ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

996K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
189
190
191
192
193
194
195
196
197
198
199

188

3.2K 474 8
By Vanilla_IceCream61

လျှို့ဝှက်ချက်အချို့ကို ရိုးရိုးသားသား ပြောပြခြင်း
..............................................................

"မြွေဆိပ်ကို ဒီကျောက်စိမ်းပြားနဲ့ ဖြေလိုက်တာ။" လင်းကျန်က လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းပြားကိုထုတ်ပြသည်။

ယနေ့မနက်တွင် ယွီဝမ်ချီ၏အဆိပ်ရှိမြွေ ကိုက်ပြီးနောက် သူက ဤဆေးကျောက်စိမ်းပြားကိုသုံး၍ အဆိပ်ဖြေခဲ့ရာ ယွီဝမ်ထုန်အား ရှင်းပြရမည်ဟု ခံစားရသည်။

"ဒါက ဆေးကျောက်စိမ်းလား။" ယွီဝမ်ထုန်က လင်းကျန်၏လည်ပင်းတွင်ဆွဲထားသော အစိမ်းရင့်ရောင်ကျောက်စိမ်းကို အံ့အားသင့်စွာကြည့်သည်။ သူက လင်းကျန်ထံတွင် ဤကျောက်စိမ်းပြားရှိသည်ကိုသိသော်လည်း ၎င်းကအဆိပ်မျိုးစုံကို ဖြေနိုင်သောဆေးကျောက်စိမ်းဟု မသိချေ။

လင်းကျန်က ခေါင်းညှိတ်သည်။ "ကျွန်တော့်အမေ ထားခဲ့တာ။"

'လင်းကျန်ရဲ့အမေလား။' ယွီဝမ်ထုန်က ယောင်ရိစုံစမ်းရရှိသောအချက်များအကြောင်း ပြန်တွေးမိသည်။ လင်းကျန်းအမေက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ဆုံးပါးသွားခဲ့သည်။ ထိုအချိန်တွင် လင်းကျန်ကငယ်သေး၏။ သူမ၏မျိုးရိုးက အနည်းငယ်ထူးဆန်းသည်။ သူမကို လင်းကျောက်ဝူကယ်တင်ခဲ့သော မျိုးရိုးနာမည်ကျိနှင့် မိဘမဲ့မိန်းကလေးဟု လင်းမိသားစုဝင်များက ဆိုသော်လည်း အခြားသတင်းအချက်အလက်များကို မသိရချေ။ နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ အချက်အလက်များကို သေချာစိစစ်ရန် နည်းလမ်းမရှိချေ။

သို့သော် ယခုအခါတွင် မိဘမဲ့မိန်းကလေးဟုဆိုသူက အဆိပ်အမျိုးမျိုးကိုဖြေနိုင်သည့်ကျောက်စိမ်းအား ပိုင်ဆိုင်ထားသူဖြစ်နေသည်။ 'ကြည့်ရတာ လင်းကျန်အမေရဲ့နောက်ကြောင်းက လူတွေသိသလို မရိုးရှင်းပုံပဲ။' ယွီဝမ်ထုန်ကတွေးသည်။

"ဒီကျောက်စိမ်းပြားရဲ့ဆေးအစွမ်းက လျော့လာတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို ဆေးနံ့တော်တော်ပြင်းပေမဲ့ အခုတော့ဖျော့နေပြီ။ ဒါပေမဲ့ မြွေဆိပ်ကိုဖြေနိုင်လို့ တော်သေးတယ်။" လင်းကျန်က ကံကောင်းသည်ဟုခံစားရကာ ပြောသည်။ ဤဆေးကျောက်စိမ်းကြောင့်သာမဟုတ်လျှင် သူသေခြင်းတရားမှ လွတ်မည်မဟုတ်ပေ။ "ကျွန်တော်အဲ့နေ့တုန်းက ယွီဝမ်ချီဆီမှာရခဲ့တဲ့ အနံ့ဆိုးဆိုးကလည်း ဒီမြွေကြောင့်ပဲဖြစ်မယ်။"

ယွီဝမ်ထုန်က ခေါင်းညှိတ်သည်။ "ဟုတ်တယ်။ သူဒီလိုအဆိပ်ရှိတဲ့ကောင်ကို ရလာတဲ့နည်းလမ်းကလည်း ကောင်းစရာအကြောင်းမရှိဘူး။ အဲ့ကောင်က စာတောင်ပို့နိုင်တယ်။ ရှဲ့ရှီကဒီလိုဟာမျိုးကို ကျွမ်းတယ်။ ပြီးရင် ကိုယ်သူ့ကိုအသေးစိတ်မေးပြီး အဲ့ဒီမြွေရဲ့ဇစ်မြစ်ကိုရှာလိုက်မယ်။"

မကြာခင်တွင် ရှဲ့ရှီအခေါ်ခံရသည်။ မနက်ကဝမ်တရှန်နင်းခြေခဲ့သည့် မြွေသေပျောက်သွားသည်။ သူနောက်ပိုင်းတွင် ထိုလမ်း၌သွားရှာသော်လည်း မတွေ့ပေ။ ကံကောင်းစွာဖြင့် လင်းကျန်အဆိပ်ပြေသွား၍ ရှဲ့ရှီများစွာစိတ်သက်သာရာရမိသည်။

"အဲ့ကောင်ရဲ့ကိုယ်ပေါ်မှာ အပြာရောင်တွေ ကြောက်စရာကောင်းလောက်အောင်ပါတယ်။ သိပ်မကြီးဘူး။ လုံးပတ်က လက်သန်းလောက်ပဲရှိတယ်။ လက်ကောက်ဝတ်တစ်ပတ်ပတ်နိုင်တဲ့အရွယ်လောက် ရှည်တယ်။ အဲ့ကောင်ဆီမှာအကိုက်ခံရပြီး ချက်ချင်းလိုလို ကျွန်တော့်လက်ထုံလာပြီး အမြင်လည်းဝါးလာတယ်။" လင်းကျန်က ထိုမြွေ၏အသွင်ကို ယေဘုယျမျှပြောပြသည်။

ရှဲ့ရှီကခေတ္တမျှတွေးပြီးနောက် သူတို့ကိုပြောသည်။ "အဲ့မြွေက ရှင်ကျန်းတောင်ပိုင်းက အဆိပ်ပြင်းမြွေပါ။ သူ့အဆိပ်ပြင်းအားက အင်မတန်မြင့်ပါတယ်။ အဲ့ဒီအပြင် ဒီမြွေကို တစ်စုံတစ်ယောက်က ယဉ်ပါးအောင်မွေးခဲ့ပါတယ်။ သူတို့သာ ဒီမြွေကိုဆေးကျွေးရင် သူ့အဆိပ်ကပိုပြင်းမှာပါ။ အဲ့လိုမြွေဆီမှာအကိုက်ခံလိုက်ရတဲ့ဘယ်သူမဆို ဖြေဆေးချက်ချင်းသောက်ရပါမယ်။ မဟုတ်ရင် အဆိပ်အမြန်ပျံ့ပြီး သေနိုင်ပါတယ်။ ကံကောင်းလို့ သခင်လေးလင်းက ဆောင်ထားတဲ့ဆေးကျောက်စိမ်းပြားနဲ့ ချက်ချင်းအဆိပ်ဖြေလိုက်နိုင်ပါတယ်။ အခိုက်အတန့်လေးနောက်ကျသွားရင်တောင် သခင်လေး..."

လင်းကျန်က ပြန်ကြောက်နေပြီး ယွီဝမ်ထုန်ကမူ မျက်နှာထားအေးစက်နေသည်။ 'ငါ ယွီဝမ်ချီကို ခြေထောက်ကျိုးရုံနဲ့ ညှာပေးလိုက်မိတယ်။'

လင်းကျန်က ယွီဝမ်ထုန်၏လက်ကို နှစ်သိမ့်၍ပုတ်ပေးလိုက်သည်။ "ကျွန်တော် အခု အဆင်ပြေသွားပါပြီ။"

ယွီဝမ်ထုန်က သူ့လက်ကိုကိုင်ကာ ရှဲ့ရှီကို မေးလိုက်သည်။ "မင်းဒီလိုအဆိပ်ရှိတဲ့မြွေအတွက် ဖြေဆေးဖော်ထားလို့ရလား။"

ရှဲ့ရှီကပြန်ပြောသည်။ "ရမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ မြွေကဆေးကျွေးခံထားရရင်တော့ တန်ပြန်ဆေးဝါးနဲ့အဆိပ်အရင်တားပြီး အဆိပ်ဂုဏ်သတ္တိအရ အဆိပ်ဖြေရမဲ့နည်းလမ်းကို ရှာရပါမယ်။"

"ဒါဆို တန်ပြန်ဆေးလုံးနည်းနည်းလောက် ချက်ချင်းပြင်ထားလိုက်ပါ။ ပြီးရင် ယွီဝမ်ချီ့မြွေရဲ့ဇစ်မြစ်ကို စုံစမ်းလိုက်။ သူအဲ့ကောင်ကို ဘယ်ကရလာသလဲဆိုတာ ရှာခဲ့။" ယွီဝမ်ထုန်ကညွှန်ကြားသည်။

ရှဲ့ရှီကခေါင်းညှိတ်သည်။ "ဟုတ်ကဲ့ပါ၊ စစ်သူကြီး။"

သူတို့အားလုံးမှာ လမ်းပေါ်တွင် ယနေ့ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ကြောက်ရွံ့မှုစွဲကျန်နေဆဲပင်။ ယွီဝမ်ချီက ဤသို့သော လူသတ်နည်းကိုသုံးမည်ဟု မည်သူမှမထင်ထားပေ။

ယွီဝမ်ထုန်က ကျန်းလျှိုကို လင်းကျန်အား ကောင်းကောင်းမကာကွယ်နိုင်သည့်အတွက် ပြင်းထန်စွာအပြစ်ပေးထားသည်။ အပြစ်မကင်းသည့်ကျန်းလျှိုက တစ်ခွန်းပင်မခုခံဘဲ အပြစ်ကိုလက်ခံလိုက်သည်။

ရှားဖုန်းနှင့်လီစီချိုက်တို့ကမူ မြို့တော်သို့ သူတို့၏သခင်လေးရောက်လာသည်မှာ ရက်အနည်းငယ်မျှသာရှိသေးသော်လည်း ဤသို့အခက်အခဲများစွာတွေးခဲ့ရသဖြင့် ဤမြို့မှာ နဂါးအေးကျင်း၊ သို့မဟုတ် ကျားသိုက်ထက် အန္တရာယ်မနည်းဟုခံစားရကာ သုန်မှုန်နေကြသည်။ သူတို့ပို၍ဒေါသထွက်သည်မှာ ဤကိစ္စများက ယွီဝမ်မိသားစုနှင့်ဆိုင်နေခြင်းပင်။ ယွီဝမ်ထုန်က ဤလူများကို ဖိအားပေးထားကြောင်း သိသော်လည်း သူတို့စိုးရိမ်နေဆဲပင်။ လီစီချိုက်က လင်းကျန်ကို ထန်းယန်သို့ပြန်ရန် နားချချင်သော်လည်း ချုပ်တည်းထားလိုက်သည်။

"သခင်လေး နောက်တစ်ခါအပြင်ထွက်ရင် ကျွန်တော်တို့ကိုပါခေါ်သွားပါ။ ကျေးဇူးပြုပြီး ဒီအိမ်ကနေ လူနှစ်ယောက်တည်းနဲ့ ထွက်မသွားပါနဲ့တော့။" ရှားဖုန်းကပြောသည်။

"ငါ သိပြီ။"

"ယွီဝမ်ချီတို့နဲ့ထပ်တွေ့ရင် ဒီနေ့လို ကိုယ့်ဘာသာကိုယ် ထိပ်တိုက်ရင်မဆိုင်ပါနဲ့၊ သခင်လေး။ အဲ့ဒါက အန္တရာယ်များလွန်းပါတယ်။" လီစီချိုက်က ကောက်ချက်ချသည်။

"သခင်လေး..."

လူအချို့က သူ့ကို တစ်ယောက်ပြီးတစ်ယောက် မှာနေသည်။ လင်းကျန် ကတိပေးလိုက်မှသာ သူတို့က နားပူနားဆာလုပ်နေခြင်းကို ရပ်ကြသည်။

သူတို့ထွက်သွားမှ လင်းကျန်က သက်ပြင်းချသည်။

ယွီဝမ်ထုန်က သူ့ဘေးတွင်ရပ်နေသည်။ လီစီချိုက်တို့က သူရှိနေစဉ်မှာပင် လင်းကျန်ကို ယွီဝမ်မိသားစု၏ လက်သီးပုန်းထိုးနည်းများအား မည်သို့ကာကွယ်ရမည်ဖြစ်ကြောင်းကို စကားလုံးလှလှပင်မရွေးဘဲ ပြောခဲ့ပြီး သူကလည်း တစ်ခွန်းပင် အတိုက်အခံမပြောရဲချေ။

သူတို့နှစ်ယောက် အကြည့်ဖလှယ်မိကြပြီး လင်းကျန်က စပြောသည်။ "ခင်ဗျားက အဲ့ဒါနဲ့ဘာမှမဆိုင်တာကို သူတို့သိကြပါတယ်။ ဒါပေမဲ့..."

"ကိုယ်နားလည်ပါတယ်။" ယွီဝမ်ထုန်က ဖြတ်ပြောလိုက်သည်။

*****

ညဘက်၌ သူတို့အိပ်ရာဝင်တော့မည့်အချိန်တွင် ယွီဝမ်ထုန်က ကိစ္စတစ်ခုကို ရုတ်တရက်မှတ်မိသွားသည်။ "မင်း ကိုယ့်ကို မနက်ကပြောချင်တာ ဘာလဲ။"

သတိပေးခံလိုက်ရသည့်လင်းကျန်က သူပြောရန်ရည်ရွယ်ထားသည့်ကိစ္စကို မှတ်မိသွားသည်။ "ကျွန်တော်တို့တွေ ဝူမြို့မှာ အဲ့နေ့ကတွေ့ခဲ့တဲ့အဖိုးအိုအကြောင်းလေ။ ခင်ဗျား အဲ့ဒီအတွင်းအားကျင့်စဉ်စာအုပ်ကိုဖတ်ပြီး ကျွန်တော်လေ့ကျင့်သင့်သလားဆိုတာ စစ်ဆေးပေးပါလား။"

ယွီဝမ်ဖုန် အံ့ဩသွားသည်။ ဤကိစ္စတွင် လင်းကျန်၏လျှို့ဝှက်ချက်အချို့ပါ၏။ လင်းကျန်က ထိုအဖိုးအိုကိုသိပြီး ထိုအတွင်းအားကျင့်စွာမှာလည်း မပြောသင့်သည့် လျှို့ဝှက်ချက်အချို့နှင့်ဆက်နွယ်နေကြောင်းကို သူတပ်အပ်ပြောနိုင်သည်။ 'လင်းကျန်က ငါ့ကိုအဲ့ဒါဖတ်စေချင်နေတာလား။'

"ပြီးတော့ ကျွန်တော်ခင်ဗျားကို ပြောချင်တာတွေ ရှိသေးတယ်။ ခင်ဗျားက ကျွန်တော်ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးအစီအရင်တွေရဲ့ ဇစ်မြစ်ကိုသိချင်နေတယ်မလား။" လင်းကျန်က သူ့ကိုကြည့်သည်။

ယွီဝမ်ထုန်က သူ့ကိုပြန်ကြည့်သည်။ "မင်း ကိုယ့်ကိုစုံစမ်းတာရပ်ဖို့ပြောလို့ မင်းအမှန်အတိုင်းပြောလာမှာကို ကိုယ်တစ်ချိန်လုံးစောင့်နေတာ။"

လင်းကျန်က သူ့ကိုအသိပေးသည်။ "ကျွန်တော် အဲ့ဒီအကြောင်းတွေးပြီးသွားပြီ။ အခုအချိန်မှာ ကျွန်တော် ခင်ဗျားကိုမပြောနိုင်တာတွေ ရှိသေးပေမဲ့ ထုတ်ပြောလို့ရတာနည်းနည်း ရှိတယ်။ ကျွန်တော် ခင်ဗျားကိုအားလုံးမပြောနိုင်တဲ့အတွက်တော့ အားနာပါတယ်။"

ယွီဝမ်ထုန်က ထက်သန်သောလေသံဖြင့် အမြန်ပြောသည်။ "မင်းနည်းနည်းလောက်ပြောပြတာနဲ့တင် ကိုယ့်အတွက်လုံလောက်ပါပြီ။ ကျန်တဲ့ကိစ္စတွေအတွက် ကိုယ်ကြာကြာစောင့်နိုင်ပါတယ်။"

တကယ်တမ်းတွင် လင်းကျန်က ဤအခြေအနေမျိုး၌ ထိုအရာများအကြောင်းကို ထုတ်ပြောမည်ဟု သူလုံးဝမထင်ထားပေ။ သူလင်းကျန်ကို မြို့တော်သို့ခေါ်လာစဉ်ကတည်းကပင် အန္တရာယ်များသောကိစ္စများဆက်တိုက်ဖြစ်ပျက်ခဲ့ပြီး အားလုံး၏ပစ်မှတ်မှာလင်းကျန်ပင်။ လင်းကျန်က သူနှင့်စေ့စပ်မှုကို မဖျက်သိမ်းမိခဲ့သည့်အတွက်၊ သူနှင့်အတူ မြို့တော်သို့လိုက်လာမိသည့်အတွက် နောင်တရမည်ကို သူတစ်ချိန်လုံးစိုးရိမ်နေခဲ့သည်။ ထိုသို့သာဆိုလျှင် လင်းကျန်က သူ့ကိုထားရစ်ကာ ထန်းယန်သို့ပြန်သွားလိမ့်မည်။ မမျှော်လင့်ထားစွာဖြင့် လင်းကျန်က ယခုကဲ့သို့အခြေအနေမျိုးတွင် သူ့အား လျှို့ဝှက်ချက်အချို့ ပြောပြရန်ရွေးချယ်ခဲ့သည်။

"ကျွန်တော့်အမေက ကျွန်တော့်ကိုအဲ့ဒီတိုက်ခိုက်ရေးအစီအရင်တွေ သင်ပေးခဲ့တာ။ အဲ့တုန်းက ကျွန်တော် ငယ်သေးတယ်။ အမေ့ဆီမှာအချိန်သိပ်မကျန်တော့လို့ ကျွန်တော်ဘယ်လောက်မှတ်သားနိုင်တယ်ဆိုတာကို ဂရုမစိုက်ဘဲ အများကြီးသင်ပေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ အဲ့ဒီအကြောင်းတွေကို ကျွန်တော် မမှတ်မိခဲ့ဘူး။ မကြာသေးခင်ကမှ စိတ်ထဲမှာ အဲ့ဒါတွေပေါ်လာတာ။" လင်းကျန်ကပြောသည်။

'လင်းကျန်ရဲ့အမေလား။' ယွီဝမ်ထုန်က အံ့ဩသွားသော်လည်း သူ့လူများက လင်းမိသားစု၏သမိုင်းကို အသေးစိတ်ကျကျစုံစမ်းပြီးသားဖြစ်သဖြင့် မမျှော်လင့်ထားခြင်း မဟုတ်ပေ။ လင်းမိသားစုဝင်မည်သူမျှ တိုက်ခိုက်ရေးအစီအရင်နှင့်ပက်သက်၍ ပါရမီရှိကြောင်းမပြသခဲ့ပေ။ ယွီဝမ်ထုန်မသိသည်မှာ လင်းကျန်အမေ၏မျိုးရိုးသာကျန်တော့သည်။

"မင်းအမေက ဒီတိုက်ခိုက်ရေးအစီအရင်တွေကို ဘာလို့ကျွမ်းကျင်နေတာလဲ။" ယွီဝမ်ထုန်ကမေးသည်။

လင်းကျန်က ခေါင်းခါပြသည်။ "အဲ့ဒီအပိုင်းကို ကျွန်တော် ခင်ဗျားဆီအခုမပြောနိုင်သေးဘူး။ လက်ရှိရှုထောင့်အရဆို အဲ့ဒါကိုမသိလည်း ခင်ဗျားအတွက် ဘာအန္တရာယ်မှမရှိဘူး။ ကျွန်တော် ခင်ဗျားကိုပြောနိုင်တာသိပ်မရှိဘူး။ ဒီအစီအရင်တွေနဲ့ ဆေးကျောက်စိမ်းအပြင် အဲ့နေ့ကရုတ်တရက်ပေါ်လာပြီး ကျွန်တော့်ကို လျှို့ဝှက်အတွင်းအားကျင့်စဉ်ပေးသွားတဲ့အဖိုးကလည်း ကျွန်တော့်အမေနဲ့ သက်ဆိုင်နေတယ်။"

ယွီဝမ်ထုနိက အတွေးနက်နေပုံပေါ်သည်။ "မင်းကိုယ့်ကို လျှို့ဝှက်အတွင်းအားကျင့်စဉ်ကို စစ်ဆေးပေးစေချင်တယ်ဆို။"

လင်းကျန်က ခေါင်းညှိတ်ကာ လျှို့ဝှက်အတွင်းအားကျင့်စဉ်ကိုသွားထုတ်ပြီး ယွီဝမ်ထုန်ထံ အလေးအနက် ကမ်းပေးလိုက်သည်။

ယွီဝမ်ထုန်က ထိုစာအုပ်ကိုယူပြီးနောက် အလျင်စလိုမဖတ်ဘဲ လင်းကျန်၏ယုံကြည်မှုကြောင့် ဝန်ပိသကဲ့သို့ခံစားရသည်။ 'ဒီစာအုပ်က တော်တော်အရေးကြီးရမယ်။ လင်းကျန် ငါ့ကို ဒိဟာဖတ်ခိုင်းတာက အဲ့နေ့မှာ အစီအရင်စာရွက်တွေပေးတုန်းကထက် ယုံကြည်ချက်မလျော့ဘူး။ ဒီကျင့်စဉ်က ပိုတန်ဖိုးရှိတာတောင်ဖြစ်နိုင်တယ်။' ယွီဝမ်ထုန်ကတွေးသည်။

"မင်း ကိုယ့်ကိုဖတ်စေချင်တာ သေချာလား။" ယွီဝမ်ထုန်က သူ့ကိုကြည့်သည်။

လင်းကျန်က ခေါင်းညှိတ်ပြသည်။ "ကျွန်တော်...ခင်ဗျားကို ပိုယုံတယ်။"

တကယ်ဆိုလျှင် သူကယွီဝမ်ထုန်ကို မရေရာသော ထောင်စုနှစ်ဂိုဏ်းထက် ပိုယုံသည်။ ထို့အပြင် ထောင်စုနှစ်ဂိုဏ်းက သူ၏ဘက်တော်သား၊ သို့မဟုတ်ရန်သူဟုပင် မသေချာသေးရာ သူနှင့်အတူ သေရေးရှင်ရေးအခြေအနေများ ကြုံတွေ့ခဲ့ရပြီး အကောင်းအဆိုးမျှဝေခဲ့သည့် ယွီဝမ်ထုန်က ပို၍ယုံကြည်စရာကောင်းသည်။

ယွီဝမ်ထုန်က ခေါင်းစီးစာရွက်ကိုဖတ်ပြီးနောက် ထိုစာကြောင်းများကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူက ဤစာကြောင်းကို ယခင်က ဖတ်ဖူးသကဲ့သို့ ခံစားရသော်လည်း မည်သည့်အသေးစိတ်ကိုမှ ပြန်သတိမရပေ။

သူ့မျက်နှာကို တစ်ချိန်လုံးအရိပ်အကဲကြည့်နေသော လင်းကျန်က မေးလိုက်သည်။ "ဘာလို့လဲ။ ခင်ဗျား ဒီစာကြောင်းကို အရင်ကမြင်ဖူးလို့လား။"

ယွီဝမ်ထုန်က ခေတ္တမျှတွေးပြီးနောက် ပြန်ပြောသည်။ "ကိုယ်ဒီစာလုံးတွေနဲ့ နည်းနည်းရင်းနှီးနေရုံပါ။ ကိုယ် ဒါတွေကို တစ်နေရာရာမှာ ဖတ်ဖူးသလိုပဲ။"

လင်းကျန်က စဉ်းစားနေပုံပေါ်သည်။ ခဏအကြာတွင် သူကပြောသည်။ "ဒါဆိုလည်း ဆက်ဖတ်ကြည့်ဦး။"

ဤလျှို့ဝှက်အတွင်းအားကျင့်စဉ်ကို သူဖတ်ပြီးသားဖြစ်သော်လည်း မည်သည့် မေးခွန်းထုတ်စရာမှ မတွေ့ချေ။ သို့ရာတွင် ဤအရာများအား အကဲဖြတ်ရာ၌ သူကအတွေ့အကြုံမရှိသည့်အပြင် ကောင်းကောင်းမသိသဖြင့် ယွီဝမ်ထုန်၏ပညာကို ပိုယုံသည်။

ယွီဝမ်ထုန်က စာအုပ်ကိုဖွင့်ကာ ပထမစာမျက်နှာမှစ၍ ဂရုတစိုက်ဖတ်ကြည့်သည်။ သူ၏မျက်နှာထားက တဖြည်းဖြည်းလေးနက်လာသည်။ သူက သုံးပုံတစ်ပုံမျှဖတ်ပြီးသောအခါ လျှို့ဝှက်အတွင်းအားကျင့်စဉ်စာအုပ်နှင့်အတူ မျက်လုံးများကိုပါ ပိတ်လိုက်သည်။ သူ၏မျက်နှာက လေးနက်နေရုံသာမက စိတ်မတည်မငြိမ်ဖြစ်နေပုံပေါ်သည်။

လင်းကျန်က ဤလျှို့ဝှက်အတွင်းအားကျင့်စဉ်နှင့်ပက်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟုတွေးမိကာ အံ့ဩသွားသည်။ "ဘာဖြစ်လို့လဲ။ အဲ့ထဲမှာ ပြဿနာရှိလို့လား။"

ယွီဝမ်ထုန်က ခေါင်းသာခါပြပြီး ဘာမှမပြောချေ။ ခဏအကြာတွင် သူ၏မျက်နှာကပုံမှန်ပြန်ဖြစ်သွားသည်။ "မဟုတ်ပါဘူး။ ကိုယ် ဒီကျင့်စဉ်ကိုဖတ်ရုံပဲဖတ်ပေမဲ့ အထဲမှာပါတာတွေက ကိုယ့်ကိုနည်းနည်းလွှမ်းမိုးလာလို့။ ခုနက ကိုယ့်ရဲ့အတွင်းအား မတည်မငြိမ်ဖြစ်သွားသေးတယ်။"

လင်းကျန် အံ့ဩသွားသည်။ 'ဒါက တအားစွမ်းအားကြီးတာလား။'

"ကိုယ်မင်းကိုပြောဖူးသလိုပဲ၊ ကိုယ်က တော်တော်မှတ်ဉာဏ်ကောင်းတဲ့ပါရမီကို ရထားတယ်။ ကိုယ်ဒါကိုဖတ်လိုက်ရင် အတွင်းအားကျင့်နည်းကို မမေ့ရုံတင်မကဘူး၊ ကိုယ့်ရဲ့အတွင်းအားအခြေခံတွေ ယိမ်းယိုင်သွားနိုင်တယ်။ ကိုယ်ဒါကိုဖတ်တာ ရပ်ရမယ်။ ဒါပေမဲ့ သုံးပုံတစ်ပုံလောက်ဖတ်ပြီးတော့ အကဲဖြတ်ရရင် ဒီအတွင်းအားကျင့်စဉ်က ပြဿနာမရှိတဲ့အပြင် သိပ်လေးနက်ပြီး အကြံကောင်းတယ်။ မင်း အဲ့ဒီနည်းကို ကျင့်နိုင်တယ်။" ယွီဝမ်ထုန်က ကောက်ချက်ချသည်။

လင်းကျန်က ယွီဝမ်ထုန်ကမ်းပေးသော လျှို့ဝှက်ကျင့်စဉ်ကို ထိတ်လန့်နေမှုအားမဖုံးနိုင်ဘဲ ယူလိုက်သည်။ ဤအတွင်းအားကျင့်စဉ်က အလွန်စွမ်းအားကြီး၍ စိတ်ဓာတ်ကြံ့ခိုင်ကာ ထိန်းချုပ်နိုင်စွမ်းကောင်းသော ယွီဝမ်ထုန်ပင် လွှမ်းမိုးခံလိုက်ရမည်ဟု သူလုံးဝမထင်ထားပေ။

"ဒီစာကြောင်းတွေကို စိတ်ထဲဖတ်လိုက်ရုံနဲ့ ကိုယ့်ရဲ့အတွင်းအားတွေ မတည်မငြိမ်ဖြစ်လာတယ်။" ယွီဝမ်ထုန်ကထပ်ပြောသည်။

"ကျွန်တော် ဒီကျင့်စဉ်ကိုဖတ်တုန်းကတော့ ဘာမှမခံစားရဘူး။ ဒီစာလုံးတွေကိုလည်း နားမလည်ဘူး။" လင်းကျန်ကပြောသည်။

ယွီဝမ်ထုန်က ပြောသည်။ "မင်းက အဲ့ဒီအက္ခရာတွေကိုတောင် မသင်ယူရသေးလို့လေ။ ဒီအတွင်းအားကျင့်စဉ်က မရိုးရှင်းဘူး။ ကိုယ်ကျင့်ထားတဲ့အတွင်းအားကျင့်စဉ်က ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုပေမဲ့ ဒီကျင့်စဉ်ထဲမှာပါတဲ့ဟာတွေက ကိုယ့်ကိုလွယ်လွယ်နဲ့လွှမ်းမိုးနိုင်သေးတယ်။ မင်းအဲ့ဒါကိုလေ့ကျင့်ရင် လုံခြုံတဲ့နေရာမှာ သတိထားပြီးသိမ်းရမယ်။ အဲ့ဒါရှိတာကို ကိုယ်ကလွဲပြီး တခြားလူမသိစေနဲ့။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

လွ်ို႔ဝွက္ခ်က္အခ်ိဳ႕ကို ရိုးရိုးသားသား ေျပာျပျခင္း
..............................................................

"ေႁမြဆိပ္ကို ဒီေက်ာက္စိမ္းျပားနဲ႕ ေျဖလိုက္တာ။" လင္းက်န္က လည္ပင္းတြင္ဆြဲထားေသာ ေက်ာက္စိမ္းျပားကိုထုတ္ျပသည္။

ယေန႕မနက္တြင္ ယြီဝမ္ခ်ီ၏အဆိပ္ရွိေႁမြ ကိုက္ၿပီးေနာက္ သူက ဤေဆးေက်ာက္စိမ္းျပားကိုသုံး၍ အဆိပ္ေျဖခဲ့ရာ ယြီဝမ္ထုန္အား ရွင္းျပရမည္ဟု ခံစားရသည္။

"ဒါက ေဆးေက်ာက္စိမ္းလား။" ယြီဝမ္ထုန္က လင္းက်န္၏လည္ပင္းတြင္ဆြဲထားေသာ အစိမ္းရင့္ေရာင္ေက်ာက္စိမ္းကို အံ့အားသင့္စြာၾကည့္သည္။ သူက လင္းက်န္ထံတြင္ ဤေက်ာက္စိမ္းျပားရွိသည္ကိုသိေသာ္လည္း ၎ကအဆိပ္မ်ိဳးစုံကို ေျဖနိုင္ေသာေဆးေက်ာက္စိမ္းဟု မသိေခ်။

လင္းက်န္က ေခါင္းညွိတ္သည္။ "ကြၽန္ေတာ့္အေမ ထားခဲ့တာ။"

'လင္းက်န္ရဲ႕အေမလား။' ယြီဝမ္ထုန္က ေယာင္ရိစုံစမ္းရရွိေသာအခ်က္မ်ားအေၾကာင္း ျပန္ေတြးမိသည္။ လင္းက်န္းအေမက လြန္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာကပင္ ဆုံးပါးသြားခဲ့သည္။ ထိုအခ်ိန္တြင္ လင္းက်န္ကငယ္ေသး၏။ သူမ၏မ်ိဳးရိုးက အနည္းငယ္ထူးဆန္းသည္။ သူမကို လင္းေက်ာက္ဝူကယ္တင္ခဲ့ေသာ မ်ိဳးရိုးနာမည္က်ိႏွင့္ မိဘမဲ့မိန္းကေလးဟု လင္းမိသားစုဝင္မ်ားက ဆိုေသာ္လည္း အျခားသတင္းအခ်က္အလက္မ်ားကို မသိရေခ်။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္ရာ အခ်က္အလက္မ်ားကို ေသခ်ာစိစစ္ရန္ နည္းလမ္းမရွိေခ်။

သို႔ေသာ္ ယခုအခါတြင္ မိဘမဲ့မိန္းကေလးဟုဆိုသူက အဆိပ္အမ်ိဳးမ်ိဳးကိုေျဖနိုင္သည့္ေက်ာက္စိမ္းအား ပိုင္ဆိုင္ထားသူျဖစ္ေနသည္။ 'ၾကည့္ရတာ လင္းက်န္အေမရဲ႕ေနာက္ေၾကာင္းက လူေတြသိသလို မရိုးရွင္းပုံပဲ။' ယြီဝမ္ထုန္ကေတြးသည္။

"ဒီေက်ာက္စိမ္းျပားရဲ႕ေဆးအစြမ္းက ေလ်ာ့လာတယ္။ ကြၽန္ေတာ္ ငယ္ငယ္တုန္းကဆို ေဆးနံ႕ေတာ္ေတာ္ျပင္းေပမဲ့ အခုေတာ့ေဖ်ာ့ေနၿပီ။ ဒါေပမဲ့ ေႁမြဆိပ္ကိုေျဖနိုင္လို႔ ေတာ္ေသးတယ္။" လင္းက်န္က ကံေကာင္းသည္ဟုခံစားရကာ ေျပာသည္။ ဤေဆးေက်ာက္စိမ္းေၾကာင့္သာမဟုတ္လွ်င္ သူေသျခင္းတရားမွ လြတ္မည္မဟုတ္ေပ။ "ကြၽန္ေတာ္အဲ့ေန႕တုန္းက ယြီဝမ္ခ်ီဆီမွာရခဲ့တဲ့ အနံ႕ဆိုးဆိုးကလည္း ဒီေႁမြေၾကာင့္ပဲျဖစ္မယ္။"

ယြီဝမ္ထုန္က ေခါင္းညွိတ္သည္။ "ဟုတ္တယ္။ သူဒီလိုအဆိပ္ရွိတဲ့ေကာင္ကို ရလာတဲ့နည္းလမ္းကလည္း ေကာင္းစရာအေၾကာင္းမရွိဘူး။ အဲ့ေကာင္က စာေတာင္ပို႔နိုင္တယ္။ ရွဲ႕ရွီကဒီလိုဟာမ်ိဳးကို ကြၽမ္းတယ္။ ၿပီးရင္ ကိုယ္သူ႕ကိုအေသးစိတ္ေမးၿပီး အဲ့ဒီေႁမြရဲ႕ဇစ္ျမစ္ကိုရွာလိုက္မယ္။"

မၾကာခင္တြင္ ရွဲ႕ရွီအေခၚခံရသည္။ မနက္ကဝမ္တရွန္နင္းေျခခဲ့သည့္ ေႁမြေသေပ်ာက္သြားသည္။ သူေနာက္ပိုင္းတြင္ ထိုလမ္း၌သြားရွာေသာ္လည္း မေတြ႕ေပ။ ကံေကာင္းစြာျဖင့္ လင္းက်န္အဆိပ္ေျပသြား၍ ရွဲ႕ရွီမ်ားစြာစိတ္သက္သာရာရမိသည္။

"အဲ့ေကာင္ရဲ႕ကိုယ္ေပၚမွာ အျပာေရာင္ေတြ ေၾကာက္စရာေကာင္းေလာက္ေအာင္ပါတယ္။ သိပ္မႀကီးဘူး။ လုံးပတ္က လက္သန္းေလာက္ပဲရွိတယ္။ လက္ေကာက္ဝတ္တစ္ပတ္ပတ္နိုင္တဲ့အ႐ြယ္ေလာက္ ရွည္တယ္။ အဲ့ေကာင္ဆီမွာအကိုက္ခံရၿပီး ခ်က္ခ်င္းလိုလို ကြၽန္ေတာ့္လက္ထုံလာၿပီး အျမင္လည္းဝါးလာတယ္။" လင္းက်န္က ထိုေႁမြ၏အသြင္ကို ေယဘုယ်မွ်ေျပာျပသည္။

ရွဲ႕ရွီကေခတၱမွ်ေတြးၿပီးေနာက္ သူတို႔ကိုေျပာသည္။ "အဲ့ေႁမြက ရွင္က်န္းေတာင္ပိုင္းက အဆိပ္ျပင္းေႁမြပါ။ သူ႕အဆိပ္ျပင္းအားက အင္မတန္ျမင့္ပါတယ္။ အဲ့ဒီအျပင္ ဒီေႁမြကို တစ္စုံတစ္ေယာက္က ယဥ္ပါးေအာင္ေမြးခဲ့ပါတယ္။ သူတို႔သာ ဒီေႁမြကိုေဆးေကြၽးရင္ သူ႕အဆိပ္ကပိုျပင္းမွာပါ။ အဲ့လိုေႁမြဆီမွာအကိုက္ခံလိုက္ရတဲ့ဘယ္သူမဆို ေျဖေဆးခ်က္ခ်င္းေသာက္ရပါမယ္။ မဟုတ္ရင္ အဆိပ္အျမန္ပ်ံ့ၿပီး ေသနိုင္ပါတယ္။ ကံေကာင္းလို႔ သခင္ေလးလင္းက ေဆာင္ထားတဲ့ေဆးေက်ာက္စိမ္းျပားနဲ႕ ခ်က္ခ်င္းအဆိပ္ေျဖလိုက္နိုင္ပါတယ္။ အခိုက္အတန့္ေလးေနာက္က်သြားရင္ေတာင္ သခင္ေလး..."

လင္းက်န္က ျပန္ေၾကာက္ေနၿပီး ယြီဝမ္ထုန္ကမူ မ်က္ႏွာထားေအးစက္ေနသည္။ 'ငါ ယြီဝမ္ခ်ီကို ေျခေထာက္က်ိဳး႐ုံနဲ႕ ညွာေပးလိုက္မိတယ္။'

လင္းက်န္က ယြီဝမ္ထုန္၏လက္ကို ႏွစ္သိမ့္၍ပုတ္ေပးလိုက္သည္။ "ကြၽန္ေတာ္ အခု အဆင္ေျပသြားပါၿပီ။"

ယြီဝမ္ထုန္က သူ႕လက္ကိုကိုင္ကာ ရွဲ႕ရွီကို ေမးလိုက္သည္။ "မင္းဒီလိုအဆိပ္ရွိတဲ့ေႁမြအတြက္ ေျဖေဆးေဖာ္ထားလို႔ရလား။"

ရွဲ႕ရွီကျပန္ေျပာသည္။ "ရမယ္လို႔ထင္ပါတယ္။ ဒါေပမဲ့ ေႁမြကေဆးေကြၽးခံထားရရင္ေတာ့ တန္ျပန္ေဆးဝါးနဲ႕အဆိပ္အရင္တားၿပီး အဆိပ္ဂုဏ္သတၱိအရ အဆိပ္ေျဖရမဲ့နည္းလမ္းကို ရွာရပါမယ္။"

"ဒါဆို တန္ျပန္ေဆးလုံးနည္းနည္းေလာက္ ခ်က္ခ်င္းျပင္ထားလိုက္ပါ။ ၿပီးရင္ ယြီဝမ္ခ်ီ့ေႁမြရဲ႕ဇစ္ျမစ္ကို စုံစမ္းလိုက္။ သူအဲ့ေကာင္ကို ဘယ္ကရလာသလဲဆိုတာ ရွာခဲ့။" ယြီဝမ္ထုန္ကၫႊန္ၾကားသည္။

ရွဲ႕ရွီကေခါင္းညွိတ္သည္။ "ဟုတ္ကဲ့ပါ၊ စစ္သူႀကီး။"

သူတို႔အားလုံးမွာ လမ္းေပၚတြင္ ယေန႕ျဖစ္ပ်က္ခဲ့သည့္ကိစၥေၾကာင့္ ေၾကာက္႐ြံ႕မႈစြဲက်န္ေနဆဲပင္။ ယြီဝမ္ခ်ီက ဤသို႔ေသာ လူသတ္နည္းကိုသုံးမည္ဟု မည္သူမွမထင္ထားေပ။

ယြီဝမ္ထုန္က က်န္းလွ်ိုကို လင္းက်န္အား ေကာင္းေကာင္းမကာကြယ္နိုင္သည့္အတြက္ ျပင္းထန္စြာအျပစ္ေပးထားသည္။ အျပစ္မကင္းသည့္က်န္းလွ်ိုက တစ္ခြန္းပင္မခုခံဘဲ အျပစ္ကိုလက္ခံလိုက္သည္။

ရွားဖုန္းႏွင့္လီစီခ်ိဳက္တို႔ကမူ ၿမိဳ႕ေတာ္သို႔ သူတို႔၏သခင္ေလးေရာက္လာသည္မွာ ရက္အနည္းငယ္မွ်သာရွိေသးေသာ္လည္း ဤသို႔အခက္အခဲမ်ားစြာေတြးခဲ့ရသျဖင့္ ဤၿမိဳ႕မွာ နဂါးေအးက်င္း၊ သို႔မဟုတ္ က်ားသိုက္ထက္ အႏၱရာယ္မနည္းဟုခံစားရကာ သုန္မႈန္ေနၾကသည္။ သူတို႔ပို၍ေဒါသထြက္သည္မွာ ဤကိစၥမ်ားက ယြီဝမ္မိသားစုႏွင့္ဆိုင္ေနျခင္းပင္။ ယြီဝမ္ထုန္က ဤလူမ်ားကို ဖိအားေပးထားေၾကာင္း သိေသာ္လည္း သူတို႔စိုးရိမ္ေနဆဲပင္။ လီစီခ်ိဳက္က လင္းက်န္ကို ထန္းယန္သို႔ျပန္ရန္ နားခ်ခ်င္ေသာ္လည္း ခ်ဳပ္တည္းထားလိုက္သည္။

"သခင္ေလး ေနာက္တစ္ခါအျပင္ထြက္ရင္ ကြၽန္ေတာ္တို႔ကိုပါေခၚသြားပါ။ ေက်းဇူးျပဳၿပီး ဒီအိမ္ကေန လူႏွစ္ေယာက္တည္းနဲ႕ ထြက္မသြားပါနဲ႕ေတာ့။" ရွားဖုန္းကေျပာသည္။

"ငါ သိၿပီ။"

"ယြီဝမ္ခ်ီတို႔နဲ႕ထပ္ေတြ႕ရင္ ဒီေန႕လို ကိုယ့္ဘာသာကိုယ္ ထိပ္တိုက္ရင္မဆိုင္ပါနဲ႕၊ သခင္ေလး။ အဲ့ဒါက အႏၱရာယ္မ်ားလြန္းပါတယ္။" လီစီခ်ိဳက္က ေကာက္ခ်က္ခ်သည္။

"သခင္ေလး..."

လူအခ်ိဳ႕က သူ႕ကို တစ္ေယာက္ၿပီးတစ္ေယာက္ မွာေနသည္။ လင္းက်န္ ကတိေပးလိုက္မွသာ သူတို႔က နားပူနားဆာလုပ္ေနျခင္းကို ရပ္ၾကသည္။

သူတို႔ထြက္သြားမွ လင္းက်န္က သက္ျပင္းခ်သည္။

ယြီဝမ္ထုန္က သူ႕ေဘးတြင္ရပ္ေနသည္။ လီစီခ်ိဳက္တို႔က သူရွိေနစဥ္မွာပင္ လင္းက်န္ကို ယြီဝမ္မိသားစု၏ လက္သီးပုန္းထိုးနည္းမ်ားအား မည္သို႔ကာကြယ္ရမည္ျဖစ္ေၾကာင္းကို စကားလုံးလွလွပင္မေ႐ြးဘဲ ေျပာခဲ့ၿပီး သူကလည္း တစ္ခြန္းပင္ အတိုက္အခံမေျပာရဲေခ်။

သူတို႔ႏွစ္ေယာက္ အၾကည့္ဖလွယ္မိၾကၿပီး လင္းက်န္က စေျပာသည္။ "ခင္ဗ်ားက အဲ့ဒါနဲ႕ဘာမွမဆိုင္တာကို သူတို႔သိၾကပါတယ္။ ဒါေပမဲ့..."

"ကိုယ္နားလည္ပါတယ္။" ယြီဝမ္ထုန္က ျဖတ္ေျပာလိုက္သည္။

*****

ညဘက္၌ သူတို႔အိပ္ရာဝင္ေတာ့မည့္အခ်ိန္တြင္ ယြီဝမ္ထုန္က ကိစၥတစ္ခုကို ႐ုတ္တရက္မွတ္မိသြားသည္။ "မင္း ကိုယ့္ကို မနက္ကေျပာခ်င္တာ ဘာလဲ။"

သတိေပးခံလိုက္ရသည့္လင္းက်န္က သူေျပာရန္ရည္႐ြယ္ထားသည့္ကိစၥကို မွတ္မိသြားသည္။ "ကြၽန္ေတာ္တို႔ေတြ ဝူၿမိဳ႕မွာ အဲ့ေန႕ကေတြ႕ခဲ့တဲ့အဖိုးအိုအေၾကာင္းေလ။ ခင္ဗ်ား အဲ့ဒီအတြင္းအားက်င့္စဥ္စာအုပ္ကိုဖတ္ၿပီး ကြၽန္ေတာ္ေလ့က်င့္သင့္သလားဆိုတာ စစ္ေဆးေပးပါလား။"

ယြီဝမ္ဖုန္ အံ့ဩသြားသည္။ ဤကိစၥတြင္ လင္းက်န္၏လွ်ို႔ဝွက္ခ်က္အခ်ိဳ႕ပါ၏။ လင္းက်န္က ထိုအဖိုးအိုကိုသိၿပီး ထိုအတြင္းအားက်င့္စြာမွာလည္း မေျပာသင့္သည့္ လွ်ို႔ဝွက္ခ်က္အခ်ိဳ႕ႏွင့္ဆက္ႏြယ္ေနေၾကာင္းကို သူတပ္အပ္ေျပာနိုင္သည္။ 'လင္းက်န္က ငါ့ကိုအဲ့ဒါဖတ္ေစခ်င္ေနတာလား။'

"ၿပီးေတာ့ ကြၽန္ေတာ္ခင္ဗ်ားကို ေျပာခ်င္တာေတြ ရွိေသးတယ္။ ခင္ဗ်ားက ကြၽန္ေတာ္ကြၽမ္းက်င္တဲ့ တိုက္ခိုက္ေရးအစီအရင္ေတြရဲ႕ ဇစ္ျမစ္ကိုသိခ်င္ေနတယ္မလား။" လင္းက်န္က သူ႕ကိုၾကည့္သည္။

ယြီဝမ္ထုန္က သူ႕ကိုျပန္ၾကည့္သည္။ "မင္း ကိုယ့္ကိုစုံစမ္းတာရပ္ဖို႔ေျပာလို႔ မင္းအမွန္အတိုင္းေျပာလာမွာကို ကိုယ္တစ္ခ်ိန္လုံးေစာင့္ေနတာ။"

လင္းက်န္က သူ႕ကိုအသိေပးသည္။ "ကြၽန္ေတာ္ အဲ့ဒီအေၾကာင္းေတြးၿပီးသြားၿပီ။ အခုအခ်ိန္မွာ ကြၽန္ေတာ္ ခင္ဗ်ားကိုမေျပာနိုင္တာေတြ ရွိေသးေပမဲ့ ထုတ္ေျပာလို႔ရတာနည္းနည္း ရွိတယ္။ ကြၽန္ေတာ္ ခင္ဗ်ားကိုအားလုံးမေျပာနိုင္တဲ့အတြက္ေတာ့ အားနာပါတယ္။"

ယြီဝမ္ထုန္က ထက္သန္ေသာေလသံျဖင့္ အျမန္ေျပာသည္။ "မင္းနည္းနည္းေလာက္ေျပာျပတာနဲ႕တင္ ကိုယ့္အတြက္လုံေလာက္ပါၿပီ။ က်န္တဲ့ကိစၥေတြအတြက္ ကိုယ္ၾကာၾကာေစာင့္နိုင္ပါတယ္။"

တကယ္တမ္းတြင္ လင္းက်န္က ဤအေျခအေနမ်ိဳး၌ ထိုအရာမ်ားအေၾကာင္းကို ထုတ္ေျပာမည္ဟု သူလုံးဝမထင္ထားေပ။ သူလင္းက်န္ကို ၿမိဳ႕ေတာ္သို႔ေခၚလာစဥ္ကတည္းကပင္ အႏၱရာယ္မ်ားေသာကိစၥမ်ားဆက္တိုက္ျဖစ္ပ်က္ခဲ့ၿပီး အားလုံး၏ပစ္မွတ္မွာလင္းက်န္ပင္။ လင္းက်န္က သူႏွင့္ေစ့စပ္မႈကို မဖ်က္သိမ္းမိခဲ့သည့္အတြက္၊ သူႏွင့္အတူ ၿမိဳ႕ေတာ္သို႔လိုက္လာမိသည့္အတြက္ ေနာင္တရမည္ကို သူတစ္ခ်ိန္လုံးစိုးရိမ္ေနခဲ့သည္။ ထိုသို႔သာဆိုလွ်င္ လင္းက်န္က သူ႕ကိုထားရစ္ကာ ထန္းယန္သို႔ျပန္သြားလိမ့္မည္။ မေမွ်ာ္လင့္ထားစြာျဖင့္ လင္းက်န္က ယခုကဲ့သို႔အေျခအေနမ်ိဳးတြင္ သူ႕အား လွ်ို႔ဝွက္ခ်က္အခ်ိဳ႕ ေျပာျပရန္ေ႐ြးခ်ယ္ခဲ့သည္။

"ကြၽန္ေတာ့္အေမက ကြၽန္ေတာ့္ကိုအဲ့ဒီတိုက္ခိုက္ေရးအစီအရင္ေတြ သင္ေပးခဲ့တာ။ အဲ့တုန္းက ကြၽန္ေတာ္ ငယ္ေသးတယ္။ အေမ့ဆီမွာအခ်ိန္သိပ္မက်န္ေတာ့လို႔ ကြၽန္ေတာ္ဘယ္ေလာက္မွတ္သားနိုင္တယ္ဆိုတာကို ဂ႐ုမစိုက္ဘဲ အမ်ားႀကီးသင္ေပးခဲ့တယ္။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ အဲ့ဒီအေၾကာင္းေတြကို ကြၽန္ေတာ္ မမွတ္မိခဲ့ဘူး။ မၾကာေသးခင္ကမွ စိတ္ထဲမွာ အဲ့ဒါေတြေပၚလာတာ။" လင္းက်န္ကေျပာသည္။

'လင္းက်န္ရဲ႕အေမလား။' ယြီဝမ္ထုန္က အံ့ဩသြားေသာ္လည္း သူ႕လူမ်ားက လင္းမိသားစု၏သမိုင္းကို အေသးစိတ္က်က်စဳံစမ္းၿပီးသားျဖစ္သျဖင့္ မေမွ်ာ္လင့္ထားျခင္း မဟုတ္ေပ။ လင္းမိသားစုဝင္မည္သူမွ် တိုက္ခိုက္ေရးအစီအရင္ႏွင့္ပက္သက္၍ ပါရမီရွိေၾကာင္းမျပသခဲ့ေပ။ ယြီဝမ္ထုန္မသိသည္မွာ လင္းက်န္အေမ၏မ်ိဳးရိုးသာက်န္ေတာ့သည္။

"မင္းအေမက ဒီတိုက္ခိုက္ေရးအစီအရင္ေတြကို ဘာလို႔ကြၽမ္းက်င္ေနတာလဲ။" ယြီဝမ္ထုန္ကေမးသည္။

လင္းက်န္က ေခါင္းခါျပသည္။ "အဲ့ဒီအပိုင္းကို ကြၽန္ေတာ္ ခင္ဗ်ားဆီအခုမေျပာနိုင္ေသးဘူး။ လက္ရွိရႈေထာင့္အရဆို အဲ့ဒါကိုမသိလည္း ခင္ဗ်ားအတြက္ ဘာအႏၱရာယ္မွမရွိဘူး။ ကြၽန္ေတာ္ ခင္ဗ်ားကိုေျပာနိုင္တာသိပ္မရွိဘူး။ ဒီအစီအရင္ေတြနဲ႕ ေဆးေက်ာက္စိမ္းအျပင္ အဲ့ေန႕က႐ုတ္တရက္ေပၚလာၿပီး ကြၽန္ေတာ့္ကို လွ်ို႔ဝွက္အတြင္းအားက်င့္စဥ္ေပးသြားတဲ့အဖိုးကလည္း ကြၽန္ေတာ့္အေမနဲ႕ သက္ဆိုင္ေနတယ္။"

ယြီဝမ္ထုနိက အေတြးနက္ေနပုံေပၚသည္။ "မင္းကိုယ့္ကို လွ်ို႔ဝွက္အတြင္းအားက်င့္စဥ္ကို စစ္ေဆးေပးေစခ်င္တယ္ဆို။"

လင္းက်န္က ေခါင္းညွိတ္ကာ လွ်ို႔ဝွက္အတြင္းအားက်င့္စဥ္ကိုသြားထုတ္ၿပီး ယြီဝမ္ထုန္ထံ အေလးအနက္ ကမ္းေပးလိုက္သည္။

ယြီဝမ္ထုန္က ထိုစာအုပ္ကိုယူၿပီးေနာက္ အလ်င္စလိုမဖတ္ဘဲ လင္းက်န္၏ယုံၾကည္မႈေၾကာင့္ ဝန္ပိသကဲ့သို႔ခံစားရသည္။ 'ဒီစာအုပ္က ေတာ္ေတာ္အေရးႀကီးရမယ္။ လင္းက်န္ ငါ့ကို ဒိဟာဖတ္ခိုင္းတာက အဲ့ေန႕မွာ အစီအရင္စာ႐ြက္ေတြေပးတုန္းကထက္ ယုံၾကည္ခ်က္မေလ်ာ့ဘူး။ ဒီက်င့္စဥ္က ပိုတန္ဖိုးရွိတာေတာင္ျဖစ္နိုင္တယ္။' ယြီဝမ္ထုန္ကေတြးသည္။

"မင္း ကိုယ့္ကိုဖတ္ေစခ်င္တာ ေသခ်ာလား။" ယြီဝမ္ထုန္က သူ႕ကိုၾကည့္သည္။

လင္းက်န္က ေခါင္းညွိတ္ျပသည္။ "ကြၽန္ေတာ္...ခင္ဗ်ားကို ပိုယုံတယ္။"

တကယ္ဆိုလွ်င္ သူကယြီဝမ္ထုန္ကို မေရရာေသာ ေထာင္စုႏွစ္ဂိုဏ္းထက္ ပိုယုံသည္။ ထို႔အျပင္ ေထာင္စုႏွစ္ဂိုဏ္းက သူ၏ဘက္ေတာ္သား၊ သို႔မဟုတ္ရန္သူဟုပင္ မေသခ်ာေသးရာ သူႏွင့္အတူ ေသေရးရွင္ေရးအေျခအေနမ်ား ႀကဳံေတြ႕ခဲ့ရၿပီး အေကာင္းအဆိုးမွ်ေဝခဲ့သည့္ ယြီဝမ္ထုန္က ပို၍ယုံၾကည္စရာေကာင္းသည္။

ယြီဝမ္ထုန္က ေခါင္းစီးစာ႐ြက္ကိုဖတ္ၿပီးေနာက္ ထိုစာေၾကာင္းမ်ားေၾကာင့္ အနည္းငယ္ အံ့ဩသြားသည္။ သူက ဤစာေၾကာင္းကို ယခင္က ဖတ္ဖူးသကဲ့သို႔ ခံစားရေသာ္လည္း မည္သည့္အေသးစိတ္ကိုမွ ျပန္သတိမရေပ။

သူ႕မ်က္ႏွာကို တစ္ခ်ိန္လုံးအရိပ္အကဲၾကည့္ေနေသာ လင္းက်န္က ေမးလိုက္သည္။ "ဘာလို႔လဲ။ ခင္ဗ်ား ဒီစာေၾကာင္းကို အရင္ကျမင္ဖူးလို႔လား။"

ယြီဝမ္ထုန္က ေခတၱမွ်ေတြးၿပီးေနာက္ ျပန္ေျပာသည္။ "ကိုယ္ဒီစာလုံးေတြနဲ႕ နည္းနည္းရင္းႏွီးေန႐ုံပါ။ ကိုယ္ ဒါေတြကို တစ္ေနရာရာမွာ ဖတ္ဖူးသလိုပဲ။"

လင္းက်န္က စဥ္းစားေနပုံေပၚသည္။ ခဏအၾကာတြင္ သူကေျပာသည္။ "ဒါဆိုလည္း ဆက္ဖတ္ၾကည့္ဦး။"

ဤလွ်ို႔ဝွက္အတြင္းအားက်င့္စဥ္ကို သူဖတ္ၿပီးသားျဖစ္ေသာ္လည္း မည္သည့္ ေမးခြန္းထုတ္စရာမွ မေတြ႕ေခ်။ သို႔ရာတြင္ ဤအရာမ်ားအား အကဲျဖတ္ရာ၌ သူကအေတြ႕အႀကဳံမရွိသည့္အျပင္ ေကာင္းေကာင္းမသိသျဖင့္ ယြီဝမ္ထုန္၏ပညာကို ပိုယုံသည္။

ယြီဝမ္ထုန္က စာအုပ္ကိုဖြင့္ကာ ပထမစာမ်က္ႏွာမွစ၍ ဂ႐ုတစိုက္ဖတ္ၾကည့္သည္။ သူ၏မ်က္ႏွာထားက တျဖည္းျဖည္းေလးနက္လာသည္။ သူက သုံးပုံတစ္ပုံမွ်ဖတ္ၿပီးေသာအခါ လွ်ို႔ဝွက္အတြင္းအားက်င့္စဥ္စာအုပ္ႏွင့္အတူ မ်က္လုံးမ်ားကိုပါ ပိတ္လိုက္သည္။ သူ၏မ်က္ႏွာက ေလးနက္ေန႐ုံသာမက စိတ္မတည္မၿငိမ္ျဖစ္ေနပုံေပၚသည္။

လင္းက်န္က ဤလွ်ို႔ဝွက္အတြင္းအားက်င့္စဥ္ႏွင့္ပက္သက္၍ တစ္ခုခုမွားယြင္းေနသည္ဟုေတြးမိကာ အံ့ဩသြားသည္။ "ဘာျဖစ္လို႔လဲ။ အဲ့ထဲမွာ ျပႆနာရွိလို႔လား။"

ယြီဝမ္ထုန္က ေခါင္းသာခါျပၿပီး ဘာမွမေျပာေခ်။ ခဏအၾကာတြင္ သူ၏မ်က္ႏွာကပုံမွန္ျပန္ျဖစ္သြားသည္။ "မဟုတ္ပါဘူး။ ကိုယ္ ဒီက်င့္စဥ္ကိုဖတ္႐ုံပဲဖတ္ေပမဲ့ အထဲမွာပါတာေတြက ကိုယ့္ကိုနည္းနည္းလႊမ္းမိုးလာလို႔။ ခုနက ကိုယ့္ရဲ႕အတြင္းအား မတည္မၿငိမ္ျဖစ္သြားေသးတယ္။"

လင္းက်န္ အံ့ဩသြားသည္။ 'ဒါက တအားစြမ္းအားႀကီးတာလား။'

"ကိုယ္မင္းကိုေျပာဖူးသလိုပဲ၊ ကိုယ္က ေတာ္ေတာ္မွတ္ဉာဏ္ေကာင္းတဲ့ပါရမီကို ရထားတယ္။ ကိုယ္ဒါကိုဖတ္လိုက္ရင္ အတြင္းအားက်င့္နည္းကို မေမ့႐ုံတင္မကဘူး၊ ကိုယ့္ရဲ႕အတြင္းအားအေျခခံေတြ ယိမ္းယိုင္သြားနိုင္တယ္။ ကိုယ္ဒါကိုဖတ္တာ ရပ္ရမယ္။ ဒါေပမဲ့ သုံးပုံတစ္ပုံေလာက္ဖတ္ၿပီးေတာ့ အကဲျဖတ္ရရင္ ဒီအတြင္းအားက်င့္စဥ္က ျပႆနာမရွိတဲ့အျပင္ သိပ္ေလးနက္ၿပီး အႀကံေကာင္းတယ္။ မင္း အဲ့ဒီနည္းကို က်င့္နိုင္တယ္။" ယြီဝမ္ထုန္က ေကာက္ခ်က္ခ်သည္။

လင္းက်န္က ယြီဝမ္ထုန္ကမ္းေပးေသာ လွ်ို႔ဝွက္က်င့္စဥ္ကို ထိတ္လန့္ေနမႈအားမဖုံးနိုင္ဘဲ ယူလိုက္သည္။ ဤအတြင္းအားက်င့္စဥ္က အလြန္စြမ္းအားႀကီး၍ စိတ္ဓာတ္ႀကံ့ခိုင္ကာ ထိန္းခ်ဳပ္နိုင္စြမ္းေကာင္းေသာ ယြီဝမ္ထုန္ပင္ လႊမ္းမိုးခံလိုက္ရမည္ဟု သူလုံးဝမထင္ထားေပ။

"ဒီစာေၾကာင္းေတြကို စိတ္ထဲဖတ္လိုက္႐ုံနဲ႕ ကိုယ့္ရဲ႕အတြင္းအားေတြ မတည္မၿငိမ္ျဖစ္လာတယ္။" ယြီဝမ္ထုန္ကထပ္ေျပာသည္။

"ကြၽန္ေတာ္ ဒီက်င့္စဥ္ကိုဖတ္တုန္းကေတာ့ ဘာမွမခံစားရဘူး။ ဒီစာလုံးေတြကိုလည္း နားမလည္ဘူး။" လင္းက်န္ကေျပာသည္။

ယြီဝမ္ထုန္က ေျပာသည္။ "မင္းက အဲ့ဒီအကၡရာေတြကိုေတာင္ မသင္ယူရေသးလို႔ေလ။ ဒီအတြင္းအားက်င့္စဥ္က မရိုးရွင္းဘူး။ ကိုယ္က်င့္ထားတဲ့အတြင္းအားက်င့္စဥ္က ကမၻာေပၚမွာအေကာင္းဆုံးဆိုေပမဲ့ ဒီက်င့္စဥ္ထဲမွာပါတဲ့ဟာေတြက ကိုယ့္ကိုလြယ္လြယ္နဲ႕လႊမ္းမိုးနိုင္ေသးတယ္။ မင္းအဲ့ဒါကိုေလ့က်င့္ရင္ လုံၿခဳံတဲ့ေနရာမွာ သတိထားၿပီးသိမ္းရမယ္။ အဲ့ဒါရွိတာကို ကိုယ္ကလြဲၿပီး တျခားလူမသိေစနဲ႕။"

Continue Reading

You'll Also Like

1.5M 185K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
1.8M 273K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
97.5K 13.1K 54
Back To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extr...
90.2K 9.8K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...