ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

168

2.8K 553 9
By Vanilla_IceCream61

ဝင်ခွင့်မပြုခြင်း
...................

မြို့တော်တွင် သူလျှိုများ ခြေချင်းလိမ်နေရာ နန်းတော်မှယွီဝမ်ထုန်ထွက်လာသည့်သတင်းက အကြောင်းကြားသင့်သူများထံရောက်သွားသည်။

ယွီဝမ်ထုန်က ယွီဝမ်မိသားစုစံအိမ်သို့ မပြန်ပေ။ ထိုအစား သူက 'လင်းမိသားစု' နာမည်ထွင်းထားသည့် ပျဉ်ချပ်ကို အရှေ့တံခါးတွင်ချိတ်ထားသော စံအိမ်သို့သွားသည်။

ယွီဝမ်ထုန်က လင်းကျန်ကိုတွေ့ရန်အတွက် ထိုနေရာသို့သွားကြောင်း လူတိုင်းသိကြသည်။

အခြားလူများထက် ယွီဝမ်ကျီကထိုအကြောင်းကို သိရသောအခါ လက်ဖက်ရည်ခွက်ကို အလွန်အမင်းသုန်မှုန်နေသောမျက်နှာထားဖြင့် တစ်စစီပစ်ပေါက်လိုက်သည်။ ယွီဝမ်ထုန်က မြို့ထဲသို့ရောက်လာပြီးနောက် အိမ်သို့အရင်ဆုံးမပြန်ခြင်းကပင် သူ့ကိုအရှက်ရစေသဖြင့် တောက်လျှောက်ဒေါသထိန်းနေရသော်လည်း ယခုအခါ ယွီဝမ်ထုန်က နန်းတော်မှပြန်ရောက်ပြီးနောက် အိမ်မပြန်ဘဲ လင်းကျန်၏နေရာသို့သွားခြင်းက သူ့အားသည်းမခံနိုင်လောက်အောင် ဒေါသထွက်စေသည်။

ယွီဝမ်ကျီက သူ့ကိုယ်သူ မြို့တော်ရှိဂုဏ်သရေရှိလူများအားလုံး၏အချုပ်ဟု မှတ်ယူထားရာ အဆောင်အယောင်နှင့် ဂုဏ်သိက္ခာကို များစွာဂရုစိုက်သည်။ တော်ဝင်မိသားစုဝင်များမှလွဲ၍ မည်သည့်နေရာတွင်မဆို မည်သူ့ကိုမှ အလျှော့ပေးခြင်းမရှိပေ။ လူတိုင်းက သူ့အားဆန့်ကျင်မည့်အရာတစ်ခုခုမလုပ်ခင် နှစ်ခါစဉ်းစားရသည်။ သူက ယွီဝမ်ထုန်နှင့်မသင့်မြတ်သည်မှာ မှန်သော်လည်း အတိတ်တွင် ယွီဝမ်ထုန်က နယ်စပ်ဒေသမှပြန်လာတိုင်း၌ သူ့ကိုသာဦးစွာလာတွေ့သည်။ ယွီဝမ်ထုန်က သူ့အပေါ်ဤသို့ မလေးမစားမလုပ်ဖူးပေ။

'ငါ ဘယ်လိုမျက်နှာပြရမလဲ။ ဒီမြို့မှာ တခြားလူတွေက ငါ့ကိုဘယ်လိုထင်ကြမလဲ။'

မည်သူကမှ သူ့အပေါ်ဤသို့အရှက်မခွဲဖူးဘူးဟု ခံစားရကာ အသက်ရှူကျပ်လာသည်။

"ကျွန်မ ပြောသားပဲ။ အဲ့ဒီလင်းကျန်က ပြည့်တန်ဆာကောင်ပါဆို။ ဖုန်းအာက ကျွန်မအဲ့ဒီစကားကိုပြောလို့ ဝေဖန်လိုက်သေးတယ်။ အခုဘာဖြစ်နေပြီလဲ တွေ့တယ်မလား။ အဲ့ဒီပြည့်တန်ဆာကောင်က ယွီဝမ်ထုန်ကိုပြုစားပြီး သူ့လက်ထဲ ထည့်ထားတယ်မလား။ သူ့အိမ်ဘယ်မှာရှိလဲဆိုတာကိုတောင် မေ့သွားပြီ။ သူက ကျွန်မတို့ကို တစ်စက်ကလေးတောင် လေးစားတော့ရဲ့လား။ ရှင်က သူ့ဦးလေး၊ ကျွန်မက သူ့အဒေါ်ဆိုတာကို သူမှတ်မိရဲ့လား။ သူ့ရဲ့မျိုးရိုးနာမည်က ယွီဝမ်ဆိုတာကိုတောင် မေ့သွားပြီထင်တယ်။" ကျန့်ရှီသည်လည်း အလွန်မခံမရပ်နိုင်ဖြစ်နေသည်။

ယနေ့တွင် ယွီဝမ်ထုန်က သူမတို့ကိုထပ်ကာထပ်ကာ အရှက်ခွဲခဲ့သည်။ အနာဂတ်တွင် အရာရှိများ၏ဇနီးများအကြား၌ သူမကမည်သို့မျက်နှာပြရမည်နည်း။ သူမက ကျန်ဘဝတစ်လျှောက်လုံးတွင် အိမ်တွင်းအောင်းနေရမည်ဟုပင် ခံစားရသည်။

ယွီဝမ်ချီက ဒေါသတကြီး မတ်တပ်ထရပ်သည်။ "ကျွန်တော် လင်းကျန်ရဲ့နေရာကို သွားလိုက်မယ်။ အဲ့ဒီလင်းကျန်ဆိုတဲ့တစ်ယောက်က ကျွန်တော့်ဝမ်းကွဲကို ဒီလိုအရှက်မရှိ အတင့်ရဲပြီး လုယူမယ်လို့ ကျွန်တော်မယုံဘူး။"

ယွီဝမ်ဖုန်းကလည်း မျက်မှောင်ကြုတ်ထားသည်။ သူက ယွီဝမ်ချီကဲ့သို့ စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်သည့်အပြင် စဉ်းစားဉာဏ်လည်းမလွတ်ချေ။ သူကပြောလိုက်သည်။ "ပြန်ထိုင်။"

"အစ်ကိုကြီး။ ဒီလိုဖြစ်ပြီးတာတောင် အစ်ကိုကဘယ်လိုလုပ် သည်းခံနိုင်သေးတာလဲ။ ယွီဝမ်ထုန်က ကျွန်တော်တို့ရဲ့ခံစားချက်တွေကို မထီမဲ့မြင်ပြုပြီး အိမ်ပြန်မလာဘူးလေ။" ယွီဝမ်ချီက အလွန်မကျေမနပ်ဖြစ်နေသည်။

"ထိုင်။" ယွီဝမ်ဖုန်းက ယွီဝမ်ချီကို ကြည့်ကာ ထပ်ပြောသည်။

ခံပြင်းဒေါသထွက်နေသည့် ယွီဝမ်ချီက ခုံတွင်ပြန်ထိုင်ကာပြောသည်။ "ကျွန်တော်က အဲ့ဒီကိုမသွားရင် ဘာလုပ်ရမှာလဲ။ လင်းကျန်ဆိုတဲ့တစ်ယောက် ထောင်ထောင်ထောင်ထောင်လုပ်နေတာကို ထိုင်ကြည့်နေရမှာလား။"

ယွီဝမ်ဖုန်းက မျက်မှောင်ကြုတ်ကာပြောသည်။ "ညီလေးကို ထန်းယန်ဆီလွှတ်လိုက်တာကြောင့် သူဒေါသထွက်ပြီး ဒီလိုလုပ်နေတာလို့ ကျွန်တော်ထင်တယ်၊ အဖေ။ ဒီနေ့အစောပိုင်းမှာဖြစ်ပျက်သွားတဲ့ကိစ္စကို ကြည့်ရင် သူကလင်းကျန်ကို တအားအရေးထားတယ်။"

ယွီဝမ်ကျီက သူ့ကိုကြည့်ကာ ပြန်ပြောသည်။ "မင်းက ငါ့ကို အပြစ်တင်နေတာလား။"

ယွီဝမ်ဖုန်းကပြောသည်။ "ကျွန်တော် မလုပ်ရဲပါဘူး၊ အဖေ။ ကျွန်တော်က ဖြစ်နိုင်ခြေကို ဆွဲထုတ်ပြရုံပါ။လက်ရှိမှာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက သူ့ကိုချွေးသိပ်ဖို့လေ။ အဖေက လင်းကျန်ကို ဘယ်လောက်မကျေမနပ်ဖြစ်နေပါစေ တစ်မြို့လုံးရဲ့ ပြက်ရယ်ပြုစရာအဖြစ်ခံရမဲ့အစား မိသားစုထဲမှာပဲဖြေရှင်းသင့်တယ်။"

"အစ်ကိုပြောတာကျ လွယ်တာပေါ့။ ကျွန်တော်တို့ ဘာလုပ်သင့်တယ် ထင်လဲ။"

ယွီဝမ်ချီထံတွင် ဒေါသပွက်ပွက်ဆူနေသော်လည်း သူ့အစ်ကိုကြီးကို နာခံလိုက်ရသည်။ သူ၏နာခံမှု၌ မလိုလားခြင်းများသာ စွက်နေသည်။ အကြောင်းရင်းကိုမသိရသော်လည်း ယွီဝမ်ဖုန်းက သူ့ထက်သာသကဲ့သို့ အရာအားလုံးကို ရှင်းပြီးသည့်အလား ပြုမူနေသည်ကို မကြိုက်ပေ။

ယွီဝမ်ဖုန်က မတ်တပ်ထရပ်သည်။ "လင်းကျန်ဆီကို ငါသွားမယ်။"

ယွီဝမ်ချီက ထိုစကားကိုကြားသောအခါ မတ်တပ်ရပ်ကာပြောသည်။ "ကျွန်တော်လည်းလိုက်မယ်။"

ယွီဝမ်ဖုန်းက ငြင်းလိုက်သည်။ "မလိုဘူး။"

ယွီဝမ်ချီက မကျေမနပ်ဖြစ်သွားသည်။ "ဘာလို့လဲ။ ကျွန်တော်က ဘာလို့သွားလို့မရတာလဲ။"

ကျန့်ရှီက ဝင်ပြောသည်။ "ချီအာကို ခေါ်သွားပါလား။ ညီအစ်ကိုနှစ်ယောက်အဖော်ရတာပေါ့။"

ယွီဝမ်ဖုန်းက သုံးနှစ်အရွယ်ကလေးသာ အဖော်လိုလိမ့်မည်ဟု ပြောနေသည့်အလား မျက်မှောင်ကြုတ်မိသည်။ သို့ရာတွင် သူ့အမေကို မကြာခဏဆန့်ကျင်ခြင်းက မသင့်တော်သဖြင့် ခေါင်းညှိတ်လိုက်ရသည်။

ယွီဝမ်ချီက ငေါ့တော့တော့ရယ်ကာ တွေးသည်။ 'အမေက ငါ့ဘက်မှာပဲ။ အစ်ကိုကြီးတောင် သူမရဲ့စကားကိုနားထောင်ရတယ်။'

*****

လင်းကျန်၏စံအိမ်သို့ ယွီဝမ်ထုန်ရောက်သွားသောအခါ အထဲမှလူများက ပျော်ပါးနေကြတုန်းပင်။ ယောင်ရိတို့က ယွဲ့ချီနှင့်မတွေ့ရသည်မှာ တစ်လခန့်ရှိပြီပင်။ ထို့အပြင် သူတို့က ဝမ်တရှန်တို့နှင့်လည်း အရက်အဝသောက်ထားရာ ပျော်ပွဲရွှင်ပွဲမှာ ဘယ်သောအခါမှ အဆုံးမသတ်တော့မည့်အလား အချိန်ကောင်းရနေကြသည်။

ယွီဝမ်ထုန်က လေ့ကျင့်ရေးကွင်းဘေးမှဖြတ်ကာ ပတ်ပတ်လည်ကိုကြည့်လိုက်သော်လည်း လင်းကျန်အားမတွေ့ပေ။ သူကချက်ချင်း စိတ်အခြေအနေဆိုးရွားသွားပြီး မျက်နှာသုန်မှုန်သွားသည်။ "ညီလေးကျန်ဘယ်မှာလဲ။"

ယောင်ရိတို့က ယွီဝမ်ထုန်ပြန်လာသည်ကိုတွေ့သောအခါ ဗရုတ်မကျတော့ပေ။ ယွီဝမ်ထုန်၏မျက်နှာမည်းနေသည်ကိုတွေ့၍ အားလုံး တွန့်သွားကြသည်။

"သခင်လေးလင်းက ပင်ပန်းနေလို့ အခန်းပြန်ပြီးသွားအိပ်ပါတယ်။" ယော်ရိကပြန်ပြောသည်။

"သူကအထဲမှာအိပ်နေတုန်း မင်းတို့ကဒီမှာပျော်ပွဲနွဲနေကြတယ်။ မင်းတို့တွေ ဘာလုပ်နေကြတာလဲ။" ယွီဝမ်ထုန်က အသံမာမာဖြင့်မေးသည်။

"ကျွန်တော်တို့ ဒီလိုမလုပ်သင့်ပါဘူး၊ စစ်သူကြီး။"

ယွီဝမ်ထုန်က အေးစက်စက်ငေါ့ပြောသည်။ "မင်းတို့ရဲ့အပြစ်က ဒီမှာရပ်နေရဖို့ပဲ။ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှမထွက်သွားရဘူး။"

လေ့ကျင့်ရေးကွင်းထဲမှလူများအားလုံး ထိတ်လန့်၍တိတ်ဆိတ်သွားကြကာ နေရာတွင်သာ ငုံးကဲ့သို့ရပ်နေကြသည်။ 'အင်း၊ ပျော်တာများသွားပြီ။'

ယွီဝန်ထုန်က လင်းကျန်၏အိမ်ထဲသို့ဝင်သွားပြီးနောက် ပေကျံနေသောအဝတ်အစားများကို အရင်လဲကာ ခြေလက်အမြန်ဆေးပြီး လင်းကျန်၏အိပ်ခန်းထဲသို့ဝင်သွားသည်။

လင်းကျန်က အိပ်ပျော်နေပြီပင်။ သူက မရင်းနှီးသောအိပ်ရာထဲတွင်ပင် ဤသို့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာ တကယ်ပင်ပန်းနေပုံပင်။

အမွေးလုံးနှင့်တူသည့် မြေခွေးဖြူလေးက မျက်လုံးမှိတ်ကာ သူ့ခေါင်းအုံးဘေးတွင် လှဲနေသည်။ မြေခွေးလေးက အိပ်မောကျနေသလား၊ သို့မဟုတ် တစ်မှေးအိပ်နေခြင်းလားဆိုသည်ကို ပြောရခက်သည်။

အိပ်ရာဘေးနားသို့ ယွီဝမ်ထုန်ရောက်ပြီးမကြာခင်တွင် သူက နိုးနိုးကြားကြား မျက်လုံးပွင့်လာသည်။ သူက ယွီဝမ်ထုန်ကို တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် တစ်ချက်ကြည့်ပြီးနောက် မျက်လုံးပြန်မှိတ်သွားသည်။

ဤတုန့်ပြန်မှုက အတော်လက်ခံနိုင်စရာကောင်းသည်ဟု ခံစားရသဖြင့် သူကလင်းကျန်၏ခေါင်းအုံးဘေးတွင် နေရာယူထားသည့်အတွက် ယွီဝမ်ထုန်အပြစ်မတင်တော့ချေ။ သူကမြေခွေးပေါက်ကိုဆွဲပွေ့ကာ အိပ်ရာဘေးမှ လက်ဖက်ရည်စားပွဲပေါ်သို့တင်ပေးလိုက်သည်။ လက်ဖက်ရည်စားပွဲပေါ်တွင် မြေခွေးပေါက်လေးအတွက် အထူးပြင်ဆင်ပေးထားသော သတ္တာပုံးရှိသည်။ သို့သော် လင်းကျန်က မြေခွေးဖြူလေးကို အိပ်ရာထဲသို့သာ ပွေ့ချီသွားလေ့ရှိသည်။

မြေခွေးပေါက်လေးက သခင်ထံမှခွာကာ သူ၏သိုက်မြုံထဲသို့ တစ်ကောင်တည်းအိပ်ရန် ခေါ်သွားခံရသောအခါ အမည်းရောင်မျက်ဆန်လေးများမှာ တုန်လှုပ်မှုနှင့် မကျေနပ်မှုများ ပြည့်သွားသည်။ သူသာ စကားပြောနိုင်လျှင် ယွီဝမ်ထုန်ကို အနိုင်ကျင့်နေသည်ဟုစွပ်စွဲကာ လက်သည်းဖြင့်လည်း ကုတ်လိုက်နိုင်သည်။

ဤသတ္တဝါငယ်လေးက ယွီဝမ်ထုန်ကို လုံးဝမခြိမ်းခြောက်နိုင်ပေ။ မြေခွေးပေါက်လေးကို သစ်သားပုံးထဲ ထည့်ပြီးနောက် ယွီဝမ်ထုန်က အိပ်ရာထဲသို့ဝင်ကာ မြေခွေးလေးမှေးနေခဲ့သည့်နေရာတွင် လှဲလိုက်သည်။ ထို့နောက် သူကလင်းကျန်ကိုဖက်ကာ ရင်ခွင်ထဲပွေ့ဖက်ထားသည်။ သူကကျေနပ်စွာဖြင့် မျက်စိမှိတ်လိုက်သည်။

သဘာဝကျစွာပင် လင်းကျန်က ဤလှုပ်ရှားမှုကြောင့် နိုးသွားသည်။ သို့သော် သူ့ဘေးမှလူ၏ကိုယ်နံ့နှင့် ရင်ခွင်၏အထိအတွေ့တို့အား ရင်းနှီးနေသဖြင့် ယွီဝမ်ထုန်ကို လက်ဖြင့်သာတွန်းလိုက်သည်။ သူ့ကိုတွန်းမရသောအခါ လင်းကျန်က တကယ်ပင်ပန်းနေသဖြင့် လစ်လျူရှုကာ ပြန်အိပ်ပျော်သွားသည်။

ယွီဝမ်ထုန်က သူ့ပါးကိုတစ်ချက်နမ်းကာ ထပ်လှဲပြီး မျက်လုံးမှိတ်၍ အိပ်လိုက်သည်။

မြေခွေးပေါက်လေးက ပြတင်းပေါက်ဘက်သို့ကြည့်ပြီးနောက် ဤသည်မှာဖြစ်သင့်သည့်ကိစ္စကဲ့သို့ လင်းကျန်နှင့်အတူအိပ်နေသည့် ယွီဝမ်ထုန်ကိုကြည့်သည်။ သူ့မျက်ဝန်းများမှာ ရှုပ်ထွေးနေပုံပင်။

အိပ်ခန်းကအလွန်တိတ်ဆိတ်နေပြီး အပြင်မှအစေခံများမှာလည်း အသံမထွက်ရဲကြပေ။

ယွီဝမ်ထုန် အိပ်မောကျသွားသည်မှာ အတော်ရှားပါးသည်။

သို့သော် သူ၏ဤအိပ်စက်မှုက နှောင့်ယှက်ခံရမည့်ကံ ပါပုံရ၏။

ယွီဝမ်မိသားစု၏ မြင်းရထားလုံးက လင်းကျန်တို့စံအိမ်၏ အရှေ့ဘက်တံခါးပေါက်တွင်လာရပ်သည်။ တာဝန်ကျအစောင့်များက ဤသည်ကိုမြင်သောအခါ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တွေးမိသည်။ 'ဒါက ဘယ်သူ့ရထားလုံးလဲ။'

ရထားလုံးပေါ်မှ ယွီဝမ်ဖုန်းနှင့် ယွီဝမ်ချီတို့ဆင်းလာသည်ကိုမြင်သောအခါ အစောင့်နှစ်ယောက်လုံးက လက်ရှေ့ထုတ်၍အရိုအသေပေးကာ နှုတ်ဆက်သည်။ "သခင်လေးဖုန်း၊ သခင်လေးချီ။"

စိတ်မရှည်ပုံပေါက်သည့် ယွီဝမ်ချီက လင်းမိသားစုနာမည်ရေးထွင်းထားသော သစ်သားပြားကို အထင်သေးစွာကြည့်ကာ အရှေ့ဘက်တံခါးကိုအကဲခတ်ပြီး ဝေဖန်သည်။ "ဒါက ဘယ်လိုအနုပ်စုတ်ကုပ်စုတ်နေရာမျိုးလဲ။ ဒီလူက တော်တော်ကပ်စေးနဲတာပဲ။"

သို့ရာတွင် ဤနေရာက လုံးဝမနုံချာပေ။ ၎င်း၏ပိုင်ရှင်ဟောင်းက အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ပြီး တာဝန်မှုနှုတ်ထွက်ကာ ဇာတိမြို့သို့ပြန်သွားသည်။ ဤစံအိမ်က ယွီဝမ်မိသားစုစံအိမ်နှင့် မဝေးသည့်အပြင် သွားလာရေးအဆင်ပြေသည်။ ငွေကြေးတစ်ခုတည်းရှိရုံနှင့် မြို့တော်တွင် ဤသို့သောနေရာမျိုးကို ဝယ်နိုင်မည်မဟုတ်ဟု ပြော၍ရသည်။

အစောင့်နှစ်ယောက်က ယွီဝမ်ချီ၏စကားကိုကြားသောအခါ မျက်နှာထားတည်ပြီး ဘာမှမတုန့်ပြန်ပေ။

"သခင်လေးတို့ ဘာကြောင့်ရောက်လာသလဲ မေးပါရစေ။"

ယွီဝမ်ဖုန်းက ပြုံးပြသည်။ "ငါတို့ရဲ့ ဝမ်းကွဲကိုတွေ့ဖို့ပါ။ သူကနန်းတော်ထဲကနေထွက်လာပြီးတော့ ဒီကိုရောက်လာတယ်ပြောတယ်။"

အစောင့်များက ယွီဝမ်ထုန်၏သီးသန့်အစောင့်များဖြစ်ရာ လင်းကျန်က ယွီဝမ်ထုန်အတွက် မည်မျှအရေးပါကြောင်းကို ယွီဝမ်ဖုန်းကထပ်မံသိလိုက်ရ၍ ပို၍ဆင်ဆင်ခြင်ခြင်ပြောသည်။

"စစ်သူကြီးက တကယ်တော့အထဲမှာပါ။ ကျွန်တော်အကြောင်းကြားလိုက်ပါ့မယ်။" အစောင့်တစ်ယောက်ကပြောသည်။

"ငါတို့ရောက်လာတာကို အကြောင်းကြားရဦးမှာလား။" ယွီဝမ်ချီက သူ့ကိုစိုက်ကြည့်သည်။ "မင်းက ဘာစကားပြောချင်တာလဲ။ ငါတို့ကဘယ်သူဆိုတာကို သိနေတာတောင် ငါတို့ကိုအပြင်မှာစောင့်ခိုင်းမလို့လား။ မင်းတို့က ယွီဝမ်မိသားစုရဲ့အစောင့်တွေနော်။ လင်းမိသားစုရဲ့အစောင့် မဟုတ်ဘူး။ ဦးနှောက်ပျက်သွားပြီလား။"

"ခဏလောက်စောင့်ပေးပါ၊ သခင်လေးချီ။" မတုန်လှုပ်သွားသည့်အစောင့်က အထဲဝင်သွားသည်။

"မင်း အဲ့ဒီမှာရပ်နေစမ်း။" ယွီဝမ်ချီက ဒေါသတကြီးအော်ကာ သူ့အနောက်သို့လိုက်ရန်ပြင်သော်လည်း အခြားတစ်ယောက်ကတားလိုက်သည်။

ယွီဝမ်ချီက အော်တော့မည့်အချိန်တွင် ယွီဝမ်ဖုန်ကတားလိုက်သည်။ "ညီလေး၊ ဒါက ငါတို့ဝမ်းကွဲရဲ့စည်းကမ်းပဲလေ။ စိတ်ရှည်ရှည်ထားပါဦး။"

ယွီဝမ်မိသားစု၏စံအိမ်၌ ယွီဝမ်ထုန်ရှိနေစဉ်တွင်ပင် ခွင့်ပြုချက်မရှိဘဲ သူ့ခြံထဲသို့မည်သူမှဝင်ခွင့်မရပေ။ သူ့ဦးလေးကိုပင် ခြွင်းချက်မချန်ပေ။ ဤအချက်ကို လင်းမိသားစုဝင်များအားလုံး သိကြသော်လည်း ဤနေရာက ယွီဝမ်ထုန်၏ခြံမဟုတ်ပေ....

သူ့အစ်ကို၏ကြားဝင်မှုကြောင့် ယွီဝမ်ချီကအစောင့်ကို မကြိမ်းမောင်းတော့သော်လည်း မျက်နှာစူပုပ်နေဆဲပင်။ သူထန်းယန်တွင်ရှိစဉ်က အရှက်ကွဲကာ နေအိမ်အကျယ်ချုပ် အချုပ်ခံထားရသည့်အကြောင်းကို ပြန်တွေးမိသည်။ လင်းမိသားစု၏နာမည်ထွင်းထားသည့် သစ်သားပြားကိုမြင်ရုံနှင့် သူ့အကြည့်များစူးရှလာရုံသာမက ကိုယ်တွင်း၌ဒေါသလည်းပွက်ပွက်ဆူနေသည်။

"ညီလေး။" ယွီဝမ်ဖုန်းက ဤအဖြစ်ကိုမြင်သောအခါ သူစိတ်လိုက်မာန်ပါမလုပ်ရန်အတွက် ခေါင်းခါကာတားမြစ်သည်။

သူက ခေါင်းပင်ကိုက်နေပြီပင်။ ယွီဝမ်ချီက ဤသို့ပြုမူမည်ဟု သူခန့်မှန်းမိပါက ယွီဝမ်ချီလိုက်မလာရန် တားမိလောက်သည်။

ခဏကြာသောအခါမှ အစောင့်ကထွက်လာသည်။ သူက ယခုလေးတင် စကားပြောသွားသည့်လူပင်။ "အားနာပါတယ်၊ သခင်လေးတို့။ သခင်လေးလင်းနဲ့ စစ်သူကြီးက အိပ်စက်နေကြပါတယ်။ သခင်လေးတို့လာတာကို စစ်သူကြီးဆီ နောက်ကျရင် အသိပေးလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ပြန်ကြပါ။"

ယခုတစ်ခေါက်တွင် ယွီဝမ်ဖုန်းပင် ယွီဝမ်ချီကို မတားနိုင်တော့ပေ။ ယွီဝမ်ချီက အစောင့်ကို ခြေထောက်ဖြင့်ရွယ်ကာ အော်သည်။ "ချီးပဲ။ မင်းက ငါ့ကိုဘယ်လိုလုပ် ဒီလိုပြောရဲရတာလဲ၊ မအေလိုး။ ငါမင်းကို သေအောင်ကန်ပစ်မယ်။"

ယွီဝမ်ဖုန်း၏မျက်နှာကမည်းမှောင်နေသော်လည်း သတိရှိသေးသည်။ "ညီလေး၊ တော်တော့။"

အစောင့်၏ကွန်ဖူးပညာက ယွီဝမ်ချီထက်များစွာသာလွန်သဖြင့် ယွီဝမ်ချီ၏ကန်ချက်ကို လွယ်လွယ်ကူကူရှောင်လိုက်သည်။ သူကခက်ထန်သောလေသံဖြင့်ပြောသည်။ "သခင်လေးချီအနေနဲ့ တစ်ခုခုမကျေနပ်တာရှိရင် စစ်သူကြီးနိုးလာမှ စစ်သူကြီးနဲ့ပြောလို့ရပါတယ်။ ဘယ်သူမှတားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အပေါ် ဒေါသပုံချတာက သခင်လေးတစ်ယောက်နဲ့ မလိုက်ဖက်ပါဘူး။"

"ငါ့ဝမ်းကွဲကတကယ်အိပ်ပျော်နေတာလား။ သူကအခုလေးတင်မှ ပြန်လာတာ မဟုတ်ဘူးလား။" ယွီဝမ်ဖုန်းက မယုံကြည်နိုင်ဘဲ မေးလိုက်သည်။

"သခင်လေးလင်းက အိပ်နေလို့ စစ်သူကြီးကအတူတူဝင်အိပ်လိုက်တာပါ။" အစောင့်က ပွင့်ပွင့်လင်းလင်း ပြောသည်။

'ဘာ။ သူက ဒါ့ကြောင့် အိပ်သွားတာလား။' ယွီဝမ်ဖုန်းက တုန်လှုပ်စွာတွေးသည်။

"ဒါပေမဲ့ ငါတို့က မိဘတွေခိုင်းလို့ ဝမ်းကွဲနဲ့လာတွေ့တာ။ ငါ့ရဲ့ဝမ်းကွဲက ငါတို့ကိုဒီအတိုင်းပြန်ခိုင်းလိုက်ရင် နည်းနည်းရိုင်းပျသလိုမဖြစ်ဘူးလား။ ငါတို့က မိသားစုဝင်တွေပဲလေ။ သူက ငါတို့ကိုသူစိမ်းတွေလိုမျိုး တကယ်တံခါးပိတ်ထားမှာလား။" ယွီဝမ်ဖုန်းကထောက်ပြသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဝင္ခြင့္မျပဳျခင္း
...................

ၿမိဳ႕ေတာ္တြင္ သူလွ်ိုမ်ား ေျခခ်င္းလိမ္ေနရာ နန္းေတာ္မွယြီဝမ္ထုန္ထြက္လာသည့္သတင္းက အေၾကာင္းၾကားသင့္သူမ်ားထံေရာက္သြားသည္။

ယြီဝမ္ထုန္က ယြီဝမ္မိသားစုစံအိမ္သို႔ မျပန္ေပ။ ထိုအစား သူက 'လင္းမိသားစု' နာမည္ထြင္းထားသည့္ ပ်ဥ္ခ်ပ္ကို အေရွ႕တံခါးတြင္ခ်ိတ္ထားေသာ စံအိမ္သို႔သြားသည္။

ယြီဝမ္ထုန္က လင္းက်န္ကိုေတြ႕ရန္အတြက္ ထိုေနရာသို႔သြားေၾကာင္း လူတိုင္းသိၾကသည္။

အျခားလူမ်ားထက္ ယြီဝမ္က်ီကထိုအေၾကာင္းကို သိရေသာအခါ လက္ဖက္ရည္ခြက္ကို အလြန္အမင္းသုန္မႈန္ေနေသာမ်က္ႏွာထားျဖင့္ တစ္စစီပစ္ေပါက္လိုက္သည္။ ယြီဝမ္ထုန္က ၿမိဳ႕ထဲသို႔ေရာက္လာၿပီးေနာက္ အိမ္သို႔အရင္ဆုံးမျပန္ျခင္းကပင္ သူ႕ကိုအရွက္ရေစသျဖင့္ ေတာက္ေလွ်ာက္ေဒါသထိန္းေနရေသာ္လည္း ယခုအခါ ယြီဝမ္ထုန္က နန္းေတာ္မွျပန္ေရာက္ၿပီးေနာက္ အိမ္မျပန္ဘဲ လင္းက်န္၏ေနရာသို႔သြားျခင္းက သူ႕အားသည္းမခံနိုင္ေလာက္ေအာင္ ေဒါသထြက္ေစသည္။

ယြီဝမ္က်ီက သူ႕ကိုယ္သူ ၿမိဳ႕ေတာ္ရွိဂုဏ္သေရရွိလူမ်ားအားလုံး၏အခ်ဳပ္ဟု မွတ္ယူထားရာ အေဆာင္အေယာင္ႏွင့္ ဂုဏ္သိကၡာကို မ်ားစြာဂ႐ုစိုက္သည္။ ေတာ္ဝင္မိသားစုဝင္မ်ားမွလြဲ၍ မည္သည့္ေနရာတြင္မဆို မည္သူ႕ကိုမွ အေလွ်ာ့ေပးျခင္းမရွိေပ။ လူတိုင္းက သူ႕အားဆန့္က်င္မည့္အရာတစ္ခုခုမလုပ္ခင္ ႏွစ္ခါစဥ္းစားရသည္။ သူက ယြီဝမ္ထုန္ႏွင့္မသင့္ျမတ္သည္မွာ မွန္ေသာ္လည္း အတိတ္တြင္ ယြီဝမ္ထုန္က နယ္စပ္ေဒသမွျပန္လာတိုင္း၌ သူ႕ကိုသာဦးစြာလာေတြ႕သည္။ ယြီဝမ္ထုန္က သူ႕အေပၚဤသို႔ မေလးမစားမလုပ္ဖူးေပ။

'ငါ ဘယ္လိုမ်က္ႏွာျပရမလဲ။ ဒီၿမိဳ႕မွာ တျခားလူေတြက ငါ့ကိုဘယ္လိုထင္ၾကမလဲ။'

မည္သူကမွ သူ႕အေပၚဤသို႔အရွက္မခြဲဖူးဘူးဟု ခံစားရကာ အသက္ရႉက်ပ္လာသည္။

"ကြၽန္မ ေျပာသားပဲ။ အဲ့ဒီလင္းက်န္က ျပည့္တန္ဆာေကာင္ပါဆို။ ဖုန္းအာက ကြၽန္မအဲ့ဒီစကားကိုေျပာလို႔ ေဝဖန္လိုက္ေသးတယ္။ အခုဘာျဖစ္ေနၿပီလဲ ေတြ႕တယ္မလား။ အဲ့ဒီျပည့္တန္ဆာေကာင္က ယြီဝမ္ထုန္ကိုျပဳစားၿပီး သူ႕လက္ထဲ ထည့္ထားတယ္မလား။ သူ႕အိမ္ဘယ္မွာရွိလဲဆိုတာကိုေတာင္ ေမ့သြားၿပီ။ သူက ကြၽန္မတို႔ကို တစ္စက္ကေလးေတာင္ ေလးစားေတာ့ရဲ႕လား။ ရွင္က သူ႕ဦးေလး၊ ကြၽန္မက သူ႕အေဒၚဆိုတာကို သူမွတ္မိရဲ႕လား။ သူ႕ရဲ႕မ်ိဳးရိုးနာမည္က ယြီဝမ္ဆိုတာကိုေတာင္ ေမ့သြားၿပီထင္တယ္။" က်န့္ရွီသည္လည္း အလြန္မခံမရပ္နိုင္ျဖစ္ေနသည္။

ယေန႕တြင္ ယြီဝမ္ထုန္က သူမတို႔ကိုထပ္ကာထပ္ကာ အရွက္ခြဲခဲ့သည္။ အနာဂတ္တြင္ အရာရွိမ်ား၏ဇနီးမ်ားအၾကား၌ သူမကမည္သို႔မ်က္ႏွာျပရမည္နည္း။ သူမက က်န္ဘဝတစ္ေလွ်ာက္လုံးတြင္ အိမ္တြင္းေအာင္းေနရမည္ဟုပင္ ခံစားရသည္။

ယြီဝမ္ခ်ီက ေဒါသတႀကီး မတ္တပ္ထရပ္သည္။ "ကြၽန္ေတာ္ လင္းက်န္ရဲ႕ေနရာကို သြားလိုက္မယ္။ အဲ့ဒီလင္းက်န္ဆိုတဲ့တစ္ေယာက္က ကြၽန္ေတာ့္ဝမ္းကြဲကို ဒီလိုအရွက္မရွိ အတင့္ရဲၿပီး လုယူမယ္လို႔ ကြၽန္ေတာ္မယုံဘူး။"

ယြီဝမ္ဖုန္းကလည္း မ်က္ေမွာင္ၾကဳတ္ထားသည္။ သူက ယြီဝမ္ခ်ီကဲ့သို႔ စိတ္လိုက္မာန္ပါလုပ္တတ္သူ မဟုတ္သည့္အျပင္ စဥ္းစားဉာဏ္လည္းမလြတ္ေခ်။ သူကေျပာလိုက္သည္။ "ျပန္ထိုင္။"

"အစ္ကိုႀကီး။ ဒီလိုျဖစ္ၿပီးတာေတာင္ အစ္ကိုကဘယ္လိုလုပ္ သည္းခံနိုင္ေသးတာလဲ။ ယြီဝမ္ထုန္က ကြၽန္ေတာ္တို႔ရဲ႕ခံစားခ်က္ေတြကို မထီမဲ့ျမင္ျပဳၿပီး အိမ္ျပန္မလာဘူးေလ။" ယြီဝမ္ခ်ီက အလြန္မေက်မနပ္ျဖစ္ေနသည္။

"ထိုင္။" ယြီဝမ္ဖုန္းက ယြီဝမ္ခ်ီကို ၾကည့္ကာ ထပ္ေျပာသည္။

ခံျပင္းေဒါသထြက္ေနသည့္ ယြီဝမ္ခ်ီက ခုံတြင္ျပန္ထိုင္ကာေျပာသည္။ "ကြၽန္ေတာ္က အဲ့ဒီကိုမသြားရင္ ဘာလုပ္ရမွာလဲ။ လင္းက်န္ဆိုတဲ့တစ္ေယာက္ ေထာင္ေထာင္ေထာင္ေထာင္လုပ္ေနတာကို ထိုင္ၾကည့္ေနရမွာလား။"

ယြီဝမ္ဖုန္းက မ်က္ေမွာင္ၾကဳတ္ကာေျပာသည္။ "ညီေလးကို ထန္းယန္ဆီလႊတ္လိုက္တာေၾကာင့္ သူေဒါသထြက္ၿပီး ဒီလိုလုပ္ေနတာလို႔ ကြၽန္ေတာ္ထင္တယ္၊ အေဖ။ ဒီေန႕အေစာပိုင္းမွာျဖစ္ပ်က္သြားတဲ့ကိစၥကို ၾကည့္ရင္ သူကလင္းက်န္ကို တအားအေရးထားတယ္။"

ယြီဝမ္က်ီက သူ႕ကိုၾကည့္ကာ ျပန္ေျပာသည္။ "မင္းက ငါ့ကို အျပစ္တင္ေနတာလား။"

ယြီဝမ္ဖုန္းကေျပာသည္။ "ကြၽန္ေတာ္ မလုပ္ရဲပါဘူး၊ အေဖ။ ကြၽန္ေတာ္က ျဖစ္နိုင္ေျခကို ဆြဲထုတ္ျပ႐ုံပါ။လက္ရွိမွာ ကြၽန္ေတာ္တို႔ရဲ႕ ပထမဦးစားေပးက သူ႕ကိုေခြၽးသိပ္ဖို႔ေလ။ အေဖက လင္းက်န္ကို ဘယ္ေလာက္မေက်မနပ္ျဖစ္ေနပါေစ တစ္ၿမိဳ႕လုံးရဲ႕ ျပက္ရယ္ျပဳစရာအျဖစ္ခံရမဲ့အစား မိသားစုထဲမွာပဲေျဖရွင္းသင့္တယ္။"

"အစ္ကိုေျပာတာက် လြယ္တာေပါ့။ ကြၽန္ေတာ္တို႔ ဘာလုပ္သင့္တယ္ ထင္လဲ။"

ယြီဝမ္ခ်ီထံတြင္ ေဒါသပြက္ပြက္ဆူေနေသာ္လည္း သူ႕အစ္ကိုႀကီးကို နာခံလိုက္ရသည္။ သူ၏နာခံမႈ၌ မလိုလားျခင္းမ်ားသာ စြက္ေနသည္။ အေၾကာင္းရင္းကိုမသိရေသာ္လည္း ယြီဝမ္ဖုန္းက သူ႕ထက္သာသကဲ့သို႔ အရာအားလုံးကို ရွင္းၿပီးသည့္အလား ျပဳမူေနသည္ကို မႀကိဳက္ေပ။

ယြီဝမ္ဖုန္က မတ္တပ္ထရပ္သည္။ "လင္းက်န္ဆီကို ငါသြားမယ္။"

ယြီဝမ္ခ်ီက ထိုစကားကိုၾကားေသာအခါ မတ္တပ္ရပ္ကာေျပာသည္။ "ကြၽန္ေတာ္လည္းလိုက္မယ္။"

ယြီဝမ္ဖုန္းက ျငင္းလိုက္သည္။ "မလိုဘူး။"

ယြီဝမ္ခ်ီက မေက်မနပ္ျဖစ္သြားသည္။ "ဘာလို႔လဲ။ ကြၽန္ေတာ္က ဘာလို႔သြားလို႔မရတာလဲ။"

က်န့္ရွီက ဝင္ေျပာသည္။ "ခ်ီအာကို ေခၚသြားပါလား။ ညီအစ္ကိုႏွစ္ေယာက္အေဖာ္ရတာေပါ့။"

ယြီဝမ္ဖုန္းက သုံးႏွစ္အ႐ြယ္ကေလးသာ အေဖာ္လိုလိမ့္မည္ဟု ေျပာေနသည့္အလား မ်က္ေမွာင္ၾကဳတ္မိသည္။ သို႔ရာတြင္ သူ႕အေမကို မၾကာခဏဆန့္က်င္ျခင္းက မသင့္ေတာ္သျဖင့္ ေခါင္းညွိတ္လိုက္ရသည္။

ယြီဝမ္ခ်ီက ေငါ့ေတာ့ေတာ့ရယ္ကာ ေတြးသည္။ 'အေမက ငါ့ဘက္မွာပဲ။ အစ္ကိုႀကီးေတာင္ သူမရဲ႕စကားကိုနားေထာင္ရတယ္။'

*****

လင္းက်န္၏စံအိမ္သို႔ ယြီဝမ္ထုန္ေရာက္သြားေသာအခါ အထဲမွလူမ်ားက ေပ်ာ္ပါးေနၾကတုန္းပင္။ ေယာင္ရိတို႔က ယြဲ႕ခ်ီႏွင့္မေတြ႕ရသည္မွာ တစ္လခန့္ရွိၿပီပင္။ ထို႔အျပင္ သူတို႔က ဝမ္တရွန္တို႔ႏွင့္လည္း အရက္အဝေသာက္ထားရာ ေပ်ာ္ပြဲ႐ႊင္ပြဲမွာ ဘယ္ေသာအခါမွ အဆုံးမသတ္ေတာ့မည့္အလား အခ်ိန္ေကာင္းရေနၾကသည္။

ယြီဝမ္ထုန္က ေလ့က်င့္ေရးကြင္းေဘးမွျဖတ္ကာ ပတ္ပတ္လည္ကိုၾကည့္လိုက္ေသာ္လည္း လင္းက်န္အားမေတြ႕ေပ။ သူကခ်က္ခ်င္း စိတ္အေျခအေနဆိုး႐ြားသြားၿပီး မ်က္ႏွာသုန္မႈန္သြားသည္။ "ညီေလးက်န္ဘယ္မွာလဲ။"

ေယာင္ရိတို႔က ယြီဝမ္ထုန္ျပန္လာသည္ကိုေတြ႕ေသာအခါ ဗ႐ုတ္မက်ေတာ့ေပ။ ယြီဝမ္ထုန္၏မ်က္ႏွာမည္းေနသည္ကိုေတြ႕၍ အားလုံး တြန့္သြားၾကသည္။

"သခင္ေလးလင္းက ပင္ပန္းေနလို႔ အခန္းျပန္ၿပီးသြားအိပ္ပါတယ္။" ေယာ္ရိကျပန္ေျပာသည္။

"သူကအထဲမွာအိပ္ေနတုန္း မင္းတို႔ကဒီမွာေပ်ာ္ပြဲႏြဲေနၾကတယ္။ မင္းတို႔ေတြ ဘာလုပ္ေနၾကတာလဲ။" ယြီဝမ္ထုန္က အသံမာမာျဖင့္ေမးသည္။

"ကြၽန္ေတာ္တို႔ ဒီလိုမလုပ္သင့္ပါဘူး၊ စစ္သူႀကီး။"

ယြီဝမ္ထုန္က ေအးစက္စက္ေငါ့ေျပာသည္။ "မင္းတို႔ရဲ႕အျပစ္က ဒီမွာရပ္ေနရဖို႔ပဲ။ ငါ့ခြင့္ျပဳခ်က္မရွိဘဲ ဘယ္သူမွမထြက္သြားရဘူး။"

ေလ့က်င့္ေရးကြင္းထဲမွလူမ်ားအားလုံး ထိတ္လန့္၍တိတ္ဆိတ္သြားၾကကာ ေနရာတြင္သာ ငုံးကဲ့သို႔ရပ္ေနၾကသည္။ 'အင္း၊ ေပ်ာ္တာမ်ားသြားၿပီ။'

ယြီဝန္ထုန္က လင္းက်န္၏အိမ္ထဲသို႔ဝင္သြားၿပီးေနာက္ ေပက်ံေနေသာအဝတ္အစားမ်ားကို အရင္လဲကာ ေျခလက္အျမန္ေဆးၿပီး လင္းက်န္၏အိပ္ခန္းထဲသို႔ဝင္သြားသည္။

လင္းက်န္က အိပ္ေပ်ာ္ေနၿပီပင္။ သူက မရင္းႏွီးေသာအိပ္ရာထဲတြင္ပင္ ဤသို႔ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနရာ တကယ္ပင္ပန္းေနပုံပင္။

အေမြးလုံးႏွင့္တူသည့္ ေျမေခြးျဖဴေလးက မ်က္လုံးမွိတ္ကာ သူ႕ေခါင္းအုံးေဘးတြင္ လွဲေနသည္။ ေျမေခြးေလးက အိပ္ေမာက်ေနသလား၊ သို႔မဟုတ္ တစ္ေမွးအိပ္ေနျခင္းလားဆိုသည္ကို ေျပာရခက္သည္။

အိပ္ရာေဘးနားသို႔ ယြီဝမ္ထုန္ေရာက္ၿပီးမၾကာခင္တြင္ သူက နိုးနိုးၾကားၾကား မ်က္လုံးပြင့္လာသည္။ သူက ယြီဝမ္ထုန္ကို တလက္လက္ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ တစ္ခ်က္ၾကည့္ၿပီးေနာက္ မ်က္လုံးျပန္မွိတ္သြားသည္။

ဤတုန့္ျပန္မႈက အေတာ္လက္ခံနိုင္စရာေကာင္းသည္ဟု ခံစားရသျဖင့္ သူကလင္းက်န္၏ေခါင္းအုံးေဘးတြင္ ေနရာယူထားသည့္အတြက္ ယြီဝမ္ထုန္အျပစ္မတင္ေတာ့ေခ်။ သူကေျမေခြးေပါက္ကိုဆြဲေပြ႕ကာ အိပ္ရာေဘးမွ လက္ဖက္ရည္စားပြဲေပၚသို႔တင္ေပးလိုက္သည္။ လက္ဖက္ရည္စားပြဲေပၚတြင္ ေျမေခြးေပါက္ေလးအတြက္ အထူးျပင္ဆင္ေပးထားေသာ သတၱာပုံးရွိသည္။ သို႔ေသာ္ လင္းက်န္က ေျမေခြးျဖဴေလးကို အိပ္ရာထဲသို႔သာ ေပြ႕ခ်ီသြားေလ့ရွိသည္။

ေျမေခြးေပါက္ေလးက သခင္ထံမွခြာကာ သူ၏သိုက္ၿမဳံထဲသို႔ တစ္ေကာင္တည္းအိပ္ရန္ ေခၚသြားခံရေသာအခါ အမည္းေရာင္မ်က္ဆန္ေလးမ်ားမွာ တုန္လႈပ္မႈႏွင့္ မေက်နပ္မႈမ်ား ျပည့္သြားသည္။ သူသာ စကားေျပာနိုင္လွ်င္ ယြီဝမ္ထုန္ကို အနိုင္က်င့္ေနသည္ဟုစြပ္စြဲကာ လက္သည္းျဖင့္လည္း ကုတ္လိုက္နိုင္သည္။

ဤသတၱဝါငယ္ေလးက ယြီဝမ္ထုန္ကို လုံးဝမၿခိမ္းေျခာက္နိုင္ေပ။ ေျမေခြးေပါက္ေလးကို သစ္သားပုံးထဲ ထည့္ၿပီးေနာက္ ယြီဝမ္ထုန္က အိပ္ရာထဲသို႔ဝင္ကာ ေျမေခြးေလးေမွးေနခဲ့သည့္ေနရာတြင္ လွဲလိုက္သည္။ ထို႔ေနာက္ သူကလင္းက်န္ကိုဖက္ကာ ရင္ခြင္ထဲေပြ႕ဖက္ထားသည္။ သူကေက်နပ္စြာျဖင့္ မ်က္စိမွိတ္လိုက္သည္။

သဘာဝက်စြာပင္ လင္းက်န္က ဤလႈပ္ရွားမႈေၾကာင့္ နိုးသြားသည္။ သို႔ေသာ္ သူ႕ေဘးမွလူ၏ကိုယ္နံ႕ႏွင့္ ရင္ခြင္၏အထိအေတြ႕တို႔အား ရင္းႏွီးေနသျဖင့္ ယြီဝမ္ထုန္ကို လက္ျဖင့္သာတြန္းလိုက္သည္။ သူ႕ကိုတြန္းမရေသာအခါ လင္းက်န္က တကယ္ပင္ပန္းေနသျဖင့္ လစ္လ်ဴရႈကာ ျပန္အိပ္ေပ်ာ္သြားသည္။

ယြီဝမ္ထုန္က သူ႕ပါးကိုတစ္ခ်က္နမ္းကာ ထပ္လွဲၿပီး မ်က္လုံးမွိတ္၍ အိပ္လိုက္သည္။

ေျမေခြးေပါက္ေလးက ျပတင္းေပါက္ဘက္သို႔ၾကည့္ၿပီးေနာက္ ဤသည္မွာျဖစ္သင့္သည့္ကိစၥကဲ့သို႔ လင္းက်န္ႏွင့္အတူအိပ္ေနသည့္ ယြီဝမ္ထုန္ကိုၾကည့္သည္။ သူ႕မ်က္ဝန္းမ်ားမွာ ရႈပ္ေထြးေနပုံပင္။

အိပ္ခန္းကအလြန္တိတ္ဆိတ္ေနၿပီး အျပင္မွအေစခံမ်ားမွာလည္း အသံမထြက္ရဲၾကေပ။

ယြီဝမ္ထုန္ အိပ္ေမာက်သြားသည္မွာ အေတာ္ရွားပါးသည္။

သို႔ေသာ္ သူ၏ဤအိပ္စက္မႈက ႏွောင့္ယွက္ခံရမည့္ကံ ပါပုံရ၏။

ယြီဝမ္မိသားစု၏ ျမင္းရထားလုံးက လင္းက်န္တို႔စံအိမ္၏ အေရွ႕ဘက္တံခါးေပါက္တြင္လာရပ္သည္။ တာဝန္က်အေစာင့္မ်ားက ဤသည္ကိုျမင္ေသာအခါ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ေတြးမိသည္။ 'ဒါက ဘယ္သူ႕ရထားလုံးလဲ။'

ရထားလုံးေပၚမွ ယြီဝမ္ဖုန္းႏွင့္ ယြီဝမ္ခ်ီတို႔ဆင္းလာသည္ကိုျမင္ေသာအခါ အေစာင့္ႏွစ္ေယာက္လုံးက လက္ေရွ႕ထုတ္၍အရိုအေသေပးကာ ႏႈတ္ဆက္သည္။ "သခင္ေလးဖုန္း၊ သခင္ေလးခ်ီ။"

စိတ္မရွည္ပုံေပါက္သည့္ ယြီဝမ္ခ်ီက လင္းမိသားစုနာမည္ေရးထြင္းထားေသာ သစ္သားျပားကို အထင္ေသးစြာၾကည့္ကာ အေရွ႕ဘက္တံခါးကိုအကဲခတ္ၿပီး ေဝဖန္သည္။ "ဒါက ဘယ္လိုအႏုပ္စုတ္ကုပ္စုတ္ေနရာမ်ိဳးလဲ။ ဒီလူက ေတာ္ေတာ္ကပ္ေစးနဲတာပဲ။"

သို႔ရာတြင္ ဤေနရာက လုံးဝမႏုံခ်ာေပ။ ၎၏ပိုင္ရွင္ေဟာင္းက အဆင့္ျမင့္အရာရွိတစ္ေယာက္ျဖစ္ၿပီး တာဝန္မႈႏႈတ္ထြက္ကာ ဇာတိၿမိဳ႕သို႔ျပန္သြားသည္။ ဤစံအိမ္က ယြီဝမ္မိသားစုစံအိမ္ႏွင့္ မေဝးသည့္အျပင္ သြားလာေရးအဆင္ေျပသည္။ ေငြေၾကးတစ္ခုတည္းရွိ႐ုံႏွင့္ ၿမိဳ႕ေတာ္တြင္ ဤသို႔ေသာေနရာမ်ိဳးကို ဝယ္နိုင္မည္မဟုတ္ဟု ေျပာ၍ရသည္။

အေစာင့္ႏွစ္ေယာက္က ယြီဝမ္ခ်ီ၏စကားကိုၾကားေသာအခါ မ်က္ႏွာထားတည္ၿပီး ဘာမွမတုန့္ျပန္ေပ။

"သခင္ေလးတို႔ ဘာေၾကာင့္ေရာက္လာသလဲ ေမးပါရေစ။"

ယြီဝမ္ဖုန္းက ၿပဳံးျပသည္။ "ငါတို႔ရဲ႕ ဝမ္းကြဲကိုေတြ႕ဖို႔ပါ။ သူကနန္းေတာ္ထဲကေနထြက္လာၿပီးေတာ့ ဒီကိုေရာက္လာတယ္ေျပာတယ္။"

အေစာင့္မ်ားက ယြီဝမ္ထုန္၏သီးသန့္အေစာင့္မ်ားျဖစ္ရာ လင္းက်န္က ယြီဝမ္ထုန္အတြက္ မည္မွ်အေရးပါေၾကာင္းကို ယြီဝမ္ဖုန္းကထပ္မံသိလိုက္ရ၍ ပို၍ဆင္ဆင္ျခင္ျခင္ေျပာသည္။

"စစ္သူႀကီးက တကယ္ေတာ့အထဲမွာပါ။ ကြၽန္ေတာ္အေၾကာင္းၾကားလိုက္ပါ့မယ္။" အေစာင့္တစ္ေယာက္ကေျပာသည္။

"ငါတို႔ေရာက္လာတာကို အေၾကာင္းၾကားရဦးမွာလား။" ယြီဝမ္ခ်ီက သူ႕ကိုစိုက္ၾကည့္သည္။ "မင္းက ဘာစကားေျပာခ်င္တာလဲ။ ငါတို႔ကဘယ္သူဆိုတာကို သိေနတာေတာင္ ငါတို႔ကိုအျပင္မွာေစာင့္ခိုင္းမလို႔လား။ မင္းတို႔က ယြီဝမ္မိသားစုရဲ႕အေစာင့္ေတြေနာ္။ လင္းမိသားစုရဲ႕အေစာင့္ မဟုတ္ဘူး။ ဦးႏွောက္ပ်က္သြားၿပီလား။"

"ခဏေလာက္ေစာင့္ေပးပါ၊ သခင္ေလးခ်ီ။" မတုန္လႈပ္သြားသည့္အေစာင့္က အထဲဝင္သြားသည္။

"မင္း အဲ့ဒီမွာရပ္ေနစမ္း။" ယြီဝမ္ခ်ီက ေဒါသတႀကီးေအာ္ကာ သူ႕အေနာက္သို႔လိုက္ရန္ျပင္ေသာ္လည္း အျခားတစ္ေယာက္ကတားလိုက္သည္။

ယြီဝမ္ခ်ီက ေအာ္ေတာ့မည့္အခ်ိန္တြင္ ယြီဝမ္ဖုန္ကတားလိုက္သည္။ "ညီေလး၊ ဒါက ငါတို႔ဝမ္းကြဲရဲ႕စည္းကမ္းပဲေလ။ စိတ္ရွည္ရွည္ထားပါဦး။"

ယြီဝမ္မိသားစု၏စံအိမ္၌ ယြီဝမ္ထုန္ရွိေနစဥ္တြင္ပင္ ခြင့္ျပဳခ်က္မရွိဘဲ သူ႕ၿခံထဲသို႔မည္သူမွဝင္ခြင့္မရေပ။ သူ႕ဦးေလးကိုပင္ ႁခြင္းခ်က္မခ်န္ေပ။ ဤအခ်က္ကို လင္းမိသားစုဝင္မ်ားအားလုံး သိၾကေသာ္လည္း ဤေနရာက ယြီဝမ္ထုန္၏ၿခံမဟုတ္ေပ....

သူ႕အစ္ကို၏ၾကားဝင္မႈေၾကာင့္ ယြီဝမ္ခ်ီကအေစာင့္ကို မႀကိမ္းေမာင္းေတာ့ေသာ္လည္း မ်က္ႏွာစူပုပ္ေနဆဲပင္။ သူထန္းယန္တြင္ရွိစဥ္က အရွက္ကြဲကာ ေနအိမ္အက်ယ္ခ်ဳပ္ အခ်ဳပ္ခံထားရသည့္အေၾကာင္းကို ျပန္ေတြးမိသည္။ လင္းမိသားစု၏နာမည္ထြင္းထားသည့္ သစ္သားျပားကိုျမင္႐ုံႏွင့္ သူ႕အၾကည့္မ်ားစူးရွလာ႐ုံသာမက ကိုယ္တြင္း၌ေဒါသလည္းပြက္ပြက္ဆူေနသည္။

"ညီေလး။" ယြီဝမ္ဖုန္းက ဤအျဖစ္ကိုျမင္ေသာအခါ သူစိတ္လိုက္မာန္ပါမလုပ္ရန္အတြက္ ေခါင္းခါကာတားျမစ္သည္။

သူက ေခါင္းပင္ကိုက္ေနၿပီပင္။ ယြီဝမ္ခ်ီက ဤသို႔ျပဳမူမည္ဟု သူခန့္မွန္းမိပါက ယြီဝမ္ခ်ီလိုက္မလာရန္ တားမိေလာက္သည္။

ခဏၾကာေသာအခါမွ အေစာင့္ကထြက္လာသည္။ သူက ယခုေလးတင္ စကားေျပာသြားသည့္လူပင္။ "အားနာပါတယ္၊ သခင္ေလးတို႔။ သခင္ေလးလင္းနဲ႕ စစ္သူႀကီးက အိပ္စက္ေနၾကပါတယ္။ သခင္ေလးတို႔လာတာကို စစ္သူႀကီးဆီ ေနာက္က်ရင္ အသိေပးလိုက္ပါ့မယ္။ ေက်းဇူးျပဳၿပီး ျပန္ၾကပါ။"

ယခုတစ္ေခါက္တြင္ ယြီဝမ္ဖုန္းပင္ ယြီဝမ္ခ်ီကို မတားနိုင္ေတာ့ေပ။ ယြီဝမ္ခ်ီက အေစာင့္ကို ေျခေထာက္ျဖင့္႐ြယ္ကာ ေအာ္သည္။ "ခ်ီးပဲ။ မင္းက ငါ့ကိုဘယ္လိုလုပ္ ဒီလိုေျပာရဲရတာလဲ၊ မေအလိုး။ ငါမင္းကို ေသေအာင္ကန္ပစ္မယ္။"

ယြီဝမ္ဖုန္း၏မ်က္ႏွာကမည္းေမွာင္ေနေသာ္လည္း သတိရွိေသးသည္။ "ညီေလး၊ ေတာ္ေတာ့။"

အေစာင့္၏ကြန္ဖူးပညာက ယြီဝမ္ခ်ီထက္မ်ားစြာသာလြန္သျဖင့္ ယြီဝမ္ခ်ီ၏ကန္ခ်က္ကို လြယ္လြယ္ကူကူေရွာင္လိုက္သည္။ သူကခက္ထန္ေသာေလသံျဖင့္ေျပာသည္။ "သခင္ေလးခ်ီအေနနဲ႕ တစ္ခုခုမေက်နပ္တာရွိရင္ စစ္သူႀကီးနိုးလာမွ စစ္သူႀကီးနဲ႕ေျပာလို႔ရပါတယ္။ ဘယ္သူမွတားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အေပၚ ေဒါသပုံခ်တာက သခင္ေလးတစ္ေယာက္နဲ႕ မလိုက္ဖက္ပါဘူး။"

"ငါ့ဝမ္းကြဲကတကယ္အိပ္ေပ်ာ္ေနတာလား။ သူကအခုေလးတင္မွ ျပန္လာတာ မဟုတ္ဘူးလား။" ယြီဝမ္ဖုန္းက မယုံၾကည္နိုင္ဘဲ ေမးလိုက္သည္။

"သခင္ေလးလင္းက အိပ္ေနလို႔ စစ္သူႀကီးကအတူတူဝင္အိပ္လိုက္တာပါ။" အေစာင့္က ပြင့္ပြင့္လင္းလင္း ေျပာသည္။

'ဘာ။ သူက ဒါ့ေၾကာင့္ အိပ္သြားတာလား။' ယြီဝမ္ဖုန္းက တုန္လႈပ္စြာေတြးသည္။

"ဒါေပမဲ့ ငါတို႔က မိဘေတြခိုင္းလို႔ ဝမ္းကြဲနဲ႕လာေတြ႕တာ။ ငါ့ရဲ႕ဝမ္းကြဲက ငါတို႔ကိုဒီအတိုင္းျပန္ခိုင္းလိုက္ရင္ နည္းနည္းရိုင္းပ်သလိုမျဖစ္ဘူးလား။ ငါတို႔က မိသားစုဝင္ေတြပဲေလ။ သူက ငါတို႔ကိုသူစိမ္းေတြလိုမ်ိဳး တကယ္တံခါးပိတ္ထားမွာလား။" ယြီဝမ္ဖုန္းကေထာက္ျပသည္။

Continue Reading

You'll Also Like

51.8K 5.7K 86
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
117K 17.6K 69
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
465K 79.7K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...
91K 8.1K 64
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...