သခင်လေးပျော်အောင် ငါဘာလုပ်သင့်လဲ။
....................................................
"ဝေါ့...အော့။"
ဆတ်သားစခန်း၏ တိတ်ဆိတ်သောထောင့်တစ်ခုတွင် ကျိုးပင်းချွမ်က နံရံကိုဘယ်လက်ဖြင့်ထောက်ကာ ခါးကိုင်း၍ မျက်နှာဖြူဖျော့ဖျော့ဖြင့် အန်နေသည်။
"ခေါင်းဆောင်ကျိုးက ဘာဖြစ်နေတာလဲ။ သူဘာလို့ ဆိုးဆိုးရွားရွား အန်နေတာလဲ။"
ကျိုးပင်းချွမ်က ထောင့်သို့သွားကာ အပြင်းအထန်အန်နေသည်ကို နန်းတွင်းအစောင့်များက သတိပြုမိသည်။ သူတို့အားလုံးမှာ အလွန်အံ့ဩသွားကြသည်။
ယွီဝမ်ထုန်၏အစောင့်တစ်ယောက်က ထွက်လာကာ အထင်သေးစွာလှောင်ပြုံးပြုံးပြီး အနားသို့ရောက်လာ၍ ပြောလိုက်သည်။ "ခေါင်းဆောင်ကျိုး၊ ဆေးသောက်ချင်သေးလား။ ကျွန်တော်တို့ရဲ့ဆေးကို လျှို့ဝှက်ဆေးဖော်နည်းနဲ့ ဖော်ထားတာလေ။ အန်တာအတွက်ဆို တော်တော်ထိရောက်တယ်။"
သို့သော် ကျိုးပင်းချွမ်က ထိုလူ၏စကားကို ကြားပြီးနောက် ပို၍ဆိုးရွားစွာအန်တော့သည်။
နန်းတွင်းအစောင့်များမှာ အံ့အားသင့်မှုကြောင့် ဆွံ့အသွားကြသည်။
'ဘာတွေ ဖြစ်နေတာလဲ။' သူတို့က တွေးမိသည်။
ဆတ်သားစခန်း၏ဒုတိယထပ်မှ အခန်းတစ်ခန်းရှိပြတင်းပေါက်နားတွင်ရပ်နေသော လင်းကျန်နှင့် ယွီဝမ်ထုန်က အောက်ဘက်မှအဖြစ်ကို မြင်ကြသည်။
"ခေါင်းဆောင်ကျိုးက စစ်ဆေးတာကို အခန်းထဲမှာသွားကြည့်တယ် မဟုတ်လား။ သူဘာဖြစ်သွားတာလဲ။ အစာအိမ်အတွက်မကောင်းတဲ့ဟာကိုများ စားမိတာလား။"
ယွီဝမ်ထုန်က ပြန်ပြောသည်။ "သူက ကြောက်ဖို့ကောင်းတာ တစ်ခုခုကို မြင်မိသွားတာနေမယ်။"
"ကြောက်ဖို့ကောင်းတဲ့ဟာလား။" လင်းကျန်က အံ့ဩသွားသည်။ "ရှဲ့ရှီက လုပ်ကြံသူကို ကြောက်...ကြောက်ဖို့ကောင်းတဲ့နည်းလမ်းနဲ့ စစ်ဆေးနေတာလား။ အဲ့ဒါကလူတစ်ယောက်ကို အကြာကြီးအန်စေတဲ့အထိ ကြောက်ဖို့ကောင်းလား။"
တကယ်တမ်းတွင် လင်းကျန်က 'ရက်စက်' သို့မဟုတ် 'သွေးထွက်သံယိုများ' ဆိုသည့်စကားလုံးကို သုံးချင်သော်လည်း ခေတ္တမျှတွေးပြီးနောက် ထိုစကားလုံးနှစ်လုံးကိုသုံးကာပြောရန် အနည်းငယ်မသင့်တော်ဟု ခံစားလိုက်ရသည်။
"ကျွန်တော်တို့အတွက်ဆို ရှင်နေတဲ့လုပ်ကြံသူက အလောင်းထက်တော့ ပိုအသုံးဝင်တာပေါ့။ သူ့ကို သက်သက်ညှာညှာလုပ်သင့်တယ် မဟုတ်လား။" လင်းကျန်က ဆက်ပြောသည်။
ယောင်ရိက ဝင်ပြော၏။ "စိတ်ချပါ၊ သခင်လေးလင်း။ ရှဲ့ရှီက အကန့်အသတ်ကို ကောင်းကောင်းသိပါတယ်။ သူကဘယ်သူ့ကိုမှ သေလောက်အောင် မနှိပ်စက်ပါဘူး။ တကယ်တော့ လုပ်ကြံသူက သွေးတစ်စက်တောင် မထွက်လောက်ပါဘူး။"
'သွေးတစ်စက်တောင် မထွက်ဘူးလား။ ဒါဆို ကျိုးပင်းချွမ်တောင် အန်ထွက်လောက်အောင် ကြောက်စရာကောင်းတာက ဘာများလဲ။'လင်းကျန်က တွေးမိသည်။
"ကျိုးပင်းချွမ်က လွယ်လွယ်ကြောက်တတ်နေတာ။" ယွီဝမ်ထုန်က ဝေဖန်သည်။
၎င်းမှာ တကယ့်အကြောင်းရင်းဖြစ်ရမည်ဟု လင်းကျန်ကယုံကြည်ကာ ခေါင်းညှိတ်သည်။ 'သူက ကြမ်းတမ်းတဲ့လူပုံပေါက်ပေမဲ့ တကယ်တမ်းကျ တအားသတ္တိကြောင်မယ်လို့ ဘယ်သူထင်မှာလဲ။'
"အဲ့ဒီလုပ်ကြံသူသာ ကျိုးပင်းချွမ်လောက် သတ္တိကြောင်ရင် အပြည့်အစုံဝန်ခံလိုက်တာကြာပြီ။"
ယောင်ရိက ချောင်းဟန့်သော်လည်း ဘာမှဝင်မပြောချေ။
ယွီဝမ်ထုန်က သူ့ကိုလှည့်ကြည့်ကာ အေးစက်စက်လေသံဖြင့် သတိပေးလိုက်သည်။ "ရှဲ့ရှီ တစ်ခုခုရထားပြီလားဆိုတာ သွားကြည့်လိုက်။"
"ဟုတ်ကဲ့ပါ စစ်သူကြီး။" ထိုအကြည့်က ယောင်ရိကိုကျောစိမ့်သွားစေ၍ မြန်မြန်ထွက်သွားသည်။
အောက်ဘက်တွင် ကျိုးပင်းချွမ်က ထောင့်မှထွက်လာပြီပင်။ သူက မအန်တော့သော်လည်း အားအင်ကုန်ခန်းကာ နုံးချည့်နေပုံပေါ်သည်။ သူ့မျက်နှာမှာလည်း သတိလစ်တော့မည့်အလား ဖြူဖျော့နေသည်။
"ခေါင်းဆောင်ကျိုး၊ ခင်ဗျား အခန်းထဲပြန်ပြီး ခဏဝင်နားပါလား။ ခင်ဗျားကိုကုဖို့ သမားတော်တစ်ယောက် ပင့်လာခဲ့မယ်။" ကျိုးပင်းချွမ်အား ဆေးသောက်မလားဟု လာမေးခဲ့သော အစောင့်က သူ့အနားသို့ရောက်လာသည်။
ကျိုးပင်းချွမ်က သူ့ကိုမြင်သောအခါ ကြောက်လန့်စရာတစ်စုံတစ်ခုနှင့် တွေ့လိုက်ရသကဲ့သို့ အလိုအလျောက်နောက်ဆုတ်မိသည်။
ကျိုးပင်းချွမ်က ထိုသို့နောက်ဆုတ်ပြီးနောက် အဖြစ်အပျက်ကိုသဘောပေါက်သွားပြီး မျက်နှာမည်းသွားသည်။ "ငါ ဘယ်သမားတော်ကိုမှ မလိုဘူး။ စစ်သူကြီးယွီဝမ်ရဲ့ စစ်ဆေးမေးမြန်းပုံက ငါ့ကိုအမြင်ကျယ်စေခဲ့ပြီ။ သူက တကယ်လေးစားစရာပဲ။"
အစောင့်ကပြန်ပြောသည်။ "အဲ့လိုပြောတာ ကြင်နာနေလွန်းပါပြီ။ တကယ်တော့ ခေါင်းဆောင်ကျန်အတွက် ကျွန်တော် စိတ်သက်သာရာရမိပါတယ်။ ကံကောင်းလို့ အဲ့ဒီလုပ်ကြံသူက ခင်ဗျားကို သစ္စာမဖောက်တာ။"
"ဘာပြောချင်တာလဲ။" ကျိုးပင်းချွမ်က လက်သီးဆုပ်လိုက်သည်။
အစောင့်က သူ့ကိုစိုက်ကြည့်နေသည်။ "ကျွန်တော်ဆိုလိုတာကို ခေါင်းဆောင်ကျိုးအနေနဲ့ သေချာသိမှာပါ။"
ကျိုးပင်းချွမ်က အံကြိတ်ကာ တစ်လုံးချင်းဖိပြောသည်။ "ငါ မ သိ ဘူး။"
အစောင့်က ကျိုးပင်းချွမ်အား ပေးရန် ရည်ရွယ်ထားသည့်ကြွေပုလင်းကိုကိုင်ကာ ပုခုံးတွန့်ပြပြီး လှည့်ထွက်သွားသည်။ 'ကျိုးပင်းချွမ်က ဘာဆေးမှမလိုဘူးဆိုပြီး ခေါင်းမာနေမှတော့ ငါ့ဆေးတွေကိုဘာလို့ ဖြုန်းမလဲ။'
ကျိုးပင်းချွမ်က ဒေါသကြောင့် မျက်လုံးပြူးလာကာ အဝေးသို့ထွက်သွားသော အစောင့်ကိုလိုက်ကြည့်သည်။ သို့သော်သူ၏မျက်နှာကမူ သုန်မှုန်နေ၏။
လူအများအပြားက အနီးအနားတွင် ဝိုင်းကြည့်နေကြသည်။ သူ ဣန္ဒြေမဲ့စွာအန်နေပုံကို ဤလူများက အားလုံး တွေ့သွားခဲ့သည်။
"မင်းတို့တွေက ဘာကြည့်နေတာလဲ။ ကိုယ့်အခန်းကိုယ် ပြန်ကြ။" ကျိုးပင်းချွမ်က သူ့ငယ်သားများကို ဟိန်းဟောက်လိုက်သည်။ ကျိုးပင်းချွမ်ထံတွင် အခြောက်လှန့်ခံလိုက်ရသော နန်းတွင်းအစောင့်အားလုံးက အမိန့်ကိုလိုက်နာကြသည်။
သို့သော် ယွီဝမ်ထုန်၏အစောင့်များနှင့် လင်းကျန်ခေါ်လာသော မိသားစုအစောင့်များကမူ သူ့ဒေါသကိုမမှုဘဲ ဝိုင်းကြည့်နေကြသေးသည်။
ကျိုးပင်းချွမ်က ဒေါသကြောင့် မျက်နှာမည်းပြာလာသော်လည်း ဘာမှမတတ်နိုင်ပေ။ သူက ရွေးချယ်စရာမရှိသဖြင့် အဝတ်လဲရန်အတွက် အခန်းထဲသို့ စိတ်ဆိုးမာန်ဆိုး ပြန်သွားသည်။
"အဲ့ဒီလုပ်ကြံသူကို အစောင့်ရှဲ့မေးမြန်းလိုက်တဲ့ပုံစံက ကျိုးပင်းချွမ်ကို တော်တော်ကြောက်လန့်သွားစေတဲ့ပုံပဲ။ အစောင့်ရှဲ့က ဘယ်လိုနည်းကို သုံးလိုက်တာများလဲ။" ချိုးပင်းက စိတ်လှုပ်ရှားနေပုံဖြင့် ပြောသည်။
ဝမ်တရှန်က သူ့ကိုသတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "ပါးနပ်စမ်း။ စစ်ဆေးမေးမြန်းတဲ့အခန်းနဲ့ ဝေးဝေးနေ။"
"အစ်ကိုကြီးဝမ်ကလည်း ကျွန်တော်က သိချင်ရုံပါ။ အဲ့ဒီကို မသွားသလို ပြဿနာလည်း မရှာပါဘူး။" ချိုးပင်းက ပြန်ပြောသည်။
"ဒါကိုယုံဖို့ဆို ငါကမင်းရဲ့လှည့်ကွက်လေးတွေကို ကောင်းကောင်းသိနေလွန်းတယ်။" ဝမ်တရှန်က သူ့ကို မကြည်သာစွာ ကြည့်လိုက်သည်။
*****
အပေါ်ထပ်တွင်...
"လုပ်ကြံသူက ဝန်ခံလိုက်ပါပြီ။ လုပ်ကြံဖို့ခိုင်းတဲ့လူက ကိုးယောက်မြောက်မင်းသမီးပါ။"
ယောင်ရိက ထိုသို့ပြောပြီးနောက် ယွီဝမ်ထုန်နှင့်လင်းကျန်တို့ နှစ်ယောက်လုံးကို မကြည့်ဝံ့သဖြင့် ခေါင်းငုံ့ထားသည်။
"မင်းသမီးကိုးလား။" လင်းကျန်က မထုံတက်သေး မျက်နှာထားဖြင့် ဖြည်းဖြည်းချင်းပြောသည်။ "ဧကရာဇ်က ခင်ဗျားနဲ့လက်ထပ်ပေးချင်နေတဲ့ တစ်ယောက်လား။"
သို့သော် ယွီဝမ်ထုန်က ခေါင်းခါပြသည်။ "ကိုယ်မသိဘူး။"
"ခင်ဗျားက မသိဘူး၊ ဟုတ်လား။" လင်းကျန်က သူ့ကိုမယုံကြည်ပုံဖြင့် ကြည့်သည်။
ယွီဝမ်ထုန်က လက်လျှော့ထားသည့်လေသံဖြင့် ရှင်းပြသည်။ "ဧကရာဇ်က ကိုယ့်ကိုမင်းသမီးတစ်ယောက်နဲ့ လက်ထပ်ပေးမယ်ဆိုတာ အကြံသာသာပဲ။ တော်ဝင်မိသားစုထဲမှာ မင်းသမီးတွေ အများကြီးရှိတယ်။ ကိုယ်ကတစ်ယောက်နဲ့မှ မရင်းနှီးဘူး။ ဧကရာဇ်က ဘယ်မင်းသမီးကိုသုံးမယ်ဆိုတာ ဘယ်သူသိမှာလဲ။"
"ဒါဆို မင်းသမီးကိုးက ဘာလို့ ကျွန်တော့်ကို လုပ်ကြံဖို့ ကြိုးစားရတာလဲ။" လင်းကျန်က ဇဝေဇဝါဖြစ်နေသည်။ သူက အခိုက်အတန့်မျှတွေးပြီးနောက် မေးလိုက်သည်။ "သူမက ဧကရာဇ်ရွေးထားတဲ့တစ်ယောက်များလား။"
ယွီဝမ်ထုန်က ပြန်ပြောသည်။ "လုပ်ကြံသူတစ်ဖက်တည်းကပြောရုံနဲ့ ကောက်ချက်ချလို့မရဘူး။ ကိုယ့်လူတွေကို အဲ့ဒီအကြောင်း စုံစမ်းခိုင်းရဦးမှာ။ မင်းလုံခြုံရေးအတွက် ကိုယ်တို့တွေ မြို့တော်ကိုရောက်တဲ့အထိ တစ်စားပွဲတည်းစား၊ တစ်ကုတင်တည်းအိပ်ဖို့ အကြံပေးချင်တယ်။"
"တစ်စားပွဲတည်းစားတာက ကျွန်တော့်အတွက် အဆင်ပြေပေမဲ့ တစ်ကုတင်တည်းအိပ်ဖို့ကိုတော့ သဘောမတူဘူး။" လင်းကျန်၏မျက်နှာက ချက်ချင်းမည်းသွားသည်။ "ကျွန်တော်က ယောက်ျားတစ်ယောက်ဆိုပေမဲ့ ဘယ်သူဆိုတာက ကွဲပြားသွားပြီ။ ပြီးတော့..."
လင်းကျန်က ယွီဝမ်ထုန်ကို စိတ်မဝင်စားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူက စကားဆုံးသည်အထိ မပြောသော်လည်း သူ့ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ပြထားသည်။
ယခုအခိုက်အတန့်တွင် သူကအလွန်ဒေါသထွက်နေ၏။ 'ယွီဝမ်ထုန်က ငါ့ဒေါသနဲ့မတွေ့ရတာတောင် တော်တော်ကံကောင်းနေပြီ၊ ငါ့ကိုသူနဲ့အတူ ကုတင်မျှသုံးဖို့ မျှော်လင့်ရဲတယ်ပေါ့။ ရဲတင်းလိုက်တာ။'
ယွီဝမ်ထုန်က ရှက်၍ တိတ်သွားသည်။
"စစ်သူကြီးက အပြစ်ကင်းပါတယ်၊ သခင်လေးလင်း။" ယောင်ရိက သူ၏စစ်သူကြီးအတွက် မြန်မြန်ဝင်ပြောပေးသည်။
သို့သော် ဤမှတ်ချက်က ယွီဝမ်ထုန်ကို ပို၍ရှက်သွားစေသည်။ သူက ယောင်ရိကို ညွှန်ကြားလိုက်သည်။ "တော်လောက်ပြီ။ ငါတို့ကိုထားခဲ့။ အဲ့ဒီလုပ်ကြံသူကို အနီးကပ်စောင့်ကြည့်နေဖို့ ရှဲ့ရှီကို ပြောလိုက်။ တကယ်လို့ တစ်ခြားတစ်ယောက်ယောက်က ငါတို့ကိုချောင်းနေသေးရင် သူတို့က အဲ့ဒီလုပ်ကြံသူကို မြို့တော်ထိ အသက်ရှင်လျက်ပါမသွားအောင် ထပ်လှုပ်ရှားမှာသေချာတယ်။ သူ့ကိုမြို့တော်အထိ လုံလုံခြုံခြုံခေါ်သွားနိုင်အောင် နည်းလမ်းရှာလိုက်။"
ယောင်ရိက ခေါင်းညှိတ်သည်။ "ကျွန်တော် အဲ့ဒီအကြောင်းကို ရှဲ့ရှီနဲ့ ချက်ချင်းသွားတိုင်ပင်လိုက်ပါ့မယ်။"
ယောင်ရိထွက်သွားသောအခါ ယွီဝမ်ထုန်ကပြောသည်။ "မင်းသမီးကိုးက ဘာကိုအားထားပြီး ဒီလိုလုပ်လဲ မသိပေမဲ့ ကိုယ်က အဖြစ်မှန်ကို သေချာလေ့လာစိစစ်ပြီး မင်းလက်ခံလောက်တဲ့ရှင်းပြချက်တစ်ခု ပေးပါ့မယ်။"
"သူမက မင်းသမီးလေ။ ခင်ဗျားက ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာလုပ်နိုင်မှာလဲ။" လင်းကျန်က သူ့ကိုကြည့်သည်။
"ကောင်းပြီလေ။ မင်းသားခြောက်က မင်းသားတစ်ပါးဖြစ်နေတာတောင် သူတစ်သက်လုံး အကျယ်ချုပ်ကျသွားအောင်လို့ ကိုယ်အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ် မဟုတ်လား။" ယွီဝမ်ထုန်က ပြန်ချေပသည်။
သူက ဤစကားကို အလေးမထားသည့်လေသံဖြင့် ပြောလိုက်သော်လည်း ယင်းကိုတစ်စုံတစ်ယောက်သာ ကြားပါက အကြီးအကျယ်ထိတ်လန့်သွားလိမ့်မည်။
သို့ရာတွင်...
ယွီဝမ်ထုန်က တကယ်ကို ထိုသို့လုပ်နိုင်ကြောင်း လင်းကျန်သိသည်။ ထို့အပြင် သူကမြို့တော်သို့ရောက်လျှင် အဘက်ဘက်မှ ကန့်သတ်မှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ရာ ၎င်းကိုယွီဝမ်ထုန်၏လက်ထဲသို့ အပ်ထားလိုက်မည်။
ယနေ့ညက ရှည်ကြာကာ ဗျာများခဲ့သည်။ ကနဦးတွင် လင်းကျန်က ဆတ်သားစခန်းသို့ပြန်ရောက်ပြီးနောက် သူ့ဦးလေးပေးလိုက်သောစာကို ဖတ်ရန် စီစဉ်ထားသော်လည်း လုပ်ကြံမှုဖြစ်လာမည်ဟု မထင်ထားပေ။ ယခုအခါ နေထွက်ခါနီးနေပြီပင်။
"ခဏ သွားအိပ်လိုက်။ ဒီနေ့ ကိုယ်တို့တွေ ဆတ်သားစခန်းမှာ နားဦးမယ်။ မနက်ဖြန်ကျရင် ထွက်မယ်။" ယွီဝမ်ထုန်ကပြောသည်။
လင်းကျန်က ခေါင်းခါ၏။ "မွန်းလွဲပိုင်းကျရင် ထွက်ရအောင်။ ဒီကိစ္စဖြစ်သွားတဲ့သတင်းက ထန်းယန်ကိုမပျံ့သွားအောင် လုပ်ပေးပါ။ ကျွန်တော့်ရဲ့မိသားစုဝင်တွေကို ကျွန်တော့်အတွက် မစိုးရိမ်စေချင်ဘူး။"
၎င်းက အလွန်ခက်လိမ့်မည်။ မနေ့ညက ဆေးဥယျာဉ်တွင် ဧည့်သည်အများအပြား ရှိနေရာ သူတို့၏ပါးစပ်များကို ပိတ်ရန် မလွယ်ကူချေ။ သို့သော် ယွီဝမ်ထုန်က လုပ်ကြံသူများထံမှ တိုက်ခိုက်ခံရသူမှာ သူဖြစ်သည်ဟု ပြောထားရာ လုပ်ကြံမှု၏တကယ့်ပစ်မှတ်က လင်းကျန်ဖြစ်ကြောင်းကို ထိုဧည့်သည်များမသိကြပေ။
ယွီဝမ်ထုန်က ထိုအကြောင်းကိုတွေးပြီးနောက် သဘောတူလိုက်သည်။ "ဒါဆို မွန်းလွဲပိုင်းကျရင် ကိုယ်တို့ထွက်ကြမယ်။"
'စောစောထွက်တာက အကျိုးရှိတယ်။ တကယ်လို့ ဒီအကြောင်းကို ဦးလေးလင်းတို့ ကြားသွားလို့ စိတ်ပြောင်းပြီး လင်းကျန်ကိုအိမ်ပြန်လာဖို့ပြောရင် ကိစ္စတွေရှုပ်ကုန်လိမ့်မယ်။' သူကတွေးသည်။
လင်းကျန်က ယွီဝမ်ထုန်၏အတွေးကိုမသိချေ။ သူက ယွီဝမ်ထုန်ကဲ့သို့ အတွင်းအားမကောင်းသဖြင့် တကယ်ပင်ပန်းနေပြီပင်။
လင်းကျန်က သူ့အခန်းသို့ပြန်ကာ အဝတ်လဲပြီး အိပ်ရာဝင်သွားသည်။
သူက ထိုစာကိုမဖတ်လိုခြင်း မဟုတ်သော်ငြား...
"သခင်လေး၊ ခဏအိပ်လိုက်ပါ။ ကျွန်တော်တို့တွေ ဒီမှာ စောင့်ကြည့်နေပါ့မယ်။"
ရှားဖုန်းက သူ့အိပ်ရာနားတွင် ရပ်နေပြီး ဝမ်တရှန်တို့က အခန်းအပြင်ဘက်တွင် ရှိနေကြသည်။ အလွန်ကြောက်လန့်နေသော လုစီချိုက်နှင့် ဝမ်ချင်းတို့ကပင် မထွက်သွားဘဲ အခန်းအပြင်ဘက်တွင် နေနေကြသည်။ အခန်း၏အတွင်းအပြင်တွင် လူများရှိနေကြသည်။
'ဒီလူတွေအားလုံးရှိနေရင် ငါကစာဘယ်လိုဖတ်ရမလဲ။'
လင်းကျန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးကိုနှိပ်နယ်မိသည်။ 'ဆိုရိုးစကားတွေက မှန်တယ်။ လူသားတွေရဲ့အကြံကို ဘုရားက ရှင်းထုတ်ပစ်တယ်။'
"သခင်လေး ခေါင်းကိုက်နေတာပါလား။ ကျွန်တေယ် သမားတော်ကို ချက်ချင်းသွားပင့်လိုက်မယ်။" ရှားဖုန်းက စိုးရိမ်သွားသည်။
"ဟင့်အင်း။ အဲ့လိုလုပ်စရာမလိုဘူး။ ငါက ပင်ပန်းနေရုံပဲ။ တစ်ရေးလောက်အိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။" လင်းကျန်က မြန်မြန်ပြန်ပြောသည်။
"ဒါဆို လှဲပြီးအိပ်လိုက်ပါတော့ သခင်လေး။"
လင်းကျန်က လှဲကာ ရင်ဘတ်ပေါ်မှ စာရှိနေသည့်နေရာသို့ လက်တင်၍ ရှားဖုန်းကိုပြောလိုက်သည်။ "ထိုင်ခုံတစ်ခုံသွားယူလိုက်။ မင်းအဲ့လိုရပ်နေရင် ငါအိပ်လို့မရဘူး။"
ရှားဖုန်းက သူထိုနေရာမှနေ၍ အိပ်ရာကိုကြည့်နိုင်သေးသည်ဟုတွေးကာ နာခံလိုက်သည်။
လင်းကျန်က သက်ပြင်းချသည်။ အခြားအရာများထက် သူကိုယ်တိုင်လည်း တကယ်ပင်ပန်းနေရာ မကြာခင်အိပ်ပျော်သွားသည်။
လင်းကျန်အိပ်ပျော်သွားပြီး များမကြာမီတွင် ဆတ်သားစခန်း၌ တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။ အဖမ်းခံထားရသည့် လုပ်ကြံသူက လျှာကိုက်ကာ သတ်သေသွားသည်။
ယွီဝမ်ထုန်က ဒေါသထွက်သွားပြီး လုပ်ကြံသူကို စောင့်ကြည့်ရန်တာဝန်ရှိသည့် ရှဲ့ရှီတို့ကို ပြင်းထန်စွာပြစ်တင်မောင်းမဲခဲ့သည်။ ကျိုးပင်းချွမ်ပင် ယွီဝမ်ထုန်၏ဒေါသဒဏ်ကို ခံရသည်။ သူကအပြစ်တင်ခံနေရချိန်တွင် ခေါင်းပင်မမော့ရဲချေ။
ဆတ်သားစခန်းတစ်ခုလုံးက ငြိမ်ချက်သားကောင်းနေသည်။ မည်သူမျှ တစ်ခွန်းမဟရဲပေ။ လူတိုင်းက ယွီဝမ်ထုန်အား ဒေါသထွက်စေမိမည်ကို ကြောက်သဖြင့် ရှောင်နေကြသည်။
ကျိုးပင်းချွမ်က ကိုယ်ပိုင်အခန်းထဲသို့ ပြန်ရောက်သောအခါ သက်ပြင်းချမိသည်။
အခြားအခန်းမှ ကျန်ရှီသည်လည်း တိတ်တိတ်လေး သက်ပြင်းချသည်။
"ကုန်းကုန်း၊ လုပ်ကြံသူသေသွားတာက ကောင်းတာလား၊ ဆိုးတာလား။" မိန်းမစိုးငယ်ကမေးသည်။
"ကောင်းတဲ့ကိစ္စပေါ့။ ယွီဝမ်ထုန်က စစ်ဆေးမေးမြန်းတာနဲ့ပက်သက်ပြီး တစ်ခွန်းမှထုတ်မပြောဘူး။ သူ တစ်ခုခုကိုတကယ်ရသွားလား။ ဒါမှမဟုတ် ဖြီးဖြန်းနေတာလားဆိုတာ မသိရသေးဘူး။ အဲ့ဒီလူသေသွားတာက ကောင်းသွားတယ်။ ဒီလိုဆို ဧကရာဇ်ကအသာစီးပိုရသွားပြီ။" ကျန်ရှီကရှင်းပြသည်။
မိန်းမစိုးငယ်က မိန်းမစိုးကြီးထံမှ တစ်စုံတစ်ခုကို သင်ယူလိုက်ရသကဲ့သို့ ခေါင်းညှိတ်သည်။
"ငါ့ကို အိပ်ရာဆီလိုက်ပို့။ ငါတို့တွေက မွန်းလွဲပိုင်းကျထွက်မဲ့ဟာ ငါမနေ့ညက တစ်ရေးမှမအိပ်လိုက်ရဘူး။ ငါက အသက်ကြီးနေပြီ။ အိပ်ရေးပျက်တာက ငါ့ကိုသေစေနိုင်တယ်။"
မိန်းမစိုးငယ်က ကျန်ရှီကို အိပ်ရာထဲသို့ မြန်မြန်ပို့ကာ ကူညီလှဲချပေးသည်။ "ကုန်းကုန်းရဲ့ ကျန်းမာရေးက ကျွန်တော့်ထက်တောင် အများကြီးပိုကောင်းပါသေးတယ်။ ကုန်းကုန်းက လုံးဝမအိုသေးပါဘူး။"
*****
"ပြီးသွားပြီလား။" ဆတ်သားစခန်း၏အကျယ်ဆုံး၊ သက်တောင့်သက်သာအရှိဆုံး အခန်းထဲမှ ယွီဝမ်ထုန်က တည်ငြိမ်စွာမေးသည်။ သူ၏မျက်နှာပေါ်တွင် ယခုလေးတင်မှဒေါသထွက်ခဲ့သည့် အရိပ်အယောင်မရှိချေ။
ဘေးတွင်ရပ်နေသော ယောင်ရိက ပြန်ပြောသည်။ "ပြီးသွားပါပြီ။ သူတို့တွေက အခုလေးတင် ထွက်သွားကြပါတယ်။"
"သူတို့ကိုသတိထားခိုင်းလိုက်။ သူသေသွားတာ တကယ်မဖြစ်လာစေနဲ့။"
"ကျွန်တော် သူတို့ကိုနှိုးဆော်လိုက်ပါတယ်။ သူတို့က သတိထားမှာပါ။"
အခိုက်အတန့်မျှ ကြာပြီးနောက် ယောင်ရိကမေးသည်။ "ခုနက သခင်လေးလင်းက စစ်သူကြီးကို ဒေါသထွက်နေတာပါလား။"
ယွီဝမ်ထုန်က သူ့ကိုဖျတ်ခနဲကြည့်သည်။ "နောက်ရက်ပိုင်းအတွင်းမှာ သူပျော်လာဖို့ မင်းအကောင်းဆုံးပြုမူသင့်တယ်လို့ မင်းကိုယ်ကျိုးအတွက် ငါအကြံပေးတယ်။"
'ငါတို့က သခင်လေးပျော်ဖို့ လုပ်ရမှာလား။' ယောင်ရိ မျက်လုံးပြူးသွားသည်။ "စစ်သူကြီးကိုယ်တိုင် အဲ့ဒီလိုလုပ်ရင် ပိုမကောင်းဘူးလား။"
ယွီဝမ်ထုန်က ပြန်ပြောသည်။ "မင်း ငါ့ကိုသတိပေးစရာမလိုပါဘူး။ သူ့ကိုပျော်အောင်လုပ်ဖို့သာ အာရုံစိုက်။"
ယောင်ရိမှာ ရွေးချယ်စရာမရှိဘဲ "ဟုတ်ကဲ့ပါ၊ စစ်သူကြီး"ဟု ပြန်ဖြေလိုက်ရသည်။ သို့သော် သူ့စိတ်ထဲတွင် မိမိကိုယ်ကိုယ် ပြောနေသည်။ 'ငါအရင်ကဒီလိုကိစ္စမျိုးကို မလုပ်ဖူးဘူး။ သခင်လေးလင်းပျော်အောင် ငါဘာလုပ်သင့်လဲ။' သူကထိုသို့တွေးရင်း ကျန်လျှိုတို့နှင့်တိုင်ပင်ရန် မြန်မြန်ထွက်သွားသည်။
ကျန်လျှိုတို့က ထိုအကြောင်းကိုကြားသောအခါ ပြောစရာမဲ့သွားကြသည်။
"သခင်လေးလင်းပျော်အောင် ငါတို့ဘာလုပ်ဖို့လိုလဲ။"
"ဒါက ခက်တယ်။"
"ဘယ်လိုခက်တာလဲ။ ငါတို့က သခင်လေးလင်းပျော်အောင် လုပ်ပေးရုံပဲလေ။"
"မင်းတို့က တုံးတယ်လို့ ငါဒါကြောင့်ပြောတာလေ။ သခင်လေးလင်းကိုပျော်အောင်လုပ်တာက အသင့်အတင့်ပဲလုပ်ရမှာ။ ငါတို့က သခင်လေးလင်း တအားပျော်သွားအောင်လုပ်မိရင် ငါတို့ကိုပဲအာရုံစိုက်လာမှာ။ အဲ့လိုဆို စစ်သူကြီးက ဒေါသထပ်ထွက်လိမ့်မယ်။"
"ဒါဆို ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။"
"ငါတို့တွေ ဝမ်တရှန်တို့ဆီမှာ အကြံသွားတောင်းရင်ကော။"
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
သခင္ေလးေပ်ာ္ေအာင္ ငါဘာလုပ္သင့္လဲ။
....................................................
"ေဝါ့...ေအာ့။"
ဆတ္သားစခန္း၏ တိတ္ဆိတ္ေသာေထာင့္တစ္ခုတြင္ က်ိဳးပင္းခြၽမ္က နံရံကိုဘယ္လက္ျဖင့္ေထာက္ကာ ခါးကိုင္း၍ မ်က္ႏွာျဖဴေဖ်ာ့ေဖ်ာ့ျဖင့္ အန္ေနသည္။
"ေခါင္းေဆာင္က်ိဳးက ဘာျဖစ္ေနတာလဲ။ သူဘာလို႔ ဆိုးဆိုး႐ြား႐ြား အန္ေနတာလဲ။"
က်ိဳးပင္းခြၽမ္က ေထာင့္သို႔သြားကာ အျပင္းအထန္အန္ေနသည္ကို နန္းတြင္းအေစာင့္မ်ားက သတိျပဳမိသည္။ သူတို႔အားလုံးမွာ အလြန္အံ့ဩသြားၾကသည္။
ယြီဝမ္ထုန္၏အေစာင့္တစ္ေယာက္က ထြက္လာကာ အထင္ေသးစြာေလွာင္ၿပဳံးၿပဳံးၿပီး အနားသို႔ေရာက္လာ၍ ေျပာလိုက္သည္။ "ေခါင္းေဆာင္က်ိဳး၊ ေဆးေသာက္ခ်င္ေသးလား။ ကြၽန္ေတာ္တို႔ရဲ႕ေဆးကို လွ်ို႔ဝွက္ေဆးေဖာ္နည္းနဲ႕ ေဖာ္ထားတာေလ။ အန္တာအတြက္ဆို ေတာ္ေတာ္ထိေရာက္တယ္။"
သို႔ေသာ္ က်ိဳးပင္းခြၽမ္က ထိုလူ၏စကားကို ၾကားၿပီးေနာက္ ပို၍ဆိုး႐ြားစြာအန္ေတာ့သည္။
နန္းတြင္းအေစာင့္မ်ားမွာ အံ့အားသင့္မႈေၾကာင့္ ဆြံ႕အသြားၾကသည္။
'ဘာေတြ ျဖစ္ေနတာလဲ။' သူတို႔က ေတြးမိသည္။
ဆတ္သားစခန္း၏ဒုတိယထပ္မွ အခန္းတစ္ခန္းရွိျပတင္းေပါက္နားတြင္ရပ္ေနေသာ လင္းက်န္ႏွင့္ ယြီဝမ္ထုန္က ေအာက္ဘက္မွအျဖစ္ကို ျမင္ၾကသည္။
"ေခါင္းေဆာင္က်ိဳးက စစ္ေဆးတာကို အခန္းထဲမွာသြားၾကည့္တယ္ မဟုတ္လား။ သူဘာျဖစ္သြားတာလဲ။ အစာအိမ္အတြက္မေကာင္းတဲ့ဟာကိုမ်ား စားမိတာလား။"
ယြီဝမ္ထုန္က ျပန္ေျပာသည္။ "သူက ေၾကာက္ဖို႔ေကာင္းတာ တစ္ခုခုကို ျမင္မိသြားတာေနမယ္။"
"ေၾကာက္ဖို႔ေကာင္းတဲ့ဟာလား။" လင္းက်န္က အံ့ဩသြားသည္။ "ရွဲ႕ရွီက လုပ္ႀကံသူကို ေၾကာက္...ေၾကာက္ဖို႔ေကာင္းတဲ့နည္းလမ္းနဲ႕ စစ္ေဆးေနတာလား။ အဲ့ဒါကလူတစ္ေယာက္ကို အၾကာႀကီးအန္ေစတဲ့အထိ ေၾကာက္ဖို႔ေကာင္းလား။"
တကယ္တမ္းတြင္ လင္းက်န္က 'ရက္စက္' သို႔မဟုတ္ 'ေသြးထြက္သံယိုမ်ား' ဆိုသည့္စကားလုံးကို သုံးခ်င္ေသာ္လည္း ေခတၱမွ်ေတြးၿပီးေနာက္ ထိုစကားလုံးႏွစ္လုံးကိုသုံးကာေျပာရန္ အနည္းငယ္မသင့္ေတာ္ဟု ခံစားလိုက္ရသည္။
"ကြၽန္ေတာ္တို႔အတြက္ဆို ရွင္ေနတဲ့လုပ္ႀကံသူက အေလာင္းထက္ေတာ့ ပိုအသုံးဝင္တာေပါ့။ သူ႕ကို သက္သက္ညွာညွာလုပ္သင့္တယ္ မဟုတ္လား။" လင္းက်န္က ဆက္ေျပာသည္။
ေယာင္ရိက ဝင္ေျပာ၏။ "စိတ္ခ်ပါ၊ သခင္ေလးလင္း။ ရွဲ႕ရွီက အကန့္အသတ္ကို ေကာင္းေကာင္းသိပါတယ္။ သူကဘယ္သူ႕ကိုမွ ေသေလာက္ေအာင္ မႏွိပ္စက္ပါဘူး။ တကယ္ေတာ့ လုပ္ႀကံသူက ေသြးတစ္စက္ေတာင္ မထြက္ေလာက္ပါဘူး။"
'ေသြးတစ္စက္ေတာင္ မထြက္ဘူးလား။ ဒါဆို က်ိဳးပင္းခြၽမ္ေတာင္ အန္ထြက္ေလာက္ေအာင္ ေၾကာက္စရာေကာင္းတာက ဘာမ်ားလဲ။'လင္းက်န္က ေတြးမိသည္။
"က်ိဳးပင္းခြၽမ္က လြယ္လြယ္ေၾကာက္တတ္ေနတာ။" ယြီဝမ္ထုန္က ေဝဖန္သည္။
၎မွာ တကယ့္အေၾကာင္းရင္းျဖစ္ရမည္ဟု လင္းက်န္ကယုံၾကည္ကာ ေခါင္းညွိတ္သည္။ 'သူက ၾကမ္းတမ္းတဲ့လူပုံေပါက္ေပမဲ့ တကယ္တမ္းက် တအားသတၱိေၾကာင္မယ္လို႔ ဘယ္သူထင္မွာလဲ။'
"အဲ့ဒီလုပ္ႀကံသူသာ က်ိဳးပင္းခြၽမ္ေလာက္ သတၱိေၾကာင္ရင္ အျပည့္အစုံဝန္ခံလိုက္တာၾကာၿပီ။"
ေယာင္ရိက ေခ်ာင္းဟန့္ေသာ္လည္း ဘာမွဝင္မေျပာေခ်။
ယြီဝမ္ထုန္က သူ႕ကိုလွည့္ၾကည့္ကာ ေအးစက္စက္ေလသံျဖင့္ သတိေပးလိုက္သည္။ "ရွဲ႕ရွီ တစ္ခုခုရထားၿပီလားဆိုတာ သြားၾကည့္လိုက္။"
"ဟုတ္ကဲ့ပါ စစ္သူႀကီး။" ထိုအၾကည့္က ေယာင္ရိကိုေက်ာစိမ့္သြားေစ၍ ျမန္ျမန္ထြက္သြားသည္။
ေအာက္ဘက္တြင္ က်ိဳးပင္းခြၽမ္က ေထာင့္မွထြက္လာၿပီပင္။ သူက မအန္ေတာ့ေသာ္လည္း အားအင္ကုန္ခန္းကာ ႏုံးခ်ည့္ေနပုံေပၚသည္။ သူ႕မ်က္ႏွာမွာလည္း သတိလစ္ေတာ့မည့္အလား ျဖဴေဖ်ာ့ေနသည္။
"ေခါင္းေဆာင္က်ိဳး၊ ခင္ဗ်ား အခန္းထဲျပန္ၿပီး ခဏဝင္နားပါလား။ ခင္ဗ်ားကိုကုဖို႔ သမားေတာ္တစ္ေယာက္ ပင့္လာခဲ့မယ္။" က်ိဳးပင္းခြၽမ္အား ေဆးေသာက္မလားဟု လာေမးခဲ့ေသာ အေစာင့္က သူ႕အနားသို႔ေရာက္လာသည္။
က်ိဳးပင္းခြၽမ္က သူ႕ကိုျမင္ေသာအခါ ေၾကာက္လန့္စရာတစ္စုံတစ္ခုႏွင့္ ေတြ႕လိုက္ရသကဲ့သို႔ အလိုအေလ်ာက္ေနာက္ဆုတ္မိသည္။
က်ိဳးပင္းခြၽမ္က ထိုသို႔ေနာက္ဆုတ္ၿပီးေနာက္ အျဖစ္အပ်က္ကိုသေဘာေပါက္သြားၿပီး မ်က္ႏွာမည္းသြားသည္။ "ငါ ဘယ္သမားေတာ္ကိုမွ မလိုဘူး။ စစ္သူႀကီးယြီဝမ္ရဲ႕ စစ္ေဆးေမးျမန္းပုံက ငါ့ကိုအျမင္က်ယ္ေစခဲ့ၿပီ။ သူက တကယ္ေလးစားစရာပဲ။"
အေစာင့္ကျပန္ေျပာသည္။ "အဲ့လိုေျပာတာ ၾကင္နာေနလြန္းပါၿပီ။ တကယ္ေတာ့ ေခါင္းေဆာင္က်န္အတြက္ ကြၽန္ေတာ္ စိတ္သက္သာရာရမိပါတယ္။ ကံေကာင္းလို႔ အဲ့ဒီလုပ္ႀကံသူက ခင္ဗ်ားကို သစၥာမေဖာက္တာ။"
"ဘာေျပာခ်င္တာလဲ။" က်ိဳးပင္းခြၽမ္က လက္သီးဆုပ္လိုက္သည္။
အေစာင့္က သူ႕ကိုစိုက္ၾကည့္ေနသည္။ "ကြၽန္ေတာ္ဆိုလိုတာကို ေခါင္းေဆာင္က်ိဳးအေနနဲ႕ ေသခ်ာသိမွာပါ။"
က်ိဳးပင္းခြၽမ္က အံႀကိတ္ကာ တစ္လုံးခ်င္းဖိေျပာသည္။ "ငါ မ သိ ဘူး။"
အေစာင့္က က်ိဳးပင္းခြၽမ္အား ေပးရန္ ရည္႐ြယ္ထားသည့္ေႂကြပုလင္းကိုကိုင္ကာ ပုခုံးတြန့္ျပၿပီး လွည့္ထြက္သြားသည္။ 'က်ိဳးပင္းခြၽမ္က ဘာေဆးမွမလိုဘူးဆိုၿပီး ေခါင္းမာေနမွေတာ့ ငါ့ေဆးေတြကိုဘာလို႔ ျဖဳန္းမလဲ။'
က်ိဳးပင္းခြၽမ္က ေဒါသေၾကာင့္ မ်က္လုံးျပဴးလာကာ အေဝးသို႔ထြက္သြားေသာ အေစာင့္ကိုလိုက္ၾကည့္သည္။ သို႔ေသာ္သူ၏မ်က္ႏွာကမူ သုန္မႈန္ေန၏။
လူအမ်ားအျပားက အနီးအနားတြင္ ဝိုင္းၾကည့္ေနၾကသည္။ သူ ဣႏၵျေမဲ့စြာအန္ေနပုံကို ဤလူမ်ားက အားလုံး ေတြ႕သြားခဲ့သည္။
"မင္းတို႔ေတြက ဘာၾကည့္ေနတာလဲ။ ကိုယ့္အခန္းကိုယ္ ျပန္ၾက။" က်ိဳးပင္းခြၽမ္က သူ႕ငယ္သားမ်ားကို ဟိန္းေဟာက္လိုက္သည္။ က်ိဳးပင္းခြၽမ္ထံတြင္ အေျခာက္လွန့္ခံလိုက္ရေသာ နန္းတြင္းအေစာင့္အားလုံးက အမိန့္ကိုလိုက္နာၾကသည္။
သို႔ေသာ္ ယြီဝမ္ထုန္၏အေစာင့္မ်ားႏွင့္ လင္းက်န္ေခၚလာေသာ မိသားစုအေစာင့္မ်ားကမူ သူ႕ေဒါသကိုမမႈဘဲ ဝိုင္းၾကည့္ေနၾကေသးသည္။
က်ိဳးပင္းခြၽမ္က ေဒါသေၾကာင့္ မ်က္ႏွာမည္းျပာလာေသာ္လည္း ဘာမွမတတ္နိုင္ေပ။ သူက ေ႐ြးခ်ယ္စရာမရွိသျဖင့္ အဝတ္လဲရန္အတြက္ အခန္းထဲသို႔ စိတ္ဆိုးမာန္ဆိုး ျပန္သြားသည္။
"အဲ့ဒီလုပ္ႀကံသူကို အေစာင့္ရွဲ႕ေမးျမန္းလိုက္တဲ့ပုံစံက က်ိဳးပင္းခြၽမ္ကို ေတာ္ေတာ္ေၾကာက္လန့္သြားေစတဲ့ပုံပဲ။ အေစာင့္ရွဲ႕က ဘယ္လိုနည္းကို သုံးလိုက္တာမ်ားလဲ။" ခ်ိဳးပင္းက စိတ္လႈပ္ရွားေနပုံျဖင့္ ေျပာသည္။
ဝမ္တရွန္က သူ႕ကိုသတိေပးသည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ "ပါးနပ္စမ္း။ စစ္ေဆးေမးျမန္းတဲ့အခန္းနဲ႕ ေဝးေဝးေန။"
"အစ္ကိုႀကီးဝမ္ကလည္း ကြၽန္ေတာ္က သိခ်င္႐ုံပါ။ အဲ့ဒီကို မသြားသလို ျပႆနာလည္း မရွာပါဘူး။" ခ်ိဳးပင္းက ျပန္ေျပာသည္။
"ဒါကိုယုံဖို႔ဆို ငါကမင္းရဲ႕လွည့္ကြက္ေလးေတြကို ေကာင္းေကာင္းသိေနလြန္းတယ္။" ဝမ္တရွန္က သူ႕ကို မၾကည္သာစြာ ၾကည့္လိုက္သည္။
*****
အေပၚထပ္တြင္...
"လုပ္ႀကံသူက ဝန္ခံလိုက္ပါၿပီ။ လုပ္ႀကံဖို႔ခိုင္းတဲ့လူက ကိုးေယာက္ေျမာက္မင္းသမီးပါ။"
ေယာင္ရိက ထိုသို႔ေျပာၿပီးေနာက္ ယြီဝမ္ထုန္ႏွင့္လင္းက်န္တို႔ ႏွစ္ေယာက္လုံးကို မၾကည့္ဝံ့သျဖင့္ ေခါင္းငုံ႕ထားသည္။
"မင္းသမီးကိုးလား။" လင္းက်န္က မထုံတက္ေသး မ်က္ႏွာထားျဖင့္ ျဖည္းျဖည္းခ်င္းေျပာသည္။ "ဧကရာဇ္က ခင္ဗ်ားနဲ႕လက္ထပ္ေပးခ်င္ေနတဲ့ တစ္ေယာက္လား။"
သို႔ေသာ္ ယြီဝမ္ထုန္က ေခါင္းခါျပသည္။ "ကိုယ္မသိဘူး။"
"ခင္ဗ်ားက မသိဘူး၊ ဟုတ္လား။" လင္းက်န္က သူ႕ကိုမယုံၾကည္ပုံျဖင့္ ၾကည့္သည္။
ယြီဝမ္ထုန္က လက္ေလွ်ာ့ထားသည့္ေလသံျဖင့္ ရွင္းျပသည္။ "ဧကရာဇ္က ကိုယ့္ကိုမင္းသမီးတစ္ေယာက္နဲ႕ လက္ထပ္ေပးမယ္ဆိုတာ အႀကံသာသာပဲ။ ေတာ္ဝင္မိသားစုထဲမွာ မင္းသမီးေတြ အမ်ားႀကီးရွိတယ္။ ကိုယ္ကတစ္ေယာက္နဲ႕မွ မရင္းႏွီးဘူး။ ဧကရာဇ္က ဘယ္မင္းသမီးကိုသုံးမယ္ဆိုတာ ဘယ္သူသိမွာလဲ။"
"ဒါဆို မင္းသမီးကိုးက ဘာလို႔ ကြၽန္ေတာ့္ကို လုပ္ႀကံဖို႔ ႀကိဳးစားရတာလဲ။" လင္းက်န္က ဇေဝဇဝါျဖစ္ေနသည္။ သူက အခိုက္အတန့္မွ်ေတြးၿပီးေနာက္ ေမးလိုက္သည္။ "သူမက ဧကရာဇ္ေ႐ြးထားတဲ့တစ္ေယာက္မ်ားလား။"
ယြီဝမ္ထုန္က ျပန္ေျပာသည္။ "လုပ္ႀကံသူတစ္ဖက္တည္းကေျပာ႐ုံနဲ႕ ေကာက္ခ်က္ခ်လိဳ႕မရဘူး။ ကိုယ့္လူေတြကို အဲ့ဒီအေၾကာင္း စုံစမ္းခိုင္းရဦးမွာ။ မင္းလုံၿခဳံေရးအတြက္ ကိုယ္တို႔ေတြ ၿမိဳ႕ေတာ္ကိုေရာက္တဲ့အထိ တစ္စားပြဲတည္းစား၊ တစ္ကုတင္တည္းအိပ္ဖို႔ အႀကံေပးခ်င္တယ္။"
"တစ္စားပြဲတည္းစားတာက ကြၽန္ေတာ့္အတြက္ အဆင္ေျပေပမဲ့ တစ္ကုတင္တည္းအိပ္ဖို႔ကိုေတာ့ သေဘာမတူဘူး။" လင္းက်န္၏မ်က္ႏွာက ခ်က္ခ်င္းမည္းသြားသည္။ "ကြၽန္ေတာ္က ေယာက္်ားတစ္ေယာက္ဆိုေပမဲ့ ဘယ္သူဆိုတာက ကြဲျပားသြားၿပီ။ ၿပီးေတာ့..."
လင္းက်န္က ယြီဝမ္ထုန္ကို စိတ္မဝင္စားေသာအၾကည့္ျဖင့္ ၾကည့္လိုက္သည္။ သူက စကားဆုံးသည္အထိ မေျပာေသာ္လည္း သူ႕ဆိုလိုရင္းကို ရွင္းရွင္းလင္းလင္း ျပထားသည္။
ယခုအခိုက္အတန့္တြင္ သူကအလြန္ေဒါသထြက္ေန၏။ 'ယြီဝမ္ထုန္က ငါ့ေဒါသနဲ႕မေတြ႕ရတာေတာင္ ေတာ္ေတာ္ကံေကာင္းေနၿပီ၊ ငါ့ကိုသူနဲ႕အတူ ကုတင္မွ်သုံးဖို႔ ေမွ်ာ္လင့္ရဲတယ္ေပါ့။ ရဲတင္းလိုက္တာ။'
ယြီဝမ္ထုန္က ရွက္၍ တိတ္သြားသည္။
"စစ္သူႀကီးက အျပစ္ကင္းပါတယ္၊ သခင္ေလးလင္း။" ေယာင္ရိက သူ၏စစ္သူႀကီးအတြက္ ျမန္ျမန္ဝင္ေျပာေပးသည္။
သို႔ေသာ္ ဤမွတ္ခ်က္က ယြီဝမ္ထုန္ကို ပို၍ရွက္သြားေစသည္။ သူက ေယာင္ရိကို ၫႊန္ၾကားလိုက္သည္။ "ေတာ္ေလာက္ၿပီ။ ငါတို႔ကိုထားခဲ့။ အဲ့ဒီလုပ္ႀကံသူကို အနီးကပ္ေစာင့္ၾကည့္ေနဖို႔ ရွဲ႕ရွီကို ေျပာလိုက္။ တကယ္လို႔ တစ္ျခားတစ္ေယာက္ေယာက္က ငါတို႔ကိုေခ်ာင္းေနေသးရင္ သူတို႔က အဲ့ဒီလုပ္ႀကံသူကို ၿမိဳ႕ေတာ္ထိ အသက္ရွင္လ်က္ပါမသြားေအာင္ ထပ္လႈပ္ရွားမွာေသခ်ာတယ္။ သူ႕ကိုၿမိဳ႕ေတာ္အထိ လုံလုံၿခဳံၿခဳံေခၚသြားနိုင္ေအာင္ နည္းလမ္းရွာလိုက္။"
ေယာင္ရိက ေခါင္းညွိတ္သည္။ "ကြၽန္ေတာ္ အဲ့ဒီအေၾကာင္းကို ရွဲ႕ရွီနဲ႕ ခ်က္ခ်င္းသြားတိုင္ပင္လိုက္ပါ့မယ္။"
ေယာင္ရိထြက္သြားေသာအခါ ယြီဝမ္ထုန္ကေျပာသည္။ "မင္းသမီးကိုးက ဘာကိုအားထားၿပီး ဒီလိုလုပ္လဲ မသိေပမဲ့ ကိုယ္က အျဖစ္မွန္ကို ေသခ်ာေလ့လာစိစစ္ၿပီး မင္းလက္ခံေလာက္တဲ့ရွင္းျပခ်က္တစ္ခု ေပးပါ့မယ္။"
"သူမက မင္းသမီးေလ။ ခင္ဗ်ားက ဒီကိစၥနဲ႕ ပက္သက္ၿပီး ဘာလုပ္နိုင္မွာလဲ။" လင္းက်န္က သူ႕ကိုၾကည့္သည္။
"ေကာင္းၿပီေလ။ မင္းသားေျခာက္က မင္းသားတစ္ပါးျဖစ္ေနတာေတာင္ သူတစ္သက္လုံး အက်ယ္ခ်ဳပ္က်သြားေအာင္လို႔ ကိုယ္ေအာင္ေအာင္ျမင္ျမင္ လုပ္နိုင္ခဲ့တယ္ မဟုတ္လား။" ယြီဝမ္ထုန္က ျပန္ေခ်ပသည္။
သူက ဤစကားကို အေလးမထားသည့္ေလသံျဖင့္ ေျပာလိုက္ေသာ္လည္း ယင္းကိုတစ္စုံတစ္ေယာက္သာ ၾကားပါက အႀကီးအက်ယ္ထိတ္လန့္သြားလိမ့္မည္။
သို႔ရာတြင္...
ယြီဝမ္ထုန္က တကယ္ကို ထိုသို႔လုပ္နိုင္ေၾကာင္း လင္းက်န္သိသည္။ ထို႔အျပင္ သူကၿမိဳ႕ေတာ္သို႔ေရာက္လွ်င္ အဘက္ဘက္မွ ကန့္သတ္မႈမ်ားႏွင့္ ရင္ဆိုင္ရေတာ့မည္ျဖစ္ရာ ၎ကိုယြီဝမ္ထုန္၏လက္ထဲသို႔ အပ္ထားလိုက္မည္။
ယေန႕ညက ရွည္ၾကာကာ ဗ်ာမ်ားခဲ့သည္။ ကနဦးတြင္ လင္းက်န္က ဆတ္သားစခန္းသို႔ျပန္ေရာက္ၿပီးေနာက္ သူ႕ဦးေလးေပးလိုက္ေသာစာကို ဖတ္ရန္ စီစဥ္ထားေသာ္လည္း လုပ္ႀကံမႈျဖစ္လာမည္ဟု မထင္ထားေပ။ ယခုအခါ ေနထြက္ခါနီးေနၿပီပင္။
"ခဏ သြားအိပ္လိုက္။ ဒီေန႕ ကိုယ္တို႔ေတြ ဆတ္သားစခန္းမွာ နားဦးမယ္။ မနက္ျဖန္က်ရင္ ထြက္မယ္။" ယြီဝမ္ထုန္ကေျပာသည္။
လင္းက်န္က ေခါင္းခါ၏။ "မြန္းလြဲပိုင္းက်ရင္ ထြက္ရေအာင္။ ဒီကိစၥျဖစ္သြားတဲ့သတင္းက ထန္းယန္ကိုမပ်ံ့သြားေအာင္ လုပ္ေပးပါ။ ကြၽန္ေတာ့္ရဲ႕မိသားစုဝင္ေတြကို ကြၽန္ေတာ့္အတြက္ မစိုးရိမ္ေစခ်င္ဘူး။"
၎က အလြန္ခက္လိမ့္မည္။ မေန႕ညက ေဆးဥယ်ာဥ္တြင္ ဧည့္သည္အမ်ားအျပား ရွိေနရာ သူတို႔၏ပါးစပ္မ်ားကို ပိတ္ရန္ မလြယ္ကူေခ်။ သို႔ေသာ္ ယြီဝမ္ထုန္က လုပ္ႀကံသူမ်ားထံမွ တိုက္ခိုက္ခံရသူမွာ သူျဖစ္သည္ဟု ေျပာထားရာ လုပ္ႀကံမႈ၏တကယ့္ပစ္မွတ္က လင္းက်န္ျဖစ္ေၾကာင္းကို ထိုဧည့္သည္မ်ားမသိၾကေပ။
ယြီဝမ္ထုန္က ထိုအေၾကာင္းကိုေတြးၿပီးေနာက္ သေဘာတူလိုက္သည္။ "ဒါဆို မြန္းလြဲပိုင္းက်ရင္ ကိုယ္တို႔ထြက္ၾကမယ္။"
'ေစာေစာထြက္တာက အက်ိဳးရွိတယ္။ တကယ္လို႔ ဒီအေၾကာင္းကို ဦးေလးလင္းတို႔ ၾကားသြားလို႔ စိတ္ေျပာင္းၿပီး လင္းက်န္ကိုအိမ္ျပန္လာဖို႔ေျပာရင္ ကိစၥေတြရႈပ္ကုန္လိမ့္မယ္။' သူကေတြးသည္။
လင္းက်န္က ယြီဝမ္ထုန္၏အေတြးကိုမသိေခ်။ သူက ယြီဝမ္ထုန္ကဲ့သို႔ အတြင္းအားမေကာင္းသျဖင့္ တကယ္ပင္ပန္းေနၿပီပင္။
လင္းက်န္က သူ႕အခန္းသို႔ျပန္ကာ အဝတ္လဲၿပီး အိပ္ရာဝင္သြားသည္။
သူက ထိုစာကိုမဖတ္လိုျခင္း မဟုတ္ေသာ္ျငား...
"သခင္ေလး၊ ခဏအိပ္လိုက္ပါ။ ကြၽန္ေတာ္တို႔ေတြ ဒီမွာ ေစာင့္ၾကည့္ေနပါ့မယ္။"
ရွားဖုန္းက သူ႕အိပ္ရာနားတြင္ ရပ္ေနၿပီး ဝမ္တရွန္တို႔က အခန္းအျပင္ဘက္တြင္ ရွိေနၾကသည္။ အလြန္ေၾကာက္လန့္ေနေသာ လုစီခ်ိဳက္ႏွင့္ ဝမ္ခ်င္းတို႔ကပင္ မထြက္သြားဘဲ အခန္းအျပင္ဘက္တြင္ ေနေနၾကသည္။ အခန္း၏အတြင္းအျပင္တြင္ လူမ်ားရွိေနၾကသည္။
'ဒီလူေတြအားလုံးရွိေနရင္ ငါကစာဘယ္လိုဖတ္ရမလဲ။'
လင္းက်န္က စိတ္ပ်က္လက္ပ်က္ျဖင့္ မ်က္ခုံးကိုႏွိပ္နယ္မိသည္။ 'ဆိုရိုးစကားေတြက မွန္တယ္။ လူသားေတြရဲ႕အႀကံကို ဘုရားက ရွင္းထုတ္ပစ္တယ္။'
"သခင္ေလး ေခါင္းကိုက္ေနတာပါလား။ ကြၽန္ေတယ္ သမားေတာ္ကို ခ်က္ခ်င္းသြားပင့္လိုက္မယ္။" ရွားဖုန္းက စိုးရိမ္သြားသည္။
"ဟင့္အင္း။ အဲ့လိုလုပ္စရာမလိုဘူး။ ငါက ပင္ပန္းေန႐ုံပဲ။ တစ္ေရးေလာက္အိပ္လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္။" လင္းက်န္က ျမန္ျမန္ျပန္ေျပာသည္။
"ဒါဆို လွဲၿပီးအိပ္လိုက္ပါေတာ့ သခင္ေလး။"
လင္းက်န္က လွဲကာ ရင္ဘတ္ေပၚမွ စာရွိေနသည့္ေနရာသို႔ လက္တင္၍ ရွားဖုန္းကိုေျပာလိုက္သည္။ "ထိုင္ခုံတစ္ခုံသြားယူလိုက္။ မင္းအဲ့လိုရပ္ေနရင္ ငါအိပ္လို႔မရဘူး။"
ရွားဖုန္းက သူထိုေနရာမွေန၍ အိပ္ရာကိုၾကည့္နိုင္ေသးသည္ဟုေတြးကာ နာခံလိုက္သည္။
လင္းက်န္က သက္ျပင္းခ်သည္။ အျခားအရာမ်ားထက္ သူကိုယ္တိုင္လည္း တကယ္ပင္ပန္းေနရာ မၾကာခင္အိပ္ေပ်ာ္သြားသည္။
လင္းက်န္အိပ္ေပ်ာ္သြားၿပီး မ်ားမၾကာမီတြင္ ဆတ္သားစခန္း၌ တစ္စုံတစ္ခုျဖစ္ပ်က္သြားသည္။ အဖမ္းခံထားရသည့္ လုပ္ႀကံသူက လွ်ာကိုက္ကာ သတ္ေသသြားသည္။
ယြီဝမ္ထုန္က ေဒါသထြက္သြားၿပီး လုပ္ႀကံသူကို ေစာင့္ၾကည့္ရန္တာဝန္ရွိသည့္ ရွဲ႕ရွီတို႔ကို ျပင္းထန္စြာျပစ္တင္ေမာင္းမဲခဲ့သည္။ က်ိဳးပင္းခြၽမ္ပင္ ယြီဝမ္ထုန္၏ေဒါသဒဏ္ကို ခံရသည္။ သူကအျပစ္တင္ခံေနရခ်ိန္တြင္ ေခါင္းပင္မေမာ့ရဲေခ်။
ဆတ္သားစခန္းတစ္ခုလုံးက ၿငိမ္ခ်က္သားေကာင္းေနသည္။ မည္သူမွ် တစ္ခြန္းမဟရဲေပ။ လူတိုင္းက ယြီဝမ္ထုန္အား ေဒါသထြက္ေစမိမည္ကို ေၾကာက္သျဖင့္ ေရွာင္ေနၾကသည္။
က်ိဳးပင္းခြၽမ္က ကိုယ္ပိုင္အခန္းထဲသို႔ ျပန္ေရာက္ေသာအခါ သက္ျပင္းခ်မိသည္။
အျခားအခန္းမွ က်န္ရွီသည္လည္း တိတ္တိတ္ေလး သက္ျပင္းခ်သည္။
"ကုန္းကုန္း၊ လုပ္ႀကံသူေသသြားတာက ေကာင္းတာလား၊ ဆိုးတာလား။" မိန္းမစိုးငယ္ကေမးသည္။
"ေကာင္းတဲ့ကိစၥေပါ့။ ယြီဝမ္ထုန္က စစ္ေဆးေမးျမန္းတာနဲ႕ပက္သက္ၿပီး တစ္ခြန္းမွထုတ္မေျပာဘူး။ သူ တစ္ခုခုကိုတကယ္ရသြားလား။ ဒါမွမဟုတ္ ၿဖီးျဖန္းေနတာလားဆိုတာ မသိရေသးဘူး။ အဲ့ဒီလူေသသြားတာက ေကာင္းသြားတယ္။ ဒီလိုဆို ဧကရာဇ္ကအသာစီးပိုရသြားၿပီ။" က်န္ရွီကရွင္းျပသည္။
မိန္းမစိုးငယ္က မိန္းမစိုးႀကီးထံမွ တစ္စုံတစ္ခုကို သင္ယူလိုက္ရသကဲ့သို႔ ေခါင္းညွိတ္သည္။
"ငါ့ကို အိပ္ရာဆီလိုက္ပို႔။ ငါတို႔ေတြက မြန္းလြဲပိုင္းက်ထြက္မဲ့ဟာ ငါမေန႕ညက တစ္ေရးမွမအိပ္လိုက္ရဘူး။ ငါက အသက္ႀကီးေနၿပီ။ အိပ္ေရးပ်က္တာက ငါ့ကိုေသေစနိုင္တယ္။"
မိန္းမစိုးငယ္က က်န္ရွီကို အိပ္ရာထဲသို႔ ျမန္ျမန္ပို႔ကာ ကူညီလွဲခ်ေပးသည္။ "ကုန္းကုန္းရဲ႕ က်န္းမာေရးက ကြၽန္ေတာ့္ထက္ေတာင္ အမ်ားႀကီးပိုေကာင္းပါေသးတယ္။ ကုန္းကုန္းက လုံးဝမအိုေသးပါဘူး။"
*****
"ၿပီးသြားၿပီလား။" ဆတ္သားစခန္း၏အက်ယ္ဆုံး၊ သက္ေတာင့္သက္သာအရွိဆုံး အခန္းထဲမွ ယြီဝမ္ထုန္က တည္ၿငိမ္စြာေမးသည္။ သူ၏မ်က္ႏွာေပၚတြင္ ယခုေလးတင္မွေဒါသထြက္ခဲ့သည့္ အရိပ္အေယာင္မရွိေခ်။
ေဘးတြင္ရပ္ေနေသာ ေယာင္ရိက ျပန္ေျပာသည္။ "ၿပီးသြားပါၿပီ။ သူတို႔ေတြက အခုေလးတင္ ထြက္သြားၾကပါတယ္။"
"သူတို႔ကိုသတိထားခိုင္းလိုက္။ သူေသသြားတာ တကယ္မျဖစ္လာေစနဲ႕။"
"ကြၽန္ေတာ္ သူတို႔ကိုႏွိုးေဆာ္လိုက္ပါတယ္။ သူတို႔က သတိထားမွာပါ။"
အခိုက္အတန့္မွ် ၾကာၿပီးေနာက္ ေယာင္ရိကေမးသည္။ "ခုနက သခင္ေလးလင္းက စစ္သူႀကီးကို ေဒါသထြက္ေနတာပါလား။"
ယြီဝမ္ထုန္က သူ႕ကိုဖ်တ္ခနဲၾကည့္သည္။ "ေနာက္ရက္ပိုင္းအတြင္းမွာ သူေပ်ာ္လာဖို႔ မင္းအေကာင္းဆုံးျပဳမူသင့္တယ္လို႔ မင္းကိုယ္က်ိဳးအတြက္ ငါအႀကံေပးတယ္။"
'ငါတို႔က သခင္ေလးေပ်ာ္ဖို႔ လုပ္ရမွာလား။' ေယာင္ရိ မ်က္လုံးျပဴးသြားသည္။ "စစ္သူႀကီးကိုယ္တိုင္ အဲ့ဒီလိုလုပ္ရင္ ပိုမေကာင္းဘူးလား။"
ယြီဝမ္ထုန္က ျပန္ေျပာသည္။ "မင္း ငါ့ကိုသတိေပးစရာမလိုပါဘူး။ သူ႕ကိုေပ်ာ္ေအာင္လုပ္ဖို႔သာ အာ႐ုံစိုက္။"
ေယာင္ရိမွာ ေ႐ြးခ်ယ္စရာမရွိဘဲ "ဟုတ္ကဲ့ပါ၊ စစ္သူႀကီး"ဟု ျပန္ေျဖလိုက္ရသည္။ သို႔ေသာ္ သူ႕စိတ္ထဲတြင္ မိမိကိုယ္ကိုယ္ ေျပာေနသည္။ 'ငါအရင္ကဒီလိုကိစၥမ်ိဳးကို မလုပ္ဖူးဘူး။ သခင္ေလးလင္းေပ်ာ္ေအာင္ ငါဘာလုပ္သင့္လဲ။' သူကထိုသို႔ေတြးရင္း က်န္လွ်ိုတို႔ႏွင့္တိုင္ပင္ရန္ ျမန္ျမန္ထြက္သြားသည္။
က်န္လွ်ိုတို႔က ထိုအေၾကာင္းကိုၾကားေသာအခါ ေျပာစရာမဲ့သြားၾကသည္။
"သခင္ေလးလင္းေပ်ာ္ေအာင္ ငါတို႔ဘာလုပ္ဖို႔လိုလဲ။"
"ဒါက ခက္တယ္။"
"ဘယ္လိုခက္တာလဲ။ ငါတို႔က သခင္ေလးလင္းေပ်ာ္ေအာင္ လုပ္ေပး႐ုံပဲေလ။"
"မင္းတို႔က တုံးတယ္လို႔ ငါဒါေၾကာင့္ေျပာတာေလ။ သခင္ေလးလင္းကိုေပ်ာ္ေအာင္လုပ္တာက အသင့္အတင့္ပဲလုပ္ရမွာ။ ငါတို႔က သခင္ေလးလင္း တအားေပ်ာ္သြားေအာင္လုပ္မိရင္ ငါတို႔ကိုပဲအာ႐ုံစိုက္လာမွာ။ အဲ့လိုဆို စစ္သူႀကီးက ေဒါသထပ္ထြက္လိမ့္မယ္။"
"ဒါဆို ငါတို႔ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ။"
"ငါတို႔ေတြ ဝမ္တရွန္တို႔ဆီမွာ အႀကံသြားေတာင္းရင္ေကာ။"