ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

996K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

177

2.9K 516 13
By Vanilla_IceCream61

ယွီဝမ်ထုန့်အဖေ၏ဦးလေးထံ သွားလည်ခြင်း
.......................................................

မြေခွေးဖြူလေး၏ တလက်လက်တောက်ပနေသော မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများ အပြည့်ပင်။ ဘာကြောင့် အိပ်ရာပေါ်သို့မတက်ရန် ရုတ်တရက်အတားခံလိုက်ရမှန်း သူနားမလည်နိုင်ပေ။ ဘာဖြစ်သွားသနည်း။

ယနေ့က ဗျာများ၍ ပင်ပန်းနွမ်းစရာနေ့ ဖြစ်ခဲ့သည်။ လင်းကျန်က ယွီဝမ်ထုန်ကိုပြောရမည့်ကိစ္စရှိမှန်း မရေမရာသတိရမိသော်လည်း မည်မျှကြိုးစားသည်ဖြစ်စေ မမှတ်မိပေ။ ခဏကြာသောအခါ သူအိပ်ပျော်သွားသည်။

သူ့ကိုအနှောင့်အယှက်မဖြစ်စေလိုသည့် ယွီဝမ်ထုန်က ဘေးတွင်အိပ်နေသည်။

*****

သူတို့နှစ်ယောက်လုံး အိပ်မောကျနေစဉ်တွင် ယွီဝမ်မိသားစုစံအိမ်၌မူ မီးအိမ်များတစ်ချိန်လုံးလင်းနေ၏။ ယနေ့ညတွင် နန်းတော်ထဲ၌ကျင်းပသော ကြိုဆိုပွဲ၌ သေလုနီးပါးဒေါသထွက်လာရသော ယွီဝမ်ကျီက သူ၏စာကြည့်ခန်းထဲမှ ပစ္စည်းတစ်ဝက်ကျော်ကို ပစ်ပေါက်ဖျက်ဆီးထားသည်။

ယွီဝမ်ဖုန်းက မျက်ခုံးကိုနှိပ်နယ်နေသည်။ လင်းကျန်သာ ကျေးဇူးရှင်ဆိုသည့်အချက်ကို ထုတ်ပြောလိုက်လျှင် သူတို့က ခုခံရမည့်အနေအထားသို့ ရောက်သွားမည်မှန်းသိ၍ လင်းကျန်အားပြဿနာမရှာရန် သူ့အဖေကို သတိပေးပြီးသားပင်။ ကံမကောင်းသည်မှာ သူ့အဖေထံသူပြောခဲ့သည့်စကားများက တစ်ဖက်နားမှဝင်ကာ တစ်ဖက်နားမှထွက်သွားသည်။ မည်သို့ပင်ဆိုစေ လင်းကျန်က ထင်ရသကဲ့သို့ မပျော့ညံ့ကြောင်း သူသိသွားလေပြီ။ ပွဲတွင် သူ့အဖေက အဖက်မလုပ်သော်လည်း လင်းကျန်က ချက်ချင်းတုန့်ပြန်ခဲ့သည်။ 'ထန်းယန်ကို အဖေ လူတွေလွှတ်လိုက်တဲ့ကိစ္စကြောင့် လင်းကျန်နဲ့ရန်သူဖြစ်ပြီးသားနေမယ်။' ယွီဝမ်ထုန်ကတွေးမိသည်။

ယွီဝမ်ဖုန်းက လင်းကျန်အား အနှောင့်အယှက်မပေးလိုခြင်းမှာ ယွီဝမ်ထုန်နှင့် ပြဿနာမတက်လိုသောကြောင့်ဖြစ်သည်။ သို့သော် လင်းကျန်က မကျေမနပ်ဖြစ်နေပြီးသားဆိုလျှင် မည်သို့ လုပ်မည်နည်း။ ထို့အပြင် လက်ရှိရှုထောင့်အရ သူ၏မိဘများက စိတ်ပြောင်းမည့်ပုံမပေါ်ချေ။ 'ငါဘာလုပ်သင့်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ကိုတော့ နားချရမယ်။ မနက်ဖြန်ကျရင် ယွီဝမ်ထုန်နဲ့လင်းကျန်က ဒီကိုလာတော့မယ်။ ကိစ္စတွေရှုပ်သွားအောင်လုပ်လို့ မဖြစ်ဘူး။"

"အဖေ..."

လက်ဖက်ရည်အိုးတစ်အိုးက ယွီဝမ်ဖုန်း၏ခြေရင်းထံ ခွမ်းခနဲ ပစ်ပေါက်ခံလိုက်ရသည်။ သူ၏စကားတစ်ခွန်းပင် မဆုံးခင်တွင် ဤပေါက်ခွဲသံက တားလိုက်သည်။

ဘုရင်ဟွေ့နှင့် ကိုယ်လုပ်တော်လျန်တို့နန်းဆောင်များထဲမှ အခြေအနေမှာလည်း အလားတူပင်။ မင်းသမီးကိုးအတွက် အပြစ်ဒဏ်မှာ လက်တွေ့အားဖြင့် မင်းသမီးဟူသည့်ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ခြင်းနှင့် တူညီသည်။ ယနေ့ညတွင် သူတို့အားလုံး အိပ်ရေးပျက်ခဲ့ကြ၏။

*****

နောက်တစ်နေ့ မနက်အစောပိုင်း၊ လင်းစံအိမ်တွင်...

ယွဲ့ချီတို့မှာ စောစီးစွာလေ့ကျင့်ရေးဆင်းနေသော အစောင့်နှစ်ဆယ့်လေးယောက်ကြောင့် အနည်းငယ်အံ့ဩသွားသည်။ ထို့အပြင် သူတို့က နှစ်အုပ်စုခွဲကာ လေ့ကျင့်နေသည်ကိုတွေ့၍ ပိုအံ့ဩသွားသည်။ "ဒါက ဘယ်လိုအစီအရင်မျိုးလဲ။" ယွဲ့ချီကမေးလိုက်သည်။

"စမ်းကြည့်ပါလား။" ယောင်ရိက အားပေးအားမြှောက်လုပ်လိုက်သည်။

မျက်စိလျင်သည့် ယွဲ့ချီက ဝမ်တရှန်တို့တည်ဆောက်ထားသောအစီအရင်မှာ အရန်သင့်ဖြစ်နေကြောင်းကို တစ်မိုင်အကွာကပင်ပြောနိုင်သည်။ သူက အစီအရင်ထဲမှ ဝမ်တရှန်တို့ထံ ကိုယ်ဖော့ဝင်သွားသည်။ ဝမ်တရှန်တို့က သူမြေကြီးပေါ်သို့ ခြေမချရသေးခင်မှာပင် မြန်မြန်တုန့်ပြန်၍ ဝိုင်းလိုက်သည်။

"အစ်၊ မင်းတို့တွေ တုန့်ပြန်တာ တော်တော်မြန်တာပဲ။" ယွဲ့ချီက အသိအမှတ်ပြုစွာ ဝေဖန်ပြီးနောက် သူ့မျက်ဝန်းထဲမှအကြည့်များ စူးရှသွားကာ အသိမပေးဘဲ တိုက်ကွက်တစ်ချက်ထုတ်လိုက်သည်။

သူ၏ထိုးနှက်ချက်က တန်ပြန်ရိုက်ချက်တစ်ခုဖြင့် ချော်ထွက်သွားပြီး မြည်သံကျယ်ကြီးထွက်လာသည်။ ယွဲ့ချီက ပြိုင်ဘက်၏ခွန်အားကို ခံစားမိကာ လန်းဆန်းသွားပြီး လှုပ်ရှားမှုနှုန်းကို ချက်ချင်းမြှင့်လိုက်သည်။ ဝမ်တရှန်တို့ ပျာယာခတ်သွားမည်ဟု သူထင်ထားသော်လည်း သူတို့၏လှုပ်ရှားမှုများမှာ တစ်စက်မှပင် မယိမ်းယိုင်သွားပေ။ သူတို့က အလွန်တည်ငြိမ်နေရုံသာမက သူတို့၏ ပြင်လွယ်ပြောင်းလွယ်သော အစီအရင်က ယွဲ့ချီထက် နှာတစ်ဖျားသာသွားသည်။

"ဟ၊ မဆိုးဘူး။ မင်းတို့လက်ချက်ကို သိတယ်နော်။" ယွဲ့ချီက လူဆယ့်နှစ်ယောက်ပါသော ပြင်လွယ်ပြောင်းလွယ်သည့်အစီအရင်ကို လေ့လာရင်း အကြည့်များလေးနက်လာသည်။

"ယွဲ့ချီက သူတို့ကိုပေါ့ပေါ့ပါးပါးတွေးပြီး မတန်တဆရှုံးသွားတယ်လေ။" ယောင်ရိက နှစ်ထောင်းအားရဖြစ်စွာ ဝေဖန်သည်။

ထို့နောက် သူကရှဲ့ရှီကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "မင်း ယန်လျှိုကျီတို့ကို ဘာလို့မလေ့ကျင့်ပေးသေးတာလဲ။"

ရှဲ့ရှီက စိတ်အေးလက်အေးရှိသောလေသံဖြင့် ဖြေသည်။ "အလျင်မလိုဘူးလေ။ ဒီပွဲပြီးတဲ့အထိ ကြည့်ချင်သေးတယ်။"

ယောင်ရိကပြောသည်။ "မင်း တုရှီးအာကို ဘယ်လိုလုပ်ကျောပြီး ထန်းယန်မှာထားခဲ့တာလဲ။"

ရှဲ့ရှီ၏အသံက အေးဆေးဖြစ်နေသေးသည်။ "ကျွန်တော် ပြောလို့မရဘူး။ ပြောလိုက်ရင် မှော်အစွမ်းပြယ်သွားမယ်။"

ယောင်ရိ၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ 'ဒီလူက ငါတို့အပေါ်မှာတောင် သုံးလို့ရအောင် အဲ့ဒါကိုလျှို့ဝှက်ထားတာလား။ တုရှီးအာက သနားစရာစရာပဲ။ သူက ငါတို့နဲ့အတူ မြို့တော်ဆီပြန်လာနိုင်တဲ့ဟာ၊ ရှဲ့ရှီကသူ့ကိုလှည့်စားပြီး ထန်းယန်မှာ လူသစ်တွေကို လေ့ကျင့်ပေးဖို့ ချန်ထားခဲ့တယ်။ စစ်သူကြီးကလည်း ဒါကိုသဘောတူလိုက်တာ အံ့ဩစရာကောင်းတယ်။'

*****

မိုင်ထောင်ချီအဝေးမှ ထန်းယန်ရှိလင်းစံအိမ်၏ အစောင့်ခြံဝန်းတွင် အသစ်ခန့်အပ်ထားခြင်းခံရသောအစောင့်များလည်း လေ့ကျင့်နေကြသည်။ သို့သော် သူတို့၏လေ့ကျင့်ရေးက ဝမ်တရှန်တို့နှင့်မတူဘဲ မြင်းထိုင်ဖြစ်နေသည်။

သူတို့က မြင်းထိုင်နည်းလေ့ကျင့်နေရသည်မှာ လဝက်နီးပါးရှိနေပြီပင်။

"အစောင့်တု၊ ကျွန်တော်တို့တွေ အစီအရင်စလေ့ကျင့်လို့ရပြီလား။ ကျွန်တော်တို့တွေ မြင်းထိုင်ကျင့်နေရတာ လဝက်လောက်ရှိပြီ။" အစောင့်အသစ်က နောက်ဆုံးတွင်မအောင့်အည်းနိုင်ဘဲ မေးမိသည်။

မြက်စကိုကိုက်ကာ ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်နေသည့် တုရှီးအာက ဘာမှပြန်မပြောဘဲ ထိုလူ၏ဒူးကိုကျောက်တုံးတစ်တုံးဖြင့် ပစ်လိုက်ရာ ဒုတ်ခနဲမြည်ကာ ထိုလူလဲကျသွားသည်။

"ကျောက်တုံးနဲ့အပစ်ခံရတာတောင် လဲမကျတော့ရင်ပေါ့။" တုရှီးအာက ပြန်ပြော၏။

အစောင့်အသစ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ 'အဲ့နေ့က ဘယ်နေ့လဲဟ။'

"မင်းတို့ရဲ့အခြေခံတွေက အမျိုးမျိုးဖြစ်နေတာတောင် အစီအရင် စသင်ချင်နေပြီလား။" ထို့နောက် တုရှီးအာက ဆက်ပြောသည်။ "ဒီထောင်ချောက်ဆင်သတ်ဖြတ်ခြင်း အစီအရင်ဆိုတာ ထိုးထွင်းသိမြင်နိုင်စွမ်းလိုတယ်။ မင်းတို့တွေက ထိုးထွင်းသိမြင်ဖို့ မပြောနဲ့ဦး၊ အတွေးများနေတာကိုတောင် မဖယ်ရှားနိုင်သေးဘူး။ မြင်းထိုင်ကျင့်ခိုင်းရုံနဲ့တင် သက်ညှာရာကျနေပြီ။ မင်းတို့တွေထပ်ပြီး အထွန့်တက်ရင် မွေးဖွားလာရတာကိုတောင် နောင်တရအောင် လုပ်ပစ်မယ်။"

အစောင့်အသစ်များအားလုံး ကြက်သီးထကာ တွေးမိကြသည်။ "ဒါကတင် ငါတို့မွေးဖွားလာရတာကို နောင်တရအောင်လုပ်ဖို့ လုံလောက်ပြီမဟုတ်လား။ မြင်းထိုင်ကျင့်ပြီးရင် လက်ဝှေ့ထိုးလေ့ကျင့်ရတယ်။ ပြီးရင် ခြေကန်နည်း၊ ဒါမှမဟုတ် ဟန်ချက်ထိန်းတာမျိုးကို လေ့ကျင့်ရမယ်။ ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတဲ့လူက စည်ပိုင်းကိုရွက်ပြီး နှစ်နာရီရပ်ရတယ်။' သူတို့မှာ မွေးဖွားလာရသည်ကို နောင်တရရုံမက ရူးလုနီးပါးပင်။

'ပိုပြီး ပြင်းထန်တာသာ လုပ်ရရင်...'

သူတို့ခမျာ ထိုသို့တွေးမိရုံနှင့် လန့်သွားကြ၏။

*****

မြို့တော်တွင် ရှဲ့ရှီက ယန်လျီုကျီတို့၏မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေသည်။ သူ၏မျက်ဝန်းများထဲတွင် အဓိပ္ပါယ်တစ်ခု ရှိနေ၏။ သူနှင့်အကြည့်ဆုံမိသူအားလုံး ကျောစိမ့်သွားကြသည်။

ယောင်ရိက သူ့ကိုတစ်ချက်ကြည့်ကာ တွေးမိသည်။ 'ဒီလူမှာ တစ်ခုခုမူမမှန်တာ ရှိနေတယ်။ သူ့မှာ အကြံအဖန်ရှိနေတာများလား။'

အစောင့်များက ဆူညံနေကြ၍ လင်းကျန်နိုးလာသည်။ အိပ်မက်ပင်မမက်ဘဲ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခဲ့ရခြင်းက သူ့ကိုအတော်လန်းဆန်းစေ၏။

အိပ်ရာနိုးနေပြီဖြစ်၍ ဆေးကြောကာ အဝတ်လဲပြီးသော ယွီဝမ်ထုန်က သူနိုးလာသည်ကိုတွေ့သောအခါ အနားသို့ရောက်လာကာ မေးသည်။ "မင်း နည်းနည်းလောက် ထပ်အိပ်ချင်သေးလား။"

လင်းကျန်က ထထိုင်ကာ ခေါင်းခါပြသည်။ "ဟင့်အင်း။ ကျွန်တော်ဒီနေ့ အိပ်တာများနေပြီ။"

'ငါတို့တွေ ဒီနေ့ ယွီဝမ်ထုန့်အဖေရဲ့ဦးလေးဆီသွားလည်ဖို့ စီစဉ်ထားတာမို့ နောက်ကျလို့မရဘူး။ အကြီးတစ်ယောက်ကို စောင့်ခိုင်းမိစေတာက ရိုင်းစိုင်းရာကျတယ်။' သူကတွေးသည်။

*****

လင်းစံအိမ်မှမြင်းရတားလုံးက စံအိမ်တစ်ခု၏ဝင်ပေါက်နားတွင် ဖြည်းဖြည်းချင်း ရပ်သွားသည်။ ယခင်နေ့တွင် ယွီဝမ်ထုန်က သူနှင့်လင်းကျန်တို့ ဤမနက်၌လာလည်မည်ဖြစ်ကြောင်း လူလွှတ်၍အကြောင်းကြားထားရာ လူအများအပြားက တံခါးနားတွင်စောင့်နေသည်။

အရှေ့ဆုံးမှအဖိုးက ယွီဝမ်ထုန်နှင့်တူသော်လည်း မထင်ရှားပေ။ သူကထိုနေရာတွင် ကျန်းမာသန်စွမ်းစွာ၊ လှိုက်လှဲပျူငှာစွာဖြင့် ခြေခိုင်ခိုင်ရပ်နေသည်။ အဖိုးအို၏အဝတ်များက တန်ဖိုးကြီးပုံပေါ်သော်လည်း အရောင်နှင့်ပုံစံမှာ မထင်ရှားလွန်းပေ။ သူ့အနောက်တွင်ရပ်နေသူများ၏ အဝတ်အစားများကလည်း ထင်းမနေရာ ယွီဝမ်ကျီတို့မိသားစုနှင့် ကွဲပြားကြောင်း သိသာသည်။

သဘောတရားမရ ယွီဝမ်ရော်မှာ ယွီဝမ်ထုန်၏အကြီးဖြစ်သဖြင့် လာကြိုရန်မလိုပေ။ သို့သော် ယွီဝမ်ရော်က မမောက်မာသူမှန်းသိသာသည်။ သူက ယွီဝမ်ထုန်နှင့်လင်းကျန်တို့ ရထားလုံးပေါ်မှဆင်းလာသည်ကို မြင်သောအခါ ပြုံး၍အနားသို့လျှောက်လာသည်။

ယွီဝမ်ထုန်နှင့်လင်းကျန်တို့က သူ့အနားသို့အမြန်လျှောက်သွားကြသည်။

"အဖိုး" ယွီဝမ်ထုန်က သူ့ကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည်က လင်းကျန်ပါ။ အရာရှိကြီးကို ဂါရဝပြုရလို့ ဂုဏ်ယူမိပါတယ်။" လင်းကျန်က အဖိုးအို၏ရှေ့တွင် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

ယွီဝမ်ရော်ကပြုံးကာ လင်းကျန်၏လက်မောင်းကိုကိုင်၍ ထူပေးပြီးပြောသည်။ "ထလို့ရပြီ၊ လူလေး။ ဒီလို အစဉ်အလာအရ လုပ်စရာမလိုပါဘူး။ အဖိုးကို ထုန်ခေါ်သလို အဖိုးလို့ပဲခေါ်ပါ။"

လင်းကျန်က မတ်တပ်ပြန်ထကာ ပါးရဲရဲဖြင့် မဝံ့မရဲပြောသည်။ "ဒါဆို ကျွန်တော် ကိန်းကြီးခန်းကြီးတွေ မလုပ်တော့ဘဲ အဖိုးပြောတဲ့အတိုင်းပဲ ခေါ်ပါ့မယ်။"

ယွီဝမ်ရော်က အသံအောင်အောင်ဖြင့် ဟက်ဟက်ပက်ပက် ရယ်၏။ ရယ်သံက အတော်ဝေးဝေးသို့ပင်ရောက်လောက်သည်။

ယွီဝမ်ထုန့်အဖေ၏ဦးလေးက အလွန်ကျန်းမာသန်စွမ်းသည်ဟုတွေးမိကာ လင်းကျန် အနည်းငယ်အံ့ဩသွားသည်။ 'ငါ့အဖိုးရဲ့ကျန်းမာရေးသာ ဒီအဖိုးလောက်သန်မာရင်တော့။"

"ဒီကိုလာ။ ငါ သူတို့နဲ့ မိတ်ဆက်ပေးမယ်။ ဒါက ငါ့ရဲ့အကြီးဆုံးသား ယွီဝမ်ချိ။ သူက ဝန်ထမ်းရေးရာဌာနမှာ အလုပ်လုပ်တယ်။ သူက ငါ့ရဲ့ဒုတိယသား ယွီဝမ်စီ။ သူက တော်ဝင်တက္ကသိုလ်မှာ အလုပ်သိပ်မများတဲ့ရာထူးကို ရထားတယ်။ သူက ငါ့ရဲ့ချွေးမအကြီး ဖန်းရှီ၊ သူက ငါ့ရဲ့ချွေးမအငယ် လျှိုရှီ။ ဒီကောင်လေး ယွီဝမ်ဟုန်၊ ယွီဝမ်ဟန်၊ ယွီဝမ်ချန်နဲ့ ယွီဝမ်ဂျင်တို့က မင်းနဲ့ရွယ်တူလောက်ပဲ။ မင်းတို့က ရွယ်တူဆိုတော့ အပြင်တူတူသွားသင့်တယ်။ ဒီနှစ်နှောင်းပိုင်းကျရင် ဂျင်က တော်ဝင်တက္ကသိုလ်မှာ စာသွားသင်တော့မှာ။ မင်းလဲ တော်ဝင်တက္ကသိုလ်မှာ တက်မယ်လို့ ငါကြားတယ်။ မင်းတို့နှစ်ယောက်က အဲ့ဒီမှာတစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလို့ရတယ်။"

လင်းကျန်က လက်သီးဆုပ်ရှေ့ထုတ်ကာ အသက်ပိုကြီးသူ တစ်ယောက်ချင်းစီကို လေးစားစွာ သတိဖြင့်နှုတ်ဆက်လိုက်သည်။ ယွီဝမ်ဟုန်တို့ကဲ့သို့ ရွယ်တူနှင့်မိတ်ဆက်သောအခါ အပြန်အလှန် လောကဝတ်ပြုကြသည်။

ယွီဝမ်ရော်တို့ မိသားစုဝက်များက အလွန်ဖော်ရွေသည်။ ရာထူးမြင့်အရာရှိများဖြစ်ကြသော ယွီဝမ်ချိနှင့်ယွီဝမ်စီတို့က ဗျူရိုကရက်မဆန်ဘဲ အလွန် ယဉ်ကျေးဖော်ရွေသည်။ ဖန်းရှီနှင့် လျီုရှီတို့မှာလည်း လူကောင်းများပင်။ ရွယ်တူများထဲတွင် ယွီဝမ်ဟုန်နှင့် ယွီဝမ်ဟန်က လင်းကျန်ထက် များစွာအသက်ကြီးပြီး ယွီဝမ်ချန်းက နှစ်နှစ်ပိုကြီးသည်။ သူတို့သုံးယောက်လုံးက လက်ထပ်ပြီးပြီပင်။ သူတို့၏ဇနီးများက နေ့လည်စာစီစဉ်နေရရာ လာမနှုတ်ဆက်ပေ။ လက်မထပ်ရသေးသူ ယွီဝမ်ဂျင်က သူနှင့်အသက်တူသည်။ ဤယောက်ျားလေး လေးယောက်အပြင် မိန်းကလေးမိသားစုဝင်များလည်းရှိပြီး ဆယ်နှစ်အရွယ် ယွီဝမ်ယန်မှလွဲ၍ အားလုံးလက်ထပ်ပြီးသားပင်။

လင်းကျန်အတွက် ဤလူများက ဖော်ရွေကာ ချဉ်းကပ်လွယ်ကြသည်။ ကဏ္ဍအချို့တွင် သူတို့က ယွီဝမ်ထုန်နှင့်အလားတူ တဲ့တိုးဆန်၍ ဖျတ်လတ်ကာ သပ်ရပ်သည်။ ဤလူများက ယွီဝမ်ထုန်၏တကယ့်မိသားစုဟု လင်းကျန်ခံစားရသည်။

"ဝမ်းကွဲက တစ်သက်လုံးလူပျိုကြီးပဲဖြစ်သွားမယ်လို့ ကျွန်တော်ထင်ထားတာ။ ဝမ်းကွဲလက်ထပ်ချင်တဲ့လူတစ်ယောက်ကို ရှာတွေ့တယ်ဆိုတာတော့ ကျွန်တော်အံ့ဩမိတယ်။" ယွီဝမ်ဂျင်က ယွီဝမ်ထုန်ကို ကျီစယ်၍ပြောသည်။

"ကျွန်တော်တို့ဦးလေးရဲ့အဖေက ကံကောင်းတာတွေအများကြီးကို စုဆောင်းခဲ့တာပဲ။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ဝမ်းကွဲက လူပျိုကြီးပဲဖြစ်မှာ။" ယွီဝမ်ဟုန်ကလည်း ဝေဖန်သည်။

"ညီလေးလင်း၊ သူ့ဆီမှာ ဘာကိုမြင်လို့ သဘောတူလိုက်တာလဲ။ မင်းသတိထားရမယ်နော်။ အရူးလုပ်မခံရစေနဲ့။" ယွီဝမ်ဟန်က ပို၍ပင်တည့်တိုးဆန်သည်။

သူတို့၏စကားများက လင်းကျန်ကို အနည်းငယ်အံ့ဩသွားစေသည်။ 'သူတို့တွေက အဲ့လောက်တောင် ရင်းနှီးကြတာလား။'

ယွီဝမ်ထုန်က လင်းကျန်၏ခါးကိုဖက်ကာ နှစ်ခွန်းသာပြောသည်။ "ထွက်သွား။"

ထွက်သွားဟု အပြောခံလိုက်ရသူ သုံးယောက်လုံးက ဂရုပင်မစိုက်ဘဲ ဝက်ဝက်ကွဲရယ်နေကြသည်။

သို့ရာတွင် လင်းကျန်က ယွီဝမ်ထုန်ကြောင့် ရှက်ကာ မြန်မြန်ရုန်းလိုက်သည်။ 'ဒီလူက ဘာတွေးနေတာလဲ။  ဒီမှာ အကြီးတွေလည်းရှိတယ်လေ။ ဒီလိုအပြုအမူက မတော်တရော်ဖြစ်နေတဲ့ပုံ ပေါက်တယ်။'

ယွီဝမ်ရော်တို့အားလုံးက ပျော်ရွှင်နေကြပုံပေါ်သည်။ သူတို့၏အကြည့်အရ ဤအငယ်များက တစ်ယောက်ကိုတစ်ယောက်စနောက်နေသည်ဟု သဘောထားကြပုံပေါ်ပြီး မကျေနပ်မှုမရှိပေ။

"ကောင်းပြီ၊ တော်ကြတော့။ မင်းတို့တွေ အိမ်ထဲမှာ ဆက်ပျော်လို့ရတယ်။ ရှောင်ကျန် နားပါစေဦ။ သူ့ကို မခြောက်လှန့်မိအောင် ဂရုစိုက်ကြ။ ထုန်ခမျာ သူနဲ့ကိုက်ညီတဲ့လူကို ရှာတွေ့ဖို့ တော်တော်အားစိုက်ထားရတာ။ မင်းတို့တွေ သူ့ကို ခြောက်လှန့်လွှတ်လိုက်ရင် မင်းတို့ဦးလေးရဲ့အဖေက အိပ်မက်ထဲမှာလာဆူလိမ့်မယ်။" ယွီဝမ်ရော်ကပြောသည်။

အငယ်များက အကြီးဖြစ်သူ၏စကားကိုကြားပြီးနောက် ထပ်၍အချိန်မဖြုန်းတော့ပေ။ သူတို့က လင်းကျန်ကို ဝန်းရံကာ အိမ်ထဲသို့ဝင်သွားသည်။ ယွီဝမ်ထုန်ကမူ ကိုယ်ပိုင်အရိပ်ဖြင့်သာ ချန်ထားခံရသည်။

ယွီဝမ်ထုန်က မြန်မြန်လျှောက်သွားပြီး လင်းကျန်ကို လူကြားထဲမှဆွဲထုတ်ကာ သူ့ဘေးတွင်ထား၍ တစ်ယောက်ချင်းစီကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျွတ်စ်၊ ဘာလုပ်တာလဲဟ။ ဘာလို့ ပိုင်ဆိုင်လိုစိတ် တအားပြင်းနေရတာလဲ။ ညီလေးလင်းကို မင်းအကြောင်း အတင်းပြောလိုက်မှာ ကြောက်နေတာလား။" ယွီဝမ်ဟန်က မေးသည်။

"ဟုတ်တယ်၊ ဝမ်းကွဲ။ အစ်ကို ကလေးအရွယ်တုန်းကလုပ်ခဲ့တဲ့ ရှက်စရာကိစ္စတွေကို အစ်ကိုလင်းဆီမပြောပါဘူး။" ယွီဝမ်ဂျင်ကပြောသည်။ သူက လအနည်းငယ်သာ ငယ်သော်လည်း လင်းကျန်ကို အစ်ကိုဟု သဘာဝကျကျ ခေါ်လိုက်ပြီး အပြင်လူကဲ့သို့လုံးဝသဘောမထားပေ။

ယွီဝမ်ထုန်က သူ့ခေါင်းကို ရိုက်လိုက်သည်။ "တော်စမ်း။ ငါငယ်ငယ်တုန်းက မင်းတောင်မမွေးသေးဘူး။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ယြီဝမ္ထုန့္အေဖ၏ဦးေလးထံ သြားလည္ျခင္း
.......................................................

ေျမေခြးျဖဴေလး၏ တလက္လက္ေတာက္ပေနေသာ မ်က္လုံးမ်ားထဲတြင္ ဇေဝဇဝါျဖစ္မႈမ်ား အျပည့္ပင္။ ဘာေၾကာင့္ အိပ္ရာေပၚသို႔မတက္ရန္ ႐ုတ္တရက္အတားခံလိုက္ရမွန္း သူနားမလည္နိုင္ေပ။ ဘာျဖစ္သြားသနည္း။

ယေန႕က ဗ်ာမ်ား၍ ပင္ပန္းႏြမ္းစရာေန႕ ျဖစ္ခဲ့သည္။ လင္းက်န္က ယြီဝမ္ထုန္ကိုေျပာရမည့္ကိစၥရွိမွန္း မေရမရာသတိရမိေသာ္လည္း မည္မွ်ႀကိဳးစားသည္ျဖစ္ေစ မမွတ္မိေပ။ ခဏၾကာေသာအခါ သူအိပ္ေပ်ာ္သြားသည္။

သူ႕ကိုအႏွောင့္အယွက္မျဖစ္ေစလိုသည့္ ယြီဝမ္ထုန္က ေဘးတြင္အိပ္ေနသည္။

*****

သူတို႔ႏွစ္ေယာက္လုံး အိပ္ေမာက်ေနစဥ္တြင္ ယြီဝမ္မိသားစုစံအိမ္၌မူ မီးအိမ္မ်ားတစ္ခ်ိန္လုံးလင္းေန၏။ ယေန႕ညတြင္ နန္းေတာ္ထဲ၌က်င္းပေသာ ႀကိဳဆိုပြဲ၌ ေသလုနီးပါးေဒါသထြက္လာရေသာ ယြီဝမ္က်ီက သူ၏စာၾကည့္ခန္းထဲမွ ပစၥည္းတစ္ဝက္ေက်ာ္ကို ပစ္ေပါက္ဖ်က္ဆီးထားသည္။

ယြီဝမ္ဖုန္းက မ်က္ခုံးကိုႏွိပ္နယ္ေနသည္။ လင္းက်န္သာ ေက်းဇူးရွင္ဆိုသည့္အခ်က္ကို ထုတ္ေျပာလိုက္လွ်င္ သူတို႔က ခုခံရမည့္အေနအထားသို႔ ေရာက္သြားမည္မွန္းသိ၍ လင္းက်န္အားျပႆနာမရွာရန္ သူ႕အေဖကို သတိေပးၿပီးသားပင္။ ကံမေကာင္းသည္မွာ သူ႕အေဖထံသူေျပာခဲ့သည့္စကားမ်ားက တစ္ဖက္နားမွဝင္ကာ တစ္ဖက္နားမွထြက္သြားသည္။ မည္သို႔ပင္ဆိုေစ လင္းက်န္က ထင္ရသကဲ့သို႔ မေပ်ာ့ညံ့ေၾကာင္း သူသိသြားေလၿပီ။ ပြဲတြင္ သူ႕အေဖက အဖက္မလုပ္ေသာ္လည္း လင္းက်န္က ခ်က္ခ်င္းတုန့္ျပန္ခဲ့သည္။ 'ထန္းယန္ကို အေဖ လူေတြလႊတ္လိုက္တဲ့ကိစၥေၾကာင့္ လင္းက်န္နဲ႕ရန္သူျဖစ္ၿပီးသားေနမယ္။' ယြီဝမ္ထုန္ကေတြးမိသည္။

ယြီဝမ္ဖုန္းက လင္းက်န္အား အႏွောင့္အယွက္မေပးလိုျခင္းမွာ ယြီဝမ္ထုန္ႏွင့္ ျပႆနာမတက္လိုေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ လင္းက်န္က မေက်မနပ္ျဖစ္ေနၿပီးသားဆိုလွ်င္ မည္သို႔ လုပ္မည္နည္း။ ထို႔အျပင္ လက္ရွိရႈေထာင့္အရ သူ၏မိဘမ်ားက စိတ္ေျပာင္းမည့္ပုံမေပၚေခ်။ 'ငါဘာလုပ္သင့္လဲ။ ဘယ္လိုပဲျဖစ္ျဖစ္ အေဖ့ကိုေတာ့ နားခ်ရမယ္။ မနက္ျဖန္က်ရင္ ယြီဝမ္ထုန္နဲ႕လင္းက်န္က ဒီကိုလာေတာ့မယ္။ ကိစၥေတြရႈပ္သြားေအာင္လုပ္လို႔ မျဖစ္ဘူး။"

"အေဖ..."

လက္ဖက္ရည္အိုးတစ္အိုးက ယြီဝမ္ဖုန္း၏ေျခရင္းထံ ခြမ္းခနဲ ပစ္ေပါက္ခံလိုက္ရသည္။ သူ၏စကားတစ္ခြန္းပင္ မဆုံးခင္တြင္ ဤေပါက္ခြဲသံက တားလိုက္သည္။

ဘုရင္ေဟြ႕ႏွင့္ ကိုယ္လုပ္ေတာ္လ်န္တို႔နန္းေဆာင္မ်ားထဲမွ အေျခအေနမွာလည္း အလားတူပင္။ မင္းသမီးကိုးအတြက္ အျပစ္ဒဏ္မွာ လက္ေတြ႕အားျဖင့္ မင္းသမီးဟူသည့္ဂုဏ္ပုဒ္ကို ဖယ္ရွားလိုက္ျခင္းႏွင့္ တူညီသည္။ ယေန႕ညတြင္ သူတို႔အားလုံး အိပ္ေရးပ်က္ခဲ့ၾက၏။

*****

ေနာက္တစ္ေန႕ မနက္အေစာပိုင္း၊ လင္းစံအိမ္တြင္...

ယြဲ႕ခ်ီတို႔မွာ ေစာစီးစြာေလ့က်င့္ေရးဆင္းေနေသာ အေစာင့္ႏွစ္ဆယ့္ေလးေယာက္ေၾကာင့္ အနည္းငယ္အံ့ဩသြားသည္။ ထို႔အျပင္ သူတို႔က ႏွစ္အုပ္စုခြဲကာ ေလ့က်င့္ေနသည္ကိုေတြ႕၍ ပိုအံ့ဩသြားသည္။ "ဒါက ဘယ္လိုအစီအရင္မ်ိဳးလဲ။" ယြဲ႕ခ်ီကေမးလိုက္သည္။

"စမ္းၾကည့္ပါလား။" ေယာင္ရိက အားေပးအားျမႇောက္လုပ္လိုက္သည္။

မ်က္စိလ်င္သည့္ ယြဲ႕ခ်ီက ဝမ္တရွန္တို႔တည္ေဆာက္ထားေသာအစီအရင္မွာ အရန္သင့္ျဖစ္ေနေၾကာင္းကို တစ္မိုင္အကြာကပင္ေျပာနိုင္သည္။ သူက အစီအရင္ထဲမွ ဝမ္တရွန္တို႔ထံ ကိုယ္ေဖာ့ဝင္သြားသည္။ ဝမ္တရွန္တို႔က သူေျမႀကီးေပၚသို႔ ေျခမခ်ရေသးခင္မွာပင္ ျမန္ျမန္တုန့္ျပန္၍ ဝိုင္းလိုက္သည္။

"အစ္၊ မင္းတို႔ေတြ တုန့္ျပန္တာ ေတာ္ေတာ္ျမန္တာပဲ။" ယြဲ႕ခ်ီက အသိအမွတ္ျပဳစြာ ေဝဖန္ၿပီးေနာက္ သူ႕မ်က္ဝန္းထဲမွအၾကည့္မ်ား စူးရွသြားကာ အသိမေပးဘဲ တိုက္ကြက္တစ္ခ်က္ထုတ္လိုက္သည္။

သူ၏ထိုးႏွက္ခ်က္က တန္ျပန္ရိုက္ခ်က္တစ္ခုျဖင့္ ေခ်ာ္ထြက္သြားၿပီး ျမည္သံက်ယ္ႀကီးထြက္လာသည္။ ယြဲ႕ခ်ီက ၿပိဳင္ဘက္၏ခြန္အားကို ခံစားမိကာ လန္းဆန္းသြားၿပီး လႈပ္ရွားမႈႏႈန္းကို ခ်က္ခ်င္းျမႇင့္လိုက္သည္။ ဝမ္တရွန္တို႔ ပ်ာယာခတ္သြားမည္ဟု သူထင္ထားေသာ္လည္း သူတို႔၏လႈပ္ရွားမႈမ်ားမွာ တစ္စက္မွပင္ မယိမ္းယိုင္သြားေပ။ သူတို႔က အလြန္တည္ၿငိမ္ေန႐ုံသာမက သူတို႔၏ ျပင္လြယ္ေျပာင္းလြယ္ေသာ အစီအရင္က ယြဲ႕ခ်ီထက္ ႏွာတစ္ဖ်ားသာသြားသည္။

"ဟ၊ မဆိုးဘူး။ မင္းတို႔လက္ခ်က္ကို သိတယ္ေနာ္။" ယြဲ႕ခ်ီက လူဆယ့္ႏွစ္ေယာက္ပါေသာ ျပင္လြယ္ေျပာင္းလြယ္သည့္အစီအရင္ကို ေလ့လာရင္း အၾကည့္မ်ားေလးနက္လာသည္။

"ယြဲ႕ခ်ီက သူတို႔ကိုေပါ့ေပါ့ပါးပါးေတြးၿပီး မတန္တဆရႈံးသြားတယ္ေလ။" ေယာင္ရိက ႏွစ္ေထာင္းအားရျဖစ္စြာ ေဝဖန္သည္။

ထို႔ေနာက္ သူကရွဲ႕ရွီကို တစ္ခ်က္ၾကည့္ကာ ေမးလိုက္သည္။ "မင္း ယန္လွ်ိုက်ီတို႔ကို ဘာလို႔မေလ့က်င့္ေပးေသးတာလဲ။"

ရွဲ႕ရွီက စိတ္ေအးလက္ေအးရွိေသာေလသံျဖင့္ ေျဖသည္။ "အလ်င္မလိုဘူးေလ။ ဒီပြဲၿပီးတဲ့အထိ ၾကည့္ခ်င္ေသးတယ္။"

ေယာင္ရိကေျပာသည္။ "မင္း တုရွီးအာကို ဘယ္လိုလုပ္ေက်ာၿပီး ထန္းယန္မွာထားခဲ့တာလဲ။"

ရွဲ႕ရွီ၏အသံက ေအးေဆးျဖစ္ေနေသးသည္။ "ကြၽန္ေတာ္ ေျပာလို႔မရဘူး။ ေျပာလိုက္ရင္ ေမွာ္အစြမ္းျပယ္သြားမယ္။"

ေယာင္ရိ၏ႏႈတ္ခမ္းေထာင့္မ်ား တြန့္သြားသည္။ 'ဒီလူက ငါတို႔အေပၚမွာေတာင္ သုံးလို႔ရေအာင္ အဲ့ဒါကိုလွ်ို႔ဝွက္ထားတာလား။ တုရွီးအာက သနားစရာစရာပဲ။ သူက ငါတို႔နဲ႕အတူ ၿမိဳ႕ေတာ္ဆီျပန္လာနိုင္တဲ့ဟာ၊ ရွဲ႕ရွီကသူ႕ကိုလွည့္စားၿပီး ထန္းယန္မွာ လူသစ္ေတြကို ေလ့က်င့္ေပးဖို႔ ခ်န္ထားခဲ့တယ္။ စစ္သူႀကီးကလည္း ဒါကိုသေဘာတူလိုက္တာ အံ့ဩစရာေကာင္းတယ္။'

*****

မိုင္ေထာင္ခ်ီအေဝးမွ ထန္းယန္ရွိလင္းစံအိမ္၏ အေစာင့္ၿခံဝန္းတြင္ အသစ္ခန့္အပ္ထားျခင္းခံရေသာအေစာင့္မ်ားလည္း ေလ့က်င့္ေနၾကသည္။ သို႔ေသာ္ သူတို႔၏ေလ့က်င့္ေရးက ဝမ္တရွန္တို႔ႏွင့္မတူဘဲ ျမင္းထိုင္ျဖစ္ေနသည္။

သူတို႔က ျမင္းထိုင္နည္းေလ့က်င့္ေနရသည္မွာ လဝက္နီးပါးရွိေနၿပီပင္။

"အေစာင့္တု၊ ကြၽန္ေတာ္တို႔ေတြ အစီအရင္စေလ့က်င့္လို႔ရၿပီလား။ ကြၽန္ေတာ္တို႔ေတြ ျမင္းထိုင္က်င့္ေနရတာ လဝက္ေလာက္ရွိၿပီ။" အေစာင့္အသစ္က ေနာက္ဆုံးတြင္မေအာင့္အည္းနိုင္ဘဲ ေမးမိသည္။

ျမက္စကိုကိုက္ကာ ေက်ာက္တုံးႀကီးတစ္တုံးေပၚတြင္ထိုင္ေနသည့္ တုရွီးအာက ဘာမွျပန္မေျပာဘဲ ထိုလူ၏ဒူးကိုေက်ာက္တုံးတစ္တုံးျဖင့္ ပစ္လိုက္ရာ ဒုတ္ခနဲျမည္ကာ ထိုလူလဲက်သြားသည္။

"ေက်ာက္တုံးနဲ႕အပစ္ခံရတာေတာင္ လဲမက်ေတာ့ရင္ေပါ့။" တုရွီးအာက ျပန္ေျပာ၏။

အေစာင့္အသစ္မ်ားက တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မိၾကသည္။ 'အဲ့ေန႕က ဘယ္ေန႕လဲဟ။'

"မင္းတို႔ရဲ႕အေျခခံေတြက အမ်ိဳးမ်ိဳးျဖစ္ေနတာေတာင္ အစီအရင္ စသင္ခ်င္ေနၿပီလား။" ထို႔ေနာက္ တုရွီးအာက ဆက္ေျပာသည္။ "ဒီေထာင္ေခ်ာက္ဆင္သတ္ျဖတ္ျခင္း အစီအရင္ဆိုတာ ထိုးထြင္းသိျမင္နိုင္စြမ္းလိုတယ္။ မင္းတို႔ေတြက ထိုးထြင္းသိျမင္ဖို႔ မေျပာနဲ႕ဦး၊ အေတြးမ်ားေနတာကိုေတာင္ မဖယ္ရွားနိုင္ေသးဘူး။ ျမင္းထိုင္က်င့္ခိုင္း႐ုံနဲ႕တင္ သက္ညွာရာက်ေနၿပီ။ မင္းတို႔ေတြထပ္ၿပီး အထြန့္တက္ရင္ ေမြးဖြားလာရတာကိုေတာင္ ေနာင္တရေအာင္ လုပ္ပစ္မယ္။"

အေစာင့္အသစ္မ်ားအားလုံး ၾကက္သီးထကာ ေတြးမိၾကသည္။ "ဒါကတင္ ငါတို႔ေမြးဖြားလာရတာကို ေနာင္တရေအာင္လုပ္ဖို႔ လုံေလာက္ၿပီမဟုတ္လား။ ျမင္းထိုင္က်င့္ၿပီးရင္ လက္ေဝွ႕ထိုးေလ့က်င့္ရတယ္။ ၿပီးရင္ ေျခကန္နည္း၊ ဒါမွမဟုတ္ ဟန္ခ်က္ထိန္းတာမ်ိဳးကို ေလ့က်င့္ရမယ္။ ဟန္ခ်က္မထိန္းနိုင္ဘဲ ျပဳတ္က်သြားတဲ့လူက စည္ပိုင္းကို႐ြက္ၿပီး ႏွစ္နာရီရပ္ရတယ္။' သူတို႔မွာ ေမြးဖြားလာရသည္ကို ေနာင္တရ႐ုံမက ႐ူးလုနီးပါးပင္။

'ပိုၿပီး ျပင္းထန္တာသာ လုပ္ရရင္...'

သူတို႔ခမ်ာ ထိုသို႔ေတြးမိ႐ုံႏွင့္ လန့္သြားၾက၏။

*****

ၿမိဳ႕ေတာ္တြင္ ရွဲ႕ရွီက ယန္လ်ီဳက်ီတို႔၏မ်က္ႏွာကို ေစ့ေစ့စပ္စပ္ၾကည့္ေနသည္။ သူ၏မ်က္ဝန္းမ်ားထဲတြင္ အဓိပ္ပါယ်တစ်ခု ရွိေန၏။ သူႏွင့္အၾကည့္ဆုံမိသူအားလုံး ေက်ာစိမ့္သြားၾကသည္။

ေယာင္ရိက သူ႕ကိုတစ္ခ်က္ၾကည့္ကာ ေတြးမိသည္။ 'ဒီလူမွာ တစ္ခုခုမူမမွန္တာ ရွိေနတယ္။ သူ႕မွာ အႀကံအဖန္ရွိေနတာမ်ားလား။'

အေစာင့္မ်ားက ဆူညံေနၾက၍ လင္းက်န္နိုးလာသည္။ အိပ္မက္ပင္မမက္ဘဲ တစ္ညလုံး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ခဲ့ရျခင္းက သူ႕ကိုအေတာ္လန္းဆန္းေစ၏။

အိပ္ရာနိုးေနၿပီျဖစ္၍ ေဆးေၾကာကာ အဝတ္လဲၿပီးေသာ ယြီဝမ္ထုန္က သူနိုးလာသည္ကိုေတြ႕ေသာအခါ အနားသို႔ေရာက္လာကာ ေမးသည္။ "မင္း နည္းနည္းေလာက္ ထပ္အိပ္ခ်င္ေသးလား။"

လင္းက်န္က ထထိုင္ကာ ေခါင္းခါျပသည္။ "ဟင့္အင္း။ ကြၽန္ေတာ္ဒီေန႕ အိပ္တာမ်ားေနၿပီ။"

'ငါတို႔ေတြ ဒီေန႕ ယြီဝမ္ထုန့္အေဖရဲ႕ဦးေလးဆီသြားလည္ဖို႔ စီစဥ္ထားတာမို႔ ေနာက္က်လိဳ႕မရဘူး။ အႀကီးတစ္ေယာက္ကို ေစာင့္ခိုင္းမိေစတာက ရိုင္းစိုင္းရာက်တယ္။' သူကေတြးသည္။

*****

လင္းစံအိမ္မွျမင္းရတားလုံးက စံအိမ္တစ္ခု၏ဝင္ေပါက္နားတြင္ ျဖည္းျဖည္းခ်င္း ရပ္သြားသည္။ ယခင္ေန႕တြင္ ယြီဝမ္ထုန္က သူႏွင့္လင္းက်န္တို႔ ဤမနက္၌လာလည္မည္ျဖစ္ေၾကာင္း လူလႊတ္၍အေၾကာင္းၾကားထားရာ လူအမ်ားအျပားက တံခါးနားတြင္ေစာင့္ေနသည္။

အေရွ႕ဆုံးမွအဖိုးက ယြီဝမ္ထုန္ႏွင့္တူေသာ္လည္း မထင္ရွားေပ။ သူကထိုေနရာတြင္ က်န္းမာသန္စြမ္းစြာ၊ လွိုက္လွဲပ်ဴငွာစြာျဖင့္ ေျခခိုင္ခိုင္ရပ္ေနသည္။ အဖိုးအို၏အဝတ္မ်ားက တန္ဖိုးႀကီးပုံေပၚေသာ္လည္း အေရာင္ႏွင့္ပုံစံမွာ မထင္ရွားလြန္းေပ။ သူ႕အေနာက္တြင္ရပ္ေနသူမ်ား၏ အဝတ္အစားမ်ားကလည္း ထင္းမေနရာ ယြီဝမ္က်ီတို႔မိသားစုႏွင့္ ကြဲျပားေၾကာင္း သိသာသည္။

သေဘာတရားမရ ယြီဝမ္ေရာ္မွာ ယြီဝမ္ထုန္၏အႀကီးျဖစ္သျဖင့္ လာႀကိဳရန္မလိုေပ။ သို႔ေသာ္ ယြီဝမ္ေရာ္က မေမာက္မာသူမွန္းသိသာသည္။ သူက ယြီဝမ္ထုန္ႏွင့္လင္းက်န္တို႔ ရထားလုံးေပၚမွဆင္းလာသည္ကို ျမင္ေသာအခါ ၿပဳံး၍အနားသို႔ေလွ်ာက္လာသည္။

ယြီဝမ္ထုန္ႏွင့္လင္းက်န္တို႔က သူ႕အနားသို႔အျမန္ေလွ်ာက္သြားၾကသည္။

"အဖိုး" ယြီဝမ္ထုန္က သူ႕ကို ႏႈတ္ဆက္လိုက္သည္။

"ကြၽန္ေတာ့္နာမည္က လင္းက်န္ပါ။ အရာရွိႀကီးကို ဂါရဝျပဳရလို႔ ဂုဏ္ယူမိပါတယ္။" လင္းက်န္က အဖိုးအို၏ေရွ႕တြင္ ဒူးေထာက္ကာ အရိုအေသေပးလိုက္သည္။

ယြီဝမ္ေရာ္ကၿပဳံးကာ လင္းက်န္၏လက္ေမာင္းကိုကိုင္၍ ထူေပးၿပီးေျပာသည္။ "ထလို႔ရၿပီ၊ လူေလး။ ဒီလို အစဥ္အလာအရ လုပ္စရာမလိုပါဘူး။ အဖိုးကို ထုန္ေခၚသလို အဖိုးလို႔ပဲေခၚပါ။"

လင္းက်န္က မတ္တပ္ျပန္ထကာ ပါးရဲရဲျဖင့္ မဝံ့မရဲေျပာသည္။ "ဒါဆို ကြၽန္ေတာ္ ကိန္းႀကီးခန္းႀကီးေတြ မလုပ္ေတာ့ဘဲ အဖိုးေျပာတဲ့အတိုင္းပဲ ေခၚပါ့မယ္။"

ယြီဝမ္ေရာ္က အသံေအာင္ေအာင္ျဖင့္ ဟက္ဟက္ပက္ပက္ ရယ္၏။ ရယ္သံက အေတာ္ေဝးေဝးသို႔ပင္ေရာက္ေလာက္သည္။

ယြီဝမ္ထုန့္အေဖ၏ဦးေလးက အလြန္က်န္းမာသန္စြမ္းသည္ဟုေတြးမိကာ လင္းက်န္ အနည္းငယ္အံ့ဩသြားသည္။ 'ငါ့အဖိုးရဲ႕က်န္းမာေရးသာ ဒီအဖိုးေလာက္သန္မာရင္ေတာ့။"

"ဒီကိုလာ။ ငါ သူတို႔နဲ႕ မိတ္ဆက္ေပးမယ္။ ဒါက ငါ့ရဲ႕အႀကီးဆုံးသား ယြီဝမ္ခ်ိ။ သူက ဝန္ထမ္းေရးရာဌာနမွာ အလုပ္လုပ္တယ္။ သူက ငါ့ရဲ႕ဒုတိယသား ယြီဝမ္စီ။ သူက ေတာ္ဝင္တကၠသိုလ္မွာ အလုပ္သိပ္မမ်ားတဲ့ရာထူးကို ရထားတယ္။ သူက ငါ့ရဲ႕ေခြၽးမအႀကီး ဖန္းရွီ၊ သူက ငါ့ရဲ႕ေခြၽးမအငယ္ လွ်ိုရွီ။ ဒီေကာင္ေလး ယြီဝမ္ဟုန္၊ ယြီဝမ္ဟန္၊ ယြီဝမ္ခ်န္နဲ႕ ယြီဝမ္ဂ်င္တို႔က မင္းနဲ႕႐ြယ္တူေလာက္ပဲ။ မင္းတို႔က ႐ြယ္တူဆိုေတာ့ အျပင္တူတူသြားသင့္တယ္။ ဒီႏွစ္ႏွောင္းပိုင္းက်ရင္ ဂ်င္က ေတာ္ဝင္တကၠသိုလ္မွာ စာသြားသင္ေတာ့မွာ။ မင္းလဲ ေတာ္ဝင္တကၠသိုလ္မွာ တက္မယ္လို႔ ငါၾကားတယ္။ မင္းတို႔ႏွစ္ေယာက္က အဲ့ဒီမွာတစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳေပးလို႔ရတယ္။"

လင္းက်န္က လက္သီးဆုပ္ေရွ႕ထုတ္ကာ အသက္ပိုႀကီးသူ တစ္ေယာက္ခ်င္းစီကို ေလးစားစြာ သတိျဖင့္ႏႈတ္ဆက္လိုက္သည္။ ယြီဝမ္ဟုန္တို႔ကဲ့သို႔ ႐ြယ္တူႏွင့္မိတ္ဆက္ေသာအခါ အျပန္အလွန္ ေလာကဝတ္ျပဳၾကသည္။

ယြီဝမ္ေရာ္တို႔ မိသားစုဝက္မ်ားက အလြန္ေဖာ္ေ႐ြသည္။ ရာထူးျမင့္အရာရွိမ်ားျဖစ္ၾကေသာ ယြီဝမ္ခ်ိႏွင့္ယြီဝမ္စီတို႔က ဗ်ဴရိုကရက္မဆန္ဘဲ အလြန္ ယဥ္ေက်းေဖာ္ေ႐ြသည္။ ဖန္းရွီႏွင့္ လ်ီဳရွီတို႔မွာလည္း လူေကာင္းမ်ားပင္။ ႐ြယ္တူမ်ားထဲတြင္ ယြီဝမ္ဟုန္ႏွင့္ ယြီဝမ္ဟန္က လင္းက်န္ထက္ မ်ားစြာအသက္ႀကီးၿပီး ယြီဝမ္ခ်န္းက ႏွစ္ႏွစ္ပိုႀကီးသည္။ သူတို႔သုံးေယာက္လုံးက လက္ထပ္ၿပီးၿပီပင္။ သူတို႔၏ဇနီးမ်ားက ေန႕လည္စာစီစဥ္ေနရရာ လာမႏႈတ္ဆက္ေပ။ လက္မထပ္ရေသးသူ ယြီဝမ္ဂ်င္က သူႏွင့္အသက္တူသည္။ ဤေယာက္်ားေလး ေလးေယာက္အျပင္ မိန္းကေလးမိသားစုဝင္မ်ားလည္းရွိၿပီး ဆယ္ႏွစ္အ႐ြယ္ ယြီဝမ္ယန္မွလြဲ၍ အားလုံးလက္ထပ္ၿပီးသားပင္။

လင္းက်န္အတြက္ ဤလူမ်ားက ေဖာ္ေ႐ြကာ ခ်ဥ္းကပ္လြယ္ၾကသည္။ က႑အခ်ိဳ႕တြင္ သူတို႔က ယြီဝမ္ထုန္ႏွင့္အလားတူ တဲ့တိုးဆန္၍ ဖ်တ္လတ္ကာ သပ္ရပ္သည္။ ဤလူမ်ားက ယြီဝမ္ထုန္၏တကယ့္မိသားစုဟု လင္းက်န္ခံစားရသည္။

"ဝမ္းကြဲက တစ္သက္လုံးလူပ်ိဳႀကီးပဲျဖစ္သြားမယ္လို႔ ကြၽန္ေတာ္ထင္ထားတာ။ ဝမ္းကြဲလက္ထပ္ခ်င္တဲ့လူတစ္ေယာက္ကို ရွာေတြ႕တယ္ဆိုတာေတာ့ ကြၽန္ေတာ္အံ့ဩမိတယ္။" ယြီဝမ္ဂ်င္က ယြီဝမ္ထုန္ကို က်ီစယ္၍ေျပာသည္။

"ကြၽန္ေတာ္တို႔ဦးေလးရဲ႕အေဖက ကံေကာင္းတာေတြအမ်ားႀကီးကို စုေဆာင္းခဲ့တာပဲ။ မဟုတ္ရင္ ကြၽန္ေတာ္တို႔ရဲ႕ဝမ္းကြဲက လူပ်ိဳႀကီးပဲျဖစ္မွာ။" ယြီဝမ္ဟုန္ကလည္း ေဝဖန္သည္။

"ညီေလးလင္း၊ သူ႕ဆီမွာ ဘာကိုျမင္လို႔ သေဘာတူလိုက္တာလဲ။ မင္းသတိထားရမယ္ေနာ္။ အ႐ူးလုပ္မခံရေစနဲ႕။" ယြီဝမ္ဟန္က ပို၍ပင္တည့္တိုးဆန္သည္။

သူတို႔၏စကားမ်ားက လင္းက်န္ကို အနည္းငယ္အံ့ဩသြားေစသည္။ 'သူတို႔ေတြက အဲ့ေလာက္ေတာင္ ရင္းႏွီးၾကတာလား။'

ယြီဝမ္ထုန္က လင္းက်န္၏ခါးကိုဖက္ကာ ႏွစ္ခြန္းသာေျပာသည္။ "ထြက္သြား။"

ထြက္သြားဟု အေျပာခံလိုက္ရသူ သုံးေယာက္လုံးက ဂ႐ုပင္မစိုက္ဘဲ ဝက္ဝက္ကြဲရယ္ေနၾကသည္။

သို႔ရာတြင္ လင္းက်န္က ယြီဝမ္ထုန္ေၾကာင့္ ရွက္ကာ ျမန္ျမန္႐ုန္းလိုက္သည္။ 'ဒီလူက ဘာေတြးေနတာလဲ။  ဒီမွာ အႀကီးေတြလည္းရွိတယ္ေလ။ ဒီလိုအျပဳအမူက မေတာ္တေရာ္ျဖစ္ေနတဲ့ပုံ ေပါက္တယ္။'

ယြီဝမ္ေရာ္တို႔အားလုံးက ေပ်ာ္႐ႊင္ေနၾကပုံေပၚသည္။ သူတို႔၏အၾကည့္အရ ဤအငယ္မ်ားက တစ္ေယာက္ကိုတစ္ေယာက္စေနာက္ေနသည္ဟု သေဘာထားၾကပုံေပၚၿပီး မေက်နပ္မႈမရွိေပ။

"ေကာင္းၿပီ၊ ေတာ္ၾကေတာ့။ မင္းတို႔ေတြ အိမ္ထဲမွာ ဆက္ေပ်ာ္လို႔ရတယ္။ ေရွာင္က်န္ နားပါေစဦ။ သူ႕ကို မေျခာက္လွန့္မိေအာင္ ဂ႐ုစိုက္ၾက။ ထုန္ခမ်ာ သူနဲ႕ကိုက္ညီတဲ့လူကို ရွာေတြ႕ဖို႔ ေတာ္ေတာ္အားစိုက္ထားရတာ။ မင္းတို႔ေတြ သူ႕ကို ေျခာက္လွန့္လႊတ္လိုက္ရင္ မင္းတို႔ဦးေလးရဲ႕အေဖက အိပ္မက္ထဲမွာလာဆူလိမ့္မယ္။" ယြီဝမ္ေရာ္ကေျပာသည္။

အငယ္မ်ားက အႀကီးျဖစ္သူ၏စကားကိုၾကားၿပီးေနာက္ ထပ္၍အခ်ိန္မျဖဳန္းေတာ့ေပ။ သူတို႔က လင္းက်န္ကို ဝန္းရံကာ အိမ္ထဲသို႔ဝင္သြားသည္။ ယြီဝမ္ထုန္ကမူ ကိုယ္ပိုင္အရိပ္ျဖင့္သာ ခ်န္ထားခံရသည္။

ယြီဝမ္ထုန္က ျမန္ျမန္ေလွ်ာက္သြားၿပီး လင္းက်န္ကို လူၾကားထဲမွဆြဲထုတ္ကာ သူ႕ေဘးတြင္ထား၍ တစ္ေယာက္ခ်င္းစီကို သတိေပးသည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။

"ကြၽတ္စ္၊ ဘာလုပ္တာလဲဟ။ ဘာလို႔ ပိုင္ဆိုင္လိုစိတ္ တအားျပင္းေနရတာလဲ။ ညီေလးလင္းကို မင္းအေၾကာင္း အတင္းေျပာလိုက္မွာ ေၾကာက္ေနတာလား။" ယြီဝမ္ဟန္က ေမးသည္။

"ဟုတ္တယ္၊ ဝမ္းကြဲ။ အစ္ကို ကေလးအ႐ြယ္တုန္းကလုပ္ခဲ့တဲ့ ရွက္စရာကိစၥေတြကို အစ္ကိုလင္းဆီမေျပာပါဘူး။" ယြီဝမ္ဂ်င္ကေျပာသည္။ သူက လအနည္းငယ္သာ ငယ္ေသာ္လည္း လင္းက်န္ကို အစ္ကိုဟု သဘာဝက်က် ေခၚလိုက္ၿပီး အျပင္လူကဲ့သို႔လုံးဝသေဘာမထားေပ။

ယြီဝမ္ထုန္က သူ႕ေခါင္းကို ရိုက္လိုက္သည္။ "ေတာ္စမ္း။ ငါငယ္ငယ္တုန္းက မင္းေတာင္မေမြးေသးဘူး။"

Continue Reading

You'll Also Like

94.1K 7.7K 147
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
640K 75.3K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
COTAW(2) By Blueberry

Historical Fiction

140K 25.4K 122
Book1က wallထဲမှာရှိပါတယ်နော်
389K 37K 198
စာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်...