"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

1.9M 170K 13.7K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 12

46.1K 4.1K 264
By Vi_Vian25

Unicode

" ဖိုးထောင် ..... မင်း ဟာက ဟုတ်ရော ဟုတ်ရဲ့လားကွ"

"ကျွန်တော့်ကို ယုံလိုက်ပါနောင်ကြီးမိုးရိပ် ရ။ ပြော-ပြောတာ မဟုတ်ဘူးဗျ။ ကြက်ထောင်တဲ့နေရာတော့ နောင်ကြီးစက္ကတောင် ကျုပ်လောက်ကျွမ်းမှာ မဟုတ်ဘူး။ ဒီညတော့ ကျိန်းသေ ကြက်ဘူးပဲ။ ရွာတောင်က ကြည်အောင် တို့က ဘူးသီး နှစ်လုံးလောက်ယူလာမယ်ပြောတယ်ဗျ။ ခပ်နုနုခူးခဲ့ဖို့သေချာမှာလိုက်တယ်။ အဓိက ကြက်ပဲဗျ။"

ဖိုးထောင်၏ ခေါင်းမော့ရင်ကော့ ပြောစကားကြောင့် နောင် ချုံအကွယ်မှ ကြက်ထောင်ထားသည့်နေရာသို့ ပြန်အကြည့်ပို့လိုက်သည်။ အခုအခြေအနေကို ပြောပါဆိုလျှင် နောင် တစ်ယောက် ကလေးနှင့် ပေါင်းကာချုံအကွယ်တွင် ကုန်းကုန်းကွကွနှင့်။ အကြောင်းက ညနေ မစောင်းတစောင်းအချိန်တွင် ကြက်ဖတစ်ကောင်ပိုက်ကာ နောင့်ခြံထိရောက်လာသည့် ဖိုးထောင်တစ်ယောက်ကြောင့်ဖြစ်သည်။

ဒီနေ့ ရွာထဲ ကာလသားတွေ လူပျိုလှည့်ကြလိမ့်မည်။ ထိုသို့ညမျိုးဆို လူစုံတက်စုံမို့ ရွာဓလေ့အတိုင်း ကာလသားချက် ချက်စားကြသည်။ ထိုအတွက် ကြက်ဖမ်းတာဝန်ကျသူက ဖိုးထောင်ဖြစ်၏ ကြည့်ရသည်က ကြည်အောင် တို့အုပ်စု သည်ဖိုးထောင်ကိုအချိုသပ်ကာ ကြက်ဖမ်းခိုင်းလိုက်ပုံပင်။
ကြည်အောင်တို့ဟူသည် လယ်ထဲဆင်းချိန်မှလွဲ ထန်းတောထဲအမြဲမူးရူးကွဲပြဲနေသည့်အဖွဲ့။

 နှင်းနွယ် ၏ ခင်မင်မှုနှင့် ၏ မြထွေး၏မျက်နှာသာပေးမှုကိုပါ တစ်ပြိုက်နက်တည်းရထားသည့် နောင့် ကို ထိုအဖွဲ့ကသိပ်တော့မကျေနပ်။ ထို့ကြောင့် ရွာလမ်းဆုံမိလျှင် မထိတထိ ရန်ထောင်တတ်ကြပေမယ့် နောင် မသိချင်ယောင်သာဆောင်လိုက်သည်။ စက္ကပါလျှင်တော့ ဒီကောင်တွေ ခေါင်းမော့၍ပင်မကြည့်ရဲ။

"ဖိုးထောင်.....မင်း ကြည်အောင်တို့နဲ့ ပေါင်းတာကပေါင်း။ မကောင်းတဲ့အကျင့်တွေတော့မကူးစေနဲ့"

"နောင်ကြီး ကလည်း ပုံမှန်ဆိုကျုပ်ကသိပ်မလုပ်ပေးပါဘူးဗျ။ ဒီတစ်ခါတော့ နောင်ကြီးမိုးရိပ်ကိုစားစေချင်လို့ဗျ။ "

"အေးပါကွာ....ဟုတ်ပါပြီ"

ရွာထဲ ဖိုးထောင်တို့မိသားစုက ဆင်းရဲသည်။ ဖိုးထောင်မိဘများက သူများလယ်တွင်သူရင်းငှားလုပ်ရပြီး ဖိုးထောင်ကတော့ ဦးဓန နွားများကိုကျောင်းပေးရသည်။ တခြားရွယ်တူများနှင့် ဆော့ကစားချိန်ဟူသည်လည်းရှိခဲ့ပုံမပေါ်။ အပေါင်းအသင်းမိတ်ဆွေဟူသည်လည်းမရှိ။ ထို့ကြောင့် သူ့ကို အရေးတယူလုပ်သူဆိုလျှင် စိတ်ရင်းမှန်နှင့် ခင်ပစ်လိုက်တတ်သည်။

စိတ်ထားကောင်းသည့်ဖိုးထောင်သည် အခကြေးငွေဘာညာမကြည့်ပါဘဲ ရွာထဲအကူအညီလိုလျှင် လိုက်ကူညီတတ်သေးသည်။ သနားညှာတာစိတ်ရှိသူတချို့ကတော့ မုန့်ဖိုးပဲဖိုးပေးကာခိုင်းကြပေမယ့် တချို့ကတော့ စိတ်ထားကောင်းသည်ကိုအခွင့်ကောင်းယူကာခိုင်းကောင်းကောင်းနှင့်ခိုင်းကြသည်။ အသက် ဆယ့်ငါး နှစ်ကျော်သာရှိသေးပေမယ့် လူပျိုသိပ်လုပ်ချင်သည့် ဖိုးထောင်ကလည်း ဟိုစပ်စပ်ဒီစပ်စပ်။ အလုပ်ကြမ်းတို့နှင့်ကြီးပြင်းခဲ့ရသည်ကြောင့်ထင်...ဖိုးထောင်က ဆယ့်ငါးနှစ်အရွယ်ထက် ခန္ဓာကိုယ်သည် ပိုဖွံ့ဖြိုး၏

"ဖိုးထောင်....မင်းခေါ်တာနဲ့ချက်ချင်းထလိုက်လာတာ စက္က ကိုတောင် ငါမပြောခဲ့ရဘူးကွ"

"ဟာဗျာ.....နောင်ကြီးက ကလေးလားဗျ။ ကြက်ဖမ်းသွားတာ နောင်ကြီးစက္ကကိုပြောရအောင်"

"ဟေ့ကောင် ဖိုးထောင်။ အိမ်နီးချင်းကွ.....အိမ်နီးချင်း"

"နောင်ကြီးကလည်းဗျာ....ကျုပ်ဖြင့်ကြက်ဖမ်းထွက်တာ အမိုးကိုပဲပြောခဲ့တာပါဗျာ။ ဘယ်အိမ်နီးချင်းမှ မပြောခဲ့ပါဘူး"

"ဒါတွေမင်းနားမလည်ပါဘူးဖိုးထောင်ရာ"

နောင့် စကားကိုခေါင်းတွေကုတ်ကာ နားမလည်သလို စိတ်ရှုပ်နေပုံပေါ်သည့် ဖိုးထောင်ကို နောင် ဘာမှ ဆက်မပြောတော့။ စက္ကက နောင်ထို့သို့ လှစ်ခနဲ လှစ်ခနဲပျောက်သွားတတ်သည်ကို သိပ်ကျေနပ်ပုံမပေါ်။ သူ့ကိုအသိမပေးဘဲ လျှောက်သွားပြီး ပြန်လာရင် တစ်ဖက်ခြံမှ မျက်မှောင်ကြီးကြုတ်ကာရပ်ကြည့်နေတတ်သည်။ နောင်ကလည်း တောဓလေ့သဘာ၀တို့ကို သိပ်စိတ်၀င်စားပြီး ဟိုဟိုဒီဒီပေါင်းသင်းတတ်သည်ကြောင့် ဟိုလူလာခါ် ပါသွားလိုက် ဒီလူလာခေါ် ပါသွားလိုက်နှင့်။

အခုလည်း ခြံရှေ့ထိလာခေါ်သည်ံ ဖိုးထောင်ကြောင့်သာ မယုံတယုံလိုက်လာရပေမယ့် ဖိုးထောင်၏ ကြက်ဖမ်းစွမ်းရည်ကတော်ရုံတော့ဟုတ်ပုံမပေါ်။တည်ကြက်၏ ခြေတစ်ဖက်ကို လျှော်ကြိုးနှင့်ချည်ပြီး တစ်ဖက်ကြိုးစကို သစ်ငုတ်တစ်ခုတွင်ချည်ထားခဲ့၏ တည်ကြက်ပတ်လည်တွင် ညွှတ်ကွင်းငါးခုကို အနေတော်နေရာချဲကာချထားခဲ့ပြီး ထိုကြိုးစကိုခပ်ရှည်ရှည်လုပ်၍ ကိုင်ကာချုံအကွယ်တွင်အခြေအနေထိုင်စောင့်ကြသည်။

"ဖိုးထောင်....မင်းတို့ဟာက ကြက်ဖမ်းတာကြက်နဲ့မျှားရတာလားကွ။ အပင်ပန်းခံ ဖမ်းလို့ကွာ။ ရှိတဲ့ကြက်ချက်စားပေါ့ကွ"

"ဟာ.......နောင်ကြီးမိုးရိပ်ကလည်း အဲ့ဒါ ကျုပ်အဘရဲ့ အိမ်ကြက်ဗျ။ ကျုပ်က အခုတောကြက်လာထောင်တာ။ ကျုပ်အဘကြက် သွားချက်စားတော့ ကျုပ်ဝါးရင်းတုတ်စာမိမှာပေါ့ဗျ။ ပြီးတော့ နောင်ကြီးတို့မြို့မှာ ကြက်ဆိုဝယ်စားကြတာဆို‌တော့ ကြက်ဖမ်းနည်း မသိတာ မဆန်းပါဘူးလေ။ ကျုပ်သေချာပြောပြမယ်။ နောင်ကြီးလည်းဗဟုသုတရအောင်နားထောင်ပေါ့"

"မင်းက ကြက်‌ဖမ်းနည်းပြောဖို့အရေး ကြီးကြီးကျယ်ကျယ်နဲ့ ဖိုးထောင်ရာ"

"နောင်ကြီး မိုးရိပ်ကလည်း .... ဒါ ပညာဗျ။ ပညာ"

"အေး...အေး...လုပ်စမ်းပါအုံး။ ပညာလေးယူရအောင်"

"အဟမ်း.....တောကြက်ဆိုတဲ့အမျိုးက တစ်ကောင်တည်းရှိတာတော့မဟုတ်ဘူးဗျ။ အများကြီး"

"အေး....အဲ့ဒါတော့ ငါလည်းသိတယ်လေကွ"

"ဒါပေမယ့်....ဂေါင်ကတော့ တစ်ကောင်တည်းဗျ"

"ဟေ....ဘယ်လိုလဲကွ"

"တောကြက်တွေအများကြီးပေမယ့် ကျုပ် တို့ မိုးလင်းအာရုဏ်တတ်တဲ့အချိန်တောထဲမှာ ကြက်တွန်သံတစ်သံပဲကြားရတယ်ဗျ။ ပြောချင်တာက တစ်ကောင်တည်းတွန်တယ်လို့ပြောတာ။ ဂေါင် တစ်ကောင်ပဲတွန်တာဗျ။ ကျန်တဲ့ကြက်တွေက မတွန်ရဲဘူး။ တွန်တဲ့ ဂေါင်တစ်ကောင်ကလည်း သူ့ပိုင်နက်ထဲ ဘယ်ကြက်မှ တွန်တာ မကြိုက်ဘူးဗျ။ တွန်တာနဲ့ လိုက်ခွပ်တော့တာ။ အဲ့ဒါ အိမ်ကြက်နဲ့တောကြက်ကွာခြားချက်ပဲဗျ"

"ဟေ..... အဲ့လိုလည်းရှိတာလားကွ"

"ရှိတာပေါ့ဗျ....ပြီးရင် ကြက်တွေက နေရာအသစ်ကို ရောက်တဲ့အခါ အာဏာပါဝါသိပ်ပြချင်တာ။ သူတို့ ရောက်နေကြောင်း ကြွေးကြော်ကြတယ်။ ပြောရရင် စိန်ခေါ်တဲ့သဘောပေါ့ဗျာ။အဲ့ဒါကြောင့် ကျွန်တော်က အဘရဲ့ ကြက်ကို ယူလာတာ။"

"ဘာဆိုင်လို့လည်းဖိုးထောင်ရ"

"ဒီလိုဗျာ။ ကျုပ်ကြက်က ခုနက တွန်လိုက်တယ်လေ။ အဲဒါက နေရာအသစ်ကိုသူ ရောက်နေကြောင်းပြဖို့ရော စိန်ခေါ်တဲ့ အနေနဲ့ပါ ထတွန်တဲ့သဘော။ အဲ့ဒီ့အခါက တောစပ်နား တွန်နေကျကြက်ကလည်း သူ့ပိုင်နက်ထဲ လာတွန်တဲ့အတွက် စိတ်တိုပြီး ခွပ်ဖို့ရောက်လာလိမ့်မယ်။ ရောက်လာလို့ ညွှတ်ထဲ၀င်တာနဲ့ကျုပ်ကဒီညွတ်ကွင်းကို ဆွဲလိုက်ရုံပဲ။ ဒီကောင်တွေက လည်တော့လည်တယ်ဗျ။ ချက်ချင်းတော့မ၀င်ဘူး။ အခြေအနေကိုကြည့်သေးတယ်။ ကျုပ်တို့စိတ်တော့ရှည်ရတယ်ဗျ"

ဖိုးထောင်အပြောကို နောင် သေချာနားထောင်နေမိသည်။ zoology ဘာသာရပ်နှင့် ကျောင်းပြီးထားသည့် နောင် ထက် တောင်ယာသားတို့က တောတောင်ရေမြေတိရိစ္ဆာန်တို့အကြောင်း ပိုအကျွမ်းတဝင်ရှိသည်ဟုဆိုလျှင်တော့မှားမည်မထင်ပါ။ စာတွေ့ထက် လက်တွေ့က ပိုထိရောက်ပုံပင်။

"တွေ့လားနောင်ကြီးမိုးရိပ်ဒီကောင်လာပြီ"

ဖိုးထောင်ပြသည့်နေရာကိုကြည့်မိတော့ တောထဲမှ ၀ံ့ကြွားစွာထွက်လာသည့်ကြက်ဖတစ်ကောင်သည်ကြန်အင်လက္ခဏာအစုံအလင်နှင့် ။ အမွှေးအတောင်တို့သည် အရောင်စိုတောက်နေ၏ အမောက်တထောင်ထောင်နှင့် အတောင်တဖြန့်ဖြန့်နှင့်တစ်ခုခုကိုကျီးကန်းတောင်းမှောက်ရှာနေပုံရပြီး ဖိုးထောင်တည်ထားသည့် တည်ကြက်ကိုတွေ့တော့ ဆတ်ခနဲခေါင်းလှည့်ကာသတိကြီးစွာအနားကပ်၏ ချည်တိုင်တွင်ချည်ထားသည့်ကြက်သည်လည်း တကွတ်ကွတ်နှင့် အတောင်တဖြန့်ဖြန့်နှင့် မာန်ဖီနေတော့သည်။ အခြေအနေသည် အနည်းငယ်တော့ ရင်ထိတ်ဖို့ကောင်းသည်။ တစ်ဖက်မှ ကြက်ဖသည် ချက်ချင်းမခွပ်သေး။ အခြေအနေကို ခပ်လှမ်းလှမ်းမှ လှည့်ပတ်အကဲခတ်၏ နောင်တို့ အသက်ပင် ခပ်ပြင်းပြင်းမရှူမိဖို့ ထိန်းထားမိသည့် အချိန်.........

"ဗျိုးးး ညီနောင်!!!!"

"ဟင်"

"ဟာဗျာ"

"ကိုဒိုးလုံး"

"ညီနောင်ရာ ကျုပ် အိမ်မှာသွားရှာနေတာဗျ"

"ဟားးး ကိုဒိုးလုံးကဗျာ.....ကျုပ်ကြက်ပြေးပြီဗျ။ အသံမပေးဘဲလာပါ့လားဗျာ။ အော်ကြီးဟစ်ကျယ်လာတော့ အခုညွှတ်ထဲဝင်ခါနီးမှ ထပြေးပြီဗျာ"

"ဟေ့ကောင် ဖိုးထောင်.....မင်းကြက်ပြေးတာ ပြန်ထောင်လို့ရတယ်ကွ။ ညီနောင့်ကိုသူကြီးအခေါ်လွှတ်လို့ ငါလိုက်ရှာနေရတာ။ အရေးကြီးတယ်"

"ကျွန်တော့်ကိုလား ကိုဒိုးလုံး"

"ဟုတ်တယ်ဗျ။ မြို့က ဧည့်သည်ရောက်နေလို့ စက္ကကိုရော ညီနောင့်ကိုပါ အခေါ်လွှတ်လိုက်တာဗျ။ စက္ကကတော့ သွားနှင့်ပြီ ညီနောင်ရ"

"မြို့ကဧည့်သည်.....ကျွန်တော့်အသိတွေ ဒီလာဖို့မရှိပါဘူးဗျ"

"အဲ့ဒါတော့ကျုပ်လည်းမသိဘူး ညီနောင်။ အရင်လိုက်ကြည့်ဗျာ"

"ကောင်းပြီ ကောင်းပြီ။ ဖိုးထောင် .... အစ်ကိုအရင်သွားနှင့်ပြီနော်။"

သူ့ကြက်ထွက်ပြေးသွားသည်ကြောင့် ခေါင်းတွေ တဗျင်းဗျင်းကုတ်ကာ မကျေမနပ်ဖြစ်နေသည့် ဖိုးထောင်နှင့် ကိုဒိုးလုံးတို့ စကားအခြေအတင်ဖြစ်ကာကျန်ခဲ့တော့ နောင် ရွာဘက်ထွက်ခဲ့လိုက်သည်။ နောင့် ကိုလာတွေ့စရာမြို့မှ ဧည့်သည်သည် မည်သူမှ မရှိပေမယ့် ဦးလေးထွန်း အခေါ်လွှတ်သည်ဆိုသည်ကြောင့်တော့ မသွားလို့မဖြစ်။

ရွာထဲခပ်သွက်သွက်၀င်ပြီး ဦးကြီးထွန်းအိမ်ဘက်လှည့်တော့ ခြံရှေ့တစ်လျှောက် လူတို့သည် ကျွတ်စီကျွတ်စီနှင့် စပ်စုနေကြတော့သည်။

"လာ.... မောင်မိုးနောင်။ ထိုင်ကွာ"

"ဟုတ်ဗျ.....ဦးလေးထွန်း အခေါ်လွှတ်တယ်ဆိုလို့ဗျ"

"အေးကွ..... ကိစ္စအကြောင်းအရင်းကို ပြောမလို့ လူကတော့စုံနေပြီ။ မောင်မိုးနောင်ကို စောင့်နေကြတာကွဲ့"

"ဟုတ်ကဲ့ဗျ"

မထိုင်ခင် နောင် အခြေအနေကိုတစ်ချက် ဝေ့ကြည့်လိုက်သည်။အိမ်ရှေ့ကွပ်ပျစ်ကျယ်၏ တစ်ဖက်တစ်ချက်တွင်နေရာယူထားကြသူတို့ကတချို့ကထိုင်လျက် တစ်ချို့ကရပ်လျက်။ တစ်ဖက်တွင် စက္ကနှင့် ဦးလေးထွန်းကထိုင်ပြီး တစ်ဖက်တွင်တော့မျက်နှာစိမ်းဧည့်သည်တချို့နေရာယူ၏

နေရာလှပ်ပေးသည့် ဦးလေးထွန်း ဘေး နောင် ဝင်ထိုင်ရင်း စက္ကဆီကျော်ကာအကြည့်ပို့တော့ မုဆိုးကြီးက ခန္ဓာကိုယ်သည် မလှုပ်မယှက်။ မျက်လုံးသည် မှင်သေသေနှင့် အရှေ့မှလူကိုစူးစူးရဲရဲစိုက်ကြည့်၏ စက္က၏ မျက်စိလားရာက ကွပ်ပျစ်ထောင့်စွန်းရှိသစ်တိုင်ကို မှီထိုင်နေသည့် သူဆီတွင်ဖြစ်၏

မေးသိုင်းကြိုးနှင့်သက္ကလပ်ဦးထုပ်အညိုရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့် ထိုသူက ခန္ဓာကိုယ်အတော်ဖွံ့သည်ကြောင့် ထောင်ထောင်မောင်းမောင်းဖြစ်နေပေမယ့် ကြည့်ရသည်က သက်လတ်ပိုင်းလောက်သာရှိသေးပုံပင်။

"ဒီက အစ်ကို ကျွန်တော့်ကို မှတ်မိလားဗျ"

အရှေ့မှလူကိုအကဲခတ်နေတုန်း မရဲတရဲ မေးလာသည့် ဘေးမှ လူစိမ်းကို ခုနကတည်းက မြင်ဖူးသလိုလိုရှိနေသည်ကြောင့် သူ့အမေးကို နောင် မျက်မှောင်ကြုတ်ကာတစ်ချက်စဥ်းစားရင်းမှ ပုံရိပ်တစ်ချို့သည် ခေါင်းထဲ လက်ခနဲ။

"အာ.....ဟိုမိကျောင်းမုဆိုး တွေ....."

အခုမှ အရှေ့မှလူတစ်စု၏ပုံရိပ်တို့ကို ရှင်းရှင်းလင်းလင်း မှတ်မိတော့သည်။ ရိုးမတောထဲ မိကျောင်း မှောင်ခို လာပစ်ကြသည့် အုပ်စု။ အခုမှ စက္က၏တင်းမာနေရသည့် မျက်နှာ အကြောင်းအရင်းကို နောင်ရိပ်မိတော့သည်။

"လူချင်းဆုံဖူးကြတာလား မောင်မိုးနောင်"

"စက္ကနဲ့ နောက်ဆုံးတစ်ခေါက်တောထဲ၀င်တုန်းကတွေ့ဖူးခဲ့ကြတာဗျ"

"အကြောင်းအရင်းကတော့ ဦးလေးထွန်းကို အကြမ်းပြောပြထားပြီးပြီး မောင်မိုးနောင်။ အဓိက ကတော့ သားကြီး စက္ကရဲ့ အကူအညီလိုတာကွဲ့။ မောင်မိုးနောင် လည်း သိထားသင့်တယ်ထင်လို့ခေါ်လိုက်ရတယ်။ ဒီကမောင်ရင်တို့က လူချင်းလည်း မြင်ဖူးနေကြတယ်ဆိုတော့ လာရင်းအကြောင်းကိုတော့ သားကြီး စက္ကကိုကိုယ်တိုင်ပြောပြလိုက်ပါတော့ကွဲ့။"

"ဟုတ်ကဲ့ သူကြီး....လာရင်း ကိစ္စမပြောခင် ကျွန်တော်က အရင်မိတ်ဆက်ပါမယ်ဗျ။ ကျွန်တော်ကတော့ ပြည်သာယာရွာ ကပါ။ နာမည်ကတော့ အေးမောင်လို့ခေါ်တယ်ဗျ။ ဒီကဆရာကတော့ ဆရာဂျော်နီပါ။ ရွာသူကြီးရဲ့ တူအရင်းဆိုပါတော့ဗျာ။ ဒီကမုဆိုးကြီးစက္က ကိုတော့သိပေမယ့် ဒီကနောင်ကြီးရဲ့နာမည်ကိုတော့မသိရဘူးဗျ"

"ဟုတ်ကဲ့ ကျွန်တော့နာမည်‌ နှောင်းမိုးရိပ်နောင်ပါဗျ။ ပြောစရာရှိတာလွတ်လွတ်လပ်လပ်ပြောပါ။ ဒီက အစ်ကိုတို့လိုအပ်မယ့် အကူအညီက စက္ကပဲ ပေးနိုင်ပြီး ကျွန်တော်ကတော့ ဒီတိုင်းဧည့်သည်မို့လို့ပါ"

"ဟုတ်ကဲ့ဗျ။ ကျွန်တော်တို့က ဒီက မုဆိုးကြီးစက္ကရဲ့ဂုဏ်သတင်းကိုလည်း ကြားဖူးနေတာကြာပါပြီ။ အဓိက လာရင်းကတော့ နှစ်ခုပါဗျ။ တစ်ခုကတော့ ကျွန်တော်တို့ရွာအတွက် မုဆိုးကြီးစက္ကကိုလာရောက်အကူအညီ‌တောင်းခံတာပါ။ နောက်တစ်ခုကတော့ ပုဂ္ဂိုလ်ရေးဆိုပါတော့ဗျ"

"......................."

"ကျွန်တော်တို့ပြည်သာယာက ရိုးမနဲ့ဆိုအနည်းငယ်လှမ်းတယ်ဆိုပေမယ့် တောင်စွယ်နဲ့တော့ နီးစပ်တယ်ဗျ။ အဲ့ဒါကြောင့် သားကောင်ကြီးတွေ ဝင်လေ့ဝင်ထမရှိကြဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်ရက်လောက်က ရွာထဲကို ငပျောက် (ကျားသစ်) တစ်ကောင် ထူးထူးဆန်းဆန်းဝင်လာခဲ့တော့တယ်။ ကျားနာလို့ထင်လိုက်ကြပေမယ့် ကြည့်ရတာ ကျားနာဟုတ်ပုံမပေါ်ဘူးဗျ။ ပထမတော့ ရွာထဲ နွားဆွဲ ဆိတ်ဆွဲနဲ့မို့ ကင်းစောင့်ဖမ်းကြဖို့ လုပ်ရင်း ကံဆိုးစွာပဲ လူကို ဆွဲသွားတော့တယ်။ ဒီကောင်က လူအရသာသိသွား‌တော့ နောက်ထပ် သုံးရက်လောက်နေတာနဲ့ ရွာထဲထပ်ဝင်လာတော့တာပဲ။ ညနေစောင်းအချိန်ဝင်လာတာမို့ ရွာထဲက ကလေးတစ်ယောက်ပါသွားတယ်ဗျ။ အခုတော့ အကုန်လုံးက ကြောက်လန့်နေကြတာနဲ့ လယ်ထဲတောင်ဆင်းဖို့ခက်ခဲနေကြတယ်ဗျ။ တောထဲ အုပ်စုလိုက်ပဲ ဝင်လို့ ရတာကြောင့် အလုပ်က တော်ရုံမပြီးဘူးပေါ့ဗျာ။ ဒီကောင်ကြီးကလူနှစ်ယောက်ဆွဲထားပြီးတာတောင် နောက်ထပ် ထပ်ဆွဲဖို့ချောင်းနေတယ်ဗျ။ ခြေရာတွေတွေ့ရပြီး သတိကြီးကြီးထားကြတာကြောင့် ဝင်ဆွဲဖို့ အခွင့်မသာသေးပုံပဲ။ အဲ့ဒီ့ကိစ္စအတွက် ဒီက စက္ကကို အကူအညီလာတောင်းတာပါဗျ။ သိတဲ့အတိုင်း ကျုပ်တို့ရွာမှာက မုဆိုးရယ် မရှိဘဲ ဖွတ် ပုတက် ဖမ်းသမားလောက်ပဲမို့ ကျားသစ်ကျ ရင်ဆိုင်နိုင်သူမရှိဘူးဗျ"

ထိုသူ၏စကားအဆုံး လူတို့၏ အာရုံသည် မုဆိုးကြီးဆီတွင်ဖြစ်ည်။ စကားကို အာရုံစိုက်နားထောင်နေသည့် စက္က ကတော့ တစ်ခုခုကို လေးလေးနက်နက်စဥ်းစားနေပုံပင်။

"သားကြီးစက္က ကူညီပေးလို့အဆင်ပြေမလားကွဲ့။ ပြည်သာယာကလည်း ရွာငယ်ဖြစ်ပြီး တောမုဆိုးရယ်လည်းမရှိတော့ ခက်ခဲနေကြမှာပဲ။ ကျား၊ ကျားသစ်ဆိုတဲ့ ကောင်တွေကလည်း လူအရသာသိပြီးရင်တော့ ကျိန်းသေထပ်၀င်လာတော့မှာ။ ကြည့်ရတာ အသေပစ်မှ ရတော့မယ်ထင်တယ် သားကြီးစက္က"

".........."

" ပြည်သာယာကရွာလူကြီးဖြစ်တဲ့ အဘ မိတ်ဆွေကိုယ်တိုင် စာတစ်စောင်ရေးလွှတ်လိုက်တာမို့ ကူညီနိုင်တာများရှိရင် ငါ့သားကြီးစက္က ကကူညီပေးဖို့ အဘက ပြောချင်တယ်ကွဲ့"

သူကြီး အပြောကို ခေါင်းခပ်ဖြည်းဖြည်း ညိတ်ပြသည့် စက္က က စိတ်လျော့ချလိုက်သလိုမျိုး။ ထီမထင်အမူအရာနှင့် စကားတစ်ခွန်းမှ ဝင်မပြောသည့် သက္ကလပ် ဦးထုပ်နှင့်ကောင်ကစက္ကကို တစ်ချက်ဝင့်ကြည့်သည်ကို နောင် ကမြင်ဖြစ်အောင် မြင်လိုက်ပေမယ့် သူကြီးဆီအာရုံရောက်နေသည့် စက္ကကတော့ သတိထားမိပုံမပေါ်။

"ဟာ.....ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်တို့ ရွာသားတွေကိုယ်စား ကျွန်တော်က ဒီက မုဆိုးကြီးစက္ကကိုကျေးဇူးတင်ပါတယ်။ ဒါဆိုကျွန်တော် ဒုတိယကိစ္စလေးကိုဆက်ပြောပြပါ့မယ်။ ဒုတိယကိစ္စကတော့ ကျွန်တော်ပြောတာထက် ဒီက ဆရာဂျော်နီပြောရင် ပိုအဆင်ပြေမယ်ထင်ပါတယ်"

အေးမောင်ဆိုသူက ထိုလူစိမ်းကို စကားပြောဖို့ လမ်းဖွင့်တော့ ထိုသူက ခပ်လျော့လျော့မှီထိုင်နေရာမှ သက္ကလပ်ဦးထုပ်ကိုချွတ်၍ ပေါင်ပေါ်တင်ပြီး စက္ကဘက် အနည်းငယ်ကိုင်းကာ စိုက်ကြည့်လာ၏ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ထိုသူက စက္ကတစ်ယောက်ကလွဲ မည်သူ့ကိုမှ အာရုံသိပ်မစိုက်သလိုမျိုး။

"ကျုပ်နာမည် ‌ဂျော်နီ။ န၀င်းချောင်းတစ်လျှောက် ဆန်တက်ချင်တယ်။ အဲ့ဒါအတွက်ခင်ဗျားတို့လမ်းပြပေးရမယ်။ ဧရာ၀တီထဲ၀င်တဲ့ လက်တက်ထိပဲ။ ကျန်တာကျုပ်အပိုင်းဖြစ်သွားပြီ။ အခကြေးငွေအတွက်မနစ်နာစေရဘူး။ ဒါကစရံ။ ကျန်တာ ခုနှစ်ရက်ပြီးရင်ရှင်းမယ်"

စကားကို ခပ်ပြတ်ပြတ်ပြောကာ စက္ကရှေ့ ဘုတ်ကနဲ့ပစ်ချပေးသည့် ငွေထုပ်သည် အတော်အလေးချိန်စီးပုံပင်။ လက်ပိုက်ကာ မျက်လုံးများမှေးစင်း မမှိတ်မသုန်စိုက်ကြည့်နေသည့် စက္က အကြည့်သည် အသက်မဲ့၏ ခဏအကြာ ခပ်ဖြည်းဖြည်းအကြည့်ကိုလွှဲလိုက်၏ ထို့နောက် ကွပ်ပျစ်ပေါ်မှ ဆင်း၍ တောစီးလည်သာဖိနပ်ကိုစွပ်၏ ကျောပေးခံလိုက်ရသည့် ထိုသူ...တစ်နည်းဂျော်နီဆိုသည့်ရေမုဆိုး၏ မျက်ခုံးတို့ကတော့အလိုမကျစွာတွန့်ချိုး၏ ငြင်းဆန်ခံလိုက်ရခြင်းသည် အောင့်သက်သက်နိုင်စေပုံပင်။ စက္က၏ တုန့်ပြန်လိုက်ပုံကြောင့်ထင်... ပတ်ဝန်းကျင်မှ သူ့ဘက် ကိုယ့်ဘက် လူများသည်တော့ကျွတ်စီကျွတ်စီနှင့်။

"မိကျောင်းသိုက်.......န၀င်းချောင်းရိုးတစ်နေရာမှာ မိကျောင်းသိုက်ရှိတယ်ဆိုတာ ဒီကရိုးမရာဇာကြီး သိတယ်မလား"

ပတ်၀န်းကျင်ကိုလွှမ်းလာသည့် ဂျော်နီဆိုသူ၏ အသံသည် ညံနေသည့် အသံတို့ကို ဟုတ်ခနဲငြိမ်းသွားစေ၏ အနည်းငယ်ခက်ထန်ပေမယ့် တိကျသည့်အဖြေတစ်ခုရှာနေသလို။ ခြံဝသို့ ဦးတည်နေသည့် စက္က၏ ခြေလှမ်းသည်လည်း တုန့်ခနဲရပ်၏ ကျောပေးရက် အနည်းငယ်စောင်းငဲ့ကြည့်လိုက်သည့် အကြည့်တို့သည် ဂျော်နီ ဆိုသူဆီဖြစ်သည်။ အကြည့်စူးစူးရဲရဲနှစ်ခုသည် အချိန်ခဏကြာအားပြိုင်နေကြ၏ ခဏအကြာနှုတ်ခမ်းကော့တက်ရုံတစ်ချက်ပြုံးသည့်ဂျော်နီသည် သက္ကလပ်ဦးထုပ်ကိုဟန်ပါပါကောက်ဆောင်းလိုက်သည်။ ထိုအခါမှ တစ်လှမ်းချင်းလှမ်းထွက်သွားသည့် စက္ကကိုကြည့်ရင်း နောင့် ခေါင်းထဲ မေးခွန်းတစ်ခုထပ်တိုးလာပြန်လေပြီ။

*မိကျောင်းသိုက်*

"သားကြီးစက္ကသဘောမတူတဲ့ကိစ္စကိုတော့ အဘမကူညီပေးနိုင်ဘူးကွဲ့။ ရွာထဲ ငပျောက်၀င်တဲ့ကိစ္စကတော့ ကတိပေးပြီးတာမို့သားကြီးက ရောက်အောင်လာပါလိမ့်မယ်။ လူလေးတို့ အရင်ပြန်နှင့်ကြပါကွဲ့"

သူကြီးစကားကြောင့် ဂျော်နီဆိုသူက အရှေ့မှ ငွေထုပ်ကို ပြန်ကောက်သိမ်းလိုက်၏ ထီမထင်အမူအယာနှင့် ကုတ်အင်္ကျီကိုတစ်ချက်ခါကာ မည်သူ့ကိုမှ စောင်းငဲ့မကြည့်ပါဘဲ ထထွက်သွားတော့ ပြည်သာယာရွာသားသုံး ယောက်သည် သူကြီးကို ကျေးဇူးတင်စကားအလျှင်အမြန်ပြော၍ နောက်မှ လိုက်သွားတော့သည်။

*မိကျောင်းသိုက်ဆိုတာ တကယ်ရှိတာလား*

*ကျူပ်ဘကြီး ပြောတုန်းကမဟုတ်လောက်ဘူးထင်တာ*

*ဒါဆိုယုံတမ်းစကားတွေကအမှန်တွေပေါ့*

*ဒီလူကမိကျောင်းသိုက်ကိုရှာပြီးဘာလုပ်မလို့လဲ*

ထင်ကြေးအမျိုးမျိုးနှင့် သူတစ်ခွန်းကိုယ်တစ်ခွန်းပြောနေကြသည့် ရွာသားတို့၏အသံများသည် နောင့် ကိုအတွေးများစေသည်။

*မိကျောင်းသိုက်......ယုံတမ်းပုံပြင်များအနေနဲ့သာကြားဖူးသည့်မိကျောင်းသိုက်က လက်တွေ့မှာတကယ်ရှိသည်လား။ ဒီလူကရောမိကျောင်းသိုက်ကိုဘာလိုရှာနေတာတဲ့လဲ*

ဦးလေးထွန်းကတော့စဥ်းစားချင့်ချိန်သလို အဖန်ရေခွက်ကိုခပ်ဖြည်းဖြည်း ကောက်မော့၏ သိချင်စိတ်တို့သည် တဖွါးဖွါးမို့ နောင် မေးရတော့သည်။

"ဦးလေးထွန်း....မိကျောင်းသိုက်ဆိုတာတကယ်ပဲရှိသလားဗျ"

"ဒါတော့ ဦးလေးထွန်းလည်းတိတိကျကျမသိဘူး မောင်မိုးနောင်။ ယုံတမ်းစကားတစ်ခုတော့ ရှိခဲ့တယ်ကွဲ့။ လူတစ်ယောက်၊ မိကျောင်းတစ်ကောင်နဲ့ ကျားဖြူတစ်ကောင်က ၀င်ပေါက်တစ်ခုကိုစောင့်ရှောက်ကာကွယ်ကြရတယ်တဲ့။"

"ဗျာ....၀င်ပေါက်"

"ဟုတ်တယ်ကွဲ့။ ဘယ်လို၀င်ပေါက်ဆိုတာလည်း ဘယ်သူမှ မသိသလို ဒါကိုလည်းကြုံကြိုက်ဖူးသူရယ် မရှိပါဘူး။ န၀င်းချောင်းတစ်လျှောက်တော့ သစ်ဆွဲလှေတွေတစ်ခါတစ်လေ မိကျောင်းတစ်ကောင်စ နှစ်ကောင်စတွေ့ရတတ်ပေမယ့် လူကိုအန္တရာယ်ပေးကြတယ်ရယ်လည်း မကြားဖူးဘူးကွဲ့။ ဒီလူတွေကတော့ ဘာကိုသိချင် ကြတယ်မသိပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်တော့ဟုတ်ပုံမပေါ်ဘူး။ ဒါကတော့ရှေးလူကြီးတွေ လက်ဆင့်ကမ်းပြောလာတဲ့ ယုံတမ်းစကားတစ်ခုပါပဲ။ဟုတ်သည် မဟုတ်သည်ကတော့ ဦးလေးထွန်းလည်းသေချာမပြောနိုင်ဘူး။ ဒီလူတွေရှာတော့ရော တွေ့မှာတဲ့လဲ။ ဘာမှမတွေ့တဲ့အခါ ပြန်သွားကြမှာပါပဲ။ စိုးရိမ်စရာတော့မရှိပါဘူး မောင်မိုးနောင်"

"အာ....ဟုတ်"

"မောင်မိုးနောင် အိမ်မှာ ထမင်းစားပြီး နေစောင်းမှ ပြန်ပါလားကွဲ့။"

"ရပါတယ် ဦးလေးထွန်း။ မနေတော့ပါဘူး။ ကျွန်တော်လည်းလုပ်စရာလေးတွေရှိသေးလို့ပါ။ ခွင့်ပြုပါအုံးဗျ"

"အေး အေး မောင်မိုးနောင်။ နောက်နေ့မှ ဒိုးလုံးနဲ့ ဟင်းစားတစ်ခွက်ပို့ခိုင်းလိုက်မကွဲ့။ မင်းနှမ နှင်းနွယ်ကတော့ ဟင်းစားပို့မယ်ချည်းလုပ်နေတာ။ မောင်မိုးနောင်အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ တားထားရတယ်ကွဲ့"

"ဟုတ်ကဲ့ ဦးလေးထွန်း"

"နေရထိုင်ရရောအဆင်ပြေရဲ့လားကွဲ့။ တစ်ခုခုလိုအပ်တာရှိ ဦးလေးထွန်းကိုပြော......အားနာမနေနဲ့ ငါ့တူကြီးရ"

"ပြေပါတယ်ဗျ။ လိုအပ်တာတော့ မရှိပါဘူး။ စက္ကလည်းရှိတော့ ကျွန်တော့်ကိုအများကြီးကူညီပေးပါတယ်"

"သားကြီးစက္က ကတော့ လူပုံစံကသာ အေးတိအေးစက်ပေမယ့် ဒီကလေးနှလုံးသားကသိပ်ကိုနွေးထွေးတာကွဲ့"

စက္ကအကြောင်းပြောသည်နှင့် မျက်နှာထက် ခပ်နွေးနွေးအပြုံးတစ်ခုဖြစ်တည်သည့် သူကြီးကိုကြည့်၍နောင်ပါလိုက်ပြုံးမိတော့သည်။

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံးဗျ"

"အေး... အေး မောင်မိုးနောင်။ ဂရုစိုက်ပြန်ကွဲ့"

ဦးလေးထွန်းကိုနှုတ်ဆက်ကာ ရွာလမ်းတစ်လျှောက်အသည်းအသန်အပြေးအလွှားလိုက်လာပေမယ့် စက္ကက ခဏလေးအတွင်း ရွာထိပ်ပင်ရောက်နေပြီဖြစ်သည်။ လူကဟောဟဲဆိုက်နေပေမယ့် စက္က၏ ခြေလှမ်းကျဲကြီးများကမရပ်သွားသည်ကြောင့် နောင် လည်းရပ်လို့မရ။

"ဟေ့လူ......ဟေ့လူ....ခင်ဗျားကလမ်းလျှောက်တာလားပြေးနေတာလားဗျာ။ မြန်လိုက်တာ"

နောင့် ခြေလှမ်းတို့မမှီ့တမှီ ဖြစ်တော့ စက္ကကခြေလှမ်းအရှိန်ကိုအနည်းငယ်လျှော့ချပေး၏

"ခင်ဗျားကိုကျွန်တော်ပြောစရာရှိတယ်။ ခင်ဗျား ကျားသစ် အမဲလိုက်မှာမလား"

"........."

"ကျွန်တော်က အတန်းထဲ စာတော်တဲ့ကျောင်းသားတွေထဲပါပေမယ့် ကျွန်တော်တို့က အဲဒီ့လိုကောင်တွေကိုစာတွေ့ပဲလေ့လာရတာ။ ကျွန်တော်အပြင်မှာ ကျားသစ်ကိုမြင်ဖူးချင်တယ်။ ခင်ဗျား ကျွန်တော့် ကိုခေါ်သွားမယ်မလား"

".........."

"ဟေ့လူ.....ပြန်ဖြေလေဗျ"

"..........."

နောင် သာတတွတ်တွတ်ပြောနေပေမယ့် စက္ကဆီကတော့ ပြန်ဖြေသံမလာ။ သို့သော်မတတ်နိုင် ဒီခရီးကနောင် လိုက်ကိုလိုက်ရမည်။ သူကြီးကလည်း နောင့် ကိုတကူးတကခေါ်အသိပေးသည်ဆိုသည်က လိုက်စေချင်လို့မဟုတ်ပါလား။

"ကျွန်တော်တို့ တစ်ရက်ဆိုတစ်ရက်ကအရေးကြီးတာမို့ ပြည်သာယာသွားဖို့ ကျွန်တော် ပစ္စည်းပစ္စယပြင်ထားလိုက်မယ်။ အဲ့ဒီ့ကနေကျွန်တော်တို့ ရိုးမထဲတန်း၀င်ကြရအောင်"

"........."

"ဟေ့လူ ခင်ဗျားကျွန်တော်မသိဘဲ ထွက်လို့မရဘူးနော်။"

လိမ္မော်နီရောင် အလင်းတို့ စပါးခင်းတို့ အပေါ် ဖြန့်ကျက်သည့် ရွာအထွက်လမ်းတွင်တော့လူနှစ်ယောက်သည် တရွေ့ရွေ့နှင့်။ ရှေ့ကိုသာတည့်တည့်ကြည့်ကာ ခြေလှမ်းကိုခပ်မှန်မှန်လျှောက်နေသည့်တောင့်တင်းကြံ့ခိုင်သည့် လူတစ်ဦးဘေး ဖြူဖျော့ဖျော့ ခန္ဓာကိုယ်ခပ်ပါးပါးလူငယ်တစ်ဦး တတွတ်တွတ်ပြောလျက်။ ထိုသူနှစ်ယောက်ကိုတော့ တစ်နေရာမှ စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံသည်လည်း နက်နဲ စူးရှလျက်။

ထိုမျက်လုံးတစ်စုံ၏ တည်နေရာသည် အကိုင်းအခက်တို့ ညွှတ်ဖြာကျနေသည့် လူသုံးယောက်ဖက်ခန့် ကြီးမားသည့် ညောင်ပင်ကြီး၏ အောက်မှ ဖြစ်၏ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည့် အဝတ် ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်။ လက်ကောက်ဝတ်တိတိထိရှည်သည့် အင်္ကျီပေါ် အစိမ်းရောင် လဲ့လဲ့ နှင့် သန့်စင်သည့် ကျောက်စိမ်းလက်ကောက်တစ်ကွင်းသည် ဘယ်ဘက် လက်ကောက်ဝတ်တွင် ၀တ်ဆင်ထား၏ ထိုလက်ကောက်၀တ်မှစွတ်စွတ်ဖြူသည့် ပိတ်သားအင်္ကျီကို လှပ်ကြည့်လိုက်မည်ဆိုလျှင်တော့ လက်ဖဝါးမှ အသက်လမ်းကြောင်းသည် ထိုလက်ကောက်ဝတ်ကို ပတ်လျက် လက်ဖျံဆီထိ ဦးတည်နေသည်ကို တွေ့ရလိမ့်မည်။ ထို ကျက်သရေရှိလှသည့် အမျိုးသမီး၏နောက်တွင်တော့ မြေနှင့် ထိစပ်လုမတတ် ကိုင်းညွတ်နေသည့် ခါးကို သစ်တောင်ဝှေ့ အားပြုကာ ရပ်နေသည့် အဖိုးအိုတစ်ယောက်။

"အထွေအထူးကိစ္စရှိသလား"

"စုံစမ်းခိုင်းထားတဲ့ကိစ္စအကြောင်းစုံသိလာရပြီးပါပြီ သခင်မ..............အင်း..............ထူးဆန်းတဲ့ ရေစက်မျိုးပါပဲ"

4469 words
Vi vian
4.1.2023 ( 23:57 pm)
90°bow

Zawgyi

" ဖိုးေထာင္ ..... မင္း ဟာက ဟုတ္ေရာ ဟုတ္ရဲ့လားကြ"

"ကြၽန္ေတာ့္ကို ယံုလိုက္ပါေနာင္ႀကီးမိုးရိပ္ ရ။ ေျပာ-ေျပာတာ မဟုတ္ဘူးဗ်။ ၾကက္ေထာင္တဲ့ေနရာေတာ့ ေနာင္ႀကီးစကၠေတာင္ က်ဳပ္ေလာက္ကြၽမ္းမွာ မဟုတ္ဘူး။ ဒီညေတာ့ က်ိန္းေသ ၾကက္ဘူးပဲ။ ရြာေတာင္က ၾကည္ေအာင္ တို႔က ဘူးသီး ႏွစ္လံုးေလာက္ယူလာမယ္ေျပာတယ္ဗ်။ ခပ္ႏုႏုခူးခဲ့ဖို႔ေသခ်ာမွာလိုက္တယ္။ အဓိက ၾကက္ပဲဗ်။"

ဖိုးေထာင္၏ ေခါင္းေမာ့ရင္ေကာ့ ေျပာစကားေၾကာင့္ ေနာင္ ခ်ံဳအကြယ္မွ ၾကက္ေထာင္ထားသၫ့္ေနရာသို႔ ျပန္အၾကၫ့္ပို႔လိုက္သည္။ အခုအေျခအေနကို ေျပာပါဆိုလ်ွင္ ေနာင္ တစ္ေယာက္ ကေလးႏွင့္ ေပါင္းကာခ်ံဳအကြယ္တြင္ ကုန္းကုန္းကြကြႏွင့္။ အေၾကာင္းက ညေန မေစာင္းတေစာင္းအခ်ိန္တြင္ ၾကက္ဖတစ္ေကာင္ပိုက္ကာ ေနာင့္ၿခံထိေရာက္လာသၫ့္ ဖိုးေထာင္တစ္ေယာက္ေၾကာင့္ျဖစ္သည္။

ဒီေန့ ရြာထဲ ကာလသားေတြ လူပ်ိဳလွၫ့္ၾကလိမ့္မည္။ ထိုသို႔ညမ်ိဳးဆို လူစံုတက္စံုမို႔ ရြာဓေလ့အတိုင္း ကာလသားခ်က္ ခ်က္စားၾကသည္။ ထိုအတြက္ ၾကက္ဖမ္းတာဝန္က်သူက ဖိုးေထာင္ျဖစ္၏ ၾကည့္ရသည္က ၾကည္ေအာင္ တို႔အုပ္စု သည္ဖိုးေထာင္ကိုအခ်ိဳသပ္ကာ ၾကက္ဖမ္းခိုင္းလိုက္ပံုပင္။
ၾကည္ေအာင္တို႔ဟူသည္ လယ္ထဲဆင္းခ်ိန္မွလြဲ ထန္းေတာထဲအၿမဲမူးရူးကြဲၿပဲေနသည့္အဖြဲ႔။

 ႏွင္းႏြယ္ ၏ ခင္မင္မႈႏွင့္ ၏ ျမေထြး၏မ်က္ႏွာသာေပးမႈကိုပါ တစ္ၿပိဳက္နက္တည္းရထားသည့္ ေနာင့္ ကို ထိုအဖြဲ႔ကသိပ္ေတာ့မေက်နပ္။ ထို႔ေၾကာင့္ ရြာလမ္းဆံုမိလ်ွင္ မထိတထိ ရန္ေထာင္တတ္ၾကေပမယ့္ ေနာင္ မသိခ်င္ေယာင္သာေဆာင္လိုက္သည္။ စကၠပါလ်ွင္ေတာ့ ဒီေကာင္ေတြ ေခါင္းေမာ့၍ပင္မၾကည့္ရဲ။

"ဖိုးေထာင္.....မင္း ၾကည္ေအာင္တို႔နဲ႔ ေပါင္းတာကေပါင္း။ မေကာင္းတဲ့အက်င့္ေတြေတာ့မကူးေစနဲ႔"

"ေနာင္ႀကီး ကလည္း ပံုမွန္ဆိုက်ဳပ္ကသိပ္မလုပ္ေပးပါဘူးဗ်။ ဒီတစ္ခါေတာ့ ေနာင္ႀကီးမိုးရိပ္ကိုစားေစခ်င္လို႔ဗ်။ "

"ေအးပါကြာ....ဟုတ္ပါၿပီ"

ရြာထဲ ဖိုးေထာင္တို႔မိသားစုက ဆင္းရဲသည္။ ဖိုးေထာင္မိဘမ်ားက သူမ်ားလယ္တြင္သူရင္းငွားလုပ္ရၿပီး ဖိုးေထာင္ကေတာ့ ၪီးဓန ႏြားမ်ားကိုေက်ာင္းေပးရသည္။ တျခားရြယ္တူမ်ားႏွင့္ ေဆာ့ကစားခ်ိန္ဟူသည္လည္းရိွခဲ့ပံုမေပၚ။ အေပါင္းအသင္းမိတ္ေဆြဟူသည္လည္းမရိွ။ ထို႔ေၾကာင့္ သူ႔ကို အေရးတယူလုပ္သူဆိုလ်ွင္ စိတ္ရင္းမွန္ႏွင့္ ခင္ပစ္လိုက္တတ္သည္။

စိတ္ထားေကာင္းသည့္ဖိုးေထာင္သည္ အခေၾကးေငြဘာညာမၾကည့္ပါဘဲ ရြာထဲအကူအညီလိုလ်ွင္ လိုက္ကူညီတတ္ေသးသည္။ သနားၫွာတာစိတ္ရိွသူတခ်ိဳ႕ကေတာ့ မုန္႔ဖိုးပဲဖိုးေပးကာခိုင္းၾကေပမယ့္ တခ်ိဳ႕ကေတာ့ စိတ္ထားေကာင္းသည္ကိုအခြင့္ေကာင္းယူကာခိုင္းေကာင္းေကာင္းႏွင့္ခိုင္းၾကသည္။ အသက္ ဆယ့္ငါး ႏွစ္ေက်ာ္သာရိွေသးေပမယ့္ လူပ်ိဳသိပ္လုပ္ခ်င္သၫ့္ ဖိုးေထာင္ကလည္း ဟိုစပ္စပ္ဒီစပ္စပ္။ အလုပ္ၾကမ္းတို႔ႏွင့္ႀကီးျပင္းခဲ့ရသည္ေၾကာင့္ထင္...ဖိုးေထာင္က ဆယ့္ငါးႏွစ္အရြယ္ထက္ ခႏၶာကိုယ္သည္ ပိုဖြံ႔ၿဖိဳး၏

"ဖိုးေထာင္....မင္းေခၚတာနဲ႔ခ်က္ခ်င္းထလိုက္လာတာ စကၠ ကိုေတာင္ ငါမေျပာခဲ့ရဘူးကြ"

"ဟာဗ်ာ.....ေနာင္ႀကီးက ကေလးလားဗ်။ ၾကက္ဖမ္းသြားတာ ေနာင္ႀကီးစကၠကိုေျပာရေအာင္"

"ေဟ့ေကာင္ ဖိုးေထာင္။ အိမ္နီးခ်င္းကြ.....အိမ္နီးခ်င္း"

"ေနာင္ႀကီးကလည္းဗ်ာ....က်ဳပ္ျဖင့္ၾကက္ဖမ္းထြက္တာ အမိုးကိုပဲေျပာခဲ့တာပါဗ်ာ။ ဘယ္အိမ္နီးခ်င္းမွ မေျပာခဲ့ပါဘူး"

"ဒါေတြမင္းနားမလည္ပါဘူးဖိုးေထာင္ရာ"

ေနာင့္ စကားကိုေခါင္းေတြကုတ္ကာ နားမလည္သလို စိတ္ရႈပ္ေနပံုေပၚသည့္ ဖိုးေထာင္ကို ေနာင္ ဘာမွ ဆက္မေျပာေတာ့။ စကၠက ေနာင္ထို႔သို႔ လွစ္ခနဲ လွစ္ခနဲေပ်ာက္သြားတတ္သည္ကို သိပ္ေက်နပ္ပံုမေပၚ။ သူ႔ကိုအသိမေပးဘဲ ေလ်ွာက္သြားၿပီး ျပန္လာရင္ တစ္ဖက္ၿခံမွ မ်က္ေမွာင္ႀကီးၾကဳတ္ကာရပ္ၾကည့္ေနတတ္သည္။ ေနာင္ကလည္း ေတာဓေလ့သဘာ၀တို႔ကို သိပ္စိတ္၀င္စားၿပီး ဟိုဟိုဒီဒီေပါင္းသင္းတတ္သည္ေၾကာင့္ ဟိုလူလာခၚ ပါသြားလိုက္ ဒီလူလာေခၚ ပါသြားလိုက္ႏွင့္။

အခုလည္း ၿခံေရ႔ွထိလာေခၚသည္ံ ဖိုးေထာင္ေၾကာင့္သာ မယံုတယံုလိုက္လာရေပမယ့္ ဖိုးေထာင္၏ ၾကက္ဖမ္းစြမ္းရည္ကေတာ္ရံုေတာ့ဟုတ္ပံုမေပၚ။တည္ၾကက္၏ ေျခတစ္ဖက္ကို ေလ်ွာ္ႀကိဳးႏွင့္ခ်ည္ၿပီး တစ္ဖက္ႀကိဳးစကို သစ္ငုတ္တစ္ခုတြင္ခ်ည္ထားခဲ့၏ တည္ၾကက္ပတ္လည္တြင္ ၫႊတ္ကြင္းငါးခုကို အေနေတာ္ေနရာခ်ဲကာခ်ထားခဲ့ၿပီး ထိုႀကိဳးစကိုခပ္ရွည္ရွည္လုပ္၍ ကိုင္ကာခ်ံဳအကြယ္တြင္အေျခအေနထိုင္ေစာင့္ၾကသည္။

"ဖိုးေထာင္....မင္းတို႔ဟာက ၾကက္ဖမ္းတာၾကက္နဲ႔မ်ွားရတာလားကြ။ အပင္ပန္းခံ ဖမ္းလို႔ကြာ။ ရိွတဲ့ၾကက္ခ်က္စားေပါ့ကြ"

"ဟာ.......ေနာင္ႀကီးမိုးရိပ္ကလည္း အဲ့ဒါ က်ဳပ္အဘရဲ့ အိမ္ၾကက္ဗ်။ က်ဳပ္က အခုေတာၾကက္လာေထာင္တာ။ က်ဳပ္အဘၾကက္ သြားခ်က္စားေတာ့ က်ဳပ္ဝါးရင္းတုတ္စာမိမွာေပါ့ဗ်။ ၿပီးေတာ့ ေနာင္ႀကီးတို႔ၿမိဳ႔မွာ ၾကက္ဆိုဝယ္စားၾကတာဆို‌ေတာ့ ၾကက္ဖမ္းနည္း မသိတာ မဆန္းပါဘူးေလ။ က်ဳပ္ေသခ်ာေျပာျပမယ္။ ေနာင္ႀကီးလည္းဗဟုသုတရေအာင္နားေထာင္ေပါ့"

"မင္းက ၾကက္‌ဖမ္းနည္းေျပာဖို႔အေရး ႀကီးႀကီးက်ယ္က်ယ္နဲ႔ ဖိုးေထာင္ရာ"

"ေနာင္ႀကီး မိုးရိပ္ကလည္း .... ဒါ ပညာဗ်။ ပညာ"

"ေအး...ေအး...လုပ္စမ္းပါအံုး။ ပညာေလးယူရေအာင္"

"အဟမ္း.....ေတာၾကက္ဆိုတဲ့အမ်ိဳးက တစ္ေကာင္တည္းရိွတာေတာ့မဟုတ္ဘူးဗ်။ အမ်ားႀကီး"

"ေအး....အဲ့ဒါေတာ့ ငါလည္းသိတယ္ေလကြ"

"ဒါေပမယ့္....ေဂါင္ကေတာ့ တစ္ေကာင္တည္းဗ်"

"ေဟ....ဘယ္လိုလဲကြ"

"ေတာၾကက္ေတြအမ်ားႀကီးေပမယ့္ က်ဳပ္ တို႔ မိုးလင္းအာရုဏ္တတ္တဲ့အခ်ိန္ေတာထဲမွာ ၾကက္တြန္သံတစ္သံပဲၾကားရတယ္ဗ်။ ေျပာခ်င္တာက တစ္ေကာင္တည္းတြန္တယ္လို႔ေျပာတာ။ ေဂါင္ တစ္ေကာင္ပဲတြန္တာဗ်။ က်န္တဲ့ၾကက္ေတြက မတြန္ရဲဘူး။ တြန္တဲ့ ေဂါင္တစ္ေကာင္ကလည္း သူ႔ပိုင္နက္ထဲ ဘယ္ၾကက္မွ တြန္တာ မႀကိဳက္ဘူးဗ်။ တြန္တာနဲ႔ လိုက္ခြပ္ေတာ့တာ။ အဲ့ဒါ အိမ္ၾကက္နဲ႔ေတာၾကက္ကြာျခားခ်က္ပဲဗ်"

"ေဟ..... အဲ့လိုလည္းရိွတာလားကြ"

"ရိွတာေပါ့ဗ်....ၿပီးရင္ ၾကက္ေတြက ေနရာအသစ္ကို ေရာက္တဲ့အခါ အာဏာပါဝါသိပ္ျပခ်င္တာ။ သူတို႔ ေရာက္ေနေၾကာင္း ေႂကြးေၾကာ္ၾကတယ္။ ေျပာရရင္ စိန္ေခၚတဲ့သေဘာေပါ့ဗ်ာ။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္က အဘရဲ့ ၾကက္ကို ယူလာတာ။"

"ဘာဆိုင္လို႔လည္းဖိုးေထာင္ရ"

"ဒီလိုဗ်ာ။ က်ဳပ္ၾကက္က ခုနက တြန္လိုက္တယ္ေလ။ အဲဒါက ေနရာအသစ္ကိုသူ ေရာက္ေနေၾကာင္းျပဖို႔ေရာ စိန္ေခၚတဲ့ အေနနဲ႔ပါ ထတြန္တဲ့သေဘာ။ အဲ့ဒီ့အခါက ေတာစပ္နား တြန္ေနက်ၾကက္ကလည္း သူ႔ပိုင္နက္ထဲ လာတြန္တဲ့အတြက္ စိတ္တိုၿပီး ခြပ္ဖို႔ေရာက္လာလိမ့္မယ္။ ေရာက္လာလို႔ ၫႊတ္ထဲ၀င္တာနဲ႔က်ဳပ္ကဒီၫြတ္ကြင္းကို ဆြဲလိုက္ရံုပဲ။ ဒီေကာင္ေတြက လည္ေတာ့လည္တယ္ဗ်။ ခ်က္ခ်င္းေတာ့မ၀င္ဘူး။ အေျခအေနကိုၾကည့္ေသးတယ္။ က်ဳပ္တို႔စိတ္ေတာ့ရွည္ရတယ္ဗ်"

ဖိုးေထာင္အေျပာကို ေနာင္ ေသခ်ာနားေထာင္ေနမိသည္။ zoology ဘာသာရပ္ႏွင့္ ေက်ာင္းၿပီးထားသၫ့္ ေနာင္ ထက္ ေတာင္ယာသားတို႔က ေတာေတာင္ေရေျမတိရိစၧာန္တို႔အေၾကာင္း ပိုအကြၽမ္းတဝင္ရိွသည္ဟုဆိုလ်ွင္ေတာ့မွားမည္မထင္ပါ။ စာေတြ့ထက္ လက္ေတြ့က ပိုထိေရာက္ပံုပင္။

"ေတြ့လားေနာင္ႀကီးမိုးရိပ္ဒီေကာင္လာၿပီ"

ဖိုးေထာင္ျပသည့္ေနရာကိုၾကည့္မိေတာ့ ေတာထဲမွ ဝံ့ႂကြားစြာထြက္လာသည့္ၾကက္ဖတစ္ေကာင္သည္ၾကန္အင္လကၡဏာအစံုအလင္ႏွင့္ ။ အေမႊးအေတာင္တို႔သည္ အေရာင္စိုေတာက္ေန၏ အေမာက္တေထာင္ေထာင္ႏွင့္ အေတာင္တျဖန္႔ျဖန္႔ႏွင့္တစ္ခုခုကိုက်ီးကန္းေတာင္းေမွာက္ရွာေနပံုရၿပီး ဖိုးေထာင္တည္ထားသည့္ တည္ၾကက္ကိုေတြ့ေတာ့ ဆတ္ခနဲေခါင္းလွည့္ကာသတိႀကီးစြာအနားကပ္၏ ခ်ည္တိုင္တြင္ခ်ည္ထားသည့္ၾကက္သည္လည္း တကြတ္ကြတ္ႏွင့္ အေတာင္တျဖန္႔ျဖန္႔ႏွင့္ မာန္ဖီေနေတာ့သည္။ အေျခအေနသည္ အနည္းငယ္ေတာ့ ရင္ထိတ္ဖို႔ေကာင္းသည္။ တစ္ဖက္မွ ၾကက္ဖသည္ ခ်က္ခ်င္းမခြပ္ေသး။ အေျခအေနကို ခပ္လွမ္းလွမ္းမွ လွည့္ပတ္အကဲခတ္၏ ေနာင္တို႔ အသက္ပင္ ခပ္ျပင္းျပင္းမရႉမိဖို႔ ထိန္းထားမိသၫ့္ အခ်ိန္.........

"ဗ်ိဳးးး ညီေနာင္!!!!"

"ဟင္"

"ဟာဗ်ာ"

"ကိုဒိုးလံုး"

"ညီေနာင္ရာ က်ဳပ္ အိမ္မွာသြားရွာေနတာဗ်"

"ဟားးး ကိုဒိုးလံုးကဗ်ာ.....က်ဳပ္ၾကက္ေျပးၿပီဗ်။ အသံမေပးဘဲလာပါ့လားဗ်ာ။ ေအာ္ႀကီးဟစ္က်ယ္လာေတာ့ အခုၫႊတ္ထဲဝင္ခါနီးမွ ထေျပးၿပီဗ်ာ"

"ေဟ့ေကာင္ ဖိုးေထာင္.....မင္းၾကက္ေျပးတာ ျပန္ေထာင္လို႔ရတယ္ကြ။ ညီေနာင့္ကိုသူႀကီးအေခၚလႊတ္လို႔ ငါလိုက္ရွာေနရတာ။ အေရးႀကီးတယ္"

"ကြၽန္ေတာ့္ကိုလား ကိုဒိုးလံုး"

"ဟုတ္တယ္ဗ်။ ၿမိဳ႔က ဧည့္သည္ေရာက္ေနလို႔ စကၠကိုေရာ ညီေနာင့္ကိုပါ အေခၚလႊတ္လိုက္တာဗ်။ စကၠကေတာ့ သြားႏွင့္ၿပီ ညီေနာင္ရ"

"ၿမိဳ႔ကဧည့္သည္.....ကြၽန္ေတာ့္အသိေတြ ဒီလာဖို႔မရိွပါဘူးဗ်"

"အဲ့ဒါေတာ့က်ဳပ္လည္းမသိဘူး ညီေနာင္။ အရင္လိုက္ၾကည့္ဗ်ာ"

"ေကာင္းၿပီ ေကာင္းၿပီ။ ဖိုးေထာင္ .... အစ္ကိုအရင္သြားႏွင့္ၿပီေနာ္။"

သူ႔ၾကက္ထြက္ေျပးသြားသည္ေၾကာင့္ ေခါင္းေတြ တဗ်င္းဗ်င္းကုတ္ကာ မေက်မနပ္ျဖစ္ေနသည့္ ဖိုးေထာင္ႏွင့္ ကိုဒိုးလံုးတို႔ စကားအေျခအတင္ျဖစ္ကာက်န္ခဲ့ေတာ့ ေနာင္ ရြာဘက္ထြက္ခဲ့လိုက္သည္။ ေနာင့္ ကိုလာေတြ့စရာၿမိဳ႔မွ ဧည့္သည္သည္ မည္သူမွ မရိွေပမယ့္ ၪီးေလးထြန္း အေခၚလႊတ္သည္ဆိုသည္ေၾကာင့္ေတာ့ မသြားလို႔မျဖစ္။

ရြာထဲခပ္သြက္သြက္၀င္ၿပီး ၪီးႀကီးထြန္းအိမ္ဘက္လွည့္ေတာ့ ၿခံေရ႔ွတစ္ေလ်ွာက္ လူတို႔သည္ ကြၽတ္စီကြၽတ္စီႏွင့္ စပ္စုေနၾကေတာ့သည္။

"လာ.... ေမာင္မိုးေနာင္။ ထိုင္ကြာ"

"ဟုတ္ဗ်.....ၪီးေလးထြန္း အေခၚလႊတ္တယ္ဆိုလို႔ဗ်"

"ေအးကြ..... ကိစၥအေၾကာင္းအရင္းကို ေျပာမလို႔ လူကေတာ့စံုေနၿပီ။ ေမာင္မိုးေနာင္ကို ေစာင့္ေနၾကတာကြဲ႔"

"ဟုတ္ကဲ့ဗ်"

မထိုင္ခင္ ေနာင္ အေျခအေနကိုတစ္ခ်က္ ေဝ့ၾကည့္လိုက္သည္။အိမ္ေရ႔ွကြပ္ပ်စ္က်ယ္၏ တစ္ဖက္တစ္ခ်က္တြင္ေနရာယူထားၾကသူတို႔ကတခ်ိဳ႕ကထိုင္လ်က္ တစ္ခ်ိဳ႕ကရပ္လ်က္။ တစ္ဖက္တြင္ စကၠႏွင့္ ၪီးေလးထြန္းကထိုင္ၿပီး တစ္ဖက္တြင္ေတာ့မ်က္ႏွာစိမ္းဧည့္သည္တခ်ိဳ႕ေနရာယူ၏

ေနရာလွပ္ေပးသည့္ ၪီးေလးထြန္း ေဘး ေနာင္ ဝင္ထိုင္ရင္း စကၠဆီေက်ာ္ကာအၾကၫ့္ပို႔ေတာ့ မုဆိုးႀကီးက ခႏၶာကိုယ္သည္ မလႈပ္မယွက္။ မ်က္လံုးသည္ မွင္ေသေသႏွင့္ အေရ႔ွမွလူကိုစူးစူးရဲရဲစိုက္ၾကည့္၏ စကၠ၏ မ်က္စိလားရာက ကြပ္ပ်စ္ေထာင့္စြန္းရိွသစ္တိုင္ကို မွီထိုင္ေနသည့္ သူဆီတြင္ျဖစ္၏

ေမးသိုင္းႀကိဳးႏွင့္သကၠလပ္ၪီးထုပ္အညိုေရာင္ကိုခပ္ငိုက္ငိုက္ေဆာင္းထားသည့္ ထိုသူက ခႏၶာကိုယ္အေတာ္ဖြံ႔သည္ေၾကာင့္ ေထာင္ေထာင္ေမာင္းေမာင္းျဖစ္ေနေပမယ့္ ၾကည့္ရသည္က သက္လတ္ပိုင္းေလာက္သာရိွေသးပံုပင္။

"ဒီက အစ္ကို ကြၽန္ေတာ့္ကို မွတ္မိလားဗ်"

အေရ႔ွမွလူကိုအကဲခတ္ေနတုန္း မရဲတရဲ ေမးလာသၫ့္ ေဘးမွ လူစိမ္းကို ခုနကတည္းက ျမင္ဖူးသလိုလိုရိွေနသည္ေၾကာင့္ သူ႔အေမးကို ေနာင္ မ်က္ေမွာင္ၾကဳတ္ကာတစ္ခ်က္စဥ္းစားရင္းမွ ပံုရိပ္တစ္ခ်ိဳ႕သည္ ေခါင္းထဲ လက္ခနဲ။

"အာ.....ဟိုမိေက်ာင္းမုဆိုး ေတြ....."

အခုမွ အေရ႔ွမွလူတစ္စု၏ပံုရိပ္တို႔ကို ရွင္းရွင္းလင္းလင္း မွတ္မိေတာ့သည္။ ရိုးမေတာထဲ မိေက်ာင္း ေမွာင္ခို လာပစ္ၾကသၫ့္ အုပ္စု။ အခုမွ စကၠ၏တင္းမာေနရသၫ့္ မ်က္ႏွာ အေၾကာင္းအရင္းကို ေနာင္ရိပ္မိေတာ့သည္။

"လူခ်င္းဆံုဖူးၾကတာလား ေမာင္မိုးေနာင္"

"စကၠနဲ႔ ေနာက္ဆံုးတစ္ေခါက္ေတာထဲ၀င္တုန္းကေတြ့ဖူးခဲ့ၾကတာဗ်"

"အေၾကာင္းအရင္းကေတာ့ ၪီးေလးထြန္းကို အၾကမ္းေျပာျပထားၿပီးၿပီး ေမာင္မိုးေနာင္။ အဓိက ကေတာ့ သားႀကီး စကၠရဲ့ အကူအညီလိုတာကြဲ႔။ ေမာင္မိုးေနာင္ လည္း သိထားသင့္တယ္ထင္လို႔ေခၚလိုက္ရတယ္။ ဒီကေမာင္ရင္တို႔က လူခ်င္းလည္း ျမင္ဖူးေနၾကတယ္ဆိုေတာ့ လာရင္းအေၾကာင္းကိုေတာ့ သားႀကီး စကၠကိုကိုယ္တိုင္ေျပာျပလိုက္ပါေတာ့ကြဲ႔။"

"ဟုတ္ကဲ့ သူႀကီး....လာရင္း ကိစၥမေျပာခင္ ကြၽန္ေတာ္က အရင္မိတ္ဆက္ပါမယ္ဗ်။ ကြၽန္ေတာ္ကေတာ့ ျပည္သာယာရြာ ကပါ။ နာမည္ကေတာ့ ေအးေမာင္လို႔ေခၚတယ္ဗ်။ ဒီကဆရာကေတာ့ ဆရာေဂ်ာ္နီပါ။ ရြာသူႀကီးရဲ့ တူအရင္းဆိုပါေတာ့ဗ်ာ။ ဒီကမုဆိုးႀကီးစကၠ ကိုေတာ့သိေပမယ့္ ဒီကေနာင္ႀကီးရဲ့နာမည္ကိုေတာ့မသိရဘူးဗ်"

"ဟုတ္ကဲ့ ကြၽန္ေတာ့နာမည္‌ ေနွာင္းမိုးရိပ္ေနာင္ပါဗ်။ ေျပာစရာရိွတာလြတ္လြတ္လပ္လပ္ေျပာပါ။ ဒီက အစ္ကိုတို႔လိုအပ္မယ့္ အကူအညီက စကၠပဲ ေပးႏိုင္ၿပီး ကြၽန္ေတာ္ကေတာ့ ဒီတိုင္းဧည့္သည္မို႔လို႔ပါ"

"ဟုတ္ကဲ့ဗ်။ ကြၽန္ေတာ္တို႔က ဒီက မုဆိုးႀကီးစကၠရဲ့ဂုဏ္သတင္းကိုလည္း ၾကားဖူးေနတာၾကာပါၿပီ။ အဓိက လာရင္းကေတာ့ ႏွစ္ခုပါဗ်။ တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ရြာအတြက္ မုဆိုးႀကီးစကၠကိုလာေရာက္အကူအညီ‌ေတာင္းခံတာပါ။ ေနာက္တစ္ခုကေတာ့ ပုဂၢိုလ္ေရးဆိုပါေတာ့ဗ်"

"......................."

"ကြၽန္ေတာ္တို႔ျပည္သာယာက ရိုးမနဲ႔ဆိုအနည္းငယ္လွမ္းတယ္ဆိုေပမယ့္ ေတာင္စြယ္နဲ႔ေတာ့ နီးစပ္တယ္ဗ်။ အဲ့ဒါေၾကာင့္ သားေကာင္ႀကီးေတြ ဝင္ေလ့ဝင္ထမရိွၾကဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ဆယ္ရက္ေလာက္က ရြာထဲကို ငေပ်ာက္ (က်ားသစ္) တစ္ေကာင္ ထူးထူးဆန္းဆန္းဝင္လာခဲ့ေတာ့တယ္။ က်ားနာလို႔ထင္လိုက္ၾကေပမယ့္ ၾကၫ့္ရတာ က်ားနာဟုတ္ပံုမေပၚဘူးဗ်။ ပထမေတာ့ ရြာထဲ ႏြားဆြဲ ဆိတ္ဆြဲနဲ႔မို႔ ကင္းေစာင့္ဖမ္းၾကဖို႔ လုပ္ရင္း ကံဆိုးစြာပဲ လူကို ဆြဲသြားေတာ့တယ္။ ဒီေကာင္က လူအရသာသိသြား‌ေတာ့ ေနာက္ထပ္ သံုးရက္ေလာက္ေနတာနဲ႔ ရြာထဲထပ္ဝင္လာေတာ့တာပဲ။ ညေနေစာင္းအခ်ိန္ဝင္လာတာမို႔ ရြာထဲက ကေလးတစ္ေယာက္ပါသြားတယ္ဗ်။ အခုေတာ့ အကုန္လံုးက ေၾကာက္လန႔္ေနၾကတာနဲ႔ လယ္ထဲေတာင္ဆင္းဖို႔ခက္ခဲေနၾကတယ္ဗ်။ ေတာထဲ အုပ္စုလိုက္ပဲ ဝင္လို႔ ရတာေၾကာင့္ အလုပ္က ေတာ္ရံုမၿပီးဘူးေပါ့ဗ်ာ။ ဒီေကာင္ႀကီးကလူႏွစ္ေယာက္ဆြဲထားၿပီးတာေတာင္ ေနာက္ထပ္ ထပ္ဆြဲဖို႔ေခ်ာင္းေနတယ္ဗ်။ ေျခရာေတြေတြ့ရၿပီး သတိႀကီးႀကီးထားၾကတာေၾကာင့္ ဝင္ဆြဲဖို႔ အခြင့္မသာေသးပံုပဲ။ အဲ့ဒီ့ကိစၥအတြက္ ဒီက စကၠကို အကူအညီလာေတာင္းတာပါဗ်။ သိတဲ့အတိုင္း က်ဳပ္တို႔ရြာမွာက မုဆိုးရယ္ မရိွဘဲ ဖြတ္ ပုတက္ ဖမ္းသမားေလာက္ပဲမို႔ က်ားသစ္က် ရင္ဆိုင္ႏိုင္သူမရိွဘူးဗ်"

ထိုသူ၏စကားအဆံုး လူတို႔၏ အာရံုသည္ မုဆိုးႀကီးဆီတြင္ျဖစ္ည္။ စကားကို အာရံုစိုက္နားေထာင္ေနသၫ့္ စကၠ ကေတာ့ တစ္ခုခုကို ေလးေလးနက္နက္စဥ္းစားေနပံုပင္။

"သားႀကီးစကၠ ကူညီေပးလို႔အဆင္ေျပမလားကြဲ႔။ ျပည္သာယာကလည္း ရြာငယ္ျဖစ္ၿပီး ေတာမုဆိုးရယ္လည္းမရိွေတာ့ ခက္ခဲေနၾကမွာပဲ။ က်ား၊ က်ားသစ္ဆိုတဲ့ ေကာင္ေတြကလည္း လူအရသာသိၿပီးရင္ေတာ့ က်ိန္းေသထပ္၀င္လာေတာ့မွာ။ ၾကည့္ရတာ အေသပစ္မွ ရေတာ့မယ္ထင္တယ္ သားႀကီးစကၠ"

".........."

" ျပည္သာယာကရြာလူႀကီးျဖစ္တဲ့ အဘ မိတ္ေဆြကိုယ္တိုင္ စာတစ္ေစာင္ေရးလႊတ္လိုက္တာမို႔ ကူညီႏိုင္တာမ်ားရိွရင္ ငါ့သားႀကီးစကၠ ကကူညီေပးဖို႔ အဘက ေျပာခ်င္တယ္ကြဲ႔"

သူႀကီး အေျပာကို ေခါင္းခပ္ျဖည္းျဖည္း ညိတ္ျပသၫ့္ စကၠ က စိတ္ေလ်ာ့ခ်လိုက္သလိုမ်ိဳး။ ထီမထင္အမူအရာႏွင့္ စကားတစ္ခြန္းမွ ဝင္မေျပာသၫ့္ သကၠလပ္ ၪီးထုပ္ႏွင့္ေကာင္ကစကၠကို တစ္ခ်က္ဝင့္ၾကၫ့္သည္ကို ေနာင္ ကျမင္ျဖစ္ေအာင္ ျမင္လိုက္ေပမယ့္ သူႀကီးဆီအာရံုေရာက္ေနသၫ့္ စကၠကေတာ့ သတိထားမိပံုမေပၚ။

"ဟာ.....ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ ရြာသားေတြကိုယ္စား ကြၽန္ေတာ္က ဒီက မုဆိုးႀကီးစကၠကိုေက်းဇူးတင္ပါတယ္။ ဒါဆိုကြၽန္ေတာ္ ဒုတိယကိစၥေလးကိုဆက္ေျပာျပပါ့မယ္။ ဒုတိယကိစၥကေတာ့ ကြၽန္ေတာ္ေျပာတာထက္ ဒီက ဆရာေဂ်ာ္နီေျပာရင္ ပိုအဆင္ေျပမယ္ထင္ပါတယ္"

ေအးေမာင္ဆိုသူက ထိုလူစိမ္းကို စကားေျပာဖို႔ လမ္းဖြင့္ေတာ့ ထိုသူက ခပ္ေလ်ာ့ေလ်ာ့မွီထိုင္ေနရာမွ သကၠလပ္ၪီးထုပ္ကိုခြၽတ္၍ ေပါင္ေပၚတင္ၿပီး စကၠဘက္ အနည္းငယ္ကိုင္းကာ စိုက္ၾကည့္လာ၏ မ်က္လံုးမ်က္ဖန္ေကာင္းေကာင္းႏွင့္ ထိုသူက စကၠတစ္ေယာက္ကလြဲ မည္သူ႔ကိုမွ အာရံုသိပ္မစိုက္သလိုမ်ိဳး။

"က်ဳပ္နာမည္ ‌ေဂ်ာ္နီ။ န၀င္းေခ်ာင္းတစ္ေလ်ွာက္ ဆန္တက္ခ်င္တယ္။ အဲ့ဒါအတြက္ခင္ဗ်ားတို႔လမ္းျပေပးရမယ္။ ဧရာ၀တီထဲ၀င္တဲ့ လက္တက္ထိပဲ။ က်န္တာက်ဳပ္အပိုင္းျဖစ္သြားၿပီ။ အခေၾကးေငြအတြက္မနစ္နာေစရဘူး။ ဒါကစရံ။ က်န္တာ ခုႏွစ္ရက္ၿပီးရင္ရွင္းမယ္"

စကားကို ခပ္ျပတ္ျပတ္ေျပာကာ စကၠေရ႔ွ ဘုတ္ကနဲ႔ပစ္ခ်ေပးသည့္ ေငြထုပ္သည္ အေတာ္အေလးခ်ိန္စီးပံုပင္။ လက္ပိုက္ကာ မ်က္လံုးမ်ားေမွးစင္း မမိွတ္မသုန္စိုက္ၾကည့္ေနသည့္ စကၠ အၾကည့္သည္ အသက္မဲ့၏ ခဏအၾကာ ခပ္ျဖည္းျဖည္းအၾကည့္ကိုလႊဲလိုက္၏ ထို႔ေနာက္ ကြပ္ပ်စ္ေပၚမွ ဆင္း၍ ေတာစီးလည္သာဖိနပ္ကိုစြပ္၏ ေက်ာေပးခံလိုက္ရသည့္ ထိုသူ...တစ္နည္းေဂ်ာ္နီဆိုသည့္ေရမုဆိုး၏ မ်က္ခံုးတို႔ကေတာ့အလိုမက်စြာတြန္႔ခ်ိဳး၏ ျငင္းဆန္ခံလိုက္ရျခင္းသည္ ေအာင့္သက္သက္ႏိုင္ေစပံုပင္။ စကၠ၏ တုန္႔ျပန္လိုက္ပံုေၾကာင့္ထင္... ပတ္ဝန္းက်င္မွ သူ႔ဘက္ ကိုယ့္ဘက္ လူမ်ားသည္ေတာ့ကြၽတ္စီကြၽတ္စီႏွင့္။

"မိေက်ာင္းသိုက္.......န၀င္းေခ်ာင္းရိုးတစ္ေနရာမွာ မိေက်ာင္းသိုက္ရိွတယ္ဆိုတာ ဒီကရိုးမရာဇာႀကီး သိတယ္မလား"

ပတ္၀န္းက်င္ကိုလႊမ္းလာသည့္ ေဂ်ာ္နီဆိုသူ၏ အသံသည္ ညံေနသည့္ အသံတို႔ကို ဟုတ္ခနဲၿငိမ္းသြားေစ၏ အနည္းငယ္ခက္ထန္ေပမယ့္ တိက်သည့္အေျဖတစ္ခုရွာေနသလို။ ၿခံဝသို႔ ၪီးတည္ေနသည့္ စကၠ၏ ေျခလွမ္းသည္လည္း တုန္႔ခနဲရပ္၏ ေက်ာေပးရက္ အနည္းငယ္ေစာင္းငဲ့ၾကည့္လိုက္သည့္ အၾကည့္တို႔သည္ ေဂ်ာ္နီ ဆိုသူဆီျဖစ္သည္။ အၾကည့္စူးစူးရဲရဲႏွစ္ခုသည္ အခ်ိန္ခဏၾကာအားၿပိဳင္ေနၾက၏ ခဏအၾကာႏႈတ္ခမ္းေကာ့တက္ရံုတစ္ခ်က္ၿပံဳးသည့္ေဂ်ာ္နီသည္ သကၠလပ္ၪီးထုပ္ကိုဟန္ပါပါေကာက္ေဆာင္းလိုက္သည္။ ထိုအခါမွ တစ္လွမ္းခ်င္းလွမ္းထြက္သြားသည့္ စကၠကိုၾကည့္ရင္း ေနာင့္ ေခါင္းထဲ ေမးခြန္းတစ္ခုထပ္တိုးလာျပန္ေလၿပီ။

*မိေက်ာင္းသိုက္*

"သားႀကီးစကၠသေဘာမတူတဲ့ကိစၥကိုေတာ့ အဘမကူညီေပးႏိုင္ဘူးကြဲ႔။ ရြာထဲ ငေပ်ာက္၀င္တဲ့ကိစၥကေတာ့ ကတိေပးၿပီးတာမို႔သားႀကီးက ေရာက္ေအာင္လာပါလိမ့္မယ္။ လူေလးတို႔ အရင္ျပန္ႏွင့္ၾကပါကြဲ႔"

သူႀကီးစကားေၾကာင့္ ေဂ်ာ္နီဆိုသူက အေရ႔ွမွ ေငြထုပ္ကို ျပန္ေကာက္သိမ္းလိုက္၏ ထီမထင္အမူအယာႏွင့္ ကုတ္အက်ႌကိုတစ္ခ်က္ခါကာ မည္သူ႔ကိုမွ ေစာင္းငဲ့မၾကည့္ပါဘဲ ထထြက္သြားေတာ့ ျပည္သာယာရြာသားသံုး ေယာက္သည္ သူႀကီးကို ေက်းဇူးတင္စကားအလ်ွင္အျမန္ေျပာ၍ ေနာက္မွ လိုက္သြားေတာ့သည္။

*မိေက်ာင္းသိုက္ဆိုတာ တကယ္ရိွတာလား*

*က်ူပ္ဘႀကီး ေျပာတုန္းကမဟုတ္ေလာက္ဘူးထင္တာ*

*ဒါဆိုယံုတမ္းစကားေတြကအမွန္ေတြေပါ့*

*ဒီလူကမိေက်ာင္းသိုက္ကိုရွာၿပီးဘာလုပ္မလို႔လဲ*

ထင္ေၾကးအမ်ိဳးမ်ိဳးႏွင့္ သူတစ္ခြန္းကိုယ္တစ္ခြန္းေျပာေနၾကသည့္ ရြာသားတို႔၏အသံမ်ားသည္ ေနာင့္ ကိုအေတြးမ်ားေစသည္။

*မိေက်ာင္းသိုက္......ယံုတမ္းပံုျပင္မ်ားအေနနဲ႔သာၾကားဖူးသည့္မိေက်ာင္းသိုက္က လက္ေတြ့မွာတကယ္ရိွသည္လား။ ဒီလူကေရာမိေက်ာင္းသိုက္ကိုဘာလိုရွာေနတာတဲ့လဲ*

ၪီးေလးထြန္းကေတာ့စဥ္းစားခ်င့္ခ်ိန္သလို အဖန္ေရခြက္ကိုခပ္ျဖည္းျဖည္း ေကာက္ေမာ့၏ သိခ်င္စိတ္တို႔သည္ တဖြါးဖြါးမို႔ ေနာင္ ေမးရေတာ့သည္။

"ၪီးေလးထြန္း....မိေက်ာင္းသိုက္ဆိုတာတကယ္ပဲရိွသလားဗ်"

"ဒါေတာ့ ၪီးေလးထြန္းလည္းတိတိက်က်မသိဘူး ေမာင္မိုးေနာင္။ ယံုတမ္းစကားတစ္ခုေတာ့ ရိွခဲ့တယ္ကြဲ႔။ လူတစ္ေယာက္၊ မိေက်ာင္းတစ္ေကာင္နဲ႔ က်ားျဖဴတစ္ေကာင္က ၀င္ေပါက္တစ္ခုကိုေစာင့္ေရွာက္ကာကြယ္ၾကရတယ္တဲ့။"

"ဗ်ာ....၀င္ေပါက္"

"ဟုတ္တယ္ကြဲ႔။ ဘယ္လို၀င္ေပါက္ဆိုတာလည္း ဘယ္သူမွ မသိသလို ဒါကိုလည္းႀကံဳႀကိဳက္ဖူးသူရယ္ မရိွပါဘူး။ န၀င္းေခ်ာင္းတစ္ေလ်ွာက္ေတာ့ သစ္ဆြဲေလွေတြတစ္ခါတစ္ေလ မိေက်ာင္းတစ္ေကာင္စ ႏွစ္ေကာင္စေတြ့ရတတ္ေပမယ့္ လူကိုအႏၲရာယ္ေပးၾကတယ္ရယ္လည္း မၾကားဖူးဘူးကြဲ႔။ ဒီလူေတြကေတာ့ ဘာကိုသိခ်င္ ၾကတယ္မသိေပမယ့္ ေကာင္းတဲ့ရည္ရြယ္ခ်က္ေတာ့ဟုတ္ပံုမေပၚဘူး။ ဒါကေတာ့ေရွးလူႀကီးေတြ လက္ဆင့္ကမ္းေျပာလာတဲ့ ယံုတမ္းစကားတစ္ခုပါပဲ။ဟုတ္သည္ မဟုတ္သည္ကေတာ့ ၪီးေလးထြန္းလည္းေသခ်ာမေျပာႏိုင္ဘူး။ ဒီလူေတြရွာေတာ့ေရာ ေတြ့မွာတဲ့လဲ။ ဘာမွမေတြ့တဲ့အခါ ျပန္သြားၾကမွာပါပဲ။ စိုးရိမ္စရာေတာ့မရိွပါဘူး ေမာင္မိုးေနာင္"

"အာ....ဟုတ္"

"ေမာင္မိုးေနာင္ အိမ္မွာ ထမင္းစားၿပီး ေနေစာင္းမွ ျပန္ပါလားကြဲ႔။"

"ရပါတယ္ ၪီးေလးထြန္း။ မေနေတာ့ပါဘူး။ ကြၽန္ေတာ္လည္းလုပ္စရာေလးေတြရိွေသးလို႔ပါ။ ခြင့္ျပဳပါအံုးဗ်"

"ေအး ေအး ေမာင္မိုးေနာင္။ ေနာက္ေန့မွ ဒိုးလံုးနဲ႔ ဟင္းစားတစ္ခြက္ပို႔ခိုင္းလိုက္မကြဲ႔။ မင္းႏွမ ႏွင္းႏြယ္ကေတာ့ ဟင္းစားပို႔မယ္ခ်ည္းလုပ္ေနတာ။ ေမာင္မိုးေနာင္အေနွာက္အယွက္ျဖစ္မွာစိုးတာနဲ႔ တားထားရတယ္ကြဲ႔"

"ဟုတ္ကဲ့ ၪီးေလးထြန္း"

"ေနရထိုင္ရေရာအဆင္ေျပရဲ့လားကြဲ႔။ တစ္ခုခုလိုအပ္တာရိွ ၪီးေလးထြန္းကိုေျပာ......အားနာမေနနဲ႔ ငါ့တူႀကီးရ"

"ေျပပါတယ္ဗ်။ လိုအပ္တာေတာ့ မရိွပါဘူး။ စကၠလည္းရိွေတာ့ ကြၽန္ေတာ့္ကိုအမ်ားႀကီးကူညီေပးပါတယ္"

"သားႀကီးစကၠ ကေတာ့ လူပံုစံကသာ ေအးတိေအးစက္ေပမယ့္ ဒီကေလးႏွလံုးသားကသိပ္ကိုေနြးေထြးတာကြဲ႔"

စကၠအေၾကာင္းေျပာသည္ႏွင့္ မ်က္ႏွာထက္ ခပ္ေနြးေနြးအၿပံဳးတစ္ခုျဖစ္တည္သည့္ သူႀကီးကိုၾကည့္၍ေနာင္ပါလိုက္ၿပံဳးမိေတာ့သည္။

"ဒါဆိုကြၽန္ေတာ့္ကိုခြင့္ျပဳပါအံုးဗ်"

"ေအး... ေအး ေမာင္မိုးေနာင္။ ဂရုစိုက္ျပန္ကြဲ႔"

ၪီးေလးထြန္းကိုႏႈတ္ဆက္ကာ ရြာလမ္းတစ္ေလ်ွာက္အသည္းအသန္အေျပးအလႊားလိုက္လာေပမယ့္ စကၠက ခဏေလးအတြင္း ရြာထိပ္ပင္ေရာက္ေနၿပီျဖစ္သည္။ လူကေဟာဟဲဆိုက္ေနေပမယ့္ စကၠ၏ ေျခလွမ္းက်ဲႀကီးမ်ားကမရပ္သြားသည္ေၾကာင့္ ေနာင္ လည္းရပ္လို႔မရ။

"ေဟ့လူ......ေဟ့လူ....ခင္ဗ်ားကလမ္းေလ်ွာက္တာလားေျပးေနတာလားဗ်ာ။ ျမန္လိုက္တာ"

ေနာင့္ ေျခလွမ္းတို႔မမွီ႔တမွီ ျဖစ္ေတာ့ စကၠကေျခလွမ္းအရိွန္ကိုအနည္းငယ္ေလ်ွာ့ခ်ေပး၏

"ခင္ဗ်ားကိုကြၽန္ေတာ္ေျပာစရာရိွတယ္။ ခင္ဗ်ား က်ားသစ္ အမဲလိုက္မွာမလား"

"........."

"ကြၽန္ေတာ္က အတန္းထဲ စာေတာ္တဲ့ေက်ာင္းသားေတြထဲပါေပမယ့္ ကြၽန္ေတာ္တို႔က အဲဒီ့လိုေကာင္ေတြကိုစာေတြ့ပဲေလ့လာရတာ။ ကြၽန္ေတာ္အျပင္မွာ က်ားသစ္ကိုျမင္ဖူးခ်င္တယ္။ ခင္ဗ်ား ကြၽန္ေတာ့္ ကိုေခၚသြားမယ္မလား"

".........."

"ေဟ့လူ.....ျပန္ေျဖေလဗ်"

"..........."

ေနာင္ သာတတြတ္တြတ္ေျပာေနေပမယ့္ စကၠဆီကေတာ့ ျပန္ေျဖသံမလာ။ သို႔ေသာ္မတတ္ႏိုင္ ဒီခရီးကေနာင္ လိုက္ကိုလိုက္ရမည္။ သူႀကီးကလည္း ေနာင့္ ကိုတကူးတကေခၚအသိေပးသည္ဆိုသည္က လိုက္ေစခ်င္လို႔မဟုတ္ပါလား။

"ကြၽန္ေတာ္တို႔ တစ္ရက္ဆိုတစ္ရက္ကအေရးႀကီးတာမို႔ ျပည္သာယာသြားဖို႔ ကြၽန္ေတာ္ ပစၥည္းပစၥယျပင္ထားလိုက္မယ္။ အဲ့ဒီ့ကေနကြၽန္ေတာ္တို႔ ရိုးမထဲတန္း၀င္ၾကရေအာင္"

"........."

"ေဟ့လူ ခင္ဗ်ားကြၽန္ေတာ္မသိဘဲ ထြက္လို႔မရဘူးေနာ္။"

လိမၼော္နီေရာင္ အလင္းတို႔ စပါးခင္းတို႔ အေပၚ ျဖန႔္က်က္သၫ့္ ရြာအထြက္လမ္းတြင္ေတာ့လူႏွစ္ေယာက္သည္ တေရြ့ေရြ့ႏွင့္။ ေရ႔ွကိုသာတည့္တည့္ၾကည့္ကာ ေျခလွမ္းကိုခပ္မွန္မွန္ေလ်ွာက္ေနသည့္ေတာင့္တင္းႀကံ့ခိုင္သၫ့္ လူတစ္ၪီးေဘး ျဖဴေဖ်ာ့ေဖ်ာ့ ခႏၶာကိုယ္ခပ္ပါးပါးလူငယ္တစ္ၪီး တတြတ္တြတ္ေျပာလ်က္။ ထိုသူႏွစ္ေယာက္ကိုေတာ့ တစ္ေနရာမွ စိုက္ၾကၫ့္ေနသၫ့္ မ်က္လံုးတစ္စံုသည္လည္း နက္နဲ စူးရွလ်က္။

ထိုမ်က္လံုးတစ္စံု၏ တည္ေနရာသည္ အကိုင္းအခက္တို႔ ၫႊတ္ျဖာက်ေနသၫ့္ လူသံုးေယာက္ဖက္ခန႔္ ႀကီးမားသၫ့္ ေညာင္ပင္ႀကီး၏ ေအာက္မွ ျဖစ္၏ တစ္ကိုယ္လံုး ဆြတ္ဆြတ္ျဖဴသၫ့္ အဝတ္ ကို ဝတ္ဆင္ထားသၫ့္ အမ်ိဳးသမီးတစ္ေယာက္။ လက္ေကာက္ဝတ္တိတိထိရွည္သၫ့္ အက်ႌေပၚ အစိမ္းေရာင္ လဲ့လဲ့ ႏွင့္ သန႔္စင္သၫ့္ ေက်ာက္စိမ္းလက္ေကာက္တစ္ကြင္းသည္ ဘယ္ဘက္ လက္ေကာက္ဝတ္တြင္ ၀တ္ဆင္ထား၏ ထိုလက္ေကာက္၀တ္မွစြတ္စြတ္ျဖဴသၫ့္ ပိတ္သားအက်ႌကို လွပ္ၾကၫ့္လိုက္မည္ဆိုလ်ွင္ေတာ့ လက္ဖဝါးမွ အသက္လမ္းေၾကာင္းသည္ ထိုလက္ေကာက္ဝတ္ကို ပတ္လ်က္ လက္ဖ်ံဆီထိ ၪီးတည္ေနသည္ကို ေတြ့ရလိမ့္မည္။ ထို က်က္သေရရိွလွသၫ့္ အမ်ိဳးသမီး၏ေနာက္တြင္ေတာ့ ေျမႏွင့္ ထိစပ္လုမတတ္ ကိုင္းၫြတ္ေနသၫ့္ ခါးကို သစ္ေတာင္ေဝ႔ွ အားျပဳကာ ရပ္ေနသၫ့္ အဖိုးအိုတစ္ေယာက္။

"အေထြအထူးကိစၥရိွသလား"

"စံုစမ္းခိုင္းထားတဲ့ကိစၥအေၾကာင္းစံုသိလာရၿပီးပါၿပီ သခင္မ..............အင္း..............ထူးဆန္းတဲ့ ေရစက္မ်ိဳးပါပဲ"

4469 words
Vi vian
4.1.2023 ( 23:57 pm)
90°bow

Continue Reading

You'll Also Like

220K 25.5K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
69.5K 4.4K 21
ခင္​ဗ်ားႀကီ​းမ႐ွိလို႔ မျဖစ္​ပါဘူးဆိုၿပီး parasiteလို အပျီပင္​ ကပ္​​ေနတဲ့ krist တစ္​​ေယာက္​​ေၾကာင္​့ ​ခံစားခ်က္​ မဲ့တဲ့ ​ေအးစက္​စက္​ ​ေရခဲတံုးႀကီး sin...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...