ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...

By Koe-Amara-Mg

45.5K 1.7K 57

စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... More

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း

ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9

1.1K 46 1
By Koe-Amara-Mg

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                            အခန်း   (၉)
.

.

.

" အရှက်သိက္ခာမဲ့လွန်းတဲ့ စကားတွေကို လူကြီးတွေ ရှေ့မရှောင် ပြောထွက်ရအောင်၊မင်း က မိန်းကလေးတစ်ယောက်မှ ဟုတ်သေးရဲ့လား...။
မင်းပြောတဲ့ စကားတွေက ဘယ်လိုအဆင့်ကို ရည်ညွှန်းနေသလဲဆိုတာရော သိရဲ့လား...။မင်းပြောလိုက်တဲ့ စကားလုံးတွေက ငါ့သိက္ခာတွေကို
ရစရာမရှိအောင် ကျဆင်းစေပြီး၊ငါ့မျက်နှာကို
လူကြီးတွေရှေ့တောင် မပြရဲအောင်လို့ လုပ်လိုက်တာပဲ။မင်း က! "

သိပ်မုန်းစရာ ကောင်းတာပဲ ရွှေတခေတ်။

ဆိုတဲ့ စကားကို " ရက်ရက်စက်စက် စကားတွေ
မပြောလိုက်ပါနဲ့ " လို့ တောင်းဆိုနေတဲ့ ချာတိတ်မ လေးရဲ့ မျက်ဝန်းတွေကြောင့် တိုက်,နူတ်ကနေ
ဖွင့်ဟပြီးတော့ မပြောနိုင်ခဲ့...။

ဦးလေးကြီး၏ စကားများကြောင့် ရင်ဘက်ထဲက နာပါသည်။ဒီကိစ္စမှာ တခေတ် ဦးလေးကြီးဆီကနေ နာကျည်းစွာ အမုန်းခံရမည်ဆိုရင်တောင်မှ
မိုးသားဖြူတို့သားမိနှင့် ဖေဖေ့ကို မေမေနှင့် အငယ်လေးတွေ အတွက် အနိုင်ယူမည်။အဲ့စိတ်နဲ့ပဲ တခေတ်သည် ကိုယ့်ကို ကြည့်နေတဲ့ ဦးလေးကြီး၏ စက်ဆုပ်ရွံရှာနေတဲ့ မျက်လုံးအကြည့်တွေကို တစ်ချက်ရှိုက်လိုက်တဲ့ ပင့်သက်နှင့်အတူ ဥပေက္ခာပြုပစ်လိုက်သည်။

အဲ့နောက် တခေတ် ရင်မဆိုင်ချင်တဲ့ ဦးလေးကြီး၏ စိမ်းသက်သော မျက်ဝန်းတွေကို ရင်ဆိုင်လိုက်သည်။

" အမှန်တရားတိုင်းက ခါးသတ်ပါတယ်။တခေတ်
ပြောနေတဲ့ စကားတွေက အမှန်တရားတွေ ဖြစ်နေတော့... ဦးလေးကြီးအတွက် အဘိုးနဲ့ တခေတ်မိဘတွေကို မျက်နှာချင်းဆိုင်ရမှာ အခက်တွေ့နိုင်ပါတယ်။ဒါမယ့် တခေတ်နဲ့ ဦးလေးကြီးရဲ့ မှားယွင်းမူ့က အစကနေပြန်စမရအောင် မှားခဲ့တဲ့
အမှားကြီးပါ။အဲ့အမှားအတွက် လူကြီးတစ်ယောက်လည်းဖြစ်၊တခေတ်ထက် အသက်လည်းကြီးပြီး၊ယောက်ျားသားတစ်ယောက်ဖြစ်တဲ့ ဦးလေးကြီးက ကိုယ့်အမှားအတွက် အဆုံးထိ တာဝန်ယူပေးပါ။မဟုတ်ဘူး... တာဝန်ယူကို ယူပေးရပါမယ်။တခေတ် ဦးလေးကြီးကြောင့် ရလာမယ့် ကလေးကို ဖခင်မဲ့မဖြစ်စေချင်ဘူး။ပြီးတော့... ဖခက်မေတ္တာအပြည့်အဝရစေချင်တယ်။ဖခင်ရှိရဲ့သားနဲ့ ဖခင်မေတ္တာငတ်မွန်ခေါင်ပါးတဲ့ ကလေးလေးအဖြစ် မကြိီးပြင်းခိုင်းနိုင်ပါဘူး။ဘာလို့ဆိုရင် မပေးသိတဲ့ ဖခင်မေတ္တာကို ခေါင်းတမော့မော့နဲ့ တိတ်တိတ်လေး ခိုးမျှော်လင့်နေရတဲ့ ကလေးတစ်ယောက် ရင်ထဲက ခံစားချက်က
သိပ်မွန်းကျပ်ရလို့ပါပဲ။အဲ့ဒါကြောင့် ကလေးလေးအတွက် တခေတ် ကို ဦးလေးကြီး လက်ထပ်ရပါမယ်။ဖြစ်နိုင်ရင် စာချုပ်၊စာတမ်းနဲ့ ဒီနေ့တွင်း လက်ထပ်ချင်ပါတယ်။တခေတ် ဘယ်လို ကတိစကားတွေကိုမှ အယုံအကြည် မရှိလို့ပါ "

တခေတ် စကားပြောနေချိန် မျက်လုံးအကြည့်တွေက ဖေဖေနှင့် ဦးလေးကြီးဆီမှာသာ မရွေ့မရှား ရှိနေခဲ့သည်။

တခေတ်၏ စကားတချို့က ဦးလေးကြီးကို ဒေါသဖြစ်စေပြီး... တချို့စကားတွေက ဖေဖေ့ကို
ရည်ညွှန်းပြီး ပြောတာဖြစ်လို့... ဖေဖေ့မျက်နှာသည် ညိုးကျသွားတာကို တခေတ် တွေ့ရသည်။

အသက်အရွယ်လေးနှင့်မှမလိုက် မျက်တောင်တစ်ချက်မခတ် ကိုယ်နှင့် လူကြီးတွေအားလုံးကို
လိမ်ညာပြီး ပြောနေတဲ့ ချာတိတ်မလေးကို တိုက်,
အတော်ကြီးကို စိတ်ပျက်သွားမိသည်။

ဖြစ်နိုင်ရင် ချာတိတ်မလေးနဲ့ မျက်နှာချင်းလည်းမဆိုင်ချင်တော့သလို... စကားလည်း မပြောချင်တော့သည်။အရှင်းဆုံး ပြောရရင် ချာတိတ်မလေးနှင့် လုံးဝကို မပတ်သက်ချင်တော့တာ။

" ဦးနေ.. တခေတ်နဲ့ ဦးနေ ညက ဘာမှမဖြစ်ဘူး
မလား။မိုးသား အခုထိ ဦးနေ ကို လက်ထပ်လို့ရသေးတယ်မလား...။အခုထိ ဦးနေ က လူပျိုကြီး
ဖြစ်တုန်းပဲမလား။ဟင်... မိုးသား ကို ဖြေပေးပါအုံး ဦးနေ "

အငယ်မလေးကြောင့် ကိုယ့်ဂုဏ်သိက္ခာက ရစရာ
မရှိအောင် ကျဆင်းသွားလို့... စိတ်ကအကြီးပျက်ယွင်းနေပါတယ်ဆိုမှ... အကြီးမကပါ တစ်စခန်းထလာတာမို့... တိုက်,ဒေါသ က ခေါင်းပေါ်မှာ အငွေ့ထွက်နေသလားထင်ရအောင် တရှိန်ရှိန်ဖြစ်နေတော့သည်။

" မိုးသားဖြူ နင်ကလေ ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လား လို့ မေးနေသေးတယ်နော်။အေးလေ... နင်က ငါ့ကိုပဲ အနိုင်ယူဖို့ သိတာ။ကျန်တဲ့နေရာတွေမှာ အရမ်းတုံးအတာကို ငါက မေ့သွားတာပဲ "

" ဘာ! ငါ့ကို တုံးအတယ် ဟုတ်လား... "

" ဟုတ်တယ်။ ငါက ဒီလောက် ဦးလေးကြီး ကို
ကလေးအတွက် တာဝန်ယူပေးဖို့... ပြောနေတာတောင်မှ... နင်က ဦးလေးကြီး ကို အခုထိ လူပျိုဖြစ်တုန်းပဲလား လို့ မေးနေတာက နင် တုံးအတယ်ဆိုတာ၊လမ်းဘေးက ခွေးသွားမေးတောင်
သိတယ်။ပြီးတော့... နင်လိုချင်တဲ့ ဦးလေးကြီးကလည်း လူပျိုမဟုတ်တော့သလို၊နင်မုန်းတဲ့ ငါကလည်း ဦးလေးကြီးကြောင့် အပျိုမဟုတ်တော့ဘူး။အခုကစပြီး ဦးလေးကြီးက ငါပိုင်တဲ့ လူဖြစ်သွားပြီ။နင့်လို ခပ်ခပ်တုံးလေး သိဖို့ ပြောရမယ်ဆိုရင် ဦးလေးကြီး က ငါ့ခင်ပွန်းဖြစ်တော့မယ့် လူ။ငါ့ ဗိုက်ထဲက ကလေးလေးရဲ့ အဖေပဲ။အဲ့ဒါကြောင့် စနိုက်ကြော်မ လို့.. နင့်ကို ပြောမှာ မခံချင်ရင် အခုကတည်းက နောက်ဆုတ်လိုက်တော့။ဦးလေးကြီး က နင့်အတွက်ပဲ ဖြစ်ခဲ့တာ။ငါ့အတွက်တော့ ဦးလေးကြီး က သက်ဆိုင်သူဖြစ်သွားပြီ။အဲ့တော့ မသက်ဆိုင်တဲ့ လူကို မမျှော်လင့်နဲ့။ငါ့အပိုင်လူကို လှည့်တောင်မကြည့်နဲ့။နင့်ကို ကြည့်ခွင့်ပေးရမှ သနလို့ပဲ "

အနိုင်ယူချင်စိတ်၊နာကျည်းစိတ်၊မုန်းတီးစိတ်တို့ကြောင့် မပြောသင့်မှန်းသိတဲ့ စကားတွေကို အတားဆီးမရှိ ပြောချပစ်မိသည်။စကားပြောနေချိန်မှာ ရှက်ရမယ်ဆိုတာလည်း တခေတ် မသိတော့သည်။

တခေတ် စကားပြောနေချိန် ဦးလေးကြီးရဲ့ ဒေါသကြောင့် နီရဲနေတဲ့ မျက်နှာကို နည်းနည်းလေးတောင်မှ မကြည့်ရဲချေ။

ဒီနေ့ ဒီနေရာမှာ ဦးလေးကြီး ကို တခေတ် အပိုင်ရယူနိုင်မှ ဖြစ်မည်။မဟုတ်ရင် တခေတ်သည် ဖေဖေနှင့် မိထွေးသားမိလက်ထဲမှာ အသက်ပျောက်နိုင်သည်။

ဒါကြောင့် ပြောမိတဲ့ စကားတွေအတွက် အရှက်ရမိပေမယ့်... အံကိုကြိတ်ပြီး စိတ်ကိုတင်းထားလိုက်သည်။

တခေတ်စကားကြောင့် အစ်မမိုးသားဖြူကတော့
အမျက်ဒေါသက အခေ​ျာင်းချောင်းကို ထွက်လေရဲ့။

" ရွှေတခေတ် နင်! နင်! "

မိုးသာဖြူမှာ အလွန်းအမင် ထွက်နေတဲ့ ဒေါသကြောင့်ရော... သဘောကျရပါသော ဦးနေ အရှေ့မှာ ရိုင်းပျတဲ့ ပုံစံကို မပြချင်တာကြောင့်... ဒေါသ လက်သီးနှစ်ဖက် တင်းတင်းဆုပ်ပြီး မြိုသိပ်နေရသည်။

" ကိုငွေမိုး ရှင့်ရဲ့ သွေးဆိုး၊ရှင့်ရဲ့မယားငယ်သမီးက ပြောနေတာတွေကို ကြားရဲ့လား။ကျွန်မဆီက
နေ ရှင့်ကို မအေဖြစ်သူက လုယူတယ်။အခု ကျွန်မသမီးဆီကနေ အဲ့ကောင်မ သမီးက လုယူတယ်။အရပ်တကာ ကြားမကောင်းတဲ့၊ ကိစ္စဖြစ်လာအောင် ဖန်တီးခဲ့တဲ့ ရှင့်အမှားကြောင့်...
အခု ကျွန်မရင်ဘက်ထဲ ဒေါသရော၊မုန်းတီးမူ့ရောက စာမဖွဲ့နိုင်တော့ဘူး ရှင့်။စာမဖွဲ့နိုင်တော့ဘူး။
အိမ်ထောင်ဦးစီး ခင်ပွန်းကောင်းကြီး ရဲ့... "

ဒေါ်ခင်ထားမေသည် ရွှေတခေတ် အား ပြောစရာစကားတွေ ပျောက်ရှသွားရသည်အထိ ဒေါသထွက်နေတာမို့... ဘေးမှာရှိနေတဲ့ ခင်ပွန်းသည်ကိုသာ အပြစ်ဖို့၍ ပြောဆိုနေမိသည်။

တိုက်,၏ အဘိုးသည်လည်း ဘာကနေ ဘယ်လို
ဝင်ပြောရမှန်း မသိတော့သည်မို့... ဘယ်နှစ်ကြိမ်မှန်း မသိသော သက်ပြင်းတို့ကိုသာ အခါခါချနေမိတော့သည်။

မိန်းကလေးတန်မဲ့နဲ့ ဘယ်မျက်နှာကိုမထောက် ထားဘဲ ပြောချလိုက်တဲ့... ချာတိတ်မလေး၏ စကားများကြောင့် တိုက်,တစ်ကိုယ်လုံးထူပူ ရှိန်းပိန်နေတော့သည်။

ဒါတောင် ဒီနေရာမှာ လူအနည်းစုလေးသာ ရှိတာမို့ တော်သေးသည်။လူများပြားတဲ့ နေရာမှာဆို
အရှက်ဗြန်းဗြန်းကွဲပြီ။လူလည်း ဘယ်သူ့မျက်နှာကိုမှ မော်တောင်ကြည့်ရဲမည် မဟုတ်။

အရှက်မတိုင်း ဘယ်မျက်နှာကိုမှ မထောက်ထားတဲ့ ချာတိတ်မလေး ကို တိုက်,အနေနဲ့လည်း ထောက်ထား ငဲ့ညှာပေးမဟုတ်။အဲ့တော့ သူမ၏
စကားအတိုင်း သူမကိုပဲ ပြန်ချုပ်နှောင်ဖို့ ဆုံးဖြတ်လိုက်သည်။

တိုက်, ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်ပစ်လိုက်သည်။အခုထိ လူကို ကြောက်ရွံ့ဟန်မရှိ ပေစောင်စောင်နဲ့ ကြည့်နေဆဲ ချာတိတ်မလေးကို ခပ်ထန်ထန် အကြည့်တွေနှင့် ကြည့်ပစ်လိုက်ပြီး...

" မင်းနဲ့ဖက်ပြိုင်ပြီး၊ငါ့မှာ ပြောစကားတွေ မရှိတော့ဘူး။အဲ့ဒီတော့ မင်း တာဝန်ယူခိုင်းနေတဲ့ အတိုင်း၊မင်း ဗိုက်ထဲက ငါ့အမှားကြောင့် ဖြစ်တည်နေတဲ့ ငါ့ကလေးကို တာဝန်ယူမယ်။အဲ့ဒါကြောင့် မင်းလည်း ငါ့ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာဖြစ်အောင် မွေးပေးရမယ် ရွှေတခေတ် "

" ဟင်! ဟင်! "

" ဟေ! "

" ဦးနေ... "

" ..... "

ဦးလေးကြီးစကားကြောင့် ဖေဖေနှမိထွေးရော
အဘွားဆီကပါ အာမေဋိတ်သံတို့ ပြိုင်တူထွက်လာကြသည်။အစ်မိုးသားဖြူကတော့ ဦးနေဆိုပြီး မျက်လုံးအပြူးသားဖြင့် မယုံနိုင် ဖြစ်နေသည်။

တခေတ်မှာတော့ ဦးလေးကြီးစကားကြောင့်...
ခေါင်းမီးတောက်သွားခဲ့သည်။အကြောင်းကာ...
တခေတ်မှ ဦးလေးကြီးနှင့် မမှားယွင်းခဲ့တာ။ကလေးက ဘယ်လိုလုပ်ပြီး ရှိနေမှာလဲ။

ဖေဖေတို့ရှေ့မှာ မျက်နှာမပျက်အောင် ဟန်လုပ်နေရပါသောလည်း... တခေတ်ရင်ထဲမှာ ကမ္ဘာပျက်နေသလို ဖြစ်နေတာကို သိပုံရတဲ့... ဦးလေးကြီး က တခေတ်ကိုကြည့်ကာ ခပ်မဲ့မဲ့ပြုံးသည်။

အဲ့ဒီနောက်မှာပဲ ဦးလေးကြီးသည် တခေတ် ကို
ရာဇသံနှင့်တူသော စကားတို့ကို ပြောလာလေသည်။

" ငါ့ကလေး က မင်း ဗိုက်ထဲမှာ တစ်စုံတစ်ရာဖြစ်ခဲ့ရင်၊ငါ့ကလေးအသက်နဲ့ ညီမျှတဲ့ အရာကို မင်းဆီကနေ ငါ ပြန်ယူမယ်။မင်း ပြောတဲ့အတိုင်း လက်ထပ်စာချုပ် ကို ဒီညအတွင်း ငါ့ဘက်ကနေ စီစဥ်ပေးမယ်။မနက်စောစောမှာ ငါတို့ လက်မှတ်ထိုးတာပေါ့။အခုတော့... မင်း မိဘတွေနဲ့ စကားပြောလိုက်ပါအုံး "

ဆိုပြီး ဦးလေးကြီး က အမျက်ထွက်နေတဲ့ အကြည့်တွေနှင့် တခေတ် ကို ကြည့်ကာ... ဖုန်းတစ်လုံးနှင့် အိမ်ရှေ့ခြံထဲဘက်ကို ဆင်းသွားလေသည်။

အဲ့အချိန်မှာပဲ ဦးလေးကြီး၏ အဘိုး က စကားပြောလာလေသည်။

" ကဲ... မောင်ငွေမိုးရေ...၊ကလေးတွေက မှားယွင်းခဲ့ကြပြီးပြီဆိုတော့လည်း... ရှေ့မျက်နှာ၊နောက်ထားပြီးတော့ပဲ ပြောတော့မယ်ကွယ်။မြေးမငယ်လေးနဲ့ ငါ့မြေးကို လက်ထပ်ပေးလိုက်ကြရအောင်။မင်းတို့ သဘောကရောကွယ် "

" ကိုငွေမိုး ဒီကိစ္စကို ရှင့်ဘက်က ပြတ်သားအောင်
တစ်ခါတည်း ပြော။ကျွန်မနဲ့ ကျွန်မသမီး ဒင်းတို့သားမိဆီမှာ ကျရှုံးခဲ့ရတာ နှစ်ခါရှိပြီ။အဲ့နှစ်ခါကလည်း ရှင့်ကြောင့် ပဲ။အဲ့တော့ အခုကိစ္စကို ကျွန်မ
တို့သားမိ ကျေနပ်လောက်တာမျိုး လုပ်ပေး။မဟုတ်ရင် ပြင်ဦးလွင် က အိမ်ကိုပြန်ရောက်တာနဲ့ ရှင့်ကို ကျွန်မ ကွာရှင်းရလိမ့်မယ် "

" မေမေ! "

" မမေနေမနဲ့။လာခဲ့... မေမေတို့ ကားပေါ်ကနေ
နင့်အဖေကို သွားစောင့်နေမယ်။ဒင်းရှိတဲ့နေရာ
နေရတာ အကုသိုလ်များတယ်။ လာ  သမီး "

ဆိုပြီး... မိထွေးဖြစ်သူ က အစ်မမိုးသားဖြူ ကို
အတင်းလက်ဆွဲပြီး ခေါ်ထုတ်သွားလေသည်။

ခပ်ညိုးညိုး မျက်နှာနှင့် ဖေဖေကတော့...
သက်ပြင်းတစ်ချက် ချပြီး၊စကားပြောဖို့ အားယူလေရဲ့။အဲ့နောက်မှာ အဘိုး ကို တခေတ်နှင့် ပတ်သက်ပြီး စကားပြောနေတဲ့ ဖေဖေ က တခေတ် ကို တစ်ချက်တောင် ကြည့်မလာခဲ့။

အကြည့်တွေရောက်မလာသလို...
အဆုံးတိုင်းထိ ဖေဖေ့၏ အချစ်စိတ်တို့သည်
အစ်မမိုးသားဖြူတို့ သားမိကိုသာ ပုံအပ်ခဲ့သည်။

" ရွှေတခေတ် ကို ကျွန်တော့်သမီးအဖြစ် မသတ်မှတ်လို့... အခုကိစ္စကို ဦးလေးတို့ အဆင်ပြေသလိုသာ ကြည့်လုပ်ပါ။ကျွန်တော်တို့လင်မယားကတော့... သမီးမိုးသားဖြူ ကို ခေါ်ပြီး ပြန်ပါတော့မယ်။ရွှေတခေတ်နဲ့ပတ်သက်တဲ့
ဘယ်လိုအကြောင်းကိစ္စတွေနဲ့မှ ကျွန်တော်တို့ဆီ ကို မဆက်သွယ်ဖို့ ဦးလေးဆီမှာ မေတ္တာရပ်ခံအပ်ပါတယ်။ကျွန်တော်တို့ကို ဒီလောက်နဲ့ပဲ သွားခွင့်ပြုပါဦး ခင်ဗျ "

ဆိုတဲ့ သမီးတစ်ယောက်အပေါ်   ဥပေက္ခာပြုလိုက်သည့် စကားတို့ကိုဆို၍ တခေတ်အား...
ရက်ရက်စက်စက် ကျောခိုင်းသွားခဲ့သည့် ဖေဖေ။

မျက်ရည်အတောင့်လိုက်ကျနေပြီး...
ဖေဖေ လို့ ခေါ်နေတဲ့ တခေတ်၏ ခေါ်သံကိုလည်း
ဖေဖေ က ဥပေက္ခာပြုသွားခဲ့သည်။

ဖေဖေက ဖေဖေ့သွေးပါသည့် တခေတ် ကို
သွေးအေးစွာ သူစိမ်းတို့လက်ထဲမှာ ထားရစ်ခဲ့လေသည်။

အိမ်ပေါက်ဝကနေ အပြင်ကို ထွက်သွားပြီဖြစ်တဲ့
ဖေဖေ့၏ နောက်ကျောပြင်ကို နောက်ဆုံးအနေနဲ့ ကြည့်ရင်း... တခေတ် နူတ်ခမ်းလေးမှာ နာကျည်းစိတ်ကြောင့် မဲ့ပြုံးလေး က ခိုတွဲသွားလေသည်။

ငယ်ငယ်လေးကတည်းက ဖေဖေ ဥပေက္ခာပြုထားတာကို အကြိမ်ကြိမ် ခံလာရတဲ့... တခေတ်သည်... ဒီတစ်ကြိမ်မှာတော့ ဖေဖေ့ဆီကနေ ဥပေက္ခာပြုခြင်းကို နောက်ဆုံးအနေနဲ့ ရရှိခဲ့သည်။

ထပ်ပြီးတော့ ဖေဖေ့ ကို တခေတ်တွေ့ခွင့်ရနိုင်တော့မည် မဟုတ်။အကြိမ်ကြိမ် ဝမ်းနည်းခဲ့ရပြီးလို့ ထင်ပါရဲ့။တခေတ် ဒီတစ်ခါတော့ ဝမ်းမနည်းတော့ဘဲ... နာပဲနာကျည်းမိလေသည်။

" မိဘတွေကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့။အဘိုး
က မြေးမလေး ကို အေးမြတဲ့ မေတ္တာတွေ ပေးပါ့မယ်။အဘိုး မြေးကလည်း စိတ်ဆိုးနေတုန်းမို့လို့ပါ။မြေးမလေး ကို မြေးကလည်း ချစ်လာပါလိမ့်မယ်။စိတ်ရော၊လူရော ပင်ပန်းရော့မယ်။အခန်းထဲမှာ သွားနားချေတော့။ညစာကို အနားယူပြီးမှ
စားပေါ့။အဘိုး က ဒေါ်တင် ကို ညစာအသင့်ပြင်ခိုင်းပေးထားမယ် ဟုတ်ပြီလား... "

အဘိုး က တခေတ် ပခုံးကို ဖွဖွလေး ပုတ်၍ ပြောပြီး... အိပ်ခန်းရှိရာဘက်ကို တုတ်ကောက်ဖြင့်
လျှောက်သွားလေသည်။

ဖေဖေတို့ ကားထွက်သွားသည့် အသံကြားသည်အထိ ဦးလေးကြီးကတော့ အိမ်ထဲကို ပြန်ဝင်မလာခဲ့ပါဘူး။

တခေတ်လည်း လူက ပစ်ကျပြီး မလဲရုံသာရှိတော့သည်မို့... အခန်းထဲ ဝင်ခွေနေလိုက်တော့သည်။

အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာပဲ...
ဆက်,ဆီကနေ ဖုန်းဝင်လာသည်။

" မေမေ့ကို တိုက်ခန်းဆီ သေချာပို့ပေးခဲ့ပြီ။သောက်ရမယ့် ဆေးတွေအပြင်၊ညစာအတွက်ပါ ဆိုင်ကနေ သေချာ ဝယ်ပေးခဲ့တာမို့... တခေတ် ကို ဒီညအတွက် စိတ်မပူဘဲနဲ့ ကောင်းကောင်း အနားယူ " ဆိုတာ ပြောဖို့ ဖုန်းဆက်လာတာပဲ
ဖြစ်သည်။

ဖုန်းပြောအပြီးမှာတော့...

ဆက်,ရှိနေလို့သာ တော်သေးတယ် လို့ တွေးပြီး။
ဆက်, ကို ကျေးဇူးများစွာတင်နေမိတယ်။

ဆက်,နဲ့သာမတွေ့ရင်၊မခင်မိခဲ့ရင်...
တခေတ် ဒီနေ့ကိစ္စတွေကြောင့် လူက ဟိုပြေးရ၊ဒီပြေးရနဲ့ ရူးနိုင်သည်။

ဆက်,ကြောင့် မေမေတို့အတွက် တော်တော်လေး စိတ်အေးသွားရပေမယ့်... မနက်ဖြန်ကျရင်ဖြင့်
ကိုယ်တိုင်ရှာထားမိတဲ့ ပြဿနာအတွက် ဦးလေးကြီးနှင့် ရင်ဆိုင်ရတော့မည်။

တခေတ် ကို တော်တော်လေး မုန်းတီးသွားပုံရတဲ့
ဦးလေးကြီး ကို ရင်ဆိုင်ဖို့ရာ... အားမရှိတာတော့
အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လွဲဖို့က မဖြစ်နိုင်တဲ့  ပြဿနာမို့... ရင်ဆိုင်ဖို့သာ ရှိတော့သည်။

မနက်ဖြန်မှာ ဦးလေးကြီး ကို ရင်ဆိုင်ရတဲ့အခါ
အားရှိနေဖို့... ဒီညကိုတော့ အိပ်ပျော်အောင် အိပ်ရမည်။မဟုတ်ရင် မျက်တွင်းဟောက်ပက်နဲ့ ဦးလေးကြီး က တစ်ချက်အော်လိုက်တာနဲ့ တခေတ်
အဝေးကို လွင့်ထွက်သွားနိုင်သည်။

#ကိုးအမရာမောင်

                 ရင္ခုန္ျခင္း၏ အဓိပၸါယ္
                                 or
                       ဦးရဲ႕.... ခ်ာတိတ္ 

                            အခန္း   (၉)
.

.

.

" အရွက္သိကၡာမဲ့လြန္းတဲ့ စကားေတြကို လူႀကီးေတြ ေရွ႕မေရွာင္ ေျပာထြက္ရေအာင္၊မင္း က မိန္းကေလးတစ္ေယာက္မွ ဟုတ္ေသးရဲ႕လား...။
မင္းေျပာတဲ့ စကားေတြက ဘယ္လိုအဆင့္ကို ရည္ၫႊန္းေနသလဲဆိုတာေရာ သိရဲ႕လား...။မင္းေျပာလိုက္တဲ့ စကားလုံးေတြက ငါ့သိကၡာေတြကို
ရစရာမရွိေအာင္ က်ဆင္းေစၿပီး၊ငါ့မ်က္ႏွာကို
လူႀကီးေတြေရွ႕ေတာင္ မျပရဲေအာင္လို႔ လုပ္လိုက္တာပဲ။မင္း က! "

သိပ္မုန္းစရာ ေကာင္းတာပဲ ေ႐ႊတေခတ္။

ဆိုတဲ့ စကားကို " ရက္ရက္စက္စက္ စကားေတြ
မေျပာလိုက္ပါနဲ႕ " လို႔ ေတာင္းဆိုေနတဲ့ ခ်ာတိတ္မ ေလးရဲ႕ မ်က္ဝန္းေတြေၾကာင့္ တိုက္,ႏူတ္ကေန
ဖြင့္ဟၿပီးေတာ့ မေျပာနိုင္ခဲ့...။

ဦးေလးႀကီး၏ စကားမ်ားေၾကာင့္ ရင္ဘက္ထဲက နာပါသည္။ဒီကိစၥမွာ တေခတ္ ဦးေလးႀကီးဆီကေန နာက်ည္းစြာ အမုန္းခံရမည္ဆိုရင္ေတာင္မွ
မိုးသားျဖဴတို႔သားမိႏွင့္ ေဖေဖ့ကို ေမေမႏွင့္ အငယ္ေလးေတြ အတြက္ အနိုင္ယူမည္။အဲ့စိတ္နဲ႕ပဲ တေခတ္သည္ ကိုယ့္ကို ၾကည့္ေနတဲ့ ဦးေလးႀကီး၏ စက္ဆုပ္႐ြံရွာေနတဲ့ မ်က္လုံးအၾကည့္ေတြကို တစ္ခ်က္ရွိုက္လိုက္တဲ့ ပင့္သက္ႏွင့္အတူ ဥေပကၡာျပဳပစ္လိုက္သည္။

အဲ့ေနာက္ တေခတ္ ရင္မဆိုင္ခ်င္တဲ့ ဦးေလးႀကီး၏ စိမ္းသက္ေသာ မ်က္ဝန္းေတြကို ရင္ဆိုင္လိုက္သည္။

" အမွန္တရားတိုင္းက ခါးသတ္ပါတယ္။တေခတ္
ေျပာေနတဲ့ စကားေတြက အမွန္တရားေတြ ျဖစ္ေနေတာ့... ဦးေလးႀကီးအတြက္ အဘိုးနဲ႕ တေခတ္မိဘေတြကို မ်က္ႏွာခ်င္းဆိုင္ရမွာ အခက္ေတြ႕နိုင္ပါတယ္။ဒါမယ့္ တေခတ္နဲ႕ ဦးေလးႀကီးရဲ႕ မွားယြင္းမူ႕က အစကေနျပန္စမရေအာင္ မွားခဲ့တဲ့
အမွားႀကီးပါ။အဲ့အမွားအတြက္ လူႀကီးတစ္ေယာက္လည္းျဖစ္၊တေခတ္ထက္ အသက္လည္းႀကီးၿပီး၊ေယာက္်ားသားတစ္ေယာက္ျဖစ္တဲ့ ဦးေလးႀကီးက ကိုယ့္အမွားအတြက္ အဆုံးထိ တာဝန္ယူေပးပါ။မဟုတ္ဘူး... တာဝန္ယူကို ယူေပးရပါမယ္။တေခတ္ ဦးေလးႀကီးေၾကာင့္ ရလာမယ့္ ကေလးကို ဖခင္မဲ့မျဖစ္ေစခ်င္ဘူး။ၿပီးေတာ့... ဖခက္ေမတၱာအျပည့္အဝရေစခ်င္တယ္။ဖခင္ရွိရဲ႕သားနဲ႕ ဖခင္ေမတၱာငတ္မြန္ေခါင္ပါးတဲ့ ကေလးေလးအျဖစ္ မႀကိီးျပင္းခိုင္းနိုင္ပါဘူး။ဘာလို႔ဆိုရင္ မေပးသိတဲ့ ဖခင္ေမတၱာကို ေခါင္းတေမာ့ေမာ့နဲ႕ တိတ္တိတ္ေလး ခိုးေမွ်ာ္လင့္ေနရတဲ့ ကေလးတစ္ေယာက္ ရင္ထဲက ခံစားခ်က္က
သိပ္မြန္းက်ပ္ရလို႔ပါပဲ။အဲ့ဒါေၾကာင့္ ကေလးေလးအတြက္ တေခတ္ ကို ဦးေလးႀကီး လက္ထပ္ရပါမယ္။ျဖစ္နိုင္ရင္ စာခ်ဳပ္၊စာတမ္းနဲ႕ ဒီေန႕တြင္း လက္ထပ္ခ်င္ပါတယ္။တေခတ္ ဘယ္လို ကတိစကားေတြကိုမွ အယုံအၾကည္ မရွိလို႔ပါ "

တေခတ္ စကားေျပာေနခ်ိန္ မ်က္လုံးအၾကည့္ေတြက ေဖေဖႏွင့္ ဦးေလးႀကီးဆီမွာသာ မေ႐ြ႕မရွား ရွိေနခဲ့သည္။

တေခတ္၏ စကားတခ်ိဳ႕က ဦးေလးႀကီးကို ေဒါသျဖစ္ေစၿပီး... တခ်ိဳ႕စကားေတြက ေဖေဖ့ကို
ရည္ၫႊန္းၿပီး ေျပာတာျဖစ္လို႔... ေဖေဖ့မ်က္ႏွာသည္ ညိုးက်သြားတာကို တေခတ္ ေတြ႕ရသည္။

အသက္အ႐ြယ္ေလးႏွင့္မွမလိုက္ မ်က္ေတာင္တစ္ခ်က္မခတ္ ကိုယ္ႏွင့္ လူႀကီးေတြအားလုံးကို
လိမ္ညာၿပီး ေျပာေနတဲ့ ခ်ာတိတ္မေလးကို တိုက္,
အေတာ္ႀကီးကို စိတ္ပ်က္သြားမိသည္။

ျဖစ္နိုင္ရင္ ခ်ာတိတ္မေလးနဲ႕ မ်က္ႏွာခ်င္းလည္းမဆိုင္ခ်င္ေတာ့သလို... စကားလည္း မေျပာခ်င္ေတာ့သည္။အရွင္းဆုံး ေျပာရရင္ ခ်ာတိတ္မေလးႏွင့္ လုံးဝကို မပတ္သက္ခ်င္ေတာ့တာ။

" ဦးေန.. တေခတ္နဲ႕ ဦးေန ညက ဘာမွမျဖစ္ဘူး
မလား။မိုးသား အခုထိ ဦးေန ကို လက္ထပ္လို႔ရေသးတယ္မလား...။အခုထိ ဦးေန က လူပ်ိဳႀကီး
ျဖစ္တုန္းပဲမလား။ဟင္... မိုးသား ကို ေျဖေပးပါအုံး ဦးေန "

အငယ္မေလးေၾကာင့္ ကိုယ့္ဂုဏ္သိကၡာက ရစရာ
မရွိေအာင္ က်ဆင္းသြားလို႔... စိတ္ကအႀကီးပ်က္ယြင္းေနပါတယ္ဆိုမွ... အႀကီးမကပါ တစ္စခန္းထလာတာမို႔... တိုက္,ေဒါသ က ေခါင္းေပၚမွာ အေငြ႕ထြက္ေနသလားထင္ရေအာင္ တရွိန္ရွိန္ျဖစ္ေနေတာ့သည္။

" မိုးသားျဖဴ နင္ကေလ က်ားကိုက္ပါတယ္ဆိုမွ အေပါက္နဲ႕လား လို႔ ေမးေနေသးတယ္ေနာ္။ေအးေလ... နင္က ငါ့ကိုပဲ အနိုင္ယူဖို႔ သိတာ။က်န္တဲ့ေနရာေတြမွာ အရမ္းတုံးအတာကို ငါက ေမ့သြားတာပဲ "

" ဘာ! ငါ့ကို တုံးအတယ္ ဟုတ္လား... "

" ဟုတ္တယ္။ ငါက ဒီေလာက္ ဦးေလးႀကီး ကို
ကေလးအတြက္ တာဝန္ယူေပးဖို႔... ေျပာေနတာေတာင္မွ... နင္က ဦးေလးႀကီး ကို အခုထိ လူပ်ိဳျဖစ္တုန္းပဲလား လို႔ ေမးေနတာက နင္ တုံးအတယ္ဆိုတာ၊လမ္းေဘးက ေခြးသြားေမးေတာင္
သိတယ္။ၿပီးေတာ့... နင္လိုခ်င္တဲ့ ဦးေလးႀကီးကလည္း လူပ်ိဳမဟုတ္ေတာ့သလို၊နင္မုန္းတဲ့ ငါကလည္း ဦးေလးႀကီးေၾကာင့္ အပ်ိဳမဟုတ္ေတာ့ဘူး။အခုကစၿပီး ဦးေလးႀကီးက ငါပိုင္တဲ့ လူျဖစ္သြားၿပီ။နင့္လို ခပ္ခပ္တုံးေလး သိဖို႔ ေျပာရမယ္ဆိုရင္ ဦးေလးႀကီး က ငါ့ခင္ပြန္းျဖစ္ေတာ့မယ့္ လူ။ငါ့ ဗိုက္ထဲက ကေလးေလးရဲ႕ အေဖပဲ။အဲ့ဒါေၾကာင့္ စနိုက္ေၾကာ္မ လို႔.. နင့္ကို ေျပာမွာ မခံခ်င္ရင္ အခုကတည္းက ေနာက္ဆုတ္လိုက္ေတာ့။ဦးေလးႀကီး က နင့္အတြက္ပဲ ျဖစ္ခဲ့တာ။ငါ့အတြက္ေတာ့ ဦးေလးႀကီး က သက္ဆိုင္သူျဖစ္သြားၿပီ။အဲ့ေတာ့ မသက္ဆိုင္တဲ့ လူကို မေမွ်ာ္လင့္နဲ႕။ငါ့အပိုင္လူကို လွည့္ေတာင္မၾကည့္နဲ႕။နင့္ကို ၾကည့္ခြင့္ေပးရမွ သနလို႔ပဲ "

အနိုင္ယူခ်င္စိတ္၊နာက်ည္းစိတ္၊မုန္းတီးစိတ္တို႔ေၾကာင့္ မေျပာသင့္မွန္းသိတဲ့ စကားေတြကို အတားဆီးမရွိ ေျပာခ်ပစ္မိသည္။စကားေျပာေနခ်ိန္မွာ ရွက္ရမယ္ဆိုတာလည္း တေခတ္ မသိေတာ့သည္။

တေခတ္ စကားေျပာေနခ်ိန္ ဦးေလးႀကီးရဲ႕ ေဒါသေၾကာင့္ နီရဲေနတဲ့ မ်က္ႏွာကို နည္းနည္းေလးေတာင္မွ မၾကည့္ရဲေခ်။

ဒီေန႕ ဒီေနရာမွာ ဦးေလးႀကီး ကို တေခတ္ အပိုင္ရယူနိုင္မွ ျဖစ္မည္။မဟုတ္ရင္ တေခတ္သည္ ေဖေဖႏွင့္ မိေထြးသားမိလက္ထဲမွာ အသက္ေပ်ာက္နိုင္သည္။

ဒါေၾကာင့္ ေျပာမိတဲ့ စကားေတြအတြက္ အရွက္ရမိေပမယ့္... အံကိုႀကိတ္ၿပီး စိတ္ကိုတင္းထားလိုက္သည္။

တေခတ္စကားေၾကာင့္ အစ္မမိုးသားျဖဴကေတာ့
အမ်က္ေဒါသက အေခ​်ာင္းေခ်ာင္းကို ထြက္ေလရဲ႕။

" ေ႐ႊတေခတ္ နင္! နင္! "

မိုးသာျဖဴမွာ အလြန္းအမင္ ထြက္ေနတဲ့ ေဒါသေၾကာင့္ေရာ... သေဘာက်ရပါေသာ ဦးေန အေရွ႕မွာ ရိုင္းပ်တဲ့ ပုံစံကို မျပခ်င္တာေၾကာင့္... ေဒါသ လက္သီးႏွစ္ဖက္ တင္းတင္းဆုပ္ၿပီး ၿမိဳသိပ္ေနရသည္။

" ကိုေငြမိုး ရွင့္ရဲ႕ ေသြးဆိုး၊ရွင့္ရဲ႕မယားငယ္သမီးက ေျပာေနတာေတြကို ၾကားရဲ႕လား။ကြၽန္မဆီက
ေန ရွင့္ကို မေအျဖစ္သူက လုယူတယ္။အခု ကြၽန္မသမီးဆီကေန အဲ့ေကာင္မ သမီးက လုယူတယ္။အရပ္တကာ ၾကားမေကာင္းတဲ့၊ ကိစၥျဖစ္လာေအာင္ ဖန္တီးခဲ့တဲ့ ရွင့္အမွားေၾကာင့္...
အခု ကြၽန္မရင္ဘက္ထဲ ေဒါသေရာ၊မုန္းတီးမူ႕ေရာက စာမဖြဲ႕နိုင္ေတာ့ဘူး ရွင့္။စာမဖြဲ႕နိုင္ေတာ့ဘူး။
အိမ္ေထာင္ဦးစီး ခင္ပြန္းေကာင္းႀကီး ရဲ႕... "

ေဒၚခင္ထားေမသည္ ေ႐ႊတေခတ္ အား ေျပာစရာစကားေတြ ေပ်ာက္ရွသြားရသည္အထိ ေဒါသထြက္ေနတာမို႔... ေဘးမွာရွိေနတဲ့ ခင္ပြန္းသည္ကိုသာ အျပစ္ဖို႔၍ ေျပာဆိုေနမိသည္။

တိုက္,၏ အဘိုးသည္လည္း ဘာကေန ဘယ္လို
ဝင္ေျပာရမွန္း မသိေတာ့သည္မို႔... ဘယ္ႏွစ္ႀကိမ္မွန္း မသိေသာ သက္ျပင္းတို႔ကိုသာ အခါခါခ်ေနမိေတာ့သည္။

မိန္းကေလးတန္မဲ့နဲ႕ ဘယ္မ်က္ႏွာကိုမေထာက္ ထားဘဲ ေျပာခ်လိဳက္တဲ့... ခ်ာတိတ္မေလး၏ စကားမ်ားေၾကာင့္ တိုက္,တစ္ကိုယ္လုံးထူပူ ရွိန္းပိန္ေနေတာ့သည္။

ဒါေတာင္ ဒီေနရာမွာ လူအနည္းစုေလးသာ ရွိတာမို႔ ေတာ္ေသးသည္။လူမ်ားျပားတဲ့ ေနရာမွာဆို
အရွက္ျဗန္းျဗန္းကြဲၿပီ။လူလည္း ဘယ္သူ႕မ်က္ႏွာကိုမွ ေမာ္ေတာင္ၾကည့္ရဲမည္ မဟုတ္။

အရွက္မတိုင္း ဘယ္မ်က္ႏွာကိုမွ မေထာက္ထားတဲ့ ခ်ာတိတ္မေလး ကို တိုက္,အေနနဲ႕လည္း ေထာက္ထား ငဲ့ညွာေပးမဟုတ္။အဲ့ေတာ့ သူမ၏
စကားအတိုင္း သူမကိုပဲ ျပန္ခ်ဳပ္ေႏွာင္ဖို႔ ဆုံးျဖတ္လိုက္သည္။

တိုက္, ပင့္သက္ကို ခပ္ျပင္းျပင္း ရွိုက္ပစ္လိုက္သည္။အခုထိ လူကို ေၾကာက္႐ြံ႕ဟန္မရွိ ေပေစာင္ေစာင္နဲ႕ ၾကည့္ေနဆဲ ခ်ာတိတ္မေလးကို ခပ္ထန္ထန္ အၾကည့္ေတြႏွင့္ ၾကည့္ပစ္လိုက္ၿပီး...

" မင္းနဲ႕ဖက္ၿပိဳင္ၿပီး၊ငါ့မွာ ေျပာစကားေတြ မရွိေတာ့ဘူး။အဲ့ဒီေတာ့ မင္း တာဝန္ယူခိုင္းေနတဲ့ အတိုင္း၊မင္း ဗိုက္ထဲက ငါ့အမွားေၾကာင့္ ျဖစ္တည္ေနတဲ့ ငါ့ကေလးကို တာဝန္ယူမယ္။အဲ့ဒါေၾကာင့္ မင္းလည္း ငါ့ကေလးကို အႏၲရာယ္ကင္းကင္းနဲ႕ က်န္းက်န္းမာမာျဖစ္ေအာင္ ေမြးေပးရမယ္ ေ႐ႊတေခတ္ "

" ဟင္! ဟင္! "

" ေဟ! "

" ဦးေန... "

" ..... "

ဦးေလးႀကီးစကားေၾကာင့္ ေဖေဖႏွမိေထြးေရာ
အဘြားဆီကပါ အာေမဋိတ္သံတို႔ ၿပိဳင္တူထြက္လာၾကသည္။အစ္မိုးသားျဖဴကေတာ့ ဦးေနဆိုၿပီး မ်က္လုံးအျပဴးသားျဖင့္ မယုံနိုင္ ျဖစ္ေနသည္။

တေခတ္မွာေတာ့ ဦးေလးႀကီးစကားေၾကာင့္...
ေခါင္းမီးေတာက္သြားခဲ့သည္။အေၾကာင္းကာ...
တေခတ္မွ ဦးေလးႀကီးႏွင့္ မမွားယြင္းခဲ့တာ။ကေလးက ဘယ္လိုလုပ္ၿပီး ရွိေနမွာလဲ။

ေဖေဖတို႔ေရွ႕မွာ မ်က္ႏွာမပ်က္ေအာင္ ဟန္လုပ္ေနရပါေသာလည္း... တေခတ္ရင္ထဲမွာ ကမာၻပ်က္ေနသလို ျဖစ္ေနတာကို သိပုံရတဲ့... ဦးေလးႀကီး က တေခတ္ကိုၾကည့္ကာ ခပ္မဲ့မဲ့ၿပဳံးသည္။

အဲ့ဒီေနာက္မွာပဲ ဦးေလးႀကီးသည္ တေခတ္ ကို
ရာဇသံႏွင့္တူေသာ စကားတို႔ကို ေျပာလာေလသည္။

" ငါ့ကေလး က မင္း ဗိုက္ထဲမွာ တစ္စုံတစ္ရာျဖစ္ခဲ့ရင္၊ငါ့ကေလးအသက္နဲ႕ ညီမွ်တဲ့ အရာကို မင္းဆီကေန ငါ ျပန္ယူမယ္။မင္း ေျပာတဲ့အတိုင္း လက္ထပ္စာခ်ဳပ္ ကို ဒီညအတြင္း ငါ့ဘက္ကေန စီစဥ္ေပးမယ္။မနက္ေစာေစာမွာ ငါတို႔ လက္မွတ္ထိုးတာေပါ့။အခုေတာ့... မင္း မိဘေတြနဲ႕ စကားေျပာလိုက္ပါအုံး "

ဆိုၿပီး ဦးေလးႀကီး က အမ်က္ထြက္ေနတဲ့ အၾကည့္ေတြႏွင့္ တေခတ္ ကို ၾကည့္ကာ... ဖုန္းတစ္လုံးႏွင့္ အိမ္ေရွ႕ၿခံထဲဘက္ကို ဆင္းသြားေလသည္။

အဲ့အခ်ိန္မွာပဲ ဦးေလးႀကီး၏ အဘိုး က စကားေျပာလာေလသည္။

" ကဲ... ေမာင္ေငြမိုးေရ...၊ကေလးေတြက မွားယြင္းခဲ့ၾကၿပီးၿပီဆိုေတာ့လည္း... ေရွ႕မ်က္ႏွာ၊ေနာက္ထားၿပီးေတာ့ပဲ ေျပာေတာ့မယ္ကြယ္။ေျမးမငယ္ေလးနဲ႕ ငါ့ေျမးကို လက္ထပ္ေပးလိုက္ၾကရေအာင္။မင္းတို႔ သေဘာကေရာကြယ္ "

" ကိုေငြမိုး ဒီကိစၥကို ရွင့္ဘက္က ျပတ္သားေအာင္
တစ္ခါတည္း ေျပာ။ကြၽန္မနဲ႕ ကြၽန္မသမီး ဒင္းတို႔သားမိဆီမွာ က်ရႈံးခဲ့ရတာ ႏွစ္ခါရွိၿပီ။အဲ့ႏွစ္ခါကလည္း ရွင့္ေၾကာင့္ ပဲ။အဲ့ေတာ့ အခုကိစၥကို ကြၽန္မ
တို႔သားမိ ေက်နပ္ေလာက္တာမ်ိဳး လုပ္ေပး။မဟုတ္ရင္ ျပင္ဦးလြင္ က အိမ္ကိုျပန္ေရာက္တာနဲ႕ ရွင့္ကို ကြၽန္မ ကြာရွင္းရလိမ့္မယ္ "

" ေမေမ! "

" မေမေနမနဲ႕။လာခဲ့... ေမေမတို႔ ကားေပၚကေန
နင့္အေဖကို သြားေစာင့္ေနမယ္။ဒင္းရွိတဲ့ေနရာ
ေနရတာ အကုသိုလ္မ်ားတယ္။ လာ  သမီး "

ဆိုၿပီး... မိေထြးျဖစ္သူ က အစ္မမိုးသားျဖဴ ကို
အတင္းလက္ဆြဲၿပီး ေခၚထုတ္သြားေလသည္။

ခပ္ညိုးညိုး မ်က္ႏွာႏွင့္ ေဖေဖကေတာ့...
သက္ျပင္းတစ္ခ်က္ ခ်ၿပီး၊စကားေျပာဖို႔ အားယူေလရဲ႕။အဲ့ေနာက္မွာ အဘိုး ကို တေခတ္ႏွင့္ ပတ္သက္ၿပီး စကားေျပာေနတဲ့ ေဖေဖ က တေခတ္ ကို တစ္ခ်က္ေတာင္ ၾကည့္မလာခဲ့။

အၾကည့္ေတြေရာက္မလာသလို...
အဆုံးတိုင္းထိ ေဖေဖ့၏ အခ်စ္စိတ္တို႔သည္
အစ္မမိုးသားျဖဴတို႔ သားမိကိုသာ ပုံအပ္ခဲ့သည္။

" ေ႐ႊတေခတ္ ကို ကြၽန္ေတာ့္သမီးအျဖစ္ မသတ္မွတ္လို႔... အခုကိစၥကို ဦးေလးတို႔ အဆင္ေျပသလိုသာ ၾကည့္လုပ္ပါ။ကြၽန္ေတာ္တို႔လင္မယားကေတာ့... သမီးမိုးသားျဖဴ ကို ေခၚၿပီး ျပန္ပါေတာ့မယ္။ေ႐ႊတေခတ္နဲ႕ပတ္သက္တဲ့
ဘယ္လိုအေၾကာင္းကိစၥေတြနဲ႕မွ ကြၽန္ေတာ္တို႔ဆီ ကို မဆက္သြယ္ဖို႔ ဦးေလးဆီမွာ ေမတၱာရပ္ခံအပ္ပါတယ္။ကြၽန္ေတာ္တို႔ကို ဒီေလာက္နဲ႕ပဲ သြားခြင့္ျပဳပါဦး ခင္ဗ် "

ဆိုတဲ့ သမီးတစ္ေယာက္အေပၚ   ဥေပကၡာျပဳလိုက္သည့္ စကားတို႔ကိုဆို၍ တေခတ္အား...
ရက္ရက္စက္စက္ ေက်ာခိုင္းသြားခဲ့သည့္ ေဖေဖ။

မ်က္ရည္အေတာင့္လိုက္က်ေနၿပီး...
ေဖေဖ လို႔ ေခၚေနတဲ့ တေခတ္၏ ေခၚသံကိုလည္း
ေဖေဖ က ဥေပကၡာျပဳသြားခဲ့သည္။

ေဖေဖက ေဖေဖ့ေသြးပါသည့္ တေခတ္ ကို
ေသြးေအးစြာ သူစိမ္းတို႔လက္ထဲမွာ ထားရစ္ခဲ့ေလသည္။

အိမ္ေပါက္ဝကေန အျပင္ကို ထြက္သြားၿပီျဖစ္တဲ့
ေဖေဖ့၏ ေနာက္ေက်ာျပင္ကို ေနာက္ဆုံးအေနနဲ႕ ၾကည့္ရင္း... တေခတ္ ႏူတ္ခမ္းေလးမွာ နာက်ည္းစိတ္ေၾကာင့္ မဲ့ၿပဳံးေလး က ခိုတြဲသြားေလသည္။

ငယ္ငယ္ေလးကတည္းက ေဖေဖ ဥေပကၡာျပဳထားတာကို အႀကိမ္ႀကိမ္ ခံလာရတဲ့... တေခတ္သည္... ဒီတစ္ႀကိမ္မွာေတာ့ ေဖေဖ့ဆီကေန ဥေပကၡာျပဳျခင္းကို ေနာက္ဆုံးအေနနဲ႕ ရရွိခဲ့သည္။

ထပ္ၿပီးေတာ့ ေဖေဖ့ ကို တေခတ္ေတြ႕ခြင့္ရနိုင္ေတာ့မည္ မဟုတ္။အႀကိမ္ႀကိမ္ ဝမ္းနည္းခဲ့ရၿပီးလို႔ ထင္ပါရဲ႕။တေခတ္ ဒီတစ္ခါေတာ့ ဝမ္းမနည္းေတာ့ဘဲ... နာပဲနာက်ည္းမိေလသည္။

" မိဘေတြေၾကာင့္ စိတ္မေကာင္းမျဖစ္ပါနဲ႕။အဘိုး
က ေျမးမေလး ကို ေအးျမတဲ့ ေမတၱာေတြ ေပးပါ့မယ္။အဘိုး ေျမးကလည္း စိတ္ဆိုးေနတုန္းမို႔လို႔ပါ။ေျမးမေလး ကို ေျမးကလည္း ခ်စ္လာပါလိမ့္မယ္။စိတ္ေရာ၊လူေရာ ပင္ပန္းေရာ့မယ္။အခန္းထဲမွာ သြားနားေခ်ေတာ့။ညစာကို အနားယူၿပီးမွ
စားေပါ့။အဘိုး က ေဒၚတင္ ကို ညစာအသင့္ျပင္ခိုင္းေပးထားမယ္ ဟုတ္ၿပီလား... "

အဘိုး က တေခတ္ ပခုံးကို ဖြဖြေလး ပုတ္၍ ေျပာၿပီး... အိပ္ခန္းရွိရာဘက္ကို တုတ္ေကာက္ျဖင့္
ေလွ်ာက္သြားေလသည္။

ေဖေဖတို႔ ကားထြက္သြားသည့္ အသံၾကားသည္အထိ ဦးေလးႀကီးကေတာ့ အိမ္ထဲကို ျပန္ဝင္မလာခဲ့ပါဘူး။

တေခတ္လည္း လူက ပစ္က်ၿပီး မလဲ႐ုံသာရွိေတာ့သည္မို႔... အခန္းထဲ ဝင္ေခြေနလိုက္ေတာ့သည္။

အခန္းထဲေရာက္ၿပီး သိပ္မၾကာခင္မွာပဲ...
ဆက္,ဆီကေန ဖုန္းဝင္လာသည္။

" ေမေမ့ကို တိုက္ခန္းဆီ ေသခ်ာပို႔ေပးခဲ့ၿပီ။ေသာက္ရမယ့္ ေဆးေတြအျပင္၊ညစာအတြက္ပါ ဆိုင္ကေန ေသခ်ာ ဝယ္ေပးခဲ့တာမို႔... တေခတ္ ကို ဒီညအတြက္ စိတ္မပူဘဲနဲ႕ ေကာင္းေကာင္း အနားယူ " ဆိုတာ ေျပာဖို႔ ဖုန္းဆက္လာတာပဲ
ျဖစ္သည္။

ဖုန္းေျပာအၿပီးမွာေတာ့...

ဆက္,ရွိေနလို႔သာ ေတာ္ေသးတယ္ လို႔ ေတြးၿပီး။
ဆက္, ကို ေက်းဇူးမ်ားစြာတင္ေနမိတယ္။

ဆက္,နဲ႕သာမေတြ႕ရင္၊မခင္မိခဲ့ရင္...
တေခတ္ ဒီေန႕ကိစၥေတြေၾကာင့္ လူက ဟိုေျပးရ၊ဒီေျပးရနဲ႕ ႐ူးနိုင္သည္။

ဆက္,ေၾကာင့္ ေမေမတို႔အတြက္ ေတာ္ေတာ္ေလး စိတ္ေအးသြားရေပမယ့္... မနက္ျဖန္က်ရင္ျဖင့္
ကိုယ္တိုင္ရွာထားမိတဲ့ ျပႆနာအတြက္ ဦးေလးႀကီးႏွင့္ ရင္ဆိုင္ရေတာ့မည္။

တေခတ္ ကို ေတာ္ေတာ္ေလး မုန္းတီးသြားပုံရတဲ့
ဦးေလးႀကီး ကို ရင္ဆိုင္ဖို႔ရာ... အားမရွိတာေတာ့
အမွန္ပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ ေရွာင္လြဲဖို႔က မျဖစ္နိုင္တဲ့  ျပႆနာမို႔... ရင္ဆိုင္ဖို႔သာ ရွိေတာ့သည္။

မနက္ျဖန္မွာ ဦးေလးႀကီး ကို ရင္ဆိုင္ရတဲ့အခါ
အားရွိေနဖို႔... ဒီညကိုေတာ့ အိပ္ေပ်ာ္ေအာင္ အိပ္ရမည္။မဟုတ္ရင္ မ်က္တြင္းေဟာက္ပက္နဲ႕ ဦးေလးႀကီး က တစ္ခ်က္ေအာ္လိုက္တာနဲ႕ တေခတ္
အေဝးကို လြင့္ထြက္သြားနိုင္သည္။

#ကိုးအမရာေမာင္

Continue Reading

You'll Also Like

1.5M 32.8K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
2M 104K 32
The entire story line and character names are just the imagination of the author.
615K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
558K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်