ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်
အခန်း (၇)
.
.
.
" ရွှေတခေတ်! မင်း က ဘယ်လို မိန်းကလေး လဲ။ပိုက်ဆံနဲ့စည်းစိမ်ဥစ္စာကိုမတ်မောတာနဲ့ ငါ့ကို အပိုင်ကြံတယ် ဟုတ်လား... "
တခေတ် ဦးလေးကြီး ကို ကြောက်ပေမယ့်... တခေတ် ကိုယ်တိုင်ကထားတဲ့ ဇာတ်မို့ အဆုံးထိဆက်ကမှ ရတော့မည်မို့...
" ဦးလေးကြီး ကြားတဲ့အတိုင်း ပဲ "
တခေတ်ရဲ့ ခပ်ရွဲ့ရွဲ့ အဖြေအဆုံးမှာတော့...
" ရွှေတခေတ်! "
ဒေါသကြောင့် အော်ပြောလိုက်တဲ့ ဦးလေးကြီး အသံက အခန်းတစ်ခုလုံး ဟိန်းထွက်သွားခဲ့သည်။
" ဦးနေ အရမ်းဒေါသမထွက်ပါနဲ့။တခေတ် က
သူ့အမေမယားငယ်နဲ့တူတော့... ပိုက်ဆံရှိတဲ့
ယောာက်ျားတွေနဲ့အတူအိပ်ပြီး အပိုင်ကြံရတာကို
သဘောကျတယ်လေ။အဲ့ဒါကြောင့် ဦးနေကိုလည်း တခေတ် က အပိုင်ကြံလိုက်တာ။ဒါမဲ့ ဦးနေ တခေတ် ကို လက်ထပ်စရာမလိုပါဘူး။မိုးသား က ဖေဖေနဲ့မေမေ့ကို ပြောပြပြီး၊ဖြေရှင်းခိုင်းလိုက်ပါမယ် "
" မိုးသားဖြူ မင်း ဒီအခန်းထဲကနေ ခဏလောက် ထွက်သွားလိုက်စမ်း။ငါ ရွှေတခေတ်နဲ့ စကားပြောမလို့ "
ဦးနေ၏ ခပ်မာမာ စကားသံကြောင့်...
မိုးသားသည် ထိုနေရာကနေ ထွက်မလာချင်ဘဲ
ထွက်လာခဲ့ရသည်။
ရင်ဘက်ထဲမှာတော့ တခေတ် ကို အမှုန့်ကြိတ်ပစ်ချင်နေမိသည်။
တိုက်, မိုးသားဖြူ ထွက်သွားတာနဲ့ အခန်းတံခါးကို သွားပိတ်ပြီး၊တံခါးလော့ကိုပါ ချပစ်လိုက်သည်။အဲ့နောက်...
ညအိပ်ဝတ်စုံလေးနှင့် ခပ်ပွပွဖြစ်နေတဲ့ ဆံပင်တိုလေးနှင့် ချာတိတ်မလေးအရှေ့ကို ပြန်သွားလိုက်သည်။
" ငါ မင်း ကို ဘာမှ အထွေးအထူး စကားတွေ မပြောချင်ဘူး။ဒါမဲ့ ညက မင်း ကို တာဝန်ယူရလောက်တဲ့အထိ ဘာတစ်ခုမှ မကျူးလွန်ခဲ့ဘူး။
ငါနဲ့ မင်း ညက ဘာတစ်ခုမှ မဖြစ်ခဲ့တာကိုလည်း မင်း က ငါ့ထက် ပိုသိမှာပါ။အဲ့ဒါကြောင့် ငါ မင်း ကို လက်ထပ်မှာ မဟုတ်ဘူး။အဘိုး က မင်း ကို တာဝန်ယူဖို့ ငါ့ကို ပြောတယ်။ငါ အမှား မလုပ်ထားတဲ့ အရာအတွက် ဘယ်သူ့ရဲ့ စကားကိုမှ
နားထောင်မှာ မဟုတ်ဘူး။ပြီးတော့... မင်း လို
ခပ်ဆိုးဆိုး ချာတိတ်မလေး ဆို... ပိုလို့တောင်မှ
ငါ့ဇနီးဖြစ်လာမှာ မဟုတ်ဘူး "
အဟင်း တခေတ် က ဆိုးတယ်တဲ့လား...။
အင်းပေါ့... ဦးလေးကြီး လို လူအတွက်တော့
တခေတ် က လူဆိုးမလေးပေါ့။
အစ်မမိုးသားဖြူ လို မိန်းကလေးဆန်တဲ့ သူတွေမှ
ဦးလေးကြီး က ဇနီးလောင်းအဖြစ် ရွေးမှာပေါ့။
" မင်း ဘာတွေ တွေးနေတာလဲ။ငါ ပြောတာတွေ
ကြားရဲ့လား "
ကြမ်းပြင်ကို စိုက်ကြည့်ပြီး ငြိမ်သက်နေတဲ့ ချာတိတ်မလေးကြောင့် တိုက်, ဒေါသထွက်ရ၏။
ဦးလေးကြီး၏ ခပ်ဆပ်ဆပ် စကားသံကို ကြားမှပဲ တခေတ် အတွေးတွေက ရပ်တန့်သွား၏။
" ကြားတယ် "
" ကြားတယ်ဆိုရင်... ညက ဘာမှမဖြစ်ဆိုတာကို
အဘိုး ပြောပြလိုက်၊ပြီးရင် လက်ထပ်ဖို့လည်း မလိုတာကို မင်း ကိုယ်တိုင်ပဲ အဘိုး ကို ပြောပြရမယ် "
" တခေတ် မပြောနိုင်ဘူး "
" ရွှေတခေတ်!! မင်း! "
တိုက်,လူဆိုမလေးကြောင့် ဒေါသထွက်ရတာ ခေါင်းတောင် ကိုက်ချင်သည်။စကားတောင်
ဆက်မပြောနိုင်လို့... နထင်နှစ်ဖက်ကို လက်မနှင့်လက်ညိုးခွထောက်ပြီးတော့ကို ဖျစ်ရတော့သည်။
အခုချိန်မှာ တခေတ် ဦးလေးကြီး ကို လိုအပ်နေသည်။ဘာလို့ လိုအပ်နေတာလဲဆိုရင် မိုးသားဖြူ ကို အနိုင်ရချင်တာကြောင့်ပင်။ပြီးတော့...
တခေတ်ကိုယ်တိုင်လည်း ဦးလေးကြီး ကို သဘောကျနေမိပြီ ထင်ပါတယ်။မသေချာသေးပေမဲ့ပေါ့။ဦးလေးကြီးနှင့် အနီးကပ်ရှိနေတဲ့ အချိန်မျိုးမှာ တခေတ် ရင်ဘက်ထဲက တဒုန်းဒုန်းနဲ့ နှလုံးသားက ခုန်လာသည်။အခုလည်း တဒုန်းဒုန်းနဲ့ ခုန်နေဆဲပင်။
တခေတ်နှင့် ဦးလေးကြီး၏ အခြေအနေက ကွာခြားတာကို သိပါသည်။ဒါကြောင့် တခေတ်
ဦးလေးကြီးက ကို ချစ်နေတာ သေချာရင်တောင် အချစ်ကို ဖုံးကွယ်ထားမှာပါ။တစ်ခုလေးပါပဲ...
အဲ့ဒါက မေမေ့ကို မယားငယ်လို့ပြောပြီး...
တခေတ် ကို မယားငယ်သမီးလို့ အမြဲနိမ်ထားတဲ့
အစ်မမိုးသားဖြူတို့သားမိကို အနိုင်ယူပြချင်သည်။အဲ့ဒါကြောင့် တခေတ် ဦးလေးကြီး ပြောတာကို လက်ခံ နားထောင်မည် မဟုတ်ပေ။
" ဦးလေးကြီး က တခေတ် ကို မလိုအပ်ပေမဲ့...
တခေတ် က ဦးလေးကြီး ကို လိုအပ်တယ်။အဲ့ဒါကြောင့် တခေတ် အမှန်တရားကို ဖော်ထုတ်မပြနိုင်ပါဘူး။အဲ့လို လုပ်လို့ ဦးလေးကြီး တခေတ် ကို
မုန်းလည်း ရပါတယ်။တခေတ် ဦးလေးကြီး မုန်းတာကို ခံပါ့မယ် "
တခေတ် ပြောပြီးတာနဲ့ ဦးလေးကြီးရှေ့ကနေ
အခန်းအပြင်ကို မြန်မြန် ထွက်လာခဲ့လိုက်သည်။
" ဒုန်း! ဟာကွာ... "
ကြားရတဲ့ စကားတွေကြောင့် တိုက်,မှာ ပြောစရာ
စကားမရှိတော့လောက်အောင် ဆွံ့အသွားမိတယ်။အဲ့အချိန်မှာပဲ ချာတိတ်မလေး က ရှေ့ကနေ လျင်မြန်စွာ ထွက်သွားလေသည်။
ခပ်ငယ်ငယ် ချာတိတ်မလေး၏ လိုသလို အသုံးချခံနေရတဲ့ အဖြစ်ကြောင့်... တိုက်,သည်
နံရံကို လက်သီးနဲ့ ထိုးမိသည်အထိ စိတ်အလွန်
တိုသွားရသည်။ကိုယ်တွဲဖူးတဲ့ မိန်းကလေးတွေထဲမှာလဲ ချာတိတ်မလေးလောက် ဗရုတ်ကျတဲ့ မိန်းကလေးမျိုး မတွေ့ဖူးခဲ့။
အဲ့ဒီနောက်မှာတော့ ခြေလှမ်းကျဲတွေနှင့် အခန်းအပြင် ကို တိုက်, ထွက်လာခဲ့လိုက်သည်။
" ရွှေတခေတ် ရွှေတခေတ် ဘယ်မှာလဲ။ငါ့ရှေ့ကို
လာခဲ့စမ်း! "
" တခေတ်လေး က အခုလေးပဲ အပြင်ထွက်သွားတယ် တူကြီးတိုက် "
ချာတိတ်မလေးကို တိုက်, အော်ခေါ်တော့...
ဒေါ်တင် က ရွှေတခေတ် အပြင်သွားကြောင်းကို ပြောပြသည်။
" အပြင်ကို တောက်! "
အဘိုး ကို ရှင်းပြခိုင်းတာကို... မရှင်းပြဘဲ အပြင်ကို ထွက်သွားတဲ့ ချာတိတ်မလေးကို အနီးသာရှိရင် ကိုင်ဆောင့်ပစ်မိမည်။
သွားပါစေ။ပြန်လာမှ လမ်းသလားတဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်အုံးမယ်။
အကွယ်တစ်နေရာကနေ ထိုမြင်ကွင်းကို ကြည့်နေတဲ့ မိုးသားဖြူသည်လည်း မိဘတွေဆီ ဖုန်းဆက်ကာ... ရွှေတခေတ် မွှေထားတဲ့ ကိစ္စတွေကို ပုံကြီးချဲ့၍ ပြောပြီး... အားချင်း ရန်ကုန်ကို လိုက်လာဖို့ ပြောလိုက်သည်။
.
.
" ဟေ့... ဘယ်သွားမှာလဲ။မျက်နှာရော သစ်လာရဲ့လား... ဒေါ်ပေစောင် "
တခေတ် ခြံပြင်ထွက်လာတာနဲ့ ရှိန်းမာန်ဆက် က
ကားနှင့် ခြံရှေ့မှာ ရှိနေသည်။
နဂိုကတည်းက စိတ်မကြည်သူမို့...
ဒေါ်ပေစောင် လို့ ထပ်အခေါ်ခံရတော့... တခေတ်
မျက်နှာလေးက ဆူပုတ်သွားတော့သည်။
" ငါ့ နာမည် နင့်ကို ပြောထားတယ်မလား... "
" အဟင်း... နင် မကြိုက်ရင် ငါ မခေါ်တော့ပါဘူး။
ဘယ်သွားမှာလဲ... ကားပေါ်တက်လေ။ငါ လိုက်ပိုပေးမယ် "
တခေတ် စိတ်တွေရှုပ်နေတာကြောင့်ရော...
ဘယ်ကိုသွားရမှန်း မသိတာရော... လက်ထဲမှာ
ပိုက်ဆံလည်း ပါမလာတာကြောင့် ရှိန်းမာန်ဆက် ကားပေါ်ကို တက်လိုက်သည်။
" ဘယ်ပို့ပေးရမလဲ... "
" နင် သွားချင်တဲ့ နေရာသာ သွား။ငါ စိတ်ရှုပ်နေတယ် "
" အိုကေ... ငါ ထိုင်နေကျ ကော်ဖီဆိုင် သွားရအောင်။နင် ထွက်အလာကို စောင့်နေရတာ၊အခုထိ ငါ့မှာ ဘာမှမစားရသေးဘူး "
" ငါ ထွက်အလာကို အစောကြီးကတည်းက စောင့်နေရအောင်၊ နင် ငါ့ကို ကြိုက်နေတာလား... ရှိန်းမာန်ဆက် "
" အင်း... ဟုတ်တယ်။နင့်ကို စတွေ့ကတည်းပဲ "
ရှိန်းမာန်ဆက်သည် ပွင့်လင်းတဲ့ သူ့ဗီဇအတိုင်း
ရွှေတခေတ် ကို သဘောကျနေကြောင်း... အမှန်တိုင်း ပြောလိုက်သည်။
" ငါ့ကို ကြိုက်နေတဲ့ နင့် စိတ်ကို ရုတ်သိမ်းလိုက်ပါ။ငါက နင်ထင်သလို လူလွတ်မဟုတ်ဘူး "
" နင် ဘာကိုပြောချင်တာလဲ... စကားကို ရှင်းအောင် ပြောပါလား... "
" ငါ အခုနေနေတဲ့ အိမ်က ဦးနေတိမ်တိုက်နဲ့ ငါက
လက်ထပ်ရတော့မှာ။အဲ့ဒါကြောင့် ငါ့အပေါ်ရှိနေတဲ့ နင့်စိတ်ကို ရုတ်သိမ်းလိုက်ပါ။မဟုတ်ရင် နင်ပဲ
နာကျင်ရမှာ "
ဦးလေးကြီးနှင့် လက်ထပ်ရမယ်၊လက်မထပ်ရဘူးဆိုတာက မသေချာသေးပေမယ့်... တခြား
ယောကျ်ားလေးတွေနဲ့ ချစ်သူ၊ရည်းစားလုပ်ဖို့
အတွေးမရှိတာမို့... ဦးလေးကြီး ကို အကြောင်းပြပြီး ရှိန်းမာန်ဆက် ကို ရှေ့မဆက်နိုင်အောင် လမ်းကို ကြိုပိတ်ထားလိုက်သည်။အဲ့ဒါမှ မလိုလားတာတွေ ဖြစ်မလာမှာလေ။
" အဟင်း... "
စတောင်မစရသေးတဲ့ အချစ်က ငြင်းပယ်ခံရတော့... ရှိန်းမာန်ဆက် နည်းနည်းတော့ ခံရခက်သည်ပေါ့။အငြင်းခံရတော့လည်း ဆက် အပြုံးမပျက်ပါဘူး။ဘာလို့ဆိုတော့ ရွှေတခေတ် ကို အတည်တွဲဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်တာကိုး။
" သူငယ်ချင်းတော့ ဖြစ်ခွင့်ရှိတယ်မလား... "
" သူငယ်ချင်းလား... အင်း ရတာပေါ့ "
ရန်ကုန်မှာ နေရင် တခေတ်အတွက် သူငယ်ချင်း လိုတာရော... ရှိန်းမာန်ဆက် က ပွင့်လင်းပြီး ပေါင်းသင်းရတာ ကောင်းမည့်ပုံမို့... သူငယ်ချင်းဖြစ်ဖို့ သဘောတူလိုက်သည်။
" ကျေးဇူးပဲ... ငါ့ကို အဆုံးထိ သူစိမ်းတစ်ယောက် လို ဆက်ဆံမပေးလို့...။ပြီးတော့ ငါ့မှာလည်း
လက်ထပ်ရမယ့် သူ ရှိပါတယ် "
တခေတ် ကြားရတဲ့ စကားကြောင့် ဘေးက ကောင်စုတ်ဆီကို အကြည့်စူးစူးလေးတွေနှင့်
လှည့်ကြည့်ကာ...
" ချစ်သူရှိရဲ့သားနဲ့ နင်က ငါ့ကို ကစားဖို့ လုပ်တာလား... ရှိန်းမာန်ဆက်. "
ဆက် သူမ၏ ဒေါသစကားများကြောင့် ပြုံးမိပါ၏။
" အဲ့အတွက် စိတ်ဆိုးသွားရင် ငါက နင် ကျေနပ်တဲ့ အထိ တောင်းပန်ပါ့မယ်။တကယ်တော့ ငါ့မှာ အသက်ရှူကျပ်လောက်အောင် ခေါင်းရှူပ်နေရတဲ့ ကိစ္စကြီးတစ်ခု ရှိနေလို့ပါ "
" ငါ့ကို ကစားဖို့ အထိ စိတ်ကူးရအောင်... နင် ခေါင်းရှုပ်ရတဲ့ ကိစ္စက ဘာကိစ္စမို့လို့လဲ... "
" ငါ လက်ထပ်ရမယ့် မိန်းကလေးက ငါ့ထက် အသက်ကြီးတယ်။ပြီးတော့.. ဒယ်ဒီ့ကို အပိုင်ကပ်ပြီး ချူစားနေတာ။ငါ့ကိုလည်း အလွတ်ပေးချင်ပုံမရဘူး။ဒယ်ဒီ့ ကို ဘယ်လိုတွေ စည်းရုံးထားတယ်မသိဘူး။ငါ့ကို ဒယ်ဒီ က အဲ့မိန်းမက လေးနဲ့ လက်ထပ်ဖို့ ပြောလာတယ်။အဲ့မိန်းကလေ းကို လက်မထပ်ရင် ဘာအမွေမှ မရဘူးတဲ့လေ။အဲ့တော့ ငါကလည်း အဲ့မိန်းကလေးနဲ့ ယူရမယ်ဆိုရင် သားဆိုး၊သားမိုက်ပဲ လုပ်တော့မယ်လို့ ပြောလိုက်တယ်။အဲ့နေ့ကစပြီး ငါလည်း ဒယ်ဒီနဲ့ စကားကောင်းကောင်း မပြောဖြစ်တော့ဘူး။မိုးလင်းတာနဲ့ အိမ်ကနေ အပြင်ထွက်နေတာ "
" အဲ့မိန်းမကလေး နင့်ဒယ်ဒီ ကို ချူစားနေတယိဆိုတာ သေချာလို့လား... "
" ဆိုင်ထဲ အရင်ဝင်ရအောင်။ငါ နင့်ကို ရင်ဖွင့်ချင်တယ်။ငါ့မှာ ရင်ဖွင့်စရာ မရှိလို့ပါ "
မျက်နှာမြင်ကတည်း ခင်မင်ချင်မိတဲ့ စိတ်တွေဖြစ်ပေါ်လာရသည့် ဒီကောင်မလေးကို ဆက် ရင်ထဲမှာ မြိုသိပ်ထားရတဲ့ စကားတွေကို ထုတ်ပြောပြချင်မိသည်။ရင်ဖွင့်ချင်တယ်ဆိုရင် ပိုပြီး မှန်လိမ့်မည်။
ရှိန်းမာန်ဆက်သည် စကားပြောရင်းနဲ့ ကားကို ကော်ဖီဆိုင် ရှေ့မှာ ပါကင်ထိုး၍ ရပ်လိုက်သည်။
အခုမှ ခင်မင်မူ့စတင်တဲ့ တခေတ် ကို ရင်ဖွင့်ချင်သည် ဟု ပြောလာသည့်... ရှိန်းမာန်ဆက်၏ မျက်နှာသည် တော်တော်လေး မကောင်းဖြစ်နေတာမို့... တခေတ် ကိုယ့်ကို ကိစ္စကို မေ့ထားပြီး...
ရှိန်းမာန်ဆက် ရင်ဖွင့်တာကို နားထောင်ပေးဖို့
ဆုံးဖြတ်လိုက်သည်။
ကားရပ်ပြီး နောက်မှာတော့... နှစ်ယောက်အတူ ကော်ဖီဆိုင်ထဲဝင်လာခဲ့သည်။
ဆိုင်ထဲ ထိုင်ပြီးတာနဲ့ စားမယ့်၊သောက်မယ့် ဟာတွေ ကို အရင်မှာကြသည်။ပြီးမှ ကားပေါ်မှာ ပြောတဲ့ စကားကို ပြန်ဆက်ကြသည်။
" ငါ ဒယ်ဒီနဲ့ အဲ့မိန်းမ ကို စောင့်ကြည့်နေတာ
ကြာပြီ။ငါ ပထမနှစ်စတက်တဲ့ ပထမနှစ်ရဲ့ ပထမလမှာပဲ မာမီက ဆုံးတယ်။မနှစ်ကပေါ့။မာမီဆုံးပြီး နှစ်လအကြာမှာပဲ ဒယ်ဒီ က အလုပ်ကိစ္စဆိုပြီး.. စက္ကထရီဖြစ်တဲ့ အဲ့မိန်းမကိုခေါ်ပြီး ဘန်ကောက်က်ို သွားတယ်။အဲ့မှာ နေတာ နှစ်လလောက် ကြာတယ်။ငါ စုံစမ်းရသလောက်တော့ ဘန်ကောက်မှာ ဒယ်ဒီ ရှယ်ယာဝင်ထားတာတွေတော့ရှိတယ်။ဒါမဲ့ အဲ့လောက် အကြာကြီး သွားနေရလောက်တဲ့ အထိ မလိုအပ်ဘူး "
ရှိန်းမာန်ဆက် က စကားပြောတာရပ်ပြီး...
မှာထားလို့ လာချပေးတဲ့ ဘလက်ကော်ဖီကို
တစ်ချိုက် သောက်သည်။ပြိီးမှ စကားကို ဆက်သည်။
" ဘန်ကောက်ကနေပြီး ပြန်လာကတည်းက ဒယ်ဒီ က အဲ့မိန်းမ ကို အိမ်ပေါ်ခေါ်တင်လာတယ်။ငါက ဘာကြောင့် အဲ့မိန်းမ ကို အိမ်မှာပေးနေတာလဲလို့ မေးတယ်။လိုအပ်လို့တဲ့။အခုနောက်ပိုင်းဆို
ကုမ္ပဏီမှာ ဒယ်ဒီ့ထက် အဲ့မိန်းမက နေရာပိုယူနေတယ်။အခုတလောဆို သတင်းတောင် ထွက်နေတယ်။ကုမ္ပဏိီကနေ ဒယ်ဒီ အနားယူတာနဲ့ အဲ့မိန်းမ က ဒယ်ဒီ့ နေရာကို ဆက်ဆံခံမယ်ဆိုပြီးတော့ပေါ့။အိမ်မှာဆိုလည်း မာမီရှိကတည်း အလုပ်လုပ်နေကြတဲ့ ထမင်းချက်၊ခြံစောင့်၊ဒါရိုင်ဘာတွေကအစပါ အိမ်ရှင်တစ်ယောက်လိုမျိုး အဲ့မိန်းမကို ပြောဆိုဆက်ဆံနေကြတယ်။ငါလည်း ဒယ်ဒီနဲ့အဲ့မိန်းမ ကို အရွဲ့တိုက်နေတာနဲ့ စာလည်း ကောင်းကောင်း မလုပ်ဖြစ်တော့ မနှစ်က ပထမနှစ်ကျတယ်။ဒီနှစ်တက်လည်း လေနေတဲ့ စိတ်ကြောင့် ငါ ကျအုံးမှာပဲ။အိမ်မှာ အဲ့မိန်းမ မျက်နှာကို မြင်ရတာ... ငါ့အတွက် ပူလောင်လွန်းတယ် "
ရှိန်းမာန်ဆက် ပြောတာတွေကို နားထောင်ပြီး...
တခေတ်တောင် ပူလောင်လာမိသည်။
" အခု နင် ဘာဆက်လုပ်မယ်လို့ တွေးထားလဲ "
" ဒယ်ဒီ က အမွေဖြတ်မယ်လို့ ပြောတယ်။အဲ့မိန်းမကို မယူရင်။ငါ တွေးထားတာက အရင်ဆုံး အဲ့မိန်းမဘက်ကနေ ငါ့ကို လက်မထပ်ချင်ပါဘူးလို့ ပြောလာအောင်... ရည်စားများများထားဖို့တွေးထားတယ်။ငါ့မှာ ခပ်ရှုပ်ရှုပ် ဇယားတွေရှိလာရင် အဲ့မိန်းမ လက်ထပ်ဖို့ ကိစ္စကို ငြင်းကိုငြင်းလာမှာ။ငါက အဲ့မိန်းမ ငြင်းတာနဲ့ နောက်တစ်ဆင့်တက်မယ်။တဖြေးဖြေးချင်း အဲ့မိန်းမ ဒယ်ဒီ့အနားကနေ ထွက်သွားအောင် လုပ်မယ်လို့ တွေးထားတယ် "
" နင် အကူညီလိုရင် ပြောလေ။ငါ ကူညီနိုင်တာရှိရင် ကူညီမယ်လေ "
" ငါ့ကို ကူညီဖို့မတွေးဘဲ... နင် လက်ထပ်တော့မယ့် ဘဲရီး ကို သာ သေချာထိန်းနိုင်ဖို့ လုပ်စမ်းပါ
ဟာ... "
" ငါ က ဘာကို ထိန်းရမှာလဲ... "
" ဘာကို ထိန်းရမှာလဲ ဟုတ်လား။နင် ယူတော့မယ့် ဦးနေတိမ်တိုက်ဆိုတဲ့ လူက Playboy အကြီးစားကြီးပဲ။အဲ့ဒါကို နင် မသိသေးဘူးလား... "
" ဘာ! palyboy ဟုတ်လား... "
တခေတ် ရှိန်းမာန်ဆက် စကားကြောင့် အလန့်တကြား ဖြစ်သွားရသည်။ ဘာလို့ဆို ဦးလေးကြီး ကို
တခေတ် က အနေအေးတယ် လို့ ထင်ထားတာလေ။
" ဟုတ်တယ်။ သူ့အဘိုး မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေကိုလဲ သူ့အကြိုက် မဟုတ်ဘူးဆိုပြီး ငြင်းထုတ်ပစ်တာ ခဏခဏပဲ။မင်းသမီတွေ၊မော်ဒယ်တွေအပြင်၊စီးပွားရေးနယ်ပယ်ထဲက မိန်းကလေးတွေနဲ့လည်း တွဲတာပဲ။တစ်ယောက်နဲ့မှ အတည်တကျ မရှိဘူး။သူတွဲ နှစ်လ၊သုံးလလောက်အထိ မပိုဘူး။တွဲတဲ့ မိန်းကလေးတွေကလည်း နယ်နယ်ရရတွေ မဟုတ်ဘူး။ဒါမဲ့ အခုတလောတော့ ဘယ်သူနဲ့မှ မတွဲဘဲ ငြိမ်နေတယ်။နင်နဲ့ လက်ထပ်တော့မှာမို့လို့ ငြိမ်သွားတာလည်း ဖြစ်လောက်တယ် "
ဦးလေးကြီး အကြောင်းတွေ ကြားပြီး... ဦးလေးကြီးကြောင့် ခုန်ရတဲ့ နှလုံးသားလေးက... ဦးလေးကြီးကြောင့်ပဲ ငိုသွားရပြန်သည်။
စတောင် မစရသေးတဲ့ တစ်ဖက်သတ် အချစ်က
တခေတ် ကို ဝမ်းနည်းကြွေခြင်းအား... စတင် သင်ပေးနေပြီလေ။
တခေတ် စိတ်ထဲ ဝမ်းနည်းလာတော့...
စိတ်က မေမေ့ဆီ သွားချင်လာသည်။
" ရှိန်းမာန်ဆက် "
" ဆက် လို့ ပဲ ခေါ်။နာမည်အပြည့်ခေါ်နေတာ ပါးစပ်ညောင်းတယ်။ငါလည်း နားထောင်ရတာရှည်တယ် "
" အင်း။ ဆက် နင် ငါ့ကို တစ်နေရာ လိုက်ပို့ပေးလို့ရလား...။ငါ အိမ်ကနေ ဒီတိုင်းထွက်လာမိလို့ ပိုက်ဆံလည်း မပါလာလို့လေ "
" ရတယ် ပြော။နင် ဘယ်သွားချင်လဲ။ငါတို့ သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်နဲ့ ဒီနေ့တစ်နေလုံး နင်လိုရာကို လိုက်ပို့ပေးမယ် "
" လှိုင်သာယာ မှာ နေတဲ့ ငါ့မေမေ့ အိမ်ကို ပါ "
" ရတာပေါ့။လိုက်ပို့ပေးမယ်လေ "
" ကျေးဇူး ပါ ဆက် "
" မလိုပါဘူး ဟာ... အခု သွားတော့မလား... "
" အင်း "
" အိုကေ... ကားဆီ သွားနှင့်လိုက်။ငါ ပိုက်ဆံ ရှင်းပြီး လာခဲ့မယ် "
" အင်း "
ဆက်, ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထွက်လာတာနဲ့ ကားပေါ်တက်ကြသည်။ပြီးတာနဲ့ မေမေရှိရာကို
ထွက်လာခဲ့ကြသည်။
.
.
.
" အို... ဘယ်လိုများ ဖြစ်ရတာလဲ... "
တခေတ် ကားပေါ်က ဆင်းတာနဲ့ မြင်ကွင်းက
ရင်ထဲကို ဆို့နစ်စေခဲ့သည်။
တဲသာသာ မေမေ့ရဲ့အိမ်လေးက ရစရာမရှိအောင် ပြိုပျက်ပြီး... မေမေနှင့် အငယ်လေးနှစ်ယောက်က အထုပ်လေးတွေပိုက်၍ ပြိုနေတဲ့
အိမ်လေးကို ကြည့်နေကြတာပဲ ဖြစ်သည်။
တခေတ် မေမေတို့အနားကို အမြန်သွားလိုက်သည်။
" မေမေ ဒါတွေက ဘယ်လိုဖြစ်တာ... "
" ဖြောင်း! ထွက်သွား! နောက်ထပ် ငါတို့ သားမိတွေဆီ ထပ်မလာခဲ့နဲ့။ကောင်းကောင်းမွန်မွန်နဲ့ နေရအောင်လို့ လုပ်ပေးထားတာတောင်၊နင်က ငါတို့ကို ဒုက္ခလာပေးနေတယ် "
ဖြောင်းခနဲမြည်သွားစေတဲ့ လက်ဝါးရိုက်ချက်နှင့်အတူ ယှဥ်တွဲ၍ ထွက်လာသော... မျက်ရည်စများနှင့် မေမေ့နူတ်ဖျားမှ စကားတွေက....
တခေတ် ရင်ဘက်တစ်ခုလုံး အောင့်မျက်သွားရသည်။
" တခေတ် ကို ဘာလို့ရိုက်ရတာလဲ... မဟုတ်ဘူး၊
မေမေတို့ အိမ်လေးက ဘာလို့ ပြိုပျက်နေရတာလဲ။မေမေတို့က ဘာလို့ လမ်းဘေးမှာ ဒီလိုအထုပ်တွေနဲ့ ရပ်နေရတာလဲ "
တခေတ် မျက်ရည်တောင်မကျနိုင်...
မေမေ့ ကို မေးမိသည်။
" အထုပ်တွေနဲ့ ဘာလို့ ရပ်နေတာလဲ ဟုတ်လား။နင်ကြောင့်လေ နင့်ကြောင့် "
" မေမေ့! "
နင့်ကြောင့် ဆိုတဲ့ မေမေ့ရဲ့စကားများကြောင့်...
တခေတ် မေမေ့ကို အော်ခေါ်မိသည်။အကြောင်းအရင်းကို သေချာမသိပေမဲ့... နင့်ကြောင့်လို့ အပြောခံရတာနဲ့တင် ရင်ဘက်ထဲမှာ နာကျင်ရ၏။
" ငါ့ကို အော်မခေါ်နဲ့။နင်သာ ကိုယ့်အတွက် မဟုတ်တဲ့ အရာကိုတက်မက်ပြီး အရမယူရင်...
ငါတို့သားမိတွေ လမ်းဘေးမရောက်ဘူး။အိမ်ပိုင်ရာပိုင် မရှိလို့... ကျူးဘဝနဲ့ နေနေရတဲ့.ငါတို့ကို နင်က လမ်းဘေးရောက်အောင် လုပ်ပစ်တာ။နင်က နည်းနည်းလေးတောင် ချစ်ပေးဖို့ မကောင်းတဲ့ ကလေးပဲ "
" မေမေ့ ဟင့်! "
မေမေ့စကားကြောင့် တခေတ် ငိုမိတော့သည်။
" မတော်ဆအမှားကြောင့် နင့်ကိုရခဲ့လို့... ငါ့ဘဝက ကံဆိုးခဲ့တာတောင် နင့်ကို မမုန်းဘဲ... လူဖြစ်အောင် ငါမွေးခဲ့တယ်။ဒါမယ့် သူတို့သမီး၊နင်ယှဥ်ပြိုင်ရမယ့်သူ မဟုတ်တဲ့ မိုးသားဖြူရဲ့ လူကိုမှ အရယူဖို့လုပ်တဲ့ နင့်ရဲ့လောဘစိတ်ကြောင့်... အဲ့လူရဲ့မိန်းမက ငွေပေးပြီး... ငါ့ရဲ့အိမ်ကို လူမိုက်ငှားပြီး ဖျက်ဆီးခိုင်းတယ်။နင်သာ သူ့သမီးနဲ့ သူ့သမီးရဲ့လူကြားကို ထပ်တိုးဝင်ရင်၊ငါတို့ကဲ့အသက်တွေကိုပါ အာမမခံဘူးလို့... ဖုန်းနဲ့ ခြိမ်းခြောက်သွားတယ်။ငါ့ကလေးငယ်တွေရဲ့ အသက်အတွက် နင့် ငါတို့နဲ့အဝေးဆုံးမှာ နေပါ။နင့်ကို မွေးခဲ့မိလို့ ငါ နောင်တတစ်ခါမှ မရဖူးဘူး။ဒါပေမဲ့ ဒီနေ့တော့... နင့်ကို မွေးခဲ့မိတာ အတွက်
အရမ်းနောင်တရတယ်။နင် ငါတို့သားမိတွေနားကနေ သွားပါတော့ "
" တခေတ် မသွားဘူး မေမေ ဟင့် "
" ရွှေတခေတ်!!! ဘုန်း "
" မေမေ မေမေ မေမေ "
မေမေ က ဒေါသဖြင့် တခေတ် ကို အော်ရင်းက
မြေပြင်ပေါ်ကို လဲကျသွားတာမို့... မေမေ့ကိုခေါ်တဲ့ တခေတ်နှင့် အငယ်လေးနှစ်ယောက်၏ အသံတွေက ထိုပတ်ဝန်းကျင်၌ ကျယ်လောင်စွာ ထွက်သွားလေသည်။
" မေမေ မေမေ တခေတ်တို့ ခေါ်နေတယ်လေ. "
" မေမေ မေမေရေ... "
လဲကျသွားတဲ့ မေမေ က သတိပြန်လည်လာချင်းမရှိတာမို့... တခေတ်တို့ သုံးယောက်လုံးမှာ အထိတ်တလန့်တွေ ဖြစ်ကုန်တော့သည်။
ထိုအချိန်မှာပဲ...
သူများ မိသားစုကိစ္စမို့...
တစ်ချိန်လုံး ကားပေါ်မှာပဲ ရှိနေတဲ့ ရှိန်းမာန်ဆက်
သည်... တခေတ်တို့အနားကို လျင်မြန်စွာ ရောက်လာလေသည်။
" ငါ အဒေါ်ကို ဆေးခန်းပြဖို့ ကားဆီပွေ့ခေါ်သွားလိုက်မယ်။နင်က အငယ်လေးတွေနဲ့ ယူစရာရှိတာယူပြီး... ကားဆီ အမြန်လာခဲ့ ပေစောင် "
" အင်း "
တခေတ်ကိုယ်တိုင် ဘာလုပ်ကမှန်းမသိ ဖြစ်နေတာမို့... ဆက်, ပြောတဲ့ အတိုင်းသား လိုက်လုပ်လိုက်သည်။
တခေတ် ကလေးတွေ လက်ထဲက အထုပ်လေးနှစ်ထုပ်ကို ယူဆွဲပြီး... ဆက်, ကားဆီကို ခေါ်ခဲ့လိုက်သည်။
ဆက်,ရဲ့ ကား က အမိုးဖွင့် ပြိုင်ကားလေးမို့...
မောင်လေးကို ရှေ့မှာ ထိုင်ခိုင်းရသည်။သတိမေ့နေတဲ့ မေမေရယ် တခေတ်နှင့် အငယ်လေးက နောက်ခန်းမှာ ကပ်ကပ်သပ်သပ်နဲ့ ထိုင်ရသည်။
ဆက်,ကားပေါ် လူရောက်တာနဲ့ လှိုင်သာယာမှာရှိတဲ့ နီးစပ်ရာ ဆေးခန်းတစ်ခုဆီ မေးမြန်း၍ ကားကို အမြန် မောင်း၍ သွားလိုက်ရသည်။
တခေတ် မေမေ့ကို ရင်ခွင်မှာ ပွေ့ဖက်ထားရင်း
မေမေ ဘာမှမဖြစ်ဖို့ ဆုတောင်းနေမိသညိ။မေမေသာ တစ်ခုခုဖြစ်ရင် တခေတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတော့မှာ။
မနက်ဖြန် ခြယ်
#ကိုးအမရာမောင်
ရင္ခုန္ျခင္း၏ အဓိပၸါယ္
or
ဦးရဲ႕.... ခ်ာတိတ္
အခန္း (၇)
.
.
.
" ေ႐ႊတေခတ္! မင္း က ဘယ္လို မိန္းကေလး လဲ။ပိုက္ဆံနဲ႕စည္းစိမ္ဥစၥာကိုမတ္ေမာတာနဲ႕ ငါ့ကို အပိုင္ႀကံတယ္ ဟုတ္လား... "
တေခတ္ ဦးေလးႀကီး ကို ေၾကာက္ေပမယ့္... တေခတ္ ကိုယ္တိုင္ကထားတဲ့ ဇာတ္မို႔ အဆုံးထိဆက္ကမွ ရေတာ့မည္မို႔...
" ဦးေလးႀကီး ၾကားတဲ့အတိုင္း ပဲ "
တေခတ္ရဲ႕ ခပ္႐ြဲ႕႐ြဲ႕ အေျဖအဆုံးမွာေတာ့...
" ေ႐ႊတေခတ္! "
ေဒါသေၾကာင့္ ေအာ္ေျပာလိုက္တဲ့ ဦးေလးႀကီး အသံက အခန္းတစ္ခုလုံး ဟိန္းထြက္သြားခဲ့သည္။
" ဦးေန အရမ္းေဒါသမထြက္ပါနဲ႕။တေခတ္ က
သူ႕အေမမယားငယ္နဲ႕တူေတာ့... ပိုက္ဆံရွိတဲ့
ေယာာက္်ားေတြနဲ႕အတူအိပ္ၿပီး အပိုင္ႀကံရတာကို
သေဘာက်တယ္ေလ။အဲ့ဒါေၾကာင့္ ဦးေနကိုလည္း တေခတ္ က အပိုင္ႀကံလိုက္တာ။ဒါမဲ့ ဦးေန တေခတ္ ကို လက္ထပ္စရာမလိုပါဘူး။မိုးသား က ေဖေဖနဲ႕ေမေမ့ကို ေျပာျပၿပီး၊ေျဖရွင္းခိုင္းလိုက္ပါမယ္ "
" မိုးသားျဖဴ မင္း ဒီအခန္းထဲကေန ခဏေလာက္ ထြက္သြားလိုက္စမ္း။ငါ ေ႐ႊတေခတ္နဲ႕ စကားေျပာမလို႔ "
ဦးေန၏ ခပ္မာမာ စကားသံေၾကာင့္...
မိုးသားသည္ ထိုေနရာကေန ထြက္မလာခ်င္ဘဲ
ထြက္လာခဲ့ရသည္။
ရင္ဘက္ထဲမွာေတာ့ တေခတ္ ကို အမႈန့္ႀကိတ္ပစ္ခ်င္ေနမိသည္။
တိုက္, မိုးသားျဖဴ ထြက္သြားတာနဲ႕ အခန္းတံခါးကို သြားပိတ္ၿပီး၊တံခါးေလာ့ကိုပါ ခ်ပစ္လိုက္သည္။အဲ့ေနာက္...
ညအိပ္ဝတ္စုံေလးႏွင့္ ခပ္ပြပြျဖစ္ေနတဲ့ ဆံပင္တိုေလးႏွင့္ ခ်ာတိတ္မေလးအေရွ႕ကို ျပန္သြားလိုက္သည္။
" ငါ မင္း ကို ဘာမွ အေထြးအထူး စကားေတြ မေျပာခ်င္ဘူး။ဒါမဲ့ ညက မင္း ကို တာဝန္ယူရေလာက္တဲ့အထိ ဘာတစ္ခုမွ မက်ဴးလြန္ခဲ့ဘူး။
ငါနဲ႕ မင္း ညက ဘာတစ္ခုမွ မျဖစ္ခဲ့တာကိုလည္း မင္း က ငါ့ထက္ ပိုသိမွာပါ။အဲ့ဒါေၾကာင့္ ငါ မင္း ကို လက္ထပ္မွာ မဟုတ္ဘူး။အဘိုး က မင္း ကို တာဝန္ယူဖို႔ ငါ့ကို ေျပာတယ္။ငါ အမွား မလုပ္ထားတဲ့ အရာအတြက္ ဘယ္သူ႕ရဲ႕ စကားကိုမွ
နားေထာင္မွာ မဟုတ္ဘူး။ၿပီးေတာ့... မင္း လို
ခပ္ဆိုးဆိုး ခ်ာတိတ္မေလး ဆို... ပိုလို႔ေတာင္မွ
ငါ့ဇနီးျဖစ္လာမွာ မဟုတ္ဘူး "
အဟင္း တေခတ္ က ဆိုးတယ္တဲ့လား...။
အင္းေပါ့... ဦးေလးႀကီး လို လူအတြက္ေတာ့
တေခတ္ က လူဆိုးမေလးေပါ့။
အစ္မမိုးသားျဖဴ လို မိန္းကေလးဆန္တဲ့ သူေတြမွ
ဦးေလးႀကီး က ဇနီးေလာင္းအျဖစ္ ေ႐ြးမွာေပါ့။
" မင္း ဘာေတြ ေတြးေနတာလဲ။ငါ ေျပာတာေတြ
ၾကားရဲ႕လား "
ၾကမ္းျပင္ကို စိုက္ၾကည့္ၿပီး ၿငိမ္သက္ေနတဲ့ ခ်ာတိတ္မေလးေၾကာင့္ တိုက္, ေဒါသထြက္ရ၏။
ဦးေလးႀကီး၏ ခပ္ဆပ္ဆပ္ စကားသံကို ၾကားမွပဲ တေခတ္ အေတြးေတြက ရပ္တန့္သြား၏။
" ၾကားတယ္ "
" ၾကားတယ္ဆိုရင္... ညက ဘာမွမျဖစ္ဆိုတာကို
အဘိုး ေျပာျပလိုက္၊ၿပီးရင္ လက္ထပ္ဖို႔လည္း မလိုတာကို မင္း ကိုယ္တိုင္ပဲ အဘိုး ကို ေျပာျပရမယ္ "
" တေခတ္ မေျပာနိုင္ဘူး "
" ေ႐ႊတေခတ္!! မင္း! "
တိုက္,လူဆိုမေလးေၾကာင့္ ေဒါသထြက္ရတာ ေခါင္းေတာင္ ကိုက္ခ်င္သည္။စကားေတာင္
ဆက္မေျပာနိုင္လို႔... နထင္ႏွစ္ဖက္ကို လက္မႏွင့္လက္ညိုးခြေထာက္ၿပီးေတာ့ကို ဖ်စ္ရေတာ့သည္။
အခုခ်ိန္မွာ တေခတ္ ဦးေလးႀကီး ကို လိုအပ္ေနသည္။ဘာလို႔ လိုအပ္ေနတာလဲဆိုရင္ မိုးသားျဖဴ ကို အနိုင္ရခ်င္တာေၾကာင့္ပင္။ၿပီးေတာ့...
တေခတ္ကိုယ္တိုင္လည္း ဦးေလးႀကီး ကို သေဘာက်ေနမိၿပီ ထင္ပါတယ္။မေသခ်ာေသးေပမဲ့ေပါ့။ဦးေလးႀကီးႏွင့္ အနီးကပ္ရွိေနတဲ့ အခ်ိန္မ်ိဳးမွာ တေခတ္ ရင္ဘက္ထဲက တဒုန္းဒုန္းနဲ႕ ႏွလုံးသားက ခုန္လာသည္။အခုလည္း တဒုန္းဒုန္းနဲ႕ ခုန္ေနဆဲပင္။
တေခတ္ႏွင့္ ဦးေလးႀကီး၏ အေျခအေနက ကြာျခားတာကို သိပါသည္။ဒါေၾကာင့္ တေခတ္
ဦးေလးႀကီးက ကို ခ်စ္ေနတာ ေသခ်ာရင္ေတာင္ အခ်စ္ကို ဖုံးကြယ္ထားမွာပါ။တစ္ခုေလးပါပဲ...
အဲ့ဒါက ေမေမ့ကို မယားငယ္လို႔ေျပာၿပီး...
တေခတ္ ကို မယားငယ္သမီးလို႔ အၿမဲနိမ္ထားတဲ့
အစ္မမိုးသားျဖဴတို႔သားမိကို အနိုင္ယူျပခ်င္သည္။အဲ့ဒါေၾကာင့္ တေခတ္ ဦးေလးႀကီး ေျပာတာကို လက္ခံ နားေထာင္မည္ မဟုတ္ေပ။
" ဦးေလးႀကီး က တေခတ္ ကို မလိုအပ္ေပမဲ့...
တေခတ္ က ဦးေလးႀကီး ကို လိုအပ္တယ္။အဲ့ဒါေၾကာင့္ တေခတ္ အမွန္တရားကို ေဖာ္ထုတ္မျပနိုင္ပါဘူး။အဲ့လို လုပ္လို႔ ဦးေလးႀကီး တေခတ္ ကို
မုန္းလည္း ရပါတယ္။တေခတ္ ဦးေလးႀကီး မုန္းတာကို ခံပါ့မယ္ "
တေခတ္ ေျပာၿပီးတာနဲ႕ ဦးေလးႀကီးေရွ႕ကေန
အခန္းအျပင္ကို ျမန္ျမန္ ထြက္လာခဲ့လိုက္သည္။
" ဒုန္း! ဟာကြာ... "
ၾကားရတဲ့ စကားေတြေၾကာင့္ တိုက္,မွာ ေျပာစရာ
စကားမရွိေတာ့ေလာက္ေအာင္ ဆြံ႕အသြားမိတယ္။အဲ့အခ်ိန္မွာပဲ ခ်ာတိတ္မေလး က ေရွ႕ကေန လ်င္ျမန္စြာ ထြက္သြားေလသည္။
ခပ္ငယ္ငယ္ ခ်ာတိတ္မေလး၏ လိုသလို အသုံးခ်ခံေနရတဲ့ အျဖစ္ေၾကာင့္... တိုက္,သည္
နံရံကို လက္သီးနဲ႕ ထိုးမိသည္အထိ စိတ္အလြန္
တိုသြားရသည္။ကိုယ္တြဲဖူးတဲ့ မိန္းကေလးေတြထဲမွာလဲ ခ်ာတိတ္မေလးေလာက္ ဗ႐ုတ္က်တဲ့ မိန္းကေလးမ်ိဳး မေတြ႕ဖူးခဲ့။
အဲ့ဒီေနာက္မွာေတာ့ ေျခလွမ္းက်ဲေတြႏွင့္ အခန္းအျပင္ ကို တိုက္, ထြက္လာခဲ့လိုက္သည္။
" ေ႐ႊတေခတ္ ေ႐ႊတေခတ္ ဘယ္မွာလဲ။ငါ့ေရွ႕ကို
လာခဲ့စမ္း! "
" တေခတ္ေလး က အခုေလးပဲ အျပင္ထြက္သြားတယ္ တူႀကီးတိုက္ "
ခ်ာတိတ္မေလးကို တိုက္, ေအာ္ေခၚေတာ့...
ေဒၚတင္ က ေ႐ႊတေခတ္ အျပင္သြားေၾကာင္းကို ေျပာျပသည္။
" အျပင္ကို ေတာက္! "
အဘိုး ကို ရွင္းျပခိုင္းတာကို... မရွင္းျပဘဲ အျပင္ကို ထြက္သြားတဲ့ ခ်ာတိတ္မေလးကို အနီးသာရွိရင္ ကိုင္ေဆာင့္ပစ္မိမည္။
သြားပါေစ။ျပန္လာမွ လမ္းသလားတဲ့ ေျခေထာက္ေတြကို ရိုက္ခ်ိဳးပစ္အုံးမယ္။
အကြယ္တစ္ေနရာကေန ထိုျမင္ကြင္းကို ၾကည့္ေနတဲ့ မိုးသားျဖဴသည္လည္း မိဘေတြဆီ ဖုန္းဆက္ကာ... ေ႐ႊတေခတ္ ေမႊထားတဲ့ ကိစၥေတြကို ပုံႀကီးခ်ဲ့၍ ေျပာၿပီး... အားခ်င္း ရန္ကုန္ကို လိုက္လာဖို႔ ေျပာလိုက္သည္။
.
.
" ေဟ့... ဘယ္သြားမွာလဲ။မ်က္ႏွာေရာ သစ္လာရဲ႕လား... ေဒၚေပေစာင္ "
တေခတ္ ၿခံျပင္ထြက္လာတာနဲ႕ ရွိန္းမာန္ဆက္ က
ကားႏွင့္ ၿခံေရွ႕မွာ ရွိေနသည္။
နဂိုကတည္းက စိတ္မၾကည္သူမို႔...
ေဒၚေပေစာင္ လို႔ ထပ္အေခၚခံရေတာ့... တေခတ္
မ်က္ႏွာေလးက ဆူပုတ္သြားေတာ့သည္။
" ငါ့ နာမည္ နင့္ကို ေျပာထားတယ္မလား... "
" အဟင္း... နင္ မႀကိဳက္ရင္ ငါ မေခၚေတာ့ပါဘူး။
ဘယ္သြားမွာလဲ... ကားေပၚတက္ေလ။ငါ လိုက္ပိုေပးမယ္ "
တေခတ္ စိတ္ေတြရႈပ္ေနတာေၾကာင့္ေရာ...
ဘယ္ကိုသြားရမွန္း မသိတာေရာ... လက္ထဲမွာ
ပိုက္ဆံလည္း ပါမလာတာေၾကာင့္ ရွိန္းမာန္ဆက္ ကားေပၚကို တက္လိုက္သည္။
" ဘယ္ပို႔ေပးရမလဲ... "
" နင္ သြားခ်င္တဲ့ ေနရာသာ သြား။ငါ စိတ္ရႈပ္ေနတယ္ "
" အိုေက... ငါ ထိုင္ေနက် ေကာ္ဖီဆိုင္ သြားရေအာင္။နင္ ထြက္အလာကို ေစာင့္ေနရတာ၊အခုထိ ငါ့မွာ ဘာမွမစားရေသးဘူး "
" ငါ ထြက္အလာကို အေစာႀကီးကတည္းက ေစာင့္ေနရေအာင္၊ နင္ ငါ့ကို ႀကိဳက္ေနတာလား... ရွိန္းမာန္ဆက္ "
" အင္း... ဟုတ္တယ္။နင့္ကို စေတြ႕ကတည္းပဲ "
ရွိန္းမာန္ဆက္သည္ ပြင့္လင္းတဲ့ သူ႕ဗီဇအတိုင္း
ေ႐ႊတေခတ္ ကို သေဘာက်ေနေၾကာင္း... အမွန္တိုင္း ေျပာလိုက္သည္။
" ငါ့ကို ႀကိဳက္ေနတဲ့ နင့္ စိတ္ကို ႐ုတ္သိမ္းလိုက္ပါ။ငါက နင္ထင္သလို လူလြတ္မဟုတ္ဘူး "
" နင္ ဘာကိုေျပာခ်င္တာလဲ... စကားကို ရွင္းေအာင္ ေျပာပါလား... "
" ငါ အခုေနေနတဲ့ အိမ္က ဦးေနတိမ္တိုက္နဲ႕ ငါက
လက္ထပ္ရေတာ့မွာ။အဲ့ဒါေၾကာင့္ ငါ့အေပၚရွိေနတဲ့ နင့္စိတ္ကို ႐ုတ္သိမ္းလိုက္ပါ။မဟုတ္ရင္ နင္ပဲ
နာက်င္ရမွာ "
ဦးေလးႀကီးႏွင့္ လက္ထပ္ရမယ္၊လက္မထပ္ရဘူးဆိုတာက မေသခ်ာေသးေပမယ့္... တျခား
ေယာက်္ားေလးေတြနဲ႕ ခ်စ္သူ၊ရည္းစားလုပ္ဖို႔
အေတြးမရွိတာမို႔... ဦးေလးႀကီး ကို အေၾကာင္းျပၿပီး ရွိန္းမာန္ဆက္ ကို ေရွ႕မဆက္နိုင္ေအာင္ လမ္းကို ႀကိဳပိတ္ထားလိုက္သည္။အဲ့ဒါမွ မလိုလားတာေတြ ျဖစ္မလာမွာေလ။
" အဟင္း... "
စေတာင္မစရေသးတဲ့ အခ်စ္က ျငင္းပယ္ခံရေတာ့... ရွိန္းမာန္ဆက္ နည္းနည္းေတာ့ ခံရခက္သည္ေပါ့။အျငင္းခံရေတာ့လည္း ဆက္ အၿပဳံးမပ်က္ပါဘူး။ဘာလို႔ဆိုေတာ့ ေ႐ႊတေခတ္ ကို အတည္တြဲဖို႔ ရည္႐ြယ္ခဲ့တာမွ မဟုတ္တာကိုး။
" သူငယ္ခ်င္းေတာ့ ျဖစ္ခြင့္ရွိတယ္မလား... "
" သူငယ္ခ်င္းလား... အင္း ရတာေပါ့ "
ရန္ကုန္မွာ ေနရင္ တေခတ္အတြက္ သူငယ္ခ်င္း လိုတာေရာ... ရွိန္းမာန္ဆက္ က ပြင့္လင္းၿပီး ေပါင္းသင္းရတာ ေကာင္းမည့္ပုံမို႔... သူငယ္ခ်င္းျဖစ္ဖို႔ သေဘာတူလိုက္သည္။
" ေက်းဇူးပဲ... ငါ့ကို အဆုံးထိ သူစိမ္းတစ္ေယာက္ လို ဆက္ဆံမေပးလို႔...။ၿပီးေတာ့ ငါ့မွာလည္း
လက္ထပ္ရမယ့္ သူ ရွိပါတယ္ "
တေခတ္ ၾကားရတဲ့ စကားေၾကာင့္ ေဘးက ေကာင္စုတ္ဆီကို အၾကည့္စူးစူးေလးေတြႏွင့္
လွည့္ၾကည့္ကာ...
" ခ်စ္သူရွိရဲ႕သားနဲ႕ နင္က ငါ့ကို ကစားဖို႔ လုပ္တာလား... ရွိန္းမာန္ဆက္. "
ဆက္ သူမ၏ ေဒါသစကားမ်ားေၾကာင့္ ၿပဳံးမိပါ၏။
" အဲ့အတြက္ စိတ္ဆိုးသြားရင္ ငါက နင္ ေက်နပ္တဲ့ အထိ ေတာင္းပန္ပါ့မယ္။တကယ္ေတာ့ ငါ့မွာ အသက္ရႉက်ပ္ေလာက္ေအာင္ ေခါင္းရႉပ္ေနရတဲ့ ကိစၥႀကီးတစ္ခု ရွိေနလို႔ပါ "
" ငါ့ကို ကစားဖို႔ အထိ စိတ္ကူးရေအာင္... နင္ ေခါင္းရႈပ္ရတဲ့ ကိစၥက ဘာကိစၥမို႔လို႔လဲ... "
" ငါ လက္ထပ္ရမယ့္ မိန္းကေလးက ငါ့ထက္ အသက္ႀကီးတယ္။ၿပီးေတာ့.. ဒယ္ဒီ့ကို အပိုင္ကပ္ၿပီး ခ်ဴစားေနတာ။ငါ့ကိုလည္း အလြတ္ေပးခ်င္ပုံမရဘူး။ဒယ္ဒီ့ ကို ဘယ္လိုေတြ စည္း႐ုံးထားတယ္မသိဘူး။ငါ့ကို ဒယ္ဒီ က အဲ့မိန္းမက ေလးနဲ႕ လက္ထပ္ဖို႔ ေျပာလာတယ္။အဲ့မိန္းကေလ းကို လက္မထပ္ရင္ ဘာအေမြမွ မရဘူးတဲ့ေလ။အဲ့ေတာ့ ငါကလည္း အဲ့မိန္းကေလးနဲ႕ ယူရမယ္ဆိုရင္ သားဆိုး၊သားမိုက္ပဲ လုပ္ေတာ့မယ္လို႔ ေျပာလိုက္တယ္။အဲ့ေန႕ကစၿပီး ငါလည္း ဒယ္ဒီနဲ႕ စကားေကာင္းေကာင္း မေျပာျဖစ္ေတာ့ဘူး။မိုးလင္းတာနဲ႕ အိမ္ကေန အျပင္ထြက္ေနတာ "
" အဲ့မိန္းမကေလး နင့္ဒယ္ဒီ ကို ခ်ဴစားေနတယိဆိုတာ ေသခ်ာလို႔လား... "
" ဆိုင္ထဲ အရင္ဝင္ရေအာင္။ငါ နင့္ကို ရင္ဖြင့္ခ်င္တယ္။ငါ့မွာ ရင္ဖြင့္စရာ မရွိလို႔ပါ "
မ်က္ႏွာျမင္ကတည္း ခင္မင္ခ်င္မိတဲ့ စိတ္ေတြျဖစ္ေပၚလာရသည့္ ဒီေကာင္မေလးကို ဆက္ ရင္ထဲမွာ ၿမိဳသိပ္ထားရတဲ့ စကားေတြကို ထုတ္ေျပာျပခ်င္မိသည္။ရင္ဖြင့္ခ်င္တယ္ဆိုရင္ ပိုၿပီး မွန္လိမ့္မည္။
ရွိန္းမာန္ဆက္သည္ စကားေျပာရင္းနဲ႕ ကားကို ေကာ္ဖီဆိုင္ ေရွ႕မွာ ပါကင္ထိုး၍ ရပ္လိုက္သည္။
အခုမွ ခင္မင္မူ႕စတင္တဲ့ တေခတ္ ကို ရင္ဖြင့္ခ်င္သည္ ဟု ေျပာလာသည့္... ရွိန္းမာန္ဆက္၏ မ်က္ႏွာသည္ ေတာ္ေတာ္ေလး မေကာင္းျဖစ္ေနတာမို႔... တေခတ္ ကိုယ့္ကို ကိစၥကို ေမ့ထားၿပီး...
ရွိန္းမာန္ဆက္ ရင္ဖြင့္တာကို နားေထာင္ေပးဖို႔
ဆုံးျဖတ္လိုက္သည္။
ကားရပ္ၿပီး ေနာက္မွာေတာ့... ႏွစ္ေယာက္အတူ ေကာ္ဖီဆိုင္ထဲဝင္လာခဲ့သည္။
ဆိုင္ထဲ ထိုင္ၿပီးတာနဲ႕ စားမယ့္၊ေသာက္မယ့္ ဟာေတြ ကို အရင္မွာၾကသည္။ၿပီးမွ ကားေပၚမွာ ေျပာတဲ့ စကားကို ျပန္ဆက္ၾကသည္။
" ငါ ဒယ္ဒီနဲ႕ အဲ့မိန္းမ ကို ေစာင့္ၾကည့္ေနတာ
ၾကာၿပီ။ငါ ပထမႏွစ္စတက္တဲ့ ပထမႏွစ္ရဲ႕ ပထမလမွာပဲ မာမီက ဆုံးတယ္။မႏွစ္ကေပါ့။မာမီဆုံးၿပီး ႏွစ္လအၾကာမွာပဲ ဒယ္ဒီ က အလုပ္ကိစၥဆိုၿပီး.. စကၠထရီျဖစ္တဲ့ အဲ့မိန္းမကိုေခၚၿပီး ဘန္ေကာက္က္ို သြားတယ္။အဲ့မွာ ေနတာ ႏွစ္လေလာက္ ၾကာတယ္။ငါ စုံစမ္းရသေလာက္ေတာ့ ဘန္ေကာက္မွာ ဒယ္ဒီ ရွယ္ယာဝင္ထားတာေတြေတာ့ရွိတယ္။ဒါမဲ့ အဲ့ေလာက္ အၾကာႀကီး သြားေနရေလာက္တဲ့ အထိ မလိုအပ္ဘူး "
ရွိန္းမာန္ဆက္ က စကားေျပာတာရပ္ၿပီး...
မွာထားလို႔ လာခ်ေပးတဲ့ ဘလက္ေကာ္ဖီကို
တစ္ခ်ိဳက္ ေသာက္သည္။ၿပိီးမွ စကားကို ဆက္သည္။
" ဘန္ေကာက္ကေနၿပီး ျပန္လာကတည္းက ဒယ္ဒီ က အဲ့မိန္းမ ကို အိမ္ေပၚေခၚတင္လာတယ္။ငါက ဘာေၾကာင့္ အဲ့မိန္းမ ကို အိမ္မွာေပးေနတာလဲလို႔ ေမးတယ္။လိုအပ္လို႔တဲ့။အခုေနာက္ပိုင္းဆို
ကုမၸဏီမွာ ဒယ္ဒီ့ထက္ အဲ့မိန္းမက ေနရာပိုယူေနတယ္။အခုတေလာဆို သတင္းေတာင္ ထြက္ေနတယ္။ကုမၸဏိီကေန ဒယ္ဒီ အနားယူတာနဲ႕ အဲ့မိန္းမ က ဒယ္ဒီ့ ေနရာကို ဆက္ဆံခံမယ္ဆိုၿပီးေတာ့ေပါ့။အိမ္မွာဆိုလည္း မာမီရွိကတည္း အလုပ္လုပ္ေနၾကတဲ့ ထမင္းခ်က္၊ၿခံေစာင့္၊ဒါရိုင္ဘာေတြကအစပါ အိမ္ရွင္တစ္ေယာက္လိုမ်ိဳး အဲ့မိန္းမကို ေျပာဆိုဆက္ဆံေနၾကတယ္။ငါလည္း ဒယ္ဒီနဲ႕အဲ့မိန္းမ ကို အ႐ြဲ႕တိုက္ေနတာနဲ႕ စာလည္း ေကာင္းေကာင္း မလုပ္ျဖစ္ေတာ့ မႏွစ္က ပထမႏွစ္က်တယ္။ဒီႏွစ္တက္လည္း ေလေနတဲ့ စိတ္ေၾကာင့္ ငါ က်အဳံးမွာပဲ။အိမ္မွာ အဲ့မိန္းမ မ်က္ႏွာကို ျမင္ရတာ... ငါ့အတြက္ ပူေလာင္လြန္းတယ္ "
ရွိန္းမာန္ဆက္ ေျပာတာေတြကို နားေထာင္ၿပီး...
တေခတ္ေတာင္ ပူေလာင္လာမိသည္။
" အခု နင္ ဘာဆက္လုပ္မယ္လို႔ ေတြးထားလဲ "
" ဒယ္ဒီ က အေမြျဖတ္မယ္လို႔ ေျပာတယ္။အဲ့မိန္းမကို မယူရင္။ငါ ေတြးထားတာက အရင္ဆုံး အဲ့မိန္းမဘက္ကေန ငါ့ကို လက္မထပ္ခ်င္ပါဘူးလို႔ ေျပာလာေအာင္... ရည္စားမ်ားမ်ားထားဖို႔ေတြးထားတယ္။ငါ့မွာ ခပ္ရႈပ္ရႈပ္ ဇယားေတြရွိလာရင္ အဲ့မိန္းမ လက္ထပ္ဖို႔ ကိစၥကို ျငင္းကိုျငင္းလာမွာ။ငါက အဲ့မိန္းမ ျငင္းတာနဲ႕ ေနာက္တစ္ဆင့္တက္မယ္။တေျဖးေျဖးခ်င္း အဲ့မိန္းမ ဒယ္ဒီ့အနားကေန ထြက္သြားေအာင္ လုပ္မယ္လို႔ ေတြးထားတယ္ "
" နင္ အကူညီလိုရင္ ေျပာေလ။ငါ ကူညီနိုင္တာရွိရင္ ကူညီမယ္ေလ "
" ငါ့ကို ကူညီဖို႔မေတြးဘဲ... နင္ လက္ထပ္ေတာ့မယ့္ ဘဲရီး ကို သာ ေသခ်ာထိန္းနိုင္ဖို႔ လုပ္စမ္းပါ
ဟာ... "
" ငါ က ဘာကို ထိန္းရမွာလဲ... "
" ဘာကို ထိန္းရမွာလဲ ဟုတ္လား။နင္ ယူေတာ့မယ့္ ဦးေနတိမ္တိုက္ဆိုတဲ့ လူက Playboy အႀကီးစားႀကီးပဲ။အဲ့ဒါကို နင္ မသိေသးဘူးလား... "
" ဘာ! palyboy ဟုတ္လား... "
တေခတ္ ရွိန္းမာန္ဆက္ စကားေၾကာင့္ အလန့္တၾကား ျဖစ္သြားရသည္။ ဘာလို႔ဆို ဦးေလးႀကီး ကို
တေခတ္ က အေနေအးတယ္ လို႔ ထင္ထားတာေလ။
" ဟုတ္တယ္။ သူ႕အဘိုး မိတ္ဆက္ေပးတဲ့ မိန္းကေလးေတြကိုလဲ သူ႕အႀကိဳက္ မဟုတ္ဘူးဆိုၿပီး ျငင္းထုတ္ပစ္တာ ခဏခဏပဲ။မင္းသမီေတြ၊ေမာ္ဒယ္ေတြအျပင္၊စီးပြားေရးနယ္ပယ္ထဲက မိန္းကေလးေတြနဲ႕လည္း တြဲတာပဲ။တစ္ေယာက္နဲ႕မွ အတည္တက် မရွိဘူး။သူတြဲ ႏွစ္လ၊သုံးလေလာက္အထိ မပိုဘူး။တြဲတဲ့ မိန္းကေလးေတြကလည္း နယ္နယ္ရရေတြ မဟုတ္ဘူး။ဒါမဲ့ အခုတေလာေတာ့ ဘယ္သူနဲ႕မွ မတြဲဘဲ ၿငိမ္ေနတယ္။နင္နဲ႕ လက္ထပ္ေတာ့မွာမို႔လို႔ ၿငိမ္သြားတာလည္း ျဖစ္ေလာက္တယ္ "
ဦးေလးႀကီး အေၾကာင္းေတြ ၾကားၿပီး... ဦးေလးႀကီးေၾကာင့္ ခုန္ရတဲ့ ႏွလုံးသားေလးက... ဦးေလးႀကီးေၾကာင့္ပဲ ငိုသြားရျပန္သည္။
စေတာင္ မစရေသးတဲ့ တစ္ဖက္သတ္ အခ်စ္က
တေခတ္ ကို ဝမ္းနည္းေႂကြျခင္းအား... စတင္ သင္ေပးေနၿပီေလ။
တေခတ္ စိတ္ထဲ ဝမ္းနည္းလာေတာ့...
စိတ္က ေမေမ့ဆီ သြားခ်င္လာသည္။
" ရွိန္းမာန္ဆက္ "
" ဆက္ လို႔ ပဲ ေခၚ။နာမည္အျပည့္ေခၚေနတာ ပါးစပ္ေညာင္းတယ္။ငါလည္း နားေထာင္ရတာရွည္တယ္ "
" အင္း။ ဆက္ နင္ ငါ့ကို တစ္ေနရာ လိုက္ပို႔ေပးလို႔ရလား...။ငါ အိမ္ကေန ဒီတိုင္းထြက္လာမိလို႔ ပိုက္ဆံလည္း မပါလာလို႔ေလ "
" ရတယ္ ေျပာ။နင္ ဘယ္သြားခ်င္လဲ။ငါတို႔ သူငယ္ခ်င္းျဖစ္တဲ့ အထိမ္းအမွတ္နဲ႕ ဒီေန႕တစ္ေနလုံး နင္လိုရာကို လိုက္ပို႔ေပးမယ္ "
" လွိုင္သာယာ မွာ ေနတဲ့ ငါ့ေမေမ့ အိမ္ကို ပါ "
" ရတာေပါ့။လိုက္ပို႔ေပးမယ္ေလ "
" ေက်းဇူး ပါ ဆက္ "
" မလိုပါဘူး ဟာ... အခု သြားေတာ့မလား... "
" အင္း "
" အိုေက... ကားဆီ သြားႏွင့္လိုက္။ငါ ပိုက္ဆံ ရွင္းၿပီး လာခဲ့မယ္ "
" အင္း "
ဆက္, ပိုက္ဆံရွင္းၿပီး ဆိုင္ထဲကေန ထြက္လာတာနဲ႕ ကားေပၚတက္ၾကသည္။ၿပီးတာနဲ႕ ေမေမရွိရာကို
ထြက္လာခဲ့ၾကသည္။
.
.
.
" အို... ဘယ္လိုမ်ား ျဖစ္ရတာလဲ... "
တေခတ္ ကားေပၚက ဆင္းတာနဲ႕ ျမင္ကြင္းက
ရင္ထဲကို ဆို႔နစ္ေစခဲ့သည္။
တဲသာသာ ေမေမ့ရဲ႕အိမ္ေလးက ရစရာမရွိေအာင္ ၿပိဳပ်က္ၿပီး... ေမေမႏွင့္ အငယ္ေလးႏွစ္ေယာက္က အထုပ္ေလးေတြပိုက္၍ ၿပိဳေနတဲ့
အိမ္ေလးကို ၾကည့္ေနၾကတာပဲ ျဖစ္သည္။
တေခတ္ ေမေမတို႔အနားကို အျမန္သြားလိုက္သည္။
" ေမေမ ဒါေတြက ဘယ္လိုျဖစ္တာ... "
" ေျဖာင္း! ထြက္သြား! ေနာက္ထပ္ ငါတို႔ သားမိေတြဆီ ထပ္မလာခဲ့နဲ႕။ေကာင္းေကာင္းမြန္မြန္နဲ႕ ေနရေအာင္လို႔ လုပ္ေပးထားတာေတာင္၊နင္က ငါတို႔ကို ဒုကၡလာေပးေနတယ္ "
ေျဖာင္းခနဲျမည္သြားေစတဲ့ လက္ဝါးရိုက္ခ်က္ႏွင့္အတူ ယွဥ္တြဲ၍ ထြက္လာေသာ... မ်က္ရည္စမ်ားႏွင့္ ေမေမ့ႏူတ္ဖ်ားမွ စကားေတြက....
တေခတ္ ရင္ဘက္တစ္ခုလုံး ေအာင့္မ်က္သြားရသည္။
" တေခတ္ ကို ဘာလို႔ရိုက္ရတာလဲ... မဟုတ္ဘူး၊
ေမေမတို႔ အိမ္ေလးက ဘာလို႔ ၿပိဳပ်က္ေနရတာလဲ။ေမေမတို႔က ဘာလို႔ လမ္းေဘးမွာ ဒီလိုအထုပ္ေတြနဲ႕ ရပ္ေနရတာလဲ "
တေခတ္ မ်က္ရည္ေတာင္မက်နိဳင္...
ေမေမ့ ကို ေမးမိသည္။
" အထုပ္ေတြနဲ႕ ဘာလို႔ ရပ္ေနတာလဲ ဟုတ္လား။နင္ေၾကာင့္ေလ နင့္ေၾကာင့္ "
" ေမေမ့! "
နင့္ေၾကာင့္ ဆိုတဲ့ ေမေမ့ရဲ႕စကားမ်ားေၾကာင့္...
တေခတ္ ေမေမ့ကို ေအာ္ေခၚမိသည္။အေၾကာင္းအရင္းကို ေသခ်ာမသိေပမဲ့... နင့္ေၾကာင့္လို႔ အေျပာခံရတာနဲ႕တင္ ရင္ဘက္ထဲမွာ နာက်င္ရ၏။
" ငါ့ကို ေအာ္မေခၚနဲ႕။နင္သာ ကိုယ့္အတြက္ မဟုတ္တဲ့ အရာကိုတက္မက္ၿပီး အရမယူရင္...
ငါတို႔သားမိေတြ လမ္းေဘးမေရာက္ဘူး။အိမ္ပိုင္ရာပိုင္ မရွိလို႔... က်ဴးဘဝနဲ႕ ေနေနရတဲ့.ငါတို႔ကို နင္က လမ္းေဘးေရာက္ေအာင္ လုပ္ပစ္တာ။နင္က နည္းနည္းေလးေတာင္ ခ်စ္ေပးဖို႔ မေကာင္းတဲ့ ကေလးပဲ "
" ေမေမ့ ဟင့္! "
ေမေမ့စကားေၾကာင့္ တေခတ္ ငိုမိေတာ့သည္။
" မေတာ္ဆအမွားေၾကာင့္ နင့္ကိုရခဲ့လို႔... ငါ့ဘဝက ကံဆိုးခဲ့တာေတာင္ နင့္ကို မမုန္းဘဲ... လူျဖစ္ေအာင္ ငါေမြးခဲ့တယ္။ဒါမယ့္ သူတို႔သမီး၊နင္ယွဥ္ၿပိဳင္ရမယ့္သူ မဟုတ္တဲ့ မိုးသားျဖဴရဲ႕ လူကိုမွ အရယူဖို႔လုပ္တဲ့ နင့္ရဲ႕ေလာဘစိတ္ေၾကာင့္... အဲ့လူရဲ႕မိန္းမက ေငြေပးၿပီး... ငါ့ရဲ႕အိမ္ကို လူမိုက္ငွားၿပီး ဖ်က္ဆီးခိုင္းတယ္။နင္သာ သူ႕သမီးနဲ႕ သူ႕သမီးရဲ႕လူၾကားကို ထပ္တိုးဝင္ရင္၊ငါတို႔ကဲ့အသက္ေတြကိုပါ အာမမခံဘူးလို႔... ဖုန္းနဲ႕ ၿခိမ္းေျခာက္သြားတယ္။ငါ့ကေလးငယ္ေတြရဲ႕ အသက္အတြက္ နင့္ ငါတို႔နဲ႕အေဝးဆုံးမွာ ေနပါ။နင့္ကို ေမြးခဲ့မိလို႔ ငါ ေနာင္တတစ္ခါမွ မရဖူးဘူး။ဒါေပမဲ့ ဒီေန႕ေတာ့... နင့္ကို ေမြးခဲ့မိတာ အတြက္
အရမ္းေနာင္တရတယ္။နင္ ငါတို႔သားမိေတြနားကေန သြားပါေတာ့ "
" တေခတ္ မသြားဘူး ေမေမ ဟင့္ "
" ေ႐ႊတေခတ္!!! ဘုန္း "
" ေမေမ ေမေမ ေမေမ "
ေမေမ က ေဒါသျဖင့္ တေခတ္ ကို ေအာ္ရင္းက
ေျမျပင္ေပၚကို လဲက်သြားတာမို႔... ေမေမ့ကိုေခၚတဲ့ တေခတ္ႏွင့္ အငယ္ေလးႏွစ္ေယာက္၏ အသံေတြက ထိုပတ္ဝန္းက်င္၌ က်ယ္ေလာင္စြာ ထြက္သြားေလသည္။
" ေမေမ ေမေမ တေခတ္တို႔ ေခၚေနတယ္ေလ. "
" ေမေမ ေမေမေရ... "
လဲက်သြားတဲ့ ေမေမ က သတိျပန္လည္လာခ်င္းမရွိတာမို႔... တေခတ္တို႔ သုံးေယာက္လုံးမွာ အထိတ္တလန့္ေတြ ျဖစ္ကုန္ေတာ့သည္။
ထိုအခ်ိန္မွာပဲ...
သူမ်ား မိသားစုကိစၥမို႔...
တစ္ခ်ိန္လုံး ကားေပၚမွာပဲ ရွိေနတဲ့ ရွိန္းမာန္ဆက္
သည္... တေခတ္တို႔အနားကို လ်င္ျမန္စြာ ေရာက္လာေလသည္။
" ငါ အေဒၚကို ေဆးခန္းျပဖို႔ ကားဆီေပြ႕ေခၚသြားလိုက္မယ္။နင္က အငယ္ေလးေတြနဲ႕ ယူစရာရွိတာယူၿပီး... ကားဆီ အျမန္လာခဲ့ ေပေစာင္ "
" အင္း "
တေခတ္ကိုယ္တိုင္ ဘာလုပ္ကမွန္းမသိ ျဖစ္ေနတာမို႔... ဆက္, ေျပာတဲ့ အတိုင္းသား လိုက္လုပ္လိုက္သည္။
တေခတ္ ကေလးေတြ လက္ထဲက အထုပ္ေလးႏွစ္ထုပ္ကို ယူဆြဲၿပီး... ဆက္, ကားဆီကို ေခၚခဲ့လိုက္သည္။
ဆက္,ရဲ႕ ကား က အမိုးဖြင့္ ၿပိဳင္ကားေလးမို႔...
ေမာင္ေလးကို ေရွ႕မွာ ထိုင္ခိုင္းရသည္။သတိေမ့ေနတဲ့ ေမေမရယ္ တေခတ္ႏွင့္ အငယ္ေလးက ေနာက္ခန္းမွာ ကပ္ကပ္သပ္သပ္နဲ႕ ထိုင္ရသည္။
ဆက္,ကားေပၚ လူေရာက္တာနဲ႕ လွိုင္သာယာမွာရွိတဲ့ နီးစပ္ရာ ေဆးခန္းတစ္ခုဆီ ေမးျမန္း၍ ကားကို အျမန္ ေမာင္း၍ သြားလိုက္ရသည္။
တေခတ္ ေမေမ့ကို ရင္ခြင္မွာ ေပြ႕ဖက္ထားရင္း
ေမေမ ဘာမွမျဖစ္ဖို႔ ဆုေတာင္းေနမိသညိ။ေမေမသာ တစ္ခုခုျဖစ္ရင္ တေခတ္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ေနမိေတာ့မွာ။
မနက္ျဖန္ ျခယ္
#ကိုးအမရာေမာင္