ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
185
186
187
188
189
190
191
192
193
194
195
196
197
198
199

184

2.2K 479 24
By Vanilla_IceCream61

ဒူးထောက်စမ်း
...................

ထိုအချိန်တွင် ကျန်းလျှိုမှာ ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးရန်အတွက် နံရံနှင့်ခေါင်းတိုက်ချင်နေသည်။ ယွီဝမ်ချီနှင့်စုမိသားစုဝင်ကို တိုင်ပေစားသောက်ဆိုင်၌ ဆုံရမည်ဟု သူကြိုသိထားပါက လင်းကျန်ကို လုံးဝလာခွင့်ပြုခဲ့မည်မဟုတ်ပေ။

လင်းကျန်က သူ့ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားဘာလို့ တအားသောကရောက်နေတာလဲ။"

ယခုမှသာ ထောင်ရိက ဤနေရာ၌ အခြေအနေ မူမမှန်ကြောင်း သတိထားမိသည်။ "ဘာဖြစ်နေကြတာလဲ။"

လင်းကျန်က ပြုံးသည်။ "ဘာမှမဟုတ်ပါဘူး။"

သို့သော် ထောင်ရိက တွေးတောနေပုံပေါ်သည်။ သူကလှေကားတက်ကိုတစ်ချက်ကြည့်ကာ ခေတ္တမျှအကြာတွင် ပြောသည်။ "စာအုပ်တန်းမှာ ခဏလောက်သွားလျှောက်ကြည့်ရအောင်။ အဲ့ဒီမှာ စာအုပ်နည်းနည်းဝယ်စရာရှိတယ်။ မင်းလည်း တော်ဝင်တက္ကသိုလ်မှာတက်တော့မှာပဲ။ မင်းအတွက်သင့်တော်တဲ့စာအုပ်တွေရှိမလားဆိုတာ သွားကြည့်ရအောင်။"

လင်းကျန်ကခေါင်းညှိတ်သည်။ "မဆိုးဘူး။"

လင်းကျန်က ကျန်းလျှို၏သောကရောက်နေပုံကိုကြည့်ကာ သူဤနေရာတွင် အနည်းငယ်ကြာကြာထပ်ထိုင်လျှင် ကျန်းလျှို၏စိုးရိမ်ပူပန်မှုများ အတိုင်းအတာကျော်သွားကာ ယွီဝမ်ထုန့်ထံ အစီအရင်သွားခံလိမ့်မည်ဟု သူယုံကြည်သည်။

သူတို့လေးယောက်က တိုင်ပေစားသောက်ဆိုင်ထဲမှ အတူထွက်လာကာ အရှေ့ပိုင်း၏ တတိယမြောက်လမ်းထဲတွင်ရှိသော စာအုပ်တန်းထံ ဦးတည်လာကြသည်။

ကျန်းလျှိုမှာ စာအုပ်တန်းသို့ရောက်မှသာ ပြန်ရောက်လျှင်အပြစ်ပေးခံရမည့်အန္တရာယ်ကင်းသွားသည်ဟု ခံစားရကာ တိတ်တဆိတ်သက်ပြင်းချမိသည်။

"သခင်လေး၊ ကျေးဇူးပြုပြီး နည်းနည်းနှေးပေးပါ။ ဒီလိုလူစည်တဲ့နေရာမျိုးမှာ ကျွန်တော်တို့နဲ့ အနီးကပ်နေရပါမယ်။" ကျန်းလျှိုနှင့်မတူဘဲ ဝမ်တရှန်ကမူ ခါးမတ်ထားမိသည်။ ဤစာအုပ်တန်းတွင် လူအတော်များသည်။ တစ်ချက်ကြည့်ကြည့်လျှင် သူတို့ကကျောင်းသားများဖြစ်ပုံပေါ်သော်လည်း လူစည်ခြင်းမှာ အန္တရာယ်ရှိခြင်းနှင့် ဆက်စပ်နေသည်။

ထောင်ရိက လင်းကျန်၏နောက်တွင်ကပ်ပါလာသော ဝမ်တရှန်နှင့်ကျန်းလျှိုတို့ကို တစ်ချက်လှည့်ကြည့်ကာ လင်းကျန်ကိုပြောသည်။ "မင်းရဲ့ ဒီကိုယ်ရံတော်နှစ်ယောက်က တော်တော်တာဝန်ကျေတာပဲ။"

လင်းကျန်က ပြန်ပြောလိုက်သည်။ "အစ်ကိုဝမ်က ကျွန်တော့်ရဲ့ကိုယ်ပိုင်အစောင့်ဟုတ်ပေမဲ့ အစောင့်ကျန်းကတော့မဟုတ်ဘူး။ သူက ကျွန်တော့်ကို ခဏကာကွယ်ရုံပဲ။"

ထောင်ရိက ထိုစကားကိုကြားသောအခါ အနားတိုးလာကာ လေသံဖြင့်မေးသည်။ "သူက စစ်သူကြီးရဲ့ကိုယ်ရံတော်များလား။"

လင်းကျန်က ခေါင်းညှိတ်ပြသည်။

ထောင်ရိက သူ့အားတည်ငြိမ်စွာပြန်ကြည့်သော ကျန်းလျှိုကို တစ်ချက်လှည့်ကြည့်ကာ ချက်ချင်းပြုံးပြလိုက်ရာ ကျန်းလျှိုဆွံ့အသွားရသည်။

စာအုပ်တန်းတွင် နေရာတိုင်း၌ စာအုပ်ဆိုင်များ၊ စာအုပ်စင်များ ရှိသည်။ မင်နှင့် စာအုပ်နံ့များရောနှောနေရာ ဤနေရာကို စာပေအသိုင်းအဝိုင်းဆန်စေသည်။

လင်းကျန်က စိတ်ကျေနပ်ကာ သက်ပြင်းချမိသည်။ သူ၏ယခင်ဘဝမှစ၍ယနေ့ထိတိုင် ညဘက်၌ တစ်ခါတစ်ရံစာဖတ်သည်မှလွဲ၍ အလေးအနက်စာမဖတ်ခဲ့ရသည်မှာ ကြာလေပြီ။ ထိုကိစ္စနှင့်ပက်သက်၍ တော်ဝင်တက္ကသိုလ်မှဆရာများ၏သင်ကြားပုံအား သူလိုက်မမှီမည်ကို အနည်းငယ်စိုးရိမ်မိသည်။

"တော်ဝင်တက္ကသိုလ်မှာ ဘာတွေသင်ကြတာများလဲ။" လင်းကျန်ကပြောသည်။ သူသာ၎င်းကိုသိထားလျှင် စာအုပ်အချို့ဝယ်ကာ ကြိုလေ့လာထားနိုင်သည်။

ထောင်ရိက ထိုအကြောင်းသိ၍ လင်းကျန်ကိုစာအုပ်အချို့ ညွှန်ပေးသည်။ လင်းကျန်က ထိုစာအုပ်အားလုံးကို ဝယ်လိုက်သည်။

၎င်းကမလုံလောက်ဟု သူထင်ကာ ပြန်ရောက်လျှင် သီးသန့်ဆရာတစ်ယောက်ငှားရန် ယွီဝမ်ထုန်နှင့်တိုင်ပင်မည်ဟု ဆုံးဖြတ်လိုက်သည်။

*****

တိုင်ပေစားသောက်ဆိုင်ထဲတွင်...

"ခဏလောက်လမ်းသွားလျှောက်ရအောင်၊ ဝမ်းကွဲ။" သီးသန့်ခန်း၏ပြတင်းပေါက်ဘေးတွင်ထိုင်နေသော စုယောင်ယောင်က ယွီဝမ်ချီကို သူမအား လိုက်ပို့ပေးရန် တိုက်တွန်းသည်။

ယွီဝမ်ချီက ပြန်ပြောသည်။ "ငါ့အမေက မင်းကို အိမ်မှာမျှော်နေတယ်။ ငါတို့လျှောက်လည်နေရင် အမေ့ကိုစောင့်ခိုင်းမိသလိုဖြစ်သွားလိမ့်မယ်။"

စုယောင်ယောင်က စိတ်ပျက်သွားပုံပေါ်သည်။ "ကောင်းပြီလေ။"

ယွီဝမ်ချီက သူမ၏စိတ်ပျက်သွားသောမျက်နှာကိုမြင်ကာ စိတ်မကောင်းဖြစ်သွားသည်။ "ဒါဆိုလည်း ခဏလောက်သွားရအောင်။ ပြီးရင် ပြန်ကြမယ်။"

"ကောင်းတယ်၊ ကျေးဇူးပဲနော်၊ ဝမ်းကွဲ။" စုယောင်ယောင်က ပျော်ရွှင်စွာပြောသည်။

ယွီဝမ်ချီ၏ စုယောင်ယောင်၏မျက်နှာလှလှလေး တောက်ပလာသည်ကိုတွေ့သောအခါ အကြည့်များအနည်းငယ်ပြောင်းလဲသွားသည်။

"ယောင်ယောင်၊ မင်းအမေက မင်းကိုငါတို့ရဲ့အိမ်မှာ ဘယ်လောက်ကြာကြာနေခွင့်ပြုလိုက်တာလဲ။"

စုယောင်ယောင်ကဖြေသည်။ "အမေက ညီမကို အဒေါ်နဲ့တတ်နိုင်သမျှကြာကြာနေဖို့ပဲ ပြောလိုက်တာ။ တခြားဘာမှမပြောလိုက်ဘူး။"

"အမေတော့ ဒါကိုကြားရင် ပျော်သွားမှာပဲ။ သူက မင်းကိုတွေ့ချင်တယ်ဆိုပြီး ခဏခဏပြောနေတာ။" ယွီဝမ်ချီကပြောသည်။ သူ့အမေက စုယောင်ယောင်အကြောင်းပြောစဉ်တွင် အခြားလူတစ်ယောက်အကြောင်းပါပြောသည်ကိုတွေးမိ၍ ယွီဝမ်ချီ အနည်းငယ်သုန်မှုန်သွားသည်။

စုယောင်ယောင်က ပျော်ရွှင်စွာ မှတ်ချက်ပေးသည်။ "အဒေါ်က ညီမအပေါ် အကြင်နာဆုံးဆိုတာ ညီမသိသားပဲ။"

"အစ်ကို ကရော။" ယွီဝမ်ချီက သူမကိုကြည့်သည်။

စုယောင်ယောင်က ချက်ချင်းပြန်ပြောသည်။ "အစ်ကိုကလည်း ညီမအပေါ် အကြင်နာဆုံးပါပဲ။"

"အစ်ကိုကြားချင်တာလည်း အဲ့ဒီအဖြေပဲ။" ယွီဝမ်ချီကပြောသည်။

ယွီဝမ်မိသားစုအကြောင်းပြောစဉ်တွင် စုယောင်ယောင်က တစ်ခုခုကိုတွေးမိကာ မျက်နှာရဲသွားသည်။ သူက ယွီဝမ်ချီကိုမေးချင်သော အရာရှိနေပုံပေါ်သော်လည်း လျှာဖျားမှစကားများကို ပြန်မျိုချလိုက်သည်။ "ဝမ်းကွဲ၊ ညီမ ကျင်းယွီဖန်းဆိ သွားကြည့်ချင်တယ်။"

"ကောင်းပြီ။ ငါမင်းနဲ့အတူ လိုက်ခဲ့မယ်။"

*****

ယခုအချိန်တွင် လင်းကျန်နှင့်ထောင်ရိတို့က စာအုပ်တန်းတွင် ဈေးဝယ်နေဆဲပင်။ ဝမ်တရှန်၏လက်ထဲတွင် စာအုပ်အထပ်လိုက် ရှိနေလေပြီ။

၎င်းကိုတွေ့လိုက်သည့်လင်းကျန်က မြန်မြန်ရပ်ကာ လှည့်ပြောလိုက်သည်။ "အစ်ကိုထောင် ဒီလောက်ဆို လုံလောက်ပြီထင်တယ်။ ကျွန်တော်တို့တွေထပ်ဝယ်ရင် အစ်ကိုဝမ်နဲ့ အစ်ကိုကျန်းတို့ ထပ်သယ်နိုင်တော့မှာမဟုတ်ဘူး။"

ထောင်ရိက ခေါင်းညှိတ်သည်။ "ကောင်းပြီလေ။ သွားရအောင်။ ဒီစာအုပ်တန်းရဲ့အပြင်ဘက်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိတယ်။ ငါတို့တွေအဲ့ဒီမှာ ခဏနားလို့ရတယ်။"

လင်းကျန်က ဤစာအုပ်တန်း၏အခြေအနေကို အကဲခတ်ကာ ထောင်ရိကိုမေးလိုက်သည်။ "ဒီနေရာက ဈေးဝယ်တွေနဲ့ နေ့တိုင်းပြည့်နေတာလား။"

"ဟုတ်တယ်။ ဒီမြို့ထဲမှာ စာအုပ်တန်းနည်းနည်းရှိတယ်။ ဒီအရှေ့ပိုင်း တတိယမြောက်လမ်းထဲက စာအုပ်တန်းက အကြီးဆုံးစာအုပ်တန်းနှစ်ခုထဲက တစ်ခုပဲ။ ပြီးတော့ ဒီနေရာက တော်ဝင်တက္ကသိုလ်နဲ့ သိပ်မဝေးတော့ လူတွေအများကြီးက ဒီမှာစာအုပ်လာဝယ်ကြတယ်။"

"တော်ဝင် တက္ကသိုလ်က..."

ထောင်ရိက ထပ်ခိုးများ၊ နှဖူးစည်းများအား ခပ်ရေးရေးတွေ့နိုင်သောနေရာသို့ ညွှန်ပြသည်။ "ဟိုမှာလေ။"

လင်းကျန်က ခန့်မှန်းခြေတည်နေရာကို အကဲဖြတ်ကာ စိတ်ထဲတွင်မှတ်ထားလိုက်သည်။

'နေ့တိုင်း ဒီနေရာကို လူတွေအများကြီးလာကြတယ်။ ဒီနားမှာ မြေတစ်ကွက်ဝယ်ပြီး ဆေးဆိုင်ဖွင့်ရင် ကောင်းမလား။ ဒါပေမဲ့ ဒီကိုလာတဲ့လူအများစုက ကျောင်းသားတွေပဲ။ သူတို့က စာအုပ်တွေကိုပဲ စိတ်ဝင်စားပြီး ဆေးဆိုင်ကိုအာရုံမစိုက်လောက်ဘူး။ ငါ ဒါကိုထပ်တွေးရမယ်။'

သူတွေးနေစဉ်တွင် သူတို့လေးယောက်က စာအုပ်တန်းမှထွက်လာကာ ထောင်ရိပြောသော လက်ဖက်ရည်ဆိုင်ရှိရာလမ်းထဲသို့ ဝင်လာသည်။ ဤလမ်းက စာအုပ်တန်းရှိသောလမ်းထက် အနည်းငယ်ပိုကျယ်သည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အပြင် ရတနာဆိုင်များကိုလည်း လင်းကျန်တွေ့ရသည်။ 'ကြည့်ရတာ ဒါက ရတနာကုန်သည်တွေနဲ့ ရှေးဟောင်ပစ္စည်းရောင်းဝယ်တဲ့လူတွေရဲ့နေရာ ဖြစ်မယ်။ဒါက ဆေးဆိုင်ဖွင့်သင့်တဲ့နေရာ မဟုတ်ဘူး။' လင်းကျန်ကတွေးသည်။

သူတို့လေးယောက်က လက်ဖက်ရည်ဆိုင်သို့သွားရန် လမ်းကူးတော့မည့်ဆဲဆဲတွင် မြင်းရထားလုံးတစ်စီးက ကွေ့လာသည်။

လင်းကျန်က မည်သို့မျှအာရုံမစိုက်မိပေ။ သူက ၎င်းကိုတစ်ချက်သာကြည့်ကာ ရပ်နေလိုက်သည်။

အလွန်တိုက်ဆိုင်လွန်းလှသည်။ သူတို့က စုမိသားစုမှ မြင်းရထားလုံးနှင့် ထပ်ဆုံရပြန်သည်။ သူမြင်တာသာ မှန်မည်ဆိုလျှင် ထိုရထားလုံးက တိုင်ပေစားသောက်ဆိုင်ရှေ့တွင် ရပ်ခဲ့သည့်ရထားလုံးဖြစ်သည်။ ၎င်း၏နောက်တွင် အစောင့်များ၊ လက်ပါးစေများလိုက်လာပြီး ကြွားဝါကာ အသုံးအဖြုန်းကြီးပုံပေါက်သည်။

"အာ။ ငါတို့တွေ သူတို့နဲ့ မရှောင်နိုင်တော့ဘူးလား။" ထောင်ရိက ရထားလုံးကို သတိထားမိသည်။

ကျန်းလျှိုက ရှိန်စရာရန်သူနှင့် ရင်ဆိုင်နေရပုံပေါ်သည်။ သူက ဤလားရာဘက်သို့ ဦးတည်လာသောရထားလုံးကို တွေ့သောအခါ ၎င်းကိုထွက်လာရာ လမ်းထဲသို့ ပြန်တွန်းပို့ကာ ဘယ်တော့မှထွက်မလာတော့စေရန် လုပ်ချင်မိသည်။

လက်ဖက်ရည်ဆိုင်သို့ သူတို့သွားတော့မည့်အချိန်တွင် ရထားလုံးကသူတို့၏လမ်းကြောင်းကို လာပိတ်သည်။ ကြည့်ရသည်မှာ ရထားလုံးထဲမှလိုက်ပါလာသူများ၏ ပန်းတိုင်က လမ်းတစ်ဖက်မှ ကျင်းယွီဖန်းဖြစ်၍ ရထားလုံးကလမ်းပိတ်ရပ်လိုက်ခြင်းပင်။

ယွီဝမ်ချီက ရထားလုံးပေါ်မှဆင်းလာသောအခါ လင်းကျန်ကိုတွေ့သွားသည်။ ထို့နောက် သူ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။ "မင်းပဲ။"

"အဲ့ဒါက ဘယ်သူလဲ။" စုယောင်ယောင်က ရထားလုံးထဲမှထွက်လာသည်။ သူမက ယွီဝမ်ချီ၏မျက်နှာထား မူမမှန်သည်ကိုတွေ့၍ လင်းကျန်နှင့်အခြားလူသုံးယောက်ကို ဇဝေဇဝါဖြင့် အကဲခတ်လိုက်သည်။

"အထက်က ကိုင်းပေါ်တက်ပြီး ဇာမဏီငှက်ဖြစ်ချင်နေတဲ့ ပျံလွှားငှက်လေ။" ယွီဝမ်ချီက ရွဲ့တဲ့တဲ့ပြောသည်။

လင်းကျန်က ၎င်းကိုကြားသောအခါ မျက်ဆန်လှန်ချင်မိသွားသည်။ 'ဒါက ဘယ်လိုတောင် အသုံးမကျတဲ့ တင်စားမှုကြီးလဲ။ ယွီဝမ်ထုန်က ဧကရာဇ်မှမဟုတ်တာ၊ ငါကသူ့ကိုလက်ထပ်ပြီး ဘယ်လိုလုပ် 'ဇာမဏီ' ဖြစ်နိုင်မှာလဲ။ ပြီးတော့ ငါကယောက်ျားလေးလေ။ ဒီ'ဇာမဏီ'ဆိုတဲ့စကားက ဘာမှမကိုက်ဘူး။' သူကတွေးသည်။

လင်းကျန်က သူ့ကိုစိတ်ကုန်စေသော ယွီဝမ်ချီကိုတွေ့လျှင် စကားပင်ပြန်မပြောချင်သဖြင့် ထောင်ရိကိုပြောလိုက်သည်။ "သူ့ကို လျစ်လျူရှုပြီး သွားရအောင်။"

"လင်းကျန်။" သို့ရာတွင် ယွီဝမ်ချီက လင်းကျန်၏ဂရုမစိုက်သောအကြည့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူကဒေါသထွက်သွားကာ အော်ပြောသည်။ "အခုတော့ မင်းက မျက်နှာတောင် မပြရဲတော့ဘူးလား။ မင်း မနေ့က ငါ့အိမ်မှာ ထောင်ထောင်ထောင်ထောင်လုပ်နေတုန်းကကျ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်ဆိုတာကို မတွေးထားဘူးလား။ အခုမှ ထွက်သွားချင်တယ်ပေါ့။"

အစောင့်များက ယွီဝမ်ချီ၏ဝေဖန်စကားများကိုကြား၍ ဝိုင်းလာကြသည်။

ထောင်ရိက လင်းကျန်၏ရှေ့တွင်ကွယ်ကာ ရွံရှာစွာပြောလိုက်သည်။ "ယွီဝမ်ချီ၊ မင်း ဘာတွေလုပ်နေတာလဲ။ ငါတို့ကို လမ်းမကြီးပေါ်မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မလို့လား။ မင်းမှာ အရှက်မရှိဘူးလား။"

ထောင်ရိက သူ့ကို အမြန်ကာကွယ်ပေးသည့်အတွက် လင်းကျန်အံ့ဩသွားသည်။ သူက ထောင်ရိ၏ပုခုံးကို ပုတ်လိုက်သည်။ "ဒါက ကျွန်တော်နဲ့ သူ့ကြားက ကိစ္စပါ။ အစ်ကို ဖယ်နေသင့်တယ်။ မဟုတ်ရင် အဲ့ဒီခွေးရူးကိုက်မဲ့စာရင်းထဲ အစ်ကို့နာမည်ပါသွားလိမ့်မယ်။"

ထောင်ရိက ယွီဝမ်ချီ့ထံတွင် မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ဟုထင်ကာ မဖယ်ပေးပေ။

"မင်း တခြားလူနောက်မှာ ပုန်းနေရုံနဲ့ ငါကမင်းကို မမြင်နိုင်ဘူးလို့ ထင်နေတာလား။ မင်းဘေးမှာ ငါ့ဝမ်းကွဲရှိနေတုန်းကဆို မင်းက ပမာမခန့် လုပ်တတ်တယ်မလား။ အခုကျ ကြောက်နေတယ်ပေါ့။ ငါမင်းကို ပြောလိုက်မယ်။ မင်း ထန်းယန်ကို ချက်ချင်း ပြန်သင့်တယ်။ မဟုတ်ရင် ငါမင်းရဲ့ ခြေထောက်တွေကိုချိုးပြီး တစ်သက်လုံးအိပ်ရာထဲမှာပဲနေရအောင် လုပ်ပစ်မယ်။" ယွီဝမ်ချီက အနားတိုးလာကာ လင်းကျန်ကို ရက်စက်စွာကြည့်သည်။

ယွီဝမ်ချီက ထန်းယန်တွင် အလှောင်ခံခဲ့ရသည့်အတွက် လင်းကျန်ကိုအာဃာတထားသည်။ ထို့အပြင် ယမန်နေ့ကလည်း ယွီဝမ်ထုန်က ကန်လိုက်သဖြင့် သူတောက်လျှောက်ဒေါသထွက်နေသည်။ ထို့ကြောင့် လင်းကျန်၏ဘေးတွင် ယွီဝမ်ထုန်မရှိတော့သည်ကို သူတွေ့သောအခါ ဒေါသမထိန်းနိုင်တော့ဘဲ လင်းကျန်ကိုသာရိုက်ချင်မိသည်။

လင်းကျန်က ထောင်ရိ၏လက်မောင်းကို အားဖြင့်လှမ်းဆွဲကာ စကားပြောခွင့်မပေးဘဲ ဘေးသို့ဖယ်လိုက်ပြီး ရှေ့တိုး၍ ယွီဝမ်ချီကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။ "လေကြီးမိုးကြီးတွေပြောလိုက်တာပဲ၊ ဒုသခင်လေးယွီဝမ်။ ငါ ထန်းယန်ကိုမပြန်ဘူး။ ဒီတော့ မင်းဘာလုပ်မလဲ။"

"ဒါဆို မင်းရပ်ပါလို့တောင်းပန်တဲ့အထိ ငါရိုက်ပစ်မယ်။" ယွီဝမ်ချီက မှုန်တေတေမျက်နှာထားဖြင့် ယုတ်မာစွာပြုံးသည်။

"ဒါဆိုလုပ်လိုက်လေ။ မင်းငါ့ကို ဒီနေ့ရိုက်ပြီးရင် မနက်ဖြန်ကျ မင်းအသက်ရှင်နိုင်ဦးမလားဆိုတာ ကြည့်တာပေါ့။" လင်းကျန်က မျက်နှာကြောတင်းတင်းဖြင့် ပြောသည်။

"ရယ်စရာကောင်းလိုက်တာ။ မင်းအသက်က ပုရွက်ဆိတ်လောက်တောင် တန်ဖိုးမရှိဘူး။ မင်းကို သေအောင်ရိုက်ပြီးရင် ငါ့အသက်နဲ့ပြန်ပေးဆပ်ရမယ်လို့ ထင်နေတာလား။ အိပ်မက် ဆက်မက်မနေနဲ့။" ယွီဝမ်ချီကပြန်ပြောသည်။ သူလက်ယမ်းပြလိုက်သောအခါ ဝိုင်းနေသောအစောင့်များက အနားသို့ပိုတိုးလာသည်။

ဝမ်တရှန်က ချက်ချင်းရှေ့ထွက်လာကာ ဟောက်လိုက်သည်။ "အတင့်ရဲလိုက်တာ။ ငါ့သခင်လေးရဲ့ ဆံပင်တစ်မွေးကိုထိတာနဲ့ စစ်သူကြီးကမင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။"

"စစ်သူကြီးလား။ ငါမင်းကို ဒုက္ခိတဖြစ်အောင်လုပ်လိုက်ရင် ယွီဝမ်ထုန်က မင်းကိုစိတ်ဝင်စားဦးမယ်မထင်ဘူး။ ငါ့လူတွေ၊ သူ့ကိုသင်ခန်းစာပေးလိုက်။" ယွီဝမ်ချီက အမိန့်ပေးလိုက်သည်။

"ရပ်စမ်း။" ကျန်းလျှိုက မာမာထန်ထန်အော်လိုက်ပြီး ဘေးပတ်လည်မှအစောင့်များကို အတွင်းအားဖြင့်ဖိနှိပ်ကာ အနားမကပ်လာရန် တားထားသည်။

"သခင်လေးချီအနေနဲ့ သခင်လေးလင်းကို ပြဿနာရှာတဲ့အထိ အမြင်မကျဉ်းဖို့ ကျွန်တော်အကြံပေးချင်တယ်။ မဟုတ်ရင် စစ်သူကြီးက သခင်လေးကို ယွီဝမ်မိသားစုဝင်ဖြစ်တာတောင် ပြန်ပေးဆပ်ခိုင်းပါလိမ့်မယ်။"

"ငါ့ကိုခြိမ်းခြောက်ရဲရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။" ယွီဝမ်ချီက ဒေါသခြောင်းခြောင်းထွက်နေသည်။

"မင်းက အကျိုးအကြောင်းကို လုံးဝမဆင်ခြင်နိုင်ဘူးပဲ။ ညီလေးကျန်းက စစ်သူကြီးယွီဝမ်ရဲ့ သတိုးသားလောင်းဖြစ်ပြီး သူ့အဖိုးကလည်း မင်းတို့အဖိုးကို အသက်တစ်ခါကယ်ပေးခဲ့ပေမဲ့ ဒါ မင်းတို့ယွီဝမ်မိသားစုက သူ့ကို ဆက်ဆံရမဲ့ပုံစံလား။ အခုတော့ မင်းတို့ရဲ့တကယ့်စိတ်ရင်းကို ငါသိလိုက်ရပြီ။ မင်းက စစ်သူကြီးယွီဝမ်အတွက်လုံးဝအရှက်ရစရာပဲ။ မင်းက စစ်သူကြီးယွီဝမ်ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ။ စစ်သူကြီးယွီဝမ်ဆိုတာ ကြီးမြတ်သောယွဲ့တိုင်းပြည်မှာ လက်နက်ကိုင်တပ်တွေကို အမိန့်ပေးနိုင်ပြီး စစ်နတ်ဘုရားဝင်စားတဲ့ မဟာစစ်သူကြီးကွ။ ဘယ်လိုလုပ် သူ့မိသားစုထဲမှာ မင်းလိုလူမျိုးရှိနေရတာလဲ။ ဒါက မယုံနိုင်လောက်အောင် စိတ်ပျက်စရာကောင်းတယ်။ မင်းတို့တွေက စစ်သူကြီးယွီဝမ်ရဲ့မိသားစုဝင်ဖြစ်ဖို့ မတန်ဘူး။" ထောင်ရိက ယွီဝမ်ချီ၏လုပ်ရပ်ကြောင့် ဒေါသထွက်ကာ ယွီဝမ်ချီကို သွေးကြွေးရှိသည့်ရန်သူကဲ့သို့ စိုက်ကြည့်နေသည်။ သူက ဤအကျင့်ပျက်သူကို စစ်သူကြီးယွီဝမ်အတွက် ရှင်းပစ်ချင်မိသည်။

"မင်း ဘာပြောတယ်။" ယွီဝမ်ချီက ဒေါသထွက်ကာ တစ်လုံးချင်းဖိပြောပြီး လူသတ်ချင်လာပုံပေါ်သည်။ " မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ မင်းမှာပြောဖို့အဆင့်မရှိဘူး။ အစောင့်တွေ၊ ဒီစကားများတဲ့ယင်ကောင်ကို ရိုက်သတ်လိုက်။"

"အစောင့်ကျန်း၊ ယွီဝမ်ချီကိုချုပ်ပြီး ကျွန်တော့်ဆီခေါ်လာခဲ့ပါ။" လင်းကျန်က လက်သီးဆုပ်ကာ တင်းမာစွာပြောလိုက်သည်။

ကျန်းလျိုက ခေါင်းညှိတ်သည်။ သူမည်သို့လုပ်လိုက်သည်ကို အခြားလူများမမြင်လိုက်ရပေ။ သူတို့တုန့်ပြန်မည့်အချိန်တွင် ကျန်းလျှိုက ယွီဝမ်ချီကို လင်းကျန်၏ရှေ့သို့ခေါ်လာပြီးပြီပင်။

ယွီဝမ်ချီက ကြက်သေသေသွားသည်။ " သောက်သုံးမကျတဲ့ အခိုင်းအစေကောင်။ ငါ့ကိုလွှတ်စမ်း။ မင်းဘာလုပ်နေတာလဲ။"

"ဒူးထောင်စမ်း။"

လင်းကျန်က အေးစက်စက်လျှောက်လာကာ ယွီဝမ်ချီ၏ဒူးကွေးကို အားပါပါကန်လိုက်သည်။ ထို့ကြောင့် ယွီဝမ်ချီ၏ဒူးခေါင်းခွေသွားပြီး ဒူးထောက်ကျသွားသည်။

တစ်လမ်းလုံး ချက်ချင်းတိတ်ကျသွား၏။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဒူးေထာက္စမ္း
...................

ထိုအခ်ိန္တြင္ က်န္းလွ်ိုမွာ ကိုယ့္ကိုယ္ကိုယ္အျပစ္ေပးရန္အတြက္ နံရံႏွင့္ေခါင္းတိုက္ခ်င္ေနသည္။ ယြီဝမ္ခ်ီႏွင့္စုမိသားစုဝင္ကို တိုင္ေပစားေသာက္ဆိုင္၌ ဆုံရမည္ဟု သူႀကိဳသိထားပါက လင္းက်န္ကို လုံးဝလာခြင့္ျပဳခဲ့မည္မဟုတ္ေပ။

လင္းက်န္က သူ႕ကိုတစ္ခ်က္ၾကည့္ကာ ေမးလိုက္သည္။ "ခင္ဗ်ားဘာလို႔ တအားေသာကေရာက္ေနတာလဲ။"

ယခုမွသာ ေထာင္ရိက ဤေနရာ၌ အေျခအေန မူမမွန္ေၾကာင္း သတိထားမိသည္။ "ဘာျဖစ္ေနၾကတာလဲ။"

လင္းက်န္က ၿပဳံးသည္။ "ဘာမွမဟုတ္ပါဘူး။"

သို႔ေသာ္ ေထာင္ရိက ေတြးေတာေနပုံေပၚသည္။ သူကေလွကားတက္ကိုတစ္ခ်က္ၾကည့္ကာ ေခတၱမွ်အၾကာတြင္ ေျပာသည္။ "စာအုပ္တန္းမွာ ခဏေလာက္သြားေလွ်ာက္ၾကည့္ရေအာင္။ အဲ့ဒီမွာ စာအုပ္နည္းနည္းဝယ္စရာရွိတယ္။ မင္းလည္း ေတာ္ဝင္တကၠသိုလ္မွာတက္ေတာ့မွာပဲ။ မင္းအတြက္သင့္ေတာ္တဲ့စာအုပ္ေတြရွိမလားဆိုတာ သြားၾကည့္ရေအာင္။"

လင္းက်န္ကေခါင္းညွိတ္သည္။ "မဆိုးဘူး။"

လင္းက်န္က က်န္းလွ်ို၏ေသာကေရာက္ေနပုံကိုၾကည့္ကာ သူဤေနရာတြင္ အနည္းငယ္ၾကာၾကာထပ္ထိုင္လွ်င္ က်န္းလွ်ို၏စိုးရိမ္ပူပန္မႈမ်ား အတိုင္းအတာေက်ာ္သြားကာ ယြီဝမ္ထုန့္ထံ အစီအရင္သြားခံလိမ့္မည္ဟု သူယုံၾကည္သည္။

သူတို႔ေလးေယာက္က တိုင္ေပစားေသာက္ဆိုင္ထဲမွ အတူထြက္လာကာ အေရွ႕ပိုင္း၏ တတိယေျမာက္လမ္းထဲတြင္ရွိေသာ စာအုပ္တန္းထံ ဦးတည္လာၾကသည္။

က်န္းလွ်ိုမွာ စာအုပ္တန္းသို႔ေရာက္မွသာ ျပန္ေရာက္လွ်င္အျပစ္ေပးခံရမည့္အႏၱရာယ္ကင္းသြားသည္ဟု ခံစားရကာ တိတ္တဆိတ္သက္ျပင္းခ်မိသည္။

"သခင္ေလး၊ ေက်းဇူးျပဳၿပီး နည္းနည္းႏွေးေပးပါ။ ဒီလိုလူစည္တဲ့ေနရာမ်ိဳးမွာ ကြၽန္ေတာ္တို႔နဲ႕ အနီးကပ္ေနရပါမယ္။" က်န္းလွ်ိုႏွင့္မတူဘဲ ဝမ္တရွန္ကမူ ခါးမတ္ထားမိသည္။ ဤစာအုပ္တန္းတြင္ လူအေတာ္မ်ားသည္။ တစ္ခ်က္ၾကည့္ၾကည့္လွ်င္ သူတို႔ကေက်ာင္းသားမ်ားျဖစ္ပုံေပၚေသာ္လည္း လူစည္ျခင္းမွာ အႏၱရာယ္ရွိျခင္းႏွင့္ ဆက္စပ္ေနသည္။

ေထာင္ရိက လင္းက်န္၏ေနာက္တြင္ကပ္ပါလာေသာ ဝမ္တရွန္ႏွင့္က်န္းလွ်ိုတို႔ကို တစ္ခ်က္လွည့္ၾကည့္ကာ လင္းက်န္ကိုေျပာသည္။ "မင္းရဲ႕ ဒီကိုယ္ရံေတာ္ႏွစ္ေယာက္က ေတာ္ေတာ္တာဝန္ေက်တာပဲ။"

လင္းက်န္က ျပန္ေျပာလိုက္သည္။ "အစ္ကိုဝမ္က ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္အေစာင့္ဟုတ္ေပမဲ့ အေစာင့္က်န္းကေတာ့မဟုတ္ဘူး။ သူက ကြၽန္ေတာ့္ကို ခဏကာကြယ္႐ုံပဲ။"

ေထာင္ရိက ထိုစကားကိုၾကားေသာအခါ အနားတိုးလာကာ ေလသံျဖင့္ေမးသည္။ "သူက စစ္သူႀကီးရဲ႕ကိုယ္ရံေတာ္မ်ားလား။"

လင္းက်န္က ေခါင္းညွိတ္ျပသည္။

ေထာင္ရိက သူ႕အားတည္ၿငိမ္စြာျပန္ၾကည့္ေသာ က်န္းလွ်ိုကို တစ္ခ်က္လွည့္ၾကည့္ကာ ခ်က္ခ်င္းၿပဳံးျပလိုက္ရာ က်န္းလွ်ိုဆြံ႕အသြားရသည္။

စာအုပ္တန္းတြင္ ေနရာတိုင္း၌ စာအုပ္ဆိုင္မ်ား၊ စာအုပ္စင္မ်ား ရွိသည္။ မင္ႏွင့္ စာအုပ္နံ႕မ်ားေရာႏွောေနရာ ဤေနရာကို စာေပအသိုင္းအဝိုင္းဆန္ေစသည္။

လင္းက်န္က စိတ္ေက်နပ္ကာ သက္ျပင္းခ်မိသည္။ သူ၏ယခင္ဘဝမွစ၍ယေန႕ထိတိုင္ ညဘက္၌ တစ္ခါတစ္ရံစာဖတ္သည္မွလြဲ၍ အေလးအနက္စာမဖတ္ခဲ့ရသည္မွာ ၾကာေလၿပီ။ ထိုကိစၥႏွင့္ပက္သက္၍ ေတာ္ဝင္တကၠသိုလ္မွဆရာမ်ား၏သင္ၾကားပုံအား သူလိုက္မမွီမည္ကို အနည္းငယ္စိုးရိမ္မိသည္။

"ေတာ္ဝင္တကၠသိုလ္မွာ ဘာေတြသင္ၾကတာမ်ားလဲ။" လင္းက်န္ကေျပာသည္။ သူသာ၎ကိုသိထားလွ်င္ စာအုပ္အခ်ိဳ႕ဝယ္ကာ ႀကိဳေလ့လာထားနိုင္သည္။

ေထာင္ရိက ထိုအေၾကာင္းသိ၍ လင္းက်န္ကိုစာအုပ္အခ်ိဳ႕ ၫႊန္ေပးသည္။ လင္းက်န္က ထိုစာအုပ္အားလုံးကို ဝယ္လိုက္သည္။

၎ကမလုံေလာက္ဟု သူထင္ကာ ျပန္ေရာက္လွ်င္ သီးသန့္ဆရာတစ္ေယာက္ငွားရန္ ယြီဝမ္ထုန္ႏွင့္တိုင္ပင္မည္ဟု ဆုံးျဖတ္လိုက္သည္။

*****

တိုင္ေပစားေသာက္ဆိုင္ထဲတြင္...

"ခဏေလာက္လမ္းသြားေလွ်ာက္ရေအာင္၊ ဝမ္းကြဲ။" သီးသန့္ခန္း၏ျပတင္းေပါက္ေဘးတြင္ထိုင္ေနေသာ စုေယာင္ေယာင္က ယြီဝမ္ခ်ီကို သူမအား လိုက္ပို႔ေပးရန္ တိုက္တြန္းသည္။

ယြီဝမ္ခ်ီက ျပန္ေျပာသည္။ "ငါ့အေမက မင္းကို အိမ္မွာေမွ်ာ္ေနတယ္။ ငါတို႔ေလွ်ာက္လည္ေနရင္ အေမ့ကိုေစာင့္ခိုင္းမိသလိုျဖစ္သြားလိမ့္မယ္။"

စုေယာင္ေယာင္က စိတ္ပ်က္သြားပုံေပၚသည္။ "ေကာင္းၿပီေလ။"

ယြီဝမ္ခ်ီက သူမ၏စိတ္ပ်က္သြားေသာမ်က္ႏွာကိုျမင္ကာ စိတ္မေကာင္းျဖစ္သြားသည္။ "ဒါဆိုလည္း ခဏေလာက္သြားရေအာင္။ ၿပီးရင္ ျပန္ၾကမယ္။"

"ေကာင္းတယ္၊ ေက်းဇူးပဲေနာ္၊ ဝမ္းကြဲ။" စုေယာင္ေယာင္က ေပ်ာ္႐ႊင္စြာေျပာသည္။

ယြီဝမ္ခ်ီ၏ စုေယာင္ေယာင္၏မ်က္ႏွာလွလွေလး ေတာက္ပလာသည္ကိုေတြ႕ေသာအခါ အၾကည့္မ်ားအနည္းငယ္ေျပာင္းလဲသြားသည္။

"ေယာင္ေယာင္၊ မင္းအေမက မင္းကိုငါတို႔ရဲ႕အိမ္မွာ ဘယ္ေလာက္ၾကာၾကာေနခြင့္ျပဳလိုက္တာလဲ။"

စုေယာင္ေယာင္ကေျဖသည္။ "အေမက ညီမကို အေဒၚနဲ႕တတ္နိုင္သမွ်ၾကာၾကာေနဖို႔ပဲ ေျပာလိုက္တာ။ တျခားဘာမွမေျပာလိုက္ဘူး။"

"အေမေတာ့ ဒါကိုၾကားရင္ ေပ်ာ္သြားမွာပဲ။ သူက မင္းကိုေတြ႕ခ်င္တယ္ဆိုၿပီး ခဏခဏေျပာေနတာ။" ယြီဝမ္ခ်ီကေျပာသည္။ သူ႕အေမက စုေယာင္ေယာင္အေၾကာင္းေျပာစဥ္တြင္ အျခားလူတစ္ေယာက္အေၾကာင္းပါေျပာသည္ကိုေတြးမိ၍ ယြီဝမ္ခ်ီ အနည္းငယ္သုန္မႈန္သြားသည္။

စုေယာင္ေယာင္က ေပ်ာ္႐ႊင္စြာ မွတ္ခ်က္ေပးသည္။ "အေဒၚက ညီမအေပၚ အၾကင္နာဆုံးဆိုတာ ညီမသိသားပဲ။"

"အစ္ကို ကေရာ။" ယြီဝမ္ခ်ီက သူမကိုၾကည့္သည္။

စုေယာင္ေယာင္က ခ်က္ခ်င္းျပန္ေျပာသည္။ "အစ္ကိုကလည္း ညီမအေပၚ အၾကင္နာဆုံးပါပဲ။"

"အစ္ကိုၾကားခ်င္တာလည္း အဲ့ဒီအေျဖပဲ။" ယြီဝမ္ခ်ီကေျပာသည္။

ယြီဝမ္မိသားစုအေၾကာင္းေျပာစဥ္တြင္ စုေယာင္ေယာင္က တစ္ခုခုကိုေတြးမိကာ မ်က္ႏွာရဲသြားသည္။ သူက ယြီဝမ္ခ်ီကိုေမးခ်င္ေသာ အရာရွိေနပုံေပၚေသာ္လည္း လွ်ာဖ်ားမွစကားမ်ားကို ျပန္မ်ိဳခ်လိဳက္သည္။ "ဝမ္းကြဲ၊ ညီမ က်င္းယြီဖန္းဆိ သြားၾကည့္ခ်င္တယ္။"

"ေကာင္းၿပီ။ ငါမင္းနဲ႕အတူ လိုက္ခဲ့မယ္။"

*****

ယခုအခ်ိန္တြင္ လင္းက်န္ႏွင့္ေထာင္ရိတို႔က စာအုပ္တန္းတြင္ ေဈးဝယ္ေနဆဲပင္။ ဝမ္တရွန္၏လက္ထဲတြင္ စာအုပ္အထပ္လိုက္ ရွိေနေလၿပီ။

၎ကိုေတြ႕လိုက္သည့္လင္းက်န္က ျမန္ျမန္ရပ္ကာ လွည့္ေျပာလိုက္သည္။ "အစ္ကိုေထာင္ ဒီေလာက္ဆို လုံေလာက္ၿပီထင္တယ္။ ကြၽန္ေတာ္တို႔ေတြထပ္ဝယ္ရင္ အစ္ကိုဝမ္နဲ႕ အစ္ကိုက်န္းတို႔ ထပ္သယ္နိုင္ေတာ့မွာမဟုတ္ဘူး။"

ေထာင္ရိက ေခါင္းညွိတ္သည္။ "ေကာင္းၿပီေလ။ သြားရေအာင္။ ဒီစာအုပ္တန္းရဲ႕အျပင္ဘက္မွာ လက္ဖက္ရည္ဆိုင္တစ္ဆိုင္ရွိတယ္။ ငါတို႔ေတြအဲ့ဒီမွာ ခဏနားလို႔ရတယ္။"

လင္းက်န္က ဤစာအုပ္တန္း၏အေျခအေနကို အကဲခတ္ကာ ေထာင္ရိကိုေမးလိုက္သည္။ "ဒီေနရာက ေဈးဝယ္ေတြနဲ႕ ေန႕တိုင္းျပည့္ေနတာလား။"

"ဟုတ္တယ္။ ဒီၿမိဳ႕ထဲမွာ စာအုပ္တန္းနည္းနည္းရွိတယ္။ ဒီအေရွ႕ပိုင္း တတိယေျမာက္လမ္းထဲက စာအုပ္တန္းက အႀကီးဆုံးစာအုပ္တန္းႏွစ္ခုထဲက တစ္ခုပဲ။ ၿပီးေတာ့ ဒီေနရာက ေတာ္ဝင္တကၠသိုလ္နဲ႕ သိပ္မေဝးေတာ့ လူေတြအမ်ားႀကီးက ဒီမွာစာအုပ္လာဝယ္ၾကတယ္။"

"ေတာ္ဝင္ တကၠသိုလ္က..."

ေထာင္ရိက ထပ္ခိုးမ်ား၊ ႏွဖူးစည္းမ်ားအား ခပ္ေရးေရးေတြ႕နိုင္ေသာေနရာသို႔ ၫႊန္ျပသည္။ "ဟိုမွာေလ။"

လင္းက်န္က ခန့္မွန္းေျခတည္ေနရာကို အကဲျဖတ္ကာ စိတ္ထဲတြင္မွတ္ထားလိုက္သည္။

'ေန႕တိုင္း ဒီေနရာကို လူေတြအမ်ားႀကီးလာၾကတယ္။ ဒီနားမွာ ေျမတစ္ကြက္ဝယ္ၿပီး ေဆးဆိုင္ဖြင့္ရင္ ေကာင္းမလား။ ဒါေပမဲ့ ဒီကိုလာတဲ့လူအမ်ားစုက ေက်ာင္းသားေတြပဲ။ သူတို႔က စာအုပ္ေတြကိုပဲ စိတ္ဝင္စားၿပီး ေဆးဆိုင္ကိုအာ႐ုံမစိုက္ေလာက္ဘူး။ ငါ ဒါကိုထပ္ေတြးရမယ္။'

သူေတြးေနစဥ္တြင္ သူတို႔ေလးေယာက္က စာအုပ္တန္းမွထြက္လာကာ ေထာင္ရိေျပာေသာ လက္ဖက္ရည္ဆိုင္ရွိရာလမ္းထဲသို႔ ဝင္လာသည္။ ဤလမ္းက စာအုပ္တန္းရွိေသာလမ္းထက္ အနည္းငယ္ပိုက်ယ္သည္။ လက္ဖက္ရည္ဆိုင္တစ္ဆိုင္အျပင္ ရတနာဆိုင္မ်ားကိုလည္း လင္းက်န္ေတြ႕ရသည္။ 'ၾကည့္ရတာ ဒါက ရတနာကုန္သည္ေတြနဲ႕ ေရွးေဟာင္ပစၥည္းေရာင္းဝယ္တဲ့လူေတြရဲ႕ေနရာ ျဖစ္မယ္။ဒါက ေဆးဆိုင္ဖြင့္သင့္တဲ့ေနရာ မဟုတ္ဘူး။' လင္းက်န္ကေတြးသည္။

သူတို႔ေလးေယာက္က လက္ဖက္ရည္ဆိုင္သို႔သြားရန္ လမ္းကူးေတာ့မည့္ဆဲဆဲတြင္ ျမင္းရထားလုံးတစ္စီးက ေကြ႕လာသည္။

လင္းက်န္က မည္သို႔မွ်အာ႐ုံမစိုက္မိေပ။ သူက ၎ကိုတစ္ခ်က္သာၾကည့္ကာ ရပ္ေနလိုက္သည္။

အလြန္တိုက္ဆိုင္လြန္းလွသည္။ သူတို႔က စုမိသားစုမွ ျမင္းရထားလုံးႏွင့္ ထပ္ဆုံရျပန္သည္။ သူျမင္တာသာ မွန္မည္ဆိုလွ်င္ ထိုရထားလုံးက တိုင္ေပစားေသာက္ဆိုင္ေရွ႕တြင္ ရပ္ခဲ့သည့္ရထားလုံးျဖစ္သည္။ ၎၏ေနာက္တြင္ အေစာင့္မ်ား၊ လက္ပါးေစမ်ားလိုက္လာၿပီး ႂကြားဝါကာ အသုံးအျဖဳန္းႀကီးပုံေပါက္သည္။

"အာ။ ငါတို႔ေတြ သူတို႔နဲ႕ မေရွာင္နိုင္ေတာ့ဘူးလား။" ေထာင္ရိက ရထားလုံးကို သတိထားမိသည္။

က်န္းလွ်ိုက ရွိန္စရာရန္သူႏွင့္ ရင္ဆိုင္ေနရပုံေပၚသည္။ သူက ဤလားရာဘက္သို႔ ဦးတည္လာေသာရထားလုံးကို ေတြ႕ေသာအခါ ၎ကိုထြက္လာရာ လမ္းထဲသို႔ ျပန္တြန္းပို႔ကာ ဘယ္ေတာ့မွထြက္မလာေတာ့ေစရန္ လုပ္ခ်င္မိသည္။

လက္ဖက္ရည္ဆိုင္သို႔ သူတို႔သြားေတာ့မည့္အခ်ိန္တြင္ ရထားလုံးကသူတို႔၏လမ္းေၾကာင္းကို လာပိတ္သည္။ ၾကည့္ရသည္မွာ ရထားလုံးထဲမွလိုက္ပါလာသူမ်ား၏ ပန္းတိုင္က လမ္းတစ္ဖက္မွ က်င္းယြီဖန္းျဖစ္၍ ရထားလုံးကလမ္းပိတ္ရပ္လိုက္ျခင္းပင္။

ယြီဝမ္ခ်ီက ရထားလုံးေပၚမွဆင္းလာေသာအခါ လင္းက်န္ကိုေတြ႕သြားသည္။ ထို႔ေနာက္ သူ၏မ်က္ႏွာထား ခ်က္ခ်င္းေျပာင္းလဲသြားသည္။ "မင္းပဲ။"

"အဲ့ဒါက ဘယ္သူလဲ။" စုေယာင္ေယာင္က ရထားလုံးထဲမွထြက္လာသည္။ သူမက ယြီဝမ္ခ်ီ၏မ်က္ႏွာထား မူမမွန္သည္ကိုေတြ႕၍ လင္းက်န္ႏွင့္အျခားလူသုံးေယာက္ကို ဇေဝဇဝါျဖင့္ အကဲခတ္လိုက္သည္။

"အထက္က ကိုင္းေပၚတက္ၿပီး ဇာမဏီငွက္ျဖစ္ခ်င္ေနတဲ့ ပ်ံလႊားငွက္ေလ။" ယြီဝမ္ခ်ီက ႐ြဲ႕တဲ့တဲ့ေျပာသည္။

လင္းက်န္က ၎ကိုၾကားေသာအခါ မ်က္ဆန္လွန္ခ်င္မိသြားသည္။ 'ဒါက ဘယ္လိုေတာင္ အသုံးမက်တဲ့ တင္စားမႈႀကီးလဲ။ ယြီဝမ္ထုန္က ဧကရာဇ္မွမဟုတ္တာ၊ ငါကသူ႕ကိုလက္ထပ္ၿပီး ဘယ္လိုလုပ္ 'ဇာမဏီ' ျဖစ္နိုင္မွာလဲ။ ၿပီးေတာ့ ငါကေယာက္်ားေလးေလ။ ဒီ'ဇာမဏီ'ဆိုတဲ့စကားက ဘာမွမကိုက္ဘူး။' သူကေတြးသည္။

လင္းက်န္က သူ႕ကိုစိတ္ကုန္ေစေသာ ယြီဝမ္ခ်ီကိုေတြ႕လွ်င္ စကားပင္ျပန္မေျပာခ်င္သျဖင့္ ေထာင္ရိကိုေျပာလိုက္သည္။ "သူ႕ကို လ်စ္လ်ဴရႈၿပီး သြားရေအာင္။"

"လင္းက်န္။" သို႔ရာတြင္ ယြီဝမ္ခ်ီက လင္းက်န္၏ဂ႐ုမစိုက္ေသာအၾကည့္ေၾကာင့္ စိတ္အႏွောင့္အယွက္ ျဖစ္သြားသည္။ သူကေဒါသထြက္သြားကာ ေအာ္ေျပာသည္။ "အခုေတာ့ မင္းက မ်က္ႏွာေတာင္ မျပရဲေတာ့ဘူးလား။ မင္း မေန႕က ငါ့အိမ္မွာ ေထာင္ေထာင္ေထာင္ေထာင္လုပ္ေနတုန္းကက် ဒီလိုအေျခအေနမ်ိဳး ျဖစ္လာမယ္ဆိုတာကို မေတြးထားဘူးလား။ အခုမွ ထြက္သြားခ်င္တယ္ေပါ့။"

အေစာင့္မ်ားက ယြီဝမ္ခ်ီ၏ေဝဖန္စကားမ်ားကိုၾကား၍ ဝိုင္းလာၾကသည္။

ေထာင္ရိက လင္းက်န္၏ေရွ႕တြင္ကြယ္ကာ ႐ြံရွာစြာေျပာလိုက္သည္။ "ယြီဝမ္ခ်ီ၊ မင္း ဘာေတြလုပ္ေနတာလဲ။ ငါတို႔ကို လမ္းမႀကီးေပၚမွာ ကိုယ္ထိလက္ေရာက္ တိုက္ခိုက္မလို႔လား။ မင္းမွာ အရွက္မရွိဘူးလား။"

ေထာင္ရိက သူ႕ကို အျမန္ကာကြယ္ေပးသည့္အတြက္ လင္းက်န္အံ့ဩသြားသည္။ သူက ေထာင္ရိ၏ပုခုံးကို ပုတ္လိုက္သည္။ "ဒါက ကြၽန္ေတာ္နဲ႕ သူ႕ၾကားက ကိစၥပါ။ အစ္ကို ဖယ္ေနသင့္တယ္။ မဟုတ္ရင္ အဲ့ဒီေခြး႐ူးကိုက္မဲ့စာရင္းထဲ အစ္ကို႔နာမည္ပါသြားလိမ့္မယ္။"

ေထာင္ရိက ယြီဝမ္ခ်ီ့ထံတြင္ မေကာင္းသည့္ရည္႐ြယ္ခ်က္ရွိသည္ဟုထင္ကာ မဖယ္ေပးေပ။

"မင္း တျခားလူေနာက္မွာ ပုန္းေန႐ုံနဲ႕ ငါကမင္းကို မျမင္နိုင္ဘူးလို႔ ထင္ေနတာလား။ မင္းေဘးမွာ ငါ့ဝမ္းကြဲရွိေနတုန္းကဆို မင္းက ပမာမခန့္ လုပ္တတ္တယ္မလား။ အခုက် ေၾကာက္ေနတယ္ေပါ့။ ငါမင္းကို ေျပာလိုက္မယ္။ မင္း ထန္းယန္ကို ခ်က္ခ်င္း ျပန္သင့္တယ္။ မဟုတ္ရင္ ငါမင္းရဲ႕ ေျခေထာက္ေတြကိုခ်ိဳးၿပီး တစ္သက္လုံးအိပ္ရာထဲမွာပဲေနရေအာင္ လုပ္ပစ္မယ္။" ယြီဝမ္ခ်ီက အနားတိုးလာကာ လင္းက်န္ကို ရက္စက္စြာၾကည့္သည္။

ယြီဝမ္ခ်ီက ထန္းယန္တြင္ အေလွာင္ခံခဲ့ရသည့္အတြက္ လင္းက်န္ကိုအာဃာတထားသည္။ ထို႔အျပင္ ယမန္ေန႕ကလည္း ယြီဝမ္ထုန္က ကန္လိုက္သျဖင့္ သူေတာက္ေလွ်ာက္ေဒါသထြက္ေနသည္။ ထို႔ေၾကာင့္ လင္းက်န္၏ေဘးတြင္ ယြီဝမ္ထုန္မရွိေတာ့သည္ကို သူေတြ႕ေသာအခါ ေဒါသမထိန္းနိုင္ေတာ့ဘဲ လင္းက်န္ကိုသာရိုက္ခ်င္မိသည္။

လင္းက်န္က ေထာင္ရိ၏လက္ေမာင္းကို အားျဖင့္လွမ္းဆြဲကာ စကားေျပာခြင့္မေပးဘဲ ေဘးသို႔ဖယ္လိုက္ၿပီး ေရွ႕တိုး၍ ယြီဝမ္ခ်ီကိုေအးစက္စက္စိုက္ၾကည့္လိုက္သည္။ "ေလႀကီးမိုးႀကီးေတြေျပာလိုက္တာပဲ၊ ဒုသခင္ေလးယြီဝမ္။ ငါ ထန္းယန္ကိုမျပန္ဘူး။ ဒီေတာ့ မင္းဘာလုပ္မလဲ။"

"ဒါဆို မင္းရပ္ပါလို႔ေတာင္းပန္တဲ့အထိ ငါရိုက္ပစ္မယ္။" ယြီဝမ္ခ်ီက မႈန္ေတေတမ်က္ႏွာထားျဖင့္ ယုတ္မာစြာၿပဳံးသည္။

"ဒါဆိုလုပ္လိုက္ေလ။ မင္းငါ့ကို ဒီေန႕ရိုက္ၿပီးရင္ မနက္ျဖန္က် မင္းအသက္ရွင္နိုင္ဦးမလားဆိုတာ ၾကည့္တာေပါ့။" လင္းက်န္က မ်က္ႏွာေၾကာတင္းတင္းျဖင့္ ေျပာသည္။

"ရယ္စရာေကာင္းလိုက္တာ။ မင္းအသက္က ပု႐ြက္ဆိတ္ေလာက္ေတာင္ တန္ဖိုးမရွိဘူး။ မင္းကို ေသေအာင္ရိုက္ၿပီးရင္ ငါ့အသက္နဲ႕ျပန္ေပးဆပ္ရမယ္လို႔ ထင္ေနတာလား။ အိပ္မက္ ဆက္မက္မေနနဲ႕။" ယြီဝမ္ခ်ီကျပန္ေျပာသည္။ သူလက္ယမ္းျပလိုက္ေသာအခါ ဝိုင္းေနေသာအေစာင့္မ်ားက အနားသို႔ပိုတိုးလာသည္။

ဝမ္တရွန္က ခ်က္ခ်င္းေရွ႕ထြက္လာကာ ေဟာက္လိုက္သည္။ "အတင့္ရဲလိုက္တာ။ ငါ့သခင္ေလးရဲ႕ ဆံပင္တစ္ေမြးကိုထိတာနဲ႕ စစ္သူႀကီးကမင္းတို႔ကို လႊတ္ေပးမွာ မဟုတ္ဘူး။"

"စစ္သူႀကီးလား။ ငါမင္းကို ဒုကၡိတျဖစ္ေအာင္လုပ္လိုက္ရင္ ယြီဝမ္ထုန္က မင္းကိုစိတ္ဝင္စားဦးမယ္မထင္ဘူး။ ငါ့လူေတြ၊ သူ႕ကိုသင္ခန္းစာေပးလိုက္။" ယြီဝမ္ခ်ီက အမိန့္ေပးလိုက္သည္။

"ရပ္စမ္း။" က်န္းလွ်ိုက မာမာထန္ထန္ေအာ္လိုက္ၿပီး ေဘးပတ္လည္မွအေစာင့္မ်ားကို အတြင္းအားျဖင့္ဖိႏွိပ္ကာ အနားမကပ္လာရန္ တားထားသည္။

"သခင္ေလးခ်ီအေနနဲ႕ သခင္ေလးလင္းကို ျပႆနာရွာတဲ့အထိ အျမင္မက်ဥ္းဖို႔ ကြၽန္ေတာ္အႀကံေပးခ်င္တယ္။ မဟုတ္ရင္ စစ္သူႀကီးက သခင္ေလးကို ယြီဝမ္မိသားစုဝင္ျဖစ္တာေတာင္ ျပန္ေပးဆပ္ခိုင္းပါလိမ့္မယ္။"

"ငါ့ကိုၿခိမ္းေျခာက္ရဲရေအာင္ မင္းကိုယ္မင္း ဘယ္သူလို႔ထင္ေနတာလဲ။" ယြီဝမ္ခ်ီက ေဒါသေျခာင္းေျခာင္းထြက္ေနသည္။

"မင္းက အက်ိဳးအေၾကာင္းကို လုံးဝမဆင္ျခင္နိုင္ဘူးပဲ။ ညီေလးက်န္းက စစ္သူႀကီးယြီဝမ္ရဲ႕ သတိုးသားေလာင္းျဖစ္ၿပီး သူ႕အဖိုးကလည္း မင္းတို႔အဖိုးကို အသက္တစ္ခါကယ္ေပးခဲ့ေပမဲ့ ဒါ မင္းတို႔ယြီဝမ္မိသားစုက သူ႕ကို ဆက္ဆံရမဲ့ပုံစံလား။ အခုေတာ့ မင္းတို႔ရဲ႕တကယ့္စိတ္ရင္းကို ငါသိလိုက္ရၿပီ။ မင္းက စစ္သူႀကီးယြီဝမ္အတြက္လုံးဝအရွက္ရစရာပဲ။ မင္းက စစ္သူႀကီးယြီဝမ္ရဲ႕ဂုဏ္သိကၡာကို ဖ်က္ဆီးေနတာ။ စစ္သူႀကီးယြီဝမ္ဆိုတာ ႀကီးျမတ္ေသာယြဲ႕တိုင္းျပည္မွာ လက္နက္ကိုင္တပ္ေတြကို အမိန့္ေပးနိုင္ၿပီး စစ္နတ္ဘုရားဝင္စားတဲ့ မဟာစစ္သူႀကီးကြ။ ဘယ္လိုလုပ္ သူ႕မိသားစုထဲမွာ မင္းလိုလူမ်ိဳးရွိေနရတာလဲ။ ဒါက မယုံနိုင္ေလာက္ေအာင္ စိတ္ပ်က္စရာေကာင္းတယ္။ မင္းတို႔ေတြက စစ္သူႀကီးယြီဝမ္ရဲ႕မိသားစုဝင္ျဖစ္ဖို႔ မတန္ဘူး။" ေထာင္ရိက ယြီဝမ္ခ်ီ၏လုပ္ရပ္ေၾကာင့္ ေဒါသထြက္ကာ ယြီဝမ္ခ်ီကို ေသြးေႂကြးရွိသည့္ရန္သူကဲ့သို႔ စိုက္ၾကည့္ေနသည္။ သူက ဤအက်င့္ပ်က္သူကို စစ္သူႀကီးယြီဝမ္အတြက္ ရွင္းပစ္ခ်င္မိသည္။

"မင္း ဘာေျပာတယ္။" ယြီဝမ္ခ်ီက ေဒါသထြက္ကာ တစ္လုံးခ်င္းဖိေျပာၿပီး လူသတ္ခ်င္လာပုံေပၚသည္။ " မင္းကိုယ္မင္း ဘယ္သူလို႔ထင္ေနတာလဲ။ မင္းမွာေျပာဖို႔အဆင့္မရွိဘူး။ အေစာင့္ေတြ၊ ဒီစကားမ်ားတဲ့ယင္ေကာင္ကို ရိုက္သတ္လိုက္။"

"အေစာင့္က်န္း၊ ယြီဝမ္ခ်ီကိုခ်ဳပ္ၿပီး ကြၽန္ေတာ့္ဆီေခၚလာခဲ့ပါ။" လင္းက်န္က လက္သီးဆုပ္ကာ တင္းမာစြာေျပာလိုက္သည္။

က်န္းလ်ိဳက ေခါင္းညွိတ္သည္။ သူမည္သို႔လုပ္လိုက္သည္ကို အျခားလူမ်ားမျမင္လိုက္ရေပ။ သူတို႔တုန့္ျပန္မည့္အခ်ိန္တြင္ က်န္းလွ်ိုက ယြီဝမ္ခ်ီကို လင္းက်န္၏ေရွ႕သို႔ေခၚလာၿပီးၿပီပင္။

ယြီဝမ္ခ်ီက ၾကက္ေသေသသြားသည္။ " ေသာက္သုံးမက်တဲ့ အခိုင္းအေစေကာင္။ ငါ့ကိုလႊတ္စမ္း။ မင္းဘာလုပ္ေနတာလဲ။"

"ဒူးေထာင္စမ္း။"

လင္းက်န္က ေအးစက္စက္ေလွ်ာက္လာကာ ယြီဝမ္ခ်ီ၏ဒူးေကြးကို အားပါပါကန္လိုက္သည္။ ထို႔ေၾကာင့္ ယြီဝမ္ခ်ီ၏ဒူးေခါင္းေခြသြားၿပီး ဒူးေထာက္က်သြားသည္။

တစ္လမ္းလုံး ခ်က္ခ်င္းတိတ္က်သြား၏။

Continue Reading

You'll Also Like

55.9K 3.8K 48
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
428K 46.3K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
51K 5.5K 85
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
514K 58.2K 200
Book-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...