ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Comp...
Por Koe-Amara-Mg
39.9K 1.7K 57
စည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချ... Más
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 3
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 5
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 7
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 8
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 9
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 10
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 15
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 17
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 21
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 ဇာတ်သိမ်း
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2
1.3K 63 1
Por Koe-Amara-Mg
                   ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 
                          အခန်း   (၂)
.
.
.
" ဘာပြောဖို့လဲ! "
တိုက်, ခုံမှာတောင် မထိုင်ရသေးဘူး။တိုတိုပြတ်ပြတ် မေးခွန်းက နောက်​ကနေ တန်းထွက်လာသည်။
တီရှပ်နဲ့ ဘောင်းဘီတိုလေး ဝတ်ထားတဲ့ ချာတိတ်မလေးက ခြေထောက်တွေကို ခပ်ကားကားထားပြီး... ဂျစ်ကန်ကန် ပုံစံနဲ့ ရပ်နေတာကြောင့်...
" ဘာပြောဖို့လဲ... ဆိုတာကို မပြောသေးခင်၊အရင်ဆုံး မင်း လက်ကိုပိုက်၊ခြေထောက်နှစ်ချောင်းကို စုပြီး ငါ့ရှေ့မှာ သေချာ ရပ်နေ "
" ဦးလေးကြီး ရှေ့မှာ လက်ပိုက်ပြီး ရပ်ရအောင်၊တခေတ် က ဦးလေးကြီးဆီမှာ စာလာသင်တဲ့
ကျောင်းသား မဟုတ်ဘူး "
နှာနုရိုးက နာနေသေးပါတယ်ဆိုမှ...
ချာတိတ်မလေးက ထင်ထားတာထက် ပိုဂျစ်နေတာမို့... တိုက်, စိတ်က တော်တော်လေး တိုလာလေသည်။
" မင်း လူကြီးတစ်ယောက်အပေါ် မှာ ကိုယ်ထိလက်ရောက် အမှား ကျူးလွန်ထားပြီးရင်... တောင်းပန်ရမယ်ဆိုတာ မသိဘူးလား... "
လူကို အမဲဖျက်တော့မယ့် မျက်နှာကြီးနဲ့ သူ့နောက်လိုက်ခဲ့ဖို့... ခေါ်လို့.. ဘာများ ပြောတော့မလဲလို့... စိတ်ထဲက တွေးနေတာ။အခုတော့... ဦးလေးကြီး က သူ့ကို တခေတ် က တောင်းပန်တာကို လိုချင်နေတဲ့ ပုံစံမျိုး ဖြစ်နေတာကို တွေ့ရသည်။
ရွှေတခေတ် ဆိုတာကလည်း တောင်းပန်စကားဆိုရင် ပြောရမှာကို သေမလောက် ကြောက်တဲ့
အမျိုးဆိုတော့... တောင်းပန်ခံချင်နေတဲ့ ဦးလေးကြီးနဲ့တော့ တွေ့ပြီလေ။
" တောင်းပန်စကားက တခေတ် ကို မွေးကတည်းက ချက်ကြိုးနဲ့အတူ တွဲပါလာတဲ့ အရာမျိုး မဟုတ်ဘူး။တခေတ် ကို မွေးပြီးမှ တခေတ်နဲ့
အကြောမတည့်ဆုံး ဖြစ်တဲ့ တောင်းပန်စကားကို ဘယ်သူ့ကိုမှ မပြောနိုင်ပါဘူး "
ဂျစ်တာထက်၊ခေါင်းမာမူ့ကလည်း ကြီးသည့်
ချာတိတ်မလေးပဲ။တိုက်,ကလည်း အချိုးမပြေ၊
စကားနားမထောင်တဲ့ ကလေးမျိုးဆိုရင် ကြည့်မရတတ်။ကိုယ်တိုင်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို၊နေထိုင်တတ်တဲ့ လူမဟုတ်တော့။ရှေ့မှာ
ရပ်နေတဲ့ ချာတိတ်မလေးသည် အတော်ကိုဆိုးတဲ့
မိန်းကလေး လို့ ကေောက်ချက်ချမိ၏။
ကိုယ့်အိမ်မှာ လာနေပြီ၊ကိုယ့်စကား နားမထောင်တာမျိုးကိုတော့... ဘယ်တော့မှ လက်ခံမည် မဟုတ်။ဆိုးတဲ့ ချာတိတ်မလေး ကို ကိုယ့်အိမ် ကို
စရောက်ကတည်းက ကြောက်အောင် လုပ်ထားမှ
တော်ကာကြမည်။
မဟုတ်ရင် ချာတိတ်မလေးက ဆိုးချင်တိုင်း ဆိုးနေတာကို အမြဲလိုက်ကြည့်ပြီး... ထိန်းသိမ်း၊ပြောဆိုနေဖို့ရာ ကိုယ့်မှာ က အချိန်က ရှိတာ မဟုတ်။
စတွေ့ကတည်းက ကိုယ့်ကို ကြောက်နေမှ နောက်ဆို ကိုယ့်စကားတစ်ခွန်းတိုင်း ကို ကြောက်နေမှာ။အဲ့ဒါမှလည်း ချာတိတ်မလေး က မဟုတ်တာတွေ
မလုပ်ရဲမှာ။ချာတိတ်မတို့ညီမတွေက မိန်းကလေးတွေမို့... ကိုယ့်အိမ်မှာ လာနေတဲ့ အချိန် တစ်ခုခု မတော်တရော်တာမျိုး ဖြစ်လာခဲ့ရင် ကိုယ်တွေ မြေးအဖိုးနှစ်ယောက်အပေါ်ကိုပဲ
အပြစ်က ပုံကျလာမှာ။အဲ့တော့... ချာတိတ်မလေး ကို ခပ်တင်းတင်းနဲ့ပဲ ဆက်ဆံရမည်။
" လက်နှစ်ဖက်ကို အပေါ်မြှောက်ပြိီး၊ဒူးကိုထောက်ထားလိုက် "
" ဘာပြောတယ် ဦးလေးကြီး "
" မင်း ကို ဒူးထောက်လို့ ပြောနေတာ။နား က မကြားဘူးလား... "
တခေတ် ကို ဒူးထောက်ခိုင်းနေတဲ့ ဦးလေးကြီး ကို
မယုံနိုင်သည့် မျက်လုံးတွေနှင့် ကြည့်မိ၏။
" တခေတ် က ဘာလို့ ဒူးထောက်ရမှာလဲ "
ကြောက်ရွံ့မူ့ ကင်းသည့် မျက်လုံးလေးတွေနှင့်
တိုက်,၏ ခပ်စူးစူး အကြည့်တွေကို တန်ပြန်ကြည့်ကာ မေးလာတဲ့ ချာတိတ်မလေး။
" မင်း က မင်းအမှားကို မသိတဲ့အပြင်၊လူကြီးကို
တောင်းပန်ရမယ်ဆိုတာလည်း မသ်ိလို့။ကားပေါ်မှာလည်း မင်းထက်အကြီးဖြစ်တဲ့ မိုးသားဖြူ ကို
နင် ငါနဲ့ စကားရိုင်းတွေ ပြောဆိုခဲ့လို့.. နောက်ထပ်
မပြော မဆိုရဲတော့အောင်၊ဆုံးမနေတာ။အဲ့ဒါကြောင့် ဒူးထောက်နေပြီး၊လက်ကိုမြှောက်ထား "
" မလုပ်နိုင်ဘူး။ဦးလေးကြီး က ဘာမို့လို့ တခေတ်
ကို လာ ဆုံးမနေတာလဲ။တခေတ် ကို ဆုံးမတယ်
ပြောရအောင် ဦးလေးကြီး က တခေတ် အဖေမို့လို့လား... "
ကိုယ် က တစ်ခုပြောရင်၊အဲ့တစ်ခွန်းကို စကားဆယ်ခွန်းလောက်နဲ့ ပြန်တုံ့ပြန်ပြီး ပြောဆိုနေတဲ့
ချာတိတ်မလေးကို တိုက်, စိတ်က သိပ်မရှည်ချင်တော့သည်။ကိုယ့်ရဲ့သွေးသားရင်းချာ ညီမငယ်လေးသာဆိုရင် တိုက်, ချာတိတ်မလေး ကို နားပန်ကျင်းပစ်လိုက်တာ ကြာပေါ့။
" ငါက မင်းအဖေတော့ မဟုတ်ဘူး။ဒါပေမဲ့ မင်း
က အခုကစပြီး ငါ့ အုပ်ထိန်းမူ့အောက်မှာ နေရတော့မယ့် ကလေးတစ်ယောက်ပဲ။အဲ့တော့ ငါ့မှာ
မင်း ကို ဆုံးမပိုင်ခွင့်အပြည့်အဝရှိတယ်။မင်းတို့ကို လာမကြိုခင်လေးကပဲ... မင်းအဖေက ငါ့ဆီကို ဖုန်းဆက်လာတယ်။မင်း ကို ငါ့လက်ထဲ အပ်ထားတယ်။အဲ့ဒါကြောင့် အခုကစပြီး မင်း က
ငါ့ ဆုံးမတာကို နာခံရမယ်။နားထောင်ရမယ် "
" တခေတ် ဖေဖေရဲ့စကားတောင် ဆယ်ခွန်းမှာ
တစ်ခွန်းလောက်ပဲ နားထောင်တာ။ဘာမှမတော်တဲ့ ဦးလေးကြီးရဲ့ စကားကိုဆိုရင်တော့... နားထောင်ဖို့လား.. ပိုလို့ဝေးသေး။တခေတ် အိမ်ထဲဝင်တော့မယ် "
" အား... ဦးလေးကြီး! "
ဦးလေးကြီးရှေ့ကနေ အိမ်ဘက်ကို ခြေလှမ်းပြင်လိုက်တဲ့... တခေတ် လက်ကိုဆွဲပြီး... ရေကူးကန်၏ ကန်ဘောင်ဆီကို ဆွဲခေါ်သွားတဲ့
ဦးလေးကြီး။
ကန်ဘောင်ပေါ်ရောက်တော့... ရေတွေရှိတဲ့ ကန်ဘက်ဆီ တခေတ် အား... ဂုတ်ကို လက်နဲ့ဖိကိုင်ပြီး... ရေတွေကို ခေါင်းငုံ့အနေအထားနဲ့ ကြည့်စေသည်။
ရေမကူးတတ်တဲ့ တခေတ် မျက်စိရှေ့က ရေတွေကို ကြည့်ပြီး... အသည်းတအေးအေးနဲ့ ကြောက်ရွံလာမိသည်။ ကြောက်ရွံစိတ်နဲ့အတူ တခေတ်၏
အသက်ရှူသံတွေက မြန်ဆန်လာ၏။
" ဟင်း ဟင်း တ တခေတ် ကို ဘာ ဘာလုပ်တာလဲ... ဦးလေးကြီး "
ရေမြင်မှ ကြောက်သွားပုံရတဲ့ ချာတိတ်မလေးက စကားပြောတာက အစ ပျော့သွားတာမို့... တိုက်, နူတ်ခမ်းကို မဲ့၍ ပြုံးမိ၏။
" မင်း ဒူးထောက်ပြီး၊လက်မြှောက်နေမလား။
ရေထဲမှာ ငါ အလုပ်ကနေ ပြန်လာတဲ့အထိ ဆင်းနေမလား။ဒါမှဟုတ် မင်း အစ်မနဲ့ ငါ့ကို တောင်းပန်စကားပြောမလား... ချာတိတ် "
အလကား ဦးလေးကြီး၊တခေတ် ရေကြောက်တာကို သိတာနဲ့ တမင် နှိပ်ကွက်နေတာ။ဘာအမှားမှ
မလုပ်ထားတဲ့ လူကို လာပြီးတော့... ပညာပြနေတယ်။တောင်းပန်စကားလား... ဟိုတစ်ယောက်နဲ့ ဦးလေးကြီး ကို သေတောင် တခေတ်တို့က မပြောဘူး။အဲ့ဒီအစား ဒူးထောက်ပြီးပဲ နေလိုက်မယ်။
" တခေတ် တောင်းပန်စကား မပြောနိုင်ဘူး။ဒူးပဲထောက်နေမယ် "
ထင်ထားသည်ထက် အကြောပိုမာ၊ပိုတင်းတဲ့
ချာတိတ်မလေး ကို တိုက်,လက်လန်ချင်မိသည်။
ချာတိတ်မလေးကို ဒီတစ်ခါ အလျော့ပေးလိုက်ရင် နောက်တစ်ခါလည်း အလျော့ပေးရတော့မှာ။ဒီငဂျစ်မလေးက အလျော့ပေးလို့ ဖြစ်တဲ့ အရာထဲမှာ ပါနေတာမျိုး မဟုတ်တော့...
" ကောင်းပြီ၊ မင်း ရွေးချယ်တဲ့ အတိုင်း ဒူးထောက်နေလိုက်။လက်ကိုလည်း မချတမ်း မြှောက်ထား။မင်း ဘယ်အချိန် အိမ်ထဲဝင်ရမယ်ဆိုတာကို ခြံစောင့် ဦးလေးဆီ ဖုန်းဆက်ပြောမယ်။ခြံစောင့်က မင်း ကို အိမ်ထဲဝင်ဖို့ ပြောတော့မှ အိမ်ထဲကို ဝင်ရမယ်။ငါ မဝင်ခိုင်းဘဲနဲ့ အိမ်ထဲဝင်နေလို့ကတော့... တစ်ညလုံး ရေကန်ထဲဆင်းနေရမယ်မှတ်။ငါ ပြောတာ ကြားလား... "
" တခေတ် မှာ နားရှိနေမှတော့... မကြားဘဲနေမလား။ကြားတာပေါ့ "
" ကြားရင် လူကြီး က်ို ပြန်ဖြေရမယ်ဆိုတာ မင်း
မသိဘူးလား... "
" စကားမပြောချင်တဲ့ လူကို ဦးလေးကြီးဆိုရင်ရော ပြေောမှာလား...။တခေတ်ကတော့ မပြောနိုင်ဘူး "
တိုက်, ချာတိတ်မနဲ့စကားဆက်ပြောရင် ဒေါသအထွက်လွန်ပြီး... အသက်တိုနိုင်တာမို့... စကားကို ဒီနေရာမှာတင် ရပ်ကာ... အိမ်ထဲတောင် မဝင်တော့ဘဲ ကုမ္ပဏီကိုသာ ပြန်လာခဲ့လိုက်သည်။
" တောင်းပန်ပါတယ် ပြောလိုက်ရင်... ပြီးသွားမယ့် ဟာကို ခေါင်းကြောလာမာနေတဲ့ အုန်းသီးမလေး... "
ကားကို ခြံထဲကနေ မောင်းထွက်ရင်း.. ဒူးထောက်
နေတဲ့ ချာတိတ်မလေးဆီ လှမ်းကြည့်ပြီး... ပြောသွားတာပဲ ဖြစ်သည်။
" အာ့! နာလိုက်တာ "
တခေတ် ဒူးထောက်နေရတဲ့ နေရာက လုံးချော
ကျောက်စရစ်ခဲ အသေးလေးတွေ အလှခင်းထားတဲ့ နေရာမို့လို့... ဒူးထောက်ချလိုက်တာနဲ့ နာ၏။
နာပေမဲ့လည်း တခေတ်ကြောက်တဲ့ ရေထဲမဟုတ်လို့ နေရတာ တော်ပါသေးတယ်။
ဒူ က နာပါတယ်ဆိုမှ လက်ကပါ မြှောက်နေရသေးတာမို့... ဟို ဦးလေးကြီး ကို "လမ်းသွားတိုင်း
ခလုတ်တိုက်ပါစေ" ဟု မေတ္တာပို့မိ၏။
.
.
" သမီး မိုးသားအတွက် အခန်း က လှေကားရဲ့
ညာဘက်က အခန်းပဲ "
" ဟုတ်ကဲ့ အဘိုး "
" အိမ်မှာ အဘိုးတို့မြေးနဲ့ ထမင်းချက် ဒေါ်တင်ရယ်၊ခြံစောင့်ဖြစ်တဲ့ ဒေါ်တင်ရဲ့ ယောက်ျားရယ်ပဲ နေကြတာ။လူကနည်းပြီး အိမ်ကကျယ်လို့ သမီးတို့ လွတ်လွတ်လပ်လပ် နေလို့ရတယ် "
" ဟုတ်ကဲ့ အဘိုး။ဟိုလေ... မိုးသား ညီမလေးအတွက် အခန်းကရော ဟင် "
" သမိီးညီမလေးအတွက်က အပေါ်ထပ်မှာ။မြေးတိုက် အခန်းလည်း အပေါ်ထပ်မှာပဲ။အောက်ထပ်မှာက သမိီးမိုးသား နေရတာ ပိုလွတ်လပ်မယ်ထင်လို့... အဘိုးတို့က အောက်ထပ်မှာ သမီးမိုးသားအတွက် အခန်းပြင်ပေးထားတာ "
လက်ထပ်ရမယ့် သူနှစ်ယောက်ကိုတော့ အပေါ်မှာအတူ မထားဘဲ အပေါ်နဲ့အောက် ထား ထားတာပြီး... တခေတ်မ ကို ဦးနေနဲ့အတူ အပေါ်ထပ်မှာ ထားတာကြောင့်... မိုးသား စိတ်ထဲအလိုမကျ ဖြစ်သွားရသည်။
မိုးသား မျက်နှာကိုတော့ စိတ်ထဲကနဲ့ မတူအောင် ပြုံးချိုထားရသည်။
" အောက်ထပ်မှာလည်း မိုးသားအတွက် အဆင်ပြေပါတယ်။အဝတ်အိတ်တွေ နေရာမချရသေးလို့... မိုးသား အခန်းထဲမှာ အဝတ်အိတ်တွေ
သွားထားလိုက်ပါအုံးမယ် အဘိုး "
" သွားထားပါ။အဝတ်ထားပြီး အနားယူလိုက်အုံး။ပင်ပန်းနေမှာ ကားစီးလာရတော့။ဒေါ်တင်ရေ သမီးမိုးသား ကို သူနေရမယ့် အခန်းဆီ လိုက်ပို့ပေးလိုက်ပါကွယ် "
" ဟုတ်ကဲ့ သူဌေးကြီး "
" မိုးသား သမီး သူက ဒေါ်တင်လို့ခေါ်တယ်။သမီးမိုးသား လိုအပ်တာရှိရင် ဒေါ်တင် ကို ပြောလိုက် သူလုပ်ပေးလိမ့်မယ် "
" ဟုတ်ကဲ့ အဘိုး "
" တူမကြီး လာ... အဒေါ် အခန်းလိုက်ပြပေးမယ် "
" ဟုတ်ကဲ့ "
.
.
.
" ဒါ တူမကြီးမိုးသား နေရမယ့် အိပ်ခန်းပဲ "
" အဝတ်အိတ် ကို ဒီမှာ အဒေါ် ထားခဲ့တယ်နော် "
" ဟုတ်ကဲ့ "
" ဘုန်း... အခုမှပဲ အမောပြေတော့တယ် "
မိုးသား အိပ်ဖို့အတွက် မွေ့ရာထူထူကြီးနှင့် ပြင်ဆင်ထားတဲ့ အိပ်ရာပေါ် ကန့်လန့်ဖြတ် ပစ်လှဲချပြီး... ခဏ အမောဖြေလိုက်သည်။
အမောပြေတာနဲ့ ထပြီး၊အဝတ်စားလဲပြီး ရေချိုးဖို့ လုပ်ရသည်။ဦးနေ ပြန်လာရင် မိုးသား က လှနေဖို့ လိုသည်လေ။
အိမ်ကြီးက နှစ်ထပ်ခွဲတိုက်ကြီးဖြစ်သည်။အိမ်ကကြီးသလို အိပ်ခန်းကလည်း ကြီးသည်။ရေချိုးခန်း၊အိမ်သာတွဲရပ်ကိုမှ အဝတ်လဲခန်းလည်းရှိသည်။အဝတ်ဗီရိုတစ်လုံးနှင့် မှန်တင်ခုံပါရှိသည့်
အပြင်၊ရေခဲသေတ္တာအသေးပါ ထည့်ပေးထားသေးသည်။
လိုလိုသေးသေးမရှိအောင် လုပ်ပေးထားတဲ့ အခန်းလေးကို မိုးသား သဘောကျမိသည်။
တစ်ခုပဲ မိုးသားအတွက် အဆင်မပြေတာ ရှိသည်။ အဲ့ဒါက ဦးနေနဲ့ အပေါ်ထပ်မှာ နေခွင့်မရတာပင်။
အပေါ်ထပ်မှာ သူတို့မထားလည်း ကိစ္စမရှိပါဘူး။ဟိုကောင်မလေးနဲ့ မနက်ကျရင် အခန်းချင်း ချိန်းပစ်လိုက်ရင် ရပြီပဲ။
" အဟင်း... "
မိုးသား ခေါင်းထဲကို လျှပ်ရပ်တပြတ် ပေါ်လာတဲ့
ကိုယ့် အတွေးကို သဘောကျမိတာမို့... ရယ်မိ၏။
.
.
.
" ဒေါ်တင်ရေ... ဟိုအငယ်မလေး က ဘယ်မှာမလဲ။အခုထိလဲ အိမ်ထဲဝင်မလာသေးပါလား။အပြင်နေနေရင် အထဲကိုခေါ်ခဲ့ပြီး၊အခန်းထဲမှာ
သွားနားခိုင်းလိုက်ချေ "
" အငယ်မလေးက အပြင်မှာပါ သူဌေးကြီး။အိမ်ထဲတော့ ဝင်လို့ရမှာ မဟုတ်ဘူး။တူကြီးတိုက် က
အပြစ်ပေးခဲ့ထင်တယ်။ရေကူးကန်ဘေးမှာ ဒူးထောက်နေရပါတယ် သူဌေးကြီး "
" ဟေ! အခုမှ အိမ်ရောက်တဲ့ ကလေးကို မြေးက
အပြစ်ပေးတယ်တဲ့လား။ဘာလို့ အပြစ်ပေးတာတဲ့လည်း ဒေါ်တင် "
" အဲ့ဒါတော့ ကျွန်မလည်း သေချာ မသိပါဘူး။ ကားပေါ်ကနေ ဆင်းလာကတည်းက တူကြီးတိုက် က အငယ်မလေးကို ရေကူးကန်ဘက်ကို
ခေါ်သွားပြီး... အပြစ်ပေးတော့တာပဲ။ကားပေါ်မှာ
ဘာဖြစ်လာကြတာလဲတော့ မသိပါဘူး "
" ဟုတ်လား။ ငါ အငယ်မလေး ကို သွားကြည့်လိုက်အုံးမယ်။ကလေးတွေက ပင်ပန်းလာတာဆိုတော့... ညစာလေးကို ဖွယ်ဖွယ်ရာရာလေး ချက်ထား ဒေါ်တင် "
" ဟုတ်ကဲ့ သူဌေးကြီး "
ဦးသောကသည် မြေးဖြစ်သူ အပြစ်ပေးခဲ့တယ်ဆိုတဲ့ ကလေးမလေးဆီကို မြန်မြန်ပင် သွားလိုက်သည်။
.
.
ဟော... တွေ့ပါပြီ၊အသားညိုညိုနဲ့ ကလေးမလေး ကို။
ဒူးထောက်၊လက်မြှောက်ပြီး နေနေတဲ့ ကလေးမလေးသည် မျက်နှာလေးက ဆူပူတ်နေ၏။ဆူပုတ်နေပေမဲ့... ထိုကလေးမလေး မျက်နှာက ကြည့်ရဆိုးနေတာမျိုး ဖြစ်မနေပဲ။ချစ်ခင်ဖွယ်ကောင်းနေ၏။ချစ်မွှေးပါတဲ့ ကလေးမလေးလို့ ပြောလို့ရသည်။
ဦးသောက ထိုကလေးမလေး ရှေ့ကို သွားရပ်ပြီး...
" ထတော့... မြေးငယ်လေး။ အဘိုးနဲ့အတူ အိမ်ထဲ ဝင်ကြမယ် "
အသက်ခြောက်ဆယ်ကျော်လောက် ရှိမည်ထင်ရသည့်... အဘိုးသည် ဟို ဦးလေးကြီး၏ အဘိုးပဲ ဖြစ်ရမည်။ အဘိုးကတော့ ဦးလေးကြီးနဲ့မတူဘဲ
သဘောကောင်းမယ့် ပုံပင်။
" တခေတ် မဝင်သေးပါဘူး အဘိုး။ဟို ဦးလေးကြီး ဝင်ခိုင်းတော့မှ ဝင်မှာ. "
" မြေးငယ်လေး ခြေထောက်တွေ နာနေမှာပေါ့။
အဘိုး က မြေးငယ်လေး ကို မဆူအောင်လည်း
ပြောပေးမယ်လေ "
" ရပါတယ် အဘိုး။တခေတ် အဆင်ပြေပါတယ်။သူ မထခိုင်းဘဲ ထနေရင်၊ပြန်လာတဲ့ အခါ တခေတ် ကို ရေကန်ထဲ ထပ်ဆင်းခိုင်းနေမှ ဒုက္ခဖြစ်နေရမှာ "
ဆူပုတ်ပုတ် မျက်နှာလေးနဲ့ မြေးကို မကျေမနပ်ဖြင့် ပြောနေတဲ့ ကလေးမလေးသည် အပြစ်ကင်းစင်ပြီး ချစ်စဖွယ်အတိပင်။
" မြေးငယ်လေး က မထချင်ဘူးဆိုလည်း အဘိုး
က အိမ်ထဲ ဝင်ဖို့ မခေါ်တော့ပါဘူး။ဒါမဲ့ မြေးငယ်လေး ခြေထောက်တွေ နာလာလို့ မနေနိုင်တော့ရင်တော့ အိမ်ထဲဝင်လာခဲ့ ဟုတ်ပလား... "
" ဟုတ်ကဲ့ အဘိုး "
ဦးသောက ခေါင်းမာပုံရတဲ့ ကလေးမလေး ကို နှစ်လိုဖွယ်အပြုံးနှင့် ကြည့်ပြီး... အိမ်ထဲဝင်လာခဲ့လိုက်သည်။
အိမ်ထဲဝင်လာရင် စိတ်ထဲတွေးမိသည်က....
ဖြူဖြူချောချော အကြီးမလေးထက်...
အသားညိုညိုလေးနဲ့ အငယ်လေးက ပိုပြီးတော့ချစ်ဖို့ကောင်းနေတာပဲ လို့...။
တခေတ် နာရီတော်တော်ကြာ ဒူးထောက်ထားရလို့... ခြေထောက်က နာနေပေမဲ့... ရေကန်ထဲ မဆင်းရဖို့က ဒီတစ်နည်းပဲရှိသည်မို့... အံကိုတင်းတင်းကြိတ်ပြီး... ဦးလေးကြီး ပြန်အလာကို စောင့်နေမိသည်။
.
.
.
.
" ဟာ! သေပြီ သေပြီ ငါ့နှယ်ကွာ... အရေးကြီးတာကိုမှ မမေ့ရတယ်လို့... "
တိုက်, ကားကို ခြံထဲမောင်းဝင်လာစဥ်...
ရေကူးကန်ဘက်မှာ ဒူးထောက်ပြီး နေနေဆဲ...
ချာတိတ်မလေးကို တွေ့လိုက်ရတာကြောင့် ကိုယ့်နဖူး ကိုယ် ပြန်ရိုက်ပြီး မြည်တွန်ပြောဆိုမိ၏။
ညနေက မီတင်ကြောင့် အလုပ်ရှူပ်ပြီး...
ချာတိတ်ကို တိုက်, မေ့သွားခဲ့တာ။အခုတော့
ဟိုဟာလေး က ကိုယ့်ကို ပြောတော့မည်။
တိုက်, ကားကို ညနေဘက် အလုပ်ကပြန်လာရင်  ရပ်နေကြ နေရာဖြစ်တဲ့... ဂိုထောင်ထဲကိုတောင် သွားမရပ်တော့ဘဲ... ရောက်နေတဲ့ ခြံအလယ်မှာတင် ရပ်လိုက်ပြီး... ချာတိတ်မလေးဆီ ခပ်မြန်မြန် သွားမိ၏။
" မင်း အိမ်ထဲမဝင်သေးဘဲ ဘာလို့ ဒူးထောက်နေသေးတာလဲ။မင်း ကိုယ်ထဲက သွေးတွေကို ခြင်ကို
အလှူပြုနေတာလား... ဟမ် "
မှောင်စပြုနေပြီး ခြင်တွေဝဲပျံနေတာတောင် အိမ်ထဲမဝင်ဘဲ... အပြင်မှာ ပေတေနေတဲ့ ချာတိတ်မလေး ကို တိုက်, တကယ် ဒေါသထွက်မိ၏။ ကိုယ်က မေ့နေရင်တောင်... ဒီလောက်အချိန်ဆိုရင် သူမ က အိမ်ထဲဝင်နေသင့်ပြိီလေ။
" တခေတ် အိမ်ထဲဝင်လို့ ရပြီလား... "
အံကြိတ်သံနှင့် ဒူးထောက်နေရာမှ တိုက်,ကို မော့ကြည့်ပြီး... မေးတဲ့ ချာတိတ်မလေး။
" ရပြီ "
" အာ့! "
" မင်း ရရဲ့လား! "
" တခေတ် အသားကို လာမထိနဲ့! "
" ဟင်! "
ဒူးထောက်ထားတာ ကြာလို့ ရုတ်တရက် ထလိုက်တော့... ခြေထောက်တောက်တွေ က ယိုင်လဲမလိုဖြစ်သွားတဲ့ သူမ ကို လဲှမသွားအောင် လက်ကနေ ဖမ်းကိုင်ပြီး... ထိန်းပေးလိုက်တာပါ။
အဲ့ဒါကို တိုက်, လက်ကို ဆောင့်ဖယ်ပြီး...
အော်ပြောတာကြောင့် ဟင်ခနဲ အာမေဋိတ်သံနှင့် တိုက်,မှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
မိုးချုပ်ခါနီးမှ ပြန်လာပြီး... လူကို အော်နေတဲ့ ဦးလေးကြီး အား... တခေတ်မှာ ဒေါသထွက်လွန်းလို့ သ-တ်တောင်ပစ်ချင်မိသည်။
ဦးလေးကြီး နားမှာ ကြာကြာနေရင် တခေတ်
တစ်ခုခု လုပ်မိနိုင်လောက်သည်မို့... ညောင်းချိနေတဲ့ ခြေထောက်တွေကို အိမ်ထဲဆီ မြန်မြန်လျှောက်လိုက်သည်။
" အ! ဘုတ်! ဟင့် "
အမြန်လျှောက်ချင်ပါတယ်ဆိုမှ ခြေထောက်တွေ က ကျင်တက်လာပြီး... လူက မြေကြီးပေါ်ကို ခွေခနဲ ပစ်ကျသွားတာမို့... အသည်းမာပါတယ်ဆိုတဲ့
တခေတ်မှာ မျက်ရည်တောင် ကျမိ၏။
" ကျစ်! ခေါင်းမာချက်ကတော့ ကမ်းကုန်ပဲ "
" အမေ့! ဦးလေးကြီး ဘာ  ဘာလုပ်တာလဲ။တ
တခေတ် ကို အခု ပြန်ချပေး... "
ဘာမပြော၊ညာမပြောနဲ့ တခေတ် ကို ဆက်ခနဲ ပွေ့ချီလိုက်တဲ့ ဦးလေးကြီးကြောင့်... ခြေထောက်တောက်တွေ နာနေတာကိုတောင် မေ့သွားတဲ့ အထိ တခေတ်မှာ လန့်သွားရ၏။
" ရေကူးကန်ထဲ ပစ်ချတာ မခံချင်ရင်၊ပါးစပ်ကို
ပိတ်ပြီး၊ ငါ ခေါ်တဲ့ အတိုင်း အိမ်ထဲကို လိုက်ခဲ့ "
တခေတ်မှာ စိတ်တိုနေသော်လည်း...
ရေကူးကန်ထဲ ပစ်ချခံရမှာကို ကြောက်တာကြောင့် အသာလေး ငြိမ်နေလိုက်ရသည်။
တိုက်, အရမ်းဆိုးသော ချာတိတ်မလေး ကို ပွေ့ပြီး... ခြေလှမ်းကျဲတွေနှင့် အိမ်ထဲဘက်ကို လျှောက်လာခဲ့လိုက်သည်။ထိုအချိန်မှာပဲ အဘိုးနဲ့အတူ ဒေါ်တင်သည်လည်း ထမင်းပန်းကန်၊ဟင်းပန်းကန်တွေ ထည့်ထားတဲ့ ဗန်းတစ်ချပ်နဲ့ အိမ်ရှေ့ကို ထွက်လာနေတာကို တွေ့ရသည်။
အဘွားတို့ကို ကြည့်ရတာ...
လက်ပေါ်က ငပေ၊ငဂျစ်မလေး အိမ်ထဲမဝင်လို့
ထမင်းကျွေးဖို့ ထွက်လာကြတာပဲ ဖြစ်ရမည်။
အဘိုးတို့သည်လည်း တိုက်,တို့ အိမ်ထဲဘက်ကို
လာတာနေမြငိတော့... နေရာကနေ ရပ်စောင့်နေကြသည်။တိုက်,လည်း ခြေလှမ်းတွေကို ပိုမြန်ပြီးတော့ လျှောက်လိုက်သည်။
အကြောင်းကာ... ချာတိတ်မလေးရဲ့ ဒူးနှစ်ဖက်လုံးမှာ သွေးစို့နေတာကို မြင်လိုက်ရတာကြောင့်ပါ။
.
.
Share လေး လုပ်သွားပေးနော်။မန့်လေးတွေက
ခိုးခိုး ဖတ်နေပါတယ်😁
Writer #ကိုးအမရာမောင်
#Koe Amara Maung
                                 or
                       ဦးရဲ့.... ချာတိတ် 
                          အခန်း   (၂)
.
.
.
" ဘာပြောဖို့လဲ! "
ကျောင်းသား မဟုတ်ဘူး "
တော်ကာကြမည်။
" လက်နှစ်ဖက်ကို အပေါ်မြှောက်ပြီး၊ဒူးကိုထောက်ထားလိုက် "
" ဘာပြောတယ် ဦးလေးကြီး "
ကို လာ ဆုံးမနေတာလဲ။တခေတ် ကို ဆုံးမတယ်
" အား... ဦးလေးကြီး! "
ဦးလေးကြီး။
" ကြားရင် လူကြီး ကို ပြန်ဖြေရမယ်ဆိုတာ မင်း
မသိဘူးလား... "
" အာ့! နာလိုက်တာ "
.
.
ညာဘက်က အခန်းပဲ "
" ဟုတ်ကဲ့ အဘိုး "
" ဟုတ်ကဲ့ သူဌေးကြီး "
" ဟုတ်ကဲ့ အဘိုး "
" ဟုတ်ကဲ့ "
.
.
.
" ဟုတ်ကဲ့ "
" အဟင်း... "
.
.
.
" ဟုတ်ကဲ့ သူဌေးကြီး "
.
.
ပြောပေးမယ်လေ "
" ဟုတ်ကဲ့ အဘိုး "
.
.
.
.
အလှူပြုနေတာလား... ဟမ် "
" ရပြီ "
" အာ့! "
" မင်း ရရဲ့လား! "
" ဟင်! "
ဒူးထောက်ထားတာ ကြာလို့ ရုတ်တရက် ထလိုက်တော့... ခြေထောက်တောက်တွေ က ယိုင်လဲမလိုဖြစ်သွားတဲ့ သူမ ကို လှဲမသွားအောင် လက်ကနေ ဖမ်းကိုင်ပြီး... ထိန်းပေးလိုက်တာပါ။
" အ! ဘုတ်! ဟင့် "
.
.
ခိုးခိုး ဖတ်နေပါတယ်😁
Writer #ကိုးအမရာမောင်
#Koe Amara Maung
Seguir leyendo
También te gustarán
342K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
837K 31.8K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023