မှိုင်းဟန်မြခေတ် {Hiatus}

Von _JANE_PESNO_

24.1K 804 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... Mehr

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅

အပိုင်း - ၆

706 22 0
Von _JANE_PESNO_

#Unicode

"အဲ့ပန်းကို..သေးသေးလေး ပျက်စီးအောင်လုပ်မိရင်တောင်..ဒီထဲကနေ အသက်ရှင်လျက်..မင်းထွက်သွားနိုင်မယ် မထင်နဲ့.."

ပန်း၏အရွက်ကို ထိတော့မည့်အချိန်၌ ရုတ်တရက် ထွက်ပေါ်လာသည့် အေးစက်စက်အသံကြောင့် မှိုင်းဟန်မြခေတ် လက်ကိုချက်ချင်း ပြန်ရုပ်လိုက်ကာ အနောက်ကို တစ်ချက်ခုန်လိုက်သည်။ထို့နောက် ခပ်ဝေးဝေးသို့ ဆုတ်သွားရင်း တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ထားလိုက်၏။

စိတ်ဝင်စားစရာကိစ္စများ တွေ့လျှင်တောင် သတိမလွတ်တတ်သည့် မှိုင်းဟန်မြခေတ်ဆိုသောသူက ယခုအချိန်တွင်လည်း သေချာပေါက် သတိမလွတ်နေခဲ့ပေ။ဤသည်ကိုပင် သူ၏အာရုံခံမှုမှ လွတ်မြောက်ပြီး ထိုပန်းခင်းထဲတွင် ပုန်းနေနိုင်သည်က အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းနေ၏။

မှိုင်းဟန်မြခေတ် မဲ့ပြုံးပြုံးလိုက်ရင်း ဖြစ်ပေါ်လာတော့မည့်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။သူနှင့်လက်ရည်ချင်း ယှဉ်နိုင်မည့်လူ ပေါ်လာသည်က သူ့အတွက်တော့ အလွန်ပျော်စရာကောင်းသော ကိစ္စဖြစ်လေသည်။

"ဟေ့!..တစ်ပွဲလောက်ချရအောင်!.."

ထိုအခါ ထိုပန်းခင်းထဲမှ ခနဲ့သည့်လှောင်ရယ်သံပါ‌သော စကားသံက ထွက်ပေါ်လာလေသည်။

"မင်းအဆင့်နဲ့ငါ့အဆင့်တူလို့..စကားလာပြောနေတာလား?"

ထိုစကားကြောင့် မျက်နှာထက်ရှိ မသိသာသေးသည့် အပြုံးက ရုတ်ခြည်းပျောက်ကွယ်သွားကာ မှိုင်းဟန်မြခေတ်၏ဒေါသသည် ထိပ်ဆုံးသို့ရောက်ရှိသွားတော့သည်။ထို့နောက် ဒေါသ၏လွှမ်းမိုးမှုအရ ရန်သူ၏ခြံဝန်းဆိုသည်ကိုလည်း အမှတ်မရတော့ကာ မှိုင်းဟန်မြခေတ်သည် ထိုပန်းခင်းထဲသို့ တိုးဝင်၍ သူ့ကိုအထက်စီးမှ ဆက်ဆံနေသည့်လူကို ရှာတော့သည်။သို့သော် ထိုပန်းခင်းကို နှစ်သက်မိသည့်စိတ်လေးက သူ့ကို ပိုစိုးမိုးနေတာကြောင့် အတင်းကြီးတော့ တိုးမဝင်ဘဲ ပန်းများကို မနင်းမိစေရန် ကြိုးစားရင်းသာ ရှာနေလေသည်။

"ခွေးကောင်!..ီးက ဘောင်းဘီထဲပုန်းနေသလို ပန်းခင်းထဲမှာ..မင်းပုန်းမနေစမ်းနဲ့! မင်းသတ္တိရှိရင် ထွက်ခဲ့စမ်းပါ..မင်းမျက်ခွက်ကို..စုတ်ပြတ်သတ်အောင် ငါဆိုတဲ့ မှိုင်းဟန်မြခေတ်က..ထိုးပေးမယ်!"

ထိုအချိန်တွင် မနီးမဝေးသည့်နေရာတစ်ခုမှ ဖြူဖြူဖျော့ဖျော့ပုံရိပ်တစ်ခုကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် ချက်ချင်းထိုနေရာသို့ လှည့်ကြည့်လိုက်ရာ သူ၏ဒေါသတကြီးဖြစ်နေသော စိတ်လေးပင် ရုတ်ခြည်း အေးစက်သွားသလို မှိုင်းဟန်မြခေတ် ခံစားလိုက်ရသည်။သူမြင်လိုက်ရသည့်အရာက မျက်လုံးများကို မှေးမှိတ်ထားသည့် နိုင်ငံခြားရုပ်နှင့် မျက်နှာတစ်ခုဖြစ်ပြီး လရောင်ကြောင့်လားတော့ မသိသော်လည်း အနှီမျက်နှာသည် အတော်ပင် ဖြူဖပ်ဖြူရော်ဖြစ်နေလေသည်။

မှိုင်းဟန်မြခေတ် ပါးစပ်ကို ဟလိုက်ပြီးနောက် ပြန်ပိတ်လိုက်ကာ ခဏအကြာ၌ မနေနိုင်တော့ဘဲ ပါးစပ်ကို နောက်တစ်ကြိမ်ပြန်ဟပြီး မေးလိုက်မိ၏။

"မင်းက..လူသေ မသာကောင်လား?"

သူ၏စကားအဆုံး၌ တိတ်ဆိတ်လျက်ရှိသော ပတ်ဝန်းကျင်သည် ပို၍တိတ်ဆိတ်သွားကာ လေထုသည်လည်း အေးစိမ့်စိမ့် ဖြစ်လာတော့သည်။ထို့အပြင် လူအသေကောင်ဟု သူထင်မြင်ထားသည့်လူမှာလည်း မလှုပ်မရပ် တောင့်တောင့်ကြီး ထိုင်နေတာကြောင့် မှိုင်းဟန်မြခေတ် သူ၏အတွေးများ မှန်ကန်သည်ဟုပင် တွေးလာမိတော့၏။

"ဟေ့!..ငါ မေးတာဖြေလေ..မသာကောင်လား?"ဆိုပြီး တစ်ခွန်းထပ်မေးလိုက်ချိန်မှာတော့ ထိုနိုင်ငံခြားရုပ်၊လူသေကောင်သည် ခေါင်းကို သူ့ဘက်လှည့်လာပြီး ကြောက်စရာမျက်လုံးစိမ်းနှစ်လုံးဖြင့် စိုက်ကြည့်လာတော့သည်။

Mitchell ပါး၏အမိန့်ကြောင့် ထိုကောင်ကို မသတ်မိစေရန် အင်္ကျီစကို လက်ဖြင့်ဆုပ်ချေကာ ထိန်းချုပ်ရင်း ထိုညံ့ဖျင်းပြီး လူလား၊လူသေလားတောင် မခွဲနိုင်သည့် သူခိုးကောင်ကို ဒေါသထွက်စွာ စိုက်ကြည့်လိုက်သည်။သူသည် ဗြိတိသျှစပ်ကပြားဖြစ်တာကြောင့် အသားဖြူသည်မှာမှန်သော်လည်း ထိုကောင့်အမြင်တွင် လူသေကောင်လောက် ဖြူနေမည်ဟု မထင်ထားမိခဲ့ပေ။

ခြံဝန်းအတွင်းသို့ ဝင်လာစဉ်အချိန်ကတည်းက ရန်သူ၏လူဖြစ်သည့်အတွက်ကြောင့် အပြတ်ရှင်းချင်သော်လည်း 'ညကျရင် ခိုးဝင်လာတဲ့ကောင်လေးကို ထိခိုက်အောင်မလုပ်နဲ့' ဆိုသည့် ပါး၏စကားကြောင့် ‌လျစ်လျူရှုထားခဲ့ခြင်းဖြစ်သည်။အသွားအလာမှာ လျင်မြန်ဖျတ်လတ်တာကြောင့် မဆိုးဘူးဟုတွေးနေချိန်တွင် ဉာဏ်ရည်မပြည့်ဝကြောင်းကို ထို‌သူခိုးက သက်သေပြသွားပြန်သည်။

'ဘယ်သူက သူများအိမ်ရဲ့ အချက်ပေးခလုတ်ကို..ငါမင်းတို့အိမ်ထဲမှာ..ရောက်နေတယ်ဆိုတဲ့သဘောနဲ့နှိပ်ပြီး..အသိပေးတာရှိဖူးလို့လဲ?..သေချာပေါက် အဲ့သူခိုးက..ဉာဏ်ရည်မပြည့်တဲ့ ငတုံးကောင်ပဲ!..'

ချက်ချင်းထွက်ပြေးသွားသည့် သူခိုးကောင်ကို သူများအိမ်တံခါး ဖျက်ဆီးသွားသည့်အတွက် စိတ်ရှိလက်ရှိပညာပြလိုက်ချင်သော်လည်း နောက်မှလိုက်ရန် ပျင်းသဖြင့် လိုက်မဖမ်းခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ဘယ်လိုအတွေးမျိုးတွေးပြီး ပြန်လာကြောင်းမသိသော်လည်း ပါး၏အမြတ်နိုးဆုံးပန်းခင်းအနားသို့ သူခိုးကောင်က ရောက်ရှိလာခဲ့သည်။

ထပြီးသတ်လိုက်ချင်သည့်စိတ်ကို 'ပါးရဲ့စကားကို အမှတ်ရ'ဆိုသည့်အတွေးဖြင့် ထပ်ခါထပ်ခါ ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ပန်းခင်းထဲတွင်လှဲပြီး စိတ်လျှော့နေခဲ့ရာ ပန်း၏အစိတ်အပိုင်းကိုထိရန် ကြိုးစားလာသည့်အတွက် အတတ်နိုင်ဆုံး ဒေါသကိုထိန်းရင်း Mitchell စကားဖြင့်သတိပေးခဲ့သည်။သို့သော် ထိုသူခိုးက မထင်မှတ်ထားသည့် စကားကိုပြောလာ၏။

သူနဲ့အတူတူ တစ်ပွဲလောက်ချရအောင်တဲ့..။

Mitchell လှောင်ရယ်လိုက်ပြီးနောက် ထိုသူခိုးကောင် သူ့အဆင့်သူသိစေရန် စကားနာထိုးလိုက်ရာ အနာပေါ်တုတ်ကျသွား၍ထင်၏၊ ပန်းခင်းထဲသို့ ဒေါသတကြီးတိုးဝင်ပြီး သူ့ကိုလာရှာတော့သည်။ပန်းခင်းပျက်စီးသွားမည်စိုးတာကြောင့် ချက်ချင်းထရန်ပြင်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်၍မရကြောင်းကို သိရှိသွားရသည်။

သို့ရာတွင် မှိုင်းဟန်မြခေတ်၏တုံ့ပြန်မှုနှင့် မတူသည်က Mitchellသည် စိတ်ရှုပ်နားမလည်သွားခြင်းမရှိဘဲ သဘောတကျပြုံးလျက် ဆက်လက်လှဲနေခြင်းဖြစ်သည်။ပန်းခင်းကို အကြမ်းပတမ်းမနင်းသည့်အတွက်ကြောင့် စိတ်လျှော့လိုက်ချိန်တွင် မထင်မှတ်ထားသည့် ရိုင်းစိုင်းလှသော စကားမျိုးကို သူခိုးကောင်က ပြောလာ၏။

ထိုအချိန်တွင် ရုတ်တရက် ပြန်လှုပ်ရှား၍ရသွားသဖြင့် Mitchell ချက်ချင်းထထိုင်လိုက်ကာ တစ်ဆက်တည်းကြားလိုက်ရသည့် စကားကြောင့် အလွန်ဒေါသထွက်စွာဖြင့် စိုက်ကြည့်ပေးလိုက်တော့သည်။

"ချီး!..လန့်လိုက်တာ..ရုတ်တရက်ကြီး မျက်လုံးကြီးဖွင့်စရာလား..မသာကောင်ရ!"လို့ မှိုင်းဟန်မြခေတ် ပြောလိုက်ပြီးသည်နှင့် ပတ်ဝန်းကျင်တွင် သွေးနံ့များက နောက်တစ်ကြိမ်တစ်ဖန် ထွက်ပေါ်လာကာ ဒီတစ်ကြိမ်တွင်တော့ ပို၍သိပ်သည်းလှသည်။

ထိုအချိန်၌ အရှေ့ရှိမသာကောင်သည် ရုတ်တရက်ဆိုသလို ထိုင်နေရာမှထလာပြီး သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာတော့သည်။မှိုင်းဟန်မြခေတ် တိုက်ခိုက်ရန် အသင့်ပြင်ထားကာ ခုနက သူ့ကိုစော်ကားထားတာကြောင့် စိတ်ထဲတွင်တော့ ထိုအသေကောင်၏မျိုးပွား‌နေရာကို အရင်ဆောင့်ကန်မည်ဟု အသေအချာ တွေးထား၏။

လေတစ်ချက်အဝှေ့တွင် မှိုင်းဟန်မြခေတ်၏နဖူးပေါ်ကျနေသော ဆံသားများက ရွေ့လျားသွားသလို သူ့ဆီသို့လာနေသော အသေကောင်၏မျက်နှာထားမှာလည်း ပို၍ကြောက်မက်ဖွယ်ရာ ဖြစ်လာခဲ့သည်။ပေါ့ပါးစွာ ဝတ်ဆင်ထားသော အဖြူရောင်shirtက ဖြူသည့်အသားအရေကို နှစ်ဆဖြူသွားစေရန် ထောက်ပံ့ပေးနေကာ အမည်းရောင် style pantနှင့် လိုက်ဖက်ညီလှ၏။

ထိုလူသားနှစ်ယောက်သည် အနီရောင်ပန်းခင်းကြီး၏အလယ်တည့်တည့်တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြပြီး လေထဲတွင် ပျံ့နှံ့နေသော သွေးနံ့နှင့်အညီ မျက်ဝန်းနှစ်စုံမှာ ဒေါသကြောင့် တစ်ယောက်တစ်ရောင်စီ အရောင်တောက်နေလျက်ရှိသည်။

နှစ်ယောက်လုံး၏ညာဘက်လက်များ မြှောက်လာပြီး တစ်ယောက်ကိုတစ်ယောက် ထိုးတော့မည့်အချိန်၌ သူတို့နှစ်ယောက်၏ကြားထဲသို့ သေးငယ်ပါးလျသည့်အရာတစ်ခုက လေထုကိုခွင်းလျက် လျင်မြန်စွာ ဖြတ်ပြေးသွား၏။ထို့နောက် အော်သံတစ်ခုကလည်း အနောက်မှ ကပ်လျက်လိုက်ပါလာလေသည်။

နှစ်ယောက်လုံး၏အာရုံမှာ အသံလာရာဘက်သို့ ချက်ချင်းပြောင်းသွားကြပြီး အမှောင်ထဲရှိ လဲကျသွားသော လူရိပ်တစ်ခုကိုမြင်သည်နှင့် အတူတကွ မျက်မှောင်ကျုံ့သွားကြသည်။တစ်ပြိုင်နက်တည်း ထိုနေရာသို့သွားရန် ခြေလှမ်းလှမ်းမိတော့ မျက်စောင်းကိုယ်စီက အချင်းချင်းပေါ်သို့ ကျရောက်လျက်ရှိ၏။

နောက်တစ်ဖန် ရန်ပွဲတစ်ခုဖြစ်လာနိုင်သည့် အခြေအနေတွင် လက်တစ်စုံက Mitchellနှင့် မှိုင်းဟန်မြခေတ်၏ပခုံးကို တစ်ဖက်စီ လာဖက်သည်။ထို့နောက် ဖျောင်းဖျနေသည့်လေသံဖြင့် အသံတစ်ခုက ညင်ညင်သာသာ ထွက်ပေါ်လာလေသည်။

"ရန်မဖြစ်ကြနဲ့တော့..ကလေးငယ်ငယ်လေးတွေလဲ မဟုတ်တော့ဘဲနဲ့..၊ လာလာ..ခုနက သူခိုးကောင်ကို..သွားကြည့်ရအောင်"

မှိုင်းဟန်မြခေတ် ရုတ်တရက် ရောက်ရှိလာသောလက်ကြောင့် ကြောင်အသွားကာ ဖယ်ထုတ်ပစ်ရန် လုပ်လိုက်သော်ငြား သူခိုးကောင်ဆိုသည့် စကားနေရာ၌ အနည်းငယ် စိတ်မလုံဖြစ်သွားမိပြီး ဖယ်ချတော့မည့်လက်မှာ လေထဲ၌ ရပ်တန့်သွားရသည်။

ထိုလူကိုကြည့်နေရင်း အကြည့်များက ဘေးကိုရောက်သွားမိတော့ သူ၏ပခုံးပေါ်ရှိလက်ကို ထိလုမတတ် တွန့်ချိုးထားသည့် မျက်ဝန်းစိမ်းများဖြင့် စိုက်ကြည့်နေသည့် အသေကောင်ကို တွေ့လိုက်ရ၏။မှိုင်းဟန်မြခေတ်၏ ခပ်ဆိုးဆိုးဉာဉ်မှာ ရုတ်တရက်ဆိုသလို နောက်တစ်ကြိမ် ပေါ်ပေါက်လာပြီး မဲ့ပြုံးတစ်ခုဆင်မြန်းလျက် အသေကောင် သူ့ကိုကြည့်လာရန် လေချွန်၍ အချက်ပြလိုက်သည်။

တစ်ဖက်က မျက်မှောင်ကျုံ့ရင်းပင် သူ့ကိုအကြည့်ပို့လာကာ ထိုအသေကောင်၏အကြည့်က သူ့ဆီရောက်လာသည်နှင့် ပခုံးပေါ်ရှိလက်အပေါ်သို့ သူ၏လက်ကို ထပ်တင်လိုက်၏။အံပင်ကြိတ်လိုက်သော ထိုအသေကောင်ကြောင့် မှိုင်းဟန်မြခေတ် ပိုပင်ကျေနပ်သွားကာ ပခုံးပေါ်ရှိလက်ကို အောက်ကိုချလိုက်ပြီး လက်ကိုပင် ဆုပ်ကိုင်ပြလိုက်သည်။

"မင်း!..အခုချက်ချင်း လွှတ်လိုက်စမ်း!!"

နားမလည်သည့် ရိုးသားသော အကြည့်များကို မှိုင်းဟန်မြခေတ် ချက်ချင်း လုပ်ယူပစ်လိုက်၏။

"ဘာကိုလဲ?..ငါ့ဘာသာ ဘာကိုင်ကိုင်လေ..မင်းနဲ့ဆိုင်တာမလို့လား..ဟုတ်တယ်မလား?"လို့ နောက်ဆုံးစကားကို သူကိုင်ထားသည့် လက်ပိုင်ရှင်ဖြစ်သည့် ရွှေအိုရောင်ဆံပင်နှင့်လူကို အပြုံးလေးနှင့် မှိုင်းဟန်မြခေတ် မေးလိုက်သည်။

ထိုအခါ ထိုလူက သဘောတကျ ရယ်လာပြီး 'ဟုတ်တာပေါ့..ဟုတ်တာပေါ့'ဟု ပြန်ဖြေလာလေသည်။မှိုင်းဟန်မြခေတ် အောင်နိုင်သူတစ်ယောက်လို ခပ်ရွဲ့ရွဲ့ မော့ချီပြီး အသေကောင်ကို ပြန်ကြည့်‌ပေးလိုက်၏။

ရွှေအိုရောင်ဆံပင်နှင့်လူနှင့် အသေကောင်၏ဆက်နွှယ်ချက်ကို သူမသိသော်လည်း နှစ်ယောက်မှာ ရုပ်အတော်ဆင်သည့်အပြင် အသေကောင်က ရွှေအိုရောင်ဆံပင်နှင့်လူကို သူများနှင့်ထိသည်ကို မကြိုက်သည်ကို ကြည့်ခြင်းအားဖြင့် နှစ်ယောက်၏ဆက်နွှယ်မှုမှာ ရိုးရိုးရှင်းရှင်းတော့ မဖြစ်နိုင်ချေ။

မှိုင်းဟန်မြခေတ် အကဲခတ်နေရင်းနှင့်ပင် ထိုရွှေအိုရောင်ဆံပင်နှင့်လူက အသေကောင်ကို စိတ်လျှော့ရန် အပြုံးလေးနှင့် ချော့မော့ပြောနေသည်ကို တွေ့လိုက်ရကာ အသေကောင်မှာလည်း မျက်မှောင်ကျုံ့ထားသည်ကို ဖျောက်လိုက်ပြီး အနည်းငယ် ပြုံးသော နှုတ်ခမ်းဖြင့် ခေါင်းညိတ်ပြလာသည်။ထိုအပြုအမူ‌များကြောင့် မှိုင်းဟန်မြခေတ်၏အတွေးများမှာ ၂ဆသေချာသွားရတော့သည်။

ရွှေအိုရောင်ဆံပင်နှင့်လူက သူတို့နှစ်ယောက်လုံး၏လက်ကို တစ်ဖက်စီဆွဲယူပြီး ခုနက အသံထွက်လာသည့်နေရာကို ခေါ်လာခဲ့သည်။ထိုနေရာတွင် လူတစ်ယောက် အလွယ်တကူ ပုန်းကွယ်၍ရနိုင်သည့် ပန်းအိုးအကြီးစားတစ်ခုရှိပြီး ယခုမှာ ထိုဘေးတွင် အမည်းရောင်ဝတ်စုံနှင့်လူတစ်ယောက်က လဲနေ၏။

မှိုင်းဟန်မြခေတ် ဝတ်ဆင်ထားသည့်ပုံကို ရင်းနှီးနေကာ မသင်္ကာသဖြင့် ထိုလူအနားတွင် မုဆိုးထိုင်ထိုင်လိုက်ပြီး မျက်နှာကိုအုပ်ထားသည်ကို ဖယ်ချလိုက်သည်။မျက်နှာများကို တစ်ချက်မြင်ရုံနှင့် မှတ်မိနိုင်သည့်သူက ထိုလူကို ချက်ချင်းပင် သိလိုက်ကာ ထင်တဲ့အတိုင်းပဲဟူသည့် သဘောဖြင့် 'ဟက်'ဟု လေသံဖြင့် ခနဲ့လိုက်သည်။

ကြည့်ရသည်မှာ သူ သေလား၊မသေလားဆိုသည်ကို အနောက်မှ လိုက်ကြည့်ခိုင်းခံရသည့်လူဖြစ်လိမ့်မည်။ယခုလဲ‌နေသည့်လူမှာ သူ၏ဦးလေးဖြစ်သူ၏အနောက်တွင် ခဏခဏပါလာတတ်သည့်လူဖြစ်ကာ ထိုဦးလေးဆိုသည့်လူမှာ သူ မသေမည်ကို ‌အတော်ပင် ကြောက်လန့်နေပုံပေါ်၏။သေချာလေ့ကျင့်ထားသော လူကိုပင် သူ့အနောက်သို့ ထည့်ပေးလိုက်သေးသည်။သို့ရာတွင် သူဘယ်လိုမှ မခံစားရ‌ပေ။

သူ့ထံတွင် ငဲ့ညှာနေရမည့် လူမရှိသလို၊အစကတည်းက ဤအလုပ်ပြီးလျှင် ဖုံးကွယ်နေထိုင်မည်ဟု တွေးထားပြီးသောကြောင့်ဖြစ်သည်။အတွေးများကို ရပ်တန့်လိုက်ပြီးနောက် မျက်လုံး၏ ဦးတည်ရာက အလောင်း၏နဖူးတည့်တည့်သို့ မတော်တဆရောက်ရှိသွားမိသည်။ထိုအလောင်း၏နဖူးတည့်တည့် အတိအကျ၌ ဦးခေါင်းခွံကိုပင် ဖောက်ထွက်သွားသည့် ကျည်သွားရာ အပေါက်တစ်ခုရှိနေပြီး ခေါင်း‌အနောက်တွင် ဦးနှောက်ဟုထင်ရသည့် အသားဖတ်များက တစ်စနှစ်စ ပျံ့နှံနေသည်။

မှိုင်းဟန်မြခေတ် သူ့အနောက်ရှိ အပြုံးလေးချိတ်ဆွဲထားသည့် မတ်တတ်ရပ်လျက်ရှိသော ရွှေအိုရောင်ဆံပင်နှင့်လူကို လည်ပြန်မော့ကြည့်လိုက်သည်။သူကြည့်လာသည်ကိုမြင်သည်နှင့် အပြုံးချိုချိုလေးနှင့် ပြန်ပြုံးပြလာကာ ထိုရက်စက်သည့်ဖြစ်ရပ်မှာ ထိုလူလုပ်လိုက်သည်ဟုပင် ထင်ရက်စရာ လုံးလုံးလျားလျား မရှိချေ။

"အာ..sorryပါ..ထုတ်ချင်းပေါက်သွားတဲ့အထိတော့ မရည်ရွယ်ပါဘူး..သေနတ်ကို Mitchနဲ့မင်းဘက်ကို ချိန်လိုက်တော့ စိတ်မြန်လက်မြန် ပစ်လိုက်မိတာ.."

ပြောလာသည့်စကားအရ သူကြည့်လိုက်သည်ကို အဓိပ္ပာယ်တစ်မျိုး ကောက်သွားပုံရသည်။သူကြည့်လိုက်သည့်အဓိပ္ပာယ်က ထိုမျှတိကျသည့် ချိန်ဆချက်နှင့်ပစ်ချက်ကို သူပင်မလုပ်နိုင်သေးသည့်အတွက် လေးစားသည့်သဘောဖြင့်ဖြစ်သည်။သို့ရာတွင် သူ၏အိမ်တော်မှလူကို ပစ်လိုက်၍ကြည့်သည်ဟု ထင်သွားပုံရ၏။

"မဟုတ်ပါဘူး..ဒီလူအတွက် ကျ..ကျွန်‌တော့်မှာ ဘာခံစားချက်မှမရှိဘူး..အခုလို ကျ..ကျွန်တော့်အသက်ကို ကယ်ပေးတဲ့အတွက်ပဲ..ကျေးဇူးတင်ပါတယ်..အ..အစ်ကို"

ယဉ်ကျေးသည့် စကားဆိုသည်မှာ ဘာလဲဟူ၍ပင် မေးရသည်အထိ ရိုင်းစိုင်းခဲ့သော သူ့အတွက် 'ကျွန်တော်'ဆိုသည်ကတောင် ပါးစပ်မှ ထွက်ရန် အတော်ခက်ခဲလှသည်။ပြောပြီးသွားချိန်၌လည်း ပါးစပ်ထဲတွင် တစ်မျိုးတစ်မည် ခံစားရကာ ကြက်သီးများပင် တဖြန်းဖြန်းထလာ၏။

"Bro??..It looks like..I'm still really young in that boy's view! haha..it makes me proud!.."

ပါး၏အပျော်ကို Mitchell မဖျက်ဆီးချင်သည့်အတွက် ပြန်ပြုံးပြပြီး အလိုက်အထိုက် ပြန်နေပေးလိုက်ကာ ထိုရိုင်းစိုင်းသည့်ကောင်ကိုလည်း စောင့်ကြည့်နေဖို့ မမေ့ပေ။ပါးကိုပါ ရိုင်းစိုင်းစွာပြောလာလျှင် ထထိုးဖို့ပြင်ထားသော်လည်း မထင်ထားစွာ ယဉ်ယဉ်ကျေးကျေး ပြောလာသည့်အတွက် Mitchell စိတ်လျှော့လိုက်ခြင်းပင်။

ထို့နောက် အလောင်းကို တခြားလူတွေ လာသိမ်းခိုင်းလိုက်မည်ဖြစ်တာကြောင့် သွားအနားယူရန် ပါးကို Mitchell ဖျောင်းဖျလိုက်သည်။ထိုရိုင်းစိုင်းသည့်ကောင်နှင့် သူ၏တိုက်ခိုက်မှုမှာ ပြီးဖို့နေနေသာသာ စပင်မစရသေးတာကြောင့် ရန်ကြွေးကို ဆပ်ရဦးပေမည်ပင်။သို့ရာတွင် သူ၏စိတ်ကူးများမှာ အရှိန်ပြင်းပြင်း ရိုက်ချိုးခံလိုက်ရ၏။အ‌ကြောင်းမှာ ပါးက ထိုကောင်ကို အိမ်ထဲသို့အတင်းခေါ်ပြီး အိမ်တွင်သာနားရန် လက်မှအတူတူ ဆွဲခေါ်သွားခြင်းကြောင့်ဖြစ်သည်။

အခုမှတွေ့ခြင်းဖြစ်သည်ကိုပင် ပါး၏ဂရုစိုက်မှုများရနေသော ထိုကောင်ကို Mitchell တစ်စတစ်စနှင့် ကြည့်၍လုံးဝမရတော့ချေ။လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း ဆန္ဒကိုထိန်းချုပ်လိုက်ကာ အံကြိတ်ရင်း အနောက်မှ အတူတူလိုက်ဝင်လိုက်ပြီး ပါးနှင့်ထိုကောင်ကြားကို Mitchell ဖြတ်ဝင်ပစ်လိုက်၏။

ထို့‌နောက် အခန်းထဲသို့ ပါး ဝင်သွားသည်သေချာမှ သွားကြားထဲမှ‌လေသံဖြင့် ထိုကောင်ကိုလှည့်ကာ Mitchell သတိပေးလိုက်သည်။

"သူနဲ့ဝေးဝေးနေ! ပြီးမှ..ငါ့အဆိုးမဆိုနဲ့"

သူ့ကို အလကားနေရင်း လာအာဏာပြနေသော အသေကောင်ကို မြကျောက်ရောင်မျက်ဝန်းများဖြင့် မှိုင်းဟန်မြခေတ် ခပ်တည်တည် စိုက်ကြည့်လိုက်သည်။ထို့နောက် အသေကောင်၏အောက်ပိုင်းနေရာကို တစ်ချက်ငုံ့ကြည့်လိုက်ကာ လက်ခလယ်ထောင်ပြရင်း အသေကောင်နည်းတူ လေသံကိုဖိ၍ ပြောလိုက်၏။

"အောက်က အလုံး၂လုံးပဲ..ခွေးကောင်!"

ထိုစကားကြောင့် Mitchell ဒေါသငယ်ထိပ်ရောက်သွားကာ ဒေါသထွက်စွာဖြင့် တောက်ခေါက်လိုက်မိသည်။‌လေပင်ချွန်လျက် အခန်းပိုတစ်ခုထဲသို့ ဝင်သွားသော မှိုင်းဟန်မြခေတ်ကို တလက်လက်တောက်နေသော အစိမ်းရောင်ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်ရင်း Mitchellသည် ဧည့်ခန်းထဲ၌ တစ်ယောက်တည်း ကျန်နေခဲ့တော့၏။

JANE  JANE
________________________________________

#Zawgyi

"အဲ့ပန္းကို..ေသးေသးေလး ပ်က္စီးေအာင္လုပ္မိရင္ေတာင္..ဒီထဲကေန အသက္ရွင္လ်က္..မင္းထြက္သြားနိုင္မယ္ မထင္နဲ႕.."

ပန္း၏အ႐ြက္ကို ထိေတာ့မည့္အခ်ိန္၌ ႐ုတ္တရက္ ထြက္ေပၚလာသည့္ ေအးစက္စက္အသံေၾကာင့္ မွိုင္းဟန္ျမေခတ္ လက္ကိုခ်က္ခ်င္း ျပန္႐ုပ္လိုက္ကာ အေနာက္ကို တစ္ခ်က္ခုန္လိုက္သည္။ထို႔ေနာက္ ခပ္ေဝးေဝးသို႔ ဆုတ္သြားရင္း တိုက္ခိုက္ရန္ အသင့္အေနအထား ျပင္ထားလိုက္၏။

စိတ္ဝင္စားစရာကိစၥမ်ား ေတြ႕လွ်င္ေတာင္ သတိမလြတ္တတ္သည့္ မွိုင္းဟန္ျမေခတ္ဆိုေသာသူက ယခုအခ်ိန္တြင္လည္း ေသခ်ာေပါက္ သတိမလြတ္ေနခဲ့ေပ။ဤသည္ကိုပင္ သူ၏အာ႐ုံခံမႈမွ လြတ္ေျမာက္ၿပီး ထိုပန္းခင္းထဲတြင္ ပုန္းေနနိုင္သည္က အမွန္တကယ္ပင္ စိတ္ဝင္စားစရာေကာင္းေန၏။

မွိုင္းဟန္ျမေခတ္ မဲ့ၿပဳံးၿပဳံးလိုက္ရင္း ျဖစ္ေပၚလာေတာ့မည့္ပြဲကို စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနမိသည္။သူႏွင့္လက္ရည္ခ်င္း ယွဥ္နိုင္မည့္လူ ေပၚလာသည္က သူ႕အတြက္ေတာ့ အလြန္ေပ်ာ္စရာေကာင္းေသာ ကိစၥျဖစ္ေလသည္။

"ေဟ့!..တစ္ပြဲေလာက္ခ်ရေအာင္!.."

ထိုအခါ ထိုပန္းခင္းထဲမွ ခနဲ႕သည့္ေလွာင္ရယ္သံပါ‌ေသာ စကားသံက ထြက္ေပၚလာေလသည္။

"မင္းအဆင့္နဲ႕ငါ့အဆင့္တူလို႔..စကားလာေျပာေနတာလား?"

ထိုစကားေၾကာင့္ မ်က္ႏွာထက္ရွိ မသိသာေသးသည့္ အၿပဳံးက ႐ုတ္ျခည္းေပ်ာက္ကြယ္သြားကာ မွိုင္းဟန္ျမေခတ္၏ေဒါသသည္ ထိပ္ဆုံးသို႔ေရာက္ရွိသြားေတာ့သည္။ထို႔ေနာက္ ေဒါသ၏လႊမ္းမိုးမႈအရ ရန္သူ၏ၿခံဝန္းဆိုသည္ကိုလည္း အမွတ္မရေတာ့ကာ မွိုင္းဟန္ျမေခတ္သည္ ထိုပန္းခင္းထဲသို႔ တိုးဝင္၍ သူ႕ကိုအထက္စီးမွ ဆက္ဆံေနသည့္လူကို ရွာေတာ့သည္။သို႔ေသာ္ ထိုပန္းခင္းကို ႏွစ္သက္မိသည့္စိတ္ေလးက သူ႕ကို ပိုစိုးမိုးေနတာေၾကာင့္ အတင္းႀကီးေတာ့ တိုးမဝင္ဘဲ ပန္းမ်ားကို မနင္းမိေစရန္ ႀကိဳးစားရင္းသာ ရွာေနေလသည္။

"ေခြးေကာင္!..ီးက ေဘာင္းဘီထဲပုန္းေနသလို ပန္းခင္းထဲမွာ..မင္းပုန္းမေနစမ္းနဲ႕! မင္းသတၱိရွိရင္ ထြက္ခဲ့စမ္းပါ..မင္းမ်က္ခြက္ကို..စုတ္ျပတ္သတ္ေအာင္ ငါဆိုတဲ့ မွိုင္းဟန္ျမေခတ္က..ထိုးေပးမယ္!"

ထိုအခ်ိန္တြင္ မနီးမေဝးသည့္ေနရာတစ္ခုမွ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ပုံရိပ္တစ္ခုကို မ်က္လုံးေထာင့္မွ ျမင္လိုက္ရသျဖင့္ ခ်က္ခ်င္းထိုေနရာသို႔ လွည့္ၾကည့္လိုက္ရာ သူ၏ေဒါသတႀကီးျဖစ္ေနေသာ စိတ္ေလးပင္ ႐ုတ္ျခည္း ေအးစက္သြားသလို မွိုင္းဟန္ျမေခတ္ ခံစားလိုက္ရသည္။သူျမင္လိုက္ရသည့္အရာက မ်က္လုံးမ်ားကို ေမွးမွိတ္ထားသည့္ နိုင္ငံျခား႐ုပ္ႏွင့္ မ်က္ႏွာတစ္ခုျဖစ္ၿပီး လေရာင္ေၾကာင့္လားေတာ့ မသိေသာ္လည္း အႏွီမ်က္ႏွာသည္ အေတာ္ပင္ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနေလသည္။

မွိုင္းဟန္ျမေခတ္ ပါးစပ္ကို ဟလိုက္ၿပီးေနာက္ ျပန္ပိတ္လိုက္ကာ ခဏအၾကာ၌ မေနနိုင္ေတာ့ဘဲ ပါးစပ္ကို ေနာက္တစ္ႀကိမ္ျပန္ဟၿပီး ေမးလိုက္မိ၏။

"မင္းက..လူေသ မသာေကာင္လား?"

သူ၏စကားအဆုံး၌ တိတ္ဆိတ္လ်က္ရွိေသာ ပတ္ဝန္းက်င္သည္ ပို၍တိတ္ဆိတ္သြားကာ ေလထုသည္လည္း ေအးစိမ့္စိမ့္ ျဖစ္လာေတာ့သည္။ထို႔အျပင္ လူအေသေကာင္ဟု သူထင္ျမင္ထားသည့္လူမွာလည္း မလႈပ္မရပ္ ေတာင့္ေတာင့္ႀကီး ထိုင္ေနတာေၾကာင့္ မွိုင္းဟန္ျမေခတ္ သူ၏အေတြးမ်ား မွန္ကန္သည္ဟုပင္ ေတြးလာမိေတာ့၏။

"ေဟ့!..ငါ ေမးတာေျဖေလ..မသာေကာင္လား?"ဆိုၿပီး တစ္ခြန္းထပ္ေမးလိုက္ခ်ိန္မွာေတာ့ ထိုနိုင္ငံျခား႐ုပ္၊လူေသေကာင္သည္ ေခါင္းကို သူ႕ဘက္လွည့္လာၿပီး ေၾကာက္စရာမ်က္လုံးစိမ္းႏွစ္လုံးျဖင့္ စိုက္ၾကည့္လာေတာ့သည္။

Mitchell ပါး၏အမိန႔္ေၾကာင့္ ထိုေကာင္ကို မသတ္မိေစရန္ အကၤ်ီစကို လက္ျဖင့္ဆုပ္ေခ်ကာ ထိန္းခ်ဳပ္ရင္း ထိုညံ့ဖ်င္းၿပီး လူလား၊လူေသလားေတာင္ မခြဲနိုင္သည့္ သူခိုးေကာင္ကို ေဒါသထြက္စြာ စိုက္ၾကည့္လိုက္သည္။သူသည္ ၿဗိတိသွ်စပ္ကျပားျဖစ္တာေၾကာင့္ အသားျဖဴသည္မွာမွန္ေသာ္လည္း ထိုေကာင့္အျမင္တြင္ လူေသေကာင္ေလာက္ ျဖဴေနမည္ဟု မထင္ထားမိခဲ့ေပ။

ၿခံဝန္းအတြင္းသို႔ ဝင္လာစဥ္အခ်ိန္ကတည္းက ရန္သူ၏လူျဖစ္သည့္အတြက္ေၾကာင့္ အျပတ္ရွင္းခ်င္ေသာ္လည္း 'ညက်ရင္ ခိုးဝင္လာတဲ့ေကာင္ေလးကို ထိခိုက္ေအာင္မလုပ္နဲ႕' ဆိုသည့္ ပါး၏စကားေၾကာင့္ ‌လ်စ္လ်ဴရႈထားခဲ့ျခင္းျဖစ္သည္။အသြားအလာမွာ လ်င္ျမန္ဖ်တ္လတ္တာေၾကာင့္ မဆိုးဘူးဟုေတြးေနခ်ိန္တြင္ ဉာဏ္ရည္မျပည့္ဝေၾကာင္းကို ထို‌သူခိုးက သက္ေသျပသြားျပန္သည္။

'ဘယ္သူက သူမ်ားအိမ္ရဲ႕ အခ်က္ေပးခလုတ္ကို..ငါမင္းတို႔အိမ္ထဲမွာ..ေရာက္ေနတယ္ဆိုတဲ့သေဘာနဲ႕ႏွိပ္ၿပီး..အသိေပးတာရွိဖူးလို႔လဲ?..ေသခ်ာေပါက္ အဲ့သူခိုးက..ဉာဏ္ရည္မျပည့္တဲ့ ငတုံးေကာင္ပဲ!..'

ခ်က္ခ်င္းထြက္ေျပးသြားသည့္ သူခိုးေကာင္ကို သူမ်ားအိမ္တံခါး ဖ်က္ဆီးသြားသည့္အတြက္ စိတ္ရွိလက္ရွိပညာျပလိုက္ခ်င္ေသာ္လည္း ေနာက္မွလိုက္ရန္ ပ်င္းသျဖင့္ လိုက္မဖမ္းခဲ့ျခင္းျဖစ္သည္။သို႔ရာတြင္ ဘယ္လိုအေတြးမ်ိဳးေတြးၿပီး ျပန္လာေၾကာင္းမသိေသာ္လည္း ပါး၏အျမတ္နိုးဆုံးပန္းခင္းအနားသို႔ သူခိုးေကာင္က ေရာက္ရွိလာခဲ့သည္။

ထၿပီးသတ္လိုက္ခ်င္သည့္စိတ္ကို 'ပါးရဲ႕စကားကို အမွတ္ရ'ဆိုသည့္အေတြးျဖင့္ ထပ္ခါထပ္ခါ ကိုယ့္ကိုယ္ကိုယ္သတိေပးရင္း ပန္းခင္းထဲတြင္လွဲၿပီး စိတ္ေလွ်ာ့ေနခဲ့ရာ ပန္း၏အစိတ္အပိုင္းကိုထိရန္ ႀကိဳးစားလာသည့္အတြက္ အတတ္နိုင္ဆုံး ေဒါသကိုထိန္းရင္း Mitchell စကားျဖင့္သတိေပးခဲ့သည္။သို႔ေသာ္ ထိုသူခိုးက မထင္မွတ္ထားသည့္ စကားကိုေျပာလာ၏။

သူနဲ႕အတူတူ တစ္ပြဲေလာက္ခ်ရေအာင္တဲ့..။

Mitchell ေလွာင္ရယ္လိုက္ၿပီးေနာက္ ထိုသူခိုးေကာင္ သူ႕အဆင့္သူသိေစရန္ စကားနာထိုးလိုက္ရာ အနာေပၚတုတ္က်သြား၍ထင္၏၊ ပန္းခင္းထဲသို႔ ေဒါသတႀကီးတိုးဝင္ၿပီး သူ႕ကိုလာရွာေတာ့သည္။ပန္းခင္းပ်က္စီးသြားမည္စိုးတာေၾကာင့္ ခ်က္ခ်င္းထရန္ျပင္လိုက္ရာ ခႏၶာကိုယ္တစ္ခုလုံး လႈပ္၍မရေၾကာင္းကို သိရွိသြားရသည္။

သို႔ရာတြင္ မွိုင္းဟန္ျမေခတ္၏တုံ႕ျပန္မႈႏွင့္ မတူသည္က Mitchellသည္ စိတ္ရႈပ္နားမလည္သြားျခင္းမရွိဘဲ သေဘာတက်ၿပဳံးလ်က္ ဆက္လက္လွဲေနျခင္းျဖစ္သည္။ပန္းခင္းကို အၾကမ္းပတမ္းမနင္းသည့္အတြက္ေၾကာင့္ စိတ္ေလွ်ာ့လိုက္ခ်ိန္တြင္ မထင္မွတ္ထားသည့္ ရိုင္းစိုင္းလွေသာ စကားမ်ိဳးကို သူခိုးေကာင္က ေျပာလာ၏။

ထိုအခ်ိန္တြင္ ႐ုတ္တရက္ ျပန္လႈပ္ရွား၍ရသြားသျဖင့္ Mitchell ခ်က္ခ်င္းထထိုင္လိုက္ကာ တစ္ဆက္တည္းၾကားလိုက္ရသည့္ စကားေၾကာင့္ အလြန္ေဒါသထြက္စြာျဖင့္ စိုက္ၾကည့္ေပးလိုက္ေတာ့သည္။

"ခ်ီး!..လန႔္လိုက္တာ..႐ုတ္တရက္ႀကီး မ်က္လုံးႀကီးဖြင့္စရာလား..မသာေကာင္ရ!"လို႔ မွိုင္းဟန္ျမေခတ္ ေျပာလိုက္ၿပီးသည္ႏွင့္ ပတ္ဝန္းက်င္တြင္ ေသြးနံ႕မ်ားက ေနာက္တစ္ႀကိမ္တစ္ဖန္ ထြက္ေပၚလာကာ ဒီတစ္ႀကိမ္တြင္ေတာ့ ပို၍သိပ္သည္းလွသည္။

ထိုအခ်ိန္၌ အေရွ႕ရွိမသာေကာင္သည္ ႐ုတ္တရက္ဆိုသလို ထိုင္ေနရာမွထလာၿပီး သူ႕ဆီသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာေတာ့သည္။မွိုင္းဟန္ျမေခတ္ တိုက္ခိုက္ရန္ အသင့္ျပင္ထားကာ ခုနက သူ႕ကိုေစာ္ကားထားတာေၾကာင့္ စိတ္ထဲတြင္ေတာ့ ထိုအေသေကာင္၏မ်ိဳးပြား‌ေနရာကို အရင္ေဆာင့္ကန္မည္ဟု အေသအခ်ာ ေတြးထား၏။

ေလတစ္ခ်က္အေဝွ႕တြင္ မွိုင္းဟန္ျမေခတ္၏နဖူးေပၚက်ေနေသာ ဆံသားမ်ားက ေ႐ြ႕လ်ားသြားသလို သူ႕ဆီသို႔လာေနေသာ အေသေကာင္၏မ်က္ႏွာထားမွာလည္း ပို၍ေၾကာက္မက္ဖြယ္ရာ ျဖစ္လာခဲ့သည္။ေပါ့ပါးစြာ ဝတ္ဆင္ထားေသာ အျဖဴေရာင္shirtက ျဖဴသည့္အသားအေရကို ႏွစ္ဆျဖဴသြားေစရန္ ေထာက္ပံ့ေပးေနကာ အမည္းေရာင္ style pantႏွင့္ လိုက္ဖက္ညီလွ၏။

ထိုလူသားႏွစ္ေယာက္သည္ အနီေရာင္ပန္းခင္းႀကီး၏အလယ္တည့္တည့္တြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္ခိုက္ရန္ အသင့္ျပင္ထားၾကၿပီး ေလထဲတြင္ ပ်ံ့ႏွံ႕ေနေသာ ေသြးနံ႕ႏွင့္အညီ မ်က္ဝန္းႏွစ္စုံမွာ ေဒါသေၾကာင့္ တစ္ေယာက္တစ္ေရာင္စီ အေရာင္ေတာက္ေနလ်က္ရွိသည္။

ႏွစ္ေယာက္လုံး၏ညာဘက္လက္မ်ား ျမႇောက္လာၿပီး တစ္ေယာက္ကိုတစ္ေယာက္ ထိုးေတာ့မည့္အခ်ိန္၌ သူတို႔ႏွစ္ေယာက္၏ၾကားထဲသို႔ ေသးငယ္ပါးလ်သည့္အရာတစ္ခုက ေလထုကိုခြင္းလ်က္ လ်င္ျမန္စြာ ျဖတ္ေျပးသြား၏။ထို႔ေနာက္ ေအာ္သံတစ္ခုကလည္း အေနာက္မွ ကပ္လ်က္လိုက္ပါလာေလသည္။

ႏွစ္ေယာက္လုံး၏အာ႐ုံမွာ အသံလာရာဘက္သို႔ ခ်က္ခ်င္းေျပာင္းသြားၾကၿပီး အေမွာင္ထဲရွိ လဲက်သြားေသာ လူရိပ္တစ္ခုကိုျမင္သည္ႏွင့္ အတူတကြ မ်က္ေမွာင္က်ဳံ႕သြားၾကသည္။တစ္ၿပိဳင္နက္တည္း ထိုေနရာသို႔သြားရန္ ေျခလွမ္းလွမ္းမိေတာ့ မ်က္ေစာင္းကိုယ္စီက အခ်င္းခ်င္းေပၚသို႔ က်ေရာက္လ်က္ရွိ၏။

ေနာက္တစ္ဖန္ ရန္ပြဲတစ္ခုျဖစ္လာနိုင္သည့္ အေျခအေနတြင္ လက္တစ္စုံက Mitchellႏွင့္ မွိုင္းဟန္ျမေခတ္၏ပခုံးကို တစ္ဖက္စီ လာဖက္သည္။ထို႔ေနာက္ ေဖ်ာင္းဖ်ေနသည့္ေလသံျဖင့္ အသံတစ္ခုက ညင္ညင္သာသာ ထြက္ေပၚလာေလသည္။

"ရန္မျဖစ္ၾကနဲ႕ေတာ့..ကေလးငယ္ငယ္ေလးေတြလဲ မဟုတ္ေတာ့ဘဲနဲ႕..၊ လာလာ..ခုနက သူခိုးေကာင္ကို..သြားၾကည့္ရေအာင္"

မွိုင္းဟန္ျမေခတ္ ႐ုတ္တရက္ ေရာက္ရွိလာေသာလက္ေၾကာင့္ ေၾကာင္အသြားကာ ဖယ္ထုတ္ပစ္ရန္ လုပ္လိုက္ေသာ္ျငား သူခိုးေကာင္ဆိုသည့္ စကားေနရာ၌ အနည္းငယ္ စိတ္မလုံျဖစ္သြားမိၿပီး ဖယ္ခ်ေတာ့မည့္လက္မွာ ေလထဲ၌ ရပ္တန႔္သြားရသည္။

ထိုလူကိုၾကည့္ေနရင္း အၾကည့္မ်ားက ေဘးကိုေရာက္သြားမိေတာ့ သူ၏ပခုံးေပၚရွိလက္ကို ထိလုမတတ္ တြန႔္ခ်ိဳးထားသည့္ မ်က္ဝန္းစိမ္းမ်ားျဖင့္ စိုက္ၾကည့္ေနသည့္ အေသေကာင္ကို ေတြ႕လိုက္ရ၏။မွိုင္းဟန္ျမေခတ္၏ ခပ္ဆိုးဆိုးဉာဥ္မွာ ႐ုတ္တရက္ဆိုသလို ေနာက္တစ္ႀကိမ္ ေပၚေပါက္လာၿပီး မဲ့ၿပဳံးတစ္ခုဆင္ျမန္းလ်က္ အေသေကာင္ သူ႕ကိုၾကည့္လာရန္ ေလခြၽန္၍ အခ်က္ျပလိုက္သည္။

တစ္ဖက္က မ်က္ေမွာင္က်ဳံ႕ရင္းပင္ သူ႕ကိုအၾကည့္ပို႔လာကာ ထိုအေသေကာင္၏အၾကည့္က သူ႕ဆီေရာက္လာသည္ႏွင့္ ပခုံးေပၚရွိလက္အေပၚသို႔ သူ၏လက္ကို ထပ္တင္လိုက္၏။အံပင္ႀကိတ္လိုက္ေသာ ထိုအေသေကာင္ေၾကာင့္ မွိုင္းဟန္ျမေခတ္ ပိုပင္ေက်နပ္သြားကာ ပခုံးေပၚရွိလက္ကို ေအာက္ကိုခ်လိဳက္ၿပီး လက္ကိုပင္ ဆုပ္ကိုင္ျပလိုက္သည္။

"မင္း!..အခုခ်က္ခ်င္း လႊတ္လိုက္စမ္း!!"

နားမလည္သည့္ ရိုးသားေသာ အၾကည့္မ်ားကို မွိုင္းဟန္ျမေခတ္ ခ်က္ခ်င္း လုပ္ယူပစ္လိုက္၏။

"ဘာကိုလဲ?..ငါ့ဘာသာ ဘာကိုင္ကိုင္ေလ..မင္းနဲ႕ဆိုင္တာမလို႔လား..ဟုတ္တယ္မလား?"လို႔ ေနာက္ဆုံးစကားကို သူကိုင္ထားသည့္ လက္ပိုင္ရွင္ျဖစ္သည့္ ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူကို အၿပဳံးေလးႏွင့္ မွိုင္းဟန္ျမေခတ္ ေမးလိုက္သည္။

ထိုအခါ ထိုလူက သေဘာတက် ရယ္လာၿပီး 'ဟုတ္တာေပါ့..ဟုတ္တာေပါ့'ဟု ျပန္ေျဖလာေလသည္။မွိုင္းဟန္ျမေခတ္ ေအာင္နိုင္သူတစ္ေယာက္လို ခပ္႐ြဲ႕႐ြဲ႕ ေမာ့ခ်ီၿပီး အေသေကာင္ကို ျပန္ၾကည့္‌ေပးလိုက္၏။

ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူႏွင့္ အေသေကာင္၏ဆက္ႏႊယ္ခ်က္ကို သူမသိေသာ္လည္း ႏွစ္ေယာက္မွာ ႐ုပ္အေတာ္ဆင္သည့္အျပင္ အေသေကာင္က ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူကို သူမ်ားႏွင့္ထိသည္ကို မႀကိဳက္သည္ကို ၾကည့္ျခင္းအားျဖင့္ ႏွစ္ေယာက္၏ဆက္ႏႊယ္မႈမွာ ရိုးရိုးရွင္းရွင္းေတာ့ မျဖစ္နိုင္ေခ်။

မွိုင္းဟန္ျမေခတ္ အကဲခတ္ေနရင္းႏွင့္ပင္ ထိုေ႐ႊအိုေရာင္ဆံပင္ႏွင့္လူက အေသေကာင္ကို စိတ္ေလွ်ာ့ရန္ အၿပဳံးေလးႏွင့္ ေခ်ာ့ေမာ့ေျပာေနသည္ကို ေတြ႕လိုက္ရကာ အေသေကာင္မွာလည္း မ်က္ေမွာင္က်ဳံ႕ထားသည္ကို ေဖ်ာက္လိုက္ၿပီး အနည္းငယ္ ၿပဳံးေသာ ႏႈတ္ခမ္းျဖင့္ ေခါင္းညိတ္ျပလာသည္။ထိုအျပဳအမူ‌မ်ားေၾကာင့္ မွိုင္းဟန္ျမေခတ္၏အေတြးမ်ားမွာ ၂ဆေသခ်ာသြားရေတာ့သည္။

ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူက သူတို႔ႏွစ္ေယာက္လုံး၏လက္ကို တစ္ဖက္စီဆြဲယူၿပီး ခုနက အသံထြက္လာသည့္ေနရာကို ေခၚလာခဲ့သည္။ထိုေနရာတြင္ လူတစ္ေယာက္ အလြယ္တကူ ပုန္းကြယ္၍ရနိုင္သည့္ ပန္းအိုးအႀကီးစားတစ္ခုရွိၿပီး ယခုမွာ ထိုေဘးတြင္ အမည္းေရာင္ဝတ္စုံႏွင့္လူတစ္ေယာက္က လဲေန၏။

မွိုင္းဟန္ျမေခတ္ ဝတ္ဆင္ထားသည့္ပုံကို ရင္းႏွီးေနကာ မသကၤာသျဖင့္ ထိုလူအနားတြင္ မုဆိုးထိုင္ထိုင္လိုက္ၿပီး မ်က္ႏွာကိုအုပ္ထားသည္ကို ဖယ္ခ်လိဳက္သည္။မ်က္ႏွာမ်ားကို တစ္ခ်က္ျမင္႐ုံႏွင့္ မွတ္မိနိုင္သည့္သူက ထိုလူကို ခ်က္ခ်င္းပင္ သိလိုက္ကာ ထင္တဲ့အတိုင္းပဲဟူသည့္ သေဘာျဖင့္ 'ဟက္'ဟု ေလသံျဖင့္ ခနဲ႕လိုက္သည္။

ၾကည့္ရသည္မွာ သူ ေသလား၊မေသလားဆိုသည္ကို အေနာက္မွ လိုက္ၾကည့္ခိုင္းခံရသည့္လူျဖစ္လိမ့္မည္။ယခုလဲ‌ေနသည့္လူမွာ သူ၏ဦးေလးျဖစ္သူ၏အေနာက္တြင္ ခဏခဏပါလာတတ္သည့္လူျဖစ္ကာ ထိုဦးေလးဆိုသည့္လူမွာ သူ မေသမည္ကို ‌အေတာ္ပင္ ေၾကာက္လန႔္ေနပုံေပၚ၏။ေသခ်ာေလ့က်င့္ထားေသာ လူကိုပင္ သူ႕အေနာက္သို႔ ထည့္ေပးလိုက္ေသးသည္။သို႔ရာတြင္ သူဘယ္လိုမွ မခံစားရ‌ေပ။

သူ႕ထံတြင္ ငဲ့ညွာေနရမည့္ လူမရွိသလို၊အစကတည္းက ဤအလုပ္ၿပီးလွ်င္ ဖုံးကြယ္ေနထိုင္မည္ဟု ေတြးထားၿပီးေသာေၾကာင့္ျဖစ္သည္။အေတြးမ်ားကို ရပ္တန႔္လိုက္ၿပီးေနာက္ မ်က္လုံး၏ ဦးတည္ရာက အေလာင္း၏နဖူးတည့္တည့္သို႔ မေတာ္တဆေရာက္ရွိသြားမိသည္။ထိုအေလာင္း၏နဖူးတည့္တည့္ အတိအက်၌ ဦးေခါင္းခြံကိုပင္ ေဖာက္ထြက္သြားသည့္ က်ည္သြားရာ အေပါက္တစ္ခုရွိေနၿပီး ေခါင္း‌အေနာက္တြင္ ဦးေႏွာက္ဟုထင္ရသည့္ အသားဖတ္မ်ားက တစ္စႏွစ္စ ပ်ံ့ႏွံေနသည္။

မွိုင္းဟန္ျမေခတ္ သူ႕အေနာက္ရွိ အၿပဳံးေလးခ်ိတ္ဆြဲထားသည့္ မတ္တတ္ရပ္လ်က္ရွိေသာ ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူကို လည္ျပန္ေမာ့ၾကည့္လိုက္သည္။သူၾကည့္လာသည္ကိုျမင္သည္ႏွင့္ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ ျပန္ၿပဳံးျပလာကာ ထိုရက္စက္သည့္ျဖစ္ရပ္မွာ ထိုလူလုပ္လိုက္သည္ဟုပင္ ထင္ရက္စရာ လုံးလုံးလ်ားလ်ား မရွိေခ်။

"အာ..sorryပါ..ထုတ္ခ်င္းေပါက္သြားတဲ့အထိေတာ့ မရည္႐ြယ္ပါဘူး..ေသနတ္ကို Mitchနဲ႕မင္းဘက္ကို ခ်ိန္လိုက္ေတာ့ စိတ္ျမန္လက္ျမန္ ပစ္လိုက္မိတာ.."

ေျပာလာသည့္စကားအရ သူၾကည့္လိုက္သည္ကို အဓိပၸာယ္တစ္မ်ိဳး ေကာက္သြားပုံရသည္။သူၾကည့္လိုက္သည့္အဓိပၸာယ္က ထိုမွ်တိက်သည့္ ခ်ိန္ဆခ်က္ႏွင့္ပစ္ခ်က္ကို သူပင္မလုပ္နိုင္ေသးသည့္အတြက္ ေလးစားသည့္သေဘာျဖင့္ျဖစ္သည္။သို႔ရာတြင္ သူ၏အိမ္ေတာ္မွလူကို ပစ္လိုက္၍ၾကည့္သည္ဟု ထင္သြားပုံရ၏။

"မဟုတ္ပါဘူး..ဒီလူအတြက္ က်..ကြၽန္‌ေတာ့္မွာ ဘာခံစားခ်က္မွမရွိဘူး..အခုလို က်..ကြၽန္ေတာ့္အသက္ကို ကယ္ေပးတဲ့အတြက္ပဲ..ေက်းဇူးတင္ပါတယ္..အ..အစ္ကို"

ယဥ္ေက်းသည့္ စကားဆိုသည္မွာ ဘာလဲဟူ၍ပင္ ေမးရသည္အထိ ရိုင္းစိုင္းခဲ့ေသာ သူ႕အတြက္ 'ကြၽန္ေတာ္'ဆိုသည္ကေတာင္ ပါးစပ္မွ ထြက္ရန္ အေတာ္ခက္ခဲလွသည္။ေျပာၿပီးသြားခ်ိန္၌လည္း ပါးစပ္ထဲတြင္ တစ္မ်ိဳးတစ္မည္ ခံစားရကာ ၾကက္သီးမ်ားပင္ တျဖန္းျဖန္းထလာ၏။

"Bro??..It looks like..I'm still really young in that boy's view! haha..it makes me proud!.."

ပါး၏အေပ်ာ္ကို Mitchell မဖ်က္ဆီးခ်င္သည့္အတြက္ ျပန္ၿပဳံးျပၿပီး အလိုက္အထိုက္ ျပန္ေနေပးလိုက္ကာ ထိုရိုင္းစိုင္းသည့္ေကာင္ကိုလည္း ေစာင့္ၾကည့္ေနဖို႔ မေမ့ေပ။ပါးကိုပါ ရိုင္းစိုင္းစြာေျပာလာလွ်င္ ထထိုးဖို႔ျပင္ထားေသာ္လည္း မထင္ထားစြာ ယဥ္ယဥ္ေက်းေက်း ေျပာလာသည့္အတြက္ Mitchell စိတ္ေလွ်ာ့လိုက္ျခင္းပင္။

ထို႔ေနာက္ အေလာင္းကို တျခားလူေတြ လာသိမ္းခိုင္းလိုက္မည္ျဖစ္တာေၾကာင့္ သြားအနားယူရန္ ပါးကို Mitchell ေဖ်ာင္းဖ်လိဳက္သည္။ထိုရိုင္းစိုင္းသည့္ေကာင္ႏွင့္ သူ၏တိုက္ခိုက္မႈမွာ ၿပီးဖို႔ေနေနသာသာ စပင္မစရေသးတာေၾကာင့္ ရန္ေႂကြးကို ဆပ္ရဦးေပမည္ပင္။သို႔ရာတြင္ သူ၏စိတ္ကူးမ်ားမွာ အရွိန္ျပင္းျပင္း ရိုက္ခ်ိဳးခံလိုက္ရ၏။အ‌ေၾကာင္းမွာ ပါးက ထိုေကာင္ကို အိမ္ထဲသို႔အတင္းေခၚၿပီး အိမ္တြင္သာနားရန္ လက္မွအတူတူ ဆြဲေခၚသြားျခင္းေၾကာင့္ျဖစ္သည္။

အခုမွေတြ႕ျခင္းျဖစ္သည္ကိုပင္ ပါး၏ဂ႐ုစိုက္မႈမ်ားရေနေသာ ထိုေကာင္ကို Mitchell တစ္စတစ္စႏွင့္ ၾကည့္၍လုံးဝမရေတာ့ေခ်။လက္သီးကို တင္းတင္းဆုပ္လိုက္ရင္း ဆႏၵကိုထိန္းခ်ဳပ္လိုက္ကာ အံႀကိတ္ရင္း အေနာက္မွ အတူတူလိုက္ဝင္လိုက္ၿပီး ပါးႏွင့္ထိုေကာင္ၾကားကို Mitchell ျဖတ္ဝင္ပစ္လိုက္၏။

ထို႔‌ေနာက္ အခန္းထဲသို႔ ပါး ဝင္သြားသည္ေသခ်ာမွ သြားၾကားထဲမွ‌ေလသံျဖင့္ ထိုေကာင္ကိုလွည့္ကာ Mitchell သတိေပးလိုက္သည္။

"သူနဲ႕ေဝးေဝးေန! ၿပီးမွ..ငါ့အဆိုးမဆိုနဲ႕"

သူ႕ကို အလကားေနရင္း လာအာဏာျပေနေသာ အေသေကာင္ကို ျမေက်ာက္ေရာင္မ်က္ဝန္းမ်ားျဖင့္ မွိုင္းဟန္ျမေခတ္ ခပ္တည္တည္ စိုက္ၾကည့္လိုက္သည္။ထို႔ေနာက္ အေသေကာင္၏ေအာက္ပိုင္းေနရာကို တစ္ခ်က္ငုံ႕ၾကည့္လိုက္ကာ လက္ခလယ္ေထာင္ျပရင္း အေသေကာင္နည္းတူ ေလသံကိုဖိ၍ ေျပာလိုက္၏။

"ေအာက္က အလုံး၂လုံးပဲ..ေခြးေကာင္!"

ထိုစကားေၾကာင့္ Mitchell ေဒါသငယ္ထိပ္ေရာက္သြားကာ ေဒါသထြက္စြာျဖင့္ ေတာက္ေခါက္လိုက္မိသည္။‌ေလပင္ခြၽန္လ်က္ အခန္းပိုတစ္ခုထဲသို႔ ဝင္သြားေသာ မွိုင္းဟန္ျမေခတ္ကို တလက္လက္ေတာက္ေနေသာ အစိမ္းေရာင္ေဒါသမ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ရင္း Mitchellသည္ ဧည့္ခန္းထဲ၌ တစ္ေယာက္တည္း က်န္ေနခဲ့ေတာ့၏။

JANE  JANE

Weiterlesen

Das wird dir gefallen

17.6K 580 26
မာနဖြိုးမောင် + ကောင်းထက်လွန်း
210K 4.7K 69
imagines as taylor swift as your mom and travis kelce as your dad
220K 1.1K 199
Mature content
36.9K 681 33
မာနတံတိုင်း & တည်တံံ့စိုးစံ Uke က red flag ပါ Seme ကတော့ အရမ်းချစ်တတ်တယ် ပေါ့ ဇာတ်အိမ်ခိုင်ခိုင်ဖြင့်ရေးသားထားသောကြောင့် အပြာစာ မဟုတ်ပါ ။ ဇာတ်လမ်...