အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

46.8K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 56.1
Chapter 57

Chapter 55

511 86 7
By Alittlecoin

"စဉ်ဆက်မပြတ် ပြီးပြည့်စုံစွာ အပြစ်တင်ခြင်း"

{Warning; 🚨အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စရာ အခန်းတွေပါဝင်တာကြောင့် စားသောက်နေတုန်းမဖတ်ပါနဲ့}

မူချောင်နဲ့ တရားဝင်အတွဲဖြစ်သွားပေမဲ့ အရင်အတိုင်း သူတို့နှစ်ယောက်ကြားမှာ အရမ်းကြီးကွာခြားသွားတာမျိုးမရှိပေ။

Spirit Roadရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှာ မူချောင်နဲ့ ထန်းရှောင်က မယုံကြည်နိုင်လောက်စရာ နံမည်ကြီးလာတယ်။

ချောင်ရိကျင်ရဲ့ ရုပ်ရှင်ဇာတ်ကားteaser ထွက်လာပြီးနောက်မှာ သူတို့က ပိုပြီး ရေပန်းစားလာတော့တယ်။

Teaserထဲမှာ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်ကာ မူချောင်က သေနတ်ကို ဆွဲထုတ်လိုက်ပြီး အသက်ကို လုကာ မြေပြင်ပေါ်ကို လိမ့်လိုက်တဲ့အခန်းလည်း ပါဝင်လေတယ်။

စုပိုင်ကတော့ အမျိုးသမီးဇာတ်လိုက်ဆိုတဲ့အတိုင်း Teaserထဲမှာ သူမပါဝင်တဲ့ဇာတ်ဝင်ခန်းက အများအပြားပင်။

သူမရဲ့အရင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်တွေနဲ့မတူပဲ ဒီတစ်ကြိမ်မှာ သူမကပိုပြီး သန်မာချောမောကာ သူရဲကောင်းဆန်ဆန်ဖြစ်တာကြောင့် သူမရဲ့ဖန်တွေက လိုင်းပေါ်မှာ အော်ဟစ်နေကြတော့တယ်။
"အား!!! မမက အရမ်းမိုက်တာပဲ! တို့အသည်းနှလုံးကို ထပ်မံသိမ်းပိုက်သွားပြန်ပြီ!

ထန်းရှောင်ရဲ့ပုံရိပ်က Teaserအဆုံးမှာသာ ပေါ်လာပြီး သူမရဲ့ခေါင်းကို ဘေးဘက်ကို အနည်းငယ်လှည့်ကာ ပေါ်လာတဲ့ မျက်နှာတစ်ဖက်ခြမ်းမှာ အပြုံးနုနုလေးတစ်ခုနဲ့။

အနီးကပ် Slow motion ဆွဲရိုက်ပြထားတာကြောင့် သူမ နောက်ကို လှည့်လိုက်တဲ့အချိန်မှာ နူးညံ့တဲ့အပြုံးတစ်ပွင့်နဲ့အတူ သူမရဲ့မျက်လုံးတွေက တလက်လက်တောက်ပနေတယ်။

လေထဲမှာ သူမရဲ့ဆံနွယ်တွေ ခပ်သဲ့သဲ့လွင့်မြောနေတာက သူမကို မျှော်လင့်ထားတဲ့အတိုင်း ပိုပြီးလှပနေစေတော့တယ်။

အဖွဲ့မှူးနင်ဆိုသည်မှာ ထန်းရှောင်ကို တစ်ကြိမ်လောက် အမှန်တကယ်ချီးကျူးဖို့ဆိုတာ ခက်ခဲလွန်းတယ်ဆိုပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ မနေနိုင်ပေ: မင်း ရူးတူးပေါတော မနိုင်ရင်တော့ သိပ်ပြီး ကြည့်ရတာ မဆိုးပါဘူး။

ထို့နောက်မှာတော့ ဂိမ်းထဲက ထန်းရှောင်ရဲ့account ဟက်ခ်ခံလိုက်ရတဲ့အကြောင်းရော, မူချောင်နဲ့အတူ တုတ်ထိုးစားတဲ့အကြောင်းတွေရော အစရှိသဖြင့် သူမရဲ့မှောင်မိုက်တဲ့ အတင်းအဖျင်းအကုန်လုံးကို လိုင်းပေါ်မှာ အဖော်ခံနေရတယ်။

"ဘာတွေ သက်ပြင်းချနေတာလဲ? လူတိုင်းက နင့်ရဲ့မှောင်မိုက်နေတဲ့ သမိုင်းကြောင်းကို အကုန်သိကုန်ပြီး "ချစ်ဖို့ကောင်းလိုက်တာ, ချစ်စရာကောင်းလိုက်တာ"လို့ပြောနေကြတာ"
ရှောင်လင်က လက်ထဲမှာ Tabletကိုင်ထားရင်း မူချောင်ရဲ့ဆိုဖာပေါ်ထိုင်ကာ ဂိမ်းဆော့နေတယ်။

ထန်းရှောင်က သူမရဲ့ခပ်ထုံထုံခွေးအတိုင်း သန့်စင်ခန်းသွားတာနဲ့ အိပ်တာကလွဲရင် သူမရဲ့အချိန်အများစုကို မူချောင့်ဘေးမှာ နေရင်းသာ ကုန်ဆုံးတော့တယ်။

ထိုထဲမှာ သူမရဲ့ထမင်းသုံးနပ်စာနဲ့ မုန့်တွေလည်းပါတယ်။ သူမတို့မိသားစုက ခပ်ထုံထုံhuskyခွေးလိုမျိုးပဲ။

ထန်းရှောင် သက်ပြင်းချလိုက်တယ်, "အထက်တန်းကျောင်းတုန်းက ငါ စာစီစာကုံးတွေ ရေးရင် ရှီမာချင်ကို ဉပမာအနေနဲ့သုံးပြီး ရေးခဲ့တာ။ အခု ငါသိလိုက်ရပြီ ရှီမာချင်ရဲ့နံမည်ကို ဒီလောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ထပ်တလဲလဲဖော်ပြခံနေရတာ သူဘယ်လောက်တောင် ခံစားနေရမလဲ။ ငါ့ရဲ့ နက်နဲလွန်းတဲ့သမိုင်းကြောင်းလိုပေါ့ ဒီအတိုင်းပြန်ကြည့်လိုက်ရင်ကို ငါ့ကိုယ်ငါ အမှိုက်ထုပ်ဖြစ်ခဲ့သလို ခံစားရတာ"

{ note// ရှီမာချင်= ဟန်မင်းဆက်ခေတ် (ဘီစီ ၂၀၆)က အစောပိုင်းတရုတ်သမိုင်းပညာရှင်)

ရှောင်လင် မနေနိုင်စွာ မျက်ဖြူစိုက်ပြလိုက်ကာ,
"ဒါတွေအားလုံးက နင့်ရဲ့မျက်နှာလှလှလေးကြောင့်လေ"

"အား! ငါဘယ်လောက်လှလဲဆိုတာ နင်ချီးကျူးနေတာလား!"
ထန်းရှောင် အရမ်းပျော်သွားတယ်။

"နင်နားကြားမှားသွားတာ"

"ငါလည်း အဲ့အကြောင်းပြောမလို့ပဲ။ မူချောင်က ငါ့ကို ကြိုက်တာ သေချာပေါက် ငါ့ရဲ့မျက်နှာလှလှလေးကြောင့်ပဲ မဟုတ်ဘူး။ ငါ့ရဲ့အတွင်းထဲက ငါအစစ်ကို သူက သဘောကျတာ! ငါက အတွင်းစိတ်နှလုံးလှတဲ့သူမို့လေ!"
ထန်းရှောင်ရဲ့မျက်နှာက ဂုဏ်ယူဝံ့ကြွားစွာ မော့ချိတ်လို့။

"....." ရှောင်လင် တကယ်ပဲ ဘာပြောရမလဲဆိုတာ မသိတော့ပေ။

မူလက ဂိမ်းထဲမှာပဲ ထန်းရှောင်က အရှက်မဲ့ပေမဲ့ လက်ရှိမှာတော့ သူမက တကယ့်အပြင်ဘက်ကမ္ဘာတစ်ခုလုံးအထိ ကျော်အောင် ရှက်ကြောင်းကွဲနေတော့တယ်။

"ထန်းရှောင်, ကော်ဖီစားပွဲပေါ်က ဂေါ်ဂျီဘယ်ရီသီးအိတ်ကို တွေ့လား ကိုယ့်ကိုကူကြည့်ပေး"
မီးဖိုချောင်ထဲကနေ မူချောင် အော်ပြောလိုက်တယ်။

Goji Berry


ထန်းရှောင်က မူချောင့်ရဲ့အိမ်ကို လုံ့လဝီရိယရှိစွာ လာနေကတည်းက သူမအတွက် နေ့လည်ခင်းတိုင်း အချိုစွပ်ပြုတ်တစ်ခုခုကို သူနေ့တိုင်းလုပ်ပေးတော့တယ်။

တစ်ခါတစ်ရံမှာ မှိုဖြူနဲ့ ကြာစေ့စွပ်ပြုတ်, တစ်ခါတစ်ရံမှာ ဝိုင်နီနဲ့ သစ်တော်သီးစွပ်ပြုတ်လိုမျိုးတွေ။

ထန်းရှောင်က ထိုစွပ်ပြုတ်တွေကို သောက်ပြီးတဲ့အချိန်တိုင်း ဆိုဖာပေါ်မှာ လဲလျောင်းပြီး သူမရဲ့ဗိုက်ကို ပွတ်ရင်း မျက်လုံးတွေကို ကျဉ်းမြောင်းထားကာ မျက်နှာကလည်း စိတ်ကျေနပ်မှုအပြည့်နဲ့ ဖြစ်နေလေတယ်။

မူချောင်က သူမရဲ့ထိုပုံစံကိုမြင်ရတာ အလွန်သဘောကျတယ်။
ပါပီကြီးတစ်ကောင်ကို ပြုစုပျိုးထောင်နေရသလိုမျိုး သူခံစားရတယ်။

ထန်းရှောင် ဘေးနားပတ်ပတ်လည်မှာ ရှာကြည့်ပေမဲ့ ကြမ်းပြင်ပေါ်က အိတ်အလွတ်တစ်ခွံကလွဲပြီး မူချောင်ပြောတဲ့ ဂေါ်ဂျီဘယ်ရီတစ်လုံးမှကိုတောင် မတွေ့ပေ။

"ရှင် စားပစ်လိုက်တာများလား?"
ထန်းရှောင် အိတ်အလွတ်ကိုကိုင်ပြီး မူချောင့်ဆီ သွားပြလိုက်တယ်။

"မနေ့ကရဲ့အရင်နေ့ကမှ ဆိုင်ကနေ ဝယ်လာတာ။ ဘယ်ရီသီးအိတ်က အကြီးကြီးပါ"
မူချောင် ခဏလောက်ရပ်တန့်သွားပြီး သူမရဲ့လက်ထဲက ပလတ်စတစ်အိတ်ကို ယူလိုက်တယ်။

ထို့နောက်မှာတော့ တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့ခေါင်းက စတင်နာကျင်လာတယ်။

"ထန်းရှောင်, မင်းရဲ့ ခပ်ထုံထုံခွေးကို တစ်ချက်သွားကြည့်အုံး။ ဂေါ်ဂျီဘယ်ရီသီးတွေက သူတို့နဲ့ တည့်ချင်မှတည့်မှာ။ စားလိုက်ရင် နေမကောင်းဖြစ်မလားမသိဘူး"

တစ်စုံတစ်ခုက ဆွဲဖြဲကိုက်ထားသလိုမျိုး အပြတ်ရာအကိုက်စွန်းရာတွေနဲ့ အိတ်က ကွဲပြဲနေပြီး ကြည့်လိုက်ရုံနဲ့ သေချာတာကတော့ ခွေးသွားရာတွေပင်။

မူချောင်က သူ့အိမ်ကရွှေရောင်အမွှေးပွခွေးကို မွေးထားတာကြာပြီဖြစ်တာကြောင့် သူ့ခွေးမှာ ထိုကဲ့သို့ ထူးကဲတဲ့ အစာအာရုံခံစနစ် မရှိတာ သိနေလေတယ်။

"သူစားပစ်လိုက်တာလားဆိုတာ ကိုယ်လည်းမသိဘူး။ မနေ့နေ့လည်ကထိ အိတ်အကြီးကြီး ရှိနေသေးတယ်။ တစ်ချက်သွားကြည့်လိုက်, စားလိုက်ပြီး နေမကောင်းဖြစ်ရင် ကိုယ်တို့ ဒေါက်တာရှောင်ဆီ သွားရမှာ"

ထန်းရှောင် သူမရဲ့ခပ်ထုံထုံခွေးကို ရှာဖို့ မူချောင့်တစ်အိမ်လုံးအနှံ့ ပြေးလွှားပတ်ကြည့်လိုက်ပေမဲ့ အရိပ်အယောင်တောင် မမြင်ရပေ။

"ငါသွားရတော့မယ်။ အဖွဲ့မှူးနင်က မာကျောက်ကစားဖို့ ချိန်းထားတာမို့။ ငါအရင်သွားပြီနော်"
ရှောင်လင်က အချိန်ကိုကြည့်လိုက်ပြီး သူမပါလာတဲ့အိတ်တွေကို ဆွဲယူပြီး ထွက်သွားဖို့ပြင်လိုက်တယ်။

ထန်းရှောင်မှာတော့ ဂေါ်ဂျီဘယ်ရီသီးတစ်အိတ်လုံးကို မြိုစို့ပစ်လိုက်တဲ့ ခပ်ထုံထုံhuskyခွေးကို ရှာနေတုန်းပင်။

မူချောင့်အိမ်က ထွက်ပြီးပြန်သွားတဲ့ ရှောင်လင်က ခဏအကြာမှာ ရုတ်တရတ် ကြောက်စရာမျက်နှာနဲ့ ပြန်ပြေးလာတယ်။

"ထန်းရှောင်! မကောင်းတော့ဘူး! နင့်အိမ် ပေါက်ကွဲသွားတာလား? ငါဓာတ်လှေကားနား ရောက်တုန်းရှိသေး, နင့်အခန်းထဲကနေ ပေါက်ကွဲသံလိုလိုအသံကျယ်ကြီး တစ်ခုကို ကြားလိုက်ရသလိုပဲ"

ထန်းရှောင် ခဏလောက်တွေးလိုက်ပြီး သဘောပေါက်သွားပုံနဲ့ ပေါင်ကို ရိုက်လိုက်ကာ သူမအိမ်ဆီ အပြေးသွားလိုက်တယ်။

ခပ်ထုံထုံhuskyခွေးက မတော်တဆနဲ့ သူမရဲ့အိမ်အထဲမှာ လော့ခ်ပိတ်မိသွားပုံရတယ်။

ထိုပေါက်ကွဲသံက ခပ်ထုံထုံခွေး အိမ်ထဲက ပစ္စည်းတွေကို ဖျက်စီးသောင်းကျန်းနေတာနေမှာ။

"ဖာခ့်***သောက်ကျိုးနည်းခွေး!"

မူချောင်နဲ့ ရှောင်လင်က ထန်းရှောင် ပြေးသွားတဲ့နောက်ကနေ လိုက်သွားလိုက်ကြတယ်။

ထန်းရှောင် တံခါးပေါက်ကို ဖွင့်လိုက်တဲ့အချိန်မှာ သူမကိုယ်သူမ စိတ်ထဲအသင့်ပြင်ထားပြီးဖြစ်ပေမဲ့ သူမရဲ့အိမ်က ဆူနာမီမုန်တိုင်း ဝင်ရောက်သောင်းကျန်းသွားသည့်အလား။

တံခါးဖွင့်ပြီး တစ်စက္ကန့်အတွင်းမှာပဲ ထန်းရှောင် အမူအရာကင်းမဲ့စွာနဲ့ ချက်ချင်းပြန်ပိတ်လိုက်တယ်။

"ဘာလို့လဲ?" မူချောင် မေးလိုက်တယ်။

ထန်းရှောင်မျက်နှာက တည်ငြိမ်စွာနဲ့,
"ကျွန်မ အခန်းမှားပြီးဖွင့်လိုက်တာထင်တယ်။ ကျွန်မ နောက်တစ်ခါ ထပ်ဖွင့်ကြည့်လိုက်အုံးမယ်"

ဒီတစ်ကြိမ် သူမ အခန်းတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန် လူသုံးယောက်လုံးက ဖြစ်ပျက်နေတာတွေကို မြင်လိုက်ရတယ်။

ကြမ်းပြင်ပေါ်မှာတော့ အနီရောင်အရည် အတန်းလိုက်ကြီးက သန့်စင်ခန်းထဲကနေ တွန့်လိမ်ကောက်ကွေးစွာနဲ့ ဧည့်ခန်းထဲဆီ တရွေ့ရွေ့လျှောက်သွားထားသလိုမျိုး ပေပွနေတယ်။

ခပ်ထုံထုံhuskyခွေးက အူတူတူမျက်နှာပေးနဲ့ တံခါးပေါက်ဝမှာ ပိတ်ဝပ်နေတယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှောင်လင်မှာ ကြောင်အနေတယ်။
"နင့်ခွေး အိမ်တစ်ခုလုံးကိုများ ဖျက်စီးပစ်လိုက်တာလား?"

မူချောင်လည်း သူ့နဖူးကြောကို လက်နဲ့ပွတ်လိုက်ကာ,
"ပျောက်နေတဲ့ ဘယ်ရီသီးအိတ်ကို တွေ့ပြီထင်တယ်"

ထန်းရှောင်ကတော့ သူမရဲ့ဧည့်ခန်းတစ်ခုလုံးမှာ ချီးပါထားပြီး နံစော်ညစ်ပတ်နေအောင် လုပ်ထားတဲ့ သူမရဲ့ခပ်ထုံထုံခွေးဗိုက်ထဲမှာ ဘယ်ရီသီးတွေ အချဉ်ပေါက်ရုံတင်မက အပင်ပါပေါက်နေနေ ထိုအကြောင်းကို လုံးဝစိတ်ပူခြင်းမရှိတော့ပေ။

လက်ရှိမှာတော့ သူမစဉ်းစားနေတာ ခွေးသားဟော့ပေါ့လုပ်စားရမဲ့အကြောင်းပဲ။

ခပ်ထုံထုံhuskyခွေးက အပြစ်ကင်းစွာနဲ့ သူမကို နှစ်ကြိမ်ဟောင်ပြလိုက်တယ်။

ထန်းရှောင်မှာ ဘာတွေဖြစ်နေလဲဆိုတာ လိုက်ကြည့်လိုက်တယ်။

ဒါ အရမ်းကို သတ္တိရှိတာပဲ။

ဂေါ်ဂျီဘယ်ရီသီးတစ်အိတ်လုံးနီးပါးကို စွန့်ထုတ်ထားရုံသာမက သန့်စင်ခန်းတစ်ခုလုံးကလည်း ကမ္ဘာပျက်နေသည့်အလား။

"နင့်အမေ" ထန်းရှောင် ဧည့်ခန်းထဲပြန်ရောက်တော့ အောက်မှာကျနေတဲ့ တီဗီရီမုတ်ကို ဆွဲယူပြီး ကောက်ထုပစ်ချင်သွားတယ်။

ရီမုတ်ကို သူမဆွဲယူလိုက်ပေမဲ့ ခလုတ်က နွေးနေတာကို ခံစားလိုက်ရကာ တစ်ရူးနဲ့သုတ်ပစ်လိုက်ပေမဲ့ ချက်ချင်းဆိုသလို ဒေါသထွက်လာတာကြောင့် ရီမုတ်ကို အဝေးကို လွှင့်ပစ်လိုက်တယ်။

ခပ်ထုံထုံhuskyခွေးက တစ်နေ့လည်ခင်းလုံး ဝမ်းလျှောထားတာကြောင့် အနည်းငယ်အားနည်းသလို ခံစားနေရကာ ကြမ်းပြင်ပေါ်လဲလျောင်းနေပြီး သနားစရာကောင်းအောင် လုပ်ပြနေတယ်။

ဂေါ်ဂျီဘယ်ရီသီးတွေကြောင့် နေထိုင်မကောင်းဖြစ်နေတယ်လို့ ထင်သွားပြီး ထန်းရှောင်ရဲ့အသံက နူးညံ့သွားကာ,
"ပြောပါအုံး, မင်း ဒါတွေကို ဘယ်လိုများလုပ်လိုက်တာလဲ!"

ထို့နောက်မှာ ခပ်ထုံထုံအကောင်က သူမကို ဘာတစ်ခွန်းမှမပြောဘဲ ဘယ်လိုဖြစ်သွားလဲဆိုတာ လက်တွေ့ပြလိုက်တယ်။

ထိုသကောင့်သားရဲ့ မက်မွန်သီးနှစ်ခြမ်းကနေ အနီရောင်အရည်တစ်ချို့ ပန်းထွက်လာကာ ဆိုဖာထိုင်ခုံရဲ့ခြေထောက်တွေပေါ် ဝဲစင်လာတယ်။ ဆိုဖာဘေးနားမှာ ရပ်နေတဲ့ ထန်းရှောင်မှာတော့ ထိုအန္တာရာယ်ကြားထဲ လုံးလုံးမကျသွားပေမဲ့ မရှောင်လွှဲနိုင်ခဲ့ပေ။

ထို့ပြကွက်က အရမ်းကို အသက်ဝင်တာပဲ။

ထန်းရှောင်:.....

မူချောင်:....

ရှောင်လင်:....

မင်းအမေပဲ! ဒီလိုပေါက်ကွဲမှုမျိုးက! အား!!!!!!!! သူမ ပေါက်ကွဲခံလိုက်ရပြီ! သူမကို မှန်သွားပြီ!

ထန်းရှောင်မှာ ပြောစရာစကားမဲ့ကာ လုံးလုံးရှောခ့်ရပြီး ဆွံ့အနေတယ်။

လက်ရှိအချိန်မှာတော့ သူမရဲ့ခပ်ထုံထုံမောင်မင်းကြီးသားက ခွေးတစ်ကောင်မဟုတ်ဘဲ ဖင်မှာ ကျည်ဖူးစက်သေနတ်တပ်ထားတဲ့ ဂြိုဟ်သားဖြစ်နေမလားလို့ သူမသံသယရှိနေတယ်။

ဒီနေ့အတွက် တစ်အိမ်လုံးမှာ မင်းဖင်က စွန့်ပစ်ပစ္စည်းတွေက လုံလောက်နေပြီလို့!!

မင်းဘယ်လိုများ တစ်အိမ်လုံးကို ဖျက်စီးပစ်နိုင်ရတာလဲ!!

ထန်းရှောင် အလုပ်လက်မဲ့ မဟုတ်တော့တာမို့ ချေးကျုံးတဲ့သူမလုပ်တော့ဘူးလို့ လုပ်ထားတယ်။

ဒါပေမဲ့အခုဟာက သောက်ကျိုးနည်း ကျုံးလို့တောင်မရတော့ဘူး။

ဘာမှအသိမပေးပဲ ပါချင်တိုင်းပါလိုက်လို့ရလား!!

နောက်ဆုံးမှာ ထန်းရှောင် အသက်ဝင်လာပြီး တစ်ခုခုလုပ်ဖို့ပြင်လိုက်ပေမဲ့ လက်ရှိသူမရဲ့ပုံစံကြောင့် လမ်းတောင်မလျှောက်နိုင်ပေ။

"ဒီနေ့ည! ငါတို့တွေ! သေချာပေါက်! ခွေးသားဟော့ပေါ့! လုပ်စားကြမယ်!"

"ဖွီး.....အဟားဟားဟား....."ရှောင်လင် ဝါးလုံးကွဲရယ်ချလိုက်တယ်။
"နင်စားနေတုန်း ခပ်ထုံထုံခွေးက ဘယ်ရီသီးတွေ ဆက်တိုက်ပစ်လွှတ်နေမှာကို နင်မကြောက်ဖူးလား။ ဒါဆို ဟင်းရည်က နီရဲပြီး အတုံးလိုက်ဖြစ်သွားမှာလား?"

ထန်းရှောင်:....

အဲလိုပြောစကားတောင် ရှိသေးတယ်မလား။ သူငယ်ချင်းကောင်းမည်သည် မင်းတို့ဒုက္ခရောက်ပြီး လမ်းသွားရင်း ခလုတ်တိုက်လဲရင်တောင် ဆွဲထူမဲ့အစား ထိုင်ကြည့်ပြီးဝိုင်းရီနေမဲ့သူတွေ ဆိုတာ။

"သွား အဝတ်သွားလဲချည်။ ငါ အဖွဲ့မှူးနင်ကို ခေါ်ပြီး ခပ်ထုံထုံhuskyခွေးကို လာခေါ်ခိုင်းလိုက်မယ်။ ဟုတ်သား, အိမ်သန့်ရှင်းရေးသမားကို ခေါ်ဖို့လိုတယ်မလား?"
ရှောင်လင်က ရယ်ရင်း မေးလိုက်ကာ သူမရဲ့ဗိုက်ကိုကိုင်ပြီး အသက်မရူနိုင်တဲ့အထိ အူတက်နေတုန်းပင်။

ထန်းရှောင် တွေးလိုက်တယ်။ အဖွဲ့မှူးနင်ကို လာဖို့ ခေါ်ပြီး သူမရဲ့ဆိုးရွားလွန်းတဲ့ ကံကြမ္မာကိုပါ အတူခံစားရမှဖြစ်မယ်။

ထို့နောက်မှာ ထန်းရှောင်က အဝတ်လဲဖို့ သူမရဲ့အခန်းထဲက အဝတ်သစ်တွေကို ယူကာ ရေချိုးဖို့ရာအတွက် မူချောင့်နောက်ကို ပြန်လိုက်သွားတယ်။

ရှောင်လင်က အိမ်သန့်ရှင်းရေးသမားကို ခေါ်လိုက်ပြီးပြီဖြစ်တယ်။

အခန်းနှစ်ခန်းလုံးရဲ့ ဒီဒိုင်းတွေက အကုန်တူညီလုနီးပါးဖြစ်တာကြောင့် မူချောင့်တိုက်ခန်းက ရေချိုးခန်းကလည်း သူမနေရာကနဲ့ တစ်နေရာမှာတည်း ရှိလေတယ်။

ထန်းရှောင် အလျင်စလိုပြန်လိုက်လာခဲ့တာကြောင့် သူမရဲ့ရေချိုးသုံးပစ္စည်းတွေကို မယူလာခဲ့မိကာ မူချောင့်ရဲ့ပစ္စည်းတွေကိုပဲ အသုံးပြုလိုက်ရတယ်။

မူချောင်ရဲ့ရေချိုးသုံးပစ္စည်းတွေမှာ အနည်းငယ် နို့ရနံ့တွေပါကြပြီး အလွန်သန့်ရှင်းလတ်ဆတ်တဲ့အနံ့ပင်။

ရေချိုးပြီးနောက်မှာ မူချောင်က သူမအတွက် စွပ်ပြုတ်ချိုချိုလေးတစ်ပွဲကို ပန်းကန်ထဲထည့်ပြီး ယူလာချပေးတယ်။

သူမက သူ့ဘေးနားမှာ အေးဆေးစွာနဲ့ ဝင်ထိုင်ချလိုက်ပြီး မူချောင့်ဘေးပတ်ပတ်လည်လည်မှာ သူမရဲ့သန့်စင်တဲ့ရနံက လွှမ်းခြုံသွားတယ်။

ထန်းရှောင်ရဲ့ကိုယ်သင်းရနံက သူနဲ့ထပ်တူဖြစ်နေတာက သူ့ကို အလွန်အမင်းပျော်ရွှင်သွားစေတာကို မူချောင် မမျှော်လင့်ထားစွာ သူ့ကိုယ်သူ သိလိုက်ရတယ်။

ထန်းရှောင်က ဆံပင်ကို အပြောင်သိမ်းပြီး စုထုံးထားတာကြောင့် သန့်ရှင်းကြည်လင်နေတဲ့ လည်တိုင်နုနုလေးနဲ့ ညှပ်ရိုးတွေကိုပါ ဖော်ပြနေတယ်။

ဆံပင်မွှေးအနည်းငယ်က သူမရဲ့မျက်နှာပေါ် ပြုတ်ကျနေကာ ထိုဆံပင်တွေကို သူမရဲ့နားနောက်ဆီ ထည့်သပ်ပေးလိုက်ဖို့ မူချောင်လက်တွေက သူမဆီရောက်သွားတယ်။

ထန်းရှောင် သူ့ကို လှည့်ကြည့်လိုက်ပေမဲ့ ပါးစပ်ထဲက စွပ်ပြုတ်ကို စားလို့မပြီးသေးတာကြောင့် သူမရဲ့ပါးနှစ်ဖက်က ရှဉ့်လေးတွေလိုမျိုး ဖောင်းကားနေတယ်။

မူချောင် သတိစိတ်လွတ်စွာ မျက်တောင်ခတ်လိုက်မိတယ်။

သူမရဲ့နားနောက်ထဲ ဆံပင်သပ်ပေးဖို့ လုပ်နေတဲ့လက်က ရုတ်တရတ် သူမရဲ့ခေါင်းနောက်ဆီ နေရာပြောင်းသွားကာ သူနဲ့နီးကပ်အောင် ဆွဲယူလိုက်ပြီး သူမကို နမ်းလိုက်တယ်။

ပထမမှာ ဒီအတိုင်းထိတွေ့နေကြတဲ့ နှုတ်ခမ်းနှစ်စုံသာဖြစ်ပေမဲ့ တဖြည်းဖြည်းချင်း နှုတ်ခမ်းသားတွေက အနည်းငယ် ရွေ့လျားပွတ်တိုက်လာကြတယ်။

ဒါပေမဲ့ ဒီလောက်နဲ့ စိတ်ကျေနပ်စရာလို့ သူ မခံစားရတာကြောင့် စတင်ပြီး အနမ်းက နက်ရှိုင်းလာတယ်။

ထန်းရှောင်မှာ ဘာဖြစ်သွားမှန်းမသိလိုက်ရကာ သူမပါးစပ်ထဲက စွပ်ပြုတ်တွေကို အမြန်မျိုချလိုက်မိတာကြောင့် လည်ချောင်းထဲ သီးသွားလေတယ်။

သူမရဲ့ပါးစပ်ထောင့်ကနေတောင် စွပ်ပြုတ်ရည်အနည်းငယ်က စီးကျလာတယ်။

"အဟွတ်, အဟွတ်, အဟွတ်"
ထန်းရှောင် မနေနိုင်စွာ လည်ချောင်းရှင်းလိုက်ပြီးမှ လက်ရှိအခြေအနေကိုတွေးမိသွားကာ ခပ်ရှက်ရှက်နဲ့ ပေပွနေတဲ့သူမရဲ့ပါးစပ်ကို တိတ်ဆိတ်စွာ သုတ်ပစ်လိုက်တယ်။

မူချောင်က သူမကို သေချာကြည့်နေကာ သူ့မျက်လုံးတွေက နက်ရှိုင်းလာတယ်။

ဒီတစ်ကြိမ်မှာ သူမရဲ့လည်ပင်းနောက်ကို ထိန်းကိုင်ပြီး သူမကို နက်နဲစွာ ထပ်မံနမ်းရှိုက်လိုက်တယ်။

သူ့လျှာက သူမရဲ့နှုတ်ခမ်းနှစ်လွှာထဲကို ထိုးဖွင့်ပြီးဝင်ရောက်လာကာ လူနှစ်ယောက်မှာ တင်းကြပ်စွာ တစ်ယောက်ကို တစ်ယောက်ဖိထပ်နေကြတယ်။

ထန်းရှောင်မှာ ဆိုဖာပေါ် အတွန်းခံထားရပြီး မူချောင်က သူ့ရဲ့ခန္ဓာကိုယ်ကြီးတစ်လုံးနဲ့ သူမကို ဖိကပ်ထားတယ်။

သူမရဲ့နောက်မှာက နူးညံ့တဲ့ဆိုဖာဖြစ်ပြီး သူမရဲ့ရှေ့မှာက လောင်ကျွမ်းပူလောင်နေတဲ့ ခန္ဓာကိုယ်တစ်ခု။

ထိုအရာနှစ်ခုက သူမကို ကြားထဲကနေ နေရာလွှတ်မရှိအောင် ဖိသိပ်နေကြတယ်။

"အွင်း....."
မူချောင် ဒီလိုမျိုး စိတ်ဆန္ဒတွေပြင်းထန်နေတာကို ထန်းရှောင် ဘယ်တုန်းက မမြင်ခဲ့ဖူးပေ။

အသက်တောင် ကောင်းကောင်းမရူနိုင်တာကြောင့် သူမ အနည်းငယ်ရုန်းလိုက်မိတယ်။

ထို့နောက်မှာ မူချောင်က သူ့အနမ်းကို ညင်သာလိုက်ကာ သူ့လျှာက သူမရဲ့လျှာကို နူးညံ့ချောမွေ့စွာ ထိတွေ့ရစ်ပတ်နေပြီး နောက်ဆုံးမှာ သူမကို လွှတ်ပေးလိုက်တယ်။

"ကိုယ် မင်းကို ခြောက်လိုက်မိလား?"

မူချောင်က အရင်ကလို နူးညံ့ညင်သာတဲ့မူချောင် ဖြစ်နေဆဲဖြစ်ပြီး ခုနက သူမကိုနမ်းနေတဲ့လူနဲ့ တစ်ယောက်တည်းလားဆိုတာ မပြောနိုင်တော့ပေ။

သို့သော်လည်း မူချောင်က သူမရဲ့ပခုံးပေါ် ခေါင်းချမှီလာပြီး ပူလောင်တဲ့ အသံရူသံတွေကို ခပ်ပြင်းပြင်းလွှတ်ထုတ်နေကာ သူမမှာ လှုပ်လို့မရပေ။

ထန်းရှောင် ခေါင်းယမ်းပြလိုက်တယ်။
သူမရဲ့နှလုံးသားထဲမှာလည်း အတွေးနဲ့, ကျွန်မက ရှင်နဲ့အိပ်ချင်တဲ့သူလေ။ ဘယ်လိုလုပ် ဒီလောက်လေးက ကျွန်မကို ခြောက်လိုက်မိမှာလဲ?

လေထုက အနည်းငယ် ကသိကအောက်နိုင်လာသလို ခံစားရတာကြောင့် ထန်းရှောင် အမြန်ပဲ စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်တယ်။
"ဟို...ဒီနေ့ ပဲနီလေးစွပ်ပြုတ်က တကယ်ကောင်းတယ်။ ရှင် သောက်ကြည့်ပြီးပြီလား?"

"ကိုယ်သိတယ်။ ကိုယ် သောက်ထားတယ်လေ။ အဲဒါ တကယ်အရသာရှိတယ်"
မူချောင့်မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်တွေအပြည့်နဲ့။

ထန်းရှောင် သူမရဲ့တစ်ကိုယ်လုံးက အပူတွေထွက်လာသလိုမျိုး ခံစားလာရတယ်။

သူမ လျင်မြန်စွာနဲ့ ကျန်တဲ့စွပ်ပြုတ်ကို သောက်ချလိုက်ပြီး,
"အဲဒါ....ဟိုလေ ကျွန်မအိမ်မှာ အခန်းသန့်ရှင်းရေးသမား ရောက်ပြီလားမသိဘူး။ သွားကြည့်လိုက်အုံးမယ်"

သူမ အမြန်လစ်ပြေးဖို့ လုပ်လိုက်ပေမဲ့ လမ်းတစ်ဝက်မှာပဲ သုတ်ခြေပြန်လှည့်လာပြီး သူမလဲပြီးကျန်ခဲ့တဲ့ အဝတ်တွေကို အမြန်ပြန်လာယူလိုက်တယ်။

ရေချိုးခန်းထဲဝင်နေတဲ့ သူမရဲ့ပုံရိပ်ကို ကြည့်ပြီး သူ့လက်ချောင်းတွေက ဆိုဖာခုံကို တဒေါက်ဒေါက် စခေါက်လိုက်တယ်။

ကြည့်ရတာ သူမနည်းနည်းရှက်သွားတဲ့ပုံပဲ။

အမြီးကိုတက်နင်းခံလိုက်ရတဲ့ ပါပီလေးလိုမျိုး။

သူမကို နည်းနည်းလောက်ထပ်စပြီး သူမရဲ့အမြီးလေးကို နောက်ထပ်တက်နင်းလိုက်ရမလား?

ထန်းရှောင် အခုလို ရှက်ကဲပိုနေတဲ့အချိန်မျိုးဆို တကယ်ချစ်ဖို့ကောင်းတယ်လို့ သူတွေးလိုက်တယ်။

မနေနိုင်စွာ သူမကို ဖက်ထားလိုက်ချင်တယ်။

ထန်းရှောင်က အခန်းထဲကနေ တည့်တည့်ပြန်ထွက်တော့မဲ့အချိန်မှာ မူချောင်က သူမကို ပြောလိုက်တယ်။
"ထန်းရှောင်, ကိုယ်တို့တွေ အရမ်းမြန်နေတယ်လို့ မင်းထင်လား?"

ထန်းရှောင် အေးခဲသွားတယ်။

သူမတိတ်ဆိတ်နေတာကိုကြည့်ပြီး ထောက်ခံတယ်လို့ ထင်လိုက်ကာ သူ့ခေါင်းက နာကျင်လာကာ သူမကို ရှင်းပြလိုက်တယ်။
"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်က အနုပညာလောကထဲကို အသက်ငယ်ငယ်လေးကတည်းက ဝင်ခဲ့တာလေ။ ဒီပတ်ဝန်းကျင်မှာဆို အတူတူရှိနေကြတဲ့ လူတွေအများကြီးကို တွေ့နေရတယ်။ ခဏတဖြုတ်အတွင်းမှာပဲ သူတို့တွေက အတူရှိသွားကြပြီး လမ်းခွဲတာကလည်း တကယ်မြန်တယ်။ မင်း စိတ်မသက်သာဘူးလို့ ခံစားရရင် ကိုယ်တို့တွေ အစကနေ ဖြည်းဖြည်းချင်း သွားလို့ရပါတယ်"

သူဘာကို ဆိုလိုချင်လဲဆိုတာ ထန်းရှောင် သတိပြုမိသွားတယ်။

အရင်က မူချောင်ကို သဘောကျတဲ့ မိန်းကလေးတွေအများကြီးရှိတာကို သူမတွေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ဘေးနားမှာ ရှိနေတဲ့သူက သူမတစ်ယောက်တည်းသာဆိုတဲ့ အချက်က သူမကို ပျော်ရွှင်အောင် လုပ်ပြီးသွားပြီပင်။

ပြီးတော့ ဒီထက်ပိုပြောရရင် ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ရတဲ့အချက်က ဘာမို့လို့လဲ!

တည့်တိုးသွားရတာမျိုးကို သူမက သဘောကျပြီးသား!

ညစ်ညမ်းတဲ့အရာတွေလည်း စိတ်ထဲမှာအပြည့်ပဲ!

မကြောက်နဲ့!

ဘာပဲရောက်လာလာ သူမအကုန်လက်ခံနိုင်တယ်!

"ကျွန်မ...နည်းနည်းရှက်နေရုံပါ"

မူချောင်က သူမရဲ့နဖူးထိပ်ပေါ် ဖွဖွလေးအနမ်းခြွေလိုက်တယ်။

"ဟို...ကျွန်မ ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို သွားပြန်ထားလိုက်အုံးမယ်"

ကျွန်မပြန်လာတဲ့အချိန်ကျ ညစ်ညမ်းတဲ့အကြောင်းအရာတွေကို ပြောကြတာပေါ့!

သူမခြေနှစ်လှမ်းတောင် မလှမ်းလိုက်ရသေးခင် မူချောင်က သူမကိုနောက်ကနေ ထပ်ခေါ်လိုက်တယ်။

ထန်းရှောင် နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့မျက်နှာပေါ် သွေးတွေအကုန် ဖြတ်သွားပြေးသလိုမျိုး ခံစားလိုက်ရတယ်။

မူချောင့်လက်ထဲမှာ သူမရဲ့အတွင်းခံဘောင်းဘီကို ကိုင်ထားလေရဲ့။

"ထန်းရှောင်, မင်း ကျနေခဲ့တာ"
မူချောင့်မျက်နှာက လေးနက်နေတဲ့ရုပ်တည်ကြီးနဲ့။

ထန်းရှောင်:.....

ထန်းရှောင် ဘောင်းဘီကို ဖြတ်ခနဲဆွဲယူလိုက်ပြီး တစ်ရှိန်ထိုးထွက်ပြေးသွားတော့တယ်။

သူမရဲ့နောက်မှာတော့ မူချောင်က မျက်ခုံးတစ်ဖက်ပင့်ရင်း ကျန်ခဲ့တယ်။

ကြည့်ရတာ ဒီတစ်ကြိမ် သူမလေးရဲ့အမြီးကို တက်နင်းလိုက်တာ နည်းနည်းပြင်းသွားတဲ့ပုံပဲ။

သူမဝုန်းဒိုင်းကြဲပြီး ဘာလုပ်ရမလဲမသိတဲ့အချိန်မျိုးဆို တကယ်အရမ်းချစ်ဖို့ကောင်းလိုက်တာ။

***

သန့်ရှင်းရေးအဒေါ်ကြီးက ရောက်နေပြီဖြစ်ကာ အိမ်ထဲက ဝရုန်းသုန်းကားမြင်ကွင်းကို မြင်လိုက်ရပြီးနောက်မှာ အနည်းငယ်ကြောင်အသွားလေတယ်။

ထန်းရှောင်မှာ ထိုင်ဖို့တောင် နေရာလွတ်မရှိပေ။

ဒါပေမဲ့ ခုနကအဖြစ်အပျက်ကြောင့် မူချောင့်ဆီလည်း ပြန်မသွားချင်တာကြောင့် စောင်ကိုသာ တစ်ကိုယ်လုံးရစ်ပတ်ပြီးခြုံထားလိုက်ကာ ဘေးနားမှာ မတ်တပ်ရပ်နေလိုက်တယ်။

"အမလေး...ကောင်မလေး, ဒါ ဘယ်လိုများလဲ... မင်းမှာ အရက်မူးတဲ့သူငယ်ချင်းရှိလို့လား? နေရာတိုင်းမှာ ဘယ်လိုများ အန်ထားရတာလဲ?"
သန့်ရှင်းရေးအဒေါ်ကြီးက ရှုတ်ယှတ်ခတ်နေတာတွေကို ရှင်းလင်းရင်း သူမကို လှမ်းပြောလိုက်တယ်။

ထန်းရှောင် ထိုအဒေါ်ကြီးကို လေသံတိုးလေးနဲ့,
"ကျွန်မခွေးက ဘယ်ရီသီးတွေစားလိုက်ပြီး ဝမ်းလျှောထားတာမို့"

ထိုသန့်ရှင်းရေးအဒေါ်ကြီးမှာက အရှေ့မြောက်ပိုင်းလေသံရှိလေတယ်။
"အမလေး....တော်စမ်းပါအေ။ ကောင်မလေး...ညည်းသောက်တာ များသွားတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူးဟယ်။ ဒါကို ကြည့်စမ်းပါ...ဒါက ခွေးဝမ်းလျှောထားတာနဲ့ တူလို့လား။ ကြည့်ကြည့်...ဆိုဖာမှာတောင် စင်နေလိုက်သေးတယ်။ ဒီအမြင့်နဲ့ဆို ခွေးတစ်ကောင်က ဒီလိုလုပ်နိုင်စရာမရှိဘူး"

ထန်းရှောင် ထပ်ရှင်းပြလိုက်တယ်။
"အဲဒါ တကယ့်ကို ကျွန်မခွေးပါ"

"ဒါဆို ညည်းခွေးက စက်သေနတ်များ တပ်ထားလို့လားအေ? နေရာတိုင်း တရစပ်ပစ်ထားပြီး အကုန်ပေစင်နေတာပဲ?"

ထန်းရှောင်ရဲ့မျက်ရည်တွေက သူမရဲ့တစ်ခုလုံးဖုံးလွှမ်းတော့မည့်အလား,
ခေါင်းကိုလည်း ခပ်ပြင်းပြင်းညိတ့်ပြလိုက်တယ်။

ဟုတ်တယ်!

သူ့ဖင်က မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ တကယ့်ကို စက်သေနတ်တပ်ထားတာ!

"လာလိမ်မနေနဲ့"
သန့်ရှင်းရေးအဒေါ်ကြီးက သေချာပေါက် သူမကို မယုံကြည်ပေ။

"ကောင်မလေး အမှန်တိုင်းသာ ပြောစမ်းပါ။ ညည်းသောက်တာများသွားလို့မလား? အဲဒါ ရှက်စရာမှမဟုတ်တာ။ အိုက်ယို့...ဒီဆိုဖာက တကယ်ကောင်းတဲ့ဆိုဖာကို။ နောက်တစ်ခါ အန်မယ်ဆိုလည်း နေရာမှန်လေး ရွေးအန်။ ဒါတွေကို ပြောင်အောင် ဆေးနိုင်ပါ့မလားတောင် မသိဘူး"
သန့်ရှင်းရေးအဒေါ်ကြီးမျက်နှာက နှမြောတသဖြစ်နေတဲ့အမူအရာနဲ့။

ထန်းရှောင်ရဲ့ဧည့်ခန်းတစ်ခုလုံးက ကမ္ဘာပျက်သလို သောင်းကျန်းဖျက်စီးခံလိုက်ရတာတောင် လက်ရှိမှာ လူတွေက သူမကိုပဲ အပြစ်တွေအကုန် လာတင်ကြနေတယ်။



#4375 words
Ive Latte(mm)

--------------------------------------------------

Eng T/N:

မူချောင် !!!!
ရှင်ဘယ်လိုများ လုပ်နိုင်တာလဲ!!!!
(ဒီလိုမျိုးချစ်သူကောင်လေးကို ငါ့ဆီပို့လိုက်ကြပါ၊ ကျေးဇူးပဲ)😍😍
အရမ်းကို ချိုလွန်းတာပဲ!!!!!!!

😚😚😚 ဒါမျိုးကျ မူချောင်ကလက်သွက်တယ်နော်😝

Continue Reading

You'll Also Like

851K 130K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...
92.4K 7K 28
ချစ်ခြင်းတစ်ခုကို ခပ်ချိုချို အီစိမ့်စိမ့်ဖတ်ချင်ပါသလား မရိုးမရွ အားမရ ဝတ္ထုထဲဝင် ​စေ့စပ်ချင်တဲ့အထိ ဖတ်ချင်ပါသလား ဒါဆို သင်​နေရာမှန်ပါပြီ ချစ်ခြင်းတစ...
195K 1.4K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်
753K 61K 49
DaddyZ စာနှစ်ကြောင်း ပေါက်ကရ ဝတ္ထုတိုများ စုစည်းမှု