မြို့ဝင်ပေါက်တွင် ထိပ်တိုက်တွေ့ခြင်း
.............................................
မြို့တော်မှလူအားလုံးက ယွီဝမ်မိသားစုကို အာရုံစိုက်နေချိန်တွင် ထန်းယန်မှလှည်းတန်းရှည်က မြို့တော်ထဲသို့ ဝင်လာသည်။
ပန်းတိုင်သို့မရောက်ခင် လမ်းတစ်ဝက်တွင် နောက်ထပ်လုပ်ကြံမှုတစ်ခုထပ်ရှိလာသော်လည်း အန္တရာယ်ရှိသည်ထက် အထိတ်တလန့်သာ ပိုဖြစ်စေသည်။
လှည်းတန်းက မြို့တော်သို့ရောက်ခါနီးမှသာ လင်းကျန်နှင့်ယွီဝမ်ထုန်တို့ ပြန်ပေါ်လာသည်။ သူတို့နှစ်ယောက် လုံလုံခြုံခြုံပြန်ရောက်လာသည်ကိုတွေ့မှသာ လူတိုင်းစိတ်အေးသွားကြသည်။
"ပြန်လာတဲ့လမ်းမှာ အခက်အခဲရှိခဲ့ပါသေးလား၊ သခင်လေး။"
"မရှိပါဘူး။ ခင်ဗျားတို့ကော။ တစ်ယောက်ယောက် ထိခိုက်သွားသေးလား။"
လင်းကျန်က ဝမ်တရှန်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြည့်ရာ ယန်လျှိုကျီနှင့်အစောင့်အချို့၏ကိုယ်ပေါ်၌ ဒဏ်ရာများရှိနေသည်ကို တွေ့လိုက်ရသည်။ "ခင်ဗျားတို့ရဲ့ဒဏ်ရာတွေက ဘယ်လောက်ဆိုးလဲ။ သမားတော်က ဘာပြောသွားသေးလဲ။"
"ဒဏ်ရာအသေးစားလေးတွေပါ။ ကျွန်တော့်တို့ရဲ့ ကိုယ်ခံအားကကောင်းတော့ မကြာခင်ပြန်သက်သာလာလိမ့်မယ်လို့ သမားတော်ကပြောသွားတယ်။"
ယန်လျှိုကျီတို့က ရှက်ရွံ့စွာ ခေါင်းကုတ်နေကြသည်။ တကယ်တမ်းတွင် သူတို့ဒဏ်ရာရသွားသည့် အကြောင်းရင်းမှာ ကွန်ဖူးအရည်အချင်းသိပ်မကောင်း၍ဟု သူတို့အားလုံးခံစားရသည်။ ယောင်ရိတို့အားလုံး ဒဏ်ရာမရပုံနှင့် နှိုင်းယှဉ်ကြည့်ပါက ဒဏ်ရာရသူများမှာ အတော်ကသိကအောက်ဖြစ်မိကြသည်။
"ကျွန်တော်တို့တွေက အသုံးမကျပါဘူး၊ သခင်လေး။"
လင်းကျန်က ယန်လျှိုကျီတို့ကို တည်ကြည်သောမျက်နှာထားဖြင့် ပြောသည်။ "ခင်ဗျားတို့တွေ အကောင်းဆုံးကြိုးစားနေသမျှ ဘယ်သူမှမသုံးမဝင် မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ ခင်ဗျားတို့ရဲ့ ကွန်ဖူးအရည်အချင်းက ခင်ဗျားတို့ရဲ့အလုပ်နဲ့ ကိုက်ညီလောက်အောင် မကောင်းဘူးလို့ ခံစားရရင် လေ့ကျင့်ရေးမှာ အားပိုထည့်ပါ။"
"ဟုတ်ကဲ့ပါ၊ သခင်လေး။"
လင်းကျန်က မြို့တော်၌ အခြေကျပြီးလျှင် သူ၏အစောင့်များကို သင်ကြားပေးရန်အတွက် ကွန်ဖူးကျွမ်းကျင်သူတစ်ယောက်ကို ငှားလျှင်ကောင်းမလားဟု စတင်တွေးတောနေသည်။ ယခုရက်ပိုင်းအတွင်းတွင် သူတို့ကယောင်ရိတို့နှင့် အတူနေခဲ့ရပြီး တစ်ခါတစ်ရံတွင် သူတို့ကယောင်ရိတို့၏ ကွန်ဖူးစွမ်းရည်အား မည်မျှအားကျနေကြောင်းကို အပြင်လူပင်ပြောနိုင်သည်။
*****
"စံအိမ်ကို သန့်ရှင်းပြီးပြီ။ အဲ့ဒီအိမ်က လုံလုံလောက်လောက် ကြီးပြီး ယွီဝမ်မိသားစုနဲ့ သိပ်မဝေးဘူး။ လေ့ကျင့်ရေးကွင်းကျယ်ကျယ်လည်း ပါတယ်။ အစတုန်းကတော့ ခြံကိုလှလှပပနဲ့သပ်ရပ်အောင် ပြုပြင်ချင်ပေမဲ့ အစောင့်တွေက ခြံကိုစောင့်ကြည့်နေဖို့ အဆင်မပြေတော့ ကိုယ်စိတ်ပြောင်းပြီး မင်းခြံရဲ့နံရံတောက်လျှောက်မှာပဲ ဝါးပင်တစ်ချို့ စိုက်ထားတယ်။ လေ့ကျင့်ရေးကွင်းရှေ့မှာလည်း ဥယျာဉ်တစ်ခုရှိတယ်။"
ယွီဝမ်ထုန်က သူမြို့တော်တွင်လင်းကျန်အတွက် ဝယ်ထားသောစံအိမ်၏ ပိုင်ဆိုင်မှုစာချုပ်ကို ကမ်းပေးသည်။
လင်းကျန်က ပိုင်ဆိုင်မှုစာချုပ်ကို သိမ်းကာပြော၏။ "ကျွန်တော် သိပြီ။"
စံအိမ်က အဆင်သင့်ဖြစ်နေပြီဖြစ်ရာ စီစဉ်ရန်လိုအပ်သည်များကို သူပြင်ဆင်ရတော့မည်။
မကြာခင်တွင် လှည်းတန်းရှည်က မြို့ပြင်သို့ရောက်လာသည်။ သူတို့ကို လာတွေ့သူက အတော်များ၏။ ၎င်းတို့ထဲတွင် အမျိုးသားအားလုံးက ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ရာထူးအတော်မြင့်ပုံပင်။ သူတို့ထဲတွင် အထင်းဆုံးမှာ မြင်းရထားလုံးထဲ၌ ထိုင်နေသော အမျိုးသမီးတစ်ယောက်ပင်။ ရထားလုံးက ထူးခြားပြီး အလွန်တန်ဖိုးကြီးသည်။ လေဒဏ်ကာကွယ်ပေးသော သာမန်ရထားလုံးများနှင့် မတူသည်မှာ ဤရထားလုံးတွင် ဘေးအကာချပ်ပြားမပါဘဲ တိုင်လေးတိုင်၊ မျက်နှာကြက်နှင့် လေပြေအကြား တလူလူလွင့်နေသော ဇာလိုက်ကာများသာပါသည်။ လေနှင့်အတူပါလာသော ရေမွှေးနံ့ကို လှည်းတန်းထဲမှလူများက အနံ့ရနေသည်။
အရေးအကြီးဆုံးမှာ ဤမြင်းရထားလုံး၏နောက်တွင် နန်းတွင်းအစောင့်များရပ်နေပြီး အရှေ့တွင် မိန်းမစိုးနှင့် နန်းတွင်းအစေခံအချို့ ရှိနေသည်။ တော်ဝင်မိသားစုဝင်တစ်ယောက်ကသာ ဤသို့သောအဆောင်အယောင်မျိုးကို ရနိုင်သည်။ 'သူက မင်းသမီးတစ်ပါးလား။ မင်းသမီးကိုးက ကျောက်ဟွာဘုရားကျောင်းကို သွားပြီ။ မင်းသမီးရှစ်က စေ့စပ်ထားပြီးပြီဆိုတော့ ဧကရာဇ်က ယွီဝမ်ထုန်ကို သွားကြိုခိုင်းမှာမဟုတ်ဘူး။ ပြီးတော့ မင်းသမီးတစ်ဆယ်က ဉာဏ်ချို့ယွင်းနေတာ။ ဒါဆို ဒီတစ်ယောက်က ဘယ်သူများလဲ။ မင်းသမီးငယ်လေးတစ်ယောက်က ယွီဝမ်ထုန်ကို လာကြိုတာဆို နည်းနည်းတော့ရယ်စရာကောင်းတယ်။' လင်းကျန်က တွေးသည်။
ဤတန်ဖိုးကြီးရထားလုံး ပိုင်ရှင်အပြင် ရွှေဦးထုပ်နှင့် လက်သည်းလေးချောင်းပါ ရွှေနဂါးဝတ်ရုံကိုဝတ်ဆင်ထားသူလည်း ရှိသည်။ သူက ကြန်အင်လက္ခဏာကောင်းသော်လည်း အကြည့်စူးရှကာ အနည်းငယ် မရိုးသားပုံပေါ်သည်။ သူက ဖော်ရွေပုံမပေါ်ရုံသာမက ကြည့်မိသူအားလုံးကို ကျောစိမ့်သွားစေ၏။ လင်းကျန်က ဤလူငယ်မှာ မည်သည့်မင်းသားမှန်း တိတိကျကျမသိသော်လည်း တော်ဝင်မိသားစုဝင်ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
လင်းကျန်နှင့်ယွီဝမ်ထုန်က မြင်းရထားလုံးထဲမှ အတူတူထွက်လာသည်။ သူတို့ကိုစောင့်နေသူများက ဤသည်ကိုမြင်သောအခါ ရှေ့တိုးလာကြသည်။ ဇိမ်ခံရထားလုံးထဲမှ အမျိုးသမီးပင် ဆင်းလာသည်။ သူမက မျက်နှာလွှားဇာကို ဝတ်ထား၏။ သူမ၏ ကြန်အင်လက္ခဏာကို ထင်ထင်ရှားရှားမမြင်ရသော်လည်း သူမ၏ကြော့ရှင်းသော မျက်နှာကျကိုမူ လင်းကျန်ခွဲခြားနိုင်သည်။ ကြမ်းပြင်အထိအရှည်ရှိသော သားသားနားနားဝတ်စုံကိုဝတ်ထားသည့်သူမက ယွီဝမ်ထုန်ကို အရည်လဲ့ကာတောက်ပသောမျက်လုံးများဖြင့် ကြည့်နေသည်။
"မြို့တော်ကိုပြန်လာတာ ကြိုဆိုပါတယ်၊ စစ်သူကြီး။ ငါတို့တွေက မင်းပြန်လာမှာကို မျှော်လင့်တကြီးစောင့်နေကြတာ ရက်အတော်ကြာပြီ။ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။" လက်သည်းလေးခုပါ ရွှေနဂါးဝတ်ရုံကိုဝတ်ထားသူလူငယ်က ဦးစွာနှုတ်ဆက်သည်။
ယွီဝမ်ထုန်က လက်ကိုအရှေ့ထုတ်ကာ ဦးညွှတ်လိုက်သည်။ "ဘုရင်သွမ်ကို အရိုအသေပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်။"
ကြီးမြတ်သောယွဲ့တိုင်းပြည်၏ မဟာစစ်သူကြီးတစ်ယောက်အနေဖြင့် တော်ဝင်မိသားစုဝင်တစ်ယောက်နှင့်တွေ့လျှင် ဒူးထောက်ရမည့်အစား ဦးညွှတ်ရုံနှင့် အရိုအသေပေးနိုင်သည့် အထူးအခွင့်အရေးရှိသည်။
ထိုသို့သော အထူးအခွင့်အရေးမရှိသည့် လင်းကျန်နှင့် အခြားလူအားလုံးက အရိုအသေပေးရန် ဒူးထောက်ရသည်။
သို့သော် ကျိုးမင်ယွမ်ဟု အမည်ရသော ဘုရင်သွမ်၊ သို့မဟုတ် မင်းသားသုံးက သူ့အားအဆိပ်ခတ်ရန် ပန်းဖန်ကိုအမိန့်ပေးခဲ့သူဖြစ်နိုင်သည်။ လင်းကျန်က မျက်လွှာချကာ အေးစက်မှုကိုဖုံးကွယ်ထားသည်။
ကျိုးမင်းယွမ်က ယွီဝမ်ထုန်ကိုကြည့်ပြီးနောက် လင်းကျန်ကိုကြည့်သည်။ သူကလင်းကျန်ကို ပြုံး၍ထူပေးကာပြောသည်။ "ဒါက သခင်လေးလင်းဖြစ်မယ်ထင်တယ်။ မင်းက ရင်သပ်ရှုမောရလောက်အောင်ကြည့်ကောင်းပြီး ဥပဓိရုပ်တော်တော်ကောင်းတယ်။ 'လူကို ဂုဏ်သတင်းနဲ့သိတာက ကိုယ်တိုင်တွေ့တာလောက် မကောင်းဘူး'ဆိုတာ အမှန်ပဲ။"
ကျိုးမင်းယွမ်က လင်းကျန်၏လက်မောင်းကို အားသုံးကာ ညှပ်ကဲ့သို့ ဆုပ်ကိုင်ထားသည်။ လင်းကျန်က တိတ်တဆိတ် မျက်မှောင်ကြုတ်မိသော်လည်း မျက်နှာထားမှာ အလွန်တည်ငြိမ်သည်။ သူကအေးအေးဆေးဆေး ပြန်ပြောသည်။ "ကျေးဇူးတင်ပါတယ်၊ ဘုရင်သွမ်။"
ယွီဝမ်ထုန်က ကျိုးမင်းယွမ်၏လက်များကို အေးစက်စက် ခေါင်းလှည့်ကြည့်သည်။
ကျိုးမင်းယွမ်၏မျက်နှာတောင့်သွားကာ ဆုပ်ကိုင်ထားမှုကိုလွှတ်လိုက်ပြီးပြောသည်။ "စစ်သူကြီးက သဝန်တိုနေတာလား။ ငါက သခင်လေးလင်းကို ထူပေးရုံပဲဟာ မင်းအကြည့်က ငါ့ကိုအစိမ်းလိုက်စားတော့မဲ့ပုံနဲ့။ အာ၊ စစ်သူကြီးရာ မင်းလည်းဒီလိုအခြေအနေမျိုးဖြစ်သွားမယ်လို့ ငါလုံးဝမထင်ထားဘူး။"
မင်းသား၏နောက်တွင်ရပ်နေသော အရာရှိအားလုံးက ယဉ်ကျေးစွာရယ်ကြသည်။
သို့သော် လင်းကျန်မှာ ကျိုးမင်းယွမ်ကို အနိုင်ကျင့်နေတာဟု ကုန်အော်လိုက်ချင်သည်။ 'ချီးထုပ်ကောင်။'
"အစ်ကိုက သခင်လေးလင်းကို ခြောက်လိုက်တာပဲ။ သခင်လေးလင်း၊ ဒီမှာကျွန်မနဲ့ တူတူလာနေပါလား။ ရှင့်ကိုယ်ရှင် ယောက်ျားတွေအဆင့်လောက် မနှိမ်ချပါနဲ့။" ညင်သာကာ ချစ်စရာကောင်းသော မိန်းကလေးသံတစ်သံက ရုတ်တရက်ဝင်ပြောသည်။
လင်းကျန်၏အကြည့်များ အေးစက်သွားသည်။ သူက ယွီဝမ်ထုန်သောင်းကြမ်းတော့မည်ကို တွေ့သောအခါ လက်မြှောက်၍တားကာ ထိုမိန်းကလေးကိုပြောလိုက်သည်။ "ဒီဆွေကြီးမျိုးကြီးအမျိုးသမီးက ဘယ်သူများလဲ။ မင်းရဲ့မျက်နှာလွှားဇာကြောင့် အမြင်အာရုံ ဝေဝါးနေတာ၊ ဒါမှမဟုတ် လေက မင်းကောင်းကောင်းမကြားရအောင် တားနေတာဖြစ်ရမယ်။ လူမှုရေးကျင့်ဝတ်ရှိတဲ့ယောက်ျားတစ်ယောက်အနေနဲ့ မင်းရဲ့ဂုဏ်သတင်းမထိခိုက်အောင် ဒီမှာနေပဲနေတာက သင့်လျော်ပါတယ်။ ကျွန်တော်သာ သင်နဲ့အတူလာနေရင် လူတွေကတစ်မျိုးတွေးလို့ မင်းရဲ့ခင်ပွန်းရှာခွင့် ထိခိုက်သွားပြီး ကျွန်တော်တာဝန်ယူနေရမယ်။"
လူအုပ်ကြီး တိတ်သွားပြီး လင်းကျန်ကို လန့်ဖျပ်ကာကြည့်နေကြသည်။ လင်းကျန်က ထိုအမျိုးသမီးကို တိုက်ရိုက်ပြန်ဖြေရဲမည်ဟု သူတို့လုံးဝမထင်ထားပေ။
မျက်နှာလွှားဇာကြောင့် အမြင်ဝေဝါးနေသည်ဟုပြောခြင်းမှာ သူမတွင် အမြင်အာရုံယိုယွင်းနေသည်ဟုပြောခြင်းနှင့် မခြားပေ။ သူမကိုကန်းနေသည်ဟု ပြောခြင်းနှင့်ထပ်တူနီးပင်။ ထိုနည်းတူပင် လေကြောင့် ကောင်းကောင်းမကြားရဟု ပြောခြင်းက သူမကိုမကြားအာရုံချို့ယွင်းနေသည်ဟုပြောခြင်းနှင့်မခြားဘဲ နားကန်းနေသည်ဟုပြောခြင်းနှင့် တပ်တူကျလုနီးပါးဖြစ်နေသည်။ ထို့နောက် သူမကိုခင်ပွန်းတစ်ယောက်ပင် ရှာနိုင်မည်မဟုတ်ဟု မလိုတမာပြောခဲ့သည်။
"အတင့်ရဲလိုက်တာ။ မင်းလို သာမန်လူတစ်ယောက်ကများ ငါတို့ရဲ့မင်းသမီးကို အဲ့လိုပြောရဲတယ်။ ဒူးထောက်ပြီး အပြစ်ကိုဝန်ခံစမ်း။"
မိန်းမစိုးတစ်ယောက်၏ စူးရှရှလေသံထွက်လာသည်။ ထိုအမျိုးသမီးဘေးမှ မုတ်ဆိတ်မွေးမရှိ၊ အသားခပ်လတ်လတ်နှင့် မိန်းမစိုးက လင်းကျန်ကို လက်ညှိုးထိုးကာ ဒေါသတကြီးပြစ်တင်ကြိမ်းမောင်းသည်။
"ကျွန်တော့်ရဲ့ စကားလုံးတိုင်းက ရိုးသားပြီး စစ်မှန်ပါတယ်။ ဘယ်တစ်ခွန်းကများ မင်းတို့ရဲ့မင်းသမီးကို စော်ကားမိလို့လဲ။ မင်းသမီးက သိပ်စိတ်မချမ်းမြေ့မှတော့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘဲ ဒူးထောက်တောင်းပန်ရမှာပေါ့။ ယွီဝမ်ထုန်၊ ခင်ဗျားနဲ့အတူ မြို့တော်ကိုလိုက်လာတဲ့အကြံက မကောင်းတဲ့ပုံပဲ။ ကျွန်တော် မြို့တံခါးကိုတောင်မဖြတ်ရသေးပေမဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်ကို ညိုညင်စေမိပြီ။ ကျွန်တော်သာ မြို့တော်ထဲမှာနေရင် ကျွန်တော့်ဘဝတော့ ကပ်ဆိုက်မှာပဲ။ အဲ့ဒါဆို ကျွန်တော်တို့ လက်ထပ်တာကလည်း အလဟဿဖြစ်သွားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ 'စစ်သူကြီး'ဆိုတဲ့ ကြီးကြီးကျယ်ကျယ်ရာထူးက သိပ်အရေးမပါဘူးထင်တယ်။ ခင်ဗျားက ရာထူးကြီးအရာရှိဆိုပြီး ကျွန်တော့်ကို အယုံသွင်းထားတယ်။ ရှက်စရာပဲ။ ကျွန်တော် ဒူးထောက်တောင်းပန်ပြီးရင် နေထိုင်ရပိုလွယ်တဲ့ ထန်းယန်ကို ပြန်တော့မယ်။"
လူအားလုံးမှာ ဤစကားကြောင့် ကြက်သေသေသွားကြသည်။
"အဲ့ဒါ ကိုယ့်အမှားပါ။ ကိုယ်တောင်းပန်ပါတယ်။" ယွီဝမ်ထုန်က လင်းကျန်ရှိသည့်ဘက်သို့ လှည့်ကာ ညင်ညင်သာသာပြောသည်။ "ဒေါသမထွက်ပါနဲ့တော့။"
ထို့နောက် သူက များစွာအေးစက်သောမျက်နှာထားဖြင့် နောက်ပြန်လှည့်သွားကာ အမျိုးသမီးကိုပြောသည်။ "မင်းသမီး၊ လင်းကျန်က ဒီနေရာနဲ့စိမ်းပြီး စည်းမျဉ်းတွေနဲ့လည်း မရင်းနှီးပါဘူး။ သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်စရာစကားတွေကို ခွင့်လွှတ်ပေးပါ။ တကယ်လို့ အဲ့ဒါက မင်းသမီးကို တကယ်စိတ်မချမ်းမမြေ့ဖြစ်စေရင် ကျွန်တော်ကိုယ်တိုင်ဒူးထောက်ပြီး သူ့ရဲ့အဆင်အခြင် ကင်းမဲ့ခဲ့မှုအတွက် တောင်းပန်ပါ့မယ်။"
ထို့နောက် သူကဝတ်ရုံအောက်နားစကိုဖယ်ကာ ဒူးထောက်ရန်ပြင်သည်။
"စစ်သူကြီး။"
ယောင်ရိတို့က တစ်ပြိုင်နက်အော်ခေါ်ကြသည်။
ရှိနေသောအရာရှိများလည်း ချက်ချင်းမျက်နှာထားပြောင်းသွားကြသည်။
ဘုရင်သွမ်က ယွီဝမ်ထုန်ကို မြန်မြန်တားသည်။ "မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ဒူးမထောက်ပါနဲ့၊ စစ်သူကြီး။ ငါ့ညီမက စနောက်နေရုံပါ။"
မျက်နှာလွှားဇာနောက်မှ မင်းသမီးကိုးက အသံတုန်တုန်နှင့် ပြောသည်။ "ကျွန်မရဲ့ အစ်ကိုပြောတာ မှန်ပါတယ်။ ကျွန်မက သခင်လေးလင်းကို စနောက်နေရုံပါ။ ဒါအားလုံးက ဒီလက်ပါးစေရဲ့ အမှားပါ။ သူက ဇာချဲ့ပြီး ဒီလိုအထင်လွဲစေမိတာပါ။ အစောင့်တွေ၊ သူ့ကို သင်ခန်းစာပေးလိုက်။"
"ဟုတ်ကဲ့ပါ၊ မင်းသမီး။"
တစ်စုံတစ်ယောက် ပါးရိုက်ခံရသံ တဖြန်းဖြန်းထွက်လာသည်။ လင်းကျန်အားလက်ညှိုးထိုးကာ ပြစ်တင်မောင်းမဲခဲ့သည့် မိန်းမစိုးက အပြစ်ပေးခံရသည်။ မကြာခင်တွင် သူ့ပါးစပ်ထောင့်များ၌ သွေးစို့လာသည်။
ဘုရင်သွမ်က သူ့အနောက်တွင်ရပ်နေသူကို မျက်နှာရိပ်ပြလိုက်သောအခါ အရာရှိအုပ်စုထဲမှတစ်ယောက်က အရှေ့ထွက်လာပြီးပြောသည်။ "ခရီးရှည်ကြီးနှင်လာရတော့ စစ်သူကြီးပင်ပန်းနေရောပေါ့။ မြို့ထဲ ပြန်သွားပြီး နည်းနည်းလောက်အနားယူပါလား။ အရှင်ဧကရာဇ်က ညကျရင် သင့်ကိုကြိုဆိုဖို့ တိုင်ချင်းနန်းဆောင်မှာ ပွဲကျင်းပမှာ။ အရှင်ဧကရာဇ်က သင်ပြန်လာမှာကို တစ်ချိန်လုံးစောင့်နေခဲ့တာ။ ဝမ်ပြည်ထောင်စုနဲ့တိုက်ပွဲမှာ အပြတ်အသတ် အနိုင်ယူပေးခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့တိုင်းပြည်က သင့်အပေါ်ကျေးဇူးတင်ရမှာပါ။ အခုတော့ သူတို့က ခြေထောက်ထဲအမြီးဖွက်ပြီး သံတမန်ရေးလာညှိနှိုင်းတော့ ကျွန်တော်တို့အားလုံး ဝမ်းမြောက်ရပါတယ်။"
"ဟုတ်ပါတယ်၊ စစ်သူကြီး။ ဝမ်ပြည်ထောင်စုကရန်သူတွေကို သင်ဘယ်လိုချေမှုန်းခဲ့တယ်ဆိုတာ ညကျကြိုဆိုပွဲမှာ နားထောင်ရဖို့မျှော်လင့်နေပါတယ်။ ဒီဖြစ်အင်က ကျွန်တော်တို့လို စစ်မြေပြင်မဝင်နိုင်တဲ့လူတွေအားလုံးအတွက် ဆန္ဒပြည့်ဝစရာ ဖြစ်မှာပါ။"
"ဘယ်လိုလဲ၊ စစ်သူကြီး။ သခင်လေးလင်းလည်း ပင်ပန်းနေမယ်လို့ ငါထင်တယ်။" ဘုရင်သွမ်က အပြုံးဖြင့်ပြောသည်။
ယွီဝမ်ထုန်ကပြန်ပြောသည်။ "ဒါပေါ့၊ ဘုရင်သွမ်ရဲ့အကြံပြုချက်ကို ကျွန်တော်လိုက်နာမှာပါ။"
ဘုရင်သွမ်က ထိုစကားကိုကြားသောအခါ ရယ်မောသည်။ "ကောင်းတယ်။ ဒါဆို ပြန်ကြရအောင်။"
ယွီဝမ်ထုန်က လင်းကျန်ဘက်သို့ လှည့်မေးသည်။ "မင်း စိတ်ဆိုးနေတုန်းလား။"
လင်းကျန်က သူ့ကိုစောင်ကြည့်သည်။ "ကျွန်တော် ဘယ်တုန်းက စိတ်ဆိုးလို့လဲ။ ခင်ဗျားက အဖြူကိုအမည်းဖြစ်အောင်ပြောနိုင်လောက်တဲ့အထိ ပိပိရိရိလှည့်ဖြားတတ်တာပဲ။"
ယွီဝမ်ထုန်က ချက်ချင်းပြန်ပြောသည်။ "ကိုယ်က အထင်လွဲသွားတာပါ။ မင်းကို ရထားလုံးဆီ လမ်းပြပေးမယ်။"
လင်းကျန်က ပြောသည်။ "ကျွန်တော် ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်နိုင်သားပဲ။ ခင်ဗျား ဒီလိုဒုက္ခခံစရာ မလိုပါဘူး။"
သို့ရာတွင် ယွီဝမ်ထုန်က လင်းကျန်ကို ရထားလုံးဆီသို့ ဂရုတစိုက်ခေါ်သွားပေးသည်။ ရထားလုံးလိုက်ကာ ကျသွားမှသာ သူကသက်ပြင်းချသည်။ ထို့နောက် သူကဟက်ဟက်ပက်ပက်မရှိသော မျက်နှာထားဖြင့် လှည့်ကာ ဘုရင်သွမ်ကိုပြောသည်။ "စောင့်ဆိုင်းစေမိလို့ အားနာပါတယ်၊ ဘုရင်သွမ်။ ရှေ့ကအရင်သွားပါ။"
ဘုရင်သွမ်က အကြည့်အနည်းငယ်ပြောင်းသွားပြီး ပြုံးသည်။ "ဒီလမ်းအတိုင်း လိုက်ခဲ့ပါ။"
အရာရှိများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ဖလှယ်ပြီးနောက် လင်းကျန်၏ရထားလုံးကို မသိမသာခိုးကြည့်မိကြသည်။
လှည်းတန်းရှည်က ထပ်ထွက်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ဘုရင်သွမ်၏နောက်လိုက်များနှင့် ရာထူးအမျိုးမျိုးမှအရာရှိများပါ လိုက်လာရာ လှည်းတန်းက ပိုရှည်ကာ အင်အားကြီးမားပုံပေါ်သည်။
သူတို့ထွက်သွားသည်အထိ ပါးရိုက်သံထွက်နေဆဲပင်။ ထိုမိန်းမစိုးက မင်းသမီးကိုးနှင့်အလားတူ ချန်ထားခံရသည်။ သူမက ဒေါသထွက်လွန်း၍ လိုက်ကိုင်ပုဝါကို ဆက်တိုက်လိမ်ကာ သွားကျိုးလုနီးပါး အံကြိတ်ထားသည်။ သူမ၏မျက်နှာထားသည်လည်း ကြောက်မက်ဖွယ်ရာအေးစက်နေရာ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမှာ ခေါင်းပင်မမော့ရဲကြပေ။
မြင်းရထားလုံးထဲတွင် နံရံကိုမှီကာထိုင်နေသော လင်းကျန်သည်လည်း လွန်လေပြီးသောအခိုက်အတန့်ကကဲ့သို့ စိတ်ဓာတ်ခက်မာပုံမပေါ်ဘဲ မျက်နှာထားမှုန်တေတေဖြစ်နေသည်။
'မင်းသမီးကိုးက ကျောက်ဟွာဘုရားကျောင်းမှာ နေရမဲ့ဟာ ဒီကိုတကူးတက လာသေးတယ်။ သူက ဘာတွေတွေးနေတာလဲ။ လုပ်ကြံသူအားလုံးသေသွားလို့ သူမကိုမဖော်နိုင်ဘူး ထင်နေတာလား။
ပြီးတော့ ဘုရင်သွမ်က...
ဒါ တိုက်ဆိုင်လွန်းတယ်။ သူတို့ထဲမှာ တစ်ယောက်က ငါ့ကိုလုပ်ကြံခဲ့ပြီး တစ်ယောက်က ငါ့ကို အဆိပ်ခတ်ခဲ့တယ်။ သူတို့နှစ်ယောက်လုံးက ယွီဝမ်ထုန်ကို ဒီမှာလာကြိုတယ်။
ဘုရင်သွမ်က မင်းသမီးကိုးထက်တော့ ပါးနပ်တယ်။ စောနလေးတင်က သူဟန်ဆောင်ထားတာ တော်တော်ကောင်းတယ်။ သူက နောက်ကွယ်မှာ အကွက်ချနေမယ်လို့ ဘယ်သူထင်ထားမှာလဲ။
တော်ဝင်မိသားစုဝင်တွေက ဒီလိုပဲလား။
မြို့တော်ထဲမှာ ငါမှီခိုနိုင်တာက ယွီဝမ်ထုန်တစ်ယောက်တည်းပဲရှိတယ်။ သဘောထားမှာပဲဖြစ်ဖြစ်၊ တခြားဟာမှာပဲဖြစ်ဖြစ် ငါ့ရဲ့ကိုယ်ပိုင်အယောင်ဆောင်ထားတဲ့ပုံကို ဆက်ထိန်းထားရမယ်။
ကံကောင်းပြီး ယွီဝမ်ထုန်က ခုနကပေးလိုက်တဲ့ အရိပ်အခြည်ကို သဘောပေါက်လောက်အောင် နောကျေပေလို့။ မဟုတ်ရင် ငါထန်းယန်ကို တကယ်ပြန်ရလောက်တယ်။'
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ၿမိဳ႕ဝင္ေပါက္တြင္ ထိပ္တိုက္ေတြ႕ျခင္း
.............................................
ၿမိဳ႕ေတာ္မွလူအားလုံးက ယြီဝမ္မိသားစုကို အာ႐ုံစိုက္ေနခ်ိန္တြင္ ထန္းယန္မွလွည္းတန္းရွည္က ၿမိဳ႕ေတာ္ထဲသို႔ ဝင္လာသည္။
ပန္းတိုင္သို႔မေရာက္ခင္ လမ္းတစ္ဝက္တြင္ ေနာက္ထပ္လုပ္ႀကံမႈတစ္ခုထပ္ရွိလာေသာ္လည္း အႏၱရာယ္ရွိသည္ထက္ အထိတ္တလန့္သာ ပိုျဖစ္ေစသည္။
လွည္းတန္းက ၿမိဳ႕ေတာ္သို႔ေရာက္ခါနီးမွသာ လင္းက်န္ႏွင့္ယြီဝမ္ထုန္တို႔ ျပန္ေပၚလာသည္။ သူတို႔ႏွစ္ေယာက္ လုံလုံၿခဳံၿခဳံျပန္ေရာက္လာသည္ကိုေတြ႕မွသာ လူတိုင္းစိတ္ေအးသြားၾကသည္။
"ျပန္လာတဲ့လမ္းမွာ အခက္အခဲရွိခဲ့ပါေသးလား၊ သခင္ေလး။"
"မရွိပါဘူး။ ခင္ဗ်ားတို႔ေကာ။ တစ္ေယာက္ေယာက္ ထိခိုက္သြားေသးလား။"
လင္းက်န္က ဝမ္တရွန္တို႔ကို ေစ့ေစ့စပ္စပ္ ၾကည့္ရႈစစ္ေဆးၾကည့္ရာ ယန္လွ်ိုက်ီႏွင့္အေစာင့္အခ်ိဳ႕၏ကိုယ္ေပၚ၌ ဒဏ္ရာမ်ားရွိေနသည္ကို ေတြ႕လိုက္ရသည္။ "ခင္ဗ်ားတို႔ရဲ႕ဒဏ္ရာေတြက ဘယ္ေလာက္ဆိုးလဲ။ သမားေတာ္က ဘာေျပာသြားေသးလဲ။"
"ဒဏ္ရာအေသးစားေလးေတြပါ။ ကြၽန္ေတာ့္တို႔ရဲ႕ ကိုယ္ခံအားကေကာင္းေတာ့ မၾကာခင္ျပန္သက္သာလာလိမ့္မယ္လို႔ သမားေတာ္ကေျပာသြားတယ္။"
ယန္လွ်ိုက်ီတို႔က ရွက္႐ြံ႕စြာ ေခါင္းကုတ္ေနၾကသည္။ တကယ္တမ္းတြင္ သူတို႔ဒဏ္ရာရသြားသည့္ အေၾကာင္းရင္းမွာ ကြန္ဖူးအရည္အခ်င္းသိပ္မေကာင္း၍ဟု သူတို႔အားလုံးခံစားရသည္။ ေယာင္ရိတို႔အားလုံး ဒဏ္ရာမရပုံႏွင့္ ႏွိုင္းယွဥ္ၾကည့္ပါက ဒဏ္ရာရသူမ်ားမွာ အေတာ္ကသိကေအာက္ျဖစ္မိၾကသည္။
"ကြၽန္ေတာ္တို႔ေတြက အသုံးမက်ပါဘူး၊ သခင္ေလး။"
လင္းက်န္က ယန္လွ်ိုက်ီတို႔ကို တည္ၾကည္ေသာမ်က္ႏွာထားျဖင့္ ေျပာသည္။ "ခင္ဗ်ားတို႔ေတြ အေကာင္းဆုံးႀကိဳးစားေနသမွ် ဘယ္သူမွမသုံးမဝင္ မျဖစ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ အထင္မေသးပါနဲ႕။ ခင္ဗ်ားတို႔ရဲ႕ ကြန္ဖူးအရည္အခ်င္းက ခင္ဗ်ားတို႔ရဲ႕အလုပ္နဲ႕ ကိုက္ညီေလာက္ေအာင္ မေကာင္းဘူးလို႔ ခံစားရရင္ ေလ့က်င့္ေရးမွာ အားပိုထည့္ပါ။"
"ဟုတ္ကဲ့ပါ၊ သခင္ေလး။"
လင္းက်န္က ၿမိဳ႕ေတာ္၌ အေျခက်ၿပီးလွ်င္ သူ၏အေစာင့္မ်ားကို သင္ၾကားေပးရန္အတြက္ ကြန္ဖူးကြၽမ္းက်င္သူတစ္ေယာက္ကို ငွားလွ်င္ေကာင္းမလားဟု စတင္ေတြးေတာေနသည္။ ယခုရက္ပိုင္းအတြင္းတြင္ သူတို႔ကေယာင္ရိတို႔ႏွင့္ အတူေနခဲ့ရၿပီး တစ္ခါတစ္ရံတြင္ သူတို႔ကေယာင္ရိတို႔၏ ကြန္ဖူးစြမ္းရည္အား မည္မွ်အားက်ေနေၾကာင္းကို အျပင္လူပင္ေျပာနိုင္သည္။
*****
"စံအိမ္ကို သန့္ရွင္းၿပီးၿပီ။ အဲ့ဒီအိမ္က လုံလုံေလာက္ေလာက္ ႀကီးၿပီး ယြီဝမ္မိသားစုနဲ႕ သိပ္မေဝးဘူး။ ေလ့က်င့္ေရးကြင္းက်ယ္က်ယ္လည္း ပါတယ္။ အစတုန္းကေတာ့ ၿခံကိုလွလွပပနဲ႕သပ္ရပ္ေအာင္ ျပဳျပင္ခ်င္ေပမဲ့ အေစာင့္ေတြက ၿခံကိုေစာင့္ၾကည့္ေနဖို႔ အဆင္မေျပေတာ့ ကိုယ္စိတ္ေျပာင္းၿပီး မင္းၿခံရဲ႕နံရံေတာက္ေလွ်ာက္မွာပဲ ဝါးပင္တစ္ခ်ိဳ႕ စိုက္ထားတယ္။ ေလ့က်င့္ေရးကြင္းေရွ႕မွာလည္း ဥယ်ာဥ္တစ္ခုရွိတယ္။"
ယြီဝမ္ထုန္က သူၿမိဳ႕ေတာ္တြင္လင္းက်န္အတြက္ ဝယ္ထားေသာစံအိမ္၏ ပိုင္ဆိုင္မႈစာခ်ဳပ္ကို ကမ္းေပးသည္။
လင္းက်န္က ပိုင္ဆိုင္မႈစာခ်ဳပ္ကို သိမ္းကာေျပာ၏။ "ကြၽန္ေတာ္ သိၿပီ။"
စံအိမ္က အဆင္သင့္ျဖစ္ေနၿပီျဖစ္ရာ စီစဥ္ရန္လိုအပ္သည္မ်ားကို သူျပင္ဆင္ရေတာ့မည္။
မၾကာခင္တြင္ လွည္းတန္းရွည္က ၿမိဳ႕ျပင္သို႔ေရာက္လာသည္။ သူတို႔ကို လာေတြ႕သူက အေတာ္မ်ား၏။ ၎တို႔ထဲတြင္ အမ်ိဳးသားအားလုံးက ဝတ္႐ုံမ်ားကို ဝတ္ဆင္ထားၿပီး ရာထူးအေတာ္ျမင့္ပုံပင္။ သူတို႔ထဲတြင္ အထင္းဆုံးမွာ ျမင္းရထားလုံးထဲ၌ ထိုင္ေနေသာ အမ်ိဳးသမီးတစ္ေယာက္ပင္။ ရထားလုံးက ထူးျခားၿပီး အလြန္တန္ဖိုးႀကီးသည္။ ေလဒဏ္ကာကြယ္ေပးေသာ သာမန္ရထားလုံးမ်ားႏွင့္ မတူသည္မွာ ဤရထားလုံးတြင္ ေဘးအကာခ်ပ္ျပားမပါဘဲ တိုင္ေလးတိုင္၊ မ်က္ႏွာၾကက္ႏွင့္ ေလေျပအၾကား တလူလူလြင့္ေနေသာ ဇာလိုက္ကာမ်ားသာပါသည္။ ေလႏွင့္အတူပါလာေသာ ေရေမႊးနံ႕ကို လွည္းတန္းထဲမွလူမ်ားက အနံ႕ရေနသည္။
အေရးအႀကီးဆုံးမွာ ဤျမင္းရထားလုံး၏ေနာက္တြင္ နန္းတြင္းအေစာင့္မ်ားရပ္ေနၿပီး အေရွ႕တြင္ မိန္းမစိုးႏွင့္ နန္းတြင္းအေစခံအခ်ိဳ႕ ရွိေနသည္။ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္ကသာ ဤသို႔ေသာအေဆာင္အေယာင္မ်ိဳးကို ရနိုင္သည္။ 'သူက မင္းသမီးတစ္ပါးလား။ မင္းသမီးကိုးက ေက်ာက္ဟြာဘုရားေက်ာင္းကို သြားၿပီ။ မင္းသမီးရွစ္က ေစ့စပ္ထားၿပီးၿပီဆိုေတာ့ ဧကရာဇ္က ယြီဝမ္ထုန္ကို သြားႀကိဳခိုင္းမွာမဟုတ္ဘူး။ ၿပီးေတာ့ မင္းသမီးတစ္ဆယ္က ဉာဏ္ခ်ိဳ႕ယြင္းေနတာ။ ဒါဆို ဒီတစ္ေယာက္က ဘယ္သူမ်ားလဲ။ မင္းသမီးငယ္ေလးတစ္ေယာက္က ယြီဝမ္ထုန္ကို လာႀကိဳတာဆို နည္းနည္းေတာ့ရယ္စရာေကာင္းတယ္။' လင္းက်န္က ေတြးသည္။
ဤတန္ဖိုးႀကီးရထားလုံး ပိုင္ရွင္အျပင္ ေ႐ႊဦးထုပ္ႏွင့္ လက္သည္းေလးေခ်ာင္းပါ ေ႐ႊနဂါးဝတ္႐ုံကိုဝတ္ဆင္ထားသူလည္း ရွိသည္။ သူက ၾကန္အင္လကၡဏာေကာင္းေသာ္လည္း အၾကည့္စူးရွကာ အနည္းငယ္ မရိုးသားပုံေပၚသည္။ သူက ေဖာ္ေ႐ြပုံမေပၚ႐ုံသာမက ၾကည့္မိသူအားလုံးကို ေက်ာစိမ့္သြားေစ၏။ လင္းက်န္က ဤလူငယ္မွာ မည္သည့္မင္းသားမွန္း တိတိက်က်မသိေသာ္လည္း ေတာ္ဝင္မိသားစုဝင္ျဖစ္ေၾကာင္းကို တစ္ခ်က္ၾကည့္႐ုံႏွင့္ ေျပာနိုင္သည္။
လင္းက်န္ႏွင့္ယြီဝမ္ထုန္က ျမင္းရထားလုံးထဲမွ အတူတူထြက္လာသည္။ သူတို႔ကိုေစာင့္ေနသူမ်ားက ဤသည္ကိုျမင္ေသာအခါ ေရွ႕တိုးလာၾကသည္။ ဇိမ္ခံရထားလုံးထဲမွ အမ်ိဳးသမီးပင္ ဆင္းလာသည္။ သူမက မ်က္ႏွာလႊားဇာကို ဝတ္ထား၏။ သူမ၏ ၾကန္အင္လကၡဏာကို ထင္ထင္ရွားရွားမျမင္ရေသာ္လည္း သူမ၏ေၾကာ့ရွင္းေသာ မ်က္ႏွာက်ကိဳမူ လင္းက်န္ခြဲျခားနိုင္သည္။ ၾကမ္းျပင္အထိအရွည္ရွိေသာ သားသားနားနားဝတ္စုံကိုဝတ္ထားသည့္သူမက ယြီဝမ္ထုန္ကို အရည္လဲ့ကာေတာက္ပေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။
"ၿမိဳ႕ေတာ္ကိုျပန္လာတာ ႀကိဳဆိုပါတယ္၊ စစ္သူႀကီး။ ငါတို႔ေတြက မင္းျပန္လာမွာကို ေမွ်ာ္လင့္တႀကီးေစာင့္ေနၾကတာ ရက္အေတာ္ၾကာၿပီ။ ေနာက္ဆုံးေတာ့ မင္းျပန္လာၿပီေပါ့။" လက္သည္းေလးခုပါ ေ႐ႊနဂါးဝတ္႐ုံကိုဝတ္ထားသူလူငယ္က ဦးစြာႏႈတ္ဆက္သည္။
ယြီဝမ္ထုန္က လက္ကိုအေရွ႕ထုတ္ကာ ဦးၫႊတ္လိုက္သည္။ "ဘုရင္သြမ္ကို အရိုအေသေပးရတဲ့အတြက္ ဂုဏ္ယူမိပါတယ္။"
ႀကီးျမတ္ေသာယြဲ႕တိုင္းျပည္၏ မဟာစစ္သူႀကီးတစ္ေယာက္အေနျဖင့္ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္ႏွင့္ေတြ႕လွ်င္ ဒူးေထာက္ရမည့္အစား ဦးၫႊတ္႐ုံႏွင့္ အရိုအေသေပးနိုင္သည့္ အထူးအခြင့္အေရးရွိသည္။
ထိုသို႔ေသာ အထူးအခြင့္အေရးမရွိသည့္ လင္းက်န္ႏွင့္ အျခားလူအားလုံးက အရိုအေသေပးရန္ ဒူးေထာက္ရသည္။
သို႔ေသာ္ က်ိဳးမင္ယြမ္ဟု အမည္ရေသာ ဘုရင္သြမ္၊ သို႔မဟုတ္ မင္းသားသုံးက သူ႕အားအဆိပ္ခတ္ရန္ ပန္းဖန္ကိုအမိန့္ေပးခဲ့သူျဖစ္နိုင္သည္။ လင္းက်န္က မ်က္လႊာခ်ကာ ေအးစက္မႈကိုဖုံးကြယ္ထားသည္။
က်ိဳးမင္းယြမ္က ယြီဝမ္ထုန္ကိုၾကည့္ၿပီးေနာက္ လင္းက်န္ကိုၾကည့္သည္။ သူကလင္းက်န္ကို ၿပဳံး၍ထူေပးကာေျပာသည္။ "ဒါက သခင္ေလးလင္းျဖစ္မယ္ထင္တယ္။ မင္းက ရင္သပ္ရႈေမာရေလာက္ေအာင္ၾကည့္ေကာင္းၿပီး ဥပဓိ႐ုပ္ေတာ္ေတာ္ေကာင္းတယ္။ 'လူကို ဂုဏ္သတင္းနဲ႕သိတာက ကိုယ္တိုင္ေတြ႕တာေလာက္ မေကာင္းဘူး'ဆိုတာ အမွန္ပဲ။"
က်ိဳးမင္းယြမ္က လင္းက်န္၏လက္ေမာင္းကို အားသုံးကာ ညွပ္ကဲ့သို႔ ဆုပ္ကိုင္ထားသည္။ လင္းက်န္က တိတ္တဆိတ္ မ်က္ေမွာင္ၾကဳတ္မိေသာ္လည္း မ်က္ႏွာထားမွာ အလြန္တည္ၿငိမ္သည္။ သူကေအးေအးေဆးေဆး ျပန္ေျပာသည္။ "ေက်းဇူးတင္ပါတယ္၊ ဘုရင္သြမ္။"
ယြီဝမ္ထုန္က က်ိဳးမင္းယြမ္၏လက္မ်ားကို ေအးစက္စက္ ေခါင္းလွည့္ၾကည့္သည္။
က်ိဳးမင္းယြမ္၏မ်က္ႏွာေတာင့္သြားကာ ဆုပ္ကိုင္ထားမႈကိုလႊတ္လိုက္ၿပီးေျပာသည္။ "စစ္သူႀကီးက သဝန္တိုေနတာလား။ ငါက သခင္ေလးလင္းကို ထူေပး႐ုံပဲဟာ မင္းအၾကည့္က ငါ့ကိုအစိမ္းလိုက္စားေတာ့မဲ့ပုံနဲ႕။ အာ၊ စစ္သူႀကီးရာ မင္းလည္းဒီလိုအေျခအေနမ်ိဳးျဖစ္သြားမယ္လို႔ ငါလုံးဝမထင္ထားဘူး။"
မင္းသား၏ေနာက္တြင္ရပ္ေနေသာ အရာရွိအားလုံးက ယဥ္ေက်းစြာရယ္ၾကသည္။
သို႔ေသာ္ လင္းက်န္မွာ က်ိဳးမင္းယြမ္ကို အနိုင္က်င့္ေနတာဟု ကုန္ေအာ္လိုက္ခ်င္သည္။ 'ခ်ီးထုပ္ေကာင္။'
"အစ္ကိုက သခင္ေလးလင္းကို ေျခာက္လိုက္တာပဲ။ သခင္ေလးလင္း၊ ဒီမွာကြၽန္မနဲ႕ တူတူလာေနပါလား။ ရွင့္ကိုယ္ရွင္ ေယာက္်ားေတြအဆင့္ေလာက္ မႏွိမ္ခ်ပါနဲ႕။" ညင္သာကာ ခ်စ္စရာေကာင္းေသာ မိန္းကေလးသံတစ္သံက ႐ုတ္တရက္ဝင္ေျပာသည္။
လင္းက်န္၏အၾကည့္မ်ား ေအးစက္သြားသည္။ သူက ယြီဝမ္ထုန္ေသာင္းၾကမ္းေတာ့မည္ကို ေတြ႕ေသာအခါ လက္ျမႇောက္၍တားကာ ထိုမိန္းကေလးကိုေျပာလိုက္သည္။ "ဒီေဆြႀကီးမ်ိဳးႀကီးအမ်ိဳးသမီးက ဘယ္သူမ်ားလဲ။ မင္းရဲ႕မ်က္ႏွာလႊားဇာေၾကာင့္ အျမင္အာ႐ုံ ေဝဝါးေနတာ၊ ဒါမွမဟုတ္ ေလက မင္းေကာင္းေကာင္းမၾကားရေအာင္ တားေနတာျဖစ္ရမယ္။ လူမႈေရးက်င့္ဝတ္ရွိတဲ့ေယာက္်ားတစ္ေယာက္အေနနဲ႕ မင္းရဲ႕ဂုဏ္သတင္းမထိခိုက္ေအာင္ ဒီမွာေနပဲေနတာက သင့္ေလ်ာ္ပါတယ္။ ကြၽန္ေတာ္သာ သင္နဲ႕အတူလာေနရင္ လူေတြကတစ္မ်ိဳးေတြးလို႔ မင္းရဲ႕ခင္ပြန္းရွာခြင့္ ထိခိုက္သြားၿပီး ကြၽန္ေတာ္တာဝန္ယူေနရမယ္။"
လူအုပ္ႀကီး တိတ္သြားၿပီး လင္းက်န္ကို လန့္ဖ်ပ္ကာၾကည့္ေနၾကသည္။ လင္းက်န္က ထိုအမ်ိဳးသမီးကို တိုက္ရိုက္ျပန္ေျဖရဲမည္ဟု သူတို႔လုံးဝမထင္ထားေပ။
မ်က္ႏွာလႊားဇာေၾကာင့္ အျမင္ေဝဝါးေနသည္ဟုေျပာျခင္းမွာ သူမတြင္ အျမင္အာ႐ုံယိုယြင္းေနသည္ဟုေျပာျခင္းႏွင့္ မျခားေပ။ သူမကိုကန္းေနသည္ဟု ေျပာျခင္းႏွင့္ထပ္တူနီးပင္။ ထိုနည္းတူပင္ ေလေၾကာင့္ ေကာင္းေကာင္းမၾကားရဟု ေျပာျခင္းက သူမကိုမၾကားအာ႐ုံခ်ိဳ႕ယြင္းေနသည္ဟုေျပာျခင္းႏွင့္မျခားဘဲ နားကန္းေနသည္ဟုေျပာျခင္းႏွင့္ တပ္တူက်လဳနီးပါးျဖစ္ေနသည္။ ထို႔ေနာက္ သူမကိုခင္ပြန္းတစ္ေယာက္ပင္ ရွာနိုင္မည္မဟုတ္ဟု မလိုတမာေျပာခဲ့သည္။
"အတင့္ရဲလိုက္တာ။ မင္းလို သာမန္လူတစ္ေယာက္ကမ်ား ငါတို႔ရဲ႕မင္းသမီးကို အဲ့လိုေျပာရဲတယ္။ ဒူးေထာက္ၿပီး အျပစ္ကိုဝန္ခံစမ္း။"
မိန္းမစိုးတစ္ေယာက္၏ စူးရွရွေလသံထြက္လာသည္။ ထိုအမ်ိဳးသမီးေဘးမွ မုတ္ဆိတ္ေမြးမရွိ၊ အသားခပ္လတ္လတ္ႏွင့္ မိန္းမစိုးက လင္းက်န္ကို လက္ညွိုးထိုးကာ ေဒါသတႀကီးျပစ္တင္ႀကိမ္းေမာင္းသည္။
"ကြၽန္ေတာ့္ရဲ႕ စကားလုံးတိုင္းက ရိုးသားၿပီး စစ္မွန္ပါတယ္။ ဘယ္တစ္ခြန္းကမ်ား မင္းတို႔ရဲ႕မင္းသမီးကို ေစာ္ကားမိလို႔လဲ။ မင္းသမီးက သိပ္စိတ္မခ်မ္းေျမ့မွေတာ့ ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိဘဲ ဒူးေထာက္ေတာင္းပန္ရမွာေပါ့။ ယြီဝမ္ထုန္၊ ခင္ဗ်ားနဲ႕အတူ ၿမိဳ႕ေတာ္ကိုလိုက္လာတဲ့အႀကံက မေကာင္းတဲ့ပုံပဲ။ ကြၽန္ေတာ္ ၿမိဳ႕တံခါးကိုေတာင္မျဖတ္ရေသးေပမဲ့ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္ကို ညိုညင္ေစမိၿပီ။ ကြၽန္ေတာ္သာ ၿမိဳ႕ေတာ္ထဲမွာေနရင္ ကြၽန္ေတာ့္ဘဝေတာ့ ကပ္ဆိုက္မွာပဲ။ အဲ့ဒါဆို ကြၽန္ေတာ္တို႔ လက္ထပ္တာကလည္း အလဟႆျဖစ္သြားမယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခင္ဗ်ားရဲ႕ 'စစ္သူႀကီး'ဆိုတဲ့ ႀကီးႀကီးက်ယ္က်ယ္ရာထူးက သိပ္အေရးမပါဘူးထင္တယ္။ ခင္ဗ်ားက ရာထူးႀကီးအရာရွိဆိုၿပီး ကြၽန္ေတာ့္ကို အယုံသြင္းထားတယ္။ ရွက္စရာပဲ။ ကြၽန္ေတာ္ ဒူးေထာက္ေတာင္းပန္ၿပီးရင္ ေနထိုင္ရပိုလြယ္တဲ့ ထန္းယန္ကို ျပန္ေတာ့မယ္။"
လူအားလုံးမွာ ဤစကားေၾကာင့္ ၾကက္ေသေသသြားၾကသည္။
"အဲ့ဒါ ကိုယ့္အမွားပါ။ ကိုယ္ေတာင္းပန္ပါတယ္။" ယြီဝမ္ထုန္က လင္းက်န္ရွိသည့္ဘက္သို႔ လွည့္ကာ ညင္ညင္သာသာေျပာသည္။ "ေဒါသမထြက္ပါနဲ႕ေတာ့။"
ထို႔ေနာက္ သူက မ်ားစြာေအးစက္ေသာမ်က္ႏွာထားျဖင့္ ေနာက္ျပန္လွည့္သြားကာ အမ်ိဳးသမီးကိုေျပာသည္။ "မင္းသမီး၊ လင္းက်န္က ဒီေနရာနဲ႕စိမ္းၿပီး စည္းမ်ဥ္းေတြနဲ႕လည္း မရင္းႏွီးပါဘူး။ သူ႕ရဲ႕စိတ္အႏွောင့္အယွက္ျဖစ္စရာစကားေတြကို ခြင့္လႊတ္ေပးပါ။ တကယ္လို႔ အဲ့ဒါက မင္းသမီးကို တကယ္စိတ္မခ်မ္းမေျမ့ျဖစ္ေစရင္ ကြၽန္ေတာ္ကိုယ္တိုင္ဒူးေထာက္ၿပီး သူ႕ရဲ႕အဆင္အျခင္ ကင္းမဲ့ခဲ့မႈအတြက္ ေတာင္းပန္ပါ့မယ္။"
ထို႔ေနာက္ သူကဝတ္႐ုံေအာက္နားစကိုဖယ္ကာ ဒူးေထာက္ရန္ျပင္သည္။
"စစ္သူႀကီး။"
ေယာင္ရိတို႔က တစ္ၿပိဳင္နက္ေအာ္ေခၚၾကသည္။
ရွိေနေသာအရာရွိမ်ားလည္း ခ်က္ခ်င္းမ်က္ႏွာထားေျပာင္းသြားၾကသည္။
ဘုရင္သြမ္က ယြီဝမ္ထုန္ကို ျမန္ျမန္တားသည္။ "မလုပ္ပါနဲ႕၊ မလုပ္ပါနဲ႕။ ေက်းဇူးျပဳၿပီး ဒူးမေထာက္ပါနဲ႕၊ စစ္သူႀကီး။ ငါ့ညီမက စေနာက္ေန႐ုံပါ။"
မ်က္ႏွာလႊားဇာေနာက္မွ မင္းသမီးကိုးက အသံတုန္တုန္ႏွင့္ ေျပာသည္။ "ကြၽန္မရဲ႕ အစ္ကိုေျပာတာ မွန္ပါတယ္။ ကြၽန္မက သခင္ေလးလင္းကို စေနာက္ေန႐ုံပါ။ ဒါအားလုံးက ဒီလက္ပါးေစရဲ႕ အမွားပါ။ သူက ဇာခ်ဲ့ၿပီး ဒီလိုအထင္လြဲေစမိတာပါ။ အေစာင့္ေတြ၊ သူ႕ကို သင္ခန္းစာေပးလိုက္။"
"ဟုတ္ကဲ့ပါ၊ မင္းသမီး။"
တစ္စုံတစ္ေယာက္ ပါးရိုက္ခံရသံ တျဖန္းျဖန္းထြက္လာသည္။ လင္းက်န္အားလက္ညွိုးထိုးကာ ျပစ္တင္ေမာင္းမဲခဲ့သည့္ မိန္းမစိုးက အျပစ္ေပးခံရသည္။ မၾကာခင္တြင္ သူ႕ပါးစပ္ေထာင့္မ်ား၌ ေသြးစို႔လာသည္။
ဘုရင္သြမ္က သူ႕အေနာက္တြင္ရပ္ေနသူကို မ်က္ႏွာရိပ္ျပလိုက္ေသာအခါ အရာရွိအုပ္စုထဲမွတစ္ေယာက္က အေရွ႕ထြက္လာၿပီးေျပာသည္။ "ခရီးရွည္ႀကီးႏွင္လာရေတာ့ စစ္သူႀကီးပင္ပန္းေနေရာေပါ့။ ၿမိဳ႕ထဲ ျပန္သြားၿပီး နည္းနည္းေလာက္အနားယူပါလား။ အရွင္ဧကရာဇ္က ညက်ရင္ သင့္ကိုႀကိဳဆိုဖို႔ တိုင္ခ်င္းနန္းေဆာင္မွာ ပြဲက်င္းပမွာ။ အရွင္ဧကရာဇ္က သင္ျပန္လာမွာကို တစ္ခ်ိန္လုံးေစာင့္ေနခဲ့တာ။ ဝမ္ျပည္ေထာင္စုနဲ႕တိုက္ပြဲမွာ အျပတ္အသတ္ အနိုင္ယူေပးခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕တိုင္းျပည္က သင့္အေပၚေက်းဇူးတင္ရမွာပါ။ အခုေတာ့ သူတို႔က ေျခေထာက္ထဲအၿမီးဖြက္ၿပီး သံတမန္ေရးလာညွိႏွိုင္းေတာ့ ကြၽန္ေတာ္တို႔အားလုံး ဝမ္းေျမာက္ရပါတယ္။"
"ဟုတ္ပါတယ္၊ စစ္သူႀကီး။ ဝမ္ျပည္ေထာင္စုကရန္သူေတြကို သင္ဘယ္လိုေခ်မႈန္းခဲ့တယ္ဆိုတာ ညက်ႀကိဳဆိုပြဲမွာ နားေထာင္ရဖို႔ေမွ်ာ္လင့္ေနပါတယ္။ ဒီျဖစ္အင္က ကြၽန္ေတာ္တို႔လို စစ္ေျမျပင္မဝင္နိုင္တဲ့လူေတြအားလုံးအတြက္ ဆႏၵျပည့္ဝစရာ ျဖစ္မွာပါ။"
"ဘယ္လိုလဲ၊ စစ္သူႀကီး။ သခင္ေလးလင္းလည္း ပင္ပန္းေနမယ္လို႔ ငါထင္တယ္။" ဘုရင္သြမ္က အၿပဳံးျဖင့္ေျပာသည္။
ယြီဝမ္ထုန္ကျပန္ေျပာသည္။ "ဒါေပါ့၊ ဘုရင္သြမ္ရဲ႕အႀကံျပဳခ်က္ကို ကြၽန္ေတာ္လိုက္နာမွာပါ။"
ဘုရင္သြမ္က ထိုစကားကိုၾကားေသာအခါ ရယ္ေမာသည္။ "ေကာင္းတယ္။ ဒါဆို ျပန္ၾကရေအာင္။"
ယြီဝမ္ထုန္က လင္းက်န္ဘက္သို႔ လွည့္ေမးသည္။ "မင္း စိတ္ဆိုးေနတုန္းလား။"
လင္းက်န္က သူ႕ကိုေစာင္ၾကည့္သည္။ "ကြၽန္ေတာ္ ဘယ္တုန္းက စိတ္ဆိုးလို႔လဲ။ ခင္ဗ်ားက အျဖဴကိုအမည္းျဖစ္ေအာင္ေျပာနိုင္ေလာက္တဲ့အထိ ပိပိရိရိလွည့္ျဖားတတ္တာပဲ။"
ယြီဝမ္ထုန္က ခ်က္ခ်င္းျပန္ေျပာသည္။ "ကိုယ္က အထင္လြဲသြားတာပါ။ မင္းကို ရထားလုံးဆီ လမ္းျပေပးမယ္။"
လင္းက်န္က ေျပာသည္။ "ကြၽန္ေတာ္ ကိုယ့္ေျခကိုယ့္လက္နဲ႕ လုပ္နိုင္သားပဲ။ ခင္ဗ်ား ဒီလိုဒုကၡခံစရာ မလိုပါဘူး။"
သို႔ရာတြင္ ယြီဝမ္ထုန္က လင္းက်န္ကို ရထားလုံးဆီသို႔ ဂ႐ုတစိုက္ေခၚသြားေပးသည္။ ရထားလုံးလိုက္ကာ က်သြားမွသာ သူကသက္ျပင္းခ်သည္။ ထို႔ေနာက္ သူကဟက္ဟက္ပက္ပက္မရွိေသာ မ်က္ႏွာထားျဖင့္ လွည့္ကာ ဘုရင္သြမ္ကိုေျပာသည္။ "ေစာင့္ဆိုင္းေစမိလို႔ အားနာပါတယ္၊ ဘုရင္သြမ္။ ေရွ႕ကအရင္သြားပါ။"
ဘုရင္သြမ္က အၾကည့္အနည္းငယ္ေျပာင္းသြားၿပီး ၿပဳံးသည္။ "ဒီလမ္းအတိုင္း လိုက္ခဲ့ပါ။"
အရာရွိမ်ားက တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္ဖလွယ္ၿပီးေနာက္ လင္းက်န္၏ရထားလုံးကို မသိမသာခိုးၾကည့္မိၾကသည္။
လွည္းတန္းရွည္က ထပ္ထြက္လာျပန္သည္။ ယခုတစ္ႀကိမ္တြင္ ဘုရင္သြမ္၏ေနာက္လိုက္မ်ားႏွင့္ ရာထူးအမ်ိဳးမ်ိဳးမွအရာရွိမ်ားပါ လိုက္လာရာ လွည္းတန္းက ပိုရွည္ကာ အင္အားႀကီးမားပုံေပၚသည္။
သူတို႔ထြက္သြားသည္အထိ ပါးရိုက္သံထြက္ေနဆဲပင္။ ထိုမိန္းမစိုးက မင္းသမီးကိုးႏွင့္အလားတူ ခ်န္ထားခံရသည္။ သူမက ေဒါသထြက္လြန္း၍ လိုက္ကိုင္ပုဝါကို ဆက္တိုက္လိမ္ကာ သြားက်ိဳးလုနီးပါး အံႀကိတ္ထားသည္။ သူမ၏မ်က္ႏွာထားသည္လည္း ေၾကာက္မက္ဖြယ္ရာေအးစက္ေနရာ နန္းတြင္းအေစခံမ်ားႏွင့္ မိန္းမစိုးမ်ားမွာ ေခါင္းပင္မေမာ့ရဲၾကေပ။
ျမင္းရထားလုံးထဲတြင္ နံရံကိုမွီကာထိုင္ေနေသာ လင္းက်န္သည္လည္း လြန္ေလၿပီးေသာအခိုက္အတန့္ကကဲ့သို႔ စိတ္ဓာတ္ခက္မာပုံမေပၚဘဲ မ်က္ႏွာထားမႈန္ေတေတျဖစ္ေနသည္။
'မင္းသမီးကိုးက ေက်ာက္ဟြာဘုရားေက်ာင္းမွာ ေနရမဲ့ဟာ ဒီကိုတကူးတက လာေသးတယ္။ သူက ဘာေတြေတြးေနတာလဲ။ လုပ္ႀကံသူအားလုံးေသသြားလို႔ သူမကိုမေဖာ္နိုင္ဘူး ထင္ေနတာလား။
ၿပီးေတာ့ ဘုရင္သြမ္က...
ဒါ တိုက္ဆိုင္လြန္းတယ္။ သူတို႔ထဲမွာ တစ္ေယာက္က ငါ့ကိုလုပ္ႀကံခဲ့ၿပီး တစ္ေယာက္က ငါ့ကို အဆိပ္ခတ္ခဲ့တယ္။ သူတို႔ႏွစ္ေယာက္လုံးက ယြီဝမ္ထုန္ကို ဒီမွာလာႀကိဳတယ္။
ဘုရင္သြမ္က မင္းသမီးကိုးထက္ေတာ့ ပါးနပ္တယ္။ ေစာနေလးတင္က သူဟန္ေဆာင္ထားတာ ေတာ္ေတာ္ေကာင္းတယ္။ သူက ေနာက္ကြယ္မွာ အကြက္ခ်ေနမယ္လို႔ ဘယ္သူထင္ထားမွာလဲ။
ေတာ္ဝင္မိသားစုဝင္ေတြက ဒီလိုပဲလား။
ၿမိဳ႕ေတာ္ထဲမွာ ငါမွီခိုနိုင္တာက ယြီဝမ္ထုန္တစ္ေယာက္တည္းပဲရွိတယ္။ သေဘာထားမွာပဲျဖစ္ျဖစ္၊ တျခားဟာမွာပဲျဖစ္ျဖစ္ ငါ့ရဲ႕ကိုယ္ပိုင္အေယာင္ေဆာင္ထားတဲ့ပုံကို ဆက္ထိန္းထားရမယ္။
ကံေကာင္းၿပီး ယြီဝမ္ထုန္က ခုနကေပးလိုက္တဲ့ အရိပ္အျခည္ကို သေဘာေပါက္ေလာက္ေအာင္ ေနာေက်ေပလို႔။ မဟုတ္ရင္ ငါထန္းယန္ကို တကယ္ျပန္ရေလာက္တယ္။'