ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

999K 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

169

2.7K 523 7
By Vanilla_IceCream61

ယွီဝမ်ဖုန်း၏ မြှောက်ပင့်ပြောဆိုခြင်းများ
..................................................

"ဝမ်းကွဲက မြို့တော်ကို ဒီနေ့အစောပိုင်းကရောက်လာပြီး အကြီးပိုင်းတွေကို အိမ်ပြန်မတွေ့တာနဲ့တင် လူတွေအတင်းပြောစရာဖြစ်နေပြီ။ ငါတို့တွေ ဒီအတိုင်းပြန်သွားရင် မြို့ရဲ့နေရာတိုင်းမှာ ကောလဟာလတွေပျံ့ပြီး ငါ့ဝမ်းကွဲရဲ့ဂုဏ်သတင်းကို ဆိုးဆိုးရွားရွားကျဆင်းစေလိမ့်မယ်။" ယွီဝမ်ဖုန်းကထပ်ပြောသည်။

အစောင့်က မျက်မှောင်ကြုတ်ကာ အခိုက်အတန့်မျှစဉ်းစားပြီးနောက် ပြန်ပြောသည်။ "ဒါဆို ခဏလောက်စောင့်ပေးပါဦး။ ကျွန်တော် အထဲဝင်ပြီး ထပ်မေးလိုက်ပါ့မယ်။"

ယွီဝမ်ဖုန်းက စိတ်သက်သာရာရသွားသည်။ "ရပါတယ်။"

တဲ့တိုးပြောတတ်သောအစောင့်က အရှေ့ဘက်တံခါးပေါက်ထဲသို့ဝင်သွားပြီး မျက်ကွယ်သို့ရောက်သောအခါ မျက်ဆန်လှန်လိုက်သည်။ 'ငါ့ကို အရူးလို့ထင်နေတာလား။ စစ်သူကြီးသာ သူတို့ကိုကြာကြာစောင့်ခိုင်းထားဖို့ ငါ့ကိုမမှာထားရင် ဒီလိုပြန်လာမှာမဟုတ်ဘူး။'

လွန်ခဲ့သည့်အခိုက်အတန့်တွင် ဧည့်သည်များရောက်လာသည်ဟု အစောင့်မှလာပြော၍ လင်းကျန်နိုးသွားသည်။ သို့သော် သဲသဲကွဲကွဲမကြားခဲ့ရပေ။ ခဏအကြာတွင် အသံတိတ်သွားကာ သူပြန်အိပ်ပျော်သွားသည်။ ထိုအချိန်တွင် သူကထန်းယန်တွင်ရှိနေသည်ကို အိပ်မက်မက်ခဲ့သည်။ သူအိပ်မက်ထဲ၌ပျော်ရွှင်နေစဉ်တွင် အကြောင်းလာကြားသော အစောင့်၏အသံကြောင့် ထပ်နိုးသွား၍ အိပ်ချင်မူးတူးဖြင့် စိတ်တိုသွားတော့သည်။ "ဘာဖြစ်နေတာလဲ။ ကျွန်တော့်ကိုကောင်းကောင်းအိပ်ခွင့်မပေးနိုင်ဘူးလား။"

ယွီဝမ်ထုန်က လင်းကျန် နှစ်ကြိမ်ဆက်တိုက်အနှိုးခံလိုက်ရသည်ကိုတွေ့သောအခါ တတိယအကြိမ်မြောက်မနိုးစေရက်သဖြင့် ရင်ခွင်ထဲထည့်ဖက်ကာ ပုတ်ပေးလိုက်သည်။ "အဆင်ပြေပါတယ်။ ပြန်အိပ်၊ ပြန်အိပ်။"

လင်းကျန်က ယွီဝမ်ထုန်၏ရင်ခွင်ကို ခေါင်းဖြင့်ပွတ်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ယွီဝမ်ထုန်ကိုဖင်ပေးသွားသည်။

ယွီဝမ်ထုန်က လင်းကျန်၏ပွတ်သပ်မှုကြောင့် အလွန်ကျေနပ်နေစဉ်တွင် လင်းကျန်ကတစ်ဖက်လှည့်သွား၍ သူ့ရင်ခွင်လစ်ဟာသွားပြီး စိတ်ပျက်သွားသည်။

သူက လင်းကျန်ကိုဖက်ကာ သူ့ရင်ဘတ်ကိုထပ်ပွတ်သပ်စေချင်သော်လည်း လင်းကျန်နိုးသွားမည်ကို စိုးရိမ်၍မလုပ်ပေ။

နောက်ဆုံးတွင်တော့ သူ့ဘာသာသူလက်လျှော့ကာ အိပ်ရေးလာဖျက်သည့် အရူးနှစ်ယောက်နှင့်သွားတွေ့ရတော့သည်။

*****

"ဝမ်းကွဲ"

ယွီဝမ်ဖုန်းနှင့်ယွီဝမ်ချီတို့က စံအိမ်ထဲသို့ရောက်လာကာ ယွီဝမ်ထုန်နှင့်တွေ့ကြသည်။

"ထိုင်။ မင်းတို့က ငါ့ကိုဘာလို့ တွေ့ချင်ကြတာလဲ။" သူတို့ကို ထိုင်ရန်ပြောပြီးနောက် ယွီဝမ်ထုန်ကလက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

"ဝမ်းကွဲ၊ အစ်ကိုဘာလို့ အိမ်ပြန်မလာတာလဲ။ ကျွန်တော်တို့တွေစောင့်နေတာကြာပြီ။" ယွီဝမ်ချီက အပြစ်တင်သောလေသံဖြင့် ချက်ချင်းပြောသည်။

ယွီဝမ်ချီက သူ့လေသံနှင့်ပက်သက်၍ မှားသည်ဟုမထင်ပေ။ ယွီဝမ်ထုန် အိမ်ပြန်မလာရသည့်အကြောင်းရင်းမှာ ထိုပြည့်တန်ဆာကောင်လင်းကျန်က ညှို့ငင်ထားသောကြောင့်ဟုသာ သူထင်နေသည်။ ယွီဝမ်ထုန်ဒေါသထွက်ရသည့်အကြောင်းအရင်းအပါအဝင် ထန်းယန်သို့ကိုယ်တိုင်သွားကာ လင်းကျန်ကိုခြိမ်းခြောက်ခဲ့သူက သူဖြစ်ကြောင်း အိမ်တွင်သူ့အစ်ကိုသတိပေးခဲ့သည်ကို သူမေ့သွားလေပြီ။ ယွီဝမ်ထုန်က အေးစက်စက်ဆက်ဆံခြင်းအတွက် သူ့ကိုယ်သူကိုသာအပြစ်တင်ရမည်။

ယွီဝမ်ထုန်က သူ့ကို ကြည့်ပင်မကြည့်ချေ။ သူက လက်ဖက်ရည်နောက်တစ်ငုံသောက်ကာ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင်ချလိုက်သည်။

ယွီဝမ်ဖုန်းက ယွီဝမ်ထုန်၏ အနည်းငယ်သုန်မှုန်နေသောမျက်နှာထားကိုမြင်ကာ မြန်မြန်ဝင်ပြောသည်။ "ခရီးအရှည်ကြီးကို ရက်တွေအကြာကြီး ထွက်လာခဲ့ရတော့ ဝမ်းကွဲနဲ့သခင်လေးလင်းတို့  တကယ်ပင်ပန်းနေမှာပဲ။ သခင်လေးလင်းက ဒီစံအိမ်ကိုအခုမှပြောင်းလာတာဆိုတော့ အဆင်မပြေတာတွေအများကြီးရှိလိမ့်မယ်။ ဝမ်းကွဲနဲ့သခင်လေးလင်းတို့ အိမ်မှာလာနေလို့ရတယ်လေ။ အဲ့ဒီမှာအစေခံတွေပိုများတယ်။ ကျွန်တော့်အမေကလည်း အိမ်အလုပ်တွေကို စီမံပေးနိုင်တော့ ဝမ်းကွဲတို့ကောင်းကောင်းနားလို့ရတာပေါ့။"

ယွီဝမ်ဖုန်း၏စကားများက ယွီဝမ်ချီ၏စကားများထက် များစွာပို၍ပရိယာယ်ကြွယ်သည်။ သူက ယွီဝမ်ထုန် အိမ်ပြန်မလာသည့်ကိစ္စကို ရှောင်ပြောရုံသာမက ယွီဝမ်ထုန်အိမ်ပြန်လာစေရန်အတွက် အိမ်တွင်နေရအဆင်ပြေသည့်အကြောင်းကို ဗဟိုပြုပြောခဲ့သည်။

"ကျွန်တော့်မိဘတွေကလည်း ဝမ်းကွဲတို့လာမှာကို စောင့်နေကြတယ်။ သခင်လေးလင်းလည်း ဝမ်းကွဲနဲ့အတူပါလာမယ်ဆိုတာကို သူတို့ကြားပြီးတော့ သခင်လေးလင်းကို လူကိုယ်တိုင်တွေ့ရမဲ့အချိန်ကို မျှော်လင့်နေကြတယ်။ သခင်လေးလင်းက ဝမ်းကွဲရဲ့ကြင်ယာဖက်လောင်းဆိုတော့ ကျွန်တော်တို့အားလုံး သူ့အကြောင်းသိချင်နေကြတာ။"

ယွီဝမ်ထုန်က တစ်ချက်ပြုံးကာတွေးမိသည်။ 'ယွီဝမ်ဖုန်းက အရင်အတိုင်းပဲ။ သူ့စကားတွေရော၊ လုပ်ရပ်တွေရောက တော်တော်လိမ္မာပါးနပ်တယ်။ သူ့ဘာသာသူဘယ်လိုတွေးတွေး မျက်နှာပေါ်မှာဘာအရိပ်အယောင်မှ မပြဘူး။'

"မင်းက စဉ်းစားလွန်းနေပြီ။ ငါနဲ့ညီလေးလင်းက အဲ့ဒီကိုမရောက်သေးရုံပါ။ ငါသူ့ကို ယွီဝမ်မိသားစုစံအိမ်ထဲ ဒီအတိုင်းခေါ်သွားရင် အတင်းပြောစရာကောလဟာလတွေ ထွက်လာလိမ့်မယ်။ ငါတို့တွေလက်ထပ်ပြီးသွားရင်တော့ သူက ငါနဲ့အတူပြောင်းလာမှာပါ။"

"ဝမ်းကွဲက သခင်လေးလင်းကိုလက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီလား။ ဒါကသတင်းကောင်းပဲ။" ယွီဝမ်ဖုန်းက ကျေနပ်ဝမ်းသာနေပုံပေါ်သော်လည်း တိတ်တဆိတ်စိတ်ပျက်နေသည်။ 'ယွီဝမ်ထုန်က လက်ထပ်ဖို့ကိစ္စကိုပြောနေပြီ။ သူကအဲ့ဒီလင်းကျန်နဲ့ တကယ်လက်ထပ်မလို့လား။'

"ဘာ။ ဝမ်းကွဲ ရူးသွားပြီလား။ ဝမ်းကွဲက အဲ့ဒီလင်းကျန်နဲ့ တကယ်လက်ထပ်ချင်တာလား။ လင်းကျန်ဆိုတာ ဟိုးမထင်မရှားဒေသက မထင်ပေါ်တဲ့မိသားစုဝင်တစ်ယောက် ဖြစ်တဲ့အပြင် ယောက်ျားလေးနော်။ ဝမ်းကွဲက အဲ့ဒီစေ့စပ်ထားတာကို အသိအမှတ်ပြုဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်စတေးမလို့လား။" ယွီဝမ်ချီက အလန့်တကြားထခုန်သည်။

ယွီဝမ်ဖုန်းက စိတ်ပျက်ကာ မျက်နှာတောင့်သွားသည်။ 'ယွီဝမ်ချီက တကယ့်အရူးပဲ။'

"မထင်မရှားနေရာက မထင်ပေါ်တဲ့မိသားစု ဟုတ်လား။ မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ။" ယွီဝမ်ထုန်က ယွီဝမ်ချီကို ကြမ်းကြုတ်စွာကြည့်လိုက်သည်။

ယွီဝမ်ချီထိတ်လန့်သွားသည်။ "ဝမ်းကွဲ ဘယ်လိုပြောလိုက်တာလဲ။ ကျွန်တော်နဲ့ အဲ့ဒီလင်းကျန်ကို ဘယ်လိုလုပ်ယှဉ်နိုင်ရတာလဲ။ ကျွန်တော်က သူနဲ့အဆင့်အတန်းအကွာကြီးပဲလေ။"

"မင်းမှာ သင်ယူလေ့လာထားတာရော အရည်အချင်းရော မရှိဘူး။ ဘာမှအသုံးမကျဘဲ မောက်မောက်မာမာ အနိုင်ကျင့်ဖို့ပဲ သိတယ်။ ညီလေးကျန်က ဘယ်နေရာမှာမဆို မင်းထက်သာတယ်။ ယွီဝမ်ချီ၊ မင်းကိုသူများကိစ္စထဲဝင်မပါနဲ့လို့ ငါထန်းယန်မှာကတည်းက ပြောလိုက်တယ်။ ကြည့်ရတာ ငါ့စကားတွေက တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားကပြန်ထွက်သွားပုံပဲ။" ယွီဝမ်ထုန်က အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။ သူ့စကားများက ပြတ်သားလွန်းရာ ယွီဝမ်ချီမှာ ထိတ်လန့်နေရာမှ လွယ်လွယ်နှင့်သတိမဝင်လာပေ။

"ကျွန်...ကျွန်တော်က..." ယွီဝမ်ချီက ကိုယ့်ကိုယ်ကိုယ်ကာပြောရန် ကြိုးစားမိသည်။

"ဝမ်းကွဲရယ်၊ ကျွန်တော့်ညီလေးရဲ့အကျင့်ကိုက ဒီလိုပဲမို့ပါ။ သူက နှုတ်သွက်တော့ ဘာမှမစဉ်းစားပဲပြောချလိုက်တာ။ ဒါပေမဲ့ သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိလို့ နည်းနည်းခွင့်လွှတ်ပေးပါ။ သူက ဝမ်းကွဲအတွက် ဂရုစိုက်လို့သာ ဒီစကားတွေပြောလိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်လုံးက သခင်လေးလင်းနဲ့မတွေ့ရသေးတော့ သူကဘယ်လိုလူမျိုးလဲဆိုတာ သေချာမသိဘူးလေ။ မသာယာတဲ့အိမ်ထောင်ရေးထဲ ဝမ်းကွဲ ရောက်သွားမှာကိုပဲ ကျွန်တော်တို့စိုးရိမ်တာပါ။" ယွီဝမ်ဖုန်းက မြန်မြန်ဝင်ပြောသည်။

ယွီဝမ်ချီကမည်မျှ ပေါ့ဆပါစေ၊ သူတို့ကညီအစ်ကိုများပင်။ သူ့ညီက ယွီဝမ်ထုန်အားဒေါသထွက်စေမည်ကို သူရပ်မကြည့်နိုင်ပေ။ ဤနှစ်များတွင် ယွီဝမ်ဖုန်းက ရာထူးမြင့်လာသည်နှင့် ယွီဝမ်ထုန်ကို မည်မျှ အထင်ကြီးစရာကောင်းကြောင်း ပိုသိလာရသည်။ သို့သော် ယွီဝမ်ချီကမူ ညီလာခံမှအခြေအနေကို မတွေ့ဖူးသေးသည့်အပြင် ခေါင်းမာသဖြင့် ထိုအကြောင်းအား မမြင်နိုင်ပေ။

"မင်း ဘာမှစိုးရိမ်စရာမလိုပါဘူး။ ညီလေးကျန်က ဘယ်လိုလူမျိုးဆိုတာကို ငါကောင်းကောင်းသိပါတယ်။ ပြီးတော့ ဒါကငါ့လက်ထပ်မဲ့ကိစ္စဆိုတော့ မင်းတို့တွေ တအားဝင်ပါလို့မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ပင်မယွီဝမ်မိသားစုရဲ့ တစ်ဦးသောတာဝန်ရှိသူပဲ။ ဆင့်ပွားယွီဝမ်မိသားစုရဲ့ကိစ္စတွေကို ငါလုံးဝဝင်မစွက်ဖက်ဖူးဘူး။ လေးစားမှုဆိုတာ အပြန်အလှန်ရှိရတယ်။ ငါပြောတာမှန်တယ်မလား၊ ညီလေးဖုန်း။" ယွီဝမ်ထုန်က ဖြည်းဖြည်းချင်း ပြောသည်။

ယွီဝမ်ဖုန်းက ခေတ္တမျှမျက်နှာထားပြောင်းသွားပြီးနောက် ပြန်ပြောသည်။ "ဝမ်းကွဲက အလေးအနက်တွေးနေတာပါ။ ကျွန်တော်တို့က ဝမ်းကွဲလက်ထပ်မဲ့ကိစ္စမှာ ဝင်စွက်ဖက်ဖို့ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်တို့က အတော်အတန်စိုးရိမ်မိရုံပါ။ ဝမ်းကွဲအပေါ် မလေးစားတာမဟုတ်ပါဘူး။ တခြားအရာတွေထက် ကျွန်တော်တို့က မိသားစုဝင်တွေပါ၊ သွေးကရေထက်ပျစ်ပါတယ်။ ဝမ်းကွဲက ကျွန်တော်တို့ရဲ့အစ်ကိုပဲ။ ဝမ်းကွဲအတွက်အကောင်းဆုံးကို ကျွန်တော်တို့ မလိုလားဘဲ ဘယ်နေမလဲ။"

"ဒီလိုကြားရတဲ့အတွက် ငါကျေးဇူးတင်ပါတယ်။ တခြားလူတွေလည်း ဒီလိုတွေးမယ်လို့ ငါမျှော်လင့်တယ်။" ယွီဝမ်ထုန်က ယွီဝမ်ချီက တစ်ချက်ကြည့်လိုက်သည်။

ယွီဝမ်ချီက ယွီဝမ်ထုန်၏မျက်ဝန်းထဲမှ သတိပေးမှုကိုတွေ့သောအခါ တုန်သွားသည်။

ဒေါသထွက်စရာစကားများအား ယွီဝမ်ချီထပ်ပြောမည်ကို ယွီဝမ်ဖုန်းကစိုးရိမ်၍ ပြောလိုက်သည်။ "သခင်လေးလင်းကော ဘယ်မှာလဲ။ ကျွန်တော်တို့တွေ သူနဲ့တွေ့လို့ရမလား။"

ယွီဝမ်ထုန်ကပြန်ပြောသည်။ "သူက အိပ်နေတုန်းပဲ။"

'အိပ်နေတုန်းပဲ ဟုတ်လား။ သူက ငါတို့ကိုဘာမှအရေးမပါတဲ့လူလို သဘောထားနေတာလား။' ယွီဝမ်ချီက မျက်နှာပျက်သွားပြီး ငေါ့တော့တော့စကားပြောရန်ပြင်သည်။

မျက်စိလျင်သည့်ယွီဝမ်ဖုန်းက သူ့လက်ကိုလှမ်းဆွဲကာ မတ်တပ်ရပ်ပြီးပြောသည်။ "ဒါဆို ဝမ်းကွဲတို့ကိုမနှောင့်ယှက်တော့ဘဲ ကျွန်တော်တို့ပြန်သင့်ပြီထင်တယ်။ ဝမ်းကွဲက ဘယ်တော့အိမ်ပြန်လာမလဲ။ ကျွန်တော့်မိဘတွေက ဝမ်းကွဲကို စိုးရိမ်တကြီးစောင့်နေကြတယ်။ သူတို့က ဝမ်းကွဲနဲ့မတွေ့တာကြာပြီဆိုတော့ တအားလွမ်းဆွတ်နေကြတာ။"

ယွီဝမ်ထုန်က ပြန်ပြောသည်။ "မနက်ဖြန်ကျ ငါ့အဖေရဲ့ဦးလေးတို့ဆီဝင်ပြီးရင် အိမ်ပြန်လာခဲ့မယ်။"

'မနက်ဖြန်လား။' ယွီဝမ်ဖုန်းက တိတ်တဆိတ် မျက်မှောင်ကြုတ်သည်။ 'ယွီဝမ်ထုန် ပြောသလိုဆိုရင် သူ့ကိုဒီနေ့အိမ်ခေါ်ဖို့ မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူကလင်းကျန်နဲ့အတူ ပြောင်းမလာဘူးဆိုတာ သတင်းကောင်းပဲ။ ငါတို့တွေနောက်တစ်နေ့ထပ်စောင့်လို့ ရပါတယ်။'

"ဒါဆို ကျွန်တော့်မိဘတွေစိတ်မပူရအောင် ပြန်ရောက်တာနဲ့ပြောလိုက်ပါ့မယ်။ စကားမစပ် ဒီညကြိုဆိုပွဲကို ကျွန်တော်တို့အားလုံး သွားကြမှာ။ အဲ့မှာ သူတို့တွေ ဝမ်းကွဲနဲ့တွေ့လို့ရတာပဲ။" ယွီဝမ်ဖုန်းကပြောသည်။

ယွီဝမ်ထုန်က ခေါင်းညှိတ်သည်။ "ကောင်းတယ်။ အခုမင်းတို့မှာ တခြားကိစ္စမရှိရင် ပြန်သင့်နေပြီ။ မင်းတို့ကိုကိုယ်တိုင်လိုက်မပို့နိုင်လို့ စိတ်မရှိနဲ့။"

ယွီဝမ်ဖုန်းက ပြုံးသည်။ သူကမထွက်သွားခင်တွင် တည်ငြိမ်သောမျက်နှာထားဖြင့် ပြောသည်။ "အာ ကျွန်တော်မေ့တော့မလို့။ ဝမ်ပြည်ထောင်စုကိုအနိုင်ရတဲ့အတွက် ဝမ်းကွဲကိုဂုဏ်ပြုပါတယ်။ ဝမ်ပြည်ထောင်စုက ရှုံးသွားပြီဆိုတော့ နောက်နှစ်အနည်းငယ်လောက်ထိ ကျွန်တော်တို့ကိုပြဿနာရှာဖို့ အင်အားလုံလုံလောက်လောက် ရှိသေးမှာ မဟုတ်ဘူး။ ဒီလိုအောင်မြင်မှုသတင်းကြီးကို ကျွန်တော့မိဘတွေက ဘိုးဘေးတွေရဲ့စားပွဲမှာအမွှေးတိုင်ထွန်းပြီး အသိပေးပြီးပြီ။ ဝမ်းကွဲပြန်လာလို့ အဲ့လိုလုပ်လိုက်ရင် အဖိုး၊ ဦးလေးနဲ့အဒေါ်တို့က ဝမ်းကွဲကိုပြန်မြင်ရလို့ ဝမ်းသာသွားကြမှာပဲ။"

နောက်ဆုံးစကားက ယွီဝမ်ထုန်၏မျက်နှာထားကို အနည်းငယ်ပြောင်းလဲသွားစေသည်။ သူက သိသိသာသာပျော့ပျောင်းသွားသောလေသံဖြင့်ပြောသည်။ "ငါသိပြီ။ မနက်ဖြန်မနက်စောစောကျ လာခဲ့မယ်။"

ယွီဝမ်ဖုန်းက စိတ်အေးသွားပြီး ပြုံးကာပြောသည်။ "ဒါဆို ကျွန်တော်တို့သွားပြီနော်၊ ဝမ်းကွဲ။"

ယွီဝမ်ချီစကားမပြောစေရန် သူ့အစ်ကိုက တစ်ချိန်လုံးတားထားသည်။ ထို့ကြောင့် သူကနောက်ဆုံးတွင် "နောက်မှတွေ့မယ်၊ ဝမ်းကွဲ။"ဟုသာပြောပြီး သူ့အစ်ကိုနောက်သို့ လိုက်သွားရသည်။

သူတို့ထွက်သွားပြီးနောက် ယွီဝမ်ထုန်က ခေတ္တမျှစဉ်းစားကာ မတ်တပ်ထရပ်၍ အထဲသို့ဝင်သွားသည်။

'ယွီဝမ်ဖုန်းက တခြားလူတွေနဲ့တော်တော်ကွာတယ်။ အနည်းဆုံးတော့ သူကငါ့ကိုဘယ်လိုစိတ်ပြောင်းရမယ်ဆိုတာကို သိတယ်။' ယွီဝမ်ထုန်ကတွေးသည်။ ယွီဝမ်မိသားစု၌ သူတန်ဖိုးထားသည့်တစ်ခုခု ရှိသေးသည်ဆိုလျှင် ၎င်းကယွီဝမ်ဖုန်းပြောသွားသည့် အရာပင်ဖြစ်လိမ့်မည်။ တကယ်တမ်းတွင် သူကမြို့တော်သို့အောင်ပွဲနှင့်ပြန်လာပြီးနောက် ဘိုးဘေးခန်းမသို့သွားကာ အမွှေးတိုင်ပူဇော်သင့်သည်။

*****

ယခုအချိန်တွင် လင်းကျန်က အိပ်ရာထကာ ရေချိုးပြီး ဆံပင်အခြောက်ခံနေသည်။ သူက ယွီဝမ်ထုန်ပြန်လာသည်ကိုတွေ့သောအခါ မေးလိုက်သည်။ "ဒီကိုရောက်လာတာ ယွီဝမ်ဖုန်းနဲ့ယွီဝမ်ချီတို့လား။ သူတို့က ခင်ဗျားကို အိမ်ပြန်ဖို့ လာခေါ်တာလား။"

ယွီဝမ်ထုန်ကခေါင်းညှိတ်သည်။ "သူတို့က ကိုယ်ပြန်မလာလို့ သောကရောက်နေကြတာ။"

လင်းကျန်ကပြောသည်။ "ကျွန်တော်လည်း ခင်ဗျား နန်းတော်ကနေ ထွက်လာပြီးရင် အိမ်အရင်ပြန်မယ်လို့ ထင်ထားတာ။"

ယွီဝမ်ထုန်က ပြန်ပြောသည်။ "သူတို့က မင်းကိုမလေးစားဖူးဆိုတာ ပြသခဲ့တယ်။ ကိုယ် မင်းအတွက် ကလဲ့စားချေပေးချင်တယ်။"

လင်းကျန်က ပြုံးသည်။ "မဟာစစ်သူကြီးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျား မနက်ဖြန်ကျ ပြန်သွားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါကခင်ဗျားရဲ့အိမ်ပဲလေ။ ခင်ဗျားတစ်ချက်ပြန်ကြည့်သင့်တယ်။"

ယွီဝမ်ထုန်ကခေါင်းညှိတ်သည်။ "မနက်ဖြန်မနက်ကျရင် ကိုယ့်အဖေရဲ့ဦးလေးတို့ဆီ အရင်ဝင်ကြမယ်။ ပြီးရင် ယွီဝမ်မိသားစုဆီသွားကြတာပေါ့။"

လင်းကျန်က ခေတ္တမျှတွေးနေသော်လည်း မငြင်းပေ။ "ကောင်းပြီ။ ဒါပေမဲ့ ဒါကိုတော့သိထားနော်။ သူတို့တွေ ကျွန်တော့်ကို ပြဿနာထပ်ရှာရင် ကျွန်တော့်စကားတွေက တော်တော်ပြင်းထန်လာနိုင်တယ်။"

ယွီဝမ်မိသားစုဝင်များနှင့်တွေ့မည့်ကိစ္စကို ရှောင်လွှဲ၍မဖြစ်နိုင်ရာ သူသည်လည်း တစ်ချက်သွားကြည့်ရမည်။ ဆိုရိုးပင်ရှိသေးသည်။ 'ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရန်သူအကြောင်းကိုသိနေမှ မရှုံးနိမ့်မှာ။'

ယွီဝမ်ထုန်က ပြန်ပြောသည်။ "ကိုယ်ရှိနေရင် သူတို့တွေမလုပ်ရဲပါဘူး။"

သူ့စကားကိုကြားသောအခါ လင်းကျန်မှာရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ 'ယွီဝမ်ထုန်က စိတ်ကြီးအဝင်နိုင်ဆုံးယောက်ျားပဲ။'

"ဒီည နန်းတော်မှာ ကြိုဆိုပွဲရှိတယ်။ မင်း ကိုယ်နဲ့အတူ လိုက်ခဲ့မလား။" ယွီဝမ်ထုန်ကမေးသည်။

"သူတို့က ကျွန်တော့်ကိုလည်း ဖိတ်လိုက်တာလား။" လင်းကျန်က သူ့ကိုပြန်ကြည့်သည်။

"မင်းကိုခေါ်လာဖို့ ဧကရာဇ်ကမှာလိုက်တယ်။ မင်းကပင်ပန်းနေတယ်လို့တော့ ကိုယ်ပြောခဲ့တယ်။" ယွီဝမ်ထုန်က ပြန်ပြောသည်။

လင်းကျန်က အခိုက်အတန့်မျှတွေးပြီးနောက် ပြောလိုက်သည်။ "ကျွန်တော် ဒါကိုအချိန်နည်းနည်းယူပြီး တွေးဦးမယ်။"

သူသာ ပွဲတက်လျှင်  ထိုလူများက သူ့ကိုငွေကြေးကဲ့သို့ အာရုံစိုက်ကြလိမ့်မည်။ သူတို့ထဲမှအချို့က လှည့်ကွက်အချို့ သုံးနိုင်သကဲ့သို့ နောက်ကျောဓားထိုးခြင်းပင် လုပ်နိုင်သည်။ မည်သို့ပင်ဆိုစေ ၎င်းကမြို့တော်တစ်ခုလုံးမှ  ရာထူးကြီးသူအားလုံးနှင့်တွေ့နိုင်မည့် အခွင့်အရေးဖြစ်ရာ သူတို့နှင့်ဆုံမှ ထောင်ဖန်းပြောလိုက်သောအချက်များနှင့် ဆက်စပ်မိနိုင်လိမ့်မည်။ သူကမြို့တော်သို့ရောက်နေပြီဖြစ်ရာ အိမ်ထဲတွင်သာ မပုန်းနိုင်ပေ။ မကြာခင်တွင် ဤလူများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး စောစောတွေ့လျှင် မြို့တော်မှလူများနှင့် ပိုရင်းနှီးကာ နောက်ကျမှတွေ့သည်ထက် ခုခံရသည့်အနေအထားလျော့လိမ့်မည်။

"ကောင်းပြီ။ ညနေခင်းပွဲမစသေးခင် အချိန်အများကြီးကျန်ပါသေးတယ်။ သေချာစဉ်းစား။" ယွီဝမ်ထုန်က လင်းကျန်၏ဆုံးဖြတ်ချက်ကို လောမည့်ရည်ရွယ်ချက်မရှိပေ။

လင်းကျန်က စဉ်းစားဦးမည်ဟုပြောလိုက်ချိန်တွင် ရွေးချယ်ပြီးပြီပင်။ သူက မလှုပ်ရှားခင်တွင် ချိန်တွက်ဆင်ခြင်တတ်သည့်အကျင့် ရှိလာရုံသာဖြစ်သည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ယြီဝမ္ဖုန္း၏ ျမႇောက္ပင့္ေျပာဆိုျခင္းမ်ား
..................................................

"ဝမ္းကြဲက ၿမိဳ႕ေတာ္ကို ဒီေန႕အေစာပိုင္းကေရာက္လာၿပီး အႀကီးပိုင္းေတြကို အိမ္ျပန္မေတြ႕တာနဲ႕တင္ လူေတြအတင္းေျပာစရာျဖစ္ေနၿပီ။ ငါတို႔ေတြ ဒီအတိုင္းျပန္သြားရင္ ၿမိဳ႕ရဲ႕ေနရာတိုင္းမွာ ေကာလဟာလေတြပ်ံ့ၿပီး ငါ့ဝမ္းကြဲရဲ႕ဂုဏ္သတင္းကို ဆိုးဆိုး႐ြား႐ြားက်ဆင္းေစလိမ့္မယ္။" ယြီဝမ္ဖုန္းကထပ္ေျပာသည္။

အေစာင့္က မ်က္ေမွာင္ၾကဳတ္ကာ အခိုက္အတန့္မွ်စဥ္းစားၿပီးေနာက္ ျပန္ေျပာသည္။ "ဒါဆို ခဏေလာက္ေစာင့္ေပးပါဦး။ ကြၽန္ေတာ္ အထဲဝင္ၿပီး ထပ္ေမးလိုက္ပါ့မယ္။"

ယြီဝမ္ဖုန္းက စိတ္သက္သာရာရသြားသည္။ "ရပါတယ္။"

တဲ့တိုးေျပာတတ္ေသာအေစာင့္က အေရွ႕ဘက္တံခါးေပါက္ထဲသို႔ဝင္သြားၿပီး မ်က္ကြယ္သို႔ေရာက္ေသာအခါ မ်က္ဆန္လွန္လိုက္သည္။ 'ငါ့ကို အ႐ူးလို႔ထင္ေနတာလား။ စစ္သူႀကီးသာ သူတို႔ကိုၾကာၾကာေစာင့္ခိုင္းထားဖို႔ ငါ့ကိုမမွာထားရင္ ဒီလိုျပန္လာမွာမဟုတ္ဘူး။'

လြန္ခဲ့သည့္အခိုက္အတန့္တြင္ ဧည့္သည္မ်ားေရာက္လာသည္ဟု အေစာင့္မွလာေျပာ၍ လင္းက်န္နိုးသြားသည္။ သို႔ေသာ္ သဲသဲကြဲကြဲမၾကားခဲ့ရေပ။ ခဏအၾကာတြင္ အသံတိတ္သြားကာ သူျပန္အိပ္ေပ်ာ္သြားသည္။ ထိုအခ်ိန္တြင္ သူကထန္းယန္တြင္ရွိေနသည္ကို အိပ္မက္မက္ခဲ့သည္။ သူအိပ္မက္ထဲ၌ေပ်ာ္႐ႊင္ေနစဥ္တြင္ အေၾကာင္းလာၾကားေသာ အေစာင့္၏အသံေၾကာင့္ ထပ္နိုးသြား၍ အိပ္ခ်င္မူးတူးျဖင့္ စိတ္တိုသြားေတာ့သည္။ "ဘာျဖစ္ေနတာလဲ။ ကြၽန္ေတာ့္ကိုေကာင္းေကာင္းအိပ္ခြင့္မေပးနိုင္ဘူးလား။"

ယြီဝမ္ထုန္က လင္းက်န္ ႏွစ္ႀကိမ္ဆက္တိုက္အႏွိုးခံလိုက္ရသည္ကိုေတြ႕ေသာအခါ တတိယအႀကိမ္ေျမာက္မနိုးေစရက္သျဖင့္ ရင္ခြင္ထဲထည့္ဖက္ကာ ပုတ္ေပးလိုက္သည္။ "အဆင္ေျပပါတယ္။ ျပန္အိပ္၊ ျပန္အိပ္။"

လင္းက်န္က ယြီဝမ္ထုန္၏ရင္ခြင္ကို ေခါင္းျဖင့္ပြတ္ၿပီးေနာက္ တစ္ဖက္သို႔လွည့္ကာ ယြီဝမ္ထုန္ကိုဖင္ေပးသြားသည္။

ယြီဝမ္ထုန္က လင္းက်န္၏ပြတ္သပ္မႈေၾကာင့္ အလြန္ေက်နပ္ေနစဥ္တြင္ လင္းက်န္ကတစ္ဖက္လွည့္သြား၍ သူ႕ရင္ခြင္လစ္ဟာသြားၿပီး စိတ္ပ်က္သြားသည္။

သူက လင္းက်န္ကိုဖက္ကာ သူ႕ရင္ဘတ္ကိုထပ္ပြတ္သပ္ေစခ်င္ေသာ္လည္း လင္းက်န္နိုးသြားမည္ကို စိုးရိမ္၍မလုပ္ေပ။

ေနာက္ဆုံးတြင္ေတာ့ သူ႕ဘာသာသူလက္ေလွ်ာ့ကာ အိပ္ေရးလာဖ်က္သည့္ အ႐ူးႏွစ္ေယာက္ႏွင့္သြားေတြ႕ရေတာ့သည္။

*****

"ဝမ္းကြဲ"

ယြီဝမ္ဖုန္းႏွင့္ယြီဝမ္ခ်ီတို႔က စံအိမ္ထဲသို႔ေရာက္လာကာ ယြီဝမ္ထုန္ႏွင့္ေတြ႕ၾကသည္။

"ထိုင္။ မင္းတို႔က ငါ့ကိုဘာလို႔ ေတြ႕ခ်င္ၾကတာလဲ။" သူတို႔ကို ထိုင္ရန္ေျပာၿပီးေနာက္ ယြီဝမ္ထုန္ကလက္ဖက္ရည္ခြက္ကိုယူကာ တစ္ငုံေသာက္လိုက္သည္။

"ဝမ္းကြဲ၊ အစ္ကိုဘာလို႔ အိမ္ျပန္မလာတာလဲ။ ကြၽန္ေတာ္တို႔ေတြေစာင့္ေနတာၾကာၿပီ။" ယြီဝမ္ခ်ီက အျပစ္တင္ေသာေလသံျဖင့္ ခ်က္ခ်င္းေျပာသည္။

ယြီဝမ္ခ်ီက သူ႕ေလသံႏွင့္ပက္သက္၍ မွားသည္ဟုမထင္ေပ။ ယြီဝမ္ထုန္ အိမ္ျပန္မလာရသည့္အေၾကာင္းရင္းမွာ ထိုျပည့္တန္ဆာေကာင္လင္းက်န္က ညွို႔ငင္ထားေသာေၾကာင့္ဟုသာ သူထင္ေနသည္။ ယြီဝမ္ထုန္ေဒါသထြက္ရသည့္အေၾကာင္းအရင္းအပါအဝင္ ထန္းယန္သို႔ကိုယ္တိုင္သြားကာ လင္းက်န္ကိုၿခိမ္းေျခာက္ခဲ့သူက သူျဖစ္ေၾကာင္း အိမ္တြင္သူ႕အစ္ကိုသတိေပးခဲ့သည္ကို သူေမ့သြားေလၿပီ။ ယြီဝမ္ထုန္က ေအးစက္စက္ဆက္ဆံျခင္းအတြက္ သူ႕ကိုယ္သူကိုသာအျပစ္တင္ရမည္။

ယြီဝမ္ထုန္က သူ႕ကို ၾကည့္ပင္မၾကည့္ေခ်။ သူက လက္ဖက္ရည္ေနာက္တစ္ငုံေသာက္ကာ လက္ဖက္ရည္ခြက္ကို စားပြဲေပၚတြင္ခ်လိဳက္သည္။

ယြီဝမ္ဖုန္းက ယြီဝမ္ထုန္၏ အနည္းငယ္သုန္မႈန္ေနေသာမ်က္ႏွာထားကိုျမင္ကာ ျမန္ျမန္ဝင္ေျပာသည္။ "ခရီးအရွည္ႀကီးကို ရက္ေတြအၾကာႀကီး ထြက္လာခဲ့ရေတာ့ ဝမ္းကြဲနဲ႕သခင္ေလးလင္းတို႔  တကယ္ပင္ပန္းေနမွာပဲ။ သခင္ေလးလင္းက ဒီစံအိမ္ကိုအခုမွေျပာင္းလာတာဆိုေတာ့ အဆင္မေျပတာေတြအမ်ားႀကီးရွိလိမ့္မယ္။ ဝမ္းကြဲနဲ႕သခင္ေလးလင္းတို႔ အိမ္မွာလာေနလို႔ရတယ္ေလ။ အဲ့ဒီမွာအေစခံေတြပိုမ်ားတယ္။ ကြၽန္ေတာ့္အေမကလည္း အိမ္အလုပ္ေတြကို စီမံေပးနိုင္ေတာ့ ဝမ္းကြဲတို႔ေကာင္းေကာင္းနားလို႔ရတာေပါ့။"

ယြီဝမ္ဖုန္း၏စကားမ်ားက ယြီဝမ္ခ်ီ၏စကားမ်ားထက္ မ်ားစြာပို၍ပရိယာယ္ႂကြယ္သည္။ သူက ယြီဝမ္ထုန္ အိမ္ျပန္မလာသည့္ကိစၥကို ေရွာင္ေျပာ႐ုံသာမက ယြီဝမ္ထုန္အိမ္ျပန္လာေစရန္အတြက္ အိမ္တြင္ေနရအဆင္ေျပသည့္အေၾကာင္းကို ဗဟိုျပဳေျပာခဲ့သည္။

"ကြၽန္ေတာ့္မိဘေတြကလည္း ဝမ္းကြဲတို႔လာမွာကို ေစာင့္ေနၾကတယ္။ သခင္ေလးလင္းလည္း ဝမ္းကြဲနဲ႕အတူပါလာမယ္ဆိုတာကို သူတို႔ၾကားၿပီးေတာ့ သခင္ေလးလင္းကို လူကိုယ္တိုင္ေတြ႕ရမဲ့အခ်ိန္ကို ေမွ်ာ္လင့္ေနၾကတယ္။ သခင္ေလးလင္းက ဝမ္းကြဲရဲ႕ၾကင္ယာဖက္ေလာင္းဆိုေတာ့ ကြၽန္ေတာ္တို႔အားလုံး သူ႕အေၾကာင္းသိခ်င္ေနၾကတာ။"

ယြီဝမ္ထုန္က တစ္ခ်က္ၿပဳံးကာေတြးမိသည္။ 'ယြီဝမ္ဖုန္းက အရင္အတိုင္းပဲ။ သူ႕စကားေတြေရာ၊ လုပ္ရပ္ေတြေရာက ေတာ္ေတာ္လိမၼာပါးနပ္တယ္။ သူ႕ဘာသာသူဘယ္လိုေတြးေတြး မ်က္ႏွာေပၚမွာဘာအရိပ္အေယာင္မွ မျပဘူး။'

"မင္းက စဥ္းစားလြန္းေနၿပီ။ ငါနဲ႕ညီေလးလင္းက အဲ့ဒီကိုမေရာက္ေသး႐ုံပါ။ ငါသူ႕ကို ယြီဝမ္မိသားစုစံအိမ္ထဲ ဒီအတိုင္းေခၚသြားရင္ အတင္းေျပာစရာေကာလဟာလေတြ ထြက္လာလိမ့္မယ္။ ငါတို႔ေတြလက္ထပ္ၿပီးသြားရင္ေတာ့ သူက ငါနဲ႕အတူေျပာင္းလာမွာပါ။"

"ဝမ္းကြဲက သခင္ေလးလင္းကိုလက္ထပ္ဖို႔ ဆုံးျဖတ္ၿပီးၿပီလား။ ဒါကသတင္းေကာင္းပဲ။" ယြီဝမ္ဖုန္းက ေက်နပ္ဝမ္းသာေနပုံေပၚေသာ္လည္း တိတ္တဆိတ္စိတ္ပ်က္ေနသည္။ 'ယြီဝမ္ထုန္က လက္ထပ္ဖို႔ကိစၥကိုေျပာေနၿပီ။ သူကအဲ့ဒီလင္းက်န္နဲ႕ တကယ္လက္ထပ္မလို႔လား။'

"ဘာ။ ဝမ္းကြဲ ႐ူးသြားၿပီလား။ ဝမ္းကြဲက အဲ့ဒီလင္းက်န္နဲ႕ တကယ္လက္ထပ္ခ်င္တာလား။ လင္းက်န္ဆိုတာ ဟိုးမထင္မရွားေဒသက မထင္ေပၚတဲ့မိသားစုဝင္တစ္ေယာက္ ျဖစ္တဲ့အျပင္ ေယာက္်ားေလးေနာ္။ ဝမ္းကြဲက အဲ့ဒီေစ့စပ္ထားတာကို အသိအမွတ္ျပဳဖို႔အတြက္နဲ႕ ကိုယ့္ကိုယ္ကိုယ္စေတးမလို႔လား။" ယြီဝမ္ခ်ီက အလန့္တၾကားထခုန္သည္။

ယြီဝမ္ဖုန္းက စိတ္ပ်က္ကာ မ်က္ႏွာေတာင့္သြားသည္။ 'ယြီဝမ္ခ်ီက တကယ့္အ႐ူးပဲ။'

"မထင္မရွားေနရာက မထင္ေပၚတဲ့မိသားစု ဟုတ္လား။ မင္းကိုယ္မင္းဘယ္သူလို႔ထင္ေနတာလဲ။" ယြီဝမ္ထုန္က ယြီဝမ္ခ်ီကို ၾကမ္းၾကဳတ္စြာၾကည့္လိုက္သည္။

ယြီဝမ္ခ်ီထိတ္လန့္သြားသည္။ "ဝမ္းကြဲ ဘယ္လိုေျပာလိုက္တာလဲ။ ကြၽန္ေတာ္နဲ႕ အဲ့ဒီလင္းက်န္ကို ဘယ္လိုလုပ္ယွဥ္နိုင္ရတာလဲ။ ကြၽန္ေတာ္က သူနဲ႕အဆင့္အတန္းအကြာႀကီးပဲေလ။"

"မင္းမွာ သင္ယူေလ့လာထားတာေရာ အရည္အခ်င္းေရာ မရွိဘူး။ ဘာမွအသုံးမက်ဘဲ ေမာက္ေမာက္မာမာ အနိုင္က်င့္ဖို႔ပဲ သိတယ္။ ညီေလးက်န္က ဘယ္ေနရာမွာမဆို မင္းထက္သာတယ္။ ယြီဝမ္ခ်ီ၊ မင္းကိုသူမ်ားကိစၥထဲဝင္မပါနဲ႕လို႔ ငါထန္းယန္မွာကတည္းက ေျပာလိုက္တယ္။ ၾကည့္ရတာ ငါ့စကားေတြက တစ္ဖက္နားကဝင္ၿပီး တစ္ဖက္နားကျပန္ထြက္သြားပုံပဲ။" ယြီဝမ္ထုန္က ေအးစက္စက္ေလသံျဖင့္ ျပန္ေျပာသည္။ သူ႕စကားမ်ားက ျပတ္သားလြန္းရာ ယြီဝမ္ခ်ီမွာ ထိတ္လန့္ေနရာမွ လြယ္လြယ္ႏွင့္သတိမဝင္လာေပ။

"ကြၽန္...ကြၽန္ေတာ္က..." ယြီဝမ္ခ်ီက ကိုယ့္ကိုယ္ကိုယ္ကာေျပာရန္ ႀကိဳးစားမိသည္။

"ဝမ္းကြဲရယ္၊ ကြၽန္ေတာ့္ညီေလးရဲ႕အက်င့္ကိုက ဒီလိုပဲမို႔ပါ။ သူက ႏႈတ္သြက္ေတာ့ ဘာမွမစဥ္းစားပဲေျပာခ်လိဳက္တာ။ ဒါေပမဲ့ သူ႕မွာမေကာင္းတဲ့ရည္႐ြယ္ခ်က္မရွိလို႔ နည္းနည္းခြင့္လႊတ္ေပးပါ။ သူက ဝမ္းကြဲအတြက္ ဂ႐ုစိုက္လို႔သာ ဒီစကားေတြေျပာလိုက္တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက သခင္ေလးလင္းနဲ႕မေတြ႕ရေသးေတာ့ သူကဘယ္လိုလူမ်ိဳးလဲဆိုတာ ေသခ်ာမသိဘူးေလ။ မသာယာတဲ့အိမ္ေထာင္ေရးထဲ ဝမ္းကြဲ ေရာက္သြားမွာကိုပဲ ကြၽန္ေတာ္တို႔စိုးရိမ္တာပါ။" ယြီဝမ္ဖုန္းက ျမန္ျမန္ဝင္ေျပာသည္။

ယြီဝမ္ခ်ီကမည္မွ် ေပါ့ဆပါေစ၊ သူတို႔ကညီအစ္ကိုမ်ားပင္။ သူ႕ညီက ယြီဝမ္ထုန္အားေဒါသထြက္ေစမည္ကို သူရပ္မၾကည့္နိုင္ေပ။ ဤႏွစ္မ်ားတြင္ ယြီဝမ္ဖုန္းက ရာထူးျမင့္လာသည္ႏွင့္ ယြီဝမ္ထုန္ကို မည္မွ် အထင္ႀကီးစရာေကာင္းေၾကာင္း ပိုသိလာရသည္။ သို႔ေသာ္ ယြီဝမ္ခ်ီကမူ ညီလာခံမွအေျခအေနကို မေတြ႕ဖူးေသးသည့္အျပင္ ေခါင္းမာသျဖင့္ ထိုအေၾကာင္းအား မျမင္နိုင္ေပ။

"မင္း ဘာမွစိုးရိမ္စရာမလိုပါဘူး။ ညီေလးက်န္က ဘယ္လိုလူမ်ိဳးဆိုတာကို ငါေကာင္းေကာင္းသိပါတယ္။ ၿပီးေတာ့ ဒါကငါ့လက္ထပ္မဲ့ကိစၥဆိုေတာ့ မင္းတို႔ေတြ တအားဝင္ပါလို႔မေကာင္းဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ငါက ပင္မယြီဝမ္မိသားစုရဲ႕ တစ္ဦးေသာတာဝန္ရွိသူပဲ။ ဆင့္ပြားယြီဝမ္မိသားစုရဲ႕ကိစၥေတြကို ငါလုံးဝဝင္မစြက္ဖက္ဖူးဘူး။ ေလးစားမႈဆိုတာ အျပန္အလွန္ရွိရတယ္။ ငါေျပာတာမွန္တယ္မလား၊ ညီေလးဖုန္း။" ယြီဝမ္ထုန္က ျဖည္းျဖည္းခ်င္း ေျပာသည္။

ယြီဝမ္ဖုန္းက ေခတၱမွ်မ်က္ႏွာထားေျပာင္းသြားၿပီးေနာက္ ျပန္ေျပာသည္။ "ဝမ္းကြဲက အေလးအနက္ေတြးေနတာပါ။ ကြၽန္ေတာ္တို႔က ဝမ္းကြဲလက္ထပ္မဲ့ကိစၥမွာ ဝင္စြက္ဖက္ဖို႔ရည္႐ြယ္ခ်က္ မရွိပါဘူး။ ကြၽန္ေတာ္တို႔က အေတာ္အတန္စိုးရိမ္မိ႐ုံပါ။ ဝမ္းကြဲအေပၚ မေလးစားတာမဟုတ္ပါဘူး။ တျခားအရာေတြထက္ ကြၽန္ေတာ္တို႔က မိသားစုဝင္ေတြပါ၊ ေသြးကေရထက္ပ်စ္ပါတယ္။ ဝမ္းကြဲက ကြၽန္ေတာ္တို႔ရဲ႕အစ္ကိုပဲ။ ဝမ္းကြဲအတြက္အေကာင္းဆုံးကို ကြၽန္ေတာ္တို႔ မလိုလားဘဲ ဘယ္ေနမလဲ။"

"ဒီလိုၾကားရတဲ့အတြက္ ငါေက်းဇူးတင္ပါတယ္။ တျခားလူေတြလည္း ဒီလိုေတြးမယ္လို႔ ငါေမွ်ာ္လင့္တယ္။" ယြီဝမ္ထုန္က ယြီဝမ္ခ်ီက တစ္ခ်က္ၾကည့္လိုက္သည္။

ယြီဝမ္ခ်ီက ယြီဝမ္ထုန္၏မ်က္ဝန္းထဲမွ သတိေပးမႈကိုေတြ႕ေသာအခါ တုန္သြားသည္။

ေဒါသထြက္စရာစကားမ်ားအား ယြီဝမ္ခ်ီထပ္ေျပာမည္ကို ယြီဝမ္ဖုန္းကစိုးရိမ္၍ ေျပာလိုက္သည္။ "သခင္ေလးလင္းေကာ ဘယ္မွာလဲ။ ကြၽန္ေတာ္တို႔ေတြ သူနဲ႕ေတြ႕လို႔ရမလား။"

ယြီဝမ္ထုန္ကျပန္ေျပာသည္။ "သူက အိပ္ေနတုန္းပဲ။"

'အိပ္ေနတုန္းပဲ ဟုတ္လား။ သူက ငါတို႔ကိုဘာမွအေရးမပါတဲ့လူလို သေဘာထားေနတာလား။' ယြီဝမ္ခ်ီက မ်က္ႏွာပ်က္သြားၿပီး ေငါ့ေတာ့ေတာ့စကားေျပာရန္ျပင္သည္။

မ်က္စိလ်င္သည့္ယြီဝမ္ဖုန္းက သူ႕လက္ကိုလွမ္းဆြဲကာ မတ္တပ္ရပ္ၿပီးေျပာသည္။ "ဒါဆို ဝမ္းကြဲတို႔ကိုမႏွောင့္ယွက္ေတာ့ဘဲ ကြၽန္ေတာ္တို႔ျပန္သင့္ၿပီထင္တယ္။ ဝမ္းကြဲက ဘယ္ေတာ့အိမ္ျပန္လာမလဲ။ ကြၽန္ေတာ့္မိဘေတြက ဝမ္းကြဲကို စိုးရိမ္တႀကီးေစာင့္ေနၾကတယ္။ သူတို႔က ဝမ္းကြဲနဲ႕မေတြ႕တာၾကာၿပီဆိုေတာ့ တအားလြမ္းဆြတ္ေနၾကတာ။"

ယြီဝမ္ထုန္က ျပန္ေျပာသည္။ "မနက္ျဖန္က် ငါ့အေဖရဲ႕ဦးေလးတို႔ဆီဝင္ၿပီးရင္ အိမ္ျပန္လာခဲ့မယ္။"

'မနက္ျဖန္လား။' ယြီဝမ္ဖုန္းက တိတ္တဆိတ္ မ်က္ေမွာင္ၾကဳတ္သည္။ 'ယြီဝမ္ထုန္ ေျပာသလိုဆိုရင္ သူ႕ကိုဒီေန႕အိမ္ေခၚဖို႔ မျဖစ္နိုင္ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူကလင္းက်န္နဲ႕အတူ ေျပာင္းမလာဘူးဆိုတာ သတင္းေကာင္းပဲ။ ငါတို႔ေတြေနာက္တစ္ေန႕ထပ္ေစာင့္လို႔ ရပါတယ္။'

"ဒါဆို ကြၽန္ေတာ့္မိဘေတြစိတ္မပူရေအာင္ ျပန္ေရာက္တာနဲ႕ေျပာလိုက္ပါ့မယ္။ စကားမစပ္ ဒီညႀကိဳဆိုပြဲကို ကြၽန္ေတာ္တို႔အားလုံး သြားၾကမွာ။ အဲ့မွာ သူတို႔ေတြ ဝမ္းကြဲနဲ႕ေတြ႕လို႔ရတာပဲ။" ယြီဝမ္ဖုန္းကေျပာသည္။

ယြီဝမ္ထုန္က ေခါင္းညွိတ္သည္။ "ေကာင္းတယ္။ အခုမင္းတို႔မွာ တျခားကိစၥမရွိရင္ ျပန္သင့္ေနၿပီ။ မင္းတို႔ကိုကိုယ္တိုင္လိုက္မပို႔နိုင္လို႔ စိတ္မရွိနဲ႕။"

ယြီဝမ္ဖုန္းက ၿပဳံးသည္။ သူကမထြက္သြားခင္တြင္ တည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္ ေျပာသည္။ "အာ ကြၽန္ေတာ္ေမ့ေတာ့မလို႔။ ဝမ္ျပည္ေထာင္စုကိုအနိုင္ရတဲ့အတြက္ ဝမ္းကြဲကိုဂုဏ္ျပဳပါတယ္။ ဝမ္ျပည္ေထာင္စုက ရႈံးသြားၿပီဆိုေတာ့ ေနာက္ႏွစ္အနည္းငယ္ေလာက္ထိ ကြၽန္ေတာ္တို႔ကိုျပႆနာရွာဖို႔ အင္အားလုံလုံေလာက္ေလာက္ ရွိေသးမွာ မဟုတ္ဘူး။ ဒီလိုေအာင္ျမင္မႈသတင္းႀကီးကို ကြၽန္ေတာ့မိဘေတြက ဘိုးေဘးေတြရဲ႕စားပြဲမွာအေမႊးတိုင္ထြန္းၿပီး အသိေပးၿပီးၿပီ။ ဝမ္းကြဲျပန္လာလို႔ အဲ့လိုလုပ္လိုက္ရင္ အဖိုး၊ ဦးေလးနဲ႕အေဒၚတို႔က ဝမ္းကြဲကိုျပန္ျမင္ရလို႔ ဝမ္းသာသြားၾကမွာပဲ။"

ေနာက္ဆုံးစကားက ယြီဝမ္ထုန္၏မ်က္ႏွာထားကို အနည္းငယ္ေျပာင္းလဲသြားေစသည္။ သူက သိသိသာသာေပ်ာ့ေပ်ာင္းသြားေသာေလသံျဖင့္ေျပာသည္။ "ငါသိၿပီ။ မနက္ျဖန္မနက္ေစာေစာက် လာခဲ့မယ္။"

ယြီဝမ္ဖုန္းက စိတ္ေအးသြားၿပီး ၿပဳံးကာေျပာသည္။ "ဒါဆို ကြၽန္ေတာ္တို႔သြားၿပီေနာ္၊ ဝမ္းကြဲ။"

ယြီဝမ္ခ်ီစကားမေျပာေစရန္ သူ႕အစ္ကိုက တစ္ခ်ိန္လုံးတားထားသည္။ ထို႔ေၾကာင့္ သူကေနာက္ဆုံးတြင္ "ေနာက္မွေတြ႕မယ္၊ ဝမ္းကြဲ။"ဟုသာေျပာၿပီး သူ႕အစ္ကိုေနာက္သို႔ လိုက္သြားရသည္။

သူတို႔ထြက္သြားၿပီးေနာက္ ယြီဝမ္ထုန္က ေခတၱမွ်စဥ္းစားကာ မတ္တပ္ထရပ္၍ အထဲသို႔ဝင္သြားသည္။

'ယြီဝမ္ဖုန္းက တျခားလူေတြနဲ႕ေတာ္ေတာ္ကြာတယ္။ အနည္းဆုံးေတာ့ သူကငါ့ကိုဘယ္လိုစိတ္ေျပာင္းရမယ္ဆိုတာကို သိတယ္။' ယြီဝမ္ထုန္ကေတြးသည္။ ယြီဝမ္မိသားစု၌ သူတန္ဖိုးထားသည့္တစ္ခုခု ရွိေသးသည္ဆိုလွ်င္ ၎ကယြီဝမ္ဖုန္းေျပာသြားသည့္ အရာပင္ျဖစ္လိမ့္မည္။ တကယ္တမ္းတြင္ သူကၿမိဳ႕ေတာ္သို႔ေအာင္ပြဲႏွင့္ျပန္လာၿပီးေနာက္ ဘိုးေဘးခန္းမသို႔သြားကာ အေမႊးတိုင္ပူေဇာ္သင့္သည္။

*****

ယခုအခ်ိန္တြင္ လင္းက်န္က အိပ္ရာထကာ ေရခ်ိဳးၿပီး ဆံပင္အေျခာက္ခံေနသည္။ သူက ယြီဝမ္ထုန္ျပန္လာသည္ကိုေတြ႕ေသာအခါ ေမးလိုက္သည္။ "ဒီကိုေရာက္လာတာ ယြီဝမ္ဖုန္းနဲ႕ယြီဝမ္ခ်ီတို႔လား။ သူတို႔က ခင္ဗ်ားကို အိမ္ျပန္ဖို႔ လာေခၚတာလား။"

ယြီဝမ္ထုန္ကေခါင္းညွိတ္သည္။ "သူတို႔က ကိုယ္ျပန္မလာလို႔ ေသာကေရာက္ေနၾကတာ။"

လင္းက်န္ကေျပာသည္။ "ကြၽန္ေတာ္လည္း ခင္ဗ်ား နန္းေတာ္ကေန ထြက္လာၿပီးရင္ အိမ္အရင္ျပန္မယ္လို႔ ထင္ထားတာ။"

ယြီဝမ္ထုန္က ျပန္ေျပာသည္။ "သူတို႔က မင္းကိုမေလးစားဖူးဆိုတာ ျပသခဲ့တယ္။ ကိုယ္ မင္းအတြက္ ကလဲ့စားေခ်ေပးခ်င္တယ္။"

လင္းက်န္က ၿပဳံးသည္။ "မဟာစစ္သူႀကီးကို ေက်းဇူးတင္ပါတယ္။ ခင္ဗ်ား မနက္ျဖန္က် ျပန္သြားသင့္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ဒါကခင္ဗ်ားရဲ႕အိမ္ပဲေလ။ ခင္ဗ်ားတစ္ခ်က္ျပန္ၾကည့္သင့္တယ္။"

ယြီဝမ္ထုန္ကေခါင္းညွိတ္သည္။ "မနက္ျဖန္မနက္က်ရင္ ကိုယ့္အေဖရဲ႕ဦးေလးတို႔ဆီ အရင္ဝင္ၾကမယ္။ ၿပီးရင္ ယြီဝမ္မိသားစုဆီသြားၾကတာေပါ့။"

လင္းက်န္က ေခတၱမွ်ေတြးေနေသာ္လည္း မျငင္းေပ။ "ေကာင္းၿပီ။ ဒါေပမဲ့ ဒါကိုေတာ့သိထားေနာ္။ သူတို႔ေတြ ကြၽန္ေတာ့္ကို ျပႆနာထပ္ရွာရင္ ကြၽန္ေတာ့္စကားေတြက ေတာ္ေတာ္ျပင္းထန္လာနိုင္တယ္။"

ယြီဝမ္မိသားစုဝင္မ်ားႏွင့္ေတြ႕မည့္ကိစၥကို ေရွာင္လႊဲ၍မျဖစ္နိုင္ရာ သူသည္လည္း တစ္ခ်က္သြားၾကည့္ရမည္။ ဆိုရိုးပင္ရွိေသးသည္။ 'ကိုယ္ကိုယ္တိုင္နဲ႕ ကိုယ့္ရန္သူအေၾကာင္းကိုသိေနမွ မရႈံးနိမ့္မွာ။'

ယြီဝမ္ထုန္က ျပန္ေျပာသည္။ "ကိုယ္ရွိေနရင္ သူတို႔ေတြမလုပ္ရဲပါဘူး။"

သူ႕စကားကိုၾကားေသာအခါ လင္းက်န္မွာရယ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။ 'ယြီဝမ္ထုန္က စိတ္ႀကီးအဝင္နိုင္ဆုံးေယာက္်ားပဲ။'

"ဒီည နန္းေတာ္မွာ ႀကိဳဆိုပြဲရွိတယ္။ မင္း ကိုယ္နဲ႕အတူ လိုက္ခဲ့မလား။" ယြီဝမ္ထုန္ကေမးသည္။

"သူတို႔က ကြၽန္ေတာ့္ကိုလည္း ဖိတ္လိုက္တာလား။" လင္းက်န္က သူ႕ကိုျပန္ၾကည့္သည္။

"မင္းကိုေခၚလာဖို႔ ဧကရာဇ္ကမွာလိုက္တယ္။ မင္းကပင္ပန္းေနတယ္လို႔ေတာ့ ကိုယ္ေျပာခဲ့တယ္။" ယြီဝမ္ထုန္က ျပန္ေျပာသည္။

လင္းက်န္က အခိုက္အတန့္မွ်ေတြးၿပီးေနာက္ ေျပာလိုက္သည္။ "ကြၽန္ေတာ္ ဒါကိုအခ်ိန္နည္းနည္းယူၿပီး ေတြးဦးမယ္။"

သူသာ ပြဲတက္လွ်င္  ထိုလူမ်ားက သူ႕ကိုေငြေၾကးကဲ့သို႔ အာ႐ုံစိုက္ၾကလိမ့္မည္။ သူတို႔ထဲမွအခ်ိဳ႕က လွည့္ကြက္အခ်ိဳ႕ သုံးနိုင္သကဲ့သို႔ ေနာက္ေက်ာဓားထိုးျခင္းပင္ လုပ္နိုင္သည္။ မည္သို႔ပင္ဆိုေစ ၎ကၿမိဳ႕ေတာ္တစ္ခုလုံးမွ  ရာထူးႀကီးသူအားလုံးႏွင့္ေတြ႕နိုင္မည့္ အခြင့္အေရးျဖစ္ရာ သူတို႔ႏွင့္ဆုံမွ ေထာင္ဖန္းေျပာလိုက္ေသာအခ်က္မ်ားႏွင့္ ဆက္စပ္မိနိုင္လိမ့္မည္။ သူကၿမိဳ႕ေတာ္သို႔ေရာက္ေနၿပီျဖစ္ရာ အိမ္ထဲတြင္သာ မပုန္းနိုင္ေပ။ မၾကာခင္တြင္ ဤလူမ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္ၿပီး ေစာေစာေတြ႕လွ်င္ ၿမိဳ႕ေတာ္မွလူမ်ားႏွင့္ ပိုရင္းႏွီးကာ ေနာက္က်မွေတြ႕သည္ထက္ ခုခံရသည့္အေနအထားေလ်ာ့လိမ့္မည္။

"ေကာင္းၿပီ။ ညေနခင္းပြဲမစေသးခင္ အခ်ိန္အမ်ားႀကီးက်န္ပါေသးတယ္။ ေသခ်ာစဥ္းစား။" ယြီဝမ္ထုန္က လင္းက်န္၏ဆုံးျဖတ္ခ်က္ကို ေလာမည့္ရည္႐ြယ္ခ်က္မရွိေပ။

လင္းက်န္က စဥ္းစားဦးမည္ဟုေျပာလိုက္ခ်ိန္တြင္ ေ႐ြးခ်ယ္ၿပီးၿပီပင္။ သူက မလႈပ္ရွားခင္တြင္ ခ်ိန္တြက္ဆင္ျခင္တတ္သည့္အက်င့္ ရွိလာ႐ုံသာျဖစ္သည္။

Continue Reading

You'll Also Like

1.6M 200K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
50.8K 5.5K 85
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
649K 75.8K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
39K 4.1K 46
ဘာသာပြန်သူ စွဲညို့အသင်း