ျပန္လိုက္ပို႔ေပးမွာ ျဖစ္တယ္။ အဲ့ဒါေၾကာင့္ ႐ွဳအန္းက ႐ွဳရန္ ျမန္ျမန္ျပန္လာႏိုင္ေစဖို႔အတြက္ သူ႔ကို ကူညီေပးတဲ့အေနနဲ႔ သူ႔ရဲ႕ႏြားလွည္းကို ငွါးေပးလိုက္တယ္။
႐ွဳရန္က အလုပ္သမား ေခါင္းေဆာင္လီကို ၿမိဳ႕ဆီ ျပန္ပို႔ေပးလိုက္ၿပီးေတာ့ အလုပ္သမား ေခါင္းေဆာင္လီရဲ႕ လူေတြနဲ႔ ေတြ႔ဆံုခဲ့တယ္။ သူတို႔ေတြရဲ႕ အဝတ္အစားေတြမွာ အေပါက္အဖာေတြနဲ႔အတူ ၾကည့္ရတာ ႐ိုးသားပံု ေပၚေနတယ္။ ေကာေတြေတာင္မွ ႐ိုး႐ိုး႐ွင္း႐ွင္း ဝတ္ဆင္ထားၾကေပမဲ့လည္း သူတို႔ေတြက ဒါနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္ အေကာင္းျမင္စိတ္ ႐ွိၾကၿပီးေတာ့ ရင့္က်က္ တည္ၿငိမ္ၾကတယ္။
အလုပ္သမား ေခါင္းေဆာင္လီက ႐ွဳရန္ကို ဒီလူေတြနဲ႔ မိတ္ဆက္ေပးတဲ့အခါ သူ႔အေၾကာင္းကို ေျပာဖို႔အတြက္ သူ႔မွာ စကားေကာင္းေတြ အေျမာက္အျမား ႐ွိေနတယ္။ ဥပမာအားျဖင့္ သူက ငယ္ရြယ္ၾကည့္ေကာင္းတဲ့ ေယာက္်ားတစ္ေယာက္ ဆိုတာမ်ဳိးေတြေပါ့။ ႐ွဳရန္တစ္ေယာက္ သူ႔ကို ဒီေလာက္ စကားေျပာေကာင္းလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိတဲ့အတြက္ သူအရင္တုန္းက အလုပ္သမား ေခါင္းေဆာင္လီကို အထင္အျမင္ မွားယြင္းခဲ့မိတယ္လို႔ ခံစားလိုက္ရတယ္။
အခ်ိန္ခဏေလာက္ စကားေျပာဆိုၿပီးတဲ့ေနာက္မွာ ေမွာင္လာေနၿပီ ဆိုတာကို ႐ွဳရန္ ေတြ႔လိုက္ရတာေၾကာင့္ သူ႔ကိုယ္သူ ျပန္ဖို႔ ခြင့္ေတာင္းလိုက္ေတာ့ အလုပ္သမား ေခါင္းေဆာင္လီက သူတို႔ရဲ႕ေနရာကလည္း အဆင္မေျပ ျဖစ္ေနတာမို႔ သူ႔ကို ဆြဲမထားေနေတာ့ေပ။
႐ွဳရန္တစ္ေယာက္ အိမ္ျပန္ေရာက္တဲ့အခါမွာ ေနက ဝင္လုနီးပါး ျဖစ္ေနၿပီျဖစ္ၿပီးေတာ့ ေကာင္းကင္ယံထက္တြင္ အနီေရာင္ ေနဝင္ခ်ိန္ကလည္း ေတာက္ပေနခဲ့တယ္။ မနက္ျဖန္က်ရင္လည္း ေနာက္ထပ္ ေနသာတဲ့ေန႔တစ္ေန႔ ျဖစ္လာမဲ့ပံုပါပဲ။
တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ရဲ႕ ကစားေဖာ္ေတြက ဒီရက္မွာ အလုပ္တစ္အားႀကိဳးစားခဲ့ၾကတာမို႔ အိမ္အေနာက္ဘက္တြင္ ေနာက္ထပ္ ျပာပံုႏွစ္ပံုကို မီး႐ွိဳ႕ႏိုင္ခဲ့ၾကတယ္။
ပ်င္းရိထိုင္းမႈိင္းေနၾကတဲ့ ေခြးေလး ေလးေကာင္က တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ရဲ႕အေနာက္နားကေန လိုက္ေနၾကတဲ့အခ်ိန္မွာ သူတို႔တေတြက ၾကက္ေလွာင္အိမ္အေ႐ွ႕မွာ ၾကက္ေပါက္ကေလးေတြနဲ႔အတူ ကစားေနၾကတယ္။ ျမင္ကြင္းက စိတ္ဝင္စားစရာ ေကာင္းသားပဲ။
႐ွဳရန္က လမ္းေလွ်ာက္လာလိုက္ၿပီးေတာ့ ကေလးႏွစ္ေယာက္ရဲ႕ ေနာက္ေက်ာေလးေတြကို ပုတ္လိုက္တယ္။ "သားတို႔ ဘာေတြ ကစားေနၾကတာလဲ? ဒီေနရာက အနံ႔အသက္ေတြ ရေနၿပီးေတာ့ ရာသီဥတုကလည္း ေအးေနတယ္ေလ။ သားတို႔ရဲ႕ အဝတ္အစားေတြ ေလွ်ာ္ဖို႔ သားေဖေဖအတြက္ ေအးတယ္ ဆိုတာကိုေရာ သားတို႔သိရဲ႕လား?"
တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ေတြက ေပ်ာ္ရႊင္စြာ ကစားေနၾကတာ ျဖစ္တယ္။ သူတို႔ေတြကို ႐ွဳရန္ စကားေျပာလိုက္တာနဲ႔ခ်က္ခ်င္း ထရပ္လိုက္ၾကၿပီးေတာ့ သူတို႔လက္ထဲက ျမက္ပင္ေတြကို အေဝးကို လြင့္ပစ္လိုက္ၾကတယ္။ သူတို႔ရဲ႕လက္ေတြကို ဖုန္ခါလိုက္ၾကၿပီး မတ္မတ္ ရပ္ေနလိုက္ၾကတယ္။ "အေဖ သားတို႔ မွားမွန္းသိပါၿပီ။ ေနာက္က်ရင္ သားတို႔ဒီလိုမ်ဳိး မလုပ္ေတာ့ပါဘူး။"
"သားတို႔ကို ကစားခြင့္ မျပဳဘူးလို႔ အေဖမေျပာပါဘူး။ ဒါေပမဲ့ အေဖက သားတို႔ေတြကို အခ်ိန္ကို ၾကည့္ၿပီး ကစားေစခ်င္ရံုပါပဲ။ ဟုတ္ၿပီလား? သားတို႔ေတြ အရမ္းနာခံလိမၼာေနဖို႔ မလိုအပ္ပါဘူး။" ႐ွဳရန္တစ္ေယာက္ တ်န္းတ်န္းရဲ႕ေခါင္းေလးကို ပြတ္သတ္ေပးေနရင္း အနည္းငယ္ ဝမ္းနည္းသြားမိတယ္။ ဒီကေလးႏွစ္ေယာက္က အရမ္းနာခံတတ္လြန္းေနတယ္။
တ်န္းတ်န္းနဲ႔ ေကာ္ေကာ္တို႔ေတြကေတာ့ အက်င့္စာရိတၱ ေကာင္းမြန္ျခင္းနဲ႔ ပတ္သက္ၿပီး ဘာမ်ား မွားေနတာလဲဆိုတာကို နားမလည္ႏိုင္ ျဖစ္ေနၾကတယ္။
႐ွဳရန္တစ္ေယာက္ သူတို္ေလးေတြကို ႐ွင္းျပမေနေတာ့ပဲ ကေလးႏွစ္ေယာက္နဲ႔အတူ အိမ္ထဲကို လမ္းေလွ်ာက္ ဝင္လာခဲ့လိုက္တယ္။ လ်ဳိထံုက အင္တံုခြက္ထဲမွာ ထင္းမီးပံုထားသလို ဆီမီးအိမ္ကိုလည္း ထြန္းညႇိထားၿပီးေတာ့ သူတို႔သံုးေယာက္စလံုးကို ထိုင္ကစားခြင့္ ျပဳလိုက္တယ္။
သူခ်က္ျပဳတ္ႏိုင္တဲ့ ဟင္းပြဲတိုင္းကို လ်ဳိထံုဆီ သူ လႊဲေပးခဲ့ၿပီးကတည္းက ႐ွဳရန္က မီးဖိုေခ်ာင္ထဲဝင္ဖို႔ကို စိတ္အ႐ွဳပ္ခံ မေနေတာ့ပါဘူး။ သူမီးဖိုေခ်ာင္ထဲကေန ထြက္လိုက္၊ ဝင္လိုက္ လုပ္လိုက္တာနဲ႔ခ်က္ခ်င္း သူ႔တစ္ကိုယ္လံုးမွာ ဆီေတြ ရႊဲစိုကုန္တာမို႔ ေမာ္ဒန္ေခတ္အခ်ိန္ေတြကနဲ႔ လံုးဝကို မႏႈိင္းယွဥ္ႏိုင္ေပ။ ပန္းကန္ေဆးတဲ့အခါမွာလည္း ေၾကးခြၽတ္ေဆးေတာင္ မ႐ွိတာမို႔ သူပန္းကန္ေတြကို ပန္းကန္ေဆးအဝတ္နဲ႔အတူ ေရေႏြးအပူေလာင္ႏိုင္တဲ့ ေရပူထဲ ထည့္ေဆးရံုသာ တတ္ႏိုင္တယ္ေလ။
ညစာစားခ်ိန္တြင္ ႐ွဳရန္က လ်ဳိထံုကို ဒီေန႔ ၿမိဳ႕ေပၚမွာ သူေတြ႔လာခဲ့ရတဲ့ အလုပ္သမား ေခါင္းေဆာင္လီရဲ႕ လူေတြအေၾကာင္းကို ေျပာျပလိုက္တယ္။ သူ႔ရဲ႕စိတ္ေက်နပ္အားရေနမႈကို ေဖာ္ျပလိုက္ၿပီးေတာ့ သူတို႔ေတြအတြက္ သူအစားအေသာက္ေတြကို ျပင္ဆင္ေပးတဲ့အခါ ပိုေကာင္းေကာင္းမြန္မြန္ျဖစ္ေအာင္ ျပင္ဆင္ေပးရမယ္လို႔ ေျပာလိုက္တယ္။
ဒါနဲ႔ပတ္သက္ၿပီး လ်ဳိထံုအတြက္ေတာ့ ဘာျပႆနာမွ မ႐ွိေပ။
ညစာစားၿပီးေနာက္ အိပ္ရာမဝင္ၾကခင္မွာ တစ္မိသားစုလံုး တစ္ခဏေလာက္ စကားစျမည္ ေျပာလိုက္ၾကၿပီးေတာ့ ေရာက္႐ွိလာေတာ့မဲ့ မနက္ျဖန္ကို ေစာင့္ေမွ်ာ္ေနၾကေတာ့တယ္။
Unicode
Chapter(87):ဆွေးနွေးဆုံးဖြတ်ခြင်း-2
ရွာလူကြီးပြောတာကို ကြားလိုက်ရတော့ ရှုရန်တစ်ယောက် အနည်းငယ် ရင်ထဲထိမိသွားတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီကမ္ဘာထဲကို ရောက်လာပြီးတဲ့နောက်မှာ ဒီလို စကားလုံးမျိုးတွေကို သူ့ဆီ ပထမဦးဆုံး ပြောတဲ့သူက ရွာလူကြီးဖြစ်တယ်။ ရွာလူကြီးက သူ့အဖေနဲ့ ဖေဖေတို့တွေထက် အများကြီး ပိုကောင်းမွန်သူ ဖြစ်တယ်။
ရှုရန်တစ်ယောက် လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်တယ်။ "ကျေးဇူးတင်ပါတယ်။ ရွာလူကြီး ကျွန်တော်သိပါပြီ။ ကျွန်တော်လိုက်နာပါ့မယ်။"
စကားစမြည် ပြောဆိုပြီးနောက်တွင် သူတို့နှစ်ယောက်သား ရှုရန်ရဲ့အိမ်ဆီကို လမ်းလျှောက်သွားလိုက်ကြတယ်။ လျိုထုံနဲ့ တစ်ခြားလူတွေက သူတို့တွေကို စောင့်မျှော်နေကြတယ်။ ရွာလူကြီး ရောက်လာပြီးတဲ့နောက်မှာ ရှုရန်က သူတို့တွေကို အချင်းချင်း မိတ်ဆက်ပေးလိုက်တယ်။
ရှုရန်က စာရေးစုတ်တံနဲ့အတူ စာရွက်ကို ယူထုတ်လိုက်ပြီးတော့ လူတိုင်းရဲ့ရှေ့မှောက်မှာ သဘောတူညီမှုစာချုပ်ကို ရေးသားလိုက်တယ်။
ရှုရန်ရေးသားထားတဲ့အရာတွေက ရှင်းလင်းပြတ်သားပြီးတော့ ဆောက်လုပ်ရေးအဖွဲ့အပေါ် ဆက်ဆံမှုကလည်း မဆိုးလှပေ။ အထူးသဖြင့် အစားအသောက်ပိုင်း ဆိုင်ရာမှာပေါ့။ တစ်နေ့မှာ ထမင်းသုံးနပ် ကျွေးမည်ဖြစ်တယ်။ နေ့လယ်စာနဲ့ ညစာ နှစ်မျိုးစလုံးတွင် အသားပါဝင်မှာ ဖြစ်ပြီးတော့ မနက်စာတွင် ထမင်းညိုဆန်ပြုတ်နဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တို့ ပါဝင်ပြီးတော့ သိပ်မဆိုးလှပေ။
လစာတစ်ဝက်ကို လဝက်တိုင်းတွင် ပေးချေမှာ ဖြစ်ပြီးတော့ အိမ်ဆောက်လုပ် ပြီးစီးသွားပြီးနောက်တွင် တကယ်လို့ အလုပ်ရှင်က စိတ်ကျေနပ်မှု ရှိခဲ့မယ်ဆိုရင် ဆောက်လုပ်ရေးအသင်းကို အပိုဆုကြေး ငွေအတုံးငါးဆယ်ကို ဆုချမှာဖြစ်တယ်။
သဘောတူစာချုပ်ကို ဘယ်သူကပဲ လာကြည့်လိုက်ပါစေ အဲ့ဒါက ဆွဲဆောင်မှု ရှိပြီးတော့ သူ့ကို ဘဝင်ခိုက် စိတ်ကြည်နူးသွားစေမှာပဲ ဖြစ်တယ်။
အလုပ်သမား ခေါင်းဆောင်လီတစ်ယောက် ဒါကို ဖတ်ကြည့်ပြီးတဲ့နောက် သူချက်ချင်း တုံ့ဆိုင်းနေမှုမရှိပဲ နာမည်ကို လက်မှတ်ရေးထိုးလိုက်တော့တယ်။ အဲ့အပေါ်မှာ လက်ဗွေကိုလည်း သူရိုက်နှိပ်လိုက်သေးတယ်။ ချိပ်ပိတ်ရာတွင် အသုံးပြုတဲ့ မှင်အနီရောင်ကော်ကို ရွာလူကြီးက ယူဆောင်လာခဲ့ပြီးတော့ ရှုရန်လည်း အလျင်အမြန် လက်မှတ်ရေးထိုးလိုက်တယ်။ နောက်ဆုံးမှာတော့ လက်မှတ်ရေးမထိုးရသေးတဲ့ လူတွေဆိုလို့ မျက်မြင်သက်သေ နှစ်ယောက်ဖြစ်ကြတဲ့ ရွာလူကြီးနဲ့ ရှုအန်းတို့တွေသာ ကျန်နေတော့တာ ဖြစ်တယ်။
ပါဝင်ပတ်သက်နေတဲ့ လူနှစ်ယောက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီးပြီ ဖြစ်တာကြောင့် မျက်မြင်သက်သေ နှစ်ယောက်ကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး တုံ့ဆိုင်းနေဖို့ မလိုအပ်တော့ပါဘူး။
အိမ်ဆောက်လုပ်ဖို့ လူတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးမှပဲ ရှုရန်တစ်ယောက် စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက်ကို ချလိုက်မိတယ်။ သူအလုပ်သမား ခေါင်းဆောင်လီကို မေးလိုက်တယ်။ "ခေါင်းဆောင်လီ ခင်ဗျားဘယ်အချိန်ကျရင် လူအလုံအလောက်ကို ဒီကို ခေါ်လာခဲ့မှာလဲ? ကျွန်တော်မြေအနေအထားကို ကြည့်ဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့ထားတယ်။ အိမ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဆောက်လုပ်တာက အကောင်းဆုံးပဲလို့ သူက ပြောတယ်။ အဲ့ဒါကြောင့် သစ်သား၊ အုတ်ခဲနဲ့ အုတ်ကြွပ်ပြားတွေကို ကျွန်တော်တို့တွေ အဲ့နေ့မတိုင်ခင် သယ်ထားမှ ဖြစ်မယ်။ ပြီးတော့ နေထိုင်ဖို့ တစ်နေရာရာကိုလည်း ခင်ဗျား ရှာရအုံးမယ်လေ။"
"အလုပ်လုပ်ဖို့အတွက် လူတွေကို ကျွန်တော်တို့တွေ မနက်ဖြန် ခေါ်လာနိုင်ဖြစ်လိမ့်မယ်။ ပြီးတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျွန်တော်တို့တွေ ဆောက်လုပ်ရေးကို စတင်မယ်လို့ မင်းကို ကတိပေးပါတယ်။" အလုပ်သမား ခေါင်းဆောင်လီက ပြောလိုက်တယ်။
"ဒါဆို ဒုက္ခခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ခေါင်းဆောင်လီ ဒါနဲ့စကားမစပ် ခင်ဗျားတို့ ရောက်လာတဲ့အချိန်ကျရင် အစားအသောက်တွေ အားလုံးကို ခင်ဗျားတို့ဘက်က ပြင်ဆင်ပေးနိုင်မလား? ဒီက ကျွန်တော့်ဆီမှာ ဘာစားစရာမှ မရှိဘူး။ ရွာထဲမှာ စပါးတွေကို ဝယ်ယူလို့ရပေမဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေက လယ်ထဲမှာ မစိုက်ပျိုးရသေးတာမို့ ဒါတွေကို ပြင်ဆင်ပေးဖို့က ကျွန်တော့်အတွက်တော့ မဖြစ်နိုင်ဘူး။ ခင်ဗျားဒါတွေကို အရင် ဝယ်ယူလိုက်ပြီးတော့ ဒီကို ယူလာခဲ့လိုက်လေ။ ကျွန်တော်ခင်ဗျားကို ငွေပေးပါမယ်။ ဒီလိုဆို အဆင်ပြေနိုင်မလား?" ရှုရန်က မေးလိုက်တယ်။
အလုပ်သမား ခေါင်းဆောင်လီက သူ့လက်ကို ခါပြလိုက်တယ်။ "ပြဿနာမရှိပါဘူး။ စားစရာလေး ဝယ်ရုံပဲ မဟုတ်ဘူးလား? စိတ်ချလက်ချ နေပါ။ ကျွန်တော်တို့ဆီမှာလည်း ထမင်းဟင်းချက်ပြုတ်ဖို့ ဟင်းချက်ပစ္စည်း ကိရိယာတွေ ရှိပါတယ်။ ရှုရန် မင်းစိုးရိမ်နေဖို့ မလိုပါဘူး။"
"ကောင်းပါပြီ။ ဒါဆို ကျွန်တော် အကျယ်တဝင့်တွေ ထပ်ပြောမနေတော့ပါဘူး။ ခေါင်းဆောင်လီ ကျွန်တော်ခင်ဗျားဆီ အပ်ထားလိုက်ပြီ။"
တစ်ခဏလောက် စကားပြောဆိုပြီးနောက် ခေါင်းဆောင်လီကလည်း မြို့ပေါ် ပြန်တက်တော့မှာ ဖြစ်တယ်။ ရှုရန်ကသူ့ကို ပြန်လိုက်ပို့ပေးမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် ရှုအန်းက ရှုရန် မြန်မြန်ပြန်လာနိုင်စေဖို့အတွက် သူ့ကို ကူညီပေးတဲ့အနေနဲ့ သူ့ရဲ့နွားလှည်းကို ငှါးပေးလိုက်တယ်။
ရှုရန်က အလုပ်သမား ခေါင်းဆောင်လီကို မြို့ဆီ ပြန်ပို့ပေးလိုက်ပြီးတော့ အလုပ်သမား ခေါင်းဆောင်လီရဲ့ လူတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့တွေရဲ့ အဝတ်အစားတွေမှာ အပေါက်အဖာတွေနဲ့အတူ ကြည့်ရတာ ရိုးသားပုံ ပေါ်နေတယ်။ ကောတွေတောင်မှ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကြပေမဲ့လည်း သူတို့တွေက ဒါနဲ့ပတ်သက်ပြီး အပြုသဘောဆောင် အကောင်းမြင်စိတ် ရှိကြပြီးတော့ ရင့်ကျက် တည်ငြိမ်ကြတယ်။
အလုပ်သမား ခေါင်းဆောင်လီက ရှုရန်ကို ဒီလူတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့အကြောင်းကို ပြောဖို့အတွက် သူ့မှာ စကားကောင်းတွေ အမြောက်အမြား ရှိနေတယ်။ ဥပမာအားဖြင့် သူက ငယ်ရွယ်ကြည့်ကောင်းတဲ့ ယောက်ျားတစ်ယောက် ဆိုတာမျိုးတွေပေါ့။ ရှုရန်တစ်ယောက် သူ့ကို ဒီလောက် စကားပြောကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိတဲ့အတွက် သူအရင်တုန်းက အလုပ်သမား ခေါင်းဆောင်လီကို အထင်အမြင် မှားယွင်းခဲ့မိတယ်လို့ ခံစားလိုက်ရတယ်။
အချိန်ခဏလောက် စကားပြောဆိုပြီးတဲ့နောက်မှာ မှောင်လာနေပြီ ဆိုတာကို ရှုရန် တွေ့လိုက်ရတာကြောင့် သူ့ကိုယ်သူ ပြန်ဖို့ ခွင့်တောင်းလိုက်တော့ အလုပ်သမား ခေါင်းဆောင်လီက သူတို့ရဲ့နေရာကလည်း အဆင်မပြေ ဖြစ်နေတာမို့ သူ့ကို ဆွဲမထားနေတော့ပေ။
ရှုရန်တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါမှာ နေက ဝင်လုနီးပါး ဖြစ်နေပြီဖြစ်ပြီးတော့ ကောင်းကင်ယံထက်တွင် အနီရောင် နေဝင်ချိန်ကလည်း တောက်ပနေခဲ့တယ်။ မနက်ဖြန်ကျရင်လည်း နောက်ထပ် နေသာတဲ့နေ့တစ်နေ့ ဖြစ်လာမဲ့ပုံပါပဲ။
တျန်းတျန်းနဲ့ ကော်ကော်တို့ရဲ့ ကစားဖော်တွေက ဒီရက်မှာ အလုပ်တစ်အားကြိုးစားခဲ့ကြတာမို့ အိမ်အနောက်ဘက်တွင် နောက်ထပ် ပြာပုံနှစ်ပုံကို မီးရှို့နိုင်ခဲ့ကြတယ်။
ပျင်းရိထိုင်းမှိုင်းနေကြတဲ့ ခွေးလေး လေးကောင်က တျန်းတျန်းနဲ့ ကော်ကော်တို့ရဲ့အနောက်နားကနေ လိုက်နေကြတဲ့အချိန်မှာ သူတို့တတွေက ကြက်လှောင်အိမ်အရှေ့မှာ ကြက်ပေါက်ကလေးတွေနဲ့အတူ ကစားနေကြတယ်။ မြင်ကွင်းက စိတ်ဝင်စားစရာ ကောင်းသားပဲ။
ရှုရန်က လမ်းလျှောက်လာလိုက်ပြီးတော့ ကလေးနှစ်ယောက်ရဲ့ နောက်ကျောလေးတွေကို ပုတ်လိုက်တယ်။ "သားတို့ ဘာတွေ ကစားနေကြတာလဲ? ဒီနေရာက အနံ့အသက်တွေ ရနေပြီးတော့ ရာသီဥတုကလည်း အေးနေတယ်လေ။ သားတို့ရဲ့ အဝတ်အစားတွေ လျှော်ဖို့ သားဖေဖေအတွက် အေးတယ် ဆိုတာကိုရော သားတို့သိရဲ့လား?"
တျန်းတျန်းနဲ့ ကော်ကော်တို့တွေက ပျော်ရွှင်စွာ ကစားနေကြတာ ဖြစ်တယ်။ သူတို့တွေကို ရှုရန် စကားပြောလိုက်တာနဲ့ချက်ချင်း ထရပ်လိုက်ကြပြီးတော့ သူတို့လက်ထဲက မြက်ပင်တွေကို အဝေးကို လွင့်ပစ်လိုက်ကြတယ်။ သူတို့ရဲ့လက်တွေကို ဖုန်ခါလိုက်ကြပြီး မတ်မတ် ရပ်နေလိုက်ကြတယ်။ "အဖေ သားတို့ မှားမှန်းသိပါပြီ။ နောက်ကျရင် သားတို့ဒီလိုမျိုး မလုပ်တော့ပါဘူး။"
"သားတို့ကို ကစားခွင့် မပြုဘူးလို့ အဖေမပြောပါဘူး။ ဒါပေမဲ့ အဖေက သားတို့တွေကို အချိန်ကို ကြည့်ပြီး ကစားစေချင်ရုံပါပဲ။ ဟုတ်ပြီလား? သားတို့တွေ အရမ်းနာခံလိမ္မာနေဖို့ မလိုအပ်ပါဘူး။" ရှုရန်တစ်ယောက် တျန်းတျန်းရဲ့ခေါင်းလေးကို ပွတ်သတ်ပေးနေရင်း အနည်းငယ် ဝမ်းနည်းသွားမိတယ်။ ဒီကလေးနှစ်ယောက်က အရမ်းနာခံတတ်လွန်းနေတယ်။
တျန်းတျန်းနဲ့ ကော်ကော်တို့တွေကတော့ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းနဲ့ ပတ်သက်ပြီး ဘာများ မှားနေတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြတယ်။
ရှုရန်တစ်ယောက် သူတို်လေးတွေကို ရှင်းပြမနေတော့ပဲ ကလေးနှစ်ယောက်နဲ့အတူ အိမ်ထဲကို လမ်းလျှောက် ဝင်လာခဲ့လိုက်တယ်။ လျိုထုံက အင်တုံခွက်ထဲမှာ ထင်းမီးပုံထားသလို ဆီမီးအိမ်ကိုလည်း ထွန်းညှိထားပြီးတော့ သူတို့သုံးယောက်စလုံးကို ထိုင်ကစားခွင့် ပြုလိုက်တယ်။
သူချက်ပြုတ်နိုင်တဲ့ ဟင်းပွဲတိုင်းကို လျိုထုံဆီ သူ လွှဲပေးခဲ့ပြီးကတည်းက ရှုရန်က မီးဖိုချောင်ထဲဝင်ဖို့ကို စိတ်အရှုပ်ခံ မနေတော့ပါဘူး။ သူမီးဖိုချောင်ထဲကနေ ထွက်လိုက်၊ ဝင်လိုက် လုပ်လိုက်တာနဲ့ချက်ချင်း သူ့တစ်ကိုယ်လုံးမှာ ဆီတွေ ရွှဲစိုကုန်တာမို့ မော်ဒန်ခေတ်အချိန်တွေကနဲ့ လုံးဝကို မနှိုင်းယှဉ်နိုင်ပေ။ ပန်းကန်ဆေးတဲ့အခါမှာလည်း ကြေးချွတ်ဆေးတောင် မရှိတာမို့ သူပန်းကန်တွေကို ပန်းကန်ဆေးအဝတ်နဲ့အတူ ရေနွေးအပူလောင်နိုင်တဲ့ ရေပူထဲ ထည့်ဆေးရုံသာ တတ်နိုင်တယ်လေ။
ညစာစားချိန်တွင် ရှုရန်က လျိုထုံကို ဒီနေ့ မြို့ပေါ်မှာ သူတွေ့လာခဲ့ရတဲ့ အလုပ်သမား ခေါင်းဆောင်လီရဲ့ လူတွေအကြောင်းကို ပြောပြလိုက်တယ်။ သူ့ရဲ့စိတ်ကျေနပ်အားရနေမှုကို ဖော်ပြလိုက်ပြီးတော့ သူတို့တွေအတွက် သူအစားအသောက်တွေကို ပြင်ဆင်ပေးတဲ့အခါ ပိုကောင်းကောင်းမွန်မွန်ဖြစ်အောင် ပြင်ဆင်ပေးရမယ်လို့ ပြောလိုက်တယ်။
ဒါနဲ့ပတ်သက်ပြီး လျိုထုံအတွက်တော့ ဘာပြဿနာမှ မရှိပေ။
ညစာစားပြီးနောက် အိပ်ရာမဝင်ကြခင်မှာ တစ်မိသားစုလုံး တစ်ခဏလောက် စကားစမြည် ပြောလိုက်ကြပြီးတော့ ရောက်ရှိလာတော့မဲ့ မနက်ဖြန်ကို စောင့်မျှော်နေကြတော့တယ်။