"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

2M 171K 13.7K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 9

43.5K 4.2K 453
By Vi_Vian25

Unicode

"ကျွန်တော့်အတွက်လား"

တံကျင်လျိုထားသည့် ကင်ပြီးသား ငါးတစ်ကောင်ကို နောင့် ကိုလာထိုးပေးနေသည့် မုဆိုးကြီးကြောင့် နောင် မော့ကြည့်ကာမေးတော့ ခေါင်းတစ်ချက်ညိတ်ပြ၏ အင်း...... ဒါက လေးကောင်မြောက်။တောထဲမှ ပြန်ရောက်ကတည်းက နောင့် ကို ငါးတစ်နေ့တစ်ကောင်ဖမ်းလာပြီး ကင်ပေးသည်မှာ ဒါနဲ့ဆို လေးရက်မြောက်ရှိပြီဖြစ်သည်။

ဘာမှ မပြောဘဲငါးကင်ကိုယူရင်း ပုခုံးပေါ်တင်ထားသည့် ပုဝါကို ကမ်းပေးတော့ မုဆိုးကြီးက နောင့် ကို တစ်ချက်ကြည့်၏ လက်ထဲပုဝါစဖြူဖြူကိုမြင်တော့ အလှုပ်မယှက်။

"သုတ်လိုက်စက္က.... ရတယ်"

နောင့် စကားကြားမှ မုဆိုးကြီးက ပုဝါစကိုယူကာ အနည်းငယ်စီးကျနေသည့် ချွေးတို့ကို သုတ်၏ ကြည့်ရသည်က ချောင်းစပ်သွားခဲ့သည် ထင်ပါ၏ နွေရာသီနေ့လည်ခင်းအချိန်သည် ချောင်းစပ်၌ ရေငွေ့တို့ပျံတက်သည်ကြောင့် သာမန်ထက် ပိုပူနေတတ်သည်။ သို့သော် မုဆိုးကြီးကတော့ ထိုအချိန်ရောက်တိုင်း ငါးဖမ်းထွက်မြဲပင်။

စက္က ငါးဖမ်းထွက်ပုံကရိုးရှင်းသည်။ ပုဆိုးကိုခပ်တိုတိုဝတ်ကာ ဝါးကို အချောသတ်ထားသည့် မှိန်း တစ်ချောင်းနှင့်ဖြစ်၏ ငါးဖမ်းထွက်သည့်နေရာက ရိုးမထဲစီးဝင်သည့် ချောင်းမကြီး၏ အစပ်တွင်ဖြစ်၏

ဘာကြောင့်ရယ်မသိပေမယ့် ငါးဖမ်းထွက်တိုင်း ငါးတစ်ကောင်သာ ပါလာတတ်ပြီး ထိုငါးကို သေချာအကြေးခွံခွာ၍ မလိုအပ်သည်တို့ကို ပစ်ထုတ်သန့်ရှင်းစေကာ တံကျင်လျိုကင်ပြီး နောင့် ကိုလာပေးတတ်၏ မုဆိုးကြီးက တစ်ရက် ငါးတစ်ကောင်နှုန်းနှင့် အကြောင်းပြချက်မဲ့လာပေးတတ်သလို နောင်သည်လည်း ဘာကြောင့်ဆိုသည့် အကြောင်းအရင်းကို အမေးအမြန်းမရှိယူစမြဲပင်။

ရိုးမထဲရှိစဥ်က သူကင်ပေးသည့်ငါးကိုအားရပါရစားတတ်သည်ကြောင့် နောင် ငါးကင်ကြိုက်သည်ဟု မှတ်ယူလိုက်ပုံပင်။ သို့သော်ဘယ်လောက်ကြိုက်ကြိုက် လူတစ်ယောက်က အစားအစာတစ်ခုတည်းကိုဘယ်လိုနေ့စဥ်ရက်ဆက်စားနိုင်မှာတဲ့လဲ။ ဒီပုံစံအတိုင်းဆို နောင် တော့ တောကြောင်တစ်ကောင်လောက်မွေးမှရတော့မည် ထင်ပါ၏

ပြောရလျှင်မုဆိုးကြီးနှင့် နောင်သည် အတော်ပင်ရင်းနှီးလာသည့်အခြေအနေဟုပြောရမည်ထင်ပါသည်။ ဒီအခြေအနေက ဘယ်လိုအခြေအနေဟုပင်ပြောရမှန်းမသိပေမယ့် တခြားသူနှင့် ယှဥ်လျှင်တော့ရင်းနှီးသည်ဟု အဓိပ္ပါယ်ကောက်လို့ရလောက်ပါ၏

သို့သော် မုဆိုးကြီးသည် တောထဲ၌ နောင့် ကိုပြောခဲ့သည့် နှစ်လုံးတည်းသောစကားမှလွဲ ဘာစကားမှထပ်မပြောသေး။ မုဆိုးကြီးဆီက စကားသံထပ်ကြားရဖို့ နောင်ကြိုးစားခဲ့ဖူးသည်။ အကြံကုန်ဂဠုန်ဆားချက် ဟုပြောကြစတမ်းဆိုလျှင်တော့ နောင် ချက်ထားသည့် ဆားသည် တောင်ပုံရာပုံပင်ရှိလောက်ပေမည်။ မုဆိုးကြီးကတော့ စကားတစ်ခွန်းမှ ဟ မလာခဲ့။ တစ်ခါတစ်ရံ တောတောင်ထဲ ငါများနားကြားမှားခဲ့လေသလားဟုပင် ပြန်စဥ်းစားရသည်အထိ။

"ကျွန်တော် ထမင်းပြင်ထားမှာမို့ ခင်ဗျား ကိုယ်လက်သန့်စင်ပြီးလာခဲ့"

နောင့် စကားကို ခေါင်းတစ်ချက်ဆတ်ပြကာ သူ့ခြံဘက်လှည့်ထွက်သွားသည့် မုဆိုးကြီးကတစ်ခါတစ်ရံထိုသို့လည်း ပြောရဆိုရလွယ်လွန်းသေးသည်။ ခဏအကြာ ရေမိုးချိုးသန့်စင်ပြီး ပြန်ရောက်လာသည့် မုဆိုးကြီးအတွက် နောင်က အိမ်ရှေ့ကွပ်ပျစ်ပေါ်ထမင်းပွဲ ဟင်းပွဲ အသင့်ပြင်ပြီးသား။ ဒီနေ့ဆို နောင် နှင့် စက္က ထမင်းတူတူစားဖြစ်ကြသည်က သုံးရက်ပင်ရှိပြီဖြစ်သည်။

"ထိုင်ဟေ့လူ....ကျွန်တော်ခင်ဗျားကြိုက်လောက်မယ်ထင်တာလေးတွေကို အိမ်မှာရှိလေးတွေနဲ့လုပ်ထားတယ်။ ဒါက နှင်းနွယ်လာပေးထားတဲ့ကြာစွယ်ကို ငရုပ်ကောင်းလေးခတ်ပြီး ဟင်းချိုပူပူလေးချက်ထားတာ။ ဒါကတော့ခင်ဗျားစားဖူးမှာမဟုတ်ဘူး။ ငပိသုတ်လို့ခေါ်တယ်။ ငပိကို သေချာဖုတ်၊ ငရုတ်သီးစိမ်းကိုလှော်ပြီးငပိနဲ့ရောထောင်း၊ ပြီးရင် ကြက်သွန်လေးပါးပါးလှီး၊ သံပုရာရည်လေးညှစ်ထားတာ။ ငါးကင်ကငပိသုတ်နဲ့အလိုက်ဆုံးပဲဗျ။ ကျွန်တော့်အမေက ထား၀ယ်လူမျိုးဆိုတော့ ဒါမျိုးတွေလုပ်ရကျွန်တော်ကကျွမ်းတယ်။ သူတို့ဘက်တော့ ပအုန်းရည်လို့ခေါ်တဲ့အရည်တစ်မျိုးကိုအချဥ်အနေနဲ့သုံးပေမယ့် ကျွန်တော်ကတော့သံပုရာလေးညှစ်ထားတယ်။ အစပ်နည်းနည်းလျှော့ထားတာမို့ အရမ်းမစပ်ဘူး။ ခင်ဗျားစားလို့ရတယ်"

"........."

"အဟမ်း......စား လို့ ရပြီ"

နောင် ၏ ဟင်းချက်လုပ်ငန်းစဥ်တင်ပြမှုကိုမှုန်သုန်သုန်မျက်နှာပေးနှင့်မလှုပ်မယှက် ထိုင်နားထောင်နေသည့် မုဆိုးကြီးကြောင့် နောင့်မှာရယ်ချင်ချင်။ စားလို့ရပြီဆိုတော့မှ လက်ဆေးခွက်ထဲ လက်နှစ်ဆေးကာ ထမင်း ငုံ့စားတော့သည်။

"ဟေ့လူ"

"......."

"ကျွန်တော် ဆရာလေးနေရောင်ခတို့နဲ့ ရွာကန်ရိုးက ဘုရားပွဲလိုက်သွားမလို့။ အဲ့ဒါ ခင်ဗျားကိုပါ လိုက်ခဲ့စေချင်လို့"

နောင့်စကားအဆုံးလှုပ်ရှားနေသည့်လက်တို့သည် ရုတ်တရတ်ရပ်တန့်ကာနောင့်ကို စူးစိုက်ကြည့်လာ၏ ပခုံးထိ၀ဲကျနေသည့် ဆံပင်ရှည် နှင့် မျက်နှာတစ်၀က်လောက်ပင်ဖုံးအုပ်နေသည့် နှုတ်ခမ်းမွှေး ၊ ပါးသိုင်းမွှေးတို့ကြား မုဆိုးကြီးမျက်လုံးသည် နေ့ခင်းနေနှင့်အပြိုင် စူးစူးရဲရဲ။

"အဟမ်း.....ရွာဦးကျောင်းဆရာတော်က ခင်ဗျားကိုခေါ်သွားဖို့ပြောလို့ ခေါ်တာ။ တကယ်လို့လိုက်ရအဆင်မပြေ..."

"လိုက်မယ်"

ခပ်ပြတ်ပြတ်တစ်လုံးပြောကာ ထမင်းပြန်ငုံ့စားသည့် မုဆိုးကြီးကိုကြည့်၍ နောင် နေရာတွင်ပင်အတောင့်သား။ နားတစ်ဖက်ကိုလက်ဖ၀ါးနှင့် ခပ်ကြမ်းကြမ်းဆွဲပွတ်လိုက်သည်။ အခုကတကယ် စကားပြောသွားတာမလား။ ပြီးတော့ လိုက်မယ်တဲ့။ ဆရာလေးပြောတော့စက္ကကထိုသို့နေရာတွေခေါ်မရဘူးဆို။ အခုတော့ နောင်က နှစ်ကြိမ်ပင်မခေါ်လိုက်ရ။

ထိုသို့ မထင်မှတ်သည့်အချိန်တွေစကားထထပြောတတ်သည့်မုဆိုးကြီးနှင့် အချိန်အခါမဟုတ် ထထခုန်တတ်သည့် နောင့်နှလုံးနှင့်ကလည်းဘာကြောင့်အချိန်ကိုက်ဖြစ်နေသည်မသိပါ။

အမေကပြောခဲ့ဖူးသည်။ ဗိုက်အရမ်းဆာသည့်အချိန် ထမင်းမစားလျှင် နှလုံးကတလှပ်လှပ်ဖြစ်တတ်သည်တဲ့။ ကြည့်ရတာနောင် ဗိုက်ဆာနေပြီထင်ပါသည်။ ထမင်းစားမှ ဖြစ်တော့မည်။

* * * * * * * * * * * * * * * * * * * * * * * *

"ဗျို !!!!!!! ညီ နောင်ရေ"

"လာပြီဗျ..... လာပြီ လာပြီ"

လှည်းခလောက်သံ ဒိုးဒိုးဒေါင်ဒေါင် နှင့်အတူ ဆရာလေး နေရောင်ခ၏ ခေါ်သံကို ကြားတော့ နောင် အိမ်အတွင်းမှ ခပ် မြန်မြန်ပြေးထွက်လာလိုက်သည်။ ခြံရှေ့ ရောက်သည်နှင့် မြင်လိုက်ရသည်က လူစုံတက်စုံရယ်။ ဆရာလေးနေရောင်ခနှင့် နှင်းနွယ်က လှည်းအနောက်ဘက်ထိုင်လိုက်လာပြီး ကိုဒိုးလုံးကတော့ကြိမ်တစ်ချောင်းနှင့် လှည်းမောင်းလာ၏

"နှင်းနွယ်ပါ ပါတာပဲ"

"အိမ်မှာ ကြီးမေတို့အတွက်ချက်ပေးပြုတ်ပေးရတာနဲ့ နောက်ကျလို့ ကိုဒိုးလုံးတို့နဲ့မှ လိုက်ဖြစ်တယ် အစ်ကိုနောင်ရေ"

"တက်....ညီနောင်ရေ။ မနက် ဝေလီဝေလင်း ရွာကန်ရိုးရောက်ဖို့ဆို ဒီအချိန်ထွက်မှရမယ်"

"ဟို....ခဏလေးဗျ။ ကျွန်တော်လူစောင့်စရာရှိလို့"

နောင့် စကားဆုံးသည်နှင့် အနောက်မှရောက်လာသူကြောင့် လှည်းပေါ်မှ သုံးယောက်ကတော့ မျက်လုံးအ၀ိုင်းသား။ ဆရာလေးနေရောင်ခ၏ ပါးစပ်မှ တအံ့တသြထွက်လာသည့် အသံသည်ခပ်တိုးတိုး....။ နောင် ကတော့ အောင်နိုင်သူအပြုံးနှင့်။

"စက္က"

အချိန်မိနစ်ပိုင်းမျှအကြာ အခြေအနေတို့သည် အနည်းငယ်ပြောင်းလဲ၏ လှည်းမောင်းသူသည်စက္က။ နှင်းနွယ်၊ နှင့် ဆရာလေးကတော့ စကားတပြောပြော။ ကိုဒိုးလုံးကတော့ ပတ်၀န်းကျင်ကိုဟိုကြည့်ဒီကြည့်။ နောင် ကတော့ လှည်းမောင်းနေသည့် စက္ကနား ကပ်ရင်း ဟိုတွေးဒီတွေးနှင့်။ မလိုက်စဖူးလိုက်လာသည့် မုဆိုးကြီးကြောင့် လှည်းပေါ်ပါသူတို့အနည်းငယ်အံ့သြနေကြပေမယ့် ဘာမှတော့ပြောမလာကြ။

နောင်ကတော့ ရွာအလှူပွဲတွေရှိသည့်အခါမျိုးတွင် ၀တ်ဆင်ရအောင်သေချာထုတ်ပိုးလာသည့် စတစ်ကော်လံဖြူအင်္ကျီနှင့် လုံချည်နှင့်။ မုဆိုးကြီးကတော့ သူ၀တ်စားနေကျအတိုင်းမပြောင်းမလဲ ရင်ဘတ်ဟ ချည်အင်္ကျီပျော့နှင့် ဂျင်းဘောင်းဘီခပ်မှိုင်းမှိုင်းနှင့်။

ညောင်မှိုင်းသာယာမှ ရွာကန်ရိုးသို့ သွားသည့် ခရီးသည်အနည်းငယ်ဝေးသည်ဆိုပေမယ့် လမ်းခရီးသည်မှားစရာတော့မရှိ။ နှစ်ရှည်လများ အကြိမ်ကြိမ်အလီလီသွားခဲ့ကြသည်ကြောင့် မြေတွင်ပေါ်နေသည့် လှည်းဘီးစွပ်ရာလမ်းကြောင်းသည် ထင်ထင်ရှားရှားမို့ထိုအတိုင်းမောင်းရုံသာ။ ဖုန်မှုန့်တို့သည်တော့ နေ့ခင်းဘက်လောက်တလုံးလုံးမထတော့ပေမယ့် လှည်းအနောက်ဘက်တလှိမ့်လှိမ့်ပင်။

"အစ်ကိုနောင် က ရွာကန်ရိုးရောက်ရင် လုံမတွေ ၀ိုင်း၀ိုင်းလည်နေတော့မှာတော်။ စတစ်ကော်လံ အင်္ကျီဖြူနဲ့ လုံချည်နဲ့တောင် ချောမော သန့်ပြန့်နေပါရော"

"လူအာရုံစိုက်ခံရမယ့်နေရာတော့ ကျွန်တော်က နှင်းနွယ်ကိုဘယ်မှီလိမ့်မလဲဗျာ။ အရင်ရက်တွေကလည်းကျက်သရေရှိလှပေမယ့် ဒီနေ့ မှထူးထူးခြားခြားပိုလှနေပါရော့"

"လှ မပေါ့ ညီနောင်ရာ။ မြိုကမှာထားတဲ့မျက်နှာချေမှုန့်နဲ့နှုတ်ခမ်းဆိုးဆေးတွေ ဗူးတစ်၀က်လောက်တောင် ကုန်အောင်သုံးခဲ့တာကိုး"

"အို.....ကိုဒိုးလုံးနှယ်။ ဗူးတစ်၀က်မကုန်ပါတော်။ တော့နှယ် နည်းနည်းဖြင့်ပိုနေပြီ။ နှင်းနွယ်တို့ကမျက်နှာချေမှုန့်မလိမ်းလည်းလှပြီးသားပါနော်။ ရွာကွမ်းတောင်ကိုင်နေရာတောင်ဖြင့် နှင်းနွယ်က ကြီးမေတို့နဲ့မြို့ရောက်တုန်းမို့ မြထွေးရသွားတာတစ်ရွာလုံးအသိ။ အလုပ်နဲ့လက်မကွာဘဲ ဇယ်ဆတ်သလိုလုပ်နေရလို့ ပြင်ချိန်ဆင်ချိန်မရှိလို့ရယ်ပါ။ နှင်းနွယ် သေချာပြင်ဆင်ချယ်သပြီး ခပ်ကျော့ကျော့နေရင်ဖြင့် တစ်ဖက်ရွာက ကာလသားတွေပါ ရောက်လာပါလိမ့်မယ်"

*ဟား ဟား ဟား ဟား*

ကိုဒိုးလုံး၏ ခပ်နောက်နောက်အပြောကို တစ်ခွန်းမကျန်ပြန်တုန့်ပြန်လေတော့ ဆရာလေးနှင့် နောင်တို့ နှစ်ယောက်သဘောတကျရယ်မိတော့သည်။ မိန်းကလေးဟူသည်တကယ်ကိုအလှအပနှင့်ပတ်သတ်လျှင်တော့ဖြင့် ဆတ်ဆတ်ထိမခံသည်ချည်း။

"အို....ဒါနဲ့ မြထွေးက အစ်ကိုနောင့်ကို အိမ်ထမင်းစားဖိတ်တယ်ဆို"

"ဟုတ်ဗျ။ ဟိုရက်ကရွာထဲ၀င်တော့ လမ်းမှာတွေ့တာ။ မြထွေးတို့ကတော့ရွာဦးကျောင်းဆွမ်းကပ်အပြန်ထင်တယ် ဗျ"

"ဖြစ်နိုင်ရင်မသွားနဲ့အစ်ကိုနောင်ရယ်။ ဒီသားအဖက ဥစ္စာဂုဏ်နဲ့ ရွာကသူတွေကိုခွဲခြားခွဲခြားဆက်ဆံတာ။ နှင်းနွယ်ဖြင့် ကြည့်မရပါတော်။ ဦးဓနကလည်း ရွာကာလသားတွေကို သူ့သမီးနဲ့ မတူမတန်သလိုကိုပြောဆိုနေတော့တာ"

"နှင်းနွယ်.............ဘယ်အကြောင်းရယ်ဖြစ်ဖြစ်သူများအကြောင်းကိုနောက်ကွယ်မပြောဆိုရဘူးလေ"

နောင် ကတော့ နှင်းနွယ်အပြောကိုပြုံး၍သာ ခေါင်းညိတ်နားထောင်လိုက်ပေမယ့် ဆရာလေးကမျက်မှောင်ခပ်တင်းတင်းကြုတ်ကာ၀င်မာန်တော့သည်။

"အို.....ဆရာလေးကလည်း နှင်းနွယ်က အမှန်တရားပြောတာပါနော်။ ဒီကအစ်ကိုနောင်ကိုလည်း အစ်ကိုတစ်ယောက်လို ရင်းနှီးချစ်ခင်တာကြောင့် ဒီသားအဖအကြောင်းသတိပေးတာပါတော်။ ကျူပ်ကဖြင့် ကြိုသိနေတယ်။ ဦးဓနက ဒီယုန်မြင်လိုဒီချုံထွင်တာ။ အစ်ကိုနောင့်လို ဥစ္စာပေါ ရုပ်ချော ပညာတတ်ကို သူ့သမီးအတွက် လက်လွှတ်ခံပါ့မလား။ ကျုပ်က အစ်ကိုနောင့် ကို မြထွေးလက်ထဲတော့ အပါမခံနိုင်ပါနော်"

"နှင်းနွယ်....ပြောလေ ဆိုးလေပါလားကွ။ ညီနောင်ကဖြင့်ရွာရောက်တာမကြာသေးဘူး။ ပြီးတော့ ဒီကပညာတတ်။ နှင်းနွယ်မပြောလည်း တစ်ခုခုဆိုရင်ဖြစ်သင့်၏ မဖြစ်သင့်၏ သုံးသပ်ဆင်ခြင်တတ်တယ်"

မကျေမနပ် တရစပ်ပြောနေသောနှင်းနွယ်ကြောင့် ဆရာလေးကဖိဟောက်တော့ နှင်းနွယ်တစ်ယောက် ဆရာလေးကိုမျက်စောင်းလှည့်ထိုးတော့သည်။ နောင်ကတော့ မလုံမလဲ စက္ကကိုလှည့်ကြည့်မိသည်က ဘာကြောင့်ရယ်မသိ။ အခြေအနေသည် သိပ်မကောင်းတော့သည်မို့ နောင် စကားလမ်းကြောင်းလှည့်လွှဲရသည်။

"နေ့အလင်းတောင်ပျောက်လာပြီဆိုတော့ ညအချိန်ကျ လှည်းစွတ်ရာ မမြင်ရင် လမ်းကြောင်းဘယ်လိုရှာကြလဲဗျ"

"နက္ခတ်ကြည့်သွားတာပေါ့ညီနောင်ရ။ အဲ့ဒါတော့ စိတ်မပူနဲ့။ ကြယ်တာရာနက္ခတ်ကြည့် လမ်းကြောင်းရှာတဲ့နေရာတော့ စက္ကကိုမှီတဲ့သူမရှိနိုင်သေးဘူး။ ဒိုးလုံးကတော့ဖြင့် ပဲ၊ နှမ်း ပို့နေကျမို့ ဒီရွာနဲ့ ဒီရွာဆိုတာ မျက်စိမှိတ်မောင်းရင်တောင်ရောက်တယ်"

ဆရာလေးအပြောကို နောင် ဘာမှ မပြောဘဲခေါင်းတညိတ်ညိတ်နှင့်ပင် ခပ်ဝိုင်းဝိုင်းလပြည့်ဝန်းနှင့် ကြယ်မှုန်တို့ ထွက်ပေါ်နေသည့် နက်ပြာရောင် ကောင်းကင်ကိုမော့ကြည့်မိသည်။ ညသို့စတင်ချဥ်းနင်းဝင်ရောက်လာသည်ကြောင့် နေ့အလင်းရောင်တို့ ပျောက်ပေမယ့် စက္ကကတော့တိတ်တိတ်ဆိတ်ဆိတ် ရှေ့တည့်တည့်သို့ပင် ကြည့်ကာ လှည်းကို အာရုံစိုက်မောင်းနေ၏

ရွာမှ စထွက်စဥ်ကတော့ သူတစ်ခွန်းကိုယ်တစ်ခွန်းနှင့် စကားဝိုင်းဖွဲ့ပါလာကြပေးမယ့် ညသည်နက်လာလေ အခြေအနေသည် ပိုတိတ်ဆိတ်လာလေပင်။ပုဇဥ်းရင်ကွဲကောင်တို့၏ တစ်ချက်တစ်ချက် ခပ်စူးစူးအော်မြည်သံတို့မှအပ အရာရာသည်တိတ်တိတ်ဆိတ်ဆိတ်။ တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ခွေးအူသံဆွဲဆွဲငင်ငင်တို့ကိုတော့ နောင် လျစ်လျူရှုလိုက်သည်။ လှည်းပေါ် အိပ်သူအိပ် ငိုက်သူငိုက်နှင့်မို့ နောင် လည်း စက္ကနား ခပ်ဖြည်းဖြည်းတိုးထိုင်လိုက်သည်။ အခုချိန်ထိ နိုးနိုးကြားကြားရှိနေသူက စက္ကတစ်ယောက်သာရှိသည်လေ။

"စက္က"

နာမည်ကို ခပ်တိုးတိုးခေါ်မိပေမယ့် မုဆိုးကြီးဆီကတော့ ထုံးစံအတိုင်း အဖြေသည် ပြန်မလာ။

"ခင်ဗျားကကျွန်တော့်ကိုစကားမပြောပြန်ဘူး"

တိတ်ဆိတ်နေဆဲ မုဆိုးကြီးကို နောင် တစ်ချက်လှည့်ကြည့်လိုက်သည်။ ရင်ဘတ်ဟ ချည်အင်္ကျီပျော့သည် လေအဝှေ့တွင် တလှပ်လှပ်နှင့်။ ရာသီဥတုသည်အေးစိမ့်စိမ့်မို့ နှင်းနွယ်သိမ်းထုပ်ယူဆောင်လာပေးသည့် ဖျင်စောင်ကြမ်းကို လွှမ်းပေးတော့ မုဆိုးကြီးကငြိမ်ငြိမ်သက်သက်။

"ခင်ဗျားက ဘယ်လိုအချိန်တွေစကားပြောတတ်တာလဲ။ ၀မ်းနည်းတဲ့အချိန်လား။ ၀မ်းသာတဲ့အချိန်လား။ စိတ်လှုပ်ရှားတဲ့အချိန်လား။ ဒေါသထွက်တဲ့အချိန်လား"

နောင့် အမေးကြောင့်ထင်ပါ၏ မုဆိုးကြီးကတစ်ချက်စောင်းငဲ့ကြည့်လာ၏ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတို့ဖုံးကွယ်နေသည့် မျက်နှာထက် မျက်၀န်းတစ်စုံကတော့ ညအလင်းရောင်အောက်စူးစူးရဲရဲ။

လက်ဖ၀ါးခပ်ကြီးကြီးသည် မျက်နှာဘေးမှ ခပ်ဖြည်းဖြည်းဖြတ်တော့ နောင် ထိုလက်ဖ၀ါး၏ လားရာအတိုင်းလိုက်ကြည့်နေမိသည်။ မျက်နှာရှေ့ ပြန်ရောက်လာသည့် လက်သည် တစ်ခုခုကိုဖွဖွဖမ်းဆုပ်လာပုံပင်။ အသာအယာဖွင့်တော့ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်ခပ်သေးသေးနှင့် ထပျံသည့်ပိုးစုန်းကြူး ငယ်။

"လှလိုက်တာ"

မှိတ်တုတ်မှိတ်တုတ်အလင်းဆောင်သည့် ပိုးစုန်းကြူးငယ်ကိုလိုက်ကြည့်မိတော့ ဟိုမှဒီမှ အလင်းရောင် အပွင့်ငယ်တို့သည်နောင်တို့ လှည်းဘေးတစ်လျှောက် တဖြတ်ဖြတ်နှင့်။ တစ်စတစ်စဟိုမှ ဒီမှ ပေါ်လာသည့် အလင်းရောင်သေးသေးနှင့် ပိုးစုန်းကြူးတို့သည့်တဖြည်းဖြည်းများလာတော့သည်။

"ဒီလိုမြင်ကွင်းက......ရှားလွန်းတယ်"

သဘောတကျပြုံးကာ မုဆိုးကြီးကိုပြောရင်းကြည့်မိတော့ မျက်ဆံခပ်နက်နက်တို့အောက် ပြာလဲ့လဲ့ ရေခဲရောင်ကဲ့သို့ အရောင်တို့သည် တဖြတ်ဖြတ်။

နောင် တစ်စုံတစ်ခုကိုသဘောပေါက်ပြီထင်ပါ၏ မုဆိုးကြီးက နောင်နှင့်နီးကပ်သည့်အခါတိုင်း သို့မဟုတ် နောင် ပြုံးရယ်မိသည့်အခါတိုင်း မျက်၀န်းတို့သည် အပြာရောင်သို့ပြောင်းလာတတ်သည်။

"ကျွန်.....ကျွန်တော်... ခဏ အိပ်အုံးမယ်"

နောင့် ကိုအကြည့်မလွဲစိုက်ကြည့်နေသည့် မုဆိုးကြီးကြောင့် စကားတို့သည် အယောင်ယောင်အမှားမှား။ ခပ်ဖြည်းဖြည်းခေါင်းတစ်ချက်ညိတ်ပြကာ တစ်ဖက်လှည့်သွားတော့မှ နောင် သက်ပြင်းခိုးချရသည်။

တလှမ့်လှိမ့်သွားနေသည့်လှည်းပေါ် နောင် အိပ်ပျော်မည်မဟုတ်ပေမယ့် ခဏတော့ မှေးမှရမည်။ မျက်လုံးများမှိတ်ချမိတော့ အတွေးတို့သည် ဟိုရောက်ဒီရောက်နှင့်။ လှည်းပေါ်ရောက်သည့်နှင့် ကိုဒိုးလုံးပြောလာသည့် ရွာဦးကျောင်းဆရာတော်အရှင်နန္ဒိယ၏ တစ်ဆင့်မှာလိုက်သည်ဆိုသည့်စကား....

*တစ်ခုခုကြုံတွေ့ခဲ့သည်ရှိသော် စက္ကနားကမခွါပါနဲ့* တဲ့။ ထိုစကားကိုပြန်တွေးမိတော့ နောင့် ခံစားချက်တို့သည် သိပ်တော့မကောင်း။ ဘယ်လိုအကြောင်းအရာကိုကြုံတွေ့ရမည်တော့ နောင် မသိပေမယ့် နောင့် နား စက္ကရှိနေသည်ဆိုသည့် ခံစားချက်သည် လုံခြုံပါ၏

* * * * * * * * * * * * * * * * * * * * * * * *

နားထဲ တိုးဝင်လာသည့် စကားပြောသံများ လှုပ်ရှားသွားလာသံများကြောင့် ငိုက်မြည်းနေသည့် နောင့် မျက်လုံးများပွင့်လာရသည်။ မျက်လုံးထဲ ခပ်ဖြည်းဖြည်းတိုး၀င်သည့်အလင်းရောင်တို့ကြောင့် နောင် ပတ်၀န်းကျင်ကိုထကြည့်မိသည်။

"ဟင်"

ဟိုဟိုဒီဒီ လှုပ်ရှားသွားလာနေကြသည့် ၀တ်ကောင်းစားလှနှင့် လူများ၊ နွားလှည်းမြင်းလှည်းတို့ဖြင့် လည်ပတ်နေကြပုံရသူများကြောင့် ကြားနေသည့် ခွါသံတရှပ်ရှပ် အပြင် ခပ်လှမ်းလှမ်းမှ ပျံ့လွင့်လာသည့် ဆိုင်းသံဗုံသံများ၊ မီးအလင်းရောင်အောက် ရောင်း၀ယ်ဖောက်ကားနေကြသည့် မုန့်သည်၊ ကလေးကစားစရာသည်များ ။

နောင်အခုမြင်နေရသည်က ပွဲလမ်းသဘင်ကို ခြိမ့်ခြိမ့်သဲအောင်ကျင်းပနေကြသည့်နေရာ ....တိတိကျကျပြောရပါလျှင် စည်စည်ကားကားကျင်းပနေပုံရသည့် ရွာဘုရားပွဲ။

နောင် အချိန်ကိုတစ်ချက်ခန့်မှန်းကြည့်လိုက်သည်။ မိုးသောက်ချိန်မှ ရွာကန်ရိုးသို့ရောက်မည်ဟုနောင်သိထားသည်။ အခုကနောင် တစ်မှေးလောက်သာမှေးရသေး၏အချိန်သည်လည်း သန်းခေါင်ယံသို့ချဥ်းနင်း၀င်ရောက်သည့် အချိန်သာရှိသေး၏ဘယ်လိုကြောင့် ဘုရားပွဲထဲရောက်နေသည်မသိ။

ဘေးဘီ၀ဲယာကိုတစ်ချက်ကြည့်တော့ စက္ကကနောင့် ဘေးရောက်နေပြီး ကိုဒိုးလုံးကလှည်းမောင်းနေ၏ ကြည့်ရသည်က အလှည့်ကျနေရာပြန်ချိန်းထားသည်ထင်၏

နောင်တို့ အခုရောက်နေသည့် နေရာကို တအံ့တသြဖြစ်နေသည့်က ကျိန်းသေ နောင်တစ်ယောက်တည်းတော့မဟုတ်။ကိုယ်တိုင်လှည်းမောင်းလာသည့် ကိုဒိုးလုံးကိုယ်တိုင် လက်ရှိရောက်နေသည့် နေရာကိုတအံ့တသြဖြစ်နေပုံပင်။

"ဒါ ရွာကန်ရိုးမှမဟုတ်ဘဲ။ ရွာကန်ရိုးနဲ့ညောင်မှိုင်းသာယာရွာကြားဒီလိုရွာကြီးတစ်ရွာရှိသေးတာ ကျွန်တော်ဘာလို့မသိရတာလဲ"

ဆရာလေး နေရောင်ခ စကားကြောင့်နောင် တို့အားလုံး၏ အာရုံအလုံးစုံသည် ပတ်၀န်းကျင်ကို ပြန်အကဲခတ်ရတော့သည်။

"ထူးဆန်းတယ်ဗျ။ ကျွန်တော် ဒီကမီးရောင်နဲ့အသံတွေကို ခပ်လှမ်းလှမ်းမှာကတည်းကကြားခဲ့ရမှာ။ ဒါပေမယ့် ဘာသံမှ မကြားဘဲ တိတ်ဆိတ်နေပြီး ဒီအကွေ့ရောက်မှ ရုတ်တရက် ဒါကပေါ်လာသလိုပဲ"

"နှင်းနွယ်လည်းရွာကန်ရိုးသွားတာချောင်းပေါက်မတတ်ပါတော်။ ဒီလိုရွာရှိတယ်ရယ်မကြားဖူးဘူးတော့။ ကိုဒိုးလုံး လမ်းများမှားလာသလား"

"မှားစရာလား နှင်းနွယ်ရ။ စက္ကနဲ့နေရာလဲလိုက်တာသိပ်တောင်မကြာသေးဘဲ။ ပြီးတော့ ကျွန်တော်လမ်းမှားရင်စက္က ကပြောမှာပေါ့ဗျာ"

ညောင်မှိုင်းသာယာရွာနှင့် ရွာကန်ရိုးကိုလူးလာခေါက်ပြန်သွားနေကြသူတွေပင်မသိသည့်ရွာ...... ဆူညံပွက်လောရိုက်နေသည့် အသံတို့ကို ဒီအကွေ့ရောက်မှ ရုတ်တရက်ထကြားရသည့်အခြေအနေ။ အဖြေတစ်ခုကိုရှာရန်စက္ကကိုလှည့်ကြည့်မိသည်။ စက္က၏မျက်ခုံးတန်းတို့သည် အလိုမကျစွာ သိသိသာသာတွန့်ချိုးနေ၏ အခြေအနေကိုမေးဖို့ပြင်လိုက်မိပေမယ့် လက်ဖမိုးပေါ်အုပ်ကိုင်လာသည့်လက်ဖ၀ါးခပ်ကြမ်းကြမ်းအောက် နောင် ငြိမ်ကျရတော့သည်။ ဘယ်လိုအခြေအနေဖြစ်ဖြစ်....... အင်း.....စက္ကနားနေရုံပေါ့။

3471 words
16.12.2022 (7:50 pm)
Vi Vian
90°bow

Zawgyi

"ကြၽန္ေတာ့္အတြက္လား"

တံက်င္လ်ိဳထားသၫ့္ ကင္ၿပီးသား ငါးတစ္ေကာင္ကို ေနာင့္ ကိုလာထိုးေပးေနသၫ့္ မုဆိုးႀကီးေၾကာင့္ ေနာင္ ေမာ့ၾကၫ့္ကာေမးေတာ့ ေခါင္းတစ္ခ်က္ညိတ္ျပ၏ အင္း...... ဒါက ေလးေကာင္ေျမာက္။ေတာထဲမွ ျပန္ေရာက္ကတည္းက ေနာင့္ ကို ငါးတစ္ေန့တစ္ေကာင္ဖမ္းလာၿပီး ကင္ေပးသည္မွာ ဒါနဲ႔ဆို ေလးရက္ေျမာက္ရိွၿပီျဖစ္သည္။

ဘာမွ မေျပာဘဲငါးကင္ကိုယူရင္း ပုခံုးေပၚတင္ထားသၫ့္ ပုဝါကို ကမ္းေပးေတာ့ မုဆိုးႀကီးက ေနာင့္ ကို တစ္ခ်က္ၾကၫ့္၏ လက္ထဲပုဝါစျဖဴျဖဴကိုျမင္ေတာ့ အလႈပ္မယွက္။

"သုတ္လိုက္စကၠ.... ရတယ္"

ေနာင့္ စကားၾကားမွ မုဆိုးႀကီးက ပုဝါစကိုယူကာ အနည္းငယ္စီးက်ေနသၫ့္ ေခြၽးတို႔ကို သုတ္၏ ၾကၫ့္ရသည္က ေခ်ာင္းစပ္သြားခဲ့သည္ ထင္ပါ၏ ေနြရာသီေန့လည္ခင္းအခ်ိန္သည္ ေခ်ာင္းစပ္၌ ေရေငြ့တို႔ပ်ံတက္သည္ေၾကာင့္ သာမန္ထက္ ပိုပူေနတတ္သည္။ သို႔ေသာ္ မုဆိုးႀကီးကေတာ့ ထိုအခ်ိန္ေရာက္တိုင္း ငါးဖမ္းထြက္ၿမဲပင္။

စကၠ ငါးဖမ္းထြက္ပံုကရိုးရွင္းသည္။ ပုဆိုးကိုခပ္တိုတိုဝတ္ကာ ဝါးကို အေခ်ာသတ္ထားသၫ့္ မိွန္း တစ္ေခ်ာင္းႏွင့္ျဖစ္၏ ငါးဖမ္းထြက္သည့္ေနရာက ရိုးမထဲစီးဝင္သည့္ ေခ်ာင္းမႀကီး၏ အစပ္တြင္ျဖစ္၏

ဘာေၾကာင့္ရယ္မသိေပမယ့္ ငါးဖမ္းထြက္တိုင္း ငါးတစ္ေကာင္သာ ပါလာတတ္ၿပီး ထိုငါးကို ေသခ်ာအေၾကးခြံခြာ၍ မလိုအပ္သည္တို႔ကို ပစ္ထုတ္သန႔္ရွင္းေစကာ တံက်င္လ်ိဳကင္ၿပီး ေနာင့္ ကိုလာေပးတတ္၏ မုဆိုးႀကီးက တစ္ရက္ ငါးတစ္ေကာင္ႏႈန္းႏွင့္ အေၾကာင္းျပခ်က္မဲ့လာေပးတတ္သလို ေနာင္သည္လည္း ဘာေၾကာင့္ဆိုသၫ့္ အေၾကာင္းအရင္းကို အေမးအျမန္းမရိွယူစၿမဲပင္။

ရိုးမထဲရိွစဥ္က သူကင္ေပးသည့္ငါးကိုအားရပါရစားတတ္သည္ေၾကာင့္ ေနာင္ ငါးကင္ႀကိဳက္သည္ဟု မွတ္ယူလိုက္ပံုပင္။ သို႔ေသာ္ဘယ္ေလာက္ႀကိဳက္ႀကိဳက္ လူတစ္ေယာက္က အစားအစာတစ္ခုတည္းကိုဘယ္လိုေန့စဥ္ရက္ဆက္စားႏိုင္မွာတဲ့လဲ။ ဒီပံုစံအတိုင္းဆို ေနာင္ ေတာ့ ေတာေၾကာင္တစ္ေကာင္ေလာက္ေမြးမွရေတာ့မည္ ထင္ပါ၏

ေျပာရလ်ွင္မုဆိုးႀကီးႏွင့္ ေနာင္သည္ အေတာ္ပင္ရင္းႏွီးလာသၫ့္အေျခအေနဟုေျပာရမည္ထင္ပါသည္။ ဒီအေျခအေနက ဘယ္လိုအေျခအေနဟုပင္ေျပာရမွန္းမသိေပမယ့္ တျခားသူႏွင့္ ယွဥ္လ်ွင္ေတာ့ရင္းႏွီးသည္ဟု အဓိပၸါယ္ေကာက္လို႔ရေလာက္ပါ၏

သို႔ေသာ္ မုဆိုးႀကီးသည္ ေတာထဲ၌ ေနာင့္ ကိုေျပာခဲ့သၫ့္ ႏွစ္လံုးတည္းေသာစကားမွလြဲ ဘာစကားမွထပ္မေျပာေသး။ မုဆိုးႀကီးဆီက စကားသံထပ္ၾကားရဖို႔ ေနာင္ႀကိဳးစားခဲ့ဖူးသည္။ အႀကံကုန္ဂဠုန္ဆားခ်က္ ဟုေျပာၾကစတမ္းဆိုလ်ွင္ေတာ့ ေနာင္ ခ်က္ထားသၫ့္ ဆားသည္ ေတာင္ပံုရာပံုပင္ရိွေလာက္ေပမည္။ မုဆိုးႀကီးကေတာ့ စကားတစ္ခြန္းမွ ဟ မလာခဲ့။ တစ္ခါတစ္ရံ ေတာေတာင္ထဲ ငါမ်ားနားၾကားမွားခဲ့ေလသလားဟုပင္ ျပန္စဥ္းစားရသည္အထိ။

"ကြၽန္ေတာ္ ထမင္းျပင္ထားမွာမို႔ ခင္ဗ်ား ကိုယ္လက္သန္႔စင္ၿပီးလာခဲ့"

ေနာင့္ စကားကို ေခါင္းတစ္ခ်က္ဆတ္ျပကာ သူ႔ၿခံဘက္လွည့္ထြက္သြားသည့္ မုဆိုးႀကီးကတစ္ခါတစ္ရံထိုသို႔လည္း ေျပာရဆိုရလြယ္လြန္းေသးသည္။ ခဏအၾကာ ေရမိုးခ်ိဳးသန္႔စင္ၿပီး ျပန္ေရာက္လာသည့္ မုဆိုးႀကီးအတြက္ ေနာင္က အိမ္ေရ႔ွကြပ္ပ်စ္ေပၚထမင္းပြဲ ဟင္းပြဲ အသင့္ျပင္ၿပီးသား။ ဒီေန့ဆို ေနာင္ ႏွင့္ စကၠ ထမင္းတူတူစားျဖစ္ၾကသည္က သံုးရက္ပင္ရိွၿပီျဖစ္သည္။

"ထိုင္ေဟ့လူ....ကြၽန္ေတာ္ခင္ဗ်ားႀကိဳက္ေလာက္မယ္ထင္တာေလးေတြကို အိမ္မွာရိွေလးေတြနဲ႔လုပ္ထားတယ္။ ဒါက ႏွင္းႏြယ္လာေပးထားတဲ့ၾကာစြယ္ကို ငရုပ္ေကာင္းေလးခတ္ၿပီး ဟင္းခ်ိဳပူပူေလးခ်က္ထားတာ။ ဒါကေတာ့ခင္ဗ်ားစားဖူးမွာမဟုတ္ဘူး။ ငပိသုတ္လို႔ေခၚတယ္။ ငပိကို ေသခ်ာဖုတ္၊ ငရုတ္သီးစိမ္းကိုေလွာ္ၿပီးငပိနဲ႔ေရာေထာင္း၊ ၿပီးရင္ ၾကက္သြန္ေလးပါးပါးလွီး၊ သံပုရာရည္ေလးၫွစ္ထားတာ။ ငါးကင္ကငပိသုတ္နဲ႔အလိုက္ဆံုးပဲဗ်။ ကြၽန္ေတာ့္အေမက ထား၀ယ္လူမ်ိဳးဆိုေတာ့ ဒါမ်ိဳးေတြလုပ္ရကြၽန္ေတာ္ကကြၽမ္းတယ္။ သူတို႔ဘက္ေတာ့ ပအုန္းရည္လို႔ေခၚတဲ့အရည္တစ္မ်ိဳးကိုအခ်ဥ္အေနနဲ႔သံုးေပမယ့္ ကြၽန္ေတာ္ကေတာ့သံပုရာေလးၫွစ္ထားတယ္။ အစပ္နည္းနည္းေလ်ွာ့ထားတာမို႔ အရမ္းမစပ္ဘူး။ ခင္ဗ်ားစားလို႔ရတယ္"

"........."

"အဟမ္း......စား လို႔ ရၿပီ"

ေနာင္ ၏ ဟင္းခ်က္လုပ္ငန္းစဥ္တင္ျပမႈကိုမႈန္သုန္သုန္မ်က္ႏွာေပးႏွင့္မလႈပ္မယွက္ ထိုင္နားေထာင္ေနသည့္ မုဆိုးႀကီးေၾကာင့္ ေနာင့္မွာရယ္ခ်င္ခ်င္။ စားလို႔ရၿပီဆိုေတာ့မွ လက္ေဆးခြက္ထဲ လက္ႏွစ္ေဆးကာ ထမင္း ငံု႔စားေတာ့သည္။

"ေဟ့လူ"

"......."

"ကြၽန္ေတာ္ ဆရာေလးေနေရာင္ခတို႔နဲ႔ ရြာကန္ရိုးက ဘုရားပြဲလိုက္သြားမလို႔။ အဲ့ဒါ ခင္ဗ်ားကိုပါ လိုက္ခဲ့ေစခ်င္လို႔"

ေနာင့္စကားအဆံုးလႈပ္ရွားေနသည့္လက္တို႔သည္ ရုတ္တရတ္ရပ္တန္႔ကာေနာင့္ကို စူးစိုက္ၾကည့္လာ၏ ပခံုးထိဝဲက်ေနသည့္ ဆံပင္ရွည္ ႏွင့္ မ်က္ႏွာတစ္၀က္ေလာက္ပင္ဖံုးအုပ္ေနသည့္ ႏႈတ္ခမ္းေမႊး ၊ ပါးသိုင္းေမႊးတို႔ၾကား မုဆိုးႀကီးမ်က္လံုးသည္ ေန့ခင္းေနႏွင့္အၿပိဳင္ စူးစူးရဲရဲ။

"အဟမ္း.....ရြာၪီးေက်ာင္းဆရာေတာ္က ခင္ဗ်ားကိုေခၚသြားဖို႔ေျပာလို႔ ေခၚတာ။ တကယ္လို႔လိုက္ရအဆင္မေျပ..."

"လိုက္မယ္"

ခပ္ျပတ္ျပတ္တစ္လံုးေျပာကာ ထမင္းျပန္ငံု႔စားသည့္ မုဆိုးႀကီးကိုၾကည့္၍ ေနာင္ ေနရာတြင္ပင္အေတာင့္သား။ နားတစ္ဖက္ကိုလက္ဖဝါးႏွင့္ ခပ္ၾကမ္းၾကမ္းဆြဲပြတ္လိုက္သည္။ အခုကတကယ္ စကားေျပာသြားတာမလား။ ၿပီးေတာ့ လိုက္မယ္တဲ့။ ဆရာေလးေျပာေတာ့စကၠကထိုသို႔ေနရာေတြေခၚမရဘူးဆို။ အခုေတာ့ ေနာင္က ႏွစ္ႀကိမ္ပင္မေခၚလိုက္ရ။

ထိုသို႔ မထင္မွတ္သည့္အခ်ိန္ေတြစကားထထေျပာတတ္သည့္မုဆိုးႀကီးႏွင့္ အခ်ိန္အခါမဟုတ္ ထထခုန္တတ္သည့္ ေနာင့္ႏွလံုးႏွင့္ကလည္းဘာေၾကာင့္အခ်ိန္ကိုက္ျဖစ္ေနသည္မသိပါ။

အေမကေျပာခဲ့ဖူးသည္။ ဗိုက္အရမ္းဆာသည့္အခ်ိန္ ထမင္းမစားလ်ွင္ ႏွလံုးကတလွပ္လွပ္ျဖစ္တတ္သည္တဲ့။ ၾကည့္ရတာေနာင္ ဗိုက္ဆာေနၿပီထင္ပါသည္။ ထမင္းစားမွ ျဖစ္ေတာ့မည္။

* * * * * * * * * * * * * * * * * * * * * * * *

"ဗ်ိဳ !!!!!!! ညီ ေနာင္ေရ"

"လာၿပီဗ်..... လာၿပီ လာၿပီ"

လွည္းခေလာက္သံ ဒိုးဒိုးေဒါင္ေဒါင္ ႏွင့္အတူ ဆရာေလး ေနေရာင္ခ၏ ေခၚသံကို ၾကားေတာ့ ေနာင္ အိမ္အတြင္းမွ ခပ္ ျမန္ျမန္ေျပးထြက္လာလိုက္သည္။ ၿခံေရ႔ွ ေရာက္သည္ႏွင့္ ျမင္လိုက္ရသည္က လူစံုတက္စံုရယ္။ ဆရာေလးေနေရာင္ခႏွင့္ ႏွင္းႏြယ္က လွည္းအေနာက္ဘက္ထိုင္လိုက္လာၿပီး ကိုဒိုးလံုးကေတာ့ႀကိမ္တစ္ေခ်ာင္းႏွင့္ လွည္းေမာင္းလာ၏

"ႏွင္းႏြယ္ပါ ပါတာပဲ"

"အိမ္မွာ ႀကီးေမတို႔အတြက္ခ်က္ေပးျပဳတ္ေပးရတာနဲ႔ ေနာက္က်လို႔ ကိုဒိုးလံုးတို႔နဲ႔မွ လိုက္ျဖစ္တယ္ အစ္ကိုေနာင္ေရ"

"တက္....ညီေနာင္ေရ။ မနက္ ေဝလီေဝလင္း ရြာကန္ရိုးေရာက္ဖို႔ဆို ဒီအခ်ိန္ထြက္မွရမယ္"

"ဟို....ခဏေလးဗ်။ ကြၽန္ေတာ္လူေစာင့္စရာရိွလို႔"

ေနာင့္ စကားဆံုးသည္ႏွင့္ အေနာက္မွေရာက္လာသူေၾကာင့္ လွည္းေပၚမွ သံုးေယာက္ကေတာ့ မ်က္လံုးအဝိုင္းသား။ ဆရာေလးေနေရာင္ခ၏ ပါးစပ္မွ တအံ့တၾသထြက္လာသည့္ အသံသည္ခပ္တိုးတိုး....။ ေနာင္ ကေတာ့ ေအာင္ႏိုင္သူအၿပံဳးႏွင့္။

"စကၠ"

အခ်ိန္မိနစ္ပိုင္းမ်ွအၾကာ အေျခအေနတို႔သည္ အနည္းငယ္ေျပာင္းလဲ၏ လွည္းေမာင္းသူသည္စကၠ။ ႏွင္းႏြယ္၊ ႏွင့္ ဆရာေလးကေတာ့ စကားတေျပာေျပာ။ ကိုဒိုးလံုးကေတာ့ ပတ္၀န္းက်င္ကိုဟိုၾကည့္ဒီၾကည့္။ ေနာင္ ကေတာ့ လွည္းေမာင္းေနသည့္ စကၠနား ကပ္ရင္း ဟိုေတြးဒီေတြးႏွင့္။ မလိုက္စဖူးလိုက္လာသည့္ မုဆိုးႀကီးေၾကာင့္ လွည္းေပၚပါသူတို႔အနည္းငယ္အံ့ၾသေနၾကေပမယ့္ ဘာမွေတာ့ေျပာမလာၾက။

ေနာင္ကေတာ့ ရြာအလႉပြဲေတြရိွသည့္အခါမ်ိဳးတြင္ ၀တ္ဆင္ရေအာင္ေသခ်ာထုတ္ပိုးလာသည့္ စတစ္ေကာ္လံျဖဴအက်ႌႏွင့္ လံုခ်ည္ႏွင့္။ မုဆိုးႀကီးကေတာ့ သူ၀တ္စားေနက်အတိုင္းမေျပာင္းမလဲ ရင္ဘတ္ဟ ခ်ည္အက်ႌေပ်ာ့ႏွင့္ ဂ်င္းေဘာင္းဘီခပ္မိႈင္းမိႈင္းႏွင့္။

ေညာင္မိႈင္းသာယာမွ ရြာကန္ရိုးသို႔ သြားသည့္ ခရီးသည္အနည္းငယ္ေဝးသည္ဆိုေပမယ့္ လမ္းခရီးသည္မွားစရာေတာ့မရိွ။ ႏွစ္ရွည္လမ်ား အႀကိမ္ႀကိမ္အလီလီသြားခဲ့ၾကသည္ေၾကာင့္ ေျမတြင္ေပၚေနသည့္ လွည္းဘီးစြပ္ရာလမ္းေၾကာင္းသည္ ထင္ထင္ရွားရွားမို႔ထိုအတိုင္းေမာင္းရံုသာ။ ဖုန္မႈန္႔တို႔သည္ေတာ့ ေန့ခင္းဘက္ေလာက္တလံုးလံုးမထေတာ့ေပမယ့္ လွည္းအေနာက္ဘက္တလိွမ့္လိွမ့္ပင္။

"အစ္ကိုေနာင္ က ရြာကန္ရိုးေရာက္ရင္ လံုမေတြ ဝိုင္းဝိုင္းလည္ေနေတာ့မွာေတာ္။ စတစ္ေကာ္လံ အက်ႌျဖဴနဲ႔ လံုခ်ည္နဲ႔ေတာင္ ေခ်ာေမာ သန္႔ျပန္႔ေနပါေရာ"

"လူအာရံုစိုက္ခံရမယ့္ေနရာေတာ့ ကြၽန္ေတာ္က ႏွင္းႏြယ္ကိုဘယ္မွီလိမ့္မလဲဗ်ာ။ အရင္ရက္ေတြကလည္းက်က္သေရရိွလွေပမယ့္ ဒီေန့ မွထူးထူးျခားျခားပိုလွေနပါေရာ့"

"လွ မေပါ့ ညီေနာင္ရာ။ ၿမိဳကမွာထားတဲ့မ်က္ႏွာေခ်မႈန္႔နဲ႔ႏႈတ္ခမ္းဆိုးေဆးေတြ ဗူးတစ္၀က္ေလာက္ေတာင္ ကုန္ေအာင္သံုးခဲ့တာကိုး"

"အို.....ကိုဒိုးလံုးႏွယ္။ ဗူးတစ္၀က္မကုန္ပါေတာ္။ ေတာ့ႏွယ္ နည္းနည္းျဖင့္ပိုေနၿပီ။ ႏွင္းႏြယ္တို႔ကမ်က္ႏွာေခ်မႈန္႔မလိမ္းလည္းလွၿပီးသားပါေနာ္။ ရြာကြမ္းေတာင္ကိုင္ေနရာေတာင္ျဖင့္ ႏွင္းႏြယ္က ႀကီးေမတို႔နဲ႔ၿမိဳ႔ေရာက္တုန္းမို႔ ျမေထြးရသြားတာတစ္ရြာလံုးအသိ။ အလုပ္နဲ႔လက္မကြာဘဲ ဇယ္ဆတ္သလိုလုပ္ေနရလို႔ ျပင္ခ်ိန္ဆင္ခ်ိန္မရိွလို႔ရယ္ပါ။ ႏွင္းႏြယ္ ေသခ်ာျပင္ဆင္ခ်ယ္သၿပီး ခပ္ေက်ာ့ေက်ာ့ေနရင္ျဖင့္ တစ္ဖက္ရြာက ကာလသားေတြပါ ေရာက္လာပါလိမ့္မယ္"

*ဟား ဟား ဟား ဟား*

ကိုဒိုးလံုး၏ ခပ္ေနာက္ေနာက္အေျပာကို တစ္ခြန္းမက်န္ျပန္တုန္႔ျပန္ေလေတာ့ ဆရာေလးႏွင့္ ေနာင္တို႔ ႏွစ္ေယာက္သေဘာတက်ရယ္မိေတာ့သည္။ မိန္းကေလးဟူသည္တကယ္ကိုအလွအပႏွင့္ပတ္သတ္လ်ွင္ေတာ့ျဖင့္ ဆတ္ဆတ္ထိမခံသည္ခ်ည္း။

"အို....ဒါနဲ႔ ျမေထြးက အစ္ကိုေနာင့္ကို အိမ္ထမင္းစားဖိတ္တယ္ဆို"

"ဟုတ္ဗ်။ ဟိုရက္ကရြာထဲ၀င္ေတာ့ လမ္းမွာေတြ့တာ။ ျမေထြးတို႔ကေတာ့ရြာၪီးေက်ာင္းဆြမ္းကပ္အျပန္ထင္တယ္ ဗ်"

"ျဖစ္ႏိုင္ရင္မသြားနဲ႔အစ္ကိုေနာင္ရယ္။ ဒီသားအဖက ဥစၥာဂုဏ္နဲ႔ ရြာကသူေတြကိုခြဲျခားခြဲျခားဆက္ဆံတာ။ ႏွင္းႏြယ္ျဖင့္ ၾကည့္မရပါေတာ္။ ၪီးဓနကလည္း ရြာကာလသားေတြကို သူ႔သမီးနဲ႔ မတူမတန္သလိုကိုေျပာဆိုေနေတာ့တာ"

"ႏွင္းႏြယ္.............ဘယ္အေၾကာင္းရယ္ျဖစ္ျဖစ္သူမ်ားအေၾကာင္းကိုေနာက္ကြယ္မေျပာဆိုရဘူးေလ"

ေနာင္ ကေတာ့ ႏွင္းႏြယ္အေျပာကိုၿပံဳး၍သာ ေခါင္းညိတ္နားေထာင္လိုက္ေပမယ့္ ဆရာေလးကမ်က္ေမွာင္ခပ္တင္းတင္းၾကဳတ္ကာ၀င္မာန္ေတာ့သည္။

"အို.....ဆရာေလးကလည္း ႏွင္းႏြယ္က အမွန္တရားေျပာတာပါေနာ္။ ဒီကအစ္ကိုေနာင္ကိုလည္း အစ္ကိုတစ္ေယာက္လို ရင္းႏွီးခ်စ္ခင္တာေၾကာင့္ ဒီသားအဖအေၾကာင္းသတိေပးတာပါေတာ္။ က်ူပ္ကျဖင့္ ႀကိဳသိေနတယ္။ ၪီးဓနက ဒီယုန္ျမင္လိုဒီခ်ံဳထြင္တာ။ အစ္ကိုေနာင့္လို ဥစၥာေပါ ရုပ္ေခ်ာ ပညာတတ္ကို သူ႔သမီးအတြက္ လက္လႊတ္ခံပါ့မလား။ က်ဳပ္က အစ္ကိုေနာင့္ ကို ျမေထြးလက္ထဲေတာ့ အပါမခံႏိုင္ပါေနာ္"

"ႏွင္းႏြယ္....ေျပာေလ ဆိုးေလပါလားကြ။ ညီေနာင္ကျဖင့္ရြာေရာက္တာမၾကာေသးဘူး။ ၿပီးေတာ့ ဒီကပညာတတ္။ ႏွင္းႏြယ္မေျပာလည္း တစ္ခုခုဆိုရင္ျဖစ္သင့္၏ မျဖစ္သင့္၏ သံုးသပ္ဆင္ျခင္တတ္တယ္"

မေက်မနပ္ တရစပ္ေျပာေနေသာႏွင္းႏြယ္ေၾကာင့္ ဆရာေလးကဖိေဟာက္ေတာ့ ႏွင္းႏြယ္တစ္ေယာက္ ဆရာေလးကိုမ်က္ေစာင္းလွည့္ထိုးေတာ့သည္။ ေနာင္ကေတာ့ မလံုမလဲ စကၠကိုလွည့္ၾကည့္မိသည္က ဘာေၾကာင့္ရယ္မသိ။ အေျခအေနသည္ သိပ္မေကာင္းေတာ့သည္မို႔ ေနာင္ စကားလမ္းေၾကာင္းလွည့္လႊဲရသည္။

"ေန့အလင္းေတာင္ေပ်ာက္လာၿပီဆိုေတာ့ ညအခ်ိန္က် လွည္းစြတ္ရာ မျမင္ရင္ လမ္းေၾကာင္းဘယ္လိုရွာၾကလဲဗ်"

"နကၡတ္ၾကၫ့္သြားတာေပါ့ညီေနာင္ရ။ အဲ့ဒါေတာ့ စိတ္မပူနဲ႔။ ၾကယ္တာရာနကၡတ္ၾကၫ့္ လမ္းေၾကာင္းရွာတဲ့ေနရာေတာ့ စကၠကိုမွီတဲ့သူမရိွႏိုင္ေသးဘူး။ ဒိုးလံုးကေတာ့ျဖင့္ ပဲ၊ ႏွမ္း ပို႔ေနက်မို႔ ဒီရြာနဲ႔ ဒီရြာဆိုတာ မ်က္စိမိွတ္ေမာင္းရင္ေတာင္ေရာက္တယ္"

ဆရာေလးအေျပာကို ေနာင္ ဘာမွ မေျပာဘဲေခါင္းတညိတ္ညိတ္ႏွင့္ပင္ ခပ္ဝိုင္းဝိုင္းလျပၫ့္ဝန္းႏွင့္ ၾကယ္မႈန္တို႔ ထြက္ေပၚေနသၫ့္ နက္ျပာေရာင္ ေကာင္းကင္ကိုေမာ့ၾကၫ့္မိသည္။ ညသို႔စတင္ခ်ဥ္းနင္းဝင္ေရာက္လာသည္ေၾကာင့္ ေန့အလင္းေရာင္တို႔ ေပ်ာက္ေပမယ့္ စကၠကေတာ့တိတ္တိတ္ဆိတ္ဆိတ္ ေရ႔ွတၫ့္တည့္သို႔ပင္ ၾကၫ့္ကာ လွည္းကို အာရံုစိုက္ေမာင္းေန၏

ရြာမွ စထြက္စဥ္ကေတာ့ သူတစ္ခြန္းကိုယ္တစ္ခြန္းႏွင့္ စကားဝိုင္းဖြဲ႔ပါလာၾကေပးမယ့္ ညသည္နက္လာေလ အေျခအေနသည္ ပိုတိတ္ဆိတ္လာေလပင္။ပုဇဥ္းရင္ကြဲေကာင္တို႔၏ တစ္ခ်က္တစ္ခ်က္ ခပ္စူးစူးေအာ္ျမည္သံတို႔မွအပ အရာရာသည္တိတ္တိတ္ဆိတ္ဆိတ္။ တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာသည့္ ေခြးအူသံဆြဲဆြဲငင္ငင္တို႔ကိုေတာ့ ေနာင္ လ်စ္လ်ူရႈလိုက္သည္။ လွည္းေပၚ အိပ္သူအိပ္ ငိုက္သူငိုက္ႏွင့္မို႔ ေနာင္ လည္း စကၠနား ခပ္ျဖည္းျဖည္းတိုးထိုင္လိုက္သည္။ အခုခ်ိန္ထိ ႏိုးႏိုးၾကားၾကားရိွေနသူက စကၠတစ္ေယာက္သာရိွသည္ေလ။

"စကၠ"

နာမည္ကို ခပ္တိုးတိုးေခၚမိေပမယ့္ မုဆိုးႀကီးဆီကေတာ့ ထံုးစံအတိုင္း အေျဖသည္ ျပန္မလာ။

"ခင္ဗ်ားကကြၽန္ေတာ့္ကိုစကားမေျပာျပန္ဘူး"

တိတ္ဆိတ္ေနဆဲ မုဆိုးႀကီးကို ေနာင္ တစ္ခ်က္လွည့္ၾကည့္လိုက္သည္။ ရင္ဘတ္ဟ ခ်ည္အက်ႌေပ်ာ့သည္ ေလအေဝ႔ွတြင္ တလွပ္လွပ္ႏွင့္။ ရာသီဥတုသည္ေအးစိမ့္စိမ့္မို႔ ႏွင္းႏြယ္သိမ္းထုပ္ယူေဆာင္လာေပးသည့္ ဖ်င္ေစာင္ၾကမ္းကို လႊမ္းေပးေတာ့ မုဆိုးႀကီးကၿငိမ္ၿငိမ္သက္သက္။

"ခင္ဗ်ားက ဘယ္လိုအခ်ိန္ေတြစကားေျပာတတ္တာလဲ။ ၀မ္းနည္းတဲ့အခ်ိန္လား။ ၀မ္းသာတဲ့အခ်ိန္လား။ စိတ္လႈပ္ရွားတဲ့အခ်ိန္လား။ ေဒါသထြက္တဲ့အခ်ိန္လား"

ေနာင့္ အေမးေၾကာင့္ထင္ပါ၏ မုဆိုးႀကီးကတစ္ခ်က္ေစာင္းငဲ့ၾကည့္လာ၏ မုတ္ဆိတ္ေမႊး ပါးသိုင္းေမႊးတို႔ဖံုးကြယ္ေနသည့္ မ်က္ႏွာထက္ မ်က္၀န္းတစ္စံုကေတာ့ ညအလင္းေရာင္ေအာက္စူးစူးရဲရဲ။

လက္ဖဝါးခပ္ႀကီးႀကီးသည္ မ်က္ႏွာေဘးမွ ခပ္ျဖည္းျဖည္းျဖတ္ေတာ့ ေနာင္ ထိုလက္ဖဝါး၏ လားရာအတိုင္းလိုက္ၾကည့္ေနမိသည္။ မ်က္ႏွာေရ႔ွ ျပန္ေရာက္လာသည့္ လက္သည္ တစ္ခုခုကိုဖြဖြဖမ္းဆုပ္လာပံုပင္။ အသာအယာဖြင့္ေတာ့ မိွတ္တုတ္ မိွတ္တုတ္ အလင္းေရာင္ခပ္ေသးေသးႏွင့္ ထပ်ံသည့္ပိုးစုန္းၾကဴး ငယ္။

"လွလိုက္တာ"

မိွတ္တုတ္မိွတ္တုတ္အလင္းေဆာင္သည့္ ပိုးစုန္းၾကဴးငယ္ကိုလိုက္ၾကည့္မိေတာ့ ဟိုမွဒီမွ အလင္းေရာင္ အပြင့္ငယ္တို႔သည္ေနာင္တို႔ လွည္းေဘးတစ္ေလ်ွာက္ တျဖတ္ျဖတ္ႏွင့္။ တစ္စတစ္စဟိုမွ ဒီမွ ေပၚလာသည့္ အလင္းေရာင္ေသးေသးႏွင့္ ပိုးစုန္းၾကဴးတို႔သည့္တျဖည္းျဖည္းမ်ားလာေတာ့သည္။

"ဒီလိုျမင္ကြင္းက......ရွားလြန္းတယ္"

သေဘာတက်ၿပံဳးကာ မုဆိုးႀကီးကိုေျပာရင္းၾကည့္မိေတာ့ မ်က္ဆံခပ္နက္နက္တို႔ေအာက္ ျပာလဲ့လဲ့ ေရခဲေရာင္ကဲ့သို႔ အေရာင္တို႔သည္ တျဖတ္ျဖတ္။

ေနာင္ တစ္စံုတစ္ခုကိုသေဘာေပါက္ၿပီထင္ပါ၏ မုဆိုးႀကီးက ေနာင္ႏွင့္နီးကပ္သည့္အခါတိုင္း သို႔မဟုတ္ ေနာင္ ၿပံဳးရယ္မိသည့္အခါတိုင္း မ်က္၀န္းတို႔သည္ အျပာေရာင္သို႔ေျပာင္းလာတတ္သည္။

"ကြၽန္.....ကြၽန္ေတာ္... ခဏ အိပ္အံုးမယ္"

ေနာင့္ ကိုအၾကည့္မလြဲစိုက္ၾကည့္ေနသည့္ မုဆိုးႀကီးေၾကာင့္ စကားတို႔သည္ အေယာင္ေယာင္အမွားမွား။ ခပ္ျဖည္းျဖည္းေခါင္းတစ္ခ်က္ညိတ္ျပကာ တစ္ဖက္လွည့္သြားေတာ့မွ ေနာင္ သက္ျပင္းခိုးခ်ရသည္။

တလွမ့္လိွမ့္သြားေနသည့္လွည္းေပၚ ေနာင္ အိပ္ေပ်ာ္မည္မဟုတ္ေပမယ့္ ခဏေတာ့ ေမွးမွရမည္။ မ်က္လံုးမ်ားမိွတ္ခ်မိေတာ့ အေတြးတို႔သည္ ဟိုေရာက္ဒီေရာက္ႏွင့္။ လွည္းေပၚေရာက္သည့္ႏွင့္ ကိုဒိုးလံုးေျပာလာသည့္ ရြာၪီးေက်ာင္းဆရာေတာ္အရွင္နႏၵိယ၏ တစ္ဆင့္မွာလိုက္သည္ဆိုသည့္စကား....

*တစ္ခုခုႀကံဳေတြ့ခဲ့သည္ရိွေသာ္ စကၠနားကမခြါပါနဲ႔* တဲ့။ ထိုစကားကိုျပန္ေတြးမိေတာ့ ေနာင့္ ခံစားခ်က္တို႔သည္ သိပ္ေတာ့မေကာင္း။ ဘယ္လိုအေၾကာင္းအရာကိုႀကံဳေတြ့ရမည္ေတာ့ ေနာင္ မသိေပမယ့္ ေနာင့္ နား စကၠရိွေနသည္ဆိုသည့္ ခံစားခ်က္သည္ လံုၿခံဳပါ၏

* * * * * * * * * * * * * * * * * * * * * * * *

နားထဲ တိုးဝင္လာသၫ့္ စကားေျပာသံမ်ား လႈပ္ရွားသြားလာသံမ်ားေၾကာင့္ ငိုက္ျမည္းေနသၫ့္ ေနာင့္ မ်က္လံုးမ်ားပြင့္လာရသည္။ မ်က္လံုးထဲ ခပ္ျဖည္းျဖည္းတိုး၀င္သည့္အလင္းေရာင္တို႔ေၾကာင့္ ေနာင္ ပတ္၀န္းက်င္ကိုထၾကည့္မိသည္။

"ဟင္"

ဟိုဟိုဒီဒီ လႈပ္ရွားသြားလာေနၾကသည့္ ၀တ္ေကာင္းစားလွႏွင့္ လူမ်ား၊ ႏြားလွည္းျမင္းလွည္းတို႔ျဖင့္ လည္ပတ္ေနၾကပံုရသူမ်ားေၾကာင့္ ၾကားေနသည့္ ခြါသံတရွပ္ရွပ္ အျပင္ ခပ္လွမ္းလွမ္းမွ ပ်ံ့လြင့္လာသည့္ ဆိုင္းသံဗံုသံမ်ား၊ မီးအလင္းေရာင္ေအာက္ ေရာင္း၀ယ္ေဖာက္ကားေနၾကသည့္ မုန္႔သည္၊ ကေလးကစားစရာသည္မ်ား ။

ေနာင္အခုျမင္ေနရသည္က ပြဲလမ္းသဘင္ကို ၿခိမ့္ၿခိမ့္သဲေအာင္က်င္းပေနၾကသည့္ေနရာ ....တိတိက်က်ေျပာရပါလ်ွင္ စည္စည္ကားကားက်င္းပေနပံုရသည့္ ရြာဘုရားပြဲ။

ေနာင္ အခ်ိန္ကိုတစ္ခ်က္ခန္႔မွန္းၾကည့္လိုက္သည္။ မိုးေသာက္ခ်ိန္မွ ရြာကန္ရိုးသို႔ေရာက္မည္ဟုေနာင္သိထားသည္။ အခုကေနာင္ တစ္ေမွးေလာက္သာေမွးရေသး၏အခ်ိန္သည္လည္း သန္းေခါင္ယံသို႔ခ်ဥ္းနင္း၀င္ေရာက္သည့္ အခ်ိန္သာရိွေသး၏ဘယ္လိုေၾကာင့္ ဘုရားပြဲထဲေရာက္ေနသည္မသိ။

ေဘးဘီဝဲယာကိုတစ္ခ်က္ၾကည့္ေတာ့ စကၠကေနာင့္ ေဘးေရာက္ေနၿပီး ကိုဒိုးလံုးကလွည္းေမာင္းေန၏ ၾကည့္ရသည္က အလွည့္က်ေနရာျပန္ခ်ိန္းထားသည္ထင္၏

ေနာင္တို႔ အခုေရာက္ေနသည့္ ေနရာကို တအံ့တၾသျဖစ္ေနသည့္က က်ိန္းေသ ေနာင္တစ္ေယာက္တည္းေတာ့မဟုတ္။ကိုယ္တိုင္လွည္းေမာင္းလာသည့္ ကိုဒိုးလံုးကိုယ္တိုင္ လက္ရိွေရာက္ေနသည့္ ေနရာကိုတအံ့တၾသျဖစ္ေနပံုပင္။

"ဒါ ရြာကန္ရိုးမွမဟုတ္ဘဲ။ ရြာကန္ရိုးနဲ႔ေညာင္မိႈင္းသာယာရြာၾကားဒီလိုရြာႀကီးတစ္ရြာရိွေသးတာ ကြၽန္ေတာ္ဘာလို႔မသိရတာလဲ"

ဆရာေလး ေနေရာင္ခ စကားေၾကာင့္ေနာင္ တို႔အားလံုး၏ အာရံုအလံုးစံုသည္ ပတ္၀န္းက်င္ကို ျပန္အကဲခတ္ရေတာ့သည္။

"ထူးဆန္းတယ္ဗ်။ ကြၽန္ေတာ္ ဒီကမီးေရာင္နဲ႔အသံေတြကို ခပ္လွမ္းလွမ္းမွာကတည္းကၾကားခဲ့ရမွာ။ ဒါေပမယ့္ ဘာသံမွ မၾကားဘဲ တိတ္ဆိတ္ေနၿပီး ဒီအေကြ့ေရာက္မွ ရုတ္တရက္ ဒါကေပၚလာသလိုပဲ"

"ႏွင္းႏြယ္လည္းရြာကန္ရိုးသြားတာေခ်ာင္းေပါက္မတတ္ပါေတာ္။ ဒီလိုရြာရိွတယ္ရယ္မၾကားဖူးဘူးေတာ့။ ကိုဒိုးလံုး လမ္းမ်ားမွားလာသလား"

"မွားစရာလား ႏွင္းႏြယ္ရ။ စကၠနဲ႔ေနရာလဲလိုက္တာသိပ္ေတာင္မၾကာေသးဘဲ။ ၿပီးေတာ့ ကြၽန္ေတာ္လမ္းမွားရင္စကၠ ကေျပာမွာေပါ့ဗ်ာ"

ေညာင္မိႈင္းသာယာရြာႏွင့္ ရြာကန္ရိုးကိုလူးလာေခါက္ျပန္သြားေနၾကသူေတြပင္မသိသည့္ရြာ...... ဆူညံပြက္ေလာရိုက္ေနသည့္ အသံတို႔ကို ဒီအေကြ့ေရာက္မွ ရုတ္တရက္ထၾကားရသည့္အေျခအေန။ အေျဖတစ္ခုကိုရွာရန္စကၠကိုလွည့္ၾကည့္မိသည္။ စကၠ၏မ်က္ခံုးတန္းတို႔သည္ အလိုမက်စြာ သိသိသာသာတြန္႔ခ်ိဳးေန၏ အေျခအေနကိုေမးဖို႔ျပင္လိုက္မိေပမယ့္ လက္ဖမိုးေပၚအုပ္ကိုင္လာသည့္လက္ဖဝါးခပ္ၾကမ္းၾကမ္းေအာက္ ေနာင္ ၿငိမ္က်ရေတာ့သည္။ ဘယ္လိုအေျခအေနျဖစ္ျဖစ္....... အင္း.....စကၠနားေနရံုေပါ့။

3471 words
16.12.2022 (7:50 pm)
Vi Vian
90°bow

Continue Reading

You'll Also Like

4.4K 122 8
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး...ဒီလေးငယ်ကsemeတေကိုရှယ်ပလန်နဲ့ကိုချစ်တာမို့လို့လေးငယ်လက်ထွက်ဆန်မဲမှန်သမျှကတော့ကောင်းကောင်းမွန်မွန်နေရမှာတော့မဟုတ်ဘူးလို...
2.2K 66 3
ဦးကုဋေလွန်းရဲ့ ထာဝရစေးကပ်လွန်းတဲ့ကော်ဗူးလေး ကုဋေလွန်း + ပိုင်ငြိမ်းသုတဟန်
58.9K 2.9K 33
နွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်...